၄ ဇိအုန်၌ချီးမွမ်းခြင်းများပေါ်ထွက်လာ

၁ ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏ ချီးမွမ်းခြင်းခံရသော ဘုန်းကြီးသည့် သန့်ရှင်းသောနာမသည် ပျံ့နှံ့လျက်ရှိသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်- သူသည် ဘုန်းတန်ခိုးအာနုဘော်နှင့် ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် စကြဝဠာတစ်ခုလုံးအပေါ်လွှမ်းမိုးသည့် ဇိအုန်တောင်အထက်တွင် ပေါ်ထွက်နေသော တောက်ပနေသည့်နေမင်းဖြစ်၏...အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ကိုယ်တော်အား ဟစ်အော်ခေါ်ကြပါ၏၊ ကျွန်ုပ်တို့သည် ကခုန်လျက် သီချင်းဆိုကြပါ၏။ ကိုယ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်၊ စကြဝဠာ၏ ကြီးမြတ်သော ဘုရင်ဖြစ်၏။

၂ ကိုယ်တော်သည် အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလေပြီ။ လူမျိုးခပ်သိမ်းသည် ဤတောင်သို့ စုဝေးကြလိမ့်မည်။ လူမျိုးခပ်သိမ်းသည် ပလ္လင်တော်ရှေ့တွင် ဒူးထောက်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။ အသက်စမ်းရေသည် မြောက်မြားစွာသော ဘုရားသခင်၏လူတို့ကို ရေလောင်းကာ ကျွေးမွေးလျက် ပလ္လင်တော်မှ စီးထွက်သည်။ အသက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ၏။ အသစ်သောအလင်းနှင့် ဗျာဒိတ်တော်များသည် ဘုရားသခင်အကြောင်း အသစ်သော ထိုးထွင်းသိမြင်မှုများကို စဉ်ဆက်မပြတ် ပေးလျက်၊ ကျွန်ုပ်တို့နောက်ကို လိုက်ကြ၏။

၃ အတွေ့အကြုံများအလယ်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ လုံးဝ သေချာသွားကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ် ထင်ရှားလာကြ၏၊ မှန်ကန်သောသူများအတွင်းတွင် ထင်ရှားလာကြ၏။ ကျွန်ုပ်တို့သည် ဧကန်အမှန် ကောင်းချီးအလွန်ခံစားကြရပါ၏။ ဘုရားသခင်နှင့် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့၍ အရာရာ၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ဘုရားသခင်အား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပေးလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သေချာစွာ စဉ်းစားချင့်ချိန်၍ ကျွန်ုပ်တို့၏နှလုံးသားများသည် ဘုရားသခင်၌ ငြိမ်သက်လျက်ရှိပြီး၊ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလင်းကို လက်ခံရရှိသည့် နေရာဖြစ်သော ကိုယ်တော်၏ရှေ့မှောက်သို့ လာကြ၏။ နေ့စဉ် ကျွန်ုပ်တို့၏ အသက်တာများ၊ လုပ်ဆောင်မှုများ၊ စကားများ၊ အတွေးများနှင့် စိတ်ကူးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် ကျွန်ုပ်တို့ အသက်ရှင်ကြပြီး အစဉ်အမြဲ ခွဲခြားစိတ်ဖြာနိုင်ကြ၏။

၄ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသေချာစွာ လမ်းပြ၏၊ ကျွန်ုပ်တို့အတွင်း ကွယ်ဝှက်ထားသောအရာများသည် တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်လာကြ၏။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် နှောင့်နှေးခြင်းကို သည်းခံသည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အတွေးများနှင့် စိတ်ကူးများသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ကြုံရသည့်နေရာဖြစ်သော ခရစ်တော်၏ပလ္လင်တော်ရှေ့၌ အသက်ရှင်နေထိုင်လျက်ရှိကြ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများအတွင်းရှိ ‌နေရာတိုင်းသည် စာတန်၏ ဆက်လက်သိမ်းပိုက်ထားခြင်းကို ခံနေရသည်။ ယနေ့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ပြန်လည် ရရှိရန်အလို့ငှာ၊ သူ၏ဗိမာန်တော်သည် သန့်ရှင်းရပေမည်။

၅ ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အပြည့်အဝခံရဖို့ရန် ကျွန်ုပ်တို့သည် သေရေးရှင်ရေး ရုန်းကန်မှုတစ်ရပ်တွင် ပါဝင်ရမည်။ ကျွန်ုပ်တို့၏ လူဟောင်းများကို ကားစင်တင်ပြီးဖြစ်သည့်အခါမှသာ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် အထွတ်အထိပ် စိုးစံနိုင်ပေသည်။ ယခုတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဆယ်တင်ခြင်းအတွက် တိုက်ပွဲဝင်ရန် ကျွန်ုပ်တို့၏ နေရာအနှံ့တွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ပွဲတစ်ရပ် စတင်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားလျက်ရှိရန် အဆင်သင့်ရှိသရွေ့၊ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် တတ်နိုင်သမျှအမြန်ဆုံး စုံလင်သွားနိုင်စေရန်အလို့ငှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အတွင်းမှ အချိန်တိုင်း အလင်းပေးကာ သန့်စင်စေမည်ဖြစ်ပြီး၊ စာတန်သိမ်းပိုက်ထားခဲ့သည့်အရာကို အသစ်ပြန်လည် သိမ်းယူလိမ့်မည်မှာ သေချာ၏။ အချိန်မဖြုန်းနှင့်- ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အချိန်တိုင်း အသက်ရှင်လော့။ သန့်ရှင်းသူတို့ နှင့်အတူ တည်ဆောက်ခြင်းခံကြလော့၊ နိုင်ငံတော်အတွင်း ခေါ်ဆောင်ခြင်းခံကြလော့၊ ပြီးလျှင်ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားကြလော့။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃ ကောင်းကင်နိုင်ငံတော်သီချင်း (၃)
လူမျိုးအပေါင်းတို့၊ ဝမ်းမြောက်ကြလော့။

နောက်တစ်ခုသို့- ၅ လူသားသည် ဘုန်းတော်နှင့် ပေါ်ထွန်းခဲ့ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။