အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍
သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လိုပါက၊ ဘုရားသခင်၏ အမှုကို သင်သိရမည်၊ ယခင်က (ဓမ္မသစ်နှင့် ဓမ္မဟောင်းထဲက) သူပြုခဲ့သည့် အမှုကို သိရမည်ဖြစ်ပြီး၊ ထို့အပြင်၊ သူ၏ ယနေ့အမှုကို သိရမည်။ ဆိုလိုသည်မှာ သင်သည် နှစ်ပေါင်း ၆၀၀၀ ကျော်ကြာ ဆောင်ရွက်ခဲ့သည့် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်ကို သိရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိတရားကို ဖြန့်ဝေရန် စေခိုင်းခံရပါက၊ သင်သည် ဘုရားသခင်၏ အမှုကို မသိဘဲ ထိုသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သမ္မာကျမ်းစာ၊ ဓမ္မဟောင်းကျမ်းနှင့် ထိုအချိန်က ယေရှု၏အမှုနှင့် နှုတ်ကပတ်တော်တို့နှင့်ပတ်သက်၍ သင်တို့၏ ဘုရားသခင် အဘယ်အရာပြောဆိုထားသည်ကို တစ်စုံတစ်ယောက်က သင့်အား မေးကောင်းမေးနိုင်သည်။ အကယ်၍ သင်သည် သမ္မာကျမ်းစာ၏ အတွင်းဇာတ်လမ်းကို မပြောနိုင်ပါက၊ ၎င်းတို့သည် လက်ခံယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ ထိုအချိန်က၊ ယေရှုသည် သူ၏ တပည့်တော်များနှင့်အတူ ဓမ္မဟောင်းကျမ်းနှင့်ပတ်သက်၍ များစွာ ပြောဆိုခဲ့ပေသည်။ ၎င်းတို့ဖတ်သမျှတိုင်းသည် ဓမ္မဟောင်းကျမ်းမှ ဖြစ်၏။ ဓမ္မသစ်ကျမ်းကို ယေရှု ကားစင် တင်ခံခဲ့ရသည့်နောက်၊ ဆယ်စုနှစ် အချို့ကြာမှသာ ရေးသားခဲ့ပေသည်။ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ရန်၊ သင်တို့သည် သမ္မာကျမ်းစာ၏ အတွင်း သမ္မာတရားနှင့် ဣသရေလနိုင်ငံ၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့်အမှုဖြစ်သည့် ဘုရားသခင်၏ အမှုတို့ကို အဓိကအားဖြင့် သဘောပေါက်သင့်ပြီး၊ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုကိုလည်း သင်တို့ နားလည်ရမည် ဖြစ်သည်။ ဤအရာများမှာ လူအားလုံး အလေးထားဆုံးသော ကိစ္စရပ်များဖြစ်ပြီး အမှု၏ အဆင့်နှစ်ဆင့်နှင့် သက်ဆိုင်သည့် အတွင်းဇာတ်လမ်းမှာ ၎င်းတို့ မကြားဖူးသည့်အရာ ဖြစ်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါတွင်၊ ပထမဦးစွာ သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်နှင့်သက်ဆိုင်သည့် ပြောဆိုခြင်းကို ဘေးဖယ်ထားလော့။ သင်တို့ လိုက်စားရှာဖွေသည်မှာ အားလုံးထဲတွင် အမြင့်မားဆုံးအရာ- ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် သက်ဆိုင်သည့် အသိပညာ- ဖြစ်သကဲ့သို့၊ ဤအရာနှစ်ခုထက် မည်သည့်အရာမျှ သာ၍ အဆင့်မြင့်သောအရာ မရှိသောကြောင့်၊ အမှု၏ဤအဆင့်သည် ၎င်းတို့လက်လှမ်းမမီသည့်အရာဖြစ်သည်။ မြင့်မားသည့်အရာကို သင်တို့ပထမဦးစွာပြောဆိုပါက၊ မည်သူမျှ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုသို့သော အမှုကို မတွေ့ကြုံဖူးကြသည့်အတွက်၊ ယင်းသည် ၎င်းတို့အတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်လိမ့်မည်။ ယင်းသည် အစဉ်အလာ မရှိသကဲ့သို့၊ လူသားအတွက် လက်ခံရန် မလွယ်ကူပေ။ ထိုသူတို့၏အတွေ့အကြုံများမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ရံဖန်ရံခါဖြစ်သည့် လုပ်ဆောင်ချက်အချို့နှင့်အတူ အတိတ်က ဟောင်းနွမ်းသော အရာများဖြစ်သည်။ ၎င်းတို့ တွေ့ကြုံသောအရာမှာ သန့်ရှင်းသောဝိညာဉ်တော်၏ ယနေ့ လုပ်ဆောင်ချက် သို့မဟုတ် ဘုရားသခင်၏ ယနေ့အလိုတော် မဟုတ်ချေ။ ၎င်းတို့သည် အလင်းသစ်မရှိသကဲ့သို့ အသစ်သော အရာများမရှိဘဲ၊ အလေ့အကျင့်ဟောင်းများအတိုင်း လုပ်ဆောင်ကြဆဲ ဖြစ်သည်။
ယေရှု၏ခေတ်တွင်၊ ယေဟောဝါကို အစေခံသောသူတို့သည် ယဇ်ပရောဟိတ် ဝတ်ရုံများကို ဝတ်ဆင်လျက်၊ ဗိမာန်တော်ထဲတွင် မဆုတ်မနစ်သော သစ္စာစောင့်သိမှုဖြင့် ထိုသို့ လုပ်ဆောင်စဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေရှုထဲ၌ အဓိက လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လည်း ရှိခဲ့ကြသော်လည်း၊ ဘုရားသခင်၏ လက်ရှိအလိုကို သဘောမပေါက်နိုင်ခဲ့ကြသကဲ့သို့၊ ယေဟောဝါကို အလေ့အထဟောင်းများနှင့်အညီ ဆက်လက် သစ္စာရှိရုံမျှ သစ္စာရှိခဲ့ကြပြီး အသစ်သော လမ်းပြမှု မရှိခဲ့ကြချေ။ ယေရှုသည် ကြွလာခဲ့ပြီး အမှုအသစ်ကို ယူဆောင်လာခဲ့သည်၊ သို့သော် ဗိမာန်တော်အထဲ၌ အစေခံခဲ့ကြသူတို့သည် အသစ်သော လမ်းပြမှု မရှိခဲ့ကြသကဲ့သို့၊ အသစ်သော အမှုလည်း မရှိခဲ့ကြပေ။ ဗိမာန်တော်ထဲတွင် အစေခံရင်း၊ ၎င်းတို့သည် အလေ့အထဟောင်းများကို ထိန်းသိမ်းရုံမျှထိန်းသိမ်းနိုင်ကြပြီး၊ ဗိမာန်တော်ကို မစွန့်ခွာဘဲ၊ ၎င်းတို့သည် အသစ်သော ဝင်ရောက်မှု တစ်ခုတစ်လေမျှ ရရှိနိုင်စွမ်း မရှိကြချေ။ အသစ်သောအမှုကို ယေရှုက ယူဆောင်လာခဲ့ပြီး၊ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရန် ဗိမာန်တော်ထဲသို့ မသွားခဲ့ပေ။ ဘုရားသခင်၏အမှုနယ်ပယ်သည် အချိန်ကြာမြင့်စွာက ပြောင်းလဲခဲ့ပြီးဖြစ်သည့်အတွက်၊ သူသည် သူ၏အလုပ်ကို ဗိမာန်တော်ပြင်ပတွင်သာ လုပ်ဆောင်ခဲ့သည်။ သူသည် ဗိမာန်တော်အတွင်းတွင် အမှုပြုခြင်းမရှိဘဲ၊ လူသားသည် ဘုရားသခင်ကို ထိုနေရာတွင် အစေခံသောအခါ၊ ယင်းသည် အမှုအရာများကို အရှိအတိုင်း ထိန်းသိမ်းရုံထိန်းသိမ်းဖို့သာ အသုံးတော်ခံပြီး မည်သည့်အမှုသစ်ကိုမျှ ဖြစ်ပေါ်စေနိုင်ခြင်း မရှိပေ။ ထိုနည်းတူ၊ ယနေ့ ဘာသာရေး ပုဂ္ဂိုလ်များသည် သမ္မာကျမ်းစာကို ကိုးကွယ်ကြဆဲဖြစ်သည်။ သင်သည် ၎င်းတို့ထံ ဧဝံဂေလိတရား ဖြန့်ဝေပါက၊ ၎င်းတို့သည် သင့်အား သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အရေးမပါသော အသေးစိတ်များကို တေ့ပေးလိမ့်မည်ဖြစ်ပြီး သင့်ကို မှင်တက်စေပြီး မည်သို့ပြောရမည်မှန်းမသိ ဖြစ်စေလျက်၊ ၎င်းတို့ အထောက်အထားများစွာ ရှာတွေ့လိမ့်မည်။ ထို့နောက် ၎င်းတို့သည် သင့်အပေါ် အမည်နာမသမုတ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် သင်တို့၏ ယုံကြည်ခြင်း၌ မိုက်မဲသူဖြစ်သည်ဟု ထင်ကြလိမ့်မည်။ ၎င်းတို့က၊ “သင်သည် သမ္မာကျမ်းစာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပင် မသိ၊ ထို့ကြောင့် သင်သည် ဘုရားသခင်၌ ယုံကြည်သည်ဟု မည်သို့ပြောနိုင်သနည်း။” ဟု ပြောကြလိမ့်မည်။ ထို့နောက် ၎င်းတို့သည် သင့်ကို အထင်သေးကြလိမ့်မည်ဖြစ်ပြီး၊ “သင်တို့ ယုံကြည်သည်မှာ ဘုရားသခင်ဖြစ်သည့်အတွက်၊ သူသည် သင်တို့ကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများအကြောင်း အဘယ်ကြောင့် အားလုံး မပြောပြသနည်း။ သူသည် သူ၏ဘုန်းအသရေကို ဣသရေလမှ အရှေ့အရပ်သို့ ယူဆောင်ပြီးဖြစ်သည့်အတွက်၊ ဣသရေလ၌ လုပ်ဆောင်ခဲ့သည့် အမှုကို သူ အဘယ်ကြောင့် မသိရပါသနည်း။ ယေရှု၏အမှုကို သူ အဘယ်ကြောင့် မသိသနည်း။ သင်တို့ မသိကြပါက၊ ယင်းမှာ သင်တို့ကို မပြောရသေးသည်ကို သက်သေပြပေသည်။ သူသည် ယေရှု၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဤအရာများကို သူ အဘယ်ကြောင့် မသိနိုင်ရသနည်း။ ယေရှုသည် ယေဟောဝါ လုပ်ဆောင်ခဲ့သော အမှုကို သိ၏။ သူသည် အဘယ်ကြောင့် မသိနိုင်ရသနည်း။” ဟုလည်း ပြောလိမ့်မည်။ အချိန်ကျသောအခါ၊ ၎င်းတို့အားလုံးသည် သင့်အား ထိုသို့သော မေးခွန်းများကို မေးလိမ့်မည်။ ၎င်းတို့၏ ဦးခေါင်းများထဲတွင် ထိုသို့သောအရာများနှင့် ပြည့်နေသည်။ ၎င်းတို့အနေဖြင့် အဘယ်သို့ မမေးဘဲ နေနိုင်မည်နည်း။ သင်တို့ထဲမှ ဤရေစီးကြောင်းအတွင်းတွင် ရှိသူတို့သည် ယနေ့ ဘုရားသခင် လုပ်ဆောင်ခဲ့သော တစ်ဆင့်ပြီးတစ်ဆင့် အမှုများကို ရင်ပေါင်တန်းလိုက်ကြပြီးဖြစ်သည့်အတွက်၊ သမ္မာကျမ်းစာကို အာရုံမစိုက်ကြချေ၊ သင်တို့သည် သင်တို့၏မျက်စိများဖြင့် ဤတစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သော အမှုကို မြင်ကြပြီးဖြစ်ကာ၊ အမှု၏ အဆင့်သုံးဆင့်ကို ရှင်းလင်းစွာ ရှုမြင်ကြပြီးဖြစ်သောကြောင့် သမ္မာကျမ်းစာကို ပစ်ချထားခဲ့ကြရပြီး ယင်းကို လေ့လာမှု ရပ်ထားခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့သည် ဤ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သောအမှုနှင့် သက်ဆိုင်သည့် အသိပညာ မရှိကြသည့်အတွက်၊ ကျမ်းစာကို မလေ့လာဘဲ မနေနိုင်ကြပေ။ လူအချို့က၊ “လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုနှင့် လွန်ခဲ့သောကာလများက ပရောဖက်များနှင့် တမန်တော်များ၏ အလုပ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသကဲ့သို့၊ ထို့အတူ ယေရှုသည်လည်း အခေါ်ခံခဲ့ရသည်။ ၎င်းတို့လုပ်ဆောင်သော အလုပ်များ ကွာခြားကြသော်လည်း၊ ၎င်းတို့သည် တူညီစွာ အခေါ်ခံခဲ့ကြရသည်။ ငါ့ကိုပြောလော့၊ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာများ အဘယ်ကြောင့် မတူခဲ့ကြသနည်း။ ယောဟန် မျက်မြင်ကြုံတွေ့ခဲ့သည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံကပါ လာသော ရူပါရုံတစ်ခု ဖြစ်ပြီး၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောရန်ရည်ရွယ်သည့် နှုတ်ကပတ်တော်များကိုလည်း ပြောဆိုနိုင်ခဲ့သည်။ ယောဟန်၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အဘယ်ကြောင့် ကွာခြားသနည်း။” ဟု မေးကြလိမ့်မည်။ ယေရှုပြောသော နှုတ်ကပတ်တော်များသည် ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး၊ ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုခဲ့သည်။ ယောဟန်မြင်ခဲ့သည်မှာ ရူပါရုံတစ်ခုဖြစ်ပြီး သူသည် ဘုရားသခင်၏ အမှုကို အပြည့်အဝ ကိုယ်စားပြုနိုင်စွမ်း မရှိခဲ့ပေ။ ယောဟန်၊ ပေတရုနှင့် ပေါလုတို့သည် ယေရှုပြောခဲ့သကဲ့သို့ စကားများစွာ ပြောဆိုခဲ့ကြသော်လည်း၊ ယေရှုနှင့် တူညီသော ကိုယ်ပိုင်လက္ခဏာ အဘယ်ကြောင့် မရှိခဲ့ကြသနည်း။ ယင်းမှာ အဓိကအားဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပေသည်။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုခဲ့ပြီး တိုက်ရိုက် အမှုပြုနေသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့သည်။ သူသည် ခေတ်သစ်နှင့်သက်ဆိုင်သည့် အမှု၊ ယခင်က မည်သူမျှ မလုပ်ဆောင်ခဲ့သေးသည့် အမှုကို လုပ်ဆောင်ခဲ့သည်။ သူသည် အသစ်သောလမ်းကို ဖွင့်ပေးခဲ့သည်၊ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်၊ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့မှာမူ သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာကိုသာ ကိုယ်စားပြုခဲ့ကြသကဲ့သို့၊ ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အလုပ်မည်မျှလုပ်ဆောင်ခဲ့ကြပါစေ၊ ၎င်းတို့ ဆောင်ရွက်ခဲ့သည့် အံ့သြဖွယ်ရာများ မည်မျှ ကြီးမားခဲ့ပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများသာ ဖြစ်ကြဆဲဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နာမဖြင့် အမှုပြုခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း ခံရပြီးနောက် အလုပ်လုပ်ခဲ့ကြပေသည်။ ထို့အပြင် ၎င်းတို့သည် ယေရှု သို့မဟုတ် ယေဟောဝါ စတင်ခဲ့သည့် ခေတ်များတွင် အလုပ်လုပ်ခဲ့ကြပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြချေ။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အဖန်ဆင်းခံများမျှသာ ဖြစ်ခဲ့ကြပေသည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက်များစွာသည် ဟောကိန်းများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အနာဂတ္တိကျမ်းများ ရေးသားခဲ့ကြလေသည်။ မည်သူကမျှ ၎င်းတို့သည် ဘုရားသခင်ဖြစ်သည်ဟု မပြောခဲ့သော်လည်း၊ ယေရှု စတင်အမှုပြုလျှင်ပြုချင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့ကို ဘုရားသခင်အဖြစ် သက်သေခံခဲ့သည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ ဤအချိန်တွင် သင်သည် သိထားနှင့်ပြီး ဖြစ်သင့်သည်။ ယခင်က၊ တမန်တော်များနှင့် ပရောဖက်များသည် သြဝါဒစာအမျိုးမျိုးကို ရေးသားခဲ့ကြပြီး၊ ပရောဖက်ပြုချက်များစွာ ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် လူတို့သည် ယင်းတို့ထဲမှအချို့ကို သမ္မာကျမ်းစာထဲတွင် ထည့်ဖို့ ရွေးချယ်ခဲ့ကြပြီး၊ အချို့မှာ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းတို့ပြောသမျှ အရာရာတိုင်းသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောကြသည့် လူများရှိသည့်အတွက်၊ အဘယ်ကြောင့် ထိုအရာထဲမှ အချို့သည် ကောင်းသည်ဟု မှတ်ယူခံရပြီး၊ အချို့သည် မကောင်းဟု မှတ်ယူခံရသနည်း။ ပြီးလျှင် အဘယ်ကြောင့် အချို့မှာ ရွေးချယ်ခံရပြီး အခြားအရာများက အရွေးချယ်မခံရသနည်း။ ထိုအရာတို့သည် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် ပြောဆိုထားသော နှုတ်ကပတ်တော်များဖြစ်ပါက၊ လူတို့အနေဖြင့် ယင်းတို့ကို ရွေးချယ်ရန် လိုအပ်မည်လော။ အဘယ်ကြောင့် ခရစ်ဝင်ကျမ်းလေးကျမ်း အသီးသီးတွင် ယေရှု၏ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ခဲ့သည့် အမှုနှင့် သက်ဆိုင်သည့် ဖြစ်စဉ်များ ကွဲပြားရသနည်း။ ဤသည်မှာ ထိုအရာများကို မှတ်တမ်းတင်ခဲ့သူတို့၏ အမှားဖြစ်သည် မဟုတ်လော။ လူအချို့က၊ “ပေါလုနှင့် ဓမ္မသစ်ကျမ်း၏ အခြား စာရေးသူများ ရေးသားခဲ့သည့် သြဝါဒစာများနှင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်သည် လူသား၏အလိုဆန္ဒမှ တစ်စိတ်တစ်ပိုင်း ထွက်ပေါ်လာခဲ့ပြီး၊ လူသား၏အယူအဆများနှင့် ရောယှက်ခဲ့သည့်အတွက်၊ ယနေ့တွင် ကိုယ်တော် (ဘုရားသခင်) ပြောဆိုသော နှုတ်ကပတ်တော်များတွင် လူသား၏ မစင်ကြယ်မှုများ မတည်ရှိပါသလော။ ၎င်းတို့သည် လူသား၏ အယူအဆများ တစ်ခုမျှ အမှန်တကယ် မပါရှိပါသလော” ဟု မေးကြလိမ့်မည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု၏ဤအဆင့်သည် ပေါလုနှင့် များစွာသော တမန်တော်များနှင့် ပရောဖက်များ လုပ်ဆောင်ခဲ့သော အလုပ်နှင့် လုံးဝခြားနားပေသည်။ ကိုယ်ပိုင်လက္ခဏာတွင်သာ ကွဲပြားခြားနားရုံသာမက၊ အဓိကအားဖြင့် ဆောင်ရွက်ခဲ့ကြသည့် အလုပ်တွင်လည်း ခြားနားမှုရှိလေသည်။ သခင်၏ရှေ့မှောက်တွင် ပေါလုသည် ထိုးလှဲခံရပြီးနောက်၊ သူသည် အလုပ်လုပ်ဖို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်လမ်းပြခြင်းကို ခံခဲ့ရကာ စေလွှတ်ခံရသူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အသင်းတော်များထံသို့ သြဝါဒစာများ ရေးသားခဲ့ပြီး ဤသြဝါဒစာများ အားလုံးသည် ယေရှု၏သွန်သင်မှုများအတိုင်း လိုက်ခဲ့သည်။ ပေါလုသည် သခင်ယေရှု၏ နာမဖြင့် အလုပ်လုပ်ဖို့ စေလွှတ်ခံခဲ့ရသော်လည်း၊ ဘုရားသခင်ကိုယ်တိုင် ကြွလာခဲ့ချိန်တွင်၊ သူသည် မည်သည့်အမည်နာမဖြင့်မျှ အလုပ်မလုပ်ခဲ့သကဲ့သို့ သူ၏ အမှုတွင် ဘုရားသခင်၏ ဝိညာဉ်တော်ကိုသာ ကိုယ်စားပြုခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုကို တိုက်ရိုက်လုပ်ဆောင်ရန် လာခဲ့သည်- သူသည် လူသားအားဖြင့် စုံလင်စေခြင်း မခံခဲ့ရသကဲ့သို့၊ သူ၏အမှုသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ သွန်သင်မှုများအရ ဆောင်ရွက်ခဲ့သည် မဟုတ်ပေ။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများနှင့်သက်ဆိုင်၍ ပြောဆိုခြင်းဖြင့် ဦးဆောင်သည်မဟုတ်ဘဲ၊ ယင်းအစား သူရှိသည့်အရာနှင့်အညီ သူ၏အမှုကို တိုက်ရိုက် ဆောင်ရွက်ခဲ့သည်။ ဥပမာအားဖြင့်၊ အစေခံသူများ၏ စမ်းသပ်မှု၊ ပြစ်တင်ဆုံးမခြင်း အချိန်အခါ၊ သေခြင်းတရား၏ စမ်းသပ်မှု၊ ဘုရားသခင်ကို ချစ်ခြင်း အချိန်အခါ။...ဤအရာအားလုံးသည် ယခင်က လုံးဝ မလုပ်ဆောင်ဖူးသော အလုပ်ဖြစ်ပြီး၊ လူသား၏ အတွေ့အကြုံများထက် မျက်မှောက်ခေတ်၏ အလုပ် ဖြစ်သည်။ ငါပြောဆိုပြီးသော နှုတ်ကပတ်တော်များတွင် မည်သည့်အရာများသည် လူသား၏အတွေ့အကြုံများ ဖြစ်သနည်း။ ယင်းတို့အားလုံးသည် ဝိညာဉ်တော်မှ တိုက်ရိုက်လာသည် မဟုတ်လော၊ ပြီးလျှင် ယင်းတို့ကို ဝိညာဉ်တော်က ထုတ်ပြန်သည် မဟုတ်လော။ သမ္မာတရားကို သင်တို့ မရိပ်စားမိနိုင်သည်မှာ သင်၏အရည်အချင်း ညံ့ဖျင်းလွန်းသောကြောင့်သာ ဖြစ်သည်။ ငါပြောသော အသက်၏ လက်တွေ့ကျသည့် လမ်းခရီးသည် လမ်းကြောင်းကို လမ်းညွှန်ပေးဖို့ဖြစ်ပြီး၊ ယခင်က မည်သူ တစ်ဦးတစ်ယောက်ကမျှ လုံးဝ မပြောဆိုခဲ့ဖူးသကဲ့သို့၊ ဤလမ်းကြောင်းကို မည်သူကမျှ တွေ့ကြုံဖူးခြင်းလည်း မရှိပေ၊ သို့မဟုတ် ဤလက်တွေ့အရှိတရားကို သိရှိဖူးခြင်းမရှိခဲ့ပေ။ ဤနှုတ်ကပတ်တော်များကို ငါမမြွက်ဆိုမီ၊ ၎င်းတို့ကို မည်သူကမျှ မပြောခဲ့ဖူးပေ။ ထိုသို့သော အတွေ့အကြုံများကို မည်သူကမျှ မပြောဆိုခဲ့ဖူးသကဲ့သို့၊ ထိုသို့သော အသေးစိတ်များကိုလည်း မည်သည့်အခါကမျှ မပြောခဲ့ဖူးပေ၊ ထို့အပြင် မည်သူကမျှ ဤအရာများကို ထုတ်ဖော်ပြရန် ထိုသို့သောအခြေအနေများကို မည်သည့်အခါကမျှ မထောက်ပြခဲ့ဖူးချေ။ ယနေ့ ငါဦးဆောင်သော လမ်းကို မည်သူမျှ မဦးဆောင်ခဲ့ဖူးသကဲ့သို့၊ လူသားက ဦးဆောင်ခဲ့ပါကလည်း၊ ယင်းသည် အသစ်သောလမ်းဖြစ်မည် မဟုတ်ပေ။ ဥပမာအားဖြင့်၊ ပေတရုနှင့် ပေါလုတို့ကို ကြည့်လော့။ ယေရှုက လမ်းကြောင်းကို ဦးမဆောင်မီတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများ မရှိခဲ့ကြပေ။ ယေရှုပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှု ဦးဆောင်ခဲ့သည့် လမ်းကြောင်းကို ၎င်းတို့ တွေ့ကြုံခဲ့ကြသည်မှာ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ဖြစ်ခဲ့ပေသည်။ ဤအရာမှ၊ ၎င်းတို့သည် အတွေ့အကြုံများစွာ ရရှိခဲ့ကြပြီး၊ သြဝါဒစာများ ရေးသားခဲ့ကြသည်။ ထို့ကြောင့်၊ လူသား၏ အတွေ့အကြုံများသည် ဘုရားသခင်၏အမှုနှင့် မတူသကဲ့သို့၊ ဘုရားသခင်၏အမှုသည် လူသား၏အယူအဆများနှင့် အတွေ့အကြုံများက ဖော်ပြသည့် အသိပညာနှင့် မတူပေ။ ယနေ့တွင် ငါသည် အသစ်သောလမ်းကြောင်းကို ဦးဆောင်နေပြီး အမှုသစ်ကို လုပ်ဆောင်နေသည်ဟု အဖန်ဖန် ငါပြောပြီးဖြစ်ကာ၊ ငါ၏အမှုနှင့် ငါ၏ မိန့်မြွက်ချက်များသည် ယောဟန်နှင့်၊ အခြားပရောဖက်များ၏ အမှုအရာများနှင့် ခြားနားပေသည်။ ငါသည် ပထမဦးစွာ အတွေ့အကြုံများရပြီး၊ ထို့နောက် ယင်းတို့ကို သင်တို့အား ပြောခြင်း လုံးဝမဟုတ်ပေ- ယင်းသည် စစ်မှန်သော ကိစ္စတစ်ရပ် လုံးဝ မဟုတ်ပေ။ ထိုသို့သာဖြစ်ခဲ့ပါက၊ ယင်းက သင်တို့ကို အချိန်ကြာမြင့်စွာကပင် နှောင့်နှေးစေပြီးဖြစ်မည် မဟုတ်လော။ အတိတ်ကာလတွင်၊ လူများစွာ ပြောဆိုခဲ့သော အသိပညာသည်လည်း ချီးမြှောက်ခြင်း ခံခဲ့ရသော်ငြား၊ ၎င်းတို့၏ စကားအားလုံးသည် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များဟုခေါ်သော လူများ၏ စကားများပေါ် အခြေခံပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။ ထိုစကားများသည် လမ်းခရီးကို မညွှန်ပြခဲ့ဘဲ ၎င်းတို့၏ အတွေ့အကြုံများမှ လာခဲ့ပေသည်၊ ၎င်းတို့တွေ့မြင်ခဲ့သည်များနှင့် ၎င်းတို့၏ အသိပညာတို့မှ လာခဲ့ပေသည်။ အချို့မှာ ၎င်းတို့၏ အယူအဆများဖြစ်ပြီး၊ အချို့မှာ ၎င်းတို့ အကျဉ်းချုပ်ထားသော ၎င်းတို့၏ အတွေ့အကြုံများ ပါဝင်ပေသည်။ ယနေ့တွင်၊ ငါ့အမှု၏သဘာဝသည် ၎င်းတို့ အလုပ်သဘာဝနှင့် လုံးဝကွာခြားသည်။ ငါသည် အခြားသူများ၏ ဦးဆောင်ခြင်းခံရသည့် အဖြစ်ကို မတွေ့ကြုံဖူးသကဲ့သို့၊ ငါသည် အခြားသူများ၏ စုံလင်စေခြင်းကို လက်မခံခဲ့ပေ။ ထို့အပြင် ငါပြောဆိုကာ မိတ်သဟာယပြုပြီးဖြစ်သည့် အရာအားလုံးသည် အခြားမည်သူနှင့်မျှ မတူသကဲ့သို့၊ အခြားမည်သူမျှကလည်း လုံးဝ မပြောဆိုဖူးပေ။ ယနေ့တွင်၊ သင်တို့ မည်သူဖြစ်သည်ဖြစ်စေ၊ သင်တို့၏အလုပ်သည် ငါပြောဆိုသော နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤမိန့်မြွက်ချက်များနှင့် အမှုတို့မရှိဘဲ၊ ဤအရာများ (အစေခံသူများ၏ စမ်းသပ်ခံရခြင်း၊ ပြစ်တင်ဆုံးမခြင်း အချိန်များ...) ကို မည်သူ တွေ့ကြုံနိုင်စွမ်း ရှိမည်နည်း၊ ပြီးလျှင် ထိုသို့သော အသိပညာကို မည်သူသည် ပြောဆိုနိုင်စွမ်း ရှိမည်နည်း။ သင်သည် ဤအရာကို အမှန်တကယ် မြင်နိုင်စွမ်းမရှိသလော။ အမှု၏ အဆင့်ကို ပဓာနမထားဘဲ၊ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့သည် ငါ၏နှုတ်ကပတ်တော်များနှင့်အညီ စတင်မိတ်သဟာယ ပြုကြပြီး ယင်းတို့နှင့်အညီ အလုပ်လုပ်ကြကာ၊ ထိုအရာမှာ သင်တို့ထဲမှ မည်သူမျှ တွေးဖူးသည့် လမ်းခရီးမဟုတ်ပေ။ ဤနေရာအထိ ရောက်လာပြီးနောက်၊ သင်သည် ထိုသို့သော ရှင်းလင်းပြီး ရိုးရှင်းသည့် မေးခွန်းကို မြင်နိုင်စွမ်းမရှိသလော။ ယင်းမှာ တစ်စုံတစ်ဦး အကြံထုတ်ဖူးသည့် လမ်းခရီးမဟုတ်သကဲ့သို့၊ မည်သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်အပေါ်တွင်မျှလည်း အခြေခံထားခြင်း မဟုတ်ပေ။ ယင်းမှာ လမ်းကြောင်းသစ်ဖြစ်ပြီး တစ်ချိန်က ယေရှုပြောခဲ့သော နှုတ်ကပတ်တော်အများအပြားပင် သက်ဆိုင်ခြင်း မရှိတော့ပေ။ ငါပြောသည်မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည့် အမှုဖြစ်ပြီး၊ ယင်းသည် တစ်ခုတည်း တည်တံ့သည့် အမှုဖြစ်သည်။ ငါလုပ်ဆောင်သော အမှုနှင့် ငါပြောသောနှုတ်ကပတ်တော်များ အားလုံးသည် အသစ်ဖြစ်၏။ ဤသည်မှာ ယနေ့၏ အမှုသစ် မဟုတ်လော။ ယေရှု၏ အမှုသည်လည်း ဤကဲ့သို့ဖြစ်၏။ သူ၏အမှုသည်လည်း ဗိမာန်တော်အထဲရှိ လူများ၏အလုပ်နှင့် ကွဲပြားခြားနားပြီး၊ ယင်းသည် ဖာရိရှဲတို့၏အလုပ်နှင့်လည်း ခြားနားခဲ့သကဲ့သို့၊ ဣသရေလလူမျိုးအားလုံး လုပ်ခဲ့သော အလုပ်နှင့်လည်း မည်သည့်ဆင်တူခြင်းမျှ မရှိပေ။ ယင်းကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက်၊ လူတို့သည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေ- “ယင်းကို ဘုရားသခင်က အမှန်တကယ် လုပ်ဆောင်ခဲ့သလော။” ယေရှုသည် ယေဟောဝါ၏ ပညတ်တရားကို မကိုင်စွဲခဲ့ပေ။ လူသားကို သွန်သင်ရန် သူကြွလာချိန်တွင်၊ သူပြောဆိုခဲ့သမျှအားလုံးသည် အသစ်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းမှ ရှေးသန့်ရှင်းသူများနှင့်ပရောဖက်များ ပြောဆိုခဲ့သောအရာနှင့် ခြားနားလေသည်၊ ဤအရာကြောင့် လူတို့သည် မရေမရာဖြစ်မြဲ ဖြစ်ခဲ့ကြသည်။ ဤသည်မှာ လူသားကို ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ခက်ခဲစေသည့်အရာ ဖြစ်သည်။ အမှု၏ ဤအဆင့်သစ်ကို လက်ခံခြင်းမပြုမီတွင်၊ သင်တို့ အများစုလျှောက်လှမ်းသော လမ်းကြောင်းမှာ ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များ၏ အခြေခံအုတ်မြစ်ကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဝင်ရောက်ရန် ဖြစ်ခဲ့သည်။ သို့သော် ယနေ့တွင်၊ ငါလုပ်ဆောင်သောအလုပ်သည် အလွန် ခြားနားသောကြောင့် သင်တို့အနေဖြင့် ထိုအရာ မှန်သည်၊ မှားသည်ကို မခွဲခြားနိုင်ကြပေ။ ယခင်က သင်မည်သည့် လမ်းကြောင်း လျှောက်ခဲ့သည်ကို ငါဂရုမစိုက်သကဲ့သို့၊ ငါသည် မည်သူ၏ “အစာ” ကို သင်စားခဲ့သည် သို့မဟုတ် မည်သူ့ကို သင်၏ “ဖခင်” အဖြစ် သဘောထားခဲ့သည်ကိုလည်း စိတ်မဝင်စားပေ။ ငါသည် လူကို လမ်းပြရန် ကြွလာပြီး အမှုသစ်ကို ယူဆောင်လာခဲ့သည့်အတွက်၊ ငါ့နောက်လိုက်သူအားလုံးသည် ငါပြောသည့်အရာနှင့်အညီ ပြုမူလုပ်ဆောင်ကြရမည် ဖြစ်သည်။ သင် မွေးဖွားသည့် “မိသားစု” သည် မည်မျှအာဏာရှိသည် ဖြစ်စေ၊ သင်သည် ငါ့နောက်သို့လိုက်ရမည်၊ သင်သည် သင်၏ ယခင် အလေ့အထများနှင့်အညီ မပြုမူရ၊ သင်၏ “အုပ်ထိန်းသော ဖခင်” သည် ဖယ်ပေးသင့်ပြီး သင်သည် သင်၏ပိုင်ထိုက်သောဝေစုကို ရယူရန် သင်၏ဘုရားသခင်ရှေ့မှောက်သို့ လာသင့်သည်။ သင်၏အလုံးစုံသည် ငါ့လက်ထဲတွင်ရှိပြီး သင်သည် သင်၏အုပ်ထိန်းသူဖခင်အား ကျိုးကြောင်းမမြင်သည့် ယုံကြည်မှုကို အလွန်အမင်း မဆက်ကပ်သင့်ပေ။ သူသည် သင့်ကို လုံးလုံးလျားလျား မထိန်းချုပ်နိုင်ပေ။ ယနေ့၏အမှုသည် ထီးထီးမားမား တည်နေသည်။ ယနေ့ ငါပြောသမျှအားလုံးသည် အတိတ်က အခြေခံအုတ်မြစ်ပေါ်တွင် အခြေမပြုထားသည်မှာ သိသာပေသည်။ ယင်းသည် အသစ်သော စတင်မှုဖြစ်ပြီး ယင်းသည် လူသား၏လက်ဖြင့် ဖန်ဆင်းထားသည်ဟု သင်ပြောဆိုပါက၊ သင်သည် ကယ်တင်၍မရနိုင်လောက်အောင် မျက်စိကန်းနေသူ တစ်ဦး ဖြစ်ပေသည်။
ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ရွေးချယ်ခံထားရသည့် ဣသရေလလူမျိုးများထဲမှ ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ဟူ၍ အဘယ်ကြောင့် အခေါ် မခံခဲ့ကြရသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အဘယ်ကြောင့် သက်သေမခံခဲ့သနည်း။ ယေရှုက သူ၏အမှုကို စတင်ပြီး သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုကို အဘယ်ကြောင့် သက်သေခံခဲ့သနည်း။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို အဘယ်ကြောင့် သက်သေ မခံခဲ့သနည်း။ ဇာတိပကတိနှင့် သက်ဆိုင်သည့် လူများဖြစ်ကြသော ၎င်းတို့သည် “သခင်” ဟု အခေါ်ခံခဲ့ကြရသည်။ ထိုသူတို့ မည်သို့ အခေါ်ခံခဲ့ကြရသည် ဖြစ်စေ၊ ၎င်းတို့၏ အလုပ်သည် ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုကြလေသည်။ ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ အမည်နာမများနှင့် ဆက်နွှယ်မှုမရှိပေ။ ယင်းကို ၎င်းတို့ ဖော်ပြသည့်အရာနှင့် ၎င်းတို့ အသက်ရှင် နေထိုင်သည့်အရာက ကိုယ်စားပြုပေသည်။ ဓမ္မဟောင်းကျမ်းတွင်၊ သခင်ဟု အခေါ်ခံရခြင်းတွင် ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူတစ်ဦးသည် မည်သည့်နည်းဖြင့်မဆို အခေါ်ခံရကောင်း ခံရမည် ဖြစ်သော်လည်း၊ ၎င်း၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် ပြောင်းလဲ၍မရနိုင်ပေ။ ခရစ်တော် အတုအယောင်များ၊ ပရောဖက် အတုအယောင်များနှင့် လှည့်ဖြားသူများအကြားတွင် “ဘုရားသခင်” ဟု အခေါ်ခံရသူများလည်း ရှိသည် မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင် မဟုတ်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့်ဖြစ်သည်။ အရင်းအမြစ်၌ ၎င်းတို့သည် လူတို့ကို လှည့်စားသူများ၊ လူသားများဖြစ်ကြပြီး၊ ဘုရားသခင်မဟုတ်ပေ၊ ထို့ကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ မရှိကြချေ။ မျိုးနွယ်စု ၁၂ စု ထဲတွင် ဒါဝိဒ်သည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည် မဟုတ်လော။ ယေရှုသည်လည်း သခင်ဟု အခေါ်ခံခဲ့ရသည်- ယေရှုတစ်ဦးတည်းသာ လူ့ဇာတိခံ ဘုရားသခင်ဟု အဘယ်ကြောင့် အခေါ်ခံခဲ့ရသနည်း။ ယေရမိကိုလည်း လူသားဟု သိခဲ့ကြသည် မဟုတ်လော။ ပြီးလျှင် ယေရှုကို လူသားဟု သိကြသည် မဟုတ်လော။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်စား ကားစင်တင်ခံခဲ့ရသနည်း။ ယင်းမှာ ၎င်း၏ အနှစ်သာရသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ ယင်းမှာ သူလုပ်ဆောင်ခဲ့သည့် အမှုသည် ကွဲပြားသောကြောင့် ဖြစ်သည်မဟုတ်လော။ အမည်နာမသည် အရေးပါသလော။ ယေရှုသည်လည်း လူသားဟုလည်း အခေါ်ခံခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သည်၊ သူသည် တန်ခိုးအာဏာကို လက်ခံရန်နှင့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်အောင်ဆောင်ရွက်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ ဤအရာက ယေရှု၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရသည် လူသားဟု အခေါ်ခံခဲ့ရသော အခြားသူများနှင့် ကွဲပြားခြားနားသည်ကို သက်သေပြပေသည်။ ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ပြောဝံ့သနည်း။ မည်သူမဆိုသည် ထိုသို့သောအရာများကို ပြောဝံ့သလော။ သင်သည် ထိုသို့သောအရာများကို ပြောဆိုပါက၊ ဧဇရအနာဂတ္တိကျမ်းသည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရသနည်း၊ ပြီးလျှင် ရှေးသန့်ရှင်းသူများနှင့် ပရောဖက်များ၏ ကျမ်းများကိုလည်း အလားတူ အဘယ်ကြောင့် ပြုခဲ့သနည်း။ ၎င်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဆိုပါက၊ သင်တို့သည် အဘယ်ကြောင့် ထိုသို့ပြောင်းလဲလွယ်သော ရွေးချယ်မှုများကို လုပ်ဝံ့ကြသနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရွေးချယ်ရန် အရည်အချင်းပြည့်မီသလော။ ဣသရေလမှ အဖြစ်အပျက် အများအပြားသည်လည်း ပယ်ဖျက်ခြင်း ခံခဲ့ရသည်။ ပြီးလျှင် သင့်အနေဖြင့် အတိတ်က ဤရေးသားချက်များအားလုံး သန့်ရှင်းသော ဝိညာဉ်တော်မှ လာသည်ဟု ယုံကြည်ပါက၊ ကျမ်းများထဲမှ အချို့သည် အဘယ်ကြောင့် ပယ်ဖျက်ခံခဲ့ရပါသနည်း။ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပါက၊ ယင်းတို့အားလုံးကို ထားရှိသင့်ပြီး၊ အသင်းတော်များရှိ ညီအစ်ကို မောင်နှမများထံသို့ ဖတ်ရှုရန် ပေးပို့သင့်ပေသည်။ ယင်းတို့ကို လူ့သဘောဖြင့် ရွေးချယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုသင့်ပေ။ ထိုသို့လုပ်ခြင်းသည် မှားယွင်း၏။ ပေါလုနှင့် ယောဟန်တို့၏ အတွေ့အကြုံများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမြင်များနှင့် ရောထွေးသည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာသည် စာတန်ထံမှ လာသည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများမှ လာသည့်အရာများ ရှိခဲ့ကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏အသိပညာသည် ထိုအချိန်က ၎င်းတို့၏ တကယ့်အတွေ့အကြုံများ၏ နောက်ခံအကြောင်းအရာ နှင့်အညီ ဖြစ်ပြီး၊ ယင်းတို့အားလုံး သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူက ယုံကြည်စိတ်ချစွာ ပြောနိုင်မည်နည်း။ ခရစ်ဝင်ကျမ်းလေးကျမ်းလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာပါက၊ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့သည် ယေရှု၏အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာကွဲပြား၍ အဘယ်ကြောင့် အသီးသီး ပြောဆိုခဲ့ကြသနည်း။ ဤအရာကို သင်တို့ မယုံကြည်ပါက၊ ပေတရုက သခင်ကို သုံးကြိမ်ငြင်းဆိုခဲ့ပုံနှင့်ပတ်သက်သည့် ကျမ်းစာထဲက ဖြစ်စဉ်များကို ကြည့်လော့- ယင်းတို့ အားလုံး ကွဲပြားခြားနားနေပြီး ၎င်းတို့အသီးသီးသည် မိမိတို့၏ ကိုယ်ပိုင်ထူးခြားသော လက္ခဏာရပ်များ ရှိကြသည်။ မသိနားမလည်သောသူများစွာက၊ “လူ့ဇာတိခံ ဘုရားသခင်သည်လည်း လူသားတစ်ဦး ဖြစ်သည်။ သို့ဆိုလျှင် သူပြောဆိုသော စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လုံးဝ လာနိုင်ပါသလော။ ပေါလုနှင့် ယောဟန်တို့၏ စကားများသည် လူ့အလိုဆန္ဒဖြင့် ရောနှောခဲ့ပါက၊ ကိုယ်တော်ပြောဆိုသော စကားများသည် လူ့အလိုဆန္ဒဖြင့် အကယ်ပင် ရောနှောမနေပါသလော။” ဟု မေးကြသည်။ ထိုသို့သော အရာများကို ပြောဆိုသောလူများသည် မျက်ကန်း၍ မသိမိုက်မဲ ကြလေတကား။ ခရစ်ဝင်ကျမ်းလေးကျမ်းကို သေချာစွာ ဖတ်လော့။ ယေရှု လုပ်ဆောင်ခဲ့သောအရာများနှင့် သူ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ၎င်းတို့မှတ်တမ်းတင်ခဲ့သည့် အရာကို ဖတ်လော့။ ဖြစ်စဉ်အသီးသီးသည် အကယ်ပင် အတော်အတန်ကွဲပြားသကဲ့သို့၊ အသီးသီး၌ မိမိကိုယ်ပိုင် ရှုထောင့် ရှိလေသည်။ ဤကျမ်းများ၏ စာရေးသူများက ရေးသားခဲ့သည့် အရာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဆိုပါက၊ အားလုံးသည် တူညီပြီး တစ်သမတ်တည်း ဖြစ်သင့်ပေသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကွာဟချက်များ ရှိရသနည်း။ ဤအရာကို မမြင်နိုင်ရန်မှာ၊ လူသားသည် အလွန့်အလွန် မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို သက်သေခံရန် သင် စေခိုင်းခြင်း ခံရပါက၊ မည်သည့် သက်သေခံချက်မျိုးကို သင်ပေးနိုင်သနည်း။ ဘုရားသခင်ကို ထိုသို့သိရှိခြင်းနည်းလမ်းသည် သူ့ကို သက်သေခံနိုင်သလော။ အခြားသူများက သင့်ကို၊ “ယောဟန်နှင့် လုကာတို့၏ မှတ်တမ်းများသည် လူ့အလိုဆန္ဒများ ရောနှောနေခဲ့ပါက၊ သင်တို့၏ ဘုရားသခင်ပြောဆိုခဲ့သော နှုတ်ကပတ်တော်များသည် လူ့အလိုဆန္ဒနှင့် ရောနှောနေသည် မဟုတ်လော။” ဟု မေးပါက၊ ရှင်းလင်းသောအဖြေကို သင်ပေးနိုင်မည်လော။ လုကာနှင့် မဿဲတို့သည် ယေရှု၏နှုတ်ကပတ်တော်များကို ကြားခဲ့ကာ ယေရှု၏ အမှုကို မြင်ပြီးနောက်တွင်၊ ၎င်းတို့သည် ယေရှုလုပ်ဆောင်ခဲ့သော အမှုနှင့် သက်ဆိုင်သည့် အချက်အလက် အချို့ကို အသေးစိတ် ပြန်လည်ပြောပြသောပုံစံဖြင့် မိမိတို့၏ ကိုယ်ပိုင်အသိပညာကို ပြောပြခဲ့ကြသည်။ ၎င်းတို့၏ အသိပညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြည့်အဝ ထုတ်ဖော်ပြခံရခြင်း ဖြစ်သည်ဟု သင်ပြောနိုင်သလော။ သမ္မာကျမ်းစာ ပြင်ပတွင်၊ ၎င်းတို့ထက် သာ၍ မြင့်မားသည့် အသိပညာတစ်ခုရှိသည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များစွာ ရှိခဲ့ကြပေသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့၏စကားများကို နောက်မျိုးဆက်များက လက်မခံခဲ့ကြသနည်း။ ၎င်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့ကြရသည် မဟုတ်လော။ ယနေ့၏အမှုတွင် ငါသည် ယေရှု၏အမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် အခြေခံ၍ ငါ၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုများကို ပြောဆိုနေခြင်းမဟုတ်သကဲ့သို့၊ ယေရှု၏ အမှု၏ နောက်ခံအကြောင်းအရာနှင့်ယှဉ်၍ ငါ၏ကိုယ်ပိုင် အသိပညာကို ပြောနေခြင်းလည်း မဟုတ်သည်ကို သိလော့။ ထိုအချိန်က ယေရှုသည် မည်သည့်အမှုကို လုပ်ဆောင်ခဲ့သနည်း။ ထို့အပြင် ယနေ့ ငါသည် မည်သည့်အမှုကို လုပ်ဆောင်နေသနည်း။ ငါ လုပ်ဆောင်ကာ ပြောဆိုသည့်အရာသည် အစဉ်အလာ မရှိပေ။ ယနေ့ ငါလျှောက်သောလမ်းသည် ယခင်က လုံးဝ မနင်းလျှောက်ဖူးပေ၊ အတိတ်က ခေတ်များနှင့်သက်ဆိုင်သည့် လူများနှင့် မျိုးဆက်များက မည်သည့်အခါတွင်မျှ မလျှောက်ဖူးကြပေ။ ယနေ့တွင်၊ ယင်းကို စတင်ဆောင်ရွက်ပြီဖြစ်ကာ ဤသည်မှာ ဝိညာဉ်တော်၏ အမှု မဟုတ်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ခဲ့သော်ငြားလည်း၊ အတိတ်က ခေါင်းဆောင်များအားလုံးသည် ၎င်းတို့၏ အလုပ်ကို အခြားသူများ၏ အခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်၊ ဘုရားသခင်ကိုယ်တိုင်၏အမှုသည် ကွဲပြားခြားနား၏။ ယေရှု၏ အမှုအဆင့်သည်လည်း အလားတူ ဖြစ်ခဲ့ပေသည်- သူသည် လမ်းခရီးသစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ သူကြွလာခဲ့ချိန်တွင်၊ သူသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဟောပြောခဲ့ပြီး လူသားသည် နောင်တရပြီး ဝန်ချရမည်ဟု ပြောဆိုခဲ့သည်။ ယေရှုသည် သူ၏အမှုကို ပြည့်စုံစေခဲ့သည့်နောက်တွင်၊ ပေတရု၊ ပေါလုနှင့် အခြားသူများသည် ယေရှု၏အမှုကို စတင်၍ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ယေရှုသည် လက်ဝါးကပ်တိုင်တွင် သံမှိုနှင့်ရိုက်ခံခဲ့ရပြီး၊ ကောင်းကင်သို့ တက်ကြွသွားခဲ့သည့်နောက်တွင်၊ ၎င်းတို့သည် ကားတိုင်၏ လမ်းခရီးကို ဖြန့်ဝေဖို့ ဝိညာဉ်တော်၏ စေလွှတ်ခြင်း ခံခဲ့ရသည်။ ပေါလု၏ စကားများသည် ချီးမြှောက်ခြင်း ခံခဲ့ရသော်လည်း၊ ယင်းတို့သည်လည်း သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ ဒုက္ခခံစားခြင်း၊ ဦးခေါင်းအုပ်ခြင်း၊ ဗတ္တိဇံခံယူခြင်း၊ သို့မဟုတ် လိုက်လျှောက်ရမည့် အခြားအယူဝါဒများကဲ့သို့သော ယေရှု ပြောဆိုပြီးခဲ့သည့် အရာအားဖြင့် ချထားခဲ့သော အခြေခံအုတ်မြစ် အပေါ်တွင် အခြေခံထားခဲ့ပေသည်။ ဤအရာအားလုံးကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် ပြောဆို ထားခဲ့ပေသည်။ ၎င်းတို့သည် ဘုရားသခင် အသုံးပြုခဲ့သော လူများသာ ဖြစ်ခဲ့ကြသည့်အတွက်၊ အသစ်သော လမ်းခရီးကို ဖွင့်လှစ်နိုင်စွမ်း မရှိခဲ့ကြချေ။
ထိုအချိန်က ယေရှု၏မိန့်မြွက်ချက်များနှင့် အမှုသည် အယူဝါဒကို စွဲကိုင်မထားခဲ့သကဲ့သို့၊ သူသည် သူ၏အမှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်သက်ဆိုင်သည့် အမှုနှင့်အညီ မဆောင်ရွက်ခဲ့ပေ။ ယင်းသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်သင့်သည့် အမှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူသည် သူထုတ်ဆောင်လာသည့် အမှုအတိုင်း၊ သူ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်းနှင့် သူ၏ အမှုတော်အတိုင်း ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ပညတ်တရားအတိုင်း အမှုမပြုခဲ့ပေ။ သူလုပ်ဆောင်ခဲ့သည့် မည်သည့် အရာမျှ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားနှင့်အညီ မဟုတ်ခဲ့သကဲ့သို့၊ သူသည် ပရောဖက်များ၏ စကားများကို ပြည့်စုံစေရန် အမှုပြုဖို့ ကြွလာခဲ့သည်လည်း မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ အဆင့်အသီးသီးသည် ရှေးပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံစေဖို့အလို့ငှာ အသေအချာ ဆောင်ရွက်ခဲ့ခြင်း မဟုတ်သကဲ့သို့၊ သူသည် အယူဝါဒကို လိုက်နာဖို့ သို့မဟုတ် ရှေးပရောဖက်များ၏ ကြိုတင် ဟောကြားချက်များကို တမင်သက်သက် အကောင်အထည်ဖော်ရန် လာခဲ့ခြင်း မဟုတ်ပေ။ သို့ရာတွင် သူ၏လုပ်ဆောင်ချက်များသည် ရှေးပရောဖက်များ၏ ဟောကြားချက်များကို မနှောင့်ယှက်ခဲ့သကဲ့သို့၊ ယခင်က သူလုပ်ဆောင်ပြီးခဲ့သော အမှုကိုလည်း မနှောင့်ယှက်ခဲ့ပေ။ သူ့အမှု၏ အဓိကအချက်မှာ မည်သည်အယူဝါဒကိုမျှ လိုက်နာခြင်း မဟုတ်ဘဲ၊ ယင်းအစား သူကိုယ်တိုင် လုပ်ဆောင်သင့်သောအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် ပရောဖက်မဟုတ်သကဲ့သို့ ရှေ့ဖြစ်ဟောသူလည်း မဟုတ်ခဲ့ဘဲ၊ သူ လုပ်ဆောင်သင့်သည့် အမှုကို လုပ်ဆောင်ဖို့ အမှန်တကယ် ကြွလာခဲ့သည့် လုပ်ဆောင်သူတစ်ဦးဖြစ်ပြီး သူသည် သူ၏အသစ်သောခေတ်ကို စတင် ဖွင့်လှစ်ရန်နှင့် သူ၏ အသစ်သော အမှုကို ဆောင်ရွက်ရန် ကြွလာခဲ့ပေသည်။ ဟုတ်ပေ၏၊ ယေရှုသည် သူ၏ အမှုကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်က၊ သူသည် ဓမ္မဟောင်းကျမ်းထဲက ရှေးပရောဖက်များ ပြောကြားခဲ့သော စကားများစွာကိုလည်း ပြည့်စုံစေခဲ့ပေသည်။ ထို့အတူ ယနေ့၏ အမှုသည်လည်း ဓမ္မဟောင်းကျမ်း ထဲက ရှေးပရောဖက်များ၏ ကြိုတင်ပြောကြားချက်များကို ပြည့်စုံစေခဲ့သည်။ ငါသည် “အဝါရောင်သမ်းနေသည့် နှစ်ချုပ် စာအုပ်ဟောင်း” ကို မကိုင်စွဲထားရုံသာ ဖြစ်၏၊ ထိုမျှသာ ဖြစ်ပေသည်။ ငါလုပ်ဆောင်ရမည့် သာ၍ များသော အမှုရှိသည့်အတွက်၊ သင်တို့ကို ငါပြောဆိုရမည့် သာ၍များသော နှုတ်ကပတ်တော်များ ရှိသကဲ့သို့၊ ဤအမှုနှင့် ဤနှုတ်ကပတ်တော်များသည် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို ရှင်းပြခြင်းထက် သာ၍များစွာ အရေးပါလှပေသည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့သော အလုပ်သည် သင်တို့အတွက် ကြီးမားသော အရေးပါမှု သို့မဟုတ် တန်ဖိုးမရှိသကဲ့သို့၊ သင်တို့ကို မကူညီနိုင် သို့မဟုတ် မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ငါသည် အသစ်သော အမှုကို လုပ်ဆောင်ဖို့ ရည်ရွယ်သည်မှာ သမ္မာကျမ်းစာ၏ မည်သည့် ကျမ်းပိုဒ်ကိုမှ ပြည့်စုံစေခြင်းအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ ရှေးပရောဖက်များ၏ စကားများကို ပြည့်စုံစေရန်သာ ကမ္ဘာမြေသို့ ကြွလာခဲ့ပါက၊ မည်သူသည် ပို၍ ကြီးမြတ်သနည်း၊ လူ့ဇာတိကိုခံယူသော ဘုရားသခင်လော၊ သို့တည်းမဟုတ် ထိုရှေးပရောဖက်များလော။ အဆုံးတွင်၊ ပရောဖက်များသည် ဘုရားသခင်ကို စီမံကွပ်ကဲသလော၊ သို့မဟုတ် ဘုရားသခင်သည် ပရောဖက်များကို စီမံကွပ်ကဲသလော။ ဤစကားများကို သင်မည်သို့ ရှင်းပြသနည်း။
အစတွင်၊ ယေရှုသည် သူ၏အမှုတော်ကို တရားဝင် မလုပ်ဆောင် သေးမီတွင်၊ သူ၏နောက်သို့လိုက်သော တပည့်တော်များကဲ့သို့ပင် သူသည်လည်း တစ်ခါတစ်ရံ ဗိမာန်တော်ထဲတွင် အစည်းအဝေးများ တက်ရောက်ခဲ့သည်၊ ဓမ္မတေးများ သီဆိုခဲ့သည်၊ ချီးမွမ်းခြင်းများ ပေးကာ ဓမ္မဟောင်းကျမ်းကို ဖတ်ရှုခဲ့ပေသည်။ သူသည် ဗတ္တိဇံခံယူကာ ထလာပြီးနောက်တွင် ဝိညာဉ်တော်သည် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် သူတာဝန်ယူရမည့် အမှုတော်ကို ထုတ်ဖော်ပြရင်း၊ သူ့အပေါ်တွင် တရားဝင် ဆင်းသက်ခဲ့ကာ စတင်အလုပ်လုပ်ခဲ့သည်။ ဤမတိုင်မီတွင်၊ မာရိမှလွဲ၍ မည်သူကမျှ သူ၏ကိုယ်ပိုင်လက္ခဏာကို မသိခဲ့ကြသကဲ့သို့၊ ယောဟန်ပင်လျှင် မသိခဲ့ပေ။ ဗတ္တိဇံခံယူသည့်အချိန်တွင် ယေရှုသည် အသက် ၂၉ နှစ် ရှိခဲ့သည်။ ဗတ္တိဇံခံယူခြင်း ပြီးဆုံးသည့်နောက်တွင်၊ ကောင်းကင်သည် ဖွင့်လှစ်ပြီး၊ အသံတစ်ခုက ပြောသည်မှာ “ဤသူကား ငါနှစ်သက် မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း။” ဟူ၍ ဖြစ်သည်။ ယေရှုသည် ဗတ္တိဇံခံယူပြီးသည်နှင့်တစ်ပြိုင်နက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤနည်းဖြင့် သူ့ကို စတင် သက်သေခံခဲ့သည်။ အသက် ၂၉ နှစ်၌ ဗတ္တိဇံမခံမီတွင်၊ သူသည် စားရမည့် အချိန်တွင် စားရင်း၊ ပုံမှန် အိပ်ရင်းနှင့် ဝတ်စားဆင်ယင်ရင်း၊ ပုံမှန်လူတစ်ဦး၏ အသက်တာကို အသက်ရှင်နေထိုင်ခဲ့ပြီး၊ သူနှင့် ပတ်သက်သည့် မည်သည့်အရာမျှ အခြားသူများနှင့် ကွဲပြားခြားနားခြင်းမရှိခဲ့ပေ၊ မှန်ပေသည်၊ ယင်းမှာ လူ၏ ဇာတိဆန်သော အမြင်တွင်သာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူသည်လည်း အားနည်းခဲ့ပြီး တစ်ခါတစ်ရံတွင် သူသည် အမှုအရာများကို မသိမြင်နိုင်ဘဲ ရှိသည်၊ ယင်းမှာ သမ္မာကျမ်းစာတွင် ရေးသားထားသည့်အတိုင်းသာ ဖြစ်သည်- “ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလေ၏။” ဤနှုတ်ကပတ်တော်များက သူသည် သာမန်နှင့် ပုံမှန်လူ့သဘာဝရှိပြီး အခြားသော ပုံမှန်လူများနှင့် မည်သို့မျှ အထူးတလည် ခြားနားခြင်း မရှိသည်ကိုသာ ပြသပေသည်။ သူသည် ပုံမှန်လူတစ်ဦးကဲ့သို့ ကြီးပြင်းခဲ့ပြီး သူနှင့်ပတ်သက်၍ ထူးခြားမှု ဘာမျှမရှိခဲ့ပေ။ သို့ရာတွင် သူသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် ရှိခဲ့သည်။ ဗတ္တိဇံခံယူပြီးနောက်တွင်၊ သူသည် စတင် သွေးဆောင်ဖြားယောင်းခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် သူသည် သူ၏ အမှုတော်ကို စတင်ဆောင်ရွက်ပြီး စတင်အမှုပြုကာ တန်ခိုး၊ ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ပိုင်ဆိုင်လာခဲ့သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ ဗတ္တိဇံမခံမီတွင် သူ့အထဲ၌ အလုပ်လုပ်ခြင်း မရှိ သို့မဟုတ် သူ့အတွင်းတွင် မရှိခဲ့ဟု ပြောဖို့ မဟုတ်ပေ။ ဗတ္တိဇံမခံမီတွင်၊ ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်သည့်အချိန်တွင် အကန့်အသတ်များရှိသည့်အပြင်၊ ပုံမှန် လူများသည် ပုံမှန်ကြီးထွားခြင်းဖြစ်စဉ်ရှိသည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သူ့အတွင်းတွင် ကျိန်းဝပ်ပြီး ဖြစ်သော်လည်း၊ တရားဝင် အလုပ်စတင်ခြင်း မရှိသေးပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အတွင်းတွင် အစဉ်အမြဲ နေထိုင်ခဲ့ပြီး ဖြစ်သည်။ ယေရှုဖွားမြင်ခဲ့ချိန်တွင် သူသည် အခြားသူများနှင့် ခြားနားပြီး နံနက်မိုးသောက်ကြယ် ထွက်ပေါ်ခဲ့သည်။ သူ၏မွေးဖွားမှုမတိုင်မီတွင် ကောင်းကင်တမန် တစ်ပါးသည် ယောသပ်ထံ အိပ်မက်ထဲတွင် ပေါ်လာပြီး မာရိသည် သားယောက်ျားလေး ဖွားမြင်မည့်အကြောင်းနှင့် ထိုကလေးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူမည့် အကြောင်း ပြောခဲ့သည်။ ယေရှု ဗိတ္တိဇံခံယူပြီးနောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို စတင်ခဲ့သော်လည်း၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုပေါ်သို့ ဆင်းသက်ခဲ့ပြီးခါစသာ ဖြစ်သည်ဟု မဆိုလိုခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အပေါ် ချိုးငှက်ကဲ့သို့ သက်ဆင်းခဲ့သည်ဆိုသည့် ပြောဆိုချက်သည် သူ၏အမှုတော်ကို တရားဝင်စတင်ခဲ့ခြင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အတွင်းတွင် ယခင်က ရှိခဲ့ပြီးဖြစ်သော်လည်း၊ အချိန် မရောက်သေးသည့်အတွက် သူသည် စတင်အမှုမပြုခဲ့သေးသကဲ့သို့၊ ဝိညာဉ်တော်သည် မဆင်မခြင် စတင်အလုပ်မလုပ်ခဲ့ပေ။ ဝိညာဉ်တော်သည် ဗတ္တိဇံခံယူခြင်းမှတစ်ဆင့် သူ့ကို သက်သေခံခဲ့သည်။ သူသည် ရေထဲမှ ထွက်လာသည့်အခါ၊ ဝိညာဉ်တော်သည် သူ့အထဲတွင် တရားဝင် စတင်အလုပ်လုပ်ခဲ့သည်၊ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံ သူ၏အမှုတော်ကို ဖြည့်ဆည်းဖို့ စတင်ခဲ့သည်ဆိုသည်နှင့်၊ ရွေးနုတ်ခြင်းအမှုကိုလည်း စတင်ခဲ့ကြောင်း၊ ဆိုလိုသည်မှာ ကျေးဇူးတော်ခေတ်သည် တရားဝင်စတင်ခဲ့ပြီးဖြစ်သည်ကို ဖော်ပြပေသည်။ သို့ဖြစ်ရာ သူသည် မည်သည့်အမှုကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ အမှုအတွက် အချိန်ကာလတစ်ခု ရှိသည်။ သူ၏ဗတ္တိဇံခံယူပြီး နောက်ပိုင်းတွင် ယေရှုတွင် သီးခြားပြောင်းလဲမှုများ မရှိခဲ့ပေ။ သူသည် သူ၏မူလ လူ့ဇာတိထဲတွင် ရှိနေဆဲဖြစ်သည်။ ယင်းမှာ သူသည် သူ၏အမှုကို စတင်ခဲ့ပြီး သူ၏ ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြရုံသာဖြစ်ခဲ့ပြီး၊ သူသည် သြဇာအာဏာ၊ တန်ခိုးနှင့် ပြည့်ဝခဲ့သည်။ ဤအရာနှင့်စပ်လျဉ်း၍၊ သူသည် ယခင်ကနှင့် ကွာခြားခဲ့သည်။ သူ၏ ကိုယ်ပိုင်လက္ခဏာ ကွာခြားခဲ့သည်၊ ဆိုလိုသည်မှာ သူ၏အဆင့်အတန်းတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ရှိပေသည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်ဖြစ်ပြီး လူက လုပ်ဆောင်ခဲ့သည့် အလုပ်မဟုတ်ပေ။ အစတွင်၊ လူတို့သည် မသိရှိခဲ့ကြသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်က ယေရှုကို ထိုသို့သော နည်းလမ်းအားဖြင့် သက်သေခံသည်နှင့်တစ်ပြိုင်နက် အနည်းငယ်သာ သိလာခဲ့ကြသည်။ ယေရှုသည် သူ့ကို သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံခြင်းမပြုမီတွင် ကြီးမားသောအမှုကို လုပ်ဆောင် ခဲ့သော်လည်း၊ ဘုရားသခင် ကိုယ်တိုင်၏ သက်သေခံခြင်းမရှိပါက၊ သူ၏အမှု မည်မျှကြီးမားစေကာမူ လူ၏ အမြင်သည် ယင်းကို မြင်နိုင်စွမ်းရှိခဲ့မည်မဟုတ်သည့်အတွက်၊ လူများသည် သူ၏ ကိုယ်ပိုင်လက္ခဏာကို လုံးဝ သိရှိကြပြီး ဖြစ်လိမ့်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံခြင်း အဆင့်မရှိခဲ့ဘဲ၊ မည်သူမျှ သူ့ကို လူ့ဇာတိခံ ဘုရားသခင်အဖြစ် သတိပြုမိခဲ့မည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့ကို သက်သေခံပြီးနောက်တွင် ယေရှုသည် ခြားနားမှု တစ်ခုတစ်လေမျှ မရှိဘဲ၊ အလားတူနည်းလမ်းဖြင့် ဆက်လက်အမှုပြုခဲ့ပါက၊ ယင်းသည် ထိုသို့သက်ရောက်မှု ရှိခဲ့မည် မဟုတ်သကဲ့သို့၊ ဤအရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း အဓိကအားဖြင့် ဖော်ပြထားပေသည်။ သန့်ရှင်းသော ဝိညာဉ်တော် သက်သေခံပြီးသည့်နောက်တွင်၊ သူသည် ဘုရားသခင်ဖြစ်ခဲ့သည်၊ သူ့အတွင်းတွင် ဘုရားသခင်၏ ဝိညာဉ်တော်ရှိခဲ့သည်ကို သင် ရှင်းလင်းစွာ ရှုမြင်နိုင်ဖို့အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်သည် မိမိကိုယ်ကိုယ် ပြသဖို့ဖြစ်ခဲ့သည်။ ဘုရားသခင်၏ သက်သေခံခြင်းသည် မှားယွင်းခြင်းမရှိသကဲ့သို့၊ ဤအရာက သူ၏သက်သေခံခြင်း မှန်ကန်သည်ကို သက်သေပြနိုင်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော် သက်သေခံခြင်းမတိုင်မီနှင့် သက်သေခံခြင်းပြီးနောက်တွင် သူ၏ အမှုသည် တူညီခဲ့ပါက၊ သူ၏ လူ့ဇာတိခံ အမှုတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပေါ်လွင်ခဲ့မည်မဟုတ်ပေ၊ ထို့ကြောင့် ရှင်းလင်းသည့် ကွဲပြားခြားနားချက် ရှိခဲ့မည် မဟုတ်သည့်အတွက်၊ လူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သတိပြုမိနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သက်သေခံပြီးသည့်နောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤသက်သေခံချက်ကို ထိန်းသိမ်းဖို့ ဖြစ်ခဲ့ပြီး၊ ထို့ကြောင့် သူသည် အတိတ်ကာလ အချိန်များနှင့် ကွဲပြားခြားနားခဲ့သည့် သူ၏ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ယေရှုအထဲတွင် ထင်ရှားစေဖို့ ဖြစ်ခဲ့သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ဗတ္တိဇံခံယူခြင်း၏ အကျိုးတရား မဟုတ်ခဲ့ပေ- ဗတ္တိဇံ ခံယူခြင်းသည် အခမ်းအနား တစ်ခုမျှသာ ဖြစ်သည်- ယင်းမှာ ဗတ္တိဇံခံယူခြင်းသည် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ အချိန်ဖြစ်ခဲ့သည်ကို ပြသဖို့ နည်းလမ်းသာဖြစ်သည်။ ထိုသို့သောအမှုသည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ပေါ်လွင်စေဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်ကို ပေါ်လွင်စေဖို့အလို့ငှာ ဖြစ်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤသက်သေခံချက်ကို တကယ့် အဆုံးထိတိုင် တာဝန်ယူမည်ဖြစ်သည်။ သူ၏အမှုတော်ကို မဆောင်ရွက်မီတွင်၊ ယေရှုသည်လည်း တရားဒေသနာများကို နားထောင်ခဲ့ပြီး ဧဝံဂေလိတရားကို နေရာအမျိုးမျိုးတွင် ဟောပြောကာ ဖြန့်ဝေခဲ့သည်။ သူ၏အမှုတော်ကို ဆောင်ရွက်ရန် သူ့အတွက် အချိန်မကျသေးသောကြောင့်၊ ပြီးလျှင် ဘုရားသခင် ကိုယ်တိုင်သည်လည်း လူ့ဇာတိတွင် နှိမ့်ချစွာ ကွယ်ဝှက်ခဲ့ပြီး အချိန်မကျရောက်မီအထိ ကြီးမားသောအမှု တစ်ခုတစ်လေကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့် သူသည် ကြီးမြတ်သည့် မည်သည့် အမှုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ ဗတ္တိဇံမခံယူမီ သူသည် အကြောင်းရင်း နှစ်ခုကြောင့် အမှုမပြုခဲ့ပေ- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ရန် သူ့အပေါ်သို့ တရားဝင် သက်ဆင်းခြင်း မရှိသေးသောကြောင့်ဖြစ်ပြီး၊ (ဆိုလိုသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော အမှုကိုလုပ်ဆောင်ရန် တန်ခိုးနှင့် ဩဇာအာဏာကို ယေရှုအပေါ် မအပ်နှင်းရသေးပေ။) သူသည် သူကိုယ်တိုင်၏ ကိုယ်ပိုင်လက္ခဏာကို သိခဲ့သည်ဆိုလျှင်ပင်၊ ယေရှုသည် နောက်ပိုင်းတွင် သူလုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိခဲ့မည် မဟုတ်သကဲ့သို့၊ သူ၏ဗတ္တိဇံခံယူသည့်နေ့ထိတိုင် စောင့်စားခဲ့ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အချိန်ဖြစ်ပြီး၊ ယေရှုကိုယ်တိုင်ပင် အပါအဝင် မည်သူမျှ ဖောက်ဖျက်နိုင်စွမ်းရှိပေ။ ယေရှုကိုယ်တိုင်သည် သူကိုယ်တိုင်၏ အလုပ်ကို မနှောင့်ယှက်နိုင်ပေ။ ဟုတ်ပေ၏၊ ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချခြင်းဖြစ်ပြီး ဘုရားသခင်အမှု၏ ဥပဒေသလည်း ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်မလုပ်ပါက၊ မည်သူမျှ သူ၏ အမှုကို လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်။ ဒုတိယအနေဖြင့် သူဗတ္တိဇံမခံယူမီတွင်၊ သူသည် တကယ့်ကို သာမန် နှင့် ပုံမှန်လူတစ်ဦးသာဖြစ်ပြီး၊ အခြားသော သာမန်၊ ပုံမှန်လူများနှင့် ကွာခြားမှု မရှိပေ။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က သဘာဝလွန်သောသူ မဟုတ်သည့်ပုံ၏ ရှုထောင့်တစ်ခု ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် ဝိညာဉ်တော်၏ အစီအစဉ်များကို မဖောက်ဖျက်ခဲ့ပေ။ သူသည် စနစ်ကျသည့် နည်းလမ်းဖြင့် အမှုပြုခဲ့ပြီး တကယ့်ပုံမှန် အမှုပြုခဲ့သည်။ သူ၏ အမှုသည် ဩဇာအာဏာနှင့် တန်ခိုးရှိခဲ့သည်မှာ ဗတ္တိဇံခံယူပြီးနောက်မှသာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်ခဲ့သော်လည်း၊ သူသည် သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်ခဲ့သကဲ့သို့၊ အခြားသော ပုံမှန်လူများကဲ့သို့ အလားတူနည်းလမ်းဖြင့် ကြီးပြင်းခဲ့ပေသည်။ ယေရှုသည် သူကိုယ်တိုင်၏ ကိုယ်ပိုင်လက္ခဏာကို သိရှိနှင့်ပြီးဖြစ်ပါက၊ သူ၏ဗတ္တိဇံခံယူခြင်းမတိုင်မီ နယ်မြေအနှံ့တွင် ကြီးမားသော အလုပ်များ လုပ်ခဲ့ပြီးဖြစ်ကာ သူ့ကိုယ်သူ ထူးခြားသူအဖြစ် ပြသရင်း၊ ပုံမှန်လူများနှင့် ကွဲပြားခြားနားခဲ့ပြီးဖြစ်ပါက၊ ယောဟန်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် ဖြစ်နိုင်ခဲ့မည်မဟုတ်သည်သာမက၊ ဘုရားသခင် အနေဖြင့် သူ၏အမှုနောက်အဆင့်ကို စတင်ရန် မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ ဤအရာက ဘုရားသခင်လုပ်ဆောင်ခဲ့သော အရာသည် မှားယွင်းသည်ဟု သက်သေပြမည်ဖြစ်ကာ၊ လူသားအဖို့၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာသည် တူညီသော အရင်းအမြစ်မှ မလာခဲ့သည့်ပုံပေါ်ခဲ့ပေမည်ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ယေရှု၏အမှုသည် သူဗတ္တိဇံ ခံယူပြီးနောက် ဆောင်ရွက်သော အမှု၊ သုံးနှစ်တာ ကာလတစ်လျှောက် လုပ်ဆောင်ခဲ့သော အမှုဖြစ်ပေသည်။ သူသည် ဤအမှုကို ဗတ္တိဇံမခံယူမီတွင် မလုပ်ဆောင်ခဲ့သောကြောင့်၊ သမ္မာကျမ်းစာသည် ဗတ္တိဇံမခံယူမီ သူလုပ်ဆောင်ခဲ့သော အရာကို မှတ်တမ်းတင် ထားခြင်းမရှိပေ။ သူသည် ပုံမှန်လူတစ်ဦးမျှသာဖြစ်ပြီး ပုံမှန်လူ တစ်ဦးကို ကိုယ်စားပြုပေသည်။ ယေရှုသည် သူ၏ အမှုတော်ကို စတင်မဆောင်ရွက်မီတွင်၊ သူသည် ပုံမှန်လူများနှင့် ကွာခြားခြင်းမရှိခဲ့သကဲ့သို့၊ အခြားသူများသည် သူ့အထဲတွင် ကွဲပြားခြားနားချက် မတွေ့နိုင်ခဲ့ကြပေ။ သူသည် ဘုရားသခင်၏ အမှု အဆင့်တစ်ခုကို ပြည့်စုံစေဖို့ လာခဲ့ပြီးဖြစ်သည်ကို ယေရှု သိခဲ့သည်မှာ သူအသက် ၂၉ နှစ် ပြည့်ပြီး နောက်မှသာ ဖြစ်သည်။ ယခင် ဘုရားသခင်လုပ်ဆောင်သော အမှုသည် သဘာဝလွန် မဟုတ်သည့်အတွက် ဤအရာကို သူကိုယ်တိုင် မသိခဲ့ပေ။ အသက် ၁၂ နှစ်အရွယ်တွင် တရားဇရပ်၌ အစည်းအဝေး တစ်ခု သူတက်ရောက်ခဲ့ချိန်တွင်၊ မာရိသည် သူ့ကို ရှာဖွေနေခဲ့ပြီး၊ သူက အခြားသော ကလေးများ၏ ပုံစံအတိုင်း ဝါကျတစ်ကြောင်း ပြောဆိုခဲ့သည်- “အမေ၊ ငါသည် ငါ့ဖခင်၏ ဆန္ဒကို အခြားအရာ အားလုံးထက် ပိုပြီး ဦးထိပ်တင်ရမည်ကို မသိသလော။” ဟူ၍ ဖြစ်သည်။ ဟုတ်ပေ၏၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်ခဲ့ကတည်းက၊ ယေရှုသည် တစ်နည်းနည်းဖြင့် ထူးခြားမှု ရှိနေနိုင်သည် မဟုတ်ပါလော။ သို့ရာတွင် သူ၏ထူးခြားမှုဆိုသည်မှာ သူသည် သဘာဝလွန်ဖြစ်သည်ကို မဆိုလိုဘဲ၊ သူသည် ဘုရားသခင်ကို အခြားငယ်ရွယ်သော မည်သည့်ကလေးမဆိုထက် ပို၍ချစ်နေခြင်း ဖြစ်သည်။ သူသည် အသွင်အပြင်အားဖြင့် လူသားဖြစ်ခဲ့သော်လည်း၊ သူ၏အနှစ်သာရသည် အခြားသူများထက် ထူးခြားပြီး ခြားနားမှုရှိဆဲ ဖြစ်သည်။ သို့ရာတွင် သူ့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုနေသည်ကို သူခံစားမိသည်မှာ၊ သူသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်ကို ခံစားမိသည်မှာ ဗတ္တိဇံခံယူယူပြီးသည့် နောက်ပိုင်းမှသာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်ကို သူ အမှန်တကယ် နားလည်ခဲ့သည်မှာ သူ အသက် ၃၃ နှစ်ရောက်သည့်အခါမှသာ ဖြစ်သည်။ အသက် ၃၂ နှစ်အရွယ်တွင်၊ သူသည် ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ရေးထားသကဲ့သို့ပင် အတွင်းကျသော သမ္မာတရားအချို့ကို သိလာသည်- “ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။” (ရှင်မဿဲခရစ်ဝင် ၁၆:၁၆) “ထိုမှတစ်ပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၁) သူမည်သည့်အလုပ်ကို လုပ်ရမည်ဆိုသည်ကို သူသည် ကြိုတင်မသိထားခဲ့သော်လည်း၊ တိကျသည့်အချိန်တစ်ခုတွင် သိရှိခဲ့သည်။ ယင်းကို သူ မွေးဖွားခဲ့သည်နှင့်တစ်ပြိုင်နက် အပြည့်အဝ သူမသိခဲ့ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အထဲတွင် တဖြည်းဖြည်း အလုပ်လုပ်ခဲ့ပြီး၊ အလုပ်အဖို့ လုပ်ငန်းစဉ်တစ်ခု ရှိခဲ့သည်။ တကယ့်အစတွင် သူသည် ဘုရားသခင်နှင့် ခရစ်တော်ဖြစ်ပြီး၊ လူ့ဇာတိခံ လူသားဖြစ်သည်၊ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးမြောက်စေဖို့ ဖြစ်သည်ကို သိရှိခဲ့ပြီးဖြစ်ပါက၊ အဘယ်ကြောင့် ယခင်က သူ အမှုမပြုခဲ့ပါသနည်း။ သူ၏သာသနာအကြောင်းကို သူ၏တပည့်တော်များအား ပြောပြီးသည့်နောက်တွင်သာ ယေရှုသည် ဝမ်းနည်းခြင်း ခံစားရပြီး ဤအတွက် လေးနက်စွာ ဆုတောင်းခဲ့သည်မှာ အဘယ်ကြောင့်နည်း။ သူနားမလည်ခဲ့သော အရာအများအပြားကို သူနားမလည်လာမီတွင်၊ သူ့အတွက် ယောဟန်သည် လမ်းဖွင့်ပေးခဲ့ပြီး ဗတ္တိဇံပေးခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဤအရာက သက်သေပြသည်မှာ သူသည် မိမိ၏ အမှုက ဝိညာဉ်တော်အားဖြင့် တိုက်ရိုက် လုပ်ဆောင်သည့် အမှုနှင့် ကွာခြားသည့် ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာဖြစ်သည့် အတွက်၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်သောကြောင့်၊ သူ့အတွက် နားလည်ဖို့နှင့် စွမ်းဆောင်ရရှိဖို့မှာ လုပ်ငန်းစဉ် တစ်ခုရှိသည်ဟူ၍ ဖြစ်သည်။
ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်တိုင်းသည် တစ်ခုတည်းသော ရေစီးကြောင်းနောက်လိုက်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်တွင် ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်မှသည် ယနေ့အချိန်အထိ အဆင့်တစ်ခုစီကို နောက်အဆင့်တစ်ခုက နီးကပ်စွာ လိုက်လာပြီး ဖြစ်သည်။ လမ်းခင်းပေးရန် မည်သူမျှ မရှိခဲ့ပါက၊ နောက်က လိုက်မည့်သူ မည်သူမျှရှိမည်မဟုတ်ပေ။ နောက်ကလိုက်လာသော သူများ ရှိသည့်အတွက်၊ လမ်းဖောက်သော သူများ ရှိကြပေသည်။ ဤနည်းဖြင့် အမှုကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာပြီး ဖြစ်သည်။ အဆင့်တစ်ခုသည် အခြားတစ်ခုနောက် လိုက်လာပြီး၊ လမ်းဖွင့်ပေးသူမရှိဘဲနှင့်၊ အမှုကိုစတင်ရန် ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့သို့ယူဆောင်ရန် နည်းလမ်းရှိမည်မဟုတ်ပေ။ မည်သည့်အဆင့်ကမျှ အခြားတစ်ခုကို ဆန့်ကျင်ခြင်းမရှိသကဲ့သို့၊ ရေစီးကြောင်းတစ်ခုကို ပုံဖော်ဖို့ အသီးသီးသည် အခြားတစ်ခုနောက်သို့ အစဉ်လိုက် လိုက်လာလေသည်။ ဤအရာအားလုံးကို ဝိညာဉ်တစ်ခုတည်းက လုပ်ဆောင်သည်။ သို့ရာတွင် တစ်စုံတစ်ဦးက လမ်းဖွင့်သည်ဖြစ်စေ၊ နောက်တစ်ဦး၏အလုပ်ကို ဆက်လုပ်သည်ဖြစ်စေ၊ ဤအရာက ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို မသတ်မှတ်ပေ။ ယင်းမှာ မှန်သည်မဟုတ်လော။ ယောဟန်သည် လမ်းဖွင့်ပေးခဲ့ပြီး ယေရှုက သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ ထို့ကြောင့် ဤအရာက ယေရှု၏ ကိုယ်ပိုင်လက္ခဏာသည် ယောဟန်ထက် နိမ့်ကျသည်ကို သက်သေပြပါသလော။ ယေဟောဝါသည် သူ၏အမှုကို ယေရှုမတိုင်မီ ဆောင်ရွက်ခဲ့သည်၊ သို့ဖြစ်ရာ ယေဟောဝါသည် ယေရှုထက် ကြီးမြတ်သည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့အနေဖြင့် လမ်းဖွင့်သည်ဖြစ်စေ၊ အခြားသူများ၏အလုပ်ကို ဆက်လုပ်သည် ဖြစ်စေ အရေးမကြီးပေ။ အရေးအကြီးဆုံးမှာ ၎င်းတို့အလုပ်၏ အနှစ်သာရဖြစ်ပြီး ယင်းက ကိုယ်စားပြုသော ကိုယ်ပိုင်လက္ခဏာ ဖြစ်သည်။ ဤအရာသည် မမှန်သလော။ ဘုရားသခင်သည် လူများအလယ်တွင် အမှုပြုရန် ရည်ရွယ်ထားသည့်အတွက် သူသည် လမ်းခင်းပေးသည့်အလုပ်ကို လုပ်ဆောင်နိုင်မည့်သူများကို ပြုစုပျိုးထောင်ခဲ့ရပေသည်။ ယောဟန်သည် စတင်၍ တရားဟောသည့်အခါ၊ “သခင် ကြွတော်မူရာ လမ်းကို ပြင်ကြလော့၊ သူ၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။” “နောင်တရကြလော့ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုသူပြောခဲ့သည်။ သူသည် တကယ့်အစမှ ထိုသို့ပြောဆိုခဲ့ပြီး၊ ဤစကားများကို သူအဘယ်ကြောင့် ပြောနိုင်ခဲ့သနည်း။ ဤစကားများကို ပြောထားသည့် အစီအစဉ်အရ၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ပထမဆုံးပြောခဲ့သူမှာ ယောဟန်ဖြစ်ပြီး ယေရှုသည် နောက်ပိုင်းတွင် ပြောခဲ့သူ ဖြစ်သည်။ လူ၏ အယူအဆများအရ၊ အသစ်သောလမ်းကို ဖွင့်ခဲ့သူမှာ ယောဟန်ဖြစ်ပြီး၊ ထို့ကြောင့် ယောဟန်သည် ယေရှုထက် ကြီးမြတ်သည်မှာ အမှန် ဖြစ်သည်ဟူ၍ ဖြစ်ပေသည်။ သို့ရာတွင် ယောဟန်သည် သူ ခရစ်တော်ဖြစ်သည်ဟု မပြောခဲ့သကဲ့သို့၊ ဘုရားသခင်သည် သူ့ကို ဘုရားသခင်၏ ချစ်လှစွာသော သားတော်အဖြစ် သက်သေခံခြင်း မရှိခဲ့ပေ၊ သို့ရာတွင် သူ့ကို သခင့်အတွက် လမ်းဖွင့်ရန်နှင့် လမ်းကိုပြင်ဆင်ပေးရန်သာ အသုံးပြုခဲ့သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့သော်လည်း၊ ယေရှုကိုယ်စား အလုပ်မလုပ်နိုင်ခဲ့ပေ။ လူ၏ အလုပ်များအားလုံးကိုလည်း သန့်ရှင်းသော ဝိညာဉ်တော်က ထိန်းသိမ်းထားခဲ့ပေသည်။
ဓမ္မဟောင်းကျမ်းခေတ်တွင် လမ်းခရီးကို ဦးဆောင်လမ်းပြခဲ့သူမှာ ယေဟောဝါ ဖြစ်ခဲ့ပြီး၊ ယေဟောဝါ၏ အမှုသည် ဓမ္မဟောင်းကျမ်း ခေတ်တစ်ခုလုံးနှင့် ဣသရေလတွင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ကိုယ်စားပြုခဲ့ပေသည်။ မောရှေသည် ကမ္ဘာမြေပေါ်တွင် ဤအမှုကို ထိန်းသိမ်းခဲ့ရုံသာရှိပြီး သူ၏ အားထုတ်မှုများကို လူမှ ပံ့ပိုးပေးသော ပူးပေါင်းလုပ်ဆောင်မှုအဖြစ် ယူမှတ်ထားပေသည်။ ထိုအချိန်က မောရှေကို ခေါ်လျက်၊ စကားပြောဆိုခဲ့သူမှာ ယေဟောဝါဖြစ်ပြီး၊ ဣသရေလ လူမျိုးတို့ အကြားတွင် ပြုစုပျိုးထောင်ပေးခဲ့ကာ မောရှေအား သူတို့ကို တောထဲနှင့် ခါနာန်ပြည်သို့ ဦးဆောင်စေခဲ့သည်။ ဤသည်မှာ မောရှေ ကိုယ်တိုင်၏ အလုပ်မဟုတ်ခဲ့ဘဲ၊ ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့သည့်အရာဖြစ်ပြီး မောရှေကို ဘုရားသခင်ဟု ခေါ်ဆို၍မရနိုင်ပေ။ မောရှေသည်လည်း ပညတ်တရားကို ချမှတ်ခဲ့သော်လည်း၊ ဤပညတ်တရားကို ယေဟောဝါက ကိုယ်တိုင်ကိုယ်ကျ ပြဌာန်းပေးခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် မောရှေအား ဖော်ပြစေခဲ့ခြင်းသာဖြစ်သည်။ ယေရှုသည်လည်း ပညတ်တော်များကို ပြုလုပ်ခဲ့ပြီး ဓမ္မဟောင်းကျမ်းမှ ပညတ်တရားများကို ပယ်ဖျက်ကာ ခေတ်သစ်အတွက် ပညတ်ချက်များကို ချမှတ်ခဲ့သည်။ ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ကိုယ်တိုင် ဖြစ်ပါသနည်း။ အဘယ်ကြောင့်ဆိုသော် ကွဲပြားခြားနားမှုတစ်ခုရှိသောကြောင့် ဖြစ်သည်။ ထိုအချိန်က မောရှေလုပ်ဆောင်ခဲ့သော အလုပ်သည် ခေတ်ကိုကိုယ်စား မပြုခဲ့သကဲ့သို့၊ လမ်းသစ်ကိုလည်း မဖွင့်လှစ်ခဲ့ပေ။ သူ့ကို ယေဟောဝါက ကြိုတင်လမ်းညွှန်ခဲ့ခြင်းဖြစ်ပြီး၊ သူသည် ဘုရားသခင် အသုံးပြုခဲ့သည့် သူတစ်ဦးသာ ဖြစ်သည်။ ယေရှု ကြွလာခဲ့သောအခါတွင်၊ ယောဟန်သည် လမ်းခင်းပေးသည့် အလုပ် အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို စတင်ဖြန့်ဝေခဲ့သည်။ (သန့်ရှင်းသော ဝိညာဉ်တော်က ဤအရာကို စတင်ခဲ့ပြီဖြစ်သည်။) ယေရှုကြွလာခဲ့ချိန်တွင်၊ သူသည် သူ၏ကိုယ်ပိုင်အလုပ်ကို တိုက်ရိုက် လုပ်ဆောင်ခဲ့သော်လည်း၊ သူ၏အလုပ်နှင့် မောရှေ၏ အလုပ်တို့ ကြားတွင် ကြီးမားသော ခြားနားမှုတစ်ခု ရှိပေသည်။ ဟေရှာယသည်လည်း ပရောဖက်ပြုချက် အများအပြားကို ပြောဆိုခဲ့သော်လည်း၊ သူသည် အဘယ်ကြောင့် ဘုရားသခင် ကိုယ်တိုင် မဖြစ်ခဲ့ပါသနည်း။ ယေရှုသည် ပရောဖက် ပြုချက်များစွာကို မပြောဆိုခဲ့သော်လည်း၊ သူသည် အဘယ်ကြောင့် ဘုရားသခင် ကိုယ်တိုင် ဖြစ်ခဲ့ရပါသနည်း။ ထိုအချိန်က ယေရှု၏အမှုအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု မည်သူမျှ မပြောဝံ့ခဲ့ကြသကဲ့သို့၊ အားလုံးသည် လူ၏ ဆန္ဒမှလာသည် သို့မဟုတ် ယင်းသည် လုံးဝ ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ဖြစ်သည်ဟုလည်း မပြောဝံ့ခဲ့ကြပေ။ လူသည် ထိုသို့သောအရာများကို ခွဲခြမ်းစိတ်ဖြာရန် မဖြစ်နိုင်ခဲ့ပေ။ ယင်းမှာ ယေရှာယသည် ထိုသို့သော အလုပ်ကို လုပ်ဆောင်ခဲ့ပြီး ထိုသို့သော ပရောဖက်ပြုချက်များကို ပြောဆိုခဲ့ကာ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာသည်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် ဟေရှာယ ကိုယ်တိုင်ထံမှ တိုက်ရိုက်လာခြင်း မဟုတ်ဘဲ၊ ယေဟောဝါထံမှ ဖွင့်ပြချက်များ ဖြစ်သည်။ ယေရှုသည် ကြီးမားသောအလုပ်ပမာဏကို လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ၊ ပြီးလျှင် နှုတ်ကပတ်တော်အများအပြားကို မပြောခဲ့သကဲ့သို့၊ ပရောဖက်ပြုချက် အများအပြားကိုလည်း မပြောဆိုခဲ့ပေ။ လူအဖို့၊ သူ၏ ဟောကြားချက်များသည် အထူး ချီးမြှောက်ခံခဲ့ရပုံမရခဲ့သော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင် ဖြစ်ပြီး ဤသည်မှာ လူသားအားဖြင့် နားလည်ရခက်သည့်အရာ ဖြစ်သည်။ မည်သူမျှ ယောဟန် သို့မဟုတ် ဟေရှာယ သို့မဟုတ် ဒါဝိဒ်ကို ယုံကြည်ခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့ကို ဘုရားသခင် သို့မဟုတ် ဘုရားသခင်ဒါဝိဒ် သို့မဟုတ် ဘုရားသခင် ယောဟန်ဟုလည်း မည်သူမျှ မခေါ်ဖူးကြပေ။ မည်သူကမျှ ထိုသို့ မပြောဆိုဖူးသကဲ့သို့၊ ယေရှုသည်သာ ခရစ်တော်ဟု အခေါ်ခံရဖူးပေသည်။ ဤခွဲခြား သတ်မှတ်ချက်ကို ဘုရားသခင်၏ သက်သေခံခြင်း၊ သူတာဝန်ယူခဲ့သော အလုပ် နှင့် သူ ဆောင်ရွက်ခဲ့သော အမှုတော်အရ ပြုလုပ်ထားခြင်း ဖြစ်သည်။ အာဗြဟံ၊ ဒါဝိဒ်၊ ယောရှု၊ ဒံယေလ၊ ဟေရှာယ၊ ယောဟန်နှင့် ယေရှုကဲ့သို့သော သမ္မာကျမ်းစာ၏ ကြီးမြတ်သော လူများနှင့် စပ်လျဉ်း၍- ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်မှတစ်ဆင့်၊ မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး၊ မည်သို့သော သူစားမျိုးသည် ပရောဖက်များဖြစ်ပြီး မည်သူတို့သည် တမန်တော်များ ဖြစ်သည်ကို သင်ပြောနိုင်ပေသည်။ မည်သူသည် ဘုရားသခင်၏ အသုံးပြုခြင်းခံခဲ့ရပြီး၊ မည်သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ခဲ့သည်ဆိုသည်ကို ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်၏ အနှစ်သာရ နှင့် အမျိုးအစားအားဖြင့် ခွဲခြားကာ သတ်မှတ်ထားခြင်း ဖြစ်သည်။ သင်သည် ခြားနားချက်ကို မပြောနိုင်ပါက၊ ဤအရာက ဘုရားသခင်၌ ယုံကြည်ဖို့မှာ မည်သည့်အရာဆိုလိုသည်ကို သင် မသိကြောင်း သက်သေပြပေသည်။ ယေရှုသည် နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သောကြောင့်၊ အထူးသဖြင့် သူ၏ နိမိလက္ခဏာများ ပြသခြင်းကြောင့် ဘုရားသခင် ဖြစ်သည်။ အလားတူပင်၊ ယောဟန်သည်လည်း မောရှေ လုပ်ဆောင်ခဲ့သကဲ့သို့၊ အလုပ်များစွာ လုပ်ခဲ့ပြီး နှုတ်ကပတ်တော် အများအပြား ပြောဆိုခဲ့သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ဟု အခေါ်မခံခဲ့ရသနည်း။ အာဒံကို ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းခဲ့သည်။ သူ့ကို ဖန်ဆင်းခံသတ္တဝါဟု ခေါ်မည့်အစား အဘယ်ကြောင့် ဘုရားသခင်ဟု မခေါ်ခဲ့သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို “ယနေ့တွင် ဘုရားသခင်သည် အလုပ်အများအပြားကိုလုပ်ဆောင်ပြီးဖြစ်ကာ နှုတ်ကပတ်တော် အများအပြားကို ပြောဆိုပြီးဖြစ်သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ သို့ဆိုလျှင် မောရှေသည် စကားအများအပြား ပြောဆိုခဲ့သည့်အတွက်၊ သူသည်လည်း ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ရပေမည်။” ဟု ပြောခဲ့လျှင်၊ သင်က၊ “ထိုအချိန်က၊ ဘုရားသခင်သည် ယောဟန်ကို မဟုတ်ဘဲ၊ ယေရှုကို အဘယ်ကြောင့် ဘုရားသခင် ကိုယ်တော်တိုင်အဖြစ် သက်သေခံခဲ့သနည်း။ ယောဟန်သည် ယေရှုမတိုင်မီ ကြွလာခဲ့သည် မဟုတ်သလော၊ မည်သည့်အရာ သာ၍ ကြီးမြတ်သနည်း၊ ယောဟန်၏ အလုပ်လော သို့မဟုတ် ယေရှု၏အလုပ်လော။ လူအဖို့၊ ယောဟန်၏ အလုပ်သည် ယေရှု၏အလုပ်ထက် ပိုမိုကြီးမြတ်သည်ဟု ထင်ရသော်လည်း၊ အဘယ်ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် ယောဟန်ကို သက်သေမခံဘဲ ယေရှုကို သက်သေခံခဲ့သနည်း။” ဟု သူတို့ကို ပြန်လည်မေးသင့်သည်။ အလားတူအရာသည် ယနေ့ ဖြစ်ပျက်နေသည်။ ထိုအချိန်တုန်းက မောရှေသည် ဣသရေလ လူမျိုးတို့ကို ဦးဆောင်သောအခါ၊ ယေဟောဝါသည် တိမ်တိုက်များ အတွင်းမှ သူ့ကို စကားပြောခဲ့သည်။ မောရှေသည် တိုက်ရိုက် စကားမပြောခဲ့သော်လည်း၊ ယင်းအစား ယေဟောဝါ၏ တိုက်ရိုက် လမ်းညွှန်ခြင်း ခံခဲ့ရသည်။ ဤသည်မှာ ဓမ္မဟောင်းကျမ်းနှင့် သက်ဆိုင်သည့် ဣသရေလတို့၏ အလုပ်ဖြစ်သည်။ မောရှေ အတွင်းတွင် ဝိညာဉ်တော်မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ဖြစ်ခြင်းလည်း မရှိခဲ့ပေ။ သူသည် ယင်းအလုပ်ကို လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်သောကြောင့်၊ သူလုပ်ဆောင်သည့် အလုပ်နှင့် ယေရှု လုပ်ဆောင်သည့် အလုပ်ကြားတွင် ကြီးမားသော ခြားနားမှုတစ်ခု ရှိပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သော အလုပ်သည် မတူကွဲပြားခဲ့သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသည် သို့မဟုတ် ပရောဖက်တစ်ဦး၊ တမန်တော်တစ်ဦး သို့မဟုတ် ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်၊ မဖြစ်သည်ကို သူ၏ အလုပ်သဘာဝအားဖြင့် သိမြင်နိုင်ပြီး ဤအရာက သင်၏ သံသယများကို အဆုံးသတ်စေလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် သိုးသငယ်သည်သာ တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်ဟု ရေးသား ထားသည်။ ခေတ်များ တစ်လျှောက်လုံးတွင်၊ ထိုကြီးမြတ်သော လူပုဂ္ဂိုလ်များထဲတွင် သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူများစွာ ရှိခဲ့၏၊ သို့ဆိုလျှင် ၎င်းတို့အားလုံးသည် သိုးသငယ်ဖြစ်သည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့၏ ရှင်းပြချက်များအားလုံး ဘုရားသခင် ထံမှ လာသည်ဟု သင်ပြောနိုင်သလော။ ၎င်းတို့သည် ရှင်းလင်းဖော်ပြသူများသာ ဖြစ်သည်။ သိုးသငယ်၏ ကိုယ်ပိုင်လက္ခဏာ ၎င်းတို့ မရှိကြချေ။ ၎င်းတို့အနေဖြင့် တံဆိပ်ခုနှစ်ချက်ကိုဖွင့်ရန် အဘယ်သို့ ထိုက်တန်နိုင်မည်နည်း။ “သိုးသငယ်သည်သာလျှင် တံဆိပ်ခုနှစ်ချက်ကို ဖွင့်နိုင်သည်။” ဆိုသည်မှာ မှန်ပေသည်၊ သို့သော် သူသည် တံဆိပ်ခုနှစ်ချက်ကို ဖွင့်ဖို့သာ လာသည်မဟုတ်ပေ။ ဤအလုပ်အဖို့ လိုအပ်ချက် မရှိပေ၊ ယင်းကို အမှတ်မထင် လုပ်ဆောင်ပေသည်။ သူသည် သူ၏ ကိုယ်ပိုင်အလုပ်နှင့်ပတ်သက်၍ လုံးဝ ရှင်းလင်းသည်။ သူ့အတွက် သမ္မာကျမ်းစာကို အနက်ဖွင့်ရန် အချိန်များစွာကုန်လွန်ဖို့ လိုအပ်ပါသလော။ “သမ္မာကျမ်းစာကို အနက်ဖွင့်သော သိုးသငယ်ခေတ်” ကို အနှစ်ခြောက်ထောင် အလုပ်တွင် ထည့်သွင်းရန် လိုအပ်မည်လော။ သူသည် အသစ်သော အမှုကို လုပ်ဆောင်ရန် ကြွလာသော်လည်း၊ နှစ်ခြောက်ထောင် အမှု၏ သမ္မာတရားကို လူတို့အား နားလည်စေရင်း အတိတ်ကာလက အမှုနှင့်ပတ်သက်သည့် ဖွင့်ပြချက်အချို့ကိုလည်း သူပေးလေသည်။ သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များစွာကို ရှင်းပြရန် မလိုအပ်ပေ။ အဓိကသော့ချက် ဖြစ်သည့်အရာ၊ အရေးကြီးသည့်အရာမှာ ယနေ့၏ အလုပ်ဖြစ်သည်။ ဘုရားသခင်သည် အထူးသဖြင့် တံဆိပ်ခုနှစ်ချက်ကို ချိုးဖျက်ရန် လာသည် မဟုတ်ဘဲ၊ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာသည်ကို သင်သိသင့်သည်။
နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်စေခြင်း မခံရသေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။
ဤအမှု၏ အသစ်သော အဆင့်ကို မစတင်ဘဲ၊ ဧဝံဂေလိ ဟောသူများ၊ တရားဟောဆရာများ၊ သမ္မာကျမ်း ရှင်းလင်း ဖော်ပြသူများနှင့် ကြီးမြတ်သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များဟု ခေါ်သော သင်တို့သည် မည်သည့် အတိုင်းအတာအထိ သွားကြမည်ကို မည်သူသိသနည်း။ အမှု၏ ဤအသစ်သောအဆင့်ကို စတင်ခြင်းမရှိဘဲ၊ သင်တို့ ပြောဆိုသည့်အရာသည် အသုံးဝင်တော့မည် မဟုတ်။ ယင်းသည် ထီးနန်းတက်ခြင်း သို့မဟုတ် ဘုရင်ဖြစ်လာခြင်း နှင့်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှုကို ပြင်ဆင်ခြင်း တစ်ခုခုဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ခြင်း သို့မဟုတ် မိမိ၏ခန္ဓာကိုယ်ကို ချိုးနှိမ်ခြင်း ဖြစ်သည်။ သည်းခံခြင်း သို့မဟုတ် အရာအားလုံးမှ သင်ခန်းစာများ သင်ယူခြင်း ဖြစ်သည်။ နှိမ့်ချခြင်း သို့မဟုတ် ချစ်ခြင်းမေတ္တာဖြစ်သည်။ ဤသည်မှာ သံစဉ်ဟောင်းတစ်ခုတည်းကို သီဆိုခြင်း မဟုတ်လော။ ယင်းမှာ တစ်ခုတည်းသောအရာကို မတူကွဲပြားသည့် အမည်တစ်ခုဖြင့် ခေါ်ဆိုခြင်းဖြစ်သည်။ မိမိ၏ ခေါင်းကိုဖုံးထားခြင်းနှင့် မုန့်ကိုချိုးဖဲ့ခြင်း သို့မဟုတ် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းဖြစ်စေ၊ ပြီးလျှင် နာမကျန်းသူကို ကုသခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းဖြစ်စေ။ အသစ်သော အမှု တစ်ခုတစ်လေ ရှိနိုင်မည်လော။ တိုးတက်မှု အလားအလာ တစ်ခုတစ်လေ ရှိနိုင်မည်လော။ ဤလမ်းအတိုင်း သင် ဆက်လက် နေထိုင်ပါက၊ သင်သည် အယူဝါဒကို ကျိုးကြောင်းမမြင်ဘဲ လိုက်လျှောက်မိလိမ့်မည် သို့မဟုတ် အစဉ်အလာကို လိုက်နာမိလိမ့်မည် ဖြစ်သည်။ သင်တို့၏ အလုပ်သည် အလွန်မြင့်မားသည်ဟု သင်တို့ယုံကြည်သော်လည်း၊ ထိုအရာ အားလုံးကို ရှေးခေတ် “လူအိုကြီးများ” က လက်ဆင့်ကမ်းကာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်ကို သင်တို့မသိသလော။ သင်တို့ ပြောဆိုကာ လုပ်ဆောင်သမျှအားလုံးသည် ထိုလူအိုကြီးများ၏ နောက်ဆုံးစကားများ ဖြစ်သည် မဟုတ်လော။ ယင်းသည် ဤလူအိုကြီးများက သူတို့မကွယ်လွန်မီ တာဝန်ပေးခဲ့သည့် အရာ မဟုတ်လော။ သင်တို့၏ လုပ်ဆောင်ချက်များသည် အတိတ်ကာလ မျိုးဆက်များ၏ တမန်တော်များနှင့် ပရောဖက်တို့၏ အလုပ်ထက် သာလွန်ပြီး အရာအားလုံးထက် ကျော်လွန်သည်ဟု သင်ထင်သလော။ အမှု၏ ဤအဆင့် အစပြုခြင်းသည် သက်သေခံ လီ၏ ဘုရင်ဖြစ်လာပြီး နန်းတက်ရန် ကြိုးစားနေသည့် အလုပ်ကို သင်တို့၏ကြည်ညိုမှု အဆုံးသတ်ကို ယူဆောင်လာပြီဖြစ်ကာ၊ သင်တို့သည် အမှု၏ ဤအဆင့်တွင် မစွက်ဖက်နိုင်ရန်အလို့ငှာ သင်တို့၏မာနထောင်လွှားခြင်းနှင့် ခြိမ်းခြောက်ဟိန်းဟောက်ခြင်းကို ရပ်တန့်စေပြီး ဖြစ်သည်။ အမှု၏ဤအဆင့်မရှိဘဲနှင့်၊ သင်တို့သည် ရွေးနုတ်၍မရနိုင်သည်အထိ၊ အစဉ် သာ၍နက်ရှိုင်းစွာ နစ်မြုပ်သွားကြပေမည်။ သင်တို့အလယ်တွင် ဟောင်းသောအရာ များလွန်းလှ၏။ ကံအားလျော်စွာ၊ ယနေ့အမှုသည် သင်တို့ကို ပြန်လည် ခေါ်ဆောင်လာပေပြီ။ သို့မဟုတ်ပါက သင်တို့ မည်သည့် ဦးတည်ရာသို့ သွားကြမည်ကို မည်သူသိမည်နည်း။ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင် ဖြစ်သည့်အတွက် အဘယ်ကြောင့် အသစ်သော အရာများကို သင် မရှာဖွေသနည်း။ အဘယ်ကြောင့် ဟောင်းသော အရာများကို သင် စွဲကိုင်ထားသနည်း။ သို့ဖြစ်ရာ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသိခြင်းသည် အဆုံးစွန် အရေးကြီးသော အရာ ဖြစ်ပေသည်။