ဖောက်ပြန်သောလူသည် ဘုရားကို ကိုယ်စားမပြုနိုင်ကျူး
၁ စာတန်၏ ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင်ထင်ရှားနေ၏။ ထို့ကြောင့် လူသား၏ ပြုမူ ဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်သာဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်၏ စိတ်နေ သဘောထားကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စာရိတ္တမှ တစ်ဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး၊ ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြခြင်းဖြစ်သည်။ သို့သော် ထိုသူတို့၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ထိုသူတို့အပေါ် ဘုရားသခင်၏ အမှုသည် အတွင်းတွင် ရှိပြီးသား အရာနှင့်သာ လုပ်ကိုင်၍ ချဲ့ထွင်ခြင်းဖြစ်သည်။ ပရောဖက်များဖြစ်စေ၊ အတိတ်ကာလများက ဘုရားသခင် အသုံးပြုခဲ့သော လူသားများဖြစ်စေ၊ မည်သူမျှ သူ့ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်။
၂ ဘုရားသခင်ထံမှ တိုက်ရိုက်လာသည့် အရာအားလုံးသည် ကောင်း၏။ သို့ရာတွင် လူသား၏ စိတ်နေသဘောထားကို စာတန်က ပြောင်းလဲခဲ့ပြီဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူ့ဇာတိ ခံယူသော ဘုရားသခင် သူ၏မေတ္တာ၊ သူ၏ ဒုက္ခခံလိုခြင်း၊ သူ၏ ဖြောင့်မတ်ခြင်း၊ နာခံခြင်း၊ နှိမ့်ချခြင်းနှင့် သိုဝှက်ခြင်းတို့အားလုံးသာလျှင် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြု၏။ ဤသည်မှာ သူကြွလာစဉ်က သူသည် အပြစ်ကင်းစင်ပြီး ဘုရားသခင်ထံမှ တိုက်ရိုက်ကြွလာကာ စာတန်၏ ပြောင်းလဲမှု ခံခဲ့ရခြင်း မရှိ၍ဖြစ်သည်။ ယေရှုသည် အပြစ်ရှိသည့် ဇာတိပကတိ သဏ္ဌာန်သာလျှင် ရှိပြီး အပြစ်ကို ကိုယ်စားမပြုပါ။ ထို့ကြောင့် ကားစင်တင်ခြင်းအားဖြင့် သူ၏အမှု အောင်မြင်စွာ မပြီးဆုံးမီ အချိန်အထိ သူ၏ ပြုမူဆောင်ရွက်ချက်များ၊ စကားများ အားလုံးသည် ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။
အပြစ်သဘောရှိသော လူသားသည် ဘုရားသခင်ကို ကိုယ်စား မပြုနိုင်ကြောင်းနှင့် လူသား၏အပြစ်သည် စာတန်ကို ကိုယ်စားပြုကြောင်း သက်သေပြရန် ယေရှု၏ နမူနာမှာ လုံလောက် ပါသည်။ အပြစ်သည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ၊ ဘုရားသခင်သည် အပြစ်မဲ့သည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား၌ ဆောင်ရွက်ခဲ့သည့် အမှုပင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကြောင့်ဟုသာ ယူဆနိုင်ပြီး လူသားက ဘုရားသခင်ကိုယ်စား ဆောင်ရွက်ခဲ့ခြင်းဟု မဆိုနိုင်ပါ။ သို့သော် လူသားနှင့်ပတ်သက်၍ ၎င်း၏အပြစ်သော်လည်းကောင်း၊ ၎င်း၏ စိတ်နေသဘောထားသော် လည်းကောင်း၊ ဘုရားသခင်ကို ကိုယ်စားပြုခြင်းမရှိ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်ဆီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။