ဘုရားကို လူယုံကြည်မှု၏ နောက်ကွယ်မှ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များကျူး
ငါ၏လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည်လည်း ရှောလမုန်မင်းကြီး၏ သားအားလုံး၏ ဉာဏ်ပညာထက် သာ၍ကြီးမားသည်။ သို့သော် လူသားများသည် ငါ့ကို အရေးသိပ်မပါသည့် သမားတော်အဖြစ်နှင့် လူသား၏ လူမသိသူမသိဆရာအဖြစ်မျှသာ ငါ့ကိုထင်မှတ်ကြသည်။
၁ သူတို့၏အနာရောဂါကို ငါငြိမ်းစေရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သူတို့၏ခန္ဓာအတွင်းမှ မသန့်ရှင်းသည့်ဝိညာဉ်များကို ငါမောင်းထုတ်ရေးအတွက် ငါ၏တန်ခိုးများကို အသုံးပြုရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ငါ့ထံမှငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ သာ၍များသော ရုပ်ပိုင်းဆိုင်ရာ ဓနဥစ္စာကို ငါ့ထံမှ တောင်းခံရန်အတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ထို့အပြင် ဤဘဝတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်ပြီး နောင်လာမည့်ဘဝတွင် ဘေးကင်းလုံခြုံရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရေးအတွက်သာ ငါ့ကို ဘယ်နှစ်ဦး ယုံကြည်ကြသနည်း။ ယာယီ နှစ်သိမ့်မှုအတွက်သာ ငါ့ကိုယုံကြည်ပြီး နောင်လာမည့်ဘဝအတွက် မည်သည့်အရာမျှ ရရန်မကြိုးစားသူ ဘယ်နှစ်ဦး ရှိသနည်း။
၂ လူသားအပေါ် ငါ့ဒေါသကျရောက်စေပြီး သူနဂိုက ပိုင်ဆိုင်ခဲ့သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါသိမ်းပိုက်လိုက်သောအခါ လူသားသည် သံသယရှိလာ၏။ ငါသည် လူသားကို ငရဲ၏ဒုက္ခပေး၍ ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည်သိမ်းယူသည့်အခါ လူသား၏အရှက်သည် ဒေါသအသွင်သို့ ပြောင်းသွား၏။ လူသားသည် ငါ့ကို သူ့အား ရောဂါငြိမ်းစေရန် တောင်းဆိုသည့်အခါ ငါသည် သူ့ကို အရေးမစိုက်ဘဲ သူ့ကိုရွံရှာခြင်းရှိ၏၊ လူသားသည် ဆိုးယုတ်သော ပယောဂအတတ်နှင့် မှော်အတတ်တို့၏ နည်းလမ်းကိုရှာရန်သာ ငါ့ထံမှ ထွက်ခွာသွားခဲ့ကြသည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါယူပစ်လိုက်သောအခါ လူသားသည် အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါပေးသည့်ကျေးဇူးတော် များလွန်းပြီး ရရန်အကျိုးအမြတ် များလွန်းသဖြင့် လူသားသည် ငါ့ကို ယုံကြည်သည်ဟု ငါဆို၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။