သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်မျာ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉။ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်တို့ကြား ခြားနားချက်

၁။ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်တွင် လူသားမျိုးနွယ် အားလုံး၏အလုပ် ပါဝင်ပြီး ယင်းသည် ခေတ်ကာလတစ်ခုလုံး၏ အလုပ်ကိုလည်း ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်အားလုံး၏ လှုပ်ရှားမှုနှင့် လားရာကို ကိုယ်စားပြုချိန်တွင် တမန်တော်များ၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နောက်သို့လိုက်ပြီး ခေတ်ကာလကို မဦးဆောင်သကဲ့သို့ ခေတ်တစ်ခေတ်လုံးမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်လားရာကိုလည်း ကိုယ်စားမပြုပေ။ သူတို့သည် စီမံခန့်ခွဲမှုအလုပ် လုံးဝမပါဝင်သော လူတို့လုပ်သင့်သည့် အလုပ်ကိုသာ လုပ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည် စီမံခန့်ခွဲမှုအလုပ်အတွင်းရှိ စီမံကိန်းဖြစ်သည်။ လူသား၏ အလုပ်သည် အသုံးပြုခြင်းခံရသော လူသားတို့၏ တာဝန်သာဖြစ်ပြီး စီမံခန့်ခွဲမှုအလုပ်နှင့် ဆက်နွှယ်ပတ်သက်မှု မရှိပေ။ အထက်ပါ အလုပ်နှစ်ခုစလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သော်လည်း အလုပ်၏ မတူညီသော ကိုယ်ပိုင်လက္ခဏာများနှင့် ကိုယ်စားပြုမှုများကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်နှင့် လူသား၏ ကိုယ်ပိုင်အလုပ်ကြားတွင် ရှင်းလင်းပြီး ခြေခြေမြစ်မြစ်ရှိသော ကွဲပြားမှုများရှိလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၂။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး၊ သူ၏အမှုကို ဆက်လက်လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်း မရှိသကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင်သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သောအမှုကို လာရောက်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို အလိုအပ်ဆုံးဖြစ်သည်” မှ

၃။ ဆိုလိုသည်မှာ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့ကမူ မလုပ်ဆောင်နိုင်ကြပါ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သောအစပြုခြင်းထဲသို့ ဆောင်ယူဖို့ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူ၏စကားပြောခြင်း ပြီးဆုံးသောအခါ ဤသည်မှာ ဘုရားသဘာဝအတွင်းရှိ သူ၏အမှုမှာ ပြီးမြောက်ပြီဟူသည့် လက္ခဏာဖြစ်သည်။ ယင်းနောက်တွင် လူအားလုံးတို့သည် မိမိတို့၏ အသက်တာအတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

၄။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တိုင်က လုပ်ဆောင်သည်။ သူ၏အလုပ်ကို စတင်လည်ပတ်စေသည်မှာ သူသာလျှင်ဖြစ်ပြီး၊ သူကပင် ယင်းကို အဆုံးသတ်သည်။ အလုပ်ကို စီစဥ်သည်မှာ သူသာလျှင် ဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသည်မှာလည်း သူသာလျှင် ဖြစ်သည်၊ ထို့ထက်မက အလုပ်ကို အောင်မြင် ပြည့်စုံစေသူမှာလည်း သူသာလျှင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားသည့်အတိုင်း၊ “ငါသည်အစနှင့် အဆုံးဖြစ်သည်”၊ “ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟူ၍ဖြစ်သည်။ ယင်းတို့အားလုံးသည် သူကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် သူ၏ အလုပ်မှ စီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အုပ်ချုပ်သူဖြစ်သည်။ သူသည် အရာအားလုံးကို ထိန်းချုပ်ထားသူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ့အလုပ်ကို မလုပ်နိုင်ပါ သို့မဟုတ် သူ့လုပ်ငန်းများကို အဆုံးသတ်စေရန် မပြုလုပ်နိုင်ပါ။ သူသည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အတွက်၊ ကမ္ဘာတစ်ခုလုံးကို သူ၏အလင်းရောင်ထဲတွင်နေရန် ဦးဆောင်မည်ဖြစ်ပြီး၊ သူ၏ အစီအစဉ်အားလုံးကို အကောင်အထည် ဖော်ရန်အတွက် ခေတ်တစ်ခုလုံးကို အဆုံးသတ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၅။ ဘုရားသခင် ကိုယ်တော်တိုင် ဆောင်ရွက်သော အလုပ်သည်၊ သူ၏ကိုယ်ပိုင် စီမံခန့်ခွဲမှု အစီအစဉ်ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး ကြီးမြတ်သည့် စီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသည့် အလုပ်ဖြစ်သည်။ လူသားက (သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသား) ဆောင်ရွက်သည့် အလုပ်၌ သူ၏ လူတစ်ဦးချင်းစီ အတွေ့အကြုံကို ထောက်ပံ့ပေးခြင်း ပါဝင်သည်။ သူ့ရှေ့တွင် လျှောက်ခဲ့ကြသူများ၏ အတွေ့အကြုံ လမ်းကြောင်းကို ကျော်လွန်၍ အသစ်သော အတွေ့အကြုံလမ်းကြောင်းကို ရှာတွေ့ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် သူ၏ညီအစ်ကိုများနှင့် ညီအစ်မများကို ဦးဆောင်ခြင်းတို့ ပါဝင်သည်။ ထိုသူများက ထောက်ပံ့ပေးသည့်အရာမှာ သူတို့တစ်ဦးချင်းစီ၏ အတွေ့အကြုံ၊ သို့မဟုတ် ဝိညာဉ်ရေးရာ လူသားများ၏ ဝိညာဉ်ရေးရာ အရေးအသားများဖြစ်သည်။ ဤလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော်လည်း၊ ထိုသို့သော လူများ၏ အလုပ်သည် အနှစ်ခြောက်ထောင် အစီအစဉ်အတွင်းရှိ ကြီးမြတ်သည့် စီမံခန့်ခွဲမှု အလုပ်နှင့် မသက်ဆိုင်ပါ။ သူတို့လုပ်ဆောင်နိုင်သည့် လုပ်ငန်းများ ဆုံးခန်းတိုင်သွားသည်အထိ၊ သို့မဟုတ် သူတို့၏ အသက်တာများ ဆုံးခန်းတိုင်သွားသည်အထိ၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းရှိ လူများကို ဦးဆောင်ရန်အလို့ငှာ မတူညီသည့် ခေတ်ကာလများ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ပေါ်ထွန်းစေခြင်းကို ခံကြရသော လူသားများသက်သက်သာ ဖြစ်ကြသည်။ သူတို့လုပ်ဆောင်သည့် အလုပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်အတွက် သင့်တော်သည့် လမ်းကြောင်းကို ပြင်ဆင်ပေးရန်၊ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် ကိုယ်တော်တိုင်၏ စီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်တစ်ခုကို ဆက်လက်လုပ်ကိုင်ရန်သာ ဖြစ်သည်။ ထိုသို့သော လူများသည် သူတို့ကိုယ်၌အားဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း သာ၍ကြီးမြတ်သည့် အလုပ်ကို မလုပ်နိုင်ကြပါ၊ ထို့ပြင် လမ်းသစ်များကိုလည်း မဖွင့်နိုင်ပါ၊ ယခင်ခေတ်ကာလမှ ဘုရားသခင်၏ အလုပ်အားလုံးကို အဆုံးသတ်ရန် သာ၍ပင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် သူတို့လုပ်သည့် အလုပ်သည် ဖန်ဆင်းခံ သတ္တဝါက မိမိ၏လုပ်ငန်းဆောင်တာကို လုပ်ကိုင်ခြင်းကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အမှုတော်ကို လုပ်ဆောင်ခြင်းကို ကိုယ်စားမပြုနိုင်ပါ။ ဤသို့ဖြစ်ရခြင်းမှာ သူတို့လုပ်ဆောင်သော အလုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်သောအမှုနှင့် မတူညီသောကြောင့် ဖြစ်သည်။ ခေတ်သစ်တစ်ခေတ်ကို ဖွင့်လှစ်ပေးသည့် အလုပ်သည် ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်နိုင်သော အလုပ်မျိုး မဟုတ်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ မပြုလုပ်နိုင်ပါ။ လူသားလုပ်ဆောင်သည့် အလုပ်အားလုံးသည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူ၏တာဝန်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိသည့်အခါ၊ သို့မဟုတ် ဉာဏ်အလင်းပေးသည့်အခါ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့သော လူများက ထောက်ပံ့ပေးသည့် လမ်းညွှန်မှုမှာ နေ့စဉ်အသက်တာ၌ လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းကို ပြသပေးခြင်းနှင့် လူသားများက ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူသင့်သည်တို့ကို ပြသပေးခြင်းသက်သက်သာဖြစ်သည်။ လူသား၏အလုပ်၌ ဘုရားသခင်၏ စီမံခန့်ခွဲမှု မပါဝင်သကဲ့သို့ ယင်းအလုပ်သည် ဝိညာဉ်တော်၏ အလုပ်ကိုလည်း ကိုယ်စားမပြုပါ။...ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသည့် လူသားများ၏ အလုပ်က ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့် အလုပ်နှင့် တူညီမှုမရှိသည့်အတွက်၊ သူတို့၏ သွင်ပြင်လက္ခဏာများနှင့် မည်သူ၏ကိုယ်စား သူတို့လုပ်ကိုင်သည်ဟူသည့် အကြောင်းအရာများသည်လည်း ကွဲပြားမှုရှိကြသည်။ ဤသို့ဖြစ်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်ရန် ရည်ရွယ်သောအမှုသည် ကွဲပြားသောကြောင့်ဖြစ်သည်၊ သို့ဖြစ်၍ တူညီသော လုပ်ဆောင်သူများသည် မတူညီသည့် သွင်ပြင်လက္ခဏာများနှင့် အဆင့်အတန်းများကို အပ်နှင်းခြင်းခံရသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူသားတို့သည် အသစ်သော အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပြီး၊ ယခင်ခေတ်က ပြီးမြောက်ခဲ့သော အလုပ်အချို့ကိုလည်း ဖယ်ထုတ်ကောင်း ဖယ်ထုတ်နိုင်ပေမည်၊ သို့သော် သူတို့လုပ်ဆောင်သည့်အရာသည် အသစ်သောခေတ်ထဲတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလိုတော်ကို ဖော်ပြနိုင်ခြင်း မရှိပါ။ ယခင်ခေတ်က အလုပ်ကို ဖယ်ထုတ်ရန်သာ သူတို့လုပ်ဆောင်ကြသည်၊ ဘုရားသခင်ကိုယ်တော်တိုင်၏ စိတ်သဘောထားနှင့် အလိုတော်ကို တိုက်ရိုက်ကိုယ်စားပြုရန် ရည်ရွယ်သည့် အသစ်သော အလုပ်ကို လုပ်ဆောင်ရန် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ခေတ်မမီတော့သည့် ကျင့်ကြံမှု မည်မျှကို ပယ်ဖျက်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့သည် ကျင့်ကြံမှုအသစ် မည်မျှကို စတင်လုပ်ဆောင်သည်ဖြစ်စေ၊ သူတို့သည် လူသားနှင့် ဖန်ဆင်းခံသတ္တဝါများကိုသာ ကိုယ်စားပြုဆဲဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က အလုပ်လုပ်သည့်အခါတွင်မူ သူသည် ယခင်ခေတ်က ကျင့်ကြံမှုများအား ပယ်ဖျက်ခြင်းများကို ပွင့်လင်းစွာ မကြေညာပါ၊ သို့မဟုတ် ခေတ်သစ်တစ်ခု၏ စတင်မှုကို တိုက်ရိုက် မကြေညာပါ။ သူအလုပ်လုပ်ရာ၌ သူသည် တဲ့တိုးဖြစ်ပြီး ဖြောင့်မတ်သည်။ သူရည်ရွယ်သည့်အလုပ်ကို ဆောင်ရွက်ရာ၌ သူသည် ဘွင်းဘွင်းရှင်းရှင်းပင် လုပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ဖြစ်ခြင်းနှင့် စိတ်သဘောထားကို ဖော်ပြလျက် သူယူဆောင်လာသည့် အလုပ်အကြောင်းကို တိုက်ရိုက်ပင် သူထုတ်ဖော်သည်၊ မူလက ရည်ရွယ်ထားသည့်အတိုင်း သူ့အလုပ်ကို တိုက်ရိုက်ပင် လုပ်ဆောင်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အလုပ်တို့သည် ယခင်ခေတ်အဆက်ဆက်နှင့် ကွာခြားသည်ဟု လူသားက မြင်သည်။ သို့သော်၊ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှုထောင့်မှဆိုလျှင်၊ ဤကား သူ့အလုပ်ကို ဆက်လက်လုပ်ကိုင်မှုနှင့် သူ့အလုပ်၏ ဆက်လက်ဖွံ့ဖြိုးမှုမျှသာ ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သည့်အခါ၊ သူသည် သူ၏နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြီး၊ အသစ်သော အလုပ်ကို တိုက်ရိုက်ယူဆောင်လာသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ လူသားလုပ်ဆောင်သည့်အခါတွင်မူ၊ ယင်းသည် စဉ်းစားချင့်ချိန်မှုနှင့် လေ့လာမှုအားဖြင့် ဖြစ်သည်၊ သို့မဟုတ် ယင်းသည် အခြားသူများ၏ လုပ်ဆောင်မှုအပေါ် အခြေခံထားသည့် အသိပညာနှင့် ကျင့်ကြံမှုကို စနစ်ကျအောင် စီမံခြင်းတို့၏ အစိတ်အပိုင်းသာဖြစ်သည်။ ဆိုလိုသည်မှာ၊ လူသားက လုပ်ဆောင်သည့် အလုပ်၏အနှစ်သာရသည် ထုံးတမ်းစဉ်လာကို လိုက်လျှောက်ရန်ဖြစ်ပြီး “လမ်းဟောင်းများကို ဖိနပ်အသစ်များဖြင့် လျှောက်လမ်းရန်” ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူသားများ လျှောက်သည့်လမ်းမှာ ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်ပေးထားခဲ့သော လမ်းအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသည်ဟု ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးစာရင်းချုပ်လိုက်လျှင် လူသားသည် လူသားသာဖြစ်ပြီး၊ ဘုရားသခင်က ဘုရားသခင်သာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၆။ ပရောဖက်များ ပြောသောစကားများနှင့် ပြုသောအမှုများသာမက သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသော သူများ၏ ပြောသောစကားများနှင့် ပြုသောအမှုများသည် လူသားတို့၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏အလုပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး လူသားတို့ လုပ်သင့်သောအမှုတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်ပြုသော အမှုနှင့် နှုတ်ကပတ်တော်သည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အပြင်ပန်းအသွင်သဏ္ဌာန်သည် ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ရှိသော်လည်း သူ၏အမှုမှာ သူ၏အလုပ်တာဝန်ကို လုပ်ဆောင်ရန်မဟုတ်ဘဲ သူ၏အမှုတော်ကို ထမ်းရွက်ရန်ဖြစ်သည်။ “တာဝန်”ဟူသော ဝေါဟာရကို ဖန်ဆင်းခံသတ္တဝါများနှင့်စပ်လျဉ်း၍ အသုံးပြုသော်လည်း “အမှုတော်”ဟူသော ဝေါဟာရကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာနှင့်စပ်လျဉ်း၍ အသုံးပြုသည်။ ထိုဝေါဟာရနှစ်လုံးအကြားတွင် အခြေခံအားဖြင့် ကွာခြားမှုရှိပြီး ၎င်းတို့မှာ အပြန်အလှန်အဓိပ္ပာယ်ရှိသော ဝေါဟာရများ မဟုတ်ပေ။ လူ၏အမှုမှာ သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ ဖြစ်သော်လည်း ဘုရားသခင်၏အမှုမှာ သူ၏အမှုတော်ကို စီမံခန့်ခွဲရန်နှင့် ဆောင်ရွက်ရန်ဖြစ်သည်။ ထို့ကြောင့် တမန်တော်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံခဲ့ရပြီး ပရောဖက်များစွာသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသော်လည်း ၎င်းတို့ပြုသော အမှုနှင့် ပြောသောစကားများသည် ၎င်းတို့၏တာဝန်ကို ဖန်ဆင်းခံသတ္တဝါအနေဖြင့် လုပ်ဆောင်ရုံမျှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့၏ပရောဖက်ပြုချက်များသည် လူ့ဇာတိခံယူသော ဘုရားသခင်မြွက်ဆိုသည့် အသက်လမ်းခရီးထက် သာ၍ကြီးမြတ်ကောင်း ကြီးမြတ်နိုင်သည့်အပြင် ၎င်းတို့၏လူ့သဘာဝသည်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝထက် သာ၍ကျော်လွန်ခဲ့သော်လည်း ၎င်းတို့သည် ၎င်းတို့၏တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေကြခြင်း ဖြစ်ပြီး ၎င်းတို့၏အမှုတော်ကို ကျေပွန်အောင်ဆောင်ရွက်နေခဲ့ကြခြင်း မဟုတ်ပါ။ လူသားများ၏တာဝန်သည် လူသားများ၏အလုပ်ကို ရည်ညွှန်းပြီး လူသားများ ကြိုးပမ်းလုပ်ဆောင်နိုင်သောအရာ တစ်စုံတစ်ခုဖြစ်သည်။ သို့သော်လည်း လူ့ဇာတိခံယူသော ဘုရားသခင် ထမ်းရွက်သောအမှုတော်သည် သူ၏စီမံခန့်ခွဲမှုနှင့်သက်ဆိုင်ပြီး ထိုအရာကို လူသားများ ကြိုးပမ်းလုပ်ဆောင်၍မရပေ။ လူ့ဇာတိခံယူသော ဘုရားသခင် မြွက်ဆိုသည်ဖြစ်စေ၊ အမှုပြုသည်ဖြစ်စေ သို့မဟုတ် အံ့သြဖွယ်ရာများ ပြသည်ဖြစ်စေ၊ သူသည် သူ၏စီမံခန့်ခွဲမှုအတွင်းရှိ ကြီးမားသောအမှုကို ပြုနေခြင်းပင်ဖြစ်၍ ထိုသို့သောအမှုကို လူသားများက သူ၏ကိုယ်စား ဝင်ရောက်လုပ်ဆောင်၍ မရနိုင်ပါ။ လူသားများ၏အလုပ်မှာ ဘုရားသခင် စီမံခန့်ခွဲသောအမှုထဲမှ ပေးထားသောအဆင့်ထဲတွင် ဖန်ဆင်းခံသတ္တဝါအနေဖြင့် မိမိ၏တာဝန်ကိုသာ လုပ်ဆောင်ရန် ဖြစ်သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု မရှိဘဲ၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်သည် ဆုံးရှုံးခြင်းသို့ ရောက်ခဲ့မည်ဆိုပါက ဖန်ဆင်းခံသတ္တဝါ၏ တာဝန်သည်လည်း ဆုံးရှုံးခြင်းသို့ရောက်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုတော်ကို ထမ်းရွက်စဉ်ပြုသောအမှုမှာ လူသားတို့ကို စီမံခန့်ခွဲရန်ဖြစ်သည်၊ တစ်ဖက်တွင် လူသားတို့သည် ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ခြင်းမှာ ဖန်ဆင်းရှင်၏ တောင်းဆိုချက်များ ပြည့်မီစေရန်အတွက် ၎င်းတို့၏ကိုယ်ပိုင် ဝတ္တရားများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်ဦးတစ်ယောက်၏ အမှုတော်ကို ထမ်းရွက်နေသည်ဟု ယူဆ၍မရနိုင်ပါ။ ဘုရားသခင်၏ရှိရင်းစွဲ အနှစ်သာရ၊ တစ်နည်းအားဖြင့်ဆိုသော် သူ၏ဝိညာဉ်တော်အတွက် ဘုရားသခင် ပြုသောအမှုဆိုသည်မှာ သူ၏စီမံခန့်ခွဲမှု ဖြစ်သော်လည်း ဖန်ဆင်းခံသတ္တဝါ၏ အသွင်သဏ္ဌာန်ကိုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်အတွက်မူ သူ၏အမှုမှာ မိမိ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်သည်။ သူပြုသော အမှုမှန်သမျှသည် သူ၏အမှုတော်ကို ထမ်းရွက်ရန်ပင်ဖြစ်ပြီး လူသားများအနေဖြင့် လုပ်ဆောင်နိုင်သောအရာ တစ်ခုတည်းမှာ သူ၏စီမံခန့်ခွဲမှုအတိုင်းအတာအတွင်း၊ သူ၏ဦးဆောင်မှုအောက်တွင် ၎င်းတို့၏ အကောင်းဆုံးသော အရာများကို ဆက်ကပ်ပေးအပ်ခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

၇။ ယေရှုသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်အလုပ်လုပ်ခဲ့သည်။ သူသည် ခေတ်သစ်၏အလုပ်ကို လုပ်ခဲ့သည်၊ ယင်းအလုပ်များကို ယခင်က မည်သူမျှ မလုပ်ခဲ့ဖူးသေးပေ။ သူသည် အသစ်သောလမ်းကို ဖွင့်ခဲ့သည်။ သူသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး သူသည် ဘုရားသခင် ကိုယ်တိုင်ကို ကိုယ်စားပြုခဲ့သည်။ ပေတရု၊ ပေါလုနှင့် ဒါဝိဒ်တို့သည် သူတို့ကို မည်သို့ပင်ခေါ်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခု၏ သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်၊ ထို့ပြင် သူတို့ကို ယေရှု သို့မဟုတ် ယေဟောဝါက စေလွှတ်သည်။ ထို့ကြောင့် သူတို့သည် မည်မျှအလုပ်လုပ်သည် ဖြစ်စေ၊ သူတို့သည် မည်မျှသော တန်ခိုးများကို ပြသခဲ့သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ဖန်ဆင်းသော သတ္တဝါများသာဖြစ်ပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ကြပေ။ သူတို့သည် ဘုရားသခင်၏ နာမတော်၌ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်း၌ အလုပ်လုပ်ကြသည်။ ထို့အပြင် သူတို့သည် ယေရှု သို့မဟုတ် ယေဟောဝါစတင်ခဲ့သောခေတ်တွင် အလုပ်လုပ်ပြီး သူတို့လုပ်သော အလုပ်သည် သီးခြားမဟုတ်ပေ။ အဆုံးတွင် သူတို့သည် ဘုရားသခင်က ဖန်ဆင်းသော သတ္တဝါများသာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍” မှ

၈။ ယောဟန် သည် အမှု၏ အစပိုင်းကိုသာ လုပ်ဆောင်ခဲ့ပြီး၊ အသစ်သော အမှု၏ ပိုများသည့် အပိုင်းကို ယေရှုက လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် အမှုသစ်ကို လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့သူ မဟုတ်ခဲ့ပါ။...“နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ယောဟန် ပြောခဲ့ပြီး၊ ကောင်းကင်နိုင်ငံတော် သတင်းကောင်းကို ဟောကြားခဲ့သော်လည်း၊ သူ၏ လုပ်ဆောင်မှုသည် နက်နဲမှုမရှိဘဲ၊ စတင်မှု၏ ပါဝင်ခြင်းတစ်ခုမျှသာ ဖြစ်သည်။ မတူညီချက်မှာ၊ ယေရှုက ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့ပြီး၊ အဟောင်းကို အဆုံးသတ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်း၏ ဥပဒေသကိုလည်း ဖြည့်ဆည်း ပေးခဲ့သည်။ သူပြုခဲ့သည့် အမှုသည် ယောဟန်ထက် ပိုမိုကြီးမြတ်၍ သူသည် လူသားများအားလုံးကို ရွေးနှုတ်ရန် ကြွလာခြင်းဖြစ်သည်— ငါသည်အစနှင့် အဆုံးဖြစ်သည်သူသည် ထိုလုပ်ငန်းအဆင့်ကို လုပ်ဆောင်ခဲ့သည်။ ယောဟန်သည် ရိုးရှင်းစွာပင် လမ်းကြောင်းကို ပြင်ဆင်ပေးခဲ့သည်။ သူ၏ လုပ်ဆောင်မှုသည် ကြီးမြတ်သည်၊ သူသည် စကားလုံးများစွာ ပြောဆိုခဲ့ပြီး၊ သူ့နောက်သို့လိုက်သည့် တပည့်များစွာ ရှိပါသော်လည်း၊ သူ၏လုပ်ဆောင်မှုမှာ လူသားကို အသစ်သောစတင်ခြင်းသို့ ယူဆောင်လာခြင်းထက် ပိုမများပါ။ လူသားသည် သူ့ထံမှ အသက်၊ လမ်းခရီး သို့မဟုတ် ပိုနက်နဲသည့် သမ္မာတရားများကို ဘယ်သောအခါမျှ မရခဲ့သကဲ့သို့၊ သူ့အားဖြင့် ဘုရားသခင်၏ အလိုကို နားလည်နိုင်စွမ်းလည်း တစ်ခါမျှ မရရှိခဲ့ပါ။ ယောဟန်သည် ကြီးမြတ်သည့် ပရောဖက် (ဧလိယ) ဖြစ်သည်။ ယေရှု၏ အလုပ်အတွက် နေရာအသစ်ကို ရှေ့ပြေး ဆောင်ရွက်ပေးခဲ့သည်၊ ရွေးကောက်ခြင်း ခံရသည့်သူကို ပြင်ဆင်ပေးခဲ့သည်။ သူသည် ကျေးဇူးတော်ခေတ်၏ ရှေ့ပြေးတစ်ဦး ဖြစ်ခဲ့သည်။ ဤသို့သော အကြောင်းအရာများကို သူတို့၏ ပုံမှန် လူသားမျက်နှာ ဟန်ပန်များကို လေ့လာရုံဖြင့် မသိမမြင်နိုင်ပါ။ အထူးသဖြင့်၊ ယောဟန်သည် အတော်အတန် ကြီးမြတ်သည့် အလုပ်ကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင်သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်အားဖြင့် မွေးဖွားခဲ့ပြီး သူ၏လုပ်ဆောင်မှုများကို သန့်ရှင်းသော ဝိညာဉ်တော်က ထောက်ပံ့ပေးခဲ့သည်။ ထိုသို့သော အရာများကြောင့်၊ သူတို့နှစ်ဦးကြား သက်ဆိုင်ရာ သွင်ပြင်လက္ခဏာများသည် သူတို့၏လုပ်ဆောင်မှုအားဖြင့်သာ ခွဲခြားနိုင်သည်၊ လူသားတစ်ဦး၏ ပြင်ပသွင်ပြင်လက္ခဏာသည် သူ၏အနှစ်သာရကို မပြောနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ စစ်မှန်သည့် သက်သေခံချက်ကို လူသားအနေဖြင့် သေချာမလေ့လာ မစီစစ်နိုင်ပေ။ ယောဟန် လုပ်ဆောင် ခဲ့သည့် အလုပ်နှင့် ယေရှုပြုခဲ့သည့် အမှုတို့သည် တူညီမှုမရှိဘဲ သဘာဝခြင်းလည်း ခြားနားပါသည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် သူသည် ဘုရားသခင် ဟုတ်လား၊ မဟုတ်လား ဆိုသည်ကို ဆုံးဖြတ်သင့် သည်။ ယေရှု၏ လုပ်ဆောင်မှုသည် စတင်ရန်၊ ဆက်သွားရန်၊ အဆုံးသတ်ရန်နှင့် ပြီးမြောက်အောင်မြင်ရန် ဖြစ်သည်။ ဤအဆင့် တစ်ဆင့်ချင်းစီကို ယေရှုက လုပ်ဆောင်ခဲ့သည်၊ တစ်နည်းဆိုရလျှင် ယောဟန်သည် အစပိုင်းထက်ပိုပြီး မလုပ်ဆောင်ခဲ့ပါ။ အစပိုင်းတွင် ယေရှုသည် ဧဝံဂေလိတရားကို ပြန့်ပွားစေပြီး နောင်တ တရား ရစေသည့် လမ်းခရီးကို ဟောပြောခဲ့သည်။ ထို့နောက် လူတွေကို ရေနှစ်ခြင်းပေးသည်၊ ဖျားနာမှုတွေကို ကုသပျောက်ကင်းစေပြီး နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ အဆုံးတွင်၊ လူသားများကို အပြစ်မှ ရွေးနှုတ်ခဲ့ပြီး ခေတ်တစ်ခုလုံးအတွက် သူ၏အမှုကို အပြီးသတ်ခဲ့သည်။ သူသည် လူသားကို တရားဒေသနာ ဟောကြားခဲ့ပြီး ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိ တရားတော်ကို နေရာအနှံ့အပြား၌ ပြန့်ပွားစေခဲ့သည်။ ဤအရာသည် ယောဟန်နှင့် အတူတူပင်ဖြစ်သည်၊ မတူညီသည့်အရာမှာ ယေရှုက ခေတ်သစ်ကို ဖွင့်ပေးခဲ့ပြီး၊ ကျေးဇူးတော် ခေတ်ကို လူသားများဆီသို့ ယူဆောင်လာပေးခဲ့သည်။ လူသားသည် အဘယ်အရာကို ကျင့်ကြံသင့်သည်နှင့် ကျေးဇူးတော်ခေတ်တွင် လူသားက လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ၏ နှုတ်မှ စကားလုံးကို ဖွင့်ဟခဲ့ပြီး၊ အဆုံးတွင် ရွေးနှုတ်ခြင်းအမှုကို သူအပြီးသတ်ခဲ့သည်။ ယောဟန်သည် ထိုကဲ့သို့သော အလုပ်ကို ဘယ်သောအခါမျှ မလုပ်ဆောင်နိုင်ခဲ့ပါ။ ထို့ကြောင့်၊ ယေရှုသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်ကာ ဘုရားသခင်ကို တိုက်ရိုက် ကိုယ်စားပြုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

၉။ လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထုတစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

၁၀။ လူတို့ပြောသောအရာသည် လူတို့ တွေ့ကြုံသောအရာဖြစ်သည်။ ယင်းသည် သူတို့တွေ့မြင်ခဲ့ရသောအရာ၊ သူတို့၏စိတ်များ လက်လှမ်းမီနိုင်သောအရာနှင့် သူတို့အာရုံများထဲတွင် ခံစားနိုင်သောအရာဖြစ်သည်။ ယင်းသည် သူတို့မိတ်သဟာရပြုနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ ခံယူထားသော လူ့ဇာတိဖြင့်ပြောသော စကားလုံးများသည် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြမှုဖြစ်ပြီး ဝိညာဉ်တော်က ပြုခဲ့သောအလုပ်ကို ဖော်ပြသည်။ ဇာတိခန္ဓာသည် ယင်းကိုမတွေ့ကြုံခဲ့ရ သို့မဟုတ် မတွေ့မြင်ခဲ့ရပေ။ သို့ရာတွင် သူ၏ဖြစ်ခြင်းကို ဖော်ပြနိုင်သေးသည်။ အကြောင်းမှာ ဇာတိခန္ဓာ၏ အနှစ်သာရသည် ဝိညာဉ်ဖြစ်ပြီး သူသည် ဝိညာဉ်တော်အလုပ်ကို ဖော်ပြနိုင်သည်။ ဇာတိခန္ဓာသည် ယင်းကို မရောက်ရှိနိုင်သော်လည်း ယင်းသည် ဝိညာဉ်တော်မှ ပြုလုပ်နှင့်ပြီးသောအလုပ်ဖြစ်သည်။ လူ့ဇာတိ ခံယူပြီးနောက်တွင် ဇာတိခန္ဓာ၏ ဖော်ပြချက်မှတစ်ဆင့် သူသည် လူတို့ကို ဘုရားသခင်၏ဖြစ်ခြင်းကို သိခွင့်ပေးပြီး ဘုရားသခင်၏စိတ်သဘောထားနှင့် သူပြုခဲ့သောအလုပ်တို့ကို မြင်တွေ့ခွင့်ပေးသည်။ လူသားအလုပ်သည် လူသားတို့ကို သူတို့ဝင်ရောက်သင့်သော၊ သူတို့နားလည်သင့်သော အရာတို့နှင့် ပတ်သက်၍ ပိုရှင်းလင်းစေခွင့်ပေးသည်။ ထိုအထဲတွင် လူတို့ကို သမ္မာတရားအား နားလည်မှုနှင့် တွေ့ကြုံခြင်းထံသို့ ဦးဆောင်သွားသည်။ လူသား၏အလုပ်သည် လူတို့ကို အဓွန့်ရှည်စေရန်ဖြစ်သည်။ ဘုရားသခင်၏အလုပ်သည် လမ်းသစ်များကို ဖွင့်ပေးရန်၊ လူသားမျိုးနွယ်အတွက် ကာလသစ်များကို ဖွင့်လှစ်ပေးရန်နှင့် သေမျိုးသေနွယ်များက မသိထားသည့်အရာတို့ကို လူတို့ထံသို့ပြသရန်ဖြစ်သည်။ သူတို့ကို ဘုရားသခင်၏ စိတ်သဘောထားကို သိခွင့်ပေးလေသည်။ ဘုရားသခင်၏ အလုပ်သည် လူသားမျိုးနွယ် အားလုံးကို ဦးဆောင်ရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၁၁။ ဓမ္မဟောင်းကျမ်းထဲမှ ပရောဖက်များသည် ပရောဖက်ပြုချက်များကို ဟောပြောခဲ့သည့်နည်းတူ ယေရှုသည်လည်း ပရောဖက်ပြုချက်များကို ဟောပြောနိုင်ခဲ့သည်။ ဤအရာမှာ အဘယ်ကြောင့် ဖြစ်သနည်း။ ဤနေရာတွင် ကွဲပြားခြားနားချက်သည် အမှု၏သဘောသဘာဝအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သိမြင်နိုင်ရန်အတွက် သင်သည် ဇာတိခန္ဓာ၏သဘောသဘာဝကို ထည့်သွင်းစဉ်းစား၍ မရသည့်အပြင် သင်သည် သူတို့စကားများ၏ နက်ရှိုင်းမှု သို့မဟုတ် ပေါ့ပြက်မှုကို ထည့်သွင်းစဉ်းစား၍ မရနိုင်ပေ။ သူတို့၏ ပြုသောအမှုနှင့် လူသားတိုထဲတွင် သူတို့အမှုက ဖန်တီးသည့် အကျိုးသက်ရောက်မှုများကို ဦးစွာပထမ အမြဲတမ်း သင်ထည့်သွင်းစဉ်းစားရမည်။ ထိုအချိန်က ပရောဖက် ဟောပြောသော ပရောဖက်ပြုချက်များသည် လူ၏အသက်တာကို ထောက်ပံ့ပေးခြင်း မရှိပါ၊ ထို့အပြင် ဟေရှာယ နှင့် ဒံယေလ အစရှိသူများ ရရှိခဲ့သော သတင်းစကားများမှာ ပရောဖက်ပြုချက်များ သက်သက်သာဖြစ်ပြီး အသက်လမ်း မဟုတ်ပါ။ ယေဟောဝါ၏ တိုက်ရိုက် ဗျာဒိတ်တော်ဖွင့်ပြခြင်းကို မခံရပါက မည်သူမျှ ထိုအမှုကို ပြုနိုင်ခဲ့မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို သေမျိုးဖြစ်သော လူသားများ တတ်စွမ်းနိုင်ခြေမရှိ။ ယေရှုသည်လည်း စကားများစွာကို ပြောခဲ့သော်လည်း ယင်းစကားများမှာ အသက်လမ်းဖြစ်ပြီး ထိုအသက်လမ်းမှတစ်ဆင့် လူသားများ လက်တွေ့လိုက်လျှောက်ရန် ရှာတွေ့နိုင်သော လမ်းလည်းဖြစ်သည်။ အခြားတစ်နည်းအားဖြင့်ဆိုပါက၊ ပထမချက်အနေဖြင့် သူသည် လူသားများအား အသက်ကိုပေးနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် ယေရှုသည် အသက်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် သူသည် လူသားများ၏ လမ်းလွှဲဖေါက်ပြန်မှုများကို ပြန်လည် တည့်မတ်ပေးနိုင်သည်။ တတိယအချက်အနေဖြင့် ခေတ်ကို ရှေ့ဆက်စေရန်အတွက် သူပြုသောအမှုသည် ယေဟောဝါပြုသောအမှုထက် ကျော်လွန်နိုင်ခဲ့သည်။ စတုတ္ထအချက်အနေဖြင့် သူသည် လူသားတို့၏အတွင်းထဲမှ လိုအပ်ချက်များကို နားလည်သဘောပေါက်ပြီး လူသားတို့တွင် ကင်းမဲ့သည့်အရာများကို သိသည်။ ပဉ္စမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်ကို ဖွင့်လှစ်ပေးနိုင်ပြီး ခေတ်ကာလအဟောင်းကို နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုအတွက်ကြောင့် သူ့ကို ဘုရားသခင်ဟုလည်းကောင်း ခရစ်တော်ဟုလည်းကောင်း ခေါ်ခြင်းဖြစ်သည်။ သူသည် ဟေရှာယနှင့်သာမက အခြားသောပရောဖက်များအားလုံးနှင့် ကွာခြားသည်။ ပရောက်ဖက်များပြုသောအမှုအတွက် ဟေရှာယကို နှိုင်းယှဉ်ပြချက်တစ်ခုအဖြစ် ကြည့်ပါ။ ပထမအချက်အနေဖြင့် သူသည် လူသားတို့အား အသက်ကို မပေးနိုင်။ ဒုတိယအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ ဦးဆောင်မှုအောက်တွင် အမှုပြုခဲ့ခြင်းဖြစ်ပြီး ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ရန် အမှုပြုခဲ့ခြင်းမဟုတ်။ တတိယအချက်အနေဖြင့် သူကိုယ်တိုင် ပြောခဲ့သောအရာများသည် သူ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။ ဘုရားသခင်၏ဝိညာဉ်တော်ထံမှ ဗျာဒိတ်ဖွင့်ပြချက်များကို သူသည် တိုက်ရိုက် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး ထိုဖွင့်ပြချက်များကို အခြားသူများ နားထောင်လျှင်လည်း နားလည်နိုင်မည် မဟုတ်။ ထိုအနည်းငယ်မျှသော အရာများကိုသာ ကြည့်ခြင်းအားဖြင့် သူပြောသောစကားများမှာ ပရောဖက်ပြုချက်များထက် မပိုကြောင်း၊ ယေဟောဝါ၏ ကိုယ်စားပြုသော အမှု၏ရှုထောင့်တစ်ခုထက် မပိုကြောင်း သက်သေပြရန် လုံလောက်ပါသည်။ သို့သော်လည်း သူသည် ယေဟောဝါကို လုံးလုံးလျားလျား ကိုယ်စားပြုနိုင်ခြင်း မရှိ။ သူသည် ယေဟောဝါ၏ အစေခံဖြစ်ပြီး ယေဟောဝါ၏ အမှုထဲမှ တန်ဆာပလာတစ်ခု ဖြစ်သည်။ သူသည် ပညတ်တော်ခေတ်အတွင်းနှင့် ယေဟောဝါပြုသောအမှု၏ အတိုင်းအတာအတွင်း၌သာ အမှုပြုခဲ့ခြင်းဖြစ်ပြီး သူသည် ပညတ်တော်ခေတ်ထက်ကျော်လွန်၍ အမှုပြုခဲ့ခြင်းမရှိ။ ပြောင်းပြန်အနေဖြင့်ဆိုပါက ယေရှုပြုသောအမှုမှာ ကွာခြားသည်။ သူသည် ယေဟောဝါပြုသော အမှု၏ အတိုင်းအတာထက် ကျော်လွန်ခဲ့သည်၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အမှုပြုခဲ့ပြီး လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်ကယ်တင်ရန်အတွက် ကားစင်တင်သတ်ခြင်းကို ခံခဲ့သည်။ တစ်နည်းအားဖြင့်ဆိုပါက သူသည် ယေဟောဝါပြုခဲ့သော အမှုမှအပ အမှုအသစ်ကို ပြုခဲ့သည်။ ဤအရာမှာ ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ အခြားအခြေအနေတစ်ရပ်မှာ သူသည် လူသားများ မစွမ်းဆောင်နိုင်ခဲ့သည့်အရာကို ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ သူပြုခဲ့သောအမှုမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းရှိသော အမှုဖြစ်ပြီး ထိုအမှုမှာ လူသားမျိုးနွယ်တစ်စုလုံးနှင့် သက်ဆိုင်သည်။ သူသည် လူအနည်းငယ်အထဲ၌သာ အမှုပြုခဲ့ခြင်း မဟုတ်သကဲ့သို့ သူ၏အမှုမှာ အရေအတွက် အကန့်အသတ်ရှိသော လူများကို ဦးဆောင်ရန်မဟုတ်ပါ။...သူသည် ဘုရားသခင်က ဖြစ်ကြောင်းကို သူပြုထားသော အမှုများအားဖြင့်သာ အတည်ပြုစစ်ဆေးနိုင်သည်။ သူ၏အမှုမှ ပထမအချက်အနေဖြင့် သူသည် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ကြောင်းကို မြင်နိုင်ပြီး၊ ဒုတိယအချက်အနေဖြင့် သူသည် လူတို့အား အသက်ကို ထောက်ပံ့ပေးနိုင်ပြီး လူတို့လိုက်လျှောက်ရန် လမ်းခရီးကို ပြနိုင်ကြောင်းကို မြင်နိုင်သည်။ ဤအရာက သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းကို အခိုင်အမာသက်သေထူရန် လုံလောက်သည်။ အနည်းဆုံးအနေဖြင့်ဆိုပါက သူပြုသောအမှုသည် ဘုရားသခင်၏ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပြီး ယင်းကဲ့သို့အမှုမှ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ့အထဲ၌ရှိကြောင်းကို မြင်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်ပြုခဲ့သည့်အမှုမှာ အဓိကအားဖြင့် ခေတ်ကာလအသစ်တစ်ခုကို ဖွင့်လှစ်ပေးရန်၊ အမှုအသစ်ကို ဦးဆောင်ရန်နှင့် လောကသစ်တစ်ခုကို ဖွင့်လှစ်ရန် ဖြစ်ခဲ့သည်နှင့်အားလျော်စွာ ယင်းအခြေအနေ အနည်းငယ်က သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းကို အခိုင်အမာသက်သေထူရန် လုံလောက်သည်။ ထို့ကြောင့် ဤအရာသည် သူ့အား ဟေရှာယ၊ ဒံယေလနှင့် ကြီးမြတ်သော အခြားပရောဖက်များနှင့် ကွဲပြားခြားနားစေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” မှ

၁၂။ သင်တို့သည် ဘုရားသခင်၏အလုပ်ကို လူသား၏အလုပ်နှင့် မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူသား၏အလုပ်မှ မည်သည့်အရာကို သင်မြင်နိုင်သနည်း။ လူသား၏အလုပ်တွင် လူသားအတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာရှိသည်။ လူသားဖော်ပြသည့်အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကိုသာ ဖော်ပြသည်၊ သို့ရာတွင် ဘုရားသခင်၏ ဖြစ်ခြင်းသည် လူသား၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူသား၏ ဖြစ်ခြင်းသည် လူသား၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူသား၏ အသက်တာတွင် လူသားတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်တာဒဿနိကများ) ကိုယ်စားပြုခြင်းဖြစ်ပြီး ကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် သူများသည် ကွဲပြားသော ဖြစ်ခြင်းများကို ဖော်ပြသည်။ သင့်ထံတွင် လူမှုရေးအတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် သင့်မိသားစုအတွင်းတွင် မည်သို့အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံသည်ကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ သို့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်ကိုမူ ဘုရားသခင်ထံတွင် လူမှုရေးအတွေ့အကြုံများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည်မမြင်နိုင်ပေ။ သူသည် လူသားအနှစ်သာရကို ကောင်းမွန်စွာ သတိပြုမိပြီး၊ လူအမျိုးအစားအားလုံးထံသို့ သက်ဆိုင်ရာ အလေ့အကျင့် အမျိုးအစားအားလုံးကို သူဖော်ပြနိုင်သည်။ သူသည် လူသား၏ ဖောက်ပြန်သော စိတ်သဘောထားနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကိုဖော်ပြရာတွင် ပို၍တော်လေသည်။ သူသည် လောကီနှင့်ဆိုင်သော လူများအကြားတွင် နေထိုင်ခြင်းမရှိပေ၊ သို့ရာတွင် သူသည် သေမျိုးများ၏သဘာဝနှင့် လောကီနှင့်ဆိုင်သော လူများ၏ ဖောက်ပြန်မှုအားလုံးကို သတိပြုမိသည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ သူသည် လောကနှင့် ဆက်ဆံမှုမရှိသော်လည်း ကမ္ဘာကြီးနှင့်ဆက်ဆံသည့် စည်းမျဉ်းများကို သူသိသည်၊ အကြောင်းမှာ သူသည် လူသား၏သဘာဝကို အပြည့်အဝ နားလည်သောကြောင့်ဖြစ်သည်။ သူသည် လူသားမျက်လုံးဖြင့် မမြင်နိုင်သော၊ လူသားနားဖြင့် မကြားနိုင်သော၊ ယနေ့နှင့် အတိတ်နှစ်ခုစလုံးမှ ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိသည်။ ထိုအထဲတွင် ဘဝဒဿနိက မဟုတ်သော အသိဉာဏ်နှင့် လူတို့နားလည်ရန် ခက်ခဲသော အံ့ဖွယ်ရာတို့ပါဝင်သည်။ ယင်းသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး၊ လူတို့ကိုသိအောင်ပြုပြီး လူတို့ထံမှလည်း ဖုံးကွယ်ထားလေသည်။ သူဖော်ပြသည့်အရာသည် သာမန်မဟုတ်သောသူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ပင်ဖြစ်သည်။ သူသည် ကမ္ဘာပတ်ခရီး မထွက်သော်လည်း အရာအားလုံးကိုသိသည်။ သူသည် အသိတရား၊ သို့မဟုတ် ထိုးထွင်းအသိဉာဏ်မရှိသော “လူမျောက်ဝံများ” ကိုဆက်သွယ်သော်လည်း အသိတရားထက်မြင့်သော စကားလုံးများနှင့် ကြီးမြတ်သော လူသားများအထက်မှ စကားလုံးများကို ဖော်ပြသည်။ သူသည် လူ့သဘာဝမရှိသော၊ လူသား၏ အစဉ်အလာများနှင့် အသက်တာများကို နားမလည်သော၊ အကင်းမပါးဘဲ ထုံအသော လူအုပ်စုတစ်စုအကြားတွင် နေထိုင်သည်။ သို့ရာတွင် သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝဖြင့် နေထိုင်အောင်စေခိုင်းနိုင်ပြီး တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ အခြေကျပြီး နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် သူ၏ဖြစ်ခြင်းဖြစ်ပြီး အသွေးအသားရှိသည့် မည်သည့်လူသားမဆို၏ ဖြစ်ခြင်းထက် မြင့်မားလေသည်။ သူ့အတွက်ဆိုလျှင် သူလုပ်ရန်လိုသော အလုပ်ကိုလုပ်ရန် ရှုပ်ထွေးသော၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန်နှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်မှု၏ အနှစ်သာရကို နှံ့စပ်စွာဖော်ပြရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေးအသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေ။ သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူသားကို လောကနှင့်ဆက်စပ်ရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများပေးအပ်ခြင်း မပြုပေ။ လူသားတို့ကို အသက်ဖြင့် ထောက်ပံ့စဉ်တွင် လူ့အသိုင်းအဝိုင်း၊ သို့မဟုတ် လူသား၏မိသားစုကို စုံစမ်းရန် သူမလိုအပ်ပေ။ လူသားကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ ဇာတိခန္ဓာနှင့်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူသား၏မနာခံမှုနှင့် လူသားမျိုးနွယ်၏ စက်ဆုပ်ရွံရှာကောင်းသော ဖောက်ပြန်မှုကို ကြာမြင့်စွာ သိရှိထားပြီးနောက်တွင် လူသား၏မဖြောင့်မတ်မှုကို ဖော်ထုတ်ရန်ဖြစ်သည်။ သူပြုသော အမှုအားလုံးသည် လူသားထံသို့ သူ၏စိတ်သဘောထားကို ပြသရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန်အတွက် ဖြစ်သည်။ သူသာလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်ပြီး၊ ယင်းသည် အသွေးအသားနှင့် လူသားက စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ သူ့အလုပ်နှင့် ပတ်သက်လာလျှင် လူသားအနေဖြင့် ဘုရားသခင်သည် မည်သည့်ပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို မပြောနိုင်ကြပေ။ ဖန်ဆင်းခံလူသားတစ်ဦး အနေဖြင့် လူသားသည် ဘုရားသခင်၏ အလုပ်ပေါ်တွင်အခြေခံကာ ဘုရားသခင်ကို အတန်းအစား ပိုင်းခြားနိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ဖြစ်ခြင်းသည် ဘုရားသခင်ကို ဖန်ဆင်းခံ လူသားတစ်ဦးကဲ့သို့ ပိုင်းခြားသတ်မှတ်နိုင်ခြင်း မပြုနိုင်မှုကိုလည်း ဖြစ်ပေါ်စေသည်။ လူသားသည် ဘုရားသခင်ကို လူသားမဟုတ်သည့်အရာတစ်ခုဟုသာ စဉ်းစားနိုင်ပြီး ဘုရားသခင်အား မည်သည့်အမျိုးအစားတွင် ထည့်သွင်းရမည်ကို မသိကြပေ။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို ဘုရားအမျိုးအစားထဲတွင် ထည့်သွင်းထားရန် တွန်းအားပေးခြင်း ခံရလေသည်။ ထိုသို့ပြုရန်လူသားအတွက် မတရားရာကျနေပေသည်။ အကြောင်းမှာ ဘုရားသခင်သည် လူသားများကြားတွင် လူသားတို့ မလုပ်ဆောင်နိုင်သည့် မြောက်မြားစွာသော အမှုတို့ကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၁၃။ ဤကမ္ဘာမြေကို ဘုရားသခင် ကြွလာသည့်အချိန်တွင် သူသည် ဘုရားသဘာဝအတွင်း၌သာ သူ၏အမှုကို လုပ်ဆောင်ပြီး ဤအရာမှာ ကောင်းကင်ဘုံမှ ဝိညာဉ်တော်က လူ့ဇာတိခံယူထားသော ဘုရားသခင်ကို တာဝန်ပေးစေခိုင်းထားသည့် အရာဖြစ်သည်။ သူကြွလာသည့်အခါ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များအားဖြင့် သူ၏မိန့်မြွက်ချက်များကို ဖွင့်ဟခြင်းငှာသာ တိုင်းနိုင်ငံအနှံ့ စကားပြောတော်မူသည်။ လူကိုထောက်ပံ့ခြင်းနှင့် သွန်သင်ခြင်းတို့ကို သူ၏ရည်မှန်းချက်ပန်းတိုင်များနှင့် အလုပ်လုပ်ဆောင်မှု နိယာမအဖြစ် အဓိကမှတ်ယူပြီး လူလူချင်းဆက်ဆံရေးများ သို့မဟုတ် လူတို့ဘဝများ၏ အသေးဖွဲလေးများကဲ့သို့သော အမှုအရာများ၌ စိတ်မဝင်စားပါ။ သူ၏ အဓိကအမှုတော်မှာ ဝိညာဉ်တော်ကိုယ်စား စကားပြောရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ လက်ဆုပ်လက်ကိုင် ပြနိုင်အောင် ပေါ်ထွန်းလာသောအခါ သူသည် လူ့အသက်တာအတွက် ထောက်ပံ့ပေးခြင်းနှင့် သမ္မာတရားကို ထုတ်ပြန်ခြင်းတို့ကိုသာ ပြုသည်။ သူသည် လူ့အလုပ်၌ ပါဝင်ပတ်သက်ခြင်းမရှိ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ အလုပ်၌ မပါဝင်ပေ။ လူသားများသည် ဘုရား၏အလုပ်ကို မလုပ်နိုင်ကြသလို ဘုရားသခင်သည်လည်း လူသားအလုပ်ထဲ၌ မပါဝင်ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

၁၄။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို အလိုအပ်ဆုံးဖြစ်သည်” မှ

၁၅။ လူသားတို့ လုပ်ဆောင်သောအမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ချိန်တွင်မူ လူတစ်ဦးတည်းကိုသာ စကားပြောခြင်း မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးနှင့် သူ၏နှုတ်ကပတ်တော်တို့ကို လက်ခံသောသူအားလုံးတို့ကို စကားပြောသည်။ သူဖော်ပြသောအဆုံးသည် လူသားအားလုံး၏ အဆုံးသတ်ဖြစ်ပြီး လူသားတစ်ဦးတည်း၏ အဆုံးသတ်သာမဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးဦးကို အထူးမျက်နှာသာပေးခြင်း၊ သို့မဟုတ် တစ်ဦးဦးကို မတရားညှဉ်းဆဲခြင်းမရှိဘဲ၊ သူသည် လူသားတစ်မျိုးနွယ်လုံးထံ စကားပြောကာ လူသားတစ်မျိုးနွယ်လုံးအတွက် အမှုဆောင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူထားသော ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းကို အလိုအပ်ဆုံးဖြစ်သည်” မှ

၁၆။ ဘုရားသခင်၏အလုပ်၌ စည်းမျဉ်းများ မရှိပေ၊ ထို့ပြင် ထိုအလုပ်ကို အချိန်၊ သို့မဟုတ် တည်နေရာနယ်နိမိတ်များဖြင့် ပိုင်းခြားထားခြင်းမရှိပေ။ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေးတွင် ဖော်ပြနိုင်သည်။ သူစိတ်ရှိသည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူသား၏အလုပ်၌ အခြေအနေများနှင့် နောက်ခံအကြောင်းအရာများရှိသည်၊ သို့မဟုတ်လျှင် သူသည် သူ၏အလုပ်ကို လုပ်နိုင်ခြင်းမရှိဘဲ ဘုရားသခင်နှင့်ပတ်သက်သော သူ၏အသိပညာကို ဖော်ပြနိုင်ခြင်း၊ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်သော သူ၏အတွေ့အကြုံကို ဖော်ပြနိုင်ခြင်း မရှိပေ။ သင့်အနေဖြင့် ထိုအလုပ်သည် ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်လော၊ သို့မဟုတ် လူသား၏အလုပ်လောဆိုသည်ကို ပြောရန် သူတို့ကြားမှ မတူညီသည့်အရာများကို နှိုင်းယှဉ်ရုံသာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၁၇။ လူသား၏အလုပ်သည် အတိုင်းအတာနှင့် အကန့်အသတ်များရှိသည်။ လူတစ်ဦးသည် တိကျသော အဆင့်တစ်ခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများဖြင့် ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်တွင်သာ သင့်လျော်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူသား၏ အတွေ့အကြုံသည် အတိုင်းအတာတစ်ခုရှိသောကြောင့် ဖြစ်သည်။ တစ်ယောက်သောသူသည် လူသား၏အလုပ်ကို ဘုရားသခင်၏အလုပ်နှင့် နှိုင်းယှဉ်ခြင်းမပြုနိုင်ပေ။ လူသား၏ကျင့်ကြံမှု နည်းလမ်းများနှင့် သမ္မာတရားနှင့်ပတ်သက်သော သူ၏အသိပညာသည် တိကျသော အတိုင်းအတာတစ်ခုအတွက်သာ အားလုံးသင့်လျော်လေသည်။ လူသားတို့ နင်းလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလိုတော်အပြည့်အဝဖြစ်သည်ဟု သင်မပြောနိုင်ပေ၊ အကြောင်းမှာ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဉာဏ်အလင်းပေးခြင်းကိုသာ ခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် အလုံးစုံ ပြည့်ဝခြင်း မခံရနိုင်သောကြောင့်ဖြစ်သည်။ လူသားတို့ တွေ့ကြုံနိုင်သည့် အရာများအားလုံးသည် သာမန်လူ့သဘာဝ၏ အတိုင်းအတာအတွင်းတွင်သာရှိပြီး သာမန်လူသား၏စိတ်အတွင်းမှ အတွေးများ၏ အပိုင်းအခြားထက် မကျော်လွန်နိုင်ပေ။ လက်တွေ့ကျသော ဖော်ပြချက်များနှင့် လူအားလုံးသည် ဤအပိုင်းအခြားအတွင်း တွေ့ကြုံကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၁၈။ လူသားတွေ့ကြုံသော သမ္မာတရား၏ အတိုင်းအတာသည် လူတစ်ဦးစီ၏ မတူညီသောအခြေအနေများပေါ်တွင် အခြေခံသောကြောင့် တူညီမှုမရှိကြပေ။ ဤနည်းအားဖြင့် မတူညီသောသူများက တူညီသောသမ္မာတရားကို ဖော်ပြသည့် အသိပညာသည် ကွဲပြားလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အတွေ့အကြုံသည် အမြဲတမ်း အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို အပြည့်အဝကိုယ်စားပြုနိုင်ခြင်းမရှိပေ၊ ထို့ပြင် လူသားဖော်ပြသော အရာသည် ဘုရားသခင်၏ အလိုတော်နှင့် အလွန်နီးစပ်စွာ ဆက်စပ်နေလျှင်ပင်ဖြစ်စေ၊ လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်သော စုံလင်စေခြင်းအလုပ်နှင့် အလွန်နီးစပ်နေလျှင်ပင်ဖြစ်စေ၊ လူသားအလုပ်ကို ဘုရားသခင်၏အလုပ်ကဲ့သို့ ရှုမြင်၍ မရနိုင်ပေ။ လူသားသည် ဘုရားသခင်က သူ့အပေါ် တာဝန်ပေးစေခိုင်းထားသောအလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏ငယ်သားသာ ဖြစ်နိုင်ပါသည်။ လူသားသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ အသိပညာနှင့် သူ၏ကိုယ်ပိုင်အတွေ့အကြုံများထံမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသားသည် အရည်အချင်းမပြည့်မီ၊ အခြေအနေများမရှိပေ။ လူသား၏အလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်သည်ဟု သူဆိုနိုင်ခွင့်မရှိပေ။ လူသားတွင် လူသား၏ အလုပ်လုပ်သည့် နည်းဥပဒေသများရှိပြီး၊ လူသားအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများကို ပိုင်ဆိုင်သည်။ လူသားအလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်မှ သူ၏အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူသား၏ဖြစ်ခြင်းကိုသာ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ဖြစ်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်ကို ကိုယ်စားပြုနိုင်ခြင်းမရှိပေ။ ထို့ကြောင့် လူသားလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော်လျှောက်သော လမ်းဖြစ်သည်ဟု မဆိုနိုင်ပေ၊ အကြောင်းမှာ လူသား၏အလုပ်သည် ဘုရားသခင်၏အလုပ်ကို ကိုယ်စားမပြုနိုင်သောကြောင့်ဖြစ်ပြီး၊ လူသား၏အလုပ်နှင့် လူသား၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုတော်အပြည့်အဝ မဟုတ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၁၉။ လူသား၏အလုပ်သည် စည်းမျဉ်းတစ်ခုအတွင်းသို့ ကျရောက်လေ့ရှိပြီး၊ သူ့အလုပ်၏နည်းလမ်းသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် လွယ်လင့်တကူ ဘောင်ခတ်ထားခြင်းခံရကာ၊ လူသားတို့ကို လွတ်မြောက်ခြင်းလမ်းသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် အကန့်အသတ်ရှိသော နယ်ပယ်တစ်ခုအတွင်းတွင် နေထိုင်ပြီး၊ သူတို့၏တွေ့ကြုံမှုနည်းလမ်းသည်လည်း ထိုနယ်ပယ်အတွင်းတွင် ကန့်သတ်ခြင်းခံထားရလေသည်။ လူသား၏အတွေ့အကြုံသည် အမြဲတမ်း အကန့်အသတ်ရှိသည်။ သူ့အလုပ်၏ နည်းလမ်းသည်လည်း အမျိုးအစား အနည်းငယ်အတွင်းတွင် ကန့်သတ်ထားခြင်းခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်နှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိပေ၊ ယင်းသို့ဖြစ်ရခြင်းမှာ နောက်ဆုံး၌ လူသား၏ အတွေ့အကြုံသည် အကန့်အသတ်ရှိခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်ကို မည်သို့ပင်လုပ်သည်ဖြစ်စေ၊ ထိုအထဲတွင် စည်းမျဉ်းများ မပါဝင်ပေ၊ ထိုအလုပ်ကို မည်သို့ပင်ပြုလုပ်ပြီးစီးသည်ဖြစ်စေ၊ ယင်းကို နည်းလမ်းတစ်ခုတည်းဖြင့် ကန့်သတ်ထားခြင်းမဟုတ်ပေ။ ဘုရားသခင်၏ အလုပ်အတွက် စည်းမျဉ်းစည်းကမ်းများ လုံးဝမရှိပေ၊ သူ၏အလုပ်အားလုံးကို လွတ်လပ်စွာ လုပ်ဆောင်လေသည်။ လူသားသည် ဘုရားသခင်နောက်လိုက်ပြီး အချိန်မည်မျှကုန်ဆုံးခဲ့စေကာမူ သူ့အလုပ်၏နည်းလမ်းများအတွက် ဥပဒေများကို အကျဉ်းချုံးဖော်ပြနိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ အလုပ်သည် စည်းကမ်းရှိသော်လည်း ယင်းကို အမြဲတမ်းနည်းလမ်းသစ်များဖြင့် ပြုလုပ်ပြီး၊ ယင်းသည် လူသားတို့ လက်လှမ်းမီနိုင်မှုမှကျော်လွန်သည့် အသစ်သော တိုးတက်မှုများ အစဉ်အမြဲရှိသည်။ အချိန်ကာလ တစ်ခုအတွင်းတွင် ဘုရားသခင်သည် ကွဲပြားသော အလုပ်အမျိုးအစားများနှင့် ကွဲပြားသော ဦးဆောင်မှုနည်းလမ်းများရှိနိုင်ကာ လူသားတို့ကို အသစ်သော ဝင်ရောက်မှုများနှင့် အသစ်သော ပြောင်းလဲမှုများရှိရန် ခွင့်ပြုလေသည်။ သင်သည် ဘုရားသခင်အလုပ်၏ ဥပဒေသများကို ရှာဖွေနိုင်ခြင်းမရှိပေ၊ အကြောင်းမှာ သူသည် အမြဲတမ်း အသစ်သော နည်းလမ်းများဖြင့် အလုပ်လုပ်ကိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများထဲသို့ မကျရောက်နိုင်မည် ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ်သည် လူတို့၏အယူအဆများကို ရှောင်ရှားပြီး သူတို့၏ အယူအဆများကို ဆန့်ကျင်သည်။ စစ်မှန်သော နှလုံးသားတစ်ခုနှင့် ဘုရားသခင်နောက်သို့လိုက်ပြီး ရှာမှီးသောသူများသာလျှင် သူတို့၏ စိတ်သဘောထားများ အသွင်သဏ္ဌာန်ပြောင်းလဲမှုရှိနိုင်ပြီး၊ မည်သည့်စည်းမျဉ်းအောက်တွင်မျှမရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရားအယူအဆများဖြင့် ချုပ်နှောင်ထားခြင်းမရှိဘဲ လွတ်လပ်စွာ နေနိုင်လေသည်။ လူသား၏အလုပ်က လူတို့ကို တောင်းဆိုသည့် အရာသည် သူ၏ကိုယ်ပိုင်အတွေ့အကြုံနှင့် သူကိုယ်တိုင်စွမ်းဆောင်နိုင်သော အရာပေါ်တွင် အခြေခံသည်။ ဤသတ်မှတ်ချက်များ၏ အဆင့်အတန်းသည် တိကျသော နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး ကျင့်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန်အကန့်အသတ်ရှိသည်။ ဤသို့ဖြင့် နောက်လိုက်သူများသည် ဤကန့်သတ်သော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်ကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့သည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၂၀။ လူတို့အလုပ်လုပ်သောအခါ ၎င်းတို့သည် သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို ရရှိနိုင်ရန် အခြားသူများက ချထားခဲ့သော အခြေခံအုတ်မြစ်ကို အခြေပြု၍ အစဉ်အမြဲ အတုခိုးလျက် စဉ်းစားချင့်ချိန်လျက်ဖြင့် ရှာဖွေပြီး စမ်းတဝါးဝါး လိုက်လုပ်ကြသည်။ ဘုရားသခင်၏အမှုသည် သူ့ဖြစ်ခြင်း၏ ထောက်ပံ့ပေးခြင်းပင်ဖြစ်သည်၊ ထို့အပြင် သူကိုယ်တိုင်ပြုထိုက်သည့် အမှုကို သူလုပ်ကိုင်သည်။ မည်သည့်လူသား၏အလုပ်မှ အသိပညာကိုမျှ အသုံးပြုပြီး အသင်းတော်အတွက် အထောက်အပံ့များကို သူမစီစဉ်ပေးပေ။ ထိုအစား သူသည် လူတို့၏အခြေအနေများကို အခြေပြု၍ လက်ရှိအမှုကို လုပ်ကိုင်သည်။ ထို့ကြောင့် ဤနည်းလမ်းဖြင့် အမှုပြုခြင်းသည် လူတို့လုပ်ကိုင်သည့် အလုပ်ထက် အဆပေါင်း ထောင်ချီ၍ ပိုလွတ်လပ်ပေသည်။ လူတို့အတွက်မူ ဘုရားသခင်သည် မိမိ၏တာဝန်ဝတ္တရားကို မလိုက်နာဘဲ မိမိစိတ်ကြိုက် အမှုပြုသည်ဟုပင် မြင်ရနိုင်သည်- သို့သော်လည်း သူလုပ်ကိုင်သည့် အမှုအားလုံးသည် အသစ်ဖြစ်၏။ သို့တိုင်အောင် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် မည်သည့်အခါမျှ ခံစားမှုများအပေါ် အခြေမပြုထားသည်ကို သင်သိရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၅)” မှ

၂၁။ လူသား၏အလုပ်သည် သူ၏အတွေ့အကြုံနှင့် သူ၏လူ့သဘာဝတို့ကို ကိုယ်စားပြုသည်။ လူသားပေးအပ်သည့်အရာနှင့် လူသားလုပ်ဆောင်သည့်အလုပ်သည် သူ့ကိုကိုယ်စားပြုသည်။ လူသား၏ တွေ့မြင်ခြင်း၊ လူသား၏စဉ်းစားနိုင်မှု၊ လူသား၏ဆင်ခြင်တွေးခေါ်မှုနှင့် သူ၏ကြွယ်ဝသော တွေးခေါ်မှု အားလုံးသည် သူ၏အလုပ်ထဲတွင် ပါဝင်သည်။ အထူးသဖြင့် လူသား၏အတွေ့အကြုံသည် သူ၏အလုပ်ကို ကိုယ်စားပြုရန် ပိုဖြစ်နိုင်ပြီး လူသားတစ်ဦး တွေ့ကြုံခဲ့သည့်အရာသည် သူ့အလုပ်၏ အစိတ်အပိုင်းများ ဖြစ်လိမ့်မည်။ လူသား၏အလုပ်သည် သူ၏အတွေ့အကြုံကို ဖော်ပြနိုင်သည်။...သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် တစ်ခါတစ်ရံတွင် လူသား၏အခြေအနေနှင့် အတူပြောင်းလဲသည်။ သူသည် လူသား၏အတွေ့အကြုံနှင့်အညီ အလုပ်လုပ်ဆောင်ပြီး လူသားကို တွန်းအားပေးခြင်းမရှိပေ။ သို့ရာတွင် လူသားတို့ကို လူ့အတွေ့အကြုံ၏ ပုံမှန်လမ်းကြောင်းနှင့်အညီ တောင်းဆိုမှုကို လုပ်ဆောင်သည်။ ဆိုလိုသည်မှာ လူသား၏မိတ်သဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်။ လူသားတို့ မိတ်သဟာရဖွဲ့သည့်အရာသည် သူတို့၏တစ်ဦးချင်း တွေ့မြင်ခြင်းနှင့် အတွေ့အကြုံတို့ကို လွှဲပြောင်းပေးပြီး ဘုရားသခင့်အလုပ်၏ အခြေခံအုတ်မြစ်ပေါ်တွင် သူတို့တွေ့မြင်ကာ ကြုံတွေ့ခဲ့ရသည့်အရာတို့ကို ဖော်ပြသည်။ သူတို့၏တာဝန်မှာ ဘုရားသခင်အလုပ်လုပ်ခြင်း သို့မဟုတ် ပြောကြားခြင်းပြီးနောက်တွင် သူတို့ ကျင့်ဆောင်သင့်သော သို့မဟုတ် ဝင်ရောက်သင့်သည့်အရာကို ရှာဖွေကာ နောက်လိုက်များထံသို့ ဝေမျှရန်ဖြစ်သည်။ ထို့ကြောင့် လူသား၏အလုပ်သည် သူ၏ဝင်ရောက်မှုနှင့် ကျင့်ဆောင်မှုကို ကိုယ်စားပြုသည်။ ထိုသို့သောအလုပ်သည် လူသား၏ သင်ခန်းစာများနှင့် အတွေ့အကြုံ သို့မဟုတ် လူသား၏ အချို့အတွေးများနှင့် ရောနှောနေသည်မှာ ဟုတ်ပါသည်။...လူတို့ဖော်ပြသည့်အရာသည် သူမြင်သော၊ တွေ့ကြုံရသောအရာနှင့် စိတ်ကူးနိုင်သောအရာများ ဖြစ်သည်။ ယင်းသည် အယူဝါဒများ သို့မဟုတ် အယူအဆများ ဖြစ်နေလျှင်ပင် အားလုံးသည် လူသား၏တွေးခေါ်မှုမှ လက်လှမ်းမီနိုင်ပေသည်။ လူသား၏ အလုပ်အရွယ်အစား မည်သို့ပင် ဖြစ်လင့်ကစား ထိုအလုပ်သည် လူသား၏အတွေ့အကြုံ၊ သူမြင်တွေ့သည့်အရာ သို့မဟုတ် လူသား စိတ်ကူးထားသည့် သို့မဟုတ် တွေးထင်ထားနိုင်သည်ထက် ပိုလွန်နိုင်ခြင်းမရှိပေ။ ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်က သူ၏ဖြစ်တည်မှုကို ဖော်ပြသည့် အပေါ်တွင်အခြေခံပြီး ရလာသည့် သူတွေ့မြင်သည့်အရာနှင့် အသိပညာတို့ဖြစ်သည်။ ထိုတွေ့မြင်ခြင်းနှင့် အသိပညာကို လူသား၏ ဖြစ်တည်မှုဟု ခေါ်သည်။ ယင်းတို့ကို လူသား၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ အရည်အချင်းမှန်တို့၏ အခြေခံပေါ်တွင် ဖော်ပြခြင်းခံရသည်။ သို့ဖြစ်၍ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်းခေါ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၂၂။ လူသား၏စိတ်ထဲရှိအလုပ်ကို လူသားက အလွန်လွယ်ကူစွာ စွမ်းဆောင်ရရှိနိုင်ပေသည်။ ဥပမာအားဖြင့် ဘာသာရေး လောကအတွင်းရှိ သင်းအုပ်များနှင့် ခေါင်းဆောင်များသည် သူတို့၏ အလုပ်ကိုလုပ်ရန် သူတို့၏ ပါရမီများနှင့် အဆင့်အတန်းများအပေါ် အမှီပြုသည်။ အချိန်ကြာမြင့်စွာ သူတို့နောက်သို့လိုက်သောသူများသည် သူတို့ပါရမီများ၏ ဓာတ်ကူးခြင်းကိုခံရကာ သူတို့ဖြစ်တည်မှုအချို့တို့၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်။ သူတို့သည် လူသား၏ ပါရမီများ၊ စွမ်းရည်များနှင့် အသိပညာတို့အပေါ်တွင် အာရုံထား၍ သဘာဝလွန်သည့်အရာ အချို့တို့နှင့် အလွန်နက်ရှိုင်းပြီး မစစ်မှန်သော အယူဝါဒများ (ဤနက်ရှိုင်းသော အယူဝါဒများကို မရယူနိုင်သည်မှာ သေချာပါသည်) အပေါ်တွင် သူတို့အာရုံစိုက်ကြသည်။ သူတို့သည် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်းများအပေါ်တွင် အာရုံမထားဘဲ လူတို့၏ တရားဟောကြားခြင်းနှင့် လုပ်ဆောင်မှု စွမ်းရည်များကို လေ့ကျင့်ပေးခြင်း၊ လူသား၏အသိပညာနှင့် ကြွယ်ဝသော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့ကိုသာ အာရုံထားလေသည်။ သူတို့သည် လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်၊ သို့မဟုတ် လူသားသည် သမ္မာတရားကို မည်မျှနားလည်သည်တို့အပေါ်တွင် အာရုံမထားပေ။ သူတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို သိအောင် ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရနှင့် ပတ်သက်၍ စိတ်ပင်မဝင်စားပေ။ သူတို့သည် လူသား၏ အားနည်းချက်များ၊ သို့မဟုတ် ဖောက်ပြန်မှုများကို ပြုပြင်ရန်မဆိုထားနှင့်၊ လူသား၏ အယူအဆများကို တွေ့ကြုံခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများကို ဖော်ပြခြင်းပင်မရှိပေ။ သူတို့နောက်သို့လိုက်သော သူအများစုသည် သူတို့၏ ပင်ကိုပါရမီများဖြင့် အစေခံပြီး၊ သူတို့ဖော်ပြသောအရာသည် အသိပညာနှင့် ဝေဝါးသော ဘာသာရေး အမှန်တရားဖြစ်သည်။ ယင်းသည် လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အား အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိပေ။ အမှန်တွင်မူ သူတို့အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသော သူတစ်ဦးကို နောက်ပိုင်းတွင် အလုပ်လုပ်၍ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာသင်ကျောင်း ဘွဲ့ရတစ်ဦးဖြစ်ရန် ပျိုးထောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်း ခြောက်ထောင်ကျော် အလုပ်နှင့်အတူ နည်းဥပဒေသတစ်စုံတစ်ရာကို သင်ရှာဖွေတွေ့ရှိနိုင်ပါသလော။ လူလုပ်သောအလုပ်တွင် စည်းမျဉ်းများနှင့် အတားအဆီးများစွာရှိပြီး လူသားဦးနှောက်သည် အလွန်တယူသန်ဆန်သည်။ ထို့ကြောင့် လူသားဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ အားလုံးအတွင်းမှ အသိပညာအချို့နှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသားသည် ယင်းအရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ ဖော်ပြနိုင်ခြင်းမရှိပေ။ လူသား၏ အတွေ့အကြုံ သို့မဟုတ် အသိတရားသည် သူ၏မွေးရာပါ ပါရမီများ သို့မဟုတ် သူ၏ပင်ကိုစိတ်မှ ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့ပေါ်လာခြင်းမှာ ဘုရားသခင်၏ လမ်းညွှန်မှုနှင့် ဘုရားသခင်၏ တိုက်ရိုက်လမ်းပြမှုတို့ကြောင့် ဖြစ်သည်။ လူသားသည် ဤလမ်းညွှန်မှုကို လက်ခံရသည့် အင်္ဂါသာရှိပြီး ဘုရားသဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အင်္ဂါမရှိပေ။ လူသားသည် အရင်းအမြစ်မဖြစ်နိုင်ဘဲ အရင်းအမြစ်မှ ရေကိုလက်ခံသော အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ယင်းသည် လူသား၏ပင်ကိုအသိစိတ်ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အင်္ဂါလည်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် အင်္ဂါကိုဆုံးရှုံး၍ လူသား၏ ပင်ကိုအသိစိတ်ကို ဆုံးရှုံးပါက ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံရသော လူသား၏ တာဝန်ကို ဆုံးရှုံးသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အလုပ်နှင့် ပတ်သက်သော အတွေ့အကြုံ သို့မဟုတ် အသိပညာမရှိပါက ထိုလူသည် သူ၏တာဝန်ကို ဆုံးရှုံးကာ ဖန်ဆင်းခံ လူသားတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော သူ၏တာဝန်ကို ဆုံးရှုံး၍ ဖန်ဆင်းခံ လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၂၃။ စင်စစ်အားဖြင့် ဘုရားသခင်၏ အလုပ်သည် လူ့အလုပ်နှင့် မတူညီပေ။ သို့ဖြစ်၍ ဘုရားသခင်၏ ဖော်ပြချက်များသည် လူ့ဖော်ပြချက်များနှင့် မည်သို့တူနိုင်ပါမည်နည်း။ ဘုရားသခင်၌ သီးသန့်စိတ်သဘောထားရှိပြီး လူ၌မူ ကျေပွန်အောင် လုပ်ဆောင်သင့်သည့် တာဝန်များရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်တော်၏အလုပ်တွင် ဖော်ပြပြီး လူ၏တာဝန်ကိုမူ လူ၏အတွေ့အကြုံများနှင့် သူ၏ ကြိုးစားရှာဖွေမှုတို့၌ သရုပ်ထင်စေသည်။ ထို့ကြောင့် သူတို့၏အလုပ်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ ဖော်ပြချက် သို့မဟုတ် လူ၏ဖော်ပြချက်ဖြစ်သည်၊ မဖြစ်သည်ကို သိနိုင်သည်။ ဘုရားသခင် ကိုယ်တိုင် ရှင်းပြဖို့ မလိုပေ၊ သို့မဟုတ် လူက သက်သေခံရန် ကြိုးစားဖို့လည်း မလိုသည့်အပြင် တစ်စုံတစ်ယောက်ကိုမျှ ဘုရားသခင်ကိုယ်တိုင် ချုပ်ထိန်းဖို့ မလိုပေ။ ဤအရာများအားလုံးသည် သဘာဝကျသော ဗျာဒိတ်တော်တစ်ခုဖြစ်သည်။ အတင်းအကျပ်လုပ်သော အရာမဟုတ်၊ သို့မဟုတ် လူက ဝင်ရောက်စွက်ဖက်နိုင်သည့် အရာလည်းမဟုတ်ပေ။ လူ၏တာဝန်ကို သူ၏ အတွေ့အကြုံအားဖြင့် သိနိုင်ပြီး အတွေ့အကြုံအပေါ် အခြေခံသော အပိုအလုပ်တစ်ခုကိုမျှ သူလုပ်ဖို့ မလိုပေ။ လူ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် လူ၏အနှစ်သာရအားလုံးကို ထုတ်ဖော်နိုင်သည်။ ဘုရားသခင်သည်လည်း သူ၏ ပင်ကိုစိတ်သဘောထားကို သူ၏အလုပ်ကို လုပ်နေစဉ်တွင် ဖော်ပြနိုင်သည်။ လူ၏အလုပ်ဖြစ်လျှင်မူ ဖုံးကွယ်ထား၍ မရပေ။ ဘုရားသခင် အလုပ်ဖြစ်လျှင်မူ မည်သူကမျှ ဖုံးကွယ်ထားဖို့ သာ၍ပင် မဖြစ်နိုင်သည့်အပြင် လူကထိန်းချုပ်၍လည်း မရပေ။ လူတစ်ဦးကို ဘုရားသခင်ဟု ခေါ်၍မရပေ။ ထို့အပြင် လူ၏အလုပ်နှင့် စကားများကိုလည်း သန့်ရှင်းသည်ဟု မရှုမြင်နိုင်ပေ၊ သို့မဟုတ် မပြောင်းလဲနိုင်ဟုလည်း မသတ်မှတ်နိုင်ပေ။ ဘုရားသခင်ကိုမူ လူဟု ခေါ်နိုင်သည်မှာ ဘုရားသခင်သည် သူ့ကိုယ်သူ လူဇာတိဖြင့် လွှမ်းခြုံထားသောကြောင့် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အလုပ်ကိုမူ လူ၏အလုပ် သို့မဟုတ် လူ၏ တာဝန်ဖြစ်သည်ဟု သတ်မှတ်၍ မရပေ။ ထို့အပြင် ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ပေါလု၏ စာများသည် အတူတူပင် ဖြစ်သည်ဟု သတ်မှတ်၍ မရပေ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကိုလည်း လူသွန်သင်သော စကားများနှင့် တူသည်ဟုလည်း မဆိုနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်နှင့် လူ၏အလုပ်ကို ခွဲခြားဖော်ပြသည့် အခြေခံသဘောတရားများ ရှိခြင်းဖြစ်သည်။ ၎င်းတို့ကို အလုပ်နှစ်ခုလုံး၏ အနှစ်သာရနှင့်အညီ ခွဲခြားခြင်းဖြစ်သည်၊ အလုပ်အတိုင်းအတာ သို့မဟုတ် အလုပ်၏ ရေတိုအကျိုးဖြစ်မြောက်မှုအပေါ် အခြေခံပြီး ခွဲခြားခြင်း မဟုတ်ပေ။ လူအများစုက ဤအကြောင်းအရာနှင့် ပတ်သက်လျှင် အခြေခံသဘောတရားနှင့်ဆိုင်သော အမှားများကို လုပ်တတ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဩဝါဒစာစောင် တစ်ဆယ့်သုံးစောင်နှင့်ပတ်သက်၍ သင်မည်သည့်နေရာတွင် ရပ်တည်သနည်း” မှ

၂၄။ အဘယ့်ကြောင့်ဆိုသော် လူသားတို့သည် အမှန်တကယ်တွင်မူ လူသားတို့ပင်ဖြစ်ပြီး လူတစ်ယောက်၏ ရှုထောင့်နှင့် အမြင့်မှသာ အရာရာတိုင်းကို သူတို့ ကြည့်ရှုနိုင်သည်။ သို့သော်လည်း လူ့ဇာတိခံယူထားသော ဘုရားသခင်က ဖောက်ပြန်ပျက်စီးသောလူနှင့် လုံးဝ ကွာခြား၏။ ဘုရားသခင်၏ လူ့ဇာတိက မည်မျှပင် သာမန်ဖြစ်ပါစေ၊ ပုံမှန်ဖြစ်ပါစေ၊ မည်မျှပင် နိမ့်ကျပါစေ သို့မဟုတ် လူတို့က သူ့ကို မည်မျှလောက်ထိ အထင်သေးပါစေ၊ လူသားမျိုးနွယ်အပေါ် သူ၏ အတွေးတို့နှင့် သဘောထားတို့က မည်သည့်လူသားမျှ မပိုင်ဆိုင်နိုင်သော မည်သည့်လူသားမျှ မတုပနိုင်သော အရာများဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ၊ ဖန်ဆင်းရှင်အနေနှင့် သူ၏နေရာ၏ အမြင့်မှူ အမြဲတမ်း ကြည့်ရှုလေ့လာလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ အနှစ်သာရနှင့် တွေးတောပုံမှတစ်ဆင့် သူအမြဲတမ်း မြင်လိမ့်မည်။ လူသားမျိုးနွယ်ကို သာမန်လူတစ်ယောက်၏အမြင့်၊ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်၏ အမြင့်မှ သူလုံးဝ မမြင််နိုင်ပေ။ လူတို့က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ လူသား၏အမြင်နှင့် ကြည့်ကြပြီး၊ တိုင်းတာချက်တစ်ခုအနေနှင့် လူသား၏ အသိပညာ၊ လူသား၏ စည်းမျဉ်းနှင့် အယူအဆများကဲ့သို့ အရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ သူတို့၏မျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်၊ ဖောက်ပြန်ပျက်စီးသော လူတို့ ရရှိနိုင်သော အတိုင်းအတာအတွင်းမှာ ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကြည့်သောအခါမှာ ဘုရား၏အမြင်နှင့် သူကြည့်ပြီး၊ တိုင်းတာချက်တစ်ခုအနေဖြင့် သူ၏အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို အသုံးပြုသည်။ ဤနယ်ပယ်မှာ လူတို့ မမြင်နိုင်သောအရာတို့ ပါဝင်ပြီး၊ ဤနေရာသည် လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ဖောက်ပြန်ပျက်စီးသောလူသားတို့ လုံးဝ ကွဲပြားသောနေရာ ဖြစ်သည်။ ဤကွဲပြားမှုက လူသားနှင့် ဘုရားသခင်၏ မတူညီသော အနှစ်သာရအားဖြင့် သတ်မှတ်ပြီး၊ သူတို့၏ ဝိသေသ လက္ခဏာတို့နှင့် နေရာများအပြင် အမှုအရာများကို သူတို့မြင်သော အမြင်နှင့် အမြင့်တို့ကို ပိုင်းခြားသတ်မှတ်သည်က ဤမတူညီသော အနှစ်သာရတို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

၂၅။ လူသားတစ်ဦး၏အလုပ်မှ အတွေ့အကြုံသည် မြင့်မားကောင်း မြင့်မားနေမည် သို့မဟုတ် သူ၏အတွေးအထင်နှင့် ဆင်ခြင်နိုင်စွမ်းတို့သည် အထူးသဖြင့် မြင့်မားနေပြီး သူ၏ လူ့သဘောသဘာဝသည် အထူးသဖြင့် ကောင်းမွန်နေမည်။ ဤအရာအားလုံးသည် လူသား၏ ချစ်ခင်မြတ်နိုးမှုကိုသာ ရရှိစေနိုင်သော်လည်း သူတို့၏ လေးစားမှုနှင့် ကြောက်ရွံ့မှုကို မထွက်ပေါ်လာစေနိုင်ပေ။ လူတို့သည် အလုပ်လုပ်နိုင်သော စွမ်းရည်ရှိသူများ၊ အထူးသဖြင့် လေးနက်သော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို ကျင့်ကြံနိုင်သောသူများကို အားလုံးလေးစားကြသော်လည်း သူတို့သည် လေးစားခြင်းနှင့် မနာလိုမှုမျှသာဖြစ်ပြီး၊ အံ့သြမှုကို သူတို့သည် မည်သည့်အခါမျှ မထုတ်ဖော်နိုင်ကြပေ။ သို့ရာတွင် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခဲ့ရသောလူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အလုပ်သည် လူသားတို့ လက်လှမ်းမီသည်ထက် ကျော်လွန်သည်၊ လူသားတို့နားမလည်နိုင်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဖွယ်ဖြစ်သည်ဟု ခံစားကြသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ရချိန်တွင် သူနှင့်ပတ်သက်သော သူတို့၏ ပထမအသိပညာမှာ ဘုရားသခင်သည် နားလည်ရန် ခက်ခဲလှသည်၊ ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူတို့သည် မသိလိုက်ဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်နေပြီး သူပြုသောအလုပ်သည် လူသားတို့စိတ်က လက်လှမ်းမမီနိုင်သည့် လျှို့ဝှက်ဆန်းကြယ်ဖြစ်သည်ဟု ခံစားရသည်။ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင်၊ ဘုရားသခင် စိတ်ကျေနပ်မှုရှိအောင်သာ အလိုရှိပြီး၊ ဘုရားသခင်ထက် ကျော်လွန်လိုသော ဆန္ဒမရှိပေ။ အကြောင်းမှာ ဘုရားသခင်ပြုသောအမှုသည် လူသားတို့ တွေးထင်ထားမှုနှင့် စိတ်ကူးတို့ထက်ကျော်လွန်ပြီး လူသားက အစားထိုးမလုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ လူသားကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ။ တစ်ဖက်တွင် ဘုရားသခင်သည် လမ်းအသစ်တစ်ခုကို ဖွင့်ထားပြီး လူသားတို့ကို ပို၍သစ်သော ပို၍လှပသော ကမ္ဘာတစ်ခုသို့ ယူဆောင်ရန် လာလေသည်။ သို့မှသာ လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုလုပ်နိုင်ကာ အသစ်သော စတင်မှုရှိပေမည်။ ဘုရားသခင်အပေါ် လူသားခံစားသည့်အရာသည် လေးစားမှုမဟုတ်ပေ။ လေးစားမှုတစ်ခုတည်းလည်း မဟုတ်ပေ။ သူတို့၏အလေးနက်ဆုံး အတွေ့အကြုံသည် ရိုသေခံ့ညားခြင်းနှင့် ချစ်ခြင်းမေတ္တာဖြစ်ပြီး သူတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဆိုခြင်းတည်း။ ဘုရားသခင်သည် လူသားတို့ မလုပ်နိုင်သောအရာကို လုပ်သည်၊ မပြောနိုင်သောအရာကို ပြောသည်။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံဖူးသောသူများသည် အမြဲတမ်း ဖော်မပြနိုင်သော ခံစားချက်တစ်ခုကို ကြုံတွေ့ရသည်။ ပို၍လေးနက်သော အတွေ့အကြုံနှင့်လူများသည် အထူးသဖြင့် ဘုရားသခင်ကို ချစ်ကြသည်။ သူတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို အမြဲတမ်းခံစားရပြီး ဘုရားသခင်၏အလုပ်သည် အလွန်ပင် ဉာဏ်ပညာရှိသည်၊ အလွန်ပင် အံ့ဖွယ်ဖြစ်သည်ဟု ခံစားမိကာ၊ ထို့ကြောင့် ယင်းသည် သူတို့ကြားတွင် အဆုံးမရှိသောစွမ်းအင်ကို ထုတ်ပေးသည်ဟု ခံစားမိကြသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းမေတ္တာနှင့် လေးစားမှုမဟုတ်ဘဲ ဘုရားသခင်၏ လူသားအပေါ်ချစ်ခြင်းမေတ္တာနှင့် သည်းခံမှုကို နက်နဲစွာခံစားခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို တွေ့ကြုံခဲ့ရသောသူများက ဘုရားသခင်သည် ဘုန်းအာနုဘော်ကြီးပြီး လွန်ကျူးစော်ကား၍မရဟု ခံစားကြရသည်။ ဘုရားသခင်၏အလုပ်များစွာကို ကြုံတွေ့ခဲ့ရသော လူများပင်လျှင် ဘုရားသခင်ကို နားလည်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အလုပ်သည် လူသားတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ အမြဲတမ်းပင် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေကြောင်းကို ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်သော သူအားလုံးတို့သည် သိကြသည်။ ဘုရားသခင်သည် လူတို့အား လေးစားမှုအပြည့်ရှိရန် သို့မဟုတ် သူ့ကို ဆပ်ကပ်မှုပုံစံကိုပေးရန် မလိုအပ်ဘဲ စစ်မှန်သော ရိုသေလေးမြတ်မှုနှင့် စစ်မှန်သော ဆပ်ကပ်မှုရှိရန်သာ လိုလေသည်။ ဘုရားသခင်၏ များစွာသော အလုပ်တို့ထဲတွင် စစ်မှန်သောအတွေ့အကြုံနှင့် သူတို့သည် ဘုရားသခင်ကို လေးစားမှုထက် ပို၍မြင့်သော ရိုသေလေးမြတ်မှုကို ခံစားရသည်။ လူသားတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ခဲ့ပြီး သူတို့သည် ထို့ကြောင့် ဘုရားသခင်ကို သူတို့၏နှလုံးသားများထဲတွင် ရိုသေလေးမြတ်ကြခြင်း ဖြစ်သည်။ ဘုရားသခင်ကို ရိုသေလေးမြတ်ရန်နှင့် နာခံရန်ဖြစ်သည်။ အကြောင်းမှာ သူ၏ဖြစ်ခြင်းနှင့် သူ၏စိတ်သဘောထားသည် ဖန်ဆင်းခံတစ်ဦးနှင့် အတူတူမဟုတ်ဘဲ ဖန်ဆင်းခံတစ်ဦး၏အထက်၌ ရှိလေသည်။ ဘုရားသခင်သည် ဖန်ဆင်းခံတစ်ဦးမဟုတ်၊ သူသာလျှင် ရိုသေလေးမြတ်မှုနှင့် ဆပ်ကပ်မှုကို ခံရရန် ထိုက်တန်သည်။ လူသားသည် ဤအခြင်းအရာ အတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့် ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခဲ့သော ဘုရားသခင်ကို စစ်မှန်စွာသိသောသူအားလုံးသည် ဘုရားသခင်အား ရိုသေလေးမြတ်မှုကို ခံစားကြရသည်။ သို့ရာတွင် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို လက်မလွှတ်သောသူများ၊ ဆိုလိုသည်မှာ ဘုရားသခင်ကို ဘုရားသခင်ဟု မသတ်မှတ်နိုင်ကြသူများသည် ဘုရားသခင်ကို ရိုသေလေးမြတ်မှု မရှိသူများဖြစ်သည်။ သူတို့သည် ဘုရားသခင်နောက်သို့ လိုက်ကြသော်လည်း သူတို့သည် သိမ်းပိုက်ခြင်းကို မခံရပေ။ သူတို့သည် သဘာဝအရ မနာခံတတ်သူများဖြစ်သည်။ ဘုရားသခင်သည် ဤအမှုကိုပြုရခြင်းမှာ ဖန်ဆင်းခံသော အရာများအားလုံး ဖန်ဆင်းရှင်ကို ရိုသေလေးမြတ်ရန်၊ ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုအောက်သို့ လုံးလုံးလျားလျား ဆပ်ကပ်အပ်နှံရန် အစရှိသည့်ရလဒ်တို့ကို ရရှိရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အားလုံးသောအလုပ်မှ ရယူလိုသော နောက်ဆုံးရလဒ်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ်” မှ

၂၆။ အကယ်၍ လူသားက ဤအမှုကို ဆောင်ရွက်ရမည်ဆိုပါက၊ အကန့်အသတ်များလွန်းပါမည်၊ လူသားကို အဆင့်တစ်ဆင့်အထိ ခေါ်ဆောင်သွားနိုင်သော်လည်း လူသားကို ထာဝရ ခရီးပန်းတိုင်သို့ ခေါ်ဆောင်လာနိုင်မည် မဟုတ်ပေ။ လူသားသည် လူသား၏ကံကြမ္မာကို ဆုံးဖြတ်နိုင်စွမ်း မရှိပေ၊ ထို့အပြင် လူသားသည် မိမိ၏ အလားအလာများနှင့် အနာဂတ် ခရီးပန်းတိုင်ကိုလည်း ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ဆောင်ရွက်သည့်အမှုသည် ကွဲပြားခြားနား၏။ သူသည် လူသားကိုဖန်ဆင်းခဲ့သဖြင့် လူသားကို သူလမ်းပြ၏။ လူသားကို သူကယ်တင်သဖြင့် လူသားကို လုံးလုံးလျားလျား သူကယ်တင်၍ လုံးဝရယူလိမ့်မည်။ သူသည် လူသားကိုလမ်းပြသဖြင့် လူသားကို သင့်လျော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်ပေးလိမ့်မည်။ ထို့အပြင် သူသည် လူသားကိုဖန်ဆင်းခဲ့၍ စီမံခန့်ခွဲသဖြင့် လူသား၏ကံကြမ္မာနှင့် အလားအလာများအတွက် တာဝန်ယူရမည် ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင် ဆောင်ရွက်သည့်အမှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသား၏ သင့်တင့်လျောက်ပတ်သော ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ယခင်က:၈။ တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်: သုံးပါးတစ်ဆူဆိုတာ မရှိပါဘူး။

နောက်တစ်ခုသို့:၁၀။ သိုးထိန်း အယောင်ဆောင်များ၊ အန္တိခရစ်များနှင့် ခရစ်တော်အယောင်ဆောင်သောသူများကို ပိုင်ခြားသိမြင်ဖို့ နည်းလမ်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ