၈။ ဘုရားသခင်၏ အမှုတော်ကို သိကျွမ်းခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ

(၂၈၄) ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူပါဝင်လုပ်ဆောင်ပြီးဖြစ်သည့် အမှု- လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း- ဖြစ်သည်။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည် ဖြစ်ပြီး လူသားများ၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်နှင့် ဖန်ဆင်းခြင်းအားလုံး အလယ်တွင် သူ၏ ဩဇာအာဏာကို နဂိုအတိုင်း ပြန်ဖြစ်စေမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ဖန်ဆင်းခံသတ္တဝါများ ကြားတွင် အလုပ်လုပ်ရန် နည်းလမ်း မရှိခဲ့သကဲ့သို့၊ ၎င်းတို့၏ ကြောက်ရွံ့တတ်သော ကြည်ညိုမှုကို သာ၍ပင် မရရှိနိုင် ဖြစ်လာခဲ့သည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။ လူသားများကို ၎င်းတို့၏ မူလ ရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အချိန်နှင့်၊ ၎င်းတို့သည် ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းနိုင်ချိန်၊ ၎င်းတို့၏ ကိုယ်ပိုင် မှန်ကန်သော နေရာများကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို ကျိုးနွံနာခံသည့်အချိန်တွင်၊ ဘုရားသခင်သည် သူ့ကို ကိုးကွယ်သည့် ကမ္ဘာမြေကြီးပေါ်ရှိ လူတစ်စုကို ရရှိပြီးဖြစ်လိမ့်မည် ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်ရှိ သူ့ကို ကိုးကွယ်သော နိုင်ငံတော်တစ်ခုကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် ထာဝရ အောင်မြင်ခြင်းကို ရရှိလိမ့်မည် ဖြစ်ပြီး၊ သူ့ကိုဆန့်ကျင်သူ အားလုံးသည် ထာဝရကာလပတ်လုံး ပျက်စီးကြလိမ့်မည်။ ဤအရာသည် လူသားမျိုးနွယ်အား ဖန်ဆင်းရာတွင် သူ၏ မူလရည်ရွယ်ချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည် ဖြစ်သည်။ ယင်းသည် အရာခပ်သိမ်းအား ဖန်ဆင်းရာတွင် သူ၏ ရည်ရွယ်ချက်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာခပ်သိမ်းအလယ်နှင့် သူ၏ ရန်သူများအလယ်တွင် သူ၏ဩဇာအာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ဤသည်တို့မှာ သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း သင်္ကေတများဖြစ်လိမ့်မည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ လမ်းကြောင်းမှန်ပေါ်တွင် ရှိသည့် အသက်တာတစ်ခု စတင်လိမ့်မည်။ သူသည်လည်း ထာဝရ ငြိမ်သက်ခြင်းချမ်းသာထဲသို့ လူသားမျိုးနွယ်နှင့်အတူ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး၊ သူကိုယ်တိုင်နှင့် လူသားများ အတူတကွမျှဝေသည့် ထာဝရအသက်တစ်ခုကို စတင်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ပျောက်ကွယ်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ ငိုကြွေးမြည်တမ်းခြင်း အားလုံးသည် ကွယ်ပျောက်ပြီးဖြစ်လိမ့်မည်၊ ပြီးလျှင် ဤကမ္ဘာလောကထဲက ဘုရားသခင်ကို ဆန့်ကျင်သည့် အရာရာတိုင်းသည် တည်ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်နှင့် ကယ်တင်ခြင်းသို့ သူ ဆောင်ကြဉ်းပြီးဖြစ်သည့် လူများသာ ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာ ကျန်ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

(၂၈၅) အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏ သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များ အားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှု အောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင် လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့ အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သော အရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီး စေသည်မှာ ငါမဟုတ်ကြောင်းကို လည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစား နိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါ တို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

(၂၈၆) ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားသည် ဘုရားသခင်အဖို့ သက်သေခံနိုင်ရန်အလို့ငှာ လူသားကို ကယ်တင်ခြင်း၊ လူသား၏အသက်တာအပေါ် အမှုပြုခြင်းနှင့် လူသား၏စိတ်သဘောထားကို ပြောင်းလဲခြင်းတို့ ဖြစ်၏။ ဤသည်မှာ စာတန် ရှုံးနိမ့်သည့်ပုံဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် လူသား၏ ကယ်တင်ခြင်း အနှစ်သာရသည် စာတန်နှင့်စစ်ပွဲဖြစ်ပြီး၊ ဤစစ်ပွဲသည် အဓိကအားဖြင့် လူသား၏ကယ်တင်ခြင်းတွင် ထင်ဟပ်လေသည်။ လူသားကို သိမ်းပိုက်ရမည့် နောက်ဆုံးသောကာလ အဆင့်သည် စာတန်နှင့်တိုက်ပွဲတွင် နောက်ဆုံးအဆင့် ဖြစ်ပြီး၊ ယင်းသည် စာတန်၏ အုပ်စိုးမှုမှ လူသား၏ ပြည့်စုံသော ကယ်တင်ခြင်း အမှုလည်းဖြစ်၏။ လူသားကို သိမ်းပိုက်ခြင်း၏ အတွင်းအဓိပ္ပာယ်မှာ စာတန်၏ပြယုဂ်ဖြစ်သည့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူသားကို ၎င်း၏ သိမ်းပိုက်ခံရခြင်းနောက်တွင် ဖန်ဆင်းရှင်ထံ ပြန်ပို့ခြင်းဖြစ်၏၊ ဤမှတစ်ဆင့် သူသည် စာတန်ကိုစွန့်လွှတ်ပြီး ဘုရားသခင်ထံ လုံးဝ ပြန်သွားလိမ့်မည်ဖြစ်၏။ ဤနည်းဖြင့်၊ လူသားသည် လုံးဝကယ်တင်ခံရပြီး ဖြစ်လိမ့်မည်။ ထို့ကြောင့် သိမ်းပိုက်ခြင်းအမှုသည် စာတန်နှင့် တိုက်ပွဲဝင်ရာတွင် နောက်ဆုံးအမှု ဖြစ်ပြီး၊ စာတန်၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏စီမံခန့်ခွဲမှု နောက်ဆုံးအဆင့်ဖြစ်၏။ ဤအမှုမရှိပါက၊ လူသား၏‌ ပြည့်ဝသော ကယ်တင်ခြင်းသည် နောက်ဆုံးတွင် ဖြစ်နိုင်မည် မဟုတ်ပေ၊ စာတန်၏ လုံးဝရှုံးနိမ့်ခြင်းသည်လည်း ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်သည် အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်မည် မဟုတ်ပေ၊ သို့မဟုတ် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု၏ အချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအလို့ငှာ ဖြစ်သည့်အတွက်၊ စာတန်နှင့် တိုက်ပွဲ အဆုံးမသတ်မီတွင် လူသားကို ကယ်တင်ခြင်းအမှုသည် အဆုံးသတ်၍ မရနိုင်ပေ။ အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

(၂၈၇) ဘုရားသခင်သည် အစနှင့်အဆုံး ဖြစ်သည်။ သူ၏ အမှုကို စတင်လှုပ်ရှားစေသည်မှာ သူကိုယ်တိုင်ဖြစ်ပြီး၊ ထို့ကြောင့် အရင်ခေတ်ကို အဆုံးသတ်သူမှာလည်း သူကိုယ်တိုင်ဖြစ်ရပေမည်။ ယင်းသည် စာတန်ကို သူ အောင်နိုင်ခြင်းနှင့် ကမ္ဘာမြေကြီးကို သူ၏သိမ်းပိုက်ခြင်း၏ သက်သေဖြစ်သည်။ အချိန်တိုင်းတွင် သူကိုယ်တိုင် လူသားအကြား အမှုပြုလေသည်၊ ယင်းသည် အသစ်သော စစ်ပွဲတစ်ခု၏ အစဖြစ်ပေသည်။ အသစ်သော အမှု၏အစ မရှိဘဲနှင့်၊ အမှုဟောင်း၏ နိဂုံးသည် အလိုအလျောက်ပင် ရှိလိမ့်မည် မဟုတ်ပေ။ အမှုဟောင်း၏ နိဂုံးမရှိသည့်အခါ၊ စာတန်နှင့် တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်မလာသေးကြောင်း သက်သေဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်လာပြီး လူသားကြားတွင် အမှုသစ်ပြုမှသာလျှင်၊ လူသားသည် စာတန်၏အုပ်စိုးမှုကို လုံးဝချိုးဖောက်ပြီး အသက်တာသစ်နှင့် စတင်မှု အသစ်ကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ လူသားသည် ခေတ်ဟောင်းတွင် ထာဝရအသက်ရှင်နေထိုင်နေပြီး စာတန်၏ လွှမ်းမိုးမှုဟောင်း အောက်၌သာ ထာဝရနေရလိမ့်မည် ဖြစ်သည်။ ဘုရားသခင်ဦးဆောင်ခဲ့သည့် ခေတ်ကာလတိုင်းနှင့်အတူ၊ လူသားအချို့က လွတ်မြောက်သွားပြီး ထိုသို့ဖြင့်၊ လူသားသည် ခေတ်သစ်ဆီသို့ ဘုရားသခင်၏ အမှုနှင့်အတူ တက်လှမ်းလေသည်။ ဘုရားသခင်၏ အောင်မြင်မှုဟူသည်မှာ သူ့နောက် လိုက်လျှောက်သည့် သူအားလုံး၏ အောင်မြင်မှုဟု ဆိုလိုပေသည်။ အဖန်ဆင်းခံ လူသားမျိုးနွယ်အား ခေတ်ကာလကို အဆုံးသတ်ခြင်းတာဝန် ပေးမည်ဆိုလျှင်၊ လူသား၏ ရှုထောင့်အမြင်မှဖြစ်စေ သို့မဟုတ် စာတန်၏ ရှုထောင့်အမြင်မှ ဖြစ်စေ၊ ဤအရာသည် ဘုရားသခင်ကို နာခံသည့် လုပ်ရပ်တစ်ခု မဟုတ်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လုပ်ရပ် သို့မဟုတ် သစ္စာဖောက်သည့် လုပ်ရပ်တစ်ခုသာ ဖြစ်လိမ့်မည်၊ ပြီးလျှင် လူသား၏ အလုပ်သည် စာတန်အတွက် တန်ဆာပလာတစ်ခု ဖြစ်သွားပေလိမ့်မည်။ လူသားအနေဖြင့် ဘုရားသခင်ကိုယ်တော်တိုင် ဖွင့်လှစ်သည့် ခေတ်တစ်ခုထဲတွင် ဘုရားသခင်ကို နာခံမှုရှိပြီး လိုက်လျှောက်မှသာ၊ စာတန်က အပြည့်အဝ ယုံကြည်လက်ခံနိုင်ပေမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ဖြစ်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် သင်တို့အနေဖြင့် လိုက်လျှောက်ရန်နှင့် နာခံရန်သာ လိုအပ်ပြီး နောက်ထပ် ဘာကိုမျှ သင်တို့ကို တောင်းဆိုခြင်းမရှိဟု ငါဆိုခြင်း ဖြစ်၏။ ဤသည်မှာ အသီးသီးက မိမိ၏တာဝန်ကို ထိန်းသိမ်းထားခြင်းနှင့် အသီးသီးက မိမိ၏ သက်ဆိုင်ရာ လုပ်ငန်းဆောင်တာကို ဆောင်ရွက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူကိုယ်တိုင်၏ အလုပ်ကိုလုပ်ပြီး၊ လူသားက သူ့ကိုယ်စား လုပ်ပေးရန် မလိုအပ်သကဲ့သို့၊ ဖန်ဆင်းခံများ၏ အလုပ်တွင်လည်း သူပါဝင်ပတ်သက်ခြင်း မရှိပေ။ လူသားသည် မိမိကိုယ်တိုင်၏ တာဝန်ကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိ။ ဤအရာသည်သာ စစ်မှန်သည့် နာခံခြင်းဖြစ်ပြီး၊ စာတန်ကို အနိုင်ယူခြင်းသက်သေ ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်သစ်ကို ဖွင့်လှစ်ပေး ပြီးနောက်၊ သူကိုယ်တိုင်သည် လူသားများအကြားတွင် အမှုပြုရန် ကြွဆင်းလာခြင်း မရှိတော့ချေ။ ထိုအခါမှသာ လူသားသည် မိမိ၏တာဝန်ကို ဆောင်ရွက်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ထမ်းရွက်ရန် ခေတ်သစ်ထဲသို့ တရားဝင် လှမ်းလာခြင်း ဖြစ်သည်။ ဤအရာများသည် မည်သူမျှ မချိုးဖောက်ရသော ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည်သာလျှင် သင့်တင့်လျောက်ပတ်မှုရှိပြီး လျော်ကန်ပေသည်။ ဘုရားသခင်၏ အလုပ်ကို ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏အမှုကို စတင်လှုပ်ရှားစေသူမှာ သူဖြစ်ပြီး သူ၏ အမှုကို အဆုံးသတ်သူမှာ သူဖြစ်၏။ အမှုကို စီစဉ်သူမှာ သူဖြစ်ပြီး၊ ယင်းအား စီမံခန့်ခွဲသူမှာ သူ ဖြစ်သည်၊ ထို့ထက်မက အမှုကို အောင်မြင်စေသူမှာ သူပင် ဖြစ်ပေသည်။ သမ္မာကျမ်းစာထဲတွင် “ငါသည်အစနှင့် အဆုံးဖြစ်သည်၊ ငါသည် ပျိုးကြဲသောသူနှင့် စပါးရိတ်သောသူဖြစ်သည်” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။ သူ၏ စီမံခန့်ခွဲခြင်းနှင့်ဆိုင်သည့် အမှုနှင့် ဆက်စပ်သမျှကို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်လေသည်။ သူသည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အုပ်ချုပ်သူဖြစ်သည်။ အရာအားလုံးကို ထိန်းချုပ်ထားသူမှာ သူ ဖြစ်သည့်အတွက်၊ မည်သူမျှ ဘုရားသခင်ကိုယ်စား သူ၏အမှုကို မလုပ်ဆောင်နိုင်သကဲ့သို့ သူ၏ အမှုကို မည်သူမျှ အဆုံးမသတ်စေနိုင်ပေ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းပြီးနောက်၊ သူသည် ကမ္ဘာလောကတစ်ခုလုံးကို သူ၏အလင်းထဲတွင် အသက်ရှင်ဖို့ ဦးဆောင်မည်ဖြစ်ပြီး၊ ခေတ်တစ်ခုလုံးကိုလည်း အဆုံးသတ်လိမ့်မည်၊ ထိုသို့ဖြင့် သူ၏ အစီအစဉ်တစ်ခုလုံးကို အောင်မြင်စေလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)

(၂၈၈) ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးနှင့်ဆိုင်သည့် အမှုကို ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားပေသည်။ ပထမဆုံးအဆင့်- ကမ္ဘာလောကကို ဖန်ဆင်းခြင်း- သည် ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်းဖြစ်ကာ၊ ထိုသို့ မဟုတ်ခဲ့ပါက၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းငှာ မည်သူမျှ တတ်စွမ်းနိုင်မည် မဟုတ်ချေ။ ဒုတိယအဆင့်သည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခြင်းဖြစ်ခဲ့ပြီး ယင်းကိုလည်း ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့ ပေသည်။ တတိယအဆင့်မှာ ပြောရန်မလိုပေ။ ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်ရမည့် အမှုအားလုံး၏ နိဂုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ဖို့ သာ၍ပင် လိုအပ်ပေသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို ရွေးနုတ်ခြင်း၊ သိမ်းပိုက်ခြင်း၊ ရယူခြင်းနှင့် စုံလင်စေခြင်းအမှုအားလုံးကို ဘုရားသခင် ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားပေသည်။ သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်ပါက၊ သူ၏ ပင်ကိုလက္ခဏာကို လူသားက ကိုယ်စားပြုနိုင်မည် မဟုတ်သကဲ့သို့၊ သူ၏အမှုကို လူသားက လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ စာတန်ကို အနိုင်ယူရန်အလို့ငှာ၊ လူသားမျိုးနွယ်ကို ရယူရန်အလို့ငှာနှင့် လူသားကို ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်အသက်တာတစ်ခု ပေးရန်အလို့ငှာ၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူသားကို ဦးဆောင်ပြီး လူသားအလယ်တွင် ကိုယ်တိုင်ကိုယ်ကျ အမှုပြုလေသည်။ သူ၏ စီမံခန့်ခွဲမှုအစီအစဉ် တစ်ခုလုံးအတွက်၊ ပြီးလျှင် သူ၏အမှုအားလုံးအတွက် သူသည် ဤအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ သူ့ကို လူသားက မြင်တွေ့နိုင်ဖို့အလို့ငှာ၊ လူသားကို ပျော်ရွှင်စေခြင်းအတွက် ဘုရားသခင် ကြွလာခဲ့သည်ဟုသာ လူသားကယုံကြည်ပါက၊ ထိုသို့သော ယုံကြည်မှုများသည် တန်ဖိုး မရှိ၊ အရေးပါမှုမရှိပေ။ လူသား၏သိနားလည်မှုသည် အလွန်အပေါ်ယံ ဖြစ်လွန်း၏။ ဤအမှုကို သူကိုယ်တိုင် ဆောင်ရွက်ခြင်း အားဖြင့်သာ ဘုရားသခင်သည် ဤအမှုကို စေ့စေ့စပ်စပ်နှင့် လုံးဝ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ လူသားသည် ယင်းကို ဘုရားသခင်ကိုယ်စား လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ပေ။ သူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ သို့မဟုတ် သူ၏အနှစ်သာရ မရှိသဖြင့်၊ ဘုရားသခင်၏အမှုကို လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့၊ လူသားသည် ဤအမှုကို လုပ်ဆောင်ခဲ့လျှင်ပင်၊ မည်သည့် အကျိုးတရားမျှ ရှိမည် မဟုတ်ပေ။ ပထမအကြိမ် ဘုရားသခင် လူ့ဇာတိခံခဲ့သည်မှာ ရွေးနုတ်ခြင်းအတွက်ဖြစ်၏၊ လူသားမျိုးနွယ်အားလုံးကို အပြစ်မှ ရွေးနုတ်ရန်၊ လူသားကို သန့်စင်ခံရပြီး သူ၏အပြစ်များအတွက် ခွင့်လွှတ်ခံရနိုင်စွမ်း ရှိစေဖို့ ဖြစ်သည်။ သိမ်းပိုက်ခြင်းအမှုကိုလည်း လူသားအလယ်တွင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေသည်။ အကယ်၍ ဤအဆင့်အတွင်းတွင် ဘုရားသခင်သည် ပရောဖက်ပြုချက်ကို ပြောဆိုရန်သာဖြစ်ပါက၊ သူ၏ နေရာယူရန် ပရောဖက်တစ်ဦး သို့မဟုတ် ပင်ကိုစွမ်းရည်ရှိသူတစ်ဦးဦးကို ရှာတွေ့နိုင်ပေသည်။ ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဘုရားသခင်အတွက် လူသားက အစားဝင်ပေးနိုင်၏။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုယ်တိုင်၏အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် ကြိုးစားခဲ့ပြီး၊ လူသား၏အသက်တာ၌ အမှုပြုဖို့ကြိုးစားခဲ့ပါက၊ ဤအမှုကို လုပ်ဆောင်ရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းကို ဘုရားသခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည် ဖြစ်၏။ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရမည်ဖြစ်၏။ နှုတ်ကပတ်တော်ခေတ်တွင် ပရောဖက်ပြုချက်ကိုသာ ပြောဆိုထားခဲ့မည်ဆိုပါက၊ ဟေရှာယ သို့မဟုတ် ပရောဖက် ဧလိယတို့ကို ဤအမှုလုပ်ဆောင်ရန် ရှာတွေ့နိုင်ခဲ့မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင် ထိုအမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ဤအဆင့်တွင် လုပ်ဆောင်သည့်အမှုသည် ပရောဖက်ပြုချက်ကို ပြောရုံမျှ မဟုတ်သောကြောင့်၊ ပြီးလျှင် လူသားကို သိမ်းပိုက်ရန်နှင့် စာတန်ကို အနိုင်ယူရန် နှုတ်ကပတ်တော်၏အမှုကို အသုံးပြုသည်မှာ သာ၍ အရေးကြီးသောကြောင့်၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ဘဲ၊ ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်ဖြစ်၏။ ပညတ်တော်ခေတ်တွင်၊ ယေဟောဝါသည် သူ၏အမှု တစ်စိတ်တစ်ဒေသကို လုပ်ဆောင်ခဲ့၏၊ ယင်းနောက်တွင် သူသည် နှုတ်ကပတ်တော်အချို့ကို ပြောဆိုခဲ့ပြီး၊ ပရောဖက်များမှတစ်ဆင့် အမှုတစ်ချို့ကို လုပ်ဆောင်ခဲ့၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားသည် ယေဟောဝါကို သူ၏အမှု၌ အစားဝင်ပေးနိုင်ခဲ့သကဲ့သို့၊ ပရောဖက်တို့သည် အမှုအရာများကို ကြိုတင်ဟောပြောနိုင်ကြပြီး သူ၏ကိုယ်စား အိပ်မက်အချို့ကို အနက်ပြန်နိုင်ခဲ့ကြသောကြောင့် ဖြစ်၏။ အစအဦး၌ လုပ်ဆောင်ခဲ့သည့် အမှုသည် လူသား၏ စိတ်သဘောထားကို တိုက်ရိုက်ပြောင်းလဲခြင်းအမှု မဟုတ်ခဲ့သကဲ့သို့၊ လူသား၏အပြစ်နှင့် ဆက်နွှယ်မှု မရှိပေ၊ ပြီးလျှင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ လိုအပ်ခဲ့၏။ ထို့ကြောင့် ယေဟောဝါသည် လူ့ဇာတိမခံယူခဲ့သကဲ့သို့၊ လူသားထံ မိမိကိုယ်ကိုယ် ထုတ်ဖော်မပြခဲ့ပေ။ ထိုအစား သူသည် မောရှေနှင့် အခြားသူများကို တိုက်ရိုက် စကားပြောဆိုခဲ့ပြီး၊ ၎င်းတို့အား သူ့ကိုယ်စား စကားပြောကာ အမှုပြုစေပြီး၊ လူသားမျိုးနွယ်ကြားတွင် သူ့ကိုယ်စား တိုက်ရိုက် အမှုပြုစေခဲ့သည်။ ဘုရားသခင်၏အမှု၏ ပထမအဆင့်သည် လူသားကို ဦးဆောင်လမ်းပြမှု ဖြစ်ခဲ့၏။ ယင်းသည် စာတန်နှင့် တိုက်ပွဲအစဖြစ်သော်လည်း၊ ဤတိုက်ပွဲသည် တရားဝင် မစတင်ရသေးပေ။ စာတန်နှင့်တရားဝင်စစ်ပွဲမှာ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်းနှင့်အတူ စတင်ခဲ့ပြီး၊ ယင်းသည် ယနေ့အထိ ဆက်လက်ဖြစ်၏။ ဤစစ်ပွဲ၏ ပထမတိုက်ပွဲသည် ကားတိုင်တွင် လူ့ဇာတိခံဘုရားသခင် သံမှိုရိုက်နှက်ခံရချိန်တွင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏ ကားစင်တင်ခံရခြင်းက စာတန်ကို အနိုင်ယူခဲ့ပြီး၊ ယင်းသည် စစ်ပွဲ၌ ပထမဦးဆုံး အောင်မြင်သော အဆင့်ဖြစ်၏။ လူ့ဇာတိခံ ဘုရားသခင်က လူသား၏ အသက်တာ၌ တိုက်ရိုက်အမှုပြုဖို့ စတင်ချိန်တွင်၊ ဤသည်မှာ လူသားကို ပြန်လည်ရယူခြင်း အမှု၏ တရားဝင်အစဖြစ်ခဲ့ပြီး၊ ဤသည်မှာ လူသား၏ စိတ်သဘောထားအဟောင်းကို ပြောင်းလဲခြင်းအမှု ဖြစ်ခဲ့သောကြောင့်၊ ယင်းသည် စာတန်နှင့် တိုက်ပွဲဆင်နွှဲခြင်း အမှု ဖြစ်ခဲ့ပေသည်။ အစအဦး၌ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအဆင့်သည် ကမ္ဘာမြေပေါ်တွင် လူသား၏ဘဝကို ဦးဆောင်လမ်းပြခြင်းမျှ ဖြစ်၏။ ယင်းသည် ဘုရားသခင်၏အမှု အစဖြစ်ပြီး၊ မည်သည့်တိုက်ပွဲမျှ သို့မဟုတ် မည်သည့်အဓိကအမှုမျှ မပါဝင်သေး သော်လည်း၊ လာမည့်တိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့၏။ နောက်ပိုင်းတွင်၊ ကျေးဇူးတော်ခေတ်အတွင်းရှိ အမှု၏ဒုတိယ အဆင့်သည် လူသား၏စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း ပါဝင်လေသည်၊ ယင်းမှာ ဘုရားသခင် ကိုယ်တိုင်သည် လူသား၏အသက်ကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုလိုပေသည်။ ဤအရာကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ဖို့ဖြစ်ခဲ့သည်- ယင်းသည် ဘုရားသခင်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူရန် လိုအပ်ခဲ့သည်။ သူ့အနေဖြင့် လူ့ဇာတိ မခံယူခဲ့ပါက၊ အမှု၏ဤအဆင့်သည် စာတန်နှင့် တိုက်ရိုက်တိုက်ခိုက်ခြင်း အမှုကို ကိုယ်စားပြုခဲ့သည့်အတွက်၊ အခြားမည်သူမျှ သူ့ကို အမှု၏ဤအဆင့်တွင် အစားထိုးနိုင်ခဲ့မည် မဟုတ်ပေ။ အကယ်၍ ဤအမှုကို လူသားက ဘုရားသခင်၏ကိုယ်စား လုပ်ဆောင်ခဲ့ပါက၊ စာတန် ရှေ့မှောက်တွင် လူသား ရပ်တည်သည့်အခါတွင်၊ စာတန်သည် ကျိုးနွံနာခံခဲ့မည် မဟုတ်သကဲ့သို့၊ ၎င်းကို အနိုင်ယူရန်မှာ ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင် ဖြစ်ဆဲဖြစ်ပြီး၊ သူသည် လူသား၏အသက် ဖြစ်နေဆဲဖြစ်ကာ ဖန်ဆင်းရှင်ဖြစ်ဆဲဖြစ်သည့်အတွက်၊ ၎င်းကို အနိုင်ယူဖို့ လာခဲ့သူမှာ လူ့ဇာတိခံဘုရားသခင် ဖြစ်ဖို့လိုခဲ့ပေသည်။ မည်သည့်အရာ ဖြစ်ပါစေ၊ သူ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် စာတန် လုံးဝကျိုးနွံနာခံစေဖို့ သူသည် လူ့ဇာတိကို ဆောင်ယူခဲ့ပြီး အမှုကို လုပ်ဆောင်ခဲ့၏။ နောက်ဆုံးသောကာလ အမှု၏ အဆင့်အတွင်းတွင်၊ လူသားသည် ဤအမှုကို လုပ်ဆောင်ပြီး နှုတ်ကပတ်တော်များကို တိုက်ရိုက် ပြောဆိုစေခြင်း ခံခဲ့ရသည်ဆိုပါက၊ သူသည် ယင်းတို့ကို ပြောဆိုနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ ပရောဖက်ပြုချက်ကို ပြောဆိုခဲ့မည်ဆိုပါက၊ ဤပရောဖက်ပြုချက်သည် လူသားကို သိမ်းပိုက်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းဖြင့်၊ ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် ကြွလာပြီး၊ ၎င်းကို လုံးဝ အညံ့ခံစေ၏။ သူသည် စာတန်ကို လုံးဝ အနိုင်ယူချိန်တွင်၊ လူသားကို အပြည့်အဝ သိမ်းပိုက်ပြီး လုံးဝ ရယူချိန်တွင်၊ အမှု၏ဤအဆင့် ပြီးဆုံးလိမ့်မည်ဖြစ်ပြီး အောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းတွင်၊ လူသားသည် ဘုရားသခင်အတွက် မရပ်တည်ပေးနိုင်ပေ။ အထူးသဖြင့်၊ ခေတ်ကို ဦးဆောင်လမ်းပြခြင်းနှင့် အမှုသစ်စတင်ခြင်း အမှုသည် ဘုရားသခင် ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို သာ၍ပင် လိုအပ်၏။ လူသားကို ထုတ်ဖော်ခြင်းပေးခြင်းနှင့် ပရောဖက်ပြုချက်ဖြင့် ထောက်ပံ့ပေးခြင်းတို့ကို လူသားက လုပ်ဆောင်နိုင်သော်လည်း၊ ယင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည့်အမှု၊ ဘုရားသခင်ကိုယ်တိုင်နှင့် စာတန်ကြားက တိုက်ပွဲနှင့် သက်ဆိုင်သည့်အမှု ဖြစ်ပါက၊ ဤအမှုကို လူသားက မလုပ်ဆောင်နိုင်ပေ။ အမှု၏ပထမအဆင့်အတွင်းတွင်၊ စာတန်နှင့် တိုက်ပွဲမရှိခဲ့သည့်အခါ၊ ယေဟောဝါသည် ပရောဖက်များပြောဆိုခဲ့သည့် ပရောဖက်ပြုချက်ကို အသုံးပြုရင်း ဣသရေလအမျိုးတို့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့၏။ ထို့နောက်တွင်၊ အမှု၏ ဒုတိယအဆင့်မှာ စာတန်နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး၊ ဤအမှုကို လုပ်ဆောင်ရန် ဘုရားသခင်ကိုယ်တိုင်သည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ ခံယူခဲ့ပြီး၊ လူ့ဇာတိအဖြစ်သို့ ရောက်လာခဲ့၏။ စာတန်ကို တိုက်သည့်တိုက်ပွဲနှင့် ပတ်သက်သည့်အရာတိုင်းသည်လည်း ဘုရားသခင်၏လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၏၊ ယင်းမှာ ဤတိုက်ပွဲကို လူသားက ဆင်နွှဲ၍မနိုင်ဟု ဆိုလိုပေသည်။ လူသားသည် တိုက်ပွဲဝင်ရမည်ဆိုပါက၊ သူသည် စာတန်ကို အနိုင်ယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ ၎င်း၏အုပ်စိုးမှုအောက်တွင် ရှိနေသေးစဉ်တွင် သူသည် ၎င်းကို ဆန့်ကျင်တိုက်ခိုက်ရန် ခွန်အား မည်သို့ရှိနိုင်မည်နည်း။ လူသားသည် အလယ်တွင်ရှိနေ၏- သင်သည် စာတန်ဘက်သို့ တိမ်းပါက၊ သင်သည် စာတန်နှင့်သက်ဆိုင်၏၊ သို့ရာတွင် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်၏။ ဤတိုက်ပွဲနှင့်သက်ဆိုင်သည့် အမှုတွင် လူသားသည် ဘုရားသခင်အတွက် ကြိုးစားကာ အစားဝင်ပေးရမည်ဆိုပါက၊ လုပ်ဆောင်နိုင်ပါမည်လော။ အစားဝင်ပေးခဲ့ပါက၊ သူသည် ကာလကြာမြင့်စွာကပင် ပျက်စီးဆုံးရှုံးပြီးဖြစ်မည် မဟုတ်လော။ ကာလကြာမြင့်စွာကပင် သူသည် အောက်အရပ်လောကထဲသို့ ဝင်ရောက်ပြီးဖြစ်မည် မဟုတ်သလော။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ အမှု၌ ဘုရားသခင်ကို အစားမထိုးနိုင်ပေ၊ ဆိုလိုသည်မှာ လူသားသည် ဘုရားသခင်၏အနှစ်သာရ မရှိသကဲ့သို့၊ သင်သည် စာတန်နှင့် တိုက်ပွဲဝင်ခဲ့ပါက၊ သူ့ကို အနိုင်ယူခြင်းငှာ သင် တတ်စွမ်းနိုင်မဟုတ်ပေ။ လူသားသည် အချို့သောအမှုကိုသာ လုပ်ဆောင်နိုင်၏။ သူသည် လူအချို့ကို သိမ်းသွင်းနိုင်၏၊ သို့ရာတွင် ဘုရားသခင် ကိုယ်တိုင်၏ အမှုတွင် သူသည် ဘုရားသခင်အတွက် အစားမဝင်ပေးနိုင်ပေ။ လူသားသည် စာတန်နှင့် မည်သို့ တိုက်ပွဲဝင်နိုင်မည်နည်း။ သင် မစမီကပင် စာတန်သည် သင့်ကို ဖမ်းဆီးမိမည် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် စာတန်နှင့် တိုက်ပွဲဝင်ပြီး ဤအခြေခံအရ လူသားသည် ဘုရားသခင်နောက် လိုက်ပြီး သူ့ကို နာခံသောအခါမှသာ၊ လူသားသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး စာတန်၏ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ပေသည်။ လူသားက မိမိ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် အစွမ်းအစတို့ဖြင့် စွမ်းဆောင်ရရှိနိုင်သည့် အရာများမှာ နည်းပါးလွန်းလှပေသည်။ သူသည် လူသားကို ပြည့်စုံစေခြင်း၊ သူ့ကို ဦးဆောင်လမ်းပြခြင်းအပြင် စာတန်ကို အနိုင်ယူခြင်းတို့ကို မတတ်စွမ်းနိုင်ပေ။ လူသား၏ အသိဉာဏ်နှင့် အမြော်အမြင်တို့သည် စာတန်၏အကြံအစည်များကို ကဖျက်ယဖျက် မလုပ်နိုင်ပေ၊ ထို့ကြောင့် လူသားသည် ၎င်းနှင့် မည်သို့တိုက်ပွဲဝင်နိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

(၂၈၉) အနှစ်ခြောက်ထောင်ကျော်ကြာ ဆောင်ရွက်ခဲ့သည့် အမှုအလုံးစုံသည် မတူညီသော ခေတ်များ ကုန်လွန်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲလာပြီးဖြစ်သည်။ ဤအမှုထဲက အပြောင်းအလဲများသည် ကမ္ဘာလောက၏ ယေဘုယျ အခြေအနေများနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းကြောင်းတို့အပေါ် တစ်ပေါင်းတစ်စည်းတည်း အခြေခံပြီးဖြစ်ပေသည်။ စီမံခန့်ခွဲခြင်း အမှုသည်လည်း တဖြည်းဖြည်းသာ လျော်ညီစွာ ပြောင်းလဲပေပြီ။ ယင်းမှာ ဖန်ဆင်းခြင်းအစမှ အားလုံး စီစဉ်ထားခဲ့သည် မဟုတ်ချေ။ ကမ္ဘာလောကကြီးကို မဖန်ဆင်းမီတွင် သို့မဟုတ် ဖန်ဆင်းပြီးနောက် သိပ်မကြာမီတွင်၊ ယေဟောဝါသည် မောဘ၏ သားစဉ်မြေးဆက်အချို့နှင့် သူ ပထမဦးဆုံး စတင်ပြီး ဤမှတစ်ဆင့် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်မည် ဖြစ်သည့် ပညတ်တော်နှင့်ဆိုင်သည့် အမှု၏ ပထမအဆင့်၊ ကျေးဇူးတော်နှင့်ဆိုင်သည့် အမှု၏ ဒုတိယအဆင့် သို့မဟုတ် သိမ်းပိုက်ခြင်းနှင့် ဆိုင်သည့် အမှု၏ တတိယအဆင့်တို့ကို မစီစဉ်ထားခဲ့သေးပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက်တွင်၊ သူသည် ဤစကားများကို မည်သည့်အခါမျှ မပြောဆိုခဲ့သကဲ့သို့၊ မောဘ ပြီးသည့်နောက်တွင်လည်း ယင်းတို့ကို တစ်ကြိမ်တစ်ခါမျှ မပြောဆိုခဲ့ပေ။ အမှန်စင်စစ် လောတ မတိုင်မီတွင်၊ ယင်းတို့ကို သူ လုံးဝ မမိန့်မြွက်ခဲ့ပေ။ ဘုရားသခင်၏ အမှုအားလုံးကို ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု တိုးတက်လာပြီးဖြစ်သည့်ပုံ အတိအကျ ဖြစ်သည်။ ကမ္ဘာလောကကို မဖန်ဆင်းမီတွင် သူသည် “လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အနှစ်ချုပ်ဇယား” တစ်ခုကဲ့သို့သော ပုံစံ တစ်ခုဖြင့် ထိုသို့သော အစီအစဉ်တစ်ခုကို သူ လုံးဝ မရေးသားခဲ့ပေ။ ဘုရားသခင်၏ အမှုတွင် သူ၏ ဖြစ်ခြင်းကို သူတိုက်ရိုက် ဖော်ပြသည်။ အစီအစဉ်တစ်ခုကို ဖော်ထုတ်ရန် သူသည် ဦးနှောက်ခြောက်အောင် မစဉ်းစားချေ။ ဟုတ်ပေ၏၊ ပရောဖက် အနည်းငယ်တို့သည် ကြီးမြတ်သည့် ပရောဖက်ပြုချက်များစွာကို ပြောဆိုကြပြီး ဖြစ်သည်၊ သို့သော်လည်း ယင်းမှာ ဘုရားသခင်၏ အမှုသည် အမြဲ ရှင်းလင်းတိကျသည့် စီမံကိန်းတစ်ခု ဖြစ်လေပြီဟု ပြော၍ မရနိုင်ပေ။ ထိုပရောဖက်ပြုချက်များကို ထိုအချိန်က ဘုရားသခင်၏ အမှုနှင့်အညီ ပြုလုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူလုပ်ဆောင်သည့် အမှုအားလုံးသည် အစစ်မှန်ဆုံးသော အမှု ဖြစ်သည်။ သူသည် ယင်းကို ခေတ်ကာလ အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ဆောင်ရွက်ပြီး အမှုအရာများ ပြောင်းလဲပုံအပေါ် ယင်းကို အခြေပြုခဲ့သည်။ သူ့အတွက်၊ အမှုကို ဆောင်ရွက်ခြင်းသည် နာမကျန်းမှုကို ကုသရန် ဆေးတိုက်ပေးသည်နှင့် ဆင်တူသည်။ သူ၏ အမှုကို လုပ်ဆောင်စဉ်တွင်၊ သူစောင့်ကြည့် လေ့လာပြီး သူ၏ လေ့လာချက်များ အတိုင်း သူ၏ အမှုကို ဆက်လက် လုပ်ဆောင်လေသည်။ သူ့အမှု၏ အဆင့်တိုင်းတွင်၊ ဘုရားသခင်သည် သူ၏ ကြီးမားသည့် ဉာဏ်ပညာနှင့် အစွမ်းအစတို့ကို ဖော်ပြနိုင်စွမ်း ရှိသည်။ သူသည် သီးသန့် မည်သည့် ခေတ်မဆို၏ အမှုအတိုင်း သူ၏ ကြွယ်ဝသော ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ကို ထုတ်ဖော်ပြပြီး၊ ထိုခေတ်အတွင်းတွင် သူ ဆောင်ကြဉ်းခဲ့သည့် လူတို့အားလုံးကို သူ၏ စိတ်သဘောထား အလုံးစုံအား တွေ့မြင်ခွင့်ပေးလေသည်။ သူသည် သူ လုပ်သင့်သည့် မည်သည့်အမှုကိုမဆို လုပ်ဆောင်ရင်း၊ ခေတ်အသီးသီးတွင် လုပ်ဆောင်ဖို့ လိုအပ်သည့် အမှုနှင့်အညီ လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးလေသည်။ စာတန်က ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည့် အတိုင်းအတာအပေါ် အခြေခံပြီး ၎င်းတို့ လိုအပ်သည့်အရာကို လူတို့အား သူ ထောက်ပံ့သည်။...လူသားမျိုးနွယ်အလယ် ဘုရားသခင်၏ အမှုထဲမှ မည်သည့်အရာမျှ ကမ္ဘာလောကကို ဖန်ဆင်းခြင်းနှင့်တစ်ပြိုင်နက် ပြင်ဆင်ထားနှင့်ခဲ့ပြီးဖြစ်သည် မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား လူသားမျိုးနွယ်အလယ် သူ၏ အမှုကို တစ်ဆင့်ချင်းနှင့် သာ၍ စစ်မှန်ကာ လက်တွေ့ကျသည့် ပုံစံဖြင့် ဆောင်ရွက်ခွင့်ပေးပြီးဖြစ်သည်မှာ အမှုအရာများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ ဥပမာအားဖြင့် ယေဟောဝါသည် မိန်းမကို သွေးဆောင်ရန် မြွေကို မဖန်ဆင်းခဲ့ပေ။ ယင်းမှာ သူ၏ တိကျသော အစီအစဉ် မဟုတ်သကဲ့သို့၊ သူ တမင်တကာ ခွဲခန့်မှတ်သားထားသည့် အရာတစ်ခုလည်း မဟုတ်ခဲ့ချေ။ ဤသည်မှာ မျှော်လင့်မထားခဲ့သည့် အဖြစ်အပျက် တစ်ခု ဖြစ်ခဲ့သည်ဟု ပြော၍ရနိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပြီး လူကို မည်သည့်အခါမျှ တစ်ဖန် မဖန်ဆင်းဖို့ သန္နိဋ္ဌာန်ပြုခဲ့သည်မှာ ဤအရာကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် ဘုရားသခင်၏ ဉာဏ်ပညာကိုသာ တွေ့ရှိကြလေသည်။ ယင်းမှာ ယခင်က ငါပြောခဲ့သည့်အတိုင်းသာ ဖြစ်သည်- “ငါသည် ငါ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များပေါ် အခြေခံ၍ ကျင့်သုံးသည်။” လူသားမျိုးနွယ်သည် မည်သို့ တိုး၍ ဖောက်ပြန်ပျက်စီးသည် ဖြစ်စေ သို့မဟုတ် မြွေက ၎င်းတို့ကို မည်သို့ သွေးဆောင်သည် ဖြစ်စေ၊ ယေဟောဝါသည် သူ၏ဉာဏ်ပညာ ရှိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုသစ်တွင် ပါဝင်ပတ်သက်ပြီး ဖြစ်သကဲ့သို့၊ ဤအမှု၏ အဆင့်များထဲမှ မည်သည့်အဆင့်ကိုမျှ တစ်ကြိမ်တစ်ခါမျှ ထပ်မလုပ်ဖူးပေ။ စာတန်သည် အကြံအစည်များကို အဆက်မပြတ် အသက်သွင်းလေသည်၊ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အဆက်မပြတ် ခံရပြီးဖြစ်ကာ၊ ယေဟောဝါ ဘုရားသခင်သည် သူ၏ ဉာဏ်ပညာရှိသည့် အမှုကို မရပ်မနား ဆောင်ရွက်ပြီး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ မကျရှုံးဖူးသကဲ့သို့၊ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ကတည်းက အမှုပြုခြင်းကို မရပ်တန့်ဖူးပေ။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ် ဖြစ်ခဲ့သည့် ရန်သူ၊ ၎င်းကို အနိုင်ယူဖို့ လူသားမျိုးနွယ်အလယ်တွင် အမှုပြု‌မြဲပြုနေပြီး ဖြစ်သည်။ ဤတိုက်ပွဲသည် အစအဦးကတည်းက သဲကြီးမဲကြီး ဖြစ်ပွားခဲ့ပြီး ကမ္ဘာအဆုံးအထိ ဆက်လက်ဖြစ်ပွားလိမ့်မည် ဖြစ်သည်။ ဤအမှု အားလုံးကို လုပ်ဆောင်ရာတွင်၊ ယေဟောဝါ ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် လူသားများကို သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခွင့် ပေးပြီးသည်သာမက၊ သူ၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် ဩဇာအာဏာတို့ကိုလည်း တွေ့မြင်ခွင့် ပေးပြီးဖြစ်သည်။ ထို့အပြင် အဆုံးတွင် သူသည်- ဆိုးယုတ်သူကို အပြစ်ပေးပြီး ကောင်းမြတ်သည့်သူကို ဆုချီးမြှင့်ရင်း- သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို လူသားမျိုးနွယ်ကို မြင်ခွင့်ပေးမည် ဖြစ်သည်။ သူသည် စာတန်ကို ဤနေ့အထိ တိုက်ခိုက်ပြီးဖြစ်ကာ မရှုံးနိမ့်ဖူးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် ဉာဏ်ပညာ ရှိသည့် ဘုရားသခင် ဖြစ်ပြီး သူ၏ ဉာဏ်ပညာကို စာတန်၏ အကြံအစည်များအပေါ် အခြေခံကာ ကျင့်သုံးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံ၌ ရှိသမျှ အရာတိုင်းကို သူ၏ဩဇာအာဏာအား ကျိုးနွံနာခံစေသည်သာမက၊ ကမ္ဘာမြေပေါ်ရှိသည့် အရာတိုင်းကိုလည်း သူ၏ ခြေတင်ရာ ခုံအောက်တွင် အနားပေးထားကာ၊ အနည်းဆုံးအနေဖြင့် သူသည် လူသားမျိုးနွယ်ကို ကျူးကျော်ကာ နှောင့်ယှက်သည့် ဆိုးယုတ်သူများကို သူ၏ ပြစ်တင်ဆုံးမမှုအတွင်းသို့ ကျရောက်စေသည်။ ဤအမှု၏ အကျိုးရလဒ် အားလုံးသည် သူ၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကောင်းကင်၊ မြေကြီးပေါ် သို့မဟုတ် စကြဝဠာ တစ်ခုလုံး၌ မည်သည့်နေရာတွင်မဆို ရန်သူ မရှိသကဲ့သို့၊ သဘာဝအလယ်တွင် ကျူးကျော်ဝင်ရောက်သည့် မည်သည့် အမှောင်အင်အားစုများ မရှိခဲ့သည့်အတွက်၊ သူသည် သူ၏ဉာဏ်ပညာကို လူသားမျိုးနွယ် မတည်ရှိမီတွင် လုံးဝ မထုတ်ဖော်ပြခဲ့ဖူးပေ။ ကောင်းကင်တမန်မင်းက သူ့ကို သစ္စာဖောက်ခဲ့သည့်နောက်တွင်၊ သူသည် ကမ္ဘာပေါ်၌ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် ကောင်းကင်တမန်မင်း ဖြစ်သည့် စာတန်နှင့် နှစ်ထောင်ချီကြာသည့် သူ၏ စစ်ပွဲကို- ဆက်တိုက်အဆင့်အတိုင်းတွင် တိုး၍ ပြင်းထန်လာသည့် စစ်ပွဲတစ်ခုကို- တရားဝင် စတင်ခဲ့သည်မှာ လူသားမျိုးနွယ်ကြောင့် ဖြစ်သည်။ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့သည် ဤအဆင့်များ အသီးသီးတွင် ပါရှိသည်။ ထိုအခါမှသာ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ဘုရားသခင်၏ ဉာဏ်ပညာ၊ အနန္တတန်ခိုးနှင့် အထူးသဖြင့် ဘုရားသခင်၏ စစ်မှန်မှုကို မျက်မြင်တွေ့ကြရလေသည်။ သူသည် ယနေ့အထိ ဤသူ၏ အမှုကို အလားတူ ဤစစ်မှန်သည့် နည်းဟန်ဖြင့် ဆောင်ရွက်နေဆဲ ဖြစ်သည်။ ထို့အပြင် သူ၏အမှုကို သူ ဆောင်ရွက်သည်နှင့်အမျှ၊ သူ၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့ကိုလည်း သူ ထုတ်ဖော်ပြလေသည်။ သူသည် သင်တို့ကို အမှု၏ အဆင့်အသီးသီးနှင့်ဆိုင်သည့် အတွင်းကျကျ သမ္မာတရားကို မြင်ခွင့်၊ ဘုရားသခင်၏ အနန္တတန်ခိုးကို မည်သို့ရှင်းပြရမည်ဆိုသည်ကို အတိအကျ မြင်ခွင့်အပြင်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့်ဆိုင်သည့် ခိုင်မာသော ရှင်းပြချက် တစ်ခု မြင်ခွင့်ပေးလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

(၂၉၀) သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသည် အမြဲ ကောက်ကာငင်ကာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် အချိန်မရွေး သူ၏ အမှုကို စီစဉ်နိုင်ပြီး၊ အချိန်မရွေး ဆောင်ရွက်နိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စစ်မှန်ပြီး၊ ယင်းသည် အမြဲ သစ်လွင်သည်၊ မည်သည့်အခါမျှ မအိုဟောင်းသကဲ့သို့ အမြင့်ဆုံး အတိုင်းအတာအထိ အမြဲ လတ်ဆတ်သည်ဟု အဘယ်ကြောင့် ငါအမြဲ ပြောသနည်း။ ကမ္ဘာလောကကို ဖန်ဆင်းခဲ့ချိန်တွင် သူ၏အမှုကို စီစဉ်ခဲ့နှင့်ပြီးသား မဟုတ်ပေ။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာ လုံးဝ မဟုတ်ချေ။ အမှု၏ အဆင့်တိုင်းသည် သူနှင့်သက်ဆိုင်ရာ အချိန်ကာလအတွက် ယင်း၏ သင့်တော်သည့် အကျိုးတရားကို ရရှိပြီး အဆင့်များသည် အချင်းချင်း ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ အကြိမ်များစွာ သင့်စိတ်ထဲတွင် ရှိကောင်းရှိမည့် အစီအစဉ်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ နောက်ဆုံး အလုပ်များနှင့် တကယ့်ကိုကိုက်ညီမှုမရှိပေ။ သူ၏ လုပ်ဆောင်ချက်သည် လူသား တွေးခေါ် မြော်မြင်မှုလောက် မရိုးရှင်းသကဲ့သို့၊ လူသား စိတ်ကူးစိတ်သန်းလောက် မရှုပ်ထွေးချေ- ယင်းမှာ လူတို့အား ၎င်းတို့၏ လတ်တလော လိုအပ်ချက်များနှင့်အညီ အချိန်မရွေးနှင့် နေရာမရွေး ထောက်ပံ့ခြင်း ပါဝင်သည်။ လူသား၏ အနှစ်သာရနှင့်ပတ်သက်၍ သူ့ထက် မည်သူမျှ သာ၍ မရှင်းလင်းသကဲ့သို့၊ လူတို့၏ စစ်မှန်သော လိုအပ်ချက်များကို သူ၏ အမှု လုပ်ဆောင်သလောက် မည်သည့်အရာကမျှ ကောင်းစွာ မဖြည့်ဆည်းနိုင်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသား ရှုထောင့်တစ်ခုမှ၊ သူ၏ အမှုကို ထောင်စုနှစ်အချို့တွင် ကြိုတင် စီစဉ်ထားပြီးဖြစ်သည်ဟု ထင်ရသည်။ ယခု သူသည် သင်တို့အလယ်တွင် အမှုပြုသည်နှင့်အမျှ၊ သင်တို့ ရှိကြသည့် အခြေအနေများကို သူ စောင့်ကြည့်သည်နှင့်အမျှ၊ အမှုပြုကာ စကားပြောနေစဉ်တွင်၊ သူသည် လူတို့ လိုအပ်သည့်အရာ အတိအကျဖြစ်သည့် နှုတ်ကပတ်တော်များကို ပြောဆိုရင်း အခြေအနေ အမျိုးအစားတစ်ခုစီတိုင်းကို တွေ့ကြုံရာတွင် ပြောဖို့ မှန်ကန်သော နှုတ်ကပတ်တော်များ သူ၌ ရှိလေသည်။ သူ၏ အမှု ပထမအဆင့်- ပြစ်တင်ဆုံးမခြင်း အချိန်ကာလကို- ကြည့်လော့။ ယင်းနောက်တွင်၊ လူများသည် အပြုအမူ မျိုးစုံကို ပြသကြပြီး၊ နည်းလမ်းတစ်ခုခုဖြင့် ပုန်ကန်လိုလျက် ပြုမူကြသည်။ အပျက်သဘောဆောင်သော အခြေအနေ အချို့ကဲ့သို့၊ အပြုသဘောဆောင်သည့် အခြေအနေအမျိုးမျိုး ထွက်ပေါ်လာသည်။ ၎င်းတို့သည် ၎င်းတို့၏ အပျက်သဘောဆောင်မှုတွင် အတိုင်းအတာတစ်ခု ရောက်ရှိပြီး ၎င်းတို့ ကျဆင်းမည့် အနိမ့်ဆုံး အကန့်အသတ်များကို ပြသလေသည်။ ဘုရားသခင်သည် သူ၏ အမှုကို ဤအရာအားလုံးအပေါ်၌ အခြေခံပြီး စီမံဆောင်ရွက်သည်၊ ထိုသို့ဖြင့် သူ၏အမှုမှ သာ၍ များစွာ ကောင်းမွန်သည့် ရလဒ်တစ်ခု စွမ်းဆောင်ရရှိဖို့ ယင်းတို့ကို လက်မလွှတ်တမ်း အသုံးချလေသည်။ ဆိုလိုသည်မှာ သူသည် လူများ အလယ်တွင် မည်သည့်အချိန်တွင်မဆို ၎င်းတို့၏ လတ်တလော မည်သည့်အခြေအနေပေါ်တွင်ဖြစ်စေ အခြေခံ၍ အားဖြည့်ပေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သူသည် လူတို့၏ တကယ့် အခြေအနေများအတိုင်း သူ့အမှု၏ အဆင့်တိုင်းကို ဆောင်ရွက်လေသည်။ ဖန်ဆင်းခြင်း အားလုံးသည် သူ့လက်ထဲတွင် ရှိသည်။ ယင်းတို့ကို သူ အဘယ်သို့ မသိနိုင်ရမည်နည်း။ သူသည် လူများ၏ အခြေအနေများနှင့်အညီ လုပ်ဆောင်သင့်သည့် အမှု၏ နောက်တစ်ဆင့်ကို အချိန်မရွေး နေရာမရွေး ဆောင်ရွက်သည်။ ဤအမှုကို နှစ်ထောင်ပေါင်းများစွာက ကြိုတင်စီစဉ်ထားခြင်း လုံးဝ မဟုတ်ပေ။ ယင်းမှာ လူသား အယူအဆတစ်ခု ဖြစ်သည်။ သူသည် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကြည့်ရှုလေ့လာသည်နှင့်အမျှ အမှုပြုပြီး၊ သူ၏ အမှုသည် အဆက်မပြတ် နက်သည်ထက်နက်လာပြီး တိုးတက်လေသည်။ အချိန်တိုင်းတွင်၊ သူ့အမှု၏ ရလဒ်များကို ကြည့်ရှုလေ့လာပြီးနောက်၊ သူ့အမှု၏ နောက်ထပ်အဆင့်ကို သူအကောင်အထည် ဖော်လေသည်။ သူသည် ဖြည်းဖြည်းချင်း ကူးပြောင်းဖို့နှင့် အချိန်လွန်သည်နှင့်အမျှ လူတို့အား သူ၏ အမှုသစ်ကို မြင်၍ရနိုင်စေဖို့ အမှုအရာများစွာကို သူ အသုံးပြုလေသည်။ ဘုရားသခင်သည် လူများကို အလွန်ကောင်းစွာ သိရှိသည့်အတွက်၊ ဤအမှုပြုခြင်းပုံစံသည် လူတို့၏ လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ပေသည်။ ဤသည်မှာ ကောင်းကင်ဘုံမှ သူ၏ အမှုကို သူ ဆောင်ရွက်သည့်ပုံ ဖြစ်သည်။ ထိုနည်းတူ လူ့ဇာတိခံ ဘုရားသခင်သည် တကယ့် အခြေအနေများအတိုင်း အစီအစဉ်များ ပြုလုပ်ရင်းနှင့် လူသားများအလယ် အမှုပြုရင်း၊ အလားတူ နည်းလမ်းဖြင့် သူ၏ အမှုကို လုပ်ဆောင်လေသည်။ သူ၏အမှုထဲမှ မည်သည့်အရာကိုမျှ ကမ္ဘာလောကကို မဖန်ဆင်းမီက စီစဉ်ထားခဲ့ပြီးဖြစ်သည် မဟုတ်သကဲ့သို့၊ အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့ပြီးဖြစ်သည်လည်း မဟုတ်ပေ။ ကမ္ဘာလောကကို ဖန်ဆင်းပြီးနောက် အနှစ်နှစ်ထောင်အကြာတွင်၊ လူသားမျိုးနွယ်သည် အလွန် ဖောက်ပြန်ပျက်စီးလာခဲ့ပြီး ဖြစ်သည်ကို ယေဟောဝါ မြင်ခဲ့ပြီး၊ ပညတ်တော်ခေတ် အဆုံးသတ်ခဲ့ပြီးသည့်နောက်၊ ကျေးဇူးတော်ခေတ်၌ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းနှင့်ဆိုင်သည့် သူ့အမှုအား သူဆောင်ရွက်မည်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ ပရောဖက် ဟေရှာယ၏ နှုတ်ကို အသုံးပြုခဲ့သည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယေဟောဝါ၏ အစီအစဉ် ဖြစ်ခဲ့သည်၊ သို့သော် ဤအစီအစဉ်ကိုလည်း ထိုအချိန်က သူ လေ့လာကြည့်ရှုနေခဲ့သည့် အခြေအနေများအတိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အာဒံကို ဖန်ဆင်းပြီးသည့်နောက် ချက်ချင်း သူသည် ယင်းကို သေချာပေါက် မတွေးမိခဲ့ပေ။ ဟေရှာယသည် ပရောဖက်ပြုချက် တစ်ခုကို ဖွင့်ဟရုံမျှ ဖွင့်ဟခဲ့သော်လည်း၊ ယေဟောဝါသည် ပညတ်တော်ခေတ် အတွင်းတွင် ဤအမှုအတွက် ပြင်ဆင်မှုများ ကြိုတင် ပြုလုပ်ခဲ့ပြီးခြင်း မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် လူ့ဇာတိခံယူမည် ဖြစ်သည်ဆိုသည့် သတင်းစကားဖြင့် သူ့ကို အသိဉာဏ်ပွင့်လင်းစေဖို့ ယောသပ်၏ အိပ်မက်ထဲ၌ စေတမန် ပေါ်လာခဲ့ချိန်၊ ကျေးဇူးတော်ခေတ်၏ အစတွင် ယင်းကို သူ အသက်သွင်းခဲ့ပြီး၊ ထို့နောက်တွင်မှ သူ၏ လူ့ဇာတိခံယူခြင်းအမှု စတင်ခဲ့ပေသည်။ ဘုရားသခင်သည် လူများထင်သကဲ့သို့ ကမ္ဘာလောကကို ဖန်ဆင်းပြီးပြီးချင်း သူ၏လူ့ဇာတိခံယူခြင်းအမှုကို ပြင်ဆင်ထားခဲ့သည် မဟုတ်ပေ။ ယင်းကို လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သည့် အတိုင်းအတာနှင့် စာတန်နှင့် သူ၏ စစ်ပွဲအခြေအနေအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

(၂၉၁) ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသား၏ သက်သေခံရန် သတ်မှတ်ချက်များကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို လိုက်နာရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။ ထိုအချိန် ရောက်ရှိလာသည့်အခါ၊ ဘုရားသခင်၏ အမှုသည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ လူသားက သူ၏စိတ်သဘောထား၌ ပြောင်းလဲမှုများ ရရှိရန်အလို့ငှာ ဘုရားသခင်နှင့် လူသား၏ ပူးပေါင်းဆောင်ရွက်မှုသည် နောက်ထပ်ရှိတော့မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ကာ၊ ထိုအချိန်မှစ၍ ဘုရားသခင်ကို ပုန်ကန်ခြင်းများ သို့မဟုတ် ဆန့်ကျင်ခြင်းများ ရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည်လည်း လူသားနှင့်သက်ဆိုင်သည့် တောင်းဆိုမှုများ ပြုလိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုက လုံးဝ ပြီးဆုံးပြီးနောက်နှင့် လူသားသည် စာတန်၏ လက်ခုပ်တွင်းမှ ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီးသည့်နောက် ဖြစ်လာမည့် အသက်တာဖြစ်သော၊ လူသားနှင့် ဘုရားသခင်တို့ အတူတကွ သက်ဆိုင်သည့် အသက်တာဖြစ်မည့်၊ လူနှင့် ဘုရားသခင်ကြားက သာ၍ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခု ရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ မလိုက်လျှောက်နိုင်သူများသည် ထိုသို့သော အသက်တာတစ်ခုကို ရရှိနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်နေရမည့် အမှောင်ထဲသို့ မိမိတို့ကိုယ်တိုင် ဆင်းကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့နောက်မလိုက်သူများ၊ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏ အမှုအားလုံးကို မနာခံသူများ ဖြစ်ကြသည်။ လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်” သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မျက်စိစုံမှိတ် လိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှားခြင်းကို ခံရသည့် သူများဖြစ်ကြသည်။ အချိန်ကာလအသီးသီးတွင်၊ ဘုရားသခင်သည် အမှုသစ်ကို စတင်လိမ့်မည် ဖြစ်ပြီး၊ အချိန်ကာလ အသီးသီးတွင်၊ လူသားအလယ် အသစ်သော စတင်မှု တစ်ခု ရှိလိမ့်မည်။ ၎င်းတို့နှင့် သက်ဆိုင်ရာ ခေတ်များကိုသာ အကျိုးသက်ရောက်မှု ရှိသည့် “ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်” နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်” ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာပါက၊ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဘယ်သောအခါမျှ အမီလိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထာဝရ ရရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

(၂၉၂) ဘုရားသခင် ကိုယ်တိုင် ခေတ်တစ်ခုကို စတင်ရန် ကြွလာပြီး၊ ဘုရားသခင် ကိုယ်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် ကြွလာပေသည်။ လူသည် ခေတ်ကို အစပြုခြင်းနှင့် ခေတ်ကို အဆုံးသတ်ခြင်း အမှုကို လုပ်ဆောင်နိုင်စွမ်းမရှိချေ။ ယေရှုသည် သူကြွလာပြီးနောက် ယေဟောဝါ၏အမှုကို အဆုံးသတ်သို့ မဆောင်ကြဉ်းခဲ့ပါက၊ ယင်းမှာ သူသည် လူသားတစ်ဦးမျှသာဖြစ်ခဲ့ပြီး၊ ဘုရားသခင်ကို ကိုယ်စားပြုနိုင်စွမ်းမရှိသည့် သက်သေ ဖြစ်ခဲ့ပေမည်။ အတိအကျအားဖြင့် ယေရှုကြွလာခဲ့ပြီး ယေဟောဝါ၏အမှုကို အဆုံးသတ်ခဲ့သောကြောင့်၊ ယေဟောဝါ၏ အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည့်အပြင်၊ သူကိုယ်တိုင်၏ အမှုကို ဆောင်ရွက်ခဲ့ကြောင့်၊ ယင်းက ဤသည်မှာ ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်ကို သက်သေပြပေသည်။ ၎င်းတို့သည် အမှု၏ ကွဲပြားစွာ မတူသော အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြပေသည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်ထဲတွင် ဆောင်ရွက်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း ဦးဆောင်ရန်ဖြစ်ခဲ့ပြီး၊ အခြားတစ်ခုမှာ အပြစ်ဖြေရာယဇ်တစ်ခုကို ပူဇော်ရန်ဖြစ်ခဲ့သည်။ အမှု၏ ဤအဆင့် နှစ်ဆင့်သည် ထင်ထင်ရှားရှား ကွဲပြားကြသည်။ ဤအရာက ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ ယင်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်ဖြစ်သည်ဟု ပြောရန် လုံးဝမှန်ပေသည်။ ၎င်းတို့ အမှု၏ တည်နေရာသည် ကွဲပြားခဲ့ပြီး၊ ၎င်းတို့ အမှု၏ အကြောင်းအရာလည်း ကွဲပြားခဲ့သကဲ့သို့၊ ၎င်းတို့ အမှု၏ ရည်မှန်းချက်သည်လည်း ခြားနားကြသည်။ ထိုသို့ဖြင့် ယင်းတို့ကို ခေတ်နှစ်ခေတ်အဖြစ် ခွဲခြား၍ရနိုင်ပေသည်- ဓမ္မဟောင်းနှင့် ဓမ္မသစ်ဟူ၍ ဖြစ်သည်၊ ယင်းမှာ ခေတ်သစ်နှင့် ခေတ်ဟောင်းများဟု ပြော၍ရပေသည်။ ယေရှု ကြွလာခဲ့ချိန်တွင် သူသည် ဗိမာန်တော်ထဲသို့ မသွားခဲ့ပေ၊ ယင်းက ယေဟောဝါ၏ခေတ် အဆုံးသတ်ခဲ့ပြီးဖြစ်သည်ကို သက်သေပြပေသည်။ ဗိမာန်တော်ထဲက ယေဟောဝါ၏ အမှုသည် ပြီးစီးပြီးဖြစ်ကာ တစ်ဖန်လုပ်ဆောင်ရန် မလိုအပ်တော့သကဲ့သို့၊ ယင်းကို တစ်ဖန် လုပ်ဆောင်ခြင်းသည် ထပ်ကျော့ခြင်း ဖြစ်မည်ဖြစ်သောကြောင့်၊ သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဗိမာန်တော် ပြင်ပတွင် အမှုသစ်တစ်ခုကို စတင်ရင်းနှင့် လမ်းကြောင်းသစ်ကို စတင်ရင်း၊ ဗိမာန်တော်ကို စွန့်ခွာခြင်းအားဖြင့်သာ၊ သူသည် ဘုရားသခင်၏ အမှုကို အထွတ်အထိပ်သို့ ဆောင်ကြဉ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အမှုကို လုပ်ဆောင်ရန် သူသည် ဗိမာန်တော်မှ ထွက်မသွားခဲ့ပါက၊ ဘုရားသခင်၏ အမှုသည် ဗိမာန်တော်၏ အခြေခံအုတ်မြစ်များပေါ်တွင် တန့်သွားပေမည်ဖြစ်ပြီး၊ အသစ်သော ပြောင်းလဲမှု တစ်ခုတစ်လေမျှ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယေရှုကြွလာခဲ့ချိန်တွင် သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်သကဲ့သို့၊ သူ၏အမှုကို ဗိမာန်တော်ထဲတွင် မလုပ်ဆောင်ခဲ့ပေ။ သူသည် သူ၏ အမှုကို ဗိမာန်တော်ပြင်ပတွင် လုပ်ဆောင်ခဲ့ပြီး၊ တပည့်တော်များကို ဦးဆောင်ရင်း၊ သူ၏အမှုကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့သည်။ သူ၏အမှုကို လုပ်ဆောင်ရန် ဗိမာန်တော်မှ ဘုရားသခင်၏ ထွက်ခွာခြင်းက ဘုရားသခင်တွင် အသစ်သော အစီအစဉ်တစ်ခု ရှိခဲ့သည်ကို ရည်ရွယ်ခဲ့ပေသည်။ သူ၏ အမှုမှာ ဗိမာန်တော်ပြင်ပတွင် ဦးစီးဦးရွက်ပြုရန်နှင့် ယင်း၏ အကောင်အထည်ဖော်ခြင်း ပုံစံတွင် ဘောင်ခတ်မခံရသည့် အမှုသစ်ဖြစ်ဖို့ ဖြစ်ခဲ့ပေသည်။ ယေရှု ရောက်ရှိလျှင်ရောက်ရှိချင်း၊ ဓမ္မဟောင်းခေတ်အတွင်းရှိ ယေဟောဝါ၏ အမှုကို အဆုံးသတ်သို့ သူဆောင်ကြဉ်းခဲ့သည်။ ၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။ သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။ အခိုက်အတန့် တစ်ခုမှ တစ်ခုသို့၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နည်းလမ်းဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို မည်သည့်အခါတွင်မျှ မဖက်တွယ်ထားဘဲ၊ အမှုသစ်ကို လုပ်ဆောင်နေသည်။ သူ၏အမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ခဲ့ဘဲ၊ ကုန်လွန်သည့် အခိုက်အတန့်တစ်ခုစီနှင့်အတူ ဖြစ်ပျက်လာနေလေသည်။...ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

(၂၉၃) သခင်ယေရှု ကြွလာခဲ့ချိန်တွင်၊ သူသည် ဘုရားသခင်က ပညတ်တော်ခေတ်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ အမှုသစ်ကို စတင်ခဲ့ပြီးဖြစ်သည်ဆိုသည်နှင့် ဤအမှုသစ်သည် ဥပုသ်နေ့ကို စောင့်ထိန်းခြင်း မလိုအပ်သည်ကို လူတို့အား ပြောပြဖို့ သူ၏ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို အသုံးပြုခဲ့သည်။ ဥပုသ်နေ့၏ ဘောင်များမှ ဘုရားသခင် ထွက်လာခြင်းသည် သူ၏ အမှုသစ်နှင့် သက်ဆိုင်သည့် အမြည်းတစ်ခုသာ ဖြစ်သည်။ စစ်မှန်ပြီး ကြီးမြတ်သော အမှုက လာဦးမည်ဖြစ်သည်။ သခင်ယေရှုသည် သူ၏အမှုကို စတင်ခဲ့ချိန်တွင်၊ သူသည် ပညတ်တော်ခေတ်၏ “အချုပ်အနှောင်” တို့ကို နောက်ချန် ထားခဲ့နှင့်ပြီးဖြစ်ကာ၊ ထိုခေတ်၏ စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံသဘောတရားတို့ကို ချိုးဖျက်ခဲ့ပြီးဖြစ်သည်။ သူ့ထံတွင် ပညတ်တော်နှင့် ဆက်နွှယ်သော မည်သည့်အရာမဆို၏ အရိပ်လက္ခဏာတစ်ခုမျှ မရှိခဲ့ပေ။ သူသည် ယင်းကို လုံးဝ စွန့်ပစ်ခဲ့ပြီးဖြစ်ကာ စောင့်ထိန်းခြင်း မရှိတော့သကဲ့သို့၊ လူသားမျိုးနွယ်အား ယင်းကို စောင့်ထိန်းစေရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ဤနေရာတွင် သခင်ယေရှုသည် ဥပုသ်နေ့တွင် ပြောင်းဖူးခင်းကို ဖြတ်သွားခဲ့ပြီး၊ သခင်က အနားယူခြင်း မရှိခဲ့သည်ကို သင် တွေ့ရပေသည်။ သူသည် အပြင်၌ အလုပ်လုပ်နေခဲ့ပြီး အနားယူမနေခဲ့ပေ။ သူ၏ ဤလုပ်ရပ်သည် လူတို့၏ အယူအဆများအဖို့ အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့ပြီး၊ သူသည် ပညတ်တော်အောက်တွင် မနေတော့သကဲ့သို့၊ ဥပုသ်နေ့၏ ဘောင်ုများကို ထားခဲ့ပြီးဖြစ်ကာ လူသားမျိုးနွယ် ရှေ့နှင့် ၎င်းတို့အလယ်တွင် ပုံစံသဏ္ဌာန်သစ်၊ အမှုပြုသည့် နည်းလမ်းအသစ်ဖြင့် ပေါ်ထွန်းခဲ့ပြီးဖြစ်သည်ကို ၎င်းတို့ထံ ပြောပြလေသည်။ သူ၏ ဤအပြုအမူသည် ပညတ်တော်အောက်မှ ပေါ်ထွက်ခြင်းနှင့် ဥပုသ်မှ ထွက်ခွာခြင်းဖြင့်စတင်သော အမှုဖြစ်သည့် အမှုသစ်ကို သူနှင့်အတူ ယူဆောင်ခဲ့ပြီးဖြစ်သည်ကို လူတို့ကို ပြောပြလေသည်။ ဘုရားသခင်က သူ၏အမှုသစ်ကို ဆောင်ရွက်သောအခါတွင်၊ သူသည် အတိတ်ကို ဖက်တွယ် မနေတော့သကဲ့သို့၊ ပညတ်တော်ခေတ်၏ စည်းမျဉ်းစည်းကမ်းတို့နှင့်ပတ်သက်၍ အရေးထားခြင်း မရှိတော့ပေ။ ယခင်ခေတ်က သူ၏အမှုဖြင့် သူသည် အထိခိုက်မခံခဲ့ဘဲ၊ ယင်းအစား အခြားနေ့တွင် သူ လုပ်ဆောင်ခဲ့သည့်အတိုင်းပင် ဥပုသ်နေ့၌ သူ အမှုပြုခဲ့ပြီး၊ သူ၏ တပည့်တော်တို့သည် ဥပုသ်နေ့၌ ဆာလောင်ခဲ့ချိန်တွင်၊ ပြောင်းဖူးသီးနှံတို့ကို စားရန် ၎င်းတို့ ခူးဆွတ်နိုင်ခဲ့ကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အမြင်တွင် အလွန် ပုံမှန် ဖြစ်ပေသည်။ ဘုရားသခင်အတွက်၊ ယင်းမှာ သူလုပ်ဆောင်လိုသော အမှုသစ်များစွာနှင့် သူပြောလိုသည် နှုတ်ကပတ်တော်သစ်များအတွက် အသစ်သော အစပြုခြင်း တစ်ခုရှိဖို့ လက်သင့်ခံနိုင်စရာ ဖြစ်ပေသည်။ တစ်စုံတစ်ရာကို သူ အသစ်စတင်သောအခါတွင်၊ သူသည် သူ၏ယခင် အမှုကို မပြောဆိုသကဲ့သို့၊ ယင်းကို ဆက်လက်၍လည်း မဆောင်ရွက်ပေ။ ဘုရားသခင်သည် သူ၏ အမှုတွင် အခြေခံသဘောတရားများ ရှိသောကြောင့်၊ အမှုသစ်ကို သူ စတင်လိုသောအခါတွင် ယင်းမှာ လူသားမျိုးနွယ်ကို သူ့အမှု၏ အဆင့်အသစ်တစ်ခုထဲသို့ သူခေါ်ဆောင်လိုသော အချိန်ပင်ဖြစ်ပြီး သူ့အမှုက သာ၍ မြင့်မားသောအဆင့်တစ်ခုထဲသို့ ဝင်ရောက်မည့်အချိန် ဖြစ်သည်။ လူတို့သည် ဆိုရိုးစကားဟောင်းများ သို့မဟုတ် စည်းမျဉ်းများအတိုင်း ဆက်လက်ပြုမူလျှင်၊ သို့မဟုတ် ယင်းတို့ကို ဆက်လက် ခိုင်မြဲစွာ စွဲကိုင်ထားပါက၊ သူသည် ယင်းကို အောက်မေ့မည်မဟုတ်၊ သို့မဟုတ် လက်ခံမည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူသည် အမှုသစ်ကို ယူဆောင်နှင့်ပြီး ဖြစ်ကာ သူ့အမှု၏ အဆင့်အသစ်ထဲသို့ ဝင်ရောက်ပြီး သောကြောင့်ဖြစ်သည်။ အမှုသစ်ကို သူစတင်သောအခါတွင်၊ လူတို့က သူ၏စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ မတူညီသော ရှုထောင့်တို့ကို မြင်နိုင်ဖို့အလို့ငှာ၊ ပြီးပြည့်စုံသော ပုံသဏ္ဌာန်သစ်တစ်ခုဖြင့်၊ လုံးဝ အသစ်ဖြစ်သော ရှုထောင့်တစ်ခုမှ၊ ပြီးလျှင် လုံးဝ အသစ်ဖြစ်သော လမ်းခရီးတစ်ခုဖြင့် လူသားမျိုးနွယ်ထံ သူပေါ်ထွန်းလေသည်။ ဤသည်မှာ သူ၏အမှုသစ်ထဲရှိ သူ၏ပန်းတိုင်များထဲမှ တစ်ခုဖြစ်သည်။ ဘုရားသခင်က အိုဟောင်းသောအရာများကို မဖက်တွယ်ပေ သို့မဟုတ် အခေါက်ခေါက် အခါခါ သွားထားသော လမ်းကြောင်းကို မလျှောက်ပေ။ သူ အမှုပြုပြီး စကားပြောသောအခါတွင်၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ ပိတ်ပင်တားမြစ်ခြင်း မရှိပေ။ ဘုရားသခင်၌ အားလုံးသည် လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်၊ ပြီးလျှင် ပိတ်ပင်တားမြစ်ခြင်း မရှိ၊ ကန့်သတ်ခြင်းတို့ မရှိပေ- လူသားမျိုးနွယ်ထံ သူ ယူဆောင်လာသောအရာသည် လွတ်လပ်ခြင်းနှင့် အချုပ်အချယ် ကင်းခြင်းတို့ဖြစ်သည်။ သူသည် အသက်ရှင်သော ဘုရားသခင်၊ စစ်မှန်စွာ အမှန်တကယ် တည်ရှိသော ဘုရားသခင်ဖြစ်သည်။ သူသည် ရုပ်သေးရုပ်တစ်ရုပ်၊ သို့မဟုတ် ရွှံ့စေးရုပ်တုတစ်ခု မဟုတ်သကဲ့သို့၊ လူတို့ အမြတ်တနိုးထားပြီး ကိုးကွယ်သော ရုပ်တုများနှင့် လုံးဝ ကွဲပြားသည်။ သူသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးကို စွဲကိုင်ထားသောကြောင့်၊ သူသည် အသက်ရှင်ပြီး အားမာန်အပြည့်ရှိကာ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုက လူသားမျိုးနွယ်ထံ ယူဆောင်သမျှအားလုံးသည် အသက်နှင့် အလင်း၊ လွတ်လပ်မှုအားလုံးနှင့် အချုပ်အချယ် ကင်းခြင်းတို့ဖြစ်သည်- သူသည် သူ၏ မည်သည့်အမှုဖြင့်မဆို ကန့်သတ်ခြင်း မခံရပေ။ လူတို့ မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သူ၏ အမှုသစ်ကို ၎င်းတို့ မည်သို့ မြင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့ အကဲဖြတ်သည်ဖြစ်စေ၊ စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ သူ၏အမှုကို သူ ဆောင်ရွက်လိမ့်မည်။ မည်သူ၏ အယူအဆများ၊ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့ကို လက်ညှိုးထိုးဝေဖန်ခြင်းများ၊ သို့မဟုတ် သူ၏အမှုသစ်အပေါ် ၎င်းတို့၏ အားကောင်းသော ဆန့်ကျင်ခြင်းနှင့် ခုခံခြင်းတို့နှင့် ပတ်သက်၍ပင် သူစိုးရိမ်ပူပန်မည် မဟုတ်ပေ။ ဘုရားသခင် လုပ်ဆောင်သောအရာကို တိုင်းတာရန်၊ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ရန်၊ သူ၏ အမှုကို သိက္ခာချရန်၊ နှောင့်ယှက်ရန်၊ သို့မဟုတ် တမင်ဖျက်ဆီးရန် ဖန်ဆင်းခံအားလုံးအလယ်တွင် ဘယ်သူကမျှ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု၊ သို့မဟုတ် လူသား၏ စိတ်ကူးစိတ်သန်း၊ အသိပညာ၊ သို့မဟုတ် ကိုယ်ကျင့်တရားကို အသုံးမပြုနိုင်ချေ။ သူ၏အမှုနှင့် သူ လုပ်ဆောင်သောအရာတို့တွင် ပိတ်ပင်တားမြစ်ခြင်းတို့ မရှိပေ။ ယင်းသည် မည်သည့်လူ၊ အကြောင်းအရာ၊ သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းမျှ ခံရမည်မဟုတ်၊ မည်သို့သော ရန်လိုသည့် အင်အားစုမျှ၏ နှောင့်ယှက်ခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ သူ၏အမှုသစ်နှင့် ပတ်သက်ပါက၊ သူသည် အစဉ်အောင်နိုင်သော ရှင်ဘုရင်တစ်ပါးဖြစ်ပြီး လူသားမျိုးနွယ်၏ မည်သည့် ရန်လိုသော အင်အားစုများ၊ အယူလွဲမှားမှုများနှင့် အတွေးမှားများမဆိုသည် သူ၏ ခြေတင်ခုံအောက်တွင် နင်းချေခြင်းကို ခံကြရသည်။ သူ့အမှု၏ မည်သည့်အဆင့်အသစ်ကို သူဆောင်ရွက်နေသည် ဖြစ်စေ ယင်းသည် လူသားမျိုးနွယ်အလယ်တွင် ဧကန်မုချ တိုးတက်ကာ တိုးချဲ့လိမ့်မည်ဖြစ်ပြီး၊ သူ၏ ကြီးမားသောအမှု ပြီးပြည့်စုံသည်အထိ စကြဝဠာတစ်ခွင်လုံးတစ်လျှောက်တွင် အတားအဆီးမရှိ ဧကန်မုချ ဆောင်ရွက်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ သူ၏ ဩဇာအာဏာနှင့် တန်ခိုးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

(၂၉၄) ဘုရားသခင်သည် မတူညီသော ခေတ်များနှင့်အညီ၊ သူ၏ နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ၏ အမှုကို လုပ်ဆောင်သည်၊ ပြီးလျှင် မတူညီသော ခေတ်များတွင် မတူညီသော နှုတ်ကပတ်တော်များကို ပြောဆိုလေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာပေ၊ သို့မဟုတ် အမှုတစ်ခုတည်းကို ထပ်မလုပ်ဆောင်ပေ၊ သို့မဟုတ် အတိတ်၏ အမှုအရာများကို တသသ လွမ်းဆွတ်မနေပေ။ သူသည် အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသော ဘုရားသခင်ဖြစ်သကဲ့သို့၊ နေ့စဉ် နှုတ်ကပတ်တော်သစ်များကို သူပြောဆိုလေသည်။ သင်သည် ယနေ့ လိုက်နာသင့်သည့်အရာကို လိုက်နာသင့်သည်။ ဤသည်မှာ လူ၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ မျက်မှောက်ခေတ်တွင် လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလင်းနှင့် နှုတ်ကပတ်တော်ကို ဗဟိုပြုရန်မှာ အရေးကြီးပေသည်။ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသကဲ့သို့၊ သူ၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ပေါ်လွင်စေဖို့ မတူကွဲပြားသော ရှုထောင့်များစွာမှ စကားပြောနိုင်လေသည်။ သူသည် ဝိညာဉ်တော်၏ ရှုထောင့်မှ စကားပြောသည် ဖြစ်စေ၊ လူ၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ ဘေးလူတစ်ဦး၏ ရှုထောင့်မှ စကားပြောသည်ဖြစ်စေ- ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ သူ စကားပြောဆိုသည့် လူ၏ရှုထောင့်ကြောင့် သူသည် ဘုရားသခင် မဟုတ်ဟု သင်ပြော၍ မရနိုင်ပေ။ ဘုရားသခင် စကားပြောဆိုသည့် မတူညီသော ရှုထောင့်များ၏ အကျိုးဆက်အနေဖြင့် လူအချို့ကြားတွင် အယူအဆများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့သော လူများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာမရှိသကဲ့သို့၊ သူ၏ အမှုနှင့်ဆိုင်သည့် အသိပညာမရှိပေ။ ဘုရားသခင်သည် ရှုထောင့်တစ်ခုမှ အမြဲစကားပြောပါက၊ လူသည် ဘုရားသခင်နှင့် ပတ်သက်သော စည်းမျဉ်းများ ချမှတ်မည် မဟုတ်လော။ ဘုရားသခင်သည် လူကို ထိုသို့ပြုမူဖို့ ခွင့်ပြုနိုင်မည်လော။ မည်သည့် ရှုထောင့်မှ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် သူသည် ရည်ရွယ်ချက်ရှိ၏။ ဘုရားသခင်သည် ဝိညာဉ်တော်၏ ရှုထောင့်မှ အမြဲစကားပြောခဲ့မည်ဆိုပါက၊ သင်သည် သူနှင့် ထိတွေ့နိုင်မည်လော။ ထို့ကြောင့် သင့်ကို သူ၏ နှုတ်ကပတ်တော်များ ထောက်ပံ့ပေးဖို့နှင့် လက်တွေ့အရှိတရားထဲသို့ သင့်ကို လမ်းပြဖို့ရန် သူသည် တစ်ခါတစ်ရံတွင် ဘေးလူတစ်ဦး၏ ရှုထောင့်မှ သင့်ကို စကားပြောပေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်တင့်လျောက်ပတ်သည်။ အတိုချုပ် ပြောရလျှင်၊ ထိုအရာအားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ဤအရာကို သင် သံသယမထားသင့်ပေ။ သူသည် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် မည်သည့် ရှုထောင့်မှ သူစကားပြောသည်ဖြစ်စေ သူသည် အမြဲ ဘုရားသခင် ဖြစ်ပေလိမ့်မည်။ ဤသည်မှာ မပြောင်းနိုင်သော အမှန်တရားဖြစ်သည်။ သူ မည်ကဲ့သို့ အမှုပြုသည် ဖြစ်စေ၊ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် ပြောင်းလဲလိမ့်မည်မဟုတ်။ ပေတရုသည် ဘုရားသခင်ကို အလွန်ချစ်ပြီး ဘုရားသခင်၏ စိတ်နှလုံးနှင့် ကိုက်ညီသော လူတစ်ဦး ဖြစ်ခဲ့သော်လည်း၊ ဖြစ်တည်မှု၏ အနှစ်သာရသည် ဖြစ်သည့်အတိုင်းရှိပြီး လုံးဝ မပြောင်းလဲနိုင်သည့်အတွက်၊ ဘုရားသခင်သည် ပေတရုကို သခင် သို့မဟုတ် ခရစ်တော်အဖြစ် မမြင်ခဲ့ပေ။ သူ၏ အမှုတွင်၊ ဘုရားသခင်သည် စည်းမျဉ်းများကို မလိုက်နာသော်လည်း၊ သူ၏ အမှုကို ထိရောက်စေရန်နှင့် သူနှင့်ဆိုင်သည့် လူသား၏ အသိပညာကို နက်နဲလာစေရန် မတူညီသော နည်းစနစ်များကို အသုံးပြုလေသည်။ သူ၏ အမှုပြုခြင်း နည်းစနစ်တိုင်းက လူသားအား သူ့ကို သိဖို့ ကူညီသကဲ့သို့၊ လူကို စုံလင်စေဖို့အလို့ငှာ ဖြစ်ပေသည်။ မည်သည့် အမှုပြုခြင်း နည်းစနစ်ကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ၊ အသီးသီးသည် လူသားကို တည်ဆောက်ပေးဖို့နှင့် စုံလင်စေဖို့အလို့ငှာ ဖြစ်သည်။ သူ၏ အမှုပြုခြင်း နည်းစနစ်များထဲမှတစ်ခုသည် အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခု ကြာရှည်ခံကောင်း ခံနိုင်သော်လည်း၊ ဤသည်မှာ ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းကို ဖေးမဖို့အလို့ငှာ ဖြစ်ပေသည်။ ထို့ကြောင့် သင်၏ စိတ်နှလုံး၌ သံသယမရှိသင့်ပေ။ ဤအရာများအားလုံးသည် ဘုရားသခင်၏ အမှု၏ အဆင့်များ ဖြစ်ပြီး ယင်းတို့ကို သင်တို့ နာခံရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

(၂၉၅) နောက်ဆုံးသောကာ၏ လူ့ဇာတိခံ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရန်၊ လူသား၏ အသက်တာအတွက် လိုအပ်သမျှ အားလုံးကို ရှင်းပြရန်၊ မည်သည့်အရာထဲသို့ လူသား ဝင်ရောက်သင့်သည်ကို ညွှန်ပြရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူသားအားပြသရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာ၊ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့ကို လူသားအား ပြသရန် ကြွလာပြီ ဖြစ်သည်။ ဘုရားသခင်ပြောဆိုသည့် နည်းလမ်းများစွာမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ သာလွန်မှု၊ ဘုရားသခင်၏ ကြီးမြတ်မှုတို့အပြင်၊ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုတို့ကို ရှုမြင်ရသည်။ ဘုရားသခင်သည် အထွတ်အထိပ် ဖြစ်သော်လည်း၊ သူသည် နှိမ့်ချပြီး၊ ကွယ်ဝှက်သကဲ့သို့၊ အားလုံးထဲမှ အရေးမပါဆုံးသူ ဖြစ်လာနိုင်သည်ကို လူသားက မြင်ရသည်။ သူ၏နှုတ်ကပတ်တော်ထဲမှ အချို့ကို ဝိညာဉ်တော်၏ ရှုထောင့်မှ တိုက်ရိုက် ပြောဆိုခဲ့သည်၊ အချို့ကို လူသား၏ရှုထောင့်မှ တိုက်ရိုက်ပြောဆိုပြီး၊ အချို့ကို ဘေးလူတစ်ဦး၏ရှုထောင့်မှ ပြောဆိုလေသည်။ ဤအရာတွင်၊ ဘုရားသခင်၏ အမှု နည်းဟန်များသည် အလွန် ကွဲပြားပြီး၊ ယင်းကို လူသားအား သူ မြင်တွေ့စေသည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏အမှုသည် ပုံမှန်ဖြစ်သကဲ့သို့ စစ်လည်း စစ်မှန်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလထဲက လူစုသည် အားလုံးထဲမှ အကြီးမားဆုံးသော စမ်းသပ်မှုကို ခံရလေသည်။ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့်၊ လူအားလုံးသည် ထိုသို့သော စမ်းသပ်မှုများအလယ် ဝင်ရောက်ကြပြီးဖြစ်သည်။ လူသားသည် ဘုရားသခင်၏ စမ်းသပ်မှုများထဲသို့ သက်ဆင်းရပြီးဖြစ်သည်မှာ ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် စစ်မှန်မှုကြောင့် ဖြစ်သည်။ ယေရှု၏ခေတ်အတွင်းတွင်၊ အယူအဆများနှင့် စမ်းသပ်မှုများ မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယေရှုပြုခဲ့သည့် အမှုအများစုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ လူများက သူ့နောက်လိုက်ခဲ့ကြကာ၊ သူနှင့်ပတ်သက်ပြီး အယူအဆများ မရှိခဲ့ကြချေ။ ယနေ့၏ စမ်းသပ်မှုများသည် လူသားက ရင်ဆိုင်ဖူးသည့် အကြီးမားဆုံးသော စမ်းသပ်မှုဖြစ်ပြီး၊ ဤလူတို့သည် ကြီးမားသော ဆင်းရဲဒုက္ခမှ ထွက်ပေါ်လာကြပြီးဖြစ်သည်ဟု ဆိုသည့်အခါတွင် ဤသည်မှာ ရည်ညွှန်းထားသည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ဆင်းရဲဒုက္ခကို လက်ခံခြင်းနှင့် နာခံခြင်းတို့ကို လူတို့အထဲတွင် ပေါက်ဖွားစေရန် စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် လူသား၏ သဘာဝ အနှစ်သာရ၊ လူသား၏ အပြုအမူနှင့် ယနေ့ လူသား ဝင်ရောက်သင့်သည့်အရာနှင့်အညီ ပြောဆိုထားခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်သကဲ့သို့ ပုံမှန်လည်း ဖြစ်သည်။ သူသည် မနက်ဖြန်နှင့်သက်ဆိုင်၍ မပြောဆိုသကဲ့သို့၊ ယမန်နေ့ကိုလည်း ပြန်မလှည့်ကြည့်ပေ။ ယနေ့ ဝင်ရောက်သင့် သည့်အရာ၊ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် နားလည်သင့်သည့် အရာများကိုသာ သူ ပြောဆိုသည်။ မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။ ယနေ့ ဘုရားသခင်၏ အမှုသည် အဘယ်ကြောင့် ယေရှု၏ အမှုနှင့် မတူ ကွဲပြားရသနည်း။ ယနေ့ ဘုရားသခင်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြသနည်း၊ နတ်ဆိုးများကို မနှင်ထုတ်သနည်း၊ ပြီးလျှင် အဘယ်ကြောင့် မကျန်းမာသောသူများကို အနာမငြိမ်းစေသနည်း။ ယေရှု၏ အမှုသည် ပညတ်တော်ခေတ်အတွင်း လုပ်ဆောင်ခဲ့သော အမှုနှင့် တူညီခဲ့မည်ဆိုပါက၊ သူသည် ကျေးဇူးတော်ခေတ်၏ ဘုရားသခင်ကို ကိုယ်စားပြုပြီး ဖြစ်နိုင်မည်လော။ သူသည် ကားစင်တင်ခံရခြင်း အမှုကို ပြီးစီးပြီး ဖြစ်နိုင်မည်လော။ ပညတ်တော်ခေတ်ထဲကကဲ့သို့ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်ပြီး ဥပုသ်နေ့ကို စောင့်ထိန်းခဲ့ပါက၊ သူသည် မည်သူမျှ၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံခဲ့ရမည် မဟုတ်သကဲ့သို့၊ အားလုံးက ကြိုဆိုလက်ခံခဲ့ကြမည် ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက၊ သူသည် ကားစင်တင်ခံရပြီး ဖြစ်နိုင်မည်လော။ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးပြီးဖြစ်နိုင်မည်လော။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံ ဘုရားသခင်သည် ယေရှုပြုခဲ့သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသမည်ဆိုပါက၊ အဘယ် အဓိပ္ပာယ် ရှိမည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်သည် သူ့အမှု၏ နောက်တစ်ပိုင်း၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အစိတ်အပိုင်းကို ကိုယ်စားပြုသည့် အရာတစ်ခုကို လုပ်မှသာ၊ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သာ၍ နက်ရှိုင်းသော အသိပညာကို ရရှိနိုင်ပြီး ထိုအခါမှသာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပြီးစီးနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

(၂၉၆) နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ချိန်တွင် လူသားကို ပြည့်စုံစေသောအခါ၊ လူသားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မျှော်လင့်ဖို့ အရည်အချင်း ပြည့်မီပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာပြီး သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို နာခံနိုင်သည့်အခါတွင်၊ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်သည့်အခါ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မည်သည့်အယူအဆမျှ ရှိတော့မည် မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် သင်သည် ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်စွမ်းမရှိချေ- ဤအခြေအနေတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်တွေ့ရန် အရည်အချင်း ပြည့်မီသည်ဟု သင်ထင်ပါသလော။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဘုရားသခင် ပြသည့်အချိန်တွင်၊ ယင်းမှာ လူသားကို ဘုရားသခင် အပြစ်ပေးသည့်အချိန်ဖြစ်ပြီး၊ ခေတ်ပြောင်းလဲသည့် အချိန်လည်း ဖြစ်သည့်အပြင်၊ ခေတ်အဆုံးသတ်သည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ အမှုကို ပုံမှန် ဆောင်ရွက်နေအချိန်တွင်၊ သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မပြပေ။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်းသည် သူ့အတွက် အလွန် ရိုးရှင်းလွယ်ကူသော်လည်း၊ ယင်းမှာ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အခြေခံသဘောတရား မဟုတ်သကဲ့သို့၊ လူသားကို ဘုရားသခင်၏ စီမံခန့်ခွဲမှု ရည်မှန်းချက်လည်း မဟုတ်ပေ။ လူသားက နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို မြင်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည် လူသားထံ ပေါ်ထွန်းခဲ့မည်ဆိုပါက၊ လူအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြမည် မဟုတ်လော။ ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် နာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင်၏ အမှုသည် စစ်မှန်သော အမှုဖြစ်သည်။ ယေရှု၏ ခေတ်အတောအတွင်းတွင်၊ ယေရှုသည် လူသားကို စုံလင်စေရန်မဟုတ်ဘဲ၊ လူသားကို ရွေးနုတ်ဖို့ ကြွလာခဲ့ပေသည်၊ ထို့ကြောင့် သူသည် လူတို့ သူ့နောက်ကိုလိုက်စေရန် နိမိတ်လက္ခဏာအချို့ကို ပြသခဲ့လေသည်။ သူသည် အဓိကအားဖြင့် ကားစင်တင်ခံရခြင်း အမှုကို ပြည့်စုံစေဖို့ ကြွလာခဲ့သည့်အတွက်၊ နိမိတ်လက္ခဏာများ ပြခြင်းသည် သူ၏အမှုတော်၏ အစိတ်အပိုင်း တစ်ခု မဟုတ်ခဲ့ပေ။ ထိုသို့သော နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများသည် သူ၏အမှုကို ထိရောက်စေရန် လုပ်ဆောင်သည့် အလုပ်ဖြစ်ခဲ့သည်။ ယင်းတို့သည် အပိုအလုပ်ဖြစ်ခဲ့ပြီး၊ ခေတ်တစ်ခေတ်လုံး၌ အမှုကို ကိုယ်စားမပြုခဲ့ပေ။ ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်းတွင်၊ ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ပြခဲ့သည်- သို့သော် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုသည် စစ်မှန်သော အလုပ်ဖြစ်ပြီး ယခုတွင် သူသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ဧကန်မုချ ပြမည်မဟုတ်ပေ။ အကယ်၍ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို သူပြခဲ့ပါက၊ သူ၏ တကယ့်အမှုသည် ဖရိုဖရဲ ဖြစ်သွားမည် ဖြစ်ပြီး သူသည် နောက်ထပ် မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အသုံးပြုဖို့ ပြောသော်လည်း၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုလည်း ပြသခဲ့ပါက၊ ယင်းက လူသားသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ရှိ မရှိဆိုသည်ကို ရှင်းလင်းသွားစေနိုင်မည်လော။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ လူသား၏အတွင်းတွင် ဘာသာတရား အလွန်များလှ၏။ ဘုရားသခင်သည် လူသားအတွင်းရှိ ဘာသာရေး အယူအဆများအားလုံးနှင့် သဘာဝလွန် အမှုအရာများကို ထုတ်ပစ်ဖို့နှင့် ဘုရားသခင်၏ လက်တွေ့အရှိတရားကို လူသားအား သိစေဖို့၊ နောက်ဆုံးသောကာလတွင် ကြွလာပြီးဖြစ်သည်။ စိတ်ကူးသက်သက်ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးထားသော ဘုရားသခင်တစ်ပါး၏ ပုံရိပ်ကို- တစ်နည်းအားဖြင့် လုံးဝ မတည်ရှိသည့် ဘုရားသခင်တစ်ပါး၏ပုံရိပ်ကို ဖယ်ရှားရန် ဘုရားသခင် ကြွလာပြီးဖြစ်သည်။ ထို့ကြောင့် ယခု တန်ဖိုးရှိသည့် တစ်ခုတည်းသော အရာမှာ သင့်အတွက် လက်တွေ့အရှိတရားနှင့်ဆိုင်သည့် အသိပညာတစ်ခု ရှိဖို့ ဖြစ်သည်။ သမ္မာတရားသည် အရာရာကို ကျော်လွန်၏။ ယနေ့တွင် သမ္မာတရား မည်မျှကို သင် ပိုင်ဆိုင်သနည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသောသူအားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဆိုးယုတ်သော ဝိညာဉ်များသည်လည်း နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြနိုင်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင် ဖြစ်ပါ၏လော။ ဘုရားသခင်၌ လူသား၏ ယုံကြည်မှုတွင်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများထက်၊ လူသားရှာဖွေသော အရာမှာ သမ္မာတရားဖြစ်ပြီး၊ သူ လိုက်စားသောအရာမှာ အသက်ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်

(၂၉၇) ယေဟောဝါ၏အမှုမှာ ကမ္ဘာကို ဖန်ဆင်းခြင်းဖြစ်ပြီး ယင်းမှာ အစအဦး ဖြစ်သည်၊ အမှု၏ ယခုအဆင့်မှာမူ အမှု၏ အဆုံးဖြစ်ပြီး နိဂုံးဖြစ်သည်။ အစပိုင်းမှာ ဘုရားသခင်၏အမှုကို ဣသရေလ၏ ရွေးချယ်ခံရသည့် သူများကြားတွင် ဆောင်ရွက်ခဲ့ပြီး ထိုအရာမှာ နေရာအားလုံးထဲက အသန့်ရှင်းဆုံးနေရာ၌ ခေတ်သစ်တစ်ခု၏အစ ဖြစ်ခဲ့သည်။ အမှု၏ နောက်ဆုံးအဆင့်ကို နိုင်ငံများအားလုံးထဲမှ မသန့်ရှင်းဆုံးနိုင်ငံတွင် ဆောင်ရွက်ပြီး လောကကို တရားစီရင်လျက် ခေတ်ကြီးကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမအဆင့်တွင် ဘုရားသခင်၏အမှုကို နေရာအားလုံးထဲမှ အတောက်ပဆုံးနေရာတွင် ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးအဆင့်ကိုမူ နေရာအားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာတွင် ဆောင်ရွက်ခြင်းဖြစ်လျက် ဤအမှောင်ထုကို မောင်းထုတ်ပစ်ကာ အလင်းရောင်ကို ယူဆောင်ပေးပြီး လူအားလုံးကို သိမ်းပိုက်မည်ဖြစ်သည်။ နေရာအားလုံးထဲမှ မသန့်ရှင်းဆုံးနှင့် အမည်းမိုက်ဆုံးဖြစ်သော ဤနေရာမှ လူတို့ကို သိမ်းပိုက်ပြီး၍၊ လူထုတစ်ရပ်လုံးက စစ်မှန်သောဘုရားဖြစ်သည့် ဘုရားသခင်ရှိသည်ကို အသိအမှတ်ပြုပြီး လူတိုင်းသည် အကြွင်းမဲ့ လက်ခံယုံကြည်လာပြီးသောအခါ စကြဝဠာတစ်ခုလုံး၌ သိမ်းပိုက်ခြင်းအလုပ်ကို ဆောင်ရွက်ရန် ဤအချက်ကို အသုံးပြုမည်ဖြစ်သည်။ အမှု၏ ဤအဆင့်မှာ သင်္ကေတသဘောဆောင်သည်- ဤခေတ်၏အမှုကို ဆောင်ရွက်ပြီးသည်နှင့်၊ နှစ်ပေါင်း ၆၀ဝ၀ ကြာခဲ့သည့် စီမံခန့်ခွဲမှုအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။ နေရာများ အားလုံးထဲမှ အမှောင်မိုက်ဆုံးနေရာ၌ ရှိသောသူတို့ကို သိမ်းပိုက်ပြီးသည်နှင့် အခြားနေရာတိုင်းတွင် အလားတူဖြစ်လာမည်မှာ ပြောစရာမလိုတော့ပေ။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ သိမ်းပိုက်ခြင်းအလုပ်ကသာလျှင် အဓိပ္ပာယ်ပြည့်ဝသည့် သင်္ကေတဖြင့်သရုပ်ဖော်မှု ပါရှိသည်။ တရုတ်နိုင်ငံသည် အမှောင်စွမ်းအားများအားလုံးကို ပုံဖော်နေပြီး တရုတ်နိုင်ငံမှ လူတို့သည် ဇာတိပကတိ၊ စာတန်နှင့် အသွေးအသားတို့နှင့် စပ်ဆိုင်သောသူများအားလုံးကို ကိုယ်စားပြုသည်။ တရုတ်ပြည်သူတို့သည် အဆင်းနီသော နဂါးကြီး၏ အများဆုံး ဖျက်ဆီးခြင်းကို ခံရသောသူများ၊ ဘုရားသခင့်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှု ပြုသူများဖြစ်ပြီး၊ သူတို့၏ လူ့သဘာဝမှာ အနိမ့်ကျဆုံးနှင့် မသန့်စင်ဆုံး ဖြစ်သောကြောင့် သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံး၏ နမူနာပုံစံ ဖြစ်သည်။ ထိုသို့ပြောလိုက်၍ အခြားနိုင်ငံများ၌ ပြဿနာများ လုံးဝမရှိဟု မဆိုလိုပါ၊ လူသား၏ အယူအဆများမှာ အားလုံးအတူတူပင်ဖြစ်သည်၊ ဤနိုင်ငံများမှ လူများသည် အရည်အသွေးကောင်းသူများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း သူတို့သည် ဘုရားသခင်ကို မသိရှိကြပါက သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်ကြရပေမည်။ ဂျူးလူမျိုးများသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ဖီဆန်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဖာရိရှဲတို့သည်လည်း အဘယ့်ကြောင့် သူ့ကို ဆန့်ကျင်ခဲ့ကြသနည်း။ ယုဒက ယေရှုကို အဘယ့်ကြောင့် သစ္စာဖောက်ခဲ့သနည်း။ ထိုစဉ်က တပည့်တော်အများအပြားတို့သည် ယေရှုကို မသိကျွမ်းခဲ့ကြပေ။ ယေရှုသည် အဆုံးစီရင်ခံရပြီး ပြန်လည်ထမြောက်ခဲ့သည့် နောက်တွင် လူများသည် သူ့ကို မယုံကြည်ခဲ့ကြသေးသည်မှာ အဘယ်ကြောင့်နည်း။ လူသား၏ မနာခံခြင်းမှာ အားလုံးအတူတူပင် မဟုတ်လော။ တရုတ်ပြည်သူတို့ကို သာဓကတစ်ခုအဖြစ် ယူလိုက်ခြင်းမျှသာဖြစ်ပြီး၊ သူတို့ကို သိမ်းပိုက်ပြီးသည့် အချိန်တွင် သူတို့သည် စံပြပုံစံနှင့် နမူနာဖြစ်လာပြီး အခြားသူများအတွက် ကိုးကားမှီငြမ်းစရာ ဖြစ်လာမည်ဖြစ်သည်။ သင်တို့သည် ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဖြည့်တစ်ခု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါအစဉ်တစိုက် ပြောလာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးခြင်း၊ မစင်ကြယ်ခြင်း၊ မဖြောင့်မတ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းများကို အပြည့်ဝဆုံး ပေါ်လွင်အောင်ပြသပြီး ၎င်းတို့၏ ပုံစံမျိုးစုံထဲတွင် ထုတ်ဖော်ထားသည်မှာ တရုတ်နိုင်ငံ၏ပြည်သူများ အတွင်း၌ဖြစ်သည်။ တစ်ဖက်တွင် သူတို့၏ အစွမ်းအစမှာ နိမ့်ကျနေလျက်၊ အခြားတစ်ဖက်တွင် သူတို့၏ အသက်တာများနှင့် စိတ်ဓာတ်မှာ ခေတ်နောက်ကျန်ရစ်နေပြီး သူတို့၏ အကျင့်များ၊ လူမှုဝန်းကျင်၊ မွေးဖွားရာမိသားစု၊ အားလုံးတို့မှာ နိမ့်ကျနေလျက် ခေတ်နောက်အကျဆုံး ဖြစ်နေသည်။ သူတို့၏ အဆင့်အတန်းသည်လည်း နိမ့်ကျသည်။ ဤနေရာ၌ အမှုသည် သင်္ကေတသဘောဆောင်ပြီး၊ ဤစမ်းသပ်ခြင်းအမှုကို အလုံးစုံ ဆောင်ရွက်ပြီးသည့်နောက်တွင် ဘုရားသခင်၏ နောက်ဆက်တွဲ အမှုသည် များစွာ ပိုမို လွယ်ကူလာမည်ဖြစ်သည်။ အလုပ်၏ ဤအဆင့်ကို အပြီးသတ်နိုင်လျှင် နောက်ဆက်တွဲအလုပ်မှာ ပြောစရာလိုအပ်မည်မဟုတ်ပါ။ အလုပ်၏ ဤအဆင့်ကို အထမြောက်အောင် ဆောင်ရွက်ပြီးသည်နှင့် ကြီးမားသောအောင်မြင်မှုကို အပြည့်အဝ ရယူပြီးလျက် စကြဝဠာတစ်ခုလုံးရှိ သိမ်းပိုက်ခြင်းအလုပ်သည် လုံး၀ အဆုံးသတ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

(၂၉၈) ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။ သင်တို့သည် “အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်း ဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။” ဟူသော စကားများကို မှတ်မိကောင်း မှတ်မိကြပေလိမ့်မည်။ ဤစကားများကို သင်တို့အားလုံး ယခင်က ကြားခဲ့ကြပြီးဖြစ်သော်လည်း သင်တို့ထဲမှ မည်သူမျှ ယင်းတို့၏စစ်မှန်သော အဓိပ္ပါယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့တွင် သင်တို့သည် ထိုစကားများ၏ စစ်မှန်သောအရေးပါမှုကို လေးလေးနက်နက် သတိပြုမိကြသည်။ ဤစကားများသည် နောက်ဆုံးသောကာလအတွင်း၌ ဘုရားသခင်အားဖြင့် ပြည့်စုံလိမ့်မည်ဖြစ်ပြီး၊ အဆင်းနီသောနဂါးကြီး ခွေလျောင်းရာပြည်တွင် ယင်းနဂါးကြီး၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ ပြည့်စုံလိမ့်မည်ဖြစ်သည်။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး၊ အကျိုးဆက်အနေဖြင့် ဤစကားများသည် ဤလူစုတည်းဟူသော သင်တို့၌ ပြည့်စုံလေသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်- သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဤအရာမှ သူ၏ ဘုန်းအသရေကို ရရှိနိုင်ဖို့အလို့ငှာနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံမည့်သူများကို ရရှိနိုင်ဖို့အလို့ငှာ၊ သူ၏ သန့်စင်စေခြင်းနှင့် သိမ်းပိုက်ခြင်း အမှုကို ဘုရားသခင် လုပ်ဆောင်သည်မှာ လူတို့၏ ဆင်းရဲဒုက္ခမှတစ်ဆင့်၊ ၎င်းတို့၏ အရည်အချင်းမှတစ်ဆင့်၊ ပြီးလျှင် ဤညစ်ညူးသောပြည်နှင့်ဆိုင်သော လူတို့၏စာတန်ဆန်သည့် စိတ်သဘောထားအားလုံးမှတစ်ဆင့် ဖြစ်သည်။ ယင်းသည် ဤလူစုအတွက် ဘုရားသခင် ပြုပြီးသော စွန့်လွှတ်မှုအားလုံး၏ အလုံးစုံ အရေးပါမှု ဖြစ်ပေသည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်သည်မှာ သူ့ကို ဆန့်ကျင်သောသူများမှတစ်ဆင့်ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ဘုရားသခင်၏ ကြီးမားသော တန်ခိုး ထင်ရှားနိုင်ပေသည်။ တစ်နည်းအားဖြင့်၊ မသန့်ရှင်းသော ပြည်၌ရှိသော သူများသည်သာ ဘုရားသခင်၏ဘုန်းအသရေကို အမွေခံထိုက်ကြပြီး၊ ဤအရာကသာ ဘုရားသခင်၏ကြီးမားသော တန်ခိုးကို မီးမောင်းထိုးပြနိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဘုန်းအသရေကို ရရှိသည်မှာ မသန့်ရှင်းသော ပြည်နှင့် မသန့်ရှင်းသော ပြည်တွင် အသက်ရှင်သော သူများထံမှ ဖြစ်သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုမှာ ဤကဲ့သို့ဖြစ်ပေသည်။ ယေရှု၏အမှု အဆင့်သည်လည်း အလားတူ ဖြစ်သည်- သူ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော ဖာရိရှဲများအလယ်တွင်သာ သူသည် ဘုန်းအသရေကို ရရှိနိုင်ခဲ့သည်။ ဖာရိရှဲများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ယုဒ၏သစ္စာဖောက်မှုကြောင့် မဟုတ်ပါက၊ ယေရှုသည် ကားစင်တင်ခံရဖို့ မဆိုထားနှင့်၊ လှောင်ပြောင်ကဲ့ရဲ့ခံရလေမည်မဟုတ်၊ သို့မဟုတ် အသရေပျက်အောင် ပြောဆိုခံခဲ့ရမည်မဟုတ်သဖြင့် ဘုန်းအသရေကို ရရှိနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ခေတ်အသီးသီး၌ ဘုရားသခင် အမှုပြုသည့်နေရာနှင့် လူ့ဇာတိ၌ သူ၏ အမှုပြုသည့်နေရာသည် သူ ဘုန်းအသရေ ရရှိသည့်နေရာနှင့် သူ ရယူရန် ရည်ရွယ်သူများကို ရယူသည့်နေရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

(၂၉၉) နှစ်ထောင်ပေါင်းများစွာကြာသည့် ဘုရားသခင်၏ အစီအစဉ်တွင်၊ အမှု၏ အစိတ်အပိုင်းနှစ်ခုကို လူ့ဇာတိ၌ လုပ်ဆောင်လေသည်- ပထမပိုင်းသည် ကားစင်တင်ခံရခြင်း အမှုဖြစ်ပြီး၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိသည်။ အခြားတစ်ခုမှာ နောက်ဆုံးသောကာလ၌ သိမ်းပိုက်ခြင်းနှင့် စုံလင်စေခြင်း အမှုဖြစ်သည်၊ ယင်းအတွက် သူသည် ဘုန်းအသရေ ရရှိ၏။ ဤသည်မှာ ဘုရားသခင်၏စီမံခန့်ခွဲမှု ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားသခင်၏အမှု သို့မဟုတ် သင်တို့အဖို့ ဘုရားသခင်၏ စေခိုင်းချက်ကို ရိုးရှင်းသော ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ သင်တို့အားလုံးသည် ဘုရားသခင်၏ အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြပြီး၊ ဤအရာကို ဘုရားသခင်က အထူး စီမံထားခဲ့ပေသည်။ သူ၏ ဘုန်းအသရေ အစိတ်အပိုင်းနှစ်ခုထဲမှ၊ တစ်ခုသည် သင်တို့၌ ထင်ရှား၏။ ဘုရားသခင်၏ဘုန်းအသရေ အစိတ်အပိုင်းတစ်ခု၏ တစ်ရပ်လုံးကို သင်တို့၏အမွေဥစ္စာ ဖြစ်နိုင်ဖို့အလို့ငှာ သင်တို့အပေါ် အပ်နှင်းထားပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာက သူ ခွဲခန့်မှတ်သားထားခဲ့သည့် အစီအစဉ်လည်းဖြစ်သည်။ အဆင်းနီသောနဂါးကြီး နေထိုင်ရာပြည်၌ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အမှု၏ ကြီးမြတ်မှုကို ထောက်ဆလျှင်၊ ဤအမှုကို အခြားနေရာသို့ ရွှေ့ပြောင်းခဲ့မည်ဆိုပါက၊ ယင်းသည် အချိန်ကြာမြင့်စွာက ကြီးမားသည့် အကျိုးဖြစ်ထွန်းပြီးခဲ့မည် ဖြစ်သကဲ့သို့၊ လူသားက လိုလိုလားလား လက်ခံပြီးဖြစ်ပေမည်။ ထို့အပြင် ယေရှုလုပ်ဆောင်သည့် အမှု၏ အဆင့်သည် အစဉ်အလာတစ်ခုအဖြစ် အသုံးတော်ခံသည့်အတွက်၊ ဤအမှုသည် ဘုရားသခင်ကို ယုံကြည်သော အနောက်တိုင်း ဘုန်းတော်ကြီးများအတွက် လက်ခံရန် အလွန်လွယ်ကူလွန်းခဲ့ပေမည်။ သို့ဖြစ်၍ ဘုရားသခင်က ဘုန်းအသရေ ရရှိခြင်းအမှု၏ ဤအဆင့်ကို အခြားနေရာ၌ စွမ်းဆောင်မရရှိနိုင်ခြင်း ဖြစ်သည်။ ထိုအမှုသည် လူများ၏ ထောက်ပံ့ပေးခြင်းနှင့် တိုင်းနိုင်ငံများ၏ အသိအမှတ်ပြုခြင်းတို့အားဖြင့် ထောက်ပံ့ခြင်း ခံရသည့်အခါ၊ ဘုရားသခင်၏ ဘုန်းအသရေသည် မတည်မြဲနိုင်ပေ။ ဤသည်မှာ ဤပြည်၌ အမှု၏ ဤအဆင့်က ကိုင်စွဲထားသည့် ထူးခြားသာလွန်သော အရေးပါမှု ဖြစ်သည်။ သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို “စွန့်ပစ်” သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။ ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို သေသည်အထိ မပြောင်းလဲသော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် မြင့်မားသော စံနှုန်းနှင့် တင်းကျပ်သော လိုလားချက်များ သတ်မှတ်ပေးသည့် အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ ဘုန်းအသရေအတွက်ထက် သင်တို့၏ ကယ်တင်ခြင်းအတွက် ဖြစ်ပြီး၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်စေခြင်းအတွက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အလိုကို နားလည်သင့်ကြပေသည်။ သို့ဖြစ်၍ မည်သည့်ထိုးထွင်းသိမြင်မှု သို့မဟုတ် အသိစိတ်မျှမရှိသည့် မသိနားမလည်သော လူများစွာကို ငါ တိုက်တွန်း၏- ဘုရားသခင်ကို မစမ်းကြနှင့်၊ ပြီးလျှင် နောက်ထပ်မခုခံကြတော့နှင့်။ ဘုရားသခင်သည် မည်သည့်လူသားကမျှ လုံးဝ မခံရပ်ဖူးသည့် ဆင်းရဲဒုက္ခကို ကြုံရနှင့်ပြီးဖြစ်သကဲ့သို့၊ လူသားကိုယ်စား သာ၍ပင် ကြီးမားသော အရှက်ကွဲခြင်းကို အချိန်ကြာမြင့်စွာက ခံရပ်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့်အရာကို သင် လက်မလွှတ်နိုင်သနည်း။ ဘုရားသခင်၏အလိုထက် အဘယ်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာထက် အဘယ်အရာသည် သာ၍မြင့်မားနိုင်သနည်း။ ဤမသန့်ရှင်းသောပြည်၌ သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် ခက်ခဲလှပြီဖြစ်သည်။ အကယ်၍ ဤအရာအပြင် လူသားသည် သိလျက်နှင့် တမင်တကာ တစ်ဇွတ်ထိုး အပြစ်လွန်ကျူးပါက၊ ဘုရားသခင်၏အမှုသည် ရှည်ကြာသွားပေလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤအရာသည် မည်သူ့အတွက်မျှ အကျိုးမဖြစ်၊ မည်သူ့ကိုမျှ အကျိုးမပြုပေ။ ဘုရားသခင်သည် အချိန်၏ ဘောင်ခတ်ခြင်း မခံရပေ။ သူ၏အမှုနှင့် သူ၏ဘုန်းအသရေတို့သည် ပထမဦးစားပေးဖြစ်သည်။ ထို့ကြောင့် မည်မျှ ကြာသည်ဖြစ်စေ၊ သူသည် သူ၏အမှုအတွက် မည်သည့်အဖိုးအခကိုမဆို ပေးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏စိတ်သဘောထား ဖြစ်၏။ သူ၏အမှု မပြီးဆုံးမချင်း သူအနားယူလိမ့်မည်မဟုတ်။ သူ၏ဘုန်းအသရေ၏ ဒုတိယအပိုင်းကို သူရရှိသည့်အချိန်မှသာ သူ၏အမှု အဆုံးသတ်လိမ့်မည်။ အကယ်၍ စကြဝဠာတစ်ခွင်လုံး၌ ဘုရားသခင်သည် သူ၏ဘုန်းအသရေ ရရှိခြင်း ဒုတိယအပိုင်းကို မပြီးစီးပါက၊ သူ၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာလိမ့်မည်မဟုတ်၊ သူ၏လက်သည် သူရွေးချယ်ခဲ့သည့် လူမျိုးများကို မည်သည့်အခါ၌မျှ စွန့်ခွာသွားမည်မဟုတ်၊ သူ၏ဘုန်းအသရေသည် ဣသရေလအပေါ်သို့ မည်သည့်အခါမျှ ဆင်းသက်မည်မဟုတ်သကဲ့သို့၊ သူ၏အစီအစဉ်သည် မည်သည့်အခါမျှ အဆုံးသတ်မည် မဟုတ်ပေ။ သင်တို့သည် ဘုရားသခင်၏အလိုကို တွေ့မြင်သင့်ကြပြီး၊ ဘုရားသခင်၏အမှုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသည်ကို နားလည်သင့်ကြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့၏ အမှုသည် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော သူများ၊ အဆုံးစွန် အတိုင်းအတာအထိ ထုံအနေသောသူများ၏ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဖန်ဆင်းခြင်းခံခဲ့ရသော်လည်း စာတန်၏စီမံပြုပြင်ခြင်း ခံခဲ့ရသောသူများအား သန့်စင်စေရန်ဖြစ်သည်။ ယင်းသည် အလင်း ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော အရာများကို ဘုရားသခင်သည် သန့်စင်စေပြီး ယင်းတို့ကို အသစ် ရယူသည်။ ယင်းတို့သည် သူနှင့် သက်ဆိုင်သော အရာများဖြစ်သွားကြပြီး သူ၏ဘုန်းအသရေ ဖြစ်သွားကြသည်။ ဤအရာသည် လူသားစိတ်ကူးသကဲ့သို့မဟုတ်၊ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲရှိ အရာရာတိုင်းကို ဖန်ဆင်းခြင်း သို့မဟုတ် စာတန်ကို အနက်ဆုံးသော တွင်းထဲသို့ ကျိန်ဆဲခြင်း အမှုလောက် မရိုးရှင်းပေ။ ထို့ထက်၊ ယင်းသည် လူသားကို ပြောင်းလဲစေခြင်း အမှု၊ အပျက်သဘော‌ဆောင်ပြီး သူနှင့်မသက်ဆိုင်သော အရာများအား အပြုသဘောဆောင်ပြီး သူနှင့်သက်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲစေခြင်းအမှု ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အမှု၏ ဤအဆင့် နောက်ကွယ်မှ သမ္မာတရား ဖြစ်ပေသည်။ ဤအရာကို သင်တို့ နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို ပေါ့ပြက်ပြက်လုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏အမှုသည် သာမန် မည်သည့်အလုပ်နှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာသည် လူသား၏ဉာဏ်ဖြင့် မမီနိုင်ပေ။ ဘုရားသခင်သည် အမှု၏ဤအဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းဘဲ၊ ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ယင်းအစား၊ သူဖန်ဆင်းခဲ့သော အရာများကို ပြောင်းလဲစေပြီး စာတန်၏ ညစ်ညူးစေခြင်း ခံခဲ့ရသည့် အရာအားလုံးကို သန့်စင်စေ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းကို အစပြုလေသည်၊ ယင်းသည် ဘုရားသခင် အမှု၏အရေးပါမှု တစ်ရပ်လုံးဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

(၃၀၀) ဘုရားသခင်သည် စာတန်ကို အနိုင်ယူရန် လူသားများနှင့်ဆိုင်သည့် သူ၏စီမံခန့်ခွဲမှုကို အသုံးပြုသည်။ လူများကို ဖောက်ပြန်ပျက်စီးစေခြင်းအားဖြင့်၊ စာတန်သည် ၎င်းတို့၏ ကံကြမ္မာကို အဆုံးသတ်စေပြီး၊ ဘုရားသခင်၏အမှုကို နှောင့်ယှက်လေသည်။ အခြားတစ်ဖက်တွင် ဘုရားသခင်၏အမှုသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှု၏ မည်သည့်အဆင့်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သနည်း။ မည်သည့်အဆင့်က လူများကို သန့်ရှင်းစေဖို့နှင့် ၎င်းတို့ကို ဖြောင့်မတ်စွာ ပြုမူစေကာ ချစ်ခြင်းကို ခံရနိုင်သည့် သူများ၏ ပုံရိပ်ကို အသက်ရှင်နေထိုင်စေဖို့ မရည်ရွယ်ပါသနည်း။ သို့သော်လည်း စာတန်သည် ဤအရာကို မလုပ်ဆောင်ပေ။ ၎င်းသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေသည်။ ၎င်းသည် စကြဝဠာတစ်လျှောက် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းနှင့်ဆိုင်သည့် ၎င်း၏အလုပ်ကို အဆက်မပြတ် ဆောင်ရွက်သည်။ ဟုတ်ပေ၏၊ ဘုရားသခင်သည်လည်း စာတန်ကို အာရုံမစိုက်ဘဲ၊ သူကိုယ်တိုင်၏ အမှုကို သူလုပ်နေသည်။ စာတန်၌ ဩဇာအာဏာ မည်မျှရှိသည်ဖြစ်စေ၊ ထိုဩဇာအာဏာကို ဘုရားသခင်က ပေးထားခြင်း ဖြစ်ဆဲဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်တွင် ၎င်းကို သူ၏ ဩဇာအာဏာအားလုံး ပေးခဲ့သည် မဟုတ်၊ ထို့ကြောင့် စာတန် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယင်းသည် ဘုရားသခင်ကို လုံးဝ မကျော်လွန်နိုင်သကဲ့သို့၊ ဘုရားသခင်၏ လက်အတွင်းတွင် အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိနေစဉ်တွင် သူ၏ မည်သည့်လုပ်ရပ်ကိုမျှ ထုတ်ဖော်မပြခဲ့ပေ။ သူသည် စာတန်အား ဩဇာအာဏာ၏ သေးငယ်သော အစိတ်အပိုင်း တစ်ခုကိုမျှ ပေးခဲ့ပြီး၊ ယင်းကို အခြားကောင်းကင်တမန်များ အပေါ် ဩဇာအာဏာသုံးခွင့်ပေးခဲ့သည်။ ထို့ကြောင့် မူလက ၎င်းကို ဘုရားသခင်ပေးခဲ့သည့် ဩဇာအာဏာသည် ကန့်သတ်ထားခြင်းကြောင့် စာတန်က မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းသည် ဘုရားသခင်၏ ဩဇာအာဏာကို မကျော်လွန်နိုင်ချေ။ ဘုရားသခင် အမှုပြုသည်နှင့်အမျှ၊ စာတန်သည် နှောင့်ယှက်၏။ နောက်ဆုံးသောကာလတွင် စာတန်၏ နှောင့်ယှက်မှုများ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ အမှုသည်လည်း ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင် စုံလင်စေလိုသည့် လူမျိုးများသည်လည်း စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်သည် လူများကို ခိုင်မာစွာ ညွှန်ကြားသည်။ သူ၏ အသက်သည် တိုင်းတာ၍မရသကဲ့သို့ အကန့်အသတ်မဲ့ အသက်စမ်းရေ ဖြစ်သည်။ စာတန်က လူသားကို အတိုင်းအတာ တစ်ခုအထိ ဖောက်ပြန်ပျက်စီး စေခဲ့သည်။ အဆုံးတွင် ဘဝ၏ အသက်စမ်းရေသည် လူသားကို စုံလင်စေလိမ့်မည် ဖြစ်ပြီး၊ စာတန်အတွက် ဝင်ရောက်စွက်ဖက်ဖို့ရန်နှင့် ၎င်း၏အလုပ်ကို ဆောင်ရွက်ဖို့ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူများကို လုံးဝ ရယူနိုင်လိမ့်မည် ဖြစ်သည်။ ယခုတွင်ပင် စာတန်သည် ဤအရာကို လက်ခံဖို့ ငြင်းဆဲဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို အဆက်မပြတ် ဖက်ပြိုင်အံတုသော်လည်း၊ ဘုရားသခင်က ၎င်းကို အာရုံမစိုက်ချေ။ ဘုရားသခင်က၊ “ငါသည် စာတန်၏ အမှောင် အင်အားစုများနှင့် အမှောင်စွမ်းအား အားလုံးအပေါ် အောင်နိုင်လိမ့်မည်။” ဟု ပြောခဲ့သည်။ ဤသည်မှာ လူ့ဇာတိ၌ ယခု လုပ်ဆောင်ရမည့် အမှုဖြစ်ပြီး ယင်းမှာ လူ့ဇာတိခံယူခြင်းအား အရေးပါစေသည့်အရာလည်း ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် စာတန်ကို အနိုင်ယူခြင်း အမှု၏အဆင့်ကို ပြီးပြည့်စုံစေဖို့နှင့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖယ်ရှားပစ်ဖို့ ဖြစ်သည်။ စာတန်အပေါ် ဘုရားသခင် အောင်နိုင်ခြင်းသည် ရှောင်လွှဲ၍မရပေ။ အမှန်တွင် စာတန်က အချိန်ကြာမြင့်စွာက ရှုံးနိမ့်နှင့်ပြီးသား ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ တကယ့် ရည်ရွယ်ချက်မှာ စာတန်ကို ချေမှုန်းဖို့ ဖြစ်သည့်အတွက်၊ အဆင်းနီသည့် နဂါးကြီး၏ နယ်မြေတစ်လျှောက်မှာ ဧဝံဂေလိတရားတော် စတင် ပျံ့နှံ့ခဲ့ချိန်တွင်- ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုကို စတင်ခဲ့ပြီး ဤအမှု သက်ဝင်လှုပ်ရှားခဲ့ချိန်တွင်- စာတန်သည် လုံးဝ ရှုံးနိမ့်ခဲ့ပေသည်။ ဘုရားသခင်က နောက်တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီး မည်သည့် အင်အားစုကမျှ မရပ်တန့်စေနိုင်သည့် သူ၏ အမှုကို စတင်ခဲ့သည်ကို စာတန်က မြင်လျှင်မြင်ချင်း၊ ဤအမှု၏ မြင်ကွင်းတွင် ၎င်းသည် မှင်တက်သွားခဲ့ပြီး နောက်ထပ် မည်သည့်ဒုက္ခပေးခြင်းကိုမျှ မလုပ်ဆောင်ဝံ့ခဲ့ချေ။ ပထမတွင် စာတန်က ၎င်းသည်လည်း များပြားသည့် ဉာဏ်ပညာများကို အပ်နှင်းထားခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပြီး၊ ဘုရားသခင်၏ အမှုကို ကြားဖြတ်ကာ နှောင့်ယှက်ခဲ့သည်။ သို့သော် ဘုရားသခင် နောက်တစ်ဖန် လူ့ဇာတိခံယူလိမ့်မည် သို့မဟုတ် သူ၏ အမှုတွင် ဘုရားသခင်သည် စာတန်၏ ပုန်ကန်မှုကို လူသားမျိုးနွယ်အတွက် ထုတ်ဖော်ပြခြင်းနှင့် တရားစီရင်ခြင်းအဖြစ် အသုံးတော်ခံစေဖို့ အသုံးပြုမည် ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားများကို သိမ်းပိုက်ကာ စာတန်ကို အနိုင်ယူမည်ကို သူ မမျှော်လင့်ထားခဲ့ချေ။ ဘုရားသခင်သည် စာတန်ထက် သာ၍ ဉာဏ်ပညာရှိပြီး သူ၏အမှုသည် ၎င်းထက် များစွာ သာလွန်သည်။ ထို့ကြောင့် “ငါလုပ်သည့် အမှုသည် စာတန်၏ လှည့်ကွက်များကို တုံ့ပြန်ရာတွင် ဆောင်ရွက်သည်။ အဆုံးတွင် ငါသည် ငါ၏ အနန္တတန်ခိုးနှင့် စာတန်၏ တန်ခိုးအစွမ်းမဲ့ခြင်းကို ထုတ်ဖော်ပြမည်။” ဟု ယခင်က ငါ ဖော်ပြပြီးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်သည် သူ၏အမှုကို ရှေ့တန်းတွင် လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း၊ အဆုံး၌ စာတန်သည် နောက်ဆုံးတွင် ဖျက်ဆီးခံရသည်အထိ နောက်တွင် တရွတ်တိုက်ဆွဲ လိုက်ပါလိမ့်မည် ဖြစ်သည်- ၎င်းသည် အလွန့်အလွန် ထိတ်လန့်တုန်လှုပ်လိမ့်မည်။ ၎င်းသည် ချေမှုန်းကာ ဖျက်ဆီးခံရနှင့်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်မှသာ အမှန်တရားကို သဘောပေါက်လိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ၎င်းသည် မီးအိုင်ထဲတွင် မီးရှို့ဖျက်ဆီးခံရနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းသည် လုံးဝ ယုံကြည်လက်ခံသွားမည် မဟုတ်လော။ ထိုအခါတွင် စာတန်အတွက် အသုံးချစရာ အကြံအစည်များ နောက်ထပ် ရှိတော့မည် မဟုတ်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်

(၃၀၁) အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးညစ်သောသူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် နှုတ်ကပတ်တော်များကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်၊ မိမိတို့ကိုယ်ကိုယ် ဝေဖန်အကဲဖြတ်နိုင်ခြင်း အလို့ငှာ၊ ငါသည် ငါ၏ကိုယ်ကိုလှည့်၍ ငါ၏ ဘုန်းအသရေရှိသော မျက်နှာကို တပါးအမျိုးသားတို့အားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ၊ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသား အားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက်၊ ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

(၃၀၂) ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏ လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်း အခါသမယတွင်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် လုံးဝ အသွင်ပြောင်းလဲသွားပြီး၊ ၎င်းတို့သည် အောင်ပွဲခံကာ ဝမ်းမြောက်ကြ၏။ သင်တို့သည် တစ်ခုတစ်လေ ကွဲပြားခြားနားပါသလော။ မည်သူ၏ စိတ်နှလုံးထဲတွင် ပျားရည်၏ ချိုမြိန်မှု မရှိသနည်း။ မည်သူသည် ဝမ်းမြောက်မှုအတွက် ပြည့်လျှမ်း မနေပါသနည်း။ မည်သူသည် ဝမ်းသာပီတိဖြင့် မကခုန်သနည်း။ မည်သူသည် ချီးမွမ်းစကား မပြောဆိုသနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)

(၃၀၃) လူအားလုံးသည် စုံလင်စေခြင်းခံရပြီး ကမ္ဘာမြေ၏ တိုင်းနိုင်ငံအားလုံး ခရစ်တော်၏ နိုင်ငံများဖြစ်လာသောအခါ၊ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ မျက်မှောက်ခေတ်သည် ယင်းအဆင့်ဆီသို့ ခြေလှမ်းတစ်ခု ဖြစ်သည်။ ထိုနေ့ရက်ဆီသို့ ညွှန်ကြားချက်တစ်ခုကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်ပြီး၊ မဝေးသည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင်၊ ဘုရားသခင်သည် သူမိန့်မြွက်ပြီးသော အရာအားလုံးကို ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့်၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် မြင့်မားသော ရေလှိုင်းများ နီးလာသည်နှင့်အညီ တုန်ခါနေသည့် သဲဖြင့်လုပ်ထားသော ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းပေသည်။ နောက်ဆုံးသောနေ့ရက်သည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ သူ၏ အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ထားသည်ကို သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ အစွမ်းကုန် လုပ်ဆောင်ရင်း၊ ကမ္ဘာပေါ်သို့ သက်ဆင်းလာကြလေသည်။ လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထားပြီးဖြစ်၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းသည် ရန်သူ မျိုးဖြုတ်ခံရသည့် နေရာတစ်ခုမှ ဖြစ်သည်။ တရုတ်ပြည်သည် ဦးစွာပထမ အမြစ်ဖြတ်ချေမှုန်းခံရမည် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လက်ဖြင့် သုံးမရအောင် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် တရုတ်ပြည်အား လုံးဝ သနားညှာတာမည် မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်မှာ မည်သူမဆိုအဖို့ သိသာကာ မြင်တွေ့နိုင်ပေသည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျဆုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “တိုက်ပွဲဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အနည်းငယ် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၀)

(၃၀၄) ငါသည် နိုင်ငံတော်ထဲတွင် အုပ်စိုးသည်သာမက၊ စကြဝဠာ တစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြဝဠာ၏အကြီးအကဲပါ ဖြစ်၏။ ဤအချိန်မှစ၍ ငါသည် ရွေးချယ်ခြင်း မခံရသောသူ အားလုံးကို စုဝေးစေ၍ ငါ၏အမှုကို တစ်ပါးအမျိုးသားများ ကြားတွင် အစပြုမည် ဖြစ်ပြီး ငါ့အမှု၏ နောက်အဆင့်ကို အောင်မြင်စွာ စတင်နိုင်ရန်အတွက် ငါသည် စကြဝဠာတစ်ခွင်လုံးသို့ ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ကြေညာမည်။ ငါသည် တစ်ပါးအမျိုးသားများကြား၌ ငါ့အမှုကို ပျံ့နှံ့စေရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုမည်၊ ဆိုလိုသည်မှာ ငါသည် တစ်ပါးအမျိုးသားများ အားလုံးအပေါ် အင်အားသုံးမည်။ ပင်ကိုအားဖြင့် ဤအမှုကို ရွေးကောက်ခံရသူတို့ ကြားက ငါ့အမှုကဲ့သို့ တစ်ချိန်တည်းတွင် လုပ်ဆောင်မည်။ ငါ၏လူတို့သည် ကမ္ဘာမြေကြီးပေါ်၌ အုပ်စိုး၍ အာဏာစွဲကိုင်သည့်အခါ၊ ယင်းမှာ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အားလုံး သိမ်းပိုက်ခံရသည့်အချိန် ဖြစ်သည်သာမက၊ ယင်းက ငါအနားယူသည့်အချိန်လည်း ဖြစ်လိမ့်မည်— ထို့နောက်မှသာ ငါသည် သိမ်းပိုက်ခံရသူတို့ထံ ပေါ်ထွန်းလာမည်။ ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာပြီး ညစ်ညူးသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။ သိမ်းပိုက်ခံရသူအားလုံးနှင့် ငါ့ရှေ့မှောက်တွင် နာခံလာသောသူ အားလုံးတို့သည် ငါ၏မျက်နှာကို သူတို့ကိုယ်တိုင်၏ မျက်လုံးများဖြင့် မြင်နိုင်ကြကာ ငါ၏အသံကို သူတို့ကိုယ်တိုင်၏ နားများဖြင့် ကြားနိုင်ကြ၏။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း မွေးဖွားသူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်၏၊ ဤသည်မှာ ငါမှ ကြိုတင်ပြဋ္ဌာန်းထားသော ကောင်းချီးမင်္ဂလာ ဖြစ်ပြီး ဤသည်ကို မည်သည့်လူသားကမျှ ပြောင်းလဲ၍ မရပေ။ ယနေ့ခေတ်တွင် ငါသည် အနာဂတ်၏ အမှုအတွက်အလို့ငှာ ဤနည်းအားဖြင့် အလုပ်လုပ်၏။ ငါ၏အမှုအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျက်ရှိ၍၊ ဤအရာအားလုံးတွင် ခေါ်ဆိုချက်နှင့် တုံ့ပြန်ချက်တစ်ခု ရှိ၏- မည်သည့်အဆင့်မျှမဆို ရုတ်တရက် ရပ်တန့်သွားခြင်း လုံးဝ မရှိသည့်အပြင် မည်သည့်အဆင့်ကိုမျှ အခြားအဆင့်မှ သီးခြား အကောင်အထည်ဖော်ခြင်း လုံးဝမရှိပေ။ ဤသည်မှာ မမှန်ကန်သလော။ အတိတ်ကအမှုသည် ယနေ့အမှု၏ အခြေခံအုတ်မြစ် မဟုတ်ပေသလော။ အတိတ်က နှုတ်ကပတ်တော်များသည် ယနေ့ နှုတ်ကပတ်တော်များ၏ ရှေ့ပြေး မဟုတ်ပေသလော။ အတိတ်က ခြေလှမ်းများသည် ယနေ့ခြေလှမ်းများ၏ အစပြုရာ မဟုတ်သလော။ ငါသည် စာစောင်ကို တရားဝင် ဖွင့်လိုက်သည့်အခါ၊ ယင်းသည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခြင်း ခံရသည့်အချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတို့ စမ်းသပ်မှုများခံရသည့် အချိန်ဖြစ်ပြီး ငါ့အမှု၏ အထွတ်အထိပ်ပင် ဖြစ်သည်။ လူတို့အားလုံးသည် အလင်းမဲ့နိုင်ငံ၌ နေကြပြီး လူတို့အားလုံးသည် သူတို့ပတ်ဝန်းကျင်က ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများ ကြား၌ နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင် ယင်းမှာ လူသားအနေဖြင့် ဖန်ဆင်းခြင်းခေတ်မှ မျက်မှောက်နေ့ရက်အထိ မည်သည့်အခါမျှ မတွေ့ကြုံခဲ့ဖူးသည့် ဘဝဖြစ်ပြီး ခေတ်ကာလများတစ်လျှောက် မည်သူကမျှ ဤသို့သောဘဝမျိုးကို “မခံစား” ခဲ့ဖူးပါချေ၊ ထို့ကြောင့် ယခင်က တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးသော အမှုကို ငါလုပ်ဆောင်ပြီးပြီဟု ငါပြော၏။ ဤသည်မှာ အခြေအနေအမှန်ဖြစ်ပြီး၊ ဤသည်မှာ အတွင်းကျကျအဓိပ္ပာယ် ဖြစ်၏။ ငါ၏နေ့ရက်သည် လူသားမျိုးနွယ်နှင့် နီးကပ်လာသောကြောင့်၊ ယင်းက ဝေးကွာပုံမရဘဲ လူသား၏ မျက်စိရှေ့တည့်တည့်တွင် ရှိသည်ဖြစ်၍ ရလဒ်အနေဖြင့် မည်သူသည် မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။ မည်သူသည် ဤသည်ကို ဝမ်းသာကြည်နူးခြင်း မရှိဘဲ နေနိုင်မည်နည်း။ ညစ်ညူးသော ဗာဗုလုန်မြို့သည် အဆုံးတွင် ၎င်း၏နိဂုံးသို့ ရောက်လာခဲ့၏။ လူသားသည် အသစ်စက်စက် ကမ္ဘာနှင့် နောက်တစ်ဖန် တွေ့ပြီးဖြစ်ကာ ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲ၍ အသစ်ပြုလုပ်ထားပြီး ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၉)

(၃၀၅) သိနိမ်ပြည်သည် မြေကြီးပေါ်၌ အကောင်အထည် ပေါ်လာသည့်အခါတွင်- နိုင်ငံတော် အကောင်အထည် ပေါ်လာသည့်အခါတွင်- ကမ္ဘာမြေပေါ်တွင် စစ်မက်ရှိတော့မည် မဟုတ်။ ငတ်မွတ်ခြင်း၊ ကပ်ဆိုးများနှင့် မြေငလျင်များ နောက်ထပ် မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ပေ။ လူတို့သည် လက်နက်များထုတ်လုပ်မှုကို ရပ်စဲကြလိမ့်မည် ဖြစ်သည်။ အားလုံးသည် ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်ခြင်းတွင် အသက်ရှင်ကြလိမ့်မည်။ ပြီးလျှင် လူတို့ကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည် ဖြစ်ပြီး၊ နိုင်ငံများကြားတွင် ပုံမှန်ဆက်ဆံရေးများ ရှိကြလိမ့်မည်။ သို့ရာတွင် ပစ္စုပ္ပန်သည် ဤအရာနှင့် နှိုင်းယှဉ်၍မရပေ။ ကောင်းကင်အောက် အရာခပ်သိမ်းသည် ပရမ်းပတာ ဖြစ်နေပြီး၊ နိုင်ငံအသီးသီးတွင် အာဏာသိမ်းမှုများ တဖြည်းဖြည်း စတင် ပေါ်ပေါက်နေကြ၏။ ဘုရားသခင်၏ မိန့်မြွက်ချက်များ နောက်ပိုင်းတွင်၊ လူတို့သည် တဖြည်းဖြည်း ပြောင်းလဲနေပြီး၊ နိုင်ငံတိုင်းသည် အတွင်းတွင် တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာ ခွဲခြင်းခံနေရ၏။ ဗာဗုလုန်၏ ခိုင်မြဲသော အုတ်မြစ်များသည် သဲပေါ်က ရဲတိုက်တစ်ခုကဲ့သို့ စတင်လှုပ်ခတ်ကာ ဘုရားသခင်၏ အလို ပြောင်းလဲသည်နှင့်အမျှ လောကတွင် သတိမထားမိသည့် မြောက်မြားစွာသော အပြောင်းအလဲများ ဖြစ်ပွားပြီး၊ နိမိတ်လက္ခဏာမျိုးစုံတို့သည် ကမ္ဘာလောက၏ နောက်ဆုံးသော နေ့ရက် ရောက်ရှိပြီဖြစ်သည်ကို ပြသလျက် အချိန်မရွေး ထွက်ပေါ်လေသည်။ ဤသည်မှာ ဘုရားသခင်၏အစီအစဉ်ဖြစ်၏၊ ဤသည်တို့သည် သူအမှုပြုသည့် အဆင့်များဖြစ်ပြီး၊ နိုင်ငံအသီးသီးသည် အစိတ်စိတ်အပိုင်းပိုင်း ခွဲခံရမည်မှာ သေချာ၏၊ အိုဟောင်းသော သောဒုံမြို့သည် ဒုတိယအကြိမ် အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်က၊ “ကမ္ဘာလောကသည် ပြိုလဲနေပေပြီ။ ဗာဗုလုန်သည် တုံ့ဆိုင်းခြင်းတွင် ရှိ၏။” ဟု ပြောခြင်းဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်မှလွဲ၍ မည်သူမျှ ဤအရာကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိပေ။ စင်စစ်အားဖြင့်၊ လူတို့၏အသိတွင် အကန့်အသတ် ရှိပေ၏။ ဥပမာအားဖြင့်၊ ပြည်ထဲရေးဝန်ကြီးများသည် လက်ရှိအခြေအနေများမှာ မတည်ငြိမ်သကဲ့သို့၊ ပရမ်းပတာဖြစ်နေသည်ကို သိနိုင်မည်ဖြစ်သော်လည်း၊ ၎င်းတို့ကို ဖော်ထုတ်ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ ဂုဏ်ယူဝင့်ကြွားနိုင်မည့်နေ့ရက်၊ မြေတစ်ပြင်လုံးကို ထွန်းလင်းကာ ဤအရေးကိစ္စများ၏ စိတ်ပျက်စရာကောင်းသည့် အခြေအနေများကို ပြောင်းလဲပေးရင်း၊ အရှေ့အရပ်မှ နောက်တစ်ဖန် နေထွက်လာမည့် နေ့ရက်ကို ၎င်းတို့၏စိတ်နှလုံးတွင် မျှော်လင့်နေလျက်၊ ရေစီးအတိုင်းသာ လိုက်သွားနိုင်ကြ၏။ သို့ရာတွင် ဒုတိယအကြိမ် နေထွက်လာသည့်အခါ၊ ယင်း၏ ပေါ်ထွက်မှုသည် စနစ်ဟောင်းကို ပြန်လည်ဖော်ထုတ်ရန် မရည်ရွယ်သည်ကို ၎င်းတို့ မသိကြပေ- ယင်းသည် နိုးထလာခြင်း၊ မခြွင်းမချန်ပြောင်းလဲမှု ဖြစ်ပေသည်။ ယင်းမှာ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ အစီအစဉ် ဖြစ်၏။ သူသည် ကမ္ဘာသစ်တစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်သည်၊ သို့သော် အရေးအကြီးဆုံးအနေဖြင့် သူသည် ပထမဦးစွာ လူသားကို အသစ်ပြုပြင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၂၂) နှင့် (၂၃)

(၃၀၆) ယနေ့ကာလ၏ မိန့်မြွက်ချက်များအားလုံးသည် အနာဂတ်အခြေအနေများကို ပရောဖက်ပြုသည်ဟု ဆိုနိုင်သည်၊ ဤမိန့်မြွက်ချက်များက သူ့အမှု၏ နောက်တစ်ဆင့်အတွက် တင်ကြိုပြင်ဆင်မှုများကို ဘုရားသခင် လုပ်နေပုံဖြစ်သည်။ ဘုရားသခင်သည် အသင်းတော်၏ လူများထဲ၌ သူ၏အမှုကို အဆုံးသတ်လုနီးပြီဖြစ်၏၊ ထို့နောက်တွင် လူအပေါင်းတို့ရှေ့၌ ဒေါသအမျက်ခြောင်းခြောင်းထွက်လျက် သူပေါ်ထွန်းလာမည် ဖြစ်သည်။ “ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်ရှိ လူများအသိအမှတ်ပြုစေရန် ငါပြုမည်၊ ထို့ပြင် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ အလျှော့ပေးကြရမည့် လူအပေါင်းတို့က အသိအမှတ်ပြုကြစေရန် ငါသည် ‘တရားပလ္လင်’ ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်” ဟု ဘုရားသခင် ဆိုသကဲ့သို့ပင် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် တစ်စုံတစ်ရာကို သင်တို့မြင်ကြသလော။ ဤအထဲ၌ ဘုရားသခင့်အမှု၏ နောက်တစ်ပိုင်းအကြောင်း အကျဉ်းချုပ်ပါရှိသည်။ ပထမဦးစွာ ဘုရားသခင်သည် နိုင်ငံရေးအာဏာကို ကိုင်စွဲထားသော အစောင့်ခွေးများ အားလုံးကို စိတ်ရင်းမှန်ဖြင့် လက်ခံယုံကြည်လာကြစေရန် ပြုမည်ဖြစ်ပြီး ၎င်းတို့ကို သမိုင်းဇာတ်စင်ပေါ်မှ ဆန္ဒအလျောက် ဆင်းသွားကြစေရန်၊ ရာထူးဂုဏ်သိမ်အတွက် နောက်ထပ်လုံးဝ မတိုက်ခိုက်ကြစေရန်၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများကို နောက်ထပ်လုံးဝ မလုပ်ကြစေရန် ပြုမည်ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် အမျိုးမျိုးသော ဘေးဒုက္ခများကို ဖြစ်ပွားစေခြင်းအားဖြင့် ဤအမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်ပေါ်ထွန်းလာမည်ကား လုံးဝမဟုတ်ပေ။ ဤအချိန်တွင် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံသည် ညစ်ညူးသောပြည် ဖြစ်နေဦးမည်ဖြစ်၍ ဘုရားသခင်သည် ပေါ်ထွန်းလာမည် မဟုတ်ဘဲ ပြစ်တင်ဆုံးမခြင်းအားဖြင့် ထွက်ပေါ်လာရုံမျှသာဖြစ်မည်။ ယင်းမှာ မည်သူမျှ မလွှဲရှောင်နိုင်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ ဤအချိန်အတောအတွင်း အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် မှီတင်းနေထိုင်သူမှန်သမျှသည် ကပ်ဘေးကို ခံစားကြရလိမ့်မည်ဖြစ်ပြီး ယင်းထဲတွင် ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော် (အသင်းတော်) လည်း အလိုလိုပါဝင်မည်ဖြစ်သည်။ ဤအချိန်သည် အမှန်တရားများ ပေါ်ထွက်လာသောအချိန်ပင်ဖြစ်၍ ၎င်းကို လူအပေါင်းတို့က တွေ့ကြုံခံစားကြရမည်ဖြစ်ပြီး မည်သူမျှ ရှောင်တိမ်းနိုင်ကြမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာကို ကြိုတင်ခွဲခန့်မှတ်သားထားပြီးဖြစ်သည်။ အမှု၏ဤအဆင့်ကြောင့်သာ ဘုရားသခင်က “ယခုအချိန်မှာ ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန် အချိန်ဖြစ်သည်” ဟု ဆိုခြင်းပင် ဖြစ်သည်။ အနာဂတ်တွင် ကမ္ဘာမြေကြီးပေါ်၌ အသင်းတော်ရှိတော့မည် မဟုတ်သောကြောင့်၊ ထို့ပြင် ကြီးမားသောကပ်ဘေး ပေါ်ထွန်းခြင်းကြောင့် လူတို့သည် သူတို့ရှေ့၌ရှိသောအရာကိုသာ တွေးတောနိုင်ကြမည်ဖြစ်ပြီး အခြားအရာအားလုံးကို လျစ်လျူရှုကြမည်ဖြစ်သည်၊ ထို့ပြင် ကြီးမားသော ကပ်ဘေးအလယ်တွင် ဘုရားသခင်ကို ၎င်းတို့မွေ့လျော်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူတို့အနေဖြင့် အခွင့်အရေးကို မရှုံးဆုံးကြစေရန် ဝမ်းမြောက်ဖွယ်ကောင်းသော ဤအချိန်အတောအတွင်း စိတ်နှလုံး အကြွင်းမဲ့ဖြင့် ဘုရားသခင်အား ချစ်ကြရန် လူတို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအမှန်တရား ဖြစ်ပျက်သည့်အခါ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို လုံးလုံးလျားလျား အနိုင်ယူပြီးလိမ့်မည် ဖြစ်သောကြောင့် ဘုရားသခင့်လူတို့၏ သက်သေခံခြင်းအမှုသည် ဆုံးခန်းတိုင်သွားပြီးဖြစ်လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံကို ရှင်းရှင်းဖျက်ဆီးကာ နောက်ဆုံးတွင် စကြဝဠာအနှံ့အပြား၌ ရှိကြကုန်သော လူတို့ကို လက်ဝါးကပ်တိုင်ပေါ်တွင် ဇောက်ထိုးအနေအထားနှင့် သံဖြင့်ရိုက်ထားလျက် အမှု၏နောက်ထပ် တစ်ဆင့်ကို စတင်မည်ဖြစ်၏၊ ထို့နောက်တွင် သူသည် လူသားမျိုးနွယ် အားလုံးကို အမြစ်ဖြတ်သုတ်သင်လေမည်၊ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အနာဂတ်အဆင့်များပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၂)

(၃၀၇) လောက၌ရှိသည့် ငါ့အလုပ်၏ရည်ရွယ်ချက်များကို လူအားလုံး သိဖို့လိုသည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ငါ့အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌ အဆုံးတွင် ငါရယူလိုသည့်အရာနှင့် ဤအလုပ်တွင် မည်သည့်အဆင့်အထိ အောင်မြင်အောင် လုပ်ဆောင်ရမည်ကို လူအားလုံး နားလည်ဖို့လိုသည်။ လူတို့သည် ငါနှင့်အတူ ယနေ့တိုင် လျှောက်လှမ်းလာခဲ့ပြီးနောက် ငါ့အလုပ်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်လျှင် ၎င်းတို့သည် ငါနှင့်အတူ အချည်းနှီး လျှောက်လှမ်း နေခဲ့ကြခြင်းပင်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ့နောက်သို့ လိုက်လျှင် ငါ့အလိုကို သိသင့်သည်။ ငါသည် မြေကြီးပေါ်၌ အလုပ်လုပ်လျက် ရှိသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီဖြစ်ပြီး၊ ယနေ့ထက်ထိတိုင်အောင် ငါသည် ဤနည်းလမ်းအတိုင်း ငါ၏အမှုကို ဆက်လက်လုပ်ဆောင်နေသေးသည်။ ငါ့အမှုထဲတွင် ပါဝင်သည့် စီမံကိန်းများမှာ များပြားလှသော်လည်း ယင်း၏ ရည်ရွယ်ချက်သည် မပြောင်းမလဲ ရှိနေသေး၏။ ငါသည် လူသားကို တရားစီရင်လိုစိတ်၊ ပြစ်တင်ဆုံးမလိုစိတ်တို့နှင့် ပြည့်နေသော်လည်း၊ ဥပမာအားဖြင့် ငါပြုသမျှမှာ လူသားကို စုံလင်စေပြီးသောအခါ၌ သူ့ကိုငါ ကယ်တင်ဖို့နှင့် ငါ၏သတင်းကောင်းကို ပိုမိုဖြန့်ဝေနိုင်ဖို့နှင့် ငါ၏အမှုကို တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံးအကြား၌ ချဲ့ထွင်ဖို့အတွက် ဖြစ်နေသေးသည်။ ထို့ကြောင့် လူများစွာ ပိုမိုတုန်လှုပ် ချောက်ချားလျက်ရှိသည်မှာ အချိန်အတန်ကြာပြီဖြစ်သည့် ယနေ့ခေတ် အချိန်တွင် ငါသည် ငါ၏အမှုကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လူသားကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်အတွက် လုပ်ရမည့် အမှုကို ငါသည် ဆက်လုပ်လျက်ရှိသည်။ လူသားသည် ငါပြောသည့် အရာကို စိတ်ကုန်နေပြီဖြစ်သော်လည်း၊ ငါ၏အမှု၌ ပါဝင်ပတ်သက် လိုစိတ် သူ့တွင် လုံးဝမရှိသော်လည်း၊ ငါသည် ငါ၏တာဝန်ကို ဆက်လက်လုပ်ဆောင်လျက်ပင် ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ငါ့အမှု၏ရည်ရွယ်ချက်သည် မပြောင်းလဲသည့်အပြင် ငါ၏မူလ အစီအစဉ်သည်လည်း ပျက်စီးမည် မဟုတ်သောကြောင့်ဖြစ်သည်။ ငါ၏တရားစီရင်ခြင်း၏အလုပ်သည် လူသားအား ငါ့အပေါ်၌ ပိုမို နာခံလာအောင် ထောက်ကူပေးဖို့အတွက်ဖြစ်ပြီး ငါ၏ ပြစ်တင် ဆုံးမမှု၏အလုပ်သည် လူသားအနေနှင့် ပို၍ ထိထိရောက်ရောက် ပြောင်းလဲစေနိုင်ဖို့ဖြစ်သည်။ ငါလုပ်ဆောင်သည့်အရာမှာ ငါ၏ စီမံခန့်ခွဲမှုအတွက်ဖြစ်သော်လည်း လူသားအတွက် အကျိုးမရှိသည့် အရာတစ်ခုကိုမျှ ငါမလုပ်ဖူးပေ။ အကြောင်းမှာ ငါသည် ဣသရေလနိုင်ငံပြင်ပမှ လူမျိုးအားလုံးကို ဣသရေလလူမျိုးများ ကဲ့သို့ပင် နာခံတတ်သူများ ဖြစ်စေလိုသောကြောင့်၊ ယင်းတို့ကို လူသားစစ်စစ်များ ဖြစ်စေလိုသောကြောင့် ဖြစ်သည်၊ ထိုသို့အားဖြင့် ဣသရေလနိုင်ငံပြင်ပရှိ နယ်မြေများ၌ ငါခြေကုပ်ယူနိုင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏စီမံခန့်ခွဲမှုဖြစ်သည်၊ ယင်းသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ အောင်မြင်အောင် ငါလုပ်ဆောင်နေသော အမှုဖြစ်သည်။ ယခုသော်မှ လူများစွာက ငါ၏စီမံခန့်ခွဲမှုကို နားမလည် ကြသေးပေ။ ဤကဲ့သို့သောအရာများကို သူတို့စိတ်မဝင်စားကြဘဲ၊ သူတို့၏အနာဂတ်နှင့် သူတို့၏ပန်းတိုင်များကိုသာ အရေးစိုက်ကြ သောကြောင့် ဖြစ်သည်။ ငါအဘယ်အရာပြောသည်ဖြစ်စေ သူတို့သည် ငါလုပ်သည့်အမှုကို စိတ်ဝင်စားခြင်း မရှိကြဆဲပင်ဖြစ်သည်။ စိတ်ဝင်စားမည့်အစား သူတို့၏ အနာဂတ်ပန်းတိုင်များကိုသာ အထူးသီးသန့်အာရုံစိုက်နေကြသည်။ ဤသို့ဆက်ဖြစ်နေမည်ဆိုပါက ငါ၏အမှုကို မည်သို့ချဲ့ထွင်နိုင်မည်နည်း။ ငါ၏သတင်းကောင်းသည် ကမ္ဘာအနှံ့ မည်သို့ပျံ့နှံ့နိုင်မည်နည်း။ ငါ၏အမှုကို ချဲ့သောအခါ၌ ငါသည် သင်တို့ကို ကွဲပြားစေမည်ဖြစ်ပြီး၊ ဣသရေလလူမျိုးထဲမှ မျိုးနွယ်စုတိုင်းကို ယေဟောဝါက ရိုက်သကဲ့သို့ ငါသည် သင်တို့ကို ရိုက်မည်ဖြစ်ကြောင်းကို သင်တို့သိသင့်သည်။ ကမ္ဘာအနှံ့၌ ငါ၏သတင်းကောင်း ပျံ့နှံ့စေဖို့အတွက်၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအထိ ရောက်ဖို့အတွက်၊ လူကြီးများနှင့်ကလေးများတို့ တူညီစွာ ငါ၏နာမတော်ကို ထင်ရှားစေဖို့နှင့် လူမျိုးနွယ်စုများနှင့် တိုင်းနိုင်ငံများအားလုံးမှ လူများ၏နှုတ်များက ငါ၏သန့်ရှင်းသော နာမတော်ကို ချီးမြှောက်ကြစေဖို့ဖြစ်သည်။ ဤနောက်ဆုံးသော ခေတ်တွင် ငါ၏နာမတော်သည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများ အကြား၌ ထင်ရှားခြင်းရှိစေရန်၊ ငါ၏လုပ်ဆောင်ချက်များကိုလည်း တစ်ပါးအမျိုးသားများ မြင်ကြစေရန်၊ ထို့ပြင် ငါ၏ လုပ်ဆောင်ချက်များကြောင့် သူတို့က ငါ့ကို အနန္တတန်ခိုးရှင်ဟု ခေါ်ကြစေရန်ဖြစ်ပြီး၊ ငါ၏နှုတ်ကပတ်တော်များသည် မကြာမီ အမှန်တကယ် ဖြစ်လာစေရန်ဖြစ်သည်။ ငါသည် ဣသရေလ လူမျိုးများ၏ ဘုရားသခင်သာ မဟုတ်ကြောင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအားလုံး၏ ဘုရားသခင်လည်းဖြစ်ပြီး၊ ငါကျိန်ဆဲ ခဲ့ဖူးသည့် လူမျိုးများ၏ ဘုရားသခင်ပင် ဖြစ်ကြောင်းကို လူအားလုံးကို ငါသိစေမည်။ ငါသည် အရာအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်ဖြစ်ကြောင်းကို လူအားလုံးကို မြင်စေမည်။ ဤသည်မှာ ငါ၏အကြီးမြတ်ဆုံးသော အမှုဖြစ်သည်။ နောက်ဆုံးသော ကာလအတွက် ငါ့အမှုအစီအစဉ်၏ ရည်ရွယ်ချက်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသောကာလ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တစ်ခုတည်းသော အမှုလည်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

(၃၀၈) ဘုရားသခင်သည် ဤလူစုတွင် မည်သည့်အမှု ပြီးမြောက်စေမည်ကို သင်တို့ တွေ့မြင်ပြီးကြပြီလော။ အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌တွင်ပင် လူများသည် သူ၏ မိန့်မြွက်ချက်များကို ရှေ့ဆက်လိုက်လျှောက်ကြရဦးမည်ဖြစ်ပြီး၊ အနာဂတ်တွင် ဘုရားသခင်၏ မိန့်မြွက်ချက်များသည် ကောင်းသော ခါနန်ပြည်ထဲတွင် လူ့အသက်တာကို တိုက်ရိုက် လမ်းပြလိမ့်ဦးမည်ဖြစ်သည်ဟု ဘုရားသခင်သည် တစ်ခါက ပြောဆိုခဲ့သည်။ မောရှေသည် တောထဲ၌ ရှိခဲ့ချိန်တွင်၊ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူတို့ မွေ့လျော်ဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်မှ ပို့ပေးခဲ့ပြီး၊ ယနေ့တွင် ထိုသို့ ဖြစ်နေဆဲဖြစ်သည်- ဘုရားသခင်သည် လူတို့ မွေ့လျော်ရန် စားဖို့၊ သောက်ဖို့ အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးဆဲဖြစ်ပြီး၊ လူတို့ကို ပြစ်တင်ဆုံးမရန် ကျိန်ခြင်းအမင်္ဂလာများကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပြီးဖြစ်သည်။ ထို့ကြောင့် သူ့အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယနေ့တွင် လူများသည် ဖြစ်ရပ်မှန်များ၏ အဖြစ်အပျက်ကို ရှာဖွေကြသည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ၎င်းတို့ ရှာဖွေကြပြီး၊ ဘုရားသခင်၏အမှုသည် တိုး၍တိုး၍ လက်တွေ့ကျလာနေသည့်အတွက်၊ ထိုသို့သောလူများ အားလုံး ပစ်ပယ်ခံရဖို့ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ကောင်းကင်မှ ဆင်းကြွပြီး ဖြစ်သည်ကို မည်သူမျှ မသိကြပေ၊ ဘုရားသခင်သည် အစားအစာနှင့် အားဆေးများကို ကောင်းကင်မှ ချပေးပြီးသည်ကိုလည်း ၎င်းတို့ မသိကြပေ- သို့သော် ဘုရားသခင် အမှန်တကယ် တည်ရှိပြီး၊ လူများ စိတ်ကူးကြသည့် အနှစ်တစ်ထောင် နိုင်ငံတော်နှင့် ပတ်သက်သည့် စေ့ဆော်သော မြင်ကွင်းများသည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များ ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး ဤအရာကိုသာလျှင် ကမ္ဘာမြေပေါ်၌ ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းဟု ခေါ်ပေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းသည် လူ့ဇာတိကို ရည်ညွှန်းပေသည်။ လူ့ဇာတိနှင့် မသက်ဆိုင်သောအရာသည် ကမ္ဘာမြေပေါ်တွင် မတည်ရှိပေ၊ ထို့ကြောင့် တတိယ ကောင်းကင်ဘုံသို့ သွားခြင်းအပေါ် အာရုံစိုက်သော သူအားလုံးသည် အချည်းနှီး ထိုသို့ လုပ်ဆောင်ကြပေသည်။ တစ်နေ့တွင်၊ စကြဝဠာတစ်ခုလုံး ဘုရားသခင်ထံ ပြန်လာသောအခါတွင်၊ အာကာသတစ်လျှောက်လုံး သူ၏ အမှု ဗဟိုသည် သူ၏ မိန့်မြွက်ချက်များနောက်ကို လိုက်လိမ့်မည်။ အခြားတစ်နေရာရာတွင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ရရှိဖို့ အချို့လူများက ဖုန်းကို အသုံးပြုကြလိမ့်မည်၊ အချို့က လေယာဉ်ပျံ စီးကြလိမ့်မည်၊ အချို့က ပင်လယ်ဖြတ်ကာ လှေစီးကြလိမ့်မည်ဖြစ်ပြီး၊ အချို့သည် လေဆာကို အသုံးပြုကြလိမ့်မည်။ အယောက်တိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်ဖြစ်ပြီး၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ဆီသို့ တိုးဝင်ချဉ်းကပ်လာကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ဆီသို့ စုရုံးကြလိမ့်မည်ဖြစ်ကာ အားလုံးသည် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်- ပြီးလျှင် ဤအရာ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်လိမ့်မည်။ ဤအရာကို အောက်မေ့လော့။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ဖန် ဧကန်မုချ မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရကာ ဘုရားသခင် ဘုန်းအသရေရရှိသည့် အချိန် ဖြစ်လိမ့်မည်။ စကြဝဠာ တစ်လျှောက်ရှိ လူအားလုံးသည် ဤသာမည “လူသား” ကို ကိုးကွယ် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက် ဖြစ်လိမ့်မည် မဟုတ်ပေလော။ တစ်နေ့တွင်၊ အသက်ကြီးသော သင်းအုပ်ဆရာများသည် အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေရင်း ကြေးနန်းများ ပေးပို့ကြလိမ့်မည်။ ၎င်းတို့သည် အသက်အရွယ်ကြီးရင့် ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့ အထင်အမြင်သေးခဲ့ကြသည့် ဤလူကို ကိုးကွယ်ဖို့ လာကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နှုတ်များဖြင့် သူ့ကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ စိတ်နှလုံးများဖြင့် သူ့ကို ကိုးစားကြလိမ့်မည်ဖြစ်သည်- ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုနှင့် အဖွယ်ရာတစ်ခု ဖြစ်သည် မဟုတ်လော။ နိုင်ငံတော်တစ်ခုလုံး ဝမ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းအသရေနေ့ရက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းကို ရရှိသူမည်သူမဆို ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်သော နိုင်ငံများနှင့် လူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းနှင့် ဂရုစိုက်ခြင်းကို ခံရကြလိမ့်မည်။ အနာဂတ် ဦးတည်ချက်များက ထိုသို့ ဖြစ်လိမ့်မည်- ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် ကမ္ဘာမြေပေါ်၌ လျှောက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စီးပွားရေးသမားများဖြစ်စေ၊ သိပ္ပံပညာရှင်များဖြစ်စေ၊ ပညာသင်ကြားပေးသူများဖြစ်စေ၊ စက်မှုလုပ်ငန်းရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူတို့သည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲသည့်အချိန် ရှိလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခံရလိမ့်မည်။ ဤသည်မှာ၊ “သမ္မာတရားနှင့်အတူ လောကတစ်ခွင်လုံးကို သင် လျှောက်လှမ်းလိမ့်မည်၊ သမ္မာတရား မရှိပါက၊ မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်။” ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အမှန်တရားများမှာ ဤသို့ဖြစ်သည်- ဘုရားသခင်မှာ စကြဝဠာ တစ်ဝှမ်းလုံးကို ကွပ်ကဲဖို့နှင့် လူသားမျိုးနွယ်ကို အုပ်စိုးကာ သိမ်းပိုက်ဖို့ရန် လမ်းခရီးကို (သူ၏နှုတ်ကပတ်တော် အားလုံးကို ဆိုလိုသည်) အသုံးပြုမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းများဖြင့် ကြီးမားသော အလှည့်အပြောင်းတစ်ခုကို အမြဲမျှော်လင့်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ လူတို့ကို ဘုရားသခင် ထိန်းချုပ်သည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်ပြီး၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူပြောသည့်အရာကို သင်လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဌာန်ကျသော အချက်တစ်ချက်ဖြစ်ပြီး အားလုံး နာခံရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည်လည်း အားလုံးက ရှောင်လွဲ၍မရသကဲ့သို့ သိရှိထားသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

(၃၀၉) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မရေမတွက်နိုင်သော အိမ်များအလယ် ပျံ့နှံ့လိမ့်မည်၊ ၎င်းတို့ကို အားလုံးက သိရှိလာကြလိမ့်မည်၊ ထိုအခါမှသာ သူ၏ အမှုသည် စကြဝဠာတစ်လျှောက်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုသည် စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ပျံ့နှံ့ဖို့ရန်ဆိုပါက၊ သူ၏ နှုတ်ကပတ်တော်များ ပျံ့နှံ့ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မိမိတို့၏တန်ခိုးနှင့် ဩဇာအာဏာကို ပြသလိမ့်မည်။ ရှေးအတီတေမှ ယနေ့တိုင် သူ၏ နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်းသည် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး အမှန်တကယ် ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့်၊ ဘုန်းအသရေသည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်အဖို့ ဖြစ်လိမ့်မည်- ယင်းမှာ သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာမြေပေါ် အုပ်စိုးလိမ့်မည်ဟု ဆိုရပေမည်။ ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြည့်စုံစေခြင်း ခံရလိမ့်မည်။ သူသည် မည်သည့် နိမိတ်လက္ခဏာ သို့မဟုတ် မည်သည့်အံ့ဖွယ်ရာကိုမျှ ထင်ရှားစေမည်မဟုတ်။ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် အမှန်တရားများကို ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာပေါ်ရှိ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးကျူးဂုဏ်ပြုကြလိမ့်မည်၊ လူကြီးဖြစ်စေ၊ ကလေးများဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မြေကြီးပေါ်၌ လူတို့ကို ထင်ရှားစွာနှင့် အသက်ပါပါ မြင်ခွင့်ပေးရင်း လူ့ဇာတိ၌ ပေါ်ထွန်း၏။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်းအတွက် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” ဟူသောအချက်ကို အဓိကအားဖြင့် ပြည့်စုံစေဖို့ ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို (ဘုရားသခင်၏ အသံသည် ကောင်းကင်မှ တိုက်ရိုက် ထုတ်ပြန်သည့်အချိန် ဓမ္မဟောင်းကျမ်းထဲက မောရှေ၏ အချိန်ကာလကဲ့သို့ မဟုတ်ဘဲ) လူ့ဇာတိမှ ထုတ်ပြန်နိုင်ဖို့အလို့ငှာ သူ ကြွလာပြီးဖြစ်သည်။ ထို့နောက်တွင်၊ သူ၏ နှုတ်ကပတ်တော်အားလုံးသည် နှစ်တစ်ထောင် နိုင်ငံတော်ကာလအတွင်းတွင် ပြည့်စုံလိမ့်မည်၊ ထိုနှုတ်ကပတ်တော်များသည် လူများ၏ မျက်စိရှေ့တွင် မြင်တွေ့နိုင်သော အမှန်တရားများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ လူများသည် ခြားနားချက် စိုးစဉ်းမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင် မျက်လုံးများကို အသုံးပြုရင်း ထိုနှုတ်ကပတ်တော်များကို ရှုမြင်ရကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိကို ခံယူခြင်းနှင့်သက်ဆိုင်သည့် အဆုံးစွန် အဓိပ္ပာယ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် လူ့ဇာတိမှတစ်ဆင့်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ပြီးမြောက်ခြင်းဖြစ်သည်။ ဤသည်မှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” နှင့် “လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်း” တို့၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ ဝိညာဉ်တော်၏ အလိုကို ပြောနိုင်ပြီး လူ့ဇာတိ၌ရှိသော ဘုရားသခင်ကသာ ဝိညာဉ်တော် ကိုယ်စား ပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့ဇာတိခံ ဘုရားသခင်၌ ပေါ်လွင်ထင်ရှားပြီး အယောက်တိုင်းသည် ထိုနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းခံရလေသည်။ မည်သူမျှ ကင်းလွတ်ခြင်းမရှိ၊ ၎င်းတို့အားလုံး ဤနယ်ပယ်အတွင်းတွင် တည်ရှိ၏။ ဤမိန့်မြွက်ချက်များမှသာ လူများသည် သိလာနိုင်သည်။ ဤနည်းလမ်းဖြင့် မရရှိသောသူများသည် ကောင်းကင်မှ မိန့်မြွက်ချက်များ ရရှိနိုင်သည်ဟု ၎င်းတို့ ထင်ပါက၊ စိတ်ကူးယဉ်အိပ်မက်မက်နေကြခြင်း ဖြစ်သည်။ ယင်းမှာ အားလုံးကို ယင်းအား လုံးလုံး ယုံကြည်လောက်ဖွယ် အနှစ်သာရဖြင့် ယုံကြည်စေရင်း၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၌ ဖော်ပြထားသော ဩဇာအာဏာ ဖြစ်သည်။ ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ ကျွမ်းကျင်သူများနှင့် ဘာသာရေး သင်းအုပ်ဆရာများပင်လျှင် ဤနှုတ်ကပတ်တော်များကို မပြောဆိုနိုင်ကြပေ။ ၎င်းတို့အားလုံးသည် ထိုနှုတ်ကပတ်တော်များအောက်၌ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ မည်သူမျှ အခြားသော အစပြုခြင်းကို ပြုလုပ်နိုင်မည် မဟုတ်။ ဘုရားသခင်သည် စကြဝဠာကို သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သူသည် ဤအရာများကို သူ၏ လူ့ဇာတိခံ ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို သိမ်းပိုက်ရန် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည်သာ နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်ခြင်း ဖြစ်သည်။ လူသားများအဖို့ ဘုရားသခင်သည် အမှုများစွာ မလုပ်ဆောင်သေးသည့်အလား ထင်ရသော်လည်း- ဘုရားသခင်၏ သူ၏နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံကြလိမ့်မည် ဖြစ်ကာ အံ့ဩကြလိမ့်မည်ဖြစ်သည်။ အမှန်တရားများ မရှိဘဲနှင့်၊ လူများသည် အော်ဟစ်ကာ ပွတ်လောရိုက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ ၎င်းတို့ ဆိတ်ငြိမ်ကျသွားကြသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်သို့ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်း အမှန်တရားကို ပြီးမြောက်စေခြင်း ဖြစ်သည့် ဘုရားသခင်၏ ကြာရှည်တည်ဆောက်ထားသည့် အစီအစဉ်ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ဤအမှန်တရားကို ဧကန်မုချ ပြီးမြောက်စေလိမ့်မည်။ အမှန်တွင်၊ ငါ့အတွက် ရှင်းပြန်ရန် မလိုပေ- ကမ္ဘာမြေပေါ်သို့ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်သော ယေရုရှလင်မြို့သစ် ဆိုသည်မှာ လူသားအလယ် အသက်ရှင်ဖို့၊ လူ၏ လုပ်ရပ်တိုင်းနှင့် သူ၏ အတွင်းကျကျ အတွေးများအားလုံးကို အဖော်ပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ပြီးမြောက်စေမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အနှစ်တစ်ထောင် နိုင်ငံတော်၏အလှတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချမှတ်ထားသော အစီအစဉ် ဖြစ်သည်- သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်ကြာ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထင်ရှားစေမည်ဖြစ်ကာ သူ၏ အမှုအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်၊ ထို့နောက်တွင် လူသားမျိုးနွယ်၏ ဤအဆင့်သည် အဆုံးသတ်ဖို့ ရောက်လာလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

အရှေ့သို့- ၇။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- ၉။ ဘုရားသခင်၏အမှုတော်နှင့် လူသား၏အလုပ်ကြား ကွဲပြားခြားနားချက်ကို ထုတ်ဖော်ခြင်းနှင့် သက်ဆိုင်သည့် နှုတ်ကပတ်တော်များ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။