စိတ်သဘောထားပြောင်းလဲမှုများသည်သာ စစ်မှန်သော ပြောင်းလဲမှုများဖြစ်၏ကျူး
၁ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စာတန်၏ အဆိပ်ခတ်ခြင်းနှင့် နင်းခြေခြင်းကို ခံရခြင်းမှ၊ ၎င်း၏စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန်၏ လွန်ကဲစွာ ဘေးသင့်စေမှုတို့မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လူသား၏ ဤအခြေခံအချက်များသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရခဲ့ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ ထိုကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲခြင်းသည် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိဉာဏ်၏ ပြောင်းလဲခြင်းတို့ဖြင့် အစပြုရမည်။ သို့မှသာ သူ၏ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့် ပတ်သက်သော အသိပညာသည် ပြောင်းလဲမည်ဖြစ်သည်။
၂ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်ကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ၌ ပင်ကိုအားဖြင့် ယုတ္တိတန်သော အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိစိတ် မူမမှန်ဖြစ်လာကာ၊ သူ၏စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိဘဲ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။
၃ လူသား၏ စိတ်သဘောထားကို ဖွင့်ပြခြင်းသည် လူ့အသိစိတ်၊ ထိုးထွင်းသိမြင်စွမ်းနှင့် အသိတရားတို့ကို ထုတ်ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် အကောင်းပကတိ မဟုတ်တော့သည်သာမက သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းလာခြင်းကြောင့် သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်သည်။ အကယ်၍ လူသား၏ အသိဉာဏ်နှင့် ထိုးထွင်းသိမြင်စွမ်း မပြောင်းလဲနိုင်ပါက သူ့စိတ်သဘောထားသည် ဘုရားသခင်အလိုကျ ပြောင်းလဲနိုင်မည် မဟုတ်သည်ကို စဉ်းစားစရာမလိုပေ။ လူ့စိတ်သဘောထားသည် မိမိ၏ အရင်းအမြစ်မှန်ကို သိခြင်းမှစ၍ အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ မြင်ကွင်းအထိ ပြောင်းလဲခြင်းရှိရပေမည်။ အခြေခံကျသော ပြောင်းလဲမှုရှိရမည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ