၂၅၀ ဘုရားချစ်ခြင်းမေတ္တာ၏ အားပေးမှု
အပိုဒ် ၁
ဘုရားသခင်၏ မိသားစုထဲတွင် ကျွန်ုပ်တာဝန်ကို လုပ်ဆောင်ရင်း
ဘုရားသခင်၏ အကြီးမြတ်ဆုံး ချစ်ခြင်းမေတ္တာကို ကျွန်ုပ် တွေ့ကြုံပြီ။
ဤနေရာတွင် ညီအစ်ကို မောင်နှမများ၏ ဂရုစိုက်မှုက
ကျွန်ုပ် မိဘများ၏ ချစ်ခင်မှုအားလုံးထက် သာလွန်ပေ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ တွေ့ဆုံရင်းနှင့် ဝေမျှရင်း၊
စစ်မှန်သော ခံစားချက် မျက်ရည်များ ကျွန်ုပ်တို့အားလုံး စီးကျပေ။
သမ္မာတရားကို မိတ်သဟာယပြုခြင်းဖြင့် ကျွန်ုပ်တို့ ထောက်ပံ့ခံကြရ၊
အချင်းချင်း ကူညီကာ ထောက်ပံ့ရင်းလေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ ကိုယ်တော်၏ ရှေ့မှောက်တွင် အသက်ရှင်ရင်း၊
ကျွန်ုပ်၏ စိတ်နှလုံး အေးချမ်းကာ သိမြင်မှုဖြင့် ပြည့်။
ဘုရားသခင်ကို ချစ်ကာ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ဖို့ ကျွန်ုပ် ရှာဖွေ၊
ထို့ကြောင့် အဓိပ္ပါယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ကြပေ။
ပြန်ဆိုအပိုဒ်
ယနေ့ ကျွန်ုပ် မွေ့လျော်သမျှမှာ
ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့အားဖြင့် ဖြစ်ပေ။
ကိုယ်တော်ကို ချစ်ကာ စိတ်ကျေနပ်စေဖို့
ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်ကို ခွန်အားပေးသည်။
ဘုရားသခင်ကို ကျွန်ုပ် အမြဲနာခံကာ
ကျွန်ုပ်အတွက် ကိုယ်တော်၏ ချစ်ခြင်းကို ပြန်ပေးဆပ်မည်။
အပိုဒ် ၂
ဖောက်ပြန်ပျက်စီးသော သဘာဝများဖြင့်၊ လူသားက ဘုရားသခင်ကို ဆန့်ကျင်ပေ။
ဘုရား နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံရင်း၊
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ကျွန်ုပ် မြင်ရပေ။
ကျွန်ုပ် မာနရှိသည်၊ စဉ်းလဲကာ လူသားပုံသဏ္ဍာန် ကင်းမဲ့ပေ။
ဇာတိပကတိကို စွန့်ပစ်ရင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရင်း၊
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်ခြင်းခံရပေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို နေ့တိုင်း ရေလောင်းကာ ကျွေးမွေးသည်။
ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အသက်ရှင်ရင်း၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်ပျော်မွေ့ပေ။
သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရင်း၊ ဘုရားသခင်နောက်လိုက်ရင်းဖြင့်၊
လမ်းက ပိုမိုတောက်ပကာ၊ ပို၍ ဝေးဝေး ကျွန်ုပ် ရောက်သည်။
ဘုရားသခင်ကို ချစ်ဖို့၊ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ဖို့ ကျွန်ုပ် ရှာဖွေကာ ထို့ကြောင့်
အဓိပ္ပါယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ကြပေ။
ပြန်ဆိုအပိုဒ်
ယနေ့ ကျွန်ုပ် မွေ့လျော်သမျှမှာ
ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့အားဖြင့် ဖြစ်ပေ။
ကိုယ်တော်ကို ချစ်ကာ စိတ်ကျေနပ်စေဖို့
ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်ကို ခွန်အားပေးသည်။
ဘုရားသခင်ကို ကျွန်ုပ် အမြဲနာခံကာ
ကျွန်ုပ်အတွက် ကိုယ်တော်၏ ချစ်ခြင်းကို ပြန်ပေးဆပ်မည်။
အစိုးရ၏ နှိပ်စက်ညှင်းဆဲခြင်းမှတဆင့်၊
ဘုရားသခင်နောက်လိုက်ဖို့ ကျွန်ုပ်၏ ဆန္ဒ အားကောင်းလေပြီ။
ဖိနှိပ်မှုနှင့် အခက်အခဲများရှိသော်လည်း၊
ဘုရားသခင် အနန္တတန်ခိုးရှင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်အပေါ် စေ့ဆော်တိုက်တွန်းပေ။
လိုက်လံဖမ်းဆီးခြင်းမှ တစ်ကြိမ် လွတ်မြောက်ရချိန်၊ ဘုရားသခင် တန်ခိုးကြီးမားမှုကို ကျွန်ုပ် မြင်ရ။
စာတန်ကို ကျွန်ုပ် စွန့်ပစ်ကာ ဘုရားသခင်ကို အမြဲ ချစ်သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် ခံစားရပြီ၊ ယင်းက အလွန် မှန်ကန်ကာ စစ်မှန်ပေ။
ဘုရားသခင်သည် ဖြောင့်မတ်၊ သန့်ရှင်းကာ ချီးမွမ်းခြင်းနှင့် ထိုက်တန်ပေ။
ပြန်ဆိုအပိုဒ်
ယနေ့ ကျွန်ုပ် မွေ့လျော်သမျှမှာ
ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာတို့အားဖြင့် ဖြစ်ပေ။
ကိုယ်တော်ကို ချစ်ကာ စိတ်ကျေနပ်စေဖို့
ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်ကို ခွန်အားပေးသည်။
ဘုရားသခင်ကို ကျွန်ုပ် အမြဲနာခံကာ
ကျွန်ုပ်အတွက် ကိုယ်တော်၏ ချစ်ခြင်းကို ပြန်ပေးဆပ်မည်။