ဘုရားသခင်၏ နှုတ်ကပတ်တော်များနောက် လိုက်ပါက၊ သင် လမ်းမပျောက်နိုင်ပေ
၁ သင်တို့သည် အမှီအခိုကင်းကင်းဖြင့် စားသောက်နိုင်ပြီး၊ ဘုရားသခင်၏ မျက်မှောက်တော်အလင်းထဲ၌ အမြဲရှင်သန်ဖို့နှင့် သင်အသက်ရှင်သည့် ပုံစံတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မစွန့်ခွာဖို့ကို ဘုရားသခင် မျှော်လင့်သည်။ သို့မှသာလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်ဝနိုင်မည်။ သင့်စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင် ရှေ့ဆက်ဖို့ ဧကန်မုချ လမ်းပြပေလိမ့်မည်။ ဤအတိုင်းအတာအထိ ဘုရားသခင်ကို စစ်မှန်စွာ တိုးဝင်ချဉ်းကပ်ပါက၊ သင်သည် ဘုရားသခင်နှင့် အမြဲမပြတ် ဆက်သွယ်နိုင်မည် ဖြစ်ပြီး၊ သင်လုပ်သမျှမှာ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် နားမလည်ခြင်း တို့ကို ခံစားရစ်စေခြင်းတို့ဖြင့် အဆုံးသတ်မည် မဟုတ်ပေ။ သင်သည် သင့်အပါးတွင် ဘုရားသခင်ကို ဧကန်မုချ ရရှိနိုင်စွမ်းရှိမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အမြဲတမ်း ပြုမူနိုင်လိမ့်မည် ဖြစ်သည်။
၂ သင်ကြုံတွေ့ရသည့် လူတိုင်း၊ အရေးကိစ္စတိုင်းနှင့် အမှုအရာတိုင်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ အလိုတော်အတိုင်း သင်ပြုမူဆောင်ရွက်ဖို့ လမ်းပြလျက် သင့်ထံသို့ အချိန်မရွေး ပေါ်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အရာအားလုံးကို လုပ်ဆောင်ပါက၊ ဘုရားသခင်က သင့်လုပ်ရပ်တစ်ခုချင်းစီတွင် သင်ရှေ့ဆက်ဖို့ ဦးဆောင်လမ်းပြ လိမ့်မည်။ သင်သည် မည်သည့်အခါမျှ လမ်းလွဲမည်မဟုတ်ပေ၊ ထို့ပြင် သင်သည် ပို၍ပင် သစ်လွင်သော ဉာဏ်အလင်းပေးခြင်းများဖြင့် အလင်းသစ်ထဲ၌ အသက်ရှင် နေထိုင်နိုင်လိမ့်မည်။ လုပ်ဆောင်ဖို့အရာအား စဉ်းစားချင့်ချိန်ရန် လူသား၏ စိတ်ကူးစိတ်သန်းများကို သင်အသုံးပြု၍မရပေ။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုကို သင် နာခံသင့်သည်၊ ရှင်းလင်းသည့် နှလုံးသား ရှိသင့်သည်၊ ဘုရားသခင်၏ရှေ့မှောက်တွင် ဆိတ်ငြိမ်သင့်သည်၊ ပြီးလျှင် ဆင်ခြင် တွေးတောခြင်း ကို ပို၍ပြုသင့်သည်။ သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များ အတွက် စိုးရိမ်သောကမရောက်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။
၃ ဘုရားသခင်သည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်ကို ယုံကြည်လော့။ သင်၌ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒတစ်ခုရှိကာ စာတန်၏ ဆင်ခြေများ၊ ရည်ရွယ်ချက်များနှင့် လှည့်ကွက်များကို ငြင်းပယ်လျက် ဘုရားသခင်ကို အာသာငမ်းငမ်း ရှာဖွေရမည်။ စိတ်မပျက်လေနှင့်။ အားမလျော့လေနှင့်။ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလော့၊ သင့်စိတ်နှလုံး အကြွင်းမဲ့ဖြင့် စောင့်မျှော်လော့။ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းပြီး၊ သင့်အတွင်းမှ အနှောင့်အယှက်များကို ဖယ်ရှားလော့။
ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ