၃၀၄ ကျွန်ုပ်တို့က သမ္မာတရားကို ရရှိပြီး မကျဆုံးတော့ဖို့ကိုသာ ဆန္ဒရှိပေ
ကမ္ဘာကြီး၏ အမှောင်နှင့် ဆိုးယုတ်မှုကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်ပြီ၊ ယင်း၏အလားအလာနောက်သို့ ကျွန်ုပ် ရောက်တတ်ရာရာ မလိုက်လိုပေ။ အနန္တတန်ခိုးရှင် ဘုရားသခင် တစ်ပါးတည်းသာ လူများကို ကယ်တင်နိုင်သည်ကို ကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိသော်လည်း၊ ကျွန်ုပ် အဘယ့်ကြောင့် သမ္မာတရားကို လက်ခံပြီး သူ့နောက်သို့ မလိုက်နိုင်သနည်း။ ကျွန်ုပ်သည် အဘယ့်ကြောင့် မိမိ၏ လမ်းမှားကိုသာ လျှောက်ပြီး အထီးတည်း နေမြဲနေသနည်း။ ကျွန်ုပ်သည် အလွန် နိမ့်ကျစွာ တကယ် ကျရှုံးပြီလား။ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းဖြင့် ကျွန်ုပ် ဖျက်ဆီးခံရနိုင်သလော။ ဘေးဒုက္ခများဖြစ်ပျက်ပြီး ကျွန်ုပ်၏အိပ်မက်မှ အလန့်တကြား နိုးထသည်။ ကျွန်ုပ်သည် အလွန် အပျက်သဘောဆောင်မြဲ ဆောင်ပြီး မရှုံးနိမ့်လိုပေ။ ကျွန်ုပ် ပြန်ထူထောင်မည်။ ယနေ့ ကျွန်ုပ် ခြေထောက်ပေါ်တွင် မတ်မတ်ရပ်မည်၊ သူရဲဘောနည်းသူတစ်ဦး မဟုတ်ဘဲ၊ စစ်သည်တော် တစ်ဦး ဖြစ်သည်။ သမ္မာတရားကိုသာ ကျွန်ုပ် ရလိုပြီး ခရစ်တော်အတွက် တိုက်လိုသည်။ ဘုရားသခင်အတွက် ကျွန်ုပ် သက်သေခံဖို့၊ သူ့ကို နာခံဖို့နှင့် ကျွန်ုပ် တစ်ဘဝလုံး သူ့နောက်လိုက်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ။