၂၆၀ လူသားအသက်အတွက်၊ ဆင်းရဲဒုက္ခအားလုံးကို ဘုရားသခင် ကြံ့ကြံ့ခံသည်
လူသားအသက်၏ မူလအစနှင့် ရှေ့ဆက်မှုတို့ကို ထိန်းချုပ် ထားသည့် လျှို့ဝှက်ချက်များကို မည်သူမျှ စုံစမ်းစစ်ဆေးခဲ့ဖူးခြင်း မရှိပေ။ ဤအရာအားလုံးကို နားလည်တော်မူသော ဘုရားသခင်သည်သာ အရာအားလုံးကို ဘုရားသခင်ထံမှ ရရှိထားသော်လည်း ကျေးဇူးတင်ခြင်းမရှိသော လူသားက သူ့ကိုပေးသည့် နာကျင်မှုနှင့် ထိုးနှက်မှုတို့ကို တစ်ခွန်းမျှမဟဘဲ သည်းခံလျက်ရှိသည်။ လူသားသည် ဘဝက ယူဆောင်လာသော အရာအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားသည်၊ ထိုနည်းတူပင် ဘုရားသခင်သည် လူသား၏ သစ္စာဖောက်ခံရပြီး မေ့လျော့ခံရကာ ခြိမ်းခြောက် တောင်းယူ ခံရခြင်းမှာလည်း “ဖြစ်ရိုးဖြစ်စဉ်” ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်သည် အမှန်တကယ်ပင် ထိုမျှ အရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ လက်တော်မှလာသော ဤသက်ရှိလူသားသည် အမှန်တကယ်ပင် ထိုမျှအရေးကြီးနေနိုင်သလော။ ဘုရားသခင်၏ အစီအစဉ်သည် အရေးကြီးသည်ကား သေချာပေ၏၊ သို့ရာတွင် ဘုရားသခင်၏လက်တော်ဖြင့် ဖန်ဆင်းခဲ့သော ဤသက်ရှိသည် သူ၏အစီအစဉ်အတွက် တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဤလူသားမျိုးနွယ်ကို မုန်းတီးခြင်းကြောင့် ဘုရားသခင်သည် သူ၏အစီအစဉ်ကို အလဟဿ အဖြစ်မခံနိုင်ပေ။ သူ၏အစီအစဉ်နှင့် သူမှုတ်သွင်းထားခဲ့သည့် ဇီဝအသက်ကြောင့်သာ ဘုရားသခင်သည် ညှဉ်းဆဲမှုအားလုံးကို သည်းခံနေခြင်းဖြစ်ပြီး လူသား၏ သွေးသားခန္ဓာအတွက် မဟုတ်ဘဲ လူသား၏ အသက်အတွက်ဖြစ်သည်။ သူသည် လူသား၏ သွေးသားခန္ဓာကို ပြန်ယူရန်မဟုတ်ဘဲ သူမှုတ်သွင်းခဲ့သော အသက်ကို ပြန်ယူရန် ထိုသို့ပြုခြင်းဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်