အခန်း ၄၀
သင်တို့သည် အဘယ့်ကြောင့် အလွန်ဉာဏ်ထိုင်းကြသနည်း။ အဘယ့်ကြောင့် အလွန်ထုံကြသနည်း။ အကြိမ်ကြိမ် သတိပေးခြင်းများက သင်တို့အား နိုးကြားစေခဲ့ခြင်းမရှိသေး၊ ထို့ကြောင့် ဤအရာသည် ငါ့အား စိတ်သောက ဖြစ်စေသည်။ ငါသည် ငါ၏သားတို့အား ထိုကဲ့သို့ အမှန်ပင် မမြင်ရက်ပေ။ ငါ၏ နှလုံးသည် ဤအရာအား မည်သို့ ခံနိုင်မည်နည်း။ အား။ ငါသည် သင်တို့အား ငါ၏လက်ဖြင့် သင်ကြားရမည်။ ငါ၏ ခြေလှမ်းသည် ဆက်လက် အရှိန်မြင့်လာသည်။ ငါ့သားတို့။ လျင်မြန်စွာ နိုးထလျက် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လော့။ ယခု မည်သူသည် မိမိကိုယ်ကိုယ် ငါ့အတွက် ရိုးသားစွာ အသုံးခံသနည်း။ မည်သူသည် အနည်းငယ်မျှပင် ညည်းညူခြင်းမရှိဘဲ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်နိုင်သနည်း။ သင်တို့သည် အမြဲတမ်း အလွန်ထုံပြီး ဉာဏ်ထိုင်းကြပေတကား။ အဘယ်မျှသော သူတို့သည် ငါ၏ ခံစားချက်များကို ထောက်ထားနိုင်ကြပြီး၊ ငါ့ နှုတ်ကပတ်တော်တို့၏ ဝိညာဉ်ကို မည်သူသည် အမှန်တကယ် နားလည်သဘောပေါက်နိုင်သနည်း။ ငါပြုနိုင်သည်မှာ စိုးရိမ်စွာ စောင့်ဆိုင်းခြင်း နှင့် မျှော်လင့်ခြင်းသာ ဖြစ်သည်၊ သင်တို့ ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းတို့သည် ငါ၏ စိတ်နှလုံးအား ကျေနပ်မှု မရှိစေသည်ကို မြင်ရသည့်အခါ၊ ငါဘာပြောနိုင်မည်နည်း။ ငါ့သားတို့။ ယနေ့တွင် သင်တို့၏အဖပြုသော အရာအားလုံးသည် သူ၏ သားတို့အတွက် ဖြစ်ကြသည်။ အဘယ့်ကြောင့် ငါ့သားတို့သည် ငါ၏စိတ်နှလုံးအား မည်သည့်အခါမျှ နားမလည်ကြသနည်း၊ ထို့အပြင် ငါ့သားတို့သည်၊ သင်တို့၏အဖ၊ ငါ့အား အဘယ့်ကြောင့် အမြဲ စိတ်ပူပန်စေသနည်း။ မည်သည့် အချိန်တွင် ငါ့သားတို့သည် ကြီးရင့်လျက်၊ ငါ့အား မစိုးရိမ်စေဘဲ၊ ၎င်းတို့နှင့်ပတ်သက်၍ ငါ့အား စိတ်အေးချမ်းခွင့် ရစေမည်နည်း။ မည်သည့်အချိန်တွင် ငါ၏သားတို့သည် မှီခိုခြင်းကင်းစွာ အသက်ရှင်နိုင်ပြီး၊ မတ်တပ်ရပ်ကာ၊ ၎င်းတို့၏အဖ၏ ပခုံးထက်မှ ဝန်တို့ကို ပေါ့ပါးစေမည်နည်း။ ငါသည် ငါ့သားတို့အတွက် တိတ်ဆိတ်စွာသာ မျက်ရည်ကျလျက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် အပြီးသတ်ခြင်းနှင့် ငါချစ်သော သူတို့၊ ငါ့သားတို့အား ကယ်ဆယ်ဖို့ရန် အစွမ်းကုန်အားထုတ်သည်။ ငါ့ထံတွင် အခြားသော ရွေးချယ်စရာမရှိပေ။
ငါ၏ကတိတော် တို့သည် ဖြစ်ပွားခဲ့ပြီး၊ သင်တို့၏ မျက်စိများ ရှေ့တွင် သိသာထင်ရှားလျက်ရှိသည်။ အဘယ့်ကြောင့် သင်တို့သည် ငါ၏ စိတ်နှလုံးအား မထောက်ထားသနည်း။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်နည်း။ ယခုအချိန်ထိ ငါ၏ စိတ်နှလုံးအား ကျေနပ်အားရစေသော အရာများ မည်မျှနှင့် အသင်းတော်အား အာဟာရဖြစ်စေပြီး ကျွေးမွေးသော အရာများ မည်မျှ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သင် ရေတွက်ပြီးပြီလော။ ဤအရာကို သေချာစွာ တွေးဆလော့၊ ဂရုမပြုဘဲ မနေနှင့်။ သမ္မာတရား၏ သေးငယ်သောပမာဏ တစ်ခုကိုမျ လက်မလွှတ်လေနှင့်။ ပုံပန်းသဏ္ဌာန်များ၌သာ အာရုံစိုက်ပြီး အနှစ်သာရအပေါ် သတိမမူဘဲ၊ နေ၍မရ။ သင်၏ စကားလုံးနှင့် အပြုအမူတိုင်းနှင့် သင်၏ လှုပ်ရှားမှု တစ်ခုစီတိုင်းကို ခရစ်တော်၏ ပုလ္လင်တော်ရှေ့တွင် တရားစီရင်ခြင်း ခံရပြီးဖြစ်သည် မဖြစ်သည်ဆိုသည်နှင့် အတုအပမဟုတ်ဘဲ အသက်၏ဖော်ပြခြင်းဖြင့် နက်ရှိုင်းသော အတွင်းမှ ပေါ်ထွက်ကာ အသစ်သောသူ၏ သဏ္ဌာန်သို့ ပြောင်းလဲပြီးဖြစ်သည် မဖြစ်သည်ဆိုသည်ကို အချိန်တိုင်း၌ ဆန်းစစ်ရမည်။ ဆုံးရှုံးမှုများ ခံစားရခြင်း မှ ကင်းလွတ်နိုင်စေရန် သင်၏ ဘဝကို မနှောင့်နှေးစေနှင့်။ ဤအခြေအနေအား အလျင်အမြန် ကုစားကာ၊ ငါ၏ စိတ်နှလုံးကို ကျေနပ်စေပြီး၊ အရာရာတိုင်းအား ဖြောင့်မတ်ခြင်းနှင့် သမာဓိရှိခြင်း တို့ဖြင့် လုပ်ဆောင်ခြင်းဟူသည့် ကျင့်၀တ် နိယာမများကို စိတ်၌ စွဲမှတ်လျက်၊ ငါ၏ စိတ်နှလုံးကို ကျေနပ်စေလော့။ မဆင်မခြင် မဖြစ်နှင့်။ ဤအရာကို သင်မှတ်မိ နိုင်မည်လော။