အခန်း ၃၉

သင်၏ မျက်စိတို့အား ဖွင့်ပြီး ကြည့်လော့၊ ငါ၏ ကြီးမြတ်သောတန်ခိုးကို နေရာတိုင်း၌ သင် မြင်နိုင်သည်။ သင်သည် နေရာတိုင်း၌ ငါ့ကို သေချာနိုင်သည်။ စကြဝဠာ နှင့် မိုးမျက်နှာကြက်သည် ငါ၏ ကြီးမြတ်သော တန်ခိုးကို ပျံ့နှံ့စေနေသည်။ ငါဆိုခဲ့သော နှုတ်ကပတ်တော်တို့သည် ရာသီဥတုပူနွေးမှု၊ ဥတုရာသီ ပြောင်းလဲမှု၊ လူတို့အတွင်း မူမမှန်မှုများ၊ လူမှုဆက်ဆံရေးများ ကစဉ့်ကလျားဖြစ်မှုနှင့် လူတို့၏ နှလုံးသားများအတွင်း လိမ်ညာလှည့်ဖြားမှုများတွင် အမှန်ဖြစ်လာခဲ့ပြီးဖြစ်သည်။ နေသည် ဖြူလာပြီး၊ လသည် နီလာသည်၊ အရာအားလုံးသည် ဟန်ချက်မညီ ဖြစ်နေသည်။ သင်တို့သည် ဤအရာများကို အမှန်ပင် မမြင်သေးသလော။

ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ဤနေရာတွင် ထုတ်ဖော်ပြသထားသည်။ ကိုယ်တော်သည် လူတို့ နှစ်ပေါင်းများစွာ လေ့လာကိုးစားခဲ့သည့်၊ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင် အနန္တတန်ခိုးရှင် ဖြစ်သည်ကို သံသယ ရှိစရာ မလိုပေ။ မည်သူသည် စကားလုံးတို့ကို မိန့်မြွက်ရုံဖြင့် အမှုအရာများကို ဖြစ်ပေါ်စေနိုင်သနည်း။ ကျွန်ုပ်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သာ ဖြစ်သည်။ ကိုယ်တော် ပြောဆိုလျှင်ပြောဆိုချင်း သမ္မာတရား ပေါ်လာသည်။ ကိုယ်တော်သည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း သင်သည် အဘယ့်ကြောင့် မပြောဘဲနေနိုင်သနည်း။

သင်တို့အားလုံးသည် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လို ကြောင်း ငါသည် ရင်ထဲက သိပြီး၊ ငါရွေးချယ်ထားသောသူများ၊ ငါ၏ ချစ်လှစွာသော ညီအစ်ကိုများနှင့် ညီအစ်မများ အားလုံးတို့ ၌ ဤကဲ့သို့သော ပြင်းပြသည့် ဆန္ဒရှိသော်လည်း၊ စစ်မှန်မှုဖြစ်စဉ်နှင့် ရင်ဆိုင်ရသောအချိန်တွင် အကယ်ပင် မဝင်ရောက်နိုင် သို့မဟုတ် အမှန်တကယ် လက်တွေ့မလုပ်ဆောင်နိုင်ဘဲ၊ အေးအေးဆေးဆေး တည်ငြိမ်လျက် ရှိမနေနိုင်ကြောင်း ငါယုံကြည်သည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ ပဓာနမပြုဘဲ၊ မိမိကိုယ်တိုင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ဝင်စားမှုများကို ရှေ့တန်းတင်ပြီး၊ စောင့်စားခြင်းမရှိဘဲ မိမိဘာသာ လုပ်ဆောင်သည်။ ဤနည်းလမ်းသည် ငါ၏ ရည်ရွယ်ချက်တို့အား မည်သည့်အခါမျှ ကျေနပ်စေလိမ့်မည် မဟုတ်ကြောင်း သင်တို့ကို ငါ ပြောမည်။ ကလေးငယ်။ သင်၏ နှလုံးသားကိုသာ ငါ့အား အပြည့်အဝ ပေးလော့။ အတွေးအမြင် ကြည်လင်ပြတ်သားလော့။ ငါသည် သင်၏ ငွေကြေးကိုသော်လည်းကောင်း၊ သင်၏ ဥစ္စာပစ္စည်းများကိုသော်လည်းကောင်း မလိုချင်သကဲ့သို့၊ သင် ငါ့ရှေ့မှောက်သို့ စိတ်အားထက်သန်စွာ၊ လိမ်လည်လှည့်ဖြားခြင်းဖြင့် သို့မဟုတ် ဉာဏ်အမြော်အမြင်ကျဉ်းစွာဖြင့် အစေခံရန် လာရောက်ခြင်းကိုလည်းပဲ အလိုမရှိပေ။ ပြဿနာများ ပေါ်လာသည့် အချိန်တွင် တိတ်ဆိတ်စွာနေ၍ ဖြူစင်သော နှလုံးသားရှိလော့၊ စောင့်ဆိုင်း၍ ရှာဖွေ လော့၊ ထိုအခါ ငါသည် သင့်ကို အဖြေ ပေးမည်။ သံသယမရှိလေနှင့်။ ငါ၏ နှုတ်ကပတ်တော်တို့သည် မှန်ကန်ကြောင်း သင်သည် အဘယ်ကြောင့် မည်သည့်အခါမျှ မယုံကြည်သနည်း။ အဘယ့်ကြောင့် သင်သည် ငါ၏ နှုတ်ကပတ်တော်တို့အား မယုံကြည်နိုင်သနည်း။ သင်သည် ဤမျှအစွန်းရောက်သည့် အတိုင်းအတာအထိ ခေါင်းမာ၍၊ ယခုကဲ့သို့သောချိန်တွင်ပင်လျှင် ထိုကဲ့သို့ ဖြစ်နေသေး၏၊ သင်သည် အသိဉာဏ်မဲ့လွန်းကာ၊ အသိဉာဏ်ပွင့်လင်းခြင်း အလျင်းမရှိပေ။ အဓိက သမ္မာတရား မည်မျှကို သင်တို့သည် မှတ်မိသနည်း။ ဤအရာကို အမှန်တကယ် တွေ့ကြုံခံစားပြီးပြီလော။ ပြဿနာများနှင့် ကြုံတွေ့သည့်အချိန်တွင် သင်သည် စိတ်ရှုပ်ထွေးလာပြီး၊ မဆင်မခြင်၊ အလောတကြီး လုပ်ဆောင်သည်။ ယနေ့အတွက် အဓိက အရာမှာ၊ သင်တို့ကိုယ်တိုင်၏ နှလုံးသားများသည် မေးခွန်းများကို မကြာခဏ စဉ်းစားသည့်နည်းတူ၊ သင်သည် ဝိညာဉ်တော်အထဲဝင်ရောက်ကာ၊ ငါနှင့် မိသဟာယ သာ၍ဖွဲ့ရန် ဖြစ်သည်။ သင်နားလည်သလော။ ဤအရာသည် အဓိက သော့ချက် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် နောက်ကျခြင်းသည် အမှန်တကယ်ပင် ပြဿနာဖြစ်သည်။ လျင်မြန်စွာလုပ်ဆောင်လော့၊ ပြီးလျှင် နှောင့်နှေးမနေနှင့်။ ငါ၏ နှုတ်ကပတ်တော်တို့ကို ကြားပြီး၊ နှောင့်နှေးမနေဘဲ ချက်ခြင်းလက်တွေ့လုပ်ဆောင်သော သူတို့သည် ကြီးစွာသော ကောင်းချီးကို ခံစားရမည်။ ငါသည် သင်တို့ အပေါ်တွင် နှစ်ဆ အပ်နှင်းမည်။ မစိုးရိမ်နှင့်။ တစ်စက္ကန့်မျှ နောက်မကျစေဘဲ၊ ငါပြောဆိုသည်အတိုင်း လုပ်ဆောင်လော့။ သင်တို့၏ လူ့အယူအဆများသည် ယေဘုယျအားဖြင့် ဤသို့ ဖြစ်ပြီး၊ သင်သည် အချိန်ဆွဲကာ ယနေ့လုပ်ဆောင်သင့်သော အရာကို နက်ဖြန်နေ့တိုင်အောင် ရောက်ရှိစေလျက် အစဉ်အမြဲ နှောင့်နှေးစေလေ့ရှိသည်။ အလွန်ပျင်းရိပြီး၊ အလွန် တရာ ပေါ့တီးပေါ့ဆနိုင်ပေတကား။ ယင်းကို စကားလုံးများဖြင့် မဖေါ်ပြနိုင်ပေ။ ငါသည် ချဲ့ကားပြောဆိုနေခြင်းမဟုတ်၊ ဤသည်မှာ အမှန်တရားဖြစ်သည်။ အကယ်၍ သင်သည် ထိုအရာကို မယုံကြည်လျှင်၊ သင့်ကိုယ်သင် ဂရုတစိုက် ဆန်းစစ် လေ့လာ၍၊ သင်၏ အခြေအနေကို စစ်ဆေးလော့။ ထိုသို့ပြုလျှင် ထိုအရာသည် အကယ်ပင် ထိုသို့ ဖြစ်ကြောင်းကို သင်တွေ့ရှိလိမ့်မည်။

အရှေ့သို့- အခန်း ၃၈

နောက်တစ်ခုသို့- အခန်း ၄၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။