၄၃၃ သင်၏ စိတ်နှလုံးကို ဘုရားအား ပေးသောအခါ
၁ ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ လူတို့၏ ဘုရားသခင်ကို ယုံကြည်မှုတွင် ၎င်းတို့သည် မိမိတို့၏ နှလုံးသားကို သူ့အား မပေးပါက၊ ထို့အပြင် ၎င်းတို့၏ နှလုံးသားသည် သူ့ထံ၌ မရှိသကဲ့သို့ ကိုယ်တော်၏ ဝန်ထုပ်ဝန်ပိုးကို မိမိတို့ ကိုယ်တိုင်၏ဝန်ထုပ်ဝန်ပိုးကဲ့သို့ သဘောမထားပါက၊ သူတို့လုပ်သမျှတိုင်းသည် ဘုရားသခင်ကို လိမ်လည်လှည့်စားသော လုပ်ရပ်၊ ဘာသာရေးသမားများ၏ လုပ်ရပ်တစ်မျိုးဖြစ်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို မရရှိနိုင်ပေ။ ထိုသို့သော လူတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခွင့်အရေး မရှိရုံမက၊ ၎င်းတို့၏စုံလင်ခံရခြင်း အဖြစ်တွင် တန်ဖိုးတစ်ခုတစ်လေပင် မရှိချေ။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။
၂ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းဟူသည် ဘုရားသခင်အား သူ၏စိတ်နှလုံးကို အကြွင်းမဲ့ပေးခြင်းနှင့် ဘုရားသခင်နှုတ်ကပတ်တော်မှ ဉာဏ်ပွင့်မှုနှင့် အလင်းပေးမှုကို ရရှိခြင်း ဖြစ်စဉ်ပေတည်း။ ဘုရားသခင်ထံ သင့်စိတ်နှလုံးကို ပေးသော အဆင့်ကို သင်ရောက်လာချိန်တွင် သင့်ဝိညာဉ်အတွင်းမှ သိမ်မွေ့သော ရွေ့လျားမှုတိုင်းကို သင်သတိမူနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ လက်ခံရရှိသော ဉာဏ်ပွင့်မှုတိုင်းနှင့် အလင်းရမှုတိုင်းကို သင်သိလိမ့်မည်။ ဤအရာကို ထိန်းထားလော့၊ သို့ဖြစ်လျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို ခံရသောလမ်းကြောင်းအတွင်း တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်