ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

11.04.2019

ဂျင်းနီယန် ကနေဒါနိုင်ငံ

ကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေး အရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့ သမ္မာကျမ်းစာကို ဖတ်ရှုကာ၊ အစည်းအဝေးများ တက်ရောက်ခဲ့သည်။ ကျွန်မ အိမ်ထောင်ကျခဲ့ပြီးနောက်၊ သခင်ယေရှု၏ ဧဝံဂေလိ သတင်းကောင်းကို ကျွန်မ ယောက္ခမကို လက်ဆင့်ကမ်းပေးခဲ့ပြီး နောက်ပိုင်းတွင် ကျွန်မ ယောက္ခမသည် သခင်၌ စတင်ယုံကြည်လာ၍ အရေးကိစ္စများဖြစ်သည့်အခါတွင် သို့မဟုတ် အမှုအရာများကို သူမ၏ စိတ်ကူးပေါက်ရာ လုံးလုံးလျားလျား လုပ်ဆောင်သည့်အခါတွင် သူမသည် ဒေါသထွက်ခြင်း မရှိတော့သကဲ့သို့၊ ကျွန်မတို့ မိသားစုထဲမှ ပေါင်းသင်းဆက်ဆံရေးများသည် စတင် တိုးတက်လာခဲ့ပါသည်။ ကျွန်မခင်ပွန်းသည် သူ့မိခင်၏ ပြောင်းလဲမှုကို တွေ့မြင်သောကြောင့် သူလည်း ၂၀၁၅ ခုနှစ်တွင် သခင်၌ စတင်ယုံကြည်လာပြီး၊ ကျွန်မနှင့် အသင်းတော်သို့ အပတ်စဉ် သွားရောက်ခဲ့ပါသည်။ သခင်၏ ဧဝံဂေလိတရားတော်ကို လက်ခံပြီးနောက် ကျွန်မမိသားစုသည် ငြိမ်သက်ခြင်းရှိနေခဲ့သည်ကို ကျွန်မတွေ့မြင်ခဲ့ရသည့်အချိန်တွင်၊ ဤသည်မှာ သခင်၏ ကျေးဇူးတော်ဖြစ်ကြောင်း သိရှိခဲ့ပြီးလျှင်၊ ကျွန်မ နှလုံးသား၏ နက်ရှိုင်းသည့် နေရာမှနေ သခင့်ကို ကျေးဇူးတင်ရှိ ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၂၀၁၇ တစ်ရက်တွင်၊ ကျွန်မ အလုပ်ထဲ၌ ရှိနေခဲ့ချိန် ဝယ်ယူသူ အမျိုးသမီး တစ်ယောက်က ကျွန်မကို တွေ့ကာ အလွန် စိတ်လှုပ်ရှားခဲ့လေသည်။ သူမက ကျွန်မကို ဘေးသို့ဆွဲခေါ်ပြီး “အစ်မက ကျွန်မသူငယ်ချင်းတစ်ယောက် နဲ့ တော်တော်ဆင်တာပဲ။ ကျွန်မ အစ်မကို သူနဲ့ မိတ်ဆက်ပေးလို့ ရမလား။ သူက အခုမှ ကနေဒါကို လာပြီး၊ ဘယ်သူ့ကိုမှ မသိဘူး၊ အဲဒါကြောင့် အစ်မမှာ အချိန်ရှိရင်၊ အစ်မသူနဲ့ စကားပြောနိုင်ရင် ကောင်းမှာပဲ” ဟု ဆိုပါသည်။ ဤသည်ကို ကြားရသည့် ကျွန်မသည် အလွန်ပင် အံ့သြကာ “ဒီလိုမျိုး ဖြစ်နိုင်ပါ့ မလား။ သူ့သူငယ်ချင်းက တကယ်ပဲ ငါနဲ့ အဲဒီလောက် ဆင်နေသလား” ဟု တွေးခဲ့ပါသည်။ သို့သော်လည်း ခပ်သိမ်းသောအမှုများသည် ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များအတိုင်း ဖြစ် ကြောင်းနှင့် အခြားသူများကို မေတ္တာဖြင့် ကူညီခြင်းသည် သခင့် သွန်သင်ချက်များထဲမှ တစ်ခုဖြစ်ကြောင်းကိုလည်း နားလည် သဘောပေါက် ထားသောကြောင့်၊ သူမ၏ တောင်းဆိုမှုကို သဘော တူညီခဲ့ပါသည်။ ရက်အနည်းငယ်အကြာတွင် ကျွန်မသည် သူမ၏ မိတ်ဆွေ ရှိအောင်ဟန်ကို တွေ့ဆုံခဲ့ပါသည်။ ရှိအောင်ဟန်သည် အမှန် တကယ်ပင် ကျွန်မနှင့် အလွန်ရုပ်ဆင်လှပါသည်။ ကျွန်မတို့အား မြင်သူများက အမွှာညီအစ်မ ဟုတ် မဟုတ်ကို မေးမြန်းခဲ့ကြသည်။ ဤသို့မေးမြန်းသည်မှာ ကျွန်မတို့သည် အလွန်ရုပ်ဆင်လှသောကြောင့် လား၊ သို့မဟုတ် အရေးကိစ္စများနောက်ကွယ်တွင် သခင်၏ စီစဉ်မှုများ ရှိနေသောကြောင့် လား ဆိုသည်ကိုမူ ကျွန်မ မသိရှိသော်လည်း၊ သူမကို ကျွန်မမြင်ခဲ့သည့်အချိန်တွင် ကျွန်မသည် ချက်ခြင်းဆိုသကဲ့သို့ သူမနှင့် အလွန်ရင်းနှီးသည်ဟု ခံစားခဲ့ရပါသည်။ သူမနှင့် အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက်၊ ကျွန်မတို့သည် မည်သည့် အကြောင်းကိုမဆို ပြောဆိုနိုင်ကြသည့် ညီအစ်မများကဲ့သို့ ဖြစ်ခဲ့ပါသည်။ ကျွန်မ အံ့အား အသင့်ရဆုံးမှာ ရှိအောင်ဟန်မှတစ်ဆင့် နောက်ဆုံးသောကာလ၌ သခင်ယေရှု ပြန်ကြွလာခဲ့ကြောင်း ဧဝံဂေလိသတင်းကောင်းကို ကြားခဲ့ ရခြင်း ဖြစ်ပါသည်။

တစ်နေ့တွင် ရှိအောင်ဟန်က ကျွန်မကို သူမ၏အဒေါ်ဖြစ်သူ နေအိမ်သို့ ခေါ်ဆောင်သွား ခဲ့ပါသည်။ ထိုနေရာတွင် သူမ၏ အဒေါ်က ကျွန်မတို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ဧဝံဂေလိသတင်းကောင်းကို သွန်သင်ခဲ့ပါသည်။ သူမက နောက်ဆုံးသော ကာလ၌ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို ကျွန်မအား ဖတ်ခိုင်းပြီးလျှင်၊ အာဒံနှင့် ဧဝကို ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်က နောဧကို သင်္ဘောဆောက်ရန် ခေါ်ဆောင်ချိန် သူ၏အတွေးများနှင့် ရည်ရွယ်ချက် များ၊ နောဧခေတ်မှ လူများကို ဘုရားသခင် ဖျက်ဆီးခဲ့ချိန်တွင် သူ၏ နှလုံးသား မည်သို့နာကျင်ခဲ့ပုံ နှင့် ထို့ထက်ပိုမိုများပြားသော အကြောင်း အရာများကို ကျွန်မတို့အား မိတ်သဟာယပြုခဲ့ပါသည်။ ထိုနက်နဲမှုများ အားလုံးသည် နောက်ဆုံးသောကာလ၌ ဖော်ပြထားသည့် ဘုရားသခင် ၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ထားပြီးလျှင်၊ ၎င်းတို့မရှိပါက မည်သူတစ်ဦး တစ်ယောက်မှ ဤနက်နဲမှုများကို နားလည်နိုင်မည် မဟုတ်ဟု သူမက ပြောပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်သာလျှင် သူ့လုပ်ဆောင်ချက်များနောက်ကွယ်မှ အတွေးများကို ရှင်းပြနိုင် သောကြောင့် ကျွန်မသည် သူမကို ယုံကြည်ခဲ့ပါသည်။ ဘုရားသခင် သည် စကားပြောရန် နှင့် အလုပ်လုပ်ရန်အတွက် ကိုယ်တော်တိုင် ကြွတော်မူခဲ့ခြင်းမရှိပါက၊ ဘုရားသခင်၏ အတွေးများနှင့် ရည်ရွယ်ချက် များကို အခြားမည်သူက ရှင်းလင်းစွာ ရှင်းပြနိုင်မည်နည်း။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နက်ရှိုင်းစွာ စိတ်ဝင်စားပြီး လျှင်၊ နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လေးနက်စွာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်မ စုံစမ်းစစ်ဆေးနေရင်းဖြင့်၊ ကျွန်မ သမ္မာကျမ်းစာကို ဖတ်ရှုချိန်က နားမလည်ခဲ့သည့် မေးခွန်းများစွာကို ထုတ်ခဲ့ပြီး ရှိအောင်ဟန်၏ အဒေါ်က ကျွန်မအားအနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များကို အခြေခံသည့် အဖြေများကို ပေးခဲ့ပါသည်။ အဖြေများသည် အလွန်နှံ့စပ်ပြီး၊ ၎င်းတို့သည် ကျွန်မအတွက် ရှင်းလင်း၍ နားလည် သဘောပေါက်လွယ်ပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ ဖတ်ရှုခဲ့သည်နှင့်အညီ၊ ကျွန်မ၏ နှလုံးသား ထဲမှ မေးခွန်းများနှင့် စိတ်ရှုပ်ထွေးမှုများတို့သည် တဖြည်းဖြည်း ပြေပျောက်သွားခဲ့ကာ၊ နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဆိုသည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းကို ပြည့်စစေ သည့် ကိုယ်တော်၏ နှုတ်ကပတ်တော်များအားဖြင့်စီရင်ခြင်း အမှုဖြစ်ကြောင်း ကို ကျွန်မနားလည်လိုက်ပါသည်။ ဘုရားသခင်၏ အမှုတော် ဤအဆင့်သည် သခင်ယေရှု၏ အမှုတော်ကို တစ်စထက်တစ်စ ကျယ်ပြန့်လာစေခြင်းနှင့် နက်ရှိုင်းစေခြင်းတို့ဖြစ် ပြီးလျှင်၊ လူသား မျိုးနွယ်ကို သန့်စင်ရန် နှင့် ကယ်တင်ရန် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော် နောက်ဆုံးအဆင့် ပင် ဖြစ်ပါသည်။ အချိန်ကာလတစ်ခုတန်သည်အထိ စုံစမ်းစစ်ဆေး ပြီးနောက်တွင်၊ ကျွန်မအနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်ကြောင်းကို သေချာခဲ့ပြီး၊ နောက်ဆုံးသောကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ပျော်ရွှင်စွာ လက်ခံကာ၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများဖြင့် အတူတကွ အစည်းအဝေးများ စတင်တက်ရောက် ခဲ့ပါသည်။

သုံးလခန့်ကျော်ပြီး ရက်အနည်းငယ်အကြာ နံနက်ခင်းတစ်ခု၌ ကျွန်မ၏ လက်ကိုင်ဖုန်း စတင်အသံမြည်လာချိန်တွင် ကျွန်မသည် ပုံမှန်အတိုင်း ကျွန်မအစ်မ နှင့် တွေ့ဆုံနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မဖုန်း ကို ဖွင့်လိုက်ပြီး၊ တစ်စုံတစ်ယောက်က ကျွန်မအိုင်ဖုန်း (iPhone)ကို အသုံးပြုကာ ကျွန်မ၏ တည်နေရာကို ရှာဖွေရန်ကြိုးစားနေကြောင်း သတိပေးချက်တစ်ခုကို တွေ့မြင်ခဲ့ရပါသည်။ ကျွန်မ အလွန်အံ့အားသင့် ခဲ့ပြီးလျှင်၊ မည်သည့်အရာများ ဖြစ်နေသည်ကို မသိရှိခဲ့ပါ၊ သို့သော်လည်း ထို့နောက် ချက်ခြင်းပင် ကျွန်မခင်ပွန်းက ကျွန်မကို ဝီချတ်(WeChat) က စာတိုပေးပို့ကာ “မင်းဘယ်မှာလဲ” ဟု မေးမြန်းခဲ့ ပါသည်။ ကျွန်မသည် စာတိုကို ကြည့်လိုက်ရင်းဖြင့် တုံ့ဆိုင်းသွား ခဲ့သည်။ အကြောင်းမှာ လွန်ခဲ့သည့်တစ်လကျော်က ကျွန်မခင်ပွန်းသည် အသင်းတော်တစ်ခု၏ အစည်းအဝေးသို့ သွားရောက်ခဲ့ပြီးလျှင်၊ ထိုသင်းအုပ်ဆရာက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် အကြောင်း အပျက်သဘောဆောင်သည့်အရာများစွာ ပြောဆိုခဲ့ကာ၊ ယုံကြည်သူများအား သတိရှိနေရန် နှင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းမှ လူများနှင့် မည်သည့်အဆက်အသွယ်မျှ မလုပ်ရန် သတိပေးခဲ့ ကြောင်းကို အမှတ်ရခဲ့သောကြောင့်ပင် ဖြစ်ပါသည်။ ထိုအချိန်က၊ သင်းအုပ်ဆရာနှင့် အကြီးအကဲအားဖြင့် ကျွန်မခင်ပွန်း စိတ်ရှုပ်ထွေးမည် ကိုလည်းကောင်း၊ သူတို့၏ ကောလာဟလ များသည် သူ့အား အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဆန့်ကျင်လာစေမည် ကိုလည်းကောင်း စသည်တို့ကို ကျွန်မစိုးရွံ့ခဲ့ပါသည်။ ကျွန်မခင်ပွန်းကို ဧဝံဂေလိတရားတော် ဝေငှရန် ကျွန်မအနေဖြင့် နောက်ဆုံးသောကာလ မှ ဘုရားသခင်၏ အမှုတော်ကို နားလည်နိုင်လောက်အောင် သက်သေခံနိုင်ပြီး သမ္မာတရားကို ပို၍ နားလည် သဘောပေါက် ခဲ့ပြီးချိန်ထိ စောင့်ဆိုင်းလိုသောကြောင့် သူ့အား အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်မများနှင့် ကျွန်မတို့ တွေ့ဆုံမှုများ အကြောင်း မည်သည့်အခါမျှ မပြောဝံ့ခဲ့ပါ။ ထိုအချက်ကို စိတ်ထဲတွင် တွေးရင်းဖြင့် သူ့အား “ကျွန်မ အလုပ်ကိုသွားနေပြီ” ဟု ပြန်ဖြေခဲ့ပါ သည်။ သို့သော်လည်း ကျွန်မထပ်မံတွေးလိုက်ချိန်တွင်၊ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ကျွန်မခံစားခဲ့ရကာ “သူငါ့ကို ဒီလိုအချိန်မျိုး ဘယ်တော့မှ စာတိုမပို့ဖူးဘူး။ ဒီနေ့မှ ရုတ်တရက်ကြီး စာတိုပို့ပြီး ငါရှိတဲ့နေရာကို သူ ဘာဖြစ်လို့မေးနေရတာလဲ။ ဘာတွေဖြစ်နေတာလဲ” ဟု တွေးမိပါသည်။

ထိုညနေ ကျွန်မအလုပ်မှ အိမ်သို့ပြန်ရောက်သည့်အချိန်တွင်၊ ကျွန်မ ခင်ပွန်းကို အိပ်ရာပေါ်တွင်ထိုင်ကာ၊ ကျွန်မကို စိတ်ဆိုးမာန်ဆိုး ဖြင့် ကြည့်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်မခင်ပွန်းသည် ကျွန်မ နေအိမ်တွင် ဝှက်ထားခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ် များကို ရှာဖွေတွေ့ရှိခဲ့ကာ၊ ၎င်းတို့ကို စာကြည့်စားပွဲပေါ်တွင် တင်ထား ခဲ့ပါသည်။ ဤအရာများအားလုံးကို တွေ့မြင်ရသည်မှာ ကျွန်မ အလွန်ပင် အံ့အားသင့်ခဲ့သော်လည်း၊ ကျွန်မမည်သို့တုံ့ပြန်ရမည်ကို စဉ်းစားရန် အချိန်မရမီ ကျွန်မခင်ပွန်းက “မင်းဘယ်အချိန်ကစပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခဲ့တာလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း အွန်လိုင်းမှာ မကောင်းတဲ့ သတင်းတွေ အများကြီးပဲ။ အဲဒါမင်းမသိဘူးလား။ မင်းဒီနေ့ငါ့ကို လိမ်ခဲ့တယ်။ ဒီမနက်က မင်း အလုပ်ကို သွားနေတာ မဟုတ်ပါဘူး။ မင်းဘယ်မှာရောက်နေခဲ့လဲ” ဟု မေးခဲ့သည်။ ကျွန်မကလည်း အတော်အတန် စိတ်တိုစွာဖြင့် “ဒါဆို တစ်ယောက်ယောက်က ကျွန်မ နေရာကို ရှာနေခဲ့တယ်ဆိုပြီး ဒီမနက် ကျွန်မဖုန်းက သတိပေးအောင် လုပ်တဲ့သူက ရှင်ပေါ့” ဟု သူ့အား မေးခဲ့သည်။ သူက “ဒီမနက် ငါ့အလုပ်နားချိန်မှာ မင်းဘယ်ရောက်နေလဲဆိုတာကို သိချင်ခဲ့တယ် လေ။ ဒါ့ကြောင့် မင်းနေရာကို ငါရှာကြည့်လိုက်တာ၊ ပြီးတော့ မင်းပြော တဲ့နေရာမှာ မင်းရှိမနေခဲ့တာကို သိခဲ့ရတယ်လေ” ဟု ပြောခဲ့ပါသည်။ သူက သူ့လေသံကိုလျှော့လိုက်ပြီး “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေထဲက ယောက်ျား နဲ့ မိန်းမတွေကြားမှာ စည်းတွေက မရှင်းမလင်းဖြစ်နေတယ်လို့ တရုတ်အစိုးရက ပြောတယ်။ ပြီးတော့ အပျက် သဘောဆောင်တဲ့ သတင်းအချက်အလက်တွေလည်း အများကြီးရှိသေးတယ်။ မင်းသူတို့ကို မဆက်သွယ်တော့လို့ မရဘူး လား။ မင်းအနေနဲ့ အသင်းတော် အစည်းအဝေးတွေကိုပဲ သွားမယ် ဆိုရင် အရမ်းကောင်းမှာပဲ။ ပြီးတော့ ငါလည်း မင်းနဲ့ အပတ်တိုင်း လိုက်ပေးနိုင်ပါတယ်။ မင်းက သူတို့နဲ့ ဘာဖြစ်လို့ ဆက်သွယ်နေတာလဲ” ဟု ဆက်ပြောပါသည်။ သူ့စကားဆုံးသည့်အချိန်တွင် အွန်လိုင်းပေါ် တက်လိုက်ကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း အပျက် သဘောဆောင်သည့် သတင်းအချက်အလက်များစွာကို ကျွန်မ ဖတ်ရှုရရန် ရှာဖွေပေးခဲ့ပါသည်။ ဤအခြေအမြစ်မရှိသည့် ကောလာဟလများကို ဖတ်ရှုပြီးနောက် ကျွန်မသည် အလွန်ပင် ဒေါသထွက်ပြီး “ဒီလူတွေက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် နဲ့ ဘယ်တုန်းကမှကို လုံးဝ အဆက်အသွယ်ရှိခဲ့တာ မဟုတ်ဘူး။ သူတို့က ဒီမှာ ဘာဖြစ်လို့ မှတ်ချက်တွေ ပေးနေကြတာလဲ။ ဒီစကားတွေက ဘာမှအခြေခံကျကျပြောထားတာ မဟုတ်ဘူး။ ဒါတွေ အကုန်လုံးက တစ်ဆင့်စကားတွေချည်းပဲ။ ဒါတွေက မုသားတွေ နဲ့ ကောလာဟလတွေပဲ။ ဒါတွေကို လုံးဝ ယုံကြည်လို့မရဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက၊ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ ညီအစ်ကို မောင်နှမတွေ အနားမှာ ကျွန်မ ရှိနေခဲ့တယ်။ ပြီးတော့ ကျွန်မတွေ့ရတာ ကတော့ သူတို့တွေဟာ ရိုးရှင်းပြီး၊ ရိုးသားတဲ့ ဟန်ပန်နဲ့ ဝတ်စား ဆင်ယင်ကြပြီး၊ ဂုဏ်သိက္ခာရှိတဲ့ ဟန်ပန်တဲ့ စကားပြောဆို ပြုမူကြတယ်။ သူတို့ ညီအစ်ကိုမောင်နှမတွေက စည်းစောင့်ပြီးတော့ သူတို့ရဲ့ အပြန်အလှန် ဆက်ဆံမှုတွေကလည်း ကိုယ်ကျင့်တရား ကောင်းကြတယ်။ သူတို့တွေက တရုတ်ကွန်မြူနစ်အစိုးရ နဲ့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေ လျှောက်ဖြန့်နေကြတဲ့ ကောလာဟလတွေလိုမျိုး လုံးဝကို မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်ခေတ်အတွက် စီမံအုပ်ချုပ်ရေး ဆိုင်ရာ အမိန့်တွေက ‘လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဘုရားသခင်က သန့်ရှင်း ဖြောင့်မတ်ပြီးတော့ လူတွေ ကာမဂုဏ် အပျော်ကြူးကြတဲ့အခါလောက် မုန်းတာလည်းမရှိဘူး။ အဲဒါကြောင့် ဘုရားသခင်က သူရွေးကောက်ထားတဲ့လူတွေအတွက် တင်းကျပ်တဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေကို ထုတ်ပြန်ပြီး၊ အဲဒါတွေကို ချိုးဖောက်သူမှန်သမျှ အသင်းတော်က နှင်ထုတ်တာ ခံရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ညီအစ်ကို မောင်နှမတွေက ဘုရားသခင်ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးကြပြီး ဘယ်သူမှလည်း အဲဒါတွေကို မချိုးဖောက်ရဲဘူး။ ဒါက ကျွန်မကိုယ်တိုင် တွေ့ပြီး ကြုံခဲ့ရ တာလေ။ တရုတ်ကွန်မြူနစ်အစိုးရ နဲ့ သင်းအုပ်ဆရာတွေ အပြင် အကြီးအကဲတွေက ဖြန့်နေကြတဲ့ ကောလာဟလဖြစ်တဲ့ အနန္တ တန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ယောက်ျားတွေ နဲ့ မိန်းမတွေရဲ့ ကြားမှာ စည်းတွေက မရှင်းလင်းဘူးဆိုတဲ့စကားက ကောလာဟလနဲ့ သွားပုပ်လေလွင့်ပြောနေတာကလွဲပြီး ဘာမှမဟုတ်ဘူး။ သို့သော်လည်း ကျွန်မ မည်သို့ပင် ဆိုစေကာမူ၊ ကျွန်မခင်ပွန်းသည် နားမထောင် သည့်အပြင် ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် မတွေတော့ရန် တိုက်တွန်းခဲ့သည်။ ကျွန်မသည် ခင်ပွန်းဖြစ်သူ၏ ခေါင်းမာသည့် စိတ်နေသဘောထားကို တွေ့မြင်ရသည့်အချိန်တွင် အပျက်သဘော ဆောင်ခြင်းကို စတင်ခံစားခဲ့ရသည်။ ဤရေခြားမြေခြားနေရာတွင် ကျွန်မသည် မိမိခင်ပွန်းကိုသာ သိရှိခဲ့ပြီး၊ ၎င်းနှင့် ခိုက်ရန်ဖြစ်ပွားလိုခြင်း မရှိခဲ့ပါ။ အခြားတစ်ဖက်မှာလည်း ၎င်းက တရုတ်ပြည်မှ ကျွန်မမိသားစု နှင့် သင်းအုပ်ဆရာတို့ကို ပြောမည်ကို ကျွန်မစိုးရွံ့ခဲ့ပါသည်။ ယင်းက ကျွန်မအတွက် ပိုမိုများပြားသည့် ပြဿနာများကိုသာ သယ်ဆောင် လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းက ကျွန်မကို အစည်းအဝေးများ မသွားရန် တိုက်တွန်းခဲ့ချိန်တွင် ကျွန်မ သဘောတူခဲ့သော်လည်း နေအိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဆက်လက် ဖတ်ရှုလိုကြောင်းကိုမူ ပြောခဲ့၍ သူကလည်း သဘောတူ ခဲ့ပါသည်။ ထို့ကြောင့် မုန်တိုင်းသည် ခဏတာ ငြိမ်ကျသွားခဲ့သည်။

နေအိမ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရာတွင် ကျွန်မ နားမလည်ခဲ့သည့်အရာ များစွာ ရှိခဲ့သောကြောင့် ကျွန်မခင်ပွန်း အလုပ်၌ရှိနေချိန်တွင် မိမိ လက်ကိုင်ဖုန်းအား အသုံးပြုပြီး ကျွန်မ အစ်မကို ဆက်သွယ်ခဲ့ခြင်းဖြင့် ကျွန်မ ညီအစ်များနှင့် အစည်းအဝေး များကို ဆက်လက်ပြုလုပ်ခွင့် ရခဲ့ပါသည်။ ကျွန်မခင်ပွန်းသည်က ကျွန်မအား အစည်းအဝေးများသို့ သွားရောက်ခြင်းမှ တားဆီးခဲ့ပုံ ကိုလည်း ကျွန်မအစ်မကို ပြောခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အစ်မက ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်တစ်ခုကို ကျွန်မအား ဖတ်ပြခဲ့ပါသည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ကျွန်မ အစ်မက “ငါတို့တွေ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီးနောက်ပိုင်း ချက်ချင်းနီးပါးဆိုသလို အဲဒီလို ပတ်ဝန်းကျင်မျိုးနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ၊ အပြင်ပန်းကကြည့်ရင်တော့ ငါတို့မိသားစုက ငါတို့ကို အစည်းအဝေးတွေ မသွားဖို့ တားဆီးပြီး၊ သွားခွင့်မပေးဘူးလို့ မြင်ရတယ်၊ ဒါပေမဲ့လည်း ဒီကိစ္စကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကတစ်ဆင့် ငါတို့ကြည့်လိုက်မယ်ဆိုရင်၊ စာတန်ရဲ့ နှောင့်ယှက်မှုက ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုလေ။ ဘုရားသခင်က ငါတို့ကို ကယ်တင် လိုပေမဲ့ စာတန်က ဒါကို ဖြစ်ခွင့်မပေးချင်ဘူး၊ ဒါ့ကြောင့် သူက ဘုရားသခင် နောက်ကနေလိုက်လာပြီး ငါတို့ကို နှောင့်ယှက်တဲ့အပြင်၊ ငါတို့ဘုရားသခင်ရှေ့တော်မှောက် လာတာကို တားဆီးဖို့ ငါတို့အနားကလူတွေကို အသုံးပြုတယ်။ စာတန်ရဲ့ ရည်ရွယ်ချက်က ဘုရားသခင်နဲ့ ငါတို့ရဲ့ ပုံမှန်ဆက်နွယ်မှုကို ဖျက်ဆီးဖို့၊ ငါတို့ ဘုရားသခင်ကို စွန့်ခွာပြီး သစ္စာဖောက်အောင် ငါတို့ကို အပျက်သဘော ခံစားလာစေပြီး၊ အားနည်းလာစေဖို့၊ ပြီးတော့ နောက်ဆုံးမှာ စာတန်ရဲ့ အုပ်စိုးမှုအောက်ကို ပြန်ရောက်သွားပြီး ဘုရားသခင်အားဖြင့် ကယ်တင်ခြင်းရခွင့်ကို ဆုံးရှုံးအောင်လို့ ဖြစ်တယ်။ အဲဒါကြောင့် ငါတို့က ခွဲခြားသိမြင်နိုင်ခြင်းကို သင်ယူရမယ်။ အရေးကိစ္စတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း ကြည့်ရမယ်၊ စာတန်ရဲ့ လှည့်စားမှုတွေကို ထိုးဖောက် မြင်ရမယ်၊ ဘုရားသခင်ကို ပိုဆုတောင်းပြီး ပိုမှီခိုရမယ်။ ဘုရားသခင်မှာ စစ်မှန်တဲ့ ယုံကြည်မှု ရှိရမယ်၊ ပြီးတော့ ငါတို့ယုံကြည်မှုအားဖြင့် ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေကို မြင်ရမယ်” ဟု မိတ်သဟာယပြုခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကျွန်မအစ်မ၏ မိတ်သဟာယပြု ခြင်းတို့ကို ကြားပြီးနောက်တွင်၊ ကျွန်မအနေဖြင့် ရုတ်တရက်ပင် “ဘုရားသခင်ကို ယုံကြည်တာနဲ့ လိုက်လျှောက်တာကို ငါ့ယောက်ျားက ငါ့ကို တားဆီးနေတာက ဘာဖြစ်လို့လဲဆိုတော့ စာတန်က ငါ့ကို နှောင့်ယှက်ဖို့နဲ့ ငါကဘုရားသခင်ကို သစ္စာဖောက်လာအောင် လုပ်ဖို့ အတွက် သူ့ကို အသုံးချနေတာကိုး၊ ဒါက ယောဘ တွေ့ကြုံခဲ့တဲ့ စမ်းသပ်မှုနဲ့ တူလိုက်တာ။ စာတန်က သူသိသမျှ နည်းလမ်း အားလုံးနဲ့ ယောဘကို စုံစမ်းနှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီလို နှောင့်ယှက် တာက ယောဘကို သူ့ရဲ့များပြားလှတဲ့ ကြွယ်ဝမှု နဲ့ သူ့နွားအုပ်၊ သိုးအုပ်တွေကို ဆုံးရှုံးစေတဲ့အပြင်၊ ဆိုးရွားလှတဲ့ အနာတွေနဲ့ တစ်ကိုယ်လုံးကိုလည်း ဖုံးစေခဲ့တယ်။ အဲဒီအပြင် ယောဘမိတ်ဆွေ အပေါင်းအသင်းတွေကို အသုံးပြုပြီးတော့လည်း သူ့ကို နှောင့်ယှက်ပြီး တိုက်ခိုက်စေတယ်။ ပြီးတော့ ယောဘက ဘုရားသခင်ကို စွန့်ခွာပြီး သေဆုံးအောင်လို့ သွေးဆောင်ဖို့အတွက် သူ့မိန်းမကိုတောင် အသုံးပြု ခဲ့တယ်။ ဘုရားသခင်ထဲမှာ ယောဘရဲ့ ယုံကြည်မှုကို ဖျက်ဆီးဖို့၊ ယောဘက ဘုရားသခင်ကို ငြင်းပယ်ပြီး လက်မခံအောင်လုပ်ဖို့ စာတန်ဟာ မာန်မာနထောင်လွှားစွာနဲ့ ကြိုးစားခဲ့တယ်။ စာတန်က တကယ့်ကို ဆိုးညစ်ပြီး၊ စက်ဆုပ်ဖွယ်ရာပဲ”ဟု နားလည် သဘောပေါက် ခဲ့သည်။ ဤအကြောင်းကို ကျွန်မတွေးခဲ့ ချိန်တွင်၊ ကျွန်မ နှလုံးသား သည် စာတန်ကို ရွံရှာခြင်းများဖြင့် ပြည့်နှက်လာသော်လည်း၊ ထို့နောက်တွင် ကျွန်မက “စာတန်က ယောဘ ပျက်စီးအောင် ထိတ်ထိတ်ပျာပျာနဲ့ ကြိုးစားခဲ့ပေမဲ့လည်း၊ ဘုရားသခင်ကသာ ခွင့်မပြုခဲ့ရင် သူက ယောဘကို ထိခိုက်နစ်နာစေခဲ့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ငါကြုံတွေ့နေရတာတွေကလည်း ဘုရားသခင်ရဲ့ လက်တော် ထဲမှာပဲ ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ ငါ့အနေနဲ့ ဘုရားသခင်ကို အမှန်တကယ်ကို ရှာဖွေပြီး မှီခိုနေသမျှကာလပတ်လုံး၊ ဘုရားသခင်က ငါ့ကို စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေကို ကျော်ဖြတ်ဖို့ အသေအချာကို လမ်းပြမှာပဲ” ဟု တွေးခဲ့သည်။ ထိုအတွေးက ကျွန်မအား ဘုရားသခင်၌ ယုံကြည်မှု ပို၍ပေးခဲ့ပြီးလျှင်၊ ကျွန်မသည်လည်း ကျွန်မ ညီအစ်များနှင့် ဆက်လက်ဆက်သွယ်နေပြီး ကျွန်မ လက်ကိုင်ဖုန်းအားဖြင့် မိမိအစည်းအဝေးများနှင့် မိတ်သဟာယ ပြုခြင်းများကို ဆက်လက်ဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ခဲ့ ပါသည်။

တစ်ညတွင် ကျွန်မ ဖုန်းကို စားပွဲပေါ်တွင် တင်ထားခဲ့၍၊ ကျွန်မ ခင်ပွန်းသည် ဖုန်းကို ကောက်ကြည့်ကာ ကျွန်မညီအစ်များနှင့် စကား စမြည်ပြောဆိုခြင်း မှတ်တမ်းများကို လျှောက်ကြည့်မည်ကို မမျှော်လင့် ထားခဲ့မိပါ။ သူက ကျွန်မကို ဒေါသတကြီးဖြင့် “မင်း သူတို့နဲ့ ဆက်သွယ် နေတုန်းပဲ၊ ပြီးတော့ မင်းစကားပြောတာက နှစ်နာရီလောက်ကြာတယ်” ဟု ပြောခဲ့သည်။ ထို့နောက်တွင် သူက ကျွန်မအား အွန်လိုင်းမှ ပိုမိုများပြားသော အပျက်သဘောဆောင်သည့် သတင်းအချက်လက် များကို ပြခဲ့သည်။ သူသည် ကျွန်မကို လေ့လာစောင့်ကြည့်ရန် နှင့် ကျွန်မဖုန်းဖြင့် ကျွန်မအစ်မကို ဆက်သွယ်ခြင်းအား တားမြစ်ရန် နည်းမျိုးစုံကို အသုံးပြုခဲ့သည်။ ကျွန်မသည် မိမိ၏ အသင်းတော် အသက်တာကို ထပ်မံဆုံးရှုံးခဲ့ရကာ၊ ကျွန်မအစ်မထံမှလည်း အကူအညီ မရနိုင်ခဲ့ပါ။ ထို့နောက်တွင် ကျွန်မခင်ပွန်းသည် သူအွန်လိုင်းပေါ်တွင် ရှာဖွေတွေ့ရှိထားသည့် ကောလာဟလများကို ဆက်လက်ပေးပို့နေခဲ့ ပြီးလျှင်၊ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် မည်သည့်ဆက်သွယ်မှု ကိုမဆို ဟန့်တားနှောင့်ယှက်ခြင်းနှင့် ပိတ်ပင်တားဆီးခြင်းများ ပြုခဲ့ပါ သည်။ ကျွန်မခင်ပွန်း၏ ညှင်းပန်းနှိပ်စက်ခြင်း နှင့် ပိတ်ပင် တားဆီး ခြင်းများသည် ကျွန်မကို စိတ်သောကရောက်စေကာ၊ မသိစိတ်မှနေပြီး ထပ်မံ၍ စတင်အားနည်းလာခဲ့ပြန်သည်။ “အနန္တ တန်ခိုးရှင်ဘုရားသခင် ကို ယုံကြည်တာကို ငါ့ယောက်ျားက ဘာဖြစ်လို့ အရမ်းဆန့်ကျင် ရတာလဲ။ ငါက ဘုရားသခင်ကို ယုံကြည်ချင်တာပဲ ရှိတာပါ။ အဲဒါ ဘာဖြစ်လို့ အရမ်းခက်ခဲရတာလဲ။ ဘုရားသခင်ကို အနှောင့်အယှက်တွေ အများကြီး မရှိပဲနဲ့ ဘယ်အချိန်ကျမှ ယုံကြည်လို့ရမှာလဲ။ ဒါက အခုအချိန်ကစပြီး ငါ့ဘဝ ဖြစ်လာတော့မှာလား။” ၎င်းကို ကျွန်မ တွေးခဲ့သည့်အချိန်တွင်၊ ကျွန်မမျက်ရည်များ ကျလာသည်ကို တားဆီးဖို့ ကြိုးစားသော်လည်း၊ မရနိုင်ခဲ့သည့်အပြင် အထူးသဖြင့် အထီးကျန်ကာ၊ ကူညီရာမဲ့သည်ဟု ခံစားခဲ့ရပါသည်။ ကျွန်မမည်သို့ ရှေ့ဆက်ရမည်ကို မသိခဲ့ပဲ၊ ထိုခံစားချက်နှင့် ပတ်သက်ပြီး အကြိမ်ရေမည်မျှ ငိုကြွေးခဲ့သည် ကိုလည်း မရေတွက်နိုင်ပါ။ ကျွန်မ၏ စိတ်ဆင်းရဲမှုကြားမှ၊ လုပ်နိုင်သမျှ အရာမှာ “ဘုရားသခင်။ ကျွန်မယောက်ျားရဲ့ ညှင်းပန်းနှိပ်စက်မှု တွေကို ရင်ဆိုင်ရာမှာ ဘာလုပ်ရမှန်း ကျွန်မ မသိပါဘူး၊ ကျွန်မ ဒါကို ဘယ်လို တွေ့ကြုံခံစားရမှန်းလည်း မသိပါဘူး။ ဒါပေမဲ့ ဘယ်လို ပတ်ဝန်းကျင်ပဲ ဖြစ်ပါစေ ကိုယ်တော့်မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိတယ်ဆိုတာကို ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မလေ ကိုယ်တော်ရဲ့ လမ်းပြမှုနဲ့ ဒါကို တွေ့ကြုံခံစားဖို့အတွက် ယုံကြည်မှု ကို ကိုယ်တော့်ဆီမှာ တောင်း လျှောက်ပါတယ်” ဟု ဘုရားသခင်ထံ ဆုတောင်းရုံသာ ဖြစ်ပါသည်။

အံ့ဖွယ်ကောင်းစွာပင်၊ ကျွန်မဆုတောင်းပြီးချိန် ခဏတာတွင်း မှာပင် ကျွန်မ၏ အစ်မထံမှ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်နှစ်ပိုဒ်ကို လက်ခံရရှိပါသည်။ “ဘုရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄))သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ကျွန်မသည် စာတန်၏ ဆိုးညစ်သည့် ရည်ရွယ်ချက်များအကြောင်း ခွဲခြားသိမြင်မှုအချို့ကို ရရှိခဲ့ပါသည်။ စာတန်က ဘုရားသခင်၏ အမှုကို ဖြိုခွဲရန် ကြိုးစားပြီး လူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေစဉ်၌ ဘုရားသခင်သည် လူများကို ကယ်တင်ရန် အလုပ်လုပ်သောကြောင့် ၎င်းသည် အင်တာနက်ပေါ်တွင် လူများကို စိတ်ရှုပ်ထွေးစေရန်နှင့် လှည့်စားရန်အတွက် ကောလာဟလ အမျိုးမျိုးကို ဖြန့်ဝေပြီးလျှင် ကျွန်မတို့အနေဖြင့် ဘုရားသခင်ရှေ့တော် မှောက်သို့ လာရောက်ပြီး၊ ကယ်တင်ခြင်းခံရရန်အတွက် မဖြစ်နိုင် အောင်၊ ကျွန်မတို့ကို နှောင့်ယှက်ပြီး ဟန့်တားရန်အတွက် ကျွန်မတို့ မိသားစုများကိုလည်း အသုံးချခဲ့သည်။ ကျွန်မခင်ပွန်းသည် သမ္မာတရား ကို မသိရှိသောကြောင့် စာတန်ဖြန့်ဝေသည့် ကောလာဟလများဖြင့် အမြင်ဖုံးခဲ့ရပါသည်။ ထို့ကြောင့်ပင် ၎င်းသည် ကျွန်မအား ဘုရားသခင် ကို ယုံကြည်ခြင်းမှ ဟန့်တားပြီးလျှင်၊ စာတန်သည်လည်း ကျွန်မကို ချည်နှောင်ရန် နှင့် ထိခိုက်နစ်နာစေရန် ကျွန်မ၏ အားနည်းချက်ကို ဖမ်းဆုပ်လေသည်။ စာတန်က ကျွန်မ၏ ပျက်စီးဆုံးရှုံးစေနိုင်သည့် အားနည်းချက်သည် စိတ်ကူးယဉ်ဆန်သည့် ချစ်ခင်မှုဖြစ်ကြောင်း သိရှိသောကြောင့် ကျွန်မခင်ပွန်း အပေါ်ထားရှိသည့် ကျွန်မ၏ ချစ်ခင်မှု အားဖြင့် ကျွန်မကို တိုက်ခိုက်ခဲ့ကာ၊ ကျွန်မ၏ လူ့ဇာတိဆန်သည့် ခံစားချက်များအတွက် စိုးရိမ်မှုကြောင့် မိသားစုငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် ရွေးချယ်စေ သည့်အပြင်၊ ဘုရားသခင် နောက်လိုက် လျှောက်ခြင်းကိုလည်း စွန့်လွှတ်စေသည်။ သို့ဖြစ်၍ ကျွန်မအား စစ်မှန်သည့် လမ်းကြောင်းကို စွန့်လွှတ်စေပြီးလျှင်၊ ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် မိမိအခွင့်အလမ်းကိုလည်း ဆုံးရှုံးစေသည်။ စာတန်သည် အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းသည်။ တစ်ချိန် တည်းမှာပင် ဘုရားသခင်သည် ကျွန်မအား ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် နှစ်သိမ့်ပေးခြင်း၊ စာတန်၏ အမှောင်အင်အား များကို အရှုံးပေးခြင်းမရှိစေရန် အားပေးခြင်း နှင့် ကျင့်သုံးရန် လမ်းကြောင်းကိုပြခြင်း စသည်တို့ကို ပြုလုပ်သည်ဟု ခံစားရပါသည်။ ဘုရားသခင်က “စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။” ဟုမိန့်တော်မူခဲ့သည်။ ကျွန်ုပ် လက်ရှိ ပတ်ဝန်းကျင်တွင်၊ ကျွန်မသည် အစည်းအဝေးများကို တက်ရောက်ရန် ဘုရားသခင်ပေးသည့် ဉာဏ်ပညာအပိုကို မည်သို့အသုံးချနိုင်မည်နည်း။ ကျွန်မခင်ပွန်းသည် ပြီးခဲ့သည့်အချိန်က ကျွန်မကို လိုက်လံရှာဖွေရန် အတွက် ကျွန်မဖုန်းကို အသုံးပြုခဲ့သည်ကို ကျွန်မ အမှတ်ရမိ သောကြောင့် ကျွန်မ၏ အစ်မအိမ်သို့ မသွားနိုင်ခဲ့သည့်အပြင်၊ သူမနှင့် အစည်းအဝေးပြုလုပ်ရန်လည်း မိမိဖုန်းကို အသုံးမပြုနိုင်ခဲ့သော်လည်း၊ ကျွန်မသည် သူမ သွားရောက်လေ့ရှိသည့် ကုန်တိုက်ထဲမှ မုန့်စျေးတန်း သို့ သွားရောက်နိုင်ပါသည်။ ကျွန်မခင်ပွန်းက ထပ်မံမေးမြန်းခဲ့ပါက၊ ကျွန်မက ကုန်တိုက်တွင် စျေးဝယ်ထွက်ခဲ့သည်ဟု ပြောနိုင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ လမ်းပြမှုဖြင့် ကျွန်မသည် ကျွန်မ၏ အစ်မဖြစ်သူနှင့် ထပ်မံတွေ့ဆုံနိုင်ခဲ့သည်။ ထို့နောက်တွင် ကျွန်မအစ်မ သည် ကျွန်မ၏ အခက်အခဲများကို နားလည်ခဲ့သည်နှင့် တပြိုင်နက် ကျွန်မကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မိတ်သဟာယပြု ခဲ့ပြီးလျှင် ကျွန်မကို နှစ်သိမ့်ကာ၊ အားပေးခဲ့ပါသည်။ ကျွန်မသည် သမ္မာတရားကို နားလည်လာသည်နှင့် တပြိုင်နက်၊ ကျွန်မ၏ အဆိုးမြင်စိတ်သည်လည်း လျင်မြန်စွာ ပြေပျောက်သွားခဲ့ပါသည်။

တစ်နေ့တွင် ကျွန်မ အလုပ်မှ အိမ်သို့ပြန်ရောက်ချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုလိုသော်လည်း ကျွန်မ၏ ဘုရားသခင့်နှုတ်ကပတ်တော် စာအုပ်များကို ထားခဲ့သည့် နေရာဖြစ်သည့် အံဆွဲများ နှင့် ဗီရိုများတွင် ရှာဖွေသည့်အချိန်တွင်၊ ၎င်းတို့ကို ကျွန်မရှာဖွေမတွေ့ရှိခဲ့ပါ။ ကျွန်မသည် အလွန်စိတ်လှုပ်ရှား ကာ၊ “ဪသွားပါပြီ။ ငါ့ယောက်ျား ငါ့စာအုပ်တွေအားလုံးကို လွှင့်ပစ်လိုက်တာဖြစ်ရမယ်။ သူက အရမ်းကို သတိရှိတဲ့လူတစ်ယောက် ဆိုတော့ ငါရှာတွေ့လို့ရမယ့် အမှိုက်ပုံးထဲတော့ မပစ်လောက်ဘူး။ အဲဒါတွေကို လွှင့်ပစ်ဖို့ သူ့ရုံးကို ယူသွားရင်တော့ ငါလည်း အဲဒီစာအုပ် တွေကို တကယ့်ကို ရှာတွေ့မှာမဟုတ်ဘူး” ဟု တွေးခဲ့ပါသည်။ ထိုအတွေးသည် ကျွန်မကို စိတ်ဆင်းရဲစေပြီးလျှင် ကျွန်မသည် မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်း မသိခဲ့ပါ။

ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွန်မသည် မိမိခင်ပွန်းနှင့်အတူ သူ့ကားမောင်လိုင်စင် စာမေးပွဲဖြေဆိုရန် လိုက်ပါသွားခဲ့သည့်အချိန်တွင် ကျွန်မ အစ်မများထဲမှ တစ်ဦးကို တွေ့ခဲ့သည်။ ကျွန်မ၏ ဘုရားသခင့် နှုတ်ကပတ်တော် စာအုပ်များ ပျောက်ဆုံးသွားခဲ့ကြောင်း သူမကို တိတ်တဆိတ် ပြောပြခဲ့ပါသည်။ သူမက ကျွန်မအား ပို၍ ဆုတောင်းရန်၊ ဘုရားသခင်ကို မှီခိုရန် နှင့် ၎င်းတို့ကို သေချာစွာ ထပ်မံရှာဖွေရန် အတွက် ပြောခဲ့သည်။ အရာအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှု အောက်တွင် ရှိသည်ဟု သူမက ကျွန်မကို ပြောခဲ့သည်။ ထို့ကြောင့် ကျွန်မခင်ပွန်းသည် ၎င်းတို့ကို လွှင့်ပစ်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်မ၏ စိတ်ကူးများက အဆောတလျင် ဝေဖန်သုံးသပ်သည်ကို အခွင့်မပေးသင့်ကြောင့် ပြောခဲ့ ပါသည်။ ကျွန်မအိမ်ပြန်ရောက် သည့်အချိန်တွင်၊ နောက်ထပ် အစ်မတစ်ယောက်ကို သတင်းပို့ခဲ့ရာ၊ သူမကလည်း ထိုနည်းတူပင် ကျွန်မကို ပြောခဲ့ပါသည်။ ၎င်းတို့နှစ်ဦးလုံးထံမှ ထိုကဲ့သို့ မိတ်သဟာယ ပြုခြင်းဖြင့် ကျွန်မလည်း ဤအရာနောက်ကွယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ရှိမည်ဟု ယုံကြည်ခဲ့ပါသည်။ ဘုရားသခင် သည် ကျွန်မကို သတိပေးရန်အတွက် ကျွန်မအစ်မများကို အသုံးပြုနေခဲ့ ခြင်းများလား။ ထို့နောက်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်တစ်ခုကို အမှတ်ရခဲ့ပါသည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်သည် ခပ်သိမ်းသော အရာများနှင့် ဖြစ်ရပ်များကို ချုပ်ကိုင်ထားသည်တကား။ ငါတို့သည် သူ့ကို ငါတို့၏စိတ်နှလုံးထဲမှ အချိန်တိုင်း ကြည်ညိုပြီး စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ကာ သူနှင့် မိတ်သဟာယဖွဲ့နေသရွေ့ သူသည် ငါတို့ ရှာဖွေသော အရာခပ်သိမ်းကို ငါ့တို့အား ပြသပြီး သူ၏ အလိုတော်ကို ငါတို့အား ထုတ်ဖော်ပြမည်မှာ သေချာပေသည်။ ထိုအခါ ငါတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းရှိပြီး၊ ပကတိရှင်းလင်းခြင်းနှင့် တည်ငြိမ်နေမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇)) လူများအနေဖြင့် ဘုရားသခင်ကို မှီခိုရန် နှင့် အကူအညီ ရှာဖွေတွေ့ရှိရန် တို့အတွက် ဘုရားသခင်သည် အမြဲရှိနေ ပေးသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်မ နားလည် သဘောပေါက်ခဲ့ပါသည်။ လူများသည် ဒုက္ခရောက်ပြီး၊ ထွက်ပေါက်မရှိ ဖြစ်နေသည့်အခါတွင်၊ ကျွန်မတို့ ဘုရားသခင်ကို စစ်မှန်စွာဖြင့် ခေါ်သရွေ့၊ ဘုရားသခင်သည် ကျွန်မတို့အား အသိဉာဏ် ပွင့်လင်းစေပြီး၊ လမ်းပြမည် ဖြစ်သည့်အပြင်၊ ကျွန်မတို့၏ အခက်အခဲများ တစ်လျှောက် လည်း မစတော်မူမည် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် များ၏ ဉာဏ်အလင်းရစေခြင်းနှင့် လမ်းပြခြင်း ကျေးဇူးကြောင့် ကျွန်မ၏ ဘုရားသခင်၌ ယုံကြည်မှုသည် တစ်ဖန်ပြန်လည် ခွန်အားရစေ ခဲ့ပြီး၊ ကျွန်မလက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုလည်း ရရှိခဲ့ပါ သည်။ ကျွန်မ၏ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ပျောက်ဆုံးခြင်းကိစ္စတွင် ကျွန်မ၏ ကိုယ်ပိုင်ကြိုးစား အားထုတ်မှုကိုသာ မှီခိုအားထားပါက၊ ၎င်းတို့အား မည်သည့်အခါမျှ ရှာတွေ့မည်မဟုတ် သည်ကိုလည်း နားလည် သဘောပေါက်ခဲ့ပါသည်။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ရှင်ဖြစ်ပြီးလျှင်၊ ကျွန်မအနေဖြင့် ဘုရားသခင်ကို မှီခိုပြီး ရှာဖွေသည့်အပြင် လက်တွေ့ကျကျ ရှာဖွေသမျှ ကာလပတ်လုံး၊ ဘုရားသခင်သည် ကျွန်မကို လမ်းပြတော်မူပြီး၊ ကူညီစောင်မမည် ဖြစ်သည်ကို ကျွန်မယုံကြည်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မသည် ဘုရားသခင် ရှေ့တော်မှောက်သို့ လာရောက်ခဲ့ကာ “ဘုရားသခင်။ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေ ပါတဲ့ ကျွန်မစာအုပ်တွေကို ရှာမတွေ့ပါဘူး။ အစမှာ အဲဒါတွေ ရှိမဲ့နေရာကို ခန့်မှန်းဖို့ ကျွန်မ ကိုယ်ပိုင်အယူအဆတွေနဲ့ စိတ်ကူးတွေကို မှီခိုခဲ့ပါတယ်။ ကိုယ်တော်ကို အရာအားလုံးအထက်မှာ မထားခဲ့တဲ့အပြင် အရာအားလုံးက ကိုယ်တော့် ထိန်းချုပ်မှုအောက်မှာရှိတာကို ကျွန်မ နားမလည်ခဲ့ပါဘူး။ အခုတော့ ကျွန်မ ကိုယ်တော့်ကို ရှာဖွေဖို့နဲ့ ဒီကိစ္စကို ကိုယ်တော့်ဆီမှာ ယုံကြည်စွာအပ်နှံဖို့၊ ပြီးတော့ ထပ်ရှာဖွေခြင်းဖြင့် ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်။ စာအုပ်တွေကို ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ၊ ဒါက ကိုယ်တော် အခွင့်ပေးတာပါ။ ကိုယ်တော့် လမ်းပြမှုကို တောင်းလျှောက်ပါတယ်” ဟု ရိုးသားစွာဖြင့် ဆုတောင်းခဲ့ပါသည်။

ဆုတောင်းပြီးနောက်မှာ၊ ကျွန်မသည် ဖိနပ်တစ်ရံ ရှာဖွေရန် အတွက် ဂိုဒေါင်ထဲသို့ သွားဖို့အတွက် ဆန္ဒတစ်ခု ရုတ်တရက် ဖြစ်လာ ခဲ့သည်။ ဂိုဒေါင်ထဲတွင် ၎င်းတို့ကို ကောက်ယူရန် ဒူးထောက်လိုက် သည်နှင့်၊ အိတ်အဖြူတစ်လုံးကို မမျှော်လင့်ပဲ တွေ့လိုက်မိပြီးလျှင် ကျွန်မစိတ်ထဲသို့ အလွန်ရှင်းလင်း သည့် အယူအဆတစ်ခု ရုတ်တရက် ဘွားခနဲပေါ်ပေါက်လာခဲ့သည်။ “ဘုရားသခင်ရဲ့နှုတ်ကပတ်တော် စာအုပ် တွေက ဒီအိတ်ထဲမှာပဲ” ကျွန်မသည် ထိုအိတ်ကို ကောက်ယူပြီး ကြည့်လိုက်သည့်အခါတွင်၊ ထိုအတွေးမှာ မှန်ကန်နေခဲ့လေသည်။ ကျွန်မသည် အံ့အားသင့်ပြီး၊ ဝမ်းမြောက်သွားကာ၊ မအော်ပဲ မနေနိုင်ပါ။ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်” ဘုရားသခင်အားဖြင့် စာအုပ်များထံသို့ ကျွန်မလမ်းပြခြင်း ခံရသည်ကို နားလည်သဘောပေါက်ခဲ့သည်။ အရာအားလုံးသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း၊ ဘုရားသခင်သည် လူများ၏ နှလုံးသားထဲမှ အတွေးများနှင့် အယူအဆများကိုပင် စီစဉ်ကြောင်း နှင့် ကျွန်မတို့သည် ဘုရားသခင်ကို မှီခိုပြီး ရှာဖွေသည့် အခါတွင် မည်သည့်အရာမျှ အကယ်စင်စစ် ခက်ခဲခြင်း မရှိကြောင်း တို့ကို အမှန်တကယ်ပင် တွေ့မြင်ခဲ့ရပါသည်။ ထို့နောက်တွင် ကျွန်မသည် အိပ်ရာထဲသို့ စာအုပ်များကို လျင်မြန်စွာ ပြန်လည် ယူဆောင်ခဲ့ပြီး၊ ကျွန်မအံဆွဲထဲတွင် ၎င်းတို့ကို ထားရှိခဲ့ပါသည်။ ထိုညနေတွင် ကျွန်မခင်ပွန်း ပြန်လာသည့်အချိန်တွင် ဂိုဒေါင်ထဲတွင် သူဖွက်ထားသည့် စာအုပ်များကို ကျွန်မရှာတွေ့သွားသည်ကို သိရှိသွား ကာ၊ ကျွန်မကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။ ဤအချိန်တွင် ကျွန်မသည် ဘုရားသခင်ကို ရိုးသားစွာ မှီခိုပြီး၊ ကျွန်မကို မိမိကိုယ်ကိုယုံကြည်မှုနှင့် ခွန်အားပေးပါရန် တောင်းလျှောက်ကာ၊ သူနှင့် ရှေ့ဆက်ညှိနှိုင်းရန် ငြင်းဆန်ခဲ့သည်။ သူက ကျွန်မ၏ စိတ်ပိုင်းဖြတ်မှုကို တွေ့မြင်သည့်အချိန်တွင်၊ ရှေ့ဆက်ဖိအားမပေး တော့ပါ။

နောက်ပိုင်းတွင် ကျွန်မအတွက် အစည်းအဝေးများ တက်ရောက် ပြီး၊ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်းများကို ကျင့်ကြံရန် ပိုမိုလွယ်ကူ စေဖို့ အထူးသဖြင့် ဒေသနာများ နားထောင်ဖို့ အတွက် ကျွန်မ အစ်မက ကျွန်မကို ဖုန်းတစ်လုံးပေးထားခဲ့ပြီးလျှင်၊ သူမသည် ၎င်းထဲတွင် ဘုရားသခင်၏နှုတ်ကပတ်တော် စာအုပ်အချို့ကို ကူးယူထည့်သွင်းပေး ခဲ့သည်။ တစ်ခါ၊ ကျွန်မသည် မိမိကျောပိုးအိတ်ကို ပြောင်းပြီး၊ သတိမမူ စွာဖြင့် အိမ်တွင် ထားရစ်ခဲ့၍၊ ကျွန်မခင်ပွန်းက ကျွန်မ အစည်းအဝေးများ ထပ်မံတက်ရောက်နေသည်ကို သိသွားခဲ့သည်။ သူက ကျွန်မကို စာတိုပို့ကာ “မင်းဘာဖြစ်လို့ သူတို့တွေနဲ့ ဆက်သွယ် နေသေးတာလဲ။ မင်းဘာဖြစ်လို့ အစည်းအဝေးတွေကို တိတ်တဆိတ် သွားနေတာလဲ” ဟု မေးခဲ့သည်။ ကျွန်မသည် ထိုစာတိုကို တွေ့သည့် အချိန်တွင် ဒေါသထွက်ပြီး၊ စိတ်ပူခဲ့သော်လည်း၊ ကျွန်မခင်ပွန်းက ကျွန်မကို ပိတ်ပင်ဟန့်တားခြင်း သို့မဟုတ် ညှင်းပန်းနှိပ်စက်ခြင်း ပြုသည့်အချိန်တိုင်း၊ ကျွန်မက အမြဲတမ်း ညှိနှိုင်းခြင်း၊ နောက်ဆုတ်ခြင်း သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းသည်ဟု ခံစားခဲ့ရခြင်း အပြင်၊ ကျွန်မ အများဆုံးချို့တဲ့နေသည့်အရာမှာ ဘုရားသခင်ကို မှီခိုခြင်း နှင့် ဘုရားသခင်အတွက် သက်သေခံခြင်း များဖြစ်ခဲ့ကြောင်း စသည့် အတိတ်ကာလအတွင်းမှ ကျွန်မအတွေ့အကြုံများကို ပြန်လည် သတိရခဲ့သည်။ ယခုအချိန်တွင် ကျွန်မသည် စာတန်ကို အရှုံးမပေး နိုင်တော့ပါ။ ကျွန်မသည် ဘုရားသခင်ကို မှီခိုရန်၊ ရှာဖွေရန်၊ ယုံကြည်မှု အားဖြင့် စာတန်ကို အောင်နိုင်ရန် နှင့် ဘုရားသခင်အတွက် သက်သေ ရပ်တည်ရန် ဆန္ဒရှိပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးခဲ့ပါသည်။ “မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်စေ၊ သို့မဟုတ် ပတ်ဝန်းကျင် မည်မျှ ဆိုးရွားသည်ဖြစ်စေ၊ အကယ်၍ သင်၏ နှလုံးသားဖြင့် ငါ့အား အားထားပါက၊ ငါသည် သင့်အား ရှင်းလင်းစွာ မြင်စေမည်ဖြစ်ပြီး ငါ့နှလုံးသားကို သင့်အား ထုတ်ဖော်ပြမည်။ ဤပုံစံဖြင့်၊ သင်သည် ရှေ့တွင်ရှိသော လမ်းတွင် ပြေးသွားလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ လမ်းပျောက်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ထို့ကြောင့် ကျွန်မက ဘုရားသခင်ထံသို့ “ဘုရားသခင်။ ဒီနေ့ ကိုယ်တော်က ကျွန်မကို ရွေးကောက်ခဲ့ပြီး ကိုယ်တော့်ခြေလှမ်းများအတိုင်း လိုက်လျှောက်စေခဲ့ပါတယ်။ ကျွန်မခွန်အားရှိသမျှ နဲ့ လိုက်မလျှောက် ရင်၊ စာတန်နဲ့ညှိနှိုင်းရင်၊ ကယ်တင်ခြင်းရဖို့ ကျွန်မအခွင့်ကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဘုရားသခင် ကျွန်မရဲ့ လက်ရှိအခက်အခဲတွေကို ကိုယ်တော့် ထံမှာ ယုံကြည်စွာ အပ်နှံလိုပါတယ်။ ကျွန်မ ယောက်ျားက ကျွန်မရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်မှုအကြောင်း ကျွန်မ မိသားစုကိုပြောတာပဲဖြစ်ဖြစ်၊ သင်းအုပ်ဆရာကိုပြောတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူကျွန်မကို ဘာပဲလုပ်လုပ်၊ ကျွန်မ နာခံပါ့မယ်။ ဒီတစ်ခါ ကျွန်မ ကိုယ်တော့်အတွက် သက်သေရပ်တည်ဖို့နဲ့ စာတန်ကို အရှက်ရ စေဖို့ ကိုယ်တော့်ကို မှီခိုပါ့မယ်” ဟု ဆုတောင်းခဲ့ပါသည်။

ဆုတောင်းအပြီးမှာ ကျွန်မများစွာ တည်ငြိမ်လာသည်ကို စတင် ခံစားခဲ့ရပါသည်။ ကျွန်မသည် မိမိဖုန်းကို ကိုင်ကာ၊ သူ့အား “ဟုတ်တယ်။ ကျွန်မ အစည်းအဝေးတွေကို ထပ်သွားဦးမယ်။ မနက်ဖြန် ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်ပြီး မှန်မှန်ကန်ကန် ဆွေးနွေးရအောင်” ဟု ဖြေခဲ့ပါသည်။ ကျွန်မ ထိုစာတိုကို ပို့ပြီးသည်နှင့် တပြိုင်နက်၊ ကျွန်မ နှလုံးသားထဲ၌ စစ်ဆေးခြင်း အသိစိတ်ကို ခံစားခဲ့ရဆဲ ဖြစ်ပါသည်။ ကျွန်မသည် သမ္မာတရားကို လေးနက်စွာ လိုက်လျှောက်လိုသည့် အချိန်တိုင်း၊ နှောင့်ယှက်ခြင်းကို အဘယ့်ကြောင့် ကြုံရသနည်း။ ထို့နောက် ကျွန်မအစ်မများက ကျွန်မကို အကြိမ်ပေါင်းများစွာ မိတ်သဟာယပြုခဲ့သည့် ယောဘ၏ အတွေ့အကြုံအကြောင်းကို တွေးမိ ပါသည်။ ဘုရားသခင် ပြောခဲ့သည့်အရာကိုလည်း ကျွန်မ တွေးမိသည်၊ “သို့ဆိုလျှင် ဤညှဉ်းဆဲမှုကို ယောဘ ခံခဲ့ရချိန်တွင် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် လေ့လာ၊ စောင့်ကြည့်ခဲ့ပြီး ရလဒ်ကို စောင့်ဆိုင်းခဲ့သည်။ ဘုရားသခင် လေ့လာကာ စောင့်ကြည့်သည် နှင့်အမျှ၊ သူ မည်ကဲ့သို့ ခံစားခဲ့ရသနည်း။ သူသည် သောကရောက် နေခဲ့ရသည်မှာ အမှန် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဟု မိန့်တော်မူခဲ့ပါသည်။ နှုတ်ကပတ်တော်များကို ကျွန်မ ချိန်ဆခဲ့ပြီး၊ ယောဘ၏ အတွေ့အကြုံ ကိုလည်း တွေးမိခဲ့သည်။ ၎င်းသည် သူ့အသက်တာတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ ဆိုးညစ်မှုကို ရှောင်ရှားခြင်းဖြင့် ကုန်ဆုံးခဲ့သော်လည်း ဘုရားသခင်က ယောဘကို ရယူရန် အခွင့်ပေးဖို့ စာတန်သည် ကျေနပ်ရောင့်ရဲခြင်း မရှိ၍ သူ့အား အကြိမ်ပေါင်းများစွာ စုံစမ်း နှောင့်ယှက်ခဲ့ပါသည်။ စာတန်က ယောဘကို စုံစမ်းနှောင့်ယှက်ရာတွင်၊ ဘုရားသခင်သည် အရာအားလုံးကို သေချာစွာ လေ့လာအကဲခတ်ပြီး၊ ကြည့်ရှုနေခဲ့ပြီးလျှင် ဘုရားသခင်သည် စာတန်ကို တင်းကျပ်သည့် ကန့်သတ်ချက်တစ်ခုကို ပေးပါသည်။ စာတန်သည် ယောဘ၏ အသက်ကို နှုတ်မယူနိုင်ပေ။ သို့အားဖြင့် ယောဘ၏ လုံခြုံမှုအတွက် သေချာစေခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် လူများကို ချစ်မြတ်နိုး ကြောင်း၊ ကျွန်မတို့အား ဆင်းရဲဒုက္ခမခံစားလိုကြောင်း နှင့် ကျွန်မတို့ အား စာတန်၏ စွမ်းအားအောက်သို့ရောက်ခြင်း၊ စာတန်ကြောင့် ထိခိုက် နာနစ်ခြင်းတို့ကို မြင်တွေ့ရန် မမျှော်လင့်ထားကြောင်း စသည်တို့ကို ပြသနေပါသည်။ ပြီးနောက် ယောဘကို စုံစမ်းနှောင့်ယှက်ရန် စာတန်အားခွင့်ပြုရာ၌ ဘုရားသခင်ထံတွင် သူ၏ ရည်ရွယ်ချက်ကောင်း များ ရှိပါသည်။ ဘုရားသခင်သည် သက်သေခံချက် ရရှိဖို့အတွက် ယောဘကို အသုံးပြုရန် နှင့် ယောဘ၏ ဘုရားသခင်ကို ယုံကြည်မှု နှင့် နာခံမှုတို့ကို စုံလင်စေရန် မျှော်လင့်ခဲ့ပါသည်။ ၎င်းမှာ ကျွန်မ၏ လက်ရှိအခြေအနေ နှင့် တူညီနေခဲ့သည်မဟုတ်ပါလား။ စာတန်သည် ကျွန်မကို ထပ်ကာတလဲလဲ စုံစမ်းနှောင့်ယှက်ခဲ့သော်လည်း၊ ဘုရား သခင်သည် ကျွန်မကို မည်သည့်အခါမျှ စွန့်ခွာခြင်း မရှိသည့်အပြင်၊ ပစ္စုပ္ပန်ဆီသို့ ကျွန်မအား လမ်းပြခဲ့ပါသည်။ ကျွန်မသည် အသက်တာ တွင် ကြီးထွားရင့်ကျက်လာစေရန်၊ ကိုယ်တော့်အတွက် သက်သေ ရပ်တည်နိုင်ရန် နှင့် စာတန်ကို အရှက်ရစေရန် စသည်တို့အတွက် မျှော်လင့်ကာ ဘုရားသခင်က ဤအခြေအနေများကို စီစဉ်တော်မူခဲ့ခြင်း ဖြစ်သောကြောင့် ယခုအချိန်တွင် ကျွန်မသည် ဘုရားသခင်အတွက် သက်သေရပ်တည်ရန် နှင့် စာတန်ကို အရှက်ရစေရန်တို့အတွက် အကောင်းဆုံး ကြိုးစားရပါမည်။ ကျွန်မသည် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်မှုကို ခံစားခဲ့ရပြီးလျှင်၊ ဘုရားသခင်၏ စီစဉ်မှုများကို နာခံရန်၊ ဘုရားသခင်နှင့် ရပ်တည်ရန် နှင့် စာတန်နှင့် မည်သည့်အခါမျှ ထပ်မံ၍ ညှိနှိုင်းမှုမပြုရန် တို့ကို စိတ်ပိုင်းဖြတ်ထားခဲ့ပါသည်။

နောက်ညနေတွင် ကျွန်မ အလုပ်မှ အိမ်သို့ပြန်ရောက်သည့် အချိန်တွင်၊ ကျွန်မခင်ပွန်းသည် ကျွန်မအား စောင့်ဆိုင်းနေပြီ ဖြစ်သည်။ ကျွန်မ ထိုင်သည့်အချိန်တွင် သူက “မင်း အနန္တတန်ခိုးရှင် ဘုရားသခင် ကို ယုံကြည်တာ မရပ်နိုင်ဘူးလား” ဟု ပြောသည်။ ထို့နောက် သူက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း ကျွန်မအားပြခဲ့ သည့် အင်တာနက်ပေါ်မှ အဖျက်သဘော ဆောင်သည့် သတင်း အချက်အလက်များအားလုံးအကြောင်းကို စတင်ပြောဆိုခဲ့သည်။ ကျွန်မက “ဟင့်အင်း။ ရပ်မှာမဟုတ်ဘူး။ ရှင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်း ဘာတွေများ အမှန်တကယ် သိလို့လဲ။ ရှင်အွန်လိုင်းပေါ်မှာ တွေ့ဖူးသမျှ သတင်းအချက်အလက် အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက် ဖို့၊ သရော်လှောင်ပြောင်ဖို့၊ ဝေဖန်အပြစ်တင်ဖို့ တရုတ်ကွန်မြူနစ် အစိုးရက လုပ်ကြံပြောဆိုခဲ့တဲ့ ကောလာဟလ ချည်းပဲ။ ဒါတွေ တစ်ခုမှမမှန်ဘူး။ တရုတ်ကွန်မြူနစ်အစိုးရက ဘုရားမဲ့တဲ့ နိုင်ငံရေးပါတီ တစ်ခုပဲ၊ သူက သမ္မာတရားနဲ့ ဘုရားသခင်ကို စက်ဆုပ်ရွံရှာတာကြောင့် လူတွေကို စိတ်ရှုပ်ထွေးစေအောင် ထိတ်ထိတ်ပျာပျာ နဲ့ ကောလာဟလ မျိုးစုံကို ဖြန့်ဝေပြီး လုပ်ကြံပြောဆိုနေတာလေ။ သူက လူတွေအနေနဲ့ ဘုရားသခင်ကို အာခံပုန်ကန်ပြီး၊ လူတွေ အဲ့ဒါနဲ့ပဲ သေဆုံးသွားအောင် မာနထောင်လွှားစွာနဲ့ လှည့်စားချင်တယ်။ အဲဒါက တရုတ်ကွန်မြူနစ် အစိုးရရဲ့ ဆိုးညစ်တဲ့ ရည်ရွယ်ချက်ပဲ။ ဘုရားသခင်ကို ယုံကြည်ခြင်း အားဖြင့် ကျွန်မက ဘာမှ အမှားမလုပ်ခဲ့သေးသလို၊ ရှင့်ကိုတောင်းပန် ရလောက်အောင်လဲ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ကျွန်မက အသက်တာမှာ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတာ။ ဒီလမ်းကြောင်းကိုပဲ ဆက်လျှောက်ဖို့ကိုလည်း ကျွန်မဆုံးဖြတ်ပြီးပြီ။ ကျွန်မတွေးခဲ့ပြီးပြီ၊ ပြီးတော့ ရှင်က သင်းအုပ်ဆရာတွေ နဲ့ တရားဟောဆရာတွေ ကျွန်မကို သူတို့ ဒေသနာတွေမှာ စွပ်စွဲခွင့်ပေးပြီး၊ အသင်းတော်ကပါ နှင်ထုတ် ခွင့်ပေးဖို့ ရှင်ဖုန်းခေါ်လို့ရပြီလို့လည်း ဆုံးဖြတ်ပြီးပြီ။ ရှင် ကျွန်မမိဘ တွေကိုပါ ဖုန်းခေါ်ပြီးတော့ သူတို့ ကျွန်မကို ဝန်းရံဖိစီးစေဖို့ နဲ့ ညှင်းပန်းနှိပ်စက်ဖို့ ခွင့်ပေးနိုင်တယ် ဒါပေမယ့် ရှင်ဘာပဲလုပ်လုပ် ကျွန်မဆုံးဖြတ်ချက်ကပြောင်းမှာ မဟုတ်ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်ကို လက်ခံခဲ့ပြီးပြီ၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုတာနဲ့ ဘုရားသခင် စီစဉ်ပေးခဲ့တဲ့ ပတ်ဝန်းကျင်ကို တွေ့ကြုံခံစားတာတွေက တစ်ဆင့် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာကိုလည်း စိတ်ပိုင်းဖြတ်ခဲ့ပြီးပြီ၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်မက ကိုယ့်ရွေးချယ်မှုအတိုင်း ရပ်တည်မှာပဲ” ဟု ပြန်ဖြေခဲ့ပါသည်။ ကျွန်မအမျိုးသားက “မင်းက သခင့်ကို သစ္စာဖောက်နေတာ၊ အဲဒါကို ရော သိရဲ့လား။ သခင်က မင်းကို ကျေးဇူးတော်အများကြီး ပေးခဲ့ပြီးပြီ။ မင်းဘယ်လိုများ ကိုယ်တော်ကို သစ္စာဖောက်နိုင်တာလဲ” ဟု ပြောခဲ့ သည်။ ကျွန်မက “အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းက သခင့်ကို သစ္စာဖောက်တာ မဟုတ်ဘူး။ ဒါက သိုးသငယ်ရဲ့ ခြေလှမ်း တွေအတိုင်း လိုက်လျှောက်တာ၊ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်နဲ့ သခင်ယေရှုတို့က တစ်ဘုရားတည်းသာ ဖြစ်လို့ပေါ့။ ကျွန်မက သခင်ယေရှုရဲ့ ကျေးဇူးတော်အများကြီးကို ပျော်မွေ့ခဲ့လို့ သခင်ယေရှု ဒီနေ့ခေတ်မှာ ပြန်ကြွခဲ့ပြီးဖြစ်တယ်ဆိုတဲ့ သတင်းကို ကျွန်မ ကြားတဲ့အချိန်မှာ စုံစမ်းစစ်ဆေးပြီး လက်ခံသင့်တယ်လို့ ကျွန်မသိခဲ့တာပေါ့။ အခု သခင်ယေရှုက ဘုရားသခင်ရဲ့ အမှုတော်နဲ့ အလိုတော်တို့ကို ရှင်းပြပြီး၊ အသစ်သော နှုတ်ကပတ်တော်တွေကို ဖော်ပြဖို့ လူ့ဇာတိကို ထပ်ပြီး ခံယူခဲ့ပြီ။ ကျွန်မက ဘုရားသခင်ရဲ့ အသံတော်ကို ကြားပြီးတာကြောင့် အဲဒါကို လိုက်စားဖို့ ကျွန်မ အလုပ်လုပ်သင့်တယ်၊ အစည်းအဝေးတွေ သွားသင့်တယ်၊ ပြီးတော့ ကျွန်မအတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်သင့် တယ်” ဟု ပြောခဲ့ပါသည်။ ကျွန်မ ခင်ပွန်းက “ပြီးတာပဲ။ မေ့လိုက် တော့။ မင်းကြိုက်တာလုပ်။ ငါက မင်းရဲ့ သင်းအုပ်ဆရာကို ပြောပြီး တော့ အသင်းတော်ကို ပြန်ခေါ်ခိုင်းဖို့ နဲ့ မင်းမိဘတွေကို ဖုန်းခေါ်မလို့ တွေးခဲ့ပြီးပြီ၊ ဒါပေမဲ့ သူတို့က ဒေါသထွက်လွန်းအားကြီးလွန်းလို့၊ စိတ်ကုန် သွားကြမှာ စိုးလို့။ အခုကစပြီး မင်းကြိုက်တာသာ ယုံကြည်ပါတော့။ ငါလည်း ဝင်မပါတော့ပါဘူး” ဟု ပြောခဲ့သည်။

ကျွန်မခင်ပွန်းသည် ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခြင်းမှ တားဆီးရန် ကြိုးစားတော့မည် မဟုတ်ကြောင်း ပြောသည်ကို ကြားသည့်အချိန်တွင်၊ ကျွန်မ အလွန်ပျော်ရွှင်ခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းညွှန်ချက်ဖြစ်ကြောင်း ကျွန်မသိရှိခဲ့ ပြီးလျှင်၊ ကျွန်မခင်ပွန်းသည်၏ နှလုံးသားနှင့် စိတ်တို့သည်လည်း ဘုရားသခင်၏ လက်တော်တွင် ရှိကြောင်းကို သိရှိခဲ့ပါသည်။ သူက ထိုကဲ့သို့စကားများပြောသည်မှာ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးတော်မူကြောင်းကို ပြနေပါသည်။ ကျွန်မအတွက် လမ်းခရီးကို ဖွင့်ပေးသူမှာ ဘုရားသခင်ပင် ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မ၏ နှလုံးသားကို အလိုရှိတော်မူကြောင်း နှင့် ကျွန်မ ဘုရားသခင် ကို အမှန်တကယ် မှီခိုသည့်အချိန်၊ ဘုရားသခင်ကို ရှာဖွေကာ ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အတွက် အရာအားလုံးကို စွန့်စားချိန် တို့တွင် ကျွန်မသည် ဘုရားသခင်၏ အမှုတော်ကို တွေ့မြင်ရ သည့်အပြင်၊ ဘုရားသခင်သည် ကျွန်မကို တိတ်ဆိတ်စွာ ဦးဆောင်ပြီး ကူညီနေကြောင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်ရခဲ့ပါသည်။ “စာတန်က လူသားကို ဖျက်ဆီးသည့်အခါတိုင်း သို့မဟုတ် ပြင်းထန်သော အန္တရာယ် ရောက်စေသည့်အခါတိုင်းတွင် ဘုရားသခင်သည် အကြောင်းမဲ့သက်သက် ရပ်မနေသကဲ့သို့၊ သူရွေးချယ်ထားသော လူတို့ကို ဘေးဖယ်ထားခြင်း သို့မဟုတ် မသိကျိုးကျွန်ပြုခြင်း မရှိပေ။ စာတန် လုပ်ဆောင်သမျှ အားလုံးကို ဘုရားသခင်သည် အပြည့်အဝ ရှင်းလင်းစွာ နားလည်၏။ စာတန်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် ရေပန်းစားမှုကို စာတန်က ဖြစ်ပေါ်စေသည်ဖြစ်စေ၊ စာတန် လုပ်ဆောင်ဖို့ ကြိုးစားနေသည့် အရာအားလုံးကို ဘုရားသခင်သည် သိသကဲ့သို့၊ ဘုရားသခင်သည် သူ ရွေးချယ်ထားသောလူတို့အပေါ် လက်လျော့ခြင်းလည်း မရှိပေ။ ယင်းအစား၊ မည်သည့်အာရုံကိုမျှ ဆွဲဆောင်ခြင်းမရှိဘဲ၊ လျှို့ဝှက်စွာ တိတ်ဆိတ်စွာဖြင့်- လိုအပ်သော အရာတိုင်းကို ဘုရားသခင်သည် ပြုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ကျွန်မသည် ဤနှုတ်ကပတ်တော်များကို ချိန်ဆရင်းဖြင့် တို့ထိခြင်းကို ခံရပါသည်။ စာတန်သည် ကျွန်မအစည်းအဝေးများတက်ရောက်ခြင်း ကို နှောင့်ယှက် ရန် နှင့် နှိပ်စက်ညှင်းဆဲရန် ကျွန်မခင်ပွန်းကို အသုံးပြုခဲ့သည့်အချိန်က၊ ဘုရားသခင်သည် ကျွန်မအနေဖြင့် စာတန်၏ လှည့်စားမှုကို ထိုးထွင်း သိမြင်ရန်နှင့် ကျွန်မ၏ အပျက်သဘောဆောင်ခြင်းမှ ထွက်ပြေး လွတ်မြောက်ရန် အခွင့်ပေးဖို့ရာ ကျွန်မ၏ ညီအစ်ကိုမောင်နှမများမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုခြင်းအား အသုံးပြုခဲ့ခြင်း၊ ကျွန်မအမျိုးသားသည် ကျွန်မ၏ ဘုရားသခင့် နှုတ်ကပတ်တော် စာအုပ်များကို ဝှက်ထားပြီး၊ ကျွန်မအား ဘုရားသခင် ကို ယုံကြည်ခြင်းမှ တားဆီးရန် ကြိုးစားသည့်အချိန်တွင်၊ ကျွန်မသည် ဘုရားသခင်ကို အမှန်တကယ် မှီခိုပြီး ဘုရားသခင်ကို ရှာဖွေကာ၊ ဘုရားသခင်၏ အံ့ဖွယ်အမှုဖြစ်သည့် လုပ်ဆောင်ချက်များကို သက်သေ ခံခဲ့ခြင်း၊ ကျွန်မသည် ဘုရားသခင်နှင့် ရပ်တည်ရန် စိတ်ပိုင်းဖြတ် လာခဲ့ပြီးလျှင် ဘုရားသခင်ကို နောက်လိုက်ဖို့ရာ အရာအားလုံးကို စွန့်စားရန် လိုလားခဲ့သည့်အချိန်တွင်၊ စာတန်သည် အရှက်ကွဲပြီး နောက်ဆုတ်သွားခြင်း စသည့် ကျွန်မ၏ ကိုယ်ပိုင် အတွေ့အကြုံများကို ပြန်လည်တွေးတောခဲ့၍ မည်သို့ဖြစ်ခဲ့သည်ကို သတိရခဲ့ပါသည်။ ကျွန်မ၏ အတွေ့အကြုံများမှတစ်ဆင့် ဘုရားသခင်သည် ကျွန်မနှင့် အမှန်တကယ်ပင် ရှိနေကြောင်း နှင့် ကျွန်မ၏ ဝိညာဉ်အသက်တာ ပေါ်တွင် အခြေခံကာ ကျွန်မအတွက် ပတ်ဝန်းကျင်များကို ဘုရားသခင် စီစဉ်ကြောင်း တို့ကို တွေ့မြင်ခဲ့ရပါသည်။ ဘုရားသခင်သည် ကျွန်မ မထမ်းနိုင်သည့်ဝန်ကို မပေးခဲ့ပါ။ ကျွန်မသာ အတိတ်တွင် ဘုရားသခင် ကို မိမိနှလုံးသားအား အမှန်တကယ် မပေးအပ်ခဲ့ချိန်တွင် ကျွန်မသည် လူ့ဇာတိဆိုင်ရာ ချစ်ခင်တွယ်တာမှုများအတွက် အမြဲတစေ စိုးရိမ်ခဲ့ပြီး၊ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် လူ့နည်းစနစ်ပေါ် မှီခိုကာ၊ စာတန်ကို သစ္စာဖောက်ဝံ့ခြင်း မရှိပဲနှင့် ရလဒ်အနေဖြင့် စာတန်သည် ကျွန်မ၏ အားနည်းချက်ကို အခွင့်ကောင်းယူခဲ့ပြီးလျှင်၊ ကျွန်မ၏ အားနည်းချက်ကို ထပ်ခါထပ်ခါ ပစ်မှတ်ထား၍ ဘက်ပေါင်းစုံမှ တိုက်ခိုက်ကာ အဆုံးမရှိ နှိပ်စက်သွားခဲ့မည်သာ ဖြစ်ပုံကို တွေးတော မိခဲ့ပါသည်။ သို့သော်လည်း ကျွန်မသည် ဘုရားသခင်ကို အမှန်တကယ် မှီခိုခဲ့ပြီး၊ အရာအားလုံးကို စွန့်စားသည့်အချိန်တွင်၊ ဘုရားသခင်သည် ကျွန်မအတွက် လမ်းခရီးကို ဖွင့်ပေးခဲ့ပြီးလျှင်၊ စာတန်သည်လည်း ကူကွယ်ရာမဲ့ကာ၊ အရှက်ရ၍ ကျဆုံးရခဲ့ရပါသည်။ ယခုပတ်ဝန်းကျင်ကို တွေ့ကြုံခံစားရပြီးနောက် ကျွန်မသည် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပြည့်စုံခြင်း နှင့် အချုပ်အခြားအာဏာအပြင်၊ မိမိကိုယ်ပိုင် အာခံသည့် စိတ်သဘောထားတို့ကို စစ်မှန်သည့် နားလည်သဘောပေါက်မှု ရရှိလာ ကာ၊ ကျွန်မ၏ ဘုရားသခင်၌ ယုံကြည်ချက်နှင့် နာခံခြင်းတို့ ကြီးထွား ရင့်ကျက်လာခဲ့သည့်အပြင် စာတန်၏ စီမံချက်များကို ခွဲခြား သိမြင်နိုင်ခြင်းကိုလည်း ရရှိ၍၊ ကျွန်မသည် စာတန်၏ ဆိုးညစ်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် သဘာဝတို့ကို မြင်ရပြီးလျှင်၊ ကျွန်မထံတွင် စာတန်ကို စစ်မှန်သော မုန်းတီးခြင်း ဖြစ်ပေါ်လာခဲ့သည်။ ဘုရားသခင် ၏ လမ်းပြခြင်းနှင့် ဉာဏ်အလင်းပေးခြင်းတို့ ကျေးဇူးကြောင့် ကျွန်မသည် ဤကဲ့သို့ နားလည်သဘောပေါက်မှုများကို ရရှိနိုင်ခဲ့ခြင်း ဖြစ်ပြီး ကျွန်မသည် ဘုရားသခင်ကို အမှန်တကယ်ပင် ကျေးဇူးတင် မိပါသည်။

ဤတွေ့ကြုံခံစားမှုကာလမှတစ်ဆင့် ကျွန်မသည် များစွာ အကျိုး ရှိခဲ့ပါသည်။ ကျွန်မသည် လုပ်ငန်းစဉ်အတွင်း အားနည်းပြီး အပျက် သဘောဆောင်သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လမ်းပြ မှု၊ ပံ့ပိုးမှု နှင့် ကျွန်မအစ်မ၏ ကူညီမှုတို့သည် ကျွန်မအား ယနေ့တိုင် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းနှင့် တိုက်ခိုက်မှုကို ကျော်ဖြတ်ပြီး၊ ရှင်သန်ရပ်တည်နိုင်ရန် ယုံကြည်မှုကို ပေးခဲ့ပါသည်။ ကျွန်မ၏ စစ်မှန်သည့် တွေ့ကြုံခံစားမှုမှတစ်ဆင့် ကျွန်မသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တွေ့မြင်ခဲ့ကာ၊ အရာအားလုံးမှတစ်ဆင့် ဘုရားသခင် သည် ကျွန်မကို ဦးဆောင်နေခဲ့ပြီး၊ ကျွန်မဘက်တွင်ရှိနေခဲ့ကြောင်းတို့ကို တွေ့မြင်ခဲ့ပါသည်။ ကျွန်မတို့သည် မိမိနှလုံးသားများကို ဘုရားသခင် ထံသို့ အမှန်တကယ် ပေးအပ်ခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် မှီခိုခြင်းတို့ ရှိသည့်အချိန်တွင်၊ ကျွန်မတို့သည် ဘုရားသခင်၏ အံ့သြ ဖွယ်ရာ အမှုတော်များကို တွေ့မြင်ကာ၊ ကျွန်မတို့၏ ဆင်းရဲဒုက္ခများမှ လွတ်ထွက်လာပါသည်။ အနာဂတ်တွင် ကျွန်မသည် ဘုရားသခင်၏ အမှုတော်ကို ပိုမိုတွေ့ကြုံခံစားကာ၊ ဘုရားသခင်၏ စစ်မှန်သည့် သိကျွမ်းခြင်းကို လိုက်စားရန် ဆန္ဒရှိပါသည်။

အရှေ့သို့- တိုက်ပွဲတစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ...

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

ရှင်းရှင်၊ တရုတ်ပြည်ကျွန်တော်က သာမာန်အလုပ်သမားတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အကုန်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော်နှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။