ဆရာဝန်တစ်ယောက်၏ ရွေးချယ်မှု

30.09.2022

ယန်ချင်း တရုတ်နိုင်ငံ

ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့မိသားစုက အရမ်းဆင်းရဲတယ်။ ကျွန်မအမေက လေဖြတ်ပြီး အိပ်ရာထဲ လဲတဲ့အပြင်၊ ဆေးတွေကလည်း တစ်ချိန်လုံး သောက်နေရတယ်။ အဖေကတော့ ရွာပြင်မှာပဲ နှစ်ပေါင်းများစွာ အလုပ်လုပ်ရတယ်။ ရွာထဲကလူတွေက ကျွန်မတို့ကို အထင်သေးကြတာပေါ့။ ကျွန်မအစ်ကိုနဲ့ အစ်မကိုလည်း ရွာထဲက အကျင့်မကောင်းတဲ့သူတွေက မကြာမကြာ အနိုင်ကျင့်ကြတယ်။ ကျွန်မအသက် ခုနစ်နှစ်မှာ ရွာထဲက အနိုင်ကျင့်တဲ့လူတစ်ယောက်က ကျွန်မကို နောက်ကနေ လိုက်ရိုက်သေးတာ။ ကျွန်မလည်း ကြောက်လွန်းတော့ နှလုံးက မကောင်းသလို ဖြစ်လာရော။ ဆေးကုဖို့ ငွေလည်း မရှိတော့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာတာပေါ့။ ဒါနဲ့ အဲဒီအချိန်ကစပြီး ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ ငါ ကြီးလာတဲ့အခါ သိပ်တော်တဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာရမယ်၊ ငါ့အမေကိုရော ငါ့ကိုယ်ငါရော ကုပေးမယ်။ ပိုက်ဆံတွေလည်း အများကြီးရှာမယ်။ အဲဒါမှ ငါ့မိသားစု ကောင်းကောင်းမွန်မွန် နေနိုင်ပြီး ဂုဏ်သိက္ခာရှိမယ်ပေါ့။

ဆေးကျောင်းက ဘွဲ့ရပြီးတော့ ကျွန်မက မြို့နယ်ကျန်းမာရေးဆေးခန်းတစ်ခုမှာ တာဝန်ကျတယ်။ ဆေးခန်းလေးတစ်ခုမှာ အလုပ်လုပ်ရတာကို ကျွန်မက မကျေနပ်ဘူး။ ဒါနဲ့ ကိုယ့်ပညာအရည်အသွေးတွေ တိုးတက်အောင်၊ မြို့ဆေးရုံတစ်ခုကို ပြောင်းရအောင် အစွမ်းကုန် ကြိုးစားတယ်။ ဒီလို သေချာပေါက် ဖြစ်လာအောင်လို့၊ ကျွန်မလည်း ပညာထပ်သင်မယ်ဆိုပြီး ဆေးရုံကြီးတစ်ခုကို သွားပြီးတော့၊ အသုံးချဆေးပညာကို သင်ခဲ့သေးတာ။ ဆေးခန်းကို ပြန်ရောက်တော့လည်း ရာထူးတိုးအောင်လို့ အပြင်းအထန် ကြိုးစားတယ်။ တစ်နေ့လုံး တစ်ညလုံးနီးပါး အလုပ်လုပ်တာ။ နေ့တိုင်း ပင်ပန်းလွန်းတော့ ကျောတွေပါ နာတယ်။ အိမ်ပြန်ရောက်ပြီဆို ဘာမှမလုပ်နိုင်ဘူး၊ အိပ်ရာထဲ ပစ်လဲသွားရော။ နောက်ဆုံးတော့ ကျွန်မ မြို့ပေါ်က အထူးကုဆေးရုံတစ်ခုမှာ အလုပ်လုပ်ဖို့ ပြောင်းရတယ်။ သုံးနှစ်အကြာမှာ ရာထူးထပ်တိုးတယ်။ ဒီတစ်ခါတော့ ဆရာဝန်ကြီးအဆင့်ပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မက ကျေကျေပွန်ပွန်နဲ့ တာဝန်သိသိ အလုပ်လုပ်တယ်လေ။ အရည်အချင်းတွေကလည်း သိပ်ကောင်းနေတယ်။ ကျွန်မက ဆေးရုံမှာ တော်တော်နာမည်ကြီးလာတော့၊ လူတွေအများကြီး လာပြကြတာပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မ ပိုက်ဆံတွေ ပိုရလာတယ်။ ကျွန်မအစ်ကိုရဲ့အလုပ်ကိုလည်း ငွေထောက်ပံ့လိုက်တယ်။ ယောက္ခမတွေကဆို ကျွန်မကို သူများတွေရှေ့မှာ မကြာမကြာ ချီးမွမ်းကြတာ။ ကျွန်မအမျိုးသားကလည်း ကျွန်မကို သိပ်ချစ်တာပေါ့။ ဒါတွေအားလုံးကြောင့် ကျွန်မရဲ့ဘဝင်စိတ်က တော်တော်ကြီး ကျေနပ်ခဲ့မိတယ်။ ငါက မယုံနိုင်စရာကောင်းတဲ့ ဘဝတစ်ခုကို နေထိုင်နေရတာပဲလို့ ထင်မိတယ်။

ဒါပေမဲ့ ဒါတွေအားလုံးက အဖိုးအခတစ်ခုနဲ့ ရောက်လာတာပါ။ ကျွန်မရဲ့ ရေရှည်အလုပ်ဖိအားတွေ၊ ပုံမှန်မဟုတ်တဲ့ အလုပ်လုပ်ချိန် နားချိန်တွေကြောင့်၊ ကျွန်မမှာ အိပ်မပျော်တဲ့ရောဂါ စလာတယ်။ တဖြည်းဖြည်းနဲ့ ပိုပြီး ဆိုးလာရော။ အဲဒီရောဂါ ပျောက်အောင် ဆေးဘယ်လောက်ပဲ သောက်သောက် မထိရောက်ဘူး။ အဲဒီနောက်မှာ အစာအိမ်ရောဂါတွေရော၊ ခါးဆစ်ရိုး မကောင်းတာတွေပါ ဖြစ်လာတယ်။ နောက် သိပ်မကြာဘူး၊ နှလုံး မကောင်းတာတွေပါ ဖြစ်လာရော။ ကလေးငိုသံတစ်ခု ကြားလိုက်ပြီဆိုတာနဲ့၊ ကျွန်မမှာ ခေါင်းကိုက်ရော။ ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ လက်တွေပါ တုန်လာတာ။ ဒေသဆေးရုံ ပါရဂူတွေကတော့ နှလုံးစည်းချက် မမှန်တဲ့ရောဂါဆိုပြီး အမည်တပ်ကြတယ်။ ကျွန်မအနေနဲ့ အသေးအမွှား စိတ်လှုပ်ရှားစရာလေးကိုတောင် မခံနိုင်ဘူးဆိုတဲ့သဘောပဲ။ အဲဒါကို ကုထုံး ရှိတယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာ အထောက်အထားလည်း မရှိဘူး။ နှလုံးသွေးကြောတွေကို အထူးဂရုစိုက်ပေးတာမျိုးနဲ့ပဲ ထိန်းချုပ်လို့ ရနိုင်တယ်တဲ့။ သူတို့စကားတွေက လုံးဝ မထင်မှတ်ထားတာမျိုးပဲ။ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်။ ငါ့မှာ တော်တော် ငယ်သေးပေမဲ့၊ ကုမရတဲ့ရောဂါတစ်ခု ရှိနေပြီဆိုပြီး တွေးမိသွားတယ်။ ငွေတွေ၊ ကျော်ကြားမှုတွေက ဘာများ အသုံးကျတော့လို့လဲ။ အဲဒီအရာတွေက ကျွန်မဝေဒနာကို နည်းနည်းလေးမှ မသက်သာစေဘူးလေ။ နောက်တော့ ကျွန်မ စဉ်းစားတယ်၊ ငါက တခြားလူတွေရဲ့ရောဂါတွေကို နေ့တိုင်း ကုပေးတယ်။ ဒါပေမဲ့ ငါ့ရောဂါကျတော့ ငါလည်း မကုနိုင်ပါလားပေါ့။ ကျွန်မလည်း တော်တော်ကို စိတ်ဆင်းရဲပြီး ညှိုးမှိုင်သွားတာ။ ညဘက် အိပ်လို့မရတဲ့အခါ၊ မျက်နှာကြက်ကိုပဲ ငေးရင်း မျက်ရည်တွေ တိတ်တိတ်လေး ကျမိရော။ ဒီလို ရှင်သန်ရတာမျိုးက ခက်ခဲပင်ပန်းလွန်းတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ခိုကိုးရာမဲ့တယ်လို့လည်း ခံစားမိတယ်။ ကိုယ့်ဘဝက စရုံပဲရှိသေးတာကို ဒီရောဂါက ဖြစ်လာရတယ်ဆိုတာမျိုး ခံစားရတာ။ ရှေ့ဆက်ပြီး ဘယ်လိုနေထိုင်မလဲဆိုတာလည်း ကျွန်မ မသိတော့ဘူး။ ဒီလို ဆက်သွားနေလို့ကော ဘာထူးဦးမှာလဲပေါ့။

အဲဒီလို ဝေဒနာတွေနဲ့ ကူရာမဲ့ဖြစ်နေချိန်မှာပဲ သခင်ယေရှုရဲ့ ကယ်တင်ခြင်းက ကျွန်မဆီ ရောက်လာတာပါ။ သခင့်ကို ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နှလုံးရောဂါနဲ့ အိပ်မပျော်တဲ့ရောဂါက မယုံနိုင်လောက်အောင် ပျောက်သွားတယ်။ ကျွန်မကို အဲဒီလောက် ကြီးမားတဲ့ကျေးဇူးတော် ပေးတဲ့အတွက် သခင့်ကို အရမ်း ကျေးဇူးတင်ခဲ့မိတယ်။ ကျွန်မလည်း သခင့်မေတ္တာကို ပြန်ပေးဆပ်ဖို့၊ စည်းဝေးပွဲတွေကို တက်တက်ကြွကြွ သွားပြီး ဧဝံဂေလိ ဟောပြောတယ်။ ၂၀၀၆ ခုနှစ် ဇူလှိုင်လမှာ၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး၊ သခင် ပြန်လာခြင်းကို ကြိုဆိုလိုက်တယ်။ ကျွန်မ တော်တော် စိတ်လှုပ်ရှားသွားတာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို စားသောက်ရင်းနဲ့၊ ဘုရားအမှုတော် အဆင့်သုံးဆင့်ရဲ့ နက်နဲမှုနဲ့ ဘုရား စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတယ်။ ပြီးတော့ ကျွန်မတို့ကို စာတန်ရဲ့ မကောင်းတဲ့လွှမ်းမိုးမှုနဲ့ အပြစ်ကနေ ကယ်တင်ဖို့၊ ဘုရားသခင်အားဖြင့် ကျွန်မတို့တွေ ကယ်တင်ခံရစေဖို့၊ နောက်ဆုံးမှာ ဘုရားရဲ့နိုင်ငံတော်ဆီ ပို့ဆောင်ပေးဖို့အတွက်၊ ဘုရားက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု ပြုတယ်ဆိုတာကိုလည်း နားလည်သွားတယ်။ ကယ်တင်ခံရခြင်းနဲ့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ မြင်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ငတ်မွတ်နေတဲ့ ကိုယ့်ဝိညာဉ်အတွက် အစားအစာလိုပါပဲ။ တစ်ရက်ကျတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဒီ နှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ဖတ်မိတယ်၊ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ အားတက်သွားတယ်။ ဘုရားက သူ့အမှုတော်သစ်ကို လက်ခံသူတိုင်းအပေါ် မျှော်မှန်းချက်တွေ ရှိမှန်း ကျွန်မ နားလည်သွားတယ်။ အမှောင်ထဲမှာ ရှိနေကြသေးတဲ့၊ ဘုရားရဲ့ပေါ်ထွန်းမှုကို အရူးအမူး တောင့်တကြတဲ့လူတွေအတွက်၊ ကျွန်မတို့က ထကြွပြီး ဧဝံဂေလိတရားကို ဖြန့်ဝေကြလိမ့်မယ်လို့ ဘုရားက မျှော်လင့်တာ။ ဒါမှ အဲဒီလူတွေဟာ ဘုရားအိမ်တော်ကို လှည့်ပြန်နိုင်မယ်၊ ဘုရားရဲ့ကယ်တင်ခြင်းကို လက်ခံနိုင်မယ်။ စာတန်ရဲ့အန္တရာယ်တွေကိုလည်း ကြုံရတော့မှာ မဟုတ်ဘူး။ လူသားတွေအတွက် ဘုရားရဲ့မေတ္တာဟာ တကယ်ကို ကြီးမားလွန်းပါတယ်။ သခင့်အသံကို ကြားပြီး သူ့ကို ကြိုဆိုမိတယ်ဆိုတာ ဘယ်လောက် ကံကောင်းမှန်း စဉ်းစားမိတော့မှ၊ ကျွန်မလည်း ကိုယ့်အရင်အသင်းတော်က လူတွေကို ဧဝံဂေလိ ဟောပြောပြီး၊ ဘုရား ပြန်ကြွလာတဲ့အကြောင်း ပြောပြချင်သွားတယ်။ ဒါနဲ့ ကျွန်မက ကိုယ့်အလုပ်ကိုလည်း လုပ်ရင်း၊ ဧဝံဂေလိကို ဟောပြောတယ်။ အဲဒီအချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက်ကြောင့်ပါပဲ၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရယ်၊ ပြီးတော့ ကျွန်မရဲ့ အရင်ဂိုဏ်းခွဲက အသင်းတော်ငါးခုရဲ့ ယုံကြည်သူတချို့ရယ်က ဘုရားရဲ့အမှုတော်သစ်ကို လက်ခံသွားကြတယ်။ အသင်းတော်သစ်တစ်ခုလည်း တည်ထောင်ကြတယ်။ ကျွန်မကိုလည်း သင်းထောက်အဖြစ် ရွေးချယ်ကြတယ်။ အသင်းတော်အလုပ်ကို ဦးဆောင်ခိုင်းတယ်။ ကျွန်မလည်း ဘုရားရဲ့ကောင်းချီးတွေနဲ့ လမ်းပြမှုကို မြင်သွားတယ်။ ဒီအဖြစ်ကြောင့် အရမ်း တက်ကြွသွားတာ။ “ဘုရားအိမ်တော်ဆီ နောက်ထပ်လူတွေအများကြီး ပို့ပေးလို့ရအောင် ငါက အသင်းတော်ရဲ့အလုပ်မှာ ဘုရားနဲ့အတူ ဆောင်ရွက်ဖို့ကို အကောင်းဆုံး ကြိုးစားဖို့လိုတယ်” ဆိုပြီး စဉ်းစားမိတယ်။

၂၀၀၇ ခုနှစ် မတ်လမှာပေါ့၊ တစ်ရက်ကျတော့ သူတို့က ကျွန်မကို အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် လေ့ကျင့်ပေးချင်တယ်ဆိုပြီး ကြီးကြပ်သူက ပြောတယ်။ ကျွန်မလည်း နည်းနည်း ချီတုံချတုံဖြစ်သွားရော။ ကျွန်မအနေနဲ့ အလုပ်သွားဖို့အချိန် ရချင်မှရမယ်၊ ကိုယ့်အလုပ်လည်း မြဲချင်မှ မြဲတော့မယ်ဆိုတဲ့ သဘောပဲ။ ကျွန်မ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာတွေ အလကား ဖြစ်သွားမှာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်မအမျိုးသားကလည်း သေချာပေါက် ပြဿနာရှာလိမ့်မယ်။ အဲဒါကြောင့် ကျွန်မလည်း ဒါက ခေါင်းထဲရောက်နေတော့၊ အဲဒီတာဝန်ကို အဲဒီတုန်းက လက်မခံခဲ့ဘူး။ နောက်တော့ ကျွန်မလည်း တော်တော်ကြီး အပြစ်ရှိသလို ခံစားမိတယ်။ ဘုရားကို အကြွေးတင်သွားပြီလို့ အမြဲတမ်း ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သိအောင် ကျွန်မကို လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ဘုရားကို ဆုတောင်းမိတယ်။ ဆုတောင်းပြီးသွားတော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ဖတ်မိသွားရော၊ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ထိုကဲ့သို့သော ရွေးချယ်မှုမျိုးကိုသာ ပြုကြလိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဗျာများနေသောသူများ များစွာရှိသည် မဟုတ်လော။ အပြုသဘောနှင့် အနုတ်သဘော၊ အဖြူနှင့် အမည်းကြားရှိ ယှဉ်ပြိုင်ပွဲများ၌ သင်တို့သည် မိသားစုနှင့် ဘုရားသခင်ကြား၊ သားသမီးများနှင့် ဘုရားသခင်ကြား၊ ငြိမ်းချမ်းခြင်းနှင့် ပြိုကွဲပျက်စီးခြင်းကြား၊ ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကြား၊ ဂုဏ်ဒြပ်ရှိခြင်းနှင့် ဂုဏ်ဒြပ်မဲ့ခြင်းကြား၊ ထောက်ခံမှုခံရခြင်းနှင့် ဘေးဖယ်ထားမှုခံရခြင်း အစရှိသည်တို့အကြား၌ သင်တို့ပြုခဲ့သော ရွေးချယ်မှုများကို သင်တို့ အသေအချာသိသည်။...ကြည့်ရ သရွေ့ နှစ်ပေါင်းများစွာတိုင်အောင် ပေးအပ်မြှုပ်နှံမှုနှင့် လုံ့လထုတ်မှုသည် ကျောခိုင်းမှုနှင့် သင်တို့၏ စိတ်ပျက် အားလျော့ခြင်းတို့ကိုသာ ငါ့ထံယူဆောင်လာပေးခဲ့သည်။ သို့သော် တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့သော်လည်း သင်တို့သည် အမှောင်ထုအပြင် မကောင်းမှုနှင့် သက်ဆိုင်သောအရာများကို မလျှော့တမ်း ရှာဖွေနေကြပြီး ၎င်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ ရလဒ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ သင်မည်သူ့ကို သစ္စာစောင့်သိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ကြည့်တော့မှ၊ ကျွန်မ တော်တော် ရှက်မိသွားတယ်။ ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင်ပြီး တရားစီရင်နေတာမျိုးပဲလေ။ ကျွန်မက ဘုရားသခင် ကျေနပ်အားရစေချင်တယ်လို့သာ ပြောတယ်၊ ဒါပေမဲ့ ရွေးချယ်မှုတစ်ခုကို တကယ် လုပ်ရတဲ့အချိန်မှာ၊ ဆရာဝန်ဆိုတဲ့ အားကျစရာအလုပ်အကိုင်တစ်ခု မြဲအောင်ဆိုပြီး၊ ကျွန်မက ကိုယ့်တာဝန်ကို ငြင်းပယ်ခဲ့တာ။ ကျွန်မ တန်ဖိုးအထားဆုံးအရာက ဘုရား မဟုတ်ဘူး။ မိသားစုနဲ့ ဂုဏ်အဆင့်အတန်းပဲဆိုတာ ကျွန်မ မြင်သွားတယ်။ ကျွန်မက စာတန်နောက် လိုက်နေတာ၊ စာတန်ကို သစ္စာခံပြီး ဘုရားကို ပုန်ကန်နေခဲ့တာ။ ဒါကို တွေးမိတော့မှ ကျွန်မမှာ တော်တော် အပြစ်ရှိသလို ခံစားမိတယ်။ ကျွန်မလည်း ဖြစ်သင့်တာကို တကယ် ရွေးချယ်ချင်တာပေါ့၊ ကိုယ့်အလုပ်ကို စွန့်ပြီး ဘုရားအတွက် အသုံးခံချင်တယ်။ ဒါပေမဲ့ ကိုယ့်အလုပ်ကို ထွက်လိုက်ရင်၊ ကျွန်မမိသားစုက သေချာပေါက် သဘောတူမှာ မဟုတ်မှန်းလည်း သိတယ်။ ပြီးတော့ ကျွန်မလည်း အဲဒီအလုပ်ကို မစွန့်လွှတ်နိုင်သေးဘူး။ ကျွန်မကို ဦးဆောင်လမ်းပြပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားရှေ့မှောက်မှာ ဆုတောင်းဖို့ပဲ တတ်နိုင်ခဲ့တယ်။ ဆုတောင်းပြီးတော့မှ ဘုရားရဲ့ အဲဒီ နှုတ်ကပတ်တော်ဓမ္မတေးကို စဉ်းစားမိတယ်၊ “အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ။” “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီဓမ္မတေးကို ဆိုကြည့်ရင်းနဲ့၊ ရင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတဲ့စိတ်မျိုး ဖြစ်လာရော။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပဲလေ။ ကျွန်မမှာ ရှိသမျှအားလုံးက ဘုရားဆီကနေ လာတာ။ ကျွန်မက ဘုရားဆီက မဆုံးနိုင်တဲ့ကျေးဇူးတော်ကို ခံစားပြီးပြီ။ ဘုရားဆီက အသက်နှုတ်ကပတ်တော်ပေါင်းများစွာရဲ့ အထောက်အပံ့ကိုလည်း ရပြီးပြီ။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့မေတ္တာကို ပြန်မပေးဆပ်ချင်ဘူး။ ကိုယ့်အလုပ်အကိုင်နဲ့ အနာဂတ်အတွက် တာဝန်ကို အမှန်တကယ် ငြင်းခဲ့မိတယ်။ ကျွန်မမှာ အသိစိတ်ရှိပါတယ်လို့ ဆိုနိုင်ပါတော့မလား။ ယောဘအကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သူက အရှေ့မျက်နှာမှာ လူသိများတဲ့အပြင်၊ တော်တော်ကြီး ချမ်းသာကြွယ်ဝခဲ့တာ။ ဒါပေမဲ့ သူက ကျော်ကြားမှုနဲ့ ကြွယ်ဝမှုကို တန်ဖိုးမထားခဲ့ဘူး။ သူ့ဆီမှာ အရာအားလုံး ဆုံးရှုံးရတဲ့အချိန်မှာတောင်၊ ဘုရားရဲ့စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံနိုင်ခဲ့တယ်။ ခိုင်ခိုင်မာမာ သက်သေရပ်တည်နိုင်ပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ပြီးတော့ ရှင်ပေတရုပေါ့၊ သူက သခင်ယေရှုရဲ့ခေါ်ဆိုမှုကို ကြားတဲ့အချိန်မှာ အရာအားလုံးကို ထားခဲ့ပြီး သခင့်နောက်ကို လိုက်တယ်။ သခင်ယေရှုရဲ့ဧဝံဂေလိကို နေရာအနှံ့ ဟောပြောပြီး သက်သေခံခဲ့တယ်။ သူက ဘုရားရဲ့မေတ္တာကို လက်ကိုင်ပြုခဲ့တာ။ ဘုရားကို ကျေနပ်ခြင်း ဖြစ်စေတော့ နောက်ဆုံး ဘုရားကြောင့် စုံလင်ခြင်း ဖြစ်ခဲ့တာ။ ကျွန်မလည်း စဉ်းစားတယ်၊ “ငါ သူတို့ကို အတုယူဖို့လိုတယ်။ တာဝန်ကို လက်ခံပြီး ကိုယ့်အကျိုးစီးပွားတွေကို စွန့်လွှတ်ဖို့ လိုတယ်။ ကိုယ့်စိတ်ကြိုက် ရွေးချယ်မှုတွေ၊ အစီအစဉ်တွေ လုပ်လို့ မဖြစ်ဘူး” ပေါ့။ ကျွန်မလည်း ဒါကို တွေးမိတာနဲ့၊ ဘုရားကို ဆုတောင်းတယ်။ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အား ပေးဖို့၊ ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးဖို့ တောင်းလျှောက်မိတယ်။ အဲဒီနောက်ပိုင်း အတွင်းလူနာဌာနက လူနာတွေရဲ့ အဆက်မပြတ် အသံတွေကြောင့် ကျွန်မလည်း နှလုံးဖောက်သွားတယ်။ ကျွန်မလည်း ဒီအခွင့်အရေးကို ယူပြီး၊ ဆေးရုံကို နှစ်ဝက်စာဆေးခွင့် တောင်းလိုက်တာပေါ့။ ပြီးတော့မှ ကိုယ့်တာဝန်ကို အချိန်ပြည့် စလုပ်တယ်။

ဒါပေမဲ့ ကျွန်မရဲ့ နှစ်ဝက်စာခွင့်က မြန်မြန်ဆန်ဆန် ကုန်သွားရော။ ဆေးရုံအုပ်ကလည်း ကျွန်မကို အလုပ်ဆင်းဖို့ ပြန်ခေါ်တယ်။ အဲဒီအချိန်မှာ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က တော်တော် များနေတာ။ ဒါနဲ့ ကျွန်မလည်း ကျွန်မအမျိုးသားနဲ့ ဆွေးနွေးပြီး၊ နောက်နှစ်မှ အလုပ်ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ နှစ်လကြာတော့၊ ဆေးရုံက ကျွန်မကို အလုပ်ပြန်ဆင်းဖို့ အကြိမ်ကြိမ် သတိပေးတယ်၊ မဟုတ်ရင် ကျွန်မအလုပ်ကို အာမမခံနိုင်ဘူးပေါ့။ ကျွန်မအမျိုးသားကလည်း အလုပ်ပြန်ဆင်းဖို့ စပြီး တိုက်တွန်းလာတယ်။ ဒီအချိန်မှာ ကျွန်မ နည်းနည်းတော့ ပူပန်သွားတာပေါ့၊ “ငါ ဘာလုပ်သင့်လဲ။ ငါ အလုပ်မသွားဘူးဆိုရင်၊ နှစ်အကုန်မှာ ငါ့ကို အလုပ်ထုတ်လိမ့်မယ်။ အဲဒီလိုဖြစ်ရင် နှစ်ပေါင်းများစွာ ငါ ကြိုးစားထားတာတွေ အလကား မဖြစ်ကုန်ဘူးလား။ ဒါပေမဲ့ အလုပ်သွားမယ်ဆိုရင်၊ ငါ့တာဝန်အတွက် အချိန်က အကန့်အသတ်ရှိသွားမှာ။ ငါက တာဝန်အတွက် မကြိုးစားနိုင်ဘူးဆိုရင်၊ အသင်းတော်ရဲ့အလုပ်ကို ထိခိုက်လိမ့်မယ်” ပေါ့။ ဒါကို တွေးမိရင်းနဲ့ ကျွန်မလည်း အလုပ်ပြန်ဆင်းဖို့ လက်မခံတော့ဘူး။ ကျွန်မအမျိုးသားလည်း ကျွန်မကို ထပ်ပြီး မဖျောင်းဖျနိုင်တော့ဘူး။ ဒါနဲ့ သူက ကျွန်မအစ်ကိုနဲ့ သူ့မိန်းမဆီ ဖုန်းဆက်ပြီး ကျွန်မကို ဖျောင်းဖျခိုင်းတယ်။ ကျွန်မအစ်ကိုက ဘာပြောလဲဆိုတော့၊ “သူ့ကို အိမ်မှာပဲ နေခိုင်းထား။ အပြင်မထွက်စေနဲ့။ မင်း သူ့ကို မထိန်းနိုင်ရင်၊ သူ့ခြေထောက်တွေ ရိုက်ချိုးလိုက်။ သူ အကြောသေသွားတယ်ဆိုရင်တောင်၊ အိမ်မှာ ရှိနေသရွေ့ သူ့အလုပ်က မြဲနေလိမ့်မယ်။ သူ အလုပ်ပြုတ်သွားရင် ငါတို့က အားလုံးဆုံးရှုံးမှာ” တဲ့။ ကျွန်မလည်း ဒါကို ကြားရတော့ ဝမ်းနည်းသွားတယ်။ ကျွန်မ စဉ်းစားတယ်၊ “ကျွန်မက ဘုရားကို ယုံကြည်ပြီး လမ်းမှန်ကို လျှောက်တဲ့အတွက် ကျွန်မကို ဒါမျိုး ဆက်ဆံကြတာလား။ ဟိုတုန်းက အလုပ်မှာ ကျွန်မ အောင်မြင်နေတုန်းကတော့၊ ရှင်တို့အားလုံးက ကျွန်မ အောင်မြင်တာကို ပျော်ပျော်ကြီး ခံစားကြတယ်။ အပြုံးတွေနဲ့ ကြိုဆိုကြတယ်။ အခု ဘုရားကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို လုပ်နေတဲ့အခါ ကျွန်မဆီက ဘာမှ မရနိုင်မှန်း ရှင်တို့ မြင်ကြပြီ။ ဒီတော့ ရှင်တို့အားလုံးက ကျွန်မကို လာတားပြီး၊ ဒီလို အကြင်နာမဲ့တာတွေ ပြောကြတယ်” ပေါ့။ အဲဒီအကြောင်းကို စဉ်းစားလေလေ၊ ကျွန်မ ပိုပြီး ဝမ်းနည်းမိလေပဲ။ ကျွန်မလည်း လူ့ချစ်ခြင်းမေတ္တာရဲ့ ဥပေက္ခာပြုတတ်ပုံကို ပထမဆုံးအကြိမ် နားလည်သွားတယ်။ ဒါပေမဲ့ “ဆေးရုံက တကယ် အလုပ်ထုတ်တယ်ဆိုရင်၊ ငါ ဘယ်လိုလုပ်မလဲ” ဆိုပြီး တွေးမိတယ်။ ကျွန်မလည်း ဘုရားကို တိတ်တိတ်လေး ဆုတောင်းတယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို သတိရသွားတယ်။ “ငါ၏ ရည်ရွယ်ချက်များကို သင့်အား ထုတ်ဖော်ပြပြီးပြီဖြစ်ပြီး ၎င်းတို့ကို သင်လျစ်လျူမရှုရပေ။ ထိုအစား သင်သည် ၎င်းတို့အပေါ် သင်၏ အာရုံစူးစိုက်မှု အလုံးစုံကို ထားရှိကာ စိတ်ပါလက်ပါ လိုက်လျှောက်ရန် အခြားအရာဟူသမျှကို ဘေးဖယ်ထားရမည်။ ငါသည် သင့်အား ငါ၏လက်ထဲတွင် အစဉ်အမြဲ ထားရှိမည်။ အမြဲတမ်း တွန့်ဆုတ်ခြင်းနှင့် သင့်ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေနှင့်။ သင်သည် ငါ၏ အလိုတော်ကို လုပ်ဆောင်ပြည့်စုံစေရန် အခွင့်ပေးရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉)) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အား ပေးလိုက်တာပဲ။ ဘုရားက ဖန်ဆင်းရှင်ပဲ။ ဘုရားက အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ရှိတယ်။ ကျွန်မအနေနဲ့ ဆေးရုံက ထုတ်ပယ်ခံရမလားဆိုတာက ဘုရားရဲ့ အန္တိမအစီအစဉ်တွေအတိုင်းပဲပေါ့။ ဘုရားက ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးလိမ့်မယ်လို့ ယုံကြည်လိုက်တယ်။ ကျွန်မက ဘုရားနဲ့အတူ လုပ်ဆောင်ချင်တာ။ ကျွန်မအမျိုးသားရဲ့ ထိန်းချုပ်တာကို မခံချင်ဘူးလေ။ မိသားစုက ကျွန်မကို ဘယ်လိုပဲ နှောင့်ယှက်နှောင့်ယှက်၊ ဘုရား ကျေနပ်စေဖို့ပဲ ခိုင်ခိုင်မာမာ ရပ်တည်ချင်သွားတယ်။ ကျွန်မလည်း ဘုရားရဲ့မေတ္တာနဲ့ ကိုယ်ကျိုးမငဲ့တတ်တာတွေကို စဉ်းစားမိတော့၊ ပိုပြီးတော့ စိတ်အားတက်သွားတာ။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ပျက်စီးတဲ့လူသားက အမြဲ တစ်ကိုယ်ကောင်းဆန်တယ်။ ဒါပေမဲ့ ဘုရားကတော့ တစ်ကိုယ်ကောင်းမဆန်ဘူး။ ဘုရားက ဘယ်လိုပဲ အမှုတော်ပြုပြု၊ ဘယ်လိုနည်းလမ်းနဲ့ပဲ လုပ်ဆောင်လုပ်ဆောင်၊ သူ ထုတ်ဖော်ပြတဲ့ စိတ်နေသဘောထားက သနားကရုဏာနဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်ဖြစ်၊ ဖြောင့်မတ်ခြင်းနဲ့ ဘုန်းအာနုဘော်ပဲ ဖြစ်ဖြစ်၊ သူ လုပ်ဆောင်သမျှအားလုံးက လူတွေရဲ့အသက်တွေအတွက်ပဲ။ ပြီးတော့ အဲဒါတွေအားလုံးက ကျွန်မတို့တွေ သူ့ကြောင့် ကယ်တင်ခြင်း ခံရနိုင်အောင်၊ သမ္မာတရားကို နားလည်ကြစေဖို့၊ ကျွန်မတို့ကို ဘဝမှာ လမ်းမှန်ပေါ် ဦးဆောင်ပေးဖို့အတွက်ပါပဲ။ ဘုရားက လူတွေအတွက် ဘယ်လောက်ပဲ လုပ်ဆောင်ပေးပါစေ၊ ကျွန်မတို့ဆီကနေ ဘာကိုမှ မတောင်းဆိုပါဘူး။ ဘုရားက ဒါတွေအားလုံးကို ကျွန်မတို့အတွက် မထင်မရှား လုပ်ဆောင်ပေးတာပါ။ ဒါပေမဲ့ တစ်ဖက်မှာကျတော့၊ ကျွန်မက အရာရာတိုင်းကို ကိုယ့်အတွက် ကိုယ်ကျိုးအတွက်ပဲ လုပ်ခဲ့တယ်။ ကိုယ့်တာဝန်ကိုရော အသင်းတော်အလုပ်ကိုရော ကျေပွန်အောင် လုပ်တယ်ဆိုတာ ကိုယ့်တာဝန်နဲ့ ဝတ္တရားဖြစ်မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ကိုယ့်အလုပ်အကိုင် ဆုံးရှုံးသွားရင်၊ ဂုဏ်တွေ ငွေတွေနဲ့ ကိုယ့်မိသားစု ညီညွတ်မှု ဆုံးရှုံးရမှာကို ကျွန်မက ကြောက်တာ။ ဒါကြောင့် တာဝန်ကို ငြင်းခဲ့တာ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး ရွံဖို့ကောင်းခဲ့တာပါ။ ကျွန်မမှာ လူ့သဘာဝဆိုတာ မရှိခဲ့ဘူး။ အဲဒီနောက်ပိုင်း ကျွန်မလည်း မိသားစုက နှောင့်ယှက်တာတွေကြောင့်၊ လူတွေကြားက စိတ်ခံစားချက်တွေကို နည်းနည်းတော့ ထိုးထွင်းမြင်သွားတယ်။ ဟိုအရင်ကဆို ကျွန်မမှာ အလုပ်ကောင်းကောင်း ရှိတော့၊ မိသားစုက ကောင်းကောင်း ဆက်ဆံတယ်။ ကျွန်မက သူတို့ကို ကူညီပေးနိုင်တယ်။ သူတို့ကို မျက်နှာပန်းလှစေတယ်။ ဒီတော့ သူတို့က ကျွန်မကို အပြုံးနဲ့ ကြိုဆိုကြတယ်။ အခုကျတော့ ကျွန်မက ဧဝံဂေလိ ဟောပြောပြီး ကိုယ့်အလုပ်ကလည်း ပြုတ်တော့မလို ဖြစ်နေတော့၊ သူတို့အတွက် အကျိုးအမြတ်ရဖို့ မရှိတော့ဘူး။ ဒီတော့ ကျွန်မကို နှောင့်ယှက်ပြီး ချုပ်ချယ်ကြရော။ လူတွေကြားမှာ မေတ္တာဆိုတာ ရှိကြလို့လား။ အပြန်အလှန်အရောင်းအဝယ်သဘောပဲ ရှိကြတာပါ။ မိသားစုချစ်ခြင်းမေတ္တာဆိုတာ အကျိုးစီးပွားတွေပေါ်မှာလည်း အခြေခံတယ်။ သူတို့က ကျွန်မကို ငွေတွေ၊ ဂုဏ်တွေ၊ ဘဝသာယာမှုတွေကိုပဲ အတင်းအကျပ် ရှာခိုင်းကြတာ။ ဒါက ကျွန်မအတွက် ချစ်ခြင်းမေတ္တာ မဟုတ်ဘူး။ ဒါက ကျွန်မကို ဒုက္ခပေးနေတာ၊ ဖျက်ဆီးနေတာ။ ဒါကို နားလည်သွားတော့၊ ကျွန်မလည်း စာတန်ကို အစေခံချင်စိတ် မရှိတော့ဘူး။ ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်ပြီး ဘုရားရဲ့မေတ္တာကိုပဲ ပြန်ပေးဆပ်ချင်သွားတယ်။

မမျှော်လင့်ဘဲ ကျွန်မအမျိုးသားက ကျွန်မကို အိမ်အပြင်မထွက်ဖို့ ပိတ်ပင်လာသေးတယ်။ သူက ကျွန်မကို၊ “မင်း အလုပ်ပြန်ဆင်းဖို့ သဘောမတူဘူးဆိုရင်၊ ငါကလည်း မင်းကို ဘုရားကို ယုံကြည်ခွင့် ပေးမှာမဟုတ်ဘူး။ ဘုရားကို ယုံကြည်သူတွေကိုလည်း ငါတို့အိမ်ကို လာခွင့်မပေးဘူး” လို့တောင် ခြိမ်းခြောက်တာ။ ကျွန်မ အလုပ်ပြုတ်ခဲ့ရင်၊ သူ့ဘက်က ရက်စက်မှာတွေကို အပြစ်မတင်သင့်ဘူးလို့လည်း ပြောသေးတာ။ သူ အဲဒီလိုပြောတာတွေ ကြားလိုက်ရတော့ ကျွန်မ စဉ်းစားတယ်၊ “ငါက သူ တောင်းဆိုတာတွေ သဘောမတူဘူးဆိုရင်၊ ငါ့ကို အိမ်မှာ သော့ခတ်ထားမှာ။ ငါ့မှာ အသင်းတော်ဘဝတစ်ခု ရှိဖို့၊ ကိုယ့်တာဝန်ကို လုပ်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး” ပေါ့။ ဒါနဲ့ ဆေးရုံမှာ အလုပ်ပြန်ဆင်းပါ့မယ်ဆိုပြီး သူ့ကို ကတိပေးလိုက်ရတယ်။ ဒါပေမဲ့ ဆေးရုံအုပ်က လူနာတွေရဲ့အသံတွေကြောင့် ကျွန်မ နောက်ထပ် နှလုံးဖောက်မှာကို စိုးရိမ်တာနဲ့၊ ကျွန်မကို အထွေထွေဆေးရုံရဲ့ ပြင်ပလူနာဌာနမှာ လုပ်ဖို့ နေရာပြောင်းလိုက်ရော။ ဘာအလုပ်မှ မရှိဘူးဆိုရင်တောင် ကျွန်မက ရုံးခန်းထဲမှာပဲ ထိုင်နေရတာ။ အဲဒီလိုဆိုတော့ ကိုယ့်တာဝန်ကို မလုပ်နိုင်ခဲ့ဘူး။ နေ့တိုင်း ရုံးခန်းထဲမှာ တစ်ယောက်တည်း ဂနာမငြိမ်ဖြစ်ပြီး ထိုင်နေရတာ။ ကိုယ်က အဲဒီမှာ ပိတ်မိနေတဲ့အချိန်၊ အသင်းတော်မှာ အရေးကြီးအလုပ်တွေ ဘယ်လောက်များနေမလဲဆိုတာ တွေးမိတယ်။ အသင်းတော်ရဲ့အလုပ် နှောင့်နှေးသွားမယ်၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ဘဝတွေ ထိခိုက်သွားမယ်ဆိုတာ သိတယ်။ ကျွန်မလည်း တော်တော် အပြစ်ရှိသလို ခံစားရတယ်။ ဘုရား ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ချင်တယ်လို့ ကျွန်မ ပြောခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အမျိုးသားက နှောင့်ယှက်ဟန့်တားလိုက်တာနဲ့ ကျွန်မက အလျှော့ပေးလိုက်တယ်။ ကျွန်မက ဘုရားကို သစ္စာရှိတယ်၊ နာခံတယ်လို့ ဆိုနိုင်ပါ့မလား။ အဲဒါကို တွေးမိလေလေ ကျွန်မ ပိုပြီး ဝမ်းနည်းမိလေပဲ။ နောက်ဆုံး မထိန်းနိုင်ဘဲ မျက်ရည်တွေပါ ကျရော။ အဲဒီအချိန်မှာ ကျွန်မ ဘုရားကို ဆုတောင်းတယ်၊ “ကျွန်မ ဘုရားသခင်အတွက် အသုံးခံချင်ပါတယ်၊ ကိုယ့်တာဝန်ကို လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်မအမျိုးသားနဲ့ ပတ်ဝန်းကျင်ကြောင့် ကျဉ်းကျပ်နေရပါတယ်။ ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အား ပေးတော်မူပါ” ပေါ့။ ဆုတောင်းပြီးသွားတော့ ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်၊ “လူတို့တွင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် စစ်မှန်သော သိနားလည်မှုရှိသောအခါ၊ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ကြောင်း၊ အမှန်တကယ် သန့်ရှင်းကြောင်းနှင့် အမှန်တကယ် ဖြောင့်မတ်ကြောင်း ၎င်းတို့ မြင်နိုင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ချီးမွမ်းနိုင်သောအခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် သိကာ သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို သိကျွမ်းသည့်အခါမျှသာလျှင်၊ အလင်း၌ အသက်ရှင်ကြလေသည်။ ပြီးလျှင် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်း၏ တိုက်ရိုက်အကျိုးတရားသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ခြင်းနှင့် အမှန်တကယ် နာခံနိုင်ခြင်းတို့ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး ရရှိသည့်လူများ၌ အသက်အပေါ် ၎င်းတို့၏ လောကအမြင်နှင့် သဘောထားတို့တွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုရှိသည်။ ယင်းနောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထား၌လည်း စစ်မှန်သော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာသည်။ လူများ၌ မှန်ကန်သည့် ဘဝရည်မှန်းချက်များ ရှိသည့်အခါ၊ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားအတိုင်း မိမိတို့ကိုယ်ကိုယ် ကျင့်ကြံပြုမူကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး သူ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ၊ မိမိတို့၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာအထိ ငြိမ်းချမ်းခြင်းကို ခံစားရပြီး အလင်းပေးခြင်းခံရသည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများသည် မှောင်မိုက်ခြင်း ကင်းသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လုံးလုံးလျားလျား လွတ်လွတ်လပ်လပ် အထိန်းအချုပ်မဲ့ အသက်ရှင်နိုင်သည့်အခါ၊ ထိုအခါမှသာ ၎င်းတို့သည် စစ်မှန်သော လူ့အသက်တာများကို ရှင်သန်နေထိုင်နိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့အပြင် သင်နားလည်ပြီး ရရှိခဲ့သည့် သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသည်။ စကြာဝဠာနှင့် အရာခပ်သိမ်းကို အုပ်စိုးသူ ဘုရားသခင်၏ အမြင့်ဆုံးသော လက်ခံမှုကို သင်ရရှိပြီး သင်သည် လူသားပုံသဏ္ဌာန်တစ်ခုအတိုင်း အမှန်တကယ် အသက်ရှင်နေထိုင်နေသော တကယ့်လူဖြစ်သည်ဟု သူက ပြောဆိုသောအခါမှသာ သင်၏ ဘဝသည် အရာအားလုံးတွင် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှစ်သက်သဘောကျခြင်းဟူသည် သင်သည် သမ္မာတရားကို ရရှိပြီး သင်သည် သမ္မာတရားနှင့် လူ့သဘာဝတို့ ပိုင်ဆိုင်သည့် သူတစ်ဦးဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ကြည့်တော့မှ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ဘဝတွေမှာ သမ္မာတရားကို အားထုတ်တာ၊ ဘုရားကို သိတာ၊ ဖန်ဆင်းရှင်ရဲ့ နှစ်သက်ထောက်ခံမှုကို ရရှိတာတွေကသာ ဂုဏ်ကျက်သရေ ရှိတာမျိုးလို့ မှတ်ယူနိုင်တယ်။ ဒါကသာ တကယ့်ဘဝပဲ။ ဒါက ကျွန်မ ရွေးချယ်သင့်တဲ့အရာပဲ။ ကျွန်မက လောကစည်းစိမ်နဲ့ ဂုဏ်ကို ရှာဖို့အတွက် ဆေးပညာကို အရူးအမူး သင်ယူခဲ့တယ်။ အောင်မြင်ပြီးတဲ့နောက်မှာ၊ ကိုယ့်ခေါင်းဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုတာကို ခံရတယ်။ ဆွေမျိုးမိတ်ဆွေတွေကလည်း အထင်တကြီး အလေးထားကြတယ်။ ဒါပေမဲ့ အဲဒါတွေကို ရလိုက်တာ ကျွန်မမှာ ဘာကောင်းကျိုး ဖြစ်သွားလဲ။ ဂုဏ်နဲ့ ပစ္စည်းဥစ္စာကြွယ်ဝမှု ဘယ်လောက်ပဲရှိရှိ၊ ကျွန်မစိတ်ထဲမှာ အနှစ်သာရမဲ့နေတာကို မဖြည့်ပေးနိုင်ခဲ့ဘူး။ ကိုယ့်ခန္ဓာကိုယ်ပဲ အားကုန်ပြီး မကျန်းမမာ ဖြစ်သွားရတယ်။ ကျွန်မဘဝက အဓိပ္ပာယ်မဲ့ပြီး စိတ်ပျက်စရာကောင်းနေတုန်းပဲ။ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုဆိုတာ လုံးဝ မခံစားခဲ့ရဘူး။ ကျွန်မ ဖြစ်ခဲ့တာတွေကိုလည်း စဉ်းစားမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရင်း၊ အသင်းတော်ဘဝကို နေထိုင်ရင်း၊ ကိုယ့်တာဝန်ကို လုပ်ရင်းနဲ့၊ ကျွန်မလည်း သမ္မာတရားကို အမှတ်တမဲ့ နားလည်လာခဲ့တာပါ။ ဘယ်လိုပြုမူနေထိုင်မလဲ၊ ဘုရားကို ဘယ်လို ကိုးကွယ်မလဲ၊ ပြီးတော့ ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး၊ သာမန်လူ့သဘာဝနဲ့ ဘယ်လို အသက်ရှင်နေထိုင်မလဲဆိုတာတွေ သိသွားတယ်။ ဒါတွေအားလုံးကြောင့် ကျွန်မ အထူးသဖြင့် သက်သာရာရပြီး လွတ်မြောက်သွားတာ။ လူတွေဟာ ဖန်ဆင်းခံသတ္တဝါတွေပဲဆိုတာ နားလည်သွားတယ်။ ဘုရားရှေ့မှောက် နေထိုင်ခြင်းအားဖြင့်သာ လူတွေက ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ရနိုင်တယ်။ မဟုတ်ရင်တော့ ဘယ်လိုပဲ နေထိုင်နေထိုင်၊ သူတို့ဘဝတွေက အမြဲ အနှစ်သာရမဲ့ပြီး ဆင်းရဲခြင်းဖြစ်နေမှာပဲ။ ဒီအချိန်မှာ ကျွန်မ နားလည်သွားတယ်၊ မိသားစုဆီက ကျွန်မ ရင်ဆိုင်ရတဲ့ ဖိနှိပ်မှုတွေထဲမှာ ဘုရားရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိခဲ့တာပါ။ ဘုရားကို အားကိုးပြီး သမ္မာတရားကို ရှာဖွေအောင်၊ ဒီပတ်ဝန်းကျင်ကတစ်ဆင့် ကျွန်မကို ဘုရားရှေ့မှောက် မဖြစ်မနေ ရောက်စေခဲ့တာပဲ။ ဘုရားရဲ့စောင့်ရှောက်မှုကို ဆုံးရှုံးပြီး စာတန်ရဲ့အုပ်စိုးမှုအောက် နေထိုင်ရတဲ့ ဝေဒနာကို အဲဒီကနေ ရှင်းရှင်းလင်းလင်း မြင်စေခဲ့တာ။ ဘုရားနောက် လိုက်ဖို့ကို ရွေးချယ်တတ်အောင်၊ သမ္မာတရား အားထုတ်တဲ့လမ်းကို လျှောက်နိုင်အောင် လုပ်ပေးခဲ့တာပါ။ ဘုရားရဲ့ကောင်းတဲ့ ရည်ရွယ်ချက်တွေကို နားလည်သွားတော့ ကျွန်မစိတ်နှလုံးက ကြည်လင်သွားတယ်။ ကျွန်မမှာ မိသားစုအချုပ်အနှောင်တွေလည်း မရှိတော့ဘူး။ ဆေးရုံကထွက်ပြီး၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို အချိန်ပြည့် လုပ်မိတယ်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလထဲမှာပေါ့။ တစ်ရက်မှာ ကျွန်မက ကိုယ့်တာဝန်ကနေ အိမ်ပြန်ရောက်တော့၊ ကျွန်မအမျိုးသားက အရမ်း ဒေါသထွက်နေတယ်။ သူက ဘာပြောလဲဆိုတော့၊ “ဆေးရုံက ဖုန်းဆက်တယ်။ မင်း အလုပ်မဆင်းဘူးဆိုရင်၊ အလုပ်ထုတ်ခံရလိမ့်မယ်လို့ ပြောတယ်။ မင်း ကိုယ့်အလုပ်ကို ချက်ချင်း ပြန်ဆင်းဖို့လိုတယ်။ မင်း အလုပ်ပြုတ်ရင်၊ မင်းရဲ့ပင်စင်ရော ခံစားခွင့်တွေအားလုံးရော ရတော့မှာမဟုတ်ဘူး” တဲ့။ ဒါကို ကြားရတော့ ကျွန်မ နည်းနည်း စိတ်ပူမိတယ်။ ကျွန်မ တွေးမိတာက၊ “မှန်တာပဲ။ ငါက ငယ်ငယ်ကတည်းက၊ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ဖို့၊ ကျော်ကြားဖို့ စိတ်ကူးယဉ်ခဲ့တာ။ ပြင်းပြင်းထန်ထန် ကြိုးစားပြီးတော့မှ ငါ့မှာ ကျော်ကြားမှုရော ငွေကြေးရော ရလာတာ။ ငါ အခု စွန့်လွှတ်လိုက်ရင်၊ ငါ့မှာ ဘာမှ ကျန်တော့မှာမဟုတ်ဘူး” ပေါ့။ အဲဒီအတွေးကြောင့် ကျွန်မလည်း ဘာလုပ်ရမှန်း မသေချာတော့ဘူး။ ဒါနဲ့ ဘုရားကိုပဲ တိတ်တိတ်လေး ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်မက ဂုဏ်အဆင့်အတန်းနဲ့ ငွေကြေးကို စွန့်လွှတ်လိုက်ပြီလို့ ထင်မိတာပါ။ ဒါပေမဲ့ အခု ကိုယ့်အလုပ်ကို တကယ် စွန့်လွှတ်ရမယ်ဆိုတော့ ကျွန်မ နည်းနည်း ဝမ်းနည်းနေတုန်းပဲ။ ဘုရားသခင်၊ ကျွန်မအနေနဲ့ သမ္မာတရားကို နားလည်ခြင်းဖြစ်အောင်၊ ဒီအရာတွေနဲ့ လွှမ်းမိုးမခံရအောင် လမ်းပြပေးပါ” ပေါ့။ ဆုတောင်းပြီးတော့၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိတယ်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က ကျွန်မကို ဘယ်လောက် ပြင်းပြင်းထန်ထန် ဒုက္ခပေးထားတယ်ဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့မှပဲ သဘောပေါက်သွားတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်က ကျွန်မရဲ့ဘဝ ဖြစ်လာခဲ့တာပဲ။ အဲဒါက ကျွန်မအတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အဟန့်အတား ဖြစ်လာခဲ့တာ။ ကျွန်မ ကလေးဘဝကတည်းက မိဘတွေက သင်ပေးတယ်၊ “လူတွေကြားမှာ ထင်ပေါ်ရမယ်”တို့၊ “ကိုယ့်ဘိုးဘေးတွေ ဂုဏ်တက်စေရမယ်” တို့ပေါ့။ ကျော်ကြားတယ် စီးပွားတက်တယ်ဆိုတာ အဓိပ္ပာယ်ရှိတဲ့၊ တန်ဖိုးရှိတဲ့ဘဝမှာ နေထိုင်ရတာကို ဆိုလိုတာပဲလို့ ထင်ခဲ့တာ။ ဂုဏ်အဆင့်အတန်းနဲ့ အမြတ်အစွန်းဆိုတာတွေကို ကောင်းတဲ့အရာတွေလို့ ထင်ခဲ့တာ။ အဲဒါတွေက ဘဝမှာ ကျွန်မ ရှာဖွေသင့်တဲ့ တစ်ခုတည်းသော ပန်းတိုင်ပေါ့လေ။ အဲဒါကြောင့် ကျွန်မက ဂုဏ်တွေ၊ ငွေကြေးဥစ္စာတွေ၊ သာယာမှုတွေကို စွဲစွဲမြဲမြဲ ရှာဖွေခဲ့တာ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆိုးဆိုးဝါးဝါး ခြေကုန်လက်ပန်းကျတဲ့အထိ ညှဉ်းဆဲမိသလိုပဲ ဖြစ်သွားတာ။ ဂုဏ်အဆင့်အတန်းဆိုတာ စာတန်က လူတွေကို အကျင့်ပျက်စေဖို့ ဖျက်ဆီးဝါးမျိုပစ်ဖို့ အသုံးပြုတဲ့ လှည့်ကွက်တွေပါပဲ။ ကျော်ကြားမှုနဲ့ ငွေကြေးနောက်လိုက်ရင်း စိတ်မကောင်းစရာ ဆုံးသွားရှာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့အဖြစ်ကို စဉ်းစားမိသေးတယ်။ သူက ပြင်ပလူနာဌာနရဲ့ ညွှန်ကြားရေးမှူးတစ်ယောက်။ သူ့ကိုယ်သူ အလုပ်ထဲမှာပဲ ကြိုးစားမြှုပ်နှံထားတာ။ အမြဲတမ်း အိမ်ပြန်နောက်ကျတယ်။ သူက လူနာတွေ ကုပြီး ပိုက်ဆံပိုရှာဖို့ အိမ်မပြန်ဘဲ ဆက်နေချင်တာ။ နောက်ဆုံး ကျော်ကြားမှုနဲ့ ငွေကြေးကို သူ ရသွားတယ်။ ဒါပေမဲ့ တစ်ညမှာ သူ အလုပ်ကနေ တော်တော်နောက်ကျမှ ပြန်တယ်။ လုံးဝ ပင်ပင်ပန်းပန်းနဲ့ လမ်းလျှောက်ပြန်လာရင်း၊ ကားတစ်စီးက ဝင်တိုက်တာ၊ သူ့ခမျာ ဆုံးရှာရော။ အသက်ငယ်ငယ်နဲ့ သူနာပြုအုပ် ဖြစ်လာတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လည်း ရှိသေးတယ်။ သူများတွေအတွက်တော့ သူ့အနာဂတ်က မဆုံးနိုင်အောင် ဖြောင့်ဖြူးနေသလိုပဲ။ ဒါပေမဲ့ သူ့မှာ အလုပ်တွေ အရမ်းများတယ်။ အိမ်အပြန်လမ်းမှာလည်း သူက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်အကြောင်း ပြောနေတုန်းပဲ။ အဲဒီလို အာရုံက တခြားရောက်ရင်း ရထားလမ်းကို ဖြတ်ကူးတော့၊ အရှိန်နဲ့လာတဲ့ ရထားက တိုက်မိရော။ သေတဲ့အချိန်မှာ အသက်နှစ်ဆယ်ကျော်ကျော်ပဲ ရှိသေးတယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတွေ့အကြုံတွေကို စဉ်းစားကြည့်တော့၊ ကျွန်မလည်း ကြောက်စိတ်နဲ့ ကတုန်ကယင် ဖြစ်လာရော။ ဒီလူတွေက ဆေးရုံမှာ အထင်တကြီးနဲ့ လေးစားတန်ဖိုးထားတာကိုလည်း ခံခဲ့ရတဲ့သူတွေ။ ဒါပေမဲ့ ဘုရားရဲ့စောင့်ရှောက် ကာကွယ်မှု မရှိတော့၊ ကျော်ကြားမှုနဲ့ ငွေကြေးဆိုတာ ဘာများ ကောင်းလို့လဲ။ ဂုဏ်အဆင့်အတန်းဆိုတာ တကယ်တော့ လူတွေကို ဖျက်ဆီး ဒုက္ခပေးဖို့အတွက် စာတန်ရဲ့နည်းလမ်းတွေပဲ။ လူတွေအနေနဲ့ ကျော်ကြားမှုနဲ့ ငွေကြေးနောက်ကို၊ တစ်ဘဝလုံး အသည်းအသန် လိုက်ကြအောင်၊ စာတန်က ချထားတဲ့ ထောင်ချောက်တွေပဲ။ အဲဒါမှ လူတွေက ဘုရားနဲ့ရော ဖန်ဆင်းရှင်ရဲ့ ကယ်တင်ခြင်းနဲ့ရော ဝေးကွာပြီး အဆုံးသတ်ကြမှာလေ။ ကျွန်မလည်း ဂုဏ်အဆင့်အတန်းဆိုတဲ့ အချုပ်အနှောင်တွေကို ခံစားခဲ့ရတာပဲ။ အဲဒါကြောင့် ကိုယ့်အလုပ်အကိုင်နဲ့ တာဝန်ကြားမှာ မှန်ကန်တဲ့ရွေးချယ်မှုကို လုံးဝ မလုပ်နိုင်ခဲ့ဘူး။ တကယ် ရှက်စရာပဲပေါ့။ လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ဆိုတာ တစ်သက်မှာတစ်ခါ ကြုံရတဲ့ အခွင့်အရေးပါ။ အခုဆို ကျွန်မက ဘုရားရဲ့ကျေးဇူးတော်ကြောင့် မှန်တဲ့လမ်းကို လက်ခံထားတာလေ။ ဒါပေမဲ့ သမ္မာတရားကို ရဖို့အတွက် ကိုယ့်တာဝန်ကို လုပ်ဆောင်ရမယ့် အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး။ ဒီအခွင့်အရေးကို လွဲချော်သွားရင်၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေသလို ဖြစ်မသွားဘူးလား။ ဒါက စဉ်းစားဉာဏ်မရှိတာ မဟုတ်ဘူးလား။

ကျွန်မလည်း ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို သတိရသွားတယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အရေးပါမှုရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အရေးပါမှု ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လက်တွေ့လုပ်ဆောင်မှု လမ်းတစ်ခု ပေးလိုက်တာပဲ။ ဒီနေ့အချိန်မှာ ဘုရားအိမ်တော်ထဲက ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ခြင်းဆိုတာ ဘဝမှာ ရွေးချယ်ရမယ့် လမ်းမှန်ပါပဲ။ ဒါက အဓိပ္ပာယ်အရှိဆုံး ဘဝပဲ။ ကျွန်မက ဟိုအရင်က စာတန်ကြောင့် အကျင့်ပျက်ပြီး လှည့်စားခံခဲ့ရတယ်။ မကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ရှင်သန်ခဲ့တယ်။ ဂုဏ်နဲ့ ငွေကြေးနောက်ကို အားတက်သရော လိုက်ခဲ့တယ်။ စာတန်ရဲ့လှည့်စားမှုနဲ့ အန္တရာယ်တွေကို ကြုံရတယ်။ ဂုဏ်အဆင့်အတန်းနဲ့ ငွေကြေးနောက် လိုက်ခြင်းရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို ဘုရားနှုတ်ကပတ်တော်က ညွှန်ပြခဲ့တာပါ။ ဒါဟာ လူတွေကို ဖျက်ဆီး ဝါးမျိုပစ်ဖို့အတွက် စာတန်ရဲ့နည်းလမ်းတွေပဲဆိုတာကို နားလည်စေခဲ့တာပါ။ အခုဆို ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်က အဆုံးသတ်ခါနီးပါပြီ။ ဘုရားရဲ့စီမံခန့်ခွဲမှုအစီအစဉ်က ပြီးဆုံးတော့မှာပါ။ ကပ်ဘေးကြီးကလည်း စတင်လို့ နေပါပြီ။ ကျွန်မတို့က သမ္မာတရားကို အားထုတ်မှုနဲ့ပဲ ဒီကပ်ဘေးကို ကျော်လွှားနိုင်တာပါ။ တကယ်လို့ ကျွန်မက သမ္မာတရားကို အားမထုတ်ဘဲ၊ ဒီ အဖိုးတန်ပြီး တိုတောင်းတဲ့အချိန်ကို ကျော်ကြားမှုနဲ့ ငွေကြေးနောက် လိုက်ဖို့ပဲ အသုံးပြုခဲ့တယ်ဆိုရင်၊ နောက်ဆုံးမှာ ဘုရား ပေးတဲ့ သမ္မာတရားနဲ့ အသက်ကို ကျွန်မ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းကိုလည်း ခံရမှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် ဘုရားကို ကျွန်မရဲ့ယုံကြည်ခြင်းက အလကားဖြစ်သွားမယ်။ ကျွန်မလည်း တစ်သက်လုံး နောင်တရလိမ့်မယ်။ သခင်ယေရှု ပြောခဲ့သလိုပဲပေါ့၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဒီတစ်သက်မှတစ်ခါ ကြုံရတဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာ ကျွန်မ သိသွားတယ်။ ကိုယ့်ဘဝအတွက်ပဲ အပူတပြင်း လုပ်နေလို့ မဖြစ်တော့ဘူး။ လူတွေကို ကယ်တင်တဲ့ ဘုရားအမှုတော်ရဲ့ ဒီလို အရေးကြီးတဲ့ကာလအတွင်းမှာ၊ သမ္မာတရားကို အားထုတ်ဖို့နဲ့ ဖန်ဆင်းခံတစ်ယောက်အဖြစ် ကိုယ့်တာဝန်ကို လုပ်ဖို့အတွက် အခွင့်ကောင်းကို အမိအရ အသုံးချရမယ်။ ဒါက အသက်ရှင်ဖို့အတွက် တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး နည်းလမ်းပဲ။ ကျွန်မလည်း ဒါကို စိတ်ထဲမှာ ထားပြီး၊ အလုပ်ကနေ ထွက်ဖို့နဲ့ ကိုယ့်တာဝန်ကို အချိန်ပြည့် စလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အမျိုးသားကို ကျွန်မရဲ့ဆုံးဖြတ်ချက်အကြောင်း ပြောပြလိုက်တော့၊ သူလည်း ဘာမှမတတ်နိုင်ဘဲ ပြောရှာတယ်၊ “ပြီးခဲ့တဲ့နှစ်တွေမှာ ငါလည်း မင်း အလုပ်ပြန်ဆင်းအောင်၊ ဒီအလုပ်ကို မြဲအောင် နည်းလမ်းမှန်သမျှ ကြိုးစားပြီးပြီ။ ငါတို့တွေ သာယာတဲ့ဘဝတစ်ခု နေနိုင်အောင်၊ ငါက မင်းကို ပိုက်ဆံ ပိုရစေချင်ရုံသက်သက်ပါ။ ဒါပေမဲ့ မင်းရင်ထဲမှာက မင်းရဲ့ဘုရားသခင်ပဲ ရှိနေတယ်။ ငါ မင်းကို မထိန်းချုပ်နိုင်တော့ဘူး။ ရှေ့ဆက်ပြီး ဘာပဲလုပ်လုပ် မင်းသဘောပဲ” တဲ့။ ဒါက ဘုရားပဲလေ။ ကျွန်မအတွက် လမ်းတစ်ခုကို ဖွင့်ပေးနေတာ။ အဲဒီနောက်မှာ ကျွန်မလည်း အလုပ်ထွက်ဖို့ကိစ္စတွေကို ရှင်းလင်းဖို့ ဆေးရုံကို သွားတယ်။ ဆေးရုံအုပ်က ကျွန်မကို တားဖို့ အကြိမ်ကြိမ် ကြိုးစားသေးတယ်။ သူ ပြောတာက၊ “ဆရာဝန်ဆိုတာ ခိုင်မာတဲ့အလုပ်တစ်ခုပဲ။ ဆေးရုံဆိုတာ ဘယ်တော့မှ ပိတ်မသွားဘူး။ ခုချိန်မှာ ဆေးရုံအလုပ်တစ်ခု ရဖို့ အရမ်းခက်ခဲတယ်။ ပြီးတော့ မင်းက ဒီမှာ အရေးပါတဲ့ ဝန်ထမ်းတစ်ယောက်။ မင်းမှာ တောက်ပတဲ့အနာဂတ် ရှိတယ်။ လုပ်အားခတွေက အခုချိန်မှာ တိုးနေပြီ။ ခံစားခွင့်အသစ်တွေမျိုးစုံလည်း ရှိလာတော့မှာ။ ဒါကို သေသေချာချာ စဉ်းစားဦး” တဲ့။ ဒါက စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုဆိုတာ ကျွန်မ သိတာပေါ့။ ကျွန်မကို ဘုရားနဲ့ ဝေးအောင် သွေးဆောင်ဖို့၊ ဘုရားကို သစ္စာဖောက်မိစေဖို့၊ ဆေးရုံအုပ်ကို စာတန်က အသုံးချချင်တာ။ ကျွန်မကလည်း သူ့လှည့်ကွက်တွေထဲ မဝင်တော့ဘူးလေ။ ဒါနဲ့ ကျွန်မရဲ့သဘောထားကို ဆေးရုံအုပ်ကို ပြောပြလိုက်တယ်။ သူလည်း ကျွန်မအတွက် အလုပ်ထွက်ဖို့ကိစ္စတွေ လုပ်ပေးဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ ကိုယ့်အလုပ်အကိုင်ကို စွန့်လွှတ်ပြီး၊ ကိုယ့်တာဝန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံလိုက်ပြီဆိုတာနဲ့၊ လေးလေးနက်နက် စိတ်သက်သာရာရသွားတဲ့ ခံစားချက်ကို ကျွန်မ ရတယ်။ ကျွန်မကို အလုပ်အကိုင်က ကန့်သတ်ထိန်းချုပ်ထားတာ မရှိတော့ဘူး။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့နဲ့ ကိုယ့်တာဝန်ကို လုပ်ဖို့အတွက် ပိုပြီး အချိန်ရသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုက ကျွန်မကို ဂုဏ်အဆင့်အတန်းတွေရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်စေခဲ့တာပါ၊ ဘဝအတွက် လမ်းကြောင်းမှန်ကို ကျွန်မကို ပေးခဲ့တာပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကွာရှင်းပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းသည်

လုရှီ၊ ဂျပန်နိုင်ငံ ၂၀၁၅ ခုနှစ်တွင်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးက ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်စေ ခဲ့သည်။ အနန္တတန်ခိုးရှင်...

စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာရာတွင် ကျွန်မ တွေ့ကြုံခဲ့ရသည့်အရာ

ဖလောရမ့်စ် အင်ဒိုနီးရှားနိုင်ငံ ကလေးဆိုတော့ ကိုယ့်မိဘတွေ သခင့်ကိုယုံကြည်ကြတဲ့အတိုင်းပဲ ကျွန်မ လိုက်ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ...

မေလ ၂၈ ကျောက်ယွမ်အမှုက မိသားစုကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေသည်

အဲန်းဟွီ၊ တရုတ်ပြည် ကျွန်မသည် သာမန် ကျေးလက်အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျွန်မ၏ မိသားစုတာဝန်ဝတ္တရားများ၏ လေးလံသော ဝန်ထုပ်ဝန်ပိုးများက ကျွန်မကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။