စာတန်၏ တင်းကျပ်သော ဝန်းရံမှုမှ ထိုးဖောက်ထွက်ခြင်း

11.11.2019

ဇောက်ဂန်း၊ တရုတ်ပြည်

ဤပြီးခဲ့သည့် နိုဝင်ဘာလတွင် တရုတ်ပြည်မြောက်ပိုင်း၌ ခါးသီးစွာ အေးချမ်းလေသည်၊ မြေပေါ်သို့ကျသည့် မည်သည့်နှင်းမျှ အရည်ပျော်ခြင်းမရှိဘဲ၊ အပြင်တွင် လမ်းလျှောက်ကြသည့် လူများစွာ တို့က အလွန်ချမ်းကြသည်မှာ သူတို့ ချိုင်းကြားထဲသို့ လက်များလျှိုပြီး၊ ခန္ဓာကိုယ်များကို ကုန်းကာ သတိတကြီးဖြင့် လမ်းလျှောက်ကြသည်။ ဟိုတစ်နေ့က မနက်ပိုင်းစောစောတွင် လေများက အနောက်မြောက်မှ တိုက်ခတ်နေချိန်၊ ကျွန်တော့် ယောက်ဖ နှင့် သူ့ဇနီးတို့အပြင်၊ တစ်ဒါဇင်ခန့် ညီအစ်ကိုမောင်နှမများက ကျွန်တော့်နေအိမ်ရှိ နွေးထွေး သော အိပ်ရာတစ်ခုတွင် ထိုင်နေကြသည်။ သူတို့တစ်ယောက် ချင်းစီတွင် သူတို့နံဘေး၌ သမ္မာကျမ်းစာ မိတ္ထူတစ်ခုစီဖြင့်၊ သူတို့၏ လက်များထဲတွင် ဘုရားနှုတ်ကပတ်တော်များ စာအုပ် မိတ္ထူတစ်ခု ဖြစ်သည့် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် ကို ကိုင်ထားကြသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်မနှစ်ယောက်က ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နှင့် ပတ်သက်သည့် သမ္မာတရားကို မိတ်သဟာယပြု နေကြသည်။ ညီအစ်မနှစ်ယောက်က သူတို့ မိတ်သဟာယပြုရင်း အမှုတော်အဆင့်သုံးဆင်၏ ပုံများဆွဲနေကြသည်။ “လူသားမျိုးနွယ် အတွက် ဘုရားသခင်ရဲ့ အမှုတော်က အဆင့်သုံးဆင့်ခွဲနိုင်တယ်။ ပညတ်တော်ခေတ်ကနေ ကျေးဇူးတော်ခေတ်အထိ၊ ပြီးတော့ နိုင်ငံတော်ခေတ်၊ အမှုတော်ရဲ့ အဆင့်တစ်ခုချင်းစီက အရင်အဆင့် ထက် ပိုမြင့်မားပြီး ပိုနက်နဲတယ်။ နောက်ဆုံးသောကာလမှာ ပြုခဲ့တဲ့ အမှုတော်က အမှုတော်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တယ်၊ အဲဒီမှာ ဘုရားသခင်က လူသားတွေကို စီရင်ဖို့နဲ့ သန့်စင်တော်မူဖို့ နှုတ်ကပတ်တော်တွေကို ဖော်ပြတယ်...” ကျွန်တော်တို့က နားထောင် ရင်း မိမိတို့၏ ခေါင်းများကို ညိတ်ခဲ့ကြသည်၊ ပြီးလျှင် ကျွန်တော်တို့၏ စိတ်နှလုံးများသည် အလင်းဖြင့် ပြည့်နေကြသည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် နက်နဲမှုများစွာ ရှိမည်ဟု မည်သူက သိနိုင်မည်နည်း။ ဘုရားသခင် ကိုယ်တော်တိုင် အပြင်၊ အခြားမည်သူက ဘုရားသခင် အမှုတော်၏ အဆင့်သုံးဆင့်၏ နက်နဲမှုကို အလွန်ရှင်းလင်းစွာ ပြောဆိုနိုင်မည် နည်း။ ဤအရာက ဘုရားသခင်၏ အမှုတော် အစစ်အမှန် ဖြစ်သည်။ ကျွန်တော်တို့က နောက်တစ်နေ့ညနေအထိ မိတ်သဟာယပြုကြပြီး၊ ကျွန်တော်တို့ တစ်အုပ်စုလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ရှာဖွေပြီး၊ စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ရှိကြလေသည်။

ထို့နောက် ညီအစ်မနှစ်ယောက်က ဘုရားသခင်၏ လူ့ဇာတိခံ ခြင်း၏ အဓိပ္ပာယ်နှင့် ပတ်သက်သည့် သမ္မာတရားကို မိတ်သဟာယပြု ခဲ့ပြီး၊ ကျန်သည့် ကျွန်တော်တို့က အလေးဂရုပြုပြီးနားထောင်နေချိန်၊ ရုတ်တရက်ဆိုသကဲ့သို့ ကျွန်တော်တို့ အသင်းတော် ခေါင်းဆောင် ဝမ်းပင်း ရောက်လာသည်။ သူမ အိမ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက်၊ သူမက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်မနှစ်ယောက်ကို လက်ညှိုးထိုးပြီး၊ ကျွန်တော့်ကို “ဒီနှစ်ယောက် က ဘာလုပ်နေတာလဲ။” ဟု မေးခဲ့သည်။ ကျွန်တော်က “သူတို့က အစ်မဇန် နဲ့ အစ်မမူ လေ...” ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ သို့သော် သူတို့ စကားမဆုံးမီပင်၊ သူမက “အစ်ဇန်နဲ့ အစ်မမူဆိုတာ ဘယ်သူတွေလဲ။ သူတို့ဟာ အရှေ့အရပ်က လျှပ်ပြက်ခြင်းက တရားဟောဆရာ နှစ်ယောက်ဆိုတာ ငါမြင်သားပဲ၊ သူတို့က သိုးသူခိုးတွေ...” ဟု စိတ်တိုသည့်လေသံဖြင့် ပြောလိုက်သည်။ ဝမ်းပင်း စကားပြောပြီးနောက်၊ ကျွန်တော်တို့အားလုံးက ထိုနေရာတွင် တုန်လှုပ်စွာ ထိုင်နေကြသည်။ ကျွန်တော်က “အစ်မဝမ်းပင်းက ကိုယ်နဲ့ သက်ဆိုင်သူတွေကို ကိုယ့်တမျှချစ်ဖို့နဲ့ ကိုယ့်ရန်သူတွေကို ချစ်ဖို့ အကြောင်း အမြဲနီးပါးပြောခဲ့တယ်။ ဒီနေ့သူက ဒီကိုလာပြီး ဒီလို အကျိုးအကြောင်း မဆီလျော်တဲ့ ဟာတွေကို ဘာဖြစ်လို့ ပြောရတာ လဲ။ သူက ဒီညီအစ်မနှစ်ယောက်ကို ဘာဖြစ်လို့ ဝေဖန်အကဲဖြတ်ပြီး၊ ပြစ်တင်ရှုတ်ချနေရတာလဲ။” ဟု မိမိဘာသာ တွေးမိသည်။ အစ်မဇန် က ဝမ်းပင်းကို “အစ်မရေ၊ ကျွန်မတို့ ဒီနေ့ ဒီကိုလာတာ ဖုံးကွယ်ထား တဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး။ သခင်ယေရှုက ပြန်ကြွလာပြီး ဖြစ်တယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက ဧဝံဂေလိကို အစ်မကို ဝေမျှချင်ရုံသက်သက်ပါ။” ဟု တည်ငြိမ်စွာ ပြောလိုက်သည်။ ဝမ်းပင်းက အစ်မဇန်ကို ကြားဖြတ်ပြောပြီး အော်ဟစ်လေသည်။ “သခင်က ပြန်ကြွလာပြီးပြီတဲ့လား။ ခေါင်းဆောင်တွေအနေနဲ့ အစေခံတဲ့ ငါတို့တောင် သခင့်ပြန်ကြွ လာခြင်းနဲ့ ပတ်သက်တဲ့ တစ်ခုမျှ မသိကြဘူး၊ ဒါ့ကြောင့် နင် ဘယ်လိုလုပ်ပြီး အဲဒါအကြောင်းကို သိနိုင်မှာလဲ။ လုံးဝ မဖြစ်နိုင်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ(ရှင်ယောဟန်ခရစ်ဝင် ၁၀:၈) နင်တို့ နှစ်ယောက်လုံး အခုထွက်သွားပြီး၊ ဒီကို ဘယ်တော့မှ မပြန်လာရင် ကောင်းမယ်။” ဝမ်းပင်းဤအရာကို ပြောသည်ကို ကျွန်တော် ကြားသည့်အချိန်တွင်၊ ကျွန်တော့် စိတ်ထဲတွင် ရွံရှာခဲ့သည်။ သူမ၏ ဒေသနာများသည် အမြဲတမ်း အလွန် အကျိုးအကြောင်း ဆီလျော်ပြီး၊ သဘောပေါက်နားလည်အောင် ပြောနိုင်ပြီး၊ သူမက ရုတ်တရက်ကြီး မည်သို့ ထောက်ထားကြင်နာမှုမဲ့နိုင်ရသနည်း။ ထို့ကြောင့် ကျွန်တော် က ဝမ်းပန်းကို “အစ်မဝမ်း၊ အခုနောက်ကျနေပြီ။ အစ်မက သူတို့ကို ဘယ်သွားစေချင်လို့လဲ။ ကျွန်တော်တို့က ဘုရားသခင်ကို ချစ်တဲ့ ဒီညီအစ်မနှစ်ယောက်ကို ဘာမှမပြောဖို့ ကိုယ့်ရန်သူတွေကို ချစ်ရမယ်လို့ သွန်သင်တော်မူတယ်။ သူတို့နှစ်ယောက်ကို ဒီနည်းလမ်း နဲ့ ကျွန်တော်တို့ ဆက်ဆံတယ်ဆိုရင်၊ ကျွန်တော်တို့က သခင့်ကို ယုံကြည်တဲ့ ယုံကြည်သူတွေနဲ့ လုံးဝ တူညီတော့မှာ မဟုတ်ဘူး။” သို့သော်လည်း ကျွန်တော် ပြောနေသည့်အရာကို ဆုံးအောင် မပြောနိုင်မီ၊ ဝမ်းပန်းက ကျွန်တော့် ယောက်ဖ၏ ဇနီးလက်ကို စိုးရိမ်တကြီး ဆွဲကိုင်ပြီး၊ သူမနှင့် သူမ၏ခင်ပွန်းတို့ကို “ဇောက်ဂမ်းက ဒီမိန်းမနှစ်ယောက်ကို မသွားစေချင်ဘူး၊ ဒီတော့ သွားရအောင်။ သူတို့ကို နောက်ထပ် နားမထောင်နဲ့။” ဟု ပြောလိုက်သည်။ ထို့နောက် သူမက ဤနှစ်ယောက်၏ လက်များကို ဒေါသတကြီးဆွဲပြီး၊ အပြင် ထထွက်သွားသည်။

သူတို့ထွက်သွားပြီးနောက် အစ်မမူက ကျွန်တော်တို့ထံသို့ လှည့်ပြီး “အစ်ကိုတို့ အစ်မတို့၊ ကျွန်မတို့ အခုပဲ မျက်မြင်တွေ့ လိုက်ရတဲ့ မြင်ကွင်းကို အစ်ကိုတို့အစ်မတို့ အားလုံး ဘယ်လိုခံစား ရလဲ။ ဒါကို အတူတူ ဆွေးနွေးကြရအောင်။” ဟု မေးခဲ့သည်။ ညီအစ်ကိုမောင်နှမများအားလုံးက စကားတစ်လုံးမျှ မပြောဘဲ ကျွန်တော်ဆီသို့ လှည့်လာကြသည်။ ကျွန်တော်က “အစ်မရေ၊ လွန်ခဲ့တဲ့ သုံးရက်အတွင်းမှာ ကျွန်တော်တို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီးတော့ အစ်မရဲ့ မိတ်သဟာယပြုခြင်းတွေကို နားထောင်တာကတစ်ဆင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်တယ်ဆိုတာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်ဆိုတာကို ကျွန်တော် အခိုင်အမာ ယုံကြည်တယ်။ ဒါပေမဲ့ ဝမ်းပန်းပြောတဲ့ စကားတွေက အကျိုး အကြောင်း မဆီလျော်တာ မဟုတ်ပြန်ဘူး။ အမှန်တော့ သူက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး၊ သူဟာ သခင့်ကို ယုံကြည်တာ အချိန်အကြာကြီးရှိခဲ့ပြီ။ သူက သမ္မာကျမ်းစာကို နောကျေနေပြီး၊ သူက သခင့်အတွက် သူ့ဘာသာ အမြဲတမ်း အလုပ်ရှုပ်ပြီး၊ သူ့ကိုယ်သူ အသုံးခံခဲ့တယ်။ သခင်က ပြန်ကြွလာပြီဆိုရင်၊ သူက ပထမဆုံး သိသင့်တဲ့ လူတစ်ယောက်ပဲ။” ဟု ပွင့်လင်းစွာ ပြောလိုက် သည်။ အစ်မဇန်က “ဘုရားသခင်ရဲ့ ပြန်ကြွလာခြင်းက ခေါင်းဆောင်တွေကို ပထမဆုံး ဗျာဒိတ်ပေးပြီးနောက်မှ အဲဒီခေါင်းဆောင်တွေက ယုံကြည်သူတွေကို ပြောသင့်တယ်လို့ လူတွေက ယုံကြည်ကြပေမဲ့၊ သခင့်နှုတ်ကပတ်တော်တွေထဲမှာ ဒီလိုအတွေးမျိုးအတွက် တကယ့် အခြေခံအကြောင်းအရင်း တစ်ခုတစ်လေ ရှိရဲ့လား။ အဲဒါက သမ္မာတရားနဲ့ ဘုရားအမှုတော်နဲ့ ပတ်သက်တဲ့ အချက်တွေနဲ့ ကိုက်ညီ ရဲ့လား။ သခင်ယေရှုက- ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇) လို့ပြောထားတယ်။ သခင်က သူကြွလာတဲ့ အချိန်မှာ၊ နှုတ်ကပတ်တော်တွေကို သေချာပေါက် မိန့်မြွက်ပြီး၊ သမ္မာတရားကို ဖော်ပြမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အသံတော်ကို ကြားပြီး၊ ရှာဖွေတဲ့သူနဲ့ လက်ခံတဲ့ သူအားလုံးက သခင့်ပြန်ကြွ လာခြင်းကို ကြိုဆိုမယ်၊ ပြီးတော့ ဘုရားသခင် ရှေ့တော်မှောက်ကို ချီမခံရမယ်လို့ သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြေထားတယ်။ သခင်က သူပြန်ကြွလာတဲ့အချိန်မှာ သူ့ကြွလာခြင်းနဲ့ ပတ်သက်တဲ့ အသိပညာကို ခေါင်းဆောင်တစ်ယောက်ယောက်ကို ဉာဏ်အလင်းရ စေမယ်လို့များ ပြောခဲ့လား။ မဟုတ်ပါဘူး။ မပြောခဲ့ပါဘူး။ ဒါ့ကြောင့် လူတွေမှာရှိတဲ့ ဒီအမြင်က လူတွေကို သက်သက် လှည့်စားပြီး၊ ဝေခွဲမရဖြစ်စေတယ်၊ ပြီးတော့ သူတို့က ဒီပြောဆိုချက်နဲ့ ကိုက်ညီအောင် သူတို့ကို သခင်က ဉာဏ်အလင်းပြဖို့ စောင့်နေရင်၊ သူတို့က အဆုံးသတ်လာဖို့ကို မလှုပ်မယှက်နဲ့ စောင့်နေတာသာ ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ဘာတွေပြောထားလဲဆိုတာကို ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောတာက- ‘ဘုရားသခင်၏ အမှုသစ်သည် မည်သည့်အရာပင် ဖြစ်ပါစေ၊ ၎င်းကို ဗျာဒိတ်များဖြင့် ခိုင်လုံစွာ တင်ပြနိုင်ရမည်ဖြစ်ပြီး၊ ထိုသို့သောအမှု၏ အဆင့်တစ်ခုစီတွင် “စစ်မှန်သော” နှလုံးသားဖြင့် သူ့နောက်လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များ ပြသကြရမည်၊ သို့မဟုတ်ပါက ထိုသို့သောအမှုသည် ဘုရားသခင်၏ အမှုမဖြစ်နိုင်ဟု ယုံကြည်ကြသူ သာ၍ပင် ရှိလေသည်။ လူသားအတွက် ဘုရားသခင်ကို သိရှိလာရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်နှင့်လေပြီဖြစ်သည်။ လူသား၏ အဓိပ္ပာယ်မရှိသည့် စိတ်နှလုံးနှင့် သူ၏ မိမိဘာသာ ကြီးကျယ်ကာ စိတ်ကြီးဝင်ခြင်း နှင့်ဆိုင်သည့် ပုန်ကန်တတ်သော သဘာဝတို့ အပြင် ယင်းကို ကြည့်ပါက၊ ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် သူ့အတွက် သာ၍ပင် ခက်ခဲလာပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို စေ့စပ်သေချာသော စဉ်းစားဆင်ခြင်ခြင်း မပြုသကဲ့သို့၊ ယင်းကို နှိမ့်ချခြင်းဖြင့်လည်း လက်မခံပေ။ ထိုအစား၊ ဘုရားသခင်ထံမှ ဗျာဒိတ်များနှင့် လမ်းပြမှုတို့ကို စောင့်ဆိုင်းနေစဉ် အထင်သေးသော သဘောထားကို သူ ထားရှိခံယူလေ၏။ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ကာ ခုခံသောသူတို့၏ အပြုအမူဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း) လို့ဖြစ်တယ်။ သခင့်ပြန်ကြွ လာခြင်းနဲ့ ပတ်သက်ရင်၊ လူတွေက သူတို့ အတွေးအမြင်တွေနဲ့ စိတ်ကူးတွေကို မစဉ်းမစားဖက်တွယ်ထားပြီး၊ သမ္မာတရားကို မရှာဖွေ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အသံတော်ကို ကြားဖို့ အာရုံမစိုက်ဘဲ၊ အဲဒီအစား သူတို့ကို ဘုရားသခင်က ဉာဏ်အလင်းပြဖို့သာ စောင့်​ဆိုင်းနေတယ်ဆိုရင်တော့ သူတို့က သခင့်ပြန်ကြွလာခြင်းကို ဘယ်တော့မှ ကြိုဆိုနိုင်စွမ်းရှိမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ အသံတော်ကို ကြားဖို့ သေချာဆောင်ရွက်တဲ့ သူတွေသာလျှင် သခင့် ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်မယ်။ အမှန်တော့ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုနောက်ကို လိုက်တဲ့ လူတွေထဲက တစ်ယောက်တောင်မှ သခင်ကို နောက်မလိုက်ခင် ဘုရားသခင်ရဲ့ ဉာဏ်အလင်းရစေခြင်းကို မရှိခဲ့ပါဘူး။ သခင်ယေရှုကို တခြားတစ်ယောက်ယောက်က သက်သေ ခံတာကို သူတို့ကြားခဲ့တာပါ၊ ဒါမှမဟုတ် သူတို့က သခင်စကား ပြောတာ ဒါမှမဟုတ် ဒေသနာဟောကြားတာကို ကြားခဲ့ပြီး၊ သူတို့က သခင့်အသံကို သတိပြုမိပြီးနောက်မှသာ သခင့်နောက်ကို လိုက်ခဲ့ ကြတယ်။ ပေတရုက ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းကို ရရှိခဲ့ပြီး၊ သခင်ယေရှုကို ခရစ်တော် နဲ့ ဘုရားသားတော် အဖြစ် သတိပြုမိပေမဲ့လည်း၊ အဲဒါက သခင်ယေရှုကို အချိန်တစ်ခုအတွင်း နောက်လိုက်ပြီးနောက်မှ ဖြစ်ပေါ်ခဲ့တာပါ၊ သခင့်နှုတ်ကပတ်တော်တွေ နဲ့ အမှုတော်တို့ဆီက သခင့်ကို သိကျွမ်းမှုတစ်ခုကို သူရလာပြီး နောက်မှသာလျှင်၊ သူက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်း ပေးခြင်း နဲ့ အလင်းပြခြင်းတို့ကို ရရှိခဲ့တာပါ။ ဒါက အမှန်တရား တစ်ခုပဲ။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး၊ လူသားမျိုးနွယ်ကို တရားစီရင်ခြင်း၊ သန့်စင်ခြင်း နဲ့ ကယ်တင်ခြင်း အမှုတော်တို့ကို ပြုတယ်။ လူအများစုက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံပြီး၊ နောက်လိုက်ကြပေမဲ့၊ သူ့နောက်ကို လိုက်ဖို့ မတိုင်မီမှာ ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းကို ရတဲ့သူ သူတို့ထဲက တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဘုရားသခင်က ဖြောင့်မတ်ပြီး၊ သူက ဘယ်သူ့ကိုမှ သေချာပေါက်ကို အခွင့်အရေး မပေးပါဘူး။ ဘုရားသခင်က သမ္မာတရားကို ရှာဖွေဖို့ ငတ်မွတ်တဲ့ ကြင်နာစိတ်ရှိတဲ့ လူတွေမှာ ဘုရားသခင်က ဝမ်းမြောက်တယ်။ အဲဒါက သခင်ယေရှုက ပြောခဲ့တဲ့အတိုင်းပဲ ဖြစ်တယ်။ ‘ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။(ရှင်မဿဲခရစ်ဝင် ၅:၆)စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူ ကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။(ရှင်မဿဲခရစ်ဝင် ၅:၈) အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း- ‘ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သေးသကဲ့သို့ မိမိတို့၏စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် နာခံတတ်ပြီး သူ့ကို မဆန့်ကျင်သူများကို သူ ရှာဖွေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) လို့ဆိုထား ပါတယ်။ လူတွေက သမ္မာတရားကို ချစ်ပြီး၊ ငတ်မွတ်သမျှ ကာလပတ် လုံး၊ သူတို့ အဆင့်အတန်း ရှိရှိ မရှိရှိ၊ သူတို့က သမ္မာတရားကို ဘယ်လောက် နားလည်လည် မလည်လည်၊ ဘုရားသခင်က သူ့ကို ဉာဏ်အလင်းပေးပြီးလမ်းပြမယ်၊ ပြီးတော့ သူက လူကို သူ့အသံတော် ကို ကြားခွင့်ပြုပြီး၊ သူ့ပေါ်ထွန်းမှုကို မျက်မြင်တွေ့ခွင့်ပြုမယ်ဆိုတာ ဒါက ကျွန်မတို့ကို မြင်တွေ့ခွင့်ပြုတယ်။ ဘုရားသခင်က သူပြန်ကြွ လာတဲ့အချိန်မှာ ခေါင်းဆောင်အဖြစ် အစေခံသူတွေကို ပထမဆုံး ဉာဏ်အလင်းပြမယ်လို့ သူတို့က ထင်တယ်ဆိုရင်၊ သူတို့က ဘုရားသခင်ရဲ့ အမှုတော်နဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်မှု တစ်ခုမှ မရှိဘူးဆိုတာရယ်၊ သူတို့က ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မသိဘူးဆိုတာရယ်ကို ဒါက ပြနေတယ်။ အဲဒါဟာ သူတို့က အရမ်းကို မာနထောင်လွှားတယ်ဆိုတာကိုလည်း ပြနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ- ‘ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို “အပြည့်အဝ သိသည်” ဟု အခိုင်အမာဆိုသူများမှာ အသုံးမကျသည့် လူတစ်သိုက်ဖြစ်သည်ဟု ငါဆိုပေသည်။ ၎င်းတို့အားလုံးသည် ထောင်လွှားကာ မသိနားမလည်သူများဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် လူသားသည် ပုရွက်ဆိတ် တစ်ကောင်မျှပင် အရေးမပါပေ။ သို့ဖြစ်လျှင် လူသားသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဤသို့မလုပ်ပါ၊ ဒါမှမဟုတ် ထိုသို့မလုပ်ပါ။” သို့မဟုတ် “ဘုရားသခင်သည် ဤကဲ့သို့ သို့မဟုတ် ထိုကဲ့သို့ ဖြစ်သည်။” ဟု လေကြောရှည်ရန် နှစ်သက်သူများ- ၎င်းတို့သည် မာနထောင်လွှားစွာ စကားပြောနေကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) လို့ပြောထားတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အမြော်အမြင်တို့က ဉာဏ်မမီနိုင်လောက်အောင် နက်နဲတယ်။ လူတွေက သေးငယ်တဲ့ ဖန်ဆင်းခြင်းတွေသာ ဖြစ်တယ်။ ကျွန်မတို့ရဲ့ စိတ်တွေနဲ့ အတွေးတွေက အရမ်းကို နည်းပါးတာကြောင့် ကျွန်မတို့က ဖန်ဆင်းရှင်ရဲ့ အမှုတော်ကို ဘယ်လို နားလည်သဘောပေါက် နိုင်မှာလဲ။ ဒါ့ကြောင့် ကျွန်မတို့က သခင့်ကို ပြန်ကြွလာဖို့ စောင့်ရင်း၊ ကျွန်မတို့စိတ်နှလုံးတွေမှာ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေမှု ကို ထိန်းသိမ်းသင့်ပြီး၊ သေသေချာချာ ရှာဖွေပြီး၊ စုံစမ်းစစ်ဆေး သင့်တယ်။ ကျွန်မတို့က ဘုရားသခင်ကို ဘောင်ခတ်ဖို့ နဲ့ ဘုရားသခင် ကို ထင်ရာမြင်ရာ ဝေဖန်အကဲဖြတ်ဖို့ ကိုယ့် အတွေးအမြင်တွေနဲ့ စိတ်ကူးတွေကို အသုံးမပြုသင့်ဘူး၊ ဒီလိုလုပ်တာက ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပြစ်မှာစော်ကားသလို၊ စစ်မှန်တဲ့ ကယ်တင်ခြင်း ရရှိဖို့ ကျွန်မတို့ရဲ့ အခွင့်အရေးကိုလည်း ပျက်စီးစေလိမ့်မယ်။” ဟု ပြောလျက် ကြင်နာစွာ ပြန်ပြောခဲ့သည်။

ဘုရားနှုတ်ကပတ်တော်ကို ကြားပြီးနောက်တွင်၊ ကျွန်တော်တို့က ဘုရားသခင်၏ မျက်မှောက်တော်တွင် အလွန် ပုရွက်ဆိတ်တစ်ကောင် ထက်ပင် အရေးမကြီးဘဲ အလွန်အရေးမပါလှသည်ကို နားလည် သဘောပေါက်ခဲ့သည်။ ထို့အပြင် ကျွန်တော်တို့က စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးခဲ့သည်မှာ ကျွန်တော်တို့သည် မာနထောင်လွှားခြင်း နှင့် စိတ်ကြီးဝင်ခြင်း တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြင့် ပြည့်နေလေသည်။ ကျွန်တော်တို့က ဘုရားသခင်ကို ဘောင်ခတ်ဖို့ ကျွန်တော်တို့ စိတ်ကူးများနှင့် အတွေးအမြင်များကို အမြဲတမ်း မှီခိုရသည်ကို နှစ်သက်ပြီး၊ ဘုရားသခင်၏ အမှုတော်က ကျွန်တော်တို့၏ အတွေးအမြင်များနှင့် မကိုက်ညီသည့် အချိန်တွင် ကျွန်တော်တို့က ဘုရားသခင်ကိုပင် ငြင်းပယ်၊ ပြစ်တင်ရှုတ်ချပြီး အာခံ ကြသည်။ ကြည့်ရသည်မှာ လူသားသည် သမ္မာတရားကို နားမလည် ဘဲ၊ သူ့စိတ်နှလုံးတွင် ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေမှု တစ်စက်မျှ မရှိပါက၊ သူလိုချင်သည့် အရာမှန်သမျှကို သူလုပ်ဆောင်ရဲလိမ့်မည်။ ၎င်းမှာ အလွန် အန္တရာယ်ရှိလေသည်။ ဤအရာက သခင်ယေရှု တစ်ခါက ပြောခဲ့သည့် အရာကို ကျွန်တော့်အား သတိရစေသည်။ “ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။ ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏ အဘ။(ရှင်မဿဲခရစ်ဝင် ၁၁:၂၅-၂၆) အခြေအနေများ၏ လက်တွေ့အရှိတရား မည်သို့ရှိသည်ကို တွေ့မြင်သည့် ယနေ့အထိ ကျွန်တော် သတိမရခဲ့ပါ။ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ခြင်းနှင့် အစ်မဇန်၏ မိတ်သဟာယတို့က “ခေါင်းဆောင်များသည် သခင် ပြန်ကြွလာသည့်အချိန်တွင် သခင့်ကြွလာခြင်းနှင့် ပတ်သက်သည့် သိကျွမ်းမှုအတွက် ဉာဏ်အလင်းပြခြင်း ပထမဆုံးခံရသူများဖြစ် သင့်သည်” ဆိုသည့် ဤအကြံဉာဏ်သည် မှားယွင်းပြီး ရယ်ဖွယ် ကောင်းကြောင်း၊ ၎င်းက သမ္မာတရားနှင့် မကိုက်ညီကြောင်းနှင့် လူသားတို့၏ အတွေးအမြင်များနှင့် စိတ်ကူးများတို့ကို လုံးလုံး ဂုဏ်ပြုကြောင်းတို့ကို ကျွန်တော့်ကို သတိပြုခွင့်ပေးခဲ့သည်။ အမှန်မှာမူ သမ္မာတရားကို ငတ်မွတ်ပြီး၊ ဘုရားသခင်၏ အသံတော်ကို ရှာဖွေသူများသာလျှင် ဘုရားသခင်၏ အမှုတော်နှင့် သူ၏ လမ်းပြမှုတို့ကို လက်ခံရရှိပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ခေါ်ဆောင်ခံရမည် ဖြစ်သည်။ ဤအရာက ဘုရားသခင်၏ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့နှင့် ပတ်သက်သည့် နားလည် သဘောပေါက်မှုတစ်ခုကို ကျွန်တော့်ကို ပေးခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

တတိယမြောက်နေ့ မနက်အစောပိုင်းတွင် အစ်မဇန်နှင့် အစ်မမူတို့ ထွက်ခွာသွားကြပြီးနောက်၊ ကျွန်တော်တို့ အသင်းတော်မှ အထက်တန်းခေါင်းဆောင်ပိုင်းမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် ကျွန်တော့် ရောင်းရင်း အစ်ကိုဂွမ်က ကျွန်တော့်ထံသို့လာပြီး “အစ်ကိုဇောက်၊ အစ်ကိုတို့နှစ်ယောက်လုံး အခု အရှေ့အရပ်က လျှပ်ပြက်ခြင်းကို ယုံကြည်နေတယ်လို့ ကျွန်တော်ကြားတယ်” ဟု မေးလာခဲ့သည်။ ကျွန်တော်က သူ့ကို “ဟုတ်တယ်။ ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးကာလ အမှုတော်ကို လက်ခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်တော် အရင်က နားမလည်ခဲ့တဲ့ သူ့အမှုတော်ရဲ့အဆင့်သုံးဆင့်နဲ့ ပတ်သက်တဲ့ နက်နဲမှု၊ ဘုရားသခင်ရဲ့ လူ့ဇာတိခံခြင်းရဲ့ အဓိပ္ပာယ် တို့လိုမျိုး သမ္မာတရားတွေကို နားလည် လာလို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဗျာဒိတ်ကျမ်းထဲမှာ ပရောဖက်ပြုထားသလို ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို’ ဖြစ်တယ်ဆိုတာ ကျွန်တော်တွေ့ရတယ်။” ဟု အလေးအနက်ပြောခဲ့သည်။ အစ်ကိုဂွမ် က ကျွန်တော့်ကို ဖျတ်ခနဲကြည့်ပြီး၊ “အစ်ကိုဇောက်၊ အစ်ကိုက ဒီလူတွေ ယုံကြည်တာကို တကယ် လိုက်တော့မလို့လား။ သူတို့က ဘယ်လိုလူတွေလဲ အစ်ကိုသိရဲ့လား” ဟု ပြောလိုက်သည်။ ကျွန်တော် က “သူတို့အားလုံးက ထူးကဲတဲ့ လူ့သဘာဝ ရှိပြီး၊ သူတို့က သမ္မာတရားအကြောင်း အရမ်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြု တာကို ကျွန်တော်မြင်တယ်လေ။ သူတို့ ဆွေးနွေးသမျှ အားလုံးက ဘုရားအမှုတော်ရဲ့ သမ္မာတရားနဲ့ သက်ဆိုင်တယ်။ ဒီလွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်တော် အမှန်တကယ်ကို အများကြီးရရှိ ခဲ့တယ်။” ဟု ပြောသည်။ အစ်ကိုဂွမ်က ကျွန်တော့်ကို ဒေါသတကြီး ဖြင့် ပြောလေသည်၊ “အစ်ကိုဘယ်လိုလုပ်ပြီး အရမ်းခေါင်းမာရတာလဲ။ ဟေဗြဲ ၆:၆-၈ မှာ ‘ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက် နိုင်ကြ။ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုဃ်းရေကိုသောက်၍၊ လုပ်သော သူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကိုဖြစ်စေတတ်၏။ ထိုမြေ သည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကို ခံရသော အချိန်နီးသည် ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။’ လို့ပြောထားတယ်။ အစ်ကိုက သင်းအုပ်ဆရာဖြစ်တယ်၊ အစ်ကိုက သခင့် ကျေးဇူးတော် တွေအများကြီး နှစ်သက်ခံစားတယ်၊ အစ်ကိုက ညီအစ်ကိုမောင်နှမ တွေကို သခင့်ကို ယုံကြည်ဖို့ ဦးမဆောင်ရုံတင်မကဘူး၊ အစ်က သူတို့ကို ကျွန်တော်တို့ အသင်းတော်က ထွက်ခွာဖို့ကိုပါ ဦးဆောင် နေတယ်။ အစ်ကို အပြစ်ဒဏ်ခံရမှာ မကြောက်ဘူးလား။ အစ်ကို ပြန်မလှည့်လာဘူးဆိုရင်၊ သခင့်ကွယာမှုကို ဆုံးရှုံးရုံတင်မကဘူး၊ ပျော်ရွှင်တဲ့ ဘဝတစ်ခုမှာလည်း အစ်ကိုနေရမှာ မဟုတ်ဘူး။ အစ်ကို့ အရင် နာမကျန်းဖြစ်တာက ပြန်ပေါ်လာပြီး၊ အစ်ကို ကလေး နှစ်ယောက်ကလည်း အလုပ်ကောင်းတွေ ရမှာမဟုတ်ဘူး...”

အစ်ကိုဂွမ် ထွက်သွားပြီးနောက်၊ ကျွန်တော် အနည်းငယ် ကြောက်လန့်ပြီး၊ မိမိဘာသာ တွေးမိသည်။ သူပြောသွားတဲ့အရာ တွေက အကြောင်းအရင်းတစ်ချို့ရှိတယ်၊ ဒါ့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငါ့ယုံကြည်မှုမှာ သခင့်ကျေးဇူးတော်ကို ဆုံးရှုံးစေခဲ့ရင်၊ ငါဘာကို လုပ်ဆောင်သင့်သလဲ။ ဤအရာကို ကျွန်တော်တွေးချိန်တွင်၊ ကျွန်တော့် စိတ်နှလုံး အားနည်းလာလေသည်၊ ဒါ့ကြောင့် ကျွန်တော် က ကမန်းကတန်း ဒူးထောက်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်။ အစ်ကိုဂွမ်ရဲ့ စကားတွေက ကျွန်တော့် ကို နည်းနည်း အားနည်းစေခဲ့တယ်။ ဘုရားသခင်။ သူပြောတဲ့ စကားတွေက တကယ့်ကို မှန်လား၊ မှားလား။ ကျွန်တော် အခု ဘာလုပ်ရမှန်း မသိတော့ပါဘူး...” ကျွန်တော် ဘုရားသခင်ကို ဆုတောင်းနေခိုက်၊ ကျွန်တော့် ဇနီးပြန်လာပြီး၊ ယခုတင် ဖြစ်သွား သည့် အရာအကြောင်း ကျွန်တော် သူမကို ပြောပြခဲ့သည်။ ဤအရာကို ကြားပြီးနောက်၊ သူမက ကြောက်လန့်စွာဖြင့် “အဲဒါက သူပြောတာ အမှန်ပဲလား။” ဟု ပြောသည်။ ကျွန်တော်က ခေါင်းညိတ်လိုက်သည်၊ ပြီးလျှင် ကျွန်တော့် ဇနီးက စိတ်ပူစွာဖြင့် “သူက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့တဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်၊ ပြီးတော့ သူက သမ္မာကျမ်းစာကို နောကျေနေတာ။ သူက မုသားတွေ ပြောလိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး။ သူပြောတဲ့ အတိုင်းသာ ဖြစ်မယ်ဆိုရင်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ။” ဟု ပြောခဲ့သည်။ ထို့နောက်တွင်ပင် အစ်မဇန်နှင့် အစ်မမူတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာဖြစ်သည့် ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်နဲ့ ပတ်သက်သည့် သမ္မာတရားအကြောင်း ကျွန်တော် ရုတ်တရက်တွေးမိသည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အတွက် ဘုရားသခင်၏ အမှုတော်သည် အဆင့်သုံးဆင့် ပိုင်းခြားထား သော်လည်း အမှုတော်၏ အဆင့်သုံးဆင့်လုံးကို တစ်ပါးတည်းသော ဘုရားသခင်က ပြုတော်မူခြင်း ဖြစ်သည်။ ဤအကြောင်းကို ကျွန်တော်တွေးရင်းဖြင့်၊ ကျွန်တော့်အတွက် ရုတ်တရက် ရှင်းလင်း လာပြီး၊ ကျွန်တော်က ကျွန်တော့် ဇနီးကို ရှေ့နောက်မစဉ်းစားပဲ ပြောချလိုက်သည်။ “အစ်ကိုဂွမ်ပြောတာ မှန်ပုံမရဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလက အမှုတော်ကို လက်ခံတာနဲ့ ငါတို့က သခင့်လမ်းခရီးကို စွန့်ခွာနေပြီး၊ သခင်ယေရှုကို သစ္စာဖောက်နေတယ် လို့ သူက ပြောတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ဒီရက်နည်းနည်းမှာ ငါတို့ဖတ်နေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ က ဘုရားသခင်ရဲ့ အသံတော် အမှန်တကယ် ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်တာနဲ့ ငါတို့က သိုးသငယ်ရဲ့ ခြေလှမ်း နောက်ကို တကယ်လိုက်နေတာ ဖြစ်တယ်။ ငါတို့က ပညာရှိ သတို့သမီးတွေ ဖြစ်တယ်။ သခင်က ငါတို့ကို ဘာလို့ အပြစ်ပေးရ မှာလဲ...” ကျွန်တော်တို့က ဤအကြောင်းကို မိတ်သဟာယပြု နေသည့်အချိန်တွင် အစ်မဇန်နှင့် အစ်မမူတို့ ဝင်လာကြသည်...

ကျွန်တော့်ဇနီးက အစ်ကိုဂွမ် ကျွန်တော်တို့ အိမ်သို့ လာသည့် အချိန်က ပြောခဲ့သည့်အရာကို ထိုညီအစ်မကို ပြောပြပြီး၊ အစ်မဇန်က ဤအကြောင်းအရာတစ်ခုလုံးနှင့် ပတ်သက်ပြီး ကျွန်တော် မည်သို့ ခံစားရသည်ကို မေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်က ကျွန်တော် ခံစားရသည့် အားနည်းခြင်းနှင့် ကျွန်တော် ခုလေးတင် ရရှိခဲ့သည့် နားလည်သဘောပေါက်မှု အကြောင်းတို့ကို ညီအစ်မများကို ပြောပြခဲ့ သည်။ အစ်မဇန်က “ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒါက တကယ့် နားလည်သဘောပေါက်မှု စစ်စစ် တစ်ခုပဲ၊ ပြိးတော့ ဒါက ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတို့ဖြစ်တယ်။” ဟု ပြောလျက်၊ ပြုံးခဲ့သည်။ ကျွန်တော်ဇနီးက စိတ်ရှုပ်ထွေးကာ “ကျွန်မ တို့က လမ်းမမှားသေးတဲ့အတွက်၊ အစ်ကိုဂွမ်က ဘာလို့ အဲဒီလို ဟာတွေကို ပြောရတာလဲ။ သူက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည် ခဲ့တဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ယောက်ပဲ။” ဟု မေးခဲ့သည်။ ကျွန်တော်က ကျွန်တော့်ဇနီးကို ကြည့်ပြီး “သူက ကိုယ်တို့ကို ကိုယ်တို့ အရင်အသင်းတော်ကိုသာ ပြန်လာစေချင်တာပါ။” ဟု ပြောလိုက်လေ သည်။ အစ်မဇန်က ပြုံးပြီး “အခုအချိန်မှာ ကျွန်မတို့ မြင်နိုင်သမျှက သူတို့ရဲ့ အပြင်ပန်းပုံစံသာ ဖြစ်တယ်၊ ဒါပေမဲ့ သူတို့သဘာဝရဲ့ အနှစ်သာရကို ကျွန်မတို့ မစုံစမ်းမစစ်ဆေးရသေးဘူး။ သခင်ယေရှုက တစ်ခါ- ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၂၇) လို့ပြောဖူးတယ်။ သူတို့အပြင်ပန်းပုံစံတွေကို ကြည့်ပြီး အကဲဖြတ် ရရင်၊ ဖာရိရှဲတွေက ဘုရားသခင်ကို သူတို့ရဲ့ အစေခံမှုမှာ အရမ်းသစ္စာ စောင့်သိကြတယ်။ လူတွေရဲ့ စိတ်ထဲမှာတော့ ဖာရိရှဲတွေက ဘုရားသခင်ကို အလွန်ကိုင်းရှိုင်းတဲ့ အစေခံတွေပေါ့၊ ပြီးတော့ သူတို့က အယုံကြည်ရဆုံး ဘာသာရေးခေါင်းဆောင်တွေ ဖြစ်တယ်။ ဒါပေမဲ့ သခင်ယေရှုက သူ့အမှုပြုဖို့ လာတဲ့ အချိန်မှာ၊ ဖာရိရှဲတွေရဲ့ ဘုရားသခင်ကို အာခံတဲ့ သဘာဝတွေက ထုတ်ဖော်ခံရတယ်။ သခင်ယေရှုရဲ့ အမှုတော်ကို အရူးအမူး အာခံပြီး ပြစ်တင်ရှုတ်ချတာ အဲဒီ ဖာရိရှဲတွေပေါ့။ သူတို့က သာမာန်လူတွေကို လှည့်စားဖို့ ကောလာဟလမျိုးစုံကို လုပ်ဇတ်ခင်းပြီး၊ သက်သေခံချက်အမှားတွေ ထွက်ဆိုတယ်။ သခင်ယေရှုက နတ်ဆိုးမင်း ဗေလေဇဗုလက တစ်ဆင့် မကောင်းဆိုးဝါးတွေ မောင်းထုတ်တယ် လို့ သူတို့က ပြောကြတယ်။ ပြီးတော့ သခင်ယေရှုက ကားတိုင်မှာ သံမှိုစွဲခံရပြီးနောက်၊ သုံးရက် မြောက်မှာ ရှင်ပြန်ထမြောက်တာနဲ့ တပြိုင်နက်၊ သူတို့က သခင်ယေရှု ရဲ့ အလောင်းတော်က သူ့တပည့်တော်တွေ ခိုးသွားတာခံရကြောင်း ကောလာဟလတွေ ဖြန့်ဝေဖို့ စစ်သားတွေကို လာဘ်ထိုးခဲ့ကြတယ်။ ဖာရိရှဲတွေက စစ်မှန်တဲ့ လမ်းခရီးကို လူတွေ ရှာဖွေပြီး စုံစမ်း စစ်ဆေးတာကနေ ပိတ်ပင်ဖို့ မုသားမျိုးစုံကို လုပ်ဇတ်ခင်းပြီး၊ သူတို့မှာ သဘောရှိအသုံးပြုနိုင်တဲ့ လှည့်ကွက်မျိုးစုံကို အသုံးပြုခဲ့ကြတယ်။ သူတို့က ဘုရားသခင်ရွေးချယ်ထားတဲ့ လူတွေ အပေါ်မှာ ထာဝရ စိုးမိုးနိုင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်ကို ပိတ်ပင်ဖို့ဟာ သူတို့ ရည်မှန်းချက် ဖြစ်တယ်။ သူတို့က အပြင်ပန်းမှာ ဘာသာတရား ကိုင်းရှိုင်းပုံပေါက်ပေမဲ့လည်း၊ အနှစ်သာရအရတော့ သူတို့ သမ္မာတရား ကို မုန်းတီးပြီး၊ ဘုရားသခင်ရဲ့ ရန်သူတွေအဖြစ် ရပ်တည်တဲ့ အန္တိခရစ်တွေ ဖြစ်တယ်။ သခင်ယေရှုက သူတို့ကို ဖော်ထုတ်ပြီး၊ ပြစ်တင်ရှုတ်ချတဲ့ အချိန်မှာ ပြောခဲ့တယ်။ ‘မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။(ရှင်မဿဲခရစ်ဝင် ၂၃:၃၃) ဒါ့ကြောင့် အခု၊ အဲဒီအကြောင်းကို တွေးကြရအောင်။ လက်ရှိမှာ ဒီဘာသာရေးခေါင်းဆောင်တွေက ဖာရိရှဲ တွေနဲ့ ဘာများကွာခြားလဲ။” ဟု ပြောခဲ့သည်။ ထို့နောက် ညီအစ်မများ က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ခိုင်းခဲ့သည်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ထိုဘာသာရေးခေါင်းဆောင် များက ကျွန်တော်တို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်အား ယုံကြည်ခြင်းမှ ဇွဲကောင်းစွာ နှောင့်ယှက်ပြီး ဟန့်တားပြီး၊ ခြိမ်းခြောက်၍ပင်၊ ကြိမ်းဝါးကာ၊ ကျွန်တော်တို့ကို ကာကွယ်ဖို့ မဟုတ်ဘဲ၊ ထိုအစား ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် စိုးမိုးမှု ကိုင်စွဲနိုင်ရန်၊ ကျွန်တော်တို့က သူတို့ကို ဘုရားသခင်အဖြစ်နှင့် ကိုးကွယ်ပြီး၊ တရိုတသေဆက်ဆံရန် ဖြစ်ကြောင်း ကျွန်တော် နားလည်သဘောပေါက်လာသည်အထိ သူတို့သဘာဝ၏ အနှစ်သာရ နှင့် အတူ ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်များအားလုံးကို ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ချက် ညီအစ်မများက ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များနှင့် အညီ မိတ်သဟာယ အသေးစိတ်တစ်ခု ကို ပြုခဲ့ကြသည်။ ထို့ကြောင့် အမှန်မှာမူ သူတို့က ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ သူတို့က သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို အာခံသည့် အန္တိခရစ်များသာ ဖြစ်ကြသည်။ ဘုရားသခင်က ကျွန်တော်တို့ကို ကယ်တင်ဖို့ ကြွလာသော်လည်း၊ သူတို့က ကျွန်တော် တို့ကို ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းနှင့် ဘုရား နှုတ်ကပတ်တော်များ ဖတ်ခြင်းမှ တားဆီးရန် ဖြစ်နိုင်သမျှ နည်းစနစ် တိုင်းကို သူတို့ အကြံထုတ်ခဲ့ကြသည်။ သူတို့က ဤသို့လုပ်ခြင်း အားဖြင့် ကျွန်တော်တို့ကို ငရဲထဲသို့ ဆွဲခေါ်နေခြင်း မဟုတ်ပါလား။ သူတို့က အမှန်တကယ်ပင် အလွန် မလိုမုန်းထားရှိလေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဤလူများသည် ဘုရားသခင်ကို မည်သို့ အာခံပြီး၊ လူအတွက် ဘုရားသခင်နှင့် တိုက်ခိုက်သည့် အနှစ်သာရကို ထုတ်ဖော်ခဲ့ခြင်းမရှိပါက၊ ကျွန်တော်က စစ်မှန်သည့် ကယ်တင်ခြင်း ရရှိရန် ကျွန်တော့် အခွင့်အရေးကို ဖျက်ဆီးလျက် သူတို့လှည့်ကွက်များထဲ ကျရောက်လုနီးနီးဖြစ်ခဲ့သည်။ ထို့နောက် တွင်ပင် ကျွန်တော့် ဇနီးက အံ့အားသင့်စွာဖြင့် “အမှန်တော့ သူတို့က ငါတို့ကို အန္တရာယ်ပြုဖို့ ဒီကို လာကြတာပဲ။ ဒီလူတွေက ငါတို့ကို ငရဲအထိ တရွတ်တိုက် ဆွဲခေါ်မပြီးမချင်း တကယ့်ကို လက်လျှော့မှာ မဟုတ်ဘူး။ သူတို့ပြောတာတွေ ငါနောက်ထပ် ယုံတော့မှာ မဟုတ်ဘူး။” ဟု ပြောခဲ့သည်။

ထို့နောက် အစ်မမူက ကျွန်တော်တို့ကို ဘုရားနှုတ်ကပတ်တော် နောက်ထပ် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ပြခဲ့သည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ထို့နောက် အစ်မဇန်က စတင် မိတ်သဟာယပြုခဲ့သည်။ “ကျွန်မတို့ကို ဘာတွေပဲဖြစ်နေနေ၊ အပြင်ပန်းမှာ အဲဒါက လူတွေလုပ်တဲ့ပုံပေါက်နေပေမဲ့လည်း၊ အမှန်မှာတော့ အဲဒါက စာတန်က နောက်ကွယ်မှာ ဘုရားသခင်နဲ့ အလောင်းအစားလုပ်နေတာ ဖြစ်တယ် ဆိုတာကို ဘုရား နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မတို့ မြင်ရပါတယ်။ အဲဒါဟာ ယောဘက စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခံရတဲ့ အချိန်ကလိုပါပဲ။ သူ့မိန်းမက ယေဟောဝါကို စွန့်ပစ်ဖို့ သူ့ကို ခိုင်းခဲ့ပေမဲ့ ယောဘက စာတန်ရဲ့ လှည့်ကွက်ကို ရိပ်စားမိခဲ့တယ်။ သူက ဘုရားသခင်မှာ သူ့ယုံကြည်မှုကို အားကိုးပြီး၊ ဘုရားသခင်အတွက် သက်သေ ရပ်တည်တယ်၊ ပြီးတော့ ယောဘက သူ့မိန်းမကို မာနထောင်လွှားပြီး၊ ခေါင်းမာတဲ့ မိန်းမတစ်ယောက် အနေနဲ့ အပြစ်ဖော်ဆုံးမတယ်။ ဘုရားသခင် ကယ်တင်လိုတဲ့ လူတိုင်းအတွက် လူတွေက ဘုရားသခင် ကို စွန့်လွှတ်ပြီး သစ္စာဖောက်ဖို့၊ ပြီးတော့ အဆုံးသတ်မှာ စစ်မှန်တဲ့ ကယ်တင်ခြင်းရဖို့ သူတို့ အခွင့်အရေးကို ဆုံးရှုံးစေဖို့ စာတန်က သူတို့ကို အမြဲတမ်း အရူးအမူး စုံစမ်းနှောင့်ယှက်ပြီး၊ နှောင့်ယှက်မယ်၊ သူတို့ကို တိုက်ခိုက်ဖို့ သူသဘောရှိ အသုံးပြုနိုင်တဲ့ လှည့်ကွက် အားလုံးကို ထုတ်သုံးမယ် ဆိုတာကို ယောဘရဲ့ အတွေ့အကြုံက ကျွန်မတို့ကို သတင်းပေးတယ်။ စာတန်က လူကို ထာဝရ ချုပ်ကိုင်ပြီး၊ ဝါးမြိုလိုတဲ့အတွက်၊ သူက လူကို ဘုရားကယ်တင်ခြင်းကို တကယ့်ကို မရစေချင်ဘူး။” အစ်မမူကလည်း မိတ်သဟာယပြုခဲ့သည်။ “အဲဒါမှန် တယ်။ အကြိမ်ကြိမ်ဆိုသလို စာတန်က ကျွန်မတို့ ဘုရားသခင်ကို ငြင်းပယ်စေဖို့၊ သစ္စာဖောက်စေဖို့ နဲ့ မှန်ကန်တဲ့ လမ်းခရီးကို စွန့်ပယ်စေဖို့ ရည်မှန်းချက်နဲ့ ကျွန်မတို့ကို တိုက်ခိုက်ဖို့နဲ့ ခြိမ်းခြောက်ဖို့ ခေါင်းဆောင်တွေကို အသုံးပြုခဲ့တယ်။ ဒါက စာတန်ရဲ့ လှည့်ကွက်ပဲ။ ကျွန်မတို့က ဝိညာဉ်ရေးရာ လောကမှာ ဖြစ်ပျက်နေတဲ့ ဒီတိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရမယ်။” ဤညီအစ်မ နှစ်ယောက်၏ မိတ်သဟာယပြုခြင်းကို နားထောင်ပြီးနောက်၊ ကျွန်တော်က အရေးကိစ္စများအပေါ် ခဏတာ စဉ်းစားပြီးနောက်၊ “ဒါဆိုစာတန်က ဘုရားသခင်နဲ့ လောင်းကစားလုပ်နေပြီး၊ ကျွန်တော်တို့ကို ခေါင်းဆောင်တွေက ပြောတဲ့ဟာတွေကနေက တစ်ဆင့် ကျွန်တော်တို့ အားနည်းတဲ့နေရာမှာ စာတန်က တိုက်ခိုက်ပြီး၊ သူက ကျွန်တော်တို့ကို ကျွန်တော်တို့ရဲ့ သူရဲဘောကြောင်ခြင်းကြောင့် စစ်မှန်တဲ့ လမ်းခရီးကို စွန့်ပယ်ပြီး၊ ဘုရားသခင်ကို စွန့်ခွာစေချင်တယ်။ စာတန်က တကယ့်ကို သစ္စာမဲ့တာပဲ။” ဟု ပြောခဲ့သည်။ ထို့နောက်တွင် ကျွန်တော့် ဇနီးကလည်း “စာတန်က အရမ်း ရွံစရာကောင်းတယ်။ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေနဲ့ အစ်မတို့ရဲ့ မိတ်သဟာယတွေကိုသာ နားမထောင်ဘူးဆိုရင်၊ ဒါဟာ စာတန်ရဲ့ အကြံအစည်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာ ကျွန်မတို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။” ဟု ပြောခဲ့သည်။ ကျွန်တော်က ပီတိဖြင့် “ဒီဟာတွေကို ငါတို့အခု နားလည်သဘောပေါက်တဲ့နောက်မှာတော့၊ ငါတို့က စာတန်ရဲ့ တင်းကျပ်တဲ့ ဝန်းရံမှုက ထိုးဖောက်ထွက်ဖို့ ဘုရားသခင်ကို အားကိုးဖို့၊ ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့နဲ့ ငါတို့ရဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ စာတန်ကို အရှက်ခွဲဖို့တို့ လိုတယ်။” ဟု ပြောလိုက်သည်။ ထို့နောက် အစ်မဇန်က “အစ်ကိုတို့၊ အစ်မတို့၊ ဒီအချိန်ကစပြီး၊ ဘုရားနှုတ်ကပတ်တော်အကြောင်း မကြာခဏ ဆိုသလို အတူပေါင်းပြီး မိတ်သဟာယပြုကြရအောင်။ကျွန်မတို့က ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နဲ့ ပတ်သက်ပြီး မကြာခင်တစ်နေ့မှာ ပိုသေချာလာနိုင်ပြီး၊ စစ်မှန်တဲ့ လမ်းပေါ်မှာ အခြေခံအုတ်မြစ်တစ်ခုကို ချနိုင်ပြီးတော့၊ စာတန်ရဲ့ ကောလာဟလ တွေနဲ့ ဗြောင်လိမ်ညာမှုတွေရဲ့ ပုံစံမျိုးစုံနဲ့ နောက်ထပ် လှည့်စားမခံရဖို့ ဒီနည်းနဲ့ပဲ ကျွန်မတို့က ပိုများတဲ့ သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်နိုင်တယ်။” ဟု ရွှင်ပျစွာ ပြောခဲ့ပါသည်။ ကျွန်တော်က “ကောင်းလိုက်တာ။ အစ်မတို့ ကျွန်တော်တို့နဲ့ မကြာမကြာဆိုသလို လာပြီး မိတ်သဟာယပြုပေးနိုင်ရင် တကယ်ကောင်းမှာပဲ။” ဟု ပြောခဲ့သည်။ အစ်မမူက ပြုံးပြီး၊ “ဒါဆို အဲဒါက ကျွန်မတို့လုပ်မဲ့ဟာပဲ။” ဟု ပြောလိုက်လေသည်။

ရက်အနည်းငယ်ကြာပြီးနောက် နံနက်အစောပိုင်းတစ်ခုတွင် ကျွန်တော် အိပ်ရာမှထပြီး၊ ပြတင်းပေါက်မှ ကြည့်လိုက်ရာတွင် နှင်းများထူထပ်စွာ ကျနေသည်ကို တွေ့ရပြီး၊ မရည်ရွယ်ဘဲ ကျွန်တော့် လက်များကို စပွတ်ခဲ့သည်။ ထို့နောက် ကျွန်မက သိုးမွှေးဦးထုပ်ကို ဆောင်းပြီး၊ ချည်ထည်လက်အိတ်များကို ဝတ်ကာ၊ ခြံဝင်းထဲသွားပြီး နှင်းများကို လှည်းကျင်းခဲ့သည်။ ကျွန်တော် လှည်းပြီးသွားသည့် အချိန်တွင်၊ အထဲပြန်ဝင်ပြီး၊ ကျွန်တော့်ဇနီးက အိမ်ရှင်နေချိန်တွင် ကျွန်တော်က မီးထည့်ဖို့ မီးဖိုအဖုံးကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် ကျွန်တော့်ဇနီး၏ အစ်ကိုကြီးနဲ့ သူ့ဇနီးတို့ ဝင်လာပြီး၊ ကျွန်တော့် မရီးဝင်လာသည်နှင့် တပြိုင်နက် သူက စိုးရိမ်ကြောင့်ကြသည့် အသံဖြင့် “ခေါင်းဆောင်ဝမ် နဲ့ လုပ်ဖော်ကိုင်ဖက် ဂွမ်တို့က ဒီကိုလာပြီး၊ မောင်လေးကို အများကြီးပြောသွားတယ်၊ မောင်လေးက ဘယ်လိုလုပ်ပြီး သူတို့ကို နားမထောင်နိုင်ရတာလဲ။ သူတို့က မောင်လေးကို နောက်တစ်ကြိမ် ဖျောင်းဖျဖို့ ကြိုးစားဖို့ ဒီနေ့ အစ်မတို့ကို ဒီကို သေသေချာချာ လာခိုင်းတာ။ အရှေ့အရပ်က လျှပ်ပြက်ခြင်းကို နောက်ထပ် မယုံကြည်နဲ့တော့။ အစ်မတို့ဘဝတွေ အတွက် တာဝန်ယူကြတာ အစ်မတို့ ခေါင်းဆောင်တွေပဲ။” ဟု ပြောလိုက်သည်။ သူမ ဤသို့ပြောသည်ကို ကြားပြီးနောက် ကျွန်တော်က “သူတို့က ကျွန်တော်တို့ ဘဝတွေကို တကယ်တာဝန်ယူ တယ်ဆိုရင်၊ သူတို့က ကျွန်တော်တို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကိုလေ့လာဖို့နဲ့ သခင့်ပြန်ကြွခြင်းကို ကြိုဆိုဖို့ ဦးဆောင်သင့်တယ်။” ဟု ပြတ်သားစွာ ပြောလိုက်သည်။ ထို့နောက် ကျွန်တော့်ဇနီးက “သူတို့က ဒါကို ကျွန်မတို့အတွက် လုပ်နေတာ မဟုတ်ဘူး။ ကျွန်မတို့အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြရင် သူတို့မှာ သူတို့ကို နားထောင်မဲ့သူ တစ်ယောက်မှ မရှိတော့မှာကို ကြောက်လို့။” ဟု ဘွင်းဘွင်းပြော လိုက်လေသည်။ ဤအရာကို ကြားပြီးနောက် ကျွန်တော့် မရီးက အတော်အတန် စိတ်တိုလာပြီး “နင်တို့နှစ်ယောက်လုံး ဘယ်လိုလုပ်ပြီး ဒါမျိုးတွေ ပြောနိုင်ရတာလဲ။ သူတို့က နင်တို့ကိုတခြားဘာမှ လုပ်ခိုင်းခဲ့တာ မဟုတ်ဘူး။ သူတို့က နင်တို့ကို အသင်းတော်ကို ပြန်လာစေချင်တာပဲ မဟုတ်ဘူးလား။ ငါ့ကို နားထောင်စမ်း။ ငါတို့မိသားစုနှစ်စုက ဒီလောက်ရင်းနှီးကြတဲ့အချိန်မှာ ငါက နင်တို့ကို ဘေးဖြစ်စေဖို့ ရည်ရွယ်နိုင်တယ်လို့ နင်တို့ထင်လား။” ဟု ပြောလေသည်။ ကျွန်တော့် အစ်ကို၏ ဇနီးက ဆက်ပြောခဲ့သည်။ “ငါနင်တို့ကို ဒီနှစ်တွေအတွင်းမှာ ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကို တွေးကြည့်စမ်းပါ။ ငါ့တို့ နင်တို့အတွက် ဘယ်လောက် လုပ်ခဲ့တယ် ဆိုတာ နင်တို့ သိရဲ့လား။ နင်တို့က ငါတို့နဲ့ ခွဲထွက်ဖို့ တကယ့်ကို လုပ်ရက်တယ်ပေါ့။ နင်တို့ အပြစ်ရှိတယ်လို့ မခံစားရဘူးလား။” သူတို့နှစ်ယောက် ဤအရာများ ပြောသည်ကို ကြားပြီးနောက်၊ ကျွန်တော် အလွန် စိတ်ညစ်သွားပြီး၊ “သူတို့က ငါတို့ကို တကယ့်ကို အများကြီး ကူညီခဲ့တယ်၊ ပြီးတော့ အခု ငါတို့က အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ဖို့ ခိုင်ခိုင်မာမာပြောတာကို သူတို့တွေ့ တယ်။ သေချာပေါက်ကို သူတို့က နက်နက်နဲနဲ နာကျင်တယ်၊ ဒါပေမဲ့ ဘာများလုပ်နိုင်မှာလဲ။ စစ်မှန်တဲ့ လမ်းခရီးကို စွန့်ပစ်ပြီး၊ ဘုရားသခင် ကို သစ္စာဖောက်ဖို့ သူတို့က ငါတို့ကို ခိုင်းနိုင်ပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ ငါသိတဲ့အတွက် ငါက အဲဒါကို မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းကို ခိုင်ခိုင်မာမာပြောနေရင်၊ သူတို့က ငါ့ကို ဘာတွေးမလဲ။ သူတို့က ငါ့ကို ကျေးဇူးကန်းတယ်လို့ ပြောမ လား။” ဟု မိမိဘာသာ တွေးမိသည်။ ထို့နောက်တွင်ပင် ကျွန်တော် စိတ်ညစ်သွားသည်မှာ ကျွန်တော့် နှလုံးသားက ဟိုဖက်ဒီဖက် အပြိုင်အဆွဲခံနေရသကဲ့သို့ပင် ဖြစ်သည်။ ကျွန်တော်က ဘုရားသခင် ကို ကျွန်တော့်ကို ထွက်ပေါက်တစ်ခုပေးဖို့ တောင်းလျှောက်ရင်း၊ တိတ်ဆိတ်စွာဖြင့် ဆုတောင်းခဲ့သည်။ ရုတ်တရက်ဆိုသကဲ့သို့ပင် ကျွန်တော်က ဤဘုရားနှုတ်ကပတ်တော်များအကြောင်း တွေးမိ သည်။ “လူတွေအပေါ်မှာ ဖြစ်ပျက်သည့် အရာတိုင်းသည် သူ့အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာရပ်တည်ဖို့ ဘုရားသခင် အလိုရှိတဲ့ အချိန်ပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ထို့နောက် ယခင်ရက် အနည်းငယ်က အစ်မဇန်နှင့် အစ်မမူတို့က ကျွန်တော့်ကို မိတ်သဟာယပြုခဲ့သည့် စကားများကို ပြန်ပြောင်းတွေးခဲ့သည်။ အစ်ကိုတို့ကို ဖြစ်နေသမျှ အရာအားလုံးက ဝိညာဉ်ရေးရာ လောကမှာ ဖြစ်နေတဲ့ တိုက်ပွဲတစ်ခုနဲ့ ဆက်စပ်နေတယ်၊ ပြီးတော့ အဲဒါဟာ စာတန်က ဘုရားသခင်နဲ့ လောင်းကစား လုပ်နေတာဖြစ်တယ်။ ကျွန်တော်က “ဒီနေ့ ငါက ဘုရားသခင်ကို သစ္စာဖောက်ဖို့နဲ့ ဘာသာတရားထဲကို ပြန်သွားဖို့ တိုက်တွန်းရအောင် ငါတို့ရဲ့ သွေးသားတော်စပ်မှုကို အသုံးပြုဖို့ ငါ့မိန်းမရဲ့ အစ်ကိုနဲ့ ငါ့မရီးတို့က ကြိုးစားနေတယ်၊ ဒါပေမဲ့ ဒါဟာ စာတန်ရဲ့ လှည့်စားမှုတွေထဲက တစ်ခုပဲ။ ငါက ငါ့ကိုယ်ပိုင် ခံစားချက်တွေကို ကာကွယ်ဖို့ ဘုရားသခင် ကို သစ္စာဖောက်မယ်ဆိုရင်၊ အဲဒါဟာ တကယ့်ကို ကျေးဇူးကန်းတာ ဖြစ်ပြီး၊ ငါက အသိစိတ်မရှိဘူးဆိုတာ ပြတာပဲ ဖြစ်မှာ။ ငါက ငါ့ယောက်ဖကို စိတ်မပျက်စေချင်ရင်၊ သူတို့လည်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရဖို့ အခွင့်အလမ်းတစ်ခု ရရှိဖို့၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို သူတို့နဲ့ ဝေငှသင့်တယ်။ ဒါက ငါပိုင်ဆိုင်သင့်တဲ့ သနားကရုဏာကို ပြဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။” ဟု တွေးနေခဲ့သည်။ ဤအရာကို ကျွန်တော်တွေးရင်း ကျွန်တော့် စိတ်နှလုံးက အလင်းဖြင့် ရုတ်တရက် ပြည့်နှက်လာကာ၊ ကျွန်တော်က “အစ်ကို၊ မရီး၊ အစ်ကိုတို့နှစ်ယောက်က ကျွန်တော့်ကို ကောင်းခဲ့မှန်း ကျွန်တော် သိပါတယ်၊ ပြီးတော့ ဒါကြောင့်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု အမှန်တကယ် ဖြစ်တယ်ဆိုတာကို ကျွန်တော်က အစ်ကိုတို့ကို ပြောဖို့ လိုတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်နောက်ကို လိုက်ခြင်းဖြင့်သာ ကျွန်တော်တို့က ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရလိမ့်မယ်။ မဟုတ်ရင်တော့ ဒီနှစ်တွေအားလုံးမှာ သခင့်ကို ကျွန်တော်တို့ ယုံကြည်ခြင်းဟာ အချည်းနှီး ဖြစ်တော့မယ်၊ ပြီးတော့ ကျွန်တော်တို့ ဘာမှ ရမှာလည်း မဟုတ်ဘူး။ ဒီမှာ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို အစ်ကို တို့ကို ဖတ်ပြပါရစေ၊ အဲဒါကို ကြားပြီးနောက်မှာ ဒီနှုတ်ကပတ်တော်တွေက သမ္မာတရား ဟုတ်မဟုတ် ဆိုတာနဲ့ အဲဒါတွေဟာ ဘုရားသခင်ရဲ့ မိန့်မြွက်ချက်တွေ ဟုတ်မဟုတ်ကို အစ်ကိုတို့ သိလာလိမ့်မယ်။” ဟု ပြောခဲ့သည်။ ကျွန်တော်က ကျွန်တော့်၏ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ကောက်ကိုင်လိုက်ပြီး၊ ထိုစာအုပ်မှ စတင်ဖတ်ရှုမည့်ဆဲဆဲတွင်ပင်၊ ကျွန်တော့် မရီးက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး “ငါတို့က ဒီနေ့ မင်းကို ဖျောင်းဖျဖို့ ကြိုးစားရအောင် ဒီကိုလာခဲ့တာ၊ ဒါပေမဲ့ မင်းတို့စိတ်တွေကို ပြောင်းမဲ့အစား၊ မင်းက ငါတို့ကို ဒီဧဝံဂေလိတောင် ဖြန့်ဝေဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ ငါတို့က မင်းကို နားထောင်မှာ မဟုတ်ဘူး” ဟု မပျော်ရွှင်စွာ ပြောခဲ့သည်။ ဤအရာကို ပြောပြီးနောက်၊ သူမက သူမ၏ ခင်ပွန်းလက်ကို ဆွဲကိုင်ကာ ဒေါနှင့်မောနှင့်ထွက်သွားခဲ့သည်။

ကျွန်တော် ဝင်ပေါက်သို့ ရောက်သည်အထိ သူတို့နောက် ခြံဝင်းထဲသို့ ကျွန်တော် လိုက်သွားခဲ့သော်လည်း သူတို့က အဝေးသို့ ရောက်သွားနှင့်သည်ကို ကျွန်တော် မြင်လိုက်သည်။ ခိုကိုးရာမဲ့သည်ဟု ခံစားရလျက်၊ ထိုနေရာတွင် ကျွန်တော် ခေါင်းခါကာ မတ်တပ်ရပ် နေခဲ့သည်။ ထိုအချိန်တွင် ရာသီဥတုက ကြည်လင်သွားပြီး၊ နွေးထွေး သည့် အလင်းရောင်က ခြံဝင်းပြင်ပမှ ထင်းရှုးပင်တစ်ခုပေါ်သို့ ကျနေသည်ကို ကျွန်တော်တွေ့လိုက်သည်။ ထင်းရှုးပင်ပေါ်တွင် စုပုံနေခဲ့သည့် နှင်းများက စအရည်ပျော်လာသည်မှာ ထိုအခိုက် အတန့်တွင် သစ်ပင်က ဗိတ္တိဇံခံနေသကဲ့သို့ပင် ဖြစ်သည်။ နှင်းဖုံး နေသည့် မြေကြီးနှင့် မတူကွဲပြားသည်မှာ၊ ဖြောင့်မတ်ပြီး ရှည်လျား သည့် သစ်ပင်သည် အထူးသဖြင့် စိမ်းလန်းစိုပြည်နေသည့် ပုံပေါက် လေသည်။ ကျွန်တော်က အလွန်ပျော်ရွှင်လှသည်မှာ ထင်းရှုးပင် ကဲ့သို့ပင်၊ ကျွန်တော်သည်လည်း လေနှင့် နှင်းတို့၏ ဗိတ္တိဇံကို တွေ့ကြုံခံစားရသကဲ့သို့ ဖြစ်ပြီး၊ နေရောင်ခြည်၏ အာဟာရဓာတ်မှ ကြီးထွားလာသကဲ့သို့ပင် ဖြစ်သည်။ ဤတင်းကျပ်သည့် ဝန်းရံမှုကို ထိုးဖောက်ထွက်ပြီး၊ သူ့အတွက် သက်သေရပ်တည်ရန် ကျွန်တော့်ကို ဦးဆောင်ခဲ့သူမှာ ဘုရားနှုတ်ကပတ်တော်များဖြစ်သည်ကို ကျွန်တော် သိခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါ သည်။

နောက်တစ်ခုသို့- တိုက်ပွဲတစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျော့ကွင်းကိုဖြတ်၍ကျွန်မကို လမ်းပြသည်

တီရန်နာ၊ ဟောင်ကောင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဆောင်းပါး “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” ကို...

ကောလာဟလသမားများကို ရှောင်ရှားခြင်း

၂၀၁၆ အောက်တိုဘာမှာ ကျွန်တော်က အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်တယ်။ နောက်တော့ တရုတ်အသင်းတော်တစ်ခုမှာ သခင်ယေရှုရဲ့နာမနဲ့ နှစ်ခြင်းခံပါတယ်။...

သင်းအုပ်ဆရာ၏ ဆိုးယုတ်မှုကို ရိပ်စားမိခြင်း

ရှောင်ချီ မြန်မာနိုင်ငံ စက်တင်ဘာ ၂၀၂၀မှာ အွန်လိုင်းမှာ အစ်မတစ်ယောက်နဲ့ ကျွန်တော် တွေ့ခဲ့ပါတယ်။ သူကပြောတယ်။ သခင်ယေရှုက အနန္တတန်ခိုးရှင်...

ဘုရားသခင်၏ နိုင်ငံတော်သို့ လမ်းကြောင်းသည် အစဉ်ချောမွေ့နေခြင်း မရှိပါ

ဆန်းဖန် အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုကနေ မွေးပြီး ကျွန်တော့်မိဘတွေနောက်ကိုလိုက်ပြီး သခင့်ကို ယုံကြည်ခဲ့ပါတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။