ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း နှစ်)

04.09.2019

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု

ညီအစ်မလီက နားထောင်ပြီးနောက် ပြုံးလိုက်ပြီး- “ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ၊ အလွန်အရေးပါတဲ့မေးခွန်းကို ရှင်မေးလိုက်တာပဲ။ ကျွန်မတို့ဟာ ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာနိုင်၊ ဖြစ်မလာနိုင်ဆိုတာက ကျွန်မတို့ရဲ့ ကိုယ်ပိုင်အဆုံးသတ်တွေနဲ့ ခရီးဆုံးပန်းတိုင်တွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်၊ ပြီးတော့ ဒီမေးခွန်းအပေါ် မိတ်သဟာယပြုဖို့ သိပ်လိုအပ်တာပေါ့။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုက ဒီမေးခွန်းနဲ့ နှီးနွှယ်ပတ်သက်နေတဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေကို ကျွန်မတို့ဆီ ထုတ်ဖော်ပြခဲ့ပြီးပါပြီ။ ပထမဦးဆုံး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်အချို့ကို ဖတ်လိုက်ရအောင်။” ဟု ပြောလိုက်သည်။ သူမစကားပြောပြီးနောက်တွင် ညီအစ်မလီက ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ဖွင့်လိုက်ပြီး စတင်ဖတ်ရှုလိုက်သည်- “ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ညီအစ်မလီက မိတ်သဟာယပြုပေးခဲ့သည်မှာ- “ကျွန်မတို့ဟာ ဘုရားသခင်ရဲ့အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာချင်တယ်ဆိုရင် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအလုပ်ကို ကျွန်မတို့ အရင်ဆုံး လက်ခံရမယ်ဆိုတာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပါတယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့တယ်၊ ဒါမှ သခင့်ကို ကျွန်မတို့ ယုံကြည်တဲ့နောက်မှာ ကျွန်မတို့ အပြစ်လုပ်မိရင် သခင့်ကို ကျွန်မတို့ ဆုတောင်းဖို့ပဲလိုပြီး ကျွန်မတို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရမှာဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့ ငြင်းလို့မရတဲ့အရာကတော့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့သဘာဝဟာ ကျွန်မတို့ရဲ့ အတွင်းထဲမှာ အမြစ်တွယ်နေသေးတဲ့အတွက် ကျွန်မတို့ဟာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုယ်သာ အရေးထားခြင်း၊ မရိုးဖြောင့်ခြင်း၊ ကောက်ကျစ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ ဆိုးယုတ်ခြင်း နဲ့ လောဘတို့လို ဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို မကြာခဏ ဖော်ထုတ်ကြတယ်၊ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်နိုင်ကြဘူး၊ ပြီးရင် ဆန္ဒအလျောက်မဟုတ်ဘဲ ဆက်ပြီးတော့ အပြစ်ပြုမိကြပြီး ဘုရားသခင်ကို အာခံတတ်ကြတယ်ဆိုတာပါပဲ။ အပြစ်ထဲမှာ၊ ဆိုးယုတ်တဲ့သဘာဝရဲ့ ချည်နှောင်မှုထဲမှာ အသက်ရှင်နေကြတဲ့ ကျွန်မတို့လိုလူတွေအတွက် ကျွန်မတို့ရဲ့ အပြစ်တွေကို အကြိမ်ပေါင်း အထောင်အသောင်း ခွင့်လွှတ်ခံရရင်တောင် ကျွန်မတို့က စာတန်နဲ့သက်ဆိုင်နေဦးမှာပဲ၊ ပြီးတော့ ဘုရားသခင်ရဲ့ သဘောကျလက်ခံမှုကို ကျွန်မတို့မရနိုင်သလို၊ ကောင်းကင်နိုင်ငံကို မဝင်နိုင်ပါဘူး။ ကျွန်မတို့ဟာ စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ဖျက်ဆီးခြင်းခံရတယ်ဆိုတာ ဘုရားသခင်က သိပါတယ်၊ ဒါကြောင့် နောက်ဆုံးသောကာလမှာ သူဟာ တစ်ဖန် လူ့ဇာတိခံလာပြီး သခင်ယေရှု လုပ်ဆောင်ခဲ့တဲ့ ရွေးနုတ်ခြင်းအမှုအပေါ် အခြေပြုပြီးတော့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ပြီး ပြောင်းလဲဖို့အတွက် ဘုရားအိမ်တော်က အစပြုတဲ့ နောက်ထပ် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ သမ္မာတရားတွေကို ဖော်ပြပြီးဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက တရားစီရင်ခြင်းကို ကျွန်မတို့တွေ့ကြုံတဲ့အခါ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရတွေနဲ့ ဘုရားသခင်ကို ကျွန်မတို့ အာခံခြင်းရဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မြင်ကြရတယ်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး သန့်ရှင်းတဲ့ စိတ်နေသဘောထား၊ လူတွေကိုကယ်တင်ဖို့ ဘုရားသခင်ရဲ့ စိတ်ဆန္ဒ၊ သူ့ရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်းတို့နဲ့ဆိုင်တဲ့ မှန်ကန်တဲ့ အသိပညာအချို့ကို ကျွန်မတို့ ရကြတယ်၊ ကျွန်မတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့နှလုံးသားတွေကို ကျွန်မတို့ ထုတ်ဖော်ပြကြပြီး ကျွန်မတို့ ကိုယ်ကိုယ်ကိုယ် အမှန်တကယ်ကို စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြတယ်။ ဒါပြီးတဲ့နောက် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ကျွန်မတို့ ဖော်ထုတ်တဲ့အခါ ကျွန်မတို့ သတိရှိရှိနဲ့ ဇာတိရုပ်ပြနိုင်ကြပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်များနဲ့အညီ လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ဟာ ဘုရားသခင်ကို အရင်ထက် ပိုနာခံလာကြတယ်၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေဟာ လျော့ချခံရပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ အရင်ထက်ပိုပြီး လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို စဉ်ဆက်မပြတ် တွေ့ကြုံခြင်းအားဖြင့် ကျွန်မတို့ဟာ ဘုရားသခင်အတွက် စစ်မှန်တဲ့ နာခံခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖြစ်ပေါ်စေနိုင်ကြတယ်၊ အရာခပ်သိမ်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဆောင်ရွက်နိုင်ပြီး သမ္မာတရားကို မှီအောင်လိုက်နိုင်ကြတယ်၊ အဲဒါက ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်းနဲ့ သမ္မာတရားကို မှီအောင်လိုက်ခြင်းအားဖြင့်ပဲ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်တဲ့လူတွေ ဖြစ်လာနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဘုရားသခင်ရဲ့ ချီဆောင်ခြင်း ခံရမှာဖြစ်ပါတယ်။”

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညီအစ်မလီ၏ မိတ်သဟာယတို့ကို ကြားပြီးနောက်တွင် များစွာ ပိုမိုသိမြင်လာသည်ဟု ကျွန်မခံစားရသည်။ မှန်ပါသည်၊ ဘုရားသခင်၏ စိတ်နေသဘောထားမှာ ဖြောင့်မတ်ပြီး သန့်ရှင်းပါသည်၊ ကျွန်မတို့မှာ အပြစ်ထဲတွင် အသက်ရှင်ပြီး ဆန္ဒအလျောက်မဟုတ်ဘဲ အပြစ်ပြုပြီး ဘုရားသခင်ကို အာခံနိုင်ကြသေးသည်။ ကျွန်မတို့သည် ခမည်းတော်၏ အလိုတော်ကို ဆောင်သောလူများ လုံးဝ မဟုတ်ပါ၊ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ရန် ကျွန်မတို့သည် မည်ကဲ့သို့ အရည်အချင်းပြည့်မီနိုင်ကြမည်နည်း။ ကျွန်မတို့အနေဖြင့် အပြစ်၏ချည်နှောင်ခြင်းမှ လွတ်မြောက်ဖို့၊ သန့်စင်ခံရဖို့နှင့် ဘုရားသခင်အားဖြင့် အပြည့်အဝ ကယ်တင်ခံရဖို့ရန် နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လက်ခံရန် အမှန်လိုအပ်သည်ဟု ကျွန်မအဖို့ ထင်ရသည်။ သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် ဦးဆောင်လမ်းပြခြင်းတို့အတွက် သခင့်ကို ကျေးဇူးတင်ပါ၏။ ထိုနေ့က ကျွန်မ၏ ညီအစ်မောင်နှမများ၏ မိတ်သဟာယမှတဆင့် ကျွန်မကို အချိန်အလွန်ကြာမြင့်စွာ မရှင်းမလင်းဖြစ်စေခဲ့သည့် မေးခွန်းကို ချက်ချင်းနီးပါး ကျွန်မနားလည်ခဲ့ပါသည်။ ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသည့် ဘုရားသခင်သာ ဖွင့်နိုင်သော တံဆိပ်ခုနှစ်ခုနှင့် စာစောင်ကို ကျွန်မအမှတ်ရမိသည်။ သခင်သာ ပြန်မကြွလာခဲ့လျှင် ထိုသို့သော နက်နဲရာများကို အခြားမည်သူတို့က ရှင်းပြနိုင်မည်နည်း။ ယခင်က သူ့၏ပြန်အလာကို တည်ကြည်စွာ စောင့်မျှော်သည် ပညာသတိရှိသောသတို့သမီးများထဲမှ တစ်ဦးဖြစ်ဖို့ သခင့်ဆီ ကျွန်မ ဆုတောင်းခဲ့သည်၊ သို့သော် ပြန်ကြွလာသည့်သခင်ကို အမှန်တကယ် ကြိုဆိုလက်ခံနိုင်လိမ့်မည်ဟု လုံးဝစိတ်မကူးဝံ့ခဲ့ပါကလား။ ကျွန်မ ပို၍တွေးလေ၊ ကျွန်မ၏စိတ်နှလုံး ပို၍ကြည်လင်ရွှင်ပြလာလေ ဖြစ်သည်။ ကျွန်မအဖို့ ဤအရာအားလုံးမှာ သခင်၏ ကောင်းမြတ်သော စေတနာများ ဖွဲ့စည်းပါဝင်နေပုံရသည်၊ ထို့ကြောင့် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏အမှုကို ဝီရိယရှိရှိ လေ့လာဆန်းစစ်ရန် ကျွန်မဆုံးဖြတ်ခဲ့သည်။ ကျွန်မမပြန်မီတွင် ညီအစ်ကိုကျန်းက “သိုးသငယ် ဖွင့်သည့် စာစောင်” ဟူသည့် စာအုပ်တစ်အုပ်ကို ပေးခဲ့ရာ ကျွန်မ ပျော်ရွှင်စွာ လက်ခံခဲ့ပါသည်။

နောက်ဆုံးသောကာလ ဘုရားသခင်၏အမှုကို လက်ခံခြင်းက ကျွန်မနှလုံးသားကို အနှိုင်းမရှိသော ချိုမြိန်မှုပေးသည်

နောက်ပိုင်းကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်၏ ဧဝံဂေလိရုပ်ရှင်များနှင့် ဓမ္မသီချင်းဗွီဒီယိုများကို ကြည့်ရှုခြင်း၊ သူတို့၏ ဓမ္မသီချင်းအယ်လ်ဘမ်များကို နားထောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းတို့မှတဆင့် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် စပ်လျဉ်းသည့် သမ္မာတရားရှုထောင့်များ၊ ဘုရားနာမတော်၏ နက်နဲမှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ကျွန်မတို့ အချိန်အလွန်ကြာရှည်စွာ စောင့်မျှော်ခဲ့ကြသည့် သခင်ယေရှုဖြစ်သည်ဟု ကျွန်မကို သေချာစေခဲ့သော အခြားအရာတို့ကိုပါ ကျွန်မ နားလည်လာခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ကျွန်မ ဖတ်ရသည်မှာ- “အနန္တတန်ခိုးရှင်၏ အသက်ထောက်မခြင်းထံမှ လမ်းလွဲပြီး သောအခါ လူသားတို့သည် ဘဝရည်ရွယ်ချက်ကို မသိနားမလည်ကြ သော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့၌ အကူအညီ သို့မဟုတ် စောင့်မမှုကင်းမဲ့ကြသော်လည်း မိမိတို့၏မျက်လုံးများကို မှိတ်ရန်ဝန်လေးနေကြဆဲဖြစ်၍ ဤလောကကြီးထဲ၌ ယုတ်ညံ့သောဘဝကို အချိန်ဆွဲရန် မိမိတို့ ကိုယ်ကို စိတ်တင်းထားကြ၏၊ မိမိတို့ကိုယ်တိုင်၏ စိတ်ဝိညာဉ်များ အကြောင်း မသိသည့် လူစဉ်မမီသောသူများပေတည်း။ သင်သည် မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာဖြင့် အခြားသူများနည်းတူ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက်နေကာ သူ၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ယခုအချိန်အထိ အသိဉာဏ်မရှိသောလူများ၌ ယင်းကဲ့သို့ယုံကြည်မှုမျိုး ဖြစ်မြောက်ဖူးခြင်းမရှိပေ။ မည်သို့ပင် ဆိုစေကာမူ လူတို့သည် ၎င်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။ အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းမေတ္တာကို ကျွန်မခံစားခဲ့ရသည်။ ဘုရားသခင်သည် အပြစ်ထဲတွင် အသက်ရှင်သော ကျွန်မတို့အတွက် အစဉ်အမြဲ ပူပန်ခဲ့ပြီး သူ၏အသံတော်ကို ကျွန်မတို့ကြားနိုင်ပြီး သူ၏ ကယ်တင်ခြင်းကို ကျွန်မတို့လက်ခံနိုင်ဖို့ ဘုရားသခင် မျှော်လင့်ပါသည်။ ကျွန်မ၏ အကြီးမားဆုံး စိတ်ရှုပ်ထွေးမှုကာလတွင် ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားကို ကျွန်မဆီဟောပြောဖို့အပြင်၊ ကျွန်မသည် ဘုရားသခင်၏ရှေ့မှောက်လာပြီး ဘုရားသခင်၏ အသစ်သောအမှုကို အမှီလိုက်ဖို့ အခွင့်အရေးရရှိရန်အလို့ငှာ များစွာသော သမ္မာတရားရှုထောင့်များနှင့်ပတ်သက်ပြီး ကျွန်မနှင့် စိတ်ရှည်လက်ရှည် မိတ်သဟာယပြုပေးဖို့ ဘုရားသခင်က ညီအစ်ကိုကျန်းနှင့် ညီအစ်မလီတို့ကို အံ့သြဖွယ်ရာ စီစဉ်ညွှန်ကြားပြီး စီမံပေးခဲ့ပုံကို ကျွန်မ အမှတ်ရမိသည်။ ဤသည်မှာ အမှန်တကယ်ပင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကယ်တင်ခြင်းပေတည်း။ အထူးသဖြင့် “ဘုရား၏ စစ်မှန်သော မေတ္တာ” ဟု ခေါ်သည့် အသင်းတော်ဓမ္မသီချင်းကို ကျွန်မကြားသည့်အခါ သီချင်းစာသားတစ်ကြောင်းစီမှာ ကျွန်မ၏ သဘောသွားဖြစ်သည့်အပြင် ကျွန်မ၏ ကိုယ်ပိုင် တကယ့်အတွေ့အကြုံဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျွန်မကို ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးပါ၏။ ကျွန်မ၏ စစ်မှန်သောအိမ်ကို နောက်ဆုံး၌ ကျွန်မရှာတွေ့ခဲ့လေပြီ။

ဘုရားသခင်၏ နှုတ်ကပတ်တော်က ဘုရားသခင်ကို ယုံကြည်မှုအပေါ် ကျွန်မ၏ လွဲမှားသောအမြင်များကို ပြောင်းလဲစေသည်

တစ်နေ့၌ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ထဲတွင် ယောဘ၏ အတွေ့အကြုံအပေါ် ဘုရားသခင် မိတ်သဟာယပြုသည်ကို ကျွန်မဖတ်ရသည်၊ ထို့နောက်တွင်မှ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကိုရှောင်သည့် ယောဘကဲ့သို့သော လူတို့ကို ဘုရားသခင် သဘောကျလက်ခံကြောင်း ကျွန်မနားလည်ခဲ့သည်။ သူကြုံတွေ့ခဲ့ရသည့် စမ်းသပ်မှုများအတောအတွင်း သူ၏ ချမ်းသာကြွယ်ဝမှုမှာ ချွတ်ခြုံကျသွားပြီး သူ၏သားသမီးများ သေဆုံးကြသည်၊ သူသည် မချိတင်ကဲဝေဒနာ ခံစားရသော်လည်း ဘုရားသခင်ကို သူ လုံးဝ စောဒကမတက်ခဲ့ပါ၊ ယင်းအစား- “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘဝတ္တု ၁:၂၀-၂၁) ဟုသာ ဆိုခဲ့သည်။ သူ၏တစ်ကိုယ်လုံးအနှံ့ အနာစိမ်းများပေါက်လျက် စမ်းသပ်မှုများကို တစ်ဖန် ယောဘရင်ဆိုင်ရသည့်အခါ သူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျက် ညည်းညူသည်ထက် မိမိကိုယ်ကိုယ် ကျိန်ဆဲခဲ့သည်။ ဤအရာမှ ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် နာခံမှုတို့မှာ စစ်မှန်ခဲ့ကြောင်း ကျွန်မမြင်နိုင်သည်။ ဘုရားသခင် ပေးသည်ဖြစ်စေ၊ ယူသွားသည်ဖြစ်စေ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများကို ယောဘနာခံနိုင်ခဲ့ပြီး သူ၏ ယုံကြည်ခြင်းက စုံစမ်းစစ်ဆေးခြင်းကို ခံရပ်ခဲ့သည်။

ထိုဆောင်းပါးထဲတွင် အခြားသော ဘုရားသခင်၏နှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ကျွန်မဖတ်ခဲ့ရပါသည်- “တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။...ယောဘနှင့် နှိုင်းယှဉ်ပါက၊ သင်တို့၏ ယုံကြည်ခြင်းသည် ဖော်ပြရန်ပင် မထိုက်တန်ပေ။ သင်တို့သည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြ၏၊ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြ၊ ဘုရားသခင်အား သင်တို့ သက်သေခံချက်တွင် မြဲမြံစွာ ရပ်တည်နိုင်စွမ်း မရှိကြသကဲ့သို့၊ စာတန်၏ တိုက်ခိုက်မှုများ၊ စွပ်စွဲချက်များနှင့် စုံစမ်းနှောင့်ယှက်မှုများကို သင်တို့ မအောင်မြင်နိုင်ကြပေ။ ဘုရားသခင်၏ ကတိများကို ရရှိရန် မည်သည့်အရာက သင်တို့ကို အရည်အချင်းပြည့်မီစေသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက ယောဘ၏ အတွေ့အကြုံနှင့် ထုတ်ဖော်ပြခြင်းတို့ကို မြင်ရသည့်အခါ ကျွန်မအလွန်ရှက်ရွံ့မိပါသည်။ ဘုရားသခင်ကို ကျွန်မယုံကြည်ခဲ့စဉ်က ကျွန်မ အသုံးတော်ခံခဲ့ပြီး အဖိုးအခပေးခဲ့သော်လည်း ယင်းတို့မှာ ကျွန်မ၏ ကိုယ်ပိုင် တစ်ကိုယ်ရည် ညစ်ညူးစေသောအရာများနှင့် ပြည့်နေခဲ့သည်။ ကျွန်မ ရှာဖွေလိုက်စားခဲ့သည့်အရာမှာ မိမိကိုယ်တိုင်အတွက် ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်ကို ရရှိဖို့ရန်ဖြစ်ခဲ့ပြီး၊ ကျွန်မလုပ်ဆောင်ခဲ့သည့်အရာ၏ အနှစ်သာရမှာ ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းဖြစ်သည်။ ဘုရားသခင်က ကျွန်မကို ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသည့်အချိန်တွင် ကျွန်မသည် ဧဝံဂေလိတရားကို တက်ကြွစွာ ဟောပြောခဲ့ပြီး သူ့အတွက် စိတ်အားထက်သန်စွာ အသုံးတော်ခံခဲ့သည်။ သို့သော် ကျွန်မ၏ကုမ္ပဏီက ဒေဝါလီခံရခြင်းကို ရင်ဆိုင်ရပြီး အလွန်အမင်း အကြွေးတင်နေသောအခါ ကျွန်မကို မကွယ်ကာပေးခြင်းအတွက် ဘုရားသခင်ကို ကျွန်မ ဆန့်ကျင်ညည်းညူပြီး၊ ထို့နောက်တွင် ဘုရားသခင့်အပေါ် ကျွန်မ၏ယုံကြည်မှု ပျောက်ဆုံးကာ၊ သူ့အတွက် အသုံးတော်ခံဖို့ မတက်ကြွခဲ့တော့ပေ။ ယခုတွင်မူ ဤနည်းဖြင့် အသုံးတော်ခံခြင်းနှင့် အဖိုးအခပေးခြင်းတို့ကို ဘုရားသခင် လက်မခံသလို အပြင်ပန်းအရ ကျွန်မ မည်မျှပင် လုပ်ဆောင်ပါလေ့စေ၊ ထိုအရာအားလုံးကို ကျွန်မ၏ တစ်ကိုယ်ရေ အကျိုးများအတွက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို နောက်ဆုံးတွင် ကျွန်မ ရှင်းရှင်းလင်းလင်း မြင်တွေ့သွားခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ခဲ့သောသူတစ်ဦးအဖြစ် ကျွန်မ အခေါ်ခံရနိုင်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ရန်ပင် ကျွန်မ လုံးဝမလုပ်ဆောင်ခဲ့ပါ။ ဤအရာများကို ကျွန်မ နားလည်သဘောပေါက်သည့်အချိန်တွင် ဘုရားသခင်ကို ကျွန်မ အလွန်များစွာ အကြွေးတင်သည်ဟု ခံစားခဲ့ရသည်၊ ထို့ကြောင့် ကျွန်မသည် အလျင်အမြန်ပင်- “ဘုရားသခင်၊ အရင်က ကျွန်မရဲ့ဝမ်းကို အစာဖြည့်ဖို့ ရှာခဲ့တဲ့အတွက်ကြောင့်သာ ကိုယ်တော့်ကို ကျွန်မယုံကြည်ခဲ့တယ်။ ကိုယ်တော့်ထံကနေ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ညှစ်ယူဖို့ ကျွန်မ ကြိုးစားနေခဲ့မိတယ်၊ ပြီးတော့ ကျွန်မလုပ်ဆောင်အသုံးတော်ခံခဲ့တဲ့ အချိန်မှာတောင် အဲဒါက ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကနေ ယုံကြည်မှုအပေါ် ကျွန်မရဲ့အမြင်တွေ လွဲမှားတယ်ဆိုတာ ကျွန်မမြင်ပါပြီ။ ကိုယ်တော့်ထံ နောင်တရဖို့ ကျွန်မဆန္ဒရှိပါတယ်၊ ကျွန်မအနေနဲ့ ကိုယ်တော်ကို အမှန်တကယ် ကြောက်ရွံ့ပြီး နာခံတဲ့သူတစ်ဦး ဖြစ်လာနိုင်ဖို့ ရှေ့လျှောက်လမ်းမထက်မှာ ကိုယ်တော်ရဲ့ လမ်းပြမှုကို ကျွန်မတောင်းလျှောက်ပါတယ်” ဟု ဘုရားသခင်ထံ ဆုတောင်းလိုက်ပါသည်။

စမ်းသပ်မှုများ လာသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်က အနန္တတန်ခိုးရှိသည်

နောက်များမကြာမီတွင် ကျွန်မထံသို့လည်း စမ်းသပ်မှုတစ်ခု ရောက်လာခဲ့သည်။ ပထမဆုံး ကျွန်မအလုပ်ကို ကျွန်မဆုံးရှုံးခဲ့ရသည်၊ ယင်းနောက် ကျွန်မအမျိုးသား၏မျက်စိမှာ ကောင်းနေရာမှ ရုတ်တရက်ရပ်ဆိုင်းသွားခဲ့သည်။ သူက ချက်ချင်း ခွဲစိတ်ကုသမှု လိုအပ်ခဲ့သည်။ အစတွင် ဤအရာများ ကျွန်မအပေါ် အဘယ်ကြောင့် ဤမျှရုတ်တရက် ဖြစ်ပျက်ခဲ့သည်ကို ကျွန်မဇဝေဇဝါဖြစ်ခဲ့သည်။ “ဘယ်လိုဖြစ်ပြီး နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံပြီးတဲ့နောက်မှာပဲ ဒီကံအကြောင်းမလှတဲ့အရာတွေ ငါ့ဆီ ဖြစ်နိုင်ရတာလဲ။ ဘာဖြစ်နေတာလဲ” ဟု ကျွန်မတွေးခဲ့သည်။ ကျွန်မ၏စိတ်က တဒင်္ဂအတွင်း ငေးကြောင်ကြောင်ဖြစ်ခဲ့ပြီး ဘုရားသခင်ထံ ဆုတောင်းကာ ကျွန်မ၏ အမျိုးသားကို ကွယ်ကာပေးရန် သူ့ကိုတောင်းလျှောက်ခြင်းမှလွဲ၍ ကျွန်မ ဘာမျှမတတ်နိုင်ခဲ့ပါ။ သို့သော် ကျွန်မ ဆုတောင်းပြီးသည့်နောက် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်မသတိရခဲ့သည်- “အကယ်၍ ၎င်းတို့သည် အကယ်တင်ခံရရန် ဆန္ဒရှိကြပြီး ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံလိုပါက၊ ဘုရားသခင် နောက်လိုက်သောသူ အားလုံးသည် စာတန်ထံမှ စုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများကို အကြီး အသေးနှစ်ခုလုံး ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤစုံစမ်းနှောင့်ယှက်ခြင်းများနှင့် တိုက်ခိုက်မှုများမှ လွတ်ပေါ်လာသော သူများနှင့် စာတန်ကို အပြည့်အဝ ရှုံးနိမ့်စေနိုင်သောသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဤအခြေအနေများက တိုက်ဆိုင်မှုတစ်ခု လုံးဝမဟုတ်ခဲ့သည်ကို ထို့အခါမှ ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ဤသည်မှာ ဝိညာဉ်ရေးရာစစ်ပွဲတစ်ခုဖြစ်ပြီး သက်သေခံဖို့ ဘုရားသခင်တောင်းဆိုခဲ့သည့် အခိုက်အတန့်ဖြစ်သည်။ ယောဘ၏ စမ်းသပ်မှုများအတောအတွင်း ကဲ့သို့ပင်၊ အပြင်ပန်းတွင် ဓါးပြများက သူ၏ကြွယ်ဝမှုကို ခိုးယူသွားခဲ့ပြီး ကပ်ဘေးက သူ့သားသမီးများ၏ အသက်များကို နုတ်ယူသွားခဲ့သည်ဟု ထင်ရသည့်အချိန်တွင် ယင်း၏နောက်ကွယ်၌ ထိုအရာမှာ ဘုရားသခင်နှင့် စာတန်တို့ကြားက အလောင်းအစားတစ်ခု ဖြစ်ခဲ့သည်။ စာတန်က ယောဘ၏ ဘုရားသခင်ကို ယုံကြည်ခြင်းအား ဖျက်ဆီးဖို့ရန် မျှော်လင့်လျက် ယောဘကို စုံစမ်းနှောင့်ယှက်ရန်နှင့် တိုက်ခိုက်ရန် ဤအရာများကို အသုံးပြုခဲ့သည်။ ဘုရားသခင်ကလည်း ယောဘ၏ယုံကြည်ခြင်းကို စုံစမ်းစစ်ဆေးရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ကြဉ်ခြင်းလမ်းကြောင်းကို သူထိန်းသိမ်းနိုင်သည်၊ မထိန်းသိမ်းနိုင်သည်ကို မြင်တွေ့ဖို့ရန် စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အသုံးပြုလိုခဲ့သည်။ ထိုအခိုက်အတန့်တွင် စာတန်က ကျွန်မကို ဤအရာများအပေါ် ဘုရားသခင်ကို အပြစ်တင်ရန်နှင့် နားလည်မှုလွဲစေရန်၊ သို့မဟုတ် ဘုရားသခင်ကို ကျွန်မ ငြင်းပယ်ဖို့အတွက်ပင် ကျွန်မကို နှောင့်ယှက်ဖို့ရန်နှင့် စုံစမ်းဖို့ရန် ကျွန်မ၏ အလုပ်ဆုံးရှုံးခြင်းနှင့် ကျွန်မအမျိုးသား၏ အနေအထားကို စာတန်က အသုံးချနေခဲ့လင့်ကစား၊ ဘုရားသခင်ကလည်း ကျွန်မကို စုံစမ်းစစ်ဆေးရန်နှင့် စမ်းသပ်မှုတစ်ခုအလယ်တွင် ကျွန်မ မည်သို့ရွေးချယ်လိမ့်မည်ကို မြင်တွေ့ဖို့ရန် ဤအရာများအား အသုံးပြုနေခြင်းဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ သူ၏ စမ်းသပ်မှုများအပေါ် ယောဘ၏သဘောထားကိုလည်း ကျွန်မ တွေးမိခဲ့သည်။ သူ၏အခြေအနေများက မည်သို့ဖြစ်ပါလေ့စေ၊ ဘုရားသခင်ကို သူ ဘယ်တော့မှ မငြင်းပယ်ခဲ့ပါ။ မည်သို့ပင်ဖြစ်စေ၊ သူသည် ဘုရားသခင်၏ နာမတော်ကို ဘုန်းထင်ရှားစေခဲ့သည်၊ နောက်ဆုံးတွင် ဘုရားသခင်အတွက် အခိုင်အမာ သူရပ်တည်ကာ သက်သေခံခဲ့ပြီး ဘုရားသခင်၏ သဘောကျလက်ခံမှုကို သူရရှိခဲ့သည်။ ဤအရာကို ကျွန်မတွေးသည့်အခါတွင် ကျွန်မသည် များစွာ ပိုမိုတည်ငြိမ်လာခဲ့ပြီး လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ကျွန်မရရှိခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ထံ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ အခု ကိုယ်တော်ရဲ့အလိုတော်ကို ကျွန်မနားလည်ပါပြီ၊ ဒါ့အပြင် ကျွန်မအမျိုးသားရဲ့ ခွဲစိတ်မှုကို ကိုယ်တော့်ထံ လုံးလုံးလျားလျား ကျွန်မအပ်နှံပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံမှုတွေကို ကျွန်မနာခံပါ့မယ်” ဟု ကျွန်မ ဆုတောင်းခဲ့ပါသည်။ ကျွန်မအမျိုးသား၏ခွဲစိတ်မှု အောင်မြင်သည်ကို တွေ့ရသည်မှာ ကျွန်မ အလွန်အံ့အားသင့်ခဲ့ရပါသည်။ ဆရာဝန်က တစ်လအနားယူပြီးနောက်တွင် သူ၏အမြင်အာရုံ ပြန်ကောင်းလိမ့်မည်ဟု ပြောခဲ့သည်။ ထိုသတင်းကို ကျွန်မ ကြားသည့်အချိန်တွင် ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ဘုရားသခင်ထံ တိတ်တဆိတ် ပူဇော်ခဲ့ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အသက်စမ်းရေထဲမှာ ကျွန်မ ပျော်မွေ့ခဲ့ပါပြီ

ကျွန်မတို့မိသားစုက သခင့်ကို ယုံကြည်လာတာ မျိုးဆက်သုံးခုအထိ ရှိပါပြီ။ ကျွန်မလည်း ကိုယ့်မိသားစုနဲ့အတူ ကလေးဘဝကတည်းက ဘုရားကျောင်း စတက်တယ်။...

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်)

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု- လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့်...

သုံးပါးတစ်ဆူ ပဟေဠိ ထုတ်ဖော်ပြခံရသည်

ဂျင်းမို၊ မလေးရှား၁၉၉၇ ခုနှစ်တွင် ကျွန်မ သခင်ယေရှု၏ ဧဝံဂေလိတရားကို လက်ခံဖို့ အခွင့်ရခဲ့ပြီး၊ ကျွန်မ နှစ်ခြင်းခံသည့်အချိန်တွင် သင်းအုပ်ဆရာက...

အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။