ကောလာဟလသမားများကို ရှောင်ရှားခြင်း

03.12.2020

၂၀၁၆ အောက်တိုဘာမှာ ကျွန်တော်က အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်တယ်။ နောက်တော့ တရုတ်အသင်းတော်တစ်ခုမှာ သခင်ယေရှုရဲ့နာမနဲ့ နှစ်ခြင်းခံပါတယ်။ ခရစ်ယာန်တစ်ယောက် ဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ အသင်းတော်မှာ တစ်နှစ်ကျော်ကြာလာတော့၊ ကျွန်တော်က ဆုတောင်းတာတွေ၊ ဓမ္မတေး ဆိုတာတွေပဲ လုပ်တတ်သေးတယ်။ ဘုရားနဲ့ပတ်သက်တဲ့ အသိ၊ ကျမ်းစာကို နားလည်တာတွေက အပေါ်ယံပဲရှိတယ်။ ကျွန်တော်လည်း စိတ်ပျက်မိတာပေါ့။ ဒါနဲ့ ကျွန်တော့်ဘာသာ ယူကျု့မှာ တရားတွေကို မကြာမကြာ ရှာကြည့်တယ်။ သခင့်အလိုတော်ကို နားလည်တတ်အောင်ပေါ့။

၂၀၁၈ မတ်လပိုင်း ရောက်တော့၊ နယူးယောက်မှာ ညီအစ်ကိုမောင်နှမတချို့နဲ့ ဆုံမိတယ်ဗျ။ သူတို့တွေနဲ့ စည်းဝေးပြီး မိတ်သဟာယလုပ်ရင်းနဲ့၊ ကျွန်တော် လုံးဝ မသိခဲ့တဲ့ သမ္မာတရားတွေ၊ နက်နဲမှုတွေ အများကြီး သိလိုက်ရတယ်။ ဥပမာ သမ္မာကျမ်းရဲ့နောက်ကွယ်က ဖြစ်စဉ်၊ လူ့ဇာတိခံယူခြင်းဆိုတာ ဘာလဲ၊ ကယ်တင်ခြင်းဆိုတာ ဘာလဲ၊ စစ်မှန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အယောင်ဆောင်တွေကြား၊ ဘုရားရဲ့အမှုတော်နဲ့ လူရဲ့လုပ်ဆောင်ချက်ကြား ခြားနားချက်တွေ၊ စသဖြင့်ပေါ့။ ကျွန်တော် မျက်စိပွင့်ခဲ့ရတယ်။ အများကြီး ရလိုက်တယ်။ အဲဒီ စည်းဝေးပွဲတွေကို တကယ် ကျေနပ်မိတာ။ စည်းဝေးပွဲတစ်ခုမှာ အစ်ကိုလျူဆိုတဲ့တစ်ယောက်က ကျမ်းစာထဲမှာ မပါတဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြတယ်ဗျ။ ကျွန်တော် တော်တော် အံ့သြသွားတာ။ ဘယ်သူ့နှုတ်ကပတ်တော်တွေလဲလို့ မေးတာပေါ့။ အဲဒါတွေက နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ မိန့်ဆိုချက်တွေလို့ သူက ပြောတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်” ဆိုတဲ့ နာမည်ကို ကြားတော့၊ ကျွန်တော် လန့်သွားတယ်။ သင်းအုပ်နဲ့ အကြီးအကဲတွေက ကျွန်တော်တို့ကို အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ မဆက်သွယ်ဖို့ ခဏခဏ သတိပေးထားတာလေ။ သူတို့က ယေရှုခရစ်တော်ကို မယုံကြည်ဘူး၊ လူတစ်ယောက်ကို ယုံကြည်တာလို့ ပြောကြတယ်။ ကျွန်တော်လည်း ဇဝေဇဝါဖြစ်ပြီး စိုးရိမ်လာတယ်။ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘူး။ အဲဒီနောက်ပိုင်း အစ်ကိုလျူ ပြောတာတွေကို နားထဲမဝင်တော့ဘူး။ ခွင့်တောင်းပြီး စည်းဝေးပွဲကနေ ပြန်လာလိုက်တယ်။

အိမ်ပြန်ရောက်တော့၊ အိပ်ရာထဲမှာ ဟိုလှည့်ဒီလှည့်နဲ့ အိပ်လို့မရဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဝင်တွေနဲ့ စည်းဝေးခဲ့တာတွေက ခေါင်းထဲ ပြန်ပြန်ရောက်လာတာကိုး။ သူတို့မိတ်သဟာယက တော်တော် အသိဉာဏ်ပွင့်တယ်၊ လက်တွေ့ကျတယ်။ ကျွန်တော့်အတွက် တော်တော် အကျိုးရှိတယ်။ ဒါပေမဲ့ အိပ်ရာထဲ လဲရင်း၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း သင်းအုပ်နဲ့ အကြီးအကဲတွေ ပြောတာတွေပဲ နားထဲ ပြန်ကြားနေတာ။ ကျွန်တော်လည်း စိတ်ညစ်သွားတယ်။ ဘယ်သူပြောတာ နားထောင်ရမှန်း မသိတော့ဘူး။ ဖုန်း ကောက်ကိုင်ပြီး၊ ကျွန်တော် အယုံကြည်ဆုံး ဝီကီပီးဒီးယား ဝက်ဘ်ဆိုက်ကို ဖွင့်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း ဘာတွေ ရေးထားလဲပေါ့။ ဝီကီပီးဒီးယားမှာ ဖတ်ကြည့်တော့၊ အသင်းတော်ကို လူပုဂ္ဂိုလ်တစ်ယောက်က တည်ထောင်တယ်။ ဘုရားရဲ့ အသင်းတော်မျိုးထက် အဖွဲ့အစည်းတစ်ခုပုံစံ ပိုဆန်တယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ကြောက်စရာလန့်စရာ တိုင်စာတွေလည်း ဖတ်ရတယ်။ ကျွန်တော်လည်း ချက်ချင်း ကြောက်သွားတာပေါ့။ သူတို့မိတ်သဟာယကို ထပ်ပြီး နားမထောင်ရဲတော့ဘူး။ သူတို့နဲ့ပတ်သက်တာတွေအားလုံး ဖျက်ပစ်မယ်ပေါ့။ ဒါပေမဲ့ ဖျက်ပစ်တော့မယ်လို့လည်း လုပ်ရော၊ ကျွန်တော် သူတို့ကို ခင်မင်ခဲ့တာတွေကို ပြန်သတိရတယ်။ သူတို့က တည်ကြည်တယ်၊ တခြားသူတွေကို ချစ်ချစ်ခင်ခင်နဲ့ သည်းခံတတ်တယ်။ သူတို့ရဲ့စရိုက်၊ အသက်ရှင်နေထိုင်ပုံ၊ သူတို့ပြောဆိုပုံတွေကို ကျွန်တော် အများကြီး လေးစားခဲ့တာ။ သူတို့ဆီကနေ ကောင်းတဲ့အမြင်တွေပဲ ရခဲ့တာပါ။ သူတို့က ကျွန်တော် အွန်လိုင်းမှာ ကြည့်ခဲ့ဖူးတာတွေနဲ့ မတူဘူး။ ဒီမှာတင် ကျွန်တော် ခဏတန့်သွားတယ်။ ဒါပေမဲ့ ကျွန်တော်က ဝီကီပီးဒီးယားကို ယုံလွန်းတယ်။ ဒါနဲ့ သေချာစဉ်းစားပြီးတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်နဲ့ အဆက်အသွယ်အားလုံး ဖြတ်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်နဲ့အတူ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းနေတဲ့ အစ်ကိုပီတာကိုလည်း ပြောလိုက်မယ်ပေါ့။ အစ်ကိုပီတာကတော့ ပြောတယ်။ သခင့်ကို ကြိုဆိုတယ်ဆိုတာ ငါတို့ အလေးအနက်ထားရမဲ့ အရေးကြီးကိစ္စပဲတဲ့။ ပေါ့ပေါ့လေး အကဲမဖြတ်ဖို့လည်း တိုက်တွန်းတယ်။ ပိုပြီး ဆုတောင်းဖို့၊ သခင် လမ်းပြတာကို ရှာဖို့တွေပေါ့။ ကျွန်တော်လည်း ခေါင်းတွေရှုပ်ပြီး၊ စဉ်းစားတယ်၊ “သူ ပြောတာ ကျိုးကြောင်းသင့်တယ်။ သခင့်ကို ကြိုဆိုတယ်ဆိုတာ အလေးအနက်ထားရမဲ့ အရေးကြီးကိစ္စပဲ။ တကယ်လို့ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နေတယ်၊ ငါက အဲဒါကို မစူးစမ်းဘူးဆိုရင်၊ သခင့်ကို ကြိုဆိုခွင့်နဲ့ လွဲသွားလိမ့်မယ်” ပေါ့။ ဒါနဲ့ ကျွန်တော် သခင့်ဆီ ဆုတောင်းတယ်၊ “သခင်၊ ကျွန်တော် အခု ခေါင်းရှုပ်လွန်းနေပါပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ တရားတွေက တကယ် အားဖြစ်စေတာပါ။ ကျွန်တော်လည်း အများကြီး ရလိုက်တယ်။ ဒါပေမဲ့ သူတို့က ဘုရားရဲ့အသင်းတော်မျိုးထက် အဖွဲ့အစည်းတစ်ခု ပိုဆန်တယ်လို့ ဝီကီပီးဒီးယားမှာ ပြောတယ်။ သခင်၊ ကျွန်တော် မခွဲခြားတတ်တော့ဘူး။ လမ်းလွဲသွားပြီလို့ ထင်တယ်။ ကျွန်တော့်ကို လမ်းပြပေးပါ” ပေါ့။

တစ်ရက်ကျတော့ အသင်းတော်ကို သွားရင်း၊ လမ်းမှာ အစ်မတစ်ယောက်က ပုံပြင်တစ်ခု ပြောပြတယ်၊ “သခင့်ကို ယုံကြည်သူတစ်ယောက်က သေရေးရှင်ရေးကြုံရချိန်မှာ သူ့ကိုကယ်ဖို့ ဘုရားကို တောင်းလျှောက်တယ်တဲ့။ ဒါနဲ့ ဘုရားက ကယ်တင်ပေးဖို့ အခွင့်အရေးသုံးခု စီစဉ်ပေးတယ်။ ဒါပေမဲ့ သူက သုံးခါလုံး လွဲချော်သွားတယ်။ ‘မဟုတ်သေးဘူး။ ငါက သခင့်ဆီ ဆုတောင်းပြီးပြီ။ သခင်က ကယ်တင်မှာပါ’ ဆိုပြီး ပြောသေးတာ။ ဘုရားက အခွင့်အရေးသုံးကြိမ် စီစဉ်ပေးခဲ့တယ်ဆိုတာ၊ သူ သေတော့မှ သဘောပေါက်သွားတယ်။ မသေခင် ပေးတဲ့ အခွင့်အရေးတွေကို သူ့ဘာသာ ရအောင်မယူခဲ့တာပဲ” တဲ့။ ဘုရားကျောင်း ရောက်တော့၊ သင်းအုပ်ကလည်း အဲဒီပုံပြင်ကိုပဲ ပြောနေတော့ ကျွန်တော် အံ့သြသွားတယ်ဗျ။ စိတ်ထဲမှာလည်း တုန်လှုပ်ပြီး၊ “ဒါ မယုံနိုင်စရာပဲ။ တစ်ရက်ထဲမှာ လူနှစ်ယောက်က ပုံပြင်တစ်ခုတည်းကို တိုက်တိုက်ဆိုင်ဆိုင် ပြောပြတယ်။ ဘုရား ကယ်တင်ပေးတဲ့ အခွင့်အရေးကို အမိအရယူဖို့ ပြောနေကြတာ။ သခင်က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ဆက်ပြီး စူးစမ်းဖို့ ငါ့ကို ပြောနေတာလား” ပေါ့။ ဒါနဲ့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို ဆက်လေ့လာဖို့ ကျွန်တော် ဆုံးဖြတ်တယ်။ အစ်ကိုလျူကို ဆက်သွယ်ပြီးတော့၊ ကျွန်တော် ခေါင်းရှုပ်နေတာတွေကို ပြောပြတယ်။ “အစ်ကို့မိတ်သဟာယမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ သမ္မာတရား ပါမှန်း၊ ကျွန်တော် သိတယ်။ ကျွန်တော့်အတွက် တကယ် အကျိုးရှိခဲ့တယ်။ ဒါပေမဲ့ ဝီကီပီးဒီးယားမှာ ဖတ်ရတာက၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ကျောက်ဆိုတဲ့ လူတစ်ယောက်က တည်ထောင်ခဲ့တာတဲ့။ ဘုရားရဲ့အသင်းတော်မျိုးထက် အဖွဲ့အစည်းတစ်ခုသဘော ပိုဆန်တယ်ပေါ့။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ အပျက်သဘော အစီရင်ခံစာတွေလည်း အများကြီး တွေ့တယ်။ ဒါနဲ့ ကျွန်တော်လည်း သံသယတွေဖြစ်လာတယ်။ ဒါကို အစ်ကိုနဲ့ ဆွေးနွေးချင်တယ်” ပေါ့။

အစ်ကိုလျူက ဘာပြန်ပြောလဲဆိုတော့၊ “လမ်းမှန်ကို စူးစမ်းပြီဆိုရင်၊ မယုံကြည်သူတွေရဲ့ ဝက်ဘ်ဆိုက်တွေ၊ တခြားအုပ်စုတွေ၊ နိုင်ငံရေးပါတီတွေ၊ ဒါမှမဟုတ် လူတွေ ပြောဆိုတာတွေကို ယုံကြည်လို့မဖြစ်ဘူး။ ဒီလမ်းမှာ သမ္မာတရား ပါလား၊ ဘုရားရဲ့လုပ်ဆောင်ချက် ဟုတ်ရဲ့လားဆိုတာ ဆင်ခြင်ကြည့်ရမယ်။ ဒါက အခြေခံအကျဆုံး၊ အရေးကြီးဆုံး သဘောတရားပဲ တဲ့။ သခင်ယေရှု အမှုတော်ပြုဖို့ ကြွလာတဲ့အချိန်မှာ၊ ဖာရိရှဲတွေက ကိုယ်တော့်အကြောင်း ကောလာဟလမျိုးစုံ လုပ်ကြံပြီး၊ စော်ကားခဲ့ကြတယ်။ ကိုယ်တော်က သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်ခဲ့တာမဟုတ်ဘူးတို့၊ ရှင်ပြန်ထမြောက်ခဲ့တာ မဟုတ်ဘူးတို့၊ စသဖြင့်ပေါ့။ ယုဒလူတွေ တော်တော်များများက ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေကို နာခံတယ်။ သခင့်နောက် မလိုက်ရဲခဲ့ကြဘူး။ ဒါပေမဲ့ ကိုယ်တော် ဟောပြောတဲ့ နောင်တလမ်း၊ အံ့ဖွယ်အမှုတွေနဲ့ ကိုယ်တော့်လုပ်ဆောင်ချက် အားလုံးက ဘုရားဆီကနေ လာတယ်၊ ဘုရားရဲ့တန်ခိုးတော်နဲ့ အာဏာ ပါတယ်ဆိုတာကို ရှင်ပေတရု၊ ရှင်ယောဟန်နဲ့ တခြားသူတွေက မြင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့က သခင်ယေရှုနောက် လိုက်ပြီး၊ ကိုယ်တော့်ကယ်တင်ခြင်းကို ရခဲ့ကြတယ် ဒါတွေအားလုံးက ဘာကိုပြလဲဆိုရင်၊ လမ်းမှန်ကို စူးစမ်းတဲ့အခါ အဓိကကျတာက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်နဲ့ သမ္မာတရား ပါရဲ့လားဆိုတာကို ကြည့်ဖို့ပဲ။ အဲဒါက တစ်ခုတည်းသော အခြေခံသဘောပဲ” တဲ့။ ပြီးတော့ အစ်ကိုလျူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းပိုဒ်တစ်ခု ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏) အစ်ကိုလျူက သူ့မိတ်သဟာယကို ဆက်ပြန်ရော၊ “နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားအိမ်တော်က စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုတယ်။ လူသားတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ ဘုရားစီမံခန့်ခွဲမှုလုပ်ဆောင်ချက်ရဲ့ ရည်ရွယ်ချက်တွေ၊ ပညတ်တော်၊ ကျေးဇူးတော်၊ နိုင်ငံတော် ခေတ်တွေရဲ့ အမှုတော်နောက်ကွယ်က ဖြစ်အင်တွေ၊ အဲဒီအမှုတော်အားဖြင့် ဘာတွေဖြစ်မြောက်သလဲဆိုတာတွေ၊ ဘုရားရဲ့ လူ့ဇာတိခံယူခြင်းနဲ့ နာမတော်ရဲ့ နက်နဲမှုတွေ၊ စသဖြင့် ထုတ်ဖော်ပြတယ်။ လူတွေရဲ့ ဆိုးယုတ်တဲ့သဘာဝ၊ ဘုရားကို အာခံတဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အဖြစ်မှန်၊ ကမ္ဘာပေါ်က မကောင်းမှုအမှောင်တိုက်ရဲ့ ဇာစ်မြစ်၊ စာတန်က လူသားတွေကို ဘယ်လိုပျက်စီးစေတယ်၊ ဘုရားက ဘယ်လိုကယ်တင်တယ်ဆိုတာတွေကို အနန္တတန်ခိုးရှင်ဘုရားက တရားစီရင်ပြီး ဖော်ထုတ်ပြတယ်။ ဖောက်ပြန်ပျက်စီးမှုကို စွန့်ပစ်ပြီး၊ ဘုရားရဲ့ကယ်တင်ခြင်းကို ရရှိဖို့လမ်းကိုလည်း အစ်ကိုတို့ကို ပေးတယ်။ လူအမျိုးအစားတစ်ဦးချင်းစီအတွက် အဆုံးသတ်တွေကိုလည်း ထုတ်ဖော်ပြတယ်။ ကိုယ်တော် ဖော်ပြတဲ့ သမ္မာတရားတွေနဲ့ သူ့ရဲ့ တရားစီရင်ခြင်းအမှုက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို လုံးဝ ပြည့်စုံစေတာ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခု မခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဒီကျမ်းချက်ကိုလည်း ပြည့်စုံစေတယ်၊ ‘ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇) ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို တောင့်တကြတဲ့၊ ဂိုဏ်းဂဏအားလုံးက စစ်မှန်တဲ့ယုံကြည်သူ တော်တော်များများဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဘုရားရဲ့အသံတော်နဲ့ သမ္မာတရားဖြစ်မှန်း မြင်သွားကြပြီ။ အနန္တတန်ခိုးရှင်ဘုရားကို ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး၊ ဘုရားရှေ့မှောက် ရောက်ကုန်ကြပြီ။ ဘုရားဆီက လာတာအားလုံး ရှင်သန်တိုးတက်လိမ့်မယ်။ နှစ် ၂၀ ကျော်လေးအတွင်းမှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားက တရုတ်ပြည်အနှံ့ ပျံ့နှံ့သွားပြီ။ အခုဆို တစ်ကမ္ဘာလုံးအနှံ့ ရောက်ရှိနေတယ်။ ဒါက ဘုရားရဲ့ အတုမရှိတဲ့ တန်ခိုးတော်နဲ့ အာဏာပဲ၊ သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်ချက်ရဲ့ အကျိုးရလဒ်ပဲ။ ဘုရားရဲ့ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကို ထင်ရှားပြတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲ၊ ကိုယ်တော့်အမှုတော်က စစ်မှန်တဲ့လမ်းခရီးပဲဆိုတာ ဒီအချက်တွေက သက်သေပဲ” တဲ့။

အစ်ကိုလျူရဲ့မိတ်သဟာယ ပြီးသွားတော့၊ လောလောဆယ် ဖတ်ထားတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သွားသတိရတယ်။ အဲဒါတွေက နက်နဲမှုတွေ၊ သမ္မာတရားတွေ အများကြီးကို တကယ် ထုတ်ဖော်ပြတာပဲ။ သမ္မာတရားကို ဖော်ပြနိုင်တာ ဘုရားမှတစ်ပါး ဘယ်သူရှိလို့လဲ။ တကယ်လို့ ကျွန်တော်က လမ်းမှန်ကို ရှာရင်းနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ သမ္မာတရားတွေကို မဖတ်မိဘူး၊ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတာတွေ၊ စီစီပီ ဖြန့်တဲ့ အလိမ်အညာတွေကိုပဲ ရမ်းသန်း ယုံခဲ့မယ်ဆိုရင်၊ တကယ်ကို မိုက်မဲရာကျသွားမယ်။ အစ်ကိုလျူက အိမ်တွင်းမှ လက်ဝဲပညာပေး ဇာတ်လမ်းတစ်ပုဒ် ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ခိုင်းတယ်ဗျ။ အဓိကဇာတ်ကောင်ရဲ့အဖေက ကွန်မြူနစ်ပါတီရဲ့ ညီညွတ်သောတပ်ဦးဌာနမှာ ခေါင်းဆောင်။ သူ့အဖေ ပြောတာတွေက ဝီကီပီးဒီးယားမှာ ဖတ်ရတာတွေနဲ့ အတူတူပဲ။ အသင်းတော်ကို ကျောက်ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်က တည်ထောင်ခဲ့တယ်။ အသင်းဝင်အားလုံးက သူ့ကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုခြင်းခံရသူလို့ ခေါ်ကြတယ်။ သူ့တရားတွေကို တစ်ချိန်လုံး နားထောင်ကြတယ်။ ဒီတော့ လူသားအဖွဲ့အစည်းတစ်ခုသဘောပဲ။ ဘုရားရဲ့အသင်းတော် မဟုတ်ဘူးပေါ့။ အဲဒီမှာ အဓိကဇာတ်ကောင်က ပြန်ပြောတယ်၊ “ခရစ်ယာန်သာသနာကို ဘယ်သူ တည်ထောင်ခဲ့လဲ။ ကက်သလစ်ဂိုဏ်းကိုရော ဘယ်သူ တည်ထောင်ခဲ့လဲ။ တည်ထောင်ခဲ့တဲ့သူက ပေါလု ဖြစ်နိုင်လား၊ ပေတရု ဖြစ်နိုင်လား ဂျူးဘာသာကိုရော ဘယ်သူတည်ထောင်ခဲ့လဲ။ မောရှေ ဖြစ်နိုင်လား အားလုံးက ယုတ္တိမတန်နေဘူးလား ဘုရားမဲ့ဝါဒီတွေက ဘုရားရှိတယ်လို့ လုံးဝ အသိအမှတ်မပြုသေးဘူး။ ဘုရားက လူ့ဇာတိခံယူပြီးပြီလို့ဆိုရင် ပိုဆိုးကုန်မှာ။ လူ့ဇာတိခံ ခရစ်တော်က သမ္မာတရားကို ဘယ်လောက်များများ ဖော်ပြဖော်ပြ၊ ကိုယ်တော့်အမှုတော် ဘယ်လောက်ကောင်းကောင်း၊ ကယ်တင်ခြင်းက ဘယ်လောက်ပဲ ကြီးမားကြီးမား၊ သူတို့က အဲဒါကို ငြင်းဖို့ ဖုံးကွယ်ဖို့ ရှုတ်ချဖို့၊ တတ်နိုင်သမျှ လုပ်ကြဦးမှာပဲ သူတို့က ခရစ်ယာန်သာသနာကို လူသားတွေက တည်ထောင်ခဲ့တာလို့လည်း ထင်ကြတယ်။ ဒါက လုံးဝ အဓိပ္ပာယ်မရှိတာပဲ သခင်ယေရှုရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်သာ မရှိခဲ့ရင်၊ သခင့်နောက် လိုက်သူတွေ၊ ယုံကြည်သူတွေဆိုတာ ရှိလာမှာမဟုတ်ဘူး။ ခရစ်ယာန်ဘာသာဆိုတာလည်း ရှိလာမှာမဟုတ်ဘူး။ အဲဒါက အမှန်တရားပဲ တမန်တော်တွေက ဘယ်လောက်ပဲ ဆုကျေးဇူးရှိရှိ၊ အသင်းတော်တစ်ခုကို တည်ထောင်နိုင်မလား။ တမန်တော်တွေ ခေါင်းဆောင်တာ၊ လမ်းပြတာတွေကို လူတွေ လက်ခံခဲ့တာနဲ့တင်၊ ခရစ်ယာန်ဘာသာဆိုတာ လူသားတွေ တည်ထောင်ခဲ့တာပါဆိုတဲ့သဘော သက်ရောက်လို့လား အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ဘုရားရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်ကြောင့်ပဲ ဖြစ်ပေါ်လာခဲ့တာ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သမ္မာတရားတွေကို အများကြီး ဖော်ပြသလို၊ လူတွေကလည်း ဘုရားရဲ့အသံတော်မှန်း သိပြီး၊ ဘုရားရှေ့မှောက် ရောက်လာကြလို့၊ အသင်းတော် ဖြစ်တည်လာခဲ့တာပါ အနန္တတန်ခိုးရှင်ဘုရားက အမှုတော်ကို စတင်ပြီးတဲ့နောက်မှာ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုခြင်းခံရတဲ့လူကို အသင်းတော်ရဲ့ခေါင်းဆောင်အဖြစ် သက်သေခံခဲ့တယ်။ သူက ပညတ်တော်ခေတ်ရဲ့ မောရှေလိုလူမျိုးပဲ။ ကျေးဇူးတော်ခေတ်ရဲ့ တမန်တော်တွေလိုပဲ။ ဘုရား ရွေးကောက်ထားသူတွေကို ရေလောင်းဖို့၊ ဦးဆောင်လမ်းပြဖို့၊ ဘုရားရဲ့အသုံးပြုခြင်းကို ခံရသူပဲ။ သူက လူသားတစ်ယောက်ရဲ့ တာဝန်ကို လုပ်နေတာပါ။ ဘုရား ရွေးကောက်ထားသူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နာမတော်မှာ ဆုတောင်းကြတယ်။ စည်းဝေးပွဲတွေမှာ အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ပြီး မိတ်သဟာယပြုကြတယ်။ ဘုရား ရွေးကောက်ထားသူတွေက ဒီ လူသားရဲ့ ခေါင်းဆောင်မှုကို အနန္တတန်ခိုးရှင်ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ၊ လက်ခံကြတယ်၊ နာခံကြတယ်။ ကျွန်တော်တို့က ဒီ လူသားကို ယုံကြည်တာဆိုပြီး စီစီပီက မျက်နှာပြောင်တိုက် လိမ်ညာတယ်။ သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်ကိုရော၊ ကိုယ်တော် ဖော်ပြတဲ့ သမ္မာတရားတွေကိုရော ပိတ်ပင်ကြတာ။ သူတို့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းမှုနဲ့ အမှုတော်သာ မရှိခဲ့ရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ရှိလာမှာမဟုတ်ဘူး။ အဲဒါက ငြင်းလို့မရတဲ့အချက်ပဲ” တဲ့။

အဲဒီ အဓိကဇာတ်ကောင် ပြောတာတွေက မှန်နေသလိုပဲ။ အသင်းတော်က ဘုရားရဲ့ပေါ်ထွန်းမှုနဲ့ အမှုတော်ကြောင့် ဖြစ်လာခဲ့တာ။ ဒါပေမဲ့ ဘုရားက အသင်းတော်ကို ဦးဆောင်ဖို့ လူတစ်ယောက်ကို အသုံးပြုတယ်ဆိုရုံလေးနဲ့၊ အသင်းတော်ကို လူသားတစ်ယောက်က တည်ထောင်တာလို့ သူတို့က ပြောကြတယ်။ အဲဒါ ယုတ္တိရှိရဲ့လား။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ခရစ်ယာန်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်မှန်း၊ စီစီပီက သိတယ်။ ဒါဆို လူပုဂ္ဂိုလ်တစ်ယောက် တည်ထောင်တဲ့ အဖွဲ့အစည်းတစ်ခုဆိုပြီး သူတို့က ဘာလို့ပြောရတာလဲ။ ကျွန်တော် ဒါကို စဉ်းစားကြည့်တယ်။ အဓိကဇာတ်ကောင်ကလည်း ဆက်ပြောတယ်ဗျ၊ “ဒီတော့ စီစီပီအစိုးရက အသင်းတော်ကို လူသားအဖွဲ့အစည်းတစ်ခုဆိုပြီး ဘာလို့ပြောတာလဲ။ လူ့ဇာတိခံဘုရားဆိုတာကို ဘာလို့ ထုတ်မပြောကြတာလဲ။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတာကိုရော မပြောကြတော့ဘူးလား။ စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို အကြောက်ဆုံးပဲ။ ဘာလို့လဲဆိုတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေ အားလုံးက နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖတ်ပြီး၊ ကိုယ်တော့်ကို လက်ခံသွားမှန်း၊ သူတို့သိတယ်။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို လူတစ်ယောက်က တည်ထောင်တာဆိုပြီး၊ လူတွေကို အာရုံလွှဲဖို့ ကြိုးစားတယ်။ နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းပြီး အမှုတော်ပြုနေတယ်ဆိုတာကို ဖုံးဖိဖို့ပေါ့။ ဘုရားနောက်ကို လူတွေ မလိုက်ကြအောင်၊ သူတို့က ဒီလိုလုပ်တာ။ ဘုရားရဲ့အသင်းတော်ကို ဖိနှိပ်ဖို့ ဆင်ခြေတစ်ခုပဲ။ ဒါက သူတို့ရည်ရွယ်ချက်အစစ်ပဲ” တဲ့။ ကျွန်တော်လည်း မျက်စိပွင့်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ လူသားအဖွဲ့အစည်းတစ်ခုပဲဆိုတဲ့ စီစီပီရဲ့အပြောက အချက်အလက်တွေကို တမင်တကာ ပုံဖျက်ထားတာပဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဖိနှိပ်ညှဉ်းပန်းဖို့ ဆင်ခြေတစ်ခုပဲဆိုတာ ကျွန်တော် မြင်သွားတယ်။ အဲဒါအပြင် သူတို့က လူတွေကို လမ်းလွဲအောင်၊ လမ်းမှန်ကို မရှာဖွေမိအောင်၊ ဒီလို ပြောတာပဲ။ ဘုရားနောက်ကို လူတွေ မလိုက်ကြအောင်၊ မယုံကြည်အောင် တားဖို့ပဲ။ အဲဒါက စီစီပီရဲ့ ယုတ်မာတဲ့ရည်ရွယ်ချက်ပဲ။

အဲဒီဗီဒီယိုကို ကြည့်ပြီးတော့၊ အစ်ကိုလျူက မိတ်သဟာယပေးတယ်ဗျ၊ “စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ရှုတ်ချတာတွေ၊ ဒီလိုကောလာဟလ လုပ်ကြံတာတွေက ဘုရားကို ဆန့်ကျင်တဲ့ သမ္မာတရားကို မုန်းတီးတဲ့ သူတို့ရဲ့ နတ်ဆိုးသဘာဝနဲ့ တစ်ပေါင်းတည်းရှိနေတာ။ စီစီပီဆိုတာ ဘုရားမဲ့ဝါဒီ၊ သူတို့က မာ့က်စ်-လီနင်ဝါဒကို ယုံကြည်မှန်း အားလုံးသိကြတယ်။ သူတို့ အမုန်းဆုံးက ဘုရားရဲ့ထင်ရှားပြမှုနဲ့ အမှုတော်ရယ်၊ သမ္မာတရားရယ်ပဲ။ ၁၉၄၉ မှာ တိုင်းပြည် တည်ထောင်ချိန်ကစပြီး၊ စီစီပီက ဘာသာရေးယုံကြည်မှုကို ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်ညှဉ်းပန်းခဲ့တာ။ ခရစ်ယာန်သာသနာနဲ့ တခြားအိမ်တွင်းအသင်းတော်တွေကို မကောင်းတဲ့အစွန်းရောက်တွေဆိုပြီး ရှုတ်ချထားတယ်။ သမ္မာကျမ်းစာအုပ်တွေကို မရေမတွက်နိုင်လောက်အောင် မီးရှို့ဖျက်ဆီးပစ်တယ်။ ခရစ်ယာန်တွေကို ဖမ်းဆီးနှိပ်စက်ပြီး ထောင်ချပစ်တာတွေက မရေမတွက်နိုင်အောင် များခဲ့တယ် ရှီကျင်ပင်း အာဏာရလာကတည်းက၊ ဘာသာရေးဖိနှိပ်တာတွေက ပိုပြီးတော့ကို ကြမ်းတမ်းလာတယ်။ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ကို ပိတ်သိမ်းပြီး ဖျက်ပစ်တယ်။ မရေမတွက်နိုင်တဲ့ လက်ဝါးကပ်တိုင်တွေ ဖြိုဖျက်ခံခဲ့ရတယ်။ သူတို့က ဘာသာရေးယုံကြည်မှုတွေ လုံးဝ ပျောက်ကုန်အောင်ဆိုပြီး၊ သမ္မာကျမ်းနဲ့ ကိုရန်ကျမ်းကို ပြန်ရေးဖို့တောင် စီစဉ်ကြတာ။ တရုတ်ပြည်မှာ နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင်ဘုရားသခင် ပေါ်ထွန်းခဲ့ချိန်ကစပြီး၊ စီစီပီက ကိုယ်တော့်ကို နေရာအနှံ့ ပိုက်စိပ်တိုက် လိုက်ရှာခဲ့တာပါ။ ခရစ်ယာန်တွေကို တရားလွန် ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ တော်တော်များများ ထောင်ကျကုန်တယ်။ မသန်စွမ်းဖြစ်တဲ့အထိ သေတဲ့အထိ ရက်ရက်စက်စက် နှိပ်စက်ခံကြရတယ်။ လူတွေသန်းနဲ့ချီ အိမ်တွေပစ်ပြီး ထွက်ပြေးခဲ့ကြရတယ် စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို အကွက်ဆင်ပြီး စွပ်စွဲဖို့အတွက်၊ မီဒီယာတွေကို အသုံးချပြီး ကောလာဟလတွေ ဖြန့်တယ်၊ ပြဿနာဖြစ်အောင် လှုံ့ဆော်တယ်။ ဒါက တရုတ်ပြည်ကလူတွေကိုရော၊ ကမ္ဘာအနှံ့ကလူတွေကိုပါ လှည့်စားဖို့ လှုံ့ဆော်ဖို့ပဲ။ ဒါမှ အဲဒီလူတွေကလည်း အသင်းတော်ကို ဆန့်ကျင်ရှုတ်ချလာမှာလေ။ စီစီပီက ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို တိုက်ဖျက်ဖို့ ကြိုးစားနေတာပါ။ ဒီအချက်တွေကနေ အစ်ကိုတို့ မြင်နိုင်တာက၊ စီစီပီဆိုတာ ဘုရားကို ဆန့်ကျင်တဲ့၊ လူတွေကို လှည့်စားပြီး ဒုက္ခပေးတဲ့ မိစ္ဆာနတ်ဆိုးပဲ။ ဗျာဒိတ်ကျမ်းထဲက သတ္တဝါဆိုး နဂါးကြီးပဲ။ ဒါက ကျမ်းစာမှာပါတဲ့ ဒီ ပရောဖက်ပြုချက်တွေကို လုံးဝ ပြည့်စုံစေတာ၊ ‘ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း။(ဗျာဒိတ်ကျမ်း ၁၂:၈)ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှာ နှုတ်ကို ဖွင့်ထား၏။(ဗျာဒိတ်ကျမ်း ၁၃:၆) လမ်းမှန်ကို စူးစမ်းရင်း၊ ဘုရားရဲ့ပေါ်ထွန်းမှုကို ရှာဖွေနေချိန်မှာ စီစီပီရဲ့အလိမ်အညာတွေကို နားထောင်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး တချို့လူတွေက လမ်းမှန်ကို စူးစမ်းတဲ့အခါ၊ ဝီကီပီးဒီးယားမှာ ရေးထားတာတွေ ဖတ်ပြီး၊ အဲဒီဝက်ဘ်ဆိုက်က ယုံကြည်ရတယ်လို့ပြောကြတယ်။ ဝီကီပီးဒီးယားမှာ လမ်းမှန်ပါလို့ ပြောမှ၊ သူတို့က ယုံကြည်ကြလိမ့်မယ်။ သူတို့က လမ်းမှန်ဟုတ်မဟုတ်ကို ဝီကီပီးဒီးယားနဲ့ ဆုံးဖြတ်ကြတာ။ အဲဒါက သမ္မာတရားနဲ့ ညီရဲ့လား ဝီကီပီးဒီးယားဆိုတာ သမ္မာတရား ပါလို့လား အဲဒါက မယုံကြည်သူတွေရဲ့ ဝက်ဘ်ဆိုက်တစ်ခုပါ။ သူတို့က အချက်အလက်တွေ စုပြီး၊ မယုံကြည်သူတွေရဲ့ ရှုထောင့်ကနေ ဘာမဆို ရေးကြတာ။ မယုံကြည်သူတွေအားလုံးက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတာ။ ဘုရားကိုလည်း အယုံအကြည်မဲ့တယ်။ သူတို့က ယုံကြည်ခြင်းရှိသူတွေ မဟုတ်ဘူး။ အများနဲ့လိုက်လျောညီထွေ နေတယ်။ မနားတမ်း လိမ်ညာကြတယ်။ စီစီပီ ဘာပြောပြော သံယောင်လိုက်ကြလိမ့်မယ်။ အသင်းတော်ကိုကျတော့ ဘာလို့ မမေးမြန်းကြတာလဲ။ ဘာလို့ မျှမျှတတ၊ ဓမ္မဓိဋ္ဌာန်ကျကျ မရေးကြတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အသင်းတော်ဝင်တွေရဲ့ သက်သေခံချက်တွေမျိုးစုံက အွန်လိုင်းမှာ ရှိနေတာ ကြာပါပြီ။ ဘာဖြစ်လို့ အဲဒါတွေအကြောင်း လုံးဝ မပြောဆိုကြတာလဲ။ စီစီပီအစိုးရက အသင်းတော်ကို ရက်ရက်စက်စက် နှိပ်ကွပ်နေခဲ့တာပါ။ ဒါကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ အတိအလင်း ဖော်ပြထားတယ်။ သူတို့က အဲဒါတွေကို ဘာလို့ မကိုးကားကြတာလဲ။ စီစီပီနဲ့ ဘာသာရေးလောကက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အကြောင်း ကောလာဟလတွေကို လုပ်ကြံပြောတယ်။ ဝီကီပီးဒီးယားက အဲဒါကို ဖောက်သည်ချတယ်။ သူတို့က အမှန်တရားကို တမင်တကာ ဖုံးကွယ်ပြီး၊ အစိုးရရဲ့အလိမ်အညာတွေကို ဖြန့်ဝေနေတာ မဟုတ်ဘူးလား။ သူတို့က လူတွေကို လှည့်စားဖို့ စာတန် အသုံးချတဲ့ ဝါဒဖြန့်ချိရေးကိရိယာတွေပဲ တကယ်လို့ လမ်းမှန်ကို စူးစမ်းရင်းနဲ့၊ ဝီကီပီးဒီးယားကို ယုံမိတယ်၊ သူတို့အလိမ်အညာတွေကို ယုံတယ်ဆိုရင်၊ စဉ်းစားဉာဏ်မရှိတာ မဟုတ်ဘူးလား။ လူတစ်ယောက်က ဘာသာရေးလောကနဲ့ အစိုးရတွေရဲ့ လမ်းမှန်အကြောင်း အကဲဖြတ်ချက်ကို အခြေခံပြီးတော့၊ တစ်ခုခုကို လမ်းမှန်ပဲလို့ ယုံကြည်တယ်ဆိုရင်၊ အဲဒီလိုလူက ယုံကြည်သူအစစ်အမှန်မှ ဟုတ်ရဲ့လား ရှာဖွေစူးစမ်းတဲ့အခါမှာ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို မရှာဖွေဘူး၊ ဘုရားရဲ့အသံကို နားမထောင်ဘူး၊ စာတန်ရဲ့ပြောစကားတွေကိုပဲ ယုံကြည်တယ်၊ စီစီပီနဲ့ ဆရာတော်တွေကိုပဲ ယုံကြည်နေတယ်ဆိုရင်၊ အဲဒီလိုလူတွေက စာတန်ကို ယုံကြည်တာ၊ စာတန်နောက် လိုက်နေတာပဲ။ သူတို့ကို သတ္တဝါကြီးက လှည့်ဖြားသိမ်းသွင်းထားတာပဲ။ သူတို့က သတ္တဝါကြီးရဲ့ပြယုဂ်ပဲ” တဲ့။

အစ်ကိုလျူရဲ့မိတ်သဟာယက တကယ်ကို သဘောပေါက်လွယ်တယ်လို့ ခံစားမိတယ်။ ကျွန်တော် လုံးဝ လက်ခံသွားတယ်။ ဝီကီပီးဒီးယားဆိုတာ အကြောင်းအရာတိုင်းကို ရေးထားတဲ့ အကြီးဆုံး အွန်လိုင်းစွယ်စုံကျမ်းဆိုပြီး၊ အမြဲတမ်း ယူဆခဲ့တာ။ ကျွန်တော် တကယ်လည်း ယုံကြည်မိခဲ့တယ်။ ဒါပေမဲ့ နောက်တော့မှ မယုံကြည်သူတွေရဲ့ ဝက်ဘ်ဆိုက်တစ်ခုပဲဆိုတာ နားလည်သွားတာ။ အဲဒီမှာ ဘာအမှန်တရားမှ မပါဘူး။ ဘုရားသခင်အားဖြင့် သက်သေခံထားတာလည်း မဟုတ်ဘူး။ စီစီပီအစိုးရက ဖြန့်ချိတဲ့ ဖောက်ပြန်ရေး အယူမှားတွေမှန်သမျှ၊ ဝီကီပီးဒီးယားက ထပ်ပြီး ဖောက်သည်ချတာပါ။ အဲဒီမှာ ရေးထားတာတွေက အဆိပ်အတောက်မပါဘဲ နေမလား။ ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ။ လမ်းမှန်ကို စူးစမ်းတဲ့အခါမှာ၊ ကျွန်တော်က ဒီလမ်းမှာ သမ္မာတရား ရှိမရှိ၊ ဘုရားက ဖော်ပြထားတာ ဟုတ်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ပါမပါဆိုတာတွေကို ဆင်ခြင်ကြည့်ခဲ့သင့်တာ။ ဘာလို့လဲဆိုတော့ ဘုရားကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပဲ။ လက်တွေ့လုပ်ဆောင်မှုလမ်းကို ဘုရားကပဲ ပြပေးနိုင်တာပါ။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဆိုတာ သမ္မာတရားဖြစ်မှန်း၊ ဘုရားဆီက လာမှန်း မြင်တာတောင်၊ ကျွန်တော်က စီစီပီရဲ့ကောလာဟလတွေနဲ့ ပိတ်မိနေခဲ့သေးတာ။ ယုံကြည်လောက်တယ်ဆိုတဲ့ ဝက်ဘ်ဆိုက်တစ်ခုရဲ့ အရေးအသားတွေကို အားကိုးပြီး၊ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်ကို မစူးစမ်းရဲခဲ့ဘူး။ ကျွန်တော် တကယ်ကို ဇဝေဇဝါဖြစ်ခဲ့တာပဲ။ ဘုရားက ညီအစ်ကိုမောင်နှမတွေကို အသုံးပြုပြီး၊ ကျွန်တော့်ကို သမ္မာတရားနဲ့ မိတ်သဟာယပြုပေးခဲ့လို့၊ ကူညီလမ်းပြခဲ့လို့၊ ကံကောင်းသွားတာ။ ကျွန်တော် လှည့်ဖြားမခံရအောင်ပေါ့။ မဟုတ်ရင်၊ သခင် ပြန်လာတာကို ကြိုဆိုခွင့်နဲ့ ကျွန်တော် လွဲခဲ့မှာပဲ။

နောက်တော့ အစ်ကိုလျူက သူ့မိတ်သဟာယကို ဆက်တယ်ဗျ၊ “ဒါတွေအားလုံးက လမ်းမှန်ကို လူတွေ မစူးစမ်းအောင်၊ လှည့်စားနှောင့်ယှက်တဲ့ စီစီပီရဲ့အလိမ်အညာတွေ ဖြစ်ပေမဲ့၊ ဘုရားက ဒီလို လုပ်ကြံပြောတာတွေကို ဘာလို့ ခွင့်ပြုတာလဲ။ စီစီပီကို ဒီလိုအလိမ်အညာတွေ ဖြန့်ခွင့်ပြုနေတာက နောက်ကွယ်မှာ ဘုရားရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ဉာဏ်ပညာ ရှိနေတယ်” တဲ့။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နည်းနည်းလောက် ဖတ်ကြည့်ရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘ငါ၏အစီအစဉ်တွင်၊ စာတန်သည် တစ်လျှောက်လုံး ခြေလှမ်းအသီးသီး နောက်ကွယ်တွင် ချောင်းမြောင်းနေခဲ့ပြီး၊ ငါ့ဉာဏ်ပညာ၏ အဖြည့်ခံအဖြစ်၊ ငါ၏မူလအစီအစဉ်ကို နှောင့်ယှက်ရန် နည်းလမ်းများနှင့် နည်းစနစ်များ ရှာဖွေရန် အမြဲ ကြိုးစားနေပြီး ဖြစ်သည်။ သို့ရာတွင် ငါသည် ၎င်း၏ လှည့်ဖြားတတ်သော အစီအစဉ်များကို မလွန်ဆန်နိုင် ဖြစ်မည်လော။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာရာတိုင်းသည် ငါ့ကို အစေခံ၏။ စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များသည် တစ်ခုတစ်လေ ကွဲပြားခြားနားနိုင်မည်လော။ ဤသည်မှာ ငါ၏ ဉာဏ်ပညာ ဆုံသည့်နေရာ အတိအကျ ဖြစ်သည်။ ယင်းမှာ ငါ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အံ့ဖွယ်ဖြစ်သည့်အရာ အတိအကျ ဖြစ်ပြီး၊ ယင်းသည် ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ရပ်လုံးအတွက် လည်ပတ်မှု၏ အခြေခံသဘောတရား ဖြစ်သည်။ နိုင်ငံတော် တည်ဆောက်ခြင်း ခေတ်အတွင်းတွင်၊ ငါသည် စာတန်၏လှည့်ဖြားတတ်သည့် အကြံအစည်များကို မရှောင်ရှားသေးဘဲ၊ ငါ ပြုရမည့်အမှုကို ဆက်လက် လုပ်ဆောင်၏။ စကြဝဠာနှင့် အရာခပ်သိမ်း အလယ်တွင်၊ ငါသည် စာတန်၏ လုပ်ဆောင်ချက်များကို ငါ၏အဖြည့်ခံအဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ငါ၏ဉာဏ်ပညာ၏ သရုပ်သကန် တစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ငါ၏ အမှုနှင့် ပတ်သက်သည့် အံ့သြဖွယ်ဖြစ်သည့် အရာ အတိအကျ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၈)) ပြီးတော့ အစ်ကိုလျူက မိတ်သဟာယ ဆက်ပေးတယ်၊ “ဘုရားက သူ့အမှုတော်မှာ စာတန်ရဲ့အကြံအစည်တွေကို ရှောင်ထွက်တာမဟုတ်ဘူးလို့ နှုတ်ကပတ်တော်တွေက ပြတာပါ။ လူသားတွေကို ကယ်တင်တဲ့ သူ့စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံအောင်၊ အဲဒါတွေကို အသုံးချပြီး သူ့အမှုတော်အတွက် အစေခံစေတာပါ။ နိုင်ငံတော်ခေတ်ရဲ့ ဘုရားအမှုတော်ဆိုတာ လူသားကို ကယ်တင်ခြင်းရဲ့ နောက်ဆုံးအဆင့်ပဲ။ ဘုရားက လူတွေကို သူတို့အမျိုးအစားအလိုက် ခွဲခြားလိမ့်မယ်။ ကောင်းသူကို ဆုပေးပြီး မကောင်းသူကို အပြစ်ဒဏ်ပေးလိမ့်မယ်။ ခေတ်တစ်ခုလုံးရဲ့ အမှုတော်ကို တရားစီရင်ခြင်းအားဖြင့် အဆုံးသတ်လိမ့်မယ် သူ့ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို ချစ်တဲ့သူတွေအားလုံးကို အောင်မြင်သူတွေအဖြစ် ပြုလုပ်ပြီး၊ သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်လိမ့်မယ်။ ဘုရားကို ခုခံတဲ့ ဒုစရိုက်သမားတွေနဲ့ အန္တိခရစ်တွေအပါအဝင်၊ ကိုယ့်အလိုပြည့်ဖို့ပဲ ကြိုးစားတဲ့ မယုံကြည်သူတွေ၊ တောမျိုးစေ့တွေ၊ ဆိတ်တွေအားလုံးကို ကိုယ်တော်က ဖော်ထုတ်ပြီး ဖယ်ရှားပစ်လိမ့်မယ်။ ဒီအလိမ်အညာတွေဆိုတာ ဘုရားက သူ့အမှုတော် အောင်မြင်စေဖို့ အသုံးချတဲ့ ကိရိယာတွေပဲ။ ယုံကြည်သူအစစ်အမှန်တွေနဲ့ အယောင်ဆောင်တွေ၊ ကောင်းတဲ့စပါးနဲ့ တောမျိုးစေ့တွေ အားလုံး ဒီအလိမ်အညာမုန်တိုင်းထဲမှာ ထုတ်ဖော်ခံကြရလိမ့်မယ် ဒါက ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသူတိုင်း ကျော်ဖြတ်ရမဲ့ စမ်းသပ်မှုတစ်ခုပဲ။ သခင်ယေရှုက ပြောခဲ့တယ်၊ ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။...ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူရာ။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇-၂၈) သမ္မာတရားကို ချစ်တဲ့ ယုံကြည်သူအစစ်အမှန်တွေက စီစီပီနဲ့ ဘာသာရေးလောကက ပြောတာတွေ၊ မီဒီယာတွေ ဝက်ဘ်ဆိုက်တွေမှာ ရေးကြတာတွေကို ဂရုမစိုက်ဘူး။ ဘုရားရဲ့အသံတော်နဲ့ ဘုရားရဲ့လုပ်ဆောင်ချက် ဟုတ်မဟုတ်ကိုပဲ သူတို့က ကြည့်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဘုရားရဲ့အသံတော်ဖြစ်မှန်း ယုံကြည်ပြီဆိုတာနဲ့၊ သူတို့က ကိုယ်တော့်နောက် လိုက်ကြတယ်၊ ဘယ်လိုအရာနဲ့မှ နှောင့်ယှက်လို့မရဘူး။ ဘုရားနောက် လိုက်ဖို့ပဲ ဆုံးဖြတ်ကြတယ်။ သူတို့တွေက ပညာရှိသတို့သမီးတွေပဲ သမ္မာတရားကို မချစ်တဲ့၊ ကိုယ့်အလိုပြည့်ဖို့ပဲ ကြိုးစားကြတဲ့ မယုံကြည်သူတွေကျတော့ သမ္မာတရားကို မရှာဖွေကြဘူး၊ စာတန်ရဲ့အလိမ်အညာတွေကိုပဲ ရမ်းသန်း လက်ခံတယ်။ စီစီပီနဲ့ ပေါင်းပြီးတော့တောင် အလိမ်အညာတွေကို ဖြန့်တယ်။ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို တရားလွန် ဝေဖန်ရှုတ်ချကြတယ်။ သူတို့အားလုံးက အန္တိခရစ်တွေ၊ မကောင်းတဲ့အစေခံတွေ၊ တောမျိုးစေ့တွေ၊ ခွေးတွေအဖြစ် ဖော်ထုတ်ခံရတာပါ။ သူတို့ကို ဖယ်ရှားပြီး အပြစ်ဒဏ်ပေးလိမ့်မယ်။ ကပ်ဘေးတွေထဲမှာ အံကြိတ်ငိုကြွေးကြရလိမ့်မယ် ကောင်းတဲ့စပါးနဲ့ တောမျိုးစေ့၊ သိုးနဲ့ ဆိတ်၊ ကောင်းတဲ့ကျွန်နဲ့ ဆိုးယုတ်တဲ့ကျွန်ဆိုတာတွေကို၊ စီစီပီနဲ့ ဘာသာရေးလောကရဲ့ အလိမ်အညာတွေက ထုတ်ဖော်ပြလိုက်တာပဲ။ လူတွေက သူ့အမှုတော်ကို ဘယ်လိုချဉ်းကပ်ခဲ့လဲ၊ သူတို့ ဘာတွေလုပ်ခဲ့လဲဆိုတာကို ကြည့်ပြီး၊ နောက်ဆုံးမှာ ဘုရားက လူတွေရဲ့အဆုံးသတ်တွေကို ဆုံးဖြတ်မှာပါ။ စာတန်ရဲ့မုသားတွေနဲ့ အကြံအစည်တွေက ဘုရားအမှုတော်အတွက် အစေခံနေတယ်ဆိုတာ သိသာပါတယ်” တဲ့။

ဒီကောလာဟလတွေ၊ အလိမ်အညာတွေက တကယ်ကို အမှန်မမြင်နိုင်အောင် လှည့်စားခဲ့တာပါ။ ကျွန်တော့်ကို နိုင်ငံတော်တံခါးဝအပြင်ဘက်မှာ ကျန်ခဲ့လုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ။ ဒါကို စဉ်းစားမိရင် ကြောက်မိတယ်။ ကျွန်တော် အခု သိသွားတာက၊ လမ်းမှန်ကို စူးစမ်းတဲ့အခါ အဓိကက ဘုရားရဲ့အသံကို နားထောင်ဖို့နဲ့၊ ဘုရားရဲ့အမှုတော် ဟုတ်ရဲ့လားဆိုတာ ကြည့်ဖို့ပဲ။ စီစီပီနတ်ဆိုးတွေရဲ့ အလိမ်အညာတွေကို လုံးဝ ယုံကြည်လို့မဖြစ်ဘူး။ သင်းအုပ်တွေ၊ အကြီးအကဲတွေနဲ့ ဝက်ဘ်ဆိုက်တွေမှာ ပြောတာတွေကိုလည်း ချင့်ချိန်ကြည့်ရမယ်။ သူတို့ပြောတာတွေကို ရမ်းသန်း ယုံကြည်လို့မဖြစ်ဘူး။ မဟုတ်ရင် စာတန်ရဲ့ပိုက်ကွန်ထဲ အချိန်မရွေး ကျသွားနိုင်တယ်။ ကျွန်တော်တို့ယုံကြည်ခြင်းမှာ ချင့်ချိန်မှုမရှိတာ၊ သမ္မာတရားကို မရှာဖွေတာတွေက တကယ် အန္တရာယ်ကြီးပါတယ်။ ကောလာဟလသမားတွေကို ရှောင်တိမ်းပြီး၊ သခင် ပြန်လာတာကို ကြိုဆိုမိခဲ့တယ်ဆိုတာ ကျွန်တော့်အတွက်တော့ ဘုရားရဲ့သနားကရုဏာနဲ့ ကယ်တင်ခြင်းပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

ရှင်းရှင်၊ တရုတ်ပြည်ကျွန်တော်က သာမာန်အလုပ်သမားတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အကုန်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော်နှင့်...

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

ဂျင်းနီယန် ကနေဒါနိုင်ငံကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေး အရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့...

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။