ကျွန်မတို့ မိသားစု ပျက်စီးခြင်းကို ဘယ်သူ ဖြစ်စေခဲ့လဲ

01.04.2023

ချိုင်န တရုတ်နိုင်ငံ

ကျွန်မယောက်ျားနဲ့ ကျွန်မက တစ်ရွာတည်းမှာပဲ ကြီးပြင်းလာခဲ့ကြပြီး၊ ငယ်ငယ်ကတည်းက မိဘတွေနဲ့အတူ သခင်ယေရှုကို ယုံကြည်ခဲ့ကြတယ်။ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ၊ ဆေးခန်းတစ်ခု ကျွန်မ ဖွင့်ခဲ့ပြီး သူက ရုပ်မြင်သံကြား သတင်းထောက် လုပ်တယ်။ ကျွန်မတို့မှာ ချစ်စရာ ကလေးနှစ်ယောက်ရှိပြီး အေးချမ်း ပျော်ရွှင်တဲ့ မိသားစု ဘဝလေးတစ်ခု ပိုင်ဆိုင်ခဲ့တယ်။ ၂၀၀၈ ခုနှစ် နှောင်းပိုင်းမှာ၊ ယောက္ခမနဲ့ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်မယောက်ျားက လက်မခံဘူး။ သူ့အလုပ်နဲ့သူ ရှုပ်နေခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းကို သူ အားပေးခဲ့တယ်။ စုဝေးပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ခြင်းအားဖြင့်၊ ကျွန်မတို့ရဲ့ ကယ်တင်ရှင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေ ဖော်ပြရင်းနဲ့ ကျွန်မတို့ကြားမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါးတုန်းက ကြွလာခဲ့တာကို သိရတယ်။ ဘုရားရဲ့ အမှုတော်က အဆုံးသတ်တော့မှာ ဖြစ်သလို၊ ဒါက ကျွန်မတို့ ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါဟာ တန်ဖိုးမဖြတ်နိုင်တဲ့၊ မြန်ဆန်တဲ့ အခွင့်အရေးတစ်ခုပဲ။ လွဲသွားရင် ထာဝရ ကျွန်မ နောင်တရမှာ။ ဒါကြောင့် ကိုယ့်ယုံကြည်ခြင်းကို လက်တွေ့လုပ်ပြီး တာဝန်တစ်ခုယူဖို့၊ ဆေးခန်းကို ပိတ်လိုက်ပြီး တခြား ညီအစ်ကို မောင်နှမတွေနဲ့ ဧဝံဂေလိ ကျွန်မ စဖြန့်တယ်။

၂၀၁၀မှာ၊ ဘာသာရေး ယုံကြည်မှုတွေကို ဖိနှိပ်၊ အမြစ်ဖြတ်ဖို့ ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ပြီး သိက္ခာချဖို့ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာနဲ့ တခြား မီဒီယာတွေကို သုံးခဲ့တယ်။ ခရစ်ယာန်တွေကို ဖမ်းပြီး နှိပ်စက်ခဲ့ကြတယ်။ ကျွန်မသူ့ကို ငြိစွန်းမှာ ကြောက်လို့၊ ကျွန်မယောက်ျားက ကျွန်မရဲ့ ယုံကြည်ခြင်းကို စတားဆီးခဲ့တယ်။ တစ်နေ့ သူ ကျွန်မကို ပြောတယ်။ “ပါတီက ဘာသာတရားကို ခွင့်ပြုမှာ မဟုတ်သလို၊ ယုံကြည်သူတွေက သူတို့ မိသားစုတွေကို စွန့်ကြတယ်တဲ့။ မင်းရဲ့ ယုံကြည်ခြင်းကို လက်လျှော့လိုက်ပါ။ အဲဒီအတွက် အဖမ်းခံရရင်၊ မိသားစုက တစ်စစီ ပြိုကွဲသွားမှာ။ အရင်လို ဘုရားကျောင်းကိုပဲ ငါတို့ သွားရင် အတူတူပဲ မဟုတ်လား”တဲ့။ ကျွန်မ သူ့ကို ပြောလိုက်တယ်။ “ယုံကြည်သူအဖြစ် ဒီနှစ်တွေတစ်လျှောက်မှာ၊ ကျွန်မတို့မိသားစုကို ကျွန်မစွန့်တာ ရှင် မြင်ဖူးလို့လား။ ဒါတွေအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖိနှိပ်ဖို့ ပါတီက လုပ်ကြံဖန်တီးထားတဲ့ အလိမ်အညာတွေပဲ။ ရှင်ဘယ်လိုလုပ်ပြီး သူတို့ရဲ အလိမ်အညာတွေကို ယုံနိုင်ရတာလဲ။ ဘုရားက ပြန်ကြွလာပြီး အမှုသစ်ကို လုပ်ဆောင်နေတယ်။ အဲဒီအသင်းတော်ဟောင်းတွေဆီကိုပဲ ဆက်သွားနေတဲ့လူတွေက သမ္မာတရား၊ အသက် ရမှာမဟုတ်ဘူး၊ အဆုံးထိ သူတို့ လိုက်လျှောက်ရင်တောင်မှပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဆိုတာ သေချာတယ်။ ဘုရားရဲ့ ခြေလှမ်းတွေနောက် ကျွန်မ လိုက်နေတာ။ လမ်းမှန်ကို ကျွန်မ စွန့်မှာ မဟုတ်ဘူး”လို့ပေါ့။ ကျွန်မ ဆုံးဖြတ်ထားပုံကို မြင်တော့၊ သူ ကျွန်မကို သတိပေးတယ်။ “ဘာပဲဖြစ်ပါစေ၊ မင်းရဲ့ ယုံကြည်ခြင်းကို မင်းဆက်ထိန်းသိမ်းလို့ မရဘူး၊ ပြီးတော့ စုဝေးပွဲတွေ သွားလို့မရဘူး”တဲ့။ အဲဒီနောက် ကျွန်မ လုပ်နိုင်သမျှက ဘုရားနှုတ်ကပတ်တော် ဖတ်ဖို့ စောစော ထပြီး မီးဖိုချောင်မှာ ပုန်းတယ်။ ပြီးတော့ သူ့နောက်ကွယ်မှာ မိသားစုနဲ့ မိတ်ဆွေတွေကို ဧဝံဂေလိ ဝေမျှတယ်။

၂၀၁၂ ခုနှစ် တစ်ညနေခင်းမှာ၊ စုဝေးပွဲပြီးတော့၊ အောက်ထပ် စတိုခန်း အဝင်ဝမှာ ကျွန်မယောက်ျား ထိုင်နေတာ တွေ့ရတယ်။ ကျွန်မဝင်လာတာမြင်တော့၊ သူက မြေမှာ မလှုပ်နိုင်အောင် ကျွန်မကို ခြေထောက်တွေ၊ လက်သီးတွေနဲ့ တစ်ရစပ် ထိုးပြီး ချုပ်ထားတယ်။ ခွန်အားရှိသမျှနဲ့ ကိုယ့်ကိုယ်ကိုယ် လွတ်အောင် ရုန်းပြီး အပေါ်ထပ်ကို ကျွန်မ ပြေးသွားပေမဲ့၊ သူ ကျွန်မကို မှီသွားတယ်၊ မျက်နှာကို ဖြတ်ရိုက်ပြီး၊ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်။ “နောက်ထပ် စုဝေးပွဲတွေ မတက်ဖို့ မင်းကို တားမြစ်ထားတယ်နော်”တဲ့။ ကျွန်မ ကြယ်တွေလတွေ မြင်သွားပြီး ပါးစပ်ထောင့်ကနေ သွေးထွက်နေတယ်။ အိမ်ထောင်သက် ဆယ်နှစ်ကျော်တစ်လျှောက်မှာ ဒါသူ ကျွန်မကို ပထမဆုံး ရိုက်တာပဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့်ပဲ ကျွန်မကို ပြင်းပြင်းထန်ထန် သူ ရိုက်မယ်လို့ လုံးဝ စိတ်မကူးမိခဲ့ဘူး။ ကျွန်မ အဲဒီတုန်းက အားနည်းသွားသလိုမျိုး ဖြစ်ပြီး၊ ကြောက်သွားတယ်။ ကျွန်မ တွေးမိတယ်။ သူ ငါ့ကို ထပ်ရိုက်ခဲ့ရင် ခဏလောက် စုဝေးပွဲသွားပြီး တာဝန်လုပ်တာကို ရပ်လိုက်သင့်လားပေါ့။ ကျွန်မက အခြေအနေမှန်မှာ မရှိတာ သိတယ်။ ဒါကြောင့် ဘုရားဆီ ယုံကြည်ခြင်းနဲ့ ခွန်အား တောင်းလျှောက်ရင်း အမြန် ဆုတောင်းလိုက်တယ်။ နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်ကို သတိရတယ်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ မမေ့လျော့နှင့်။ ဖြစ်သမျှအားလုံးသည် ငါ၏ကောင်းမွန်သော ရည်ရွယ်ချက်အားဖြင့် ဖြစ်ပြီး၊ အရာရာသည် ငါ၏ စောင့်ကြည့်ခြင်းအောက်တွင် ရှိ၏။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဟုတ်တယ်။ အရာရာက ဘုရားလက်ထဲမှာ လုံးဝ ရှိတယ်။ ဘုရားရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့၊ ကျွန်မယောက်ျားက ကျွန်မကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီနေ့မှာ ကျွန်မကို အဲဒီလို ဘုရားဖြစ်ခွင့်ပေးခဲ့တာပါ။ အရိုက်ခံမှာ၊ အအော်ခံရမှာ ကြောက်လို့ ကိုယ့်တာဝန်ကို ကျွန်မ မလုပ်ရဲခဲ့ရင်၊ အဲဒါ သက်သေခံချက် ဆုံးရှုံးတာ ဖြစ်မှာ မဟုတ်လား။ ကျွန်မယောက်ျားက ကျွန်မကို ဘယ်လိုပဲ ဖိနှိပါစေ၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ စုဝေးပွဲတွေ ကျွန်မဆက်သွားပြီး အမြဲလိုပဲ ကိုယ့်တာဝန်ကို ဆက်လုပ်ခဲ့တယ်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုက ပိုလို့တောင် ပြင်းထန်ခဲ့တယ်။ သူတို့က ဘုရားရွေးချယ်ထားတဲ့ လူတွေကို အကြီးစား နှိမ်းနှင်း၊ ဖမ်းဆီးတာတွေ လုပ်နေခဲ့ကြတယ်။ တစ်နေ့ ကျွန်မ စုဝေးနေတုန်းမှာ တခြားလူအနည်းငယ်နဲ့အတူ အဖမ်းခံလိုက်ရတယ်။ လူမှုဖွဲ့စည်းပုံစနစ်ကို နှောင့်ယှက်မှုနဲ့ ကျွန်မကို ဆယ်ရက်ကြာ ထိန်းသိမ်းခဲ့ကြတယ်။ လွတ်ပြီးတော့ အိမ်ကို ကျွန်မ ပြန်သွားတဲ့အခါ၊ ကျွန်မယောက်ျားက ဒေါသထွက်နေခဲ့တယ်။ “မင်းမှာ တစ်ခုခု နားလည်တာရော ရှိရဲ့လား။ မင်းရဲ့ ယုံကြည်မှုအတွက် အဖမ်းခံရတဲ့အကြောင်းကို ငါ့ သူငှေးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက မေးကြတယ်။ အဲဒီမှာ ငါ ခေါင်းမမော့နိုင်ဘူး။ အရမ်း ရှက်စရာကောင်းတယ်”တဲ့။ ကျွန်မ သူ့ကို ပြောလိုက်တယ်။ “ယုံကြည်ခြင်းရှိတာ မှန်ကန်ပြီး သဘာဝကျတယ်။ စုဝေးပြီး ဧဝံဂေလိ ဝေမျှတာက လုပ်ဖို့ ဂုဏ်ရှိတဲ့ အရာတစ်ခုပဲ။ ဆိုးယုတ်တာက ခရစ်ယာန်တွေကို မရမက ဖမ်းပြီး နှိပ်စက်နေတဲ့ ပါတီပဲ။ စစ်မှန်တဲ့ လမ်းခရီးက ရှေးအစဉ်အဆက် ဖိနှိပ်ခံနေခဲ့ရတာ။ ဒီလမ်းကြောင်းပေါ် ရှိသူတွေက စာတန် အင်အားစုတွေရဲ့ ဖိနှိပ်တာ ခံရတာပဲ။ ခေတ်အတော်များများက သန့်ရှင်းသူတွေဟာ ဧဝံဂေလိဝေမျှပြီး ဘုရားကို သက်သေခံခြင်းအတွက် အဖမ်းခံခဲ့ကြရတာပဲ မဟုတ်လား”လို့ပေါ့။ သူက ဒေါသနဲ့ ပြန်ဖြေတယ်။ “တစ်ခုကို ရှင်းအောင် ပြောမယ်။ ယုံကြည်တာ ရပ်ဖို့ မင်း ကတိပေးပြီး၊ ငါတို့ သာယာတဲ့ ဘဝတစ်ခု ရမှာ။ ကိုယ့်ယုံကြည်ခြင်းကို ထိန်းသိမ်းရင်တော့၊ ကွာရှင်းရတော့မှာပဲ။ မင်းရဲ့ လွတ်လပ်တဲ့ ရွေးချယ်ခွင့်ကို ငါ တားဆီးနေမှာ မဟုတ်ဘူး”တဲ့။ ကျွန်မရဲ့ ယုံကြည်ခြင်းကို စွန့်စေဖို့ ကွာရှင်းခြင်းနဲ့ ခြိမ်းခြောက်တာဟာ ဒေါသဖြစ်စေပြီး ကြောက်စရာပဲ။ ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်မှုကြောင့် အိမ်ထောင်သက် ဆယ်နှစ်ကျော်ကို သူ လွှင့်ပစ်လိုက်လိမ့်မယ်လို့ ကျွန်မ လုံးဝ မတွေးမိခဲ့ဘူး။ ကျွန်မတို့ တကယ် ကွာရှင်းခဲ့ရင်၊ ကျွန်မတို့ရဲ့ ကလေးတွေကို သေချာပေါက် ထိခိုက်မှာပဲ။ ကျွန်မ မကွာရှင်းချင်ခဲ့ဘူး။ ဒါပေမဲ့ ပိုလို့တောင် ဘုရားကို သစ္စာမဖောက်ချင်သလို၊ သူ့နောက်လိုက်ပြီး ကယ်တင်ခံရခွင့်ကို မဆုံးရှုံးချင်ခဲ့ဘူး။ ဒီအခြေအနေကို ဘယ်လိုဖြတ်သန်းရမှန်း မသိခဲ့ဘူး။ ဘုရားကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဆုတောင်းခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေ စိတ်ထဲရောက်လာတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားတဲ့အခါ၊ ကျွန်မယောက်ျားရဲ့ ဖိနှိပ်မှု ဖြစ်ပုံပေါ်ပေမဲ့၊ နောက်ကွယ်မှာ စာတန်က ကျွန်မကို ဆွဲထားဖို့၊ ဘုရားကို အတင်း သစ္စာဖောက်စေပြီး ကျွန်မရဲ့ ကယ်တင်ခံရမဲ့ အခွင့်အရေး ဆုံးရှုံးအောင် သူ့ကို အသုံးပြုနေတာ ဖြစ်မှန်း တွေ့ခဲ့ရတယ်။ စာတန်ရဲ့ အကြံကို အောင်မြင်ခွင့်ပေးလို့ မရဘူး။ ကျွန်မယောက်ျားက စီစီပီရဲ့ ကောလာဟလတွေကို ယုံလို့ပဲ ကျွန်မကို တားနေခဲ့တာပဲ။ သူတို့ရဲ့ အလိမ်အညာတွေကို သူ့ဆီ ကျွန်မ ဖော်ပြီး၊ သူ ချင့်ချိန်နိုင်စွမ်း ရသွားရင်၊ ကျွန်မကို ဖိနှိပ်တာ ရပ်သွားနိုင်တယ်ပေါ့။ ဒါကြောင့် ကျွန်မ သူ့ကို ပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အပေါ် ပါတီရဲ့ ပြစ်မှားစော်ကားပြီး အပုပ်ချတာတွေက သူတို့ လုပ်ကြံထားတဲ့ ကောလာဟလတွေပါ။ ဒီနှစ်တွေတစ်လျှောက်လုံး သတင်းထောက်ဖြစ်ပြီးတော့၊ ပါတီရဲ့ အတုအယောင် သတင်းတွေကို ရှင် အသိဆုံးပဲ မဟုတ်လား။ ပါတီကို ယုံလို့မရဘူးလို့ ရှင် အမြဲ ပြောနေတာပဲ မဟုတ်လား။ ကျွန်မတို့သိတဲ့ ဘယ်အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတွေက သူတို့ မိသားစုတွေကို စွန့်ပစ်လို့လဲ။ ကျွန်မ ယုံကြည်ခြင်းရှိတာ နှစ်ချီနေပြီ။ ကျွန်မတို့ မိဘတွေနဲ့ ကလေးတွေကို ကျွန်မ ကောင်းကောင်း ဂရုစိုက်နေတာပဲ မဟုတ်လား”လို့ပေါ့။ ကျွန်မပြောတာကို သူ ချေပစရာနည်းလမ်း မရှိလို့ ဒေါသတကြီးနဲ့ပဲ ပြောလိုက်တယ်။ “မင်း ပြောင်းလဲမှာ မဟုတ်တာ ငါ မြင်လို့ရတယ်။ ကောင်းပြီလေ၊ မင်းရဲ့ဘုရားကို ယုံလိုက်”တဲ့။ အဲဒီနောက် တံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတယ်။

အဲဒီနောက် အံ့ဩစရာက ကွာရှင်းဖို့အတွက် အမှုတွဲဖွင့်ဖို့ သူ တရားရုံးကို သွားခဲ့တယ်။ တရားသူကြီးက ပြေလည်မှုရအောင် ဆောင်ရွက်ဖို့ ပြောတယ်။ သူက ကျွန်မရဲ့လစာကတ်နဲ့ ဘဏ်ကတ်တွေကို ယူသွားပြီး၊ အပြင်ထွက် စုဝေးပွဲတွေ သွားလို့မရအောင်၊ ကိုယ့်တာဝန်ကို လုပ်လို့မရအောင် ကျွန်မကို စောင့်ကြည့်ဖို့ အိမ်မှာပဲနေပြီး သူ အလုပ်လုပ်တယ်။ တစ်နေ့ ကျွန်မတို့ ဇာတိမြို့ ရွာသူကြီးက ဖုန်းဆက်ပြီး ပြောတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကို ကျွန်မ မလိုက်လျှောက်တာ၊ ဧဝံဂေလိ မဟောတာ သေချာစေဖို့နဲ့ ကျွန်မကို ကျွန်မယောက်ျားက စောင့်ကြည့်ဖို့ ရွာကော်မတီတွေကို ရဲတွေက သတိပေးတယ်။ မဟုတ်လို့ ကျွန်မ အဖမ်းခံရရင်၊ သူတို့ ငြိစွန်းမှာတဲ့။ ဒါကိုကြားတော့ ကျွန်မယောက်ျားက ကျွန်မပေါ် ပိုလို့တောင် ခက်ထန်လာတယ်။ တစ်ခါ ကျွန်မယောက္ခမနဲ့ ကျွန်မက အိပ်ခန်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို တိတ်တိတ်လေး မိတ်သဟာယပြုပေမဲ့၊ ကျွန်မယောက်ျားက နားစွန်နားဖျား ကြားပြီးတော့ ပြေးဝင်လာပြီး အော်တယ်။ “မင်းက ယုံကြည်သေးတယ်ပေါ့။ မင်းက ကိုယ့်အတွက်ပဲ စဉ်းစားပြီး ငါ့အတွက်၊ ငါတို့ ကလေးတွေအတွက် မတွေးဘူး။ မင်း အဖမ်းခံရရင်၊ ငါတို့ ငြိစွန်းမှာ”တဲ့။ ဒါကိုပြောရင်း ကျွန်မကို သူရိုက်တယ်။ ကလေးတွေ ကြောက်လွန်းလို့ သူတို့အိပ်ခန်းထဲမှာ ထွက်မလာရဲဘဲ ပုန်းနေကြသလို၊ ကျွန်မယောက္ခမလည်း ဝမ်းနည်းပြီး ငိုတယ်။ အဲဒီအချိန်မှာပဲ ကျွန်မ အရမ်း မခံမရပ်နိုင်ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့်ပဲ၊ ကွန်မြူနစ်ပါတီက ကျွန်မကို တားဆီးဖို့ ကျွန်မမိသားစုကို ခြိမ်းခြောက်နေခဲ့တယ်။ ကျွန်မရဲ့ အသက် ၈၀ အရွယ် ယောက္ခမနဲ့ ကလေးတွေအတွက် ထိတ်လန့်စရာလေ။ လုံးဝ ဝမ်းသာပျော်ရွှင်စရာကောင်းတဲ့ မိသားစုက ဒီအထိ ကျဆင်းသွားခဲ့ပြီ။ ကျွန်မ အရမ်းဝမ်းနည်း၊ ညိုးငယ်သွားတယ်။ ကျွန်မယောက်ျားက တစ်ချိန်လုံး ရန်ဖြစ်ဖို့ ကျွန်မရဲ့ ယုံကြည်ခြင်းကို ဆက်သုံးနေတယ်။ ကျွန်မ မစုဝေးနိုင်၊ ကိုယ့်တာဝန်ကို မလုပ်နိုင်ခဲ့ဘူး။ သူ့အိမ်မှာ မရှိချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်ကို ဖတ်နိုင်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပြီး တာဝန်လုပ်နိုင်တဲ့ ရက်တွေကို တကယ် လွမ်းမိတယ်။ ဒါပေမဲ့ အခု ကျွန်မအိမ်က လှောင်အိမ်တစ်ခု ဖြစ်လာခဲ့ပြီ။ နှစ်လကြာ နေ့တိုင်း ကျွန်မယောက်ျားရဲ့ အေးစက်စက်နိုင်မှုနဲ့ အပြစ်ဖော်ဆုံးမခြင်းတွေကိုပဲ သည်းခံနေခဲ့ရတယ်။ ကျွန်မ အရမ်းစိတ်မချမ်းမြေ့ဖြစ်ပြီး ဝမ်းနည်းညိုးငယ်ခဲ့တယ်။ ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာ မသိခဲ့ဘူး။ ကျွန်မရဲ့ ဝေဒနာက အတိုင်းအတာတစ်ခုထိ ရောက်တဲ့ခါ ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မ အရမ်းနာကျင်ပြီး စိတ်ဆင်းရဲရပါတယ်။ ဒီအခြေအနေကို ဘယ်လိုဖြတ်သန်းရမယ် မသိပါဘူး။ ကိုယ်တော့်အလိုတော်ကို နားလည်နိုင်အောင် ဉာဏ်အလင်းပေးပါ”လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ကွန်မြူနစ်ပါတီက စာတန်ရဲ့ ပြယုဂ်၊ ကမ္ဘာမြေကိုလာတဲ့ မကောင်းဆိုးဝါးဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ ဘာသာရေး လွတ်လပ်ခွင့်ပေးတယ်လို့ အပြင်လောကကို ပြောပေမဲ့၊ နောက်ကွယ်မှာ၊ ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ပြီး သူ့ရဲ့ ရွေးချယ်ထားသူတွေကို ရက်စက်တယ်။ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံ ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လူတွေက ဖတ်ရင်၊ သမ္မာတရားကို နားလည်ပြီး သူ့ရဲ့ မကောင်းဆိုးဝါး မျက်နှာကို မြင်ပြီးတော့ ငြင်းပယ်၊ စွန့်ပစ်မှာကို ပါတီက ကြောက်တယ်လေ။ အဲဒါဆိုရင် လူတွေကို ထာဝရ ထိန်းချုပ်ဖို့ ဖြစ်တဲ့ သူ့ရဲ့ ရိုင်းစိုင်းတဲ့ ရည်မှန်းချက်က ပြိုကွဲသွားမှာ။ အဲဒါကြောင့် အရမ်းစိတ်ဆိုးပြီး၊ ဘုရားရွေးချယ်ထားသူတွေကို အရူးအမူး လိုက်တယ်၊ ဖမ်းဆီးပြီး နှိပ်စက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အမှုဆင်ပြီး အသရေဖျက်ဖို့ အလိမ်အညာမျိုးစုံကို လုပ်ကြံဖန်တီးတယ်။ သမ္မာတရားကို မသိတဲ့ လူအများကြီးကို လှည့်စားတယ်၊ ဒီတော့ မှန်တဲ့ လမ်းခရီးကို သူတို့ လက်မခံရဲတော့ဘူး။ ခရစ်ယာန် မိသားစု အများကြီးက သူတို့ရဲ့ အလိမ်အညာတွေကို ယုံကြပြီးတော့၊ သူတို့နဲ့အတူ ဘုရားရွေးချယ်ထားသူတွေကို နှိပ်စက်တယ်။ အဆုံးမှာ၊ ဘုရားကို ဆန့်ကျင်တဲ့အတွက် ငရဲကိုလည်း သွားကြမှာပဲ။ တွေးလေ၊ မြင်လေပဲ။ ကွန်မြူနစ်ပါတီက တကယ်ကို ဘုရားကို မုန်းပြီး လူတွေကို ဖျက်ဆီးတဲ့ မကောင်းဆိုးဝါးဆိုတာကိုပေါ့။ ဘုရားရဲ့ ခါးသီးတဲ့ ရန်သူဖြစ်ပြီး၊ သူ့ကို လှိုက်လှိုက်လှဲလှဲ ကျွန်မ မုန်းလာနေမိတယ်။ သူ့ကို စွန့်လွှတ်၊ ငြင်းပယ်ဖို့နဲ့ ဘုရားနောက်ကို အဆုံးထိလိုက်ဖို့လည်း ကျိန်ဆိုခဲ့တယ်။

ဘုရားနှုတ်ကပတ်တော်မှာ တခြားအရာတစ်ခုကိုလည်း ဖတ်ရတယ်။ “အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ပြီး၊ သူသည် ဘုရားသခင်၏ရန်သူ ဖြစ်၏။ သို့ဖြစ်၍ ဤပြည်၌ ဘုရားသခင်ကို ယုံကြည်သူများသည် အရှက်ကွဲခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ဤသို့ ခံကြရပြီး။...ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သော ပြည်တွင် စတင်သောကြောင့် ဘုရားသခင်၏အမှုအားလုံးသည် ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာ ပြီးမြောက်ခြင်းသည် အချိန်ကြာလေသည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်၏ အကျိုးဆက်အဖြစ်၊ လူတို့သည် စစ်ဆေးခံကြရကာ ယင်းသည် ဒုက္ခဆင်းရဲ၏ အစိတ်အပိုင်းလည်း ဖြစ်ပေသည်။ အဆင်းနီသောနဂါးကြီး၏ ပြည်တွင် သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် အလွန်တရာ ခဲယဉ်းလေသည်— သို့သော် ဘုရားသခင်သည် သူ၏ဉာဏ်ပညာနှင့် သူ၏ အံ့ဘွယ်လုပ်ဆောင်ချက်များကို ထင်ရှားစေလျက်၊ ပြီးလျှင် ဤလူစုကို စုံလင်စေရန် ဤအခွင့်အရေးကို အသုံးပြုရင်း၊ သူ၏ အမှု အဆင့်တစ်ခုကို ဘုရားသခင် လုပ်ဆောင်သည်မှာ ဤအခက်အခဲမှတစ်ဆင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ပါတီက ဘုရားကို ဆန့်ကျင်အလုပ်လုပ်ပြီး ဘုရားရဲ့ ရန်သူဖြစ်တဲ့အတွက် တရုတ်ပြည်မှာရှိတဲ့ ယုံကြည်သူ ကျွန်တော်တို့တွေက ကြီးမားတဲ့ ဖိနှိပ်မှုနဲ့ အခက်အခဲတွေကို ခံစားရဖို့ သေချာတယ်။ ဒါကို ဘုရားက စီမံထားတာပါ။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့နဲ့ အဆင်းနီသော နဂါးကြီးအပေါ် ချင့်ချိန်နိုင်စွမ်းလည်း ရှိပြီး သူ့ကို မုန်းတီး၊ ပစ်ပယ်ပြီး သူရဲ့ လှည့်စား၊ ထိခိုက်စေတာ မခံရတော့အောင်လို့ ဒီခက်ခဲတဲ့ ပတ်ဝန်းကျင်တွေကို ဘုရားက သုံးနေတာပါ။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မ မသိခဲ့ဘူး။ ဇာတိဆိုင်ရာ ဆင်းရဲဒုက္ခနဲ့ ပတ်သက်လို့ ညည်းညူရင်းနဲ့ ကျွန်မ အပျက်သဘောဆောင်ပြီး သမ္မာတရားကို မရှာ၊ သင်ခန်းစာ မယူခဲ့ဘူး။ အရမ်း ပုန်ကန်ခဲ့တာ။ ဘုရားက အရမ်းအထွတ်အထိပ်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်ဖို့သက်သက် အဲဒီလို နာကျင်မှုနဲ့ အရှက်ရခြင်းကို သည်းခံခဲ့တယ်။ သူဟာ လူ့ဇာတိခံလာခဲ့ပြီး စကားပြော၊ အမှုပြုဖို့ ကျွန်တော်တို့ကြား ရောက်လာတယ်၊ ဆိုးယုတ်တဲ့ ကွန်မြူနစ်ပါတီရဲ့ လိုက်ဖမ်း၊ ဖိနှိပ်ခြင်းနဲ့ ဘာသာရေး လောကရဲ့ ရှုတ်ချမှုတွေကို စဉ်ဆက်မပြတ် သည်းခံနေခဲ့တယ်။ ဒါပေမဲ့ ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်တာ လုံးဝ လက်မလျှော့ခဲ့ဘူး။ သမ္မာတရားကို ဆက်ဖော်ပြနေတယ်၊ ကျွန်မတို့ကို ရေလောင်း၊ ပျိုးထောင်ပေးနေခဲ့တယ်။ ကျွန်မတိုရဲ့ ကယ်တင်ခြင်းအတွက် ဘုရားက ဒီအရှက်ရခြင်းနဲ့ နာကျင်မှုအားလုံးကို သည်းခံခဲ့တယ်။ အခု ဘုရားနောက်လိုက်ပြီး ကယ်တင်ခြင်း လိုက်စားဖို့ ကျွန်မ ဆင်းရဲဒုက္ခနည်းနည်း ခံစားရတော့၊ ဘုရားအတွက် စိတ်နှလုံးမှာ စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ နာခံမှု ကင်းမဲ့ခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းတယ်။ ဒီအချိန်မှာ နောင်တ၊ အပြစ်ရှိတဲ့စိတ်နဲ့ ပြည့်ပြီး၊ ကျွန်မယောက်ျားက ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ ဇာတိ အားနည်းချက်တွေကို ဆက်ပြီး မလွန်ဆန်နိုင် မဖြစ်တော့ဘဲ၊ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ဘုရားပေါ် မှီခိုပြီး စာတန်ကို လုံးဝ အလျော့မပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်မှာ၊ ကျွန်မယောက်ျားက ကျွန်မကို ဖိနှိပ်ပြီး တားဆီးနေတုန်းပဲ ဖြစ်ပေမဲ့၊ ဘုရားကို ဆုတောင်းပြီး မှီခိုခဲ့သလို၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့် အရမ်း မနာကျင်တော့ဘူး။

ကျွန်မယောက်ျားက အတန်းဖော်ဟောင်းနဲ့ ဧဝံဂေလိ ဝေမျှတာကို ကျွန်မယောက်ျားက တွေ့တော့၊ အိမ်လာပြီး ကြိမ်းမောင်းတယ်။ “မင်းရဲ့တရားဟောချက်က မိသားစုတွေကို ဖျက်ဆီးနေတယ်လို့ ပါတီက ပြောတယ်။ ငါ မင်းကို သတိပေးနေတယ်၊ မင်းရဲ့ အတန်းဖော်နဲ့ မိတ်ဆွေတွေကို မင်း ဆက်ဧဝံဂေလိမလုပ်တာ ပိုကောင်းမယ်၊ မဟုတ်ရင် ငါ မျက်နှာ ပြနိုင်မှာ မဟုတ်ဘူး”တဲ့။ ဘုရားကို ပြစ်မှားစော်ကားတဲ့ အရာတချို့ကိုလည်း သူ ပြောတယ်။ ဘုရားအပေါ် မုန်းတီးတဲ့ ခက်ထန်တဲ့ အကြည့်ကို မြင်တော့၊ လူတွေက ယုံကြည်ခြင်းရှိပြီး ဘုရားရဲ့ ကယ်တင်ခြင်း လက်ခံနိုင်အောင်၊ ဧဝံဂေလိကို ကျွန်မတို့ ဝေမျှတယ်။ ဒါပေမဲ့ ပါတီက ကိစ္စတွေကို ပြောင်းပြန်လှန်တယ်။ လူတွေရဲ့ မိသားစုတွေကို ကျွန်မတို့ ပြိုကွဲစေတယ်လို့ ပြောရင်းနဲ့ သူတို့က အလိမ်အညာအားလုံးကို လုပ်ကြံတယ်။ ဆိုးယုတ်ပြီး အရှက်မဲ့တာပဲ။ နှစ်နဲ့ချီ၊ ကွန်မြူနစ်ပါတီက ဘုရားကို ဆန့်ကျင်အလုပ်လုပ်တယ်၊ ယုံကြည်သူတွေကို ဖမ်းဆီးနေတယ်၊ ခရစ်ယာန် အများကြီးကို ဖမ်းဆီးပြီး ထောင်ချတာတွေ ဖြစ်စေတယ်။ ခရစ်ယာန်အများကြီးက အဖမ်းအဆီးကို ရှောင်ဖို့ ထွက်ပြေးနေကြပြီး အိမ်အပြန်နိုင်ကြဘူး။ ဒါကြောင့် မိသားစုအများကြီးက တစ်စစီ ပြိုကွဲသွားတယ်၊ မိဘနဲ့ ကလေးတွေ ကွဲကြရတယ်။ ပါတီက ဒီခရစ်ယာန် မိသားစုတွေအားလုံး ပျက်စီးရခြင်းမှာ လက်သည်ပဲ။ ကျွန်မယောက်ျားက ပါတီရဲ့ အလိမ်အညာတွေနဲ့ အယုံသွင်းခံရတာ၊ အမှန်နဲ့ အမှား မခွဲခြားနိုင်တာ၊ ဘုရားနဲ့ ယုံကြည်ခြင်းရှိတဲ့ လူတွေပေါ် အရမ်းမုန်းတာ မြင်တော့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။...ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မယောက်ျားရဲ့ ဘုရားကို အာခံတဲ့ သဘာဝနဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်တွေက ပြခဲ့တယ်။ ကျွန်မမှာ ယုံကြည်ခြင်းရှိပြီး ဧဝံဂေလိ ဝေမျှခဲ့တယ်။ ဒါကြောင့် သူက ကျွန်မကို ဖိနှိပ်၊ တားဆီးဖို့ နည်းလမ်းတိုင်းကို သုံးပြီး ဘုရားကို ပြစ်မှားစော်ကားတဲ့ အရာတွေ ပြောခဲ့တယ်။ အပေါ်ယံမှာ ကျွန်မကို ရည်ရွယ်ပုံရပေမဲ့၊ တကယ်တော့ သူ မုန်းတာက သမ္မာတရားနဲ့ ဘုရားကိုပဲ။ အရင်က ကျွန်မယောက်ျားရဲ့ အနှစ်သာရကို မမြင်ခဲ့ဘူး။ ကျွန်မတို့ အိမ်ထောင်ရေးတစ်လျှောက်မှာ၊ သူက ကျွန်မအပေါ် ဂရုစိုက်ပြီး အာရုံစိုက်ခဲ့သလို၊ အရာရာမှာ ကျွန်မနဲ့အတူ အဆင်ပြေခဲ့တယ်။ ဒါကြောင့် သူ ကျွန်မကို ကောင်းတယ်လို့ တွေးခဲ့တယ်။ ကျွန်မယုံကြည်ခြင်းက ပါတီရဲ့ ဖိနှိပ်တာ ခံရပြီး အဲဒါကသူ့ရဲ့ ဂုဏ်သတင်းနဲ့ အနာဂတ်ကို ထိခိုက်မှာ မြင်တော့၊ သူ လုံးဝ တခြားလူတစ်ယောက် ဖြစ်လာတယ်။ ကျွန်မကို ရိုက်ဖို့ စိုက်ကြည့်တယ်၊ ကျွန်မရဲ့ ယုံကြည်ခြင်းကနေ တားပြီး ဘုရားကို ပြစ်မှားစော်ကားဖို့ နည်းလမ်းတိုင်း သုံးတယ်။ ဒါမကောင်းဆိုးဝါးရဲ့ သရုပ်သကန်ပဲ။ ပထမတော့ သူဟာ ကွန်မြူနစ်ပါတီ အလိမ်အညာတွေရဲ့ လှည့်စားတာ ခံရရုံဖြစ်ပြီး အဲဒါတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရရင်၊ သူ အရမ်း ဖိနှိပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမှားတွေကို ကျွန်မ လက်သင့်ခံမိခဲ့တယ်။ အခု ကျွန်မမှားမှန်း သိလိုက်တယ်။ ကျွန်မယောက်ျားက သတင်းထောက်ဖြစ်လို့ အတုအယောင် သတင်းတွေ လုပ်ကြံဖန်တီးတဲ့ ပါတီရဲ့ အတွင်းရေးကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလိမ်အညာတွေကို ယုံပြီး ကျွန်မရဲ့ ယုံကြည်ခြင်းကို ဖိနှိပ်တုန်းပဲ။ အနှစ်သာရအားဖြင့်၊ သူဟာ ဘုရားကို မုန်းတဲ့ မကောင်းဆိုးဝါးပဲ။ အရင်က ကျွန်မကို သူ ကောင်းခဲ့တာဟာ သူ့ကလေးတွေကို မွေးပြီး မိသားစုထဲမှာရှိတဲ့ သက်ကြီး၊ သက်ငယ်တွေကို ဂရုစိုက်ဖို့သက်သက် ဖြစ်မှန်းလည်း ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ အဲဒါ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ လုံးဝ မဟုတ်ဘူး။ အဲဒါက ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို သတိရမိစေတယ်။ “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မက ယုံကြည်သူဖြစ်ခဲ့တယ်။ ဘုရားနောက်လိုက်၊ သမ္မာတရားလိုက်စားပြီး မှန်တဲ့ လမ်းကြောင်းပေါ် ရှိခဲ့တယ်။ ကျွန်မယောက်ျားက ကွန်မြူနစ်ပါတီနောက်လိုက်ပြီး ဘုရားကို ဆန့်ကျင်တဲ့လမ်းကြောင်းပေါ် ရှိခဲ့တယ်။ တူညီတဲ့လမ်းကြောင်းကို ကျွန်မတို့ လျှောက်နေခဲ့တာ မဟုတ်ဘူး။ ဘာမှ အပေါက်အလမ်းတည့်တာ မရှိဘဲ အတူ အသက်ရှင်ခဲ့ကြတယ်။ ဒါပင်ကိုအားဖြင့် နာကျင်စရာပဲ။ အဲဒါရှင်းလာတာနဲ့တစ်ပြိုင်နက်၊ သူနဲ့ ပတ်သက်လို့ ကျွန်မရဲ့ အတွေးမှားအားလုံးကို လက်လွတ်လိုက်တယ်။ အဲဒီတုန်းက ဘုရားနှုတ်ကပတ်တော်ကို ဖတ်တဲ့ ကျွန်မစွမ်းရည်က နည်းသေးသလို၊ တာဝန်တစ်ခု လုပ်ဖို့ မပြောနဲ့၊ စုဝေးပွဲတွေကို မတက်နိုင်ခဲ့ဘူး။ ကျွန်မအရမ်းကို စိတ်ဆင်းရဲခဲ့တယ်။ အဲဒီရက်တစ်လျှောက်မှာ၊ ထွက်လမ်းတစ်ခု ပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ အရေးပေါ် ဆုတောင်းခဲ့တယ်။

ဒီလိုနဲ့ တစ်ညနေမှာ၊ ကျွန်မယောက်ျားက ပြောတယ်၊ “ဒီနေ့ ငါ့အလုပ်အကိုင်အကြောင်းနဲ့ ဘယ်အချိန်မှာ ကိစ္စတွေ ငါ့ဘက်ပြောင်းမလဲဆိုတာ မေးဖို့ ဗေဒင်ဆရာဆီ သွားခဲ့တယ်”တဲ့။ မစဉ်းစားဘဲ၊ ကျွန်မ ပြောလိုက်တယ်။ “ရှင်က တစ်ခုခု ယုံတဲ့သူပဲ။ အဲဒီမကောင်းတဲ့ အမှိုက်ကို ဝယ်နေတာလား”လို့ပေါ့။ သူ့မျက်နှာထား ချက်ချင်း ပြောင်းပြီး ကျွန်မဗိုက်ကို လက်သီးနဲ့ထိုးတော့ ကျွန်မ အံ့ဩသွားတယ်။ ကယောင်ချောက်ချားနဲ့ သူ အော်တယ်။ “မင်းရဲ့ယုံကြည်ခြင်းကို မရမက ဆက်ထိန်းသိမ်းနေရင်၊ ဒီအိမ်ကထွက်လိုက်” တဲ့။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ အင်္ဂါတွေ ပြုတ်ထွက်သွားသလို ခံစားလာရပြီး အရမ်းနာကျင်သွားတယ်။ နာကျင်မှုနဲ့ ဗိုက်ကို ဖမ်းဆုပ်ထားရင်း ကြမ်းပြင်ပေါ် ကျွန်မလဲသွားတယ်။ အဲဒီအိမ်မှာ ကျွန်မယောက်ျားက တစ်နေဝင်၊ တစ်နေထွက် ကျွန်မကို ဖိနှိပ်နေတာ တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ဘူး၊ စုဝေးပွဲတွေ မတက်၊ တာဝန်မလုပ်နိုင်ခဲ့ဘူး၊ အဲဒီလိုဆက်ဖြစ်ရင်၊ သမ္မာတရားကို လိုက်စားနိုင်ဖို့ နည်းလမ်းမရှိသလို၊ နောက်ဆုံး ပျက်စီးရမှာပဲ။ အခုသူက ကျွန်မနဲ့ ပတ်သက်လို့ အကြမ်းဖက်နေပြီး ကျွန်မကို နှင်ထုတ်ဖို့ ခြိမ်းခြောက်နေတယ်။ အဲဒီနာကျင်မှု၊ ညှဉ်းဆဲမှုကို ကျွန်မ ဆက်မခံနိုင်တော့ဘူး။ သူ့ကို စွန့်ခွာဖို့၊ ကိုယ့်ကိုယ်ကိုယ် အဲဒီအိမ်ရဲ့ အကျဉ်းထောင်ကနေ လွတ်စေဖို့၊ ငရဲဆန်တဲ့ ဘဝကနေ ထွက်ပြေးသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီညမှာ၊ ဝမ်းနည်းမှုနဲ့ အိပ်ရာထဲ ငိုရင်း လှဲနေမိတယ်။ ကျွန်မတို့ တစ်ပတ်တစ်ကုန် တည်ဆောက်ခဲ့တဲ့ အိမ်ကို ကြည့်တဲ့အခါ၊ ပြိုလဲတော့မဲ့ ကျွန်မတို့ရဲ့ ဆယ်နှစ်ကျော်ကြာ အိမ်ထောင်ရေး၊ နှစ်သက်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုက ကွန်မြူနစ်ပါတီရဲ့ ဖျက်ဆီးတာ ခံရတာကို တွေးကြည့်တော့၊ အားနည်းမှုနဲ့ ဖုံးလွှမ်းသွားတယ်၊ အထူးသဖြင့် ကျွန်မတို့ရဲ့ ကလေးတွေ တွေ့ကြုံခဲ့ရပုံကို တွေးမိတဲ့အခါပေါ့။ ကျွန်မတို့ရဲ့ အကြီးဆုံး သမီးက သူ့ကိုယ်သူ ဂရုစိုက်နိုင်မှာပေမဲ့၊ အငယ်ဆုံးက လေးနှစ်ပဲရှိသေးသလို၊ သူ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိတယ်။ သူ့ကို နှစ်ချီ စောင့်ရှောက်ရာမှာ ကျွန်မ စိတ်နှစ်ခဲ့တယ်။ ကျွန်မဆီကနေ သူ ခွဲဖူးတာ မဟုတ်ဘူး။ ကျွန်မယောက္ခမကလည်း အိုနေပြီ။ ကျွန်မတို့ကွာရှင်းရင် ဘယ်သူက ကလေးတွေကို စောင့်ရှောက်မှာလဲ။ ဒီအတွေးက ကျွန်မအတွက် နှလုံးကြေကွဲစရာပါ။ ဘုရားကို သူ့လိုတော် နားလည်အောင် ဉာဏ်အလင်းပေး၊ ကူညီဖို့ တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော် တချို့ကို တွေးမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံးဝ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်)၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားနှုတ်ကပတ်တော်တွေက သူဟာ လူ့ဘဝရဲ့ ရင်းမြစ်ဖြစ်ပြီး ကျွန်မတို့ ကံကြမ္မာတွေပေါ် အုပ်စိုးသူတစ်ယောက်ဖြစ်မှန်း ပြခဲ့တယ်။ ကလေးတွေ ဘေးကင်းကင်းနဲ့ အရွယ်ရောက်ခြင်း ရှိမရှိနဲ့ မိဘတွေအနေနဲ့ ကျွန်မတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပုံမရပေမဲ့၊ အားလုံးကို ဘုရားက ဆုံးဖြတ်တာပါ။ ကျွန်မရဲ့ အငယ်ဆုံး သမီးရဲ့ ကျန်းမာရေး၊ ဘဝမှာ သူ ရင်ဆိုင်ရတဲ့အရာနဲ့ သူမှာရှိတဲ့ ကံကြမ္မာအမျိုးအစား အားလုံးကို ဘုရားက သတ်မှတ်တာပါ။ ဘုရားစီစဉ်တဲ့အရာမှန်သမျှက အကောင်းဆုံး၊ အသင့်တော်ဆုံး ဖြစ်မှာပဲ။ ဒါပေမဲ့ ဘုရားအပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက ချို့တဲ့နေတယ်။ ကျွန်မကလေးတွေက သူတို့ ကျန်းကျန်းမာမာ အရွယ်ရောက်အောင် စောင့်ရှောက်ရင်းနဲ့ သူတို့ဘေးမှာ ကျွန်မကို အမြဲလိုအပ်မယ်လို့ အမြဲတွေးခဲ့တယ်။ သူတို့ကို ဘုရားလက်ထဲ ကျွန်မ ထားမနေခဲ့တာပဲ။ မာနထောင်လွှားပြီး မသိနားမလည်ဖြစ်ခဲ့တာ။ မိခင်အနေနဲ့၊ ကျွန်မ သမီးဘေးမှာ ကျွန်မရှိရင်၊ ကျွန်မလုပ်နိုင်သမျှက သူ့ကို နွေးထွေးစေပြီး ကောင်းကောင်း ကျွေးတာဖြစ်ပေမဲ့၊ သူ့ရဲ့ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး။ အခု ကျွန်မ ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး သူ့ကို ဘုရားဆီ လွဲပေးဖို့၊ ကျွန်မရဲ့ ပူပန်မှုအားလုံးကို လက်လွတ်ဖို့၊ ဘုရားနောက်လိုက်ဖို့၊ ဧဝံဂေလိ ဝေမျှပြီး ကိုယ့်တာဝန်ကို လုပ်ဖို့လိုတယ်။ ဘုရားအလိုတော်ကို နားလည်တာက ကျွန်မအတွက် အရမ်းလွတ်လပ်တယ်။

နောက်နေ့မှာ ကျွန်မယောက်ျားနဲ့ ကျွန်မက ကွာရှင်းပြတ်ဆဲခြင်း အစီအစဉ်ကို ကိုင်တွယ်ခဲ့တယ်။ ကျွန်မက ယုံကြည်သူဖြစ်လို့ဆိုတာကို အရာရှိက သိတော့ ကျွန်မကို အကြံပေးတယ်။ “ဘာသာတရားနဲ့ ပတ်သက်တဲ့အတွက်၊ မင်း လက်မှတ်ထိုးလိုက်တာနဲ့၊ မင်းယောက်ျား၊ ကလေးတွေနဲ့ အိမ်က အားလုံး ရှိတော့မှာ မဟုတ်ဘူး။ သေချာလုပ်ရင် ပိုကောင်းမယ်”တဲ့။ ဒါကို ကြားတော့ ကျွန်မ တုံ့ဆိုင်းသွားတယ်။ ကျွန်မယောက်ျားရဲ့ ဘုရားကို ဆန့်ကျင်တဲ့ အနှစ်သာရကို မြင်ပြီး၊ ကျွန်မကလေးတွေကို ဘုရားလက်ထဲထားဖို့ အသင့်ဖြစ်ခဲ့ပေမဲ့၊ ကျွန်မရဲ့ လက်မှတ်က ကျွန်မအိမ်၊ ကလေးတွေနဲ့ အရာရာ ပြီးဆုံးသွားတဲ့ သဘောဖြစ်မယ်ဆိုတဲ့ အတွေးက ကျွန်မကို ချီတုံချတုံ ဖြစ်စေခဲ့တယ်။ ကျွန်မ အခြေအနေမှန်မှာ မရှိတာကို နားလည်တဲ့အခါ၊ တိတ်တဆိတ် ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်က‌နေ ဒါကို တွေးမိတယ်။ “သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။...သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ချက်ချင်း ဉာဏ်အလင်းရစရာ ဖြစ်ခဲ့တယ်။ မှန်တယ်။ ကျွန်မက အဖန်ဆင်းခံဖြစ်ပြီး ဘုရားကို ကိုးကွယ်တာက ကျွန်မရဲ့ မဖြစ်မနေ လုပ်ရမဲ့တာဝန်ပဲ။ ဘုရားနောက်လိုက်ဖို့ အရာရာကို စွန့်တာ၊ သမ္မာတရားနဲ့ အသက်ကို လိုက်စားတာက ဘဝမှာ မှန်တဲ့ လမ်းကြောင်းပဲ။ အဲဒါ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး ဘဝပဲ။ ဘုရားက ပေါ်ထွန်းပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ အမှုပြုနေတယ်။ အဲဒါက အဖိုးမဖြတ်နိုငတဲ့ အခွင့်အရေးပဲ။ ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ အခွင့်အလမ်းကောင်းရပြီး သူ့နှုတ်ကပတ်တော်ရဲ့ အာဟာရကို ရတာက ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကရုဏာပဲ။ အခု ဘုရားရဲ့ အမှုတော်က အဆုံးသတ်တော့မယ်။ အရာရာကို ကျွန်မ ဘေးဖယ်သင့်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘုရားအတွက် အသုံးခံပြီး ကိုယ့်တာဝန်ကို လုပ်သင့်တယ်။ မဟုတ်ရင်၊ ကယ်တင်ခြင်းမှာ ကျွန်မရဲ့ အခွင့်အရေး လက်လွတ်မယ်၊ အဲဒါက ရာသက်ပန် နောင်တတစ်ခု ဖြစ်မှာ။ ဒါပေမဲ့ ကျွန်မယောက်ျားက ကျွန်မကို ပိတ်ဆို့ပြီး ဖိနှိပ်ဖို့ လုပ်ရင်း၊ ကျွန်မကို ရန်သူလို သဘောထားရင်းနဲ့ ကွန်မြူနစ်ပါတီနဲ့အတူ သွားခဲ့တယ်။ “ဘုရား”ဆိုတဲ့ စကားလုံး ပြောလိုက်တာနဲ့ ကျွန်မကို ရိုက်တယ်။ အဲဒီအိမ်မှာ ရှိနေတုန်း၊ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ခဲ့ဘူး၊ စုဝေးပွဲတွေတက်ဖို့၊ တာဝန်လုပ်ဖို့ မထွက်နိုင်ခဲ့ဘူး။ ကွာရှင်းတာက ဘုရားကို ယုံကြည်ပြီး နောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ အဲဒီလို အသက်ရှင်ရင်းနဲ့ ဗလာအခွံ ဖြစ်မှာ မဟုတ်လား။ စာတန်နဲ့အတူ အပြစ်ပေးခံရရင်းနဲ့ ငရဲမှာ အဆုံးသတ်ရုံသတ်သွားမှာလေ။ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်မယောက်ျားနဲ့ အိမ်က ကျွန်မရဲ့ အမာခံကျောရိုး မဟုတ်ခဲ့မှန်း အရမ်း ရှင်းသွားတယ်။ အဲဒါတွေက ကျွန်မကို ထိခိုက်နာကျင်စေပြီး ပျက်စီးစေဖို့ စာတန် အသုံးပြုခဲ့တဲ့ ကိရိယာ၊ အချုပ်အနှောင်တွေပဲ။ ဘုရားကသာ ကျွန်မရဲ့ အမာခံကျောရိုးဖြစ်ပြီး၊ ဘုရားကပဲ ကျွန်မဘဝအတွက် အာဟာရပဲ။ ဘုရားနောက်လိုက်ပြီး အဖန်ဆင်းခံရဲ့ တာဝန်ကို လုပ်ဆောင်တာက ဘုရားရဲ့ ကယ်တင်တာခံရပြီး ကံကြမ္မာနဲ့ ခရီးပန်းတိုင်ကောင်းရှိဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ယုံကြည်ခြင်းရှိဖို့နဲ့ သမ္မာတရားနဲ့ အသက်ရဖို့ မိဘရဲ့ ဘောင်ခတ်မှုတွေကို ချိုးဖျက်ခဲ့တဲ့ ပေတရုကို တွေးမိတယ်။ သခင်ယေရှုနောက်လိုက်ဖို့ အရာရာကို သူ စွန့်ခဲ့တယ်။ ကျွန်မက ပေတရုရဲ့ ပုံသက်သေနောက် လိုက်ဖို့၊ ကျွန်မရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ယောက်ျားရဲ့ အချုပ်အနှောင်တွေကို ချိုးဖောက်လွတ်မြောက်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် စိတ်နှလုံး အကြွင်းမဲ့ လိုက်ဖို့လိုတယ်။ ဒါကြောင့်၊ တုံ့ဆိုင်းခြင်းမရှိဘဲ ကွာရှင်းစာကို ကျွန်မ လက်မှတ်ထိုးလိုက်တယ်။

အိမ်ရောက်တော့၊ ကျွန်မရဲ့ အကြီးဆုံး သမီးက ပြောတယ်၊ “အမေ၊ ဘုရားကိုယုံတာ လုပ်ဖို့ မှန်ကန်တဲ့ အရာဖြစ်ပေမဲ့၊ အဖေက အမေ့ကို အဲဒီလို ခြိမ်းခြောက်တာ မြင်တော့၊ အမေ့ကို အဲဒီလို ဆင်းရဲဒုက္ခ သမီး မခံစေချင်ဘူး။ အမေတို့ ကွာရှင်းတာ သမီးအားပေးပါတယ်”တဲ့။ သူ အဲဒီလိုပြောတာ ကြားတော့ ကျွန်မ အရမ်း အားတက်သွားတယ်။ ကွာရှင်းတာကို ကျွန်မ မိတ်ဆွေတွေက သိတော့၊ သူတို့ အယောက်နှစ်ဆယ်နီးပါးက ကျွန်မရဲ့ ယုံကြည်ခြင်းကို စွန့်ဖို့ မရမကပြောရင်းနဲ့ ပေါ်လာကြတယ်။ ကျွန်မ ခိုင်ခိုင်မာမာ၊ ခံယူချက်နဲ့ သူတို့ကို ပြောလိုက်တယ်။ “ဘုရားကို ယုံကြည်မှုက မှန်တဲ့ လမ်းကြောင်းပဲ။ မိဘနဲ့ ကလေးတွေ့ကို ကျွန်မ အရမ်းဂရုစိုက်ခဲ့ပေမဲ့၊ သူက ပါတီရဲ့ အလိမ်အညာတွေကို ယုံပြီး ကျွန်မတို့ ယုံကြည်ခြင်းကို တားဆီးခဲ့တယ်။ ကျွန်မကို ရိုက်တယ်၊ အော်တယ်၊ ဒီကွာရှင်းတာကို အတင်းလုပ်တယ်။ ကျွန်မက သိက္ခာ၊ သမာဓိ တစ်ခုမှ မရှိဘဲ အသက်ရှင်နေခဲ့တယ်။ တခြား ရွေးစရာ မရှိခဲ့ဘူး။ ကျွန်မတို့ မိသားစုကို ဖျက်ဆီးခဲ့တာ ကွန်မြူနစ်ပါတီပဲ”တဲ့။ သူတို့မှာ ပြန်ဖြေပြောစရာ ဘာမှမရှိခဲ့ဘူး။

အဲဒီနောက်မှာ ကျွန်မ အိမ်ကထွက်ပြီး တာဝန်လုပ်နေကြသူတွေဆီ သွားပူးပေါင်းတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ဧဝံဂေလိ စဖြန့်ခဲ့တယ်၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော် ဖတ်တယ်၊ သမ္မာတရားပေါ် မိတ်သဟာယပြုပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ အာဟာရကို မွေ့လျော်ခဲ့တယ်။ ကျွန်မ တည်ငြိမ်၊ အေးချမ်းခဲ့တယ်။ ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်တာ ခံရပြီး ယောက်ျားရဲ့ ဖိနှိပ်တာ ခံရပြီးတဲ့နောက်မှာ၊ ပါတီရဲ့ ဘုရားကို မုန်းပြီး လူတွေကို ဖျက်ဆီးတဲ့ ဆိုးယုတ်တဲ့ သဘာဝကို အပြည့်အဝ မြင်ခဲ့တယ်။ တကယ်ကို စာတန်ရဲ့ ပြယုဂ်နဲ့ ဘုရားရဲ့ ခါးသီးတဲ့ ရန်သူပဲ။ သူ့ကို စိတ်နှလုံးကနေ စက်ဆုပ်ပြီး ငြင်းပယ်ခဲ့တယ်။ ကျွန်မယောက်ျားရဲ့ ဘုရားကို ဆန့်ကျင်တဲ့ နှစ်သာရအပေါ် ချင့်ချိန်နိုင်စွမ်းလည်း ရရှိပြီး၊ အဲဒီအိမ်ရဲ့လှောင်အိမ်ကို ချိုးဖျက်လွတ်မြောက်ခဲ့တယ်။ အဲဒါ ဘုရားရဲ့ ကယ်တင်ခြင်းသက်သက် ပါပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်

လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ

၂၀၂၀ တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ တချို့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံသက်သေခံချက်ဆောင်းပါးကောင်း သုံးလေးခုရေးတာကို...

စိတ်ကျဉ်းကျပ်မှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် ကျွန်မ လုပ်ခဲ့ပြီ

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ခေါင်းဆောင်က လီရှင်းနဲ့ ကျွန်မကို အသင်းတော်ရဲ့ စာအရေးအသားအလုပ်ကို ပူးတွဲကြီးကြပ်ဖို့ စီစဉ်ခဲ့တယ်။ ကျွန်မက...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။