ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

10.03.2022

နိုရာ ဖိလစ်ပိုင်နိုင်ငံ

ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။ ကျွန်တော့်ကို ချီးမွမ်းတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ ဆန်းဒေးစကူး ဆရာ လုပ်ခိုင်းခဲ့ပြီး၊ ကျွန်တော့်အပေါ် အမြဲအရမ်း ဂရုစိုက်ခဲ့ကြတယ်။ ပြဿနာ၊ အားနည်းချက် တစ်ခုခု ကျွန်တော် ရှိတဲ့အချိန်တိုင်း သူတို့ ဆုတောင်းပေးခဲ့ကြတယ်။ တခြား အသင်းသားတွေအပေါ်လည်း သူတို့ ဂရုစိုက်ကြတယ်။ တစ်ယောက်ယောက် စိတ်ပျက်၊ အားနည်းတဲ့အခါတိုင်း သူတို့ကို ကူညီဖို့ ကျမ်းစာနဲ့ မိတ်သဟာယ ပြုကြတယ် သူတို့က တကယ်ကို ချစ်ခင်စရာကောင်းသလို သူတို့ရှိတာ ကျွန်တော်တို့ ကံကောင်းတယ်လို့လည်း ခံစားမိခဲ့တယ်။ ကျွန်တော့် စိတ်ထဲမှာ၊ သူတို့က ဝိညာဉ်ရေး မိခင် ဖခင်တွေလို့ ကျွန်တော် အမြဲ ခံစားခဲ့တယ်။

နောက်တော့ ၂၀၁၈ မှာ၊ အန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အွန်လိုင်းကနေ ညီအစ်ကို မောင်နှမတစ်ချို့နဲ့ တွေ့ခဲ့တယ်။ သူတို့ သက်သေခံချက်ကို ကြားပြီးတဲ့နောက်၊ သခင်ယေရှု ပြန်ကြွလာခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် လူ့ဇာတိခံလာခဲ့ပြီမှန်း သိခဲ့ရတယ်။ သူဟာ “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ” လို့ဆိုတဲ့ ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇ ထဲက ပရောဖက်ပြုချက်ကို ပြည့်စုံစေရင်းနဲ့ နောက်ဆုံးသော ကာလမှာ လူသားမျိုးနွယ်ကို တရားစီရင်၊ သန့်စင်စေဖို့ သမ္မာတရား ဖော်ပြနေတယ်။ ကျွန်တော် အရမ်းဝမ်းသာသွားတယ်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားရဲ့ အမှုကို မိသားစုနဲ့အတူ ကျွန်တော် လေ့လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတော်တွေကို ဖတ်ရာကနေ အဲဒါတွေက ဘုရားရဲ့ အသံတော်ဖြစ်မှန်း၊အနန္တတန်ခိုးရှင် ဘုရားက ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ကျွန်တော်တို့အားလုံး သေချာလာခဲ့တယ်။ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားရဲ့ အမှုကို အားလုံး လက်ခံခဲ့ကြတယ်။ အဲဒီနောက်၊ သင်းအုပ် ချင်ကို ကျွန်တော် တွေးမိခဲ့တယ်။ သခင့်ရဲ့ ကြွလာခြင်းကို စောင့်နေဖို့ သူ အမြဲပြောခဲ့တာလေ။ ဒါကြောင့် သခင် ပြန်ကြွလာခဲ့ပြီဆိုတာ သူကြားရင် အရမ်းဝမ်းသာမှာပဲလို့ ကျွန်တော် ထင်ခဲ့တာပေါ့။ သူ့ကို သတင်းကောင်းပြောဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ခါ ဝတ်ပြုအစည်းအဝေးတွင်းမှာ၊ သင်းအုပ် ချင်က၊ “နောက်ဆုံးသော ကာလမှာ ကျွန်တော်တို့ ရှိနေပြီး သခင်က အချိန်မရွေး ပြန်လာနိုင်တယ်။ ကျွန်တော်တို့ ဆုတောင်းပြီး နိုးကြားရမယ်”လို့ ပြောခဲ့တယ်။ ဒါကို သူပြောတာ ကြားရတော့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားတယ်၊ ဒါကြောင့် ကျွန်တော်က ချက်ချင်း၊ “သခင် ပြန်ကြွလာပြီလို့ သက်သေခံနေတဲ့ အွန်လိုင်းက ညီအစ်ကို မောင်နှမတစ်ချို့နဲ့ ကျွန်တော် ခုတလော ဆုံရတယ်။ သူတို့နဲ့ ဝတ်ပြုစည်းဝေးတွေ ကျွန်တော် အတူတက်နေခဲ့တာ၊ တကယ်ကို အသိဉာဏ်ပွင့်စေတယ်” လို့ ကြားဖြတ်ပြောလိုက်တယ်။ သူက၊ “အွန်လိုင်း ဝတ်ပြုစည်းဝေးတွေက ကောင်းပါတယ်၊ ပြီးတော့ သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီး နားလည်စေတယ်” လို့ သူ ဖြေခဲ့တယ်။ နောက်တော့ သူ့ရဲ့ ဒေသနာကိုပဲ ဆက်ဟောခဲ့တယ်။ “သင်းအုပ်ချင်က တကယ်ကို သမ္မာတရား ရှာဖွေသူပဲ၊ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ ဧဝံဂေလိကို သူနဲ့ ချက်ချင်း မျှဝေရမယ်”လို့ တွေးရင်း ကျွန်တော် ကျေနပ်မိခဲ့တယ်။ အံ့ဩစရာက နောက်ရက် အနည်းငယ်မှာ သင်းအုပ်ချင်နဲ့ သူ့ဇနီး ကျွန်တော့်အိမ်ကို ရောက်လာခဲ့တယ်။ ဝင်လာတာနဲ့ သင်းအုပ်ချင်က မျက်နှာပေါ်မှာ ခက်ထန်တဲ့ အကြည့်နဲ့ ကျွန်တော့်ကို၊ “အွန်လိုင်းစည်းဝေးပွဲကို ခင်ဗျား ပြောခဲ့တယ်။တစ်ခြားအသင်းတော်မှာ တက်လိုက်ပြီလား” လို့ မေးခဲ့တယ်။ သူ ဘယ်လောက် စိတ်ဆိုးနေမှန်း မြင်ရတော့ ကျွန်တော် နည်းနည်း မှင်တက်မိသွားတယ်။ ကျွန်တော် မဖြေလိုက်နိုင်ခင်မှာ၊ ကျွန်တော့် အမေက၊ “ဟုတ်တယ်၊ သင်းအုပ်ရေ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ကျွန်မတို့ လေ့လာနေခဲ့ကြတာလေ။ အဲဒီလိုနဲ့ သခင် ပြန်ကြွလာပြီမှန်း ကျွန်မတို့ သိလိုက်ရတယ်။ သူက သမ္မာတရား အများကြီး ဖော်ပြနေပြီး ဘုရားအိမ်တော်က အစပြုတဲ့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတယ်”လို့ ပျော်ရွှင်စွာ ပြောလိုက်တယ်။ သင်းအုပ်ချင်က၊ “သခင် ပြန်လာပြီ ဟုတ်လား၊ မဖြစ်နိုင်တာ။ ကျမ်းစာက၊ ‘ကြည့်ရှုလော့၊ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသော သူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့်၊ ငိုကြွေး မြည်တမ်းရကြလိမ့်မည်(ဗျာဒိတ်ကျမ်း ၁:၇) လို့ ရှင်းရှင်းလင်းလင်း ပရောဖက်ပြုထားတယ်။ နောက်ဆုံးသော ကာလမှာ သခင်က အယောက်တိုင်းမြင်ဖို့ မိုးတိမ်စီး ပြန်ကြွလာမှာ။ သူ ပြန်ကြွလာနှင့်ပြီဆိုရင်၊ သူ့ကို ဘာလို့ မမြင်ရသေးတာလဲ” လို့ ခက်ခက်ထန်ထန် ပြန်ဖြေလိုက်တယ်။ ကျွန်တော့် အမေက၊ “သခင် ပြန်ကြွလာတာနဲ့ဆိုင်တဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေ အများကြီးပါ။ မိုးတိမ်းစီးပြီး ပွင့်ပွင့်လင်းလင်း သူ ကြွလာတာအပြင်၊ တိတ်တဆိတ် သူ ကြွလာတာနဲ့ပတ်သက်တဲ့ ကျမ်းချက်တွေလည်း ရှိတယ်။ ဗျာဒိတ်ကျမ်း ၁၆:၁၆၊ ‘အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏၊’ ဗျာဒိတ်ကျမ်း ၃:၃၊ ‘စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်တို့ရှိရာသို့ ငါ လာမည်’ ဆိုသလိုပေါ့။ ပြီးတော့၊ ရှင်မဿဲခရစ်ဝင် ၂၅:၆၊ ‘သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။’ ဆိုတာရောပဲ။ သူခိုးလို သူ လာတယ်လို့ ပြောတာက ဘယ်သူမှ မသိဘဲ တိတ်တိတ်လေး သူ ပြန်လာတာကို ဆိုလိုတာပါ။ သခင်က မိုးတိမ်စီးပြီး ပွင့်ပွင့်လင်းလင်းသာ ကြွလာရင်၊ အယောက်တိုင်းက သူ့ကို မြင်မှာလေ။ အဲဒါက ဘယ်လိုလုပ် သူခိုးလို ဖြစ်မှာလဲ၊ ပြီးတော့ မင်္ဂလာဆောင် လုလင်လာပြီလို့ ဘယ်သူ အော်စရာ လိုမှာလဲ” လို့ပြောလိုက်တယ်။ မခံချိမခံသာ ဖြစ်ရင်းနဲ့ သင်းအုပ်ချင်က၊ “သခင် တိတ်တဆိတ် ကြွလာတယ်ဆိုတဲ့ ခင်ဗျားရဲ့ ပြောဆိုချက်က မိုးတိမ်စီး ကြွလာမယ့် ပရောဖက်ပြုချက်တွေနဲ့ ဆန့်ကျင်တယ်မဟုတ်လား။ ဒါ ကျမ်းစာနဲ့ မကိုက်ပါဘူး။ သခင် မိုးတိမ်စီး ကြွလာတာကို မမြင်ရသေးဘူး၊ အဲဒါ သူ ကြွမလာသေးတာကို သက်သေပြတာပဲ။ ကျွန်တော်တို့ ယုံကြည်မှာ မဟုတ်ဘူး” လို့ ပြောတယ်။

ကြည့်ရတာ သူ တကယ် နားမလည်ခဲ့ပုံပဲ၊ ဒါကြောင့် ကျွန်တော်က၊ “သင်းအုပ် ချင်ရေ၊ လူ့ဇာတိနဲ့ တိတ်တဆိတ် သူကြွလာမယ့် ပရောဖက်ပြုချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း မိုးတိမ်စီး ကြွလာမယ့် ပရောဖက်ပြုချက်တွေဟာ တကယ်တော့ မဆန့်ကျင်ပါဘူး။ သူ့ရဲ့ ပြန်ကြွလာခြင်းက အဆင့်နှစ်ဆင့်နဲ့ ဖြစ်တယ်။ ပထမဆုံး၊ လူ့ဇာတိနဲ့ တိတ်တဆိတ် ကြွလာတယ်၊ လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ဖို့ သမ္မာတရားတွေ ဖော်ပြပြီး၊ ကပ်ဘေးတွေ မတိုင်မီ အောင်မြင်သူအုပ်စုကို ဖန်တီးတယ်။ အဲဒါ ပြီးတာနဲ့၊ တိတ်တဆိတ်နဲ့ပြုတဲ့ သူ့အမှု ပြီးဆုံးပြီးတော့ ကပ်ဘေးတွေ သူ စေလွှတ်မယ်၊ ကောင်းသူကို ဆုပေးပြီး မကောင်းသူကို အပြစ်ပေးမယ်။ ဘုရားရဲ့ ရန်သူတွေ၊ စာတန်နဲ့ဆိုင်သူတွေ အားလုံးကို သူ ဖျက်ဆီးမယ်။ ကပ်ဘေးကြီးတွေ ပြီးမှပဲ တိုင်းနိုင်ငံနဲ့ လူမျိူးတွေဆီ ပွင့်ပွင့်လင်းလင်း သူ ပေါ်ထွန်းမှာပါ သူ ဒီမှာ တိတ်တဆိတ် အမှုပြုနေတုန်း ဘုရားအသံတော်ကို ကြားပြီး သူ့အမှုကို လေ့လာသူတွေအားလုံးဟာ ဘုရားပလ္လင်တော်ရှေ့ကို လာကြတယ်၊ နောက်ဆုံးသော ကာလ သူ့ရဲ့ တရားစီရင်ခြင်းကို လက်ခံပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ခံရတယ်။ နောက်ဆုံးမှာ ဘုရားနိုင်ငံတော်ထဲကို သူတို့ ခေါ်ဆောင်ခံရတယ်။ သူတို့က ကျမ်းစာ ပရောဖက်ပြုထားတဲ့ ပညာရှိ သတို့သမီးတွေ ဖြစ်တယ်။ သူ ဒီမှာ တိတ်တဆိတ် အမှုပြုနေတုန်း ဘုရားအသံကို နားမထောင်တဲ့သူတွေနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်တောင်ရှုတ်ချပြီး ငြင်းပယ်သူတွေဟာ မိုက်မဲတဲ့ သတို့သမီးတွေပဲ။ သူတို့ဟာ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုကနေ ဖော်ထုတ်ခံရတဲ့ မယုံကြည်သူတွေ၊ အန္တိခရစ်တွေနဲ့ မကောင်းမှုပြုသူတွေပါ။ ဘုရားက ပွင့်ပွင့်လင်းလင်း မိုးတိမ်စီး ကြွလာတဲ့အခါ သူတို့ ဆန့်ကျင်ခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားက တကယ်တော့ ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း သူတို့ မြင်မှာဖြစ်ပေမယ့်၊ သူတို့ နောင်တက အရမ်းနောက်ကျသွားမယ်။ ကပ်ဘေးတွေရဲ့ ခေါ်ဆောင်တာခံရပြီး ငိုကြွေးရင်း အပြစ်ပေးခံရမယ် လို့ ပြောလိုက်တယ်။ ဒါက သခင်ပြောတဲ့အရာကို ပြည့်စုံစေမယ်- ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုး ရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) ဒါက တိတ်တဆိတ် သခင်ကြွလာမယ့် ပရောဖက်ပြုချက်နဲ့ ပွင့်ပွင့်လင်းလင်း ကြွလာမယ့် ပရောဖက်ပြုချက်နှစ်ခုလုံး ပြည့်စုံမယ့်ပုံစံပဲ။” အဲဒီနောက် ကျွန်တော့် အမေက လေးလေးနက်နက်နဲ့၊ “သင်းအုပ်ရေ၊ သူ ပြောတာမှန်တယ်။ ကျမ်းစာက လူသား ကြွလာတာကို အကြိမ်အများကြီး ဖော်ပြထားတယ်။ ဥပမာအနေနဲ့- ‘လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ‘လူသား’ ဆိုတာ လူ့ဇာတိခံ ဘုရားကို ရည်ညွှန်းတယ်၊ သခင်ယေရှုက လူသား ဖြစ်ခဲ့သလိုပေါ့။ သူက လူသားဆီက မွေးဖွားပြီး လူ့သဘာဝ ပိုင်ဆိုင်ခဲ့တာလေ။ သခင်က သူ့ရဲ့ ဝိညာဉ်ပုံသဏ္ဍာန်နဲ့ ပြန်လာရင်၊ လူသားလို့ အခေါ်ခံရမှာ မဟုတ်ဘူး။ ပြီးတော့ သခင်က ဝိညာဉ်နဲ့ ဘုရားအဖြစ် ပြန်လာရင်၊ သူ့ကို ဘယ်သူ ငြင်းပယ်၊ ဆန့်ကျင်ဝံ့မှာလဲ။ သူက ‘ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်’ သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားအနေနဲ့ ပြန်ကြွလာနှင့်ပြီးပါပြီ။ အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရှင် တစ်ချက် ကြည့်သင့်တယ်” လို့ ပြောလိုက်တယ်။ စကားပြောနေတုန်းမှာ အမေက သင်းအုပ်အတွက် အနန္တတန်ခိုးရှင် ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်အုပ်ကို ယူလိုက်တယ်။ သင်းအုပ်က အဲဒါကို ကြည့်ဖို့ ငြင်းရုံမက စိတ်ဆိုးမာန်ဆိုးနဲ့ ပစ်ချလိုက်ပြီး၊ “ဒါက ဘုရားနှုတ်ကပတ်တော် လုံးဝ မဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ကျမ်းစာထဲမှာပဲ ရှိပြီး၊ ကျမ်းစာပြင်ပမှာ ဘာတစ်ခုမှ မရှိဘူး” လို့ အော်ဟစ်ခဲ့တယ်။

ပင်ကိုစရိုက်မဟုတ်တဲ့ သင်းအုပ် ချင်ရဲ့ အပြုအမူကို မြင်တော့ ကျွန်တော် အံ့အားသင့်သွားခဲ့တယ်။ ပြီးတော့ သူ့ မျက်နှာတောင် ဒေါသနဲ့ နီရဲနေခဲ့တာ။ သူက အမြဲ သိပ်ကြင်နာတတ်တာလေ— ရုတ်တရက် လုံးဝ တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ။ ကျွန်တော် နည်းနည်း စကြောက်လာတယ်၊ ဒါကြောင့် ကျွန်တော့်ကို ယုံကြည်ချက်ပေးဖို့နဲ့ မိတ်သဟာယပြုမြဲပြုအောင် လမ်းပြဖို့ ဘုရားဆီ တိတ်တဆိတ် မြန်မြန် ဆုတောင်းခဲ့တယ်။ အဲဒါက နည်းနည်း ကျွန်တော့်ကို စိတ်ငြိမ်သွားစေခဲ့တယ်။ အရမ်းကို ညင်ညင်သာသာနဲ့ ကျွန်တော်က သူ့ကို၊ “သင်းအုပ် ချင်၊ ကျမ်းစာထဲမှာ ဘုရားနှုတ်ကပတ်တော်တွေ ရှိပြီး တခြားဘယ်နေရာမှာမှ မရှိဘူးဆိုတဲ့ ခင်ဗျားပြောဆိုချက်အတွက် ကျမ်းဆိုင်ရာ အခြေပြုချက် မရှိပါဘူး။ ဒါက အချက်အလက်တွေနဲ့ မကိုက်ပါဘူး။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းထဲမှာ ပြောထားတယ်၊ ‘ယေရှုပြုတော်မူသော အခြားအမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၂၁:၂၅) သခင်ယေရှုက ကမ္ဘာမြေပေါ် သူ အမှုပြုပြီး တရားဟောခဲ့တဲ့ သုံးနှစ်ခွဲအတွင်းမှာ အများကြီး ပြောခဲ့ပေမယ့်၊ ခရစ်ဝင်ကျမ်း လေးကျမ်းထဲမှာ မှတ်သားထားတဲ့အရာကို ပြောဖို့ နာရီးနည်းနည်းပဲ ကြာမှာလေ။ ဒါက ကျမ်းစာထဲမှာ သခင်ယေရှုရဲ့ စကားတွေအားလုံး မှတ်သားထားဖို့ မဖြစ်နိုင်တာကို ပြတာပဲ။ ဒါ့အပြင်၊ ကျမ်းစာကို ပြုစုခဲ့သူတွေ ချန်ထားခဲ့တဲ့ အရာတွေ ရှိတယ်။ ဒါကြောင့် တစ်ချို့ ပရောဖက်တွေရဲ့ ပရောဖက်ပြုချက်တွေ ကျမ်းစာထဲ မရောက်ခဲ့ဘူး။ အဲဒီအထဲမှာ ကျမ်းစာမှာ မပါတဲ့ ပရောဖက် ဧဇရ သိရှိစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်အချို့ ပါဝင်တယ်။ ဆိုလိုတာက ကျမ်းစာပြင်ပမှာ ဘုရားနှုတ်ကပတ်တော်တွေ မရှိဘူးဆိုတဲ့ အချက်က တကယ် မခိုင်မာဘူးဆိုတာပဲ” လို့ ပြောလိုက်တယ်။

ကျွန်တော့် အမေကလည်း လေးလေးနက်နက်နဲ့၊ “ဘုရားနှုတ်ကပတ်တော်အချို့ ကျမ်းစာပြင်ပမှာ ချန်ထားခံခဲ့ရရုံမက၊ နောက်ဆုံးသော ကာလမှာလည်း ဘုရားနှုတ်ကပတ်တော်တွေ ရှိတယ်။ သခင်ယေရှုက ပရောဖက်ပြုခဲ့တယ်- ‘သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဗျာဒိတ်ကျမ်းမှာလည်း အကြိမ်အများကြီး ပရောဖက်ပြုထားတယ်- ‘ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။(ဗျာဒိတ်ကျမ်း ၂-၃) သိုးသငယ်က စာစောင် ဖွင့်နေတာကိုလည်း ဖော်ပြထားတယ်။ ဒါတွေအားလုံးက သူ ပြန်ကြွလာချိန်မှာ ပိုများတဲ့ နှုတ်ကပတ်တော်တွေ သခင် မိန့်မြွက်မယ့် ပရောဖက်ပြုချက်တွေပဲ။ ကျမ်းစာပြင်ပမှာ ဘုရားနှုတ်ကပတ်တော် တစ်ခုမှ မရှိနိုင်ရင်၊ ဒီပရောဖက်ပြုချက်တွေ ဘယ်လို ပြည့်စုံမှာလဲ။ အနန္တတန်ခိုးရှင် ဘုရားက လူသားမျိုးနွယ်ကို သန့်စင်ပြီး အပြည့်အဝ ကယ်တင်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြရင်း၊ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေတယ်။ သူက ဘုရားရဲ့ စီမံခန့်ခွဲမှု အစီအစဉ်ရဲ့ နက်နဲမှုအားလုံးကို ဖော်ပြပြီးပြီ၊ လူသားရဲ့ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားနဲ့ ဘုရားကို ခုခံခြင်း အရင်းအမြစ်ကို ဖော်ထုတ်၊ စီရင်ပြီးပြီ။ စစ်မှန်တဲ့ နောင်တလမ်းနဲ့ နိုင်ငံတော်ထဲ အဝင်လမ်းကို ကျွန်တော်တို့ကို သူ ပေးပြီးပြီ။ အသင်းတော်တွေကို စကားပြောတဲ့ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ စာစောင်ကို ဖွင့်နေတဲ့ သိုးသငယ်အကြောင်း ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတာက အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရည်ညွှန်းတာပဲ။ ဒီနှုတ်ကပတ်တော်သစ်တွေကို ကျမ်းစာထဲမှာ ဘယ်လိုလုပ် ကြိုတင် မှတ်သားနိုင်မှာလဲ။ ကျမ်းစာပြင်ပမှာ ဘုရားနှုတ်ကပတ်တော်တစ်ခုမှ မရှိဘူးဆိုတဲ့ ပြောဆိုချက်က အရမ်း ထင်ရာမြင်ရာ ဖြစ်မနေဘူးလား။ ဘုရားသခင်က ဖန်းဆင်းခြင်း အရှင်ဖြစ်ပြီး အမြဲစီးတဲ့ အသက်ရေသောက်မြစ် ဖြစ်တယ်။ ဒါပေမယ့် ကျမ်းစာမှာ မှတ်ထားတဲ့ ဘုရားရဲ့ အမှုနဲ့ စကားတွေဟာ တကယ် နည်းတယ်။ ကျွန်မတို့ရဲ့ အယူအဆတွေအပေါ် အခြေခံပြီး ကျမ်းစာနယ်ပယ်တွင်းမှာ ဘုရားကို ဘောင်ခတ်လို့မဖြစ်ဘူး။ အဲဒါက ဘုရားရဲ့ ကိုယ်ပိုင် အမှုနဲ့ နှုတ်ကပတ်တော်တွေကို ငြင်းပယ်ရင်းနဲ့ သမ္မာတရားကို ငြင်းပယ်တာ ဖြစ်မှာပဲ”လို့ ပြောလိုက်တယ်။

ဒါက သင်းအုပ်ချင်ကို တကယ် စိတ်ဆိုးသွားစေပေမယ့်၊ သူ မချေပနိုင်ခဲ့ဘူး။ သူက၊ “ဒါကို မလေ့လာဖို့ ခင်ဗျားတို့ကို ခွင့်မပြုတာက ခင်ဗျားတို့ ကောင်းဖို့ပါ။ ခင်ဗျားတို့က အသက်တာ မရင့်ကျက်သလို လှည့်စားခံရနိုင်တယ်။ ချက်ချင်း ကိုယ်တော့်ကို ဝန်ချတောင်းပန်လိုက်ပါ” လို့ပဲ ပြောတယ်။ ကျွန်တော်က မြန်မြန်ပဲ၊ “သင်းအုပ် ချင်၊ ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော် အများကြီးကို အလေးအနက် ရှာဖွေပြီး ဖတ်ရှုရာကနေပဲ အနန္တတန်ခိုးရှင် ဘုရားက ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်လို့ ကောက်ချက်ချလိုက်ပြီးပြီ။ ခင်ဗျားက သူ့ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ရသေးတော့၊ သံသယနဲ့ အယူအဆတစ်ချို့ရှိတာ မဆန်းပါဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇) ခင်ဗျားအနေနဲ့ အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ရှာပြီး ဖတ်ဖို့ လိုလားနေသရွေ့၊ ခင်ဗျားရဲ့ မရှင်းမလင်းတာတွေအားလုံး ပပျောက်သွားနိုင်ပါတယ်” လို့ ပြောလိုက်တယ်။ ကျွန်တော် ပြောပြီးတာနဲ့ သူ့မိန်းမက အသင်းတော်က ညီအစ်ကို မောင်နှမတွေအတွက် ဆက်သွယ်ရမယ့် အချက်အလက်ကို တောင်းခဲ့ပြီး၊ နောက်ပိုင်းမှာ လေ့လာကြည့်မယ်လို့ ပြောခဲ့တယ်။ သူ ပြောတဲ့အတိုင်း၊ ကျွန်တော် ပေးလိုက်တယ်။ အဲဒါကကို ကြည့်ပြီးတော့ သူတို့ ဒေါသတကြီးနဲ့ ထွက်သွားကြတယ်။

သူတို့နှစ်ယောက် ထွက်သွားတော့ ကျွန်တော် ခဏ စိတ်မသက်မသာ ဖြစ်ခဲ့တယ်။ သူတို့ကို သဘောကောင်းပြီး နှိမ့်ချတဲ့ လူတွေလို့ အမြဲ ထင်မိခဲ့တာလေ။ သခင့်ရဲ့ ပြန်ကြွလာခြင်းကို စောင့်မျှော်ဖို့ မကြာခဏ သူတို့ ပြောခဲ့ကြတယ်၊ ဒါပေမယ့် သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကို ကြားတော့ သူတို့ လုံးဝ စိတ်မဝင်စားကြဘူး။ ကျမ်းစကားတွေကိုပဲ ခေါင်းမာမာ ဖက်တွယ်ခဲ့ကြတယ်။ သူတို့ ဟောတာကို ဘာလို့ သူတို့ လက်တွေ့မလုပ်ဆောင်ကြတာလဲ။ ကျွန်တော် တကယ်စိတ်ပျက်ပြီး စိတ်ညစ်သွားခဲ့ပေမယ့်၊ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုကို သူတို့ လေ့လာဆန်းစစ်မယ်လို့ မျော်လင့်ရင်းနဲ့ သူတို့အတွက် တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ သူတို့ရဲ့ အယူအဆတွေကို လက်လွှတ်စေမယ်၊ အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို လေ့လာစေပြီး၊ သခင့်ကို မြန်မြန် ကြိုဆိုစေမယ်လို့ မျှော်လင့်ရင်း၊ ကျမ်းစာအကြောင်း နက်နဲမှုကို ဖွင့်ပြခြင်း ဧဝံဂေလိ ရုပ်ရှင်လင့်တစ်ခုကိုလည်း သူတို့ဆီ ပေးပို့ခဲ့တယ်။ ကျွန်တော် မျှော်လင့်ချက် အပြည့်ဖြစ်ခဲ့ပေမယ့်၊ တကယ်ကို မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို ဝေးဝေးနေစေဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်နေတဲ့ ကောလာဟလ မျိုးစုံ ပို့ခဲ့တယ်။ ကျွန်တော် မထိခိုက်တာကို မြင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေကို တိုက်ခိုက်တဲ့ စာတိုတွေ ပို့ကြတယ်။ ဖေ့စ်ဘုတ်ပေါ်လည်း သူတို့ရှိကြပြီး တခြားလူတွေ စစ်မှန်တဲ့ လမ်းကို မရှာအောင် လှည့်စားပြီး တားဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်၊ တိုက်ခိုက်တဲ့ ကောလာဟလ အများကြီး တင်ကြတယ်။ ပြီးတော့ အဲဒီမှာတင် ရပ်မသွားဘူး။ ကျွန်တော့်ကို ဝေဖန်၊ အပုပ်ချရင်းနဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော်နဲ့ မပတ်သက်ဖို့ တစ်အိမ်တက် တစ်အိမ်ဆင်း သတိသွားပေးကြတယ်။ လူအများကြီးက ကျွန်တော့်အပေါ် အထင်မှားကြပြီး ကျွန်တော်နဲ့ ကင်းကင်း နေခဲ့ကြတယ်။ တစ်ချို့က ကျွန်တော့်ကို စွပ်စွဲတဲ့ စာတိုတွေ ပို့ပြီး လမ်းကြုံတဲ့ချိန်ဆို ကျွန်တော့်ကို တစ်ချို့က စကားမပြောချင်ကြဘူး။ တစ်ချို့ဆိုရင် သူတို့ဆီ ကျွန်တော် အလည်သွားတဲ့အခါ တံခါးတောင် မဖွင့်ပေးကြဘူး။ ဒါက ကျွန်တော့်အတွက် တကယ်ကို စိတ်မကောင်းစရာပါ။ အရင်က ဒီညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော် ရင်းနှီးခဲ့ပေမယ့် ခုသူတို့က သင်းအုပ်ဆရာရဲ့ အလိမ်အညာတွေ မိပြီး ကျွန်တော့်ကို ရှောင်ဖယ်၊ ပစ်ပယ်ကြတယ်။ ဒါတွေအားလုံးကို တစ်ချိန်က ကျွန်တော် အရမ်း အထင်ကြီးခဲ့တဲ့ သင်းအုပ်ဆရာ လုပ်ခဲ့တယ်ဆိုတာ ကျွန်တော် မယုံနိုင်ခဲ့ဘူး။ ကျွန်တော့် ဆင်းရဲဒုက္ခခံနေခဲ့ရပြီး စိတ်ထဲမှာ အရမ်းအားနည်းခဲ့တယ်။ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူးလေ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကိုပဲ လက်ခံခဲ့တာပါ။ သင်းအုပ်ဆရာက ဘာလို့ ကျွန်တော့်ကို အဲဒီလို ဆက်ဆံရတာလဲ။

အဲဒါနဲ့ပတ်သက်လို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီမတစ်ယောက် သိသွားတဲ့အခါ၊ ကျွန်တော့်ကို အကူအညီနဲ့ ဖေးမမှု သူ ပေးခဲ့ပြီး ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်ကို ကျွန်တော့်အတွက် ဖတ်ပြခဲ့တယ်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အဲဒီနောက် သင်းအုပ်ဆရာက နှောင့်ယှက်နေတာနဲ့ တစ်ခြား အသင်းသားတွေ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်နေကြတာက စာတန်စုံစမ်းမှုတွေထဲက တစ်ခုပဲဆိုတာ ကျွန်တော်နားလည်သွားတယ်။ စာတန်က မှန်တဲ့ လမ်းကို ကျွန်တော် စွန့်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး သူ့ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်း ဆုံးရှုံးမှာကို လိုချင်ခဲ့တာ။ စာတန်က အရမ်း စက်ဆုပ်စရာပါ။ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုမှန်း ငါ သေချာနှင့်မှတော့၊ ဘယ်လို အခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ၊ ငါ သူ့နောက်ကို အဆုံးထိ မဆုတ်မနှစ် လိုက်ရမယ်”လို့ ကျွန်တော် တွေးမိခဲ့တယ်။

နောက်တော့ ညီအစ်မက ဒီမိတ်သဟာယကို ဝေမျှခဲ့တယ်- “ကျွန်မတို့ကို တစ်ခြားသူတွေအပေါ် ထိုးထွင်းသိမြင်မှု သင်ပေးဖို့ ဘုရားက ဒီအခြေအနေတွေကို အသုံးပြုတယ်။ သခင့်ရဲ့ ကြွလာခြင်းအပေါ် လူတွေယူတဲ့ နည်းလမ်းက သမ္မာတရားနဲ့ ဘုရားအပေါ် သူတို့ရဲ့ သဘောထားကို ပြပြီး သူတို့ရဲ့ အနှစ်သာရကို ထုတ်ဖော်ပြတယ်။” အဲဒီနောက် နောက်ထပ် ဘုရား နှုတ်ကပတ်တော်ကျမ်းပိုဒ်ကို သူ ဖတ်ပြပါတယ်။ “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) အဲဒီနောက် ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေအရ နောက်ထပ် မိတ်သဟာယ သူ မျှဝေခဲ့ပြီး ခရစ်ယာန်ဘုန်းကြီးရဲ့ အပြုအမူအပေါ် နည်းနည်း ရှင်းလင်းခဲ့တယ်။ ကျမ်းစာကို သူတို့ ကောင်းကောင်း သိမှတော့၊ နှစ်ကာလကြာ သခင့်ကို အစေခံဖို့ အလုပ်ကြိုးစားခဲ့မှတော့၊ လူထုအပေါ် ချစ်ခင်တတ်နေခဲ့ပြီး သခင့်ရဲ့ ပြန်ကြွလာခြင်းအတွက် နိုးကြားဖို့ ကျွန်တော့်တို့ကို အမြဲ ပြောနေခဲ့မှတော့ အဲဒါက သမ္မာတရားကို သူတို့ ချစ်ပြီး သခင့်ကြွလာခြင်းကို တောင့်တတာပဲလို့ ကျွန်တော် အမြဲ ထင်ခဲ့တာ။ ဒါပေမယ့် အစစ်အမှန်က ကျွန်တော် တွေးထားသလို လုံးဝ မဟုတ်ခဲ့တာကို ပြနေတယ်။ သူတို့ရဲ့ နှိမ့်ချ၊ ချစ်ခင်တတ်တဲ့ ပုံပန်းက လူတွေကို လှည့်စား၊ လှည့်ဖြားဖို့ မျက်နှာစာတစ်ခုပဲဖြစ်ပြီး သူတို့က သူတော်ကောင်း အယောင်ဆောင် ဖာရိရှဲတွေက မခြားပါဘူး။ ဖာရိရှဲတွေလည်း တကယ် ဘုရားတရား ကိုင်းရှိုင်းပုံ ပေါ်ခဲ့တာပဲလေ။ နေ့တိုင်း တရားဇရပ်တွေမှာ ကျမ်းစာတွေ သူတို့ ရှင်းပြကြတယ်၊ အခြားလူတွေ မြင်အောင်လို့ လမ်းပေါ်မှာ ဆုတောင်းခဲ့ကြတယ်။ သူတို့အားလုံးက မေရှိယ ကြွလာဖို့ စောင့်နေခဲ့ကြပေမယ့်၊ သခင်ယေရှု တကယ် ပေါ်ထွန်းခဲ့တဲ့အခါ၊ သမ္မာတရားတွေကို ဖော်ပြပြီး သိသိသာသာ ဘုရားဆီက အားလုံးလာတဲ့ နိမိတ်လက္ခဏာတွေနဲ့ အံ့ဖွယ်ရာတွေ အများကြီးကို ပြခဲ့ချိန်မှာ၊ အဲဒီအကြောင်းကို ဖာရိရှဲတွေက မသိချင်ခဲ့ကြဘူး။ ကျမ်းဆိုင်ရာ ပညတ်တရားတွေကို သူတို့ ခေါင်းမာမာ စွဲကိုင်ခဲ့ကြပြီး ဘုရားရဲ့ အမှုကို ရှုတ်ချဖို့ ကျမ်းစကားတွေကို သုံးခဲ့ကြတယ်။ သခင်ယေရှု ကားစင်တင်ခံစေဖို့ သူတို့ ကူခဲ့ကြပြီး ဘုရားရဲ့ အပြစ်ပေးတာခံခဲ့ရတယ်။ ကျွန်တော့် သင်းအုပ်ဆရာလည်း အဲဒီအတိုင်း အတိအကျပဲ။ သခင့်ကို နှိမ့်နှိမ့်ချချ အစေခံပြီး သူ့ရဲ့ ကြွလာခြင်းကို စောင့်ဆိုင်းနေပုံပေါ်ခဲ့ပေမယ့်၊ အနန္တတန်ခိုးရှင် ဘုရားက သမ္မာတရား ဖော်ပြနေပြီး တရားစီရင်ခြင်း အမှု ပြုနေတာကို သိလျက်နဲ့ အဲဒါကို လုံးဝ မစစ်ဆေးခဲ့ဘူးလေ။ သူက သူ့ကိုယ်ပိုင် အယူအဆတွေနဲ့ ကျမ်းစကားရင်းတွေကိုပဲ ဖက်တွယ်ထားခဲ့တယ်။ ဘုရားရဲ့ အမှုသစ်ကို ဆန့်ကျင်၊ ရှုတ်ချရင်းနဲ့ပေါ့။ မိုးတိမ်စီးပြီး ကြွမလာခဲ့ရင်၊ သခင်ယေရှု မဟုတ်သလို ကျမ်းစာထဲမှာ ရေးမထားတဲ့အရာ ဘယ်အရာမဆိုဘုရားရဲ့ အမှု မဖြစ်နိုင်ဘူး၊ စသဖြင့် သူ ပြောတယ်။ စစ်မှန်တဲ့ လမ်းကို လေ့လာစစ်ဆေးရာကနေ အခြားသူတွေကို တားဖို့ သူ တတ်နိုင်သမျှ လုပ်ခဲ့တယ်။ သူနဲ့ သူ့မိန်းမက သခင့်ရဲ့ ကြွလာခြင်းကို အစစ်အမှန် လုံးဝ တောင့်တမနေခဲ့ကြဘူး။ ဒါပေမယ့် သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုကို အထင်သေးတဲ့ ခေတ်သစ် ဖာရိရှဲတွေပဲ သခင်ယေရှုက ဖာရိရှဲတွေကို၊ “လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၂၇-၂၈) လို့ပြောပြီး ရှုတ်ချနေခဲ့တာကို သတိရသွားစေတယ်။ ဒီအရာအားလုံးကို နားလည်လိုက်တာက ခရစ်ယာန် ဘုန်းကြီး ပြုမူတတ်ပုံအပေါ် ထိုးထွင်းသိခြင်မှုတစ်ချို့ ပေးခဲ့တယ်။ ဒါပေမယ့် နောက်ထပ် ဖြစ်ခဲ့တဲ့အရာက သူတို့ရဲ့ စရိုက်မှန်ကို ရှင်းရှင်းလင်းလင်း ပြသွားခဲ့တယ်။

တစ်နေ့လည်မှာ၊ ကျွန်တော့် အရင်အသင်းတော်က အကြီးအကဲ ဝန်နဲ့ ညီအစ်မနှစ်ယောက် ကျွန်တော့် အိမ်နား ရောက်လာပြီး၊ စကားတစ်ခွန်းမှမပြောဘဲ ကျွန်တော့်ကို အေးတိအေးစက် စိုက်ကြည့်ကြတယ်။ အဲဒီနောက် အကြီးအကဲ ဝန်က သူ့ဖုန်းကို ထုတ်၊ နံပါတ်တစ်ခုနှိပ်ပြီး ကျွန်တော့်ကို ပေးတယ်။ ကျွန်တော် ယူလိုက်တော့၊ သင်းအုပ် ချင်က မကောင်းတဲ့အရာမျိုးစုံ စိတ်ဆိုးမာန်ဆိုး ပြောနေတာကို ကြားခဲ့ရပြီး၊ သူက ကျွန်တော့်ကို၊ “ငါတို့ အသင်းသားတွေကို မဆက်သွယ်ဖို့နဲ့ ငါတို့ အသင်းတော်ထဲမှာ အနန္တတန်ခိုးရှင် ဘုရားရဲ့ ဧဝံဂေလိ မဖြန့်ဖို့ မင်းကို တားမြစ်ထားတယ်။ ငါ့သိုးတွေကို မခိုးနဲ့” လို့ သတိပေးခဲ့တယ်။ ကျွန်တော် ဒေါသထွက်သွားပြီး၊ သူ့ကို၊ “အံ့ဩဖို့ကောင်းတဲ့ သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကို ကျွန်တော် ဘာလို့ မမျှဝေရမှာလဲ။ လူတွေကို စစ်မှန်တဲ့ လမ်း ရှာဖွေရာကနေ ဘာလို့ တားဖို့ ကြိုးစားနေတာလဲ။ သူတို့က ဘုရားရဲ့ သိုးတွေပါ။ ဘာလို့ ဘုရားရဲ့ အသံကို ကြားခွင့်မပေးမှာလဲ” လို့ ပြောလိုက်တယ်။ ဖုန်းချလိုက်ပြီးတော့၊ အကြီးအကဲ ဝန်နဲ့ တစ်ခြားလူတွေက ကျွန်တော့်ကို ဩဝါဒခြွေပြီး ထွက်သွားကြတယ်။ အဲဒီနောက် သင်းအုပ်က ကျွန်တော့် မိသားစုကို နှောင့်ယှက်မြဲ နှောင့်ယှက်နေခဲ့ပြီး၊ အသင်းတော်ထဲမှာ ကျွန်တော်တို့ရဲ့ နာမည်တွေကို ပွင့်ပွင့်လင်းလင်း အပုပ်ချခဲ့တယ်။ ကျွန်တော့် မိသားစုက အားနည်းသလို အပျက်သဘောမျိုး ဆောင်လာခဲ့ပြီး တိုက်ခိုက်တာကို မခံနိုင်ခဲ့ဘူး။ သင်းအုပ်ရဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေက ကျွန်တော့်ကို အရမ်း ဒေါသထွက်စေခဲ့တယ်။ နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့ပါတယ်။ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေက၊ ခရစ်ယာန်ဘုန်းကြီးရဲ့ စရိုက်မှန်နဲ့ ဘုရားသခင်အပေါ် သူတို့ခုခံတတ်တာကို သိသာရှင်းလင်းသွားစေခဲ့တယ်။ သူတို့ကို့ ကျွန်တော်တို့ကို ဘုရားရဲ့ ဧဝံဂေလိ မဖြန့်စေခြင်းအားဖြင့် ဘုရားရဲ့ သိုးစုကို ကာကွယ်သလို ပြုမူကြပေမယ့်၊ တကယ်တမ်းတော့ လူတိုင်းက အနန္တတန်ခိုးရှင် ဘုရားနောက်လိုက်ပြီး သူတို့ကို ဘယ်သူမှ နားမထောင်တော့မှာကို ကြောက်နေကြတာ။ အဲဒါဆို သူတို့အဆင့်အတန်းကို ဆုံးရှုံးမှာလေ။ အဲဒါက စစ်မှန်တဲ့လမ်းကို လေ့လာဆန်းစစ်ရာကနေ ယုံကြည်သူတွေကို တားဖို့ သူတို့ တတ်နိုင်သမျှ လုပ်ရတဲ့အကြောင်းရင်းပဲ။ အဲဒါက သခင်ယေရှုရဲ့ စကားတွေကို တွေးမိသွားစေတယ်- “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) ခရစ်ယာန် ဘုန်းကြီးတွေက သူတို့ကိုယ်တိုင် စစ်မှန်တဲ့ လမ်းကို ရှာဖို့ငြင်းရုံမက၊ အနန္တတန်ခိုးရှင် ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုကို အပုပ်ချပြီး ရှုတ်ချဖို့နဲ့ ယုံကြည်သူတွေကို လှည့်စားဖို့ အရာရာ လုပ်ဆောင်ခဲ့ကြတယ်။ အမှန်တရားတွေကို မသိကြတဲ့ လူအများကြီးက အနန္တတန်ခိုးရှင် ဘုရားကို ရှုတ်ချရာမှာ သူတို့နဲ့ သဘောတူကြတယ်။ သူတို့က အတူတူ အပြစ်ပေးခံရအောင်လို့၊ အဲဒီလူတွေကို သူတို့လိုပဲ ငရဲသားတွေအဖြစ် ပြောင်းလဲနေကြတာ မဟုတ်လား။ သူတို့က ရိုးတွင်းထိ တကယ်ကို မလိုမုန်းထားစိတ်ရှိကြတာပဲ။ ဘာသာရေး လောကထဲက ခရစ်ယာန်ဘုန်းကြီးတွေက သမ္မာတရားကို မုန်းကြတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုကို ဆန့်ကျင်၊ ရှုတ်ချပြီး ဘုရားရဲ့ သိုးတွေကို သူတို့ကိုယ်တိုင်ရဲ့ ခြံတွေထဲမှာ အရှက်မဲ့စွာနဲ့ ပိတ်ထားကြတယ်၊ သူရွေးချယ်ထားတဲ့ လူတွေနဲ့ပတ်သက်လို့ ဘုရားကို တိုက်ခိုက်ကြတယ်။ သူတို့က လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ က သခင်ယေရှု ကျိန်ဆဲခဲ့တဲ့ ဖာရိရှဲတွေနဲ့ အတူတူပါပဲ။ သူတို့က ဆိုးယုတ်တဲ့ အစေခံတွေ၊ ဘုရားက သူ့ရဲ့ နောက်ဆုံးသော ကာလအမှုမှာ ဖော်ထုတ်တဲ့ အန္တိခရစ်တွေပါပဲ။ သူတို့ရဲ့ ဘီလူးသရဲစီးတဲ့၊ ဘုရားကို ဆန့်ကျင်တဲ့ သဘာဝနဲ့ သမ္မာတရား မုန်းတီးမှုကို ကျွန်တော် အပြည့်အဝနဲ့ ရှင်းရှင်းလင်းလင်း မြင်သွားခဲ့တယ်။ သူတို့ ဘယ်လိုပဲ တားဖို့ ကြိုးစားပါစေ အနန္တတန်ခိုးရှင် ဘုရားနောက် စိတ်ချယုံကြည်စွာ လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့် မိသားစုထဲက အယောက်တိုင်းကလည်း အနန္တတန်ခိုးရှင် ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်လို့ ထိုးထွင်းသိမြင်မှု ရခဲ့ကြပြီး သူတို့ရဲ့ ဘောင်ခတ်တာကို သိပ်မခံစားရတော့ဘူး။

ကျွန်တော့်ကို သူတို့ နှောက်ယှက်မြဲနှောက်ယှက်ပြီး အပုပ်ချနေခဲ့ချိန်ကို ပြန်တွေးကြည့်တော့၊ ကျွန်တော် နည်းနည်း ဒုက္ခခံခဲ့ရပေမယ့်၊ အဲဒါက ခရစ်ယာန်ဘုန်းကြီးနဲ့ ပတ်သက်လို့ ထိုးထွင်းသိမြင်မှု ပေးခဲ့တယ်။ သူတို့ရဲ့ စရိုက်မှန်ကို ကျွန်တော် မြင်ခဲ့တယ်— သူတိုက သမ္မာတရားကို မုန်းပြီး ဘုရားကို ဆန့်ကျင်တယ်။ သူတို့ရဲ့ လှည့်စားတာ၊ ဘောင်ခတ်တာကို ကျွန်တော် လုံးဝ ခံမှာမဟုတ်တော့ဘူး။ ဖာရိရှဲတွေ၊ အန္တိခရစ်တွေနဲ့ ဝိညာဉ်ရေး တိုက်ပွဲမှာ၊ ဘုရားကို ကျွန်တော်တို့ ဆုတောင်း၊ မှီခိုရင်၊ သမ္မာတရားကို ကျွန်တော်တို့ နားလည်ပြီး စာတန်ရဲ့ စုံစမ်းမှုတွေကို အောင်မြင်အောင် လမ်းပြဖို့ သူ့နှုတ်ကပတ်တော်တွေကို ဘုရားအသုံးပြုမယ်ဆိုတာကိုလည်း ကျွန်တော် သင်ယူခဲ့ရတယ်။ အဲဒီ အတွေ့အကြုံကြောင့် ကျွန်တော့် ယုံကြည်ခြင်း တိုးပွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

ဂျင်းနီယန် ကနေဒါနိုင်ငံကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေး အရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့...

မှောင်မိုက်သော ဥမင်လိုဏ်ခေါင်းတစ်ခုပြီးနောက် နွေးထွေးသော အလင်းတစ်ခု

ဝမ်းရူပင်း၊ တရုတ်ပြည်သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ငတ်မွတ်ကြသည့် အခြား ညီအစ်ကိုမောင်နှမများ အားလုံးကဲ့သို့၊ ကျွန်မ သည်လည်း သခင်မကြာမီ...

အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

ရှင်းရှင်၊ တရုတ်ပြည်ကျွန်တော်က သာမာန်အလုပ်သမားတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အကုန်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော်နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။