ဘုရားသခင်၏ နိုင်ငံတော်သို့ လမ်းကြောင်းသည် အစဉ်ချောမွေ့နေခြင်း မရှိပါ

04.06.2022

ဆန်းဖန် အိန္ဒိယနိုင်ငံ

ကျွန်တော်က ခရစ်ယာန်မိသားစုကနေ မွေးပြီး ကျွန်တော့်မိဘတွေနောက်ကိုလိုက်ပြီး သခင့်ကို ယုံကြည်ခဲ့ပါတယ်။ အသင်းတော်အစည်းအဝေးတွေကို ကျွန်တော် ခဏခဏသွားပြီး အသင်းတော်လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်ခဲ့တယ်။ ၂၀၂၀ခုနှစ်၊ မတ်လရဲ့ နေ့တစ်နေ့မှာ ဖေ့စ်ဘွတ်ကနေ အစ်မတစ်ယောက်ကို တွေ့တယ်။ သခင့်ကို ယုံကြည်ခြင်းအကြောင်းကို ကျွန်တော်တို့ ပြောကြတယ်။ ဒီအစ်မပြောတာတွေက တော်တော်ကို ဆန်းသစ်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ဥပမာ ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့ စံသတ်မှတ်ချက်တွေကို ကျွန်တော် သိလားလို့ သူက မေးတယ်။ ဒီအကြောင်းအရာကို ကျွန်တော် ချက်ချင်း သိချင်စိတ်ဖြစ်သွားတယ်။ ကျွန်တော် စဉ်းစားတယ်။ “ငါက သခင့်ကို ယုံကြည်တာတော်တော်ကြာပြီ။ ဒါပေမဲ့ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေက ကောင်းကင်နိုင်ငံတော်ကို ဝင်ဖို့ စံသတ်မှတ်ချက်တွေကို ဘယ်တော့မှ မဆွေးနွေးဘူး။ ငါတို့က ဒီလို ယုံကြည်နေခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်သလားဆိုတာကိုလည်း တစ်ခါမှ မစဉ်းစားမိဘူး”။ ဒီအကြောင်းအရာကို ကျွန်တော်ကြားတာ ဒါပထမဆုံးပဲ။ အဖြေကို သိချင်စိတ်ဖြစ်သွားတယ်။ နောက်ပိုင်းမှာ အစည်းအဝေးတွေတက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရပြီးတဲ့နောက်မှာ ကျွန်တော်တို့အထဲမှာ အပြစ်ပြုတဲ့ သဘာဝတွေရှိနေပြီး မကြာခဏ အပြစ်ပြုကြတယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်။ ဒီအပြစ်ပြုတဲ့သဘာဝကို မဖယ်ရှားရင် အပြစ်ကနေ ကျွန်တော်တို့ မလွတ်မြောက်နိုင်ဘူး။ ညစ်ပေပြီး ဖောက်ပြန်ပျက်စီးတဲ့သူတွေက ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ အရည်အချင်းမပြည့်မီဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားက ဖြောင့်မတ်သန့်ရှင်းတယ်။ လူတွေက မသန့်ရှင်းဘဲနဲ့ ဘုရားကို မမြင်နိုင်ဘူး။ သူက ကျွန်တော့်ကို ပြောသေးတယ်။ “သခင်ယေရှုက အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာခဲ့ပြီ။ သမ္မာတရားကို ဖော်ပြပြီး လူတွေကို တရားစီရင်၊ သန့်စင်တဲ့အလုပ်ကို လုပ်ဖို့ပေါ့။ ကျွန်မတို့ရဲ့ အပြစ်ပြုတဲ့သဘာဝတွေကို ဖယ်ရှားပြီး အပြစ်ကနေ အပြည့်အဝကယ်တင်ဖို့ ဒီလိုလုပ်ဆောင်တာပါ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတွေ သန့်စင်ခြင်းခံရမှသာ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ အရည်အချင်းပြည့်မီပါတယ်” တဲ့။ သူက ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်လည်း ဖတ်ပြတယ်။ “နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) အဲဒီအချိန်တုန်းက ဒီနှုတ်ကပတ်တော်တွေကို ကျွန်တာ် ချင့်ချိန်စဉ်းစားတယ်။ ကျွန်တော်ကိုယ်တိုင်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လုပ်ဆောင်မှုတွေကို စဉ်းစားတယ်။ ကျွန်တော်ဝန်ခံခဲ့ပါတယ်။ ကျွန်တော်တို့က သခင့်ကို ယုံကြည်ပြီး ကောင်းမှုတချို့လုပ်တယ် ကြင်နာတယ်။ သူများတွေကို မရိုက်ဘူး။ မဆူဘူး။ ဒါပေမဲ့ မုသားတွေကို ခဏခဏပြောပြီး အပြစ်တွေ ကျူးလွန်နေနိုင်တုန်းပဲ။ ကျွန်တော်တို့က မာနထောင်လွှားပြီး သူများတွေကို အထင်သေးတယ်။ သူများတွေကို မနာလိုဖြစ်ပြီး မုန်းနေတုန်းပဲ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့အတွက် သူများတွေနဲ့ ယှဉ်ပြိုင်တယ်။ အပြစ်ပြုပြီး ဝန်ချတဲ့ စက်ဝန်းထဲမှာ ပိတ်မိပြီး ကျွန်တော်တို့အားလုံးက အသက်ရှင်နေကြတာ။ အပြစ်နဲ့ အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေကြရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှပဲ ဒါဟာ ကျွန်တော်တို့ထဲက အပြစ်ပြုတဲ့ သဘာဝက မဖယ်ရှားရသေးတာကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ အပြစ်ကနေ လွတ်မြောက်ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ လမ်းကိုလည်း ကျွန်တော်ရှာတွေ့ခဲ့တယ်။ အဲဒါကတော့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို ကျွန်တော်တို့ လက်ခံရမယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုက သန့်စင်ပြီးသွားတော့မှ ဘုရားရဲ့ နိုင်ငံတော်ကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းကောင်းပြီး လက်တွေ့ကျတယ်လို့ ထင်မိတယ်။ သူ့ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ စိတ်နှလုံးကို လင်းလက်စေပြီး ကျွန်တော်အရင်က တစ်ခါမှ မကြားဖူးတဲ့ သမ္မာတရားတချို့ကို နားလည်အောင်လုပ်ပေးတယ်။ အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် လုံ့လရှိရှိနဲ့ ဖတ်တယ်။ အွန်လိုင်းအစည်းအဝေးတွေကို တက်တက်ကြွကြွနဲ့ တက်တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ အသိပညာနဲ့ နားလည်မှုအပေါ်မှာ သူများတွေနဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်တော်တို့တွေ ဆုံကြတဲ့အခါတိုင်းမှာ အရမ်းကို အကျိုးခံစားရပြီး ပျော်စရာကောင်းတယ်လို့ ခံစားမိတယ်။ အချိန်ကာလတစ်ခုပြီးတဲ့နောက်မှာ သခင့်အပေါ် ယုံကြည်မှုမှာ ကျွန်တော် နားမလည်ခဲ့တဲ့ သမ္မာတရားနဲ့ နက်နဲမှုတွေအများကြီးကို ကျွန်တော် နားလည်ခဲ့တယ်။ လူ့ဇာတိခံယူခြင်းကဘာလဲ၊ စစ်မှန်တဲ့ ခရစ်တော်နဲ့ အယောင်ဆောင်ခရစ်တော်တွေကို ဘယ်လိုခွဲခြားသိမြင်ရမယ်၊ ဘုရားရဲ့အမည်နာမရဲ့ နက်နဲမှု၊ ဘုရားရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ ရည်ရွယ်ချက် စာတန်က လူတွေကို ဘယ်လိုဖျက်ဆီးတယ်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ဘုရားသခင်က ဘယ်လို တစ်ဆင့်ပြီးတစ်ဆင့်လုပ်တယ်၊ ဘုရားရဲ့ နိုင်ငံတော်က ကမ္ဘာမှာ အဘယ်လိုလက်တွေ့ဖြစ်လာတယ် ဒါမျိုးတွေပေါ့။ ပြီးတော့လည်း အရင်က ကျမ်းစာဖတ်တဲ့အခါမှာ ကျွန်တော်နားမလည်တဲ့ မေးခွန်းတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ အဖြေရှာတွေ့ခဲ့တယ်။ ဒီနက်နဲမှုတွေကို ဘုရားသခင်ကိုယ်တိုင်သာ ဖွင့်ပြနိုင်တယ်ဆိုတာ ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သမ္မာတရားဖြစ်တယ်၊ ဘုရားအသံတော်ဖြစ်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာတုန်းက ကျွန်တော် တော်တော် စိတ်လှုပ်ရှားတယ်။ သခင်ပြန်ကြွလာခြင်းသတင်းကောင်းကို သူငယ်ချင်းတွေ အများကြီးကို ကျွန်တော်ပြောပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကိုလည်း စုံစမ်းစစ်ဆေးဖို့ ပြောခဲ့တယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်နယ်မှာ အမြင့်ဆုံး၊ အာဏာအရှိဆုံး ခရစ်ယာန်အသင်းတော်ဖြစ်တဲ့ အရှေ့မြောက်အိန္ဒိယက နှစ်ခြင်းအသင်းတော်က ယုံကြည်သူတွေကြားထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချဖို့ ဘာသာရေးသင်းအုပ်ဆရာတွေက လုပ်ကြံဖန်တီးထားတဲ့ စာရွက်စာတမ်းတွေ စဖြန့်တယ်။ ဒီစာရွက်စာတမ်းတွေမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို စီစီပီက အသရေဖျက်ပြီး မကောင်းမပြောထားတာတွေ ပါတယ်။ ဘုရားသခင်က လူ့ဇာတိခံ ကြွလာပြီ၊ သူက အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ ဒီအသင်းတော်က ပြောတယ်၊ ဒါ ကျမ်းစာကို ဆန့်ကျင်တယ်ဆိုပြီး ပြောထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ စုဝေးပွဲတွေကို မတက်ဖို့ ယုံကြည်သူတွေအားလုံးကိုသူတို့က ပြောထားတယ်။ ဒီအကြောင်းအရာကို အိန္ဒိယမှာရှိတဲ့ အကြီးစား ရုပ်မြင်သံကြားဌာနတွေမှာလည်း လွှင့်တယ်။ တီဗီ၊ ဒါမှမဟုတ် ကွန်ပြူတာကို ဖွင့်ပြီး သတင်းကြည့်လိုက်တာနဲ့ ဒီ အပျက်သဘောဆောင်တဲ့ ဝါဒဖြန့်တာတွေ မြင်နိုင်တယ်။ မကြာခင်မှာ တစ်နိုင်ငံလုံးကို ပြန့်သွားတာ။ ဒီ သင်းအုပ်ဆရာတွေ၊ ခေါင်းဆောင်တွေက အမှန်တရားကို ပြောင်ပြောင်တင်းတင်းနဲ့ ပုံဖျက်နေတာ အတွေးမှားတွေ ဖြန့်နေတာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို အသရေဖျက်ပြီး ရှုတ်ချနေတာတွေကိုမြင်ရတော့ ကျွန်တော် အရမ်းစိတ်ဆိုးပြီး တော်တော်ဝမ်းနည်းတယ်။ ကျွန်တော်နဲ့အတူ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့သူတွေအများကြီးက လှည့်စားခံရတာကြောင့် အဖွဲ့ကနေ နုတ်ထွက်သွားကြတယ်။ တချို့က ကျွန်တော့်ကိုတောင် ဖျောင်းဖျဖို့ ကြိုးစားတယ်။ ဒါ စီစီပီက ရှုတ်ချတဲ့ အသင်းတော်ဖြစ်တယ်။ ယုံကြည်လို့မရဘူးလို့ ပြောတယ်။ သူတို့တွေ စစ်မှန်တဲ့လမ်းကို စွန့်လွှတ်တာကို မြင်ရတာ ကျွန်တော် စိတ်ပျက်မိတယ်။ ကျွန်တော် တွေးမိတယ်။ စီစီပီက ဘုရားမဲ့ အစိုးရပဲ။ ဘုရားကို လုံးဝ မယုံကြည်ဘူး။ ဘာသာရေးယုံကြည်မှုတွေကို တစ်ချိန်လုံး ဖိနှိပ်နေတာ။ ဒီလူတွေက ဘုရားအသံကို နားထောင် ဒါမှမဟုတ် ဘုရားရဲ့အမှုတော်ကို စုံစမ်းရမယ့်အစား ဘာကြောင့် ဘုရားမဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ စီစီပီကို ပိုပြီး ယုံကြည်ကြတာလဲပေါ့။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဇာတိမြို့က သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ရဲ့ WhatsApp မှာ “သခင် ပြန်ကြွလာပြီ။ ခရစ်တော်ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာကို ကြွလာပြီ” လို့ ပြောထားတာကို တွေ့သွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အစည်းအဝေးတွေကို ကျွန်တော် တက်သလားဆိုပြီး မေးတယ်။ ကျွန်တော်က “တက်တယ်” လို့ပြောလိုက်တယ်။ ဒါကို ကျွန်တော် ယုံလို့မရဘူးလို့ သူက ပြောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ပတ်သက်ပြီး အသရေဖျက်တဲ့ မှတ်ချက်တွေနဲ့ အတွေးမှားတွေကိုလည်း သူက ကျွန်တော့်ဆီကိုပို့ပေးပြီးတော့ ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်နောက်မလိုက်ဖို့ သင်းအုပ်ဆရာက ငါတို့ကို သတိပေးခဲ့တယ်။ နောက်ဆုံးသောကာလမှာ သခင်ပြန်ကြွလာတာက လူ့ဇာတိခံ ဇာတိပကတိ မဖြစ်နိုင်ဘူး။ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အစည်းအဝေးတွေကို ငါတို့ တက်လို့မရဘူး” တဲ့။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်မှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေက လူ့ဇာတိခံခြင်းရဲ့ သမ္မာတရားကို ကျွန်တော့်ကို မိတ်သဟာယဖွဲ့ပြီးနေပြီ။ သခင်က နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ ဇာတိပကတိနဲ့ ပြန်ကြွလာမယ်၊ ဒါကို ဟိုးအရင်ကတည်းက ဘုရားသခင်က စီစဉ်ခဲ့ပြီး သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေအားဖြင့် သက်သေပြတယ်လို့ ပြောတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇)ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) သခင်ယေရှုက နောက်ဆုံးသောကာလမှာ သူပြန်ကြွလာမှကို ပရောဖျက်ပြုတုန်းက သူက ခဏခဏ ပြောခဲ့တယ်။ “လူသားသည် ကြွလာတော်မူလတံ့”၊ “လူသားသည် ကြွလာလိမ့်မည်”၊ “လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့” ဒီနေရာမှာ “လူသား”က လူ့ဇာတိခံ ဇာတိပကတိကို ရည်ညွှန်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ ကြွလာပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်။ သူဟာ လူသားကြွလာခြင်း၊ ကယ်တင်ရှင်ပေါ်ထွန်းခြင်းဖြစ်ပါတယ်။ ဒါက သခင်ယေရှုရဲ့ ပရောဖက်ပြုချက်တွေကို ပြည့်စုံစေတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ မိတ်သဟာယကနေ ဘုရားသခင်သည်သာ သမ္မာတရားဖြစ်တယ်၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော် သိခဲ့ပါတယ်။ လူတစ်ယောက်က သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖော်ပြနိုင်တယ်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုနိုင်တယ်ဆိုရင် ဒီလူက လူ့ဇာတိခံဘုရားသခင်ဖြစ်ရမယ်။ သူ့ရဲ့ အသွင်အပြင်က ဘယ်လောက်သာမန်ဖြစ်ပါစေ၊ အဆင့်အတန်း၊ အာဏာရှိရှိမရှိရှိ သူ့ရဲ့စကားတွေနဲ့ လုပ်ဆောင်မှုက အရေးကြီးဆုံးပဲ။ ဒါက သူ့ရဲ့ ပင်ကိုလက္ခဏာနဲ့ အဆင့်အတန်းကို သက်သေပြဖို့ အကောင်းဆုံးနည်းပဲ။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်တော် နားလည်တာကို ကျွန်တော့်သူငယ်ချင်းကို ပြောပြပြီး သူ့ကို ပြောလိုက်တယ်။ “ဘုရားသခင်က ဖန်ဆင်းရှင်ပဲ။ ဘုရားသခင်က သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်တယ်။ ကျွန်တော်တို့လူသားတွေ လုပ်သင့်တာက ရှာဖွေဖို့ပဲ။ ဘုရားကို အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်ဖို့မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အစည်းအဝေးတွေက သမ္မာတရားတွေအများကြီးကို ကျွန်တော် နားလည်အောင် ကူညီပေးတယ်။ ဒါကြောင့် အစည်းအဝေးတွေ သွားတာကို ကျွန်တော် ရပ်မှာမဟုတ်ဘူး” ဆိုပြီးတော့။ ဘုရားကို ယုံကြည်တဲ့အခါမှာ ဘုရားအသံကို နားထောင်သင့်တယ်။ လူတွေနောက်ကို မမြင်မကန်းနဲ့ မလိုက်သင့်ဘူး။ ကျမ်းစာကပြောတယ်။ ‘လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။’ (တမန်တော်ဝတ္ထု ၅:၂၉)” ကျွန်တော့်သူငယ်ချင်းက ဒါကို ကြားပြီးတော့ ကျွန်တော့်ကို တော်တော် လေးလေးနက်နက်ပြောတယ်။ “မင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆက်ပြီး ယုံကြည်ရင် မင်းဇာတိမြို့ကိုပြန်တဲ့အခါ အထက်ကောင်စီက မင်းကို မေးခွန်းထုတ်လိမ့်မယ်။ သင်းအုပ်ဆရာက မင်းကို ယုံခွင့်ပေးမှာမဟုတ်ဘူး။ ရွာသားတွေက မင်းကို ငြင်းပယ်လိမ့်မယ်။ ဒါတွေကို မင်းစဉ်းစားပြီးပြီလား” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “လူတွေ ငြင်းပယ်တာခံရတာ ကြောက်စရာမကောင်းပါဘူး။ ကြောက်စရာကောင်းတာက ဘုရားရဲ့ ခြေလှမ်းတွေနောက်အမီမလိုက်နိုင်ဘဲ ဘုရားစွန့်ပစ်တာကို ခံရတာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က သခင်ယေရှုပြန်ကြွလာတာဖြစ်ပြီး ကျွန်တော်တို့က လက်မခံရင် ကပ်ဘေးထဲကို ကျရောက်မယ်၊ ငိုကြွေးပြီး အံသွားခဲကြိတ်ရမယ်ဆိုတာ စဉ်းစားပြီးပြီလား။ သခင်ပြန်ကြွလာတာဟာ အရေးကြီးတဲ့ ကိစ္စပဲ။ ဒီတော့ ဘာလို့ မရှာဖွေ၊ မစုံစမ်းတာလဲ” ဆိုပြီးတော့။ အဲဒီအချိန်တုန်းက သူက ကျွန်တော့်အကြံကို ငြင်းတုန်းပဲ။

နောက်ပိုင်းမှာ ကျွန်တော့်သူငယ်ချင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာကို ကျွန်တာ့်မိဘတွေကို ပြောလိုက်တယ်။ အဲဒီနောက်မှာ တစ်ပတ်လုံးပဲ ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုခေါ်ပြီး နေ့တိုင်းဆူတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ အစည်းအဝေးတွေဆီ သွားတာကို တားဖို့ သင်းအုပ်ဆရာက ငါတို့ကိုပြောတယ်။ အစည်းအဝေးတွေသွားတာရပ်ပြီး ဒီအသင်းတော်ကနေ ထွက်ရမယ်” ဆိုပြီးပြောတယ်။ ကျွန်တော်က သူတို့ကိုပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သင်းအုပ်ဆရာပြောသလိုမျိုးမဟုတ်ဘူး။ သူတို့အစည်းအဝေးတွေကို တက်တာက ကျွန်တော် အရင်ကနားမလည်ခဲ့တဲ့ သမ္မာတရားတွေအများကြီးကို သင်ပေးတယ်။ ဒါက လမ်းမှန်ပဲ။ ကျွန်တော် သွေဖည်မသွားဘူး” ပေါ့။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို သူတို့ကို သက်သေခံချင်တာ။ ဒါပေမဲ့ သူတို့က ကောလာဟလတွေရဲ့ လှည့်စားတာကို တော်တော်ခံရပြီး ကျွန်တော့်ကို နောက်ထပ် ပြောခွင့်မပေးဘူး။ နောက်ပိုင်းမှာ ကူးစက်ရောဂါကြောင့် ကျွန်တော် ကျောင်းကနေ အိမ်ပြန်လာတယ်။ ကျွန်တော်က အွန်လိုင်းကနေ အစည်းအဝေးတွေ ခဏခဏတက်တာကို ကျွန်တော့်မိဘတွေကမြင်တော့ ကျွန်တော့်ကို ကန့်သတ်ဖို့ ကြိုးစားတယ်။ အိမ်နီးချင်းတွေကလည်း ကျွန်တော့်အကြောင်းပြောကြတယ်။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံပြီး သင်းအုပ်ဆရာကို လျစ်လျူရှုတဲ့အတွက် ရူးသွားပြီလို့ပြောတယ်။ တချို့က ကျွန်တော့်ကို မကောင်းဆိုးဝါးတစ်ကောင်ဝင်ပူးနေတာလို့တောင်ပြောတယ်။ ကျွန်တော့်မိဘတွေက ဒါတွေကိုကြားတော့ပိုပြီးတော့တောင် စိတ်ဆိုးတယ်။ သူတို့အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်ကို ဆူတယ်။ “မင်းအကြောင်းကို ရွာသားတွေက ဘာပြောနေတယ်ဆိုတာ သိလား။ ငါတို့ပြောတာကို လျစ်လျူရှုပြီး အဲဒီအစည်းအဝေးတွေကို သွားဦးမှာလား” တဲ့။ ကျွန်တော်ကပြောတယ်။ “အင်း။ အစည်းအဝေးတွေ တက်ဦးမှာပဲ” ပေါ့။ ကျွန်တော့်မိဘတွေက အရမ်းစိတ်ဆိုးပြီး ပိုပြီးတော့တောင် တားဖို့ကြိုးစားတယ်။ အစည်းအဝေးလုပ်နေတုန်းမှာ ကျွန်တော့်ကို ခဏခဏ ကြားဝင်နှောင့်ယှက်ပြီး အေးအေးဆေးဆေး တက်ရဖို့ကို ခက်အောင်လုပ်တယ်။ ကျွန်တော် သတိရသေးတယ်။ တစ်ခါတော့ ကျွန်တော်က အစည်းအဝေးပြီးတဲ့နောက်မှာ ဆုတောင်းနေတာ။ ကျွန်တော် မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ကျွန်တော့်အဖေက ကျွန်တော့်ဘေးမှာထိုင်နေတာကို ရုတ်တရက်တွေ့လိုက်ရပြီး ကျွန်တော် လန့်သွားတယ်။ နောက်တော့ သူက စိတ်ဆိုးမာန်ဆိုးနဲ့ အော်တယ်။ “အခုချက်ချင်း အင်တာနက်ဖြတ်လိုက်ပြီး မင်းအစည်းအဝေးကို ရပ်လိုက်” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “သခင်ယေရှုက ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကိုပြုဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ်နဲ့ တကယ် ပြန်ကြွလာပြီ။ ကျွန်တော်တို့က ဘုရားရဲ့ ခြေလှမ်းတွေနောက် အမီမလိုက်ဘဲ ဘုရားရဲ့ တရားစီရင်ခြင်းအမှုကို လက်မခံရင်၊ အပြစ်ကနေ မလွတ်မြောက်ရင် ဘုရားရဲ့ နိုင်ငံတော်ကို မဝင်နိုင်ဘူး။ အဆုံးမှာ ကပ်ဘေးထဲကျပြီး အပြစ်ဒဏ်ပေးခံရမှာပဲ” ဆိုပြီးတော့။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ကျွန်တော်ပြောတာကို လုံးဝ နားမထောင်ဘဲ သင်းအုပ်ဆရာ ဟောတဲ့ အယူအဆတွေကို ထပ်ပြောတယ်။ ဘုရား အမျိုးသမီးတစ်ယောက်အဖြစ် လူ့ဇာတိခံတာက မဖြစ်နိုင်ဘူးလို့ သူတို့က ပြောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကိုဖတ်ပြတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ “ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ပုံစံဖြင့် လာခဲ့ပြီး၊ ယခုတစ်ကြိမ် ဘုရားသခင် ကြွလာသောအခါမူ သူ၏ပုံစံသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏အမှု၌ အသုံးပြုနိုင်သည်ကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် လုပ်ဆောင်ခဲ့သော အမှုသည် ယင်း၏ အရေးပါမှုရှိလေသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက ဘုရားရဲ့ ဝိညာဉ်က ဇာတိပကတိကို ယူတင်ဝတ်ဆင်ပြီး သာမန်လူတစ်ယောက်ဖြစ်လာတဲ့အချိန်ဖြစ်တယ် ဒါကြောင့် သူက အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် အရေးမကြီးဘူး၊ သူက ဘုရားကိုယ်တိုင်ပဲ၊ သူက သမ္မာတရားကို ဖော်ပြပြီး ဘုရားရဲ့ အလုပ်ကိုလုပ်နိုင်တယ်လို့ သူတို့ မိတ်သဟာယပြုတာကို ကျွန်တော် မှတ်မိတယ်။ သခင်ယေရှုက အမျိုးသားပဲ။ သူက လူသားမျိုးနွယ်အတွက် ကားစင်တင်ခံပြီး လူတွေရဲ့ အပြစ်တွေကို ခံယူခဲ့တယ်။ ဒီနည်းနဲ့ လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်းအမှု ပြီးမြောက်ခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က အမျိုးသမီးအဖြစ် လူ့ဇာတိခံကြွလာတယ်။ သခင်ယေရှုရဲ့ အမှုတော်ကို အခြေခံပြီး လူတွေကို ကယ်တင်ဖို့လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ လူတွေကို သန့်စင်ခြင်းအလုပ်ကို လုပ်တယ်။ ဒါကြောင့် လူ့ဇာတိခံဘုရားသခင်က အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူဖော်ပြတဲ့ သမ္မာတရားတွေနဲ့ သူလုပ်တဲ့အလုပ်က ဘုရားဝိညာဉ်ရဲ့ အလုပ်ဖြစ်တယ်။ ဒါတွေအားလုံးက လူသားမျိုးနွယ်ကို ရွေးနုတ်ပြီး ကယ်တင်နိုင်တယ်။ နောက်ပြီးတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင်က အမှုပြုဖို့ အမျိုးသမီးအဖြစ် လူ့ဇာတိခံကြွလာရင် လူတွေက ဘုရားက အမျိုးသားဖြစ်ပြီး အမျိုးသမီးမဖြစ်နိုင်ဘူးလို့ စဉ်းစားပြီး ဘုရားကို အဓိပ္ပာယ်သတ်မှတ်လို့ ရမှာမဟုတ်ဘူး။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်တော့်မိဘတွေကို ကျွန်တော် မိတ်သဟာယပြုလိုက်တယ်။ “ဘုရားသခင်က ဝိညာဉ်ဖြစ်ပါတယ်။ လိင်ကွဲပြားမှုမရှိဘူး။ ဘုရားသခင်က အမျိုးသားနဲ့ အမျိုးသမီးကို သူကိုယ်တိုင်ရဲ့ ပုံရိပ်အဖြစ် ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် လူ့ဇာတိခံဘုရားသခင်က သဘာဝအလျောက် အမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးဖြစ်နိုင်တယ်။ သူ့ရဲ့ ရုပ်ပိုင်းအသွင်အပြင်က အရေးမကြီးဘူး။ အရေးကြီးတာက သူဟာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြနိုင်တယ်။ ဘုရားဝိညာဉ်ရဲ့ လူ့ဇာတိခံယူခြင်းဖြစ်ပြီး ဘုရားကိုယ်တိုင်ဖြစ်ပါတယ်” ဆိုပြီးတော့။ ကျွန်တော့်မိဘတွေက ကျွန်တော့်စကားတွေကို မချေပနိုင်ဘူး။ အဲဒါနဲ့ သူတို့ကပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ မင်းကပြောတယ်။ ဒါပေမဲ့ ငါတို့က မယုံဘူး။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက လက်ခံတဲ့အခါ ငါတို့လက်ခံမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သာမန်မိသားစုမှာ မွေးဖွားတဲ့ သာမန်လူတစ်ယောက်ပဲလို့ သင်းအုပ်ဆရာကပြောတယ်။ ဒီတော့ ဒါက ဘုရားသခင် လူ့ဇာတိခံယူခြင်းမဖြစ်နိုင်ဘူး” တဲ့။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်က ပြောလိုက်တယ်။ “သခင်ယေရှုက အမှုပြုဖို့ ကြွလာတဲ့ခါမှာ ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေနဲ့ ဂျူးဘာသာဝင် ဖာရိရှဲတွေက သူဟာ သာမန်မွေးဖွားပြီး သာမန်အသွင်အပြင်ရှိတာကြောင့် ဘုရားအဖြစ် အသိအမှတ်မပြုဘူး။ သူတို့ကပြောတယ်။ ဒါ လက်သမားရဲ့ သားမဟုတ်လား။ သူ့အမေနာမည်က မာရိမဟုတ်လား ပေါ့။ ဒီဖာရိရှဲတွေက သခင်ယေရှုရဲ့ အသွင်အပြင်ကိုပဲ ကြည့်တယ်။ သူ့ရဲ့စကားတွေနဲ့ လုပ်ဆောင်မှုက ဘုရားဆီကလာတာဟုတ်မဟုတ်ကို မစုံစမ်းကြဘူး။ သူက သာမန်လူဖြစ်ပြီး ဘုရားမဟုတ်ဘူးဆိုပြီးတော့ သူတို့ရဲ့ မာနထောင်လွှားတဲ့စိတ်သဘောထားနဲ့ အကဲဖြတ်ကြတယ်။ သူတို့က သခင်ယေရှုကို အသေရေဖျက်ပြီး ရှုတ်ချတာလည်းလုပ်ကြတယ်။ ဂျူးဘာသာယုံကြည်သူတွေက သူတို့ကို ကိုးကွယ်နာခံကြတယ်။ ဒီတော့ သူတို့နောက်လိုက်ပြီး သခင့်ကို ကားစင်တင်ခဲ့ကြတယ်။ အဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို သူတို့ ဆုံးရှုံးရပြီး အပြစ်ဒဏ်ပေးခံရတယ်။ အခုခေတ်လည်း အတူတူပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်ပြီး ဘုရားအသံတော်ဟုတ်မဟုတ်ဆိုတာကို ဒီသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက မစုံစမ်းကြဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မစဉ်းမစားနဲ့ ဝေဖန်အပြစ်တင်ပြီး ရှုတ်ချတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ သာမန်လူဖြစ်တယ်လို့ပြောပြီး သူ့ရဲ့ ဇာစ်မြစ်နဲ့ နောက်ခံကို မေးခွန်းထုတ်ကြတယ်။ ဒါက ဖာရိရှဲတွေက သခင်ယေရှုကို ရှုတ်ချတဲ့အချိန်နဲ့ အတူတူပဲမဟုတ်ဘူးလား” ပေါ့။ ဒီအချိန်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကိုဖတ်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် သတိရတယ်။ “လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ပြီးတော့ ကျွန်တော့်မိဘတွေကို ကျွန်တော်ပြောလိုက်တယ်။ “ဘုရားသခင်ရဲ့ လူ့ဇာတိခံ ဇာတိပကတိဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်တာမှာ သူက သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကိုကယ်တင်တဲ့အလုပ်ကိုလုပ်နိုင်မလုပ်နိုင်ဆိုတဲ့အပေါ်မှာ အခြေခံသင့်တယ်။ သူ့ရဲ့ အသွင်အပြင်အပေါ် အခြေမခံသင့်ဘူး။ စဉ်းစားကြည့်ပါ။ ကျွန်တော်တို့က သခင်ယေရှုကို သူ့ရဲ့ ဇာတိပကတိပုံရိပ်ကြောင့် ယုံကြည်တာလား။ မဟုတ်ဘူး။ ကျမ်းစာထဲက သူ့ရဲ့ နှုတ်ကပတ်တော်တွေကိုဖတ်ပြီး သူ့နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်ဆိုတာကို မြင်တာကြောင့် သခင်ယေရှုကို လက်ခံခဲ့တာပါ။ သူ့ရဲ့အမှုက လူသားတစ်မျိုးနွယ်လုံးကို ရွေးနုတ်ခဲ့တယ်။ သခင့်ကျေးဇူးတော်တွေ အများကြီးကို ကျွန်တော်တို့ခံစားရတယ်။ အဲဒီအခါမှသာ ကျွန်တော်တို့က ယုံကြည်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တာကို မြင်တာကြောင့် အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာပါ။ ဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ အစွမ်းရှိပြီး ဘုရားအသံတော်ဖြစ်ပါတယ်။ အဲဒီအခါမှသာ သူဟာ လူ့ဇာတိခံဘုရားသခင်၊ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့တာပါ” ပေါ့။ ဒီလိုပြောပြီးတော့ ကျွန်တော် သူတို့ကို အကြံပေးလိုက်တယ်။ “အဖေ၊ အမေတို့လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်သင့်တယ်။ သင်းအုပ်ဆရာရဲ့ စကားတွေကို မစဉ်းမစားနဲ့ နားထောင်ပြီး သင်းအုပ်ဆရာကပြောတာကို မယုံကြည်ပါနဲ့။ သူတို့က လမ်းမှားလိုက်ပြီး ဘုရားကို အာခံပြီး ဘုရားကို ရှုတ်ချရင် သူတို့နောက်လိုက်ပြီး ဘုရားကို အာခံရှုတ်ချမှာလား” ပေါ့။ ကျွန်တော်ဒီလိုပြောတာကို ကျွန်တော့်မိဘတွေကကြားတော့ သူတို့ အရမ်းစိတ်ဆိုးကြတယ်။ ကျွန်တော့်ကို ဆူတယ်။ “ဘာသာရေးလောကတစ်ခုလုံးကို ဆန့်ကျင်ရအောင် မင်းက အရမ်းခေါင်းမာနေတာလား။ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေကို ဆန့်ကျင်ရဲတယ်ဆိုရင် ရွာသားတွေက နှင်ထုတ်ကို မင်း ခံရမှာ။ အဲဒီလိုဖြစ်ရင် ဘယ်ကိုသွားမှာလဲ။ ဒီလိုဖြစ်ရင် ငါတို့ မင်းကို ကူညီနိုင်မှာမဟုတ်ဘူး။ ဒါတွေပြောတာကို ရပ်ပြီး သူများတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း သက်သေမခံပါနဲ့။ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက လက်ခံရင် ငါတို့ လက်ခံမယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမရှာစမ်းပါနဲ့” တဲ့။ ကျွန်တော် သူတို့နဲ့ ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ သူတို့က လုံးဝ နားမထောင်ဘူး။ ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်း အပြစ်တင်ကြတယ်။ သူတို့ကပြောတယ်။ “မင်းရဲ့ ကျောင်းအတွက်၊ အစားအသောက်၊ အဝတ်အစားအတွက် ငါတို့ ပိုက်ဆံတွေအများကြီး အကုန်ခံခဲ့တယ်။ ဒါပေမဲ့ မင်းက အရမ်းကို မနာခံဘူး။ မင်းက ငါတို့အတွက် စိတ်ပျက်စရာတစ်ခုပဲ” တဲ့။ အဲဒီအချိန်တုန်းက ကျွန်တော့်အစ်ကိုနှစ်ယောက်ကလည်း မိဘတွေဘ က်ကနေတယ်။ ကျွန်တော့်မိသားစုထဲက ဘယ်သူကမှ ကျွန်တော့်အကြံကို နားမထောင်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားတွေအများကြီး ဖော်ပြခဲ့တယ်လို့ သူတို့ကိုပြောဖို့ ကြိုးစားတယ်။ ကျွန်တော့်ရဲ့ အသီးအပွင့်တွေကို သူတို့နဲ့ မျှဝေဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ကျွန်တော် ဘာပြောပြော သူတို့က မကြားချင်နေတုန်းပဲ။ အရင်တုန်းက ကျွန်တော့်မိဘတွေနဲ့ ရွာသားတွေက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံကြတယ်။ ဒါပေမဲ့ အခုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံလို့သက်သက်နဲ့ ကျွန်တော့်အပေါ် သူတို့သဘောထားက ပြောင်းသွားတယ်။ ကျွန်တော်က သူတို့အမြင်မှာ လူဆိုးတစ်ယောက်၊ အပယ်ခံတစ်ယောက်ဖြစ်လာတယ်။ အိမ်မှာတောင်မှ ကျွန်တော့်မိသားစုရဲ့ အရေးစိုက်မှုကို ကျွန်တော်မခံရဘူး။ အထီးကျန်ပြီး စိတ်ဆင်းရဲသလို ခံစားရတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အစည်းအဝေးတွေတက်တာကို စွန့်လွှတ်လို့မဖြစ်ဘူးဆိုတာ ကျွန်တော်သိခဲ့တယ်။ ဘာကြောင့်လဲဆိုရင် အစည်းအဝေးတွေမတက်ဘဲ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် မတပ်ဆင်ရင် ဒီလိုပတ်ဝန်းကျင်တစ်ခုကို တောင့်ခံနိုင်ဖို့ မဖြစ်နိုင်ဘူး။ နောက်ပိုင်းတော့ မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ဖို့အတွက် သူတို့ကို ပုန်းပြီး အစည်းဝေးကို လျှို့ဝှက်ပြီးသွားရတယ်။ စကားပြောပြီး မိတ်သဟာယဖွဲ့လို့မရဘူး။ သူများတွေနဲ့ စာနဲ့ပဲ မိတ်သဟာယဖွဲ့နိုင်တယ်။

ကျွန်တော် မှတ်မိသေးတယ်။ တစ်ညမှာ သင်းအုပ်ဆရာနဲ့ တွဲဖက်အမှုဆောင်က ကျွန်တော့်အိမ်ကို ရုတ်တရက်ရောက်လာတယ်။ အိမ်နီးချင်းတွေနဲ့ ရွာသားတချို့ကလည်း လာကြည့်ကြတယ်။ သင်းအုပ်ဆရာကပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ဒီအစည်းအဝေးတွေမှာ ဘာအကြောင်းပြောတာလဲ” တဲ့။ ကျွန်တော်ကပြောတယ်။ “သခင်ယေရှု ပြန်ကြွလာခဲ့ပြီ၊ သူဟာ နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ပြုတဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တယ် လို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သက်သေခံပါတယ်။ ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုလူမျိုးတွေက ရောက်နိုင်တယ်၊ ကယ်တင်ခြင်းရဖို့ ဘယ်လိုအားထုတ်လိုက်စားရမယ်ဆိုတာနဲ့ တခြားပြဿနာတွေကိုလည်း ဆွေးနွေးပါတယ်” ပေါ့။ သင်းအုပ်ဆရာကပြောတယ်။ “ဒါဆို ကောင်းကင်နိုင်ငံတော်ကို ဘယ်လိုလူမျိုးတွေက ရောက်နိုင်တယ်ဆိုတာ ငါ့ကိုပြောစမ်းပါ” တဲ့။ သူ့လေသံက အထင်သေးနေတယ်။ ကျွန်တော်က ပြန်ဖြေလိုက်တယ်။ “ကျမ်းစာကပြောတယ်။ ‘သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ကျွန်တော်တို့ဟာ ကောင်းကင်နိုင်ငံတော်ကို ဝင်ချင်တယ်ဆိုရင် အပြစ်ကနေ လွတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်နေရမယ်၊ ဘုရားအလိုတော်ကို လိုက်လျှောက်တဲ့လူတွေဖြစ်ရမယ်ဆိုတာ ဒီကျမ်းပိုဒ်တွေကနေ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ အခု အားလုံးက အပြစ်ထဲမှာ အသက်ရှင်ကြတယ်။ ကျွန်တော်တို့ဟာ မကြာခဏ လိမ်ညာအပြစ်ပြုတယ်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်တယ်။ ဒါကြောင့် ကောင်းကင်နိုင်ငံတော်ကိုမဝင်ရောက်နိုင်ဘူး” ဆိုပြီးတော့။ ကျွန်တော် သူ့ကိုပြောလိုက်သေးတယ်။ “ကျွန်တော်တို့က ဘာကြောင့် အပြစ်ပြုလိုက်၊ ဝန်ချလိုက် နောက်တစ်ခါ အပြစ်ပြုလိုက် စက်ဝန်းထဲမှာ ပိတ်မိနေတယ်ဆိုတာကို ကျွန်တော် ခေါင်းရှုပ်ခဲ့ဖူးတယ်။ အပြစ်ရဲ့ ချည်နှောင်မှုကနေ ကျွန်တော်တို့ ဘာလို့ မလွတ်မြောက်နိုင်တာလဲ ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှပဲ ကျွန်တော် နားလည်တယ်။ သခင့်ကို ကျွန်တော်တို့ ယုံကြည်တဲ့အခါမှာ ကျွန်တော်တို့ အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့သဘာဝ၊ ကျွန်တော်တို့အပြစ်ရဲ့ အရင်းအမြစ်က မဖယ်ရှားရသေးဘူး။ ဒါကြောင့် မကြာခဏ လိမ်ညာပြီးအပြစ်ပြုကြတယ်။ ကျမ်းစာကပြောတယ်။ ‘သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။(ဟေဗြဲ သြဝါဒစာ ၁၂:၁၄) သခင်က သန့်ရှင်းတယ်။ ဒါကြောင့် ကျွန်တော်တို့က အပြစ်ပြုပြီး ဘုရားကို အာခံနေဆဲဆိုရင် ဘုရားရဲ့ နိုင်ငံတော်ကို မဝင်ရောက်နိုင်ဘူး။ အခု သခင်ယေရှုက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကိုပြုဖို့ ပြန်ကြွလာပြီ။ လူသားမျိုးနွယ်ကိုသန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားအားလုံးကို သူ ဖော်ပြတယ်။ ဒါဟာ သခင်ယေရှုရဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေပါတယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်။ သူက ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုကို ဖွင့်ပြရုံမကဘဲ လူတွေရဲ့ အပြစ်ရဲ့ အရင်းအမြစ်အကြောင်းရင်းကိုလည်း ဖွင့်ပြတယ်။ မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်းစတဲ့အရာမျိုးတွေဖြစ်တဲ့ လူတွေရဲ့ အပြစ်ပြုတဲ့သဘာဝကို တရားစီရင်ပြီး ဖွင့်ပြတယ်။ ပြီးတော့ ဘုရားသခင်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်မှုမှာ ညစ်ညမ်းစေတဲ့အရာအမျိုးမျိုးနဲ့ ကောင်းကင်နိုင်ငံတော်ကိုဝင်ရဖို့အတွက်ပဲ ဘုရားကိုယုံကြည်တဲ့ မှားနေတဲ့အမြင်ကိုဖွင့်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတွေက ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံရတယ်။ သူတို့ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားနဲ့ သူတို့သဘာဝရဲ့ အနှစ်သာရကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်ကြတယ်။ စစ်မှန်တဲ့ နောင်တရကြပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သန့်စင်ကြတယ်။ ဒါဟာ နိုင်ငံတော်ခေတ်မှာ ဘုရားနှုတ်ကပတ်တော်ကြောင့် ရရှိတဲ့ သက်ရောက်မှုပဲ။ ကောင်းကင်နိုင်ငံတော်ကို ကျွန်တော်တို့ ဝင်ချင်ရင် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံရမယ်။ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေ သန့်စင်ပြီးတဲ့နောက်မှသာ ဘုရားရဲ့ နိုင်ငံတော်ကို ဝင်ဖို့ အရည်အချင်းပြည့်မီပါတယ်” ပေါ့။ ကျွန်တော် ပြောပြီးသွားတော့ သင်းအုပ်ဆရာကပြောတယ်။ “မင်းက သမ္မာတရားကို လိုက်စားဖို့ တောင့်တတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းက ငယ်သေးတယ်။ ကျမ်းစာကို နားမလည်ဘူး။ ဒီတော့ မင်းက အလွယ်တကူ လှည့်စားခံရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်တာရပ်၊ သခင့်ဆီကို မင်းအပြစ်တွေကို ဝန်ချ၊ နောင်တရပြီး သူတို့အစည်းအဝေးတွေတက်တာကိုရပ်လိုက်တာ အကောင်းဆုံးပဲ” တဲ့။ နောက်ပိုင်းမှာ ကျွန်တော်က သူ့ကို လျစ်လျူရှုတာကို သင်းအုပ်ဆရာက မြင်ပြီး ပြောတယ်။ “မင်းက ငါ့သိုးပဲ။ ငါ့ကို ဘယ်လိုဖြစ်ပြီး မနာခံရဲရတာလဲ။ မင်းအခု နောင်တရရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကနေ နုတ်ထွက်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမည်နဲ့ ဆုတောင်းတာကို ရပ်ရမယ်” တဲ့။ ကျွန်တော် သူ့ကိုပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်တာကို ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး” ဆိုပြီးတော့။ သူက အရမ်းစိတ်ဆိုးပြီး ကျွန်တော့်ကို သတိပေးတယ်။ “အသင်းတော်ရဲ့ အထက်ကောင်စီက မင်းကို စောင့်ရှောက်ဖို့ ငါ့ကို တာဝန်ပေးထားတယ်။ မင်း မရပ်ရင် မေးခွန်းမေးဖို့အတွက် အထက်ကောင်စီရှေ့ကို မင်း အခေါ်ခံရလိမ့်မယ်။ အဲဒီလိုဖြစ်ပြီဆိုတာနဲ့ မင်း ပညာသင်တာတွေကို ထိခိုက်တာကို ထားလိုက်ဦး။ အသင်းတော်မှာ မင်းက မကောင်းသတင်းဖြစ်လာမယ်ဆိုတာ သိသင့်တယ်။ အနာဂတ်မှာ အလုပ်မရှာနိုင်တာကို ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့ ဒုက္ခခံနေမှာလဲ။ မင်း ပညာသင်တာတွေကို အာရုံစိုက်နေသင့်တာ” တဲ့။ အဲဒီအချိန်မှာ သင်းအုပ်ဆရာက ဒီလိုပြောတော့ ကျွန်တော် ဖိအားတော်တော်ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် အသင်းတော်ရဲ့ အထက်ကောင်စီက မေးခွန်းထုတ်ပြီဆိုတာနဲ့ သူတို့က ကျွန်တော့်ကို ဘယ်တော့မှ အလွတ်ပေးထားမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်လေ။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်တာကို မရပ်ရင် အနာဂတ်မှာ အောင်လက်မှတ်ထုတ်ပေးတာကို ကျွန်တော်လိုအပ်တဲ့အချိန်မှာ ရွာအကြီးအကဲက ကျွန်တော့်အတွက် လက်မှတ်ထိုးပေးမှာမဟုတ်ဘူး။ အလုပ်တောင် ရှာလို့ မရနိုင်လောက်ဘူး။ ဘွဲ့ရပြီးတဲ့နောက်မှာ ကျွန်တော် အလုပ်ကောင်းရှာနိုင်ဖို့ မိဘတွေက ကျွန်တော့်ကို ကောလိပ်ကိုပို့တာ။ ကျွန်တော်က အလုပ်မရှာနိုင်ရင် မိဘတွေကို ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာကို သေချာပေါက် ပိုပြီးတော့တောင် တားဆီးမှာပဲ။ ဒါ့အပြင် ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို စယုံကြည်တာ မကြာသေးဘူး။ သမ္မာတရားနည်းနည်းကိုပဲ နားလည်သေးတာ။ ကျွန်တော့်ကို မေးခွန်းထုတ်ဖို့အတွက် အခေါ်ခံရပြီး ကျွန်တော့်ကို တိုက်ခိုက်တဲ့ လူတစ်စုနဲ့ ရင်ဆိုင်ရရင် ကျွန်တော် တောင့်ခံနိုင်ပါ့မလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုပဲ ကျွန်တော် ဆက်ယုံကြည်နေရင် ကျွန်တော့်ကို ကျောင်းကနေ ထုတ်ပစ်မှာလား။ တခြားယုံကြည်သူတွေအားလုံးကို ကျွန်တော့်ကို ငြင်းပယ်ဖို့ ပြောကြမှာလားပေါ့။ ဒီလိုတွေးရင်းနဲ့ ကျွန်တော် တော်တော်စိတ်ပူတယ်။ အဲဒါနဲ့ ဘုရားကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ ကျွန်တော့်ကို ဦးဆောငေးပးဖို့ ဘုရားသခင်ကိုတောင်းဆိုခဲ့တယ်။ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ချင်တယ်လို့ ပြောခဲ့တယ်။

အဲဒီအချိန်မှာ သင်းအုပ်ဆရာက ဒီလိုပြောတော့ ကျွန်တော် ဖိအားတော်တော်ဖြစ်တယ်။ ကျွန်တော်က အသင်းတော်ရဲ့ အထက်ကောင်စီက မေးခွန်းထုတ်တာခံရရင် ကျွန်တော့်ကို တိုက်ခိုက်တဲ့ လူတစ်စုနဲ့ ရင်ဆိုင်ရရင် ကျွန်တော် တောင့်ခံနိုင်ပါ့မလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ကိုပဲ ကျွန်တော် ဆက်ယုံကြည်နေရင် ကျွန်တော့်ကို ကျောင်းကနေ ထုတ်ပစ်မှာလား။ တခြားယုံကြည်သူတွေအားလုံးကို ကျွန်တော့်ကို ငြင်းပယ်ဖို့ ပြောကြမှာလားပေါ့။ ဒီလိုတွေးရင်းနဲ့ ကျွန်တော် တော်တော်စိတ်ပူတယ်။ အဲဒါနဲ့ ဘုရားကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ ကျွန်တော့်ကို ဦးဆောင်ပေးဖို့ ဘုရားသခင်ကိုတောင်းဆိုခဲ့တယ်။ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်ချင်တယ်လို့ ပြောခဲ့တယ်။

ဆုတောင်းပြီးတဲ့နောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်တယ်။ “သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သိရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာအမျိုးအစား အသီးသီးကို ပိုင်းခြားသိရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇))စာတန်သည် နောက်ဆုံးသော သေခြင်း၏ မချိတင်ကဲဝေဒနာကို ခံစားချိန်တွင် သွားများကြိတ်လျက်၊ ခြေသည်းလက်သည်းများကို ကုပ်ထားလျက်နှင့် လူများ၏ စိတ်နှလုံးများရှိ ငါနှင့်ပတ်သက်သည့် အသိပညာကို ဝါးမြိုလျက် အစဉ်အမြဲရှိနေသည်။ သင်တို့သည် ယခုအချိန်၌ ၎င်း၏စဉ်းလဲသော အကြံအစည်များ၏ အန္တရာယ်ပြုခြင်းခံရရန် အလိုရှိကြသလော။ ငါ့အမှုသည် နောက်ဆုံးတွင် ပြီးဆုံးသောအချိန်၌ သင်တို့သည် မိမိတို့၏ အသက်ကို ဖျက်ဆီးပစ်ရန် အလိုရှိကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၆)) ကျွန်တော့်အပေါ် ဖြစ်ပျက်နေတဲ့ ဒီအရာတွေက စာတန်ရဲ့ လှည့်ကွက်တွေဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့တယ်။ စာတန်က ကျွန်တော် ဘုရားနောက်လိုက်တာကို နှောင့်ယှက်တားဆီးချင်တယ်။ ကျွန်တော့် ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး သမ္မာတရားနည်းနည်းကိုပဲ သိပေမဲံ ခိုင်ခိုင်မာမာရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ ဘုရားကို အမှီပြုဖို့ ကျွန်တော် ဆန္ဒရှိနေခဲ့တယ်။ အဲဒါနဲ့ ကျွန်တော် သူတို့ကို ပြောလိုက်တယ်။ “ကျွန်တော် အစည်းအဝေးတက်တာကို ရပ်မှာမဟုတ်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို ဆက်လိုက်မယ်” ပေါ့။ သင်းအုပ်ဆရာကို ကျွန်တော် နားမထောင်တော့ ကျွန်တော့်မိဘတွေက အရမ်းစိတ်ဆိုးကြတယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို စူးစူးဝါးဝါးကြည့်ပြီး အော်တယ်။ “မင်း ဘယ်လိုငြင်းရဲတာလဲ။ သင်းအုပ်ဆရာ မပြန်ခင်မှာ မင်း အနန္တတန်ခိုးရှင်ဘုရားသခင်ကိုယုံကြည်တာကို ရပ်မယ်လို့ ကျိန်ဖို့လိုတယ်” တဲ့။ သင်းအုပ်ဆရာက ကျွန်တော့်ကို ထပ်ခြိမ်းခြောက်တယ်။ အစည်းအဝေးတွေတက်တာကို တစ်ပတ်အတွင်းမှာ မရပ်ရင် မေးခွန်းထုတ်ဖို့အတွက် အထက်ကောင်စီကို ကျွန်တော့်ကို ခေါ်သွားမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော် နောင်တမရဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်ရွေးချယ်မှုက မှန်ကန်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိလို့ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံခင်မှာ ဘုရားသခင်ကို ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်နိုင်ငံတော်ထဲကိုဝင်ဖို့ လိုအပ်ချက်တွေကို နားမလည်ခဲ့ဘူး။ တစ်ခါတလေမှာ ကျွန်တော့်စိတ်က စိတ်ကူးယဉ်မှုတွေ ပြည့်နေတယ်။ တစ်ခါတလေမှာ ကျွန်တော်က မကြာခဏ အပြစ်လုပ်ပြီး နိုင်ငံတော်ထဲကို ဝင်နိုင်မလားမသိတာကြောင့် ကျွန်တော် တော်တော်စိတ်ရှုပ်ထွေးနေတယ်။ အခု နောက်ဆုံးတော့ နားလည်သွားပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကသာ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့သဘာဝကို ဖြေရှင်းနိုင်တယ်။ အဲဒီအခါမှသာ အပြစ်ကနေ ကျွန်တော်တို့ ကယ်တင်ခံရနိုင်တယ်။ ကယ်တင်ခြင်းရရှိပြီး ဘုရားရဲ့ နိုင်ငံတော်ကို ဝင်ရနိုင်ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကသာ ဒီဆိုးယုတ်တဲ့ကမ္ဘာကို ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ လောကီအတွေးအခေါ်တွေကို စာတန်က ဘယ်လိုအသုံးပြုတယ်ဆိုတာကို နားလည်ခွင့်ပေးတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် မဖတ်ရင် ဆိုးယုတ်တဲ့ လောကီအတွေးအခေါ်တွေနောက်ကို ကျွန်တော့်တစ်ဘဝလုံး လိုက်နေမိမှာပဲ။ စာတန်ရဲ့ ဖျက်ဆီးခြင်းကနေ ဘယ်လိုလွတ်မြောက်ရမယ်ဆိုတာ လုံးဝ သိမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ ကျွန်တော့်ကို ဘယ်လိုတားဆီးပါစေ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်လိုက်တာကို ကျွန်တော် လုံးဝ စွန့်လွှတ်မှာမဟုတ်ဘူး။ နောက်ပိုင်းမှာ ကျွန်တော်က လက်လျှော့မယ့်ရည်ရွယ်ချက်မရှိတာကို သင်းအုပ်ဆရာကမြင်တော့ စိတ်ဆိုးဆိုးနဲ့ ထွက်သွားတယ်။ ကျွန်တော်က သင်းအုပ်ဆရာကို ငြင်းလိုက်တာကို ကျွန်တော့်မိဘတွေကလည်း အရမ်းစိတ်ဆိုးပြီး ကျွန်တော့်ကို ဒေါသထွက်ရင်းနဲ့ ပြောတယ်။ “မင်းက သင်းအုပ်ဆရာကို ငြင်းပြီး အသင်းတော်က တားမြစ်ထားတာတစ်ခုကို လုပ်ရဲတယ်နော်။ ဓလေ့ထုံးတမ်းအရဆိုရင် မင်းကို ရွာကနေ ထုတ်ပယ်ရမယ်။ ရွာသားတွေက မင်းကို ငြင်းပယ်ရင် နောင်တစ်ချိန်မှာ မင်းက အောင်လက်မှတ်ထုတ်ပေးတာ လိုလာရင် ရွာအကြီးအကဲက မင်းအတွက် လက်မှတ်ထိုးပေးမှာမဟုတ်ဘူး။ မင်း အလုပ်လည်း ရှာနိုင်မှာမဟုတ်ဘူး။ ဒီအကျိုးဆက်တွေကို မင်း စဉ်းစားပြီးပြီလား။ ဒါဆို မင်း ဘယ်ကိုသွားမှာလဲ။ မင်းက ကျောင်းသားတစ်ယောက်ပဲရှိသေးတာ။ နေဖို့နေရာမရှိဘူး။ အလုပ်လုပ်နိုင်မှာမဟုတ်ဘူး။ မင်းဘယ်လို အသက်ရှင်မှာလဲ” တဲ့။ ကျွန်တော့်လိုသားမျိုးရှိရတာ ရှက်တယ်လို့လည်း ကျွန်တော့်အဖေက ပြောတယ်။ ကျွန်တော်က သူတို့ကို အရမ်းအရှက်ရစေတယ်၊ နောင်ကျရင် ကျွန်တော်က သူ့သားဖြစ်မှာမဟုတ်တော့ဘူးလို့ပြောတယ်။ ကျွန်တော့်တစ်ဘလုံးမှာကျွန်တော့်အဖေက ကျွန်တော့်ကို ဒီလိုဆူတာကို ကြားရတာ ဒါပထမဆုံးပဲ။ ကျွန်တော်က သူ့သားမဟုတ်တော့ဘူးလို့တောင် သူကပြောတယ်။ ကျွန်တော့်မိဘတွေက ဒီလိုပြောလိမ့်မယ်လို့ ကျွန်တော် မယုံနိုင်ဘူး။ ကျွန်တော် အရမ်းဝမ်းနည်းပြီး ဘာမှမပြောခဲ့ဘူး။ ကျွန်တော့်အဖေက ဆက်ပြောတယ်။ “ငါမင်းကို ထပ်ပြောမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆက်ယုံနေရင် မင်းကိုပျိုးထောင်ပေးဖို့ ငါသုံးခဲ့တဲ့ ပိုက်ဆံအားလုံး ပြန်ပေးတာ ကောင်းလိမ့်မယ်” တဲ့။ အဲဒီအချိန်မှာ ကျွန်တော် အရမ်းရှက်ပြီး တော်တော်ဝမ်းနည်းတယ်။ အရင်တုန်းက ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံကြတယ်။ သူတို့ရဲ့ ကလေးဆယ်ယောက်ထဲမှာ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အနှစ်သက်ဆုံးဖြစ်ပြီး အမြင့်ဆုံးမျှော်လင့်ထားကြတာ။ အရမ်းအကြင်နာမဲ့တာမျိုး တစ်ခါမှ မပြောဖူးဘူး။ ဒါပေမဲ့ အခု သူတို့သဘောထားက လုံးဝ ပြောင်းလဲသွားတယ်။ ကျွန်တော့်အပေါ် ကျွန်တော့်မိဘတွေရဲ့ ကြင်နာမှုကို ကျွန်တော် လွမ်းမိတယ်။ သူတို့နဲ့ ကျွန်တော် ပြဿနာမဖြစ်ချင်ဘူး။ ကျွန်တော် တော်တော်အားနည်းနေခဲ့တယ်။ ဘာလုပ်ရမှန်း မသိခဲ့ဘူးလေ။ အဲဒါနဲ့ ဘုရားကို ဆုတောင်းတယ်။ ဒီပတ်ဝန်းကျင်ကို ရင်ဆိုင်ရာမှာ ကျွန်တော့်ကို ဦးဆောင်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို ခွန်အားပေးတယ်။ သမ္မာတရားအတွက် ကျွန်တော် ဒုက္ခခံသင့်တယ်ဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ဆန့်ကျင်ပေမဲ့ သင်းအုပ်ဆရာက ကျွန်တော့်ကို တားဆီးပြီး ရွာသားတွေက ကျွန်တော့်ကို ဝေဖန်အပြစ်တင်ပေမဲ့၊ ညှင်းပန်းခံရသလို ခံစားမိပြီး နည်းနည်းအားနည်းပေမဲ့ သူတို့ဘာပြောပြော အနန္တတန်ခိုးရှင်ဘုရားသခင်နောက်လိုက်တာကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး အစည်းအဝေးတွေ တက်ခြင်းအားဖြင့် သမ္မာတရားတွေအများကြီးကို ကျွန်တော် နားလည်ခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်၊ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တယ်လို့ ကျွန်တော့်စိတ်နှလုံးထဲမှာ ဆုံးဖြတ်ပြီးနေပြီ။ ဒီတော့ အစည်းအဝေးတွေသွားတာကို မရပ်နိုင်ခဲ့ဘူး။ အစည်းအဝေးတွေတက်တာကို ကျွန်တော် ရပ်လိုက်ရင် ကိစ္စတွေက တည်ငြိမ်သွားမယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို ဆန့်ကျင်မှာမဟုတ်ဘူး။ အရင်ကအတိုင်း ဆက်ဆံမှာပဲ။ ဘယ်သူကမှ ကျွန်တော့်ကို လှောင်ရီမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ သမ္မာတရားကိုရရှိပြီး ဘုရားရဲ့ ကယ်တင်ခြင်းကိုခံရဖို့ အခွင့်အရေးကို ကျွန်တော် ဆုံးရှုံးရမယ်။ သမ္မာတရားကို ကျွန်တော် လက်မလွတ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ပြောခဲ့တယ်။ ပြီးတော့ ကျွန်တော့်မိသားစုရဲ့ လက်မခံမှုကြောင့်နဲ့ ဘုရားကို ကျွန်တော် သစ္စာမဖောက်နိုင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သမ္မာတရားပဲ။ စာတန်က လူသားမျိုးနွယ်ကို ဘယ်လိုဖျက်ဆီးတယ်ဆိုတာကို အနန္တတန်ခိုးရှင်ဘုရားသခင်ကသာ ကျွန်တော်တို့ကို ပြောပြနိုင်တယ်။ အပြစ်ကနေလွတ်မြောက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကိုခံရဖို့ လမ်းကို ကျွန်တော်တို့အတွက် သူကပဲ ထောက်ပြခဲ့တယ်။ သမ္မာတရားအတွက် ဒီနေ့ ကျွန်တော် ဒုက္ခခံနိုင်တာဟာ ထိုက်တန်ပါတယ်။ အဲဒါနဲ့ ကျွန်တော့်မိသားစုရဲ့ ချုပ်ချယ်မှုကို မခံတော့ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်တော့်ကျူရှင်အတွက် သူတို့ ပိုက်ဆံမပေးတော့ရင်တောင် ရွာကနေ နှင်ထုတ်ခံရပြီး ဘဝက ခက်ခဲလာရင်တောင် ဘုရားကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားတာကို စွန့်လွှတ်မှာမဟုတ်ဘူး။

ဒါပေမဲ့ နောက်တစ်ပတ်အတွက် ညတိုင်း ကျွန်တော်တို့အိမ်ကိုလာဖို့ တွဲဖက်အမှုဆောင်နှစ်ယောက်ကို သင်းအုပ်ဆရာက စီစဉ်ခဲ့တယ်။ ကျွန်တော် အစည်းအဝေးတက်တာတွေရပ်အောင် သူတို့က နေ့တိုင်း ဒီစကားတွေကိုပဲ ထပ်ခါထပ်ခါပြောတယ်။ သူတို့ပြောပေမဲ့ ကျွန်တော်က အစည်းအဝေးတွေ ဆက်သွားနေတုန်းပဲ။ အဲဒီနေ့တွေမှာ ဘုရားကို ကျွန်တော် ခဏခဏ ဆုတောင်းတယ်။ ကျွန်တော့်စိတ်နှလုံးကို ငြိမ်သက်စေပြီး ဒီအနှောင့်အယှက်တွေကနေ ကာကွယ်ဖို့ ဆုတောင်းတယ်။ နောက်ပိုင်းမှာ ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့်သိသွားကြရင် ကျွန်တော့်မိသားစု လှောင်ပြောင်ခံရမှာကို ကျွန်တော့်ဦးလေးက ကြောက်ပြီး နည်းဗျူဟာအသစ်တစ်ခုဆွေးနွေးဖို့ သင်းအုပ်ဆရာဆီကို သူသွားတယ်။ သီအိုလိုဂျီမှာ ဒေါက်တာဖြစ်ပြီး ကျမ်းစာနဲ့ ရင်းနှီးတဲ့ သီအိုလိုဂျီသမားတစ်ယောက်ဆီကို ကျွန်တော့်ကို ခေါ်သွားကြတယ်။ ကျွန်တော်တို့ တွေ့ပြီးတဲ့နောက်မှာ သီအိုလိုဂျီသမားက မေးတယ်။ သူကပြောတယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်ကို မင်း ဘာလို့ယုံတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်က သာမန်လူတစ်ယောက်ပဲဆိုတာ မင်း သတိထားမိရဲ့လား။ ဘာလို့လူတစ်ယောက်ကို ယုံကြည်သင့်တာလဲ” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိခံဘုရားသခင်ပါ။ သူက သာမန်လူတစ်ယောက်ပုံစံရှိတယ်။ ဒါပေမဲ့ သူ့အထဲမှာ ဘုရားရဲ့ ဝိညာဉ်ရှိတယ်။ သူဟာ ဘုရားဝိညာဉ်ရဲ့ လူ့ဇာတိခံယူခြင်းပဲ။ သူက သာမန်လူ့သဘာဝရှိရုံတင်မကဘဲ ပြည့်စုံတဲ့ဘုရားသဘာဝလည်းရှိတယ်။ သခင်ယေရှုလိုပဲပေါ့။ အသွင်အပြင်မှာ သူက သာမန်လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက တကယ်တမ်းမှာ လူ့ဇာတိခံလူသား၊ ဘုရားကိုယ်တိုင်ဖြစ်တယ်။ သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ရွေးနုတ်ပြီး ကယ်တင်တဲ့အမှုကို ပြုနိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ကြွလာခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့တယ်။ ဘုရားသခင်ရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၊ လူ့ဇာတိခံခြင်းရဲ့ နက်နဲမှု လူတွေကို သန့်စင်ကယ်တင်ဖို့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှုကို ဘယ်လိုပြုတယ်ဆိုတာမျိုးတွေပေါ့။ သမ္မာတရားရဲ့ အမျိုးမျိုးသော နက်နဲမှုတွေကို ဖွင့်ပြခဲ့တယ်။ လူတွေ ဘာကြောင့်အပြစ်ပြုတယ်ဆိုတဲ့ အရင်းခံအကြောင်းကိုလည်း ဖွင့်ပြခဲ့တယ်။ သာမန်လူတစ်ယောက်က သမ္မာတရားတွေ အများကြီးကို ဖော်ပြနိုင်တယ်လို့ ထင်သလား။ လောကမှာရှိတဲ့ ဘယ်နာမည်ကြီးတဲ့သူ၊ ကြီးမြတ်တဲ့သူကမှ ဒီသမ္မာတရားတွေကို မဖော်ပြနိုင်ဘူး။ ဘုရားကိုယ်တိုင်ပဲ ဒီသမ္မာတရားတွေကို ဖော်ပြနိုင်တယ်။ ဘုရားကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ သမ္မာတရားအားလုံးက သူဟာ လူ့ဇာတိခံဘုရားသခင်ဖြစ်တယ်၊ ဘုရားကိုယ်တိုင်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်။” ဒါတွေကို ကျွန်တော်ပြောပြီးတဲ့နောက်မှာ သီအိုလိုဂျီဒေါက်တာက ကျွန်တော့်ကို ကြားဖြတ်ပြီး ပြောတယ်။ “မင်း ဒီလိုပြောတာ မှားတယ်။ ဘုရားနှုတ်ကပတ်တော်အားလုံးက ကျမ်းစာထဲမှာရှိတယ်။ ကျမ်းစာအပြင်မှာ နှုတ်ကပတ်တော်အသစ်မရှိနိုင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဒီစကားတွေက ဘုရားရဲ့ နှုတ်ကပတ်တော်အသစ်ဖြစ်ကိုမဖြစ်နိုင်ဘူး” တဲ့။ ကျွန်တော်က သူ့ကိုပြန်ချေပပြီးပြောလိုက်တယ်။ “ဒီဟာအတွက် ကျမ်းစာအခြေပြုချက်တစ်ခုခုရှိလား။ သခင်ယေရှုရဲ့ စကားထဲမှာ သက်သေရှိလား။ သခင်ယေရှုကပြောတယ်။ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) နောက်ဆုံးသောကာလရဲ့ သိုးသူငယ်က စာစောင်ကိုဖွင့်မယ်လို့ ကျမ်းစာက ပရောဖက်ပြုတယ်။ ဘုရားက နောက်ဆုံးသောကာလမှာ ပြန်ကြွလာတဲ့အခါ ဘုရားက စကားပြောလိမ့်မယ်ဆိုတာ ဒါတွေအားလုံးက ပြတယ်။ ခင်ဗျားပြောသလို ဘုရားသခင်က ကျမ်းစာပြင်ပမှာ နှုတ်ကပတ်တော်အသစ်တွေ မပြောဘူးဆိုရင် သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်တဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတွေအားလုံးကို ငြင်းပယ်နေတာမဟုတ်ဘူးလား။” အဲဒီအချိန်တုန်းက သူက လုံးဝ နားမထောင်ဘူး။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချဖို့ တချို့ဟာတွေပြောပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို နားထောင်တာကို ရပ်ဖို့ ကျွန်တော့်ကို ထပ်ခါထပ်ခါပြောတယ်။ နောက်တော့ သူက သူ့ရဲ့သီအိုလိုဂျီဘွဲ့က ဘယ်လောက်မြင့်တယ် သခင့်အတွက် တရားဟောဖို့ သူဘယ်လောက်ဒုက္ခခံတယ် ဆိုတာမျိုးတွေကို စပြီးကြွားတယ်။ ကျွန်တော်က ကျမ်းစာကိုနားလည်ဖို့ ငယ်လွန်းနေသေးတယ်၊ သူပြောတာနားထောင်သင့်တယ်လို့လည်းပြောတယ်။ ပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကလူတွေနဲ့ ဆုံနေတာကို ရပ်ဖို့ပြောတယ်။ ကျွန်တော့်ဦးလေးက ဝင်ပါလာပြီးပြောတယ်။ “ဘာသာရေးအသိုင်းအဝိုင်းက ရှုတ်ချတာကို ငါတို့ မယုံကြည်သင့်ဘူး။ ဒီ သီအိုလိုဂျီသမားက သူ့ရဲ့ ကျမ်းစာအသိပညာမှာ နာမည်ကြီးတယ်။ သူနဲ့စကားပြောဖို့ အခွင့်အရေးရတာ မင်း ကံကောင်းတယ်။ မင်းသူပြောတာနားထောင်ပြီး အစည်းအဝေးတွေသွားတာကိုရပ်ဖို့ ငါမျှော်လင့်တယ်” တဲ့။ ကျွန်တော် သူတို့ကို ပြောလိုက်တယ်။ “အပြစ်ထဲမှာအသက်ရှင်တာနဲ့ပတ်သက်ပြီး ကျွန်တော် ခေါင်းရှုပ်ဖူးတယ်။ လူတွေက အပြစ်ကို ဘာကြောင့်မစွန့်ပစ်နိုင်သလဲဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော် မရှာနိုင်ဘူး။ ဒါတွေအားလုံးက ကျွန်တော်တို့အထဲမှာရှိတဲ့ အပြစ်ပြုတဲ့ သဘာဝကြောင့်ဖြစ်တယ်ဆိုတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မဖတ်ခင်အထိ နားမလည်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ အပြစ်ပြုတဲ့သဘာဝကို မဖယ်ရှားရင် အပြစ်ရဲ့ ချည်နှောင်မှုကနေ ဘယ်တော့မှ လွတ်မြောက်မှာမဟုတ်ဘူး” ဆိုပြီးတော့။ လူ့ဇာတိခံယူခြင်းရဲ့ သမ္မာတရားကိုလည်း ကျွန်တော်သူတို့ကို သက်သေခံခဲ့တယ်။ ကျွန်တော် ဒါကိုပြောပြီးတဲ့နောက်မှာ သီအိုလိုဂျီသမားက ကျွန်တော်ဝေမျှတာကို သူခွန်အားရတယ်လို့ပြောတယ်။ တော်တော်ကောင်းတယ်၊ နောက်ကျရင် ကျွန်တော်နဲ့ ဆွေးနွေးဖို့ အခွင့်အရေးရဖို့ မျှော်လင့်တယ်လို့ပြောတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် လက်မခံသင့်ဘူးလို့ သူ အခိုင်အမာဆက်ပြောတယ်။ ဒီသီအိုလိုဂျီသမားက ကျမ်းစာနဲ့ ရင်းနှီးပေမဲ့ သီအိုလိုဂျီအသိပညာတွေအများကြီးရှိပြီး ဂုဏ်သတင်းကောင်းရှိပေမဲ့ တကယ်တမ်းမှာ ဝိညာဉ်ရေးမှာ နိမ့်ကျနေပြီး ဘယ်သမ္မာတရားကိုမှ နားမလည်ဘူးဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။ သူက အရမ်းလည်း မာနကြီးပြီး သမ္မာတရားကို လက်မခံဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းဖို့ စိတ်မဝင်စားဘူး။ သခင်ယေရှုကို အာခံခဲ့တဲ့ ဖာရိရှဲတွေလိုပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ဆက်ပြီး ရှုတ်ချနေတယ်။ အဲဒီစကားပြောဆိုမှုက အနန္တတန်ခိုးရှင်ဘုရားသခင်နောက်လိုက်ဖို့ ကျွန်တော့်ရဲ့ စိတ်ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ဘာသာရေးလောကက ဒီသင်းအုပ်ဆရာတွေနဲ့ သီအိုလိုဂျီသမားတွေအကြောင်း ကျွန်တော် သိသွားတယ်။ သူတို့ကို အထင်ကြီးလေးစားတာကို ကျွန်တော် ရပ်လိုက်တယ်။ ဒီအချိန်ကာလအတွင်းမှာ အစည်းအဝေးတွေတက်ပြီး ဘုရားနှုတ်ကပတ်တော်ပတ်ခြင်းကတစ်ဆင့် ဘာသာရေးလောကက ဒီအတွေးမှားတွေအပေါ်လည်း သိမြင်မှုတချို့ရခဲ့တယ်။ ဒါက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ စစ်မှန်တဲ့ တစ်ပါးတည်းသောဘုရား ထင်ရှားပြသခြင်းဖြစ်တယ်ဆိုတာကို ပိုပြီးတော့တောင် သေချာအောင်လုပ်ပေးခဲ့တယ်။ နောက်ပိုင်းတော့ အစည်းအဝေးတစ်ခုမှာ ကျွန်တော့်ရဲ့ လတ်တလောအခြေအနေတွေအကြောင်းကို ညီအစ်ကိုမောင်နှမတွေနဲ့ ပြောခဲ့တယ်။ ဒီဝိညာဉ်ရေးရာတိုက်ပွဲမှာ အယောင်ဆောင်သိုးထိန်းတွေနဲ့ အန္တိခရစ်တွေအပေါ် ပိုင်းခြားသိမြင်မှုတချို့ကို ကျွန်တော့်ကိုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို သူတို့က ကျွန်တော်နဲ့ မျှဝေတယ်။ သခင်ယေရှု ပြောခဲ့သည်မှာ- “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး သူတို့မိတ်သဟာယကိုကြားပြီးတဲ့နောက်မှာ ကျွန်တော့်စိတ်နှလုံးက ပိုပြီး လင်းလက်သွားတယ်။ ဘာသာရေးလောကက အဲဒီသင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်တွေက သခင်ယေရှု ရှုတ်ချခဲ့တဲ့ ဖာရိရှဲတွေလိုပဲဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို အာခံရှုတ်ချပြီး လူတွေက ဘုရားအသံကိုကြားပြီး သခင့်ကိုကြိုဆိုတာကို မလုပ်အောင် အရာရာတိုင်းကို လုပ်ကြတယ်။ သူတို့တွေက လူတွေ ဘုရားနိုင်ငံတော်ကိုဝင်ရဖို့အတွက် အတားအဆီးတွေပဲ။ သူတို့တွေက အရမ်း ကြမ်းတမ်းတော့ သူတို့ကိုယ်တိုင်မဝင်တာအပြင် သူများတွေဝင်တာကိုလည်း တားဆီးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများက လမ်းညွှန်ခံရခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး မှန်သည့် လမ်းခရီးကို လက်ခံကြသည့်အခါ အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်သေးပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) ဘုရားသခင်က သမ္မာတရားကိုမုန်းပြီး ဘုရားကိုအာခံတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အနှစ်သာရကို ရှင်းရှင်းလင်းလင်း ဖွင့်ပြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပေါ်ထွန်းခဲ့ပြီး သမ္မာတရားတွေအများကြီးကို ဖော်ပြခဲ့ပြီ။ ဒါပေမဲ့ သူတို့က လုံးဝ မရှာဖွေဘူး။ ဘုရားအသံတော်ကို နားထောင်ရမယ့်အစား ဘုရားမဲ့ပါတီဖြစ်တဲ့ စီစီပီရဲ့ စကားတွေကို နားထောင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ရှုတ်ချတယ်။ ယုံကြည်သူတွေကို လှည့်စားပြီး ကျွန်တော်တို့တွေ ဘုရားအသံကိုကြားပြီး ဘုရားကို ကြိုဆိုတာကို တားဆီးဖို့အတွက် အလိမ်အညာတွေကို ဖြန့်တယ်။ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရဖို့ ကျွန်တော်တို့ အခွင့်အရေးကို ဖျက်ဆီးနေတာပဲ။ ဒီသင်းအုပ်ဆရာတွေနဲ့ခေါင်းဆောင်တွေက အသင်းတော်မှာ လူတွေကို ကျမ်းစာအကြောင်း ခဏခဏရှင်းပြနေပေမဲ့ ဘုရားသခင်ရဲ့ သူ့ရဲ့အမှုတော်အကြောင်း နည်းနည်းလေးမှ သိတာမဟုတ်ဘူး။ ဘုရားကိုလည်း ကြောက်ရွံ့ခြင်းမရှိကြဘူး။ သူတို့ရဲ့ အနှစ်သာရက ဖာရိရှဲတွေနဲ့ အတူတူပဲ။ သူတို့အားလုံးက သမ္မာတရားကိုမုန်းပြီး ဘုရားသခင်ကို အာခံတဲ့ အန္တိခရစ်တွေပဲ။ ပြီးတော့ ဂျူးဘာသာယုံကြည်သူတွေက ဘာသာရေးခေါင်းဆောင်တွေကို မစဉ်းမစားကိုးကွယ်ပြီး ရလဒ်အနေနဲ့ သူတို့တွေက ဖာရိရှဲတွေနောက်လိုက်ပြီး သခင်ယေရှုကိုအာခံပြီး ဘုရားရဲ့ ကယ်တင်ခြင်းကိုဆုံးရှုံးကြတာကို ကျွန်တော် သတိရတယ်။ ကျွန်တော့်မိဘတွေကလည်း သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို ကိုးကွယ်ကြတယ်။ သခင့်ကို နှစ်များစွာယုံကြည်ခဲ့ပေမဲ့ သူတို့စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိကြဘူး။ သမ္မာတရားကိုနားမလည်ဘဲ ပိုင်းခြားသိမြင်မှုကင်းမဲ့ကြတယ်။ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို နာခံနေတဲ့သူတွေက သခင့်ကိုနာခံပြီး လိုက်လျှောက်နေတာလို့ ထင်ကြတယ်။ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက ဘာပဲပြောပြော ကျွန်တော့်မိဘတွေက နားထောင်ကြတယ်။ သခင့်ကိုကြိုဆိုခြင်းလိုမျိုး အရေးကြီးတဲ့ကိစ္စမှာဆို ပိုင်းခြားသိမြင်မှုလုံးဝကင်းမဲ့ပြီး သင်းအုပ်ဆရာကို မစဉ်းမစားနားထောင်ကြတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအကြောင်းကို ကျွန်တော်သူတို့ကို သက်သေခံတဲ့အခါမှာ လုံးဝ နားမထောင်ဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချဖို့အတွက် သင်းအုပ်ဆရာနဲ့ သီအိုလိုဂျီသမားရဲ့ စကားတွေကို ထပ်ပြောတယ်။ သူတို့က “ဒါက လမ်းမှန်ဆိုရင်တောင်မှ သင်းအုပ်ဆရာက လက်မခံရင် ငါတို့ လက်မခံဘူး” လို့တောင်ပြောကြတယ်။ ကျွန်တော့်မိဘတွေက သိပ်သနားစရာကောင်းတယ်ဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ သူတို့က သခင့်ကိုယုံကြည်တာ ဘယ်လိုဖြစ်မှာလဲ။ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေကိုပဲယုံကြည်နေတာမဟုတ်ဘူးလား။ ကျွန်တော့်မိဘတွေကို ကျွန်တော် ပြောလိုက်တယ်။ “အဖေ၊ အမေတို့က ကျေးဇူးတော်ခေတ်မှာ မွေးတယ်ဆိုရင် သခင်ယေရှုက အလုပ်လုပ်ဖို့ ပေါ်ထွန်းတဲ့အချိန်မှာ အရင်တုန်းက ဂျူးဘာသာယုံကြည်သူတွေနဲ့ အတူတူဖြစ်ပြီး ဖာရိရှဲတွေနောက်လိုက်ပြီး သခင်ယေရှုကို အာခံရှုတ်ချကြမှာပဲ။ သင်းအုပ်ဆရာပြောတာကို နားထောင်တာကြောင့် သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေက တစ်ခုခုကိုမှားတယ်လို့ ရှုတ်ချရင် အဖေ အမေတို့ကလည်း ဒီလိုပဲပြောတယ်။ ဒါပေမဲ့ ကိုယ်တိုင်က စစ်မှန်တဲ့လမ်းကို လုံးဝ မစုံစမ်းသလို ဘုရားအသံကိုကြားဖို့လည်း မရှာဖွေဘူး။ ဒါက ဖာရိရှဲတွေနောက်လိုက်ပြီး သခင်ယေရှုကို အာခံတဲ့သူတွေနဲ့ အတူတူမဟုတ်ဘူးလား။ ဒီလိုမျိုးနဲ့ ရလဒ်ကောင်းတွေ ရနိုင်ပါ့မလား” ဆိုပြီးတော့။ ကျွန်တော့်မိဘတွေကို ကျွန်တော် နည်းနည်း ပိုင်းခြားသိမြင်လာပြီး ကျွန်တော့်စိတ်ခံစားချက်တွေရဲ့ ထိန်းချုပ်တာကို မခံရတော့ဘူး။ ဒါကြောင့် ဘုရားအတွက် သက်သေရပ်တည်ဖို့ ကျွန်တော် စိတ်ပြတ်သားမှုရှိခဲ့တယ်။

အဲဒီအချိန်အတွင်းမှာ ကျွန်တော် ဘာပဲလုပ်လုပ် ကျွန်တော့်မိဘတွေက စောင့်ကြည့်နေတယ်။ အစည်းအဝေးတွေကို အိမ်မှာ အေးအေးဆေးဆေး တက်လို့မရဘူး။ အဲဒီအချိန်တုန်းက အစည်းအဝေးအတွက် ညမှာ ကျွန်တော်တို့ရွာအစွန်က တောကွက်လေးတစ်ခုဆီကို ကျွန်တော်ခိုးသွားရတယ်။ အဲဒီမှာခြင်တွေ၊ ပိုးကောင်တွေ အများကြီးရှိတယ်။ ခြင်တွေကိုက်တာကို တော်တော်ခံရပြီး ထိုင်ဖို့အတွက် သက်သောင့်သက်သာဖြစ်မယ့်နေရာရှာမရဘူး။ တစ်ခါတလေမှာ ကျွန်တော်က ညမှာ တောထဲမှာရှိနေတုန်းပဲ။ ကျွန်တော်က အပြင်ထွက်ပြီး အစည်းအဝေးမှာရှိနေတယ်ဆိုတာ ကျွန်တော့်မိဘတွေကို မသိအောင်လို့ အိပ်ဖို့အတွက် အိမ်ထဲကို ပြန်ပြီးခိုးဝင်ရတယ်။ ပြီးတော့ ကျွန်တော်က ညမှာ ကောင်းကောင်းအိပ်ခဲ့ရတယ်လို့ သူတို့ထင်အောင် သူတို့ထက်စောပြီး မနက်မှာ ထရတယ်။ နေ့ပိုင်းမှာ ကျွန်တော့်မိဘတွေကို ကူဖို့ လယ်ကွင်းတွေကို ကျွန်တော် သွားရလေ့ရှိတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်တော် ပင်ပန်းပြီး အိပ်ချင်လာတယ်။ လုံးဝကို ပင်ပန်းနွမ်းနယ်နေတယ်။ ကျွန်တော် နည်းနည်းအားနည်းလာသလို စပြီး ခံစားရတယ်။ ဒီနေ့ရက်တွေက ဘယ်တော့မှ အဆုံးသတ်မယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ တစ်ခါတလေမှာဆို ကျွန်တော်က မိဘတွေပြောတာကိုနားထောင်ပြီး အစည်းအဝေးတွေ မသွားတော့ဘူးဆိုရင် သိပ်ဒုက္ခခံရမှာမဟုတ်ဘူး၊ အိမ်နီးချင်းတွေက လှောင်မှာမဟုတ်ဘူး၊ ပြီးတော့ ကျွန်တော် အလုပ်ရှာတာကိုလည်း ထိခိုက်မှာမဟုတ်ဘူးလို့တောင် တွေးမိတယ်။ ဒါတွေကို စဉ်းစားရင်းနဲ့ ကျွန်တော်နည်းနည်းတုန်လှုပ်သွားတယ်။ ဒါပေမဲ့ နောက်တော့ အစည်းအဝေးတိုင်းမှာ သမ္မာတရားတချို့ကို ကျွန်တော် နားလည်နိုင်တာ၊ ဒါတွေက ကျွန်တော်တစ်ခါမှ မကြားဖူးတဲ့ သမ္မာတရားတွေဖြစ်နေတာကို စဉ်းစားမိတယ်။ ဒါကို စွန့်လွှတ်ဖို့ ကျွန်တော် တွန့်ဆုတ်နေတယ်။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်တော့်ကို အရမ်းကို ခွန်အားပေးတဲ့ ဘုရားနှုတ်ကပတ်တော်ဓမ္မတေးသီချင်းတစ်ပုဒ်ရှီတယ်။ အဲဒါကို ကျွန်တော် ခဏခဏ နားထောင်တယ်။ “နောက်ဆုံးသောကာလ အမှုတွင် ငါတို့ထံမှ အဆုံးစွန် ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ လိုအပ်ပေသည်။ အမှု၏ ဤအဆင့်သည် ယခင်အဆင့်များအားလုံးမှ ကွဲပြားခြားနားသည့်အတွက်၊ အနည်းငယ်မျှသော သတိလက်လွတ်ဖြစ်ခြင်းမှ ငါတို့ ခလုတ်တိုက်မိကောင်း ခလုတ်တိုက်မိနိုင်သည်။ ဘုရားသခင် စုံလင်နေစေသည့် အရာမှာ မြင်၍မရနိုင်သကဲ့သို့၊ လက်ဆုပ်လက်ကိုင်ပြ၍လည်း မရသည့် လူသားမျိုးနွယ်၏ ယုံကြည်ခြင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ နှုတ်ကပတ်တော်များကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် အသက်တို့အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် ယောဘ၏ယုံကြည်ခြင်းထက် သာ၍ ကြီးမားသော ယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အဆင့်သို့ ရောက်ရှိကြသည်အထိ ရာပေါင်းများစွာသော စစ်ဆေးခြင်းများကို ကြံ့ကြံ့ခံရမည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ စွန့်ခွာခြင်းမရှိဘဲ၊ မယုံကြည်နိုင်လောက်သော ဆင်းရဲဒုက္ခနှင့် ညှဉ်းဆဲမှုအမျိုးမျိုးကို သည်းခံကြရမည်။ သေသည်အထိ ၎င်းတို့ နာခံမှုရှိပြီး၊ ဘုရားသခင်၌ ကြီးမားသည့်ယုံကြည်ခြင်း ရှိသောအခါတွင်၊ အမှု၏ ဤအဆင့်သည် ပြီးစီးပေသည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားစုံလင်စေသော အရာသည် ယုံကြည်ခြင်းဖြစ်သည်”) ကျွန်တော့်ဇာတိပကတိက ဒုက္ခရောက်တဲ့အချိန်မှာ အားနည်းပြီး စိတ်ဆင်းရဲနိုင်တယ်၊ ဒါပေမဲ့ ဒီအချိန်တွေမှာ ဇာတိပကတိကို ကျွန်တော် စွန့်လွှတ်ဖို့ သင်ယူသင့်တယ်ဆိုတာ ဒီသီချင်းကနေ ကျွန်တော် နားလည်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဇာတိပကတိနောက်ကိုလိုက်ရင် ဘုရားကို ကျွန်တော် ကျေနပ်စေနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဘုရားအပေါ် ယုံကြည်ခြင်းကို ကျွန်တော် ဆုံးရှုံးလိမ့်မယ်။ အစည်းအဝေးတိုင်းက ကျွန်တော့်ဘဝအတွက် အကျိုးရှိပြီး ကျွန်တော်ရတဲ့ သမ္မာတရားက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာပဲဆိုတာ ကျွန်တော်ကောင်းကောင်းသိတယ်။ ညနောက်ကျတဲ့အချိန် တောထဲမှာလုပ်တဲ့ အစည်းအဝေးတိုင်းက ရုပ်ပိုင်းအရ ပင်ပန်းပြီး ခက်ခဲပေမဲ့ ဒါ ကျွန်တော့်အတွက် စမ်းသပ်မှုတစ်ခုလည်းဖြစ်တယ်။ သမ္မာတရားအတွက် ဒုက္ခခံနိုင်သလား၊ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိသလားဆိုတာ ကြည့်ဖို့ပေါ့။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို လောကထဲမှာ ကျော်ကြားမှုနဲ့ စည်းစိမ်နောက်လိုက်ပြီး အလုပ်ကောင်းရှာစေချင်တယ်။ ကျွန်တော့်မိသားစုကို ကောင်းမွန်တဲ့ဘဝပေးပြီး သူတို့ဂုဏ်ယူရအောင် လုပ်စေချင်တယ်။ ဒါက သူတို့လိုချင်တဲ့အရာ၊ မျှော်လင့်တဲ့အရာပဲ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်မိဘတွေကို နားထောင်ပြီး အစည်းအဝေးတွေ မသွားတော့ရင် ဒါတွေကို ကျွန်တော် ဒုက္ခမခံရပေမဲ့ သမ္မာတရားကို ရမှာမဟုတ်ဘူး။ အရင်ကလိုပဲ ကျွန်တော် ဖြစ်နေမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ပျော်တော်ဆက်ပြီး ဇာတိပကတိကိုလိုက်စားတာတွေကိုပဲ အရေးထားနေမှာ။ ဒါတွေက အဓိပ္ပာယ်မရှိဘူး။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနိုင်ပြီး သမ္မာတရားတွေအများကြီးကိုရဲ့ ပံ့ပိုးမှုကို ခံစားနိုင်တာက ကျွန်တော့်အတွက် အကြီးမြတ်ဆုံး ကောင်းချီးပဲ။ ကျွန်တော် ခံရတဲ့ ဒုက္ခနည်းနည်းက သမ္မာတရားကို နားလည်ခြင်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးပါဘူး။ အားလုံးက အဓိပ္ပာယ်ရှိတယ်။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်တော်က ဇာတိပကတိသာယာမှုတွေကို လက်လွတ်ဖို့ လိုလားနေပြီး ကျွန်တော့်မိသားစုက ကျွန်တော့်ကို ပြောတာတွေကို ဂရုမစိုက်ခဲ့ဘူး။ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ ဘုရားကို အမှီပြုနိုင်ဖို့ပဲ ကျွန်တော် မျှော်လင့်တယ်။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ခြင်းအားဖြင့် ကျွန်တော့်အခြေအနေက တဖြည်းဖြည်းချင်း တိုးတက်လာတယ်။ ဒီလိုခက်ခဲတဲ့ ပတ်ဝန်းကျင်တစ်ခုမှာသာ ဘုရားအလိုတော်ကို ပိုရှာဖွေနိုင်ပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းရှိနိုင်တယ်ဆိုတာကိုလည်း တဖြည်းဖြည်းချင်း နားလည်ခဲ့တယ်။ ဒီအတွက် ဘုရားသခင်ကို ကျွန်တော် အရမ်းကျေးဇူးတင်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော် တောထဲက အစည်းအဝေးတွေကို ဆက်သွားခဲ့တယ်။ ဒါပေမဲ့ တစ်ခါတော့ ကျွန်တော် အစည်းအဝေးမှာရှိနေတုန်းမှာ ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်က သိသွားပြီး ကျွန်တော့်မိဘတွေကို ပြောလိုက်တယ်။ နောက်တစ်နေ့ မနက်စာစားတော့ ကျွန်တော့်အမေက ကျွန်တော့်ကိုပြောတယ်။ “မင်း သီအိုလိုဂျီသမားနဲ့တွေ့ပြီးတဲ့နောက်မှာ အစည်းအဝေးတွေမသွားတော့ဘူးလို့ ထင်ထားတာ။ ညမှာ တောထဲမှာ အစည်းအဝေးတွေသွားလုပ်နေတာကို ငါမသိခဲ့ဘူး။ မကြောက်ဘူးလား” တဲ့။ သူက စကားပြောရင်းနဲ့ စပြီး ငိုတယ်။ ဒါ ကျွန်တော့်ရှေ့မှာ ကျွန်တော့်အမေငိုတာကို ကျွန်တော်မြင်ရတာ ပထမဆုံးပဲ။ ကျွန်တော် ဘာပြောရမှန်းမသိဘူး။ မျက်ရည်တွေက ကျွန်တော့် မျက်လုံးမှာ ဝဲလာတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်လိုက်တာကို ကျွန်တော် မစွန့်လွှတ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေကို မထိခိုက်ချင်ဘူး။ ထူးခြားတဲ့ တိုက်ပွဲတစ်ခုလို ခံစားမိတယ်။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ “ဘုရားသခင်သည် သူ၏ အမှုကို ပြုသည်၊ ဘုရားသခင်သည် လူကို ပြုစုစောင့်ရှောက်သည်၊ ဤလူကို ကြည့်ရှုစစ်ဆေးပြီး၊ စာတန်သည် တစ်ချိန်လုံး ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာ လိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်သည်လည်း တစ်လျှောက်လုံး နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ ဤလူကို ဘုရားသခင် အလိုရှိပါက၊ စာတန်သည် အားလုံးကို ၎င်း၏ ကွယ်ဝှက်ထားသည့် ရည်မှန်းချက်များ ရရှိဖို့အလို့ငှာ ဘုရားသခင် လုပ်ဆောင်သည့် အမှုကို သွေးဆောင်ရန်၊ နှောင့်ယှက်ပြီး ဖျက်ဆီးရန် ဆိုးယုတ်သော နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်း၊ ဘုရားသခင်ကို တားဆီးဖို့ မိမိတတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်မည် ဖြစ်သည်။ ဤရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းသည် ဘုရားသခင်အား ဘယ်သူ့ကိုမျှ မရစေချင်ပေ။ ဘုရားသခင် လိုချင်သမျှအားလုံးကို ၎င်းက မိမိကိုယ်တိုင်အတွက် လိုချင်သည်၊ ထိုအရာများက ၎င်းကို ကိုးကွယ်ကြဖို့၊ မကောင်းမှုလုပ်ရပ်များ ကျူးလွန်ရာတွင် ၎င်းကို ပူးပေါင်းကြဖို့အလို့ငှာ၊ ၎င်းက ထိုအရာများကို သိမ်းပိုက်ချင်သည်၊ ထိန်းချုပ်ချင်သည်၊ ထိုအရာများကို စီမံကွပ်ကဲချင်လေသည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။... စာတန်သည် ရားသခင်နှင့် စစ်ဖြစ်ရင်းနှင့် ဘုရားသခင်နောက်တစ်လျှောက် နောက်ယောင်ခံလိုက်ရင်း၊ စာတန်၏ရည်မှန်းချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် ရရှိလိုသော သူများကို သိမ်းပိုက်ရန်နှင့် ထိန်းချုပ်ရန်၊ ဘုရားသခင် ရရှိလိုသောသူများကို လုံးဝ ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့ မကွယ်ပျောက်ပါက၊ စာတန်၏အသုံးပြုခြင်းကို ခံရရန် စာတန်၏ ပိုင်ဆိုင်မှုများ ဖြစ်လာသည်- ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက်မှာ ကျွန်တော် နားလည်ခဲ့ပါတယ်။ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ အလုပ်လုပ်တယ်။ အဲဒီအချိန်မှာ စာတန်ကတော့ ဘုရားသခင်ကို တားဆီးဖို့၊ လူတွေ ဘုရားနောက်ကိုလိုက်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံတာကို တားဆီးဖို့ အစွမ်းကုန်ကြိုးစားတယ်။ ယောဘရဲ့ မိန်းမက ယောဘကို ဘုရားကို စွန့်ပစ်ဖို့ သွေးဆောင်ခဲ့တာကို အမှတ်ရမိတယ်။ ဒါက စာတန်ရဲ့ လှည့်ကွက်ပဲ။ ဒီအချိန်အတွင်းမှာ ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်ကို နှောင့်ယှက်တယ်။ ကျွန်တော့်သင်းအုပ်ဆရာနဲ့ မိသားစုကလည်း ကျွန်တော်ဘုရားသခင်ကို မယုံကြည်အောင် တားဆီးပြီး ခြိမ်းခြောက်တယ်။ ဒါတွေအားလုံးက စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေပဲ။ ကျွန်တော်ရွာကနေ နှင်ထုတ်ခံရပြီး ဘယ်ကိုမှသွားစရာမရှိမှာစိုးတယ်လို့ ကျွန်တော့်မိသားစုကပြောတယ်။ ကျွန်တော့်အမေကလည်း ကျွန်တော့်ကို စိတ်ပူတယ်လို့ပြောတယ်။ ဒီစကားတွေက သူက စိတ်ပူနေတဲ့ ပုံစံရှိတယ်။ ဒါပေမဲ့ တကယ်တမ်းက စာတန်က ကျွန်တော်ဘုရားနောက်လိုက်တာကို ပိတ်ပင်ဖို့ ကျွန်တော့်မိသားစုကို အသုံးပြုနေတာပါ။ ကျွန်တော့်ကို အရှုံးပေးဖို့ သင်းအုပ်ဆရာနောက်ကိုဆက်လိုက်ဖို့၊ ဘာသာတရားထဲမှာနေဖို့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးဖို့အတွက် စာတန်က ကျွန်တော့်ကို အတင်းအဓမ္မလုပ်ချင်တယ်။ စာတန်ရဲ့ လှည့်ကွက်တွေထဲ သက်ဆင်းလို့မဖြစ်ဘူး။ အဲဒီနောက်မှာ ကျွန်တော် အစည်းအဝေးတွေ ဆက်တက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဆက်ဖတ်တယ်။ လာမယ့်နေ့တွေမှာ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းတွေအများကြီးကို ရင်ဆိုင်ရနိုင်သေးတယ်၊ အတားအဆီးတွေအများကြီး ကြုံတွေ့နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က သမ္မာတရားဖြစ်တယ်ဆိုတာ ကျွန်တော့်စိတ်နှလုံးထဲကနေ သိတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်တော်ဖတ်နိုင်တယ်ဆိုတာ၊ ဘုရားရဲ့အမှုတော်ကို တွေ့ကြုံပြီး သမ္မာတရားကို ရရှိနိုင်တယ်ဆိုတာက ကျွန်တော့်အတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ ဒါက ထိုက်တန်ပါတယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အလင်းရောင်ကို မြင်ဖို့ မြူကို ထိုးဖောက်ထွက်ခြင်း

ရှင်းရှင်၊ တရုတ်ပြည်ကျွန်တော်က သာမာန်အလုပ်သမားတစ်ယောက် ဖြစ်သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အကုန်တွင်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော်နှင့်...

ကျွန်ုပ်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကြားတွင် ကျွန်ုပ်၏ သင်းအုပ်ဆရာက တားဆီးသည်

ယွမ်ဝင်ဆန် ဗီယက်နမ်နိုင်ငံ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ၊ ညီအစ်ကို တစ်ယောက်က အွန်လိုင်း စုဝေးပွဲတစ်ခုမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဖိတ်တယ်။...

ကောလာဟလ ထောင်ချောက်မှ ချိုးဖျက်လွတ်မြောက်ခြင်း

ရှောင်ယွန်၊ တရုတ်နိုင်ငံကျွန်မ အမျိုးသမီး စစ်တပ်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၉ခုနှစ် တစ်ရက်တွင်၊ ကိုရီယား သင်းအုပ်ဆရာတစ်ဦးက သခင်ယေရှု၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။