မတူညီသောနည်းလမ်းဖြင့် ကယ်တင်ခံရခြင်း

11.04.2019

ဟွမ်လင်း၊ တရုတ်ပြည်

ကျွန်မသည် ခရစ်မဲတစ် ခရစ်ယာန်ဘာသာ တွင် သာမာန်ယုံကြည်သူ တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ပြီးနောက် ကျွန်မသည် သခင့်ကို စတင်ယုံကြည်ပြီး ကတည်းကလည်း တစ်ခါဖူးမျှ အစည်းအဝေး မပျက်ကွက်ခဲ့ပါ။ အထူးသဖြင့် ယခုအချိန်သည် နောက်ဆုံးသောကာလအချိန် ဖြစ်ပြီး၊ သခင်ပြန်ကြွလာမည့် အကြောင်း သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်းများသည် အခြေခံအားဖြင့် ပြည့်စုံခဲ့ပြီ ဖြစ်ပါသည်။ သခင်သည် မကြာမီ ပြန်ကြွလာတော့မည် ဖြစ်သောကြောင့် ကျွန်မသည် သခင်နှင့် တွေ့ရန် ကျွန်မ၏ အခွင့်ကို မလွတ်ရ စေရန် အစည်းအဝေးများကို ပို၍ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ပြီး၊ ကိုယ်တော် ပြန်ကြွလာမည်ကို တက်ကြွစွာ မျှော်လင့်လျက်ရှိပါသည်။

တစ်နေ့တွင် ကျွန်မ ညီမငယ်တစ်ယောက်က လာရောက်ကာ၊ ကျွန်မကို “အစ်မ ဒီနေ့အစ်မဆီကို လာတာ လုံးဝ အကောင်းဆုံးသတင်းကို ပြောဖို့ ဖြစ် တယ်။ သခင်ယေရှုပြန်ကြွလာပြီ။ ပြီးတော့ ဒီ့ထက်ပိုတဲ့အရာက ကိုယ်တော် က လူ့ဇာတိအားဖြင့် ပြန်ကြွလာတာ၊ လူတွေကို စီရင်ဖို့နဲ့ သန့်စင်ဖို့ ကိုယ်တော်က သမ္မာတရားတွေကို ဖော်ပြပြီး နောက်ဆုံးသော ကာလက သူ့အမှုတော်တွေကို ပြုတော်မူတယ်၊ အဲဒါကြောင့် သမ္မာကျမ်းစာထဲက ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) လို့ပြောထားတဲ့ ပရောဖက် ပြုခြင်းလည်း ပြည့်စုံပြီးဖြစ်တယ်။ အစ်မလည်း ဘုရားသခင်ရဲ့ အသစ်သော အမှုတော်ကို မြန်မြန်ဆန်ဆန် လိုက်လျှောက်သင့်တယ်။” ဟု ပျော်ရွှင်စွာ ပြောခဲ့သည်။ ကျွန်မ သခင်ပြန်ကြွလာပြီ ဆိုသည့် သတင်းကို ကြားသည့် အချိန်တွင်၊ တုန်လှုပ်ပြီး သံသယဝင်ကာ၊ “ဗျာဒိတ်ကျမ်းမှာ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊...ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) လို့ပြောထားတယ်။ ပြီးတော့ သခင်ပြန်ကြွလာတဲ့အချိန်မှာ ကိုယ်တော်က ငါတို့ဆီကို တိမ်ဖြူပေါ် ကနေ ကြွလာမယ်လို့ သင်းအုပ်ဆရာ နဲ့ အကြီးအကဲကလည်း မကြာခဏ ဟောကြားခဲ့တယ်လေ။ နင်ကပြောတော့ သခင်ကပြန်ကြွလာပြီးတော့ လူ့ဇာတိနဲ့ ပြန်ကြွလာတယ်တဲ့။ ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ” ကျွန်မက ဟု ပြောခဲ့သည်။ ကျွန်မ ညီမက တည်ကြည်စွာဖြင့် “အစ်မ။ သခင်ယေရှုက တိမ်ဖြူနဲ့ ပြန်ကြွလာမယ်လို့ အစ်မက ပြောတယ်နော်။ ဒါပေမဲ့ အစ်မရော ဒီအကြောင်းနဲ့ ပတ်သက်ပြီး သေချာလို့လား။ သမ္မာကျမ်းစာ ထဲမှာက ‘ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆) နဲ့ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဆိုပြီးတော့ လည်း ပရောဖက်ပြုထားတယ်။ သခင်က တိတ်တဆိတ် လာမှာမဖြစ်နိုင် ဘူးလို့ အစ်မပြောရဲလား။ သခင်ပြန်ကြွလာတာနဲ့ ပတ်သက်ပြီး နက်နဲမှု တစ်ခုရှိနေတယ်၊ ဒါကြောင့် ကျွန်မတို့လည်း သမ္မာတရားကို လက်ခံတဲ့စိတ်နဲ့ ရှာဖွေရမယ်။ ကျွန်မတို့ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကိုသာ ဖက်တွယ် ထားမယ်ဆိုရင်၊ သခင်ပြန်ကြွလာတာကို ကျွန်မတို့ ဘယ်လိုကြို နိုင်တော့မှာလဲ” ဟု ပြောပါသည်။ သို့သော်လည်း ကျွန်မညီမက မည်သို့ပင် မိတ်သဟာယ ပြုပါစေ၊ ကျွန်မမှာ ယုံကြည်လက်ခံနိုင်ခြင်း မရှိဆဲ ဖြစ်ခဲ့ကာ၊ ထိုသို့လက်ခံရမည့်အစား သခင်သည် တိမ်ဖြူပေါ်မှ ပြန်ကြွလာမည် ဖြစ်ပြီးလူ့ဇာတိဖြင့် ကြွလာနိုင်မည် မဟုတ်ဟု ယုံကြည်နေမိလေသည်။ နောက်ပိုင်းတွင် ကျွန်မ ညီမသည် ကျွန်မမိသားစုကို ဧဝံဂေလိ သတင်းကောင်း ဟောကြားခဲ့ပြီး၊ သူမ၏ ထပ်ခါထပ်ခါ မိတ်သဟာယပြု ခြင်းဖြင့် ကျွန်မ ခင်ပွန်း၊ ကျွန်မ သားအငယ် နှင့် သူ၏ ဇနီး (၎င်းတို့အားလုံး မယုံကြည်သူများဖြစ်ခဲ့သည်) တို့သည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ကြသည်။ သို့သော်လည်း ကျွန်မကမူ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားဆဲ ဖြစ်ပြီး၊ လက်ခံရန် ငြင်းဆန်ခဲ့သည်။

ထို့နောက်ပိုင်းတွင် ကျွန်မအသင်းတော်ဟောင်းသို့ အစည်းအဝေးများ ကို ဆက်လက် တက်ရောက်ခဲ့သည်။ ကျွန်မခင်ပွန်း၊ သားအငယ်နှင့် သူ၏ဇနီးတို့ အားလုံးကမူ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၌ အစည်းအဝေးများကို တက်ရောက်ခဲ့ကြပါသည်။ ကျွန်မအစည်းအဝေးမှ ပြန်ရောက်သည့် အခါတိုင်း၊ ပင်ပန်းနွမ်းနယ်ပြီး ထိုအစည်းအဝေးများကို တက်ရောက်နေခြင်းသည် အမှုမဲ့အမှတ်မဲ့ လုပ်ဆောင်သွားခြင်းသာ ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျွန်မနှလုံးသားသည် အနှစ်မဲ့ကာ၊ မည်သည့် အကျိုးအမြတ်ကိုမျှလည်း မရရှိခဲ့ပါ။ အခြားတစ်ဖက်တွင် သူတို့ကမူ အစည်းအဝေးမှ ပြန်ရောက်သည့်အခါတိုင်း အလွန်ပျော်ရွှင်နေကြကာ၊ သူတို့ ပြဿနာများ ကြုံတွေ့ရသည့်အခါတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်လေ့ ရှိကြောင်း၊ သူတို့ ဘုရားသခင် အလိုတော်ကို မည်သို့ရှာဖွေသင့်ကြောင်း၊ သူတို့ကိုယ်သူတို့ မည်သို့ သိကျွမ်းပြီးပြန်လှန်သုံးသပ်သင့်ကြောင်း စသည်တို့ကို မကြာခဏ မိတ်သဟာယပြုကာ အတူတကွ ရှာဖွေလေ့ရှိကြသည်၊ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် များဖြင့် အသက်ရှင်နေထိုင်ရန် နည်းလမ်းများကိုလည်းကောင်း၊ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရန် နည်းလမ်းကို လည်းကောင်း စသည်တို့ကို ဆွေးနွေးကြပါသည်။ သူတို့ ဤအရာများအကြောင်း ပြောနေကြသည်ကို ကျွန်မကြားသည့်အခါတွင် ကျွန်မက ပဟေဠိဖြစ်ကာ “သူတို့က ယုံကြည်တာ ရက်လေးနည်းနည်း လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ သူတို့ ပြသနာတွေ ကြုံတဲ့အခါမှာ ဘုရားသခင်ရဲ့ အလိုတော်နဲ့ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း ဘယ်လိုရှာ မယ်ဆိုတာကို သူတို့ ဘယ်လိုသိနိုင်မှာလဲ၊ ပြီးတော့ အဲဒီလိုမျိုး အကျိုးသင့် အကြောင်းသင့် ကောင်းကောင်းမွန်မွန် ငြင်းခုံတဲ့ နည်းလမ်းနဲ့ရော သူတို့ ဘယ်လိုစကားပြောနိုင်ရတာလဲ။ ငါ့မှာတော့ သခင်ယေရှုကို ဒီနှစ်တွေ အားလုံးယုံကြည်လာခဲ့တာ။ ငါက ဆုတောင်းတယ်၊ ပုံမှန် အစည်းအဝေးတွေ တက်ပြီး သမ္မာကျမ်းစာကိုလည်း ပုံမှန်လေး ဖတ်ခဲ့တယ်။ ဒါဆိုအမှုကိစ္စတွေ ဖြစ်လာတဲ့အခါ ငါကတော့ ဘုရားသခင်ရဲ့ အလိုတော်ကို ဘာဖြစ်လို့ နားမလည်ရတာလဲ။ ပြီးတော့ ဒီလိုဖြစ်နေတာ ငါတစ်ယောက်တည်းသာမက အသင်းတော်က ငါ့ညီအစ်ကိုမောင်နှမတွေ အားလုံးလည်း အတူတူပဲ။ ငါတို့အားလုံးက အပြစ်ရဲ့ နည်းဟန်တွေနဲ့ ချည်နှောင်ခြင်းခံရပြီး လွတ်မြောက်နိုင်စွမ်း မရှိဘူး၊ ငါတို့ဝိညာဉ်တွေက ညှိုးနွမ်း၊ မှောင်မိုက်ပြီး မျှော်လင့်ချက်မဲ့နေတယ်၊ ပြီးတော့ ငါတို့တွေက သခင့်ဆီကနေ ဝေးသထက် ဝေးလာတယ်လို့လဲ ငါ့မှာခံစားနေရတယ်။ ဘာတွေဖြစ်နေပါလိမ့်” ဟု တွေးမိသည်။ သူတို့ ဆွေးနွေးနေသည့် ခေါင်းစဉ်များ သည် အလွန်အသစ် အဆန်းများဖြစ်ကာ၊ သူတို့ မည်သို့သော ဖောက်ပြန်ပျက်စီးသည် စိတ်သဘောထားကို ထုတ်ဖော်နေကြသည့်အကြောင်း၊ သူတို့ကိုယ်သူတို့ ပြန်လှန်သုံးသပ်ပြီး သိကျွမ်း ကြခြင်းနှင့် သန့်စင်ခြင်းခံကြခြင်းအကြောင်း စသည်တို့ကို ပြောနေကြသည်။ ကျွန်မသည် သခင့်ကို ယုံကြည်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သော်လည်း ကျွန်မအသင်းတော်မှ သင်းအုပ်ဆရာနှင့် အကြီးအကဲများ ထိုလမ်းခရီးမျိုးအကြောင်း တရားဟော ကြသည်ကို တစ်ခါမျှ မကြားဖူးခဲ့ပါ။ ထို့အပြင် ကျွန်မမိသားစုသည် ထိုမျှ သဘောပေါက်လာရခြင်း အကြောင်းအရင်းကိုလည်း ကျွန်မ နားမလည်နိုင် ခဲ့ပါ။ ကျွန်မ ဘာပြောရမှန်းမသိ ဖြစ်ခဲ့ရပါသည်။

ကျွန်မ စူးစမ်းလေ့လာနိုင်ခြင်း မရှိမီပင် ရိတ်သိမ်းချိန်ကို ရောက်ရှိ လာခဲ့ပြီး၊ ကျွန်မသား နှစ်ယောက်က ပြောင်းဖူးများရိတ်သိမ်းကာ အိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်များ အတွင်း ကျွန်မသည် သားအကြီး ပြောင်းဖူးအခွံခွာသည်ကို အမြဲကူညီခဲ့ပြီး၊ ထို့နောက် ကျွန်မသား အငယ်ကို ကူညီခဲ့ပါသည်။ သို့သော်လည်း ဤနှစ်တွင် ကျွန်မသားအငယ်နှင့် သူ့မိသားစုတို့က ပြောင်းဖူးများကို သူတို့ဘာသာ အခွံနွှာကြ၍ ကျွန်မက “ငါ့သားအငယ်မိသားစုကို သူတို့အလုပ်တွေအတွက် ဒီတစ်ခေါက်တော့ မကူပေးခဲ့မိပါလား။ အဲဒါဆို သူ့မိန်းမကတော့ ငါ့ကို အသေအချာကို စိတ်ဆိုးနေလောက်ပြီးတော့ ငါမျက်နှာလိုက်နေတယ်လို့လဲ ပြောတော့မှာပဲ။” ဟု မိမိဘာသာ တွေးခဲ့မိသည်။ သို့သော် ကျွန်မ အံ့အားသင့်ခဲ့ရသည်မှာ သူမသည် စိတ်မဆိုးရုံသာမက၊ ကျွန်မကို ရွှင်လန်းစွာဖြင့် “အမေ။ အမေနဲ့ အဖေတို့က ရှေ့လျှောက်ငယ်လာတော့မှာ မဟုတ်ဘူး။ ကျွန်မတို့ အလုပ်တွေ ကိုကူဖို့ ဆိုပြီး ကိုယ့်အတွက်ကိုယ် အပူမယူကြပါနဲ့။ ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက်ပါ” ဟု ပြောခဲ့ပါသည်။ သူမ ဤသို့ပြောသည်ကို ကြားရသည့် ကျွန်မမှာ အလွန်အံ့သြတကြီး ဖြစ်ခဲ့ရပါသည်။ သူမက ကျွန်မတို့နှင့် ပတ်သက်ပြီး စိုးရိမ်သည့်စကားပြောသည်မှာ ထိုအကြိမ်သည် အမှန်တကယ် ပင် ပထမဆုံးအကြိမ် ဖြစ်ပါသည်။ ယခင်က သူမ တစ်ခါဖူးမျှ ထိုသို့မပြောခဲ့ ဖူးပါ။ ပြီးနောက် ထိုသို့ ထပ်ဖြစ်ပြန်သည်။ ကျွန်မက ကျွန်မသားနှင့် သူတို့၏ ဇနီးများကို “နင်တို့ကလေးတွေ အလယ်တန်းကျောင်းတက်သင့်တယ်။ အဲဒါကြောင့် ငါသူတို့ကို စက်ဘီးတစ်ယောက်တစ်စီးစီ ဝယ်ပေးမယ်” ဟု ပြောခဲ့သည်။ ထို့ကြောင့် ကျွန်မသည် ကျွန်မသားကြီး၏ ကလေးအတွက် စက်ဘီးတစ်စီးဝယ်ပေးခဲ့သော်လည်း အကြောင်းကိစ္စပေါ်လာသည်နှင့် ကျွန်မ ကျန်ရှိသည့် ပိုက်ဆံများအားလုံးကို သုံးစွဲလိုက်ရကာ၊ သားငယ်၏ ကလေးအတွက် စက်ဘီးတစ်စီး မဝယ်ပေးနိုင်တော့ပေ။ နောက်ပိုင်းတွင် ကျွန်မ ချွေးမ၏ မိခင်က ကျွန်မမြေးကို စက်ဘီးတစ်စီးဝယ်ပေး၍ ကျွန်မမှာ စိတ်မကောင်း ဖြစ်ရသည်။ ကျွန်မက “ငါ့ချွေးမတော့ ငါ့ကို အသေအချာကို စိတ်တိုနေပြီး ငါက အပြောနဲ့အလုပ်မညီဘူးလို့လည်း ပြောတော့မှာပဲ” ဟု မိမိဘာသာ တွေးခဲ့သည်။ သို့သော်လည်း ကျွန်မ အံ့သြရသည်မှာ သူမသည် ကျွန်မကို စိတမပျက်ရုံသာမက၊ “အမေ၊ ကျွန်မကလေးကို စက်ဘီးတစ်စီး မဝယ်ပေးဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်နေဖို့ မလိုပါဘူး။ အမေနဲ့ အဖေတို့ အခုအချိန်ကစပြီး ကိုယ့်ပိုက်ဆံကိုယ်သိမ်းထားပြီး၊ ကိုယ့်အတွက်ပဲ ကိုယ်သုံးကြပါ။ ကျွန်မတို့အတွက် မစိုးရိမ်ကြပါနဲ့” ဟု ပြောကာ ကျွန်မကိုပင် နှစ်သိမ့်ခဲ့ပါသေးသည်။ ထိုအဖြစ်အပျက်နှစ်ခုသည် ကျွန်မကို အလွန် ကြီးမားစွာ အံ့အားသင့်စေခဲ့သည်။ ကျွန်မချွေးမသည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို စတင်ယုံကြည်ခဲ့ပြီး ကတည်းက၊ အရေးကိစ္စများနှင့် ပတ်သက်ပြီး ကျွန်မကို အငြင်းအခုန် မလုပ်နေတော့သည့်အပြင်၊ ထိုသို့ ငြင်းခုန်နေမည့်အစား ကျွန်မတို့အတွက် ဂရုစိုက်မှု နှင့် စာနာ ထောက်ထားမှုကို ပြခဲ့ပါသည်။ သူမသည် အမှန်တကယ်ကို ပြောင်းလဲခဲ့ပြီ။ ပြီးနောက် ကျွန်မခင်ပွန်းသည် ထစ်ခဲနဲရှိကျွန်မကို စိတ်တိုလေ့ရှိပြီးလျှင်၊ ကျွန်မကို အမြဲတမ်း ခက်ထန်စွာ စကားပြောခဲ့သည်။ သို့သော် ယခုအခါ တွင်မူ ကျွန်မကို စကားပြောလျှင် ပြုံး၍ပြောကာ၊ တစ်ခါတစ်ရံတွင် ကျွန်မက သူ့ကို စိတ်ဆိုးနေခဲ့လျှင်ပင်၊ သူသည် စိတ်ရှည်စွာ သည်းခံပြီး၊ ကျွန်မကို အေးဆေးစွာဖြင့် “ငါတို့ယုံကြည်ကြတဲ့ ဘုရားသခင်က ဘုရားတစ်ပါးတည်း ပါကွယ်။ ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ပြောမယ်ဆိုရင် ငါတို့က ခင်ပွန်းနဲ့ ဇနီးဖြစ်ပေမဲ့၊ ဝိညာဉ်ရေးရာအရ ပြောမယ်ဆိုရင် ငါတို့က ညီအစ်ကိုမောင်နှမ တွေ ဖြစ်တယ်။ ငါတို့အချင်းချင်း ချစ်သင့်တယ်၊ အချင်းချင်း နားလည်သင့် တယ်၊ အချင်းချင်း ခွင့်လွှတ်သင့်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အသက်ရှင် နေထိုင်သင့်တယ်။ မင်းရောဘယ်လိုထင်လဲ။ ငါအမြဲတမ်း ဒေါသကြီးပြီး ဒေါသထွက်လွယ်တယ်၊ ပြီးတော့ ဒါက ငါ့ရဲ့ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ရလဒ်ပဲ။ ငါက အရမ်းမာနထောင်လွှားခဲ့တယ်၊ စိတ်ကြီးဝင်ခဲ့တယ် ပြီးတော့ ငါ့မှာ ပုံမှန်လူ့သဘာဝ မရှိခဲ့ဘူး။ အခုတော့ ငါလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီး ဖတ်ခဲ့ရပြီး နောက်ဆုံးသာ ကာလက ဘုရားသခင်ရဲ့ အမှုတော်က ကိုယ်တော်ရဲ့ နှုတ်ကပတ်တော် တွေကို ဖော်ပြခြင်းအားဖြင့် လူသားတွေကို ကယ်တင်ဖို့ ဖြစ်တယ်ဆိုတာကို ငါနားလည်လာခဲ့ပြီ။ လူတွေက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ ကြိုးစားရင် သူတို့တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ယူပြီးတော့ တကယ့်ဘဝထဲမှာ လက်တွေ့လုပ်ဆောင်ရမယ်လေ၊ ပြီးတော့ အမှုကိစ္စတိုင်း ကို သမ္မာတရားနဲ့ အခြေခံသဘောတရားတွေ အတိုင်း ကိုင်တွယ်ရမယ်။ ငါ့ ဇာတိပကတိကို စွန့်လွှတ်ရမယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး၊ ပုံမှန်လူ့သဘာဝနဲ့ အသက်ရှင်နေထိုင်ရမယ်” ဟု ပြောပါသည်။ ကျွန်မခင်ပွန်း၊ သားနှင့် သူ့ဇနီးတို့ကို ကြည့်ရင်းဖြင့် ကျွန်မ နှလုံးသားထဲတွင် “သူတို့က နောက်ဆုံးကာလက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လွန်ခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ အချိန်တိုလေးကမှ လက်ခံခဲ့တာ၊ ဒါဆိုရင် သူတို့ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အများကြီး ပြောင်းလဲသွားပါလိမ့်။ ဒါက ငါ့ကို တကယ့်ကို လက်ခံယုံကြည်စေတာပဲ။ ငါသခင့်ကို ယုံကြည်ခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီး၊ နေ့စဉ်နဲ့ အမျှ သမ္မာကျမ်းစာဖတ်ပြီး ဆုတောင်းပါတယ်၊ ဒါကို ဒီတစ်ချိန်လုံး ငါက ဘယ်လိုဖြစ်လို့ လုံးဝမပြောင်းလဲလာရတာလဲ။ ငါ့ဆီကို စုံစမ်းသွေးဆောင် ခြင်းတွေ လာတဲ့အခါ၊ ဘာဖြစ်လို့ ငါဟာ အပြစ်ထဲပဲ အမြဲနစ်မြုပ်ပြီး၊ ကိုယ့်ကိုကိုယ် ပြန်ရုန်းမထွက်ဖို့ မလုပ်နိုင်ရတာလဲ။ ဘုရားသခင် တစ်ပါးတည်း သာလျှင် လူတွေကို ပြောင်းလဲနိုင်တဲ့ တန်ခိုးရှိတယ်။ သူတို့ ယုံကြည်နေကြတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုများ ဖြစ်နေမလား။ ဒါက တကယ်ကို မှန်တယ်ဆိုရင်၊ ငါကလည်း ဒါကို လက်ခံဖို့ အဆက်မပြတ် ငြင်းဆန်နေခဲ့တာ၊ သခင်က ငါ့ကို မစွန့်ပစ်ပဲ နေပါတော့မလား။ ကျွန်မရှေ့မှာ အဲဒီလောက်ကြီးမြတ်တဲ့ ကယ်တင်ခြင်း ရှိနေရက်သားနဲ့ ရယူနိုင်ခြင်းလည်း မရှိဘူး၊ ဒါဟာ ငါအရမ်းမိုက်မဲရာ ရောက်မနေဘူးလား” ဟု အဆက်မပြတ် ဆင်ခြင်ခဲ့မိပါသည်။ ထိုအတွေးများ ကို တွေးရင်းဖြင့် ကျွန်မသည် မစိုးရိမ်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မသည် ရှာဖွေပြီး၊ စုံစမ်းစစ်ဆေးလိုခဲ့သော်လည်း၊ ကျွန်မမိသားစုကို ဤအကြောင်း ပြောပြရ မည်ကို အခက်တွေ့နေခဲ့သည်။

တစ်နေ့တွင် ကျွန်မခင်ပွန်းအပြင်ထွက်သွားသည့်အချိန်၌၊ သူမကြာခဏ ဖတ်လေ့ရှိသည့် စာအုပ်ကို ကျွန်မ တိတ်တဆိတ် ယူထုတ်လာခဲ့သည်။ စာအုပ် အဖုံးကို ကြည့်လိုက်သည့် အခိုက်အတန့်တွင် စကားလုံး အကြီး၆လုံးဖြစ်သည့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ကို ရွှေရောင်တဖိတ်ဖိတ်တောက်ပသည့် စာလုံးများဖြင့် ရေးထားသည်ကို ကျွန်မ ချက်ခြင်းအာရုံစိုက်မိ သွားခဲ့သည်။ ပြီးနောက် ကျွန်မက “ဒီစာအုပ်မှာ ဘာနက်နဲမှုတွေများ အတိအကျ ပါဝင်နေလဲ။ ဒါက လူတွေကို အများကြီး ပြောင်းလဲနိုင်တယ်၊ ဒါ့ကြောင့် ငါလည်း သေသေချာချာ ဖတ်ရမယ်” ဟု တွေးမိသည်။ ကျွန်မစာအုပ်ကို အသာလေးဖွင့်လိုက်ကာ ၎င်းတွင် ရေးသား ထားသည့် ဤစကားလုံးများကို တွေ့မြင်ခဲ့ရသည်။ “ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဤအရာကို ဖတ်ပြီးနောက် ကျွန်မက “ဘုရားသခင်ရဲ့ ဒုတိယ လူ့ဇာတိခံယူခြင်းက ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို အဆုံးသတ်စေခဲ့တယ်၊ ဘုရားသခင်က ကျေးဇူးတော် ခေတ်ထဲက အသင်းတော်တွေမှာ အလုပ်မလုပ်တော့တာများ ဖြစ်နိုင်လား။ ငါတို့တွေ အခု နိုင်ငံတော်ခေတ်ထဲကို ဝင်ရောက်ခဲ့ပြီလား” ဟု တွေးဆခဲ့ သည်။ ဤနေရာတွင်ဖော်ပြထားသည်မှာ “ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။” ဟူ၍ဖြစ်ပါသည်။ ကျွန်မခင်ပွန်း၊ သားနှင့် သူ၏ဇနီးဖြစ်သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ပြီးကတည်က၊ တကယ်ကို ပြောင်းလဲခဲ့ကြသည်။ သူတို့ အမှန်တကယ် ယုံကြည်နေကြသည့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်နေနိုင်ပါသလား။ သူတို့က ဘုရားသခင်ရဲ့ ခြေလှမ်းများကို အမှန်တကယ် လိုက်လျှောက်ပြီး ဘုရားသခင၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ခြင်းများကို လက်ခံနေကြတာ ဖြစ်နိုင်ပါသလား။ သို့မဟုတ်ပါက၊ သူတို့သည် သမ္မာတရား များစွာ မည်သို့နားလည် သဘောပေါက် နိုင်ပြီး၊ မည်သို့များစွာ ပြောင်းလဲနိုင် ခဲ့သနည်း။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်မပါပဲနှင့် မိမိကိုယ်ကို မှီခိုခြင်းအားဖြင့် ရရှိနိုင်သည့် အရာမျိုး မဟုတ်သည့် အတွက်ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်မှ ရလဒ်ဖြစ် ရမည်...ကျွန်မ ဤကဲ့သို့ တွေးမိရုံရှိသေးသည့် အချိန်တွင် ကျွန်မခင်ပွန်းက အိမ်သို့ပြန်လာသည်ကို ကျွန်မရုတ်တရက်မြင်လိုက်ရသည်။ ကျွန်မသည် ထိုစာအုပ်ကို သူ့နေရာနှင့် သူ အလျင်အမြန် ပြန်ထားခဲ့ပြီး၊ “ငါဒီစာအုပ် ဖတ်နေတယ် ဆိုတာသူသိလို့ မဖြစ်ဘူး။ သိသွားရင် သူငါ့ကို ရယ်လိမ့်မယ်” ဟု တွေးခဲ့သည်။

နောက်တစ်နေ့တွင် ကျွန်မခင်ပွန်းက အစည်းအဝေးတစ်ခုတက်ရန် အပြင်သို့ထွက်သွားခဲ့ပြီး ကျွန်မသည် ထိုစာအုပ်ကို တစ်ဖန်ထုတ်၍ စတင်ဖတ်ရှုပြန်သည်။ ကျွန်မသည် ဤကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုခဲ့ရပါသည် “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဤကျမ်းပိုဒ်ကို ဖတ်ရှုပြီးနောက် ကျွန်မသည် ၎င်းကို နားလည်သဘောပေါက်ရန် ကြိုးစားခဲ့သည်။ သခင်ယေရှုက ကားတိုင်တင်ခံရခြင်းဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ခဲ့သော်လည်း ကိုယ်တော်သည် လူသား၏ ဖောက်ပြန် ပျက်စီးသည့် စိတ်သဘောထားများကို သုတ်သင်ဖယ်ရှင်းခဲ့ခြင်း မရှိပဲ လူသားတို့အတွင်း၌ ၎င်းတို့၏ အပြစ်ရှိသည့် သဘာဝက ကျန်ရှိခဲ့သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်ပါသည်။ သခင့်ကို ယုံကြည်ကြသူများအတွက်မူ၊ ကျွန်မတို့သည် သခင့်သွန်သင်ချက်များကို မထိန်းသိမ်းနိုင်သည့်အပြင်၊ လိမ်ညာခြင်း၊ လှည့်စားခြင်း နှင့် နေ့စဉ်နေ့တိုင်း ကျွန်မတို့ အပြစ်လုပ်ကြပြီး၊ ထို့နောက် ဝန်ချတောင်းပန်ကြပြန်သည့်အပြင် အပြစ်၏ချည်နှောင်မှုများမှ မိမိကိုယ်ကို လွတ်မြောက်အောင် လုပ်နိုင်သည့် ခွန်အားမရှိပဲနှင့် အပြစ်ကိုသာ အဆက်မပြတ်လုပ်နေကြသည်။ ဤသည်မှာ ငြင်းဆန်မရသည့် အချက်တစ်ခု ဖြစ်ပါသည်။ ထိုအခိုက်အတန့်တွင် ကျွန်မသည် သမ္မာကျမ်းစာထဲမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည့် “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဆိုသည်ကို တွေးမိပါသည်။ ဘုရားသခင်က ကျွန်မတို့အား သန့်ရှင်းစေရန် တောင်းဆိုသော်လည်း၊ ကျွန်မတို့သည် မကြာခဏ အပြစ်လုပ်ကာ၊ ဘုရားသခင်ကို ဘဝင်မကျဖြစ်စေသည်။ ထိုသည်မှာ မည်သို့များ သန့်ရှင်းခြင်း ဖြစ်သနည်း။ ဘုရားသခင်သည် သန့်ရှင်းပြီးလျှင်၊ ထို့ထက်ပို သည်မှာ ဘုရားသခင်၏ နိုင်ငံတော်ကိုလည်း စွန်းထင်းအောင် လုပ်ဆောင်၍ မရနိုင်ပါ။ သို့ပါက မကြာခဏ အပြစ်လုပ်နေသည့် ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်သို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။ ဤအကြောင်းကို တွေးရင်းဖြင့် ကျွန်မသည် ဆုံးရှုံးမှု၏ အသိစိတ်ကို ခံစားခဲ့ရပြီး ထိုစာအုပ်ကို ဆက်လက်ဖတ်ရှုခဲ့ပါသည်။ “စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။” နောက်ဆုံးသော ကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်သည် လူ့ဇာတိဖြင့် ပြန်ကြွလာသည့် သခင်ယေရှုပြုတော်မူသည့် အမှုတော်ထက်ပင် ပိုမိုကြီးမား နေနိုင်ပါသလား။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ဖြင့်သာလျှင် ကျွန်မတို့သည် မိမိကိုယ်ကို အပြစ်မှ ဖယ်ရှားနိုင်ပြီး၊ သန့်စင်ခြင်းကို ခံရကာ ပြောင်းလဲ နိုင်ပါသလား။ ကျွန်မခင်ပွန်း နှင့် ချွေးမတို့ထဲက ပေါ်ပေါက်ခဲ့သော ပြောင်းလဲမှုများသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုတော်တို့ကို ၎င်းတို့ တွေ့ကြုံခံစားရခြင်းမှ လာခြင်း ဖြစ်နိုင်ပါသလား။ ကျွန်မခင်ပွန်း၊ သားနှင့် သူ့ဇနီးတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ အချိန်တိုလေးသာ ရှိသော်လည်း သမ္မာတရားအချို့ကို နားလည်လာခဲ့ကြသည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီး သည့် စိတ်သဘောထားများကို နားလည်သဘောပေါက်သည့် အကြောင်း ဆွေးနွေးနိုင်ကြသည်၊ သူတို့ကို အမှုကိစ္စများဖြစ်ပေါ်သည့်အခါတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေနိုင်ကြပြီး လက်တွေ့ လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာဖွေနိုင်ကြသည်။ အခြားတစ်ဖက်တွင်မူ ကျွန်မက သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း တစ်စုံတစ်ယောက်က ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာ အတိအကျ ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်၏ အလိုတော်ဆိုသည်မှာ မည်သည့် အရာအတိအကျဖြစ်ကြောင်း မေးလာခဲ့ပါက၊ ရိုးသားစွာပြောရလျှင် ကျွန်မ ပြောနိုင်မည် မဟုတ်ပါ။ ကျွန်မစိတ်သဘောထား တစ်စုံတစ်ရာ ပြောင်းလဲမှု အကြောင်း ပြောဖို့ဆိုလျှင် ပိုဝေးပါသေးသည်။ မိမိကိုယ်ကို သူတို့နှင့် နှိုင်းယှဉ်တွေးတောကာ၊ ကျွန်မ အမှန်တကယ်ပင် ရှက်မိပါသည်။ ယခု အခါတွင် ကျွန်မသည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လေးနက်စွာ စုံစမ်းစစ်ဆေးရတော့မည့် သဘောရှိနေပါသည်။

ထိုအချိန်မှစတင်ကာ၊ နေ့စဉ်နေ့တိုင်း ကျွန်မသည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဆိုသည့် စာအုပ်ကို ကျွန်မခင်ပွန်း နောက်ကွယ်တွင် တိတ်တဆိတ် ဖတ်ရှုခဲ့ပြီး၊ ကျွန်မ ပို၍ ဖတ်ရှုလေ၊ ကျွန်မနှလုံးသားသည် ပိုမိုအားတက်လာလေဖြစ်ကာ၊ ထိုစာအုပ်ကို ဖတ်ရှုရ သည်ကိုလည်း ပိုမိုပျော်မွေ့ လာခဲ့ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်မ၏ အသင်းတော် အစည်းအဝေးများကို တက်ရောက်လိုခြင်း မရှိပဲနှင့် နေအိမ်တွင် နေကာ ဤစာအုပ်ကိုသာ ဖတ်ရှုလိုသည်။ တစ်ကြိမ်တွင် ကျွန်မသည် အနန္တတန်ခိုးတော်ရှင်ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ ကို ဖတ်ရှုခဲ့ရပါသည်။ “ဖြောင့်မတ်ခြင်းတရားကို ဆာငတ်ခင်မွတ်သော သူတို့နှင့် စိတ်ရင်းမှန်ဖြင့် ရှာဖွေသောသူတို့ကို ငါသည် ဧကန်မုချ အလင်းပေးကာ ဉာဏ်အလင်းပေးမည်။ ငါသည် ဝိညာဉ်လောက၏ နက်နဲမှုများနှင့် ရှေ့ဆက်ရမည့်လမ်းကို သင်တို့အားလုံးအား ပြသမည်၊ သင်တို့အနေဖြင့် အသက် ရင့်ကျက်မှုကို ရရှိပြီး၊ ငါ၏ အသုံးပြုခြင်းအတွက် သင့်တော်နိုင်ကြဖို့အလို့ငှာနှင့် ဧဝံဂေလိအမှုသည် အဟန့်အတားမရှိဘဲ မကြာမီ ရှေ့ဆက်နိုင်ဖို့အလို့ငှာ သင်တို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဟောင်းများကို ဖြစ်နိုင်သမျှမြန်မြန် သင်တို့ကို ငါစွန့်ပစ်စေမည်။ ထိုအခါမှသာ ငါ၏ အလိုတော်သည် အားရကျေနပ်လိမ့်မည်၊ ထိုအခါမှသာ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် ဖြစ်နိုင်သမျှ အတိုတောင်းဆုံးသောအချိန်တွင် ပြီးမြောက်လိမ့်မည်။ ဘုရားသခင်သည် နိုင်ငံတော်ကို ရရှိလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေသို့ ကြွဆင်းလာကာ ငါတို့အတူတကွ ဘုန်းတော်ဝင်စားကြမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၈)) ဤနှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက် ကျွန်မသည်၊ “ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြ လတံ့။(ရှင်မဿဲခရစ်ဝင် ၅:၆) ဟူသော သခင်ယေရှု၏ နှုတ်ကပတ်တော်များကို မတွေးပဲမနေနိုင်ခဲ့ပါ။ ကျွန်မပိုဖတ်လေ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် တူညီသော အရင်းအမြစ်ရှိကြသည်ဟု ကျွန်မပိုခံစားရလေ ဖြစ်ပါသည်။ နှစ်ဦးလုံး၏ နှုတ်ကပတ်တော်များ၌ သြဇာအာဏာ နှင့် တန်ခိုးတို့ ပါရှိပြီးလျှင်၊ ထို့ကြောင့် ကျွန်မအတွက်မူ အနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်တကယ်ပင် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်သည်မှာ အလွန်အမင်း ဖြစ်နိုင်ချေရသော သဘောရှိနေပါသည်။ ဤအကြောင်းတွေးရင်းဖြင့် ကျွန်မမှာ အံ့အားသင့်ခဲ့ရသည်။ ဤအချက်သည် မှန်ကန်ပါက နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို အလျင်အမြန် လက်ခံရမည်။ အကြောင်းမှာ ကျွန်မသည် လက်ခံရန် အဆက် မပြတ် ငြင်းဆန်ခဲ့ပါက၊ ဘုရားသခင်၏ အမှုတော်အားဖြင့် ချန်ရစ်ခြင်းကို ခံရမည်ဖြစ်သောကြောင့်ပင်တည်း။ သို့သော်လည်း ဤအကြောင်းကို ကျွန်မ မိသားစုကို မည်သို့ပြောပြရမည်နည်း။ အတိတ်တွင် သူတို့က ကျွန်မကို ဧဝံဂေလိတရား များစွာ ဟောကြားခဲ့ကြသော်လည်း၊ ကျွန်မအမြဲတမ်း လက်ခံရန် ငြင်းဆန်ခဲ့သည်။ ကျွန်မက ယခုအချိန်ကျမှ နောက်ဆုံးသော ကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံလိုကြောင်း ပြောပါက၊ သူတို့က ကျွန်မကို မည်သို့ ထင်မြင်ကြမည်နည်း။ ကျွန်မက ချီတုံချတုံဖြစ်ရာတွင် အချိန်ဆွဲနေခဲ့သည်နှင့်အညီ၊ ဘုရားသခင်သည် ကျွန်မအတွက် လမ်းတစ်ခု ဖွင့်ပေးတော်မူခဲ့သည်။

တစ်နေ့တွင် ကျွန်မချွေးမနှင့် အသင်းတော်မှ သူမညီအစ်မများ ထဲမှတစ်ဦးက ကျွန်မကို ဧဝံဂေလိတရား ဟောကြားရန် ရောက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်ပေးသည့် အခွင့်အလမ်းဖြစ်သည်ကို ထိုအချိန်က သိခဲ့သောကြောင့်၊ ကျွန်မ သူတို့နှင့် ရိုးသားစွာ၊ “အမှန်တော့ အမေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အများကြီးကို တိတ်တဆိတ် ဖတ်နေခဲ့တာ၊ ပြီးတော့ ဒီနှုတ်ကပတ်တော်တွေဟာ ဘုရားသခင်ဆီကလာတယ်လို့ အမေခံစားရတယ်။ ဒီလိုမျိုး သြဇာအာဏာနဲ့ တန်ခိုးကို ယူဆောင်လာတဲ့ ဒီနှုတ်ကပတ်တော်တွေကို ဘယ်လူတစ်ယောက် ကမှ ပြောနိုင်မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။ ကျွန်မချွေးမသည် ကျွန်မ ဤသို့ပြောသည်ကို ကြားရာတွင် အံ့အားသင့်ပြီး ထိုအစ်မကို ကြည့်ကာ ဝမ်းမြောက်ခြင်းဖြင့် ရယ်မောလေသည်။ ကျွန်မက ဆက်ပြီး “ဒါပေမဲ့ အမေနားမလည်သေးတဲ့ အချက်တစ်ခုတော့ ရှိတယ်။ သခင်ယေရှုက ‘ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇) လို့ ပရောဖက်ပြုတော်မူခဲ့တယ်။ အမေတို့ ယုံကြည်သူတွေ အားလုံးက သခင်ယေရှုပြန်ကြွလာ ပြီးတော့ အမေတို့ကြားထဲကို တိမ်ဖြူပေါ်ကနေ ဆင်းသက်လာမဲ့ အရေးကို တောင့်တနေကြတယ်၊ ဒါပေမဲ့ သမီးတို့ပြောတော့ သခင်က ပြန်ကြွလာပြီးတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်တယ်လို့ဆိုတယ်။ ဒါဆို အမေတို့တွေ သခင့်ကို တိမ်ဖြူပေါ်ကကြွလာတာကို ဘာလို့မတွေ့ခဲ့ရတာလဲ။ အမေ့ကို ကျေးဇူးပြုပြီး ဒီအကြောင်းလေး မိတ်သဟာယပြုကြပါဦး” ဟု ပြောခဲ့သည်။

ထိုညီမဖြစ်သူက လေးနက်စွာဖြင့် “ဘုရားသခင်ကို ကျေးဇူးတင် ပါတယ်။ ကျွန်မတို့ သိကြတဲ့အတိုင်းပဲ၊ သခင်ပြန်ကြွလာမှာကို ပရောဖက်ပြု ထားတဲ့ကျမ်းချက်တွေ သမ္မာကျမ်းစာထဲမှာ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သေချာဖတ်မယ်ဆိုရင်၊ သခင်ပြန်ကြွလာမှာကို ကွဲပြားတဲ့ နည်းလမ်းနှစ်ခုနဲ့ ပရောဖက်ပြုထားတာကို တွေရမှာပါ။ တစ်ခုက ရှင်လုကာ ၂၁:၂၇ ထဲမှာ ‘ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။’ လို့ ပြောထားတဲ့အတိုင်းပဲ သခင်က တိမ်ပေါ်ကနေ ပွင့်ပွင့်လင်းလင်း လာမှာဖြစ်ပြီးတော့၊ မျက်လုံးတိုင်းကလည်း ကိုယ်တော့်ကို တွေ့မြင်ကြမယ်။ တခြားနည်းလမ်းကတော့ သခင်က သူခိုးလိုပဲ ဘယ်သူမှမသိအောင် တိတ်တဆိတ်လာမယ်လို့ ရှင်မဿဲ ၂၄:၃၆ မှာ ‘ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။’ သခင့်ပြန်ကြွလာခြင်းက အဆင့်နှစ်ဆင့် နဲ့ ဖြစ်ပေါ်မယ်ဆိုတာ သိနိုင်ပါတယ်။ ပထမက ကိုယ်တော်က တိတ်တဆိတ်လာမယ်၊ ပြီးတော့ ကိုယ်တော်ရဲ့အမှုတော် အဆင့်တစ်ဆင့်ကို ပြုပြီးတဲ့နောက်မှာ ကိုယ်တော်ပြန်ကြွလာတာကို လူတိုင်းသမယ်။ အမေပြောတဲ့ အကြောင်းက သခင်ပွင့်ပွင့်လင်းလင်း ကြွတော်မူမှာကို ပရောဖက်ပြုထားတာ ဖြစ်တယ်၊ အမှန်ကတော့ ကျွန်မတို့က ပြည့်စေလျက်ရှိတဲ့ သခင်တိတ်တဆိတ် ကြွတော်မူမဲ့ပရောက်ဖက်ပြုခြင်း အဆင့်ထဲကို ရောက်နေကြတာပါ။ ဒီအဆင့်မှာ ဘုရားသခင်က လူ့ဇာတိကိုခံယူပြီးတော့ ကိုယ်တော်ရဲ့ အမှုတော်ကို ပြုပြီး လူသား မျိုးနွယ်ကို ကယ်တင်မဲ့ အဆင့်ဖြစ်တယ်။ ဘုရားသခင်က လူ့ဇာတိအားဖြင့် အမှုတော်ပြုပြီးတဲ့အချိန်ကျမှ လူတိုင်းက ကိုယ်တော့်ကို တွေ့မြင်ကြရဖို့ ပွင့်ပွင့်လင်းလင်းကြွလာတော်မူမှာဖြစ်တယ်...” ဟု ပြောခဲ့ပါသည်။

ကျွန်မနှလုံးသားသည် ထိုညီမ၏ မိတ်သဟာယပြုခြင်းကို ကြားပြီး နောက်တွင် အလင်းရခဲ့ပါသည်။ ပြီးနောက် ကျွန်မက “အမှန်မှာ တော့ သခင်က နည်းလမ်းနှစ်မျိုးနဲ့ ပြန်ကြွလာမှာဖြစ်တယ်လို့ သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုထားခဲ့တာပဲကိုး၊ ပထမတော့ ကိုယ်တော်က တိတ်တဆိတ်ပြန် ကြွလာမှာဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်တော်က ပွင့်ပွင့်လင်းလင်း ပြန်ကြွလာမှာ ဖြစ်တယ်။ ဒါကတကယ့်ကို နက်နဲမှုတစ်ခုပဲ။ ကျွန်မလည်း သမ္မာကျမ်းစာကို ဖတ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါဆို ကျွန်မဒါကို ဘယ်လိုလုပ်ပြီး လုံးဝရှာဖွေမတွေ့ရှိခဲ့တာပါလိမ့်။ ဒါပေမဲ့ အခုတွေးလိုက် တော့၊ ဒါက တကယ့်ကို အမှန်ပဲဆိုတာ ကျွန်မသေချာတယ်” ဟု တွေးခဲ့သည်။

ကျွန်မချွေးမက “အမေ၊ အနန္တတန်ခိုးရှင်ဘုရားသခင်က လူ့ဇာတိထဲမှာ လူသားတွေကို တရားစီရင်ဖို့နဲ့ သန့်စင်ဖို့ ကိုယ်တော်ရဲ့ အမှုတော်ကိုပြုတဲ့ အချိန်က ဘုရားသခင် တိတ်တဆိတ် ကြွတော်မူတဲ့အဆင့် ဖြစ်တယ်၊ ပြီးတော့ ဘုရားသခင်က လူတွေကို ဖော်ထုတ်ပြီးစေပြီး၊ ကျွန်မတို့ တစ်မျိုး ချင်းစီကို သူ့အမျိုးနဲ့သူ သီးသန့်ခွဲထုတ်တဲ့အချိန်လည်း ဖြစ်တယ်။ ဒီသမ္မာ တရားရဲ့ ရှုထောင့်ကို ပိုမိုနားလည်စေဖို့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြရအောင်နော်” ဟု ကျွန်မကို ပြောရင်းဖြင့်၊ သူမက “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ ‘ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်’ ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်) ဟု ဖတ်ပြခဲ့သည်။

ထိုညီမသည် သူမ၏ မိတ်သဟာယပြုခြင်းကို ဆက်ကာ “အနန္တတန်ခိုးရှင်ဘုရားသခင်က သူ့အမှုတော်ကို တိတ်တဆိတ်ပြုတော်မူ ချိန်မှာ၊ နှုတ်ကပတ်တော်တွေနဲ့ လူတွေကို တရားစီရင်ဖို့နဲ့ ပြစ်တင်ဆုံးမဖို့ ဆိုတဲ့ သူ့အမှုတော်ကိုပဲပြုတဲ့အကြောင်းကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တွေကနေ ကျွန်မတို့ နားလည်သဘောပေါက်လာရတယ်။ ပြောချင်တာက တော့ ကိုယ်တော်က ကျွန်မတို့အသက်တာမှာ လိုအပ်တဲ့အရာတွေနဲ့ ထောက်ပံ့ပေးဖို့ သမ္မာတရားအားလုံးကို ဖော်ပြတော်မူတယ်။ ပြီးတော့ နောက်ဆုံးသောကာလဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံသူအားလုံး နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်း တို့ကို တွေ့ကြုံခံစားရသူအားလုံး အပြင်၊ သမ္မာတရားကို နားလည် သဘောပေါက်လာပြီးနောက် ဘုရားသခင်ကို သိကျွမ်းလာပြီး အသက်တာ စိတ်သဘောထားတွေ ပြောင်းလဲခဲ့ရသူတွေဟာ ဘေးဒုက္ခတွေမလာခင်မှာ ဘုရားသခင်ရဲ့ စုံလင်စေခြင်းကို ခံရတဲ့ အောင်မြင်သောသူတွေ ဖြစ်တယ်။ ဒီအောင်မြင်သောသူတွေကို စုံလင်စေပြီးတဲ့အခါမှာ ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့အမှုတော် ပြီးဆုံးမှာဖြစ်ပြီး ကိုယ်တော် တိတ်တဆိတ် ပြုတော်မူတဲ့ အမှုတော်ကလည်း ပြီးဆုံးမှာ ဖြစ်တယ်။ အဲဒီကျမှ ဘုရားသခင်က တိမ်တွေနဲ့လာပြီးတော့ တိုင်းနိုင်ငံအားလုံးနဲ့ လူအားလုံးကို လူပုံအလယ် ပေါ်ထွန်းတော်မူမယ်။ တစ်ချို့လူတွေက သူတို့ကိုယ်ပိုင် အယူအဆတွေကို မျက်ကန်းလို ဆုပ်ကိုင်ထားတယ်၊ သခင်ယေရှုက တိမ်တွေနဲ့လာမှာကိုပဲ စောင့်မျှော်နေကြပေမဲ့ ကိုယ်တော်က ကိုယ်တော်ရဲ့ လျှို့ဝှက်တဲ့ အမှုတော်ကိုပြုချိန်မှာ ဒီလူအချို့က ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားမှန်သမျှကို လက်ခံဖို့ ငြင်းဆန်ကြတယ်။ ဒီလူတွေအားလုံးက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး၊ အာခံကြတယ်၊ ပြီးတော့ သူတို့က ဘုရားသခင်ဆီကို ပြန်မသွားနိုင်ပဲနဲ့ နောက်ဆုံးကာလက ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို လက်မခံနိုင်ဘူးဆိုရင် သူတို့တွေလည်း ကြီးမားတဲ့ ဘေးဒုက္ခထဲကျရောက်ပြီးတော့၊ ကြီးစွာသော ငိုကြွေးမြည်တမ်းတာနဲ့ အံကြိတ်တာတွေသာ ရှိလိမ့်မယ်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁ ငယ် ၇ မှာ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။’ လို့ ပရောဖက်ပြုထားတယ်။ အဲဒါကိုတွေးကြည့်ပါ။ သခင်က တိမ်တွေနဲ့ ပြန်ကြွလာတဲ့အခါမှာ လူတိုင်းက ကိုယ်တော့်ကို မြင်ကြမယ်၊ ပြီးတော့ လုပ်သင့်တဲ့အရာက ကိုယ်တော်ကြွ လာခြင်းကို ကြီးစွာသော ဝမ်းမြောက်ခြင်းနဲ့ ကြိုသင့်တာပါ။ ဒါဆို လူမျိုး အပေါင်းတို့ ဘာကြောင့် ငိုကြွေးကြရမှာလဲ။ အကြောင်းကတော့ ဘုရားသခင် က ပွင့်ပွင့်လင်းလင်း ကြွလာတဲ့အချိန်မှာ၊ သူတို့ အာခံခဲ့တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ပြန်ကြွလာတဲ့ သခင်ယေရှု အမှန်တကယ် ဖြစ်တာကို တွေ့ရမှာမို့လိုပေါ့၊ ဒါကြောင့် သူတို့မှာ အဲဒီကျမှ ရင်ထုမနာ၊ ငိုယိုဟစ်ကြွေး ပြီး အံမကြိတ်ပဲ ဘယ်လိုလုပ်ပြီး နေနိုင်ကြမှာလဲ” ဟု ပြောသည်။

ထိုညီမ၏ မိတ်သဟာယပြုခြင်းကို ကြားရင်းဖြင့် ကျွန်မ အဆက်မပြတ် ခေါင်းညိတ်ကာ “ဪ၊ အမေအရင်က ဒီကျမ်းပိုဒ်ကို ဘယ်တော့မှ နားမလည်ခဲ့ဘူး။ ပြီးတော့ အမေ့အသင်းတော်က သင်းအုပ်ဆရာကို မေးခဲ့တယ်၊ ဒါပေမဲ့ သင်းအုပ်ဆရာက ရှင်းရှင်းလင်းလင်း မပြောပြပါ ဘူးကွယ်၊ အမှန်တော့ ဒီကျမ်းပိုဒ်က နောက်ဆုံးကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ငြင်းဆန်ပြီး၊ ကိုယ်တော့်ကို အာခံတဲ့သူတွေအားလုံးကို ရည်ညွှန်းထားတာကိုး” ဟု ပြောခဲ့ပါသည်။ ထိုအခိုက်အတန့်တွင် ကျွန်မမိသားစုသည် ကျွန်မကို ဧဝံဂေလိတရား ဟောကြားခဲ့သော်လည်း၊ ကျွန်မက လက်ခံရန်ခုခံပြီး ငြင်းဆန်ခဲ့သည့် အကြိမ်ပေါင်းများစွာကို ပြန်မတွေးဘဲ မနေနိုင်တော့သလို အလွန်ပင် ပူပင်သောက ခံစားခဲ့ရပါသည်။ နောင်တရစွာဖြင့် ကျွန်မက ထိုညီမကို “အမေသာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ခဲ့ ဘူးဆိုရင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က အမေ့ နှလုံးသားတံခါးကို ဖွင့်ပေးပြီး သမ္မာတရားကို ရှာဖွေဖို့ နှလုံးသားတစ်စုံကို မပေးခဲ့ဘူးဆိုရင်၊ အမေက ညီအစ်မတို့ရဲ့ မိတ်သဟာယပြုခြင်း နားမထောင်ပဲနဲ့၊ အစွဲအလမ်းကြီးပြီး သခင်ယေရှုက တိမ်ဖြူနဲ့ပြန်ကြွလာပြီး လူတွေရှေ့မှာ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းလာတာကို စောင့်မျှော်နေမိဦးမှာပဲ။ အမေကိုက တကယ်ကို ဉာဏ်မဲ့ပြီး မိုက်မဲတာပါ။ အခုမှသာ ဘုရားသခင်ရဲ့ လျှို့ဝှက်တဲ့ အမှုတော်အဆင့်က အမေတို့ ကယ်တင်ခြင်းရရှိဖို့ရာ ကိုယ့် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့ နှစ်လိုပျော်ရွှင်ဖွယ်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်တယ်ဆိုတာကို အမေနားလည်သဘောပေါက်ပါပြီ။ ဘုရားသခင်က တိမ်ပေါ်ကနေ ပြန်ကြွလာပြီး လူတွေဆီကို ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းလာခဲ့တဲ့အချိန်မှာ ကိုယ်တော့်ကယ်တင်ခြင်း အမှုတော်က ပြီးဆုံးနှင့်နေမှာဖြစ်ပြီး ကိုယ်တော် ကလည်း ကောင်းမြတ်သူတွေကို ဆုလာဘ်ချီးမြှင့်ပြီး၊ ဆိုးညစ်သူတွေကို အပြစ်ဒဏ်ပေးမှာ ဖြစ်တယ်။ ပြီးတော့ အဲဒီလိုဖြစ်တဲ့အချိန်မှာ အမေ့နောင်တက ရုန်းထွက်နိုင်ခဲ့ရင်တောင်၊ အရမ်းကိုနောက်က သွားမှာ ဖြစ်တယ်။ ဘုရားသခင်က အမေ့ကို မစွန့်ပစ်ထားတဲ့အတွက်၊ ကယ်တင်ခြင်း ရရှိဖို့ ဒီအခွင့်ကိုပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အမေ နောက်ဆုံးကာလက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံလိုပါတယ်” ဟု ပြောလိုက်သည်။

ထို့နောက်တွင် ကျွန်မက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို ဝင်ရောက်ဖို့ စတင်တောင်းဆိုခဲ့ပြီး ကျွန်မခင်ပွန်း၊ သားနှင့် ချွေးမတို့ကဲ့သို့ပင် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ၊ သမ္မာတရားကို မိတ်သဟာယပြု၍ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သန့်စင်ခြင်း နှင့် ကယ်တင်ခြင်းတို့ကို တွေ့ကြုံခံစားပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်၏ မိသားစုကြီးတွင် ကျွန်မလည်း စစ်မှန်သည့် အသင်းတော်အသက်တာဖြင့် အသက်ရှင်နေထိုင်ကာ ကျွန်မဝိညာဉ်က ငြိမ်သက်ခြင်း နှင့် ဝမ်းမြောက်ခြင်း တို့ဖြင့် ပြည့်ဝနေပါသည်။ ကျွန်မအတွက် ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကို အမှန်တကယ် ခံစားရပါသည်၊ ကျွန်မသည် အလွန် ခံစားချက်မဲ့ခဲ့ပြီး ဘုရားသခင်ကို ကာလရှည်ကြာအောင် စောင့်ဆိုင်းစေ ခဲ့ပါသည်။ ဘုရားသခင်၏ မိသားစုထဲသို့ ပြန်ရောက်ရန် ခြေလှမ်း တစ်လှမ်းချင်းစီတွင် ဦးဆောင်ပြီးလမ်းပြရန် လူအမျိုးမျိုးနှင့် အဖြစ်အပျက် များကို ခရေစေ့တွင်းကျ စီစဉ်ပေးခဲ့သည့်အတွက် ဘုရားသခင် ကို ကျေးဇူးတင်ပါသည်။ ထို့အပြင် ကျွန်မကို မတူညီသောနည်းလမ်းတစ်ခုဖြင့် ကယ်တင်ခြင်းအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြင့်သာ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်နိုင်သည် (အပိုင်း တစ်)

ဆင်းလျှိုး၊ အမေရိကန်ပြည်ထောင်စု အယ်ဒီတော့မှတ်စု- လူများစွာက သခင့်အတွက် စွန့်လွှတ်ခြင်း၊ အသုံးခံခြင်း၊ ကြိုးပမ်းခြင်းနှင့်...

ဘုရားသခင်တွင် တိကျသောလိင် ရှိပါသလား၊ အနက်ပြန်ခြင်းအသစ်ကို ကျွန်တော် ရှာဖွေတွေ့ရှိသည် (အပိုင်း ၂)

ဘိုအဲန်း၊ ဘရာဇီးလ်နိုင်ငံ ထံမှ “ခမည်းတော်” နှင့် “သားတော်” ၏ နက်နဲမှုသည် နောက်ဆုံးတွင် ထုတ်ဖော်ပြခံရသည် ဤသမ္မာတရားကို ကျွန်တော်...

ဘုရားဆီဦးလှည့်ဖို့ မုသားတွေကိုဖြတ်ကျော်ခြင်း

ခင်မူ တောင်ကိုရီးယားနိုင်ငံ ၂၀၁၇ ခုနှစ်အစောပိုင်းတုန်းက ကျွန်တော့်ဇနီးနဲ့သမီးက ကျွန်တော်နဲ့အတူနေဖို့ တောင်ကိုရီးယားကိုရောက်လာခဲ့ကြတယ်လေ။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။