ကွာရှင်းပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းသည်

12.04.2021

လုရှီ၊ ဂျပန်နိုင်ငံ

၂၀၁၅ ခုနှစ်တွင်၊ ကျွန်မ၏ မိတ်ဆွေတစ်ဦးက ကျွန်မအား အနန္တတန်ခိုးရှင်ဘုရားသခင်ကို စတင်ယုံကြည်စေ ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံ ရရှိပြီးသည့်နောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ ဆာငတ်စွာ အငမ်းမရဖတ်ခဲ့ပြီး၊ ယင်းမှတဆင့်- လူသား မျိုးနွယ် ကို ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်က အဆင့်သုံးဆင့် အဖြစ် ခွဲခြားထားကြောင်း၊ အဆင့်တိုင်းတွင် သူ၏ အမှုတော်ကို ဘုရားသခင် မည်သို့ဆောင်ရွက်ကြောင်း၊ အမှုတော်၏ အဆင့်သုံးဆင့်ကြား ဆက်နွယ်မှုအကြောင်း၊ လူ့ဇာတိခံယူခြင်းက မည်သည့်အရာဖြစ်သည် ဆိုကြောင်း နှင့် အဘယ်ကြောင့် ဘုရားသခင် လူ့ဇာတိခံလာရမည်တို့ ကဲ့သို့သော ယခင်က ကျွန်မ မသိဖူးခဲ့သည့် သမ္မာတရား၏ နက်နဲမှု များစွာကို နားလည်လာခဲ့သည်။ ဤအရာက အနန္တတန်ခိုးရှင် ဘုရား သခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ်ကြောင်း ကျွန်မကို ပို၍ပင် သေချာစေခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှု ကျွန်မ ရှိထားသည့်အတွက်၊ ယခင်က ကျွန်မ လုပ်ဆောင်ခဲ့ သကဲ့သို့ ရုပ်မြင်သံကြားကြည့်ရှုခြင်းဖြင့် ကျွန်မ အချိန် မကုန်တော့ပါ၊ ပြီးလျှင် ကျွန်မ ယောက်ျားက ကျွန်မကို- “မင်းရဲ့ ဘုရားသခင်ကို ယုံကြည်ခြင်း က မင်းကို စာဖတ်ဖြစ်စေတယ်၊ အဲဒါက ကိုရီးယား ရုပ်သံဇာတ်လမ်း တွဲတွေကို နေ့တိုင်းကြည့်တာထက် ပိုကောင်းတယ်။ မင်းဒါတွေလုပ် နေတာ ငါပျော်တယ်” ဟု ပြောလေသည်။ ကျွန်မ ယောက်ျားက ဝတ်ပြု အစည်းအဝေးများ မသွားခဲ့သော်လည်း၊ သူ၏ မိခင်က ယုံကြည်သူ တစ်ဦး ဖြစ်သည့်အတွက် ဘုရားသခင် တစ်ပါးရှိသည်ကို သူ အမြဲယုံကြည်ခဲ့သည်- ကျွန်မ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို လည်း သူက အားပေးခဲ့သည်။ သာမန်အားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဉာဏ်အလင်းပေးမှု တစ်မျိုး ကျွန်မ ရရှိသည့် အချိန်တိုင်း ကျွန်မယောက်ျားနှင့် ဝေမျှခဲ့ပြီး ယုံကြည်ခြင်းရှိခြင်းကို သူကလည်း ထောက်ခံခဲ့သည်။ နောက်ပိုင်းတွင်၊ သူ၏ မိခင် ယုံကြည် သည်က သခင်ယေရှု ဖြစ်လင့်ကစား၊ အဘယ်ကြောင့် ကျွန်မက “အနန္တတန်ခိုးရှင် ဘုရားသခင်” ကို အမြဲထုတ်ဖော်ပြောဆိုနေရသည်ကို သူ သိချင်လာခဲ့သည်၊ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း သိရဖို့ သူအွန်လိုင်းတက်လေသည်။ သို့သော် မမျှော်လင့်ဘဲ၊ သူ မြင်ခဲ့သည့်အရာမှာ အင်တာနက်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်သည့် ကောလာဟလများ၊ မမှန်သော သက်သေခံချက်များနှင့် ပြစ်မှားစော်ကားမှုများဖြင့် အောတိုက်နေသည် ဟူ၍ ဖြစ်သည်။ ဤအရာအားဖြင့် သူ အလွန်အမင်း အဆိပ်သင့်ခံခဲ့ရပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို စတင် ဆန့်ကျင်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ရှုခဲ့ပြီးဖြစ်သလို ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယ များနှင့် သက်သေခံချက်များကို ကြားသိခဲ့ပြီး ဖြစ်သည့်အတွက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ဖြစ် သည်ကို ကျွန်မ၏ စိတ်နှလုံးထဲတွင် သေချာနှင့်ခဲ့သလို၊ အွန်လိုင်းက ထိုအကြောင်းအရာများမှာ လူတို့ကို လှည့်ဖြားဖို့ဖြစ်သော ကောလာဟလ များ နှင့် အလိမ်အညာများသာ ဖြစ်သည်ကို သိခဲ့သည်။ သို့သော်၊ ကျွန်မယောက်ျားက ကောလာဟလများ၏ အလှည့်စားခံ ခဲ့ရပြီး အခြေအနေ၏ လက်တွေ့အရှိတရားကို နားမလည်နိုင်ခဲ့ပါ၊ သူ့ကို ကျွန်မ ဖျောင်းဖျပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်နှင့်ပတ်သက်၍ သက်သေခံချက်ကို ပေးဖို့ မည်မျှကြိုးစားပါစေ၊ သူ နားမထောင်ခဲ့ပါ။

အချိန်ကာလတစ်ခုကြာပြီးနောက်၊ မိတ်သဟာယနှင့် သက်သေခံချက် များကို ကျွန်မယောက်ျားနှင့် ထပ်တလဲလဲ ဝေမျှခဲ့သူ၊ အစ်မ ရင်ဟေး၏ အကူအညီဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လေ့လာဖို့ သူ အင်တင်တင်ဖြင့် နောက်ဆုံးတွင် သဘောတူ ခဲ့သည်။ သို့သော် ကျွန်မယောက်ျားမှာ သူ့မိခင်၏ လွှမ်းမိုးမှုကိုခံခဲ့ရပြီး၊ သမ္မာ ကျမ်းစာနှင့်ပတ်သက်၍ အတော်အတန် ရှေးရိုးစွဲအမြင် ရှိလေသည်၊ ထို့ကြောင့် သူ၏ ဤပြဿနာကို ဖြေရှင်းဖို့ရန်အလို့ငှာ၊ သမ္မာကျမ်းစာနှင့် ပတ်သက်သော နက်နဲရာများ ထုတ်ဖော်ခြင်း ဆိုသည့် ဧဝံဂေလိရုပ်ရှင်ကို ကျွန်မယောက်ျားနှင့်အတူ ကြည့်ဖို့ ညီအစ်မအချို့ကို အကြံပြုခဲ့ကြသည်။ သို့သော်၊ ကျွန်မက သူ့ကို ပေးမကြည့်ခဲ့ပါ။ ယင်းအစား၊ ကျွန်မ ကိုယ်ပိုင်ဉာဏ်ဖြင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေး လောက၏ အန္တိခရစ် တို့က ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ကြ ပုံကို ဖော်ထုတ်သည့် ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ဆိုသည့် ရုပ်ရှင်ကို သူ့ကို ပေးကြည့်ခဲ့သည်။ ရုပ်ရှင်၏ တစ်စိတ်တစ်ပိုင်းကိုသာ ကြည့်ပြီးနောက်၊ သူက “တရုတ်ကွန်မြူနစ်ပါတီက ဘုရားမဲ့ အစိုးရ ဖြစ်ပြီး တရုတ် နိုင်ငံက ဘာသာရေး ယုံကြည်သူတွေကို အမြဲ ညှဉ်းပန်း နှိပ်စက်နေတဲ့ ဘုရားမဲ့နိုင်ငံတစ်နိုင်ငံပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က တရုတ်ကွန်ုမြူနစ်ပါတီရဲ့ နှိမ်နင်းတာကို ခံနေရတာ၊ ပြီးတော့ ငါတို့က ခြေထောက်ကို လုံးဝအလဲထိုးလို့မရတဲ့ လက်တစ်ခု သာသာပဲလေ။ ငါတို့ တရုတ်နိုင်ငံ ပြန်သွားပြီး အဖမ်းခံရရင် ဘာဖြစ်မ လဲ။ ဒါ့အပြင်၊ အွန်လိုင်းပေါ်မှာ အကြောင်းအရာမျိုးစုံ ကိုပြောထားတာ၊ ပြီးတော့ ဘယ်ဟာက အမှန်ဖြစ်ပြီး ဘယ်ဟာက အမှားဖြစ်တယ်ဆိုတာ ငါ မပြောနိုင်ဘူး။ ဒါကို မင်း မယုံကြည် သင့်ဘူးလို့ ငါ ထင်နေတုန်း ပဲ” ဟု ပြောလေသည်။ ရုပ်ရှင်ကို အပြီး ကြည့်ပြီးနောက်၊ ဆုံးဖြတ်ချက် ချရန် ကျွန်မ၏ ယောက်ျားကို ကျွန်မ တိုက်တွန်းခဲ့သော်လည်း သူ မလုပ်ခဲ့ပါ။ ကျွန်မ၏ ယုံကြည်ခြင်းကို မရမကထိန်းသိမ်းနေသည်ကို မြင်သည့်အခါ၊ တစ်ကြိမ်တွင် သူက ဒေါသတကြီးဖြင့် ကျွန်မဆီသို့ ပြေး လာကာ၊ “မင်း မရမက ယုံကြည်မယ် ဆိုလည်း ယုံလိုက်၊ အဖမ်းခံချင် တယ်ဆိုလည်း ခံလိုက်ကွာ။ ဒါပေမဲ့ မင်း တကယ်အဖမ်းခံရရင်၊ ငါက မင်းရဲ့ယောက်ျားလို့ မပြောနဲ့။ ခုချိန်မှာပဲ ငါ ဖိအားတွေအများကြီး အောက်မှာ ရှိနေတာ မင်း မသိဘူး လား။ ငါ မယုံကြည်ပြန်ရင်လည်း၊ ဒါက စစ်မှန်တဲ့ ဘုရားဖြစ်မှာ စိုးတယ်၊ ဒါပေမဲ့ ငါ ယုံကြည်ပြန် ရင်လည်း၊ အွန်လိုင်းပေါ်မှာ အဲဒီအကြောင်းအရာတွေကရှိသေးတဲ့အပြင်၊ ငါ အဖမ်းခံရမဲ့ အန္တရာယ်လည်း ရှိတယ်။ ဒီတော့ ဘယ်သူ့ကို ငါ တကယ် နားထောင်သင့်လဲ” ဟု ပြောခဲ့သည်။ ထိုအွန်လိုင်း ကောလာဟလများ၏ ဘောင်ခတ်ခံရခြင်းမှ ကျွန်မ ယောက်ျား ဒုက္ခခံ နေရခြင်းကို မြင်သည့်အခါ၊ တရုတ်ကွန်မြူနစ်ပါတီ လုပ်ကြံဖန်တီး ခဲ့သည့် ကောလာဟလ များနှင့် မမှန်သော သက်သေများက အမှန် တကယ် မည်မျှ အန္တရာယ်ရှိသည်ကို ကျွန်မ နားလည်ခဲ့သည်။ ၎င်းတို့က စစ်မှန်သော လမ်းခရီးကို လူတို့ လက်ခံခြင်းအား တားဆီးသည်သာမက၊ မိသားစု ဆက်ဆံရေးများ ကိုလည်း ဖျက်ဆီးလေသည်။ သိသိ သာသာပင်၊ ကောလာဟလများကို လုပ်ကြံဖန်တီးပြီး မမှန်သော သက်သေကို ပေးသည့် ဤလူများသည် စာတန် နတ်ဆိုး၏ သားသမီး တစ်အုပ် သက်သက် ဖြစ်ကြလေသည်။

တစ်နေ့တွင်၊ ကျွန်မ ယောက်ျား အလုပ်မှ အိမ်ပြန်လာပြီး ကျွန်မ ဝတ်ပြုအစည်းအဝေးတစ်ခုတွင် ရှိသည်ကို မြင်ခဲ့သည်။ သူက ချက်ချင်း မျက်နှာပျက်သွားပြီးနောက်၊ တံခါးကို ဆောင့်ဖွင့်ကာ ထွက်သွား လေသည်။ ညစာစားချိန် ရောက်လာပြီး ကုန်ဆုံးသွားသည်၊ သို့သော် သူ ပြန်လာသည်ကို ကျွန်မ မမြင်သေးပါ- ကျွန်မ စတင် စိတ်မပူပဲ မနေနိုင်ခဲ့ပါ။ နောက်ဆုံးတွင် ညရှစ်နာရီ၌ သူ ပြန်လာခဲ့သော်လည်း၊ သူ ဒေါသထွက်နေတုန်းပင် ဖြစ်သည်။ သူ့အတွက် အစားအစာ ပြင်ပေးဖို့ ကျွန်မ စီစဉ်ထားခဲ့ပြီးဖြစ်သော်လည်း၊ သူက ကျွန်မကို အေးတိ အေးစက်ဖြင့်၊ “ဒုက္ခမခံပါနဲ့။ မင်း ငါ့ကို နားမထောင်ဘဲ မင်းရဲ့ ယုံကြည် ခြင်းကို ဆက်ထိန်းထားမှတော့၊ ခုချိန်ကစပြီး ငါ့ ကိစ္စတွေနဲ့ ကင်းကင်း ရှင်းရှင်းနေ။ ခုကစပြီး ငါတို့ရဲ့ စားဝတ်နေရေး စရိတ်တွေအတွက် ငါပဲ တာဝန်ယူမယ်၊ ပြီးတော့ ဒီအိမ် အပြင်မှာ ငါ ဘာပဲလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး။ ဒီမိသားစုကို စိတ်ပျက် စေမဲ့ အရာတစ်ခုခု ငါ လုပ်ရင် တောင်၊ အဲဒါ မင်း အလုပ်မဟုတ် သေးဘူး” ဟု ဆိုလေသည်။ ဤအရာ ကို ကျွန်မ၏ ယောက်ျားထံမှ ကြားရသည့်အခါ၊ ယင်းကို ပိုတွေးလေလေ ကျွန်မ ပို၍ စိတ်ညစ် လေလေ ဖြစ်လာခဲ့သည်။ ထိုညတွင် ကျွန်မ အိပ်ရာထဲတွင် လူးလိမ့်နေပြီး၊ ဘုရားသခင်ကို ကျွန်မ စိတ်နှလုံးထဲ စဉ်ဆက်မပြတ် ဆုတောင်းရင်း အိပ်မပျော်ခဲ့ပါ- “အို ဘုရားသခင်။ ကျွန်မ ယောက်ျားက ကောလာဟလတွေရဲ့ လှည့်ဖြားတာ ခံခဲ့ရပြီး ကိုယ်တော့်ထဲ ကျွန်မရဲ့ ယုံကြည်ခြင်းကို နှိပ်ကွပ်ဖို့ ကြိုးစားနေသလို၊ အင်မတန် အကြင်နာမဲ့တဲ့အရာတွေကို သူ ပြောနေပါ တယ်။ ကျွန်မ ဘာလုပ်သင့်ပါသလဲ။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ။ ကိုယ်တော့်ဆီ ကနေ ကျွန်မ မခွဲခွာချင်ပါဘူး။” နောက်တစ်နေ့ နံနက် တွင်၊ ဝတ်ပြု အစည်းအဝေးတစ်ခု၌ ကျွန်မတို့ မိတ်သဟာယပြု ခဲ့ကြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို ကျွန်မ ရုတ်တရက် အမှတ်ရ မိခဲ့သည်။ “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အဆင့်တိုင်း၏ နောက်ကွယ်မှာ ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေး ခြင်းမှတဆင့် ကျွန်မ အတော်အတန် နိုးထခဲ့သည်။ ဤအချိန်အတော အတွင်းတွင် ကျွန်မယောက်ျားအပေါ် ကျွန်မ အမြဲစောင့်ကြည့် နေခဲ့ပြီး ယနေ့ လောကထဲတွင် အယောင်ဆောင်များနှင့် လိမ်လည်မှု များစွာ ရှိနေကာ၊ နေရာတိုင်းက အလိမ်အညာများနှင့် လှည့်ဖြားမှု၊ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ မီဒီယာထံမှ လာသော အလိမ်အညာများနှင့် မမှန်ကန်သော မှတ်ချက်များဖြင့်သာ ပြည့်နေသကဲ့သို့ ကျွန်မ ခံစားနေ ရသည်။ ယင်းကို ဦးနှောက် အနည်းငယ်ရှိသည့် မည်သူမဆိုက တစ်ခဏ တွေးကြည့်ပြီးနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို တိုက်ခိုက်နေသည့်၊ ဝေဖန်အကဲဖြတ်ပြီး ရှုတ်ချနေသည့် အွန်လိုင်းက ဤစကားများမှာ အလိမ်အညာများနှင့် အဓိပ္ပါယ်မဲ့သည့်အရာဖြစ်ကာ၊ ယင်းတို့ဖြင့် သူတို့ အလှည့်ဖြား မခံသင့်သလို စိတ်အရှုပ်ထွေးမခံ သင့်သည်ကို နားလည်နိုင်ပေသည်။ သို့သော် ကံအကြောင်းမလှစွာပင်၊ ကျွန်မ ယောက်ျားက အွန်လိုင်းပေါ် သူ ကြားခဲ့သည့် ကောလာဟလများကို ယုံကြည်ခဲ့ပြီး၊ သူ မယုံကြည်သင့်ဟု ကျွန်မ တကယ်ကို ခံစားခဲ့ရသည်။ ထိုအချိန်တွင် ဖြစ်ရသည့် အကြောင်းအရင်း အတွက် ကျွန်မ၏ အနီးအနားကို မကြည့်နိုင် တော့ပါ။ ယင်းမှာ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေခြင်း၊ သူ့အပေါ် ကျွန်မ၏ ယုံကြည်ခြင်းက မှန်ကန်ခြင်း ရှိ၊မရှိကို စစ်ဆေးဖို့ရန်၊ စာတန်အားဖြင့် တိုက်ခိုက်ခံနေရစဉ်တွင် မှန်သောလမ်းခရီးကို ကျွန်မ ခိုင်ခိုင်မာမာ စွဲကိုင်နိုင်ခြင်း ရှိ၊မရှိဆိုသည်နှင့် ဤစမ်းသပ်မှု အလယ်တွင် ရှိစဉ် ဘုရားသခင်ကို ကျွန်မ သက်သေခံနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို မြင်ရဖို့ရန် စစ်ဆေးဖို့ ဤအရာကို အသုံး ပြုနေခြင်း ဖြစ်လေသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်နှင့်အမျှ၊ ကျွန်မ၏ စိတ်နှလုံးနှင့် စိတ်ကို ဖုံးလွှမ်းထားသည့် ဇဝေဇဝါဖြစ်ခြင်းက လွင့်ပြယ်သွားခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးက အတော်လေး အားတက်လာခဲ့သည်။

နောက်တစ်နေ့ အစာပြေနံနက်စာကို ကျွန်မ စားနေစဉ်တွင်၊ ကျွန်မ၏ယောက်ျားက သုန်မှုန်နေတုန်းဖြစ်ပြီး ကျွန်မကို စကားမပြော ပါ၊ သို့သော် ကျွန်မက ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှု ရှိသည့် အတွက်၊ မနေ့ကလောက် ကျွန်မ မစိုးရိမ်မိသကဲ့သို့ကြောက်လည်း မကြောက်လန့်မိပါ။ ကျွန်မက သူ့ကို တည်ငြိမ်စွာဖြင့်၊ “ဘုရားသခင်ကို ကျွန်မ ယုံကြည်တာဖြစ်ပြီး ဒီမိသားစု စိတ်ပျက်စေတဲ့ အရာတစ်ခု တစ်လေကိုမှ ကျွန်မ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ရှင် အဲဒီလို လုပ်ချင်တယ်ဆိုရင်လည်း၊ အဲဒါဟာ ရှင်ကသာ အကျင့်ပျက်ချင် နေလို့ ဖြစ်ပြီး၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် မဟုတ်ဘူး” ဟု ပြောလိုက်သည်။ ဤအရာ ကျွန်မ ပြောသည်ကို ကြားသည့်အခါ၊ ကျွန်မ ယောက်ျားက ပိုညင်သာသည့် လေသံဖြင့်၊ “အဲဒီစကားတွေက မင်း ငါ့စကားကို နားမထောင်လို့၊ ပြီးတော့ မင်းရဲ့ ယုံကြည်ခြင်းကို မရမက ထိန်းသိမ်းနေတာကြောင့်ပဲ ငါပြောခဲ့ရတာ မဟုတ်ဘူးလား” ဟု ပြောလေသည်။ ထို့နောက်တွင် အခြားမည်သည့်အရာကိုမျှ သူ မပြော တော့သလို မုန်တိုင်းက ရပ်စဲသွားလေသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း ပါသည်။ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း များအပေါ် အောင်နိုင်ဖို့ ကျွန်မကို ခွန်အားပေးခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။

သို့သော် ကောင်းမွန်သည့်အရာတစ်ခုက အမြဲမတည်တံ့ပါ။ တစ်လကြာ ပြီးနောက်၊ ကျွန်မ၏ ယောက်ျားက တစ်ဖန် အွန်လိုင်းတက် ပြန်ပြီး ထိုကောလာဟလများကို ဖတ်ရှုနေလေသည်။ တစ်နေ့တွင် အလုပ်မှ သူ အိမ်ပြန်လာသည့်အချိန်တွင်၊ ကျွန်မ ကွန်ပြူတာရှေ့ ထိုင်နေသည်ကို သူ တွေ့ခဲ့ပြီး၊ ကျွန်မကို စတင် အော်ပြောလေသည်- “မင်းတော့ ရူးသွားပြီ ထင်တယ်။ ငါ အဲဒါကို အချိန်ယူစဉ်းစားပြီးပြီ။ မင်းရဲ့ ယုံကြည်မှုကို တစ်ခါတည်း စွန့်လွှတ်ရင် စွန့်လွှတ်၊ မဟုတ်ရင် ငါတို့ ကွာရှင်းဖို့ လိုတယ်။ ငါတို့ ကလေး နှစ်ယောက် ကိစ္စကိုလည်း ငါ စဉ်းစားထားပြီးပြီ။ သူတို့ နှစ်ယောက်လုံး ကို မင်း ခေါ်နိုင်တယ်၊ ဒါပေမဲ့ ဂျပန်မှာ မင်း မနေနိုင်ဘူးလို့ ထင်တာပဲ၊ ဒါကြောင့် ငါတို့ရဲ့ ကလေးတွေကို ရှန်ဟိုင်းကို ပြန်ခေါ်သွားလိုက်။ ရှန်ဟိုင်းက ငါတို့ရဲ့ တိုက်ခန်းကို မင်းကို ငါ ပေးမယ်၊ ပြီးတော့ လတိုင်း ကလေး ထောက်ပံ့ကြေးအနေနဲ့ ရမ် ၁၀၀၀၀၀ ပေးမယ်။ ကလေးတွေကို မင်း မလိုချင်ဘူးဆိုရင်လည်း၊ နင်ရွေးချယ်တဲ့ဟာက ဘာပဲဖြစ်ဖြစ် အဆင်ပြေတာပါပဲ။ ကွာရှင်းမှု လုပ်ထုံးလုပ်နည်းတွေကို ငါ လေ့လာ ပြီးပြီ။ ငါတို့ လုပ်ဖို့လိုသမျှက ရပ်ကွက်ရုံးကို သွားပြီး၊ ကွာရှင်း စာချုပ်တစ်ခုမှာ နှစ်ယောက်လုံး လက်မှတ်ထိုးဖို့ပဲ၊ ဒီတော့ မင်း ဘာကို ရွေးလဲဆိုတာသာ ငါ့ကို ပြော။” ထိုအရာအားလုံး သူ ပြောသည်ကို ကျွန်မ ကြားပြီးနောက်၊ ကျွန်မ၏ ရင်တစ်ဒိန်းဒိန်းခုန်သွားခဲ့ပြီး၊ ကျွန်မ၏ ခေါင်းက တစ်ဝီဝီမြည်နေသည်။ မည်သည့်အရာကိုမျှ မပြောနိုင်ဘဲ ထိုနေရာတွင်သာ ကျွန်မ ထိုင်နေမိခဲ့ပြီး၊ ဘုရားသခင်ထံ ဆုတောင်းဖို့ကိုပင် မေ့လျော့ခဲ့သည်။ ကျွန်မတို့ ကွာရှင်းကြလျှင်၊ ကလေးများ မည်သို့ဖြစ်မည်နည်းဟုသာ ကျွန်မ တွေးနိုင်သည်။ သူတို့ ကျွန်မနှင့်အတူ လိုက်နိုင်သော်လည်း၊ ကျွန်မမှာ ငွေရလမ်း မရှိပါ။ သူတို့ ကျွန်မနှင့်အတူ မလိုက်လျှင်၊ မိခင်မရှိပါက အင်မတန် သနားစရာ ဖြစ်ကြလိမ့်မည်။ ထို့နောက် ကျွန်မ၏ မိဘများ၊ မိတ်ဆွေများနှင့် အခြားဆွေမျိုးများ ရှိသေးသည်၊ သူတို့ ကျွန်မကို မည်သို့ ထင်ကြလိမ့်မည်နည်း။ နိုင်ငံခြားတွင် ရောက်ခြင်းက အစတုန်းက သိပ်ကောင်းသည့်အရာ ဖြစ်သော်လည်း၊ ကျွန်မတို့ ကွာရှင်းကြလျှင် အခြားသူများရှေ့ ကျွန်မ၏ မိဘများက မည်သို့ ခေါင်းဖော်နိုင် ကြမည်နည်း...။ ထို့ကြောင့်၊ ကျွန်မယောက်ျားကို ကျွန်မ အဖြေမပေး ခဲ့ပါ။ ထိုအကြောင်းကို ကျွန်မ စဉ်းစားရမည်ဟု သူ့ကို ပြောရုံသာ ပြောခဲ့သည်။ ကျွန်မ၏ အခန်းသို့ သွားပြီး ခါးခါးသီးသီး စတင်ငိုကြွေး မိခဲ့သည်။ ကွာရှင်းပြီးနောက် ကျွန်မ၏ ဘဝကို ကျွန်မ ပိုတွေးမိလေ နာကျင်မှုကို ပိုခံစား ရလေဖြစ်သည်။ ထိုညက ကျွန်မ လုံးဝ မအိပ်ခဲ့ဘဲ၊ ကျွန်မ၏ ခေါင်းအုပ်စွပ်က မျက်ရည်များဖြင့် ရွှဲရွှဲစိုသွားခဲ့သည်။ နောက်တစ်နေ့တွင်၊ စကား တစ်ခွန်းမျှမပြောဘဲ ကျွန်မယောက်ျားက အလုပ်အတွက် ထွက်သွားခဲ့ပြီး၊ ထို့နောက်တွင်မှ ကျွန်မ ခန္ဓာ၏ အားနည်းမှုအပေါ် အနိုင်ယူနိုင်ဖို့ရန်အလို့ငှာ ကျွန်မကို ပိုမိုခွန်အားပေးဖို့ သူ့ကို တောင်းလျှောက်ရင်း ကျွန်မ ဘုရားသခင်၏ ရှေ့မှောက် သို့လာနိုင်ခဲ့သည်။ ဆင်းရဲဒုက္ခခံစားရခြင်း၌ နွံနစ်ပြီး မည်သည့်အရာ လုပ်ဆောင်ရမှန်း မသိဖြစ်လျက် အသက်ရှင်နေခဲ့သည်နှင့်အမျှ၊ ဖြစ်ပျက်ခဲ့ သည့်အရာအကြောင်းကို ညီအစ်ကို မောင်နှမအချို့အား ကျွန်မ ပြောပြခဲ့သည်။ သူတို့အားလုံးက ကျွန်မ ကြုံနေရသည်မှာ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများထဲမှ တစ်ခုဖြစ်ကြောင်း ပြောဆို ရင်း ကျွန်မကို အားပေးကာ နှစ်သိမ့်ကြပြီး၊ ဘုရားသခင်အပေါ် မှီခိုရန် နည်းလမ်းကို သင်ယူဖို့ ကူညီပေးခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းကို ဆုံးရှုံး၍ မဖြစ်သလို၊ ဘုရားသခင်ကို ကျွန်မ နားလည်မှုလွဲ၍လည်း မဖြစ်သည်ကို သူတို့ ပြောခဲ့ကြသည်။ အခြား ညီအစ်ကို မောင်နှမများ၏ အတွေ့အကြုံများနှင့် သက်သေခံချက် တို့ကိုလည်း သူတို့က ကျွန်မနှင့် အတူ ဝေမျှခဲ့ပြီး၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်သည့် တစ်ပါးတည်းသောအရှင် မည်သို့ဖြစ်ကြောင်း၊ စာတန်တစ်ဦးတည်း ကသာ ကျွန်မတို့ကို နှိပ်စက်ကြောင်း၊ ဆင်းရဲဒုက္ခခံစေပြီး အခြားလူများ နှင့် ကျွန်မတို့၏ ဆက်ဆံရေးများ ဖျက်ဆီးသည့် အကြောင်းတို့ကို မိတ်သဟာယပြုခဲ့ ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ စာတစ်ပိုဒ်ကိုလည်း ကျွန်မအဖို့ သူတို့ ဖတ်ခဲ့ကြသည်- “လူတို့သည် ကယ်တင်ခြင်းကို မခံရသေးချိန်တွင်၊ ၎င်းတို့၏ အသက်တာများသည် စာတန်၏ ဝင်ရောက် နှောင့်ယှက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် မကြာခဏ ခံရလေသည်။ တစ်နည်းအားဖြင့်၊ ကယ်တင်ခြင်း မခံရသေးသော လူများသည် စာတန်အဖို့ အကျဉ်းသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် လွတ်လပ်မှု မရှိပေ၊ ၎င်းတို့သည် စာတန်၏ စွန့်လွှတ်ခြင်းကို မခံရကြသေးပေ၊ ၎င်းတို့သည် ဘုရားသခင်အား ကိုးကွယ်ရန် အရည်အချင်း မပြည့်မီကြပေ သို့မဟုတ် အခွင့်မရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် စာတန်၏ နီးကပ်စွာ လိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ တိုက်ခိုက်ခြင်းကို ခံရသည်။ ထိုသို့သော လူများသည် ပြောစရာ ပျော်ရွှင်မှု မရှိကြချေ၊ ၎င်းတို့သည် ပုံမှန် တည်ရှိခြင်းအဖို့ ပြောစရာ လုပ်ပိုင်ခွင့်မရှိကြသည့်အပြင်၊ ၎င်းတို့သည် ပြောစရာ ဂုဏ်သိက္ခာ မရှိကြပေ။ သင်သည် ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအား စာတန်နှင့် သေရေး ရှင်ရေး တိုက်ပွဲကို တိုက်ရန် လက်နက်များအဖြစ် အသုံးပြုရင်း၊ ၎င်းသည် သင့်အပေါ် တိုက်ခိုက်မှုများနှင့် စွပ်စွဲချက်များကို လုံးလုံးလျားလျား စွန့်ပစ်ဖို့အလို့ငှာ၊ ထရပ်ကာ စာတန်နှင့် တိုက်မှသာ ထိုသို့ဖြင့် သင်သည် စာတန်ကို လုံးလုံးလျားလျား ရှုံးနိမ့်စေပြီး ၎င်းသည် သင့်ကို မြင်သည့်အချိန်တိုင်း လှည့်၍ ပြေးစေကာ သူရဲဘောကြောင်လာစေပေသည်- ထိုအခါမှသာ သင်သည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး လွတ်မြောက်လာလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို လက်တွေ့မလုပ်ဆောင်သည့် အချိန်တိုင်း၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်မ လုံးဝ အသက်ရှင်နေခြင်းဖြစ်ကြောင်း၊ ကျွန်မက စာတန်၏ ကျေးကျွန်နှင့် ကစားစရာတစ်ခုဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နားလည်စေခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းကို ရရှိပြီးနောက်တွင်၊ စာတန်၏ စခန်းမှ ကျွန်မ ထွက်လာခဲ့ပြီး ဘုရားသခင်၏ မျက်မှောက်တော်ရှေ့ ပြန်လာခဲ့သည်။ စာတန်ကို ကျွန်မ စွန့်ပစ်ခဲ့သောကြောင့်၊ သူက အရှုံးပေးဖို့ မလိုလားခဲ့ပါ၊ ထို့ကြောင့် စာတန်က ကျွန်မ၏ အားနည်းသည့်အချက်များကို တိုက်ခိုက်ဖို့ ကျွန်မ၏ ယောက်ျားကို အသုံးပြုခဲ့လေသည်။ ဘုရားသခင် ကို ကျွန်မ သစ္စာဖောက်ပြီး သူ၏ အုပ်စိုးမှုဆီ ပြန်သွားစေဖို့ရန် သူက ကျွန်မကို အတင်းခိုင်းဖို့ ကွာရှင်းခြင်းကို အသုံးပြုခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို စာတန်၏ လိမ်လည်လှည့်စားမှု ဖြစ်လေသည်။ ကွာရှင်းပြီးနောက် ကလေးများနှင့် မည်သို့လုပ်ရမည့်အကြောင်း၊ ကျွန်မ၏ ဇာတိမြို့မှ လူများက ကျွန်မကို မည်သို့ မြင်ကြမည်၊ ပြီးလျှင် ကျွန်မ၏ မိဘများက သူတို့၏ အိမ်နီးချင်းများရှေ့တွင် မည်သို့ ခေါင်းဖော်နိုင်ကြမည်တို့ကို ကျွန်မ စိုးရိမ်ခဲ့သည်။ ဤအတွေးများ အားလုံး စာတန်၏ နှောင့်ယှက်မှုများမှ လာကြပြီး၊ ဤအတွေးများ၏ ထိန်းချုပ်မှုကို ကျွန်မ ခံရလျှင်၊ ကျွန်မသည် စာတန်၏ ထိန်းချုပ်မှုကို ခံရလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ထံမှ မိမိကိုယ်ကိုယ် ဝေးကွာစေလိမ့်မည် သို့မဟုတ် သူ့ကို ငြင်းပင်ငြင်းပယ်မိလိမ့်မည်ဖြစ်ပြီး၊ စာတန်၏ စခန်းဆီ နောက်တစ်ဖန် ပြန်သွားရလိမ့်မည် ဖြစ်သည်။ ဖန်ဆင်းရှင်ကို ကျွန်မ၏ ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းတို့ သည် လုံးဝ အပြုသဘောဆောင်သော အရာများဖြစ်သည်၊ ယင်းသည် ကောင်းကင်ဘုံ၏ ပညတ်ချက်ဖြစ်ပြီး ကမ္ဘာမြေကြီး၏ အခြေခံ သဘောတရား ဖြစ်ကာ၊ ယင်းကို မည်သည့်လူကမျှ ဝင်ရောက် စွက်ဖက် ပိုင်ခွင့်မရှိပါ၊ သို့တိုင် စာတန်က ကျွန်မကို ထိန်းချုပ်ဖို့၊ ဘုရားသခင်ကို သစ္စာဖောက်ခြင်းအဖြစ်သို့ ကျွန်မကို တွန်းပို့ဖို့ အရာရာကြိုးစား လေသည်။ စာတန်သည် အမှန်တကယ် အလွန် စက်ဆုပ်ဖွယ်ရာဖြစ်ပြီး၊ အလွန် မုန်းတီးဖွယ်ဖြစ်သည်။ ထိုအခိုက်အတန့်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို မိမိဘာသာ ရင်ဆိုင်ဖို့ ယုံကြည်ခြင်း မရှိခဲ့သည်ကို ကျွန်မ သိခဲ့ရသည်၊ သို့သော် ကျွန်မ၏ ရှေ့တွင်ရှိသည့် လမ်းကြောင်းကို လျှောက်လှမ်းဖို့ ဘုရားသခင်အပေါ် မှီခိုပြီး ဘုရားနှုတ်ကပတ်တော်၏ လမ်းပြမှုအပေါ် အားကိုးဖို့ ကျွန်မ လိုလား နေခဲ့ပြီး၊ ဘုရားသခင်၏ ဘက်တွင် ရပ်တည်ကာ၊ ဘုရားသခင်ကို သက်သေခံဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။ စာတန်ကို ကျွန်မ အလျှော့ပေးဖို့ အကြောင်း လုံးဝမရှိပါ။ ဤအရာ ကျွန်မထံ ဖြစ်ပေါ်သည့်အချိန်တွင်၊ ကျွန်မ၏ ဂနာမငြိမ်ဖြစ်သော စိတ်နှလုံးက နောက်ဆုံးတွင် သေချာသည့် ခြေကုပ်စရာ အနည်းငယ်ကို ရှာတွေ့ခဲ့ပြီး ကျွန်မ၏ ဆင်းရဲဒုက္ခက လျော့သွားခဲ့သည်။

နောက်ပိုင်းတွင်၊ ညီအစ်ကို မောင်နှမတစ်ချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မနှင့်အတူ ထပ်မျှဝေခဲ့ကြသည်- “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက်၊ သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် သူ၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ သူ၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ သူ၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံခြင်းနှင့် ဘုရားသခင်နှင့် ဆန့်ကျင်သည့်အချက်ကို ပံ့ပိုးခြင်းဟူသည့် သူ၏တာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ သူသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားသခင်၏ သြဇာအာဏာက အထွတ်အထိပ်ဖြစ်ကြောင်း၊ ဘုရားသခင်က ကောင်းကင်၊ မြေကြီး နှင့် အရာခပ်သိမ်းတို့ကို ထိန်းချုပ်ကြောင်းနှင့် ကျွန်မတို့ ပိုင်ဆိုင်သမျှ တိုင်းက သူ၏ လက်တော်ထဲတွင် ရှိကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်မ နားလည်လာခဲ့သည်။ ကျွန်မ၏ ကွာရှင်း ပြတ်စဲခြင်းနှင့် ကျွန်မ၏ မိသားစုတို့သည်လည်း ဘုရားသခင်၏ လက်တော်ထဲတွင် ရှိပြီး ဘုရားသခင်၏ ခွင့်ပြုချက် မရှိဘဲ စာတန် လုပ်ဆောင်နိုင်သည့်အရာ မရှိပါ။ ကျွန်မ ကွာရှင်းသည်၊ မကွာရှင်း သည်က ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင် ပြဌာန်းခြင်း အောက်တွင် အားလုံးရှိသည်- အဆုံးအဖြတ်ပေးပိုင်သူမှာ ကျွန်မ၏ ယောက်ျား မဟုတ်ပါ၊ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပြင်ဆင်မှုတို့ကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားနေခဲ့သည်။ ကွာရှင်းပြတ်စဲကြသည့် မယုံကြည်သူများအကြောင်း ကျွန်မ တွေးမိခဲ့ သည်။ အချို့က ငွေအတွက် လုပ်ဆောင်ကြသည်၊ အချို့က သူတို့၏ အိမ်ထောင်ဖက်များက အိမ်ထောင်ရေး ဖောက်ပြန်သောကြောင့် လုပ်ဆောင်ကြပြီး၊ ၎င်းတို့၏ ဆက်ဆံရေးများ ပြိုကွဲသောကြောင့်သာ လုပ်ဆောင်ကြ လေသည်...။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ဘဝ၏ မှန်သော လမ်းကြောင်းကို လျှောက်ဖို့၊ သမ္မာတရားကို လိုက်စား ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ဖို့ ရွေးချယ်ခဲ့ သောကြောင့် ကျွန်မ၏ ယောက်ျားက ကျွန်မကို ကွာရှင်းချင်ခဲ့လေသည်။ ဤသည်မှာ ဂုဏ်ယူစရာဖြစ်ပြီး၊ ရှက်စရာ မဟုတ်ပါ။ ထို့နောက်တွင်ပင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များ ကျွန်မစိတ်ထဲ ပေါ်လာခဲ့သည်- “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်သည် ၎င်း၏ အတွေးအခေါ်များကို ငါတို့ထံ ပို့ရန် ဖြစ်နိုင်သမျှသောနည်းလမ်းတိုင်းကို ကြိုးစားနေ၏။ ငါတို့ကို သူ၏အလင်းဖြင့် အလင်းပေးဖို့ အချိန်တိုင်း ဘုရားသခင်ထံ ငါတို့ ဆုတောင်းသင့်သည်၊ ငါတို့အတွင်းမှ စာတန်၏ အဆိပ်အတောက်ကို သန့်စင်စေရန် ဘုရားသခင်အပေါ် အချိန်တိုင်း ငါတို့ မှီခိုသင့်သည်၊ ဘုရားသခင်နှင့် မည်သို့နီးကပ်လာရမည်ဆိုသည်ကို ငါတို့၏ စိတ်ဝိညာဉ်အတွင်း၌ အချိန်တိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးအပေါ် ဘုရားသခင်ကို အုပ်စိုးခွင့်ပေးသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက နောက်တစ်ဖန် ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အား၊ လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခုအပြင်၊ ကျွန်မယောက်ျား ကို ရင်ဆိုင်ဖို့ သတ္တိကိုပါ ပေးခဲ့သည်။ မှန်ပါသည်- ကျွန်မ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဂရုမစိုက်ဘဲ စွန့်စားလုပ်ဆောင်ဖို့သာ ဖြစ်ခဲ့ သည်။ ကျွန်မ၏ အနာဂတ် လမ်းကြောင်းတွင် မည်သည့်အရာ ရှိပါစေ၊ ယုံကြည်ခြင်းလမ်းကြောင်း ကို လျှောက်လှမ်းခြင်းက မှားနိုင် စရာမရှိပါ။

ထိုညနေတွင် ကျွန်မယောက်ျား အိမ်ပြန်လာပြီးနောက်၊ ကျွန်မ သူ့ကို ရိုးရိုးရှင်းရှင်း ပြောခဲ့သည်- “ရှင်က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်စေချင်ပေမဲ့၊ အဲဒါဟာကျွန်မအတွက် မဖြစ်နိုင်ဘူး။ ရှင် ကွာရှင်းချင်တယ်ဆိုရင်လည်း ရှင်ဖြစ်ချင်သလို ကျွန်မတို့ လုပ်ကြမယ်လေ။” ဤအရာကို ကြားပြီးနောက် ကျွန်မ ယောက်ျားက အနည်းငယ် ကြက်သေသေသွားခဲ့ပြီး၊ အခြား ရွေးချယ် စရာ မကျန်တော့ဘဲ၊ သူက “သိသိသာသာကိုပဲ မင်းကို ငါ နောက်ထပ် ထိန်းချုပ်လို့မရတော့ဘူးပဲ။ အွန်လိုင်းမှာ အကြောင်း အရာ မျိုးစုံရှိတယ်- မင်းကို ငါ မထိန်းချုပ်ရင်၊ တစ်နေ့နေ့မှာ မင်း တစ်ခုခု ဖြစ်ခဲ့ရင်၊ ငါ တာဝန်ယူရမှာလေ။ မင်းကို ခြိမ်းခြောက်ဖို့ ဒီကွာရှင်းတာကို နည်းလမ်း တစ်ခုအနေနဲ့ပဲ ငါ သုံးနေတာပါ၊ ဒါပေမဲ့ မင်းက ဘုရားသခင်အပေါ် မင်းရဲ့ ယုံကြည်မှုကို မစွန့်လွှတ်သေးဘူး။ မင်းရဲ့ ယုံကြည်မှုကြောင့် မင်း တစ်ခုခုဖြစ်ခဲ့ရင်၊ မင်း အမေသိမှာပဲ၊ ဒါကြောင့် ငါ့ကို အပြစ်မတင်နဲ့” ဟု ပြောလေသည်။ ထိုအချိန်မှစ၍၊ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်း နှင့်ပတ်သက်၍ သူ စိတ်မဝင်စားတော့ပါ။ ကျွန်မတို့၏ ဆက်ဆံရေးက အံ့သြဖွယ်ရာ ပြန်ကောင်း လာခဲ့ပြီး၊ ကွာရှင်းခြင်းအကြောင်း သူ မပြောတော့ပါ။ ဤသည်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ ကောလာဟလ များဖြင့် ဖြစ်ခဲ့သော ကွာရှင်း ပြတ်စဲခြင်း မုန်တိုင်း ချုပ်ငြိမ်းခဲ့ပုံ ဖြစ်သည်။

နောက်ပိုင်းတွင် တစ်ကြိမ် ကျွန်မ၏ သမီးငယ်နှင့် ကျွန်မတို့ နှစ်ဦးလုံး အအေးမိခဲ့ကြသည်။ ထိုအချိန်တွင် မိုးဖွဲဖွဲလေးသာ ရွာနေခဲ့ သော်လည်း၊ ကျွန်မ၏ သမီးကြီးက လေ့ကျင့််ဖို့ သွားရန် လိုအပ်ခဲ့သည်၊ ထို့ကြောင့် ကျွန်မ၏ သမီးငယ်နှင့်အတူ ခြေကုန်လက်ပန်းကျနေခဲ့သော ကျွန်မ၏ ခန္ဓာကိုယ်ကို ဒရွတ်တိုက် ဆွဲရင်း၊ ကျွန်မ၏ သမီးကြီးကို ခေါ်သွားဖို့မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပါ။ ဤအရာကို ကျွန်မ ယောက်ျား က သိသွားသည့်နောက်၊ သူက “ဒီနေ့ မင်း အရမ်းလုပ်လုပ်ခဲ့တယ်။ လုရှီ၊ ခုတလော မင်းထဲက ပြောင်းလဲမှုကို ငါ သတိထားမိတယ်။ ကလေးတွေကို မင်း ပိုပြီး ချစ်တတ်လာပြီး တကယ်ကို ဝီရိယရှိတာပဲ။” ဟု ပြောလေသည်။ ကျွန်မယောက်ျားထံမှ ဤစကားများ ကြားရ သည့်အခါ၊ ကျွန်မကို ပြောင်းလဲခဲ့သည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ကို ကျွန်မ သိခဲ့သော ကြောင့် ကျွန်မ၏ စိတ်နှလုံးထဲမှ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင် မိခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များက ကျွန်မ၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်၊ ကျွန်မဘဝတွင် ဦးတည်ချက် ရှိလေသည်၊ မှန်ကန်သော လူသား သဘာဝက မည်သည့်အရာ ဖြစ်ကြောင်း နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်ကြောင်း တို့ကို ကျွန်မ သိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းဖြင့်သာ မှန်ကန်သော လူသားသဘာဝကို သင် အသက်ရှင်နေထိုင်နိုင်သည်။ အကျိုးဆက်အနေဖြင့်၊ ကျွန်မ၏ ကလေးများနှင့်ပတ်သက်၍ ကြုံရင် ကြုံသလို ကျွန်မ၏ ဒေါသကို မထွက်စေတော့ပါ၊ ပြီးလျှင် ပျော်မွေ့မှု အတွက်သာ ဘဝကို ကျွန်မ အသက်မရှင်တော့ပါ။ တဖြည်းဖြည်းနှင့်၊ ကျွန်မ၏ ယောက်ျားလည်း ပြောင်းလဲခဲ့ပြီး ဖြစ်သည်ကို ကျွန်မ တွေ့ရှိရသည်။ ယခင်က အမြဲတမ်း မှန်သောသူမှာ သူသာဖြစ်သည်ဟု သူအမြဲ ခံစားခဲ့သော်လည်း၊ ယခုတွင်မူ တစ်ချို့အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ၊ ကျွန်မ၏ အကြံဉာဏ်ကို သူ တောင်းခံလေသည်။ သူ၏ မိတ်ဆွေများထံ ဘုရားသခင်၏ သြဇာအာဏာ၊ အချုပ်အခြာ အာဏာတို့နှင့် ဆိုင်သည့် သက်သေကိုပင် သူ ခံပြီးဖြစ်သည်။ ဤအရာများကို မြင်ရလျက်၊ ကျွန်မ၏ စိတ်နှလုံးက ကျေးဇူးတင်ရှိ ခြင်းဖြင့် ပြည့်လေသည်။ အို ဘုရားသခင်၊ ကိုယ်တော်သည် အမှန် တကယ် အနန္တတန်ခိုးရှင်ဖြစ်ပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော် များက ကျွန်မတို့၏ အသက် အင်အားဖြစ်ပြီး စာတန်၏ အင်အားစုက မည်မျှ ကြမ်းကြုတ်ပါစေ၊ သို့မဟုတ် မည်မျှ ပြင်းထန်ပါစေ၊ ကျွန်မတို့ကို လမ်းပြဖို့ ကိုယ်တော်၏ နှုတ်ကပတ်တော်များ ရှိသရွေ့၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများ အားလုံးအပေါ် အောင်နိုင်ပြီး၊ ကိုယ်တော်၏ စောင့်ရှောက်မှုနှင့် အုပ်ထိန်းမှုအောက်တွင် ကျွန်မတို့ အသက်ရှင်နိုင်မည် ဖြစ်သည်။

ဤအရာအားလုံးကို ကျွန်မအတွက် စီစဉ်ပေးခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံဖို့နှင့် သမ္မာတရားများစွာကို နားလည် ရန် ကျွန်မကို အခွင့်ပေးခြင်းအတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ ဤအခြေအနေမျိုးများကို တွေ့ကြုံခြင်းမှတဆင့် စာတန်သည် အမှန်တကယ် စက်ဆုပ်ဖွယ်ရာ ဖြစ်ကြောင်း၊ လူတို့က ဘုရားသခင်ကို စွန့်ခွာဖို့နှင့် သူ ဝါးမျိုဖို့ သူ၏ သားကောင်များ ဖြစ်လာစေဖို့ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို သူ အကြံထုတ်ကြောင်း တို့ကို ကျွန်မ တွေ့မြင်ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင်၊ အရာခပ်သိမ်း ကို ဘုရားသခင် ထိန်းချုပ်ကြောင်းနှင့် အရာရာကို စီစဉ်ကြောင်း ကိုလည်း ကျွန်မ မြင်ပြီးပါပြီ။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ၊ စာတန် မည်မျှသာ၍ ဗျာများနေပါစေ ကိစ္စမရှိပါ။ သူ ဘာကိုမျှ ပြုနိုင်မည်မဟုတ်၊ မည်သည့်အရာကိုမျှ သူ အောင်မြင် ပြီးမြောက်နိုင်မည် မဟုတ်ပါ- ကျွန်မတို့၏ ခေါင်းပေါ်မှ ဆံတစ်ပင်ကိုပင် သူ ထိနိုင်မည်မဟုတ်ပါ။ ကျွန်မတို့ ယုံကြည်ခြင်း ရှိပြီး အသက်ရှင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီခိုသရွေ့၊ စာတန်၏ အမှောင်စွမ်းအားကို ကျွန်မတို့ အောင်မြင်ကျော်လွှားနိုင် လိမ့်မည်၊ ဘုရားသခင်အတွက် သက်သေ ရပ်တည်နိုင် လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ထံ ဘုန်းအသရေ ဆောင်ကြဉ်း နိုင်ကြလိမ့်မည်ဖြစ်သည်။ အွန်လိုင်းပေါ်က ကောလာဟလများနှင့် မမှန်သော သက်သေခံချက် များက မခိုင်လုံကြောင်းကို ထိုအမှန်တရား များကလည်း သက်သေပြ လေသည်။ အမှန်တရားများနှင့် အချိန်က အရာရာကို သက်သေပြသွား လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားမဲ့ဝါဒ”၊ “ဒါဝင်၏ ဆင့်ကဲ ဖြစ်ပွားခြင်း သီအိုရီ” နှင့် “ကွန်မြူနစ်ဝါဒ” တို့ကဲ့သို့ပင်၊ ဤကောလာဟလများက အစဉ်အမြဲ အရှက်ရခြင်းဖြင့် သမိုင်းတွင်ရစ်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် တရုတ် ကွန်မြူနစ် ပါတီအတွက် အစဉ်အမြဲ အရှက်ရခြင်း အမှတ် လက္ခဏာ တစ်ခု ဖြစ်လာလိမ့်မည်။ ဘုရားသခင်၏ သိုးများက ဘုရားသခင်၏ အသံတော်ကို ကြားကြလိမ့်မည်၊ စာတန်၏ တားဆီးပိတ်ပင်မှု မည်မျှ ကြီးမားပါစေ၊ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ချစ်မြတ်နိုးသူအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက် လာကြရင်းနှင့် ဘုရားသခင်၏ ရယူခြင်းကို ခံရလျက်၊ ကောလာဟလများ၏ လှည့်ဖြားမှုနှင့် ချည်နှောင်မှုတို့ကို ဖယ်ရှားနိုင် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင် အောင်မြင်ပြီးမြောက်ချင်သည့် အရာတစ်ခု ဖြစ်သော ကြောင့်ပင်တည်း- စာတန်၏ မည်သည့် အင်အားစုကမျှ မတားဆီး နိုင်ပါ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်၏ သင်းအုပ်ဆရာ၏ စရိုက်မှန်ကို ကျွန်ုပ် မြင်ရပြီ

နိုရာ ဖိလစ်ပိုင်နိုင်ငံ ကျွန်တော် ခရစ်ယာန် ဖြစ်စတုန်းက သင်းအုပ် ချင်နဲ့ သူ့မိန်းမက ကျွန်တော့်ကို အရမ်းအထင်ကြီးခဲ့တာ မှတ်မိသေးတယ်။...

ကျွန်ုပ် မိသားစု၏ လှောင်အိမ်မှ လွတ်မြောက်ခြင်း

လင်းရှီ တရုတ်နိုင်ငံ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၀ ၅ခုနှစ်မှာ လက်ခံခဲ့တယ်။ အဲဒီအတောအတွင်းမှာ၊...

ကျွန်မအဖေ၏ ဝင်ရောက်စွက်ဖက်မှုများကို ကျွန်မ ဖြတ်သန်းခဲ့ပုံ

ဒေလိယာ မက္ကစီကိုနိုင်ငံ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၈ရက်မှာ အင်တာနက်ကနေ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေနဲ့ သိခွင့်ရတယ်။...

လှည့်စားခံရသော စိတ်ဝိညာဉ်တစ်ခု၏ နိုးထမှု

ယွမ်ကြည်၊ ဘရာဇီးလ်နိုင်ငံကျွန်တော်သည် တရုတ်ပြည်မြောက်ပိုင်းရှိ မြို့ငယ်လေး တစ်ခုတွင် မွေးဖွားခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံသို့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။