သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

29.04.2024

ကျဲမုန် အိန္ဒိယ

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှာ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို သက်သေခံပါတယ်။ အဲဒီနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ပြီး ကျွန်တော့်ကို တော်တော်ကို ဆွဲဆောင်သွားတယ်။ ကျွန်တော့်အတွက်တော့ ဒါဟာ သမ္မာတရားအသစ်တစ်ခု ရောက်လာတာပဲ။ ကျွန်တော် အရမ်းပျော်သွားတယ်။ ဘာသာရေးလောကက နားမလည်နိုင်တာတွေကို အနန္တတန်ခိုးရှင် ဘုရားသခင်က ရှင်းပြတယ်။ ကျမ်းစာရဲ့ နက်နဲမှုတွေ၊ လူ့ဇာတိခံခြင်းရဲ့ နက်နဲမှုတွေ လူရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရင်းအမြစ် အပြစ်ကို ဖယ်ရှားခြင်းလမ်း၊ သန့်စင်ခံရပြီး ကယ်တင်ခံရခြင်းတွေပေါ့။ ဘယ်လူသားကမှ ဒီလိုစကားတွေကို မပြောနိုင်ဘူး။ ဒါက ဘုရားသခင်ရဲ့ အသံဖြစ်တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်လို့ ကျွန်တော် ခံစားရတယ်။ အဲဒါနဲ့ ကျွန်တော် ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံပြီး ဒီသိပ်ကောင်းတဲ့ သတင်းကို ကျွန်တော့်မိသားစုနဲ့ မျှဝေတယ်။ ကျွန်တော့်အမေ၊ အဒေါ်နဲ့ ညီအစ်ကိုမောင်နှမတချို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံကြတယ်။ ကျွန်တော်တို့ နေ့တိုင်း စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို ခံစားကြတယ်။ ကျွန်တော်တို့တွေ အများကြီးရနေတယ်လို့ ခံစားရတယ်။ ဒီနှစ်တွေအားလုံးမှာ ဘာသာတရားကနေ ကျွန်တော်တို့ရခဲ့တာထက် တော်တော်ပိုများတယ်။

သိပ်မကြာဘူး။ နယ်ခံ သင်းအုပ်ဆရာနဲ့ သင်းထောက်တွေက ကျွန်တော့် ယုံကြည်မှုအကြောင်း သိသွားတယ်။ တစ်ညနေမှာ မျှော်လင့်မထားဘဲနဲ့ သင်းထောက်တစ်ယောက်က ကျွန်တော့်အိမ်ကို ရောက်လာပြီး ကျွန်တော့်ကို မေးတယ်။ “ခင်ဗျားနဲ့ ခင်ဗျားအမေက ဘာလို့ ဝတ်ပြုအစည်းအဝေးတွေ မတက်တာလဲ” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “ကျွန်တော် လမ်းမှန်ကို တွေ့သွားလို့ ဘုရားကျောင်းကို မသွားတော့တာပါ။ သခင်ယေရှုက ပြန်ကြွလာပြီ။ သူက အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးကို ကျွန်တော် ဖတ်ပြီးပြီ။ ကျွန်တော် တော်တော်အံ့အားသင့်သွားတယ်။ ဒီလောက်ဆန်းသစ်တဲ့ဟာကို ကျွန်တော် တစ်ခါမှ မဖတ်ခဲ့ဖူးဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျမ်းစာထဲက နက်နဲမှုတွေအများကြီးကို ဖွင့်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်၊ သူဟာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ကျွန်တော် တွေ့သွားတယ်” ပေါ့။ သူက ကျွန်တော်ပြောတာကို နားထောင်ပြီး သံသယနဲ့ ပြန်ပြောတယ်။ “သခင်ယေရှု ပြန်ကြွလာပြီ ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” တဲ့။ ကျွန်တော် သူ့ကို ပြောလိုက်တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က နိုင်ငံတော်ခေတ်ကို စတင်ခဲ့ပြီး အမှုတော်အသစ်ကို လုပ်ဆောင်နေပါတယ်။ ကျေးဇူးတော်ခေတ်က အတိတ်မှာ ကျန်ခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်တော်က ဘာသာရေးအသင်းတော်တွေမှာ အလုပ်မလုပ်တော့ဘူး။ သခင်ယေရှု အမှုပြုဖို့အတွက် လာခဲ့တုန်းက အချိန်လိုပေါ့။ လူတွေက ဗိမာန်တော်ကို စွန့်ခွာပြီး သူ့နောက်လိုက်ကြတယ်။ အခု ကျွန်တော်တို့က နောက်ဆုံးသောကာလမှာ ဘုရားသခင် ကယ်တင်ခြင်းကို ခံရဖို့ ဘုရားရဲ့ အမှုတော်သစ်ကို အမီလိုက်ဖို့ လိုပါတယ်” ပေါ့။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ စိတ်ခိုင်မာနေတာကို သူ မြင်တော့ ကျွန်တော်က နှင်ထုတ်ခံရမှာပဲလို့ ပြောပြီး ထွက်သွားတယ်။ အဲဒီနောက်ကျတော့ သင်းအုပ်ဆရာနဲ့ သင်းထောက်တွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံတာမကြာသေးတဲ့ မိသားစုတစ်စုဆီသွားပြီး နှောင့်ယှက်ကြတယ်။ သင်းအုပ်ဆရာက သူတို့ကိုပြောတယ်။ “ရှင်တို့က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှာ ပါဝင်ပြီး ကျွန်မတို့ ဝတ်ပြုအစည်းအဝေးတွေကို မတက်တော့ဘူး။ ရှင်တို့ အရူးလုပ်ခံရတာပဲ။ သခင်က ပြန်ကြွမလာသေးဘူး။ သင်းအုပ်ဆရာတစ်ယောက်အနေနဲ့ ကျမ်းစာထဲမှာ ပါသမျှကို ကျွန်မ သိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က တကယ်ကို ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင် ကျွန်မ သေချာပေါက်သိမှာပဲ” တဲ့။ သူက ပြောသေးတယ်။ “ရှင်တို့က ဆက်ပြီး အသင်းတော်ကနေ ထွက်ဖို့လုပ်ရင် ရှင်တို့က ယေရှုကို ကျောခိုင်းလိုက်ပြီလို့ လူတိုင်းရဲ့ရှေ့မှာ ပြောရမယ်။ ပြီးတော့လည်း အသင်းတော်က ရှင်တို့ကို ဘာအကူအညီမှ ပေးမှာမဟုတ်ဘူး။ တနင်္ဂနေ့မှာ ရှင်တို့ နာမည်တွေကို ဖျက်ပစ်ဖို့ အသင်းတော်ကို လာရမယ်။ ပြီးရင် လူတွေအားလုံးရှေ့မှာ ကြေညာရမယ်။ ဒီလိုမလုပ်ရင် ရှင်တို့ ရွာကနေ ထွက်ပြေးရလိမ့်မယ်” တဲ့။ ကျွန်တော် ဒေါသထွက်သွားတာပေါ့။ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်။ ဒါပေမဲ့ သူတို့တွေက လူတွေကို လမ်းမှန်ကို မစူးစမ်းအောင် ဒီလို ယုတ်မာတဲ့နည်းတွေ သုံးနေကြတယ်။ သူတို့တွေက အကျိုးပြုတတ်တဲ့ အစေခံတွေဆိုရင် ရှာဖွေခြင်းနှလုံးသားရှိသင့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်ဆိုတာ ဘာလဲဆိုတာကို သိအောင်လုပ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လေ့လာသင့်တယ်။ ဒါပေမဲ့ သခင်ပြန်ကြွလာတာကို ရင်ဆိုင်ရတော့ သူတို့က မျက်စိစုံမှိတ်ပြီး အတိုက်အခံလုပ်တယ်။ ရှုတ်ချတယ်။ သူတို့က ဘယ်လိုလုပ် သမ္မာတရားရှာဖွေသူတွေဖြစ်မှာလဲ။

နောက်နေ့ကျ ကျွန်တော် သူတို့ကို သွားတွေ့တယ်။ အဲဒီအစ်ကိုကပြောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ဘုရားလို့ သူတို့ယုံကြည်တယ်၊ ဒါကြောင့် ရွာကနေ ထွက်ပြေးရရင်တောင် သူ့ကို ဆက်ပြီး ယုံကြည်နေမှာပဲ တဲ့။ အဲဒီနောက်တော့ သင်းအုပ်ဆရာက လမ်းမှန်ကို လူတွေ စူးစမ်းတာကို တားဆီးဖို့ ကောလာဟလတွေ၊ အလိမ်အညာတွေ ဖြန့်တယ်။ ဘုရားသခင်ကို ယုံကြည်တာ၊ ဘုရားနောက်လိုက်တာက လွယ်တဲ့အရာမဟုတ်ဘူးဆိုတာ ဒီဟာကြောင့် ကျွန်တော် သိသွားတယ်။ သခင်ယေရှု ပြောခဲ့သလိုပဲ။ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။(ရှင်မဿဲခရစ်ဝင် ၇:၁၃-၁၄) သင်းအုပ်ဆရာက ကျွန်တော်တို့ကို နှောင့်ယှက်ပြီး ဖိနှိပ်ပေမဲ့ ကျွန်တော်တို့က လမ်းမှန်ကို လက်ခံပြီး ထာဝရအသက်လမ်းကို တွေ့ခဲ့တယ်။ ကျွန်တော်တို့ ကောင်းချီး ခံစားခဲ့ရတယ်။ သခင်ယေရှု ကြွလာပြီး အမှုပြုတုန်းက ဂျူးဘာသာက ဖိနှိပ်ခြင်းကို သူခံရတာကို ကျွန်တော် စဉ်းစားမိတယ်။ အဲဒီတုန်းက သူ့နောက်ကို လိုက်တဲ့သူအများကြီးမရှိဘူး။ အခု အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာတော့ သူလည်း ဘာသာရေးလောကက ဖိနှိပ်တာကို ခံရတယ်။ လူအများစုက ဘုန်းကြီးတွေကို ယုံပြီး နားထောင်ကြတယ်။ သခင်ကြွလာတာကို လက်မခံကြဘူး။ ဒီဟာကြောင့်လည်း ကျွန်တော့်အတွက် တစ်ချက်ရှင်းသွားတယ်။ မှန်သောလမ်းက ရှေးကတည်းက ဖိနှိပ်ခံခဲ့ရတာပဲ။ လူနည်းနည်းပဲ လမ်းမှန်ကို လက်ခံပြီး ဘုရားနောက်လိုက်တယ်။ လူတော်တော်များများက လူသားတွေကို ကိုးကွယ်ပြီး ဘာသာတရားထဲက သင်းအုပ်ဆရာတွေနောက်လိုက်တယ်။ ဒီဟာကြောင့်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ဖို့ ကျွန်တော့် ယုံကြည်ခြင်းက ပိုခိုင်မာလာတယ်။

နောက်ပိုင်းကျတော့ သူက အသင်းတော်အဖွဲ့အစည်းဆီကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာကို တင်ပြတယ်။ တစ်ညနေကျတော့ သူက လူတစ်စုကို ဦးဆောင်ပြီး ကျွန်တော့်အိမ်ကို ရောက်လာတယ်။ သူက ကျွန်တော့်ကို သင်းထောက်တစ်ယောက်အိမ်ဆီ သွားပြီး ဘုန်းကြီးတွေ၊ တွဲဖက်အမှုဆောင်တွေအကုန်လုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်မှုကို သေချာ ရှင်းပြဖို့ ပြောတယ်။ သူတို့တွေက တော်တော်ဆိုးတယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ဆန့်ကျင်ရှုတ်ချကြတယ်။ သူတို့ကို ရင်ဆိုင်ဖို့ ကျွန်တော့်မှာ သတ္တိမရှိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်က သူတို့နဲ့ သွားမတွေ့ရင် ကောလာဟလတွေကို လုပ်ကြံပြောကြမှာပဲဆိုတာ ကျွန်တော်သိတယ်။ ဘုရားသခင်က ကျွန်တော့်ကို ကျေးဇူးတော်ချပေးခဲ့တယ်။ သူ့အသံကိုကြားခွင့်ပေးပြီး သမ္မာတရားတချို့ကို သင်ရတဲ့ အခွင့်ကိုပေးတယ်။ အခု သူ့ရဲ့ အမှုတော်ကို သက်သေခံဖို့ ကျွန်တော့်ကို သူလိုအပ်တဲ့အချိန်မှာ ကျွန်တော် ထွက်ပြေးလို့မဖြစ်ဘူး။ အဲဒါနဲ့ ကျွန်တော် ဆုတောင်းတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော်ရဲ့ အမှုတော်ကို သက်သေခံဖို့အတွက် ယုံကြည်ခြင်းရှိဖို့ ကျွန်တော့်ကို လမ်းပြပြီး ကျွန်တော်လိုအပ်တဲ့ စကားတွေကို ပေးတော်မူပါ” ဆိုပြီးတော့။ သင်းထောက်အိမ်ကို ကျွန်တော် ရောက်တော့ ထိုင်ခုံတစ်ခုံမှာထိုင်လိုက်ပြီး ကျွန်တော့်ပတ်လည်မှာ လူဆယ်ယောက်ကျော်ထိုင်နေတာကို တွေ့ရတယ်။ အသင်းတော်အဖွဲ့အစည်းနဲ့ သင်းအုပ်ဆရာငါးယောက်ပါပြီး ရွာဘုန်းကြီးတွေနဲ့ အသင်းသားတချို့ပါပါတယ်။ အဲဒီမှာ လူတွေအများကြီးကို မြင်ရတော့ ကျွန်တော် ထပ်ပြီး ကြောက်လာတယ်။ နောက်ထပ် ဘာဆက်ဖြစ်မယ်ဆိုတာ ကျွန်တော် မသိဘူးလေ။ ကျွန်တော့်ကို စိတ်ငြိမ်အောင် ကူညီပေးဖို့အတွက် ကျွန်တော့် စိတ်နှလုံးထဲကနေ ဘုရားကို ဆက်တိုက်ဆုတောင်းတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်တော်နဲ့အတူရှိနေတယ်ဆိုတာသိတော့ တဖြည်းဖြည်းနဲ့ သိပ်မကြောက်တော့ဘူး။ အသက်ပိုကြီးတဲ့ အသင်းတော်အဖွဲ့အစည်း သင်းအုပ်ဆရာတစ်ယောက်က ကျွန်တော့်ကို တော်တော် တင်းတင်းမာမာနဲ့ မေးတယ်။ “ရှင်ရယ်၊ ရှင့်အမေရယ်၊ ရှင့်အဘွားရယ်က ဘာလို့ ဝတ်ပြုအစည်းအဝေးတွေ မတက်တာလဲ။ အသင်းတော်က ဘာလဲဆိုတာ ရှင်သိလား။ အသင်းတော်ကို စွန့်ခွာတာက သခင်ယေရှုကို သစ္စာဖောက်တာဖြစ်ပြီး သူက ရှင့်ကို စွန့်ပစ်မယ်ဆိုတာ သိလား” တဲ့။ ကျွန်တော်က သူ့ကို ပြောလိုက်တယ်။ “သခင်ယေရှုက ကျွန်တော်တို့ကို ပြောခဲ့တယ်။ ‘အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။(ရှင်မဿဲခရစ်ဝင် ၁၈:၂၀) စစ်မှန်တဲ့ အသင်းတော်ကဘာလဲ။ အသင်းတော်တစ်ခုဖြစ်ဖို့က အဖွဲ့ဝင်ဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်မှာရှိတယ်ဆိုတာ အရေးမကြီးဘူး။ လူဘယ်နှစ်ယောက် စုဝေးတယ်ဆိုတာ အရေးမကြီးဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်၊ ဘုရားသခင် တည်ရှိမှု၊ သမ္မာတရားရဲ့ ပံ့ပိုးမှုရှိနေသရွေ့ ဒါ အသင်းတော်တစ်ခုပဲ။ အခုခေတ် အသင်းတော်တွေကို ကြည့်ရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုရှိသလား။ ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်းက ဉာဏ်အလင်းကို ရစေသလား။ ဝတ်ပြုအစည်းအဝေးတွေက ပျော်စရာကောင်းသလား။ ခွန်အားပေးသလား။ သင်းအုပ်ဆရာတွေက တစ်ခါလာလည်း ဒါတွေပဲ ဟောနေပြီး လူတွေကို သခင့်ကို သိအောင် လုံးဝ ကူညီမပေးဘူး။ ယုံကြည်သူတွေက ဘာအသက်ခွန်အားမှမရဘူး။ အားနည်းပြီး အပျက်သဘောဆောင်ကြတယ်။ ချမ်းသာဖို့နဲ့ တခြားလောကီအရာတွေကို လောဘကြီးကြတယ်။ အခုခေတ်အသင်းတော်က သခင်ယေရှုခေတ်က ဗိမာန်တော်လိုပဲ။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှု ပျောက်ဆုံးနေပြီး စစ်မှန်တဲ့ အသင်းတော်လို့ ပြောလို့မရဘူး။ အခု ကျွန်တော်တို့က ဘာကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ချင်ပြီး ဝတ်ပြုအစည်းအဝေးတွေ တက်တာကို ရပ်လိုက်တာလဲ။ ဘာကြောင့်လဲဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့အရာတိုင်းက သမ္မာတရားဖြစ်လို့ပဲ။ ကျမ်းစာထဲက ပုန်းကွယ်နေတဲ့ နက်နဲမှုတွေအများကြီးကို သူက ဖွင့်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်တော် အမြင်တော်တော်ပွင့်သွားတယ်။ ကျွန်တော့် စိတ်နှလုံးကို လင်းလက်စေပြီး ကျွန်တော့် ဝိညာဉ်ကို ပျိုးထောင်ပေးတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုရဲ့ အသီးအပွင့်တွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်သော ဘုရားသခင် ပေါ်ထွန်းခြင်းဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က စစ်မှန်တဲ့ အသင်းတော်ပဲ။ အခုအချိန်မှာ သခင်ကြွလာတာကို တောင့်တတဲ့ ဂိုဏ်းဂဏအမျိုးမျိုးက စစ်မှန်တဲ့ ယုံကြည်သူတော်တော်များများက နည်းလမ်းအမျိုးမျိုးနဲ့ အွန်လိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တွေကို ဖတ်နေကြတယ်။ ဒါက ဘုရားအသံဖြစ်တယ်ဆိုတာ သူတို့ သေချာသွားတယ်။ ခင်ဗျားတို့ ဘာလို့ လေ့လာမကြည့်တာလဲ။ ခင်ဗျားတို့က အသင်းတော်မှာ သင်းအုပ်ဆရာတွေ၊ တရားဟောဆရာတွေပဲ။ သခင့်ကို ကြိုဆိုဖို့အတွက် ယုံကြည်သူတွေကို ဦးဆောင်သင့်တယ်။ ဒါဆိုရင် သူတို့ဘဝတွေအတွက် တာဝန်ယူတာဖြစ်မှာပဲ” ပေါ့။ ကျွန်တော် ပြောပြီးသွားတော့ သူတို့အားလုံး ငြိမ်နေတယ်။

နောက်ကျတော့ သင်းအုပ်ဆရာက ကျွန်တော့်ကို မေးတယ်။ “သခင်ယေရှု ပြန်ကြွလာပြီလို့ ရှင်ပြောတယ်။ ရှင် ဘယ်လိုသိတာလဲ” တဲ့။ ပြီးတော့ သူက ကျမ်းစာတစ်အုပ်ကို ဖွင့်ပြီး ကျမ်းပိုဒ်တစ်ခုကို ပြပြီးတော့ ကျွန်တော့်ကိုပြောတယ်။ “ကျမ်းစာက ပြောတယ်။ ‘ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။(ရှင်မဿဲခရစ်ဝင် ၂၄:၃၆) သခင်ကြွလာတဲ့အခါ ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ ဒီမှာ ပြောထားတယ်။ ဒါဆို ရှင်က ဘယ်လိုသိမှာလဲ” တဲ့။ ကျွန်တော်က ပြောလိုက်တယ်။ “သူကြွလာတာကို ဘယ်သူမှ လုံးဝ မသိရင် ကျွန်တော်တို့က သူ့ကို ဘယ်လို ကြိုဆိုမှာလဲ။ ‘ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ’ လို့ ကျမ်းစာမှာ ပြောထားတာက သူကြွလာတဲ့အချိန်ကို ဘယ်သူမှ မသိဘူးလို့ ဆိုလိုတာပဲ။ ဒါပေမဲ့ သူ ကြွလာပြီးတဲ့နောက်မှာ စကားပြောလိမ့်မယ်။ သူ့အမှုကို ဆောင်ရွက်လိမ့်မယ်။ သခင့်အသံကို ကျွန်တော်တို့ ကြားပြီး သူဖော်ပြတဲ့ သမ္မာတရားကို မြင်တဲ့အခါ သူပြန်ကြွလာပြီဆိုတာ ကျွန်တော်တို့ သိမှာမဟုတ်ဘူးလား။ သခင်ယေရှုပြောခဲ့သလိုပဲ။ ‘သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဒါကြောင့် သခင့်ကို ကြိုဆိုဖို့အတွက် အဓိကအချက်က သူ့အသံကို နားထောင်ဖို့ပဲ။ တစ်ယောက်ယောက်က သတို့သားကြွလာပြီလို့ ပြောတာကို၊ ဆိုလိုတာက သခင်ပြန်ကြွလာပြီလို့ သက်သေခံတာကို ကျွန်တော်တို့ ကြားရင် သူ့ကို တွေ့ဖို့အတွက် အပြင်ထွက်ပြီး သခင့်အသံကို နှိမ့်ချစွာ နားထောင်သင့်တယ်။ ဒီလိုလူမျိုးကသာ သခင့်ကို ကြိုဆိုနိုင်ပြီး သခင်နဲ့အတူ စားပွဲတက်ရောက်နိုင်တဲ့ ပညာရှိ သတို့သမီးပဲ။ ခင်ဗျားတို့ စဉ်းစားပုံအရဆိုရင် သခင်ကြွလာပြီးတဲ့နောက်မှာတောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ဒါဆိုရင် ဒီကျမ်းပိုဒ်တွေကို ဘယ်လိုရှင်းပြနိုင်မလဲ။ ဒါတွေက ဘယ်လို ပြည့်စုံလာမှာလဲ” ပေါ့။ သူတို့ကို ကျွန်တော် ဥပမာတစ်ခုလည်းပြပေးတယ်။ ကျွန်တော် ပြောလိုက်တယ်။ “သခင်ယေရှုအမှုပြုဖို့ ကြွလာတဲ့အချိန်ကို စဉ်းစားကြည့်ပါ။ အစတုန်းက သူ့ကို ဘယ်သူကမှ ဘုရားအဖြစ် မသိကြဘူး။ သူအမှုစပြုပြီး စကားပြောတော့ သန့်ရှင်းသောဝိညာဉ်တော်က သက်သေခံတယ်။ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) အဲဒီနောက်မှာ သူက နိမိတ်၊ လက္ခဏာတွေ စပြီးပြတယ်။ နာမကျန်းဖြစ်သူတွေကို ပျောက်ကင်းစေတယ်၊ နောင်တလမ်းကို တရားဟောတယ်။ လူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။ သူက ကျေးဇူးတော်ခေတ်မှာ ရွေးနုတ်ခြင်းအမှုကို အစပြုခဲ့တယ်။ အဲဒီအချိန်ကျမှပဲ လူတွေက သခင်ယေရှုကို လူသားမျိုးနွယ်ရဲ့ ရွေးနုတ်သူအဖြစ်၊ ဘုရားသခင်ကိုယ်တော်တိုင်အဖြစ် သိမြင်လာကြတယ်။ သခင့်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက သူ့အမှုတော်နဲ့ နှုတ်ကပတ်တော်တွေကိုပဲ အခြေခံတာမဟုတ်ဘူးလား။ ကပ်ဘေးကြီးတွေက စပြီးဖြစ်လာနေပြီ။ သခင်ကြွလာခြင်းအကြောင်း ပရောဖက်ပြုချက်တွေအားလုံးက ပြည့်စုံနေပြီ။ သခင်က ပြန်ကြွလာပြီး အမှုပြုနေပါတယ်။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ လိုအပ်တဲ့ သမ္မာတရားတွေကို ဖော်ပြနေတယ်။ ဘုရားအိမ်တော်ကစတဲ့ တရားစီရင်ခြင်းအမှုကို ပြုနေပါတယ်။ အောင်မြင်သူ လူတစ်စုကို သူပြုလုပ်ပြီးပြီ။ ဒါတွေက ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရားတွေပဲ။ ကျွန်တော်တို့က ကိုယ့်အယူအဆတွေကို အခြေခံပြီး ဘုရားအမှုတော်ကို အကဲဖြတ်နေရင်းနဲ့ ပျက်စီးကိန်းကြုံရဖို့ မလှုပ်မယှက်စောင့်နေလို့ မဖြစ်ဘူး။ ဒီလိုဆိုရင် သခင့်ကို ကြိုဆိုဖို့ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်” ပေါ့။ အဲဒီနောက်တော့ အသင်းတော်အဖွဲ့အစည်းက လူငယ်သင်းအုပ်ဆရာတစ်ယောက်က စိတ်ဆိုးပြီး ကျွန်တော့်ကို မေးတယ် “ဒီ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘယ်မှာလဲ။ သူ့ကို မြင်ပြီးပြီလား။ မဟုတ်ရင် သူက သခင်ယေရှုပြန်ကြွလာတာလို့ ဘယ်လို သေချာနိုင်တာလဲ” တဲ့။ ကျွန်တော်က သူ့ကို မေးခွန်းတစ်ခု ပြန်မေးလိုက်တယ်။ “ခင်ဗျားက သခင်ယေရှုကို ယုံကြည်တယ်။ သူ့ကို မြင်ဖူးလား။ ဘယ်သူမှ သခင့်ကို မမြင်ဖူးဘူး။ ဒါဆို ဘာလို့ သူ့ကို ယုံကြည်တာလဲ” ပေါ့။ ဘယ်သူမှ ပြန်မပြောဘူး။ နောက်တော့ ကျွန်တော်က ပြောတယ်။ “သခင်ယေရှုက လူ့ဇာတိနဲ့ အမှုပြုနေတဲ့အချိန်တုန်းက လူတွေ အများကြီးက သူ့ကို မတွေ့ရဘူးလား။ ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ၊ ဖာရိရှဲတွေက သခင့်မျက်နှာကို မြင်ဖူးကြတယ်။ ဒါပေမဲ့ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုကြလား။ သူ့နောက်ကို လိုက်သလား။ သူ့နောက်ကိုမလိုက်ရုံမကဘူး။ သူ့ကို ရှုတ်ချပြီး ငြင်းပယ်ကြတယ်။ နောက်ဆုံးမှာ သခင်ယေရှုကို ကားတိုင်မှာ သံနဲ့ရိုက်ကြတယ်။ ဒါက ဘာကိုပြနေလဲ။ သခင့်မျက်နှာကို မြင်ရင်တောင်မှ သူ့ကို နားမလည်ရင်၊ သူ့အသံကို မသိရင် သူ့ကို ဆန့်ကျင်နေဦးမှာပဲ၊ သူ ရှုတ်ချတာကို ခံနေရဦးမှာပဲ။ ခင်ဗျားတို့က အဲဒီခေတ်မှာ မွေးခဲ့ရင် သခင်ယေရှုကို မြင်ပြီး သူ့တရားဒေသနာတွေကို ကြားရင် သူ့ကို ခရစ်တော်အဖြစ် အသိအမှတ်ပြုမှာလား။ ပြောဖို့ တော်တော်ခက်တယ်” ပေါ့။ ကျွန်တော် ပြောပြီးသွားတော့ သင်းအုပ်ဆရာက ပြန်ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုလို့ ခင်ဗျားပြောတယ်နော်။ ဘာကို အခြေခံပြီးပြောတာလဲ” တဲ့။ ကျွန်တော်က ပြန်ပြောတယ်။ “သခင်ယေရှု ပြောခဲ့သည်မှာ ‘ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားသခင် ကိုယ်ထင်ပြခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ အဓိကအချက်က သမ္မာတရားကို သူပြောသလားဆိုတာ ကြည့်ဖို့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ခင်ဗျားတို့အတွက် ကျွန်တော် ဖတ်ပြမယ်။ ဘုရားအသံတော်ဟုတ်မဟုတ်ကို ခင်ဗျားတို့ ကြည့်လို့ရတယ်။ ဒါဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဟုတ်မဟုတ် ခင်ဗျားတို့ သိမှာပဲ” ပေါ့။ ပြီးတော့ ကျွန်တော့် ဖုန်းထဲကနေ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်ကို သူတို့ကို ဖတ်ပြလိုက်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒလူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမြော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်)

သူတို့အားလုံးက အံ့အားသင့်တဲ့ပုံစံနဲ့ အချင်းချင်း ခပ်တိုးတိုးပြောနေကြတယ်။ သိပ်မကြာဘူး။ အဲဒီအသက်ကြီးကြီး သင်းအုပ်ဆရာက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ပြောတယ်။ “ရှင်အခုဖတ်လိုက်တာက ဘုရားနှုတ်ကပတ်တော်မဖြစ်နိုင်ဘူးလို့ ကျွန်မ မြင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေက သနားကြင်နာမှုရှိတယ်။ ဒါတွေက တင်းမာလွန်းတယ်။ ဘုရားနှုတ်ကပတ်တော်မဟုတ်ဘူး” တဲ့။ ကျွန်တော်က ပြောတယ်။ “ဘုရားက သနားကြင်နာတယ်၊ လူတွေကို ဖော်ထုတ်ပြီး ကျိန်ဆဲဖို့အတွက် ခက်ထန်တဲ့စကားတွေကို သုံးမှာမဟုတ်ဘူးလို့ ခင်ဗျားထင်တယ်နော်။ ဒီထင်မြင်ချက်က အမှန်တရားနဲ့ ကိုက်တာ သေချာလား။ သခင်ယေရှုက လူတွေကို အပြစ်တင်တဲ့အရာတွေ အများကြီး ပြောခဲ့တယ်။ ခင်ဗျားတို့ တကယ်မေ့သွားပြီလား။ သူက ဖာရိရှဲတွေကို ရှုတ်ချပြီး ပြောခဲ့တယ်။ ‘လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) ဒီလိုမျိုးတွေ နောကထပ် အများကြီးရှိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားက သနားကြင်နာခြင်း၊ ချစ်ခြင်းပါရုံတင်မကဘူး။ ဘုန်းအာနုဘော်နဲ့ အမျက်ဒေါသလည်းပါတယ်ဆိုတာ သက်သေပြတယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေအတိုင်း ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်ကို တိုင်းတာလို့မရဘူး။ ဒါဆိုရင် ဘုရားကို အကဲဖြတ်ပြီး ဘောင်ခတ်တဲ့ အမှားကို ကျူးလွန်မိတာဖြစ်မှာပဲ” ပေါ့။ ကျွန်တော် ဆက်ပြောတယ်။ “ကျမ်းစာကလည်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပရောဖက်ပြုထားတယ်။ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇) ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို တရားစီရင်တယ်။ လူအားလုံးကို သူတို့အမျိုးအစားလိုက် ခွဲတယ်။ သိုးနဲ့ဆိတ်၊ ဂျုံပင်နဲ့ တောပင်၊ ကောင်းသောအစေခံနဲ့ မကောင်းသောအစေခံကို သေသေချာချာ ခွဲခြားတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ အမှုပြုဖို့ ရောက်လာပြီး ဖြောင့်မတ်တဲ့ တရားစီရင်ခြင်းနဲ့ ထာဝရငရဲချခြင်းမရှိဘဲနဲ့ သနားကြင်နာမှုနဲ့ ချစ်ခြင်းအပြည့်နဲ့ ဆက်ရှိနေရင် ဒီခေတ်ကာလက ဘယ်အချိန်မှာ အဆုံးသတ်နိုင်မှာလဲ” ပေါ့။ ပြီးတော့ နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို သူတို့ကို ဖတ်ပြလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံလေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) ဒါကို ကြားပြီးသွားတော့ သူတို့မှာ တုံ့ပြန်ပြောစရာ ဘာမှမရှိဘူး။ အချိန်ခဏလောက်ကြာတော့ အသက်ကြီးတဲ့ သင်းအုပ်ဆရာက ကျွန်တော့်ကို လက်ညှိုးထိုးပြီး အပြစ်တင်တဲ့လေသံနဲ့ ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဘယ်ကလဲ သိလား။ တရုတ်နိုင်ငံကပဲ။ တရုတ်အစိုးရက ဘန်းထားတာ။ အဲဒီနိုင်ငံရဲ့ အစိုးရက ဒါကို လမ်းမှန်လို့ အသိအမှတ်မပြုဘူး။ ဒီတော့ ဒါကို ဘာလို့ ယုံကြည်တာလဲ” တဲ့။ ကျွန်တော်က ပြန်မေးလိုက်တယ်။ “တရုတ်အစိုးရက ဘယ်သူတွေလဲ။ ဘုရားနောက်လိုက်တွေလား၊ ဒါမှမဟုတ် ဘုရားမဲ့၊ ဆိုးယုတ်တဲ့ အစိုးရလား။ ခင်ဗျားက သင်းအုပ်ဆရာတစ်ယောက်အနေနဲ့ ဆိုးယုတ်တဲ့ အစိုးရကို ဘယ်လို ယုံကြည်နိုင်တာလဲ။ ဒါ မိုက်မဲတာပဲ။ ခင်ဗျား တွေးခေါ်ပုံအရဆိုရင် အစိုးရက လက်မခံတဲ့ ဘယ်ဟာမဆို လမ်းမှန်မဖြစ်နိုင်ဘူးပေါ့။ ဒါက လက်တွေ့အရှိတရားနဲ့ ကိုက်သလား။ သခင်ယေရှုကြွလာပြီး အမှုပြုတဲ့အချိန်တုန်းက အစိုးရက ရှုတ်ချတာ၊ ဖိနှိပ်တာကို မခံခဲ့ရဘူးလား။ သူက ဘယ်လို ကားစင်တင်ခံခဲ့ရတာလဲ။ သခင်ယေရှုကို ကားတိုင်မှာ သံနဲ့ရိုက်ဖို့ဖြစ်စေခဲ့တာက ရောမအစိုးရနဲ့ ပူးပေါင်းတဲ့ ဖာရိရှဲတွေကြောင့်မဟုတ်ဘူးလား။ ခင်ဗျားတို့ရဲ့ တွေးခေါ်ပုံအရဆို အစိုးရက ဖိနှိပ်ပြီး ဘန်းတဲ့ဘယ်အရာမဆို လမ်းမှန်မဖြစ်နိုင်ဘူး။ ဒီတော့ ခင်ဗျားတို့က သခင်ယေရှုရဲ့ အမှုတော်ကို ငြင်းပယ်ပြီး မရှုတ်ချသင့်ဘူးလား။ ဒါက မမိုက်မဲလွန်းဘူးလား။ ကျမ်းစာက ပြောတယ်။ ‘လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။(ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၅:၁၉) တစ်ကမ္ဘာလုံးက စာတန့်လက်ထဲမှာရှိတယ်။ အာဏာပိုင်တွေကလည်း ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေပဲ။ သူတို့က ဘုရားကို သိလား။ ဒီနေ့အထိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းဖို့၊ သူ့ကို ကိုးကွယ်အောင် လူတွေကို ခေါ်ဆောင်ဖို့ ဘယ်နိုင်ငံခေါင်းဆောင်ကမှ အားထုတ်တာကို ကျွန်တော်တို့ မတွေ့ဖူးဘူး။ ဒါက ဘာကိုပြနေသလဲ။ ဘာသာရေးလိုက်စားတဲ့နိုင်ငံဖြစ်စေ၊ ဘုရားမဲ့နိုင်ငံဖြစ်စေ ဘယ်အုပ်ချုပ်သူကမှ ဘုရားကို သိတဲ့လူတွေမဟုတ်ဘူး။ သူတို့တွေက လမ်းမှန်နဲ့ လမ်းမှားကို ဘယ်လိုခွဲခြားပြောနိုင်မှာလဲ။ ပြောဖို့ မဖြစ်နိုင်ဘူး။ အကြောင်းအရာတွေကို သူတို့အကဲဖြတ်တာက လုံးဝ ဆိုးယုတ်တဲ့ တွေးခေါ်ပုံကိုပဲ အခြေခံပြီး သမ္မာတရား မပါဘူး” ပေါ့။

ကျွန်တော့်အမြင်ကို ပြောပြီးသွားတော့ သူတို့အားလုံးက ဆွံအသွားတယ်။ အချိန်တော်တော်ကြာပြီးသွားတော့ အဲဒီအသက်ကြီးကြီး သင်းအုပ်ဆရာက ကျွန်တော့်ကို လက်ညှိုးထိုးပြီး ဒေါသထွက်ရင်းနဲ့ ပြောတယ်။ “ရှင် အသင်းတော်ကနေ ထွက်သွားပြီးတော့ ရှင့်မိသားစုထဲက တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ဘုန်းကြီးတွေက ဆုတောင်းပေးမှာမဟုတ်ဘူး။ သူတို့က ပျောက်မှာမဟုတ်ဘူး။ သေတဲ့အခါ သူတို့ဝိညာဉ်က ကောင်းကင်ဘုံရောက်မှာမဟုတ်ဘူး။ ဒါဆို ရှင် ဘာလုပ်မလဲ” တဲ့။ သူက ကျွန်တော့်ကို ထိန်းချုပ်ဖို့ ဒီရွာဓလေ့ဟောင်းတွေကို သုံးဖို့ကြိုးစားနေတာဆိုတာ ကျွန်တော် စိတ်ထဲက သိနေတယ်။ ကျွန်တော်တို့က သင်းအုပ်ဆရာတွေကို တော်တော်မြှောက်စားလေ့ရှိခဲ့တယ်။ ကျွန်တော်တို့အတွက် ဆုတောင်းပေးဖို့ သူတို့ကို အားကိုးကြတယ်။ သင်းအုပ်ဆရာတွေကို ယုံကြည်သူတွေက အမြင့်မှာထားကြတယ်။ အရာရာတိုင်းအတွက် သူတို့ကို အားကိုးကြတယ်။ ဒါပေမဲ့ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီးကတည်းက ဘုန်းကြီးတွေက ဘုရားကို ကိုယ်စားမပြုနိုင်ဘူးဆိုတာ ကျွန်တော် သိသွားတယ်။ ပြီးတော့ လူတွေ သေပြီးတဲ့နောက်မှာ ကောင်းကင်ဘုံရောက်မရောက်ဆိုတာကို သူတို့ မဆုံးဖြတ်ဘူး။ အဲဒါနဲ့ ကျွန်တော် သူတို့ကို ပြောလိုက်တယ်။ “နောင်ကျရင် ကျွန်တော့်မိသားစု တစ်ခုခုဖြစ်ရင် ခင်ဗျားတို့ ဆုတောင်းပေးဖို့ မလိုပါဘူး” ဆိုပြီးတော့။ အဲဒီလူငယ် သင်းအုပ်ဆရာက ပြောတယ်။ “အသုဘတွေကို စီစဉ်ဖို့ ရှင့်ကို ဘယ်သူမှ မကူညီရင် ဘယ်လိုလုပ်မလဲ” တဲ့။ ကျွန်တော်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်တယ်။ “ကျွန်တော့် မိသားစုထဲက တစ်ယောက်ယောက် သေရင် သူ့အလောင်းကို ကျွန်တော်တို့ မြုပ်မယ်။ ဘာအသုဘဓလေ့မှ လုပ်ဖို့ မလိုဘူး။ ကျမ်းစာက ပြောတယ်။ ‘အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။’ (ရှင်မဿဲခရစ်ဝင် ၈:၂၁-၂၂) မိသားစုဝင်တစ်ယောက်ရဲ့ သေခြင်းနဲ့ သခင့်ရဲ့ အမိန့်မှာ ဘယ်ဟာက အရေးကြီးဆုံးလဲ။ သခင်က သူ့ကို ကြီးမြတ်သူအနေနဲ့ သူ့နောက်လိုက်ပြီး ကိုးကွယ်ဖို့ ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့တယ်။ ဒါ အရေးကြီးဆုံးပဲ။ သမ္မာတရားကို ရှာဖွေပြီး သခင်ပြန်ကြွလာခြင်းကို ကြိုဆိုရမယ့်အစား ဘာလို့ အဓိပ္ပာယ်မရှိတဲ့ ဓလေ့တွေမှာ ခင်ဗျားတို့ အချိန်ကုန်နေတာလဲ။ လူတွေရဲ့ ရလဒ်တွေနဲ့ ပန်းတိုင်တွေက ဘုရားလက်ထဲမှာရှိတယ်။ ဘယ်လူသားကမှ ဒါတွေကို မဆုံးဖြတ်နိုင်ဘူး။ ပြီးတော့ သင်းအုပ်ဆရာတစ်ယောက်က ဆုတောင်းပေးတာနဲ့ လူတွေက ကောင်းကင်ဘုံကို မရောက်နိုင်ဘူး။ ဒါ အဓိပ္ပာယ်မရှိပါဘူး” ပေါ့။ ကျွန်တော် ဆက်ပြောတယ်။ “အခု သခင်က ပြန်ကြွလာပြီး သမ္မာတရားတွေ အများကြီး ဖော်ပြပြီးပြီ။ ကျွန်တော်တို့တွေ သန့်စင်ပြီး ကယ်တင်ခြင်းခံရဖို့အတွက် အပြစ်ကို ဖယ်ရှားဖို့လမ်းကြောင်းကို ကျွန်တော်တို့ကို ပြခဲ့ပြီ။ ကျွန်တော်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်နောက်မလိုက်ရင်၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို လက်မခံဘဲနဲ့ အဓိပ္ပာယ်မရှိတဲ့ ဘာသာရေးဓလေ့တွေထဲမှာ အသက်ရှင်နေရင် ဒါက သန့်စင်ခြင်းခံရဖို့ တကယ် လုံလောက်ရဲ့လား” ပေါ့။ ကျွန်တော် ဒီလိုပြောပြီးသွားတော့ သူတို့က ကျွန်တော့်ကို ပြန်ချေပဖို့အတွက် ပြောစရာစကားမရှိကြဘူး။ နောက်တော့ တခြားသင်းအုပ်ဆရာတစ်ယောက်က ပြုံးပြီး ကျွန်တော့်ကို ပြောတယ်။ “ကျဲမုန်၊ ခင်ဗျားက အစွမ်းအစရှိတဲ့သူတစ်ယောက်၊ စဉ်းစားတတ်တဲ့သူတစ်ယောက်ပဲ။ အသင်းတော်က ခင်ဗျားကို တန်ဖိုးထားတယ်။ ခင်ဗျားက အသင်းတော်မှာ ဆက်လုပ်ပြီး လူတွေကို ပိုပြီး ပါဝင်လာအောင်လုပ်ရင် အသင်းတော်က ပိုပြီး ခိုင်မာလာမယ်။ ကျွန်တော်တို့ အတူတူ ဘုရားအမှုတော်ကို ဆောင်ရွက်နိုင်တယ်။ ဒါဆိုရင် တော်တော်ကောင်းမှာပဲ” တဲ့။

သူတို့တွေက တော်တော်ကို မရိုးသားဘူးဆိုတာ ကျွန်တော် ပြောနိုင်တယ်။ သူတို့ တန်ဖိုးထားတာက လူတွေကို ပိုပြီး ဦးဆောင်ရဖို့ပဲ။ ဘာကြောင့်လဲဆိုရင် ဒါဆို သူတို့က လှူဖွယ်ပစ္စည်းတွေပိုရမယ်လေ။ သူတို့က ဘုရားပေါ်ထွန်းခြင်းကို မတောင့်တကြဘူး။ ကျွန်တော် သူတို့ကို ပြောလိုက်တယ်။ “သခင့်ကို ကြိုဆိုခြင်းက ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ခင်ဗျားတို့ ဘာပြောပြော အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်တာကို ကျွန်တော် လုံးဝ ရပ်မှာမဟုတ်ဘူး။ ခင်ဗျားတို့က အသင်းတော် သင်းအုပ်ဆရာတွေပဲ။ သခင်ကြွလာတာကို အတိုက်အခံလုပ်ပြီး ရှုတ်ချနေမယ့်အစား ကြိုဆိုဖို့အတွက် ဘာလို့ ယုံကြည်သူတွေကို ဦးမဆောင်တာလဲ။ ဘုရားကို ဆန့်ကျင်မိပြီး ဘုရားက အပြစ်ဒဏ်ပေးခံရမှာကို မကြောက်ဘူးလား” ပေါ့။ အဲဒီမှာ လူငယ် သင်းအုပ်ဆရာက ဒေါသထွက်ပြီး ကြားဖြတ်ပြီးပြောတယ်။ “ကျွန်မတို့ လုပ်သမျှက ကျွန်မတို့ သိုးစုကို ကာကွယ်ဖို့ပဲ။ ရှင်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ဖို့ ပြတ်သားနေတယ်ဆိုတော့ အသင်းတော်က ရှင့်ကို နှင်ထုတ်မှာပဲ။ ပြီးရင် ရှင့်ကို ကျွန်မတို့သိုးတွေကို လာခိုးခွင့်ပြုမှာမဟုတ်ဘူး” တဲ့။ သူဒီလိုပြောတာကို ကျွန်တော်ကြားရတော့ ပိုပြီးတော့တောင် စိတ်ဆိုးသွားတယ်။ သခင်က ပြန်ကြွလာပြီ။ သူ့ရဲ့သိုးတွေကို ရှာချင်တယ်။ ဒီအသင်းတော်ခေါင်းဆောင်တွေက ယုံကြည်သူတွေကို လမ်းမှန်ကို စူးစမ်းဖို့အတွက် သူတို့ကအရင်စပြီး ဦးဆောင်သင့်တယ်။ ဘုရားရဲ့ သိုးတွေကို ဘုရားရှေ့ကို ခေါ်ဆောင်သင့်တယ်။ သစ္စာရှိတဲ့ အစေခံတစ်ယောက်က ဒီလိုလုပ်မှာပဲ။ ဒါပေမဲ့ သူတို့က ဒီလိုလုပ်တာမဟုတ်ဘူး။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုကို ကာကွယ်ဖို့အတွက် သိုးစုကို ကာကွယ်ဟန်ဆောင်ပြီး ယုံကြည်သူတွေကို အထင်မှားအောင်လုပ်ပြီး လှည့်စားတယ်။ လူတွေကို သူတို့နောက်လိုက်အောင်လုပ်ပြီး ဘုရားအမှုတော်ကို ဆန့်ကျင်ရှုတ်ချအောင်လုပ်တယ်။ သူတို့တွေက လုံးလုံးလျားလျားကို အရမ်း ကြောင်သူတော်ဆန်တဲ့ ဆိုးယုတ်တဲ့ အစေခံတွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီက ကိုးကားချက်တစ်ခုကို ကျွန်တော် သတိရမိတယ်။ “ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ ‘မဖြစ်နိုင်’ ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ကြုံသွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် တောင့်တသည့် သဘောထားတစ်ခု ပိုင်ဆိုင်ဖို့ မဆိုထားနှင့်၊ ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ သင်တို့သည် အရမ်းမဲ့ လေ့လာကြပြီး အပူအပင် အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်ထံမှ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိမည်ဟု သင်ထင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက လုံးဝ ရှင်းတယ်။ ဒီသင်းအုပ်ဆရာတွေက သမ္မာတရား၊ ဒါမှမဟုတ် ဘုရားအမှုတော်ကို ကြောက်ရွံ့မှုနည်းနည်းလေးနဲ့တောင် မဆက်ဆံဘူး။ သူတို့တွေက အန္တိခရစ်တွေပဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင် ဖော်ထုတ်တဲ့ ဆိုးယုတ်တဲ့ အစေခံတွေပဲ။ ဘုရားသခင်ပေါ်ထွန်းခြင်းကို သက်သေခံဖို့ သူတို့မှာ အခွင့်မရှိဘူး။ နောက်ဆုံးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ကျွန်တော့်ယုံကြည်မှုကို ယိုင်နဲ့အောင်လုပ်လို့မရတာကို သူတို့မြင်သွားတာနဲ့ မတတ်နိုင်တော့ဘဲ ကျွန်တော့်ကို သွားခွင့်ပေးလိုက်ရတယ်။

သူတို့က ယုံကြည်သူတွေကြားထဲကို အယူအဆတွေ၊ ကောလာဟလတွေ ဖြန့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေနဲ့ ဆက်သွယ်ခွင့်မပေးဘူး။ သူ့ကို ဆန့်ကျင်အောင် လှည့်စားကြတယ်။ လူတစ်ယောက်ချင်းစီတိုင်းကို အနန္တတန်ခိုးရှင် ဘုရားသခင်နောက် သူတို့လိုက်ရင် အသင်းတော်ကနေ နှင်ထုတ်ခံရမယ်လို့ သတိပေးကြတယ်။ ဒီလိုလှည့်စားပြီး တားဆီးပိတ်ဆို့တာကြောင့် လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို မစူးစမ်းရဲဘူး။ ဘုန်းကြီးတွေက ဘုရားအမှုတော်ကို ဆန့်ကျင်ဖို့ တော်တော်ပြတ်သားနေတာကို ကျွန်တော်မြင်တော့ အရမ်းစိတ်ဆိုးပြီး သူတို့နဲ့ အကျိုးသင့်အကြောင်းသင့်ပြောပြချင်တယ်။ ဒါပေမဲ့ ကျွန်တော် အားထုတ်တာ အလကားဖြစ်မှာပဲဆိုတာ ကျွန်တော် သိတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိဖို့ ဘုရားကို ကျွန်တော် ဆုတောင်းပြီး ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပေးဖို့ တောင်းခံခဲ့တယ်။ နောက်ပိုင်းကျတော့ အစ်မတစ်ယောက်က ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့တယ်။ “ရှေးတုန်းက ဖာရိရှဲတွေက သခင်ယေရှုကို မေရှိယဖြစ်ကြောင်း သက်သေပြဖို့ ကားတိုင်ပေါ်ကနေ ဆင်းလာဖို့ အတင်းပြောခဲ့တယ်။ ဒါပေမဲ့ သခင်ယေရှုက မလုပ်ခဲ့ဘူး။ သူက ဖာရိရှဲတွေမြင်ဖို့ သက်သေမပြခဲ့ပေမဲ့ သူ့ဧဝံဂေလိတရားက တစ်ကမ္ဘာလုံးကို ပျံ့နှံ့မသွားဘူးလား။ အရာရာတိုင်းကို ဘုရားက အုပ်စိုးပြီး စီမံပါတယ်။ အဆိုးနဲ့ အကောင်းကို ကျွန်မတို့ ခွဲခြားနိုင်ဖို့အတွက် သူက ဒီအန္တိခရစ်တွေရဲ့ လုပ်ရပ်တွေကို အသုံးပြုတယ်။ အဲဒါတွေကတစ်ဆင့် စာတန်က လူတွေကို ဘယ်လိုလှည့်စားပြီး ဘုရားကို တိုက်ခိုက်စေတယ်ဆိုတာ ကျွန်မတို့ မြင်ရတယ်။ စာတန်ရဲ့ ဆိုးယုတ်မှုနဲ့ အရှက်မဲ့ခြင်းကို ကျွန်မတို့ မြင်နိုင်တယ်။ စက်ဆုပ်ရွံရှာနိုင်တယ်။ ဒီဘာသာရေးဘုန်းကြီးတွေကို ငြင်းပယ်နိုင်တယ်။ ဒါ ဘုရားရဲ့ ဉာဏ်ပညာပဲ” တဲ့။ သူ့မိတ်သဟာယကို ကြားရတော့ ကျွန်တော့် စိတ်နှလုံးက လင်းလက်သွားပြီး ဘုန်းကြီးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်တော့ဘူး။ သင်းအုပ်ဆရာတွေက သူတို့အသင်းတော်တွေကို တင်းတင်းကျပ်ကျပ် ဖြတ်တောက်ထားတော့ ကျွန်တော်တို့က တခြားနေရာတွေကိုသွားပြီး ဧဝံဂေလိ မျှဝေကြတယ်။ မကြာခင်မှာပဲ လူတော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းပြီး လက်ခံခဲ့ကြတယ်။

အဲဒီနောက်တော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ ဒါတွေဖတ်ပြီးတော့ ဘုရားကို အတိုက်အခံလုပ်တဲ့ သင်းအုပ်ဆရာတွေရဲ့ အနှစ်သာရကို ကျွန်တော် ပိုရှင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်သော်လည်း မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ခိုင်မာသည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်) ကျွန်တော်က သင်းအုပ်ဆရာတွေကို တော်တော် အထင်ကြီးလေးစားခဲ့ဖူးတယ်။ သူတို့က သခင့်အတွက် နှစ်တွေအများကြီးအမှုတော်ဆောင်ပြီး ကျမ်းစာကို ကောင်းကောင်းသိတယ်လေ။ သူများတွေကို တကယ်ကို ချစ်ခင်တဲ့ပုံစံရှိတယ်။ သူတို့ တရားတွေမှာ ယုံကြည်သူတွေကို သခင်ကြွလာတာကို သတိထားကြည့်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ ပြောတယ်။ ဒီတော့ သူတို့တွေက သခင်ကြွလာတာကို စောင့်နေတဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေလို့ ကျွန်တော် ထင်တာပေါ့။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖွင့်ပြချက်တွေနဲ့ အချက်အလက်တွေက ပြတဲ့အရာတွေက ကျွန်တော့်အယူအဆကို ချေဖျက်သွားတယ်။ သူတို့က ဆက်ကပ်အပ်နှံတဲ့ ပုံစံရှိပေမဲ့ တစ်ယောက်ယောက်က သခင်ကြွလာတဲ့သတင်းကို ဖြန့်နေတယ်လို့ သူတို့ကြားရင် သူတို့ရဲ့ ဘုရားကို ဆန့်ကျင်တဲ့၊ ဘုရားကို မုန်းတဲ့ မျက်နှာတွေက ပေါ်လွင်လာတယ်။ ကျွန်တော် သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံတော့ သူတို့တွေက တော်တော်မာနထောင်လွှားပြီး ကျမ်းစာရဲ့ တိုက်ရိုက်စကားလုံးတွေကိုပဲ ခေါင်းမာမာနဲ့ ဖက်တွယ်ထားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဘယ်လောက် ဩဇာအာဏာရှိပြီး အစွမ်းထက်ပါစေ သူတို့က လက်မခံဘဲ ဆက်ပြီးတော့ အတိုက်အခံလုပ်ပြီး ရှုတ်ချတယ်။ ခြိမ်းခြောက်တာတွေတောင်လုပ်ပြီး ယုံကြည်သူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စူးစမ်းတာကို တားဆီးတယ်။ သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင်အဆင့်အတန်းနဲ့ အသက်မွေးမှုအတွက် လူတွေကို လမ်းမှန်ကို စူးစမ်းတာကို တားဆီးဖို့ ကြံစည်ကြတယ်။ လူတိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကြရင် ဘယ်သူကမှ သူတို့ကို လှူဖွယ်ပစ္စည်းတွေ မပေးတော့ဘဲ သူတို့ရာထူးကို ဆုံးရှုံးရမှာကို ကြောက်ကြတယ်။ သူတို့လုပ်သမျှက လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုန်းက ဖာရိရှဲတွေလုပ်ခဲ့တာတွေ အတိုင်းပဲ။ ဘုရားကို ရှုတ်ချပြီး ကျိန်ဆဲတာတွေပေါ့။ သခင်ယေရှုက သူတို့ကို ရှုတ်ချပြီး ပြောခဲ့တယ်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃)လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်း ရေကြောင်းပတ်လည်လှည့်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅)

သူတို့နဲ့ မျက်နှာချင်းဆိုင် ငြင်းခုံဆွေးနွေးတော့ ကျွန်တော့်ကို ခွန်အားပေးတာက လုံးဝ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ ရလဒ်တွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်တော် သိလာခဲ့တဲ့ သမ္မာတရားနည်းနည်းကြောင့်ပဲ။ ဒါက ကျွန်တော့်ဘဝမှာ တော်တော်ထူးခြားတဲ့ အတွေ့အကြုံပါပဲ။ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံကြည်ခဲ့ရင်၊ သူ့နှုတ်ကပတ်တော်တွေကို မဖတ်ခဲ့ရင် ကျွန်တော်က တခြားယုံကြည်သူတွေလိုမျိုးပဲ ဘုရားကို ယုံပေမဲ့ လူကို ကိုးကွယ်ပြီး လူနောက်လိုက်နေတာဖြစ်မှာပဲ။ ဒီကြောင်သူတော် ဖာရိရှဲတွေ၊ အန္တိခရစ်တွေအကြောင်းကို သိဖို့ မဖြစ်နိုင်ဘူး။ ဘုန်းကြီးတွေကို ကိုးကွယ်တာကြောင့် နောက်ဆုံးမှာ လမ်းမှားပေါ်ရောက်ပြီး ဘုရားက စွန့်ပစ်တာကို ခံရမှာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

ဖုဒမ်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်ခန့်က၊ ကျွန်မကို ခေါင်းဆောင်မှုတာဝန်များ၌ ကူညီဖို့ ညီမရှောက်ကျီက ကျွန်မတို့အသင်းတော်က...

အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေကို ကျွန်မ ပြန်တိုက်ထုတ်ရဲတယ်

ဘုရားသခင်ကို ကျွန်မ ယုံကြည်သက်ဝင်ပြီး တစ်နှစ်ကျော်ကြာတော့ အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယီပင်းက...

မာနထောင်လွှားသည့် စိတ်သဘောထားကို ပြောင်းလဲ၍မရနိုင်ဟု မည်သူ ပြောသနည်း

ကျောက်ဖန် တရုတ်နိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။