ပျောက်သားသောတစ်ယောက် ပြန်လာခြင်း

24.11.2019

ရုသ၊ အမေရိကန်နိုင်ငံ

ပျောက်သားသောတစ်ယောက် ပြန်လာခြင်း

ကျွန်မက တရုတ်ပြည်တောင်ပိုင်း မြို့ငယ်လေးတစ်ခုတွင် အဖေ့ဖက်က အဘွားဖြစ်သူ၏မျိုးဆက်ကတည်းက ယုံကြည်သူမိသားစုတစ်ခုတွင် မွေးဖွားခဲ့ သည်။ သမ္မာကျမ်းစာဇတ်လမ်းများ၊ ချီးမွမ်းခြင်းဓမ္မတေးသီချင်း နှင့် အသင်းတော် တွင်ဖွင့်သည့် အလေးအမြတ်ထားသော တေးဂီတတို့က ကျွန်မကလေးဘဝ၏ ပျော်ရွှင်သောနေ့ရက်များတစ်လျှောက် အမြဲတမ်း အဖော်များဖြစ်ခဲ့သည်။ ကျွန်မ စတင်အသက်ကြီးလာသည်နှင့်အညီ ကျွန်မ၏ ပညာရေးဖိအား ပိုကြီးထွား လာကာ၊ ကျွန်မ စိတ်နှလုံးက သခင့်ထံမှ ဖြည်းဖြည်းချင်း တိုး၍ ဝေးကွာ လာခဲ့သည်။ သို့သော် သခင်က ကျွန်မကို မည်သည့်အခါကမျှ မစွန့်ခွာခဲ့ပါ။ ကျွန်မ သူ့ကို အော်ခေါ် သည့်အခါတိုင်း သူက ကျွန်မကို ကူညီခဲ့သည်။ သခင်ယေရှု၏ ကျေးဇူးတော်နှင့် သန့်ရှင်းသောနာမတော်တို့က ကျွန်မစိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်။ ကောလိပ်ဝင်တန်းစာမေးပွဲ ကျွန်မဖြေဆို ရမည့် နှစ်တွင်၊ ကျွန်မ၏ ဆရာမများအပါအဝင် မည်သူကမျှ ကျွန်မက ကောလိပ်ကောင်းတစ်ခုသို့ ဝင်ရောက်အောင် ဖြေနိုင်စွမ်းရှိမည်ဟု မထင်ခဲ့ပါ။ ရိုက်နှက်ချက် တစ်ခုပြီးတစ်ခု ကို ရင်ဆိုင်လျက်၊ ကျွန်မက မျှော်လင့်ချက်အားလုံး စွန့်လွှတ်လုံးနီးပါး ဖြစ်ကာ၊ ကျွန်မ ဝင်ရောက် လိုသည့် ကောလိပ်စာမေးပွဲကို မည်သည့်အခါမျှ ဖြေနိုင်မည် မဟုတ်ဟုပါ ကျွန်မ တွေးလာခဲ့သည်။ ထို့နောက် ကျွန်မ စိတ်ထဲတွင် တစ်စုံတစ်ခု က ထွက်ပေါ်လာသည်- ကျွန်မ ငယ်စဉ်က အသင်းတော်တွင် ကျွန်မ ကြားခဲ့သည့် စကားစုတစ်ခုဖြစ်သည်။ “လူတွေ အဆုံးသတ်တဲ့နေရာမှာ၊ ဘုရားသခင်စတယ်” ပြီးလျှင် လျှပ်တပြက် ကျွန်မ ဉာဏ်အလင်းပေး သည် ဟု ခံစားခဲ့ရသည်။ ၎င်းမှာ မှန်ကန်ကြောင်း ကျွန်မ သိခဲ့သည်။ ကျွန်မ၏ အကန့်အသတ်သို့ ရောက်သည့် နေရာသည် ဘုရားသခင် စတင်သည့်နေရာ ဖြစ်သည်။ သခင့်လုပ်ဆောင် နိုင်စွမ်းများက လုံးလုံး ကြီးမြတ်သည်၊ ပြီးလျှင် ကျွန်မက သခင့်ကို အမှန်တကယ် မှီခိုသမျှ ကာလပတ်လုံး၊ သခင်က ကျွန်မကို ဧကန်မုချ ကူညီမည်ဟု ကျွန်မ ယုံကြည်ခဲ့သည်။ ထို့ကြောင့် ကျွန်မ သခင်ယေရှုထံ မကြာခဏ စတင်ဆုတောင်း ခဲ့သည်။ “အိုသခင်၊ ကျေးဇူးပြုပြီး၊ ကျွန်မကို ကူညီတော်မူပါ။ ကျွန်အိပ်မက်တွေရဲ့ ကောလိပ်စာမေးပွဲကို အဟန့်အတားမရှိ အောင်မြင်နိုင်ပါက၊ အခုအချိန်က စပြီး၊ ကျွန်မ ကိုယ်တော်နဲ့ ဘယ်တော့မှ မဝေးကွာဖို့ ကတိပေးပါတယ်၊ ပြီးတော့ ကိုယ်တော့်ကို ဒီဘဝရဲ့ ကျွန်မရဲ့ တစ်ပါးတည်းသော ကယ်တင်ရှင်အဖြစ် လက်ခ ပါ့မယ်။” ထိုသို့လုပ်ဆောင်ရင်းဖြင့် ကျွန်မက လူအများစုအတွက် တွေး၍ပင်မရ နိုင်သည့် အဖိုးအခကိုလည်း ပေးဆပ်နေ သည်။ ကျွန်မ အထက်တန်းကျောင်း ဒုတိယနှစ်တစ်ခုလုံးအတွင်းတွင် ကျွန်မ မစားနေ သို့မဟုတ် မအိပ်နေချိန်တိုင်း စန္ဒယားလေ့ကျင့်ခဲ့သည်။ ကျွန်မက တစ်ရက်တွင် ၁၀နာရီ မှ ၁၂ နာရီ နီးပါး လေ့ကျင့်ခဲ့သည်။ ကျွန်မကို ထောက်မထားသည့် ထိုခွန်အားများ မည်သည့် နေရာမျှ လာသည်ကို ကျွန်မ မသိသော်လည်း၊ ကျွန်မက သခင့်က ကျွန်မ ဆုတောင်းချက်များကို နားညောင်းပြီး၊ သိုသိုသိပ်သိပ် ကူညီခဲ့ခြင်းဖြစ် ရမည်ဟု ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ သခင့်ကို ကျေးဇူးတင် ရှိခြင်းက ကျွန်မ၏ စိတ်နှလုံးထဲတွင် ကြီးထွားလာခဲ့သည်။ အဆုံးသတ်တွင်၊ ကျွန်မ၏ ကာလ ရှည်ကြာ ချစ်မြတ်နိုးခဲ့ရသည့် ဆန္ဒက ပြည့်ဝခဲ့သည်။ ကျွန်မက နိုင်ငံတွင် ထိပ်တန်း တေးဂီတ တက္ကသိုလ်များ ထဲမှ တစ်ခုသို့ ဝင်ခွင်စာမေးပွဲအောင်ခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် သခင်ယေရှုက ကျွန်မ၏ တစ်ပါးတည်းသော ကယ်တင်ရှင် ဖြစ်သည်ဟု ကျွန်မ ခိုင်မာစွာ ယုံကြည်ခဲ့သည်။ ကျွန်မ၏ ကောလိပ်ဒုတိယနှစ်တွင် ကျွန်မက ဘွဲ့ရပြီးနောက် မည်သည့်လမ်းကြောင်းကို ယူသင့်မှန်း မသိခဲ့ သောကြောင့် သခင်ယေရှုကို ခေါ်ပြီး၊ ကျွန်မကို လမ်းပြပါရန်နှင့် ကျွန်မ အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးပါရန် ကိုယ်တော့်ကို တောင်းလျှောက်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ အမေရိကန်နိုင်ငံတွင် စက်တင်ဘာလ ၁၁ရက်နေ့ အကြမ်းဖက်သမားများ တိုက်ခိုက်မှု ပြီးခါစနောက်ပိုင်း၊ ပြည်ဝင်ခွင့်များအားလုံးနီးပါး ဆိုင်းငံ့ထား သော်လည်း ကျွန်မအံ့အားသင့်စွာပင်၊ ကျွမ်းကျင်သူပညာရှင်အဖြစ် ကျွန်မ ကိုယ်တိုင် အသံသွင်းထားသော စီဒီတစ်ခု၏ ရလဒ်အနေဖြင့် ကျွန်မက အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ ကုန်ကျစရိတ်ထောက်ပံ့ကြေးဖြင့် ပညာသင်ဆု တစ်ခု လက်ခံရရှိခဲ့သည်။ ကျွန်မက အထစ်အငေါ့တစ်ခုမျှ မရှိဘဲ ကျောင်းသားပြည်ဝင်ခွင့်တစ်ခု ရရှိကာ၊ ကျွန်မ၏ သင်ယူ လေ့လာမှုများကို ရှာဖွေလိုက်စားဖို့ အမေရိကန်နိုင်ငံသို့ သွားခဲ့သည်။ ဤအတွေ့အကြုံ နှစ်ခု-ကောလိပ်ဝင်ခွင့် စာမေးပွဲအောင်ခြင်း နှင့် နိုင်ငံရပ်ခြားသို့ သွားရောက်ခြင်း- တို့က ကျွန်မဘာသာ မည်သည့်အခါမျှ အောင်မြင်ရရှိနိုင်ခဲ့မည် မဟုတ်သည့် အိပ်မက်များ တကယ်ဖြစ်ပေါ်လာဖို့ သခင်က ကူညီခဲ့ကြောင်းကို ကျွန်မကို ပြခဲ့သည်။ သခင်ယေရှုသည် စစ်မှန်သည့် ဘုရားသခင် ဖြစ်ပြီး၊ ကျွန်မ၏ ကယ်တင်ရှင် ဖြစ်ကြောင်း ကျွန်မ ပို၍ပင် ခိုင်မာစွာ လက်ခံယုံကြည်လာခဲ့သည်၊ ပြီးလျှင် သခင့်ကို ကျွန်မ၏ ယုံကြည်မှုကို ကျွန်မ ကောင်းမွန်စွာ လက်တွေ့ လုပ်ဆောင် ဖို့လိုပြီး၊ သူ့နောက်ကို လိုက်ဖို့ လိုလေသည်။

၂၀၀၇ ခုနှစ် ရက်တစ်ရက်တွင် တရုတ်ပြည်၌ အမေ့ကို စကားပြောဖို့ ကျွန်မ မကြာခဏ ခေါ်နေကျကဲ့သို့ ဖုန်းခေါ်ဆိုခဲ့သည်။ ကျွန်မတို့ ဖုန်းပြောချိန်တွင် သူမက “သခင်ယေရှု ပြန်ကြွလာပြီးပြီဆိုတာ သမီးသိ လား။” ဟု ရုတ်တရက်ကြီး ပြောချလိုက်သည်။ သူမ ဤသို့ပြောသည်ကို ကြားလျက်၊ ကျွန်မမှာ ရုတ်တရက် မမျှော်လင့်ဘဲ ပျော်ရွှင်သည့် ခံစားချက်တစ်ခု ခံစားခဲ့ရသည်၊ သို့သော်လည်း ထို့နောက် ကျွန်မက နောက်ဆုံးသောကာလတွင် ခရစ်တော်အယောင်ဆောင် သောသူများ ပေါ်ထွန်းလိမ့်မည်ဟု သမ္မာကျမ်းစာတွင် မည်သို့ပြောထားသည်ကို ချက်ချင်းတွေးမိသောကြောင့် သခင့်ပြန်ကြွလာခြင်း အကြောင်း ဤအမှုအရာ သည် အစစ်လား၊ အတုလားဆိုသည်ကို မသိခဲ့ပါ။ ကျွန်မက ၎င်းကို သတိဖြင့် ချဉ်းကပ်ရမည်ကို သိခဲ့သည်။ ယခုခေတ်တွင် အင်တာနက်က အလွန်လျင်မြန်ပြီး အဆင်ပြေနေသောကြောင့် ဤအရာကို စုံစမ်းစစ်ဆေးဖို့ အွန်လိုင်းတက် သင့်ကြောင်း ကျွန်မ နားလည်ခဲ့သည်။ ကျွန်မ ဖုန်းချပြီးနောက် စိတ်လှုပ်ရှားလျက် ယုံကြည်၍ရသော သတင်းအချက်အလက် အရင်းအမြစ် တစ်ခုကို ရှာဖို့ကြိုးစား ရန် အွန်လိုင်းပေါ်သို့တက်ခဲ့သည်။ ကျွန်မ အံ့အားသင့်စွာပင်၊ ကျွန်မ တွေ့သမျှမှာ ပြန်ကြွလာသည့် သခင်ယေရှုဖြစ်သည်- အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း နှင့် ပြစ်တင်ရှုတ်ချခြင်း ကန့်ကွက်မှု အသံများသာ ဖြစ်သည်။ ကျွန်မကို ကြောက်လန့်ပြီး၊ ဘဝင်မကျဖြစ်စေလျက် ဤသည်မှာ မှန်လား မှားလား ဆိုသည်ကို ကျွန်မ မဆုံးဖြတ်နိုင်ခဲ့ဘဲ၊ ကျွန်မအမေက အမှားအမှန်ကို ထိုးထွင်းသိမြင်နိုင်စွမ်း မရှိမည်ကို လည်းကောင်း၊ သူမက မှားယွင်းသည့် လမ်းကြောင်းပေါ်လျှောက်မည်ကို လည်းကောင်း ကြောက်ခဲ့သည်။ ကျွန်မ အွန်လိုင်းတွင် ဖတ်ရသည့် ဆိုးရွားသည့် အကြောင်းအရာများ အားလုံး အကြောင်း သူမကို ပြောပြဖို့ ချက်ချင်းဖုန်းခေါ်ခဲ့သော်လည်း၊ ကျွန်မ အမေက အလွန် တည်ငြိမ်ပြီး၊ “အမေ့ကလေးရယ်၊ သမီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်ဖူးတော့ သမီးနားမလည်ဘူးပေါ့၊ ပြီးတော့ သမီးကို ရှင်းပြဖို့ အချိန် အများကြီး ကြာမယ်၊ ဒါပေမဲ့ မပူပါနဲ့၊ အမေက လမ်းမှားပေါ် လျှောက်မှာ မဟုတ်ပါ ဘူး။ အမှန်တော့ အမေက သိုးသငယ်ရဲ့ ခြေလှမ်းတွေ နောက်ကို လိုက်လျှောက်နေတာ။ ဒါကို ဖုန်းထဲကနေ နောက်ထပ် မပြောကြစို့နဲ့။” ဟု ပြောလျက် ကျွန်မကို နှစ်သိမ့်ခဲ့သည်။ တရုတ်ပြည်သည် ဘုရားမဲ့ အာဏာရှင် စနစ်တစ်ခုဖြင့် စိုးမိုးခံရကြောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ခရစ်ယာန်များကို အမြဲတမ်း ညှဉ်းပန်းနှိပ်စက်ပြီး၊ ဖမ်းဆီးနေသောကြောင့်၊ ကျွန်မ အမေက ယုံကြည်မှုနှင့် ပတ်သက်သည့် အရာတစ်ခု တစ်လေကို ဖုန်းထဲမှနေ ဆွေးနွေးဖို့ မကောင်းသည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မက ထိုအကြောင်းကို သူမနှင့် များစွာ မပြောရဲခဲ့သောကြောင့် ကျွန်မ ကောင်းမွန်စွာ သိကျွမ်းသည့် တရုတ်ပြည်ရှိ သင်းအုပ်ဆရာ တစ်ယောက်ကို ကျွန်မ အမေကို သွား “ကယ်ဆယ်” ဖို့ သူ့ကို အသနားခံလျက် အကူအညီတောင်းဖို့ ဖုန်းခေါ်ခဲ့သည်။ နောက်ပိုင်းတွင် သင်းအုပ်ဆရာက သူတို့အုပ်စုထဲသို့ သူမကို ပြန်လာအောင် မခေါ်နိုင်သည့် သတင်းကို ကျွန်မကို ပြောပြခဲ့သည်၊ ကျွန်မ အလွန်ဒေါသထွက်ပြီး၊ ရူးသွပ်သွားလု နီးပါး ဖြစ်ခဲ့သည်။ ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ အမေ၏ ယုံကြည်မှုကို ပိတ်ပင်ရန် ကြိုးစား အားထုတ်ရာတွင်၊ သူမက အနေဖြင့် ကျွန်မနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်ကို သူမ၏ ယုံကြည်မှုတို့အကြား ရွေးချယ်မှုတစ်ခု လုပ်ရမည်ဟုပင် သူမကို ပြောခဲ့သည်။ ထိုအရာကို ပြောပြီးနောက် အိပ်မက်တစ်ခု တည်းကို သုံးရက်ဆက်တိုက် မက်ခဲ့သည်။ ၎င်းမှာ ညအမှောင်များ၏ အမှောင်ဆုံး ဖြစ်ပြီး၊ မိုးသည်းထန်စွာ ရွာသွန်းနေကာ၊ ကျွန်မက တစ်ချိန်က ရင်းနှီးကျွမ်းဝင် ရှိခဲ့သည့် ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် လမ်းလျှောက်လျက် ထီးအမည်း တစ်လက် ဆောင်း ထားသည်၊ အနီးအနားတွင် လူတစ်ယောက်တစ်လေမျှ မရှိဘဲ၊ ရုတ်တရက်ကြီး နေ့ကဲ့သို့ လင်းထိန်နေသည့် မိုးကြိုးလျှပ်စီးတစ်ခုက ကျွန်မ၏ ထီးကို ပစ်ချလိုက်သည်...ကျွန်မ ထိုအိပ်မက်မက်တိုင်း အလန့်တကြား၊ ချွေးစေးများဖြင့် နိုးလာလေ့ရှိသည်၊ သို့သော်လည်း မခံစားတတ်ခြင်း၊ ဉာဏ်မဲ့ခြင်း နှင့် ခေါင်းမာခြင်းတို့ဖြင့် ကျွန်မက ထိုအိပ်မက် ဆက်မက်နေခြင်း၏ အကြောင်း အရင်းကို နားလည် သဘောပေါက်ရန် ရှာဖွေဖို့နှင့် ဆုတောင်းဖို့ အားထုတ် ကြိုးပမ်းခြင်း အနည်းငယ်ကို မလုပ်နိုင်ခဲ့ပါ။ သခင်က ကျွန်မကို သတိပေးနေပြီး၊ ဘုရားကို အာခံခြင်း လမ်းကြောင်းတစ်ခုမှ ပြန်လှည့်ပြီး၊ ထိုအစား သူ့ထံပြန်လာဖို့ ပြောနေခြင်း ဖြစ်ပါသလား။ နောက်ပိုင်းတွင် ကျွန်မ အမေကို ကျွန်မ မည်သို့ကြိုးစားဖျောင်းဖျပါစေ၊ ၎င်းမှာ အသုံးမဝင် သည်ကို ကျွန်မမြင်ခဲ့ရသည်။ ထို့အပြင် ကျွန်မက ဝေးလံသည့် နိုင်ငံရပ်ခြား နယ်မြေတစ်ခုတွင် ရောက်နေပြီး၊ မအားလပ်သော ဘဝတစ်ခု ရှိသောကြောင့် သူမကို အတင်းအကျပ်ခိုင်းခြင်းမှ ရပ်တန့်ခဲ့သည်။

၂၀၁၀ ခုနှစ်၌ ကျွန်မ တရုတ်ပြည်သို့ ပြန်သည့်အချိန်တွင် ကျွန်မ အမေက အနန္တတန်ခိုးရှင် ဘုရားသခင်၌ ကျွန်မ ယုံကြည်မှုအကြောင်း ကျွန်မကို ပြောပြလာသည်။ သူမက ကျွန်မ တွေးနေသည့်အရာကို သိပုံပေါ်ပြီး၊ ကျွန်မအား “အမေ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တာ အခုဆိုရင် နှစ်တော်တော် ကြာသွားပြီဆိုတာ သမီးသိတယ်နော်၊ ဒါဆို သူတို့အွန်လိုင်းမှာ ပြောတဲ့ အကြောင်း အရာတွေ အားလုံးလိုမျိုး အမေ့မှာ တစ်ခုတစ်လေ ထူးခြားတာများ ရှိတယ်လို့ သမီးထင်လား။” ဟု မေးခဲ့သည်။ ကျွန်မက သူမ၏ မေးခွန်းအားဖြင့် အကျပ်ရိုက်ပြီး၊ အဖြေတစ်ခု ချက်ချင်းမပေးနိုင်ခဲ့ပါ။ ၎င်းကို သေချာစွာ တွေးတောကာ၊ ကျွန်မကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်စေသည့် အွန်လိုင်းတွင် သူတို့ပြောသည့် ထိုအရာများက ကျွန်မအမေတွင် မဖြစ်လာ သည်ကို ကျွန်မ သဘောပေါက်လိုက်သည်၊ သူမက အတော်အတန် ပုံမှန် ဖြစ်ပြီး၊ ကျွန်မရှေ့တွင် ထိခိုက်မှုမရှိဘဲ မတ်တပ်ရပ်နေသည်။ အမှန်မှာမူ သူမက သခင်ယေရှုကို စတင်ယုံကြည်ခဲ့ပြီးနောက် ရှိသည့် ယုံကြည်မှုထက် အနန္တတန်ခိုးရှင် ဘုရားသခင် ကို ယုံကြည်ခြင်းက ပိုများလာသည့်အတွက် သူမ ပြောင်းလဲသွားခဲ့သည်ကို ကျွန်မ မြင်နိုင်လေသည်။ သူမ၏ စကားများနှင့် လုပ်ရပ်များတို့တွင် ပို၍ ယုတ္တိရှိလာ ရုံမျှမက၊ ပြဿနာများကို သူမ၏ ချဉ်းကပ်မှုတွင် ပိုကြီးမားသော နားလည် သဘောပေါက်မှု တစ်ခုကိုလည်း ရရှိခဲ့သည်။ ဤအရာများအားလုံးကို မြင်တွေ့ သည့်အတွက်၊ ကျွန်မက တွေးမိသည်။ အမှန်တရားဟာ စကားလုံးတွေထက် ပိုကျယ်လောင်စွာ စကားပြောသောကြောင့် အွန်လိုင်း ကောလာဟလတွေက မှန်ပုံမရပါ။ ထို့နောက် ကျွန်မ အမေက “သမီးက ကိုယ့်အမေကို ဘာဖြစ်လို့ မယုံတာလဲ၊ ပြီးတော့ သမီးက ဘာဖြစ်လို့ အမှန်တရားတွေကို မကြည့်ဘဲ၊ အဲဒီအစား အွန်လိုင်းက ကောလာဟလတွေကို ယုံကြည်တာလဲ။ အဲဒီအကြောင်း အရာ တွေကို သမီး စုံစမ်းစစ်ဆေးပြီး၊ သက်သေအထောက်အထား စုဆောင်းပြီးပြီ လား။” ဟု ပြောလိုက်သည်။ စိတ်ကသိကအောက်ဖြစ်ပြီး၊ ကျွန်မက “သမီး မလုပ်ရသေးဘူး။” ဟု ပြန်ဖြေခဲ့သည်။ သူမက ဆက်ပြောခဲ့သည်။ “အဲဒါတွေ အားလုံးဟာ တစ်ဆင့်စကားတွေချည်းသာ ဖြစ်တယ်ဆိုတာကို စုံစမ်းသိရှိဖို့ သမီး စနစ်တကျ မလေ့လာခဲ့ဘဲ၊ အွန်လိုင်းမှာ သမီးကြားတဲ့ ကောလာဟလ တွေကို ယုံကြည်ပြီး၊ ထစ်ခနဲ ကောက်ချက်ချလိုက်တယ်။ ပညာတွေ အရမ်းတတ် ပေမဲ့လည်း၊ ဆင်ခြင်တုံတရားမဲ့လွန်းလို့ သမီးက ရှက်ပြီးလဲသေဖို့ ကောင်းတယ်။ သမီးက ခရစ်ဝင်ကျမ်းလေးခုကို တစ်ချက်လောက် သေချာ ကြည့်သင့်တယ်၊ ပြီးတော့ သခင်ယေရှုက သူ့အမှုတော်ကို ဆောင်ရွက်နေတဲ့ အချိန်မှာ ဂျူးလူမျိုး ယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ နဲ့ ဖာရိရှဲတွေက ကောလာဟလ အမျိုးမျိုးနဲ့ သက်သေခံချက် အတုတွေကို ဖန်တီးခဲ့တာကို သမီးမြင်ရလိမ့်မယ်။ သခင်ယေရှုက အပြစ်သားတွေရဲ့ သူငယ်ချင်း တစ်ယောက် ဖြစ်တယ်၊ သူက အစားအသောက်နဲ့ အရက်တို့နဲ့ ဇိမ်ခံတဲ့ ယောက်ျားတစ်ယောက် ဖြစ်တယ် ဆိုတွေကို သူတို့က ပြောကြပြီး၊ ကဲသာဘုရင်ကို အခွန်ပေးတာရပ်ဖို့ လူတွေကို လှုံ့ဆော်တယ်ဆိုပြီး သူ့ကို မှားမှားယွင်းယွင်း စွပ်စွဲခဲ့ကြတယ်။ သခင်ယေရှုရဲ့ အလောင်းတော်ကို သူ့တပည့်တော်တွေ ခိုးသွားတာဖြစ်ပြီး၊ သူက ရှင်ပြန် ထမြောက်တာ မဟုတ်ဘူးလို့ ပြောခိုင်းရင်း သူတို့တွေက စစ်သားတွေကို သက်သေခံချက် အတုတွေပေးဖို့ လာဘ်ထိုးခဲ့ကြတယ်။ သမီး ဒီအဖြစ်အပျက် တွေကို သိတော့ သိထားပြီးပြီ မဟုတ်လား။ ခရစ်ဝင်ကျမ်းလေးခုမှာ မှတ်တမ်းတင်ထား တာက သခင်ယေရှု ဆောင်ရွက်တော်မူခဲ့တဲ့ အမှုတော်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးသာ ရှိပါတယ်၊ ပြီးတော့ အဲဒီခရစ်ဝင်ကျမ်းတွေမှာ သခင်ယေရှုအကြောင်းကို ဂျူးလူမျိုး ခေါင်းဆောင်တွေ ဖြန့်ဝေခဲ့တဲ့ ကောလာဟလတွေ အများကြီးရဲ့ အကြောင်းတွေကို ရေးထားတာ ပါတယ်လေ။ ဒါကို သမီး အရင်က တွေးဖူးလား။ အင်တာနက်က အဲဒီအချိန်ကသာ ရှိခဲ့ရင်၊ ဂျူးယဇ်ပုရောဟိတ်တွေ၊ ကျမ်းပြုဆရာတွေ နဲ့ ဖာရိရှဲတွေက သူတို့ ကောလာဟလတွေနဲ့ သက်သေခံချက် အတုတွေကို အွန်လိုင်းမှာ ဖြန့်ဝေကြမှာ သေချာပေါက်ပဲ၊ ပြီးတော့ သခင်ယေရှုကို သူတို့ရဲ့ အသရေဖျက်ခြင်း၊ ပြစ်မှား စော်ကားခြင်း၊ အမှုဆင်ခြင်းနဲ့ ပြစ်တင်ရှုတ်ချခြင်း စကားတွေကလည်း လက်ရှိ ဘာသာရေးလောကက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချတဲ့ ပုံစံအတိုင်း အင်တာနက်တစ်ခုလုံးမှာ ပျံ့နေမှာပဲ။ ဒါက ဘာကိုဆိုလိုတာလဲ သမီးသိလား။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။(ရှင်လုကာခရစ်ဝင် ၁၁:၂၉)အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။(ရှင်ယောဟန်ခရစ်ဝင် ၃:၁၉-၂၀) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိတ်နှလုံးအပြင်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ တာဝန်ရှိသည့် အလုပ်တာဝန်ကိုလည်း ဆုံးရှုံးခဲ့ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်ကို မနာခံသော ရန်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် လူသားမျိုးနွယ်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်နာခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)ဘုရားသခင်၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းသည် နှစ်ထောင်ပေါင်းများစွာသို့ ခြေရာကောက် နိုင်ပေသည်။ သူသည် အတိုင်းမသိသော အမှုပမာဏကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်ကာ လူ့လောက၏ ငြင်းပယ်မှုနှင့် အသရေဖျက်မှုတို့ကို အပြည့်အဝ တွေ့ကြုံခံစားရပြီးဖြစ်သည်။ ဘုရားသခင် ရောက်ရှိလာခြင်းကို မည်သူမျှ မကြိုဆိုပေ။ သူသည် အေးတိအေးစက် ကြိုဆိုခြင်းခံခဲ့ရသည်။ ဤကြမ်းတမ်းသည့် နှစ်ပေါင်း နှစ်ထောင် သုံးထောင် ကာလအတွင်း လူသား၏ အပြုအမူသည် အချိန်ကြာမြင့်စွာကတည်းက ဘုရားသခင်ကို နက်ရှိုင်းစွာ ထိခိုက်စေပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)) ဘုရားနှုတ်ကပတ်တော်က ဘုရားသခင်ကို အာခံတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ သဘာဝနဲ့ အနှစ်သာရနဲ့ လူသား မျိုးနွယ်က ဘုရားသခင်ကို ရန်သူတစ်ပါးအဖြစ် ဆက်ဆံပုံ တို့ကို အရမ်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်တယ်။ လူသားမျိုးနွယ်က စာတန်အားဖြင့် အလွန်အမင်း ဖောက်ပြန်ပျက်စီးပြီး၊ လူသားမျိုးနွယ်တစ်ခုလုံးက ဘုရားရဲ့ ရန်သူတွေ ဖြစ်လာတယ်၊ ဘယ်သူကမှ သမ္မာတရားကို မချစ်ဘူး၊ ပြီးတော့ ဘယ်သူကမျှ ဘုရားသခင်ရဲ့ ကြွရောက်ခြင်းကို မကြိုဆိုဘူး။ သခင်ယေရှ ယုဒပြည်မှာ အမှုတော်ကို ဆောင်ရွက်ပြီး၊ သမ္မာတရားကိုဖော်ပြနေတဲ့ အချိန်မှာ၊ သူက နိမိတ်လက္ခဏာ တွေ အများကြီး ပြုတော်မူခဲ့တယ်၊ သာမာန် လူတွေအများကြီးက သူ့နောက် ကိုလိုက်ဖို့ ဆွဲဆောင်ခံရတယ်၊ ဒါ့ကြောင့် သာမာန်လူတွေက သခင်ယေရှု နောက်ကို လိုက်ပြီး၊ သူတို့ကို စွန့်ပစ်ခဲ့မှာကို ဂျူးလူမျိုး ခေါင်းဆောင်တွေက စိုးရိမ်လာကြတယ်။ ဒါ့ကြောင့် သူတို့က ကောလာဟလတွေကို ဖန်တီးပြီး၊ သခင်ယေရှုနဲ့ ပတ်သက်တဲ့ သက်သေခံချက် အတုတွေ ထွက်ဆိုတယ်၊ သူ့ကို အရူးအမူး အာခံပြီး၊ ပြစ်တင်ရှုတ်ချတယ်၊ ပြီးတော့ နောက်ဆုံးမှာ သူတို့ဟာ သူ့ကို ကားတိုင်မှာ သံမှိုစွဲကြတယ်။ ဒါဟာ လူသားမျိုးနွယ်က သမ္မာတရားကို မုန်းတီးခြင်းနဲ့ ဘုရားသခင်ကို ရန်သူတစ်ပါး အဖြစ် မြင်ခြင်းတို့ရဲ့ အရမ်း သေချာပြီး မပြောင်းလဲနိုင်တဲ့ သက်သေ အထောက်အထား ဖြစ်တယ်။ လက်ရှိမှာ ဘုရားသခင်က နောက်တစ်ကြိမ် လူ့ဇာတိခံခဲ့ပြီ၊ ပြီးတော့ သူက ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေရဲ့ အရူးအမူး အာခံခြင်းနဲ့ ပြစ်တင် ရှုတ်ချခြင်းတို့နဲ့ နောက်တစ်ကြိမ် တွေ့ဆုံနေရတယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက လူတွေအားလုံးဟာ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ပြီး၊ ပါတီရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ထိုးထွင်း သိမြင်မှု ရလာမှာကို၊ အဲဒီနောက်မှာ လူတွေက ပါတီကို ငြင်းပယ်မှာ၊ ပြီးတော့ ပါတီရဲ့ သြဇာအာဏာ ရာထူးပြုတ်မှာကို ကြောက်နေတယ်။ ဘာသာရေး လောကမှာ ခေါင်းဆောင်တွေကလည်း ယုံကြည်သူတွေ အနန္တတန်ခိုးရှင် ဘုရားသခင် နောက်ကို လိုက်ပြီး၊ သူတို့ရဲ့ အဆင့်အတန်းနဲ့ အသက်မွေးမှုကို ဆုံးရှုံးရမှာကို ကြောက်နေကြတယ်။ ဒါကြောင့် အဲဒီအချိန်က ရောမအစိုးရ နဲ့ ဂျူးလူမျိုး ခေါင်းဆောင်တွေလိုပဲ၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ ပတ်သက်တဲ့ ကောလာဟလမျိုးစုံကို လုပ်ဇတ်ခင်းပြီး၊ သက်သေခံချက် အတုတွေ အများကြီးပေးတယ်၊ အဲဒီနည်းနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို အသရေဖျက်ပြီး၊ ပြစ်တင်ရှုတ်ချတဲ့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို သိက္ခာချရင်း သူတို့က စက်ဆုပ်ဖွယ်ကောင်းပြီး မလို မုန်းထားတဲ့ နည်းဗျူဟာ တွေကို သုံးခဲ့တယ်။ သူတို့ရည်ရွယ်ချက်က လူတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ဆန့်ကျင်ဖို့၊ ပြစ်တင် ရှုတ်ချဖို့နဲ့ ငြင်းပယ်ဖို့တို့ဖြစ်ပြီး၊ ဘုရားကယ်တင်ခြင်းကို လူတွေ လက်ခံခြင်း ကို ပိတ်ပင်ဖို့ ဖြစ်တယ်။ စာတန်ရဲ့ လှည့်စားမှုတွေနဲ့ ပတ်သက်ပြီး အမေတို့မှာ ထိုးထွင်းသိမြင်မှု ရှိရမယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ဘုရားသခင်ရဲ့ ရန်သူတစ်ပါး အမြဲတမ်းဖြစ်နေတဲ့၊ ဘုရားမဲ့ပြီး ဆိုးယုတ်တဲ့ အစိုးရတစ်ခု ဖြစ်တယ်။ အဲဒီပါတီ ပထမဆုံး အာဏာရတဲ့ အချိန်က သမ္မာကျမ်းစာ စာအုပ် မိတ္ထူတွေကို ဖျက်ဆီးပစ်တယ်၊ အသင်းတော် တွေကို ပြိုပျက်စေတယ်၊ ခရစ်ယာန်တွေကို သတ်ဖြတ်တယ်၊ ပြီးတော့ တစ်ကမ္ဘာလုံးမှာ အသိအမှတ်ပြု ထားတဲ့ လက်ရာတစ်ခုဖြစ်တဲ့ သမ္မာကျမ်းစာ ကို အစွန်းရောက်ဝါဒ စာပေအဖြစ် မှတ်ယူပြီး၊ ခရစ်ယာန်တွေနဲ့ ကတ်သလစ် တွေကို ဖိနှိပ်ဖို့နဲ့ ညှဉ်းပန်းနှိပ်စက်ဖို့ တို့အတွက် သူတို့ကို ဆိုးယုတ်တဲ့ အစွန်းရောက်ဝါဒရဲ့ အသင်းသားတွေအဖြစ် ယူဆခဲ့တယ်။ အဲဒါပါတီဟာ စိတ်ကူးလို့ရသမျှ မကောင်းမှုကို ကျူးလွန်တယ်၊ ဒါ့ကြောင့် သူတို့က ဘာကောလာဟလကို စိတ်မကူးရဲရမှာလဲ။ တရုတ်ကွန်မြူနစ် ပါတီ အစိုးရနဲ့ ဘာသာရေးလောကထဲက ခေါင်းဆောင်တွေဟာ သမ္မာတရားကို မုန်းတီးပြီး၊ ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်တာကို အချက်အလက်တွေက ပြနေတယ်။ ဒါက အမေတို့ ရှင်းရှင်းလင်းလင်း မြင်ရမဲ့ အရာတစ်ခုဖြစ်တယ်။ အမေတို့က ယုံကြည်မှုရှိတဲ့ လူတွေဖြစ်တယ်- အမေတို့က ဘုရား နှုတ်ကပတ်တော်တွေကို ယုံကြည်ရမယ်၊ အမေတို့က သမ္မာတရားကို ယုံကြည် ရမယ်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနဲ့ ဘာသာရေးလောကထဲက ခေါင်းဆောင် တွေ ရဲ့ ကောလာဟလတွေနဲ့ မုသားတွေကို လုံးဝ ယုံလို့မရဘူး။ အမေတို့က တရုတ်ကွန်မြူနစ်ပါတီ အစိုးရနဲ့ ဘာသာရေးလောကတို့က ဖြန့်ဝေတဲ့ ကောလာဟလတွေကို ထိုးထွင်းသိမြင်မှု ကင်းမဲ့ရင်၊ အမေတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တို့ကို မရှာဖွေ၊ မလေ့လာရင်၊ အဆုံးသတ်မှာ အမေတို့ကြားတဲ့ ကောလာဟလတေွကို နားယောင်တာကြောင့် ခရစ်တော်ကို စွန့်ပယ်ပြီး စစ်မှန်တဲ့ လမ်းခရီးကို ငြင်းပယ်ရင်း အမေတို့လည်း ဂျူးလူမျိုး သာမာန်လူတွေလိုမျိုး ဖြစ်လိမ့်မယ်။ အဲဒီနည်းလမ်းနဲ့ အမေတို့က ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရုံ တင်မကဘဲ၊ အဆုံးသတ်မှာ သူ့ကို အာခံခြင်းအတွက် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ ပြစ်ဒဏ်ပေးခြင်းနဲ့လည်း တွေ့ရလိမ့်မယ်။”

အမေပြောစရာရှိသည့်အရာကို ကျွန်မ နားထောင်ရင်း၊ ကျွန်မက အိပ်မက် တစ်ခုမှ နိုးထလာသည့်အလား ခံစားရပြီး၊ ထိုစကားများကို ပြန်လည်သုံးသပ် ရမည်ဟု ခံစားခဲ့ရသည်။ “အမေမှန်တယ်။ ငါက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်တာ၊ စုံစမ်းလေ့လာမှု တစ်ခုတစ်လေ လုပ်တာ မရှိဘဲ အွန်လိုင်းက အပျက်သဘောဆောင်တဲ့ အကြောင်းအရာတွေ ကို ငါဘာဖြစ်လို့များ ကြောင်းကျိုးမမြင်တော့ဘဲ ယုံခဲ့ပါလိမ့်။ ဒီကမ္ဘာကြီးက စာတန်ရဲ့ ဖောက်ပြန် ပျက်စီးမှု အရမ်းခံရတာဟာ၊ အဲဒါက မုသားတွေနဲ့ လှည့်စားမှုတွေနဲ့ ပြည့်လျှံ နေတယ်။ နေရာတိုင်းမှာ သစ္စာဖောက်မှုတွေ များလိုက်တာဆိုတာ ငါတို့က အဲဒီသစ္စာဖောက်မှုတွေကို တကယ့်ကို သတိမထားနိုင်ဘူး။ ငါက အွန်လိုင်းက သတင်းအချက်အလက်တွေကို ဘာစနစ်တကျ လေ့လာမှုမှ မလုပ်ခဲ့ဘဲ၊ အဲဒါကို ကြောင်းကျိုးမမြင်တော့ဘဲ ယုံကြည်ခဲ့တယ်။ လူတိုင်းပြောတဲ့ဟာကို ငါက သံယောင်လိုက်ပြီး၊ တစ်ဖက်သတ် ကောက်ချက်တစ်ခု ချတယ်။ အဲဒါဟာ ငါက အရမ်းကို ပေါ့ဆပြီး၊ ဉာဏ်မဲ့တာ မဟုတ်ဘူးလား။ အဲဒါဟာ ကောက်ကျစ်သူတွ ေနောက်ကို အတူလိုက်ပြီး၊ တစ်ဖက်သတ် ဝေဖန်အကဲဖြတ်မှုတွေ လုပ်နေတာ မဟုတ်ဘူးလား။” ကျွန်မ စကားတစ်လုံးမျှ မပြောသည်ကို မြင်သည့်အတွက်၊ ကျွန်မ အမေက ကျွန်မကို နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မိတ္ထူတစ်အုပ်လမ်းပေးပြီး၊ “ဒီစာအုပ်ထဲမှာ နောက်ဆုံးသော ကာလမှာ ဘုရားသခင် ပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေ ပါဝင်တယ်။ သမီးအယူအဆတွေကို ဘေးဖယ်နိုင်ပြီး၊ အဲဒီစာအုပ်ကို သေသေချာချာ လေ့လာနိုင်လိမ့်မယ်လို့ အမေမျှော်လင့်ပါတယ်။ အမေတို့ အတူ မိတ်သဟာယပြုနိုင်ဖို့ သမီးမှာရှိတဲ့ ဘာမေးခွန်းမဆိုကို မေးပါ။” ဟု တည်ငြိမ်စွာ ပြောခဲ့သည်။ သို့သော်လည်း ကျွန်မက သမ္မာတရားကို ရှာဖွေခြင်း စိတ်နေစိတ်ထားတစ်ခုဖြင့် ထိုစာအုပ်ကို အမှန်တကယ် ဖတ်နေခြင်းမဟုတ်ပါ။ ထိုအစား ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိကိုယ်ပိုင် အသိပညာနှင့် နှိုင်းဆချင့်ချိန်ပြီး မှန်ကန်ကြောင်း အတည်ပြုချင်လျက် သုတေသီတစ်ယောက်၏ စိတ်နေ သဘောထားရှိခဲ့သည်၊ ပြီးလျှင် ကျွန်မက ထိုနှုတ်ကပတ်တော်များကို ပြန်လည် ၍ပင် ချေပချင်ခဲ့သည်။ ၎င်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ၏ မရိုသေမှု နှင့် ဆန့်ကျင်သော စိတ်နေစိတ်ထားကြောင့် သက်သက်ပင် ကျွန်မက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို မရရှိနိုင်လွန်း လှသည်မှာ တစ်ချိန်လုံး ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်နှင့် အမှန်တကယ် သိကျွမ်းမှု မရှိခဲ့ပါ။ သို့သော်လည်းပဲ ကျွန်မက မိမိ၏ မမှန်ကန်သော အယူအဆများကို ဆက်ဖက်တွယ်ထားပြီး၊ ဘုရားသခင်၏ အမှုတော်အသစ်ကို လက်မခံချင်ခဲ့ပါ။ ကျွန်မက ကျွန်မ အမေနှင့် ထိုအကြောင်း ပြောခဲ့သည်။ “အမေ၊ အရင်က သမီး အွန်လိုင်းမှာ ကြားသမျှ ကောလာဟလတွေ အားလုံးကို ယုံပြီး၊ အမေကို အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းကနေ ပိတ်ပင်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ လက်တွေ့မှာ သမီးက ကြောင်းကျိုးမမြင်ဘဲ၊ ဉာဏ်မဲ့တဲ့သူ ဖြစ်တယ်။ အခုအချိန်ကစပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်မှာ အမေ့ယုံကြည်မှုကို သမီး မဆန့်ကျင်တော့ပါဘူး၊ ဒါပေမဲ့ သမီးက သမီးရဲ့မျှော်မှန်း ထားတဲ့ ကျောင်းကို ဝင်ခွင့်စာမေးပွဲအောင်ဖို့၊ နိုင်ငံရပ်ခြားမှာ သမီးသင်ယူ လေ့လာမှုတွေကို လိုက်စားဖို့ရာ ကုန်ကျစရိတ် အားလုံးထောက်ပံ့တဲ့ ပညာသင်ဆု ကို လက်ခံရရှိဖို့ သခင်ယေရှုရဲ့ နာမတော်ကို သမီး ခေါ်ခဲ့လို့ သမီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမတော်မှာ အမေနဲ့ အတူ ဆုတောင်းဖို့တော့ မဖြစ်နိုင်ဘူး။ သမီးက အရမ်းကြီးမားတဲ့ ကျေးဇူးတော်ကို လက်ခံရရှိခဲ့တာကြောင့်၊ သခင်ယေရှုကို သမီးက ဘယ်လိုလုပ်ပြီး စွန့်ပစ်နိုင်မှာလဲ။ ဒါက အရမ်း ကျေးဇူးကန်းပြီး သစ္စာမဲ့မနေဘူးလား။” ကျွန်မ၏ ဤအယူအဆကို ရည်ရွယ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခုကို ကျွန်မဖတ်ဖို့ သူမက ကျွန်မကို ပေးခဲ့သည်။ “ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)) ထို့နောက် သူမက ဤမိတ်သဟာယကို ကျွန်မကို ဝေငှခဲ့သည်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နာမတော်ကို လက်ခံတာက သခင်ယေရှုကို သစ္စာဖောက်တာလို့ သမီးကထင်တယ်၊ ဒါပေမဲ့ ဒါက လုံးလုံး သမီးရဲ့ အယူအဆနဲ့ စိတ်ကူးတို့ ဖြစ်တယ်။ အမှန်တော့ ယေဝေါဟာ ဘုရားသခင်၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့အား တစ်ပါးတည်း သော ဘုရားသခင် ဖြစ်တယ်။ ပညတ်တော်ခေတ်မှာ ဘုရားသခင်က ယေဟောဝါ ဆိုတဲ့ နာမတော်နဲ့ အခေါ်ခံရတယ်။ သူက ကမ္ဘာမြေပေါ်မှာ လူသားမျိုးနွယ်ရဲ့ အသက်တာကို လမ်းပြဖို့ ပညတ်တော်တွေကို ထုတ်ပြန်ပြီး၊ လူသားမျိုးနွယ်ကို ကြိုးကိုင်ပြီး လမ်းပြဖို့ သူ့တရားတော်နဲ့ ပညတ်တော်တွေကို လူတွေကို လိုက်နာခိုင်းတယ်။ ပညတ်တော်ခေတ်အဆုံးသတ်ခါနီးမှာ လူသားမျိုးနွယ်က စာတန် ဖောက်ပြန် ပျက်စီးတာ ခံရတာဆိုတာ သူတို့က ပညတ်တော်တွေကို လိုက်နာစောင့်ထိန်း နိုင်ခြင်း မရှိတော့ဘဲ၊ လူသားမျိုးနွယ်တစ်ခုလုံးက တရားတော်ရဲ့ စီရင်ခြင်းနဲ့ ကျိန်ဆဲခြင်းအောက်မှာ အသက်ရှင်ခဲ့ကြတယ်။ ကျေးဇူးတော်ခေတ်ရဲ့ အမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်က ယေရှု နာမတော်ကို အသုံးပြုရင်း လူ့ဇာတိခံခဲ့ပြီး၊ လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင် ဖို့ သူက လူအတွက် ထာဝရအပြစ်ဖြေရာယဇ် အနေနဲ့ ကားတိုင်မှာ သံမှိုစွဲခံရ တယ်။ အဲဒီအချိန်ကတည်းက အမေတို့က ကိုယ့်အပြစ်တွေကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်ရှေ့တော်မှောက်ကို လာသမျှ ကာလပတ်လုံး၊ အမေတို့အပြစ်တွေ ပြေလည်ပြီး၊ အမေတို့က ပညတ်တော်ရဲ့ စီရင်ခြင်းနဲ့ ကျိန်ဆဲခြင်းကို နောက်ထပ် ခံရတော့မှာ မဟုတ်ဘူး။ အဲဒီအပြင် အမေတို့က သခင့် အကန့်အသတ်မဲ့ ကောင်းကြီးမင်္ဂလာနဲ့ သနားကရုဏာတို့ကိုလည်း လက်ခံရရှိ တယ်။ ဒါပေမဲ့ အမေတို့ အပြစ်တွေ ခွင့်လွှတ်ခံရပြီး၊ အမေတို့က သခင်ယေရှုရဲ့ ပေါ်လျှံတဲ့ ကျေးဇူးတော်ကို ပျော်မွေ့နိုင်ပေမဲ့လည်း၊ အမေတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝ နဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတို့က သုတ်သင်ဖယ်ရှင်းမခံရ သေးဘူး။ အမေတို့က အပြစ်ကျူးလွန်ပြီးတော့၊ အဲဒီနောက်မှာ အပြစ်တွေကို ဝန်ခံတဲ့ ဆိုးကျိုးသံသရာမှာ အသက်ရှင် နေဆဲဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်အောင် မလုပ်နိုင်ဘူး။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူကို တရားစီရင်ပြီး သန့်စင်မဲ့ သမ္မာတရားတွေကို ဖော်ပြဖို့ အနန္တတန်ခိုးရှင် ဘုရားသခင် အဖြစ်နဲ့ နောက်တစ်ကြိမ် လူ့ဇာတိခံပြီ။ ဒါက လူကို သမ္မာတရားအကြောင်း နားလည်သဘောပေါက်မှု တစ်ခုကို ရစေပြီး၊ ဘုရားသခင် ရဲ့ တရားစီရင်ခြင်း ကတစ်ဆင့် သမ္မာတရား ရရှိခွင့်ပြုတယ်၊ အမေတို့ရဲ့ ဆိုးယုတ်ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပစ်ခွင့်ပြုပြီး၊ ဘုရားသခင်ရဲ့ လုံးလုံးလျားလျား သန့်စင်တာကို ခံရခွင့်ပြုတယ်၊ ပြီးတော့ စစ်မှန်တဲ့ လူ့ပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်ခွင့်ပြုတယ်။ ဒီနည်းလမ်း နဲ့ အဆုံးသတ်မှာ လူဟာ ဘုရားကတိတ်တော်ကို အမွေဆက်ခံဖို့ သင့်တော်လာ နိုင်ပြီး၊ သူ့နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းခံရမယ်။ ဒါ့ကြောင့် သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့ နှစ်ဦးလုံးဟာ ကွဲပြားတဲ့ ခေတ်တွေမှာ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းတွေ ဖြစ်တယ်၊ ပြီးတော့ သူတို့က တစ်ပါးတည်းသော ဘုရားသခင် ဖြစ်တယ်။”

သူမ၏ မိတ်သဟာယပြုခြင်းက ယုတ္တိတန်ပြီး၊ ကျွန်မ ပြန်လည် ချေပနိုင်သည့် အရာတစ်ခုမျှ မရှိပါ၊ သို့သော် ကျွန်မ အယူအဆများက အမျိုးစုံရှိဆဲ ဖြစ်သောကြောင့် ကျွန်မက “အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တဲ့အတွက်၊ သမီးက သူ့ကို ယေရှုနာမတော်နဲ့ပဲခေါ်ခေါ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် နာမတော်နဲ့ပဲခေါ်ခေါ် အားလုံးက အတူတူပဲ။ ဘယ်နာမတော်ပဲခေါ်ခေါ်၊ သူက ကျေးဇူးတော် ပေးသနားတော်မူတဲ့ ဘုရားသခင် ဖြစ်တယ်။” ဟု ချက်ချင်း ပြန်ပြောခဲ့သည်။ “ယေဟောဝါ ဘုရားသခင်၊ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်တို့က တစ်ပါးတည်းသော ဘုရားသခင် ဖြစ်တယ်။” ဟု ကျွန်မ အမေက တုံ့ပြန်လေသည်၊ “ဒါက သေချာပေါက်ကို မှန်ကန်တယ်၊ ဒါပေမဲ့ ဘုရားသခင်က ခေတ်တစ်ခုချင်းစီမှာ ကွဲပြားတဲ့ နာမတော်တစ်ခုကို ယူတယ်။ ဒါ့ကြောင့် အမေတို့က ဘုရားနာမတော်အသစ်ကို လက်ခံခြင်းအားဖြင့်သာ ဘုရားကယ်တင်ခြင်းကို လက်ခံရရှိနိုင်တယ်။ အဲဒါဟာ ပညတ်တော်ခေတ်မှာ ဘုရားသခင်က အမှုတော်ကို ဆောင်ရွက်ဖို့ ယေဟောဝါ နာမတော်ကို အသုံးပြုပုံလိုပဲ၊ ပြီးတော့ လူတွေက ယေဟောဝါနာမတော်နဲ့ ဆုတောင်းကြပြီး၊ ဘုရားသခင် က နားညောင်းပြီး၊ လူကို ကောင်းကြီး မင်္ဂလာပေးတယ်။ အဲဒီနောက်မှာ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်က အမှုတော်ကို ဆောင်ရွက်ဖို့ သခင်ယေရှုနာမတော်ကို အသုံးပြုတယ်၊ ပြီးတော့ လူတွေက ယေရှုနာမတော်မှာ ဆုတောင်းဖို့ လိုအပ်တယ်၊ မဟုတ်ရင်တော့ သူတို့ အပြစ်တွေက ခွင့်လွှတ်ခံရမှာ မဟုတ်သလို၊ သူတို့က သခင့်ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာတို့ကို လက်ခံရရှိမှာ မဟုတ်ဘူး။ အဲဒါက ဗိမာန်တော်မှာ ယေဟောဝါဘုရားသခင် အော်ခေါ်တဲ့လူတွေက ဘုရားသခင်ရဲ့ မျက်မှောက်တော် ကို မရသလို၊ သခင်ယေရှုနာမတော်ကို လက်မခံလို့ သခင်ယေရှုကယ်တင်ခြင်းကို မရတဲ့သူတွေလို ဖြစ်နေတယ်။ အခု နိုင်ငံတော်ခေတ်ဖြစ်ပြီး၊ ဘုရားသခင်က အမှုတော်အသစ်ကို ဆောင်ရွက်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင် နာမတော်ကို အသုံးပြုနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် နာမတော်မှာ ဆုတောင်းမှ သာလျှင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို လက်ခံရရှိနိုင်ပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ကို ရရှိနိုင်မှာဖြစ်တယ်။ သမီးက ယေရှုနာမတော်ကိုသာ ဖက်တွယ်ထားပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် နာမတော်ကို လက်ခံရင်၊ သမီးက ဘုရားအတိတ် အမှုတော်ကိုသာ အမှန်တကယ် ယုံကြည်ပြီး၊ ဘုရား လက်ရှိ အမှုတော်ကို အာခံနေတာဖြစ်တယ်၊ အဲဒါဟာ အနှစ်သာရအားဖြင့်ဆိုရင် ဘုရားသခင်ကို အာခံခြင်းနဲ့ သစ္စာဖောက်ခြင်းပဲ။ သမ္မာကျမ်းစာထဲမှာ- ‘သင်သည် အသက်ရှင်ဟန်ရှိ သော်လည်း သေလျက်နေ သည်ကို ငါသိ၏။(ဗျာဒိတ်ကျမ်း ၃:၁) လို့ပြောထားတယ်။ ဘုရားနာမတော် အသစ်ကို လက်ခံခြင်းနဲ့ သူ့လက်ရှိနှုတ်ကပတ်တော်နဲ့ အမှုတော် တို့ကို ကျိုးနွံနာခံခြင်း တို့နဲ့သာလျှင် အမေတို့က ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ စစ်မှန်မှုရှိမယ်။ အမေပြောနေတာ သမီးနားလည်ရဲ့လား။”

ကျွန်မ အမေပြောနေသည့် အရာများအားလုံးက သင့်တင့်လျောက်ပတ်ပြီး လက်တွေ့လည်းကျသည်ဟု ကျွန်မ ခံစားရသော်လည်း၊ သခင်က ကျွန်မပေါ် များစွာ ကြီးမားသော ကျေးဇူးတော်ကို ပေးသနားတော်မူခဲ့သောကြောင့် ကျွန်မ စိတ်နှလုံးထဲတွင် ယေရှု နာမတော်ကို လက်မလွှတ်နိုင်ဆဲသာ ဖြစ်သည်။ ယနေ့ ကျွန်မ ရှိသမျှ အရာအားလုံးကို သခင်ယေရှုက ပေးခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ နဂိုမူလ ကတိကို မတည်ဘဲ မနေနိုင်ပါ၊ သခင့်ကို ကျွန်မ ယုံကြည်ခြင်းအား ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ဖို့နှင့် သခင့်နောက်ကို လိုက်ဖို့တို့ ဖြစ်သည်။ အကျိုးဆက်အားဖြင့်၊ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဧဝံဂေလိကို ဆက်ငြင်းဆန်ခဲ့သည်။

ကျွန်မ နွေရာသီအပန်းဖြေခရီး ပြီးဆုံးသွားပြီးနောက်၊ ကျွန်မ အမေရိကန် နိုင်ငံသို့ ပြန်ခဲ့သည်၊ ကျွန်မ၏ မအားလပ်သော လေ့လာမှုများနှင့် ဇယ်ဆက် သကဲ့သို့ အလုပ်များသည့် ဘဝတို့က ကျွန်မကို “တကယ့်” လောကထဲသို့ အမြန် ခေါ်ဆောင်သွားခဲ့သည်။ ကျွန်မက အသင်းတော် ဝတ်ပြုအစီအစဉ်များသို့ ပြန်သွားတိုင်း တရုတ်အသင်းတော်တစ်ခုမှ သင်းအုပ်ဆရာတစ်ယောက် ဖြစ်စေ၊ အင်္ဂလိပ်စကားပြော အသင်းတော် တစ်ခုမှ သင်းအုပ်ဆရာတစ်ယောက်ဖြစ်စေ ဒေသနာတစ်ခုမှ အသစ်တစ်ခု တစ်လေ မပါသည်ကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ သီချင်းဟောင်း များချည်းသာ ဖြစ်ပြီး၊ တစ်ချိန်လုံး ကခုန်ကြသည်။ အသင်းတော် အသက်တာက ငြီးငွေ့ဖွယ်ကောင်းပြီး၊ ကျွန်မ အသက်တာတွင် မည်သည့် ထောက်ပံ့မှုမျှ ရနေသည်ဟု မခံစားရပါ။ သူတို့၏ လူအုပ်ကို ထိန်းသိမ်းဖို့ ကြိုးစားအားထုတ်ရာတွင် အသင်းတော် လုပ်ဖော်ကိုင်ဖက်များက ကျွန်မတို့အားလုံး ပါဝင်ဖို့ ခရီးများ၊ အပျော်ခရီးများ၊ ပျော်ပွဲရွှင်ပွဲများနှင့် အခြား လုပ်ဆောင်ချက်များအားလုံးကို မကြာခဏ စီစဉ်ခဲ့သည်။ အသင်းတော်တွင် ဘာသာရေးကိုင်းရှိုင်းသော ရှာဖွေသူများ အမှန်တကယ် မဟုတ်သည့် လူများစွာ ပါဝင်လျက်၊ လူအမျိုးမျိုး ရှိသော်လည်း၊ ထိုအစား ရည်စား၊ အခန်းဖော်၊ ခရီးအတူသွားဖို့ တစ်ယောက်ယောက်က၊ အစားအတူစားဖို့ တစ်ယောက်ယောက် စသည်တို့ကိုသာ ရှာဖွေနေကြသည်၊ ပြီးလျှင် အသင်းတော်သည် ကျွန်မ၏ တည်ငြိမ်သော စိတ်ကို ရှာဖွေဖို့ နေရာတစ်ခု လုံးဝမဟုတ်တော့သည်ကို ကျွန်မ နားလည်သဘောပေါက် ခဲ့သည်။ ဤအရာက နာကျင်မှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ နောက်ပိုင်းတွင် ကျွန်မက ဝတ်ပြုအစီအစဉ်များတွင် ပါဝင်ခြင်း လုံးလုံး ရပ်လိုက်သည်၊ သို့သော် ကျွန်မမှာ မပြတ် စိုးရိမ်ကြောင့်ကြမှု အခြေအနေ တစ်ခုတွင် ရှိနေခဲ့သည်။ ကျွန်မက လမ်းပျောက်သွားသည့် ဘဝကို တွေဝေမှုဖြင့် ဖြတ်သန်းသွားနေသည့် မျှော်လင့်ချက်မဲ့ ကလေးတစ်ယောက် ကဲ့သို့ ခံစားရသည်။

၂၀၁၄ ခုနှစ်တွင် ကျွန်မ သားလေးတစ်ယောက် မွေးပြီးနောက်၊ ကျွန်မတို့ ကလေးကို တိုက်ကျွေးဖို့ ကျွန်မမှာ မိခင်နို့တစ်စက်မျှ မရှိသောကြောင့် ကျွန်မနှင့် ကျွန်မ ခင်ပွန်းတို့အကြား ပဋိပက္ခက ပိုပြင်းထန်လာခဲ့သည်။ သူက နေ့စဉ် အလုပ်မှ အိမ်ပြန်ရောက်တိုင်း၊ သူ့ပါးစပ်မှ ပထမဆုံးထွက်သည့် အရာမှာ “အဲဒီမှာ ဘယ်လိုလုပ်ပြီး ဘာမှ မရှိသေးတာလဲ။ မိခင်နို့မရှိဘဲ၊ ငါ့သားကိုယ်ခံအားက ထိခိုက်တော့မယ်။” ဟု ဖြစ်သည်။ ဤသည်မှာ ကျွန်မမှာ ထိုကဲ့သို့ ညံ့ဖျင်းခြင်း ခံစားချက်တစ်ခုကို ခံစားဖူးခြင်း ဖြစ်သည်- ကျွန်မက မိခင်တစ်ယောက် ဖြစ်ဖို့ လုံးလုံး မသင့်တော်သည့်အလား ခံစားခဲ့ရသည်။ ကျွန်မ အနောက်တိုင်းနှင့် တရုတ်ဆရာနှစ်ဦးလုံး တွေ့ခဲ့ပြီး၊ အွန်လိုင်းတွင် အိမ်တွင်းဆေးမြီးတို များအတွက်ပင် ရှာဖွေခဲ့သော်လည်း နို့ထွက်ဖို့ မည်သည့် အရာမျှ အထောက်အကူ မဖြစ်ခဲ့ပါ။ ကျွန်မ နာကျင်ပြီး၊ ဝမ်းနည်းကာ၊ ဒေါသထွက်သည်မှာ ကျွန်မက စိတ်ပင်ပန်းလွန်ဝေဒနာကို ခံစားရလုနီးပါး ဖြစ်သည့် အလားဖြစ်ပြီး၊ ထိုအရာက ဆက်ဖြစ်နေပါက၊ ကျွန်မ မကြာမီရူးသွပ်တော့မည်ဟု ခံစားခဲ့ရသည်။ ကလေးမွေး ပြီးနောက် ကျွန်မ နာလန်ထချိန်တစ်ခုလုံး ကျွန်မ မျက်နှာမှာ မျက်ရည်များဖြင့် မပြတ်စိုရွှဲနေပြီး၊ ကျွန်မ မည်သည့်အရာကို လုပ်ပါစေ၊ ဤအရာက အဘယ့်ကြောင့် ကျွန်မကို လာဖြစ်ပျက်နေသည်ကို ကျွန်မ နားမလည်နိုင်ခဲ့ပါ။ မပြောပြနိုင် လောက်သည့် ကြောက်စိတ်မွှန်ခြင်းတစ်ခု ကျွန်မပေါ် ကျရောက် သည်ဟု မကြာခဏ ခံစားခဲ့ရပြီး၊ ကျွန်မက “မိခင်နို့” သို့မဟုတ် “နို့တိုက်ကျွေးခြင်း” တို့ကဲ့သို့ စကားများကို ကြားရုံမျှဖြင့်၊ ကျွန်မက ချက်ချင်း ဟီးခနဲ ရှိုက်ငိုကာ၊ မိမိကိုယ်ကို လုံးလုံး မထိန်းချုပ်နိုင်ခဲ့ပါ။

ကျွန်မအမေက ကျွန်မကြုံနေရသည့် ခက်ခဲသော အခြေအနေကို သိရ ပြီးနောက်၊ ကျွန်မကို စောင့်ရှောက်ဖို့ သူမက ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ လာခဲ့သည်။ ကျွန်မ မည်မျှ ဒုက္ခခံစားနေသည်ကို သူမမြင်သည့် အချိန်တွင် သူမက “သမီးဘဝထဲမှာ အမှောင်တွေ ဘာဖြစ်လို့ ပိုမိုများလာတာလဲဆိုတာ၊ ဘာဖြစ်လို့ ဆင်းရဲဒုက္ခနဲ့ ပိုပိုပြည့်လာလဲဆိုတာကို သမီးတွေးဖူးလား။ အဲဒါက ဘာဖြစ် လို့လဲဆိုတော့ သမီးက ဘုရားသခင်ကို ယုံကြည်ပေမဲ့ သမ္မာတရားကို မရှာဖွေ လို့ပေါ့။ သခင်က ပြန်ကြွလာပြီ၊ ဒါပေမဲ့ သမီးက မရှာဖွေဘူး၊ မစုံစမ်း မစစ်ဆေးဘူး။ အဲဒီအစား လူတိုင်း ပြောနေတာတွေအတိုင်း လိုက်ပြီးတော့၊ ဘုရားအမှုတော်အသစ်ကို တစ်ဖက်သတ် ဝေဖန်အကဲဖြတ်ရင်း သမီးရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေကိုသာ ကြောင်းကျိုးမမြင်တော့ဘဲ ဖက်တွယ် ထားတယ်။ ဒါက ဘုရားသခင်ကို အာခံနေတာပဲ။ သမီးက ဘုရားအမှုတော်သစ်ကို လက်မခံ နေဘူး၊ ဒါ့ကြောင့် သမီးက ဘုရားသခင်ရဲ့ စောင့်ရှောက်မှု နဲ့ ကွယ်ကာမှုတို့ကို ဆုံးရှုံးရတယ်။ သမီးက စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်နေပြီး၊ ဒါက သမီးရဲ့ ဘဝကို ပိုပိုများတဲ့ ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက်စေရင်း သမီးကို ထိခိုက်စေပြီး၊ စာတန်ရဲ့ ကစားတာကို ခံရတာနဲ့ပဲ သမီးကို ကျန်ခဲ့စေ လိမ့်မယ်။” ဟု ကျွန်မကို ပြောခဲ့သည်။ ကျွန်မ အမေက ဤစကားများ ပြောသည်ကို ကြားလျက်၊ ကျွန်မ တိတ်ဆိတ်မှုထဲ နစ်မြုပ်သွားသည်။ နောက်နေ့များတွင် အမေက ကျွန်မကလေးကို သိပ်တိုင်း၊ ကျွန်မနားထောင်ဖို့ ဘုရားနှုတ်ကပတ်တော်များ ဓမ္မသီချင်းတစ်ချို့ကို ဖွင့်လေသည်။ အံ့သြဖွယ် ကောင်းသည့် အရာတစ်ခု ဖြစ်ခဲ့သည်- ကျွန်မ စိတ်က ဤဓမ္မသီချင်းများ၏ တေးဂီတနှင့် အတူ ဖြည်းဖြည်းချင်း ငြိမ်သက်မှုကို မမျှော်လင့်ဘဲ စတင် ရှာတွေ့ခဲ့သည်။ တစ်ကြိမ်တွင် ကျွန်မ ဤဓမ္မသီချင်းကို နားထောင်ခဲ့သည်။ “လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ စာတန်ကို အစေခံလျက်ရှိနေသေးသော်လည်း ထိုအချက်ကို မသိသည်အထိပင် လူသား၏နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ ခြေလှမ်းများနှင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တက်တက်ကြွကြွ ရှာဖွေခြင်းမရှိပေ၊ ထို့ပြင် မည်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ စောင့်ရှောက်ပေးမှုနှင့် ထိန်းသိမ်းပေးမှုထဲ၌ တည်နေလိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ဤလောကကြီးနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ၊ ထို့အပြင် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့ လိုက်နာကျင့်သုံးသည့် ဖြစ်တည်မှုစည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်ရန်အလို့ငှာ ဆိုးယုတ်သည့်သူဖြစ်သော စာတန်၏ ယိုယွင်းပျက်စီးခြင်းအပေါ် အမှီပြုလိုကြသည်။ ဤအချိန်တွင် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စာတန်အတွက် လူသား၏ လက်ဆောင်ပဏ္ဏာ ဖြစ်သွားခဲ့ကာ စာတန်၏ ခဲဖွယ်စားဖွယ် ဖြစ်သွားသည်။ ထိုထက်ပင်ပို၍ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်နိုင်သည့် နေရာတစ်ခုနှင့် ၎င်းနှင့် သင့်တော်သည့် ပျော်ပါးရာနေရာတစ်ခုဖြစ်လာသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများနှင့်ဆိုင်သည့် သူ၏ နားလည်ခြင်း၊ ထို့ပြင် လူသားဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်တို့ နှင့်ဆိုင်သည့် သူ၏နားလည်ခြင်းတို့ကို အမှုမဲ့အမှတ်မဲ့ ဆုံးရှုံးလိုက် ရသည်။ ဘုရားသခင်၏ ပညတ်တရားများနှင့် ဘုရားသခင်နှင့် လူသားကြားမှ ပဋိညာဉ်သည် လူသား၏နှလုံးသားထဲမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ပြီး သူသည် ဘုရားသခင်ကို ရှာဖွေခြင်း၊ သို့မဟုတ် ဂရုပြုခြင်း မရှိတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်က သူ့အား အဘယ်ကြောင့် ဖန်ဆင်းခဲ့သည်ကို နားမလည်တော့သကဲ့သို့ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ထံမှလာသော အရာအားလုံးတို့ကို နားမလည်တော့ပေ။ ထို့နောက် လူသားသည် ဘုရားသခင်၏ ပညတ်တရားများနှင့် အမိန့်များကို စတင်အာခံလာသည်၊ ထို့ပြင် သူ၏နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထုံထိုင်းလာသည်...။ ဘုရားသခင်သည် သူမူလအစက ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးသွားပြီး လူသားသည် သူ၏ မူလအရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။(သိုးသငယ်နောက် လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဖောက်ပြန်သောလူသား၏ ကြေကွဲဖွယ်”) အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော်များ စာကြောင်း တိုင်းက ကျွန်မစိတ်နှလုံးကို ဆွဲကိုင်ခဲ့သည်။ ကျွန်မက ဘုရားနှုတ်ကပတ်တော် များက ဖော်ပြထားသည့် အခြေအနေထဲ အတိအကျ ရောက်နေကြောင်း၊ ဘုရားသခင်ကို ကျွန်မ စကားများဖြင့် အသိအမှတ်ပြုခဲ့သော်လည်း၊ အမှန်မှာမူ ကျွန်မစိတ်နှလုံးက စာတန်၏ လုံးလုံးလျားလျား ပိုင်ဆိုင်ခြင်းခံရကြောင်းတို့ကို ကျွန်မ မြင်နိုင်သည်။ ကျွန်မ၏ အတွေးများနှင့် ခံစားချက်များအားလုံးတို့က ဇာတိခန္ဓာနှင့် ပတ်သက်သည့် အရေးကိစ္စ များသာ ဖြစ်ပြီး၊ ကျွန်မ ရှာဖွေလိုက်စားသည့် အရာမှာလည်း ဇာတိခန္ဓာသာ ဖြစ်ကာ၊ ကျွန်မ လျှောက်နေသည့် လမ်းက လောကီဆိုင်ရာ လမ်းကြောင်း ဖြစ်လေသည်။ သမ္မာကျမ်းစာထဲတွင် “ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ် ၏။ ဝိညာဉ်ပကတိ စိတ်သဘောသည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။” (ရောမ ၈:၆) “လောကီ မိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြ သလော။ ဤလောကနှင့် မိဿဟာယဖွဲ့ လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။” (ရှင်ယာကုပ် သြဝါဒစာ ၄:၄) ဟု ပြောထားသည်။ ကျွန်မ လုပ်ရပ်တစ်ခုမျှ ဘုရားအလိုတော်နှင့် မည်သို့ မကိုက်ညီဘဲ၊ ဘုရားသခင်ကို လုံးလုံး ဆန့်ကျင်ခြင်းသာ ဖြစ်နေသည်ကို ကျွန်မ တွေးမိသည်။ ကျွန်မက ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာပြီး၊ ဆုတောင်းခဲ့သည်။ “အိုဘုရားသခင်၊ ဒီအရာတွေကို ရှိခြင်းက လုံလောက်သင့်ပြီလို့ တွေးရင်း ကျွန်မက ကိုယ့်ဘွဲ့ဒီဂရီ၊ ကိုယ်ပိုင် အမှတ်လက္ခဏာ၊ အိမ်ထောင်ရေးနဲ့ ဒီကမ္ဘာရဲ့ တခြားအရာတွေကို ချစ်မြတ်နိုးတာကြောင့် ဒီနေ့ ဒီအခြေအနေမှာ ရောက်နေတာဖြစ်ပါတယ်။ ကျွန်မ သမ္မာတရားကို တကယ့်ကို မရှာဖွေသလို၊ ဘုရားကို သိကျွမ်းခြင်းကိုလည်း မရှာဖွေခဲ့တာဟာ ကိုယ်တော်က ကျွန်မ စိတ်နှလုံး တံခါးကို ခေါက်ပြီး၊ ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားတို့ကို ကျွန်မ မျက်လုံးတွေရှေ့ တည့်တည့်မှာ ချပြပေးတိုင်း၊ ကျွန်မက ဒါကို တန်ဖိုးမထား နိုင်ခဲ့ပါဘူး။ အမှုတော်အသစ်ကို ကိုယ်တော် ဆောင်ရွက်ဖို့ ကြွလာတယ်လို့ ကျွန်မ ကြားတဲ့အချိန်မှာ၊ ကျွန်မက တစ်ယူသန်ပြီး၊ ခေါင်းမာတဲ့အပြင်၊ အခြေအမြစ်မရှိတဲ့ ဝေဖန်အကဲဖြတ်မှုတွေ လုပ်ခဲ့ပါတယ်။ ကျွန်မ အမေရဲ့ မိတ်သဟာယပြု ခြင်းတွေမှာ ယုတ္တိရှိတယ်ဆိုတာကို ကျွန်မ လုံးလုံးလျားလျား သတိပြုမိပေ မဲ့လည်း မှန်ကန်တဲ့ လမ်းကို စုံစမ်း စစ်ဆေးခြင်းမရှိဘဲ ကျွန်မကိုယ်ပိုင် အယူအဆတွေကိုသာ ခေါင်းမာမာနဲ့ စွဲကိုင်ထားပါတယ်။ အိုဘုရားသခင်၊ သမ္မာတရားကို ငြင်းပယ်နေရင်း ကိုယ်တော့်ကျေးဇူးတော်ကို ကျွန်မ ချစ်မြတ်နိုးခဲ့ပါတယ်- ကျွန်မဟာ တကယ့်ကို ခေါင်းမာပြီး ပုန်ကန်လိုပါတယ်။ ကိုယ်တော်သာ ကျွန်မကို အခွင့်တစ်ခု ပေးဦးမယ်ဆိုရင်၊ ကိုယ်တော့်အမှုတော်ကို ကျွန်မ စွမ်းရည်ရှိသမျှ သေချာပေါက် အကောင်းဆုံး စုံစမ်းစစ်ဆေးပါ့မယ်။” ထိုအချိန်တွင် ထိုသို့သော ဆုတောင်းချက်မျိုးကို ဘုရားသခင် နားညောင်းခြင်း ရှိမရှိကို ကျွန်မ မသိခဲ့သော်လည်း၊ ဤနည်းဖြင့် ဘုရားခင်ကို ကျွန်မ ဆက်ပြီး အော်ခေါ်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် ဧပြီလတွင် ကျန်းမာရေး ပြဿနာတစ်ခုကြောင့် ကျွန်မ အမေနှင့် တရုတ်ပြည်သို့ ကျွန်မ ပြန်သွားခဲ့ပြီး၊ ၎င်းက ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ဆက်သွယ်မိဖို့ အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ကျွန်မက ဤလောကတွင် ပျော်ရွှင်မှုမရှိဘဲ ကြိုးစား ရုန်းကန်ခဲ့ရပုံအကြောင်း နှင့် ဘာသာတရားတွေလည်း ကျွန်မက မိမိစိတ်နှလုံးတွင်ရှိသော အမှောင်နှင့် အနှစ်သာရမဲ့ခြင်း တို့ကို ဖယ်ရှားပေးနိုင်သည့် သမ္မာတရားကို မရှာနိုင်ပုံ အကြောင်းကို တွေးမိသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင် ဤပြင်းထန်သော အသိစိတ် တစ်ခုရှိနေပြီး၊ ၎င်းက ကျွန်မ လက်ခံဖို့ အဆက်မပြတ် ငြင်းဆန်ခဲ့သော၊ ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်ဖို့ ကူညီပေးသော၊ အမေရိကန်နိုင်ငံသို့ ကျွန်မကို ပို့ပေးသော ကယ်တင်ရှင် ယေရှုဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤအရာက ကျွန်မထံ ရုတ်တရက် ပေါ်ပေါက်လာ သည့်အချိန်တွင် ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၌ အသင်းတော် လုပ်ဆောင်ချက်များ၌ ပါဝင်ဆောင်ရွက်လိုသည်ကို ကျွန်မအမေကို ပြောလိုက်သည်။ မကြာမီပင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများက ကျွန်မကို လာတွေ့ခဲ့ပြီး၊ သူတို့ အတူဆုံကြသည့် အချိန်တွင် သူတို့ဖတ်သည့် အရာမှာ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်၊ သူတို့ မိတ်သဟာယပြုသည့် အကြောင်းအရာမှာ သမ္မာတရားဖြစ်ပြီး၊ သူတို့လက်တွေ့ လုပ်ဆောင်သည့် အရာက သမ္မာတရားဖြစ်သည်ကို ကျွန်မတွေ့ခဲ့သည်။ သူတို့မည်သည့်အရာကို လုပ်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူတို့၏ စံနှုန်းများအဖြစ် အစေခံပြီး၊ သမ္မာတရားက သူတို့ အခြေခံမူအဖြစ် အစေခံသည်။ သူတို့က ဇာတိခန္ဓာအတိုင်း မပြုမူသလို၊ အချင်းချင်း လောကီဆိုင်ရာ ကိုင်တွယ် ဖြေရှင်းမှု မရှိပါ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သမ္မာတရား အုပ်စိုးသည့် ခါနန်ပြည်၏ နယ်မြေကောင်း ဖြစ်သည်ကို ကျွန်မ တွေ့ရသည်- ကျွန်မစိတ်ဝိညာဉ်က ထိုနေရာ၌ ပြည့်ဝခဲ့သည်၊ ကျွန်မ ထောက်ပံ့ခံရပြီး၊ ကျွန်မ စိတ်နှလုံးက နောက်ထပ် အနှစ်သာရမမဲ့တော့ပါ- ကျွန်မက စိတ်ချမ်းသာမှု၏ အသိစိတ်တစ်ခု ရရှိခဲ့သည်။

တစ်နေ့တွင် ညီအစ်ကိုမောင်နှတစ်ချို့နှင့် နောက်ထပ် ဝတ်ပြု အစည်းအဝေး တစ်ခု၌ အစ်မဝမ်းက ဘုရားနှုတ်ကပတ်တော်များမှ ဤကျမ်းပိုဒ်ကို ဖတ်ပြခဲ့ သည်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် အဖ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) ဤဘုရား နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်က ကျွန်မကို နက်ရှိုင်းစွာ တို့ထိခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ့ကလေးက မကြာမီ သူ့အပါးသို့ ပြန်လာရန်အတွက် မျှော်လင့်တကြီး စောင့်စားလျက် ပျောက်ဆုံးနေသည့် ကလေးတစ်ယောက် အတွက် အော်ခေါ်နေသည့် ချစ်သောအမေတစ်ယောက် ကဲ့သို့ဖြစ်သည်။ ဤသည်မှာ သခင့်အသံတော် ဖြစ်သည်ကို ကျွန်မ ကြားနိုင်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်မကို ဘေးကျပ်နံကျပ်ကာလ တစ်ခုပြီးတစ်ခု ကျော်လွှားဖို့ မကြာခဏ ကူညီခဲ့သည့် သခင်ယေရှုဖြစ်ကြောင်း နှင့် လမ်းတွင် ခြေတစ်လှမ်းမျှ ကျွန်မကို မထားခဲ့ဘဲ ကျွန်မ ပြန်လာဖို့ ဇွဲကောင်းကောင်းဖြင့် စောင့်ဆိုင်းခဲ့ကြောင်းတို့ကို ကျွန်မ နားလည်သဘောပေါက် ခဲ့သည်။ ကျွန်မက ဘုရားသခင်ကို မည်သို့ ယုံကြည်သော်လည်း သမ္မာတရားကို မရှာဖွေသသလို၊ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်ခဲ့ဘဲ၊ ထိုအစား အွန်လိုင်း ကောလာဟလများနှင့် သင်းအုပ်ဆရာများ၏ စကားများကို ယုံခဲ့သည့် အကြောင်း ကျွန်မ တွေးမိသည်။ ကျွန်မကို နေ့နေ့ညည စောင့်ရှောက်ခဲ့သည့် ဘုရားသခင်ကို ကဲ့ရဲ့ရှုတ်ချပြီး တိုက်ခိုက်ရာတွင် တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေး အသိုင်းအဝိုင်းမှ သင်းအုပ်ဆရာများတို့ကို ပူးပေါင်းလျက် ရန်သူကို သစ္စာခံခဲ့သည်။ ကျွန်မက ဘုရားသခင်၏ ကယ်တင်ခြင်းကို ငြင်းပယ် ခဲ့သည်။ ကျွန်မသည် အမှန်တကယ်ကို ကြောင်းကျိုးမမြင်တော့ဘဲ၊ ဉာဏ်မဲ့ခဲ့လေ သည်။ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်ခြင်းက ကျွန်မ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးတို့ကို အခြေခံနေဆဲသာ ဖြစ်သည်။ သခင်ယေရှုက ကျွန်မကို ကောလိပ် ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ဖို့ ကူညီခဲ့ပြီး၊ ကျွန်မ၏ သင်ယူ လေ့လာမှုများကို ရှာဖွေလိုက်စားဖို့ အထစ်အငေါ့မရှိဘဲ နိုင်ငံခြားသို့ သွားဖို့ လမ်းပြခဲ့သောကြောင့် ကျွန်မက သခင်ယေရှု၏ နာမတော်ကို အမြဲတမ်း ဆက်သစ္စာစောင့်သိခဲ့ကြောင်း၊ နှင့် ဤအရာတစ်ခုတည်းကပင် သခင့်အတွက် ဆက်ကပ်အပ်နှံခြင်း ဖြစ်ကြောင်း ကျွန်မ ယုံကြည်ခဲ့သည်။ ကျွန်မ၏ အမှုအရာများနှင့် ပတ်သက်သည့် အမြင်ရှုထောင့်တွင် ကျွန်မ၏ အယူအဆများနှင့် စိတ်ကူးများကို မှီခိုခဲ့သည်။ ဘုရားသခင်က ခေတ်အသစ်ကို စတင်ပြီး၊ နာမတော်အသစ်ကို ယူသည့်အချိန်တွင်၊ ကျွန်မက ဘုရားအမှုတော် အသစ်ကို သတိမပြုမိဘဲ၊ ကျွန်မ အတွက် ဘုရားကယ်တင်ခြင်းကို မကြာခဏ ကျွန်မ ငြင်းပယ်ခဲ့သည်။ ယင်းက ဘုရားသခင်တွင် ဘယ်လိုလုပ်ပြီး ယုံကြည်မှု ရှိခြင်း ဖြစ်ရသနည်း။ ၎င်းက မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းသာ မဟုတ်ပါလား။ ဘုရားသခင်က ကျွန်မကို ပေးသည့်အရာမှာ ချစ်ခြင်းမေတ္တာသက်သက်သာ ဖြစ်သော်လည်း၊ ကျွန်မ ဘုရားသခင်ကို မကြာခဏ နာကျင်စေခဲ့သည်။ ဘုရားသခင်ကို ကျွန်မ အလွန် ကြီးစွာသော အကြွေးတင်ရှိသည်ကို ကျွန်မ သိပါသည်။

ကျွန်မ လုံးလုံး ဒူးထောက်ပြီး၊ ဘုရားသခင်ထံ ဆုတောင်းရင်း ခါးသီးသော မျက်ရည်များ ကျခဲ့သည်။ “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကျွန်မဟာ ကြောင်းကျိုးမမြင်တော့ဘဲ၊ ဉာဏ်မဲ့ခဲ့ပါတယ်။ ကျွန်မက တရုတ် ကွန်မြူနစ် ပါတီ အစိုးရနှင့် ဘာသာရေးလောကတို့၏ ကောလာဟလများကို ယုံကြည်ခဲ့ ပါတယ်။ ကိုယ်တော့်ကို ကျွန်မ စွန့်ပယ်ပြီး၊ ပြစ်တင်ရှုတ်ချ ခဲ့ပါတယ်၊ ပြီးတော့ ကိုယ်တော့်ကို ဘောင်ခတ်ဖို့ ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ကူးတွေနဲ့ အယူအဆတွေကို မှီခိုခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်မ ငြင်းပယ်ခဲ့တယ်- ကျွန်မက ခေတ်သစ် ဖာရိရှဲပါပဲ။ ကျွန်မ အပြုအမူတွေနဲ့ လုပ်ဆောင်ချက်တွေကို အခြေခံပြီး၊ စာတန်နဲ့ အတူ ကျွန်မ ဖျက်ဆီးခံရ သင့်ပါတယ်၊ ဒါပေမဲ့ ကျွန်မအတွက် ကိုယ်တော့် ချစ်ခြင်းမေတ္တာ ကြောင့် ကိုယ်တော်က ကျွန်မကို နောင်တရဖို့ မကြာခဏ အခွင့်အရေးတွေ ပေးခဲ့တယ်။ အိုဘုရားသခင်၊ နိနေဝေမြို့က လူတွေလိုပဲ ကိုယ်တော့် ရှေ့တော်မှောက်ကို ‘လျှော်တေအဝတ်နဲ့ ပြာတွေ’ နဲ့လာဖို့၊ ကိုယ်တော့်ကို ကျွန်မ အပြစ်တွေကို အမှန်တကယ် ဝန်ခံဖို့တို့ကို ကျွန်မ လိုလားပါတယ်၊ ပြီးတော့ ကျွန်မကို သနားကရုဏာထားဖို့ ကိုယ်တော့်ကို အနူးအညွတ် တောင်းပန်ပါတယ်။ ကျွန်မ ကိုယ်တော်နဲ့ ပူးပေါင်းပြီး၊ ကိုယ်တော့် နှုတ်ကပတ်တော်ရဲ့ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းခံရဖို့ ဆန္ဒရှိပါတယ်။”

ထို့နောက် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကို မောင်နှမများက ကျွန်မကို သီတင်းတစ်ပတ်လျှင် သုံးကြိမ် လာတွေ့ခဲ့ကြသည်။ ဤအရာက လေးလကြာသည်အထိ အနှောင့်အယှက်မရှိ ဆက်သွားနေခဲ့သည်။ ဤအချိန်အတွက် ကျွန်မက နေ့တိုင်းနီးပါး ဘုရားနှုတ်ကပတ်တော်မှ ကျမ်းပိုဒ် တစ်ချို့ကို ဖတ်ခဲ့ပြီး၊ သမ္မာတရားကို ပိုပိုနားလည်သဘောပေါက် လာသည်နှင့် အညီ၊ ဘုရားသခင်နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးက ပိုပို ကောင်းမွန် လာပြီး၊ ကျွန်မ၏ နဂိုမူလ ယုံကြည်မှုက ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျွန်မ၏စိတ်နှလုံးတွင် ငြိမ်သက်မှုကို ခံစားရပြီး၊ ကျွန်မက စိုးရိမ်ကြောင့်ကြခြင်း သို့မဟုတ် အထီးကျန်ခြင်းတို့ကို နောက်ထပ် မခံစားရတော့ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရား အကြောင်း မိတ်သဟာယပြုခြင်းတို့မှ တစ်ဆင့် ကျွန်မက ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်နှင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်မတောင့်တခဲ့သည့် ပြန်ကြွလာသော သခင်ယေရှုဖြစ်သည်ကို လုံးလုံး သေချာလာခဲ့သည်။ ကျွန်မကို လမ်းဆုံးအထိ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်ကို လိုက်ဖို့၊ သမ္မာတရားကို ရှာဖွေလိုက်စားသည့် သူတစ်ယောက် အဖြစ်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ သန္နိဌာန် တစ်ခု ချမှတ်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကျွန်မ အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို သူတို့၏ ဝဘ်ဆိုက်မှ တစ်ဆင့် ဆက်သွယ်ခဲ့ပြီး၊ သူတို့အသင်းတော်၌ လုပ်ဆောင်ချက်များကို စတင်ပါဝင်ခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်မ ယခုရောက် နေသည့် နေရာကို လမ်း၏ ခြေလှမ်းတစ်ခုချင်းစီတွင် ဦးဆောင်ခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ သူ၏ ချစ်ခြင်းမေတ္တာအတွက် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့၊ သမ္မာတရားကို ငတ်မွတ်ပြီး ရှာဖွေသည့် ပိုမိုများပြားသော လူများက အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှု ဖြစ်သည်ကို သိလာနိုင်ရန် ကျွန်မက ဘုရားဧဝံဂေလိဖြန့်ဝေခြင်း အလုပ်ကို လုပ်ဖို့ ကျွန်မ၏ ခွန်အားများအားလုံးကို ဆက်ကပ်ပူဇော်ချင်ခဲ့သည်။ သူတို့က ကျွန်မ ခြေလှမ်းများ- စာတန်၏ကောလာဟလများကို ကြောင်းကျိုးမမြင်တော့ဘဲ ယုံကြည်ခြင်း၊ စာတန်နှင့် အတူ ဘုရားသခင်ကို အာခံခြင်း- အတိုင်း လိုက်ပါက အဆုံးသတ်တွင် သူတို့သည်သာလျှင် ဆုံးရှုံးရသူများ ဖြစ်လိမ့်မည်ဟု ကျွန်မက သူတို့ကိုလည်း ပြောပြခဲ့ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။