ခရစ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်လို့ ခင်ဗျားတို့က ပြောတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့သက်သေခံချက်ဖြစ်တယ်။ မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာဟာ သခင်ယေရှုရဲ့တမန်တော်တွေနဲ့ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတချို့ရဲ့မိန့်ဆိုချက်တွေကိုလည်း မှတ်တမ်းတင်ထားတာပါ။ သူတို့တွေရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရလား။ သူတို့ရဲ့ဖော်ပြချက်တွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် ယူဆလို့ရတယ်ဆိုရင်တော့၊ အဲဒါတွေကလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက် မဟုတ်ဘူးလား။ ကျွန်တော် သိသလောက်တော့ သူတို့နဲ့ သခင်ယေရှုရဲ့မိန့်ဆိုချက်တွေကြားမှာ ကွဲပြားမှုမရှိပါဘူး၊ အားလုံးကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အဖြစ် သတ်မှတ်တယ်။ ဒါကြောင့် သူတို့မိန့်ဆိုချက်တွေကို ဘာကြောင့် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်အဖြစ် မသတ်မှတ်တာလဲ။

21.06.2019

အဖြေ- ယုံကြည်သူတွေက ခရစ်တော်ကို သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ကြောင်း အစစ်အမှန်အသိအမှတ်ပြုနိုင်တယ်ဆိုရင်၊ ဒါဟာ တကယ့်ကိုအဖိုးတန်ပါတယ်၊ ဒီလိုယုံကြည်သူတွေဟာ ခရစ်တော်ရဲ့ဂုဏ်တော်ကို အမှန်တကယ်သိကြတယ်ဆိုတဲ့သဘောပါပဲ။ အဲဒီလိုလူတစ်ယောက်ဟာ ဘုရားသခင်ကို အမှန်တကယ်သိတယ်လို့ ဆိုနိုင်တယ်။ ခရစ်တော်ဟာ လူ့ဇာတိခံယူတဲ့ လက်တွေ့ကျသော ဘုရားသခင်ပါပဲ။ ခရစ်တော်ကို အသိအမှတ်ပြုပြီး နာခံနိုင်သူတွေသာ ဘုရားသခင်ကို အမှန်တကယ်သိတာဖြစ်ပါတယ် အကြောင်းကတော့ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဘုရားသခင်ဆီက ပေါ်ထွက်တာကြောင့်ပါပဲ၊ ဒါတွေအားလုံးဟာ လူ့ဇာတိခံယူတဲ့ခရစ်တော်ရဲ့ထုတ်ဖော်ပြမှုတွေကနေ လာတာပါ။ ခရစ်တော်ကလွဲရင်၊ ဘယ်သူ့ကိုမှ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး၊ ဒါကို နားလည်တဲ့လူဆိုတာလည်း မရှိသလောက်ပါပဲ။ လူ့ဇာတိခံခြင်းကို အသိအမှတ်ပြုလာစေဖို့အတွက် ဘုရားသခင်ဟာ လူရဲ့စွမ်းရည်ကိုပဲ အသုံးချပါတယ် လူတွေကိုစမ်းသပ်တဲ့ စံနှုန်းအဖြစ်နဲ့ပါ။ ယုံကြည်မှုအရ ဒီစံနှုန်းကိုမီတဲ့သူတွေသာ ဘုရားသခင်ရဲ့ချီးမွမ်းမှုကို ရနိုင်တယ်။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို လက်ခံနာယူသူအားလုံးဟာ မကောင်းမှုမှာကျော်လွှားနိုင်သူတွေပါပဲ။ ပြီးပြည့်စုံမှုကို ဦးဆုံးရဖို့အတွက် ဘုရားသခင်ရှေ့မှောက် ချီဆောင်ခံရမယ့်လူတွေပါ။ ခရစ်တော်ကို လက်မခံနိုင်၊ မနာခံနိုင်သူတွေကတော့ ကပ်ဘေးမျိုးစုံကို ကြုံကြရပါလိမ့်မယ် အကြောင်းကတော့ သူတို့ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကို အသိအမှတ်မပြုတာကြောင့်၊ ပညာဉာဏ်နည်းတဲ့ကညာပျိုတွေအဖြစ် သတ်မှတ်ခံရလို့ပါပဲ။ သခင်ယေရှု ကြွခဲ့တဲ့ကာလတုန်းကလိုပေါ့၊ သမ္မာတရားကို ချစ်မြတ်နိုးသူတွေနဲ့ ကိုယ်တော့်နှုတ်ကပတ်တော်ကို လက်ခံပြီး၊ ကိုယ်တော်ကို အမှန်တကယ်ဆည်းကပ်သူတွေအားလုံးကို ကိုယ်တော်က တောင်ထိပ်ဆီ ခေါ်သွားခဲ့တယ်၊ သူတို့အားလုံးကို သီးခြားလမ်းပြပေးတယ်၊ သင်ကြားပေးတယ်၊ ဒါပေမဲ့ ဘာသာရေးလောကထဲက လူတွေ၊ ဘုရားသခင်ကို ကိုယ်ကျိုးအတွက်သာ ယုံကြည်သူတွေကိုတော့ နည်းနည်းမှ ဂရုစိုက်ခြင်းမရှိခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အထက်ကောင်းကင်ဘုံတွေမှာရှိတယ်ဆိုတဲ့ ဝိုးတဝါးဘုရားသခင်ကိုပဲ ယုံကြည်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းကိုလည်း လက်မခံခဲ့ကြဘူး။ သူတို့တွေဟာ ဘုရားသခင်ကိုအသိအမှတ်ပြုနိုင်စွမ်း မရှိတာကြောင့် အကန်းလိုဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် လူ့ဇာတိခံယူတဲ့ခရစ်တော်ကို လက်ခံနာယူသူတွေသာ ဘုရားသခင်ရဲ့ချီးမွမ်းခြင်းကို ရလိမ့်မယ်။ ကိုယ်တော်ကြောင့် ပြီးပြည့်စုံခြင်းကို ရလိမ့်မယ်။ ဘာကြောင့် ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တစ်ခုကို ဖတ်ကြည့်ကြရအောင်- “အသက်၏ လမ်းခရီးသည် မည်သူမဆို ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်၊ လူတိုင်း အလွယ်တကူ ရယူနိုင်သောအရာလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သည့်အတွက်ကြောင့်ဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်၏။ ဘုရားသခင်ကိုယ်တိုင်မရှိဘဲ အသက်၏ လမ်းခရီးမရှိပါ။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်၍ ထာဝရစီးဆင်းနေသော အသက်စမ်းရေဖြစ်၏။ ကမ္ဘာမြေကြီးကို သူဖန်ဆင်းချိန်မှစ၍ ဘုရားသခင်သည် အသက်၏ တက်ကြွမှုနှင့်ပတ်သက်သည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ လူသားအတွက် အသက်ယူဆောင်လာသည့် အမှုများစွာကို ဆောင်ရွက်ခဲ့၏။ ထို့အပြင် လူသားအနေဖြင့် အသက်ရရှိစေရန်အလို့ငှာ ကြီးမားသော အဖိုးအခလည်း ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တိုင်သည် ထာဝရအသက်ဖြစ်၍ ဘုရားသခင်ကိုယ်တိုင်သည် လူသားကို ရှင်ပြန်ထမြောက်စေသည့် လမ်းခရီးလည်း ဖြစ်သောကြောင့်ဖြစ်၏။… ဘုရားသခင်သာလျှင် မပြောင်းလဲနိုင်သော အသက်ဖြစ်ကြောင်းနှင့် ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီးကို ပိုင်ဆိုင်ကြောင်း ငါပြောခဲ့ပြီးဖြစ်သည်။ သူ၏အသက်သည် ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် ထာဝရဖြစ်၏။ ဘုရားသခင်သာလျှင် အသက်၏ လမ်းခရီး ဖြစ်သောကြောင့် ဘုရားသခင် ကိုယ်တိုင်သည် ထာဝရအသက်၏ လမ်းခရီဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အရ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဘုရားသခင်ထံကသာ ဖြစ်လာမှန်း ကျွန်တော်တို့သိကြပြီ။ ဘဝလမ်းခရီးဆိုတာ ဘုရားသခင်ကိုယ်တော်တိုင်သာ ပိုင်ဆိုင်ပါတယ်။ “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” လို့ သမ္မာကျမ်းမှာ ဆိုပါတယ် (ရှင်ယောဟန် ၁:၁) နှုတ်ကပတ်တော်ဟာ ဘုရားသခင်ပါပဲ။ နှုတ်ကပတ်တော်ဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါပဲ။ နှုတ်ကပတ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ။ ဇာတိဖြစ်လာသောနှုတ်ကပတ်တော်ဆိုတာ လူ့ဇာတိမှာ ပေါ်ပေါက်လာတဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ကို ရည်ညွှန်းပါတယ်၊ တစ်နည်းပြောရရင် သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဟာ ဇာတိပကတိမှာ အားလုံးဖြစ်လာပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင် ပြောသည့်အတိုင်းပင်- “နှုတ်ကပတ်တော်မှာ လူ့ဇာတိခံယူပြီး သမ္မာတရား၏ ဝိညာဉ်သည် ဇာတိပတိထဲ၌ အကောင်အထည် ပေါ်လာပြီးဖြစ်သည်—သမ္မာတရားအားလုံး၊ လမ်းခရီးနှင့် အသက်သည် ဇာတိပကတိထဲသို့ ကြွဆင်းလာပြီးလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာပေါ်သို့ ဧကန်အမှန်ပင် ရောက်ရှိလာကာ ဝိညာဉ်တော်သည် ဇာတိပကတိထဲသို့ …” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၄)”) ကိုယ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုတဲ့အချက်ကို ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နှစ်ကြိမ်စလုံးက သက်သေခံနေပါတယ်။ ဒါဟာ လူတွေကို လေးလေးနက်နက်ထုတ်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်၊ ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာ လူတွေကို ပြခဲ့တာပါ ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်၊ ကိုယ်တော်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်းတွေဟာလည်း သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာကို ပြခဲ့တာပါ။ ဒါဟာ ခရစ်တော်ရဲ့အနှစ်သာရပါပဲ။ ခရစ်တော်က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဟောကြားတယ်ဆိုတာ၊ ဘုရားသခင်ကိုယ်တော်တိုင် အမှုတော်ကို ဆောင်ရွက်တာနဲ့အတူတူပါပဲ၊ ဒီလိုနဲ့ပဲ ခရစ်တော်ဟာ ခေတ်ဟောင်းကိုအဆုံးသတ်ပေးသလို၊ ခေတ်သစ်တစ်ခုကိုလည်း အစပျိုးပေးတယ်၊ လူသားအားလုံးအတွက် ခေတ်ကာလတစ်ခုလုံးရဲ့ အမှုတော်ကို ဆောင်ရွက်ပေးတယ်။ ခရစ်တော် ဟောကြားတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အမှုတော်တစ်ခုအတွက် အလုံးစုံသောနှုတ်ကပတ်တော်ပါပဲ။ ဘုရားသခင်ရဲ့စိတ်သဘောထား၊ ဘုရားသခင်ရဲ့အရာအားလုံးနှင့်ဖြစ်ခြင်း၊ ဘုရားသခင်အစီအမံတွေရဲ့နက်နဲခြင်းတွေကို စစ်မှန်စွာဖော်ထုတ်ပြခြင်းပါပဲ၊ လူတွေအပေါ် ဘုရားသခင်ရဲ့တောင်းဆိုချက်၊ ရည်ရွယ်ချက်ကို ဖော်ပြခြင်းလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်အားလုံးဟာ သမ္မာတရားပါပဲ။ ဒါတွေဟာ လူတွေရဲ့ဘဝမှာ ပါဝင်နေရုံမကဘူး၊ ဘဝအတွက် အထောက်အပံ့ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ သခင်ယေရှု ကြွခဲ့တဲ့အချိန်တုန်းကလိုပါပဲ။ ကိုယ်တော်ဟာ ကျေးဇူးတော်ခေတ်မှာ လူတွေ လိုအပ်တဲ့ သမ္မာတရားအားလုံးကို ဖော်ပြခဲ့တယ်၊ လူတွေကို အပြစ်တွေဝန်ခံစေတယ်၊ နောင်တရစေတယ်၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်စေခဲ့တယ်။ ကိုယ်တော့်ကျေးဇူးတော်ကို ဝမ်းမြောက်တတ်စေဖို့ ကိုယ်တော့်သနားကရုဏာနဲ့ မေတ္တာကို မြင်တတ်စေဖို့အတွက်၊ လူတွေကို ဘုရားသခင်ထံ ဆုတောင်းတတ်အောင် ဘုရားသခင်ရှေ့မှောက် ရောက်အောင် မြှင့်တင်ပေးခဲ့တယ်။ ဒါဟာ ရွေးနုတ်ခြင်းအမှုတော်ကြောင့် ရခဲ့တဲ့ရလဒ်ပါပဲ။ သခင်ယေရှုရဲ့အမှုတော်ဟာ လူတွေကိုအပြစ်ကနေ ရွေးနုတ်ရင်း၊ ခွင့်လွှတ်ခြင်းကို ရစေခဲ့ပါတယ်။ သခင်ယေရှုဟာ လူတွေကိုရွေးနုတ်ခြင်းအမှုရဲ့အဆင့်တစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်သလို၊ ပညတ်တော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး၊ ကျေးဇူးတော်ခေတ်ကို အစပျိုးပေးခဲ့တာပါပဲ။ နောက်ဆုံးသောကာလအတွက် လူ့ဇာတိခံတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကြွရောက်နေပါပြီ၊ လူတွေကို သန့်စင်စေမယ့် ကယ်တင်မယ့် သမ္မာတရားအားလုံးကို ဖော်ထုတ်ပြနေပါပြီ၊ တရားစီရင်ခြင်းအမှုကိုလည်း ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေပါပြီ၊ လူတွေအနေနဲ့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ကြဉ်ကြစေဖို့၊ မာရ်နတ်ရဲ့လွှမ်းမိုးမှုအောက်က ရုန်းထွက်ပြီး၊ ဘုရားသခင်ရှေ့မှောက် ပြန်ရောက်လာစေဖို့အတွက်၊ ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထား၊ အနန္တတန်ခိုးတော်နဲ့ ပညာဉာဏ်တွေကို ထုတ်ဖော်ပြနေပါတယ်၊ လူတွေရဲ့ပင်ကိုယ်စရိုက်တွေကို သန့်စင်ပေးနေပါတယ်။ ပြောင်းလဲပေးနေပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ဟာ နိုင်ငံတော်ခေတ်ကို အစပျိုးပေးပြီး၊ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပါတယ်။ ဒါဟာ ဘာကိုပြလဲဆိုရင် ခရစ်တော် မိန့်ဆိုသမျှ၊ လုပ်ဆောင်သမျှ၊ ဖော်ထုတ်ပြသမျှအားလုံးဟာ အလုံးစုံသောသမ္မာတရားဖြစ်တယ်ဆိုတာပါပဲ။ ခရစ်တော်ကသာ လူတွေကို လမ်းမှန်ဆီ ညွှန်ပြနိုင်တယ်။ လူတွေအတွက် ဘဝအထောက်အပံ့နဲ့ ကယ်တင်ခြင်းကို ပေးနိုင်တယ်၊ ဒီလိုအရာတွေကို ဘယ်လိုလူကမှ မပိုင်ဆိုင်ပါဘူး။ မဖော်ထုတ်ပြနိုင်ပါဘူး။ ခရစ်တော်ဟာ လူတွေရဲ့ဘဝအတွက် မပြတ်တမ်းရှိနေတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ဘုရားသခင်ပေါ်ထွန်းခြင်းပါပဲ။ ကိုယ်တော်ဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ပါပဲ၊ ခရစ်တော်ကသာ လူတွေကို ရွေးနုတ်ခြင်း၊ ကယ်တင်ခြင်းပြုပါတယ်။ ခရစ်တော်ကလွဲရင် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကို ဘယ်သူမှ မပိုင်ဆိုင်ပါဘူး၊ ဒီအချက်ကိုတော့ အရှင်းဆုံးမြင်နိုင်ပါတယ်။

ခရစ်တော်ဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်ဟာ ဘုရားရဲ့ သဘောသဘာဝ အနှစ်သာရနဲ့ ပြည့်စုံတယ်၊ ပရောဖက်တွေ၊ တမန်တော်တွေကျတော့ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း မဟုတ်တာကြောင့်၊ လူသားဆိုတဲ့ဂုဏ်ပဲ ရှိပါတယ်၊ ဒါကြောင့် ပရောဖက်တွေ၊ တမန်တော်တွေကို ခရစ်တော်နဲ့ တစ်တန်းတည်းထားလို့မရပါဘူး။ လူ့ဇာတိခံတဲ့ဘုရားသခင်ဟာ သမ္မာတရားရဲ့ပြယုဂ် ဖြစ်တဲ့အပြင်၊ နှုတ်ကပတ်တော်တွေရဲ့အစပြုရာဖြစ်တာကြောင့်၊ ကိုယ်တော်ဟာ လူတွေကို ဘဝအထောက်အပံ့ဖြစ်စေဖို့အတွက်၊ သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်တယ်၊ ပရောဖက်တွေ၊ တမန်တော်တွေကတော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်ဆင့်ကမ်းပေးရုံပဲတတ်နိုင်တယ်၊ ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှုနဲ့၊ သမ္မာတရားနဲ့လျော်ညီတာတွေကိုပဲ မိန့်ဆိုနိုင်ကြတယ်၊ ဒါပေမဲ့ သူတို့မှာ လူသားဆိုတဲ့ဂုဏ်ပုဒ်ပဲရှိတယ်။ သူတို့တွေက လူ့ဇာတိခံတဲ့ဘုရားသခင် မဟုတ်ပါဘူး။ ဒါကြောင့် သူတို့မှာ သမ္မာတရားမရှိဘူး။ သမ္မာတရားကို မဖော်ပြနိုင်ပါဘူး။ သူတို့တွေဟာ ကိုယ်တော်ရဲ့အရွေးချယ်ခံတွေကို ပျိုးထောင်ပေးဖို့၊ အထောက်အပံ့ပေးဖို့၊ လမ်းပြပေးဖို့အတွက်၊ ဘုရားသခင် အသုံးပြုတဲ့လူတွေပါပဲ၊ သူတို့တွေက သူတို့ရဲ့လူ့တာဝန်တွေကို ဆောင်ရွက်နေကြတာပါ၊ သူတို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့အသံတော်ကို တိုက်ရိုက်မိန့်ဆိုနိုင်လောက်အောင် အရည်အချင်းမပြည့်မီပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တချို့ကို ထပ်ဖတ်ကြည့်ရအောင်-

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူသားတို့၏ စကားကဲ့သို့ ပြောရန် မဖြစ်နိုင်ပါ။ လူသားတို့၏ စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ်ပြောရန် ပိုဝေးပါသည်။ ဘုရားသခင် အသုံးပြုသောသူသည် ဘုရားသခင် လူ့ဇာတိအဖြစ် ခံယူထားသူ မဟုတ်ပါ။ လူ့ဇာတိအဖြစ်ကို ခံယူထားသော ဘုရားသခင်သည်လည်း ဘုရားသခင် အသုံးပြုသောသူ မဟုတ်ပါ။ ဤတွင် အနှစ်အသာရအားဖြင့် ကွဲပြားမှုတစ်ခု ရှိပါသည်။… လူ့ဇာတိခံယူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို စတင်ဖော်ဆောင်ကာ လူသားထုတစ်ရပ်လုံးကို လမ်းညွှန်ခြင်း၊ နက်နဲသောအရာများကို ဖော်ထုတ်ခြင်းနှင့် ခေတ်သစ်တစ်ခုတွင် လူသားများကို ရှေ့ဆောင်လမ်းပြ ပြုခြင်းတို့ကို လုပ်ဆောင်ပါသည်။ သို့သော် လူသားရရှိသော ဉာဏ်ပွင့်ခြင်းမှာမူ ရိုးရှင်းသော အလေ့အကျင့် သို့မဟုတ် ဗဟုသုတပြည့်စုံခြင်းသာ ဖြစ်ပါသည်။ ယင်းက လူသားထု တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုဆီသို့ လမ်းညွှန်နိုင်ခြင်းမရှိပါ၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်နှင့် ပတ်သက်သည့် နက်နဲသောအရာကို ဖော်ထုတ်နိုင်ခြင်းမရှိပါ။ နောက်ဆုံးမှာတော့ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားသည် လူသားဖြစ်သည်။ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူတွင် လူသားအနှစ်သာရရှိသည်။ ဘုရားသခင်ပြောစကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်အလင်းရရှိခြင်းအဖြစ်သာ ရှုမြင်ပြီး တမန်တော်များနှင့် ပရောဖက်များ၏စကားကို ဘုရားသခင်ကိုယ်တိုင်ပြောသော စကားများအဖြစ် မှတ်ယူပါက၊ လူသည် မှားယွင်းပြီ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

ဆိုလိုသည်မှာ လူသား၏မိတ်သဟာရဖွဲ့ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကွဲပြားသည်။ လူသားတို့ မိတ်သဟာရဖွဲ့သည့်အရာသည် သူတို့၏တစ်ဦးချင်း တွေ့မြင်ခြင်းနှင့် အတွေ့အကြုံတို့ကို လွှဲပြောင်းပေးပြီး ဘုရားသခင့်အလုပ်၏ အခြေခံအုတ်မြစ်ပေါ်တွင် သူတို့တွေ့မြင်ကာ ကြုံတွေ့ခဲ့ရသည့်အရာတို့ကို ဖော်ပြသည်။ သူတို့၏တာဝန်မှာ ဘုရားသခင်အလုပ်လုပ်ခြင်း သို့မဟုတ် ပြောကြားခြင်းပြီးနောက်တွင် သူတို့ ကျင့်ဆောင်သင့်သော သို့မဟုတ် ဝင်ရောက်သင့်သည့်အရာကို ရှာဖွေကာ နောက်လိုက်များထံသို့ ဝေမျှရန်ဖြစ်သည်။… ဘုရားသခင်ဖော်ပြသည့် အရာသည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်ပြီး ထိုအရာသည် လူတို့လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်သည်။ ထိုအရာသည် လူသားတို့၏ စဉ်းစားနိုင်မှုထက် ကျော်လွန်သည်။ သူသည် လူသားအားလုံးကို ဦးဆောင်သည့် သူ့အလုပ်ကိုဖော်ပြပြီး ထိုအလုပ်သည် လူသားအတွေ့အကြုံနှင့်ပတ်သက်သော အချက်အလက် အတိအကျများနှင့် သင့်လျော်မှု မရှိပေ။ ထိုအစား သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်လေသည်။ လူသားသည် သူ၏အတွေ့အကြုံကို ဖော်ပြနေသော်လည်း ဘုရားသခင်သည် သူ၏ဖြစ်တည်မှုကို ဖော်ပြလေသည်။ ဤဖြစ်တည်မှုသည် သူ၏ပင်ကိုစိတ်သဘောထားဖြစ်ပြီး လူသား လက်လှမ်းမီနိုင်သည်ထက် ကျော်လွန်လေသည်။ လူသား၏ အတွေ့အကြုံသည် ဘုရားသခင်က သူ၏ဖြစ်တည်မှုကို ဖော်ပြသည့် အပေါ်တွင်အခြေခံပြီး ရလာသည့် သူတွေ့မြင်သည့်အရာနှင့် အသိပညာတို့ဖြစ်သည်။ ထိုတွေ့မြင်ခြင်းနှင့် အသိပညာကို လူသား၏ ဖြစ်တည်မှုဟု ခေါ်သည်။ ယင်းတို့ကို လူသား၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ အရည်အချင်းမှန်တို့၏ အခြေခံပေါ်တွင် ဖော်ပြခြင်းခံရသည်။ သို့ဖြစ်၍ ယင်းတို့ကို လူသား၏ ဖြစ်တည်မှုဟုလည်းခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်)

ပေတရုနှင့် ပေါလုတို့ကို ဥပမာယူပါ။ ယေရှုဦးဆောင်သော လမ်းကြောင်းအပေါ်တွင်က မလျှောက်လှမ်းမီက သူတို့တွင် သူတို့ကိုယ်ပိုင် အတွေ့အကြုံမရှိခဲ့ကြပေ။ ယေရှုက လမ်းကြောင်းကို ဦးဆောင်ပြီးမှသာလျှင် ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များနှင့် သူဦးဆောင်သောလမ်းကြောင်းကို သူတို့အတွေ့အကြုံရခဲ့သည်။ ထိုမှလျှင် သူတို့သည် အတွေ့အကြုံအများအပြားရရှိလာပြီး သြဝါဒစာများ ရေးခဲ့ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမည်နာမများနှင့် သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍”)

ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့အဆိုအမိန့်နဲ့ ဂုဏ်ပုဒ်တွေရယ်၊ ခရစ်တော်ရဲ့မိန့်ဆိုချက်နဲ့ဂုဏ်ပုဒ်တွေကြားက ခြားနားမှုကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာ သေချာရှင်းပြထားတာပါ။ ခရစ်တော်ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့တိုက်ရိုက်ဖော်ထုတ်ပြမှုဖြစ်ပါတယ်၊ ဒါကြောင့် ခရစ်တော် ဖော်ပြသမျှအားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပါပဲ။ သမ္မာတရားပါပဲ။ တမန်တော်တွေ၊ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတွေကျတော့၊ ဘယ်လိုအကြောင်းအရာတွေကိုပဲ ရေးခဲ့သည်ဖြစ်ဖြစ်၊ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအတွေ့အကြုံတွေ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပေါ် သူတို့နားလည်ပုံတွေကိုပဲ ထင်ဟပ်ပြတာပါ။ သူတို့တွေရဲ့အဆိုအမိန့်အများစုဟာ သမ္မာတရားနဲ့ကိုက်ညီနေတယ်ဆိုပေမယ့်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ဖြစ်တယ်လို့မဆိုနိုင်ပါဘူး။ သူတို့ရဲ့အရေးအသားတွေနဲ့ ခရစ်တော် ဖော်ပြတဲ့ သမ္မာတရားတွေကြားမှာ ကြီးမားတဲ့ကွာဟချက် ရှိနေတုန်းပါပဲ။ သူတို့တွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်အလင်းပေးမှု၊ အလင်းပြမှုကို ရထားတဲ့အပြင်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလည်း နားလည်သဘောပေါက်ထားတဲ့အတွက် သူတို့မိန့်ဆိုသမျှဟာ သမ္မာတရားနဲ့ ကိုက်ညီတယ်လို့ လူတွေက ယုံကြည်ကြတယ်။ ဒါပေမဲ့ ခရစ်တော်ကသာ သမ္မာတရားကို မဖော်ပြခဲ့ဘူးဆိုရင်၊ တမန်တော်တွေ၊ ဘာသာရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တွေ့ကြုံကြမှာမဟုတ်သလို နားလည်သဘောပေါက်ကြမှာ မဟုတ်ဘူး၊ တစ်နည်းပြောရရင် ခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့အမှုတော်ဟာ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ အဲဒီအပေါ်မှာမှ သူတို့က ထပ်ပြီးတည်ဆောက်ကြတာပါ။ ခရစ်တော်က သမ္မာတရားကို ဖော်ထုတ်ပြလိုက်တော့မှသာ၊ တမန်တော်တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို နားလည်နိုင်ခဲ့ကြတာပါ။ ဒါကြောင့် ဘုရားသခင်ရဲ့အမှုတော်နဲ့ပတ်သက်ရင်၊ ခရစ်တော်ကသာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖော်ပြနိုင်တယ်။ ဘုရားသခင် အသုံးပြုတဲ့လူတွေရဲ့အဆိုအမိန့်တွေကတော့ သူတို့ရဲ့ကိုယ်ပိုင်နားလည်မှုနဲ့ အတွေ့အကြုံကို ထင်ဟပ်ပြတာတွေသာဖြစ်ပါတယ်၊ ခရစ်တော် ဖော်ထုတ်ပြခဲ့တဲ့နှုတ်ကပတ်တော်တွေကို သက်သေထူတာတွေ၊ ထပ်ပြီးဖြန့်ဝေတာတွေ ဖြစ်ပါတယ်။ သူတို့ဆွေးနွေးပြတာတွေဟာ ခရစ်တော် ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေရဲ့ကျယ်ပြန့်မှုအတိုင်းအတာကို မကျော်လွန်နိုင်ပါဘူး၊ သူတို့ရဲ့အဆိုအမိန့်တွေဟာ ခရစ်တော် ဖော်ပြတဲ့နှုတ်ကပတ်တော်ရဲ့နက်နဲမှုပမာဏကို မမီနိုင်ပါဘူး။ ဒါကြောင့် သူတို့ရဲ့အဆိုအမိန့်တွေဟာ သမ္မာတရားနဲ့ ဘယ်လိုပဲ ကိုက်ညီသည်ဖြစ်ဖြစ်၊ ဘုရားသခင်နှုတ်ကပတ်တော်ရဲ့စစ်မှန်တဲ့ဂုဏ်တော်ကို လုံးဝမမီနိုင်ပါဘူး။ ဒါကတော့ သေချာပါတယ်။

ခရစ်တော် ဖော်ထုတ်ပြတဲ့သမ္မာတရားဟာ မကုန်ခန်းနိုင်ပါဘူး။ ဒါက လူတွေအတွက် ထာဝရရှိနေမယ့် သန့်ရှင်းသောရေစင်ပါပဲ။ တမန်တော်တွေဟာ ဘုရားသခင်ရဲ့အမိန့်ကိုနာခံပြီး၊ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေပေးတယ်ဆိုပေမယ့်၊ သူတို့ဖြန့်ဝေတဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ ဘုရားသခင်ကိုယ်တိုင် အမှုတော်မှာ ဖော်ထုတ်ပြတဲ့နှုတ်ကပတ်တော်နဲ့စာရင် တော်တော်ကွဲပြားပါတယ်။ တမန်တော်တွေဟာ ဘုရားသခင်ရဲ့အမှုတော်ကို မဆောင်ရွက်နိုင်ပါဘူး။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တချို့သောအခြေအနေတွေမှာသာ ဖြန့်ဝေပေးနိုင်တာဖြစ်ပါတယ်။ သူတို့က တချို့သောအခြေအနေတွေ၊ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး၊ ဘုရားသခင်ရဲ့အရွေးချယ်ခံလူတွေကို သတိပေးတာတွေ လုပ်ပါတယ်၊ ဣသရေလလူမျိုးတွေကို လမ်းပြဖို့အတွက် တိုက်တွန်းတာတွေ၊ နှစ်သိမ့်တာတွေ၊ ဟောကိန်းပြတာတွေ လုပ်ဆောင်ပါတယ်။ တမန်တော်တွေဆိုတာ ဘုရားသခင်က ပညတ်တော်ခေတ်မှာ အသုံးပြုခဲ့တဲ့လူတွေပါပဲ။ ခေတ်အမျိုးမျိုးမှာ ကိုယ်တော် ပျိုးထောင်ခဲ့တာတွေနဲ့ အတူတူပါပဲ။ သူတို့တွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ယေဟောဝါဘုရားသခင်ရဲ့အမိန့်တော်အားဖြင့် ဖြန့်ဝေနိုင်ခဲ့ကြတာပါ။ ဘုရားသခင်ရဲ့အသေးအဖွဲအမှုတော်တချို့ကို ပြီးမြောက်အောင် ကူညီခဲ့တာလောက်ပဲရှိပါတယ်။ သူတို့ဆောင်ရွက်ခဲ့တာတွေအားလုံးဟာ သူတို့ရဲ့လူ့တာဝန်ကို ကျေပွန်ဖို့အတွက်ပါပဲ။ ဘုရားသခင်ရဲ့အမိန့်တော်သာ မရှိခဲ့ရင်၊ သူတို့လည်း ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဖြန့်ဝေခွင့်ရကြမှာမဟုတ်ဘူး။ တမန်တော်တွေမှာ သမ္မာတရား၊ လမ်းခရီးနဲ့အသက် မရှိဘူးဆိုတာကို ဒါက သက်သေပြပါတယ် ဒါကို ငြင်းလို့မရပါဘူး။ ဘုရားသခင်က ခေတ်တစ်ခုအစပျိုးခြင်းအမှုကို ပြုတဲ့အခါ၊ အမှုတော်အလုံးစုံဟာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနဲ့ပဲ တိုက်ရိုက်ပြီးမြောက်ပါတယ်၊ လူတွေအတွက် ဘုရားသခင်ရဲ့အလိုတော်အားလုံးနဲ့ ဆောင်ရွက်ရမယ့်အမှုတော်ကိုလည်း ကိုယ်တော်ကပဲ ဖော်ထုတ်ပြပါတယ်။ ပြောရရင်တော့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ခရစ်တော်ကသာ တိုက်ရိုက်ဖော်ပြနိုင်တယ်၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဆိုတဲ့အမှုကို ခရစ်တော်ကသာ ဆောင်ရွက်နိုင်တယ်။ တမန်တော်တွေ တစ်ပိုင်းတစ်စဖြန့်ဝေပေးတာတွေက ဘုရားသခင်ရဲ့ခေတ်တစ်ခုအစပျိုးခြင်းအမှုကို ကိုယ်စားမပြုပါဘူး။ ဒါကတော့ လုံး၀သေချာပါတယ်။ တမန်တော်တွေ၊ ဘာသာရေးဆရာကြီးတွေက ဟောစာတွေ၊ ကျမ်းစာတွေကို ဘယ်လောက်ပဲရေးခဲ့ပါစေ၊ နောက်ဆုံးတော့ သူတို့ဖော်ထုတ်ပြခဲ့တာတွေဟာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအတွေ့အကြုံနဲ့ နားလည်မှုတွေ၊ သူတို့ရဲ့သီးခြားသက်သေခံမှုတွေသာ ဖြစ်ပါတယ်၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ခရစ်တော် ဖော်ထုတ်ပြတာတွေနဲ့တော့ နှိုင်းယှဉ်လို့မရပါဘူး။ ဒါကြောင့် ဘုရားသခင် အသုံးပြုတဲ့လူတွေဖြစ်ဖြစ်၊ တမန်တော်တွေဖြစ်ဖြစ်၊ ဘာသာရေးဆရာကြီးတွေဖြစ်ဖြစ်၊ သူတို့အားလုံးကို သမ္မာတရား၊ လမ်းခရီးနဲ့အသက်အဖြစ် မှတ်ယူလို့မရပါဘူး၊ သူတို့ကိုယ်သူတို့လည်း သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်တယ်ဆိုပြီး ပြောဝံ့ကြမှာမဟုတ်ဘူး၊ သူတို့ရဲ့အဆိုအမိန့်တွေဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်ဆိုတာမျိုးကိုလည်း သူတို့ကိုယ်တိုင် သေချာပေါက်ပြောဝံ့ကြမှာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံးလည်း မြင်ကြပါတယ်။ တမန်တော်တွေဖြစ်ဖြစ်၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးတွေပဲဖြစ်ဖြစ်ပါ၊ သူတို့အနေနဲ့ နှစ်တွေဘယ်လောက်ကြာအောင် လုပ်ကိုင်ပါစေ၊ သူတို့ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပါတယ်။ သူတို့အနေနဲ့ လူတွေကိုမကယ်တင်နိုင်ပါဘူး၊ ပြီးပြည့်စုံအောင် မလုပ်ပေးနိုင်ပါဘူး။ ခရစ်တော်ကသာ လူတွေကို ကယ်တင်နိုင်တယ်၊ ပြည့်စုံစေနိုင်ပါတယ်။ ဒါဟာ အမှန်ပါပဲ။ ဒါကြောင့် ခရစ်တော်ကသာ သမ္မာတရား၊ လမ်းခရီးနဲ့အသက်ဖြစ်ပါတယ်။ တမန်တော်တွေ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်ကြီးတွေက သမ္မာတရား၊ လမ်းခရီးနဲ့အသက် မဟုတ်ပါဘူး။

မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ ၏ ရုပ်ရှင် ဇာတ်ညွှန်းမှ

အောက်ခြေမှတ်စုများ-

က။ မူရင်းစာသားတွင် “အပေါ်တွင် မလျှောက်လှမ်းမီ” ဟူသော စကားစု မပါဝင်ပါ။

အရှေ့သို့- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။