၂။ သင်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု၏ ပြန်ကြွလာခြင်းဖြစ်သည်၊ ပြီးလျှင် သူသည် သမ္မာတရားကို ဖော်ပြနေပြီး ဘုရားသခင်၏ အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုကို ဆောင်ရွက်နေသည်ဟု သက်သေခံသည်။ သင် သက်သေခံသည့်အရာသည် သမ္မာကျမ်းစာနှင့် ကိုက်ညီသော်လည်း၊ ကျွန်ုပ်တို့ အသင်းတော်ထဲရှိ လူများစွာတို့သည် ယင်းကို လက်မခံချင်ကြပါ။ မှန်သော လမ်းခရီးဖြစ်ဖို့ရန် ယင်းကို လူသားများစွာက လက်ခံရမည်ဖြစ်ပြီး လူအနည်းငယ်က လက်ခံသည့်အရာသည် မှားသော လမ်းတစ်လမ်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့ စတင် မယုံကြည်မီတွင်၊ ကျွန်ုပ်တို့ အသင်းတော်ထဲရှိ လူများစွာက ဤအရာအား လက်ခံကြသည်အထိ ကျွန်ုပ်တို့ စောင့်ဆိုင်းပါမည်။
အဖြေ-
လူများစွာက လက်ခံကြပါက၊ ယင်းသည် စစ်မှန်သော လမ်းခရီးဖြစ်ပြီး၊ လူအနည်းငယ်ကသာ လက်ခံပါက၊ ယုံမှားစေသော လမ်းခရီးဖြစ်သည်ဟု ယုံကြည်လျက်၊ လူအများစုက တစ်စုံတစ်ရာမှာ စစ်မှန်သော လမ်းခရီး ဖြစ်သည်၊ သို့မဟုတ် ယုံမှားစေသော လမ်းခရီး ဖြစ်သည် မဖြစ်သည်ကို လူမည်မျှက ယင်းကို လက်ခံကြသည်ဆိုသည့်အပေါ် အခြေခံကြလေသည်။ ထိုသို့သော အမြင်သည် သမ္မာတရားနှင့် ကိုက်ညီပါသလား။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အခြေပြုချက်တစ်ခု ရှိပါသလား။ ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဘုရားသခင် ဖျက်ဆီးခဲ့ချိန်ကို သတိရပါ။ နောဧ တစ်ဦးတည်းကသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယုံကြည်ကိုးစားခဲ့ပြီး၊ ဘုရားသခင် ညွှန်ကြားသည့်အတိုင်း၊ လမ်းခရီးအကြောင်း ဟောပြောစဉ် သင်္ဘောတစ်စီးကို တည်ဆောက်ခဲ့သည်။ သို့တိုင် အနှစ် ၁၂၀ ကြာပြီးနောက်တွင်၊ သူ ဟောပြောခဲ့သည့် အရာကို လူတစ်ဦးကမျှ မယုံကြည်၊ လက်မခံခဲ့သကဲ့သို့၊ နောက်ဆုံးတွင် သင်္ဘောပေါ် တက်ခဲ့ကြသူများမှာ နောဧ၏ မိသားစု ရှစ်ဦးသာရှိခဲ့လျက်၊ အခြားသူအားလုံးက ရေလွှမ်းမိုးမှုဖြင့် ရေနစ်သွားခဲ့ကြသည်။ သို့ဆိုလျှင် နောဧက စစ်မှန်သော လမ်းခရီးအကြောင်း မဟောခဲ့ဟု သင် ပြောနိုင်ပါသလား။ ယခု ကျေးဇူးတော် ခေတ်အတွင်းတွင် သခင်ယေရှု ပေါ်ထွန်းပြီး သူ၏ အမှုတော် ဆောင်ရွက်ခဲ့ချိန်ကို သတိရပါ - သခင်ယေရှုကို လက်ခံခဲ့ကြသည့် အလွန့်အလွန် နည်းပါးသော လူအရေအတွက်ကလွဲ၍၊ ယုဒဘာသာတစ်ခုလုံးက နောက်ဆုံးတွင် သခင်ယေရှုကို ကားတိုင်၌ သံမှိုရှိက်နှက်ဖို့ ရောမအာဏာပိုင်များနှင့် အတူ ပူးပေါင်းမဆောင်ရွက်မီ၊ သူ့ကို ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြသည်။ ဤအရာကြောင့်၊ သခင်ယေရှု၏ မိန့်မြွက်ချက်များနှင့် အမှုတော်တို့က စစ်မှန်သော လမ်းခရီးမဟုတ်ခဲ့ဟု သင် ဆိုနိုင်မည်လော။ အမှုအရာများကို ထိုသို့အကဲဖြတ်ရန်မှာ လုံးဝ အဓိပ္ပာယ်မရှိသည်ကို သင် မခံစားရပါသလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လွန်စွာ အကြီးအကျယ် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည်မှာ မကောင်းမှုကို ကိုးကွယ်ပြီး သမ္မာတရားကို စက်ဆုပ်မုန်းတီးကြောင်း ကုန်လွန်သည့် မျိုးဆက်များရှိ ဘုရားသခင်၏ အမှုတော်က သက်သေ ဖြစ်သည်။ လူသားအလယ် စစ်မှန်သော လမ်းခရီး ရောက်လာချိန်တွင်၊ အများစုက ငြင်းပယ်ကာ စွန့်ပစ်လျက်၊ အလွန့်အလွန် နည်းပါးသော လူအရေအတွက်ကသာ ယင်းကို နာခံကာ လက်ခံကြလေသည်။ သခင်ယေရှုက၊ “ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၉) ဟု ပြောခဲ့သည့်အတိုင်း ဖြစ်သည်။ ယောဟန် ဩဝါဒစာ ပထမစောင် ၅:၁၉ က၊ “လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်။” ဟု ဆိုသည်။ ထို့ကြောင့်၊ စစ်မှန်သော လမ်းခရီးသည် လူများစွာ၏ လက်ခံခြင်းကို သေချာပေါက် မခံရသကဲ့သို့၊ လူအများစု သိမှတ်ကြသည့်အရာမှာ သေချာပေါက် မမှန်ပေ၊ သေချာပေါက် သမ္မာတရား မဟုတ်ပေ။ အမှန်တွင်၊ ထိုအရာအားလုံးကို လူသား၏ အယူအဆများနှင့် စိတ်ကူးများကို ပိုင်ကြသည့် အများစုအားဖြင့် ဆုံးဖြတ်ထားပြီး သမ္မာတရားနှင့် အမှန်တရားများဖြင့် မကိုက်ညီပေ။ လမ်းတစ်ခုက စစ်မှန်သော လမ်းခရီးဖြစ်သည် မဖြစ်သည်ကို လူမည်မျှက လက်ခံသည်ဆိုသည့်အပေါ် အခြေခံ၍ တိုင်းတာရန်မှာ အလွန် အဓိပ္ပာယ်မရှိသကဲ့သို့ ရယ်ဖွယ်ရာ ဖြစ်သည်။ ကျမ်းစာထဲက နေရာများစွာတွင် ဘုရားသခင်က လူတို့ထဲတွင် အရေအတွက် မဟုတ်ဘဲ၊ အရည်အချင်းကို လိုချင်ကြောင်း ပြောထားသည်။ ဥပမာအနေဖြင့်၊ မဿဲ ၂၂:၁၄ တွင်၊ “ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။” ဟု ပြောသည်။ မဿဲ ၇:၁၃-၁၄က၊ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။” ဟု ပြောသည်။ ဇာခရိအနာဂတ္တိကျမ်း ၁၃:၈က၊ “ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစုသာ ကျန်ကြွင်းရလိမ့်မည်။” ဟု ဆိုသည်။ ဤကျမ်းပိုဒ်များက အလွန့်အလွန် နည်းပါးသော လူအရေအတွက်ကသာ စစ်မှန်သော လမ်းခရီးကို ရှာတွေ့နိုင်စွမ်း ရှိကြပြီး နည်းပါးသော အရေအတွက်သာ ကျန်ရှိလိမ့်မည်ဟူသည်ကို ပြပေသည်။ ယင်းမှာ စစ်မှန်သော လမ်းခရီးဖြစ်ပါက လူများစွာက လက်ခံကြလိမ့်မည်ဟူသည့် ကျွန်ုပ်တို့ ယုံကြည်ကြသကဲ့သို့ မဟုတ်ပေ။ ထိုသို့သော တွက်ဆမှု နည်းလမ်းတစ်ခုသည် သမ္မာတရား၊ ဘုရားသခင့် အမှုတော်၏ အချက်အလက်များနှင့် ဆန့်ကျင်ကွဲလွဲပြီး လူ၏ စိတ်ကူးစိတ်သန်းများထက် မပိုပေ။ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ လူတစ်ဦးတည်းက သူ့ကို ယုံကြည်မည်၊ လက်ခံမည်၊ သို့မဟုတ် သူ့နောက်လိုက်မည်ဆိုလျှင်ပင်၊ သူ၏ အမှုတော်နှင့် နှုတ်ကပတ်တော်များက စစ်မှန်သော လမ်းခရီး ဖြစ်နေဦးမည်ဖြစ်ကာ ဤသည်မှာ မည်သူမျှ ငြင်း၍မရသည့် အရာတစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဤအမှန်တရားကို မည်သူမျှ မသိပေ- ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ၎င်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ ကိုယ်တိုင်၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင်၊ မည်သည့်လူသားမျှ ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ၎င်းတို့၏မစမှုကို ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍၊ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ၊ ငါ၏ ရပ်တည်မှုသည်- အချိန်နှင့် အမှန်တရားများသည် ငါ၏ သက်သေဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို ပြသပါစေဟူ၍သာ ဖြစ်သည်။ ၎င်းတို့သည် ငါပြောသမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သည့်အရာ ဖြစ်သည်၊ ထို့အပြင် လူသားက လက်ခံသင့်သည့်အရာဖြစ်သည်ကို ပြသပါစေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်)
ယင်းက စစ်မှန်သော လမ်းခရီး သို့မဟုတ် ယုံမှားစေသော လမ်းခရီး ဖြစ်သည် မဖြစ်သည်ကို အကဲဖြတ်ရာတွင် လမ်းခရီးတစ်ခုကို လက်ခံသည့် လူအရေအတွက်ကို စံတစ်ခုအဖြစ် အသုံးချ၍ မရသည့်အတွက်၊ ယင်းကို ကျွန်ုပ်တို့ မည်သို့သာ အကဲဖြတ်ကြပါသနည်း။ အဓိကသော့ချက်မှာ ယင်းက သမ္မာတရား၏ ဖော်ပြချက် ပါရှိပြီး ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ် ဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ မိန့်မြွက်ချက် ဖြစ်ပါက၊ သမ္မာတရား၏ ဖော်ပြချက် ဖြစ်ပါက၊ ယင်းကို လူမည်မျှက လက်ခံသည်ဖြစ်စေ - လူတစ်ဦးတည်းကသာ လက်ခံလျှင်ပင် - ယင်းသည် သမ္မာတရားနှင့် စစ်မှန်သော လမ်းခရီး ဖြစ်ပေသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် သခင်ယေရှုက အမှုပြုရန် ကြွလာခဲ့ချိန်ကို သတိရလော့။ ပေတရု၊ ယောဟန်၊ မဿဲ၊ နာသနေလနှင့် အခြားသူများအားလုံးက သခင်ယေရှု ဟောပြောခဲ့သည့်အရာထဲတွင် ဘုရားသခင်၏ အသံတော်ကို သတိပြုမိခဲ့ကြသောကြောင့် သခင်ယေရှုနောက်သို့ လိုက်ခဲ့ကြသည်။ ထိုအချိန်က သခင်ယေရှုကို လူမည်မျှက လက်ခံပြီး နောက်သို့ လိုက်ကြသည့်အပေါ် အခြေခံ၍ ၎င်းတို့ ထိုသို့ လုပ်ဆောင်ခဲ့ကြခြင်း မဟုတ်ပေ။ အလားတူစွာ၊ ယနေ့ စစ်မှန်သော လမ်းခရီးနှင့် ယုံမှားစေသော လမ်းခရီးတို့အကြား ခွဲခြားခြင်းကို ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များအရ လုပ်ဆောင်ရမည်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏)
“လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက စစ်မှန်သော လမ်းခရီး ရှာဖွေခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို ရှင်းလင်းစွာ ဖော်ပြသည်။ တစ်စုံတစ်ရာက ဘုရားသခင်၏ အမှုတော် ဖြစ်သည်၊ မဖြစ်သည်ဆိုသည်နှင့် ယင်းက စစ်မှန်သော လမ်းခရီး ဟုတ်သည်၊ မဟုတ်သည်ကို ဆုံးဖြတ်သည့်အခါ၊ အဓိကသော့ချက်မှာ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် သမ္မာတရား ဖော်ပြချက် ပါရှိခြင်း ရှိမရှိ၊ ယင်းက လူတို့၏ အသက်တာများအတွက် ထောက်ပံ့ပေးနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ဤလမ်းခရီးကို လက်ခံပြီးနောက်တွင် လူတို့၏ လူ့သဘာဝနှင့် အသိစိတ်တို့က ယခင်ထက် သာ၍ ပုံမှန် ဖြစ်လာခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့၏ ဘုရားသခင်နှင့်ဆိုင်သည့် အသိက ကြီးထွားခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ရန် ဖြစ်သည်။ ဤသည်တို့မှာ လမ်းခရီးတစ်ခုက စစ်မှန်သော လမ်းခရီး သို့မဟုတ် ယုံမှားစေသော လမ်းခရီး ဖြစ်သည် မဖြစ်သည်ကို ချိန်ဆခြင်းအတွက် စံနှုန်းများ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်က စစ်မှန်သော လမ်းခရီး ဟုတ်မဟုတ်ဆိုသည်ကို ဆုံးဖြတ်ရာတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်မဖြစ်သည်ကို ကျွန်ုပ်တို့ ကြည့်ရမည်ဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား၏ ဖော်ပြချက် ဟုတ်မဟုတ်၊ ပြီးလျှင် ယင်းတို့က ဘုရားသခင်၏ အသံတော် ဟုတ်မဟုတ် ဆိုသည်ကို နားထောင်ရမည်ဖြစ်သည်။ ထိုသို့ဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်က စစ်မှန်သော လမ်းခရီး ဟုတ်မဟုတ် ဆိုသည်ကို အနန္တတန်ခိုးရှင် ဘုရားသခင် နောက်လိုက်ကြသူများက စာတန်ကို အောင်မြင်ခြင်းအား သက်သေခံခြင်း ရှိမရှိ၊ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခု ရှိပြီးခြင်း ရှိမရှိ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ၎င်းတို့ သိရှိခြင်း ရှိမရှိဆိုသည်နှင့်၊ ဘုရားသခင်ကို ၎င်းတို့ ကြောက်ရွံ့ကာ နာခံခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ ဆုံးဖြတ်နိုင်ပေသည်။ လူတို့သည် လမ်းခရီးတစ်ခုက စစ်မှန်သော လမ်းခရီး ဟုတ်မဟုတ်ဆိုသည်ကို လူမည်မျှက ယင်းကို လက်ခံသည်ဆိုသည့်အပေါ် အခြေခံ၍ ဆုံးဖြတ်ပါက၊ လူအုပ်များနောက် ကြောင်းကျိုးမမြင်စွာ ၎င်းတို့ လိုက်ကြပါက၊ ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအား အာရုံမစိုက်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို စုံစမ်းစစ်ဆေးကာ လက်ခံဖို့ ငြင်းပယ်ကြပါက၊ ၎င်းတို့သည် အလွန့်အလွန် မိုက်မဲပြီး မသိနားမလည်ကြပေ။ ထိုသို့သော လူများသည် နောက်ဆုံးတွင် သခင်ယေရှု ကြွလာချိန်၌ ချီဆောင်ခံရမည့် ၎င်းတို့၏ အခွင့်အရေးကို လွဲချော်ကြလိမ့်မည်ဖြစ်ပြီး၊ ကြီးမားသော ဘေးဒုက္ခများထဲ ကျဆင်းကာ သုတ်သင်ပယ်ရှင်း ခံရနိုင်ရုံသာ ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ကျမ်းစာထဲက ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေကြလိမ့်မည်- “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။” (ဟော ၄:၆) နှင့် “မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။” (သုတ္တံကျမ်း ၁၀:၂၁)