စုံလင်ခြင်းသို့ရောက်စေရန် ဘုရားသခင်နှင့် သာမန်ဆက်ဆံရေး ရှိကြလော့
၁
ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး သာမန်ဖြစ်ခါမှ
ဘုရားသခင်ထံမှ စုံလင်ခြင်းကို သင် ရရှိနိုင်ပေမည်၊
ထို့နောက် သင့်အထဲ၌ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း နှင့် စစ်ဆေးခြင်းနှင့်
ပြုပြင်ခြင်းသည် အလိုရှိသောရလဒ်ကို ရရှိပေမည်။
သင့်ကိုယ်ကျိုးများကို ရှာဖွေခြင်းနှင့် အနာဂတ်အကြောင်း စဉ်းစားခြင်း မပြုဘဲ၊
သင့်စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာတစ်ခု သင် ထားနိုင်သည်။
သို့သော် သင်သည် အသက်ထဲ ဝင်ရောက်ခြင်း၏ ဝန်ကို ထမ်းကာ
ဘုရားသခင်၏ အလုပ်ကို နာခံ၍ ဘုရားသခင်၏ သမ္မာတရားကို လေ့လာလိုက်စားရမည်။
ဤနည်းဖြင့် သင် ရှာဖွေသော ရည်မှန်းချက်များ မှားယွင်းမည် မဟုတ်လေ၊
ထို့ပြင် သင်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး ရှိလေမည်။
တစ်ယောက်သောသူ၏ ဝိညာဉ်ရေးရာလမ်းခရီးထဲ ဝင်ရောက်မှု၏ ပထမဆုံးခြေလှမ်းမှာ
ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြုပြင်ခြင်း ဖြစ်သည်။
လူသား၏ ကံတရားသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသော်လည်း၊
ကြိုတင်စီမံခြင်းကို ခံထားရပြီး ၎င်းတို့ကိုယ်တိုင် မပြောင်းလဲနိုင်သော်လည်း၊
သင် စုံလင်ခြင်းသို့ ရောက်နိုင်မည်
သို့မဟုတ် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်မည်မှာ
သင်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး
ရှိမရှိအပေါ်၌ မူတည်ပေသည်။
၂
သင်၌ အားနည်းသော သို့မဟုတ် မနာခံသော အပိုင်းများ ရှိကောင်းရှိနိုင်သည်၊
အကယ်၍ သင်၏ သဘောထားအမြင် မှန်ကန်ပြီး အရင်းခံအကြောင်းများ မှန်လျှင်၊
ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မှန်ကန်ကောင်းမွန်အောင် သင် ပြုပြီးလျှင်
သင်သည် အရည်အချင်းပြည့်မီကြောင်း ဘုရားသခင် လက်ခံကာ စုံလင်ခြင်းသို့ ရောက်စေမည်။
တစ်ယောက်သောသူ၏ ဝိညာဉ်ရေးရာလမ်းခရီးထဲ ဝင်ရောက်မှု၏ ပထမဆုံးခြေလှမ်းမှာ
ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြုပြင်ခြင်း ဖြစ်သည်။
လူသား၏ ကံတရားသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသော်လည်း၊
ကြိုတင်စီမံခြင်းကို ခံထားရပြီး ၎င်းတို့ကိုယ်တိုင် မပြောင်းလဲနိုင်သော်လည်း၊
သင် စုံလင်ခြင်းသို့ ရောက်နိုင်မည်
သို့မဟုတ် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်မည်မှာ
သင်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး
ရှိမရှိအပေါ်၌ မူတည်ပေသည်။
၃
အကယ်၍ သင်၌ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေး မရှိလျှင်၊
သင်၏ မိသားစု သို့မဟုတ် ဇာတိပကတိအဖို့ လုပ်ဆောင်လျှင်၊
သင် အဘယ်မျှ ကြိုးစား၍ လုပ်ဆောင်စေကာမူ
အချည်းနှီးဖြစ်၍ တန်ဖိုးမဲ့ပေမည်။
အကယ်၍ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး သာမန် ဖြစ်လျှင်၊
၎င်းမှာ ကောင်းသောအရာပင် ဖြစ်၍ ကျန်သည့်အရာခပ်သိမ်းမှာ
ကျေနပ်ဖွယ်ကောင်း၍ မှန်ကန်နေလိမ့်မည်။
ဘုရားသခင်ကို ယုံကြည်ရာ၌ သင်၏ အတွေးအမြင်များမှာ
နည်းလမ်း မှန်မမှန်၊
သင် မည်သူ့ကို ယုံကြည်ပြီး မည်သူ့အဖို့ သင် ယုံကြည်ကြောင်းနှင့်
အဘယ်ကြောင့် ယုံကြည်ကြောင်းကိုသာ ဘုရားသခင် ကြည့်မူ၏။
အကယ်၍ သင် မြင်နိုင်ပါက၊ ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်ပါက၊
သင်၏ အမြင်များကို အမှန်ပြင်နိုင်၍ လက်တွေ့လုပ်ဆောင်နိုင်ပါက၊
သင်၏အသက်တာ ကြီးထွားကာ သင်သည် မှန်သောလမ်းကြောင်းပေါ်၌ ရှိလေမည်။
တစ်ယောက်သောသူ၏ ဝိညာဉ်ရေးရာလမ်းခရီးထဲ ဝင်ရောက်မှု၏ ပထမဆုံးခြေလှမ်းမှာ
ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြုပြင်ခြင်း ဖြစ်သည်။
လူသား၏ ကံတရားသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသော်လည်း၊
ကြိုတင်စီမံခြင်းကို ခံထားရပြီး ၎င်းတို့ကိုယ်တိုင် မပြောင်းလဲနိုင်သော်လည်း၊
သင် စုံလင်ခြင်းသို့ ရောက်နိုင်မည်
သို့မဟုတ် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်မည်မှာ
သင်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး
ရှိမရှိအပေါ်၌ မူတည်ပေသည်။
သင်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး ရှိသလော မရှိသလော။
သင်၌ ဘုရားသခင်နှင့် သာမန် ဆက်ဆံရေး ရှိသလော မရှိသလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်ကဲ့သို့ရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။