၃၇၄ ဘုရားထံမှ များစွာတို့ကို သင်မရရှိသေးသလောကျူး

၁ ယောဘသည် ယေဟောဝါ၏ စမ်းသပ်မှုများကို ကြုံခဲ့ရသော်လည်း၊ သူသည် ယေဟောဝါကို ကိုးကွယ်သည့် ဖြောင့်မတ်သောသူသာလျှင် ဖြစ်သည်။ ထိုစမ်းသပ်မှုများကို ကြုံရလင့်ကစား သူသည် ယေဟောဝါအကြောင်း မညည်းညူခဲ့သည့်အပြင်၊ ယေဟောဝါနှင့် တွေ့ဆုံခြင်းကို တန်ဖိုးထားခဲ့သည်။ ယနေ့ခေတ် လူတို့သည် ယေဟောဝါ၏ မျက်မှောက်တော်ကို မြတ်နိုးတန်ဖိုး မထားရုံသာမက၊ ၎င်းတို့သည် သူ၏ပေါ်ထွန်းခြင်းကို ငြင်းပယ်ခြင်း၊ မုန်းတီးခြင်း၊ ညည်းညူခြင်းနှင့် သရော်လှောင်ပြောင်ခြင်းကို ပြုကြသည်။ သင်တို့သည် များစွာရရှိပြီးပြီ မဟုတ်လော။ သင်တို့၏ ဒုက္ခဆင်းရဲသည် အမှန်ပင် အလွန်ကြီးမားပြီလော။ သင်တို့သည် မာရိတို့ ယာကုပ်တို့ထက် ပို၍ ကံကောင်းထောက်မပြီ မဟုတ်လော။ သင်တို့၏ ခုခံတွန်းလှန်ခြင်းမှာ အလွန်ပေါ့တန်နေသလော။ သင်တို့ကို ငါပြဋ္ဌာန်းသည့်အရာနှင့် သင်တို့ထံမှ ငါတောင်းဆိုသည့်အရာမှာ ကြီးမားလွန်း များပြားလွန်း၍ ဖြစ်နိုင်သလော။

၂ ငါ၏အမျက်ဒေါသကို ငါ့အားခုခံသော ဣသရေလလူမျိုးများအပေါ်တွင်သာ ထုတ်လွှတ်ခဲ့လျက်၊ သင်တို့အပေါ် တိုက်ရိုက်ထုတ်လွှတ်ခဲ့သည် မဟုတ်ပေ။ သင်တို့ရရှိထားသောအရာမှာ ငါ၏ အကြင်နာကင်းမဲ့သော တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းများသာမက၊ မသက်ညှာသော မီးနှင့်တူသည့် စစ်ဆေးခြင်းမျှသာ ဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား လူတို့သည် ငါ့အား ခုခံတော်လှန်ခြင်းနှင့် ငြင်းဆိုခြင်းကို ဆက်လက်ပြုကြပြီး ကျိုးနွံနာခံမှု တစ်စက်မျှမရှိဘဲ ထိုသို့ပြုကြသည်။ မိမိတို့ကိုယ်ကိုယ် ငါ့ထံမှ ကင်းကွာစေပြီး ငါ့အား ငြင်းပယ်ကြသောသူ အချို့ပင် ရှိသည်။ ထိုကဲ့သို့သော လူတို့မှာ မောရှေကို ဆန့်ကျင်ခဲ့သော ကောရနှင့် ဒါသန်တို့အုပ်စုထက် ဘာမျှမသာပေ။ လူတို့၏ စိတ်နှလုံးသည် အလွန်မာကျောကြပြီး သူတို့၏ သဘာဝသည် အလွန်ခေါင်းမာကြသည်။ သူတို့သည် မိမိတို့၏ လမ်းဟောင်းများကို မည်သည့်အခါမျှ မပြောင်းလဲကြချေ။ ထိုကဲ့သို့သော စိတ်သဘောထား ရှိသောလူတို့သည် ယောဘထက် သူတို့က အဆတစ်ရာ ပို၍ ကံကောင်းထောက်မကြောင်း အဘယ်သို့ နားလည်နိုင်မည်နည်း။

၃ သူတို့ပျော်မွေ့ခံစားကြသော အရာများက ခေတ်အဆက်ဆက် မြင်တွေ့ရန် ခက်ခဲလှသော၊ ယခင်က မည်သူမျှ မခံစားခဲ့ဖူးသော ကောင်းချီးများဖြစ်ကြောင်း သူတို့ အဘယ်သို့ သိနားလည်နိုင်မည်နည်း။ လူတို့၏ သြတ္တပ္ပစိတ်က ထိုကဲ့သို့သော ကောင်းချီးများ၊ အပြစ်ဒဏ်ပေးခြင်းပါရှိသော ကောင်းချီးများကို အဘယ်သို့ သတိပြုမိနိုင်မည်နည်း။ သင်တို့အား ငါတောင်းဆိုသမျှမှာ သင်တို့အနေဖြင့် ငါ့အလုပ်အတွက် စံပုံစံများ၊ ငါ၏ စိတ်သဘောထား တစ်ခုလုံးနှင့် ငါ၏ လုပ်ဆောင်ချက်များ အားလုံးအတွက် သက်သေများ ဖြစ်နိုင်ကြရန်နှင့်၊ သင်တို့အနေဖြင့် စာတန်၏ ဖိစီးနှိပ်စက်မှုများမှ ကင်းလွတ်နိုင်ကြရန်အတွက် ဖြစ်သည်။ သို့တိုင် လူတို့သည် ငါ၏အလုပ်ကို အမြဲတမ်း တွန်းလှန်ကြပြီး ယင်းကို တမင်သက်သက် ရန်လိုဆန့်ကျင်ကြသည်။ ထိုကဲ့သို့သော လူတို့သည် ငါ့အား ဣသရေလ၏ ပညတ်ချက်များကို ပြန်ယူဆောင်လာပြီး ဣသရေလအပေါ် ငါကျရောက်စေခဲ့သော အမျက်ဒေါသကို ၎င်းတို့အပေါ် ကျရောက်ဖို့အတွက် မလှုံ့ဆော်ဘဲ အဘယ်သို့ နေနိုင်ကြမည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်ပြီး သင်တို့၏နားလည်ချက်မှာ အဘယ်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၃ လူတို့သည် အဘယ်ကြောင့် ဘုရားကို စိတ်ရင်းအမှန်နှင့် မချစ်ကြသနည်းကျူး

နောက်တစ်ခုသို့- ၃၇၅ ဘုရား၏လူများထဲမှ တစ်ဦးဖြစ်ရန် သင်သည် ဧကန်ပင် ထိုက်တန်သလောကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။