၃၂၈ လူတို့သည် ဘုရားထံ သူတို့၏ စိတ်နှလုံးများကို အကယ်ပင် မပေးကြသေးကျူး

လူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံ မည်သည့်အခါတွင်မျှ တိုးဝင်ချဉ်းကပ်ခြင်း မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းသည့်အတွက်၊ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိသကဲ့သို့၊ သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည်သာမက၊ ဘုရားသခင်ကို မချစ်လိုပေ။ အကျိုးဆက်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာသွားပြီဖြစ်သည်။

၁ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း၊ ဤသည်မှာ ထိုလူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိသည်ဟု မဆိုလိုသကဲ့သို့၊ သူသည် သူ၏ ကံကြမ္မာ၊ တက်လမ်းများနှင့် သူ၏အရာအားလုံးကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ချန်ထားပြီးဖြစ်သည်ဟုလည်း မဆိုလိုပေ။ ထို့ကြောင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း၊ ယင်းကို ထိန်းချုပ်ရန် သူ့ကို အခွင့်မပေးသည့်အတွက်၊ ဘုရားသခင်ထံ သင် ပြုသည့် ကျမ်းသစ္စာများ သို့မဟုတ် သူ့ထံ သင် တရားဝင်ကြေငြာသည့် အရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေး၏။ တစ်နည်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ မပေးသေးသကဲ့သို့၊ ဘုရားသခင် နားထောင်ဖို့အတွက် ကြားကောင်းသော စကားများကိုသာ ပြောလေသည်။ ထိုအတောအတွင်းတွင် သင်သည် သင်၏ လျှို့ဝှက်ကြံစည်ခြင်းများ၊ အကြံအစည်များနှင့် အစီအစဉ်များနှင့်အတူ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပြီး၊ သင်သည် သင်၏ တက်လမ်းများနှင့် ကံကြမ္မာကို ဘုရားသခင်က ထိုအရာများအား ယူဆောင်သွားမည်ကို အလွန်အမင်း စိုးရွံ့လျက်၊ သင်၏ လက်ထဲတွင် ဖမ်းဆုပ်ထားလေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အပေါ် လူသား၏ ရိုးသားစစ်မှန်မှုကို မည်သည့်အခါမျှ မရှုမြင်ရပေ။

၂ ဘုရားသခင်သည် လူ၏ စိတ်နှလုံး အတိမ်အနက်ကို စောင့်ကြည့်လေ့လာပြီး လူက စဉ်းစားနေသော အရာနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်နိုင်ကာ၊ သူ၏ စိတ်နှလုံးအတွင်း၌ မည်သည့် အရာများ သိမ်းထားသည်ကို မြင်နိုင်သော်လည်း၊ လူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် မသက်ဆိုင်သကဲ့သို့ သူသည် ယင်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ ဤသည်မှာ ဘုရားသခင်သည် စောင့်ကြည့်ပိုင်ခွင့်ရှိသော်လည်း၊ ထိန်းချုပ်ပိုင်ခွင့် မရှိဟု ဆိုရပေမည်။ လူ၏ ဓမ္မဓိဌာန်မကျသော အသိဉာဏ်ထဲတွင်၊ လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ အစီအစဉ်များသို့ မလွှဲအပ်လိုပေ သို့မဟုတ် လွှဲအပ်ရန် မရည်ရွယ်ပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ပိတ်ပင်ထားပြီးဖြစ်သည်သာမက၊ မှားယွင်းသော ထင်မြင်ချက်ကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရယူရန် ပြေပြစ်သော အပြောအဆိုနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုရင်း၊ ပြီးလျှင် ဘုရားသခင်၏ မြင်ကွင်းမှ မိမိတို့၏ စရိုက်အမှန်ကို ဖုံးကွယ်ရင်း၊ မိမိတို့၏ စိတ်နှလုံးများကို လျှို့ဝှက်ဖို့ နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြလေသည်။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံး ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၂၇ မိမိ၏ပန်းတိုင်အတွက် ဘုရားစိတ်ကျေနပ်စေရန် ကြိုးစားသည့် လူ၏အကျည်းတန်မှုကျူး

နောက်တစ်ခုသို့- ၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။