၂၂၈ အတိတ်သည် ဓါးတစ်စင်းကဲ့သို့ ကျွန်ုပ်ကို ထွင်းဖောက်သည်

၁ အတိတ်က သခင့်အပေါ် ကျွန်ုပ်၏ ယုံကြည်မှုကို စဉ်းစားရင်းဖြင့်၊ ကျွနုပ် လုပ်ဆောင်ခဲ့သည့်အရာအတွက် နောင်တရမိသည်။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ် ငြင်းပယ်ခြင်းအား ကျွန်ုပ် စက်ဆုပ်မိ၊ ထာဝရ ဝမ်းနည်းမှုဖြင့် ကျွန်ုပ် ကျန်ရစ်ပေ။ သခင့်၏ ပြန်ကြွလာခြင်းကို နေ့တိုင်း ကျွန်ုပ် အိပ်မက်မက်ခဲ့ရ၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရဖို့ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကျွန်ုပ် တောင့်တခဲ့။ သို့သော် တံခါးကို သခင်လာခေါက်နေခဲ့ပြီး အဆုံးသတ်ကာလ ကယ်တင်ခြင်း ပေါ်ထွန်းခဲ့ချိန်တွင်၊ ယင်းကို လက်ခံဖို့ ကျွန်ုပ် ငြင်းပယ်ခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကျမ်းစာကို ယုံကြည်ခြင်းဖြစ်သည်ဟု တွေးထင်ရင်း၊ ဘုရားသခင်ကို သမ္မာကျမ်းစာတွင် ကျွန်ုပ် ဘောင်ခတ်မိခဲ့။ ကျွန်ုပ် ကယောင်ကတမ်းပြောကာ ဘုရားသခင်ကို ရှာဖွေသည့် စိတ်နှလုံးမရှိဘဲ ထင်ရာမြင်ရာ ဝေဖန်မိခဲ့ပေ။ ယုံကြည်သူများကို မှန်သောလမ်းခရီး ရှာဖွေခြင်းနှင့် လေ့လာဆန်းစစ်ခြင်းမှ တားဆီးဖို့ အသင်းတော်ကို ပိတ်ပင်ရန် ကျွန်ုပ် လုပ်ခဲ့သည်။ ကျွန်ုပ်၏ ကိုယ်ပိုင် နာမည်နှင့် အဆင့်အတန်းတို့ကို ထိန်းသိမ်းဖို့ ယုံကြည်သူများကို ကျွန်ုပ်၏ လက်တွင်း ပိတ်လှောင်ခဲ့သည်။ ဤနှစ်များအားလုံးတွင် ဘုရားသခင်ကို ကျွန်ုပ် အစေခံနိုင်ခဲ့သော်လည်း ကိုယ်တော့်ကို ဆန့်ကျင်ရာတွင် ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဟု ဘယ်သောအခါမျှ ကျွန်ုပ် စိတ်မကူးမိခဲ့။ ပယ်ဖျက်မရသည့် ကျွန်ုပ်၏ အပြစ်က အဆုံးမရှိ ကျွန်ုပ်ကို နာကျင်စေခဲ့ပေသည်။

၂ ကျွန်ုပ် အလွန် ပုန်ကန်တတ်ကာ ဆန့်ကျင်တတ်ခဲ့သော်လည်း ဘုရားသခင်က ကျွန်ုပ်ကို ကယ်တင်ဖို့ သနားကရုဏာပြဆဲဖြစ်ကာ အရာရာကို ကြိုးစားခဲ့သည်။ ကျွန်ုပ်၏ စိတ်နှလုံး မပြောင်းလဲမီတွင် ကိုယ်တော်သည် ကျွန်ုပ်၏ စိတ်နှလုံးတံခါးကို သူ၏ နှုတ်ကပတ်တော်တို့ဖြင့် အကြိမ်များစွာ ခေါက်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ် လက်ခံလေပြီ၊ ကျွန်ုပ် အဘယ်မျှ မိုက်မဲကာ မျက်စိကန်းသည်ကို ကျွန်ုပ် မြင်ပြီ။ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ကြွယ်ဝမှုကို၊ လူသားမျိုးနွယ် ဘယ်သောအခါမျှ နားမလည်နိုင်။ ဘုရားသခင်၏ အမှုတော်သည် မည်သည့် စည်းမျဉ်းမျှဖြင့် မကန့်သတ်ထားပေ၊ ယင်းသည် အမြဲ တိုးတက်နေသည်။ သို့သော် ဘုရားသခင်၏ အမှုတော်ကို သမ္မာကျမ်းစာ၏ နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ် ဘောင်ခတ်မိခဲ့သည်၊ အလွန့်အလွန် မာနထောင်လွှားမိသည်။ ကျွန်ုပ်၏ တားဆီးမှုကြောင့် ယုံကြည်သူများစွာ ကယ်တင်ခြင်းတွင် သူတို့၏ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူရွေးချယ်ထားသောသူများအတွက် ကျွန်ုပ် သူနှင့်ယှဉ်ပြိုင်ခဲ့သည်- ကျွန်ုပ်သည် အမှန်တကယ် ခေတ်သစ် ဖာရိရှဲတစ်ဦးပါပေ။ ကျွန်ုပ်၏ လုပ်ရပ်များအတွက် ကျွန်ုပ် ရှုတ်ချခံရသင့်ပေ၊ သို့သော် ဘုရားသခင်က နောင်တရဖို့ အခွင့်အရေးတစ်ခု ကျွန်ုပ်ကို ပေးခဲ့သည်။ ဘုရားသခင်၏ စစ်မှန်သော မေတ္တာကို မြင်ရင်း၊ ကိုယ်တော့်ကို ကျွန်ုပ် များစွာ ကြွေးတင်မိသည်ဟု ခံစားရပေ။

အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်ယုံကြည်သော်လည်း၊ မသိကျွမ်းခဲ့သလို၊ ကိုယ်တော့်ကို ကျွန်ုပ် အာခံကာ ဝေဖန်မိခဲ့။ ကျွန်ုပ်သည် အမှန်တကယ် စာတန်အမျိုးအစားဖြစ်သည်၊ ကိုယ်တော်၏ သနားကရုဏာ၊ ကယ်တင်ခြင်းတို့နှင့် မထိုက်တန်ပေ။ အို ဘုရားသခင်၊ ကျွန်ုပ် နောင်တရကာ ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံမည်။ ကျွန်ုပ် ရှိသမျှအရာရာဖြင့် သမ္မာတရားကို လိုက်စားမည်၊ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းကာ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်မည်။

အရှေ့သို့- ၂၂၇ ဘုရားသခင်၌ ယုံကြည်ခြင်းမှတစ်ဆင့် သမ္မာတရား ရရှိခြင်း တန်ဖိုးမဖြတ်နိုင်ပေ

နောက်တစ်ခုသို့- ၂၂၉ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းက ရှေ့ဆက်လမ်းကို ဖွင့်ပေးသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။