ဖန်ဆင်းခံသတ္တဝါရဲ့ ရင်ထဲကအသံ
၁
မကြာခဏ ကျွန်ုပ် အော်ဟစ်ချင်ခဲ့ပေမဲ့
သင့်လျော်တဲ့နေရာ မတွေ့ခဲ့
မကြာခဏ သီချင်းအကျယ်ကြီးဆိုခဲ့ချင်ပေမဲ့
ဘာသံစဉ်တစ်ခုကိုမှ ကျွန်ုပ်ရှာမရ
ဖန်ဆင်းခံ၏ ချစ်ခြင်းမေတ္တာ ထုတ်ဖော်ဖို့
မကြာခဏ ကျွန်ုပ်တောင့်တခဲ့
နေရာအနှံ့ ကျွန်ုပ်ရှာဖွေခဲ့လည်း
ကျွန်ုပ်၏ အံ့အားသင့်မှု ကို ဖော်ပြ၍ မရနိုင်။
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်
ဖန်ဆင်းခံသတ္တဝါရဲ့ ရင်ထဲကအသံပါ
၂
လူဟာ အသက်မပါပဲ
မြေမှုန့်မှဖြစ်လာခဲ့
ကိုယ်တော်သည် လူကိုဖန်ဆင်းခဲ့ပြီး
ဇီဝအသက်ကို ပေးခဲ့
ကျွန်ုပ်တို့ကို စာတန်ဖျက်ဆီးခဲ့တာ ဝမ်းနည်းဖွယ်ကောင်းလှ
ကျွန်ုပ်တို့ ဆင်ခြင်တုံတရား၊ အသိစိတ်တွေ ပျောက်ဆုံး
မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်
အများအပြား ကျဆုံးလာခဲ့ရသည်
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်
ဖန်ဆင်းခံသတ္တဝါရဲ့ ရင်ထဲကအသံပါ
ကိုယ်တော်ကြွလာခြင်းအား ချီးမွမ်းဖို့ ကျွန်ုပ်စိတ်နှလုံး၊ ကျွန်ုပ်လက်များ ဝမ်းမြောက်
ပျက်စီးနေခဲ့သော ကျွန်ုပ်ကို ကယ်တင်ခဲ့ပြီ
အခုတော့ ကိုယ်တော့်အံ့ဖွယ်မျက်နှာ မြင်တွေ့
ကိုယ်တော့်အစီအစဉ်ကိုနာခံ၊ အလိုတော်ကိုဖြည့်ဆည်းမယ်
ကိုယ့်အတွက် မရွေးချယ်လိုတော့ဘူး
မြေမှုန့်မှလာတဲ့ကျွန်ု်ပ် ကိုယ်တော့်ကိုချစ်ရတာ ကြီးမားတဲ့ ကောင်းချီးပါ
ကိုယ့်တော့်ကို ဦးညွှတ်မကိုးကွယ်ပဲ ဘယ်လိုနေနိုင်မလဲ
၃
လူကို ကိုယ်တော် ဖန်ဆင်းပြီး မေတ္တာထားတယ်
ကျွန်ုပ်တို့ကိုပြန်ပြီးကယ်ဖို့ လူ့ဇာတိခံယူခဲ့တယ်
ရှုံးနိမ့်မှု အမျိုးမျိုးကို ကိုယ်တော်ခံခဲ့ရတယ်
ညှင်းပန်းနှိပ်စက်ခြင်းခံကို ခဲ့ရတယ်
လူကို လှပသောပန်းတိုင်သို ့ ပို ့နိုင်ရန်
ဘဝရဲ့ခါးသီးမှု၊ ချိုမြိန်မှုအားလုံး ကိုယ်တော် မြည်းစမ်းခဲ့ရတယ်
ဒီလောက်ကြီးမားတဲ့ ကယ်တင်ခြင်းအတွက်
ကျွန်ုပ်တို့ ကျေးဇူးမတင်ပဲ ဘယ်လိုနေနိုင်မလဲ
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်
ဖန်ဆင်းခံသတ္တဝါရဲ့ ရင်ထဲကအသံပါ
၄
ယနေ့ ကျွန်ုပ်ကယ်တင်ခြင်းရရှိပြီး လူ့ဆန်ဆန် အသက်ရှင်နိုင်တာ ကိုယ်တော့် ကျေးဇူးတော်နှင့်
ချီးမြှောက်မှု ကြောင့်သာပါ
နှုတ်ကပတ်တော်မှမွေ့လျော်ပြီး ကိုယ်တော့်စစ်ကြောင်ခြင်းခံယူ
ကိုယ်တော့် သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းကိုသိဖို့ ကျွန်ုပ်လာတာပါ
နာကျင်မှု၊ နှိပ်စက်ခြင်းအမျိုးမျိုး ခံစားရင်း
ကိုယ်တော်ဟာ ချစ်ဖွယ်အကောင်းဆုံးမှန်း ကျွန်ုပ်နားလည်
ကိုယ်တော့်အမှုတော်ကို ကျွန်ုပ်တွေ့ကြုံရသောကြောင့်
ကျွန်ုပ်စင်ကြယ်ပြီး၊ အလင်း ထဲမှာ အသက်ရှင်
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်
ဖန်ဆင်းခံသတ္တဝါရဲ့ ရင်ထဲကအသံပါ
ဘုရားကိုကိုးကွယ်ဖို့ဟာ ဖန်ဆင်းခံ၏တာဝန်
ကိုယ်တော့်ကိုကိုးကွယ်ဖို့ဟာ ဖန်ဆင်းခံ၏ တာဝန်
ကျွန်ုပ််ကိုသွေးဆောင်ဖို့ စာတန်နည်းမျိုးစုံသုံး၏
စာတန်ကို ကျွန်ုပ်တကယ် မုန်းပါတယ်
စစ်ကြောခြင်းများထဲ၌ ကိုယ်တော့်ကိုသာ ချစ်ချင်သည်
ပဲ့ပြင်ဆုံးမခြင်းများထဲမှာပင် ကိုယ်တော့်ကိုပိုချစ်လို
အသွေးသားသာယာမှု ကို နောက်ထပ်မတပ်မက်တော့ပါ
စာတန်ရဲ့အောက်တွင် နောက်ထပ်အသက်မရှင်တော့ပါ
အနန္တတန်ခိုးရှင်ဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်နှလုံးသားက အချစ်
ဖန်ဆင်းခံသတ္တဝါရဲ့ ရင်ထဲကအသံပါ