သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)

လွန်ခဲ့သည့် ရက်အနည်းငယ်က အန္တိခရစ်များက ဧဝံဂေလိ ချဲ့ထွင်ခြင်းအမှုကို နှောင့်ယှက်သည့် ဆိုးဝါးသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဤအကြောင်းကို သင်တို့အားလုံး သိသလော။ (သိပါသည်။) ဤဖြစ်ရပ် ဖြစ်ပြီးနောက်တွင် ဘုရားအိမ်တော်၏ ဧဝံဂေလိအမှုကို ပြန်လည်ဖွဲ့စည်းခြင်းအား စတင်ပြုလုပ်ခဲ့ပြီး လူအချို့ကို စတင်၍ တာဝန်ပြောင်းပေးသည်၊ သို့မဟုတ် ပြောင်းရွှေ့ပေးသည်။ ပြီးလျှင် အလုပ်နှင့်သက်ဆိုင်သည့် အချို့ကိစ္စများကို ချိန်ညှိခဲ့သည်။ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့သော ကြီးမားသည့် ဖြစ်ရပ်မျိုးသည် ဘုရားအိမ်တော်တွင် ဖြစ်ပေါ်ခဲ့ပြီး သင်တို့အနီးတွင် အန္တိခရစ်များ ပေါ်ထွက်လာသည်။ ဤသို့သော အရေးပါသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခြင်းမှ သင်ခန်းစာအချို့ကို သင်တို့ သင်ယူနိုင်ခဲ့သလော။ သမ္မာတရားကို သင်တို့ ရှာဖွေခဲ့သလော။ ပြဿနာအချို့၏ အနှစ်သာရကို သင်တို့ မြင်ခဲ့သလော။ ပြီးလျှင် ဤသို့သော ကြီးမားသည့် ဖြစ်ရပ်တစ်ခုမှ သင်ခန်းစာအချို့ကို ယူနိုင်ခဲ့သလော။ တစ်စုံတစ်ခု ဖြစ်ပွားသောအခါ လူအများစုက ယင်း၏ အနှစ်သာရကို သေချာစွာ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးလေ့လာခြင်းမရှိဘဲ လူများနှင့် အမှုအရာများအား မည်သို့ ရှုမြင်ရမည်၊ သမ္မာတရားနှင့်အညီ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည်ကို သင်ယူခြင်းမရှိဘဲ အပြင်ပန်းမှနေ၍ ယင်းထံမှ သင်ခန်းစာ အနည်းငယ်သာ ယူပြီး အယူဝါဒအနည်းငယ်ကိုသာ နားလည်ခြင်းရှိကြသည် မဟုတ်သလော။ မိမိတို့တွင် မည်သို့ဖြစ်ပျက်ပါစေ မိမိတို့၏ ကိုယ်ပိုင်စိတ်နှင့် တွက်ချက်မှုများအတိုင်းသာ တွေးတောသော လူအချို့ရှိသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝ စံမမီပေ။ ပြီးလျှင် အသိဉာဏ်နှင့် ဉာဏ်ပညာ၏ စံကိုလည်း မမီပေ။ ၎င်းတို့သည် သင်ခန်းစာအနည်းငယ်ကိုသာ အနှစ်ချုပ်ပြီး စိတ်ပိုင်းဖြတ်ချက်တစ်ခု ပြုလုပ်သည်။ “နောက်ပိုင်းတွင် ဤကဲ့သို့သော အရာများ ထပ်မံ ဖြစ်ပျက်လျှင် မည်သည့်အရာကို ငါ ပြော၍မရကြောင်း၊ မည်သည့်အရာကို ငါလုပ်ဆောင်၍မရကြောင်းအပြင် မည်သည့်လူစားမျိုးကို ငါ သတိထားကာကွယ်သင့်ကြောင်းနှင့် မည်သည့်လူစားမျိုးတို့နှင့် ရင်းနှီးသင့်ကြောင်းတို့ကို သတိထားပြီး အာရုံစိုက်ရမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင်ခန်းစာယူခြင်းနှင့် အတွေ့အကြုံရရှိခြင်းအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ဤသို့ဆိုလျှင် ဤသို့သောအရာများ ဖြစ်ပျက်သောအခါ ယင်းတို့သည် အကြီးစား ဖြစ်ရပ်များဖြစ်စေ၊ အသေးစား ဖြစ်ရပ်များဖြစ်စေ လူတို့သည် သင်ခန်းစာများ ယူနိုင်ရန်အတွက်၊ ဤပတ်ဝန်းကျင်များကို ကြုံတွေ့စဉ်တွင် သမ္မာတရားအချို့ကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ကြီးထွားရန်အတွက် ယင်းတို့ကို မည်သို့ ကြုံတွေ့သင့်သနည်း၊ မည်သို့ ချဉ်းကပ်သင့်သနည်း၊ ပြီးလျှင် ယင်းတို့အတွင်းသို့ မည်သို့ နက်နဲစွာ ဝင်ရောက်သင့်သနည်း။ လူအများစုက ဤအရာများကို မတွေးတောကြပေ။ မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် ဤအရာများကို မတွေးတောလျှင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ ဟုတ်သလော။ (မဟုတ်ပါ။) သင်တို့သည် သမ္မာတရားကို လိုက်စားသူဖြစ်သည်ဟု ထင်သလော။ သင်သည် သမ္မာတရားအား လိုက်စားသူမဟုတ်ဆိုသည်ကို မည်သည့်အရာအပေါ်အခြေခံပြီး ယုံကြည်သနည်း။ သင်သည် သမ္မာတရားကို လိုက်စားသူဖြစ်သည်ဟု မည်သည့်အရာများအပေါ် အခြေခံပြီး ရံဖန်ရံခါ ထင်မြင်သနည်း။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်၊ သို့မဟုတ် လောကီ ရေပန်းစားမှုများနောက်သို့ လိုက်ခြင်းအား ရှောင်ကြဉ်ရန်၊ သို့မဟုတ် သင်ကြုံရသော ဆိုးယုတ်သည့်လူများကို ရှောင်ကြဉ်ရန် စသည်တို့အတွက် သင့်တာဝန်တွင် ဒုက္ခအနည်းငယ် ခံယူပြီး အဖိုးအခအနည်းငယ် ပေးဆပ်သောအခါ၊ သင့်အလုပ်အပေါ် ရံဖန်ရံခါ အနည်းငယ်ပို၍ အလေးအနက် ထားသောအခါ၊ သို့မဟုတ် ပိုက်ဆံအနည်းငယ် ပါဝင်ကူညီသောအခါ၊ သို့မဟုတ် သင့်မိသားစုကို စွန့်လွှတ်သောအခါ၊ သင့်အလုပ်မှ နုတ်ထွက်သောအခါ၊ သင်၏ ပညာသင်ကြားမှုများကို စွန့်လွှတ်ပြီး အိမ်ထောင်ကို စွန့်လွှတ်သောအခါ၊ သင်တို့သည် ဤအရာများကို လုပ်ဆောင်နိုင်သောအခါ သင်တို့သည် သမ္မာတရားကို လိုက်စားပြီး စစ်မှန်သော ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု ခံစားရသလော။ ဤသည်မှာ သင်တို့ ထင်မြင်သောအရာ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် မည်သည့်အရာကို အခြေခံပြီး ဤသို့ သင်တို့ ထင်မြင်သနည်း။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံသလော။ (မဟုတ်ပါ။) ယင်းသည် လိုရာဆွဲ၍ တွေးခြင်းဖြစ်သည်။ သင်တို့သည် မိမိတို့ဘာသာ ဆုံးဖြတ်သတ်မှတ်နေခြင်းဖြစ်သည်။ သင်တို့သည် စာအုပ်ကြီးအတိုင်း စည်းကမ်းအချို့ကို ရံဖန်ရံခါ လိုက်နာပြီး အမှုအရာများကို လုပ်ဆောင်သောအခါ၊ ကောင်းသောလူ့သဘာဝ၏ သရုပ်သကန်အချို့ကို ပိုင်ဆိုင်သောအခါ၊ စိတ်ရှည်၊ သည်းခံနိုင်သောအခါ၊ အပြင်ပန်းတွင် နှိမ့်ချသောအခါ၊ မကြွားဝါသောအခါ၊ မထောင်လွှားသောအခါ၊ မာနမကြီးသောအခါ၊ ပြီးလျှင် ဘုရားအိမ်တော်၏ အလုပ်တွင် အနည်းငယ် တာဝန်သိတတ်သော စိတ်၊ သို့မဟုတ် စိတ်ဓာတ်ထားရှိနိုင်သောအခါ သင်တို့သည် အမှန်ပင် သမ္မာတရားကို လိုက်စားခဲ့ပြီးဖြစ်ကာ အမှန်ပင် သမ္မာတရားကို လိုက်စားသူတစ်ဦးဖြစ်သည်ဟု ထင်သည်။ ဤသို့ဆိုလျှင် ဤသရုပ်သကန်များသည် သမ္မာတရားအားလိုက်စားခြင်းနှင့် ညီမျှသလော။ (မညီမျှပါ။) အတိအကျဆိုလျှင် ဤအပြင်ပန်းလုပ်ရပ်များ၊ အပြအမူများ၊ သရုပ်သကန်များသည် သမ္မာတရားအား လိုက်စားမှုမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသရုပ်သကန်များသည် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်ဟု လူတို့က အဘယ်ကြောင့် အစဉ်ထင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူများဖြစ်သည်ဟု အဘယ်ကြောင့် အစဉ်ထင်ကြသနည်း။ (လူတို့သည် ၎င်းတို့၏ အယူအဆများတွင် ၎င်းတို့သည် အနည်းငယ် အားထုတ်ပြီး အသုံးခံလျှင် ယင်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၏ သရုပ်သကန်များဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များတွင် အဖိုးအခအနည်းငယ် ပေးဆပ်သောအခါ၊ သို့မဟုတ် အနည်းငယ် ဒုက္ခခံသောအခါ ၎င်းတို့သည် သမ္မာတရားအား လိုက်စားသူများ ဖြစ်သည်ဟု ထင်ကြသည်။ သို့သော် ၎င်းတို့သည် ယခင်က ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာကို ပြောစရာ ရှိသည်ကိုဖြစ်စေ၊ လူတစ်ယောက်က သမ္မာတရားအား လိုက်စားခြင်း ရှိမရှိကို ဘုရားသခင်က မည်သို့ အကဲဖြတ်သည်ဆိုသည်ကိုဖြစ်စေ မည်သည့်အခါမျှ မရှာဖွေခဲ့ပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အလွန်တော်သည်ဟု ထင်မြင်လျက် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် အစဉ်နေထိုင်ကြသည်။) လူတို့သည် ၎င်းတို့၏ အယူအဆများကို မည်သည့်အခါမျှ လက်မလွှတ်ပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားသောသူများဟုတ်မဟုတ်ကို အဆုံးအဖြတ်ပေးသည့် အရေးပါသော အမှုကိစ္စများနှင့်ပတ်သက်လျှင် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် ၎င်းတို့၏ လိုရာဆွဲတွေးခြင်းများအပေါ် အစဉ် အမှီပြုသည်။ အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန်အတွက် အမှန်တကယ် အဖိုးအခပေးဆပ်ရန် မလိုဟုလည်းကောင်း၊ ၎င်းတို့သည် အဆုံးတွင် အကျိုးအမြတ်များကို ရရှိနိုင်ပြီး ကောင်းချီးခံစားရနိုင်ဆဲ ဖြစ်သည်ဟုလည်းကောင်း ယုံကြည်လျက်ဖြင့် ဤသို့ထင်မြင်ပြီး လုပ်ဆောင်သောအခါတွင် စိတ်အေးရသောကြောင့် မဟုတ်လော။ အခြားအကြောင်းပြချက်တစ်ခု ရှိသည်။ ယင်းမှာ လူတို့၏ စွန့်လွှတ်မှုများ၊ ဒုက္ခ၊ အဖိုးအခပေးဆပ်ခြင်း စသည်တို့ကဲ့သို့သော ၎င်းတို့၏ ကောင်းသောအပြုအမူဆိုသောအရာများသည် ၎င်းတို့ ဖြစ်မြောက်ပြီး စွမ်းဆောင်ရရှိနိုင်သောအရာများဖြစ်သောကြောင့်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့အနေဖြင့် ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ရန် လွယ်ကူသည်။ သို့သော် သမ္မာတရားကို အမှန်တကယ်လိုက်စားရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများပေါ် အခြေခံပြီး လုပ်ဆောင်ရန်မှာ ၎င်းတို့အတွက် မလွယ်ကူပေ။ ပြီးလျှင် ဤအရာများကို ၎င်းတို့ ရရှိရန် မလွယ်ကူပေ။ သင်သည် သမ္မာတရား အနည်းငယ်ကို နားလည်လျှင်ပင် သင်၏ ကိုယ်ပိုင်စိတ်ကူးများ၊ အယူအဆများ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန် သင့်အတွက် အလွန် ခက်ခဲလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်လျှင် သင် ဘုရားသခင်ကို ယုံကြည်ခဲ့သည့်နှစ်များတွင် သမ္မာတရားကဏ္ဍ အမျိုးမျိုးနှင့်ပတ်သက်ပြီး မည်သည့်တိုးတက်မှုမျှ ရှိသည့် ပုံစံမရှိသနည်း။ သင်သည် အဖိုးအခ ပေးဆပ်ခဲ့သည်ဖြစ်စေ၊ မည်သည့်အရာကို သင်ပစ်ပယ်ခဲ့သည်ဖြစ်စေ၊ စွန့်ပစ်ခဲ့သည်ဖြစ်စေ သင်ရရှိခဲ့သော နောက်ဆုံးရလဒ်များသည် သမ္မာတရားအား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိခဲ့ခြင်း ဖြစ်သလော။ သင်သည် အဖိုးအခမည်မျှ ပေးဆပ်ခဲ့သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိနှင့်ဆိုင်သောအရာများကို သင် မည်မျှ ပစ်ပယ်ခဲ့သည်ဖြစ်စေ အဆုံးတွင် မည်သည့်အရာကို သင် ရရှိခဲ့သနည်း။ သမ္မာတရားကို ရရှိခဲ့သလော။ သမ္မာတရားနှင့် သက်ဆိုင်သော တစ်စုံတစ်ခုကို ရရှိခဲ့သလော။ သင်၏ အသက်ဝင်ရောက်မှုတွင် တိုးတက်မှုရှိခဲ့သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခဲ့သလော။ ဘုရားသခင်အပေါ် စစ်မှန်သော နာခံခြင်းကို သင်ပိုင်ဆိုင်သလော။ ဘုရားသခင်အပေါ် နာခံခြင်းကဲ့သို့သော အလွန်နက်နဲသော သင်ခန်းစာ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုကို ငါတို့ ပြောဆိုမည်မဟုတ်။ ထိုအစား အရိုးရှင်းဆုံးသောအရာကိုသာ ငါတို့ ပြောဆိုမည်။ သင်သည် အရာရာတိုင်းကို စွန့်ပစ်ခဲ့သည်။ နှစ်များစွာ ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ခဲ့သည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်သလော။ အထူးသဖြင့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်ရန်အတွက် ဆိုးယုတ်သောအရာများကို လုပ်ဆောင်သောအခါ၌ သင်သည် မျက်ကွယ်ပြုပြီး ထိုဆိုးယုတ်သောလူတို့၏ အကျိုးစီးပွားများကို ထိန်းသိမ်းသလော။ ပြီးလျှင် သင့်ကိုယ်သင် ကာကွယ်သလော။ သို့မဟုတ် ဘုရားသခင်ဘက်၌ ရပ်တည်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းသလော။ သင်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့သလော။ မလုပ်ဆောင်ခဲ့လျှင် သင်၏ ဒုက္ခနှင့် သင်ပေးဆပ်သော အဖိုးအခသည် ပေါလုနှင့် မခြားနားပေ။ ယင်းတို့ကို ကောင်းချီးရရန်အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်ပြီး အားလုံးက အချည်းနှီးဖြစ်သည်။ ယင်းတို့သည် ပေါလုပြောခဲ့သည့် တိုက်လှန်ခြင်းများကို ပြုပြီး ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီးသည့်နောက် အဆုံးတွင် ကောင်းချီးနှင့် ဆုလာဘ်တစ်ခုကို ရရှိခြင်းနှင့် တူညီသည်။ လုံးဝ ကွာခြားမှုမရှိပေ။ သင်သည် ပေါလု၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်။ သင်၏ ပစ်ပယ်ခြင်း၊ အသုံးခံခြင်း၊ ဒုက္ခခံခြင်းနှင့် သင်ပေးဆပ်ခဲ့သော အဖိုးအခတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သင်ထင်သည်။ ဤသို့ဆိုလျှင် ဤနှစ်များတစ်လျှောက်တွင် သမ္မာတရားမည်မျှကို သင် နားလည်ခဲ့သနည်း။ သမ္မာတရား စစ်မှန်မှုမည်မျှကို သင် ပိုင်ဆိုင်သနည်း။ အမှုကိစ္စမည်မျှတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် ကာကွယ်ခဲ့သနည်း။ အမှုကိစ္စမည်မျှ၌ သမ္မာတရားနှင့် ဘုရားသခင်ဘက်တွင် သင် ရပ်တည်ခဲ့သနည်း။ သင်၏ လုပ်ရပ်များထဲမှ မည်မျှတွင် သင့်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့် မကောင်းမှုကို၊ သို့မဟုတ် သင်၏ကိုယ်ပိုင်ဆန္ဒ နောက်လိုက်ခြင်းကို ရှောင်ကြဉ်ထိန်းသိမ်းခဲ့သနည်း။ ဤသည်တို့အားလုံးမှာ လူတို့နားလည်ပြီး စစ်ဆေးသင့်သည့်အရာများဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို မစစ်ဆေးလျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်မှာ ကြာလေလေ၊ အထူးသဖြင့် တာဝန်ထမ်းဆောင်သည်မှာ ကြာလေလေ၊ ချီးမြှင့်ထိုက်သော ဖြည့်ဆည်းမှုကို ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့သည် အသေအချာပင် ကယ်တင်ခြင်းခံရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်ကြောင်းတို့ကို ထင်လေလေဖြစ်သည်။ တစ်နေ့တွင် ၎င်းတို့သည် အထုတ်ခံရလျှင်၊ ဖော်ထုတ်ခြင်းခံရလျှင်၊ ဖယ်ရှားခြင်းခံရလျှင် ၎င်းတို့က “ကျွန်ုပ်သည် ချီးမြှင့်ထိုက်သည့် အစေခံမှုကို မပေးခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ကျွန်ုပ် အလုပ်ကြိုးစားခဲ့ပြီး အလုပ်မကြိုးစားခဲ့လျှင်ပင် ကျွန်ုပ်သည် ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့သည်။ ကျွန်ုပ် နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးဆပ်သည်ကို အခြေခံ၍ ဘုရားအိမ်တော်သည် ကျွန်ုပ်ကို မထုတ်ပယ်သင့်ပေ။ သို့မဟုတ် ဤနည်းအားဖြင့် မဆက်ဆံသင့်ပေ။ ဘုရားအိမ်တော်အတွက် ကျွန်ုပ် အလုပ် လုပ်ကိုင်ပြီးသည့်နောက်တွင် ဘုရားအိမ်တော်သည် ကျွန်ုပ်ကို ဤအတိုင်း မစွန့်ပစ်သင့်ပေ” ဟု ဆိုလိမ့်မည်။ သင်သည် အမှန်ပင် သမ္မာတရားကို လိုက်စားသောသူဖြစ်လျှင် ဤအရာများကို မပြောသင့်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် ဖြစ်လျှင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို နှံ့နှံ့စပ်စပ်၊ တိကျစွာဖြင့် အကြိမ်မည်မျှ အ‌ကောင်အထည်ဖော် ဆောင်ရွက်ခဲ့သနည်း။ အလုပ်အစီအစဉ်မည်မျှကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သနည်း။ အလုပ်ကိစ္စမည်မျှကို သင်နောက်ဆက်တွဲ လုပ်ဆောင်ခဲ့သနည်း။ မည်မျှကို သင်စစ်ဆေးခဲ့သနည်း။ သင့်တာဝန်နှင့် သင့်အလုပ်နယ်ပယ်အတွင်းတွင်၊ သင်၏ အစွမ်းအစ၊ နားလည်နိုင်သော အရည်အချင်း၊ သမ္မာတရားအပေါ် နားလည်မှုက စွမ်းဆောင်ရရှိနိုင်သော နယ်ပယ်အတွင်းတွင် သင် မည်မျှ အစွမ်းကုန် လုပ်ဆောင်ခဲ့သနည်း။ မည်သည့်တာဝန်များကို သင်ကောင်းစွာ လုပ်ဆောင်ခဲ့သနည်း။ ကောင်းမှုမည်မျှကို သင်ပြင်ဆင်ခဲ့သနည်း။ ဤသည်တို့မှာ လူတစ်ယောက်သည် သမ္မာတရားအား လိုက်စားသူဟုတ်မဟုတ်ကို စမ်းသပ်ရန်အတွက် စံနှုန်းများဖြစ်သည်။ သင်သည် ဤအရာများအားလုံးကို ရှုပ်ပွအောင်ပြုလုပ်ပြီး မည်သည့်ရလဒ်မျှမရလျှင် သင်သည် ကောင်းချီးရရန် မျှော်လင့်ချက်ဖြင့် ဤနှစ်များတစ်လျှောက်တွင် ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်နေသည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း၊ ဘုရားသခင်အား နာခံနေခြင်း မဟုတ်သည်ကိုလည်းကောင်း သက်သေပြသည်။ သင်လုပ်ဆောင်ခဲ့သမျှတိုင်းသည် သင့်အတွက်၊ အဆင့်အတန်းနှင့် ကောင်းချီးအတွက်ဖြစ်ပြီး ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း မဟုတ်ပေ။ သင်လုပ်ဆောင်ခဲ့သမျှတိုင်းသည် အဘယ်နည်း။ ဤသို့သောလူများ၏ နောက်ဆုံးပိတ် အဆုံးသတ်မှာ ပေါလုနှင့် တူညီသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူတို့အားလုံးသည် ပေါလု၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ပင်ကိုအားဖြင့် ၎င်းတို့၏အဆုံးသတ်သည် ပေါလုနှင့် တူညီလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သင်၏ အလုပ်၊ မိသားစု၊ သို့မဟုတ် အချို့ဖြစ်ရပ်များတွင် သင်၏ ကလေးငယ်များကိုပင် ပစ်ပယ်ခဲ့ရုံဖြင့် သင်သည် ချီးမြှင့်ထိုက်သော ဖြည့်ဆည်းမှုကို ပြုလုပ်ခဲ့သည်ဟု မထင်နှင့်။ သင်သည် မည်သည့်ချီးမြှင့်ထိုက်သော ဖြည့်ဆည်းမှုကိုမျှ မပြုလုပ်ခဲ့ပေ။ သင်သည် ဖန်ဆင်းခံသက်သက်သာ ဖြစ်သည်။ သင်လုပ်ဆောင်သမျှတိုင်းသည် သင့်အတွက် ဖြစ်ပြီး သင်လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ ကောင်းချီးရရှိရန် မဟုတ်လျှင် သင်သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်မည်လော။ သင့်မိသားစုကို ပစ်ပယ်ပြီး သင့်အလုပ်ကို စွန့်လွှတ်နိုင်မည်လော။ သင့်မိသားစုကို ပစ်ပယ်ခြင်း၊ သင့်အလုပ်ကို စွန့်လွှတ်ခြင်း၊ ဒုက္ခခံခြင်းနှင့် အဖိုးအခများ ပေးဆပ်ခြင်းတို့သည် သမ္မာတရားအားလိုက်စားခြင်း၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခြင်းတို့နှင့် ညီမျှသည်ဟု မမှတ်ယူနှင့်။ ဤသည်မှာ သင့်ကိုယ်သင် အရူးလုပ်နေခြင်းသာ ဖြစ်သည်။

သမ္မာတရား၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လုံးဝ လက်မခံသောသူတို့သည် ဘုရားအိမ်တော်က အကြီးစားဖယ်ရှားခြင်း ပြုလုပ်သည့်အချိန်တိုင်းတွင် တစ်ယောက်ချင်း ဖော်ထုတ်ပြီး ရှင်းလင်းပစ်ခြင်း ခံရသည်။ ပြဿနာများက အလွန်ကြီးလေးခြင်းမရှိသော လူအချို့သည် စောင့်ကြည့်ခြင်းခံရလျက် ကျန်ရှိနေခွင့်ရသည်။ ပြီးလျှင် ၎င်းတို့သည် ဖော်ထုတ်ခံရပြီးနောက်တွင် နောင်တရရန် အခွင့်အရေးပေးခြင်း ခံရသည်။ အခြားလူများအတွက်မူ ၎င်းတို့ပြဿနာများသည် အလွန်ကြီးမားသည်။ ၎င်းတို့သည် ထပ်ခါထပ်ခါ ဝေဖန်ခြင်းခံရသော်လည်း ပြုပြင်၍ မရနိုင်ဘဲ ရှိနေသည်။ ၎င်းတို့သည် ဆင်တူသောအရာများကို လုပ်ဆောင်ပြီး တူညီသောအမှားများကို ထပ်ခါထပ်ခါ ပြုလုပ်သည်။ ပြီးလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို ကြားဝင်ကာ နှောင့်ယှက်ပြီး ဖျက်ဆီးသည်။ ထို့ကြောင့် အဆုံးတွင် ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ ရှင်းလင်းခံရပြီး နှင်ထုတ်ခံရသည်။ မည်သည့်အခွင့်အရေးမျှ ထပ်ပေးခြင်း မခံရပေ။ လူအချို့က “သူတို့ကို မည်သည့်အခွင့်အရေးမျှ ထပ်မပေးသဖြင့် သူတို့အတွက် ကျွန်ုပ် စိတ်မကောင်းဖြစ်ရသည်” ဟု ဆိုသည်။ ၎င်းတို့ကို လုံလောက်သော အခွင့်အရေးများ မပေးသလော။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန်၊ ဘုရားနှုတ်ကပတ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရန်၊ သို့မဟုတ် သူ၏ သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို လက်ခံရန် ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးများကို စီမံနေကြသည်။ အသင်းတော်အလုပ်ကို ၎င်းတို့ စတင်တာဝန်ယူလုပ်ဆောင်ပြီးနောက်တွင်၊ သို့မဟုတ် တာဝန်အမျိုးမျိုးကို စတင်ထမ်းဆောင်ပြီးနောက်တွင် ၎င်းတို့သည် အမှားမျိုးစုံကို စတင်လုပ်ဆောင်ပြီး နှောင့်ယှက်ကာ ဖျက်ဆီးသည်။ အသင်းတော်အလုပ်ကို အလွန်အမင်း ထိခိုက်စေသည့်အပြင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများလည်း အလွန်အမင်း ဆုံးရှုံးစေသည်။ ၎င်းတို့အား ထပ်ခါထပ်ခါ အခွင့်အရေးပေးပြီးနောက်တွင် တာဝန်ထမ်းဆောင်သည့်အုပ်စုအမျိုးမျိုးမှ ၎င်းတို့အား တဖြည်းဖြည်းချင်း ဖယ်ရှားပြီးနောက်တွင် ဘုရားအိမ်တော်သည် ၎င်းတို့အား ဧဝံဂေလိအဖွဲ့တွင် ထမ်းဆောင်ရန် စီစဉ်ပေးသည်။ သို့သော် ထိုလူများက ထိုနေရာသို့ ရောက်ပြီးနောက်တွင် ၎င်းတို့တာဝန်များ၌ အလုပ်မကြိုးစားပေ။ ပြီးလျှင် ၎င်းတို့သည် လုံးဝ နောင်တမရဘဲ၊ သို့မဟုတ် မပြောင်းလဲဘဲ အမှားမျိုးစုံကို ထိတွေ့လုပ်ဆောင်ဆဲ ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ၊ မည်သည့် အလုပ်အစီအစဉ်မျိုးကို ပြုလုပ်ပါစေ၊ ပြီးလျှင် ဘုရားအိမ်တော်က လူတို့အား အခွင့်အရေးများ၊ သတိပေးချက်များ ပေးသော်လည်း၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းပင် ပြုလုပ်သော်လည်း ဤအရာအားလုံးမှာ အချည်းနှီးဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ထုံထိုင်းခြင်းမဟုတ်ပေ။ အလွန်အမင်း ခေါင်းမာခြင်း ဖြစ်သည်။ ဤခေါင်းမာခြင်းသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရှုထောင့်မှ ပြောခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရတွင် ၎င်းတို့သည် လူများမဟုတ်ပေ။ နတ်ဆိုးများဖြစ်သည်။ အသင်းတော်သို့ ဝင်ရောက်ရာတွင် စာတန်များအဖြစ် လုပ်ဆောင်ခြင်းအပြင် ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်အလုပ်ကို အကျိုးဖြစ်စေရန် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ မကောင်းသောအရာများကိုသာ ၎င်းတို့ လုပ်ဆောင်သည်။ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးရန်သာ လာသည်။ ၎င်းတို့သည် ဧဝံဂေလိတရားဟောစဉ်တွင် လူအနည်းငယ်ကိုသာ ရရှိပြီးနောက်တွင် ၎င်းတို့၌ အရင်းအနှီးရှိသည်၊ ချီးမြှင့်ထိုက်သော ဖြည့်ဆည်းမှုကို ၎င်းတို့ ပြုလုပ်ခဲ့သည်ဟု ခံစားရသည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့အောင်မြင်မှုများအပေါ် စတင်ကျေနပ်နေပြီး ဘုရားအိမ်တော်သည် ဘုရင်အဖြစ် အုပ်စိုးနိုင်သည်ဟုလည်းကောင်း၊ အလုပ်၏ မည်သည့်ကဏ္ဍတွင်မဆို အမိန့်ပေးပြီး ဆုံးဖြတ်ချက်များချနိုင်သည်ဟုလည်းကောင်း၊ လူတို့အား ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ရန် အတင်းခိုင်းစေနိုင်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ အထက်က သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ အလုပ်ကို စီစဉ်သည်ဖြစ်စေ ဤလူများက အလေးအနက်မထားပေ။ ၎င်းတို့သည် သင့်ရှေ့တွင် အလွန်ပင် ချိုသာသောအရာများကို ပြောဆိုကြသည်။ “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက ကောင်းသည်။ ကျွန်ုပ်တို့ လိုအပ်နေသည့်အရာ အတိအကျပင်ဖြစ်၏။ ထိုအလုပ်အစီအစဉ်များသည် ကိစ္စများကို အချိန်မီ ပြုပြင်ပေးခဲ့သည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် မည်မျှလမ်းလွဲနေသည်ကို သိမည်မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့က ပြန်လှည့်လိုက်သည့်အခါတွင် ပြောင်းလဲသွားသည်။ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို စတင်ဖြန့်ဝေသည်။ ပြောလော့။ ဤသို့သောလူတို့သည် အမှန်ပင် လူသားဟုတ်သလော။ (မဟုတ်ပါ။) လူသားမဟုတ်လျှင် မည်သည့်အရာဖြစ်သနည်း။ အပြင်ပန်းတွင် ၎င်းတို့သည် လူသားအရေပြားလွှာကို ဝတ်ဆင်သည်။ သို့သော် အနှစ်သာရတွင် လူသားအမှုအရာများကို ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မကောင်းဆိုးဝါးများ ဖြစ်သည်။ အသင်းတော်တွင် ၎င်းတို့ ပါဝင်သော အခန်းကဏ္ဍသည် အတိအကျပင် ဘုရားအိမ်တော်ရှိ အလုပ်ကိစ္စအမျိုးမျိုးကို နှောင့်ယှက်ရန် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်နေသည့် မည်သည့်အလုပ်ကိုမဆို နှောင့်ယှက်သည်။ ပြီးလျှင် သမ္မာတရား၊ သို့မဟုတ် စည်းမျဉ်းများကို မည်သည့်အခါမျှ ရှာဖွေခြင်း၊ အလုပ်အစီအစဉ်များကို ကြည့်ရှုခြင်း၊ ယင်းတို့နှင့်အညီ လုပ်ဆောင်ခြင်း မရှိပေ။ ၎င်းတို့၌ ဩဇာအာဏာအနည်းငယ်ရှိသည်နှင့် တစ်ပြိုင်နက် ဘုရားသခင် ရွေးချယ်ထားသော လူတို့ရှေ့တွင် ကြွားဝါပြီး အာဏာကို အသုံးချသည်။ ၎င်းတို့အားလုံးတွင် မကောင်းဆိုးဝါး မျက်နှာများရှိပြီး လူသားပုံသဏ္ဌာန်မရှိပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို လုံးဝ မထိန်းသိမ်းပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် အဆင့်အတန်းကိုသာ ကာကွယ်သည်။ မည်သည့်ခေါင်းဆောင်ပိုင်းအဆင့်ကို ၎င်းတို့ ထမ်းဆောင်ပါစေ၊ မည်သည့်အလုပ်မျိုးကို ၎င်းတို့ ကြီးကြပ်ပါစေ အလုပ်ကို ၎င်းတို့ထံ အပ်နှံသည်နှင့် တစ်ပြိုင်နက် ယင်းသည် ၎င်းတို့အပိုင် ဖြစ်သွားသည်။ ၎င်းတို့၌ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ပြီးလျှင် အခြားလူများက စစ်ဆေးရန်၊ ကြီးကြပ်ရန်၊ နောက်ဆက်တွဲလုပ်ရန် မစဉ်းစားလေနှင့်။ ကြားဝင်ရန် ပို၍ပင် မစဉ်းစားသင့်။ ဤသည်တို့မှာ အန္တိခရစ်များသဖွယ် မဟုတ်သလော။ (ဟုတ်သည်။) ပြီးလျှင် ဤလူတို့က ကောင်းချီးများကို ရရှိလိုသေးသည်။ ငါ၌ ဤလူတို့အတွက် စကားလုံးနှစ်လုံးရှိသည်။ ကျိုးကြောင်းမသင့်ခြင်းနှင့် ကယ်၍မရနိုင်ခြင်း ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသူတို့သည် မည်သည့်အကျပ်အတည်း၌မဆို မှောက်မှားနိုင်သည်။ ပြီးလျှင် ၎င်းတို့သည် ခရီးရောက်မည် မဟုတ်ပေ။ ယခင်က ငါသည် သင်တို့အား “သင်တို့သည် အဆုံးထိ အစေခံမှု ပေးနိုင်လျှင်၊ သစ္စာရှိသော အစေခံသူဖြစ်နိုင်လျှင် ယင်းသည်လည်း အလွန်ပင်ကောင်းမွန်သည်” ဟု အစဉ် ပြောဆိုခဲ့သည်။ လူအချို့သည် သမ္မာတရားကို မချစ်သကဲ့သို့ လိုက်စားလိုစိတ်လည်း မရှိပေ။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် အစေခံသူများ ဖြစ်သင့်သည်။ သင်သည် အစေခံခြင်း၌ အလုပ်ကြိုးစားနိုင်လျှင်၊ မည်သည့်နှောင့်ယှက်မှု၊ သို့မဟုတ် ဖျက်ဆီးမှုမျှ မပြုလုပ်လျှင်၊ သို့မဟုတ် သင့်အား ရှင်းလင်းခြင်းခံရစေသည့် မကောင်းမှုတစ်ခုခုကို မလုပ်လျှင်၊ သင်သည် မကောင်းမှုလုပ်ဆောင်မည်မဟုတ်ဟု အာမခံနိုင်ပြီး အဆုံးတိုင်အောင် ဆက်လက်အစေခံနိုင်လျှင် သင်သည် ရှင်သန်နိုင်လိမ့်မည်။ သင်သည် ကောင်းချီးများစွာကို ရရှိနိုင်မည် မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် ဘုရားအမှုတော်၏ အချိန်ကာလအတွင်းတွင် အစေခံမှုပေးပြီးဖြစ်လိမ့်မည်။ သင်သည် သစ္စာရှိသော အစေခံသူဖြစ်လိမ့်မည်။ အဆုံးတွင် ဘုရားသခင်က သင့်အား မမျှမတ ဆက်ဆံမည်မဟုတ်။ သို့သော် ယခုအချိန်တွင် အဆုံးတိုင်အောင် အမှန်တကယ် အစေခံမှုမပေးနိုင်သော အစေခံသူအချို့ရှိသည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့၌ လူသားဝိညာဉ်များ မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့အတွင်း၌ မည်သည့်ဝိညာဉ်မျိုး ရှိနေသည်ကို ငါတို့ ဆန်းစစ်မည်မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် ၎င်းတို့အပြုအမူကို အစမှအဆုံးထိ ကြည့်လျှင် ၎င်းတို့၏ အနှစ်သာရသည် နတ်ဆိုးနှင့် သက်ဆိုင်သည်။ လူပုဂ္ဂိုလ်တစ်ယောက်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံပေ။ ပြီးလျှင် သမ္မာတရားကို လိုက်စားရန်မှာ ပို၍ပင် အလှမ်းဝေးသည်။

လွန်ခဲ့သော ဆယ်နှစ်က သမ္မာတရား၏ ကဏ္ဍတစ်ခုစီကို အသေးစိတ် မိတ်သဟာယမပြုရသေးသောအချိန်တွင် လူတို့သည် သမ္မာတရားကို လိုက်စားခြင်း ဟူသည်မှာ အဘယ်ဖြစ်ကြောင်းကိုဖြစ်စေ၊ သမ္မာတရားစည်းမျဉ်းများပေါ်၌ အခြေခံပြီး အမှုအရာများကို ကိုင်တွယ်ခြင်းဟူသည်မှာ အဘယ်အရာဖြစ်သည်ကိုဖြစ်စေ နားမလည်ခဲ့ပေ။ လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒ၊ စိတ်ကူးများနှင့် အယူအဆများကို အခြေခံပြီး လုပ်ဆောင်ခဲ့ကြသည်၊ သို့မဟုတ် စည်းကမ်းများနောက် လိုက်ခဲ့ကြသည်။ ၎င်းတို့သည် နားမလည်ခဲ့သောကြောင့် ဤသည်မှာ ခွင့်လွှတ်၍ရနိုင်သည်။ သို့သော် ၁၀ နှစ်ကြာပြီးနောက် ယနေ့တွင် သမ္မာတရား၏ မတူညီသော ကဏ္ဍများအပေါ် ငါတို့၏ မိတ်သဟာယမှာ အဆုံးမသတ်သေးသည့်တိုင် အနည်းဆုံးအနေဖြင့် အလုပ်လုပ်ပြီး တာဝန်ထမ်းဆောင်နေသည့် လူတို့နှင့် သက်ဆိုင်သော အခြေခံသမ္မာတရား အမျိုးမျိုးကို စည်းမျဉ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ ရှင်းပြပြီး ဖြစ်သည်။ မည်သည့်တာဝန်မျိုးကို ထမ်းဆောင်နေပါစေ စိတ်နှလုံးနှင့် ဝိညာဉ်ကို ပိုင်ဆိုင်သော၊ သမ္မာတရားကို ချစ်ပြီး လိုက်စားနိုင်သောလူတို့သည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အမှီပြုပြီး သမ္မာတရားစည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းကို လက်တွေ့လုပ်ဆောင်နိုင်သင့်သည်။ လူတို့သည် ပို၍မြင့်သော၊ ပို၍နက်နဲသော သမ္မာတရားများကို စံမမီသကဲ့သို့ လက်လှမ်းမမီနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့သည် အချို့ပြဿနာများ၏ အနှစ်သာရကို၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သော အနှစ်သာရများကို မသိမြင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် ၎င်းတို့ လက်လှမ်းမီနိုင်သည့်၊ အသေအချာပင် ပြဋ္ဌာန်းထားသည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်သင့်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်က အသေအချာ ပြဋ္ဌာန်းထားသည့် အလုပ်အစီအစဉ်များကို ထိန်းသိမ်းနိုင်သင့်သည်။ အကောင်အထည်ဖော်နိုင်သင့်သည်။ ဖြန့်ဝေနိုင်သင့်သည်။ သို့ရာတွင် မကောင်းဆိုးဝါးများနှင့် သက်ဆိုင်သောသူများသည် ဤအရာများကိုပင် မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အဆုံးထိပင် အစေခံမှု မပေးနိုင်သောသူမျိုးဖြစ်သည်။ လူတို့သည် အဆုံးထိပင် အစေခံမှုမပေးနိုင်သောအခါ ဤသည်မှာ ၎င်းတို့သည် ခရီးတစ်ဝက်တွင် ရထားလုံးပေါ်မှ လွှင့်ပစ်ခြင်းခံရမည်ဟု ဆိုလိုသည်။ အဘယ်ကြောင့် ရထားလုံးပေါ်မှ လွှင့်ပစ်ခြင်း ခံရမည်နည်း။ ၎င်းတို့သည် ရထားလုံးပေါ်တွင် အိပ်လျက်၊ မလှုပ်မယှက်နေလျက်၊ သို့မဟုတ် မိမိတို့ကိုယ်ကို မပျင်းအောင်ပင် နေလျက်ဖြင့် ငြိမ်သက်စွာ ထိုင်နေလျှင် ၎င်းတို့သည် လူတိုင်းကို၊ သို့မဟုတ် ရထားလုံးတစ်ခုလုံး၏ ရှေ့သို့ ဦးတည်ချက်ကို မနှောင့်ယှက်သရွေ့ ၎င်းတို့ကို ရထားလုံးပေါ်မှ မည်သူက လွှင့်ပစ်ရက်မည်နည်း။ မည်သူမျှ ပြုလုပ်မည်မဟုတ်။ ၎င်းတို့သည် အမှန်တကယ်ပင် အစေခံမှုပေးနိုင်လျှင် ဘုရားသခင်ကလည်း ၎င်းတို့ကို ရထားလုံးပေါ်မှ လွှင့်ပစ်မည်မဟုတ်ပေ။ သို့သော် ယခုတွင် အစေခံမှုပေးရန် ဤလူများအား အသုံးပြုခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေပေမည်။ ဘုရားအိမ်တော်၏ အလုပ်၏ ကဏ္ဍအမျိုးမျိုးသည် ဤလူများ၏ နှောင့်ယှက်မှုများကြောင့် ကြီးမားသော ဆုံးရှုံးမှုများကို အလွန်အမင်း ခံစားခဲ့ရသည်။ ၎င်းတို့သည် အလွန်အမင်း စိုးရိမ်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်၍ မည်သို့ မိတ်သဟာယဖွဲ့ပေးပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ပေ။ ပြီးနောက်တွင် ၎င်းတို့သည် မကောင်းသောအရာများကို လုပ်ဆောင်ဆဲ ဖြစ်သည်။ ဤလူများနှင့် ဆက်ဆံခြင်းသည် မည်သည့်အခါမျှ အဆုံးမသတ်သော ပြောဆိုမှုကို ပါဝင်လုပ်ဆောင်ခြင်း၊ မည်သည့်အခါမျှ အဆုံးမသတ်သော ဒေါသကို တွေ့ကြုံရခြင်းဟု အမှန်ပင် အဓိပ္ပာယ်ရသည်။ အရေးပါသောအချက်မှာ ဤလူတို့သည် ဆိုးယုတ်မှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ ဧဝံဂေလိအမှု ချဲ့ထွင်ခြင်းအပေါ် ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သည်။ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်အနည်းငယ်တွင် ၎င်းတို့သည် အနှောင့်အယှက်များနှင့် အဖျက်အဆီးများကိုသာ ဖြစ်စေသည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အလုပ်အပေါ် ၎င်းတို့ ဖြစ်စေသည့် ဆုံးရှုံးမှုများသည် ပြုပြင်၍ မရနိုင်ပေ။ ဤလူတို့သည် မကောင်းသောအရာမျိုးစုံကို လုပ်ဆောင်ကြသည်။ အသင်းတော်၏ ပုံမှန်အဖွဲ့ဝင်များကြား၌ ရှိစဉ်တွင် ၎င်းတို့သည် စိတ်ကျေနပ်သလို လုပ်ဆောင်ကြသည်။ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးသည်။ ၎င်းတို့သည် ဧဝံဂေလိ ဖြန့်ဝေစဉ်တွင် ၎င်းတို့ရရှိသည့် လူအရေအတွက်ကို ချဲ့ကားပြောသည်။ ထို့ပြင် အခြားသောလူများကို သင့်တင့်လျောက်ပတ်ခြင်းမရှိစွာဖြင့် အသုံးပြုသည်။ ၎င်းတို့သည် အချို့သော ဆိုးယုတ်သောလူများ၊ မရေရာသော လူများ၊ ဆိုးညစ်သောအရာများကို လုပ်ဆောင်လျက် သောင်းကျန်းသောသူများကို အထူးသီးသန့် အသုံးပြုကြသည်။ မည်သူ၏ အကြံပြုချက်ကိုမျှ နားမထောင်ပေ။ ပြီးလျှင် ထင်မြင်ချက်ကို ပြောသူ မည်သူကိုမဆို ဖိနှိပ်ပြီး အပြစ်ဒဏ်ပေးသည်။ ၎င်းတို့၏ ပိုင်နက်အောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သတ်မှတ်ချက်များ၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိပေ။ ထိုအစား ယင်းတို့ကို ဘေးဖယ်ထားသည်။ ဤလူတို့သည် နယ်ခံဗိုလ်ကျသူများနှင့် အာဏာရှင်များဖြစ်လာကြသည်။ နိုင်လိုမင်းထက် ပြုမူသူများ ဖြစ်လာကြသည်။ ငါ့ကို ပြောလော့။ ဤသို့သောလူတို့ကို ဆက်ထား၍ ရနိုင်သလော။ (မရနိုင်ပါ။) လက်ရှိတွင် လူအချို့သည် ထုတ်ခြင်းခံရသည်။ ပြီးလျှင် အထုတ်ခံရပြီးနောက်တွင် ၎င်းတို့သည် အလွန်မြင့်မြတ်သည်၊ အလွန်နာခံသည်၊ သမ္မာတရားကို အလွန်လိုက်စားသူများ ဖြစ်သည်ကို ပြရန်အတွက် “ဘုရားအိမ်တော်၏ ကြိုတင်စီစဉ်မှုများအား နာခံခြင်း” အကြောင်းကို ပြောဆိုကြသည်။ ဤသို့ ပြောခြင်းအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်က လုပ်ဆောင်သည့် မည်သည့်အရာနှင့်ပတ်သက်၍မျှ ပြောစရာမရှိဟုလည်းကောင်း၊ ဘုရားအိမ်တော်၏ ကြိုတင်စီစဉ်မှုများကို နာခံလိုစိတ် ရှိသည်ဟုလည်းကောင်း ဆိုလိုသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ကြိုတင်စီစဉ်မှုများကို နာခံလိုစိတ်ရှိသည်ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် အသင်းတော်က ၎င်းတို့အား ထုတ်စေသည့် မကောင်းမှုများစွာကို အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် နားမလည်သနည်း။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ရှင်းမပြသနည်း။ ၎င်းတို့သည် အလုပ်လုပ်စဉ်တွင် ဘုရားအိမ်တော်၏ အလုပ်အပေါ် အမျိုးမျိုးသော ပြဿနာများနှင့် ဆုံးရှုံးမှုများကို ယူဆောင်လာသည်။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်ပြီး ရင်ဖွင့်ကာ မိမိတို့ကိုယ်ကို ချပြရမည်မဟုတ်လော။ ၎င်းတို့သည် ထုတ်မပြောဘဲနေရုံဖြင့် အမှုကိစ္စက ပြီးဆုံးသွားသလော။ ၎င်းတို့သည် မည်မျှမြင့်မြတ်ပြီး ကြီးမြတ်သည်ဆိုသည်ကို ပြလျက် ဘုရားအိမ်တော်၏ ကြိုတင်စီစဉ်မှုများကို နာခံလိုသည်ဟု ဆိုကြသည်။ ဤသည်မှာ လုံးဝပင် ဟန်ဆောင်မှုနှင့် လှည့်စားမှုဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ကြိုတင်စီစဉ်မှုများကို နာခံဖို့ သင်ယူနေလျှင် ဘုရားအိမ်တော်၏ ယခင်အလုပ်အစီအစဉ်များကို အဘယ်ကြောင့် မနာခံသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ယင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသနည်း။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ၎င်းတို့ အမှန်တကယ် နာခံသည်မှာ မည်သူ ဖြစ်သနည်း။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ရှင်းမပြသနည်း။ မည်သူက ၎င်းတို့၏ အရှင်သခင်ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်က စီစဉ်သည့် အလုပ်၏ ကဏ္ဍတစ်ခုစီကို ဆောင်ရွက်ခဲ့သလော။ ရလဒ်များ ရရှိခဲ့သလော။ ၎င်းတို့၏ အလုပ်သည် ဂရုတစိုက် ဆန်းစစ်ခြင်းကို ခံနိုင်သလော။ ၎င်းတို့က မကောင်းမှုလုပ်ဆောင်လျက် သောင်းကျန်းသဖြင့် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ဖြစ်ပေါ်သော ဆုံးရှုံးမှုများအတွက် ထေမိအောင် ၎င်းတို့ မည်သို့ လုပ်ဆောင်မည်နည်း။ ဤအမှုကိစ္စသည် မှတ်ချက်တစ်ခုခုနှင့် မထိုက်တန်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ကြိုတင်စီစဉ်မှုများကို နာခံပါမည်ဟုသာ ပြောပြီး ဤမျှသာ ဖြစ်၍ရသလော။ ပြောလော့။ ဤသို့သောလူတို့တွင် လူ့သဘာဝရှိသလော။ (မရှိပါ။) ၎င်းတို့တွင် လူ့သဘာဝ၊ အသိစိတ်၊ ဆင်ခြင်တုံတရားကင်းမဲ့သည်။ ၎င်းတို့သည် အရှက်မရှိ။ ၎င်းတို့သည် မကောင်းမှုများစွာ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်ဆိုသည်ကိုလည်းကောင်း ၎င်းတို့ သိနားလည်ခြင်း မရှိကြချေ။ ၎င်းတို့သည် မည်သည့်နောင်တမျှမရဘဲ၊ အကြွေးတင်သည်ဟု မည်သို့မျှ မခံစားရဘဲ၊ သို့မဟုတ် မည်သည့် သိမြင်မှုမျှမရှိဘဲ အနှောင့်အယှက်များနှင့် အဖျက်အဆီးများစွာကို ဖြစ်စေခဲ့သည်။ သင်က ၎င်းတို့ကို တာဝန်ခံခိုင်းဖို့ ကြိုးစားလျှင် ၎င်းတို့က “ဤသို့လုပ်ဆောင်သည်မှာ ကျွန်ုပ် တစ်ယောက်တည်း မဟုတ်ပါ” ဟု ဆိုလိမ့်မည်။ ၎င်းတို့တွင် ကိုယ့်ဆင်ခြေနှင့်ကိုယ် ရှိကြသည်။ ၎င်းတို့ဆိုလိုသည်မှာ လူတိုင်းက အပြစ်ကျူးလွန်သူဖြစ်လျှင် အတင်းအကျပ် အပြစ်ဒဏ်ပေး၍ မရနိုင်ဟူ၍လည်းကောင်း၊ လူတိုင်းက မကောင်းမှု လုပ်ခဲ့သောကြောင့် ၎င်းတို့သည် တစ်ဦးချင်းအနေဖြင့် တာဝန်မခံခိုင်းသင့်ဟူ၍လည်းကောင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းသည်။ ၎င်းတို့ ပြုလုပ်ခဲ့သည့် မကောင်းမှုအတွက် ရှင်းပြချက်ပေးရမည်။ လူတစ်ဦးချင်းစီတိုင်းက ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မည်သည့်မကောင်းမှုအတွက်ကိုမဆို ရှင်းပြချက်ပေးရမည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံသင့်သည်။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ပြီးလျှင် ၎င်းတို့သည် ဤသဘောထားကို ပိုင်ဆိုင်လျှင် နောက်ထပ် အခွင့်အရေးရရှိပြီး ဆက်လက်ကျန်ရှိနေနိုင်သည်။ သို့သော် မကောင်းမှုကို အစဉ်လုပ်ဆောင်၍ မရပေ။ ၎င်းတို့၏ အသိစိတ်၌ သိမြင်မှုမရှိလျှင်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု မည်သည့်နည်းဖြင့်မျှ မခံစားရလျှင်၊ လုံးဝ နောင်တမရလျှင် လူသား၏ အမြင်ရှုထောင့်မှကြည့်ပါက ၎င်းတို့ကို အခွင့်အရေးပေး၍ရကာ ၎င်းတို့၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ခွင့်ပြုနိုင်ပြီး တာဝန်မခံယူခိုင်းဘဲ ရနိုင်သော်ငြားလည်း ဘုရားသခင်က ဤအရာကို အဘယ်သို့ မြင်သနည်း။ လူတို့က ၎င်းတို့ကို တာဝန်မခံခိုင်းလျှင် ဘုရားသခင်သည်လည်း တာဝန်မခံခိုင်းဘဲ နေမည်လော။ (မဟုတ်ပါ။) ဘုရားသခင်က လူများ၊ အမှုအရာများအားလုံးကို စည်းမျဉ်းများနှင့် ကိုင်တွယ်သည်။ ဘုရားသခင်က သင့်ကို အလျှော့ပေး၍ အမှုအရာများကို ပြေရာပြေကြောင်း ဖြစ်စေမည်မဟုတ်။ သူသည် သင်ကဲ့သို့ လူ့အကြိုက်လိုက်သူ ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်၌ စည်းမျဉ်းများရှိသည်။ ဖြောင့်မတ်သော စိတ်သဘောထားရှိသည်။ သင်သည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်လျှင် အသင်းတော်နှင့် ဘုရားအိမ်တော်သည် စည်းမျဉ်းများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ သတ်မှတ်ချက်များနှင့်အညီ သင့်အား ကိုင်တွယ်မှရမည်။ ဘုရားသခင်အား သင် ပုန်ကန်ပြစ်မှားသည့် အကျိုးဆက်အတွက်မူ အမှန်တကယ်တွင် သင်၏ စိတ်နှလုံး၌ ဘုရားသခင်က သင့်အား မည်သို့မြင်သည်၊ သို့မဟုတ် သင့်အား မည်သို့ ဆက်ဆံသည်ကို သင်သိသည်။ သင်က ဘုရားသခင်အား ဘုရားသခင်အဖြစ် အမှန်တကယ် ဆက်ဆံလျှင် သင်သည် သင်၏ အပြစ်များကို ဖွင့်ပြောရန်၊ ဝန်ခံရန်၊ နောင်တရရန် ဘုရားရှေ့သို့ လာသင့်သည်။ သင့်၌ ဤသဘောထားကင်းမဲ့လျှင် သင်သည် ယုံကြည်မှုမရှိသူတစ်ယောက်ဖြစ်သည်။ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ ကျိန်ဆဲခြင်း ခံရသင့်သည်။ ထိုအခါတွင် တရားဒေသနာများအား သင်နားထောင်ခြင်းသည် မည်သို့အဓိပ္ပာယ်ရှိသနည်း။ သင်သည် ထွက်သွားသင့်သည်။ တရားဒေသနာများအား သင် နားထောင်ရန် မထိုက်တန်ပေ။ သမ္မာတရားများအား သာမန် ဖောက်ပြန်ပျက်စီးသော လူသားများကြားရန်အတွက် ပြောဆိုခြင်းဖြစ်သည်။ ဤသို့သောသူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော်လည်း ၎င်းတို့၌ သမ္မာတရားကို လက်ခံရန် စိတ်ခိုင်မာမှုနှင့် စိတ်ဆန္ဒရှိကြသည်။ တစ်စုံတစ်ခုက ၎င်းတို့အပေါ်သို့ ကျရောက်သည့်အခါတိုင်းတွင် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် အမှားတစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ ဝန်ခံနိုင်သည်။ နောင်တရနိုင်သည်။ မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်သည်။ ဤသို့သောလူတို့သည် ကယ်တင်ခြင်းခံရနိုင်သည်။ သမ္မာတရားများကို ပြောသည်မှာ ၎င်းတို့အတွက် ဖြစ်သည်။ မည်သည့်အရာများက မိမိတို့အပေါ်သို့ ကျရောက်ပါစေ နောင်တရသည့် သဘောထားမရှိသည့်လူတို့သည် သာမန်ဖောက်ပြန်ပျက်စီးသော လူသားများ မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ အခြားတစ်ခုဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် နတ်ဆိုးတစ်ကောင်၏ အနှစ်သာရဖြစ်သည်။ လူတစ်ယောက်၏ အနှစ်သာရ မဟုတ်ပေ။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည်လည်း သမ္မာတရားကို မလိုက်စားနိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏ အသိစိတ်ကိုလည်းကောင်း၊ ၎င်းတို့၏ သာမန်လူ့သဘာဝက ပိုင်ဆိုင်သည့် အနည်းငယ်သော ရှက်ရွံ့မှုကိုလည်းကောင်း၊ ၎င်းတို့၌ရှိသော အသိစိတ်အနည်းငယ်ကိုလည်းကောင်း အခြေခံ၍ မကောင်းသောအရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ထိန်းသိမ်းနိုင်လေ့ရှိသည်။ ပြီးလျှင် ၎င်းတို့၌ အနှောင့်အယှက်များနှင့် အဖျက်အဆီးများကို တမင်ဖြစ်စေလိုသည့် ရည်ရွယ်ချက်မရှိပေ။ သာမန်အခြေအနေများတွင် ဤသို့သောလူများသည် အစေခံမှုပေးနိုင်ပြီး အဆုံးထိအောင် လိုက်လျှောက်နိုင်သည်။ ပြီးလျှင် ရှင်သန်နိုင်သည်။ သို့ရာတွင် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်သော၊ ရိုးဖြောင့်သောဂုဏ်၊ သို့မဟုတ် ရှက်စိတ်လုံးဝ မရှိသော၊ မကောင်းမှုမည်မျှကို လုပ်ဆောင်ပါစေ နောင်တရသည့် စိတ်နှလုံးမရှိသော၊ ဘုရားအိမ်တော်အတွင်းတွင် အရှက်မရှိစွာဖြင့် ပုန်းကွယ်ပြီး ကောင်းချီးများရရန် မျှော်လင့်ဆဲဖြစ်သော၊ နောင်တရရန် မသိသော လူစားတစ်မျိုး ရှိသည်။ တစ်စုံတစ်ယောက်က “ခင်ဗျား ဤကဲ့သို့ လုပ်ဆောင်သောကြောင့် အနှောင့်အယှက်ဖြစ်ရသည်” ဟု ပြောသောအခါ ၎င်းတို့က “အဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ် အမှားလုပ်မိခဲ့ပြီဖြစ်သည်။ နောက်တစ်ကြိမ်တွင် ပိုကောင်းအောင် လုပ်ဆောင်မည်” ဟု ဆိုသည်။ တစ်ဖက်လူက “သို့ဆိုလျှင် ခင်ဗျား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိလာသင့်သည်” ဟု ပြန်ပြောသည်။ ၎င်းတို့က “မည်သည့်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိလာရမည်နည်း။ ကျွန်ုပ်သည် မသိနားမလည်ဘဲ မိုက်မဲသည်။ နောက်တစ်ကြိမ်တွင် ပို၍ကောင်းအောင်သာ ကြိုးစားလိုက်မည်” ဟု ဆိုသည်။ ၎င်းတို့သည် လေးနက်သော နားလည်ခြင်း မရှိ။ ပြီးလျှင် ၎င်းတို့သည် လူများအား ၎င်းတို့၏ စကားများဖြင့်သာ အရူးလုပ်သည်။ ဤသဘောထားရှိသောလူတို့သည် နောင်တရနိုင်သလော။ ၎င်းတို့သည် အရှက်ပင်မရှိပေ။ ၎င်းတို့သည် လူများမဟုတ်။ လူအချို့က “၎င်းတို့သည် လူများမဟုတ်လျှင် သားရဲတိရစ္ဆာန်များဖြစ်သလော” ဟု ဆိုသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်သည်။ သို့သော် ၎င်းတို့သည် ခွေးများထက်ပင် နိမ့်ကျသည်။ စဉ်းစားကြည့်လော့။ ခွေးတစ်ကောင်က မကောင်းသောအရာ တစ်ခုခု လုပ်သောအခါ၊ သို့မဟုတ် မလျော်မကန် ပြုမူသောအခါ သင်က သူ့ကို တစ်ကြိမ်ပြစ်တင်မောင်းမဲလျှင် ခွေးသည် ရုတ်ခြည်းပင် စိတ်မကောင်းဖြစ်လိမ့်မည်။ သင့်အပေါ်တွင် ဆက်လက်၍ ကောင်းလိမ့်မည်။ ဤသည်မှာ “ကျေးဇူးပြုပြီး ငါ့ကို မမုန်းပါနှင့်၊ ငါ လုံးဝ ထပ်လုပ်တော့မည် မဟုတ်ပါ” ဟု ဆိုလိုသည်။ ဤသို့သောအရာတစ်ခုက ထပ်၍ ဖြစ်ပျက်သောအခါ ခွေးက “ငါမလုပ်ပါ၊ စိတ်မပူပါနှင့်” ဟူ၍ သင့်အား ပြောရန် သင့်ကို တမင်ကြည့်ပြလိမ့်မည်။ ခွေးက အရိုက်ခံရမည်ကို ကြောက်သည်ဖြစ်စေ၊ သူ့ အရှင်သခင်၏ မျက်နှာသာပေးမှုကို ရဖို့ ကြိုးစားနေသည်ဖြစ်စေ၊ သင်က ဤအရာကို မည်သို့ ကြည့်သည်ဖြစ်ပါစေ သူ၏ အရှင်သခင်က တစ်စုံတစ်ခုကို မနှစ်သက်၊ သို့မဟုတ် ခွင့်မပြုသည်ကို သူသိသောအခါတွင် ခွေးက ယင်းကိုပြုလုပ်မည်မဟုတ်။ ခွေးသည် သူ့ကိုယ်သူ ချုပ်ထိန်းနိုင်သည်။ သူ့တွင် ရှက်စိတ်ရှိသည်။ တိရစ္ဆာန်များပင် ရှက်စိတ်ရှိသည်။ သို့သော် ဤလူတို့၌ မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် လူများဖြစ်သေးသလော။ ၎င်းတို့သည် တိရစ္ဆာန်ထက်ပင်ပို၍ နိမ့်သည်။ ထို့ကြောင့် ၎င်းတို့သည် လူသားမဆန်ဘဲ အသက်မရှင်သောအရာများဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများသဖွယ်ဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုမည်မျှကို လုပ်ဆောင်ပါစေ မည်သည့်အခါမျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် ဝန်ခံခြင်းမရှိပေ။ ပြီးလျှင် နောင်တရရန် အသေအချာပင် မသိပေ။ မကောင်းမှုအနည်းငယ်ကို လုပ်ဆောင်ခဲ့သောကြောင့် ညီအစ်ကိုမောင်နှမများနှင့် ရင်ဆိုင်ရန် ရှက်ရွံ့သော လူအချို့ရှိသည်။ ပြီးလျှင် ရွေးကောက်ပွဲတစ်ခု၌ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ရွေးချယ်လျှင် ၎င်းတို့က “ကျွန်ုပ်သည် ဤတာဝန်ကို ယူမည် မဟုတ်ပါ။ ကျွန်ုပ်သည် အရည်အချင်း မပြည့်မီပါ။ ယခင်က အသင်းတော်အလုပ်ကို ဆုံးရှုံးမှုအချို့ ဖြစ်စေခဲ့သည့် မိုက်မဲသောအရာအချို့ကို ကျွန်ုပ်လုပ်ခဲ့မိသည်။ ဤရာထူးနှင့် ကျွန်ုပ် မထိုက်တန်ပါ” ဟု ဆိုလိမ့်မည်။ ဤသို့သောလူတို့သည် ရှက်စိတ် ရှိကြသည်။ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည်။ သို့သော် ထိုဆိုးယုတ်သောလူများက ရှက်စိတ်မရှိ။ သင်က ၎င်းတို့အား ခေါင်းဆောင်များ လုပ်ရန် တောင်းဆိုလျှင် ၎င်းတို့က ရုတ်ချည်းပင် ထရပ်ပြီး “တွေ့သလော။ သင်မည်သို့ တွေးထင်သနည်း။ ဘုရားအိမ်တော်သည် ကျွန်ုပ်မရှိ၍ မဖြစ်ပါ။ ကျွန်ုပ်သည် ဆရာကြီးဖြစ်သည်။ ကျွန်ုပ်သည် အလွန် စွမ်းဆောင်နိုင်သည်” ဟု ဆိုလိမ့်မည်။ ငါ့ကို ပြောလော့။ ဤလူများကို ရှက်အောင်လုပ်ဆောင်ရန်မှာ မခက်သလော။ မည်မျှ ခက်သနည်း။ တရုတ်၏ ရှန်ဟိုင်းလမ်းတံတိုင်းနံရံကို ကုတ်ကတ်တက်ရခြင်းထက် ပို၍ခက်သည်။ ၎င်းတို့သည် အရှက်မရှိပေ။ မကောင်းမှုမည်မျှကို လုပ်ဆောင်ပါစေ ၎င်းတို့သည် အသင်းတော်တွင် ၎င်းတို့၏ နေ့ရက်များကို အရှက်မရှိစွာဖြင့် ပျင်းရိပျင်းတွဲ ကုန်ဆုံးသေးသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံရာတွင် မည်သည့်အခါမျှ မနှိမ့်ချပေ။ ၎င်းတို့သည် ယခင်ကအတိုင်းသာ နေထိုင်ဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ “အောင်မြင်မှုကြီးများ”၊ ၎င်းတို့၏ ယခင်က ပစ်ပယ်မှုများ၊ အသုံးခံမှုများ၊ ဒုက္ခခံမှုများ၊ ၎င်းတို့ပေးဆပ်ခဲ့သည့် အဖိုးအခများ၊ ၎င်းတို့၏ ယခင်က “ဂုဏ်ကျက်သရေနှင့် ကြီးမြတ်မှု”အကြောင်းများကိုပင် ရံဖန်ရံခါ ကြွားဝါဆဲဖြစ်သည်။ ၎င်းတို့သည် အခွင့်အရေးရသည်နှင့် တစ်ပြိုင်နက် မိမိတို့အကြောင်းကို ကိုယ်ရည်သွေးရန်နှင့် ကြွားလုံးထုတ်ရန်အတွက် ချက်ချင်းထရပ်ပြီး ၎င်းတို့၏ အရင်းအနှီးအကြောင်းကို ပြောဆိုကာ ၎င်းတို့၏ အရည်အချင်းများကို ကြွားဝါလိမ့်မည်။ သို့တိုင်အောင် ၎င်းတို့သည် မကောင်းမှုမည်မျှကို လုပ်ဆောင်ခဲ့ကြောင်း၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းမည်မျှကို ဖြုန်းတီးခဲ့ကြောင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်အပေါ် ဆုံးရှုံးမှုမည်မျှကို ဖြစ်စေခဲ့ကြောင်းတို့ကို လုံးဝ မပြောဆိုပေ။ ၎င်းတို့သည် ဘုရားသခင်ထံ တစ်ကိုယ်တည်း ဆုတောင်းသောအခါတွင်ပင် ဝန်ခံခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့ ပြုလုပ်ခဲ့သည့် အမှားများကြောင့်၊ သို့မဟုတ် ဘုရားအိမ်တော်အပေါ် ၎င်းတို့ ဖြစ်စေသည့် ဆုံးရှုံးမှုများကြောင့် မည်သည့်အခါမျှ မျက်ရည်မကျပေ။ ဤသည်မှာ ၎င်းတို့ ခေါင်းမာပြီး အရှက်မရှိပုံ ဖြစ်သည်။ ၎င်းတို့သည် လုံးဝပင် ကျိုးကြောင်းမသင့်ဘဲ ကယ်၍မရနိုင်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ကယ်၍မရနိုင်ပေ။ ကယ်တင်ခြင်းမခံရနိုင်ပေ။ သင်က ၎င်းတို့ကို မည်သို့အခွင့်အရေးပေးပါစေ အုတ်နံရံကို စကားပြောသကဲ့သို့၊ သို့မဟုတ် ဘဲတစ်ကောင်ကို ငှက်နားရာသစ်ကိုင်းသို့ တွန်းပို့သကဲ့သို့၊ သို့မဟုတ် နတ်ဆိုးများနှင့် စာတန်အား ဘုရားသခင်ကို ကိုးကွယ်ရန် တောင်းဆိုနေသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် ဤလူများနှင့်ပတ်သက်လျှင် အဆုံးတွင် ဘုရားအိမ်တော်၏ သဘောထားသည် ၎င်းတို့အပေါ် လက်လျှော့ရန် ဖြစ်သည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုစိတ် ရှိလျှင် ထမ်းဆောင်နိုင်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို အခွင့်အရေးအနည်းငယ် ပေးလိမ့်မည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်လိုစိတ် မရှိဘဲ “ကျွန်ုပ် အလုပ်သွားမည်။ ငွေရှာပြီး ကျွန်ုပ်၏ နေ့ရက်များကို ကျော်ဖြတ်မည်။ ကျွန်ုပ်သည် မိမိ၏ကိုယ်ပိုင်လုပ်ငန်းကို စီမံမည်” ဟု ဆိုလျှင် ဤသို့လုပ်နိုင်သည်။ ဘုရားအိမ်တော်၏ တံခါးသည် ဖွင့်ဟထားသည်။ ၎င်းတို့သည် အလျင်အမြန် ထွက်ခွာနိုင်သည်။ ၎င်းတို့၏ မျက်နှာကို ငါနောက်တစ်ဖန် မမြင်လိုပေ။ ၎င်းတို့သည် အလွန်စက်ဆုပ်ဖွယ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာအတွက် ဟန်ဆောင်နေသနည်း။ ၎င်းတို့ ခံသည့် ဒုက္ခအနည်းငယ်သည်၊ ၎င်းတို့ ပေးဆပ်သည့် အဖိုးအခအနည်းငယ်သည်၊ ၎င်းတို့၏ အနည်းငယ်သော ပစ်ပယ်မှုနှင့် အသုံးခံမှုတို့သည် မကောင်းမှုကို ၎င်းတို့ ပြုလုပ်နိုင်ရန်အတွက် ၎င်းတို့ ပြင်ဆင်သော ကြိုတင်သတ်မှတ်ချက်များသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ ကျန်ရှိနေလျှင် ဤအတွက် မည်သည့် အစေခံမှုမျိုးကို ၎င်းတို့ ပေးနိုင်သနည်း။ ဘုရားအိမ်တော်၏ အလုပ်အပေါ် မည်သည့်အကျိုးအမြတ်ကို ယူဆောင်ပေးနိုင်သနည်း။ ခြောက်လတာအတွင်း ဆိုးယုတ်သောသူတစ်ယောက်၊ အန္တိခရစ်တစ်ယောက်က ပြုလုပ်သော မကောင်းမှုများ၊ မကောင်းသောအရာများသည် အသင်းတော်အလုပ်အတွက် အနှောင့်အယှက်နှင့် အဖျက်အဆီးမည်မျှကို ဖန်တီးနိုင်သည်ဆိုသည်ကို သင်တို့ သိသလော။ ပြောလော့။ ဤအတွက် ဖာထေးလုပ်ဆောင်ရန် ညီအစ်ကိုမောင်နှမ မည်မျှက အလုပ်လုပ်ဖို့ လိုအပ်မည်နည်း။ အစေခံမှုအနည်းငယ်ကိုပေးရန်အတွက် ထိုဆိုးယုတ်သောသူ၊ ထိုအန္တိခရစ်ကို အသုံးပြုခြင်းသည် တွက်ခြေမကိုက်ဖြစ်ရသည် မဟုတ်လော။ (ဟုတ်ပါသည်။) မကောင်းသောအရာများကို ပြုလုပ်ရန် အတူစုဖွဲ့ထားသည့် အန္တိခရစ်တစ်သိုက်ကြောင့် ဖြစ်ပေါ်နိုင်သော ဆုံးရှုံးမှုပမာဏကို ငါတို့ပြောမည်မဟုတ်။ သို့သော် အန္တိခရစ်တစ်ဦးက ပြောသည့် အဓိပ္ပာယ်မဲ့ပြီး လွဲမှားသော၊ နတ်ဆိုးဆန်သော ပြောဆိုချက်တစ်ခုအားဖြင့်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက ထုတ်သည့် အဓိပ္ပာယ်မရှိသော အမိန့်တစ်ခုအားဖြင့် အသင်းတော်အလုပ်အပေါ်တွင် ထိခိုက်နစ်နာမှု မည်မျှ ဖြစ်ပေါ်စေနိုင်သနည်း။ ပြောလော့။ လူမည်မျှက အလုပ်လုပ်ဖို့ လိုမည်နည်း။ ပြီးလျှင် ယင်းအတွက် အစားပြန်လည်လုပ်ဆောင်ရန် မည်မျှကြာမည်နည်း။ ဤဆုံးရှုံးမှုအတွက် မည်သူက တာဝန်ခံမည်နည်း။ မည်သူကမျှ တာဝန်မခံနိုင်ပေ။ ဤဆုံးရှုံးမှုကို အစားပြန်လည်လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) လူအချို့က “ကူညီပေးဖို့အတွက် လူအချို့ကိုပို၍ ရရှိလျှင်၊ ညီအစ်ကိုမောင်နှမများက ဒုက္ခအနည်းငယ်ပို၍ ခံယူလျှင် ကျွန်ုပ်တို့သည် အစားပြန်လည် လုပ်ဆောင်ပေးနိုင်လောက်သည်” ဟု ဆိုကြသည်။ သင်တို့သည် အချို့ကို အစားပြန်လည်လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း ဘုရားအိမ်တော်က လူအင်အားမည်မျှနှင့် ပစ္စည်းအရင်းအမြစ်မည်မျှကို အသုံးပြုဖို့ လိုမည်နည်း။ အထူးသဖြင့် ဆုံးရှုံးသွားသော အချိန်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ဒုက္ခခံရသည့် ဆုံးရှုံးမှုများကို မည်သူက အစားပြန်လည်လုပ်ဆောင်ပေးနိုင်သနည်း။ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များက ပြုလုပ်သည့် မှားယွင်းမှုများသည် ခွင့်လွှတ်၍ မရနိုင်ပေ။ လူအချို့က “အန္တိခရစ်များက ‘ဆုံးရှုံးသွားသည့် ပိုက်ဆံအတွက် ကျွန်ုပ်တို့ အလျော်ပေးမည်’ဟု ပြောသည်” ဟု ဆိုကြသည်။ ၎င်းတို့က အလျော်ပေးရမည်မှာ အမှန်ပင်ဖြစ်သည်။ “အန္တိခရစ်များက ‘ကျွန်ုပ်တို့ ဆုံးရှုံးခဲ့ရသည့် အရာများအတွက် အစားပြန်လည်လုပ်ဆောင်ရန် လူများကို ပို၍ခေါ်လာမည်’ ဟုဆိုကြသည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ အနည်းဆုံး ၎င်းတို့ လုပ်ပေးနိုင်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ ကျူးလွန်သည့် ဆိုးယုတ်မှုအတွက် အစားပြန်လည်လုပ်ဆောင်ပေးရမည်။ သို့သော် ဆုံးရှုံးသွားသည့် အချိန်အတွက် မည်သူက အစားပြန်လည် လုပ်ဆောင်ပေးမည်နည်း။ ၎င်းတို့ လုပ်ဆောင်ပေးနိုင်သလော။ ဤအတွက် အစားပြန်လည်လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤလူတို့ပြုလုပ်သော မှားယွင်းမှုများသည် အယုတ်မာဆုံးသော အပြစ်များဖြစ်သည်။ ၎င်းတို့ကို ခွင့်လွှတ်၍ မရပေ။ ပြောလော့။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။)

ဘုရားအိမ်တော်က အန္တိခရစ်များကို အလွန်ပင် ပြင်းထန်စွာ ကိုင်တွယ်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို အခွင့်အရေးမပေးဘဲ ချက်ချင်း ထုတ်ပယ်လိုက်သည်ကိုလည်းကောင်း လူအချို့က မြင်သောအခါ ဤအရာနှင့်ပတ်သက်ပြီး အတွေးအချို့ရှိကြသည်။ “ဘုရားအိမ်တော်သည် လူများကို အခွင့်အရေးပေးသည်ဟု မပြောခဲ့သလော။ လူတစ်ဦးက အမှားလေးတစ်ခု လုပ်သည့်အခါတွင် ဘုရားအိမ်တော်သည် သူ့ကို မလိုချင်တော့ဘူးလော။ ဘုရားအိမ်တော်က သူ့ကို အခွင့်အရေး မပေးတော့ဘူးလော။ သူ့ကို အခွင့်အရေး ပေးသင့်သည်။ ဘုရားအိမ်တော်သည် အလွန်ပင် ချစ်ခင်မှုမရှိပါ” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောလော့။ ထိုလူများကို အခွင့်အရေး မည်မျှပေးခဲ့သနည်း။ ၎င်းတို့သည် တရားဒေသနာမည်မျှကို နားထောင်ခဲ့သနည်း။ ၎င်းတို့အား အခွင့်အရေးကို အလွန်တရာ နည်းနည်းပါးပါးသာ ပေးသလော။ ၎င်းတို့သည် အလုပ်လုပ်နေသောအခါ၌ တာဝန်ထမ်းဆောင်နေသည်ကို မသိသလော။ ၎င်းတို့သည် ဧဝံဂေလိ ဖြန့်ဝေပြီး ဘုရားအိမ်တော်၌ အလုပ်လုပ်နေသည်ကို မသိသလော။ ၎င်းတို့သည် ဤအရာများကို မသိသလော။ ၎င်းတို့သည် စီးပွားရေးတစ်ခု၊ ကုမ္ပဏီတစ်ခု၊ သို့မဟုတ် စက်ရုံတစ်ခုကို လည်ပတ်နေသလော။ ၎င်းတို့သည် ကိုယ်ပိုင်လုပ်ငန်းကို စီမံနေသလော။ ဘုရားအိမ်တော်က ဤလူတို့အား အခွင့်အရေးမည်မျှ ပေးခဲ့သနည်း။ ၎င်းတို့တစ်ယောက်ချင်းစီတိုင်းက အခွင့်အရေး တော်တော်များများကို ခံစားရပြီး ဖြစ်သည်။ အုပ်စုအမျိုးမျိုးမှ ဧဝံဂေလိအဖွဲ့သို့ ရွှေ့ပြောင်းခံရသောသူများအနေဖြင့် ၎င်းတို့ထဲမှ တစ်ယောက်ယောက်သည် ဧဝံဂေလိအဖွဲ့၌ သုံးလေးရက်သာ နေပြီးသည့်နောက်တွင် ထုတ်ပယ်ခြင်းခံရသလော။ မည်သူမျှ အထုတ်မခံရပေ။ ၎င်းတို့ပြုလုပ်သည့် မကောင်းမှုက အလွန်ကမ်းကုန်လျှင်မူ အထုတ်ခံရသည်။ ၎င်းတို့ တစ်ဦးချင်းစီတိုင်းကို လုံလောက်သော အခွင့်အရေးပေးပြီး ဖြစ်သည်။ ယင်းတို့ကို ၎င်းတို့က မြတ်နိုးရကောင်းမှန်းမသိခြင်း၊ သို့မဟုတ် နောင်တရရန် မသိခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ပေါလု၏ လမ်းကြောင်းကို အစဉ်လျှောက်လျက် ကိုယ့်လမ်းကိုယ် သွားကြသည်။ ၎င်းတို့သည် အလွန်ချိုသာပြီး ရှင်းလင်းသော စကားများကို ပြောဆိုသည်။ သို့သော် လူသားကဲ့သို့ မပြုမူပေ။ ဤသို့သောလူတို့သည် အခွင့်အရေးပေးခြင်း ခံရသင့်သေးသလော။ (မခံရသင့်ပါ။) ၎င်းတို့သည် အခွင့်အရေးပေးခြင်းခံရသောအခါ လူသားများကဲ့သို့ ဆက်ဆံခံရခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် လူသားများ မဟုတ်။ လူသားများက လုပ်ဆောင်သောအရာများကို ၎င်းတို့ မလုပ်ဆောင်သောကြောင့် စိတ်တော့မကောင်းပေ။ ဘုရားအိမ်တော်၏ တံခါးက ဖွင့်ထားပေးသဖြင့် ၎င်းတို့သည် ထွက်ခွာသွားနိုင်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးပြုမည်မဟုတ်တော့ပေ။ ဘုရားအိမ်တော်သည် လူတို့အား အသုံးပြုခြင်းနှင့် ပတ်သက်လျှင် လွတ်လပ်မှုရှိသည်။ ဤအခွင့်အရေးရှိသည်။ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးမပြုလျှင် အဆင်ပြေမည်လော။ ၎င်းတို့က ယုံကြည်လိုလျှင် ဘုရားအိမ်တော်၏ အပြင်၌ ယုံကြည်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးပြုမည် မဟုတ်။ အသုံးပြု၍ မရပေ။ ၎င်းတို့သည် စိုးရိမ်မှုများစွာကို ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အပေါ် ဆုံးရှုံးမှုများစွာကို ဖြစ်စေခဲ့သည်။ မည်သူကမျှ ဤအတွက် အကုန်အကျခံမပေးနိုင်ပေ။ အကုန်အကျခံရန် ၎င်းတို့ မတတ်နိုင်ပေ။ ၎င်းတို့က ကံမကောင်းခြင်းမဟုတ်။ ဘုရားအိမ်တော်က ၎င်းတို့ကို အခွင့်အရေး မပေးခြင်းမဟုတ်။ ဘုရားအိမ်တော်က မကြင်နာခြင်း မဟုတ်။ ပြီးလျှင် ၎င်းတို့အပေါ် ကြမ်းတမ်းခြင်းမဟုတ်။ ၎င်းတို့က ၎င်းတို့၏ အလုပ်ပြီးဆုံးပြီးနောက်တွင် ဘုရားအိမ်တော်က ၎င်းတို့ကို စွန့်ပစ်ခြင်းမှာ သေချာပေါက် မဟုတ်ပေ။ ဤလူတို့သည် တရားလွန်ဖြစ်ခြင်း၊ သည်းခံ၍ မရနိုင်တော့ခြင်း၊ ၎င်းတို့ပြုလုပ်ခဲ့သည့် အရာများအတွက် ရှင်းလင်းချက် မပေးနိုင်ခြင်းသာ ဖြစ်သည်။ အလုပ်တိုင်းအတွက် ဘုရားအိမ်တော်က အလုပ်စည်းမျဉ်းများ ပေးထားခဲ့သည်။ ပြီးလျှင် အထက်က ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှု၊ စစ်ဆေးမှု၊ ပြုပြင်မှုများ ပြုလုပ်ပေးခဲ့သည်။ ဘုရားအိမ်တော်နှင့် အထက်က စုဝေးပွဲအချို့ကို ကျင်းပပြုလုပ်ခြင်း၊ သို့မဟုတ် စကားအနည်းငယ် ပြောဆိုခြင်းကိစ္စသက်သက် မဟုတ်ပေ။ ၎င်းတို့သည် စကားများစွာ ပြောဆိုခဲ့ပြီး စုဝေးပွဲများစွာကို ကျင်းပခဲ့သည်။ လူတို့ကို အလေးအနက် တိုက်တွန်းခဲ့သည်။ အဆုံးတွင် အပြန်အလှန်အနေဖြင့် ၎င်းတို့ ရရှိသည်မှာ လှည့်စားမှုဖြစ်သည်။ နောက်ဆုံးတွင် အသင်းတော်အလုပ်သည် နှောင့်ယှက်ဖျက်ဆီးခြင်းခံရပြီး အလွန်ရှုပ်ထွေးသွားသည်။ ငါ့ကို ပြောလော့။ မည်သူက ထိုလူတို့ကို အခွင့်အရေး ပေးလိုစိတ်ရှိဦးမည်နည်း။ မည်သူက ၎င်းတို့ကို ဆက်လက် ထားရှိလိုစိတ်ရှိမည်နည်း။ ၎င်းတို့သည် မကောင်းမှုကို လုပ်ဆောင်လျက် သောင်းကျန်းနိုင်သော်လည်း ဘုရားအိမ်တော်က ၎င်းတို့အား စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ခြင်းကို ၎င်းတို့ ဧကန်မုချ တားမြစ်သည် မဟုတ်သလော။ ဤနည်းဖြင့် ၎င်းတို့အား ကိုင်တွယ်ခြင်းကို မချစ်ခြင်းဟု မခေါ်ဆိုသင့်ပေ။ စည်းမျဉ်းများကို ပိုင်ဆိုင်ခြင်းဟု ခေါ်ဆိုသင့်သည်။ ချစ်ခြင်းခံရနိုင်သောသူတို့ကိုလည်းကောင်း၊ ခွင့်လွှတ်၍ရနိုင်သော မသိနားမလည်သူတို့ကိုလည်းကောင်း မေတ္တာပေးသည်။ ဆိုးယုတ်သောလူများ၊ နတ်ဆိုးများ၊ သို့မဟုတ် အနှောင့်အယှက်များနှင့် အဖျက်အဆီးများကို တမင်လုပ်ဆောင်သောသူများအား မေတ္တာမပေးပေ။ အန္တိခရစ်များအား မေတ္တာမပေးပေ။ အန္တိခရစ်များသည် ကျိန်ဆဲခြင်းကိုသာ ခံရထိုက်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ကျိန်ဆဲခြင်းကိုသာ ခံရထိုက်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မကောင်းမှုမည်မျှကို လုပ်ဆောင်ပါစေ နောင်တမရပေ။ ဝန်မခံပေ၊ သို့မဟုတ် မိမိတို့ကိုယ်ကို မပြောင်းလဲပေ။ ၎င်းတို့သည် အဆုံးတိုင်အောင် ဘုရားသခင်နှင့် ယှဉ်ပြိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ လာပြီး “ကျွန်ုပ်သေသောအခါ ကျွန်ုပ်သည် ရပ်တည်ချက်ဖြင့် သေမည်၊ အရှုံးမပေးပါ။ ကိုယ်တော်ရှေ့သို့ ကျွန်ုပ်လာသောအခါ ဒူးထောက်မည်မဟုတ်၊ သို့မဟုတ် ဦးညွှတ်မည်မဟုတ်။ ကျရှုံးခြင်းကို ဝန်ခံမည်မဟုတ်” ဟု ပြောသည်။ ဤသည်မှာ မည်သည့်အရာမျိုး ဖြစ်သနည်း။ ၎င်းတို့သည် သေတော့မည်ဖြစ်သည့် အချိန်တွင်ပင် “ကျွန်ုပ်သည် အဆုံးထိ ဘုရားအိမ်တော်ကို ဆက်လက်ခုခံမည်။ ကျွန်ုပ်၏ အပြစ်များကို ဝန်ခံမည်မဟုတ်။ ကျွန်ုပ်သည် မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပါ” ဟု ပြောဦးမည်ဖြစ်သည်။ ကောင်းပြီ။ ၎င်းတို့သည် မည်သည့်အမှားမျှ မပြုလုပ်လျှင် ထွက်ခွာနိုင်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးပြုမည်မဟုတ်။ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးမပြုလျှင် အဆင်ပြေမည်လော။ လုံးဝပင် အဆင်ပြေလိမ့်မည်။ လူအချို့က “ဘုရားအိမ်တော်က ကျွန်ုပ်ကိုသာ အသုံးပြုမည် မဟုတ်လျှင် ဘုရားအိမ်တော်အနေဖြင့် အသုံးပြုနိုင်သည့်သူ တစ်ယောက်မျှမရှိ” ဟု ဆိုကြသည်။ အမှန်တကယ်ပင် မည်သူမျှ မရှိသလောဆိုသည်ကို ဤလူတို့ မြင်အောင် ကြည့်သင့်သည်။ ဘုရားအိမ်တော်ရှိ မည်သည့်အလုပ်မဆိုသည် လူတို့အပေါ် အမှီပြုသလော။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ ကွယ်ကာမှုမရှိလျှင် မည်သူက ယနေ့ ၎င်းတို့ရောက်ရှိနေသည့်နေရာကို ရောက်ရှိနိုင်မည်နည်း။ ယခုအချိန်အထိ မည်သည့်အလုပ်ကိစ္စကို ထိန်းသိမ်းထားနိုင်မည်နည်း။ ဤလူတို့က ၎င်းတို့သည် လောကီကမ္ဘာတွင် ရှိနေသည်ဟု ထင်သလော။ လောကီကမ္ဘာရှိ မည်သည့်အုပ်စုမဆိုသည် ပင်ကိုစွမ်းရည် ရှိသော အဖွဲ့၏၊ သို့မဟုတ် ပါရမီရှိသော ပုဂ္ဂိုလ်များ၏ ကာကွယ်မှုကို ဆုံးရှုံးလျှင် ယင်း၏ မည်သည့်စီမံကိန်းများကိုမျှ ပြီးမြောက်နိုင်မည်မဟုတ်ပေ။ ဘုရားအိမ်တော်ရှိ အလုပ်သည် ဤသို့မဟုတ်။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်၊ ဦးဆောင်ပြီး လမ်းပြနေသည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်သည် မည်သူမဆို၏ ပံ့ပိုးမှုအပေါ် မှီခိုနေသည်ဟု မထင်နှင့်။ ဤသို့မဟုတ်ပေ။ ဤသည်မှာ မယုံကြည်သူတစ်ယောက်၏ အမြင်ဖြစ်သည်။ အန္တိခရစ်နှင့် မယုံကြည်သူများကဲ့သို့သော ဆိုးယုတ်သူတို့ကို ဘုရားအိမ်တော်က စွန့်ပစ်သည်မှာ သင့်လျော်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) အဘယ်ကြောင့် သင့်လျော်သနည်း။ အဘယ်ကြောင့်ဆိုသော် အလုပ်ကို ဆောင်ရွက်ရန်အတွက် ဤလူများကို အသုံးပြုခြင်းအားဖြင့် ပျက်စီးသည့် ဆုံးရှုံးမှုများသည် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ဤသို့သောလူတို့သည် လူအင်အားနှင့် ဘဏ္ဍရေးအရင်းအမြစ်များကို ချုပ်တည်းမှုမရှိဘဲ ဖြုန်းတီးသည်။ ၎င်းတို့၌ စည်းမျဉ်းလုံးဝမရှိ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားမထောင်ပေ။ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် ဆန္ဒများအပေါ် အလုံးစုံ အခြေခံပြီး လုပ်ဆောင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လုံးဝ မလေးစားပေ။ သို့သော် အန္တိခရစ်တစ်ဦးက တစ်စုံတစ်ခုကို ပြောသောအခါ ၎င်းတို့သည် အဆုံးစွန်သာ လေးစားမှုဖြင့် လက်ခံထားပြီး ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဥရောပတွင်နေသော်လည်း အာရှတွင် အခြေခံသောအလုပ်များကို လုပ်သည့် လူတုံးလူအတစ်ယောက်ရှိသည်ကို ငါကြားခဲ့ရသည်။ ဘုရားအိမ်တော်က ထိုသူအား ဥရောပတွင် ဧဝံဂေလိဖြန့်ဝေခြင်းလုပ်ဆောင်ရန်၊ သူ့အနေဖြင့် အချိန်ကွာခြားမှုအား ရင်ဆိုင်ရခြင်းမှ သက်သာစေရန်အတွက် ပြောင်းရွှေ့မည်ဟု ဆိုသည်။ သို့သော် သူက သဘောမတူပေ။ ပြီးလျှင် ဘုရားအိမ်တော်က စီစဉ်သောအခါတွင်ပင် သူသည် ဥရောပရှိ အလုပ်များကို ပြန်လည်လုပ်ဆောင်ခြင်းမပြုပေ။ အဘယ်ကြောင့်ဆိုသော် သူ ကိုးကွယ်သည့် အန္တိခရစ်သည် အာရှတွင်နေပြီး သူသည် သူ၏ အရှင်သခင်ထံမှ ခွဲခွာလိုစိတ်မရှိသောကြောင့် ဖြစ်ပေသည်။ သူသည် လူတုံးလူအတစ်ယောက် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့။ သူသည် သူ၏တာဝန်အား ထမ်းဆောင်ခြင်းဖြင့် ထိုက်တန်သလော။ သူ့ကို ငါတို့ အလိုရှိသလော။ ဘုရားအိမ်တော်က ပြုလုပ်သည့် အလုပ်အစီအစဉ်များသည် သင့်တင့်လျောက်ပတ်သည်။ သင်က ဥရောပ၌ ရှိလျှင် ဥရောပတွင် အခြေခံသော အလုပ်များကို လုပ်သင့်ပြီး အာရှ၌ အခြေခံသောအလုပ်များကို မလုပ်သင့်ပေ။ မည်သည့်တိုက်တွင် သင်ရှိသည်ဖြစ်စေ ထိုနေရာတွင် အလုပ်များကို လုပ်သင့်သည်။ ဤနည်းအားဖြင့် အချိန်ကွာခြားမှုကို ကိုင်တွယ်ရခြင်းအား ရှောင်ရှားနိုင်သည်။ ဤသည်မှာ အလွန်ကောင်းသောအရာဖြစ်သည်။ သို့တိုင်အောင် ဤလူက သဘောမတူပေ။ ဘုရားအိမ်တော်၏ စကားများက သူ့အတွက် အလုပ်မဖြစ်ပေ။ ဘုရားအိမ်တော်က သူ့ကို ရွှေ့ပြောင်းခိုင်း၍မရပေ။ သူ၏ အရှင်သခင်က အဆုံးအဖြတ် ပေးခြင်းကို သူလိုအပ်ခဲ့သည်။ သူ၏ အရှင်သခင်က “ဥရောပတွင်ရှိသောအလုပ်များကို လုပ်ဆောင်ဖို့ ပြန်သွားပါ” ဟု ဆိုလျှင် သူသည် ထိုအလုပ်များကို လုပ်ဖို့ ပြန်သွားလိမ့်မည်။ သူ၏ အရှင်သခင်က “ဥရောပတွင်ရှိသော အလုပ်များကို လုပ်ဆောင်ရန် ပြန်သွား၍မရပါ။ ဤနေရာရှိ အလုပ်များ လုပ်ဖို့ လိုအပ်သည်” ဟု ပြောလျှင် သူက “သို့ဆိုလျှင် ကျွန်ုပ် ပြန်၍မရပါ” ဟု ဆိုလိမ့်မည်။ သူသည် မည်သူ့အတွက် အစေခံမှုပေးနေသနည်း။ (သူ၏ အရှင်သခင်အတွက် ဖြစ်သည်။) သူသည် အန္တိခရစ်တစ်ဦးဖြစ်သော သူ၏ အရှင်သခင်အတွက် အစေခံမှုပေးနေသည်။ ဤသို့ဆိုလျှင် သူသည် သူ၏ အရှင်သခင်နှင့်အတူ ရှင်းလင်းပစ်ခြင်း မခံရသင့်သလော။ သူသည် နှင်ထုတ်ခြင်း မခံရသင့်သလော။ (ခံရသင့်သည်။) ဤသို့သောလူများကို ငါအဘယ်ကြောင့် အလွန်စိတ်ဆိုးသနည်း။ ၎င်းတို့သည် မကောင်းမှုများစွာကို လုပ်ဆောင်သောကြောင့် ဖြစ်သည်။ မည်သူမဆို ဤအရာကို ကြားရလျှင် ဒေါသထွက်လိမ့်မည်။ ဤလူတို့သည် သိသိကြီးဖြင့် ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားသည်။ ဤသည်မှာ အလွန်ပင် ရန်လိုလွန်းသည်။ ငါ့ကို ပြောလော့။ ဤသို့သောလူတို့ကို ငါအဘယ်ကြောင့် အလွန်စိတ်ဆိုးသနည်း။ (၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ၎င်းတို့အရှင်သခင်များကို နားထောင်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ အမှန်တကယ်လိုက်ပြီး နာခံခြင်း မရှိပါ။) ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များနောက်သို့ လိုက်ရန်အတွက် မိမိတို့ကိုယ်ကို အလုံးစုံ ဆက်ကပ်ပြီး ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်နောက်သို့လိုက်သည်ဟု ဆိုခြင်းသည် ဟန်ပြသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့လိုက်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသည့်ဟန်ကိုဆောင်ပြီး စာတန်နောက်လိုက်ကာ အစေခံသည်။ အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် ကောင်းချီးများကို ရလိုဆဲ ဖြစ်သည်။ ဤသည်မှာ လုံးဝ အရှက်မဲ့ခြင်း မဟုတ်လော။ အလုံးစုံပင် ကျိုးကြောင်းမသင့်ဘဲ ကယ်၍ မရနိုင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့။ ဘုရားအိမ်တော်က ဤသို့သောလူတို့ကို ထိန်းသိမ်းထားမည်လော။ (ထိန်းသိမ်းထားမည်မဟုတ်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့ကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းမှာ အဘယ်နည်း။ (၎င်းတို့၏ အရှင်သခင်များနှင့်အတူ ၎င်းတို့ကို ရှင်းလင်းပစ်ရန် ဖြစ်သည်။) ၎င်းတို့သည် ၎င်းတို့၏ အရှင်သခင်များနောက်သို့ လိုက်လိုသည်။ ပြီးလျှင် ၎င်းတို့၏ အရှင်သခင်များအတွက် သေသည်အထိ အလုပ်လုပ်ရန် လုံးဝ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များထမ်းဆောင်စဉ်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ ဘုရားရှေ့၌ နေထိုင်စဉ်တွင် ၎င်းတို့၏ တာဝန်များကို မထမ်းဆောင်ပေ။ ၎င်းတို့သည် အန္တိခရစ် တစ်သိုက်အတွင်းတွင် ၎င်းတို့၏ အရှင်သခင်များအတွက် အစေခံနေကြသည်။ ဤသည်မှာ ၎င်းတို့အလုပ်၏ အနှစ်သာရဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အောက်မေ့ဂုဏ်ပြုခြင်း ခံရမည်မဟုတ်ပေ။ ဤသို့သောလူတို့သည် ရှင်းလင်းပစ်ခြင်း ခံရသင့်သည်။ ၎င်းတို့သည် အစေခံမှုပေးရန်ပင် မထိုက်တန်ပေ။ ဤသို့ဆိုလျှင် ဤသို့သောလူတို့သည် ဆိုးယုတ်သောလူတို့ကို ကြုံတွေ့ရသောကြောင့်၊ သို့မဟုတ် ဤအလုပ်မျိုးကို လုပ်သောကြောင့်သာ ဤသို့ဖြစ်လာသည်ဟု သင်တို့ ထင်သလော။ ၎င်းတို့သည် ၎င်းတို့ပတ်ဝန်းကျင်၏ လွှမ်းမိုးခြင်းကို ခံရသလော၊ သို့မဟုတ် ဆိုးယုတ်သောလူတို့က ၎င်းတို့ကို လမ်းလွဲစေသလော။ (နှစ်ခုလုံး မဟုတ်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ဖြစ်နေသနည်း။ (၎င်းတို့သည် မိမိတို့၏ သဘာဝအနှစ်သာရတွင် ဤသို့သောလူမျိုး ဖြစ်သည်။) ဤလူတို့တွင် ၎င်းတို့၏ အန္တိခရစ် အရှင်သခင်များကဲ့သို့ တူညီသော သဘာဝအနှစ်သာရရှိသည်။ ၎င်းတို့သည် တူညီသောလူအမျိုးအစားများဖြစ်သည်။ ၎င်းတို့တွင် တူညီသော ဝါသနာ၊ အတွေးများနှင့် အမြင်များ၊ ထို့အပြင် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် တူညီသော နည်းနာနိဿယများနှင့် စည်းစနစ်များ ရှိကြသည်။ ၎င်းတို့သည် စိတ်တူကိုယ်တူရှိပြီး တူညီသော လိုက်စားမှုလမ်းကြောင်းရှိသည်။ ပြီးလျှင် ၎င်းတို့တွင် ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ခြင်းအတွက် တူညီသောဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှု စည်းစနစ်များ ရှိကြသည်။ စဉ်းစားကြည့်လော့။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ပတ်သက်ပြီး တူညီသော သဘောထားရှိကြသည်။ ယင်းမှာ ၎င်းတို့၏ အထက်လူကြီးများကို လိမ်ညာပြီး ၎င်းတို့အောက်၌ရှိသောသူများ မသိအောင် အမှုကိစ္စများ ဖုံးကွယ်ထားခြင်းဖြစ်သည်။ ၎င်းတို့တွင် ၎င်းတို့အထက်၌ ရှိသောသူများအတွက် မူဝါဒများရှိပြီး ၎င်းတို့အောက်၌ရှိသောသူများအတွက် နည်းဗျူဟာများရှိသည်။ ၎င်းတို့အထက်၌ ရှိသောသူများအတွက် ၎င်းတို့သည် အပြင်ပန်းတွင် လုံးဝနာခံသည့်ပုံစံ ပြုမူသည်။ ပြီးလျှင် ၎င်းတို့အောက်၌ ရှိသောသူများအတွက် ၎င်းတို့သည် သောင်းကျန်းပြီး မကောင်းမှုများ လုပ်ဆောင်သည်။ ၎င်းတို့တွင် တူညီသောပုံစံနှင့် စည်းစနစ်များရှိသည်။ အထက်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသောအခါ ၎င်းတို့က “ကျွန်ုပ် အမှားလုပ်ခဲ့သည်။ ကျွန်ုပ်မှားခဲ့သည်။ ကျွန်ုပ် ဆိုးပါသည်။ ကျွန်ုပ်သည် မနာခံပါ။ ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်ဖြစ်သည်” ဟု ပြောသည်။ ထို့နောက်တွင် ၎င်းတို့က ဟန်ပန်အမူအရာနှင့် သဘောထားပြောင်းလဲသွားပြီး “အထက်မှ အလုပ်အစီအစဉ်များကို အကောင်အထည် မဖော်ဘဲ နေကြစို့” ဟု ပြောလေသည်။ ထို့နောက်တွင် ၎င်းတို့သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဧဝံဂေလိဟောသောအခါတွင် လုံးဝ ဖြစ်သလို လုပ်ဆောင်သည်။ ၎င်းတို့သည် အရေအတွက်များကို ချဲ့ကားပြောဆိုပြီး ဘုရားအိမ်တော်ကို လှည့်စားသည်။ ဤသည်တို့မှာ ဤအန္တိခရစ်ဂိုဏ်းများ၏ စည်းစနစ်များဖြစ်သည်။ အလုပ်အစီအစဉ်များကို ၎င်းတို့၏ ကိုယ်ပိုင်ဗျူဟာများ၊ စည်းစနစ်များနှင့် အစဉ် ချဉ်းကပ်သည်။ ၎င်းတို့၏ မကောင်းဆိုးဝါးမျက်နှာများသည် ပေါ်လွင်ပြီး မဖြစ်သလော။ ၎င်းတို့သည် လူများဖြစ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် မကောင်းဆိုးဝါးများဖြစ်သည်။ ငါတို့သည် မကောင်းဆိုးဝါးများနှင့် မဆက်ဆံပေ။ ထို့ကြောင့် ၎င်းတို့ကို ဤနေရာနေ၍ အလျင်အမြန် နှင်ထုတ်ကြစို့။ ၎င်းတို့၏ မကောင်းဆိုးဝါးမျက်နှာများကို ငါ မမြင်လိုပေ။ ၎င်းတို့သည် ထွက်သွားသင့်သည်။ အစေခံလိုစိတ်ရှိသူများကို အုပ်စု ဘီသို့ ပို့ဆောင်နိုင်သည်။ အစေခံလိုစိတ်မရှိသူများကို နှင်ထုတ်နိုင်သည်။ ဤလုပ်ဆောင်မှုလမ်းစဉ်မှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤသည်မှာ အသင့်လျော်ဆုံးသော လုပ်ဆောင်မှုလမ်းစဉ် ဖြစ်သည်။ ၎င်းတို့၌ တူညီသော အနှစ်သာရရှိသောကြောင့် ၎င်းတို့ အတူတကွ စကားပြောပြီး လုပ်ကိုင်ဆောင်ရွက်နေသောအခါ၌ အလွန်ချောမွေ့စွာ လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့သည် အမှုအရာများကို အတူတကွ လုပ်ဆောင်သောအခါတွင် ၎င်းတို့ကြား၌ စည်းလုံးမှုနှင့် ထုတ်ပြောရန်မလိုသော နားလည်မှု ပမာဏာအလွန့်အလွန်ရှိကြသည်။ ထိုအရှင်သခင်များက ၎င်းတို့၏ နှုတ်ကို ဖွင့်ဟလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က မည်သည့် နတ်ဆိုးဆန်သောအရာများကို ပြောသည်ဖြစ်စေ ၎င်းတို့၏ နောက်လိုက်များက ရုတ်ခြည်းပင် သံယောင်လိုက်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤနောက်လိုက်များသည် “ဆရာပြောသည်မှာ မှန်သည်။ ထိုနည်းအတိုင်း လုပ်ဆောင်ကြစို့။ အထက်မှ အလုပ်အစီအစဉ်များသည် အနုစိတ်လွန်းသည်။ ငါတို့ ထိုသို့ လုပ်ဆောင်၍မရပါ” ဟု တွေးလျက် ဂုဏ်ယူခြင်းပင် ဖြစ်လိမ့်မည်။ အထက်မှ အလုပ်အစီအစဉ်များကို မည်မျှကောင်းစွာ၊ မည်မျှ တိကျစွာဖြင့် ရှင်းလင်းပြတ်သားစွာ ပြောသည်ဖြစ်စေ ဤလူတို့က ယင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်မည်မဟုတ်။ ပြီးလျှင် နတ်ဆိုးများနှင့် စာတန်များက ပြောသည့်အရာများသည် မည်မျှ ဖောက်ပြန်နေပါစေ၊ အဓိပ္ပာယ်မရှိပါစေ ၎င်းတို့က နားထောင်လိမ့်မည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သူအတွက် အစေခံနေသနည်း။ ဤသို့သောလူတို့သည် ဘုရားအိမ်တော်တွင် အဆုံးတိုင်အောင် အစေခံနိုင်သလော။ (မခံနိုင်ပါ။) ၎င်းတို့သည် အဆုံးတိုင်အောင် အစေမခံနိုင်ပါ။ ဘုရားသခင်က လူတစ်ယောက်အပေါ် စိတ်ရှည်သည်းခံနေသည်ဖြစ်စေ၊ နတ်ဆိုးတစ်ကောင်၏ လုပ်ရပ်များအပေါ် စိတ်ရှည်သည်းခံနေသည်ဖြစ်စေ အစဉ်သဖြင့် အကန့်အသတ်ရှိသည်။ သူသည် လူတို့အပေါ် ဖြစ်နိုင်သမျှ အများဆုံးသော အတိုင်းအတာအထိ သည်းခံသည်။ သို့သော် အဆင့်တစ်ခုသို့ ရောက်သောအခါတွင် သူသည် ဖော်ထုတ်ခံရသင့်သောသူတို့ကို ဖော်ထုတ်လိမ့်မည်။ ဖယ်ရှားခြင်းခံရသင့်သောသူတို့ကို ဖယ်ရှားလိမ့်မည်။ ဤအဆင့်သို့ ရောက်သောအခါ ဤလူတို့သည် လမ်းဆုံးသို့ ရောက်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ၎င်းတို့က သမ္မာတရားကို မလိုက်စားခြင်း၊ သို့မဟုတ် မချစ်ခြင်းသက်သက် မဟုတ်။ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ သမ္မာတရားကို မလိုလားခြင်းဖြစ်သည်။ စဉ်းစားကြည့်လော့။ သမ္မာတရားနှင့်ညီသော အပြုသဘောဆောင်သောအရာများ၊ စစ်မှန်သောနားလည်မှု၊ သို့မဟုတ် စည်းမျဉ်းများအကြောင်းကို သင်ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့ နားမထောင်ပေ။ သင့်စကားများက သန့်စင်လေလေ၊ ၎င်းတို့ ခံစားရသည်မှာ ဆိုးလေလေဖြစ်သည်။ သင်သည် သမ္မာတရားစည်းမျဉ်းများကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ငြိမ်သက်စွာ ထိုင်မနေနိုင်ပေ။ ပြီးလျှင် စကားပြောခြင်းကို လမ်းကြောင်းလွဲဖို့ ဆင်ခြေများပေးရန်၊ အာရုံစိုက်မှုကို ပြောင်းရန် နည်းလမ်းများရှာသည်၊ သို့မဟုတ် ရေသောက်ရန် ထွက်သွားလိုက်သည်။ သင်က သမ္မာတရားကို မိတ်သဟာယပြုသည်နှင့်၊ သို့မဟုတ် သင့်ကိုယ်သင် သိမြင်ခြင်းအကြောင်း ပြောသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စက်ဆုပ်ပြီး နားမထောင်လိုပေ။ ၎င်းတို့က သန့်စင်ခန်းသွားဖို့ မလိုလျှင် ၎င်းတို့က ရေဆာသည်၊ သို့မဟုတ် ဗိုက်ဆာသည်၊ သို့မဟုတ် အိပ်ချင်သည်၊ သို့မဟုတ် ဖုန်းခေါ်ရန်ဖြစ်စေ၊ တစ်ခုခုကို လုပ်ဆောင်ရန်ဖြစ်စေ လိုအပ်လေသည်။ ၎င်းတို့တွင် အစဉ်သဖြင့် ဆင်ခြေရှိပြီး ငြိမ်သက်စွာ ထိုင်မနေနိုင်ပေ။ သင်က ၎င်းတို့၏ စည်းစနစ်ကို အသုံးပြုလျှင်၊ အနှောင့်အယှက်၊ အဖျက်အဆီးများကိုသာ အထူးဖြစ်စေသည့် ၎င်းတို့၏ ပြောဆိုချက်များနှင့် ချဉ်းကပ်မှုများအကြောင်း ပြောဆိုလျှင် ၎င်းတို့က အားတက်လာလိမ့်မည်ဖြစ်ပြီး ဆက်တိုက် ပြောဆိုနိုင်လိမ့်မည်။ သင်နှင့် သူတို့ကြားတွင် နှစ်ဦးနှစ်ဖက် စိတ်တူကိုယ်တူ ပြောစရာ စကားမရှိလျှင် ၎င်းတို့က သင့်အပေါ် မနှစ်မသက်ဖြစ်ပြီး သင့်အား ရှောင်လိမ့်မည်။ ဤသည်တို့မှာ နတ်ဆိုးစစ်စစ်များဖြစ်သည်။ ယခုအချိန်အထိ ဤနတ်ဆိုးမျိုးကို မသိမမြင်နိုင်ဘဲ ဤလူတို့သည် သမ္မာတရားကို မလိုက်စားခြင်းသာ ဖြစ်သည်ဟု ထင်သောလူအချို့ရှိသည်။ ၎င်းတို့သည် အဘယ်သို့ အလွန်ပင် ရိုးအရသနည်း။ ၎င်းတို့သည် အဘယ်သို့ ဤသို့သော မသိနားမလည်သည့်အရာများကို ပြောဆိုနိုင်ရသနည်း။ ဤလူတို့သည် သမ္မာတရားကို မလိုက်စားခြင်းမျှသာ ဖြစ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် ဆိုးယုတ်သော မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အလွန့်အလွန် စိတ်ကုန်သည်။ ဤလူတို့သည် စုဝေးပွဲများတွင် အလွန်ပင်ကောင်းစွာ ပြုမူသည်။ သို့သော် အားလုံးက အတုအယောင် ဖြစ်သည်။ လက်တွေ့တွင် ၎င်းတို့သည် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့သည့် အကြောင်းအရာကို၊ သို့မဟုတ် ဖတ်သည့် ဘုရားနှုတ်ကပတ်တော်များကို အမှန်တကယ် နားထောင်သလော။ နှုတ်ကပတ်တော်မည်မျှကို ၎င်းတို့ အမှန်တကယ် နားထောင်သနည်း။ မည်မျှကို ၎င်းတို့ လက်ခံသနည်း။ ၎င်းတို့သည် မည်မျှနာခံနိုင်သနည်း။ ၎င်းတို့သည် အရိုးရှင်းဆုံးနှင့် အပြောအများဆုံးသော အယူဝါဒများအကြောင်းကိုပင် မပြောဆိုနိုင်ပေ။ ဤသို့သောလူတို့နှင့်ပတ်သက်လျှင် ၎င်းတို့သည် မည်မျှကြာရှည်စွာ အလုပ်လုပ်ခဲ့သည်ဖြစ်စေ၊ မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် အစေခံသည်ဖြစ်စေ၊ တရားဒေသနာများကို မဟောကြားနိုင်ပေ၊ သို့မဟုတ် မိမိတို့ကိုယ်ပိုင်အတွေ့အကြုံများကို မပြောဆိုနိုင်ပေ။ တစ်စုံတစ်ယောက်က “တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး ခင်ဗျားသိထားသည့်အရာ အနည်းငယ်ကိုသာ ပြောပြပါ။ ယင်းနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိရန် မလိုအပ်ပါ။ ယင်းနှင့်ပတ်သက်ပြီး ခင်ဗျားသိထားသည့် အသိနှင့် နားလည်မှုကိုသာ ပြောပြပါ” ဟု ဆိုလျှင် ၎င်းတို့သည် ၎င်းတို့၏ နှုတ်ကို ဖွင့်ဟနိုင်မည်မဟုတ်ပေ။ အလုံပိတ်ထားသကဲ့သို့ ဖြစ်လိမ့်မည်။ ပြီးလျှင် အယူဝါဒအချို့အကြောင်းကိုပင် ၎င်းတို့ ပြောနိုင်မည်မဟုတ်ပေ။ ၎င်းတို့က ယင်းနှင့်ပတ်သက်ပြီး အတင်းအားစိုက်၍ ပြောဆိုနိုင်လျှင် ၎င်းတို့သည် ကိုးရိုးကားရားဖြစ်ပြီး ထူးဆန်းနေလိမ့်မည်။ ညီအစ်ကိုမောင်နှမအချို့က “ခေါင်းဆော်အချို့က တရားဒေသနာများ ဟောကြားနေချိန်တွင် ၎င်းတို့သည် ကလေးအချို့ကို စာရွတ်ပြနေသကဲ့သို့ ဖြစ်နေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် ကိုးရိုးကားရားဖြစ်ပြီး ထူးဆန်းနေရသနည်း” ဟု ဆိုကြသည်။ ဤသည်မှာ တရားမဟောနိုင်ခြင်းဟု ခေါ်သည်။ အဘယ်ကြောင့် ၎င်းတို့က တရားမဟောနိုင်သနည်း။ သမ္မာတရားစစ်မှန်မှု ကင်းမဲ့သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် သမ္မာတရား စစ်မှန်မှုကင်းမဲ့သနည်း။ သမ္မာတရားကို ၎င်းတို့ လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို စိတ်ကုန်သည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရား၏ မည်သည့်စည်းမျဉ်း၊ သို့မဟုတ် ပြောဆိုချက်ကိုမဆို အတိုက်အခံပြုသည်။ ၎င်းတို့သည် အတိုက်အခံပြုသည်ဟုဆိုလျှင် သင်သည် ဤအရာကို အပြင်ပန်းတွင် မမြင်ရနိုင်ခြေရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အတိုက်အခံပြုသည်ဆိုသည်ကို မည်သို့ သိနိုင်သနည်း။ ဘုရားအိမ်တော်က သမ္မာတရားကို မည်မျှ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ငြင်းဆန်ပြီး ငြင်းပယ်ကြကာ ယင်းကို အလွန်အမင်း စက်ဆုပ်ကြသည်။ အခြားလူများက သမ္မာတရားအပေါ် ၎င်းတို့၏ သိမြင်မှုကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က “ခင်ဗျားက ဤအရာကို ယုံကြည်ကောင်းယုံကြည်လိမ့်မည်။ ကျွန်တော်က မယုံပါ” ဟု တွေးလိမ့်မည်။ တစ်စုံတစ်ခုသည် သမ္မာတရား ဟုတ်မဟုတ်ကို ၎င်းတို့ မည်သို့ အကဲဖြတ်သနည်း။ ၎င်းတို့က ကောင်းသည်၊ မှန်သည်ဟု ယုံကြည်သည့်အရာတစ်ခု ဖြစ်သရွေ့ ယင်းသည် သမ္မာတရား ဖြစ်သည်ဟု ထင်မြင်လိမ့်မည်။ ၎င်းတို့က ပြောဆိုချက်တစ်ခုကို မနှစ်သက်လျှင် မည်မျှ မှန်ကန်ပါစေ သမ္မာတရား အဖြစ် မှတ်ယူမည်မဟုတ်။ ထို့ကြောင့် ဤအမှုကိစ္စ၏ အရင်းအမြစ်ကို ငါတို့ ကြည့်သောအခါ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် သမ္မာတရားအပေါ် အတိုက်အခံ ပြုသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်သည်။ သမ္မာတရားကို မုန်းတီးသည်။ ၎င်းတို့စိတ်နှလုံးတွင် သမ္မာတရားသည် လုံးဝ နေရာမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်။ လူအချို့က ဤအရာကို သိမြင်ခြင်းမရှိဘဲ “သူတို့က ဘုရားသခင်ကို စော်ကားသည့်အရာ တစ်ခုခုကို ပြောခြင်းကိုဖြစ်စေ၊ သမ္မာတရားကို ပုတ်ခတ်စော်ကားခြင်းဖြစ်စေ၊ သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်စေ ပြုသည်ကို ကျွန်တော် တွေ့ရလေ့မရှိပါ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ မြင်နိုင်သည့် အချက်တစ်ချက်ရှိသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက သတ်မှတ်သည့် တိကျသော အသေးစိတ်အချက်အလက်တိုင်းသည် လိုအပ်ပြီး ဘုရားအမှုတော်၏ အကျိုးစီးပွားများ၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏ ဘဝတိုးတက်မှု၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်၊ ဧဝံဂေလိအမှု၏ ပုံမှန်ချဲ့ထွင်ခြင်းတို့ကို ကာကွယ်ရန် တင်ပြခြင်းဖြစ်သည်။ အချိန်ကာလတိုင်းတွင်ရှိသော အလုပ်အစီအစဉ်များ၏ ရည်ရွယ်ချက်နှင့် အလုပ်ကဏ္ဍတစ်ခုစီ၏ တိကျသော ခွဲဝေချထားမှု၊ ဖွဲ့စည်းမှုနှင့် ပြုပြင်မှုတို့သည် ဘုရားအိမ်တော်၏ အလုပ်၏ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ရန် ဖြစ်သည်။ ထို့အပြင် ညီအစ်ကိုမောင်နှမများအား သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ဝင်ရောက်ဖို့ ကူညီပေးရန် ဖြစ်သည်။ ပို၍ အတိအကျဆိုရလျှင် ဤအရာများသည် ညီအစ်ကိုမောင်နှမများအား ဘုရားရှေ့သို့ ခေါ်ဆောင်လာပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် ကူညီပေးသည်ဟုလည်းကောင်း၊ ဤအရာများသည် လူတိုင်းအား သွန်သင်ပေးလျက်၊ ပံ့ပိုးလျက်၊ ထောက်ပံ့လျက်ဖြင့် ၎င်းတို့၏ လက်ကို ကိုင်စွဲပြီး ၎င်းတို့ကို ဦးဆောင်ကာ ရှေ့သို့ ဆွဲခေါ်သည်ဟုလည်းကောင်း ဆိုနိုင်သည်။ အလုပ်အစီအစဉ်များအား အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်လျှင် ဤစုဝေးပွဲအချိန်ကာလအတွင်း၌ တိကျသော မိတ်သဟာယကို လုပ်ဆောင်ခြင်း ဖြစ်စေ၊ နှုတ်ဖြင့် ဖြန့်ဝေသည်ဖြစ်စေ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများအား ဘုရားသခင်၏ အမှုကို တွေ့ကြုံနိုင်စေရန်၊ စစ်မှန်သော အသက်ဝင်ရောက်မှုကို ရရှိစေနိုင်ရန် ထောက်ကူပေးဖို့ဖြစ်သည်။ ပြီးလျှင် ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် အစဉ်ပင် အကျိုးရှိသည်။ ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်သော အစီအစဉ်တစ်ခုမျှ မရှိပေ။ ပြီးလျှင် မည်သည့် အစီအစဉ်ကမျှ အနှောင့်အယှက်များ၊ သို့မဟုတ် အဖျက်အဆီးများကို မဖန်တီးပေ။ သို့တိုင်အောင် အန္တိခရစ်များက ဤအလုပ်အစီအစဉ်များကို မည်သည့်အခါမျှ မလေးစားပေ၊ သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိပေ။ ထိုအစား ယင်းတို့သည် အလွန်ရိုးရှင်းပြီး ထူးခြားမှုမရှိဟုလည်းကောင်း၊ ယင်းတို့သည် ၎င်းတို့ကိုယ်တိုင်လုပ်ဆောင်သကဲ့သို့ အထင်ကြီးလောက်စရာမရှိဟုလည်းကောင်း၊ ဤအလုပ်ကို လုပ်စဉ်တွင် ၎င်းတို့၏ သိက္ခာ၊ အဆင့်အတန်းနှင့် ဂုဏ်တို့အတွက် ပို၍ ကြီးမားသော အကျိုးအမြတ်များ ရရှိမည်မဟုတ်ဟုလည်းကောင်း ထင်မြင်ချက်ဖြင့် ယင်းတို့ကို စက်ဆုပ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ဖို့ မဆိုထားနှင့်၊ ယင်းတို့ကို မည်သည့်အခါမျှပင် နားမထောင်ပေ၊ သို့မဟုတ် လက်မခံပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ဆောင်သည်။ ဤအရာကို အခြေခံပြီး ငါ့ကို ပြောလော့။ အန္တိခရစ်များသည် သမ္မာတရားကို မလိုက်စားခြင်းမျှသာ ဖြစ်သလော။ ဤအဆင့်တွင် ၎င်းတို့သည် သမ္မာတရားအား မုန်းတီးသည်ကို သင် ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့က သမ္မာတရားကို မုန်းတီးသည်ဟု ဆိုလျှင် သင်က ဤအရာကို ပိုင်းခြားသိမြင်နိုင်မည်မဟုတ်။ သို့သော် ထိုအန္တိခရစ်များက အလုပ်အစီအစဉ်များအား အကောင်အထည်ဖော်ခြင်းအပေါ် မည်သို့ချဉ်းကပ်သည်ကို ကြည့်ခြင်းအားဖြင့် သင်သည် ဤအရာကို သိမြင်မှုရှိနိုင်လိမ့်မည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များအား မည်သို့ ချဉ်းကပ်သည်ဆိုသည်နှင့် ပတ်သက်လျှင် အများဆုံးအနေဖြင့် ၎င်းတို့သည် ဖြစ်သလိုသာ လုပ်ဆောင်သည်၊ အလုပ်အစီအစဉ်များကို တစ်ခါသာပြောဆိုပြီး ဤမျှသာဖြစ်သည်ဆိုသည်မှာ အလွန်ရှင်းလင်းသည်။ ၎င်းတို့သည် နောက်ဆက်တွဲ လိုက်၍လုပ်ဆောင်ခြင်း၊ စောင့်ကြည့်ခြင်းတို့ကို၊ သို့မဟုတ် တိကျသောအလုပ်ကို သင့်လျော်စွာ မဆောင်ရွက်ပေ။ ဤသည်တို့မှာ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သေးသည်။ ဖြစ်သလို လုပ်ဆောင်နိုင်ပြီး ထိန်းသိမ်းနိုင်သေးသည်။ အန္တိခရစ်များက အလုပ်အစီအစဉ်များကိုပင် မထိန်းသိမ်းနိုင်ပေ။ ၎င်းတို့သည် ယင်းတို့ကို လက်ခံရန်၊ သို့မဟုတ် အကောင်အထည်ဖော်ရန် ငြင်းဆန်ခြင်းသာ ဖြစ်သည်။ ဤအစား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့ ထည့်တွက်သည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ နာမည်ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာတို့ ဖြစ်သည်။ အထက်က ၎င်းတို့အား အသိအမှတ်ပြုခြင်းရှိမရှိ၊ ညီအစ်ကိုမောင်နှမမည်မျှက ၎င်းတို့ကို ပံ့ပိုးသည်၊ လူမည်မျှ၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် နေရာရှိသည်၊ လူတို့၏ စိတ်နှလုံးမည်မျှကို ၎င်းတို့ အုပ်စိုးပြီး ထိုလူတို့ကို ထိန်းချုပ်သည်၊ ပြီးလျှင် ၎င်းတို့၏ လက်ထဲတွင် လူမည်မျှရှိသည်တို့ကို ထည့်တွက်သည်။ ထိုအရာများကို ၎င်းတို့ ဂရုစိုက်သည်။ စစ်မှန်သောလမ်းပေါ်တွင် အခြေခံအုတ်မြစ်ချရာ၌ ညီအစ်ကိုမောင်နှမများအား မည်သို့ရေလောင်းရမည်၊ သို့မဟုတ် ပံ့ပိုးရမည်ဆိုသည်ကို မည်သည့်အခါမျှ ထည့်မတွက်ပေ။ ပြီးလျှင် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုက မည်သို့ အခြေအနေ ရှိသည်ကိုလည်းကောင်း၊ ဧဝံဂေလိဖြန့်ဝေခြင်းဖြစ်စေ၊ အခြားတာဝန်အမျိုးအစားများဖြစ်စေ ညီအစ်ကိုမောင်နှမများက ၎င်းတို့တာဝန်များအား မည်သို့ထမ်းဆောင်နေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်ခြင်းရှိမရှိကိုလည်းကောင်း သေချာပေါက် ထည့်မစဉ်းစားပေ။ ပြီးလျှင် ညီအစ်ကို မောင်နှမများအား ဘုရားရှေ့သို့ မည်သို့ခေါ်ဆောင်ရမည်ကို လုံးဝ အရေးမစိုက်ပေ။ ၎င်းတို့က ထိုအရာများကို ဂရုမစိုက်ပေ။ ဤအချက်အားလုံးကို သင်တို့မျက်စိရှေ့တွင် ချပြသည်မဟုတ်လော။ ဤသည်တို့မှာ အန္တိခရစ်များတွင် သင်တို့ မကြာခဏမြင်နိုင်သော သရုပ်သကန်များ မဟုတ်လော။ ဤအချက်အလက်များမှာ ဤလူတို့သည် သမ္မာတရားအား မုန်းတီးသည်ဆိုသည့် လုံလောက်သည့် သက်သေမဟုတ်လော။ (ဟုတ်ပါသည်။) တစ်ချိန်လုံးတွင် အန္တိခရစ်တစ်ဦးအရေးစိုက်သည့် တစ်ခုတည်းသောအရာများမှာ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာတို့ဖြစ်သည်။ သင်သည် ညီအစ်ကိုမောင်နှမများအား သင့်လျော်သော အသင်းတော်အသက်တာကို နေထိုင်နိုင်စေရန်၊ အသင်းတော်အသက်တာအား ရှင်သန်စဉ်တွင် သမ္မာတရားကို ၎င်းတို့ နားလည်လာပြီး ၎င်းတို့၏ အခြေခံအုတ်မြစ်များကို ချဖို့ ၎င်းတို့အား ကူညီရန်၊ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုကို ပိုင်ဆိုင်ရန်၊ ဘုရားသခင်ရှေ့သို့ လာရောက်ရန်၊ ပြီးလျှင် အမှီအခိုကင်းစွာ ရှင်သန်နိုင်စွမ်းရှိရန်နှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ယုံကြည်ခြင်းရှိရန် ထောက်ကူပေးဖို့အတွက် အန္တိခရစ်တစ်ဦးကို အသင်းတော်အသက်တာအား ဦးဆောင်စေသည် ဆိုပါစို့။ ဤသို့အားဖြင့် ဘုရားအိမ်တော်၏ ဧဝံဂေလိ ချဲ့ထွင်မှုအလုပ်သည် အရံအင်အားစုအချို့ရှိမည်။ ပြီးလျှင် ပို၍များသော ပင်ကိုစွမ်းရည်ရှိသည့် ဧဝံဂေလိအမှုဆောင်များအား ဧဝံဂေလိ ချဲ့ထွင်ခြင်းတွင် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းရန် အဆက်မပြတ် ပံ့ပိုးပေးနိုင်သည်။ ဤသည်မှာ အန္တိခရစ်က စဉ်းစားမည့်အရာဖြစ်သလော။ ၎င်းတို့က ဤသို့ လုံးဝ စဉ်းစားမည်မဟုတ်။ ၎င်းတို့က “အသင်းတော်အသက်တာက အဘယ်အရေးပါသနည်း။ လူတိုင်းက အသင်းတော်အသက်တာကို စိတ်ပါလက်ပါ နေထိုင်ပြီး ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုလျှင်၊ ၎င်းတို့အားလုံး သမ္မာတရားကို နားလည်ကြလျှင် မည်သူက ကျွန်ုပ်၏ အမိန့်များကို နားထောင်မည်နည်း။ မည်သူက ကျွန်ုပ်ကို အရေးစိုက်မည်နည်း။ မည်သူက ကျွန်ုပ်ကို အာရုံစိုက်မည်နည်း။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသင်းတော်အသက်တာအပေါ် တစ်ချိန်လုံး အာရုံစိုက်ခွင့် မပေးနိုင်ပါ၊ သို့မဟုတ် အသင်းတော်အသက်တာနှင့်ပတ်သက်၍ စွဲလမ်းခွင့်မပေးနိုင်ပါ။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များကို အစဉ်သဖြင့် ဖတ်ရှုလျှင်၊ လူတိုင်းက ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ပြီးကြလျှင် မည်သူက ကျွန်ုပ်၏ နံဘေးတွင် ကျန်မည်နည်း”ဟု ဆိုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘောထားမဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့က ညီအစ်ကိုမောင်နှမများအား သမ္မာတရားနှင့် အသက်ကို ရရှိခြင်း၌ ပံ့ပိုးပေးခြင်းကို အာရုံစိုက်လျှင် ဤသည်မှာ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအား လိုက်စားမှုကို ထိခိုက်မည်ဟု ၎င်းတို့က ထင်ကြသည်။ “ညီအစ်ကိုမောင်နှမများအတွက် ကိစ္စများကို လိုက်လုပ်ပေးရင်း ငါ့အချိန်များအားလုံး ကုန်သွားလျှင် ဂုဏ်သိက္ခာ၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားဖို့ ငါ့အတွက် အချိန်ကျန်ဦးမည်လော။ ညီအစ်ကိုမောင်နှမများအားလုံးက ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပြီး ဘုရားသခင်နောက်လိုက်ကြလျှင် ငါ့ကို နာခံဖို့ မည်သူမျှ ကျန်မည် မဟုတ်။ ယင်းမှာ ငါ့အတွက် အလွန် အနေခက်မည်ဖြစ်သည်” ဟု မိမိတို့ကိုယ်ကို တွေးကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘောသဘာဝဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားရန် ပျက်ကွက်ခြင်းသာ မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အလွန့်အလွန် စိတ်ကုန်သည်။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော အသိစိတ်တွင် ၎င်းတို့က “ကျွန်ုပ်သည် သမ္မာတရားကို မုန်းသည်၊ ဘုရားကို မုန်းသည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိသည့် အလုပ်အစီအစဉ်များ၊ ပြောဆိုချက်များ၊ ကျင့်သုံးချက်များအားလုံးကို ကျွန်ုပ်မုန်းသည်”ဟု မပြောပေ။ ဤသို့ ပြောမည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို အတိုက်အခံပြုရန် နည်းလမ်းနှင့် အပြုအမူအချို့ကိုသာ အသုံးပြုသည်။ ထို့ကြောင့် ဤနည်းလမ်းများ၊ အပြုအမူများ၏ အနှစ်သာရသည် အမှုအရာများအား ၎င်းတို့ကိုယ်ပိုင်နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းနှင့် အခြားလူများအားလုံးအား ၎င်းတို့ကို အရေးစိုက်ပြီး နာခံစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားအိမ်တော်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့က လေးစားမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ယခင်က အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ငါတို့ များစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်သည်။ သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုသည် ပေါ့တန်သည်။ အန္တိခရစ်များသည် သင်တို့မျက်စိရှေ့တည့်တည့်တွင် မကောင်းမှုများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်။ သို့တိုင်အောင် သင်တို့က ဤအရာကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခဲ့ပေ။ သင်တို့သည် မိုက်မဲပြီး သနားစဖွယ်ဖြစ်သည်။ ထုံထိုင်းပြီး နုံအသည်။ ချွတ်ခြုံကျပြီး မျက်ကန်းဖြစ်သည်။ ဤသည်တို့မှာ သင်တို့၏ စစ်မှန်သော သရုပ်သကန်များနှင့် သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုဖြစ်သည်။ အန္တိခရစ်များသည် ပြဿနာများစွာကို ဖြစ်စေပြီး ဘုရားအိမ်တော်၏ အလုပ်အပေါ် ဆုံးရှုံးမှုများစွာကို ဖြစ်စေသည်။ ပြီးလျှင် ၎င်းတို့အား အစေခံရန်အတွက် အသုံးပြုသင့်သည်ဟု ပြောသောလူများစွာရှိသေးသည်။ ၎င်းတို့ကို အသုံးပြုခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးက ပို၍များသည်။ သို့တိုင်အောင် ၎င်းတို့အား ထုတ်ပယ်ရကောင်းမှန်း၊ သို့မဟုတ် ကိုင်တွယ်ရကောင်းမှန်း သင်တို့ မသိပေ။ သင်တို့၏ ဤဝိညာဉ်ရင့်ကျက်မှုနှင့် ဤအယူအဆများကို ပြောင်းလဲရန် နှစ်မည်မျှ ကြာမည်နည်း။ လူအချို့က “ငါက သမ္မာတရားကို လိုက်စားသူဖြစ်သည်” ဟု အစဉ် ကြွားဝါသည်။ သို့သော် ၎င်းတို့သည် အန္တိခရစ်များကို ကြုံရသောအခါ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိ။ ပြီးလျှင် ထိုအန္တိခရစ်များနောက်သို့ပင် လိုက်နိုင်သည်။ ၎င်းတို့က သမ္မာတရားအား လိုက်စားခြင်း၏ သရုပ်သကန်များမှာ အဘယ်မှာနည်း။ ၎င်းတို့သည် တရားဒေသနာများစွာကို နားထောင်ခဲ့သော်လည်း ပိုင်းခြားသိမြင်မှု ကင်းမဲ့သေးသည်။ ကောင်းပြီ။ ဤအကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယကို ဤတွင် ပြီးဆုံးမည်။ နောက်တစ်ခုတွင် ငါတို့၏ အဓိကအကြောင်းအရာကို ပြောဆိုမည်။

ငါတို့၏ ယခင်စုဝေးပွဲတွင် “မိမိ မိသားစုမှလာသည့် ဝန်ထုပ်ဝန်ပိုးများကို လက်လွှတ်ခြင်း” အတွင်းရှိ မိဘများ၏ မျှော်မှန်းချက်များနှင့် သက်ဆိုင်သော အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤတွင် ပါဝင်သော သက်ဆိုင်သည့် စည်းမျဉ်းများနှင့် အဓိကအကြောင်းအရာများကို ငါတို့ မိတ်သဟာယဖွဲ့ပြီးခဲ့သည်။ ဆက်လက်၍ မိမိ၏ မိသားစုမှလာသည့် ဝန်ထုပ်ဝန်ပိုးများအား လက်လွှတ်ခြင်း၏ အခြားသွင်ပြင်လက္ခဏာတစ်ခုဖြစ်သည့် မိမိ၏ သားသမီးအပေါ် မျှော်မှန်းချက်များအား လက်လွှတ်ခြင်းကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤတစ်ခေါက်တွင် ငါတို့သည် ကဏ္ဍပြောင်းမည်။ မိဘများ၏ မျှော်မှန်းချက်များအား ချဉ်းကပ်ခြင်းပါဝင်သော အကြောင်းအရာနှင့်ပတ်သက်ပြီး သားသမီးတစ်ယောက်၏ အမြင်ရှုထောင့်မှနေ၍ လူတို့လုပ်ဆောင်သင့်သော အရာအချို့ရှိသည်။ သားသမီးများက ၎င်းတို့အပေါ် ၎င်းတို့၏မိဘများက ထားရှိသော မျှော်မှန်းချက်အမျိုးမျိုးကိုလည်းကောင်း၊ ၎င်းတို့အပေါ် ၎င်းတို့မိဘများက အသုံးပြုသည့် ချဉ်းကပ်မှုအမျိုးမျိုးကိုလည်းကောင်း မည်သို့ချဉ်းကပ်ပြီး ကိုင်တွယ်ရမည်၊ ပြီးလျှင် မည်သည့်စည်းမျဉ်းများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည် ဆိုသည်တို့နှင့် ပတ်သက်လျှင် ဤသည်မှာ မိဘများထံမှလာသော မတူညီသောပြဿနာများကို သားသမီးတစ်ယောက်၏ အမြင်ရှုထောင့်မှ မှန်ကန်စွာ ချဉ်းကပ်ခြင်းအကြောင်း ဖြစ်သည်။ ယနေ့တွင် လူတို့၏ သားသမီးများနှင့်ပတ်သက်ပြီး ၎င်းတို့တွင်ရှိသော ပြဿနာအမျိုးမျိုးကို မိဘတစ်ဦး၏ ရှုထောင့်မှနေ၍ ကိုင်တွယ်ခြင်းအကြောင်း ဖြစ်သည့် “မိမိ၏ သားသမီးအပေါ် မျှော်မှန်းချက်များအား လက်လွှတ်ခြင်း” အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤတွင် သင်ယူသင့်သည့် သင်ခန်းစာများနှင့် စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းများရှိသည်။ သားသမီးတစ်ယောက်အနေဖြင့် အရေးကြီးဆုံးမှာ သင့်မိဘများ၏ မျှော်မှန်းချက်များကို သင်မည်သို့ ရင်ဆိုင်သင့်သည်၊ ဤမျှော်မှန်းချက်များအပေါ် မည်သည့်သဘောထားမျိုးကို သင်ခံယူသင့်သည်၊ ထို့အပြင် မည်သည့်နည်းလမ်းကို သင်လိုက်လျှောက်သင့်သည်နှင့် ဤအခြေအနေတွင် မည်သည့်လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင် ပိုင်ဆိုင်သင့်သည်ဆိုသည်တို့ ဖြစ်သည်။ ပင်ကိုအားဖြင့် လူတိုင်းသည် မိဘဖြစ်ရန် အခွင့်အရေးရှိသည်၊ သို့မဟုတ် မိဘဖြစ်နှင့်ပြီး ဖြစ်နိုင်သည်။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ သားသမီးအပေါ် ရှိသည့် မျှော်မှန်းချက်များ၊ သဘောထားများနှင့် သက်ဆိုင်သည်။ သင်က မိဘဖြစ်စေ၊ သားသမီးဖြစ်စေ သင်သည် အခြားတစ်ဖက်၏ မျှော်မှန်းချက်များကို ကိုင်တွယ်ရန်အတွက် မတူညီသော စည်းမျဉ်းများကို ပိုင်ဆိုင်သင့်သည်။ သားသမီးများတွင် ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များအား ချဉ်းကပ်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းများရှိသည်။ ပင်ကိုအားဖြင့် မိဘများသည်လည်း ၎င်းတို့သားသမီးများ၏ မျှော်မှန်းချက်များကို ချဉ်းကပ်ခြင်းအတွက် ၎င်းတို့ စောင့်ထိန်းလိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများ ရှိသည်။ ထို့ကြောင့် ဦးစွာ စဉ်းစားကြည့်လော့။ မိဘများက ၎င်းတို့သားသမီးများအား ဆက်ဆံရာတွင် ၎င်းတို့စောင့်ထိန်းလိုက်နာသင့်သည့် မည်သည့်စည်းမျဉ်းများကို သင်တို့ ယခုမြင်နိုင်သနည်း၊ သို့မဟုတ် တွေးနိုင်သနည်း။ စည်းမျဉ်းများအကြောင်းကို ငါတို့ပြောလျှင် သင်တို့အတွက် အနည်းငယ် အလှမ်းဝေးကောင်း ဝေးနိုင်သည်။ ပြီးလျှင် ထိုအကြောင်းအရာက ကျယ်ပြန့်လွန်းပြီး နက်နဲလွန်းနိုင်သည်။ ထို့ကြောင့် ဤအစား သင်သာ မိဘဖြစ်လျှင် သင်၏ သားသမီးအပေါ် သင့်၌ မည်သည့်မျှော်မှန်းချက်များ ရှိမည်ဆိုသည်ကို ပြောကြစို့။ (ဘုရားသခင်၊ ကျွန်ုပ် တစ်နေ့တွင် မိဘဖြစ်လျှင် ရှေးဦးစွာ ကျွန်ုပ်၏ သားသမီးများကို ကျန်းမာဖို့နှင့် ကျန်းမာစွာ ကြီးပြင်းနိုင်ဖို့ မျှော်လင့်မည်။ ထို့အပြင် ၎င်းတို့၌ ကိုယ်ပိုင်အိပ်မက်များ ရှိနိုင်ဖို့နှင့် ဘဝတွင် ၎င်းတို့၏ အိပ်မက်များကို ဖြည့်ဆည်းရန် ရည်မှန်းချက်ကြီးဖို့၊ ၎င်းတို့တွင် အလားအလာကောင်းများရှိဖို့ ကျွန်ုပ် မျှော်လင့်မည်။ ဤသည်တို့မှာ ကျွန်ုပ်မျှော်လင့်သော အဓိကနှစ်ချက်ဖြစ်သည်။) သင်၏ သားသမီးများကို ရာထူးကြီးသော အရာရှိများဖြစ်ဖို့၊ သို့မဟုတ် အလွန်ချမ်းသာကြွယ်ဝဖို့ သင် မျှော်လင့်မည်လော။ (ထိုအရာများကိုလည်း ကျွန်ုပ် မျှော်လင့်မည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ကမ္ဘာလောက၌ တိုးတက်အောင်မြင်နိုင်ရန်၊ အခြားလူများထက် သာနိုင်ရန်နှင့် အခြားလူများက အထင်ကြီးလေးစားခြင်းကို ခံရနိုင်ရန် ကျွန်ုပ် မျှော်လင့်မည်။) မိဘများက ၎င်းတို့၏ သားသမီးများအတွက် ထားရှိသော အခြေခံအကျဆုံးသတ်မှတ်ချက်များမှာ ၎င်းတို့ကို ကိုယ်ခန္ဓာ ကျန်းမာမည့်အရေး၊ အသက်မွေးအလုပ်တွင် အောင်မြင်မည့်အရေး၊ လောကတွင် အမြင့်ရောက်မည့်အရေး၊ ၎င်းတို့ဘဝတွင် အရာရာ အဆင်ပြေမည့်အရေးတို့ ဖြစ်သည်။ မိဘများက ၎င်းတို့၏ သားသမီးအပေါ် ထားရှိသော အခြားမတူညီသော မျှော်မှန်းချက်တစ်ခုခုရှိသလော။ သားသမီးရှိသူ မည်သူမဆို ထုတ်ပြောလော့။ (ကျွန်ုပ်၏ သားသမီးများ ကျန်းမာမည့်အရေး၊ ၎င်းတို့ဘဝတွင် ကိစ္စများ အဆင်ပြေချောမွေ့မည့်အရေး၊ ၎င်းတို့၏ ဘဝသည် ငြိမ်းချမ်းပြီး ဘေးကင်းမည့်အရေးတိုကို ကျွန်ုပ် မျှော်လင့်သည်။ ၎င်းတို့မိသားစုနှင့် သဟဇာတဖြစ်မည့်အရေး၊ ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်နိုင်မည့်အရေးကို ကျွန်ုပ်မျှော်လင့်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်သည် တစ်နေ့တွင် မိဘဖြစ်လျှင် ယခုပြောခဲ့သည့် မျှော်မှန်းချက်များအပြင် ကျွန်ုပ်၏ သားသမီးများကို နာခံတတ်ပြီး အသိတရားရှိဖို့၊ ကျွန်ုပ်အပေါ် သားသမီးဝတ်ကျေဖို့၊ ကျွန်ုပ် အိုမင်းသောအခါ၌ ကျွန်ုပ်ကို စောင့်ရှောက်ဖို့ရန် ၎င်းတို့အား အားကိုးနိုင်ဖို့ကိုလည်း ကျွန်ုပ် မျှော်လင့်သည်။) ဤမျှော်မှန်းချက်သည် အလွန်ပင်အရေးပါသည်။ မိဘများက ၎င်းတို့သားသမီးများအား ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်မည့်အရေးကို မျှော်လင့်ခြင်းမှာ လူတို့၏ အယူအဆများနှင့် မသိစိတ်တွင်ရှိသော အတော်အတန် ဓလေ့ထုံးစံနှင့်ညီသော မျှော်မှန်းချက်တစ်ခု ဖြစ်သည်။ ဤသည်မှာ သဘောထားကို အတော်ပင် ထင်ဟပ်စေသော အမှုကိစ္စဖြစ်သည်။

မိမိ၏ သားသမီးအပေါ် မျှော်မှန်းချက်များအား လက်လွှတ်ခြင်းသည် မိမိ၏ မိသားစုမှလာသည့် ဝန်ထုပ်ဝန်ပိုးများကို လက်လွှတ်ခြင်း၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မိဘအားလုံးက ၎င်းတို့သားသမီးများအပေါ် အချို့သော မျှော်မှန်းချက်များ ထားကြသည်။ ထိုမျှော်မှန်းချက်များက ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ ဤမျှော်မှန်းချက်များသည် မိဘများက ၎င်းတို့သားသမီးများ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှုများ၊ ဘဝများအပေါ်၊ သို့မဟုတ် ၎င်းတို့၏သားသမီးများက ၎င်းတို့အား ချဉ်းကပ်သည့်ပုံစံအပေါ် ထားရှိသည့် သဘောထားဖြစ်သည်။ ယင်းတို့သည် တိကျသော သတ်မှတ်ချက်တစ်မျိုးလည်း ဖြစ်သည်။ ဤတိကျသော သတ်မှတ်ချက်များမှာ ၎င်းတို့သားသမီးများ၏ ရှုထောင့်မှကြည့်လျှင် ၎င်းတို့ လုပ်ဆောင်သင့်သော အရာများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးရာအယူအဆများကို အခြေခံလျှင် သားသမီးများသည် ၎င်းတို့မိဘများ၏ အမိန့်ကို မဆန့်ကျင်နိုင်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်လျှင် ၎င်းတို့သည် သားသမီးဝတ်မကျေပွန်ပေ။ ထို့ကြောင့် ဤအမှုအရာနှင့်ပတ်သက်ပြီး လူများစွာက ကြီးမားလေးလံသော ဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ကြသည်။ ဤသို့ဆိုလျှင် လူတို့သည် မိဘများက ၎င်းတို့၏သားသမီးအပေါ် ထားရှိသည့် တိကျသော မျှော်မှန်းချက်များသည် ကျိုးကြောင်းသင့်သည်၊ မသင့်သည်ကိုလည်းကောင်း၊ ၎င်းတို့မိဘများက ဤမျှော်မှန်းချက်များ ထားရှိသင့်သည်၊ မထားရှိသင့်သည်ကိုလည်းကောင်း၊ ထို့အပြင် ဤမျှော်မှန်းချက်များထဲမှ မည်သည်က ကျိုးကြောင်းသင့်သည်၊ မည်သည်က ကျိုးကြောင်းမသင့်သည်ကိုလည်းကောင်း၊ မည်သည့်မျှော်မှန်းချက်များက သဘာဝကျသည်၊ မည်သည့်မျှော်မှန်းချက်များက အတင်းအဓမ္မဖြစ်ပြီး သဘာဝမကျသည်ကိုလည်းကောင်း နားလည်သင့်သည် မဟုတ်လော။ ထို့အပြင် မိဘများ၏ မျှော်မှန်းချက်များအား မည်သို့ ချဉ်းကပ်သင့်သည်၊ ယင်းတို့ကို မည်သို့ လက်ခံသင့်သည်၊ သို့မဟုတ် ငြင်းပယ်သင့်သည်ဆိုသည်နှင့် ဤမျှော်မှန်းချက်များကို ၎င်းတို့ ရှုမြင်ပြီး ချဉ်းကပ်သည့် သဘောထားနှင့် ရှုထောင့်တို့နှင့်ပတ်သက်လျှင် လူတို့နားလည်ပြီး စောင့်ထိန်းလိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများရှိသည်။ ဤအရာများကို မဖြေရှင်းရသေးသောအခါတွင် မိဘများသည် ဤဝန်ထုပ်ဝန်ပိုးမျိုးကို မကြာခဏ ထမ်းရွက်ပြီး ၎င်းတို့၏ ကလေးများနှင့် သားသမီးများအပေါ် မျှော်မှန်းချက်များထားရှိခြင်းမှာ ၎င်းတို့၏ တာဝန်၊ ဝတ္တရားဖြစ်သည်၊ ပြီးလျှင် ပင်ကိုအားဖြင့် ၎င်းတို့ ပိုင်ဆိုင်သင့်သည့်အရာများ ပို၍ပင်ရှိသည်ဟု ထင်ကြသည်။ ၎င်းတို့က ၎င်းတို့၏ သားသမီးအပေါ် မျှော်မှန်းချက်များမရှိလျှင် ၎င်းတို့၏သားသမီးအပေါ် ၎င်းတို့၏ တာဝန်၊ သို့မဟုတ် ဝတ္တရားများကို မဖြည့်ဆည်းခြင်းနှင့် အတူတူပင် ဖြစ်မည်၊ မိဘများလုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ခြင်းနှင့် ညီမျှမည်ဟု ထင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မကောင်းသောမိဘများ၊ မိမိ၏ တာဝန်ကို မဖြည့်ဆည်းသော မိဘများဖြစ်မည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ သားသမီးအပေါ် ၎င်းတို့၌ ရှိသော မျှော်မှန်းချက်ကိစ္စနှင့် ပတ်သက်လျှင် လူတို့သည် ၎င်းတို့၏ သားသမီးများအတွက် သတ်မှတ်ချက်အမျိုးမျိုးကို မရည်ရွယ်ဘဲ ဖြစ်ပေါ်စေကြသည်။ ၎င်းတို့တွင် မတူညီသောအချိန်များနှင့် မတူညီသောအခြေအနေများအောက်တွင် သားသမီးအမျိုးမျိုးအတွက် သတ်မှတ်ချက်အမျိုးမျိုးရှိသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများနှင့်ပတ်သက်လျှင် ဤသို့သောအမြင်နှင့် ဝန်ထုပ်ဝန်ပိုးမျိုး ရှိသောကြောင့် ၎င်းတို့သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထုံးတမ်းသဖွယ် လိုက်နာလျက်ရှိသော ဤစည်းကမ်းများနှင့်အညီ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်လေတော့သည်။ မိဘများသည် ဤနည်းလမ်းများကို ဝတ္တရားတစ်မျိုး၊ တာဝန်တစ်မျိုးအဖြစ် မှတ်ယူလျက် ၎င်းတို့သားသမီးများအပေါ် တောင်းဆိုမှုများ ပြုလုပ်ကြသည်။ တစ်ချိန်တည်းတွင် ယင်းတို့ကို ၎င်းတို့သားသမီးများအပေါ် အဓမ္မပုံချပြီး ၎င်းတို့သားသမီးများအား ယင်းတို့ကို စွမ်းဆောင်ရရှိစေသည်။ ငါတို့၏ မိတ်သဟာယတွင် ဤအမှုကိစ္စကို အဆင့်အချို့အဖြစ် ခွဲမည်။ ဤသို့ဆိုလျှင် ပို၍ ရှင်းလင်းလိမ့်မည်။

မိဘများသည် ၎င်းတို့သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများအပေါ် သတ်မှတ်ချက်အမျိုးမျိုးကို ပြထားပြီး ဖြစ်သည်။ ဤသတ်မှတ်ချက်အမျိုးမျိုးတွင် ယင်းတို့အပေါ် မျှော်မှန်းချက်အမျိုးမျိုးကိုလည်း ထားသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မိဘများက ၎င်းတို့၏ သားသမီးများအပေါ် မတူညီသော မျှော်မှန်းချက်များထားစဉ်တွင် ၎င်းတို့သည် ထိုမျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် အဖိုးအခအမျိုးမျိုးကို ကိုယ်တိုင်ကိုယ်ကျပေးဆပ်ပြီး နည်းလမ်းအမျိုးမျိုးကို ထုတ်သည်။ ထို့ကြောင့် ကလေးများ အရွယ်မရောက်မီတွင် မိဘများက ကလေးများအား နည်းအမျိုးမျိုးဖြင့် ပညာသင်ပေးသည်။ ကလေးများအပေါ် သတ်မှတ်ချက် အမျိုးမျိုးထားရှိသည်။ ဥပမာ အလွန်ငယ်ရွယ်သည့် အချိန်ကတည်းက ၎င်းတို့က “မင်းကောင်းမွန်စွာ စာသင်ပြီး ပို၍ လေ့လာရမည်။ စာကောင်းမွန်စွာ လေ့လာပြီးမှသာ မင်းက လူတိုင်းထက်သာပြီး အခြားသူများ၏ အထင်သေးခြင်းကို မခံရမည်ဖြစ်သည်” ဟု ၎င်းတို့၏ သားသမီးများကို ပြောသည်။ ကြီးပြင်းသောအခါတွင် မိမိတို့အပေါ် သားသမီးဝတ်ကျေဖို့လိုသည်ဟု သားသမီးများအား သွန်သင်သော မိဘများလည်း ရှိသည်မှာ ၎င်းတို့၏သားသမီးများက နှစ်နှစ်၊ သုံးနှစ်အရွယ်သာ ရှိသေးသောအချိန်တွင် “သားကြီးလာလျှင် အဖေ့ကို ဂရုစိုက်မလား” ဟု အစဉ်မေးသည်အထိပင် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက “ဟုတ်ကဲ့”ဟု ဖြေသည်။ ၎င်းတို့က မေးသည်။ “သားအမေကို ပြုစုစောင့်ရှောက်မလား”၊ “ဟုတ်ကဲ့”၊ “သားအဖေကို ပိုချစ်လား၊ သို့မဟုတ် အမေကို ပိုချစ်လား”၊ “သားအဖေ့ကို ချစ်သည်”၊ “မဟုတ်ဘူး၊ ပထမဆုံး အမေ့ကို ချစ်သည်ဟု ပြောရမည်။ နောက်မှ မင်းအဖေကို ချစ်သည်ဟု ပြောရမည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့၏ ကလေးများသည် မိဘများထံမှ ဤအရာများကို သင်ယူကြသည်။ ၎င်းတို့မိဘများ၏ ပညာရေးသည် စကားဖြင့်ဖြစ်စေ၊ ဥပမာဖြင့်ဖြစ်စေ ကလေးများ၏ ငယ်ရွယ်သောစိတ်တို့အပေါ် နက်နဲသော လွှမ်းမိုးမှုရှိသည်။ ယင်းက ၎င်းတို့၏မိဘများသည် ကမ္ဘာပေါ်တွင် ၎င်းတို့ကို အချစ်ဆုံး၊ အမြတ်နိုးဆုံးသောသူများဖြစ်ကြောင်း၊ ၎င်းတို့က နာခံမှုနှင့် သားသမီးဝတ်ကျေပွန်မှုကို အပြသသင့်ဆုံးသောလူများ ဖြစ်ကြောင်း သင်ကြားပေးလျက် ၎င်းတို့အပေါ် အခြေခံအသိပညာအချို့ကိုလည်း ပေးသည်မှာ မှန်သည်။ ပင်ကိုအားဖြင့် “ငါ့မိဘများသည် ကမ္ဘာပေါ်တွင် ငါနှင့်အရင်းနှီးဆုံး လူများဖြစ်သည့်အတွက် ငါသည် သူတို့ကို အစဉ်သဖြင့် နာခံသင့်သည်” ဟူသော အယူအဆသည် ၎င်းတို့၏ ငယ်ရွယ်သောစိတ်ထဲတွင် ထည့်သွင်းထားခြင်းခံရသည်။ တစ်ချိန်တည်းတွင် အယူအဆတစ်ခုက ၎င်းတို့၏ ငယ်ရွယ်သောစိတ်ထဲတွင် ဖြစ်ပေါ်လာသည်။ ယင်းမှာ ၎င်းတို့မိဘများက ၎င်းတို့နှင့် အနီးစပ်ဆုံးလူများ ဖြစ်သည့်အတွက် ၎င်းတို့မိဘများက လုပ်ဆောင်သည့်အရာရာတိုင်းသည် ပိုမိုကောင်းမွန်သော ဘဝများကို ၎င်းတို့ သားသမီးများနေထိုင်နိုင်ရန် သေချာစေဖို့ ဖြစ်ရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများ၏ လုပ်ဆောင်မှုများကို အကြွင်းမဲ့လက်ခံသင့်သည်ဟု ထင်သည်။ ၎င်းတို့မိဘများက မည်သည့်နည်းလမ်းမျိုးကို အသုံးပြုသည်ဖြစ်စေ၊ ယင်းတို့သည် လူသားဆန်သည်ဖြစ်စေ၊ မဆန်သည်ဖြစ်စေ ၎င်းတို့က လက်ခံသင့်သည်ဟု ယုံကြည်ကြသည်။ အမှန်နှင့် အမှားကို ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စက်မျှ မရှိသေးသည့် အရွယ်တွင် ၎င်းတို့မိဘများ၏ သင်ကြားမှုသည် စကားလုံးမှတစ်ဆင့်ဖြစ်စေ၊ ဥပမာမှတစ်ဆင့်ဖြစ်စေ ၎င်းတို့အတွင်းတွင် ဤအယူအဆမျိုးကို ထည့်သွင်းပေးသည်။ ဤအယူအဆမျိုး၏ ညွှန်ကြားမှုအောက်တွင်၊ မိဘများသည် ၎င်းတို့သားသမီးများအတွက် အကောင်းဆုံး ဖြစ်စေလိုခြင်းကြောင့်ဟူသည် မူမမှန်သည့် အကြောင်းပြချက်အောက်တွင် ၎င်းတို့သားသမီးများအား အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ရန် တောင်းဆိုနိုင်သည်။ ထိုအရာများထဲမှ အချို့သည် လူ့သဘာဝနှင့်၊ သို့မဟုတ် ၎င်းတို့သားသမီးများ၏ ပါရမီ၊ အစွမ်းအစ၊ သို့မဟုတ် နှစ်သက်မှုများနှင့် မကိုက်ညီသော်လည်း သားသမီးများက ကိုယ်စွမ်းကိုယ်စဖြင့်ဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ပိုင်ခွင့် တစ်ခုတလေဖြင့်ဖြစ်စေ လုပ်ဆောင်ပိုင်ခွင့် မရှိသည့်နေရာ ဖြစ်သော ဤအခြေအနေများအောက်တွင် ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များနှင့် တောင်းဆိုချက်များဆိုသောအရာများနှင့်ပတ်သက်ပြီး ရွေးချယ်စရာမရှိသကဲ့သို့ အတိုက်အခံပြုနိုင်စွမ်းလည်း မရှိပေ။ ၎င်းတို့လုပ်ဆောင်နိုင်သမျှမှာ ၎င်းတို့မိဘများ၏ စကားမှန်သမျှကို နာခံခြင်း၊ ၎င်းတို့မိဘများ၏ အလိုကျ လုပ်ဆောင်ခွင့်ပြုခြင်း၊ ၎င်းတို့မိဘများ၏ လက်ခုပ်ထဲမှရေအဖြစ်နေခြင်း၊ ၎င်းတို့မိဘများက ဦးတည်ပေးသည့် မည်သည့်လမ်းကြောင်းမျိုးအပေါ်သို့မဆို တက်ရောက်ခြင်းတို့ဖြစ်သည်။ ထို့ကြောင့် မိဘများသည် ၎င်းတို့၏သားသမီးများ အရွယ်မရောက်မီတွင် လုပ်ဆောင်သမျှက ရည်ရွယ်၍လုပ်ခြင်းမဟုတ်သည်ဖြစ်စေ၊ စေတနာကောင်းကို အရင်းခံ၍လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သားသမီးများ၏ ကျင့်ကြံပြုမူမှုနှင့် လုပ်ဆောင်မှုတို့အပေါ် အနည်းငယ် အပြုသဘောဆောင်သော၊ သို့မဟုတ် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် ၎င်းတို့၏သားသမီးများအတွင်းသို့ အယူအဆနှင့် အမြင်အမျိုးမျိုးကို ထည့်သွင်းပေးလိမ့်မည်။ ပြီးလျှင် ဤအယူအဆများနှင့် အမြင်များသည် ၎င်းတို့သားသမီးများ၏ မသိစိတ်ထဲတွင်ပင် နက်ရှိုင်းစွာ နစ်မြုပ်နေနိုင်သည်။ ဤသို့အားဖြင့် သားသမီးများ အရွယ်ရောက်ပြီးနောက် ဤအယူအဆများနှင့် အမြင်များသည် လူများ၊ အမှုအရာများအပေါ် ၎င်းတို့ရှုမြင်ပုံ၊ ကျင့်ကြံပြုမူပုံ၊ လုပ်ဆောင်ပုံနှင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းများကိုပင် နက်နဲစွာ လွှမ်းမိုးနေဆဲ ဖြစ်လိမ့်မည်။

ကလေးများသည် အရွယ်မရောက်မီတွင် ၎င်းတို့၏မိဘများက ၎င်းတို့ကို လက်ဆင့်ကမ်းပေးခဲ့သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်၊ အမွေ၊ သို့မဟုတ် ပညာရေးတို့ကို အတိုက်အခံပြုနိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အရွယ်မရောက်သေးသကဲ့သို့ အမှုအရာများကို ကောင်းစွာ နားမလည်သေးသောကြောင့် ဖြစ်သည်။ ကလေးတစ်ယောက်က အရွယ်မရောက်သေးမီ အချိန်ကာလကို ငါပြောသောအခါတွင် ကလေးတစ်ယောက်က မတွေးခေါ်နိုင်သောအချိန်၊ သို့မဟုတ် အမှန်နှင့်အမှားကို အမှီအခိုကင်းစွာ အကဲမဖြတ်နိုင်သောအချိန်ကို ငါ ရည်ညွှန်းခြင်း ဖြစ်သည်။ ဤအခြေအနေများအောက်တွင် ကလေးများသည် ၎င်းတို့မိဘများ၏ လက်ခုပ်ထဲမှ ရေအဖြစ်သာနေနိုင်သည်။ ဤဆိုးယုတ်သောကာလတွင် မိဘများသည် ၎င်းတို့သားသမီးများအား အချို့သောအရာများကို လုပ်ဆောင်စေရန် လှုံ့ဆော်ဖို့အတွက် လူမှုရေး ရေပန်းစားမှုများကို အခြေခံသည့် ပညာရေး၊ အယူအဆ၊ အမြင်များနှင့်သက်ဆိုင်သော လိုက်လျောညီထွေ ရှိသည့်နည်းလမ်းများကို ခံယူမည်ဖြစ်သည်မှာ မိဘများက ၎င်းတို့သားသမီးများ အရွယ်မရောက်မီတွင် အရာရာတိုင်း၌ ဆုံးဖြတ်ပေးသောကြောင့် အတိအကျပင် ဖြစ်သည်။ ဥပမာ ယခုအချိန်တွင် လူ့အဖွဲ့အစည်းရှိ ယှဉ်ပြိုင်မှုသည် အလွန်ပြင်းထန်သည်။ မိဘများသည် အမျိုးစုံသော လူမှုရေး ရေပန်းစားမှုများနှင့် အများသဘောဆန္ဒများ၏ အခြေအနေအားဖြင့် လွှမ်းမိုးခြင်းကို ခံရသည်။ ထို့ကြောင့် ယှဉ်ပြိုင်မှုက ပြင်းထန်သည်ဆိုသည့် သတင်းစကားကို ၎င်းတို့ လက်ခံပြီး ၎င်းတို့သားသမီးများထံသို့ အလျင်အမြန် လက်ဆင့်ကမ်းပေးသည်။ ၎င်းတို့လက်ခံသည့်အရာမှာ လူ့အဖွဲ့အစည်းရှိ ဖြစ်ရပ်နှင့် ယှဉ်ပြိုင်ခြင်း ရေပန်းစားမှုက အလွန်ပြင်းထန်သည်ဟူ၍ ဖြစ်သော်လည်း ၎င်းတို့ ခံစားရသည်မှာ ဖိအားတစ်မျိုး ဖြစ်သည်။ ဤဖိအားကို ၎င်းတို့ ခံစားရသောအခါ ၎င်းတို့ကလေးများအကြောင်းကို အလျင်အမြန်တွေးမိပြီး “ယခုအချိန် လူ့အဖွဲ့အစည်းတွင် ယှဉ်ပြိုင်မှုက အလွန် ပြင်းထန်နေသည်။ ယင်းမှာ ငါတို့ငယ်စဉ်ကကဲ့သို့ မဟုတ်တော့ပါ။ ငါတို့၏သားသမီးများ စာလေ့လာကာ အလုပ်လုပ်ပြီး လူ့အဖွဲ့အစည်း၊ အမျိုးမျိုးသော လူများနှင့် အမှုအရာများကို ငါတို့ချဉ်းကပ်ခဲ့သကဲ့သို့ ချဉ်းကပ်လျှင် သူတို့သည် လူ့အဖွဲ့အစည်းမှ အလျင်အမြန် ဖယ်ရှားခံရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ငယ်ရွယ်နေသေးသည်ဟူသည့် အချက်ကို ငါတို့ အခွင့်ကောင်းယူရန် လိုအပ်သည်။ သူတို့အပေါ် ယခုတည်းက မောင်းပေးဖို့ လိုအပ်သည်။ ငါတို့၏ သားသမီးများကို စမှတ်တွင်ပင် ရှုံးသွားသည်ကို ခွင့်ပြု၍မရ” ဟု ဆိုကြသည်။ ယခုအချိန်တွင် လူ့အဖွဲ့အစည်းရှိ ပြိုင်ဆိုင်မှုသည် ပြင်းထန်သည်။ ပြီးလျှင် လူတို့အားလုံးသည် ၎င်းတို့၏သားသမီးများအပေါ် ကြီးမားသော မျှော်လင့်ချက်များကို ပုံအော၍ထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် လူ့အဖွဲ့အစည်းမှ ၎င်းတို့ လက်ခံခဲ့သော ဤဖိအားမျိုးကို ၎င်းတို့သားသမီးများအပေါ်သို့ အလျင်အမြန် လက်ဆင့်ကမ်းပေးလိုက်သည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ သားသမီးများက ဤအရာကို သတိပြုမိသလော။ ၎င်းတို့သည် အရွယ်မရောက်သေးသောကြောင့် ဤအရာကို လုံးဝ သတိမပြုမိပေ။ ၎င်းတို့မိဘများထံမှလာသည့် ဤဖိအားသည် မှန်သလော၊ မှားသလောဆိုသည်ကို၊ သို့မဟုတ် ငြင်းပယ်သင့်သလော၊ လက်ခံသင့်သလောဆိုသည်ကို မသိပေ။ မိဘများသည် ၎င်းတို့ကလေးများက ဤသို့ ပြုမူနေသည်ကို မြင်သောအခါ “အဘယ်ကြောင့်များ ဤမျှတုံးအနိုင်ရသနည်း။ လူ့အဖွဲ့အစည်းတွင် ယှဉ်ပြိုင်မှုက အလွန်ပင် ပြင်းထန်နေသည်။ ပြီးလျှင် မင်းက တစ်ခုမျှ နားမလည်သေးပါ။ အမြန် သူငယ်တန်းသွားတက်ချေ” ဟူ၍ ကလေးများကို ပြစ်တင်မောင်းမဲသည်။ ကလေးများက မည်သည့်အရွယ်တွင် သူငယ်တန်းတက်သနည်း။ အချို့မှာ သုံးနှစ်၊ လေးနှစ်တွင် စတက်သည်။ အဘယ်ကြောင့်နည်း။ ယခုအချိန် လူ့အဖွဲ့အစည်းတွင် စကားတစ်ခွန်းက ပျံ့နှံ့နေသည်။ ကိုယ့်ကလေးကို စမှတ်တွင် ရှုံးနိမ့်စေ၍ မဖြစ်၊ ပညာရေးကို အလွန်စောစီးသော အရွယ်တွင် စတင်သင့်သည်ဟူ၍ ဖြစ်သည်။ ကြည့်လော့။ အလွန်ငယ်သော ကလေးများက ဒုက္ခခံရပြီး သုံးနှစ်၊ လေးနှစ်တွင် သူငယ်တန်းစတက်ရသည်။ ပြီးလျှင် မည်သို့သော သူငယ်တန်းမျိုးကို လူတို့ ရွေးချယ်သနည်း။ သာမန်သူငယ်တန်းများတွင် ဆရာများသည် ကလေးများနှင့် “သိမ်းငှက်နှင့် ကြက်များ” ကဲ့သို့သော ကစားနည်းများကို မကြာခဏ ကစားကြသည်။ ထို့ကြောင့် မိဘများက ဤသို့သော သူငယ်တန်းများကို ရွေးချယ်၍မဖြစ်ဟု တွေးကြသည်။ ၎င်းတို့သည် ဆန်းပြားသော၊ ဘာသာစကား နှစ်မျိုးရှိသော သူငယ်တန်းကို ရွေးချယ်ရမည်ဟု ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့အတွက် ဘာသာစကားတစ်မျိုးကို သင်ယူခြင်းသည် မလုံလောက်ပေ။ ကလေးများက ၎င်းတို့၏ မိခင်ဘာသာစကားကို ကောင်းစွာ မပြောတတ်သေးချိန်တွင် ဒုတိယဘာသာစကားတစ်ခုကို သင်ယူရသည်။ ဤသည်မှာ ကလေးများအတွက် အခက်ခဲဖြစ်အောင် လုပ်ဆောင်ခြင်း မဟုတ်လော။ သို့သော် မိဘများက မည်သည့်အရာကို ပြောသနည်း။ “ကိုယ့်သားသမီးကို စမှတ်တွင် ရှုံးခွင့်ပြု၍မဖြစ်ပါ။ ယခုအခါတွင် နေအိမ်တွင် ကလေးထိန်းများက သင်ကြားပေးနေသည့် တစ်နှစ်သားအရွယ်လေးများ ရှိသည်။ ထိုကလေးများ၏ မိဘများက ၎င်းတို့၏ မိခင်ဘာသာစကားကို ပြောပြီး ကလေးထိန်းများက ဒုတိယဘာသာစကားကို ပြောသည်။ ထိုကလေးများကို အင်္ဂလိပ်၊ စပိန် သို့မဟုတ် ပေါ်တူဂီစကားများ သင်ကြားပေးသည်။ ငါတို့၏ ကလေးက လေးနှစ်ပြည့်ပြီးနေပြီဖြစ်သည်။ သူတို့က အနည်းငယ်ပင် ကြီးနေပြီဖြစ်သည်။ သူတို့ကို ယခုမှစ၍ မသင်ကြားပေးလျှင် အလွန် နောက်ကျသွားလိမ့်မည်။ သူတို့ကို စောနိုင်သမျှအစောဆုံး စ၍ ပညာသင်ကြားပေးရမည်။ တက္ကသိုလ်ဘွဲ့နှင့် မဟာဘွဲ့တို့ကို ရထားသည့် ဆရာများရှိသော ဘာသာစကားနှစ်မျိုးသင်ပေးသည့် သူငယ်တန်းတစ်ခုကို ငါတို့ ရှာရမည်” ဟူ၍ ဖြစ်သည်။ လူတို့က “ဤကဲ့သို့ကျောင်းမျိုးက ဈေးကြီးလွန်းသည်” ဟုဆိုကြသည်။ ၎င်းတို့က “ကိစ္စမရှိပါ။ ကျွန်ုပ်တို့တွင် အိမ်အကြီးရှိသည်။ ပိုသေးသည့်အိမ်တစ်အိမ်ကို ပြောင်းလို့ရသည်။ အိပ်ခန်းသုံးခန်းပါသည့် ကျွန်ုပ်တို့အိမ်ကို ရောင်းပြီး အိပ်ခန်းနှစ်ခန်းပါသည့်အိမ်နှင့် လဲလိုက်မည်။ ထိုပိုက်ဆံကို စုပြီး ကျွန်ုပ်တို့ကလေးကို ခေတ်မီသည့် မူလတန်းကျောင်းကို ပို့ဖို့အတွက် သုံးမည်” ဟု ပြန်ပြောသည်။ ကောင်းသောမူလတန်းကျောင်းကို ရွေးချယ်ခြင်းက မလုံလောက်ပေ။ ၎င်းတို့၏ ကလေးများအားလပ်ချိန်တွင် အိုလံပစ်သင်္ချာပြိုင်ပွဲအတွက် စာလေ့လာရန် ကူညီဖို့ ဆရာများကို ခေါ်ရမည်ဟု ၎င်းတို့က ထင်ကြသည်။ ၎င်းတို့၏ ကလေးများက ထိုအတွက် စာလေ့လာရသည်ကို ပင်ကိုဗီဇက မနှစ်သက်လျှင်ပင် ကလေးများက လေ့လာရဆဲဖြစ်သည်။ ကလေးများက ယင်းကိုလေ့လာရာ၌ မအောင်မြင်လျှင် အကပညာကို လေ့လာရမည်ဖြစ်သည်။ ၎င်းတို့သည် အက၌ မတော်လျှင် အဆိုကို သင်ယူရမည်။ အဆို၌ မတော်ဘဲ ၎င်းတို့သည် ကိုယ်လုံးကိုယ်ပေါက်ကောင်းသည်၊ ခြေတံလက်တံ ရှည်သည်ကို ၎င်းတို့မိဘများက မြင်လျှင် ၎င်းတို့သည် မော်ဒယ်ဖြစ်လာနိုင်သည်ဟု မိဘများက ထင်မြင်လိမ့်မည်။ ထို့နောက်တွင် မိဘများသည် ၎င်းတို့ကို မော်ဒယ်ပညာရပ်အား လေ့လာရန်အတွက် အနုပညာကျောင်းသို့ ပို့လိမ့်မည်။ ဤသို့ဖြင့် ကလေးများသည် အသက်လေးနှစ်၊ သို့မဟုတ် ငါးနှစ်အရွယ်တွင် ဘော်ဒါကျောင်းများသို့ စ၍ စေလွှတ်ခြင်းခံရသည်။ ပြီးလျှင် ၎င်းတို့မိသားစုများ၏ အိမ်များက အိပ်ခန်းသုံးခန်းပါအိမ်မှ အိပ်ခန်းနှစ်ခန်းပါအိမ်သို့လည်းကောင်း၊ အိပ်ခန်းနှစ်ခန်းပါအိမ်မှ အိပ်ခန်းတစ်ခန်းပါ အိမ်သို့လည်းကောင်း၊ အိပ်ခန်းတစ်ခန်းပါအိမ်မှ အိမ်ငှားခြင်းသို့လည်းကောင်း ပြောင်းသွားကြသည်။ ကျောင်းပြင်ပတွင် ၎င်းတို့၏ကလေးများတက်သည့် ကျူရှင်ချိန်များသည် အရေအတွက် ပိုများလာသည်။ ပြီးလျှင် ၎င်းတို့၏အိမ်က အဆင့်ဆင့် သေးငယ်လာသည်။ သားသမီးများ ကျောင်းကောင်းများသို့ တက်ရောက်နိုင်ရန်အတွက် တစ်မိသားစုလုံးကို တောင်ဘက်၊ မြောက်ဘက်၊ ကူးချီသန်းချီ ပြောင်းရွှေ့နေထိုင်သော မိဘအချို့ပင်ရှိသည်။ အဆုံးတွင် မည်သည့်နေရာသို့ သွားရမည်ကို ၎င်းတို့ မသိတော့ပေ။ ၎င်းတို့၏သားသမီးများက ၎င်းတို့၏ ဇာတိမြို့က မည်သည့်နေရာတွင်ရှိသည်ကို မသိဘဲ အားလုံးက ရှုပ်ထွေးကုန်သည်။ သားသမီးများက စမှတ်တွင် မရှုံးနိမ့်ရန်အတွက်၊ အပြိုင်အဆိုင် ပို၍များလာသော လူ့အဖွဲ့အစည်းတွင် နေသားကျနိုင်ရန်အတွက်၊ နောက်ပိုင်းတွင် အလုပ်ကောင်းရှိပြီး ပုံမှန်ဝင်ငွေရှိရန်အတွက် မိဘများက ၎င်းတို့သားသမီးများ၏ အနာဂတ်အတွက် သားသမီးများ အရွယ်မရောက်မီတွင် အဖိုးအခအမျိုးမျိုးကို ပေးဆပ်ကြသည်။ အချို့မိဘများက အလွန်လုပ်ဆောင်နိုင်စွမ်း ရှိသည်။ စီးပွားရေးလုပ်ငန်းကြီးများကို ကိုင်ထားသည်၊ သို့မဟုတ် ရာထူးကြီးသော အရာရှိအဖြစ် အမှုထမ်းကြသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့သားသမီးများအပေါ်တွင် မြင့်မားသော၊ များပြားသော ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြသည်။ အချို့မိဘများက ထိုမျှလုပ်ဆောင်နိုင်စွမ်း မရှိပေ။ သို့သော် အခြားလူများကဲ့သို့ပင် ၎င်းတို့၏ သားသမီးများကို မတူညီသော ဘာသာစကားများနှင့် ဂီတကို လေ့လာရန်အတွက် ခေတ်မီကျောင်းများ၊ ကျောင်းချိန်ပြီးနောက် တက်ရသောအတန်းအမျိုးမျိုး၊ အက သင်တန်းများ၊ အနုပညာသင်တန်းများဆီသို့ ပို့လိုကြပြီး ၎င်းတို့သားသမီးများအပေါ် ဖိအားနှင့် စိတ်ဆင်းရဲမှုများစွာကို ဖြစ်စေသည်။ ထို့နောက်တွင် ၎င်းတို့သားသမီးများက “ငါ့ကို မည်သည့်အချိန်တွင် အနည်းငယ်ခန့် ပေးကစားခွင့်ပြုမည်နည်း။ မည်သည့်အချိန်မှ လူကြီးဖြစ်ပြီး အရွယ်ရောက်သူများကဲ့သို့ ဆုံးဖြတ်ရမည်နည်း။ လူကြီးများကဲ့သို့ မည်သည့်အချိန်ကျမှ ကျောင်းမတက်ဘဲနေရမည်နည်း။ မည်သည့်အချိန်မှ ရုပ်မြင်သံကြား အနည်းငယ်ကြည့်ကာ စိတ်အေးလက်အေးနေပြီး မိဘများ၏ တွဲခေါ်ခြင်း မရှိဘဲ တစ်ဦးတည်း တစ်နေရာရာသို့ လမ်းလျှောက်နိုင်မည်နည်း” ဟု တွေးသည်။ သို့သော် ၎င်းတို့မိဘများက “မင်း စာမသင်လျှင် နောင်တွင် တောင်းစားရလိမ့်မည်။ မင်းမှာ မည်မျှအလားအလာနည်းသည်ကို ကြည့်လိုက်။ မင်းကစားနေဖို့ အချိန်မကျသေးပါ။ အသက်ကြီးလာလျှင် ကစား၍ရသည်။ ယခုကစားနေလျှင် နောင်တွင် အောင်မြင်မည် မဟုတ်။ မင်းနောက်မှ ကစားလျှင် ပို၍များစွာ ရရှိနိုင်ပြီး ပိုပျော်နိုင်သည်။ ကမ္ဘာပေါ်တွင် ခရီးလှည့်သွားနိုင်သည်။ ကမ္ဘာပေါ်ရှိ ထိုချမ်းသာကြွယ်ဝသောသူများအားလုံးကို မင်းမမြင်ဖူးဘူးလား။ သူတို့ ငယ်ရွယ်သည့်အချိန်က ကစားခဲ့သလား။ သူတို့က စာသာလေ့လာခဲ့သည်” ဟု မကြာခဏပြောသည်။ ၎င်းတို့မိဘများက ၎င်းတို့ကို လိမ်ညာလိုက်ခြင်းဖြစ်သည်။ ထိုချမ်းသာသောသူများက စာသာလုပ်ပြီး မည်သည့်အခါမျှ မကစားကြောင်းကို ၎င်းတို့မိဘများက မိမိတို့၏မျက်စိဖြင့် တပ်အပ်မြင်ခဲ့သလော။ ဤအမှုကိစ္စကို ၎င်းတို့ နားလည်သလော။ ကမ္ဘာပေါ်တွင်ရှိသော အချို့သော အချမ်းသာ၊ အကြွယ်ဝဆုံးဖြစ်သည့် လူများသည် တက္ကသိုလ်မတက်ခဲ့ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ တစ်ခါတစ်ရံတွင် မိဘများက စကားပြောသောအခါ ၎င်းတို့၏ သားသမီးများကို လှည့်စားနေခြင်းသာဖြစ်သည်။ မိဘများက ၎င်းတို့၏ သားသမီးများ အရွယ်မရောက်မီတွင် ကလေးများ၏ အနာဂတ်ကို ပို၍ ချုပ်ကိုင်ထားနိုင်ရန်အတွက် မုသားမျိုးစုံကို ပြောကြသည်။ ပြီးလျှင် ၎င်းတို့ကလေးများကို ထိန်းချုပ်ပြီး နာခံအောင် ပြုလုပ်ကြသည်။ ၎င်းတို့သည်လည်း ဒုက္ခမျိုးစုံကို ခါးစည်းခံကြပြီး ဤအတွက် အဖိုးအခမျိုးစုံကို ပေးဆပ်ကြသည်မှာ မှန်သည်။ ဤသည်မှာ “မိဘ၏ ချီးကျူးထိုက်သော ချစ်ခြင်း” ဆိုသောအရာဖြစ်သည်။

မိဘများသည် ၎င်းတို့သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် မျှော်လင့်ချက်များစွာကို ၎င်းတို့ကလေးများအပေါ် ပုံအောထားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့စကားလုံးများဖြင့် ၎င်းတို့ကလေးများကို ပညာသင်ပေးခြင်း၊ လမ်းပြခြင်းနှင့် လွှမ်းမိုးခြင်းတို့သာ လုပ်ဆောင်ရုံမကဘဲ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ကလေးများကို စည်းကမ်းဖြင့် ထိန်းသိမ်းရန်၊ ၎င်းတို့ကလေးများအား ၎င်းတို့ကို နာခံစေရန်၊ ၎င်းတို့သတ်မှတ်သည့် လမ်းကြောင်းနှင့် ၎င်းတို့ ချမှတ်ခဲ့သည့် ဦးတည်ချက်အတိုင်း လုပ်ဆောင်ပြီး နေထိုင်ရန်အတွက်လည်း ခိုင်မာသော လုပ်ဆောင်မှုများကို အသုံးပြုကြသည်။ ၎င်းတို့၏ သားသမီးများက ဤသို့ လုပ်ဆောင်လိုစိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆုံးတွင် မိဘများက “မင်းက ငါ့စကားနားမထောင်လျှင် နောင်တရလိမ့်မည်။ ယခု ငါပြောသည့်အရာကို နားမထောင်ဘဲ၊ သို့မဟုတ် စာသင်ယူခြင်းကို အလေးအနက်မထားဘဲ တစ်နေ့ကျမှ နောင်တရပါက ငါ့ထံသို့ မလာနှင့်။ ငါက ဤကဲ့သို့ပြောမပြခဲ့ဘူးဟု မပြောနှင့်” ဟူ၍သာ ပြောဆိုသည်။ တစ်ခါက ကိစ္စအချို့ကို စီစဉ်ဆောင်ရွက်ရန် အဆောက်အဦးတစ်ခုသို့ ငါတို့ သွားခဲ့ပြီး ပရိဘောဂအချို့ကို လှေကားအထက်သို့ ရွှေ့ရန်အတွက် လွန်စွာ အားစိုက်ထုတ်နေသော ပြောင်းရွှေ့သူအနည်းငယ်ကို တွေ့ခဲ့ရသည်။ ၎င်းတို့သည် သားဖြစ်သူကို လှေကားအောက်သို့ ခေါ်ဆောင်နေသော မိခင်တစ်ယောက်နှင့် ကြုံရသည်။ သာမန်လူတစ်ယောက်က ဤမြင်ကွင်းကို မြင်လျှင် ထိုသူက “ပရိဘောဂများကို ရွှေ့နေသောလူများ ရှိနေသည်။ သူတို့ကို လမ်းဖယ်ပေးလိုက်ကြစို့” ဟု ဆိုလိမ့်မည်။ အောက်ထပ်သို့ သွားနေသော လူတို့သည် တစ်ခုခုကို ဝင်မတိုက်ဘဲ၊ သို့မဟုတ် ပြောင်းရွှေ့သူများကို အနှောင့်အယှက်မဖြစ်စေဘဲ အလျင်အမြန် လမ်းဖယ်ပေးရလိမ့်မည်။ သို့သော် မိခင်ဖြစ်သူက ဤမြင်ကွင်းကို မြင်သောအခါ အခြေအနေအရ သွန်သင်ဆုံးမခြင်းတစ်ခုကို စတင် လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးကို ယူလိုက်သည်။ သူမပြောခဲ့သည့်စကားကို ငါ အလွန်ရှင်းလင်းစွာ မှတ်မိနိုင်ဆဲ ဖြစ်သည်။ သူမက မည်သည့်အရာကို ပြောခဲ့သနည်း။ သူမက “သူတို့ရွှေ့နေသည့် ပစ္စည်းများသည် မည်မျှလေးလံပြီး ယင်းမှာ မည်မျှပင်ပန်းသည်ကိုသာ ကြည့်။ ၎င်းတို့သည် ငယ်စဉ်အချိန်က စာကို အလေးအနက် မလေ့လာခဲ့ပါ။ ပြီးလျှင် ယခုအခါတွင် ၎င်းတို့သည် အလုပ်ကောင်းများကို ရှာမရနိုင်ဖြစ်သောကြောင့် ပရိဘောဂများကို ရွှေ့ပြောင်းနေရပြီး အလွန်အလုပ်ကြိုးစားရသည်။ မင်းမြင်သလော” ဟု ဆိုသည်။ သားဖြစ်သူက တစ်ပိုင်းတစ်စ နားလည်သည့် ပုံစံရှိပြီး သူ၏ မိခင်က ပြောသည့်အရာမှာ မှန်ကန်သည်ဟု ယုံကြည်ခဲ့သည်။ သူ၏ မျက်လုံးတွင် အမှန်စင်စစ် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းနှင့် ယုံကြည်ခြင်းအမူအရာတို့ ပေါ်လာခဲ့သည်။ သူသည် ပြောင်းရွှေ့သူများကို ကြည့်လျက် ခေါင်းညိတ်သည်။ မိခင်က ဤအခွင့်အရေးကို ယူပြီး သူမ၏ သားအား အလျင်အမြန် ဩဝါဒပေးကာ “တွေ့သလော။ ငယ်စဉ်က စာကို လေးလေးနက်နက် လေ့လာခဲ့ခြင်း မရှိလျှင် ကြီးပြင်းလာသည့်အခါတွင် ငွေရှာရန်အတွက် ပရိဘောဂများကို ရွှေ့ပြောင်းရမည် ဖြစ်ပြီး ဤကဲ့သို့ အလွန် အလုပ်ကြိုးစားရမည်” ဟု ပြောသည်။ ဤပြောဆိုချက်က မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်ပုံစံနှင့် မှားယွင်းနေသနည်း။ ဤမိခင်က သူမ၏ သားကို ဩဝါဒပေးရန် မည်သည့်အခွင့်အရေးကိုမဆို ယူသည်။ ဤအရာကို ကြားပြီးနောက်တွင် သူမ၏သားစိတ်ဓာတ်က မည်သို့ရှိမည်ဟု သင်ထင်သနည်း။ ဤပြောဆိုချက်များက မှန်သလော၊ မှားသလောဆိုသည်ကို သူ ပိုင်းခြားသိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) ဤသို့ဆိုလျှင် သူက မည်သို့ စဉ်းစားသနည်း။ (“ငါစာသင်ယူခြင်းကို အလေးအနက်မထားလျှင် နောင်တွင် ဤကဲ့သို့ အလုပ်အလွန် ကြိုးစားရလိမ့်မည်” ဟူ၍ ဖြစ်သည်။) သူက “ဪ။ အလုပ်ကို အလွန်ကြိုးစားသည့်လူများအားလုံးသည် သူတို့၏ စာသင်ယူခြင်းတွင် လေးလေးနက်နက် မထားခဲ့ကြပါ။ ငါသည် အမေ့ကို နားထောင်ရမည် ဖြစ်ပြီး စာသင်ယူခြင်းတွင် ကောင်းအောင်လုပ်ရမည်။ ငါ့အမေက မှန်သည်။ စာမသင်ယူသည့် လူတိုင်းသည် အလွန် အလုပ်ကြိုးစားရသည်” ဟူ၍ တွေးလေသည်။ သူ့မိခင်ထံမှ သူရရှိသည့် အယူအဆများသည် သူ၏ စိတ်နှလုံးတွင် တစ်သက်တာ အမှန်တရားများ ဖြစ်လာသည်။ ငါ့ကို ပြောလော့။ ဤမိဘက မမိုက်မဲသလော။ (မိုက်မဲပါသည်။) မည်သို့ မိုက်မဲသနည်း။ သူမက သူမ၏သားကို အတင်းအကျပ် စာသင်ခိုင်းရန်အတွက် ဤအမှုအရာကို အသုံးပြုလျှင် သူမ၏သားသည် ဧကန်မုချ ရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ရှိလာမည်လော။ ယင်းက သူသည် အနာဂတ်တွင် အလွန်အလုပ်ကြိုးစားလုပ်ရန်၊ သို့မဟုတ် အပင်ပန်းခံရန် လိုအပ်မည်မဟုတ်ဟု အာမခံမည်လော။ သူမက သူမသားကို ခြောက်လှန့်ရန် ဤအမှုအရာ၊ ဤမြင်ကွင်းကို အသုံးပြုခြင်းသည် ကောင်းသောအရာဖြစ်သလော။ (မကောင်းသောအရာ ဖြစ်သည်။) သူမ၏ သားအပေါ် တစ်သက်လုံး လောင်းရိပ်မိလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာ မဟုတ်ပေ။ ဤကလေးက ကြီးလာပြီးနောက်တွင် ဤစကားများနှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု အနည်းငယ်ရှိလျှင်ပင် သူ၏ စိတ်နှလုံးနှင့် သူ၏ မသိစိတ်ထဲမှ သူ၏မိခင်က ဖော်ပြခဲ့သော ဤသဘောတရားကို ဖယ်ရှားရန် ခက်ခဲဦးမည် ဖြစ်သည်။ ယင်းသည် အတိုင်းအတာတစ်ခုအထိ သူ၏ အတွေးများကို လမ်းလွဲစေပြီး ချည်နှောင်လိမ့်မည်။ ပြီးလျှင် အမှုအရာများအပေါ် သူ၏ အမြင်ကို ဇောင်းပေးလိမ့်မည်။ မိမိတို့၏ သားသမီးများက အရွယ်မရောက်မီတွင် သားသမီးများအပေါ် မိဘများ၌ ရှိသော မျှော်မှန်းချက်အများစုမှာ သားသမီးများက များစွာ သင်ယူလေ့လာနိုင်မည်၊ ကြိုးစားနိုင်မည်၊ လုံ့လရှိနိုင်မည်၊ ၎င်းတို့၏ မျှော်မှန်းချက်များကို မပြည့်မီခြင်း ဖြစ်မည်မဟုတ်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သားသမီးများ အရွယ်မရောက်မီတွင် မည်သည့်အရာပေးဆပ်ရပါစေ မိဘများက သားသမီးများအတွက် အရာရာတိုင်းကို လုပ်ဆောင်သည်။ ၎င်းတို့ကိုယ်တိုင်၏ ငယ်ရွယ်နုပျိုမှု၊ နှစ်များ၊ အချိန်များအပြင် ၎င်းတို့ကိုယ်တိုင်၏ ကျန်းမာရေး၊ ၎င်းတို့၏ ပုံမှန်ဘဝများကိုပါ အနစ်နာခံစွန့်လွှတ်ကြသည်။ ပြီးလျှင် အချို့မိဘများသည် သားသမီးများက ကျောင်းတက်နေစဉ်တွင် သားသမီးများကို လေ့ကျင့်ပေးပြီး စာသင်မှုကို ကူညီပေးရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်များ၊ ယခင်က ရည်မှန်းချက်များကိုပင်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ ယုံကြည်ခြင်းကိုပင် စွန့်လွှတ်ကြသည်။ သားသမီးများက အရွယ်ရောက်သောအခါတွင် မိမိတို့အနီးတွင်ရှိနိုင်ရန်၊ အနာဂတ်တွင် အသက်မွေးအလုပ်၌ အောင်မြင်ပြီး တည်ငြိမ်သောအလုပ်များရရှိနိုင်ရန်၊ သားသမီးများ၏ အလုပ်တွင် အဆင်ပြေချောမွေ့စေရန် အသင်းတော်၌ မိမိတို့၏ အချိန်အားလုံးကို သားသမီးများနှင့် ကုန်ဆုံးကာ သားသမီးများကို လေ့ကျင့်ပေးသော လူ တော်တော်များများရှိသည်။ ဤမိဘများသည် စုဝေးပွဲများသို့ မသွား၊ သို့မဟုတ် တာဝန်များကို မထမ်းဆောင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး တောင်းဆိုမှုအချို့ရှိသည်။ ၎င်းတို့၌ စိတ်ခိုင်မာမှုနှင့် ပြင်းပြသောဆန္ဒအနည်းငယ်ရှိသည်။ သို့သော် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များကို လက်မလွှတ်နိုင်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းခံများအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များကိုလည်းကောင်း၊ ၎င်းတို့ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုများကိုလည်းကောင်း စွန့်လွှတ်လျက် သားသမီးများ အရွယ်မရောက်မီ ဤအချိန်ကာလအတွင်းတွင် သားသမီးများကို အဖော်ပြုရန် ရွေးချယ်ကြသည်။ ဤသည်မှာ ဝမ်းနည်းစရာအကောင်းဆုံးအရာ ဖြစ်သည်။ အချို့မိဘများမှာ ၎င်းတို့၏ သားသမီးများအား သရုပ်ဆောင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ သို့မဟုတ် သိပ္ပံပညာရှင်များဖြစ်ရန် လေ့ကျင့်ပေးဖို့အတွက်၊ သားသမီးများအား ၎င်းတို့၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန် ထောက်ကူပေးဖို့အတွက် အဖိုးအခများစွာကို ပေးဆပ်ကြသည်။ ၎င်းတို့၏ အလုပ်ကို စွန့်ခွာကြသည်။ အသက်မွေးအလုပ်ကို စွန့်ပစ်ကြသည်။ ထို့အပြင် သားသမီးများကို အဖော်ပြုရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များနှင့် ပျော်ရွင်နှစ်သက်မှုတို့ကို စွန့်ပစ်ကြသည်။ သားသမီးများအတွက် မိမိတို့၏ အိမ်ထောင်ဘဝကို စွန့်လွှတ်သော မိဘများပင် ရှိသည်။ ၎င်းတို့သည် ကွာရှင်းပြီးနောက်တွင် သားသမီးများအတွက် ၎င်းတို့၏ မျှော်မှန်းချက်များကို အထောင်အထည်ဖော်နိုင်ရန်အတွက်သက်သက်ဖြင့် သားသမီးများကို ၎င်းတို့ တစ်ကိုယ်တည်း ပျိုးထောင်ပြီး လေ့ကျင့်ပေးခြင်း၊ သားသမီးများကောင်းစားရန် ၎င်းတို့၏ တစ်ဘဝလုံးကို ပုံအောပြီး ရင်းခြင်း၊ ၎င်းတို့သားသမီးများ၏ အနာဂတ်အပေါ် ၎င်းတို့ဘဝကို ရည်စူးအပ်နှံထားခြင်း ဖြစ်သော လေးလံသော ဝန်ထုပ်ဝန်ပိုးကို ယူဆောင်ကြသည်။ သားသမီးများက အနာဂတ်တွင် လောက၌ တိုးတက်အောင်မြင်ပြီး လူ့အဖွဲ့အစည်းတွင် အခြေခိုင်နိုင်ရန်အတွက် သားသမီးများ အရွယ်မရောက်မီတွင် မလုပ်ဆောင်သင့်သော အရာများစွာကို လုပ်ဆောင်သော၊ မလိုအပ်သည့် အဖိုးအခများစွာကို ပေးဆပ်သော၊ ကိုယ်ပိုင်အချိန်ကို၊ ကိုယ်ခန္ဓာကျန်းမာရေးနှင့် လိုက်စားမှုတို့ကို အနစ်နာခံစွန့်လွှတ်သော မိဘအချို့လည်းရှိသည်။ တစ်ဖက်တွင် မိဘများအတွက် မလိုအပ်သော စွန့်လွှတ်အနစ်နာခံမှုများရှိသည်။ အခြားတစ်ဖက်တွင် သားသမီးများအတွက် ဤနည်းလမ်းများသည် ၎င်းတို့ အရွယ်မရောက်မီတွင် ကြီးမားသော ဖိအားနှင့် ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မိဘများက အဖိုးအခများစွာကို ပေးဆပ်ခဲ့သောကြောင့် ဖြစ်သည်။ ငွေနှင့်ပတ်သက်၍ ဖြစ်စေ၊ အချိန်နှင့်ပတ်သက်၍ ဖြစ်စေ၊ အားအင်နှင့်ပတ်သက်၍ ဖြစ်စေ ၎င်းတို့မိဘများက များစွာ သုံးစွဲခဲ့သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဤသားသမီးများသည် အရွယ်မရောက်မီတွင် အမှန်နှင့် အမှားကို ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသေးစဉ်တွင် ၎င်းတို့၌ ရွေးချယ်စရာမရှိပေ။ ၎င်းတို့သည် ၎င်းတို့မိဘများအား ဤသို့သာ လုပ်ဆောင်ခွင့်ပြုရသည်။ ၎င်းတို့၏ စိတ်ထဲတွင် အတွေးအချို့ရှိလျှင်ပင် ၎င်းတို့မိဘများ၏ လုပ်ဆောင်မှုများကို လိုက်နာဆဲဖြစ်သည်။ ဤအခြေအနေများအောက်တွင် သားသမီးများက ၎င်းတို့မိဘများသည် ၎င်းတို့ကို လေ့ကျင့်ပေးရန်အတွက် အလွန်ကြီးသော အဖိုးအခကို ပေးဆပ်ခဲ့သည်ဟုလည်းကောင်း၊ ဤဘဝတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို အပြည့်အဝ ပြန်ပေးဆပ်နိုင်မည်မဟုတ်၊ သို့မဟုတ် အစားပြန်လည် လုပ်ဆောင်ပေးနိုင်မည် မဟုတ်ဟုလည်းကောင်း မသိမသာဖြင့် စတင် ထင်မြင်လာကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့၏မိဘများက ၎င်းတို့အား လေ့ကျင့်ပေးပြီး အဖော်ပြုနေသော အချိန်ကာလအတွင်းတွင် ၎င်းတို့ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာများမှာ၊ ၎င်းတို့၏မိဘများအား ပြန်ပေးဆပ်ရန်အတွက် ၎င်းတို့ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏မိဘများအား ပျော်ရွှင်စေရန်၊ မိဘတို့အား စိတ်ကျေနပ်အောင် လုပ်ပေးဖို့ ကြီးမားသောအရာများကို ရရှိရန်၊ မိဘတို့အား စိတ်မပျက်စေရန်တို့ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ မိဘများအတွက်မူ ၎င်းတို့သားသမီးများက အရွယ်မရောက်မီ ဤအချိန်ကာလအတွင်းတွင်၊ ဤအဖိုးအခများကို ၎င်းတို့ ပေးဆပ်ပြီးနောက်တွင် ၎င်းတို့၏သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များက ပိုပို၍ ကြီးလာသောအခါတွင် ၎င်းတို့၏ စိတ်ဓာတ်က ၎င်းတို့၏သားသမီးများအပေါ် တောင်းဆိုမှုတစ်ခုအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းသွားသည်။ ဆိုလိုသည်မှာ မိဘများက ဤအဖိုးအခဆိုသောအရာများကို ပေးဆပ်ပြီး ဤသုံးစွဲမှုများဆိုသောအရာများကို ပြုလုပ်ပြီးနောက်တွင် သားသမီးများအား ၎င်းတို့ကို ပြန်ပေးဆပ်ရန်အတွက် အောင်မြင်ရမည်၊ ကြီးမြတ်သော အရာများကို ရရှိရမည်ဟု တောင်းဆိုကြသည်။ ထို့ကြောင့် ဤအရာကို မိဘ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ သားသမီး၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ “သုံးစွဲခြင်း” နှင့် “အသုံးခံရခြင်း” ဖြစ်သည့် ဤဆက်ဆံရေးအတွင်းတွင် သားသမီးများအပေါ် မိဘများက ထားရှိသော မျှော်မှန်းချက်များသည် ပိုပို၍ မြင့်မားလာသည်။ “၎င်းတို့၏ မျှော်မှန်းချက်များက ပိုပို၍ မြင့်မားလာသည်” ဆိုသည်မှာ ကောင်းမွန်စွာ ပြောဆိုခြင်း ဖြစ်သည်။ အမှန်တကယ်တွင် မိဘများ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့သည် သုံးစွဲပြီး အနစ်နာခံလေလေ၊ ၎င်းတို့၏ သားသမီးများက အောင်မြင်မှုဖြင့် ၎င်းတို့ကို ပြန်ပေးဆပ်သင့်သည်ဟု ထင်လေလေဖြစ်ပြီး တစ်ချိန်တည်းတွင် ၎င်းတို့၏ သားသမီးများက ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ထင်လေလေဖြစ်သည်။ မိဘများက သုံးစွဲလေလေ၊ မျှော်လင့်ချက်ထားရှိလေလေ၊ ၎င်းတို့ မျှော်မှန်းချက်များက မြင့်လေလေ၊ သားသမီးများအား ပြန်ပေးဆပ်ရန် ၎င်းတို့၏ မျှော်မှန်းချက်များက ကြီးမားလေလေ ဖြစ်သည်။ သားသမီးများ အရွယ်မရောက်မီတွင် မိဘများက သားသမီးများအပေါ်ထားရှိသော “သူတို့က အမှုအရာများစွာ သင်ယူဖို့လိုသည်။ စမှတ်တွင် ရှုံးနိမ့်၍ မဖြစ်ပါ” ဟူသည်မှ “သူတို့ ကြီးလာလျှင် လောကတွင် တိုးတက်အောင်မြင်ပြီး လူ့အဖွဲ့အစည်းတွင် အခြေခိုင်ဖို့လိုသည်” ဟူသည်အထိ မျှော်မှန်းချက်များသည် တဖြည်းဖြည်းချင်းဖြင့် သားသမီးများအပေါ် ၎င်းတို့ တောင်းဆိုသော တောင်းဆိုချက်တစ်မျိုး ဖြစ်လာသည်။ ထိုတောင်းဆိုချက်မှာ သင်ကြီးပြင်းပြီး လူ့အဖွဲ့အစည်း၌ အခြေခိုင်ပြီးသည့်နောက်တွင် သင်၏ ဇာစ်မြစ်ကို မမေ့လျာ့နှင့်၊ သင့်မိဘများကို မမေ့နှင့်၊ သင့်မိဘများသည် သင်ဦးစွာ ပြန်လည်ပေးဆပ်သင့်သည့် လူများဖြစ်သည်၊ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရမည်၊ ပြီးလျှင် ၎င်းတို့အား ကောင်းသောဘဝကို ရှင်သန်နိုင်ရန် ကူညီရမည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤလောကတွင် သင်၏ ကျေးဇူးရှင်များ၊ သင့်အား လေ့ကျင့်ပေးသောလူများ ဖြစ်သောကြောင့် ဖြစ်သည်ဟူ၍တည်း။ ယခု သင် လူ့အဖွဲ့အစည်း၌ အခြေခိုင်ခြင်း၊ ထို့အပြင် သင်နှစ်သက်သည့် အရာရာတိုင်းနှင့် သင်ပိုင်ဆိုင်သည့် အရာရာတိုင်းတို့ကို သင့်မိဘများ၏ အပင်ပန်းခံအားထုတ်မှုနှင့် ရယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန်၊ အစားပြန်လည်လုပ်ဆောင်ပေးရန် သင်၏ ကျန်သည့်ဘဝတစ်လျှောက်ကို အသုံးပြုပြီး ၎င်းတို့အပေါ် ကောင်းသင့်သည်ဟူ၍ ဖြစ်သည်။ သားသမီးများ အရွယ်မရောက်မီတွင် မိဘများက သားသမီးများအပေါ် ထားရှိသည့် မျှော်မှန်းချက်များဖြစ်သော ၎င်းတို့၏ သားသမီးများသည် လူ့အဖွဲ့အစည်းတွင် အခြေခိုင်ပြီး လောကတွင် တိုးတက်အောင်မြင်မည်ဟူသည့် မျှော်မှန်းချက်များသည် ဤသို့ ဆင့်ကဲပြောင်းလဲပြီး အလွန်ပင် သာမန်ဖြစ်သော မိဘ၏ မျှော်မှန်းချက်မှ မိဘက သားသမီးအပေါ် တောင်းဆိုချက်၊ တောင်းခံချက်တစ်မျိုးအဖြစ်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ သားသမီးများက အရွယ်မရောက်မီ အချိန်ကာလတွင် အဆင့်ကောင်းများ မရဟုဆိုပါစို့။ သားသမီးများက ပုန်ကန်သည်၊ စာမသင်လိုကြ၊ သို့မဟုတ် မိဘများကို နားမထောင်လိုကြ၊ မိဘများကို မနာခံကြဟုဆိုပါစို့။ ၎င်းတို့မိဘများက “ငါ့အတွက် အဆင်ပြေနေသည်ဟုများ မင်ထင်သလား။ မည်သူအတွက် ဤအရာများ အားလုံးကို လုပ်ဆောင်နေသည်ဟု မင်းထင်သနည်း။ ဤအရာအားလုံးကို ငါက မင်းအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး မင်းက တန်ဖိုးမထားပါ။ မင်းတုံးအနေသလား” ဟု ဆိုလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့သားသမီးများကို ခြိမ်းခြောက်ပြီး ခေါ်ထားရန်အတွက် ဤစကားများကို အသုံးပြုသည်။ ဤနည်းလမ်းမျိုးမှာ မှန်သလော။ (မမှန်ပါ။) မမှန်ပေ။ မိဘများ၏ ဤ“မြင့်မြတ်သော” အပိုင်းသည် မိဘများ၏ စက်ဆုပ်ဖွယ်ကောင်းသော အပိုင်းလည်း ဖြစ်သည်။ ဤစကားများသည် အတိအကျ မည်သို့ မှားနေသနည်း။ (မိဘများက ၎င်းတို့ သားသမီးများအတွက် မျှော်မှန်းချက်များ ထားရှိခြင်း၊ ၎င်းတို့ သားသမီးများကို လေ့ကျင့်ပေးခြင်းသည် တစ်ဖက်သတ် ကြိုးပမ်းအားထုတ်မှုများ ဖြစ်သည်။ နောင်တွင် မိမိတို့၏သားသမီးများ၌ ကောင်းသော အလားအလာများ ရှိရန်၊ မိဘများအား နာမည်ကောင်းရရှိစေရန် လုပ်ဆောင်ပေးရန်၊ သားသမီးဝတ်ကျေပွန်ရန် ၎င်းတို့သည် သားသမီးများအပေါ် ဖိအားတစ်ခုကို ဖြစ်စေပြီး ဤအရာ၊ ထိုအရာကို လေ့လာသင်ယူစေသည်။ လက်တွေ့တွင် မိဘများက လုပ်ဆောင်သမျှတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက် ဖြစ်သည်။) မိဘများက ကိုယ်ကျိုးရှာပြီး တစ်ကိုယ်ကောင်းဆန်သည်ဆိုသည့် အချက်ကို ဘေးဖယ်ထားပြီး သားသမီးများအရွယ်မရောက်မီတွင် သားသမီးများကို ၎င်းတို့က အယူဝါဒသွတ်သွင်းသည့် အယူအဆများနှင့် ၎င်းတို့ကလေးများအား ထိုထိုသော ဘာသာရပ်ကို လေ့လာရန်၊ အရွယ်ရောက်ပြီးနောက်တွင် ထိုထိုသော အသက်မွေးအလုပ်ကို ဝင်ရောက်လုပ်ဆောင်ရန်၊ ထိုထိုသော အောင်မြင်မှုကို ရယူရန် တောင်းဆိုလျက် သားသမီးများအပေါ် ၎င်းတို့ လက်ဆင့်ကမ်းပေးသည့် ဖိအားအကြောင်းသာ ပြောဆိုလျှင် ဤနည်းလမ်းများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယခုတွင် မိဘများက ဤအရာများအား အဘယ်ကြောင့် လုပ်ဆောင်သည်၊ သို့မဟုတ် ဤနည်းလမ်းများက သင့်လျော်သည်၊ မသင့်လျော်သည်ဆိုသည်တို့ကို ငါတို့ အကဲဖြတ်မည်မဟုတ်ပေ။ ငါတို့သည် ဦးစွာ ဤနည်းလမ်းများကို မိတ်သဟာယဖွဲ့ပြီး သဘောသဘာဝကို စိစစ်မည်။ ပြီးလျှင် ယင်းတို့၏ အနှစ်သာရအပေါ် ငါတို့ စိစစ်မှုအပေါ် အခြေခံပြီး ပို၍ တိကျသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာမည်။ ထိုရှုထောင့်မှ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာကို ငါတို့ မိတ်သဟာယဖွဲ့ပြီး နားလည်သွားလျှင် ဤသည်မှာ တိကျမှုရှိလိမ့်မည်။

ရှေးဦးစွာ သားသမီးများနှင့် ပတ်သက်ပြီး မိဘများက ထားရှိသော ဤသတ်မှတ်ချက်များနှင့် နည်းလမ်းများသည် မှန်သလော၊ မှားသလော။ (မှားပါသည်။) ဤသို့ဆိုလျှင် နောက်ဆုံးတွင် မိဘများက သားသမီးများအပေါ် အသုံးပြုသည့် ဤနည်းလမ်းများနှင့်ပတ်သက်လျှင် အဓိကတရားခံက မည်သည့်နေရာမှ အရင်းခံသနည်း။ ဤသည်မှာ သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များ မဟုတ်သလော။ (ဟုတ်ပါသည်။) မိဘများ၏ ခံစားချက်အရ အသိစိတ်အတွင်းတွင် ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး အမျိုးမျိုးသော အမှုကိစ္စများကို မှန်းကြည့်ကာ စီစဉ်ပြီး အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့တွင် ဤမျှော်မှန်းချက်များကို ဖြစ်ပေါ်လာသည်။ ဤမျှော်မှန်းချက်များ၏ လှုံ့ဆော်မှုအောက်တွင် မိဘများသည် ၎င်းတို့သားသမီးများအား ကျွမ်းကျင်မှု အမျိုးမျိုးကို လေ့လာရန်၊ ပြဇာတ်ရေးသားထုတ်လုပ်မှုနှင့် အက၊ သို့မဟုတ် အနုပညာ စသည်တို့ကို လေ့လာရန် တောင်းဆိုသည်။ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများကို ပါရမီရှိသောပုဂ္ဂိုလ်များဖြစ်ရန်၊ ထို့နောက်တွင် ၎င်းတို့ကို အထက်လူကြီးများဖြစ်ရန်၊ လက်အောက်ငယ်သားများမဖြစ်ရန် တောင်းဆိုသည်။ ၎င်းတို့သားသမီးများကို ရာထူးကြီးသော အရာရှိများဖြစ်ရန်၊ ခြေလျင်တပ်သားများမဖြစ်ရန် တောင်းဆိုကြသည်။ ၎င်းတို့၏ သားသမီးများကို တစ်ကမ္ဘာလုံးတွင် ထိပ်တန်းဖြစ်သော ကုမ္ပဏီ ၅၀၀ ၌ အလုပ်လုပ်နေသည့် မန်နေဂျာ၊ စီအီးအို၊ အလုပ်အမှုဆောင်များစသည်တို့ ဖြစ်လာရန် တောင်းဆိုသည်။ ဤသည်တို့အားလုံးမှာ မိဘများ၏ စိတ်ခံစားချက်အရ ဖြစ်သော စိတ်ကူးများဖြစ်သည်။ ဤသို့ဆိုလျှင် သားသမီးများသည် အရွယ်မရောက်မီ၌ ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များနှင့်သက်ဆိုင်သော အကြောင်းအရာတို့အပေါ် အယူအဆတစ်ခုခုရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ဤအရာများနှင့်ပတ်သက်ပြီး မည်သည့်အယူအဆမျှမရှိပေ။ ယင်းတို့ကို ၎င်းတို့ နားမလည်ပေ။ ကလေးငယ်များက မည်သည့်အရာကို နားလည်သနည်း။ စာဖတ်သင်ရန် ကျောင်းတက်ခြင်း၊ စာကြိုးစားခြင်း၊ လိမ္မာခြင်း၊ လိမ္မာသော သားသမီးများဖြစ်ခြင်းတို့ကိုသာ နားလည်ကြသည်။ ဤအရာကိုယ်၌က အလွန်ကောင်းသည်။ သတ်မှတ်ထားသော အချိန်ဇယားများအတိုင်း အတန်းတက်ရန် ကျောင်းသို့သွားခြင်းနှင့် အိမ်စာပြီးအောင်လုပ်ရန် အိမ်သို့ ပြန်ခြင်းတို့သည် သားသမီးများ နားလည်သောအရာများဖြစ်သည်။ ကျန်သည့်အရာများမှာ ဆော့ကစားခြင်း၊ အစားအစာ၊ စိတ်ကူးယဉ်မှုများ၊ အိပ်မက်များ စသည်တို့ဖြစ်သည်။ သားသမီးများသည် အရွယ်မရောက်မီတွင် ၎င်းတို့ဘဝလမ်းကြောင်းပေါ်ရှိ မသိမမြင်ရသော အရာများအားလုံးအပေါ် အမြင်သဘောထားမရှိပေ။ ယင်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှလည်း မြင်ယောင်မှန်းဆကြည့်ခြင်း မရှိပေ။ ဤသားသမီးများ အရွယ်ရောက် ပြီးသည့်အချိန်ခန့်တွင် မြင်ယောင်ကြည့်သော၊ ဆုံးဖြတ်သော အရာများအားလုံးသည် ၎င်းတို့မိဘများထံမှ လာသည်။ ထို့ကြောင့် သားသမီးများအပေါ် မိဘများက ထားရှိသော မှားယွင်းသည့် မျှော်မှန်းချက်များသည် သားသမီးများနှင့် လုံးဝ မသက်ဆိုင်ပေ။ သားသမီးများသည် ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များနှင့်သက်ဆိုင်သော အနှစ်သာရကို ပိုင်းခြားသိမြင်ဖို့သာ လိုသည်။ ဤမိဘ၏ မျှော်မှန်းချက်များသည် မည်သည့်အရာကို အခြေခံသနည်း။ မည်သည့်နေရာမှ လာသနည်း။ လူ့အဖွဲ့အစည်းနှင့် လောကထံမှ လာသည်။ ဤမိဘတို့၏ မျှော်မှန်းချက်များအားလုံး၏ ရည်ရွယ်ချက်သည် သားသမီးများအား ဤကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိနိုင်စေရန်၊ ကမ္ဘာလောက၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ ဖယ်ကြဉ်ခြင်းကို ရှောင်နိုင်ရန်၊ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ရန်၊ လုံခြုံစိတ်ချရသော အလုပ်၊ တည်ငြိမ်သော မိသားစု၊ တည်ငြိမ်သော အနာဂတ်ကို ရရှိရန် ထောက်ကူပေးဖို့ဖြစ်သည်။ ထို့ကြောင့် မိဘများ၌ ၎င်းတို့၏ သားသမီးများအတွက် စိတ်ခံစားချက်အရ ဖြစ်သော မျှော်မှန်းချက်အမျိုးမျိုး ရှိကြသည်။ ဥပမာ ယခုအချိန်တွင် ကွန်ပြူတာအင်ဂျင်နီယာဖြစ်ခြင်းသည် အလွန်ခေတ်မီသည်။ လူအချို့က “ကျွန်ုပ်၏ ကလေးသည် နောင်တွင် ကွန်ပြူတာအင်ဂျင်နီယာ လုပ်မည် ဖြစ်သည်။ ဤနယ်ပယ်တွင် ၎င်းတို့သည် တစ်နေကုန် ကွန်ပြူတာကို သယ်သွားပြီး ကွန်ပြူတာအင်ဂျင်နီယာ အလုပ်လုပ်ရင်း ငွေများစွာ ရနိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်လည်း ဂုဏ်တက်ရမည်ဖြစ်သည်” ဟု ဆိုကြသည်။ ဤအခြေအနေမျိုးတွင် သားသမီးများက မည်သည့်အရာအပေါ်မျှ လုံးဝ အမြင်သဘောထားမရှိသည့် အခြေအနေတွင် ၎င်းတို့မိဘများက ၎င်းတို့၏ အနာဂတ်ကို ချပြသည်။ ဤသည်မှာ မမှားယွင်းသလော။ (မှားယွင်းပါသည်။) မိဘများသည် လူကြီးများ၏ အမှုအရာများအပေါ် ရှုမြင်သည့် နည်းလမ်းအပြင် ကမ္ဘာလောက၏ အမှုကိစ္စများနှင့်ပတ်သက်ပြီး လူကြီးတစ်ဦး၏ အမြင်၊ ရှုထောင့်၊ နှစ်သက်မှုတို့ကိုသာ လုံးလုံး အခြေခံပြီး သားသမီးများအပေါ် မျှော်လင့်ချက်များ ပုံအောထားသည်။ ဤသည်မှာ ခံစားချက်အရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ယင်းကို ကောင်းစွာဖွင့်ဆိုရလျှင် ယင်းသည် ခံစားချက်အရဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် အမှန်တကယ်တွင် အဘယ်သို့ ဖြစ်သနည်း။ ဤခံစားချက်အရဖြစ်ခြင်း၏ အခြားအနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်သလော။ အကျပ်ကိုင်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် လူ့အဖွဲ့အစည်းတွင် ဤအလုပ်၊ ထိုအလုပ်ကို၊ ထိုထိုသော အသက်မွေးမှုအလုပ်ကို နှစ်သက်သည်။ လူ့အဖွဲ့အစည်းတွင် အခြေခိုင်ခြင်း၊ မက်မောဖွယ်ဘဝကို နေထိုင်ရခြင်း၊ အရာရှိအဖြစ် အမှုထမ်းရခြင်း၊ သို့မဟုတ် ချမ်းသာခြင်းတို့ကို သင်နှစ်သက်သည်။ ထို့ကြောင့် သင့်သားသမီးများကိုလည်း ထိုအရာများအား သင် လုပ်ဆောင်စေသည်။ ထိုသို့သောသူမျိုး ဖြစ်စေသည်။ ပြီးလျှင် ထိုလမ်းကြောင်းမျိုးကို လျှောက်စေသည်။ သို့သော် ၎င်းတို့သည် အနာဂတ်တွင် ထိုပတ်ဝန်းကျင်၌ နေထိုင်ရခြင်းနှင့် ထိုအလုပ်ကို ထိတွေ့လုပ်ဆောင်ရခြင်းကို နှစ်သက်မည်လော။ ၎င်းတို့သည် ယင်းနှင့် သင့်တော်သလော။ ၎င်းတို့၏ ခရီးပန်းတိုင်များက အဘယ်နည်း။ ၎င်းတို့နှင့်ပတ်သက်ပြီး ဘုရားသခင်၏ အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များက အဘယ်နည်း။ ဤအရာများကို သင်သိသလော။ လူအချို့က “ထိုအရာများကို ကျွန်ုပ် ဂရုမစိုက်ပါ။ အရေးကြီးသည်မှာ သူတို့၏မိဘဖြစ်သည့် ကျွန်ုပ်နှစ်သက်သည့်အရာများသာ ဖြစ်သည်။ ကျွန်ုပ်နှစ်သက်သည့် အရာများကို အခြေခံ၍သာ သူတို့အပေါ် မျှော်လင့်ချက်များထားမည်” ဟု ဆိုသည်။ ဤသည်မှာ အလွန် တစ်ကိုယ်ကောင်းမဆန်သလော။ (ဆန်ပါသည်။) ယင်းသည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။ ကောင်းမွန်စွာ ဆိုရလျှင် ယင်းသည် အလွန်တစ်ဖက်သတ်ဆန်သည်။ ၎င်းတို့ဘာသာ အားလုံးကို ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သို့သော် ယင်းသည် အမှန်တကယ်တွင် အဘယ်နည်း။ အလွန်တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ဤမိဘများသည် ၎င်းတို့သားသမီးများ၏ အစွမ်းအစ၊ သို့မဟုတ် ပါရမီကို ထည့်မတွက်ပေ။ လူတစ်ဦးချင်းစီ၏ ကံကြမ္မာနှင့် ဘဝအတွက် ဘုရားသခင်၌ ရှိသော အစီအစဉ်များကို ၎င်းတို့ ဂရုမစိုက်ပေ။ ဤအရာများကို ၎င်းတို့ ထည်မတွက်ပေ။ ၎င်းတို့သည် လိုရာဆွဲတွေးလျက် ၎င်းတို့သားသမီးများအပေါ် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှု၊ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို အဓမ္မပုံချသည်။ လူအချို့က “ကျွန်ုပ်၏ ကလေးအပေါ် ဤအရာများကို အတင်းလုပ်ဆောင်ရမည် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို နားလည်ဖို့ ငယ်လွန်းသည်။ ပြီးလျှင် ၎င်းတို့ နားလည်သည့်အချိန်တွင် ယင်းမှာ နောက်ကျနေမည် ဖြစ်သည်” ဟု ဆိုကြသည်။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အမှန်ပင် အလွန်နောက်ကျသွားလျှင် ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်သည်။ ဤသည်မှာ ၎င်းတို့မိဘများ၏ တာဝန်မဟုတ်ပေ။ သင်နားလည်သည့်အရာများကို သင့်သားသမီးများအပေါ် အတင်းအဓမ္မ လုပ်ဆောင်လျှင် သင်က နားလည်ရုံဖြင့် ၎င်းတို့က ပို၍ အလျင်အမြန် နားလည်မည်လော။ (နားလည်မည်မဟုတ်ပါ။) မိဘများက သားသမီးများအား ပညာသင်ကြားပေးသည့် ပုံစံနှင့် မည်သည့်ဘဝမျိုးကို ရွေးချယ်ရမည်၊ မည်သည့်အသက်မွေးအလုပ်မျိုးကို ရွေးချယ်ရမည်၊ မိမိတို့ဘဝများက မည်သို့ဖြစ်မည်ဆိုသကဲ့သို့သော အမှုကိစ္စများကို ထိုသားသမီးများက နားလည်လာသည့်အချိန်ကြားတွင် ဆက်စပ်မှုမရှိပေ။ ၎င်းတို့တွင် ကိုယ်ပိုင်လမ်းကြောင်း၊ ကိုယ်ပိုင်ခြေလှမ်း၊ ကိုယ်ပိုင်နိယာမများရှိကြသည်။ စဉ်းစားကြည့်လော့။ သားသမီးများက ငယ်ရွယ်သောအချိန်တွင် မိဘများက မည်မျှ သင်ကြားပေးပါစေ လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့၏ သိမြင်မှုက လုံးဝ ဗလာဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝက ရင့်ကျက်သောအခါတွင် ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ ပြိုင်ဆိုင်မှု၊ ရှုပ်ထွေးမှု၊ မှောင်မိုက်မှု၊ လူ့အဖွဲ့အစည်းတွင်ရှိသော မမျှတသော အရာအမျိုးမျိုးကို ခံစားရလိမ့်မည်။ ဤသည်မှာ မိဘများက ၎င်းတို့၏ သားသမီးများကို ငယ်ရွယ်စဉ်ကတည်းက သင်ကြားပေးနိုင်သောအရာ မဟုတ်ပေ။ မိဘများက ၎င်းတို့၏ သားသမီးများအား ငယ်ရွယ်စဉ်ကတည်းက “လူများနှင့် ဆက်ဆံသည့်အခါတွင် တစ်စုံတစ်ခုကို ထိမ်ချန်ထားရမည်”ဟု သင်ကြားပေးလျှင်ပင် ၎င်းတို့က အယူဝါဒတစ်မျိုးအဖြစ်သာ ခံယူလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့မိဘများ၏ အကြံဉာဏ်ကို အခြေခံပြီး အမှန်တကယ် လုပ်ဆောင်နိုင်သောအခါတွင် ယင်းကို အမှန်တကယ် နားလည်လိမ့်မည်။ ၎င်းတို့မိဘများ၏ အကြံကို ၎င်းတို့ နားမလည်သောအခါ ၎င်းတို့မိဘများက ၎င်းတို့ကို မည်မျှသွန်သင်ဖို့ ကြိုးစားပါစေ ၎င်းတို့အတွက် အယူဝါဒတစ်မျိုးသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် “ကမ္ဘာကြီးက အပြိုင်အဆိုင်အရမ်းများသည်။ လူများက အလွန်ဖိအားများသည်။ ကျွန်ုပ်၏ သားသမီးများကို ငယ်စဉ်ကတည်းက စတင် သွန်သင်ထားခြင်း မရှိလျှင် နောင်တွင် ဒုက္ခနှင့် စိတ်ဆင်းရဲမှုကို ခံစားရလိမ့်မည်” ဟူသည့် မိဘများတွင်ရှိသော အယူအဆသည် ယုတ္တိရှိသလော။ (မရှိပါ။) သင်သည် အနာဂတ်တွင် သင်၏သားသမီးများက များစွာ ဒုက္ခမခံရနိုင်ရန်အတွက် သင်၏ သားသမီးများအား ထိုဖိအားကို စောစီးစွာ ထမ်းခိုင်းနေခြင်းဖြစ်သည်။ ၎င်းတို့က မည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်သေးသည့် အရွယ်တွင် စတင်ပြီး ထိုဖိအားကို ခံရသည်။ ဤသို့လုပ်ဆောင်ရာတွင် သင်သည် သင့်သားသမီးများကို ထိခိုက်နေခြင်း မဟုတ်လော။ သင်သည် အမှန်တကယ် ၎င်းတို့ကောင်းဖို့အတွက် လုပ်ဆောင်နေခြင်း ဖြစ်သလော။ ဤအရာများကို ၎င်းတို့ နားမလည်သည်က ပိုကောင်းသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သက်သောင့်သက်သာဖြစ်သော၊ ပျော်ရွှင်သော၊ သန့်ရှင်းသော၊ ရိုးရှင်းသောပုံစံဖြင့် နှစ်အနည်းငယ် နေထိုင်နိုင်သည်။ ၎င်းတို့သည် ထိုအရာများကို စောစီးစွာ နားလည်ခဲ့လျှင် ယင်းသည် ကောင်းချီးဖြစ်မည်လော၊ သို့မဟုတ် ကံဆိုးခြင်း ဖြစ်မည်လော။ (ကံဆိုးခြင်း ဖြစ်ပါလိမ့်မည်။) ဟုတ်သည်။ ကံဆိုးခြင်း ဖြစ်လိမ့်မည်။

အသက်အရွယ်အုပ်စုတစ်ခုစီတွင် လူတို့လုပ်ဆောင်သင့်သည့်အရာသည် ၎င်းတို့၏ အသက်အရွယ်နှင့် ၎င်းတို့၏ လူ့သဘာဝရင့်ကျက်မှုတို့အပေါ် အခြေခံသည်။ ၎င်းတို့မိဘများထံမှ ၎င်းတို့ရရှိသည့် ပညာရေးကို အခြေမခံပေ။ သားသမီးများသည် အရွယ်မရောက်မီတွင် ဆော့ကစားခြင်း၊ ရိုးရှင်းသော ဗဟုသုတအနည်းငယ်ကို သင်ယူပြီး အခြေခံကျောင်းစာအနည်းငယ်ကို သင်ယူခြင်း၊ မတူညီသောအရာများကို သင်ယူခြင်း၊ အခြားသားသမီးများနှင့် မည်သို့ဆက်ဆံရမည်၊ လူကြီးများနှင့် မည်သို့ အဆင်ပြေအောင် ဆက်ဆံရမည်ကို သင်ယူခြင်း၊ ပြီးလျှင် ၎င်းတို့နားမလည်သည့် ၎င်းတို့အနီးရှိ အမှုအရာအချို့အား မည်သို့ ကိုင်တွယ်ရမည်ကို သင်ယူခြင်းတို့သာ ပြုလုပ်သင့်သည်။ လူတို့သည် အရွယ်မရောက်မီတွင် အရွယ်မရောက်သေးသူများနှင့် သက်ဆိုင်သောအရာများကို လုပ်ဆောင်သင့်သည်။ လူကြီးများခံယူသင့်သည့် ဖိအား၊ ရှင်သန်ရေးစည်းကမ်းများ၊ ရှုပ်ထွေးသောအရာများကို လုံးဝ မခံယူသင့်ပေ။ ဤသို့သောအရာများသည် အရွယ်မရောက်သေးသော သူများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေသည်။ ပြီးလျှင် ယင်းတို့သည် ကောင်းချီးများ မဟုတ်ပေ။ လူတို့သည် ဤအရွယ်ရောက်ပြီး ဖြစ်သောသူများနှင့်သက်ဆိုင်သောအရာများကို စော၍ သင်ယူလေလေ၊ ၎င်းတို့၏ ငယ်ရွယ်သော စိတ်များအပေါ် ရိုက်ခတ်မှုက ကြီးမားလေလေ ဖြစ်သည်။ လူတို့ အရွယ်ရောက်ပြီးနောက် ဤအရာများသည် ၎င်းတို့၏ဘဝ၊ သို့မဟုတ် ရပ်တည်မှုတွင် လုံးဝ အထောက်အကူ မပြုရုံသာမကဘဲ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် ဤအရာများကို အလွန်စောစီးစွာ သင်ယူခဲ့သောကြောင့်၊ သို့မဟုတ် ကြုံရသောကြောင့် ယင်းတို့သည် ၎င်းတို့၏ ငယ်ရွယ်သောစိတ်တွင် ဝန်ထုပ်ဝန်ပိုးတစ်မျိုးအဖြစ် ပြောင်းသွားသည်၊ သို့မဟုတ် မမြင်နိုင်သော အရိပ်တစ်ခုကို ကျရောက်စေသည်မှာ ယင်းတို့သည် ၎င်းတို့၏ တစ်ဘဝလုံး၌ ခြောက်လှန့်ကောင်း ခြောက်လှန့်နေနိုင်သည့်အတိုင်းအတာအထိပင် ဖြစ်သည်။ စဉ်းစားကြည့်လော့။ လူတို့သည် အလွန်ငယ်ရွယ်သောအခါတွင် ဆိုးရွားသော အရာတစ်ခု၊ ၎င်းတို့ လက်မခံနိုင်သောအရာတစ်ခု၊ ၎င်းတို့ လုံးဝ စိတ်ကူးမကြည့်နိုင်သော၊ သို့မဟုတ် နားမလည်နိုင်သော အရွယ်ရောက်ပြီးသူများနှင့် သက်ဆိုင်သည့်အရာတစ်ခုကို ကြားရလျှင် ယင်းတွင် ပါဝင်သော မြင်ကွင်း၊ သို့မဟုတ် အကြောင်းအရာ၊ သို့မဟုတ် လူများ၊ အမှုအရာများနှင့် စကားလုံးများပင် ၎င်းတို့တစ်ဘဝလုံး နောက်ကနေ လိုက်ပါလာလိမ့်မည်။ ဤသည်မှာ ၎င်းတို့အပေါ် အရိပ်တစ်မျိုးကို ကျရောက်စေပြီး ၎င်းတို့၏ ပင်ကိုစရိုက်များအပေါ်၊ ဘဝတွင် ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ နည်းလမ်းများအပေါ် သက်ရောက်လိမ့်မည်။ ဥပမာ သားသမီးများအားလုံးသည် ခြောက်နှစ်၊ သို့မဟုတ် ခုနှစ်နှစ်အရွယ်တွင် အနည်းငယ် ဆိုးသည်။ ကလေးတစ်ယောက်က စာသင်နေစဉ်တွင် အတန်းဖော်တစ်ယောက်အား စကားတီးတိုး ပြောသောကြောင့် ဆရာက ဆူသည်၊ ဆရာက အရှိကိုအရှိအတိုင်းသာ ဆူခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ပြုလုပ်သည်၊ မြွေပါကဲ့သို့သော ရုပ်ရှိသောကြောင့်၊ ကြွက်ကဲ့သို့ မျက်လုံးရှိသောကြောင့်ဆူပြီး “မင်းသည် မည်မျှအလားအလာနည်းသည်ကို ကြည့်။ မင်းတစ်ဘဝလုံး အောင်မြင်မည် မဟုတ်ပါ။ မင်း စာမကြိုးစားလျှင် အလုပ်ကြမ်းသမားသာ ဖြစ်မည်။ နောင်တွင် မင်းတောင်းစားရမည်။ မင်းက သူခိုးနှင့်တူသည်။ မင်းမှာ သူခိုးတစ်ဦး၏ အရည်အချင်းများရှိသည်” ဟု ပြော၍ပင် ဆူသည် ဆိုပါစို့။ ကလေးက ဤစကားများကို နားမလည်သော်လည်း၊ သူ၏ဆရာက အဘယ်ကြောင့် ဤအရာများအား ပြောသည်ကိုဖြစ်စေ၊ ဤအရာများက မှန်သလော၊ မှားသလောဆိုသည်ကိုဖြစ်စေ မသိသော်လည်း ဤပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စကားလုံးများသည် သူ၏ စိတ်နှလုံးထဲတွင် မမြင်ရသော၊ ဆိုးယုတ်သည့် အင်အားစုတစ်ခု ဖြစ်လာပြီး သူ၏ မိမိကိုယ်ကို တန်ဖိုးထားမှုကို ထိုးဖောက်ဝင်ရောက်ကာ သူ့အား နာကျင်စေသည်။ “မင်းတွင် မြွေပါကဲ့သို့ မျက်နှာရှိပြီး ကြွက်ကဲ့သို့ မျက်လုံးရှိသည်။ ပြီးလျှင် ခေါင်းက သေးသေးလေးဖြစ်သည်” ဆိုသည့် သူ၏ဆရာက ပြောသော ဤပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့်စကားများသည် သူ၏ တစ်ဘဝလုံး နောက်ကလိုက်နေလိမ့်မည်။ သူသည် အသက်မွေးအလုပ်ကို ရွေးချယ်သောအခါ၊ သူ၏ အထက်လူကြီးနှင့် အလုပ်ဖော်များကို ရင်ဆိုင်ရသောအခါ၊ ညီအစ်ကိုမောင်နှမများနှင့် ရင်ဆိုင်ရသောအခါ သူ၏ဆရာက ပြောခဲ့သော ဤပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စကားများက ရံဖန်ရံခါ ပွင့်ထွက်လာပြီး သူ၏ စိတ်ခံစားချက်များနှင့် သူ၏ဘဝကို ထိခိုက်လိမ့်မည်။ သင့်မိဘများက သင့်အပေါ်တွင်ထားရှိသော မသင့်လျော်သည့် မျှော်မှန်းချက်အချို့နှင့် သင့်မိဘများက သင့်အပေါ် လက်ဆင့်ကမ်းပေးသည့် အချို့သော စိတ်ခံစားချက်များ၊ အမှာစကားများ၊ စကားလုံးများ၊ အတွေးများနှင့် အမြင်များ စသည်တို့သည်လည်း သင်၏ ငယ်ရွယ်သောစိတ်အပေါ် အရိပ်ထင်စေသည်မှာ အမှန်ပင်ဖြစ်သည်။ သင့်မိဘများ၏ ခံစားချက်အရဖြစ်သော အသိစိတ်၏ အမြင်ရှုထောင့်တွင် ၎င်းတို့၌ မကောင်းသော ရည်ရွယ်ချက်မရှိပေ။ သို့သော် ၎င်းတို့၏ မသိနားမလည်မှုကြောင့်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများ ဖြစ်သောကြောင့်၊ သင့်အား မည်သို့ဆက်ဆံရမည်ဆိုသည်နှင့် သက်ဆိုင်သော စည်းမျဉ်းများနှင့်ကိုက်ညီသည့် သင့်လျော်သော နည်းလမ်းများ မရှိသောကြောင့် ၎င်းတို့က သင့်အား ဆက်ဆံသည့် ပုံစံတွင် ကမ္ဘာလောက၏ ရေပန်းစားမှုများနောက်သို့သာ လိုက်နိုင်သည်။ ဤအရာ၏ အဆုံးစွန်ရလဒ်မှာ ၎င်းတို့က သင့်အပေါ်သော အပျက်သဘောဆောင်သော အမှာစကားအမျိုးမျိုးနှင့် စိတ်ခံစားချက်များကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ သင့်၌ မည်သည့်ပိုင်းခြားသိမြင်မှုမျှမရှိသည့် အခြေအနေများတွင် သင့်မိဘများက ပြောသမျှတိုင်းကို၊ ပြီးလျှင် သင့်မိဘများက သင့်ထံ အယူဝါဒသွတ်သွင်းပြီး အားပေးသည့် မှားယွင်းသော အယူအဆအားလုံးကို သင်သည် ဦးစွာ ကြုံတွေ့ရသောကြောင့် ယင်းတို့သည် သင့်ထံတွင် ကြီးစိုးလာသည်။ ယင်းတို့သည် သင်၏ တစ်သက်တာလိုက်စားမှု ပန်းတိုင်နှင့် အခက်အခဲ ဖြစ်လာသည်။ သင် အရွယ်မရောက်မီတွင် သင့်မိဘများက သင့်အပေါ်ထားရှိသော မျှော်မှန်းချက်အမျိုးမျိုးသည် သင်၏ ငယ်ရွယ်သော စိတ်အတွက် ရိုက်ချက်တစ်ခုနှင့် စိတ်ထိခိုက်စရာတစ်ခု ဖြစ်သော်လည်း သင်သည် သင့်မိဘများ၏ မျှော်မှန်းချက်များအောက်တွင်၊ ထို့အပြင် ၎င်းတို့က သင့်အတွက် ပေးဆပ်သော အဖိုးအခအမျိုးမျိုးအောက်တွင် ရှင်သန်နေထိုင်ဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်ကို နားလည်ကာ ၎င်းတို့၏ ကြင်နာသောလုပ်ဆောင်မှု အမျိုးမျိုးကို လက်ခံပြီး ကျေးဇူးတင်ဆဲဖြစ်သည်။ ၎င်းတို့ပေးဆပ်သည့် အဖိုးအခအမျိုးမျိုးနှင့် သင့်အတွက် ၎င်းတို့ ပြုလုပ်သည့် အနစ်နာခံမှုအမျိုးမျိုးကို သင် လက်ခံပြီးနောက်တွင် သင်သည် သင့်မိဘများအပေါ် အကြွေးတင်သည်ဟု ခံစားရပြီး သင့်စိတ်နှလုံးထဲတွင် ၎င်းတို့ကို ရင်ဆိုင်ရန် ရှက်ရွံ့သည်။ ပြီးလျှင် သင်ကြီးပြင်းလာပြီးနောက်တွင် ၎င်းတို့အား ပြန်လည်ပေးဆပ်ရမည်ဟု ထင်သည်။ မည်သည့်အရာကို ပြန်ပေးဆပ်ရမည်နည်း။ သင့်အပေါ် ၎င်းတို့၏ ကျိုးကြောင်းမသင့်သော မျှော်မှန်းချက်များကို ပြန်ပေးဆပ်ရမည်လော။ သင် အရွယ်မရောက်မီတွင် ၎င်းတို့က သင့်အပေါ် ဖြစ်စေသော စိတ်ထိခိုက်မှုကို ပြန်ပေးဆပ်ရမည်လော။ ဤသည်မှာ အဖြူနှင့် အမဲကို ရှုပ်ထွေးနေခြင်း မဟုတ်လော။ အမှန်တကယ်တွင် ဤအမှုကိစ္စ၏ အရင်းအမြစ်နှင့် အနှစ်သာရမှ ဤအရာအကြောင်းကို ပြောရလျှင် သင့်အပေါ် သင့်မိဘများ၏ မျှော်မှန်းချက်များသည် ခံစားချက်အရသာ ဖြစ်သည်။ လိုရာဆွဲတွေးခြင်းသာ ဖြစ်သည်။ ယင်းတို့သည် သားသမီးတစ်ယောက်က ပိုင်ဆိုင်သင့်သော၊ လက်တွေ့လုပ်သင့်သော၊ သို့မဟုတ် အသက်ရှင်နေထိုင်သင့်သောအရာများ လုံးဝ မဟုတ်ပေ။ ပြီးလျှင် ကလေးတစ်ယောက် လိုအပ်သောအရာများ မဟုတ်ပေ။ ကမ္ဘာလောက၏ ရေပန်းစားမှုများနောက်သို့ လိုက်ရန်အတွက်၊ ကမ္ဘာလောကနှင့် အသားကျရန်အတွက်၊ လောက၏ တိုးတက်မှုနောက်သို့ အမီလိုက်ရန်အတွက် သင့်မိဘများက သင့်အား ယင်းတို့နောက်သို့ လိုက်စေသည်။ ဤဖိအားကို ၎င်းတို့ခံယူခဲ့ကဲ့သို့ သင့်အား ခံယူစေသည်။ ပြီးလျှင် ၎င်းတို့က သင့်အား ဤဆိုးယုတ်သော ရေပန်းစားမှုများနောက်သို့လိုက်စေပြီး လက်ခံစေသည်။ ထို့ကြောင့် ၎င်းတို့မိဘများ၏ ထက်သန်သော မျှော်မှန်းချက်များအောက်တွင် သားသမီးများသည် ကျွမ်းကျင်မှုအမျိုးမျိုး၊ သင်တန်းအမျိုးမျိုး၊ အသိပညာအမျိုးမျိုးကို လေ့လာလျက် ကြိုးစားရသည်။ ၎င်းတို့သည် မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် ကြိုးစားခြင်းမှ မိဘများ၏ မျှော်မှန်းချက်များ၏ ရည်ရွယ်ရာ ပန်းတိုင်များနောက်သို့ တက်ကြွစွာ လိုက်ခြင်းဖြစ်သို့ ပြောင်းသွားသည်။ တစ်နည်းအားဖြင့် လူတို့သည် အရွယ်မရောက်မီတွင် မိဘများ၏ မျှော်မှန်းချက်များကို ငြိမ်သက်စွာ လက်ခံပြီး တဖြည်းဖြည်းချင်းဖြင့် အရွယ်ရောက်ပြီးနောက်တွင် ၎င်းတို့သည် မိဘများ၏ ခံစားချက်အရဖြစ်သောအသိစိတ်၏ မျှော်မှန်းချက်များကို တက်ကြွစွာ လက်ခံကာ ဤဖိအားမျိုးနှင့် ဤလှည့်စားမှု၊ ထိန်းချုပ်မှု၊ လူ့အဖွဲ့အစည်းမှလာသော ချည်နှောင်မှုတို့ကို လိုလားစွာ လက်ခံကြသည်။ အနှစ်ချုပ်လျှင် ၎င်းတို့သည် ဤတွင် ငြိမ်သက်ခြင်းမှ တက်ကြွသော ပါဝင်သူများအဖြစ် တဖြည်းဖြည်းချင်းဖြင့် ပြောင်းသွားသည်။ ဤသို့ဖြင့် ၎င်းတို့မိဘများက ကျေနပ်မှုရှိကြသည်။ သားသမီးများသည်လည်း စိတ်အတွင်း၌ ငြိမ်းချမ်းမှုကိုလည်းကောင်း၊ ၎င်းတို့သည် ၎င်းတို့မိဘများကို စိတ်မပျက်စေခဲ့ဟုလည်းကောင်း၊ ၎င်းတို့သည် နောက်ဆုံးတွင် မိဘများ အလိုရှိသည့်အရာကို ပေးခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အရွယ်ရောက်ပြီးဖြစ်သည်၊ လူကြီးဖြစ်လာခြင်းသာ မဟုတ်ဘဲ မိဘများအမြင်တွင် ပါရမီရှိသောပုဂ္ဂိုလ်များဖြစ်လာခြင်း၊ မိဘများ၏ မျှော်မှန်းချက်များအတိုင်း လုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟုလည်းကောင်း ခံစားရသည်။ ဤလူများသည် အရွယ်ရောက်ပြီးနောက်တွင် မိဘများအမြင်၌ ပါရမီရှိသောပုဂ္ဂိုလ်များဖြစ်လာပြီး အောင်မြင်သော်လည်း အပေါ်ယံတွင် မိဘများက ပေးခဲ့သော အဖိုးအခများကို ပြန်ပေးခဲ့သည့်ပုံစံရှိသော်လည်း၊ ၎င်းတို့အပေါ် မိဘများ၏ မျှော်မှန်းချက်များက အချည်းနှီးမဖြစ်သည့် ပုံစံရှိသော်လည်း အမှန်တကယ်တွင် အဘယ်သို့ ဖြစ်သနည်း။ ဤသားသမီးများသည် မိမိတို့မိဘများ၏ ရုပ်သေးရုပ်ဖြစ်လာခြင်း၌ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မိဘများအပေါ် အလွန်အကြွေးတင်ခြင်း၌ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိဘများ၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန်၊ မိဘများအတွက် အစွမ်းပြကာ မိဘများအတွက် နာမည်နှင့် ဂုဏ်သိက္ခာယူဆောင်ပေးရန်အတွက် ၎င်းတို့၏ ကျန်သည့်ဘဝတစ်လျှောက်လုံးကို အသုံးပြုရာ၌ အောင်မြင်ခြင်းဖြစ်သည်။ ပြီးလျှင် မိဘများကို စိတ်ကျေနပ်အောင် လုပ်ပေးရာ၌၊ မိဘများ၏ ဂုဏ်နှင့် ဝမ်းမြောက်မှု ဖြစ်ခြင်း၌ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ မိဘများက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့သားသမီးများအကြောင်းကို ထုတ်ပြောလိမ့်မည်။ “ကျွန်မသမီးက ဤကုမ္ပဏီ၏ မန်နေဂျာဖြစ်သည်”၊ “ကျွန်မသမီးက ဤနာမည်ကြီးတံဆိပ်၏ ဒီဇိုင်နာဖြစ်သည်”၊ “ကျွန်မသမီးက ဤနိုင်ငံခြားဘာသာစကားတွင် ဤအဆင့်ရောက်နေပြီဖြစ်သည်။ သူက ကောင်းကောင်း ပြောနိုင်သည်။ သူက ဤဘာသာစကားနှင့်ပတ်သက်သော ဘာသာပြန်တစ်ဦးဖြစ်သည်။” “ကျွန်မသမီးက ကွန်ပြူတာအင်ဂျင်နီယာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသားသမီးများသည် မိဘများ၏ ဂုဏ်နှင့် ဝမ်းမြောက်မှုဖြစ်ရာ၌ အောင်မြင်ခဲ့သည်။ ပြီးလျှင် မိဘများ၏ အရိပ်ဖြစ်ရာ၌ အောင်မြင်ခဲ့သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သားသမီးများကို ပညာသင်ကြားပြီး လေ့ကျင့်ပေးရန် အလားတူနည်းလမ်းများကို အသုံးပြုမည်ဖြစ်သောကြောင့် ဖြစ်သည်။ မိဘများက ၎င်းတို့ကို လေ့ကျင့်ပေးရာတွင် အောင်မြင်ခဲ့သည်ဟု ၎င်းတို့က ထင်သည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင်၏ သားသမီးများကို လေ့ကျင့်ပေးရန်အတွက် မိဘများ၏ ပညာသင်ကြားမှုနည်းလမ်းကို အတုယူလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ မိဘများထံမှ ကံဆိုးမိုးမှောင်ကျခြင်း၊ ဝမ်းနည်းဖွယ်ဒုက္ခနှင့် စိတ်ထိခိုက်မှုတို့ကို ရရှိခဲ့သကဲ့သို့ ၎င်းတို့၏သားသမီးများသည်လည်း အလားတူအရာများကို ခံစားကြရမည် ဖြစ်သည်။

မိဘများသည် သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် လုပ်ဆောင်သမျှတိုင်းသည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သဘာဝနိယာမများကို ဆန့်ကျင်နေသည်။ ထို့အပြင် ဘုရားသခင်၏ စီမံမှုနှင့် အချုပ်အခြာအာဏာဖြင့် ဆန့်ကျင်နေသည်။ သားသမီးများသည် အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်ရန်၊ သို့မဟုတ် အမှီအခိုကင်းစွာ တွေးခေါ်ရန် စွမ်းရည်မရှိသော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် မိဘများ၏ အုပ်စိုးခြင်းကို မခံရပေ။ ထို့ကြောင့် မိုက်မဲသောမိဘများသည် ၎င်းတို့၏ အသိစိတ်အတွင်းတွင် သားသမီးများအပေါ် မျှော်မှန်းချက်များထားရှိခြင်းအပြင် ထိုမိဘများ၏ အပြုအမူနှင့်ပတ်သက်လျှင် ပိုက်ဆံသုံးစွဲရခြင်းဖြစ်စေ၊ အချိန်သုံးစွဲရခြင်းဖြစ်စေ၊ အားအင်သုံးစွဲရခြင်းဖြစ်စေ၊ အခြားသောအရာများကို သုံးစွဲရခြင်းဖြစ်စေ ဆောင်ရွက်မှုများ၊ အနစ်နာခံမှုများ၊ အဖိုးအခ ပေးဆပ်ခြင်းများကိုလည်း ပို၍လုပ်ဆောင်ကြပြီး ၎င်းတို့ အလိုရှိသမျှတိုင်းကို လုပ်ဆောင်ကာ သားသမီးများအတွက် လုပ်ဆောင်လိုစိတ် ရှိကြသည်။ မိဘများက ထိုအရာများကို မိမိဆန္ဒအလျောက် လုပ်ဆောင်ကြခြင်း ဖြစ်သော်လည်း ယင်းတို့သည် လူသားမဆန်ပေ။ ပြီးလျှင် ယင်းတို့သည် မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များ မဟုတ်ပေ။ ယင်းတို့သည် ၎င်းတို့၏ စွမ်းရည်နှင့် ၎င်းတို့၏ သင့်လျော်သောတာဝန်များ၏ နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် မိဘများသည် သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများ၏ အနာဂတ်ကို စီစဉ်ပြီး ထိန်းချုပ်ရန် စတင်ကြိုးစားကာ သားသမီးများ၏ အနာဂတ်ကိုလည်း အဆုံးအဖြတ်ပေးရန် ကြိုးစားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မမိုက်မဲသလော။ (မိုက်မဲပါသည်။) ဥပမာ လူတစ်ယောက်သည် သာမန်အလုပ်သမားတစ်ယောက်ဖြစ်မည်၊ ပြီးလျှင် ဤဘဝ၌ ကိုယ့်ဝမ်းကိုယ်ဖြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ဆင်ရန်အတွက် အခြေခံလုပ်အားခအချို့ကိုသာ ရှာနိုင်မည်ဟု ဘုရားသခင်က စီမံထားသည်။ သို့သော် သူ၏မိဘများက အဖိုးအခဆိုသောအရာ အမျိုးမျိုးကို ပေးဆပ်ပြီး သူ၏ဘဝနှင့် အနာဂတ်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း သူ့အား နာမည်ကြီးတစ်ယောက်၊ ချမ်းသာကြွယ်ဝသူတစ်ယောက်၊ ရာထူးကြီးသော အရာရှိတစ်ယောက်ဖြစ်ရန် အတင်းလုပ်ဆောင်ပြီး သူ အရွယ်မရောက်မီတွင် သူ၏ အနာဂတ်အတွက် အမှုအရာများကို စီမံခန့်ခွဲသည် ဆိုပါစို့။ ဤသည်မှာ မမိုက်မဲသလော။ (မိုက်မဲပါသည်။) ၎င်းတို့၏ သားသမီးက အလွန်ကောင်းသော အဆင့်များရသော်လည်း၊ တက္ကသိုလ်တက်ပြီး အရွယ်ရောက်ပြီးနောက်တွင် ကျွမ်းကျင်မှုအမျိုးမျိုးကို သင်ယူကာ ကျွမ်းကျင်မှုအချို့ရှိသော်လည်း နောက်ဆုံး၌ အလုပ်ရှာသောအခါတွင် မည်မျှရှာပါစေ အဆုံးတွင် သာမန်အလုပ်သမားတစ်ယောက်သာ ဖြစ်လာဆဲ ဖြစ်သည်။ အများဆုံးအနေဖြင့် သူသည် ကံကောင်းပြီး အလုပ်သမားခေါင်းဖြစ်လာသည်။ ဤသည်မှာ ကောင်းနေပြီ ဖြစ်သည်။ အဆုံးတွင် သူသည် အခြေခံလစာသာရသည်။ သူ၏မိဘများတောင်းဆိုသကဲ့သို့ ရာထူးကြီးသော အရာရှိ၊ သို့မဟုတ် ချမ်းသာသောသူ၏ လစာကို မည်သည့်အခါမျှ မရနိုင်ပေ။ သူ၏မိဘများက သူနှင့်အတူ ကောင်းစားနိုင်ရန်အတွက် သူ့အား ကမ္ဘာလောကတွင် အစဉ်သဖြင့် တိုးတက်ပေါက်ရောက်စေလိုသည်။ ပိုက်ဆံများစွာ ရစေလိုသည်။ ရာထူးကြီးသော အရာရှိဖြစ်စေလိုသည်။ သူသည် ကျောင်းတွင် အလွန်တော်ပြီး အလွန်နာခံသော်လည်း၊ ၎င်းတို့သည် သူ့အတွက် အဖိုးအခများစွာ ပေးဆပ်ခဲ့သော်လည်း၊ သူကြီးပြင်းလာပြီနောက်တွင် တက္ကသိုလ် တက်ခဲ့သော်လည်း ဤဘဝတွင် သူသည် သာမန်အလုပ်သမားတစ်ယောက် ဖြစ်ဖို့ ကံပါလာဆဲဖြစ်သည်ကို ၎င်းတို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ၎င်းတို့သည် ဤအရာကို ကြိုတင်မျှော်မှန်းနိုင်ခဲ့လျှင် ထိုအချိန်၌ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ညှဉ်းပန်းခဲ့မည် မဟုတ်ပေ။ သို့သော် မိဘများသည် မိမိတို့ကိုယ်ကို ညှဉ်းပန်းခြင်းကို ရှောင်နိုင်သလော။ (မရှောင်နိုင်ပါ။) နာမည်ကြီး တက္ကသိုလ်များသို့ သားသမီးများ တက်ရောက်နိုင်ရန်အတွက် မိဘများသည် ၎င်းတို့၏အိမ်၊ မြေ၊ မိသားစုပိုင်ဆိုင်မှုများကို ရောင်းပြီး အချို့မှာ ကျောက်ကပ်ကိုပင် ရောင်းသည်။ သားသမီးဖြစ်သူက ဤအရာကို သဘောမတူသောအခါ မိခင်က “အမေ့၌ ကျောက်ကပ်နှစ်ခုရှိသည်။ တစ်ခု မရှိတော့လျှင် နောက်တစ်ခုရှိသေးသည်။ အမေက အသက်ကြီးနေပြီ ကျောက်ကပ်တစ်ခုသာ လိုအပ်သည်” ဟု ဆိုသည်။ သူမ၏ သားသမီးဖြစ်သူက ဤအရာကို ကြားပြီးနောက်တွင် မည်သို့ ခံစားရသနည်း။ “ကျွန်ုပ်က တက္ကသိုလ်မတက်ရလျှင်ပင် အမေ့ကို ကျောက်ကပ်ရောင်းခွင့် မပြုနိုင်ပါ”ဟူ၍ ဖြစ်သည်။ မိခင်က “တက္ကသိုလ် မတက်ဘူးလား။ မင်းက စကားနားမထောင်သော၊ သားသမီးဝတ်မကျေသော သားသမီးဖြစ်သည်။ ငါ့ကျောက်ကပ်ကို အဘယ်ကြောင့် ရောင်းနေရသနည်း။ မင်း အနာဂတ်တွင် အောင်မြင်နိုင်ရန်သာ မဟုတ်လား” ဟု ဆိုသည်။ သားသမီးဖြစ်က ဤအရာကို ကြားပြီးနောက်တွင် စိတ်ထိခိုက်ခံစားရပြီး “သို့ဆိုလျှင် အမေက သူ့ကျောက်ကပ်ကို သွားရောင်းလိုက ရောင်းနိုင်ပါသည်။ ငါ သူ့ကို စိတ်ပျက်အောင် မလုပ်ဘူး” ဟု တွေးသည်။ အဆုံးတွင် မိခင်က အမှန်ပင် လုပ်ဆောင်သည်။ သူမကလေး၏ အနာဂတ်ကို ကျောက်ကပ်နှင့်လဲလိုက်သည်။ အဆုံးတွင် သူမ၏ကလေးသည် အလုပ်သမားသာ ဖြစ်လာပြီး အောင်မြင်မလာပေ။ ဤသို့ဆိုလျှင် မိခင်က ကျောက်ကပ်ကို ရောင်းခဲ့ပြီး သူမ ပြန်ရသမျှမှာ အလုပ်သမားသာ ဖြစ်သည်။ ဤသည်မှာ သင့်လျော်သလော။ (မသင့်လျော်ပါ။) အဆုံးတွင် မိခင်က ဤအရာကို မြင်ပြီး “မင်းက အလုပ်သမားဖြစ်ဖို့သာ ကံပါလာသည်။ အမေသာ စောစောက သိခဲ့လျှင် မင်းကို တက္ကသိုလ်ပို့ဖို့ ကျောက်ကပ်ရောင်းခဲ့မိမည် မဟုတ်။ မင်းက အလုပ်သမားသာ လုပ်ခဲ့လိုက်ရမည်ဖြစ်သည် မဟုတ်သလော။ မင်း တက္ကသိုလ်တက်ရခြင်းသည် အဘယ်အကျိုးရှိသနည်း” ဟု ဆိုသည်။ အလွန်နောက်ကျသွားပြီ ဖြစ်သည်။ ယခင်အချိန်က သူမကို အလွန်မိုက်မဲစွာ လုပ်ဆောင်ရန် မည်သူက ခိုင်းစေခဲ့သနည်း။ သူမ၏ ကလေးက ရာထူးကြီးသော အရာရှိဖြစ်လာပြီး ပိုက်ဆံများစွာရသည့် အယူအဆကို သူမ နှစ်သက်အောင် မည်သူက လုပ်ဆောင်ခဲ့သနည်း။ သူမသည် လောဘကြောင့် အမြင်ဖုံးသွားခဲ့သည်။ သူမသည် ဤအရာနှင့် ထိုက်တန်သည်။ သူမသည် သူမ၏ကလေးအတွက် အဖိုးအခများစွာကို ပေးဆပ်ခဲ့သည်။ သို့သော သူမ၏ ကလေးက သူမအပေါ် တစ်စုံတစ်ခု အကြွေးတင်သလော။ မတင်ပေ။ သူမသည် ထိုအဖိုးအခများကို လိုလိုလားလား ပေးဆပ်ခဲ့ပြီး သူမနှင့် ထိုက်တန်သောအရာကို ရရှိခဲ့သည်။ သူမက ကျောက်ကပ်နှစ်ခုရောင်းလျှင်ပင် မိမိဆန္ဒအလျောက်လုပ်ဆောင်ခြင်း ဖြစ်လိမ့်မည်။ လူအချို့သည် ၎င်းတို့၏ သားသမီးများအား ဂုဏ်ရှိသော တက္ကသိုလ်များသို့ ပို့ရန်အတွက် ၎င်းတို့၏ မျက်ကြည်လွှာကို ရောင်းသည်။ လူအချို့က ၎င်းတို့၏ သွေးကို ရောင်းသည်။ လူအချို့က ၎င်းတို့၌ ရှိသောအရာရာတိုင်းကို စွန့်လွှတ်ပြီး မိသားစုပိုင်ဆိုင်မှုများကို ရောင်းသည်။ ဤသည်မှာ ထိုက်တန်သလော။ သွေးအနည်းငယ်၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါတစ်ခုကို ရောင်းခြင်းသည် လူတစ်ယောက်၏ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်ပြီး သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည်ဟု ၎င်းတို့က ထင်နေသကဲ့သို့ ဖြစ်သည်။ ဤသို့ ပြုလုပ်နိုင်သလော။ (မပြုလုပ်နိုင်ပါ။) လူတို့သည် အလွန်ပင် မိုက်မဲသည်။ ၎င်းတို့သည် ယခုရေတွင်းတူးပြီး ယခုရေကြည်သောက်ဖို့ ကြိုးစားနေကြသည်။ ၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကြောင့် အမြင်ဖုံးနေကြသည်။ ၎င်းတို့သည် “ဪ။ ဤသည်မှာ ငါတို့ဘဝ၏ ပုံစံသာဖြစ်သည်” ဟု အစဉ် တွေးကြသည်။ ထို့ကြောင့် သားသမီးများအပေါ် ၎င်းတို့၏ မျှော်လင့်ချက်များကို ပုံထားကြသည်။ ဤသည်မှာ ၎င်းတို့သားသမီးများ၏ ကံကြမ္မာသည် ၎င်းတို့၏ ကံကြမ္မာထက် အသေအချာပင်ပို၍ ကောင်းလိမ့်မည်ဟု ဆိုလိုသလော။ ၎င်းတို့၏ သားသမီးများသည် လောကတွင် တိုးတက်ပေါက်ရောက်နိုင်မည်ဟု ဆိုလိုသလော။ ၎င်းတို့သည် ထူးခြားလိမ့်မည်ဟု ဆိုလိုသလော။ လူတို့သည် အဘယ်သို့ အလွန်မိုက်မဲကြသနည်း။ ၎င်းတို့သည် သားသမီးများအတွက် မြင့်မားသော မျှော်မှန်းချက်များရှိရုံဖြင့် ၎င်းတို့၏သားသမီးများသည် အခြားလူများထက် သေချာပေါက် သာလွန်ပြီး ၎င်းတို့မျှော်မှန်းချက်များအတိုင်း လုပ်ဆောင်နိုင်မည်ဟု ထင်ကြသလော။ လူတို့၏ ကံကြမ္မာကို ၎င်းတို့မိဘများက ဆုံးဖြတ်ခြင်းမဟုတ်။ ဘုရားသခင်က ဆုံးဖြတ်ခြင်း ဖြစ်သည်။ မည်သည့်မိဘကမျှ သားသမီးကို သူတောင်းစားဖြစ်လာသည်ကို မမြင်လိုသည်မှာ မှန်သည်။ သို့ဖြစ်လျှင်မူ ၎င်းတို့၏ သားသမီးများကို ကမ္ဘာလောကတွင် တိုးတက်ပေါက်ရောက်ပြီး ရာထူးကြီးသော အရာရှိများဖြစ်ရန်၊ သို့မဟုတ် လူ့အဖွဲ့အစည်း၏ အထက်တန်းအဆင့်တွင် အရေးပါသောလူများဖြစ်ရန် အတင်းလုပ်ဆောင်ဖို့ မလိုပေ။ လူ့အဖွဲ့အစည်း၏ အထက်တန်းအဆင့်၌ ရှိခြင်းသည် အဘယ်သို့ ကောင်းသနည်း။ ကမ္ဘာလောက၌ တိုးတက်ပေါက်ရောက်ခြင်းသည် အဘယ်သို့ကောင်းသနည်း။ ယင်းတို့သည် အရှုပ်တော်ပုံများဖြစ်သည်။ ကောင်းသောအရာများ မဟုတ်ပေ။ နာမည်ကြီးဖြစ်ခြင်း၊ ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်ခြင်း၊ မဟာလူသားဖြစ်ခြင်း၊ သို့မဟုတ် ရာထူးနှင့် အဆင့်အတန်းရှိသောသူဖြစ်ခြင်းသည် ကောင်းသောအရာ ဖြစ်သလော။ ဘဝသည် သာမန်လူတစ်ယောက်အနေဖြင့် သက်သောင့်သက်သာ အရှိဆုံး ဖြစ်သည်။ အနည်းငယ်ပိုဆိုးသော အစားအစာ၊ အဝတ်အစားတို့နှင့် အနည်းငယ်ပို၍ ဆင်းရဲသော၊ ခက်ခဲသော၊ ပင်ပန်းသောဘဝကို နေထိုင်ခြင်းသည် အဘယ်သို့ မှားနေသနည်း။ အနည်းဆုံးအနေဖြင့် တစ်ခုမှာသေချာသည်။ သင်သည် လူ့အဖွဲ့အစည်း၏ အထက်တန်းအဆင့်၏ လူမှုရေး ရေပန်းစားမှုများထဲတွင် မနေသည့်အတွက် အနည်းဆုံးအနေဖြင့် သင်သည် အပြစ်လုပ်ခြင်း လျော့နည်းပြီး ဘုရားသခင်ကို အာခံရန် လုပ်ဆောင်မှုများ နည်းပါးလိမ့်မည်။ သာမန်လူတစ်ယောက်အနေဖြင့် သင်သည် အလွန်ကြီးသော၊ သို့မဟုတ် မကြာခဏဖြစ်သော စုံစမ်းသွေးဆောင်မှုကို ရင်ဆိုင်ရမည်မဟုတ်ပေ။ သင်၏ဘဝက အနည်းငယ်ပို၍ ကြမ်းတမ်းမည် ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် စိတ်ဝိညာဉ်တွင် မောပန်းမည်မဟုတ်ပေ။ စဉ်းစားကြည့်လော့။ အလုပ်သမားတစ်ယောက်အနေဖြင့် သင်စိတ်ပူရန်လိုသည်မှာ တစ်ရက်တွင် သုံးနပ်စားရဖို့ သေချာအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်က အရာရှိဖြစ်သောအခါတွင် ဤသို့ မဟုတ်ပေ။ သင်သည် ယှဉ်ပြိုင်ကြိုးစားရသည်။ သင်၏ ရာထူးက စိတ်မချရတော့သည့် နေ့သည် မည်သည့်အချိန်တွင်ရောက်လာမည်ကို သင်သိမည်မဟုတ်။ ပြီးလျှင် ဤသည်မှာ အဆုံးသတ်ဖြစ်မည်မဟုတ်ပေ။ သင် စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ခဲ့သည့် လူတို့သည် လက်စားချေရန်အတွက် သင့်အား ရှာဖွေလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဒဏ်ခတ်ခြင်းကို သင်ခံရမည်။ ဘဝသည် နာမည်ကြီးသူများ၊ ကြီးမြတ်သောလူများ၊ ချမ်းသာသောလူများအတွက် အလွန်မောပန်းဖွယ် ဖြစ်သည်။ ချမ်းသာသောသူများသည် အနာဂတ်တွင် အလွန် မချမ်းသာတော့မည်ကိုလည်းကောင်း၊ ဤသို့ဖြစ်လျှင် ဆက်လက် မရှင်သန်နိုင်မည်ကိုလည်းကောင်း ကြောက်ရွံ့သည်။ နာမည်ကြီးသူများက ၎င်းတို့၏ အယောင်အဝါများ ပျောက်ကွယ်သွားမည်ကို အစဉ်စိုးရိမ်ကြသည်။ ပြီးလျှင် ဤခေတ်ကာလနှင့် ရေပန်းစားမှုများ၏ ဖယ်ရှားခြင်းခံရမည်ကို ကြောက်ရွံ့လျက် ၎င်းတို့၏ အယောင်အဝါများကို အစဉ်ကာကွယ်လိုကြသည်။ ၎င်းတို့၏ ဘဝသည် အလွန်ပင်ပန်းသည်။ မိဘများက ဤအရာများကို လုံးဝ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ။ ပြီးလျှင် သားသမီးများကို ဤရုန်းကန်မှု၏ အလယ်ဗဟိုသို့ အစဉ်တွန်းပို့လိုကြပြီး ဤခြင်္သေ့သားရဲတွင်းနှင့် အရှုပ်တော်ပုံထဲသို့ ပို့လိုကြသည်။ မိဘများ၌ အမှန်တကယ် ကောင်းသောရည်ရွယ်ချက်များရှိသလော။ ၎င်းတို့၌ ကောင်းသောရည်ရွယ်ချက် မရှိဟု ငါဆိုလျှင် သင်တို့က ကြားလိုစိတ်ရှိမည်မဟုတ်။ သင့်မိဘများ၏ မျှော်မှန်းချက်များသည် သင်တို့အပေါ် ပုံစံများစွာဖြင့် အပျက်သဘောဆောင်စွာ သက်ရောက်သည်ဟု ငါဆိုလျှင် သင်တို့ အသိအမှတ်ပြုလိုစိတ်ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် သင်တို့အား အလွန်နက်နဲစွာပင် ထိခိုက်သည်မဟုတ်လော။ သင်တို့ထဲမှ အချို့က ဤအရာကို အသိအမှတ် ပြုလိုစိတ်မရှိ။ သင်က “ကျွန်ုပ်၏မိဘများက ကျွန်ုပ်အတွက် ကောင်းဖို့ကိုသာ အလိုရှိသည်” ဟု ဆိုသည်။ သင့်မိဘများက သင့်အတွက် ကောင်းဖို့ကိုသာ အလိုရှိသည်ဟု သင်ဆိုသည်။ ဤသို့ဆိုလျှင် ထိုကောင်းသောအရာများသည် အဘယ်မှာနည်း။ သင့်မိဘများက သင့်အတွက် ကောင်းသောအရာကို အလိုရှိသည်။ သို့သော် အပြုသဘောဆောင်သောအရာ မည်မျှကို သင်နားလည်အောင် ၎င်းတို့က လုပ်ဆောင်ပေးသနည်း။ သင့်မိဘများက သင့်အတွက် ကောင်းသောအရာကို အလိုရှိသည်ဆိုသော်လည်း သင်၏ မမှန်ကန်သော၊ မလိုလားအပ်သော အတွေးများနှင့် အမြင်များ မည်မျှကို ၎င်းတို့ ပြုပြင်ပေးခဲ့သနည်း။ (တစ်ခုမျှ ပြုပြင်ပေးခဲ့ခြင်းမရှိပါ။) ဤသို့ဆိုလျှင် ယခုတွင် ဤအရာများကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ မိဘများ၏ မျှော်မှန်းချက်များသည် လက်တွေ့မကျသည်ကို ခံစားရနိုင်သည် မဟုတ်လော။

မိမိတို့၏သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များ၏ အနှစ်သာရကို စိတ်ဖြာလေ့လာ ဆွေးနွေးခြင်းမှတစ်ဆင့် ဤမျှော်မှန်းချက်များသည် တစ်ကိုယ်ကောင်းဆန်သည်ကိုလည်းကောင်း၊ လူ့သဘာဝကို ဆန့်ကျင်သည်ကိုလည်းကောင်း၊ ထို့အပြင် မိဘများ၏ တာဝန်များနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသည်ကိုလည်းကောင်း ငါတို့ မြင်နိုင်သည်။ မိဘများက မိမိတို့၏သားသမီးများအပေါ် အမျိုးမျိုးသော မျှော်မှန်းချက်များနှင့် တောင်းဆိုချက်များ သတ်မှတ်သောအခါတွင် ၎င်းတို့သည် ၎င်းတို့တာဝန်များကို ဖြည့်ဆည်းနေခြင်း မဟုတ်။ ဤသို့ဆိုလျှင် ၎င်းတို့၏ “တာဝန်များ”မှာ အဘယ်နည်း။ မိဘများက ဖြည့်ဆည်းသင့်သော အခြေခံအကျဆုံး တာဝန်များမှာ ၎င်းတို့၏သားသမီးအား စကားပြောရန် သင်ပေးခြင်း၊ သနားကြင်နာတတ်ပြီး မကောင်းသောလူများမဖြစ်ရန် ညွှန်ကြားပြသပေးခြင်း၊ ကလေးများအား အပြုသဘောဆောင်သော ဦးတည်ရာသို့ လမ်းပြပေးခြင်းတို့ဖြစ်သည်။ ဤသည်တို့မှာ အခြေခံအကျဆုံး တာဝန်များဖြစ်သည်။ ထို့အပြင် သားသမီးများ၏ အသက်အရွယ်၊ ၎င်းတို့သည် မည်မျှ ကိုင်တွယ်နိုင်သည်ဆိုသည်နှင့် ၎င်းတို့၏ အစွမ်းအစ၊ စိတ်ဝင်စားမှုများကို အခြေခံပြီး ၎င်းတို့နှင့် သင့်တော်သည့် မျိုးစုံသော အသိပညာ၊ ပါရမီ စသည်တို့ကို လေ့လာခြင်းတွင် မိမိတို့၏သားသမီးများအား ကူညီထောက်မသင့်သည်။ အနည်းငယ်ပိုတော်သော မိဘများမှာ ၎င်းတို့၏ သားသမီးများအား လူတို့ကို ဘုရားသခင်က ဖန်ဆင်းသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် ဤစကြဝဠာတွင် တည်ရှိသည်ကိုလည်းကောင်း နားလည်ရန် ကူညီပေးမည်ဖြစ်ပြီး မိမိတို့၏သားသမီးများအား ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ရန် ဦးဆောင်လိမ့်မည်။ ကျမ်းစာထဲမှ ဇာတ်လမ်းအချို့ကို ပြောပြလိမ့်မည်။ ပြီးလျှင် သားသမီးများသည် အရွယ်ရောက်ပြီးသည့်နောက်တွင် လောကီရေပန်းစားမှုများနောက်သို့လိုက်ခြင်း၊ ရှုပ်ထွေးသော လူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးများအတွင်း ပိတ်မိနေခြင်း၊ ဤလောကနှင့် လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုအမျိုးမျိုးကြောင့် စိတ်ထိခိုက်ခံရခြင်းတို့ ဖြစ်မည့်အစား ဘုရားနောက်သို့လိုက်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းမည်ဟု မျှော်လင့်လိမ့်မည်။ မိဘများက ဖြည့်ဆည်းသင့်သည့် တာဝန်များသည် ၎င်းတို့၏မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ မိဘများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍတွင် ၎င်းတို့ ဖြည့်ဆည်းသင့်သော တာဝန်များမှာ သားသမီးများ အရွယ်မရောက်မီတွင် မိမိတို့၏သားသမီးများအား အပြုသဘောဆောင်သော လမ်းပြမှုနှင့် သင့်လျော်သော ကူညီထောက်မမှုပေးရန်၊ ထို့အပြင် အစားအစာ၊ အဝတ်အစား၊ အိုးအိမ်နေရာချထားခြင်းတို့နှင့် ပတ်သက်ပြီး သားသမီးများ၏ ဇာတိပကတိ ဘဝများတွင်၊ သို့မဟုတ် ၎င်းတို့ဖျားနာသောအခါတွင် ၎င်းတို့ကို မဆိုင်းမတွ ဂရုစိုက်ပေးရန်ဖြစ်သည်။ ၎င်းတို့၏သားသမီးများက ဖျားနာလျှင် မိဘများက ကုသရန်လိုသည့် မည်သည့်ရောဂါကိုမဆို ကုသပေးသင့်သည်။ ၎င်းတို့သည် မိမိတို့၏သားသမီးများအား လျစ်လျူမရှုသင့်ပေ၊ သို့မဟုတ် “ကျောင်းဆက်တက်ပါ၊ စာဆက်သင်ပါ၊ မင်းအတန်းမှာ နောက်ကျလို့ မဖြစ်ပါ။ အရမ်းနောက်ကျသွားပါက လိုက်မီနိုင်မည်မဟုတ်ပါ” ဟု မပြောသင့်ပေ။ မိမိတို့၏သားသမီးများက အနားယူဖို့လိုအပ်သောအချိန်တွင် မိဘများက ၎င်းတို့ကို အနားယူခွင့်ပေးသင့်သည်။ မိမိတို့၏သားသမီးများက ဖျားနာသောအခါ မိဘများက ပြန်လည်သက်သာလာရန် ကူညီပေးရမည်။ ဤသည်တို့မှာ မိဘများ၏ တာဝန်များဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သားသမီးများ၏ ကိုယ်ခန္ဓာကျန်းမာရေးကို ၎င်းတို့ ဂရုစိုက်ရမည်။ အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးများ၏ စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး သားသမီးများအား ကူညီရမည်၊ ပညာသင်ပေးရမည်၊ ထောက်ပံ့ရမည်။ ဤသည်တို့မှာ မိမိတို့၏သားသမီးများအပေါ် လက်တွေ့မကျသော မျှော်မှန်းချက်များ၊ သို့မဟုတ် တောင်းဆိုချက်များ သတ်မှတ်ခြင်းအစား မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်။ မိမိတို့၏သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ရုပ်ပိုင်းဆိုင်ရာဘဝတွင် မိမိတို့၏ သားသမီးများ လိုအပ်သည့်အရာ နှစ်မျိုးလုံးနှင့် ပတ်သက်လျှင် မိဘများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရမည်။ မိဘများသည် ဆောင်းရာသီတွင် မိမိတို့၏သားသမီးများကို အအေးဒဏ်ခံစားရအောင် မထားသင့်ပေ။ မည်သည့်အခြေအနေမျိုးတွင် ၎င်းတို့ အအေးမိနိုင်သည်ကိုလည်းကောင်း၊ ပူနွေးသော အစားအစာများကို ၎င်းတို့ စားသင့်သည်ကိုလည်းကောင်း၊ အေးသောအစားအစာများကို စားလျှင် ဗိုက်နာမည်ကိုလည်းကောင်း၊ ရာသီဥတုက အေးသောအခါတွင် လေစိမ်းတိုက်သောနေရာများ၌ သာမန်ကာလျှံကာဖြင့် လေတိုက်မခံသင့်၊ သို့မဟုတ် အဝတ်အစားမချွတ်သင့်သည်ကိုလည်းကောင်း သားသမီးများအား မိမိကိုယ်တိုင်၏ ကျန်းမာရေးကို ဂရုစိုက်တတ်ရန် ၎င်းတို့ကို ကူညီပေးရင်း ဘဝနှင့်ဆိုင်သော အထွေထွေဗဟုသုတအချို့ကို ၎င်းတို့ကို သွန်သင်ပေးသင့်သည်။ ထို့အပြင် မိမိတို့သားသမီးများ၏ နုနယ်သောစိတ်တွင် ၎င်းတို့အနာဂတ်နှင့်ပတ်သက်ပြီး ကလေးဆန်သော၊ မရင့်ကျက်သောအယူအဆ၊ သို့မဟုတ် အလွန်အကျူးဖြစ်သော အတွေးအချို့ ဖြစ်ပေါ်လာသောအခါတွင် မိဘများသည် ဤအရာကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အား အတင်းအဓမ္မ ဖိနှိပ်မည့်အစား မှန်ကန်သော လမ်းပြမှု ချက်ချင်း ပေးရမည်။ ပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်ရန်အတွက် မိမိတို့၏သားသမီးများအား ၎င်းတို့၏ အယူအဆများကို ဖော်ပြပြီး ရင်ဖွင့်ခိုင်းသင့်သည်။ ဤသည်မှာ မိဘများ၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ တစ်ဖက်တွင် မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် မိမိတို့၏သားသမီးကို ဂရုစိုက်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် မိမိတို့၏သားသမီးကို ညွှန်ကြားခြင်းနှင့် ပြုပြင်ပေးခြင်း၊ မှန်ကန်သော အတွေးများ၊ အမြင်များနှင့်ပတ်သက်ပြီး ၎င်းတို့အား လမ်းပြပေးခြင်း ဖြစ်သည်။ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များသည် အမှန်တကယ်တွင် သားသမီးများအပေါ် ၎င်းတို့၏ မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ သင်၏ သားသမီးများသည် အရွယ်ရောက်ပြီးနောက်တွင် ကိုယ်ခန္ဓာကျန်းမာမည့်အရေး၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်မည့်အရေးတို့ကို သင်မျှော်လင့်နိုင်သည်၊ သို့မဟုတ် သင်၏ သားသမီးများသည် သင့်အပေါ် သားသမီးဝတ်ကျေပွန်မည်ဟု သင်မျှော်လင့်နိုင်သည်။ သို့သော် သင်၏ သားသမီးများသည် အရွယ်ရောက်ပြီးနောက်တွင် ဤနာမည်ကြီးသူမျိုး၊ သို့မဟုတ် ကြီးမြတ်သောသူမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်သင့်ပေ။ ပြီးလျှင် “ဘေးအိမ်က ရှောင်မင်သည် မည်မျှစကားနားထောင်သည်ကို ကြည့်ဦး” ဟု သင်၏ သားသမီးအား မကြာခဏပြောခြင်းကို ပို၍ပင် မလုပ်သင့်ပေ။ သင်၏ သားသမီးများသည် သင်၏ သားသမီးများဖြစ်သည်။ သင်ဖြည့်ဆည်းသင့်သည့် တာဝန်သည် သူ၏ အိမ်နီးချင်းရှောင်မင်က မည်မျှတော်သည်ဆိုသည်ကို ပြောပြရန်၊ သို့မဟုတ် သူ၏ အိမ်နီးချင်းရှောင်မင်ထံမှ သင်ယူရန် ပြောဖို့ မဟုတ်ပေ။ ဤသည်မှာ မိဘက လုပ်ဆောင်သင့်သည့်အရာတစ်ခု မဟုတ်ပေ။ လူတိုင်းက မတူပေ။ လူတို့သည် ၎င်းတို့၏ အတွေးများ၊ အမြင်များ၊ စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အစွမ်းအစ၊ ပင်ကိုစရိုက်များနှင့် ၎င်းတို့လူ့သဘာဝ အနှစ်သာရက ကောင်းသလော၊ ကြမ်းတမ်းသလောဆိုသည်တို့နှင့်ပတ်သက်လျှင် ကွဲပြားကြသည်။ လူအချို့သည် မွေးကတည်းက လေပေါသူများဖြစ်ပြီး အခြားလူများမှာမူ မွေးရာပါ အေးသောသူများဖြစ်သည်။ ပြီးလျှင် တစ်နေကုန် စကားတစ်ခွန်းမျှမပြောဘဲ နေသွားပါကလည်း စိတ်မကြည်မလင် ဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် မိဘများသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းလိုလျှင် လောကီ၊ ဂုဏ်သိက္ခာ၊ အကျိုးအမြတ်တို့နှင့်သက်ဆိုင်သည့် ၎င်းတို့ကိုယ်တိုင်၏ အရွယ်ရောက်ပြီးသူများ၏ လိုက်စားမှုများကို မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်များအဖြစ် ပြောင်းလဲခြင်း၊ လူ့အဖွဲ့အစည်းမှလာသော ဤဂုဏ်သိက္ခာ၊ အကျိုးအမြတ်၊ လောကီတို့နှင့်သက်ဆိုင်သော အရာများကို သားသမီးများအပေါ်သို့ ချမှတ်ခြင်းအစား မိမိတို့သားသမီးများ၏ ပင်ကိုစရိုက်များ၊ စိတ်သဘောထားများ၊ စိတ်ဝင်စားမှုများ၊ အစွမ်းအစနှင့် သားသမီးများ၏ လူ့သဘာဝလိုအပ်ချက်တို့ကို နားလည်ဖို့ ကြိုးစားသင့်သည်။ မိဘများသည် ဤအရာများကို “မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်များ” ဟူသည့် ချိုသာသောစကားအပေါ် ယိုးမယ်ဖွဲ့လေသည်။ သို့သော် လက်တွေ့တွင် ထိုအရာများသည် ထိုသို့ မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏သားသမီးများကို မီးတွင်းထဲသို့ တွန်းပို့ပြီး နတ်ဆိုး၏ လက်ထဲသို့ ပို့ဖို့ ကြိုးစားနေသည်မှာ ရှင်းသည်။ သင်သည် အမှန်ပင် အရည်အချင်း ပြည့်မီသောမိဘဖြစ်လျှင် သားသမီးများအရွယ်မရောက်မီတွင် သင်၏ စိတ်အလိုအတိုင်း ၎င်းတို့ကို အတင်းအကျပ်စေခိုင်းခြင်း၊ ၎င်းတို့၏ နုနယ်သောစိတ်က မခံယူသင့်သည့်အရာများကို အတင်းခံယူစေခြင်းတို့အစား ၎င်းတို့၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး သင့်တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့ကို အမှန်တကယ်ချစ်ပြီး မြတ်နိုးလျှင်၊ ၎င်းတို့အပေါ်ရှိသော သင်၏ တာဝန်များကို သင်အမှန်တကယ် ဖြည့်ဆည်းလိုလျှင် ၎င်းတို့၏ ရုပ်ခန္ဓာကို ဂရုစိုက်သင့်ပြီး ၎င်းတို့ ကိုယ်ခန္ဓာကျန်းမာစေရန် သေချာအောင် လုပ်ဆောင်သင့်သည်။ ကလေးအချို့မှာ မွေးကတည်းက ချည့်နဲ့ပြီး ကျန်းမာရေး မကောင်းသည်မှာ မှန်သည်။ ၎င်းတို့မိဘများက အမှန်တကယ်ပင် ဤသို့လုပ်ဆောင်နိုင်သည့် အခြေအနေရှိလျှင် မိဘများသည် သားသမီးများကို အာဟာရဖြည့်စွက်စာအချို့ ပို၍ တိုက်ကျွေးနိုင်သည်၊ သို့မဟုတ် တရုတ်တိုင်းရင်းဆေးသမားတော်၊ သို့မဟုတ် အာဟာရပညာရှင်ကို မေးမြန်းစုံစမ်းပြီး ဤသားသမီးများအပေါ် အနည်းငယ်ပို၍ ဂရုစိုက်မှု ပြသနိုင်သည်။ ထို့အပြင် မွေးကင်းစနှင့် ကလေးဘဝမှ ကြီးကောင်ငင်ချိန်အထိ မိမိတို့၏သားသမီးများ အရွယ်မရောက်မီ အသက်အရွယ်တစ်ခုစီတိုင်းတွင် မိဘများသည် မိမိတို့၏ သားသမီးများ၏ ပင်ကိုစရိုက်များနှင့် စိတ်ဝင်စားမှုတို့ ပြောင်းလဲခြင်းများအပြင် ၎င်းတို့၏ လူ့သဘာဝကို ၎င်းတို့ စူးစမ်းလေ့လာခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ လိုအပ်ချက်များကို အနည်းငယ်ပို၍ အာရုံစိုက်သင့်ပြီး အနည်းငယ်ပို၍ အရေးစိုက်သင့်သည်။ မိဘများသည် သားသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနှင့် မှားယွင်းသော အယူအဆများ၊ ၎င်းတို့လူ့သဘာဝ၏ လိုအပ်ချက်များနှင့်သက်ဆိုင်သော အချို့သော မသိမမြင်နိုင်သော အရာများနှင့်ပတ်သက်လျှင် တူညီသောအရာများကို ကြုံတွေ့ခြင်းအားဖြင့် ၎င်းတို့ကိုယ်တိုင်ရရှိခဲ့သော လက်တွေ့ကျသော အသိအမြင်၊ အတွေ့အကြုံ၊ သင်ခန်းစာများကို အသုံးပြုပြီး မိမိတို့၏သားသမီးများအား အပြုသဘောဆောင်သော၊ လူသားဆန်သော လမ်းပြမှု၊ ကူညီမှုနှင့် ပံ့ပိုးမှုအချို့ကိုလည်း ပေးသင့်သည်။ ထို့နောက်တွင် မိဘများသည် မိမိတို့၏သားသမီးများအား အသက်အရွယ်တစ်ခုစီတိုင်း၌ အဆင်ပြေချောမွေ့စွာ ကြီးပြင်းလာရန်၊ ကွေ့ကောက်သောလမ်းကြောင်းများ၊ သို့မဟုတ် မှားယွင်းသော လမ်းကွေ့များသို့ မသွားစေရန်၊ သို့မဟုတ် အစွန်းရောက်မှုများသို့ ချော်ထွက်မသွားစေရန် ကူညီပေးသင့်သည်။ သားသမီးများ၏ ငယ်ရွယ်သော၊ ရှုပ်ထွေးနေသော စိတ်သည် နာကျင်သောအခါ၊ သို့မဟုတ် ရိုက်ခတ်မှုကို ခံရသောအခါ ချက်ချင်းကုစားမှုခံသင့်သည်။ ၎င်းတို့မိဘများ၏ အရေးစိုက်မှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှုနှင့် လမ်းပြမှုတို့ကိုလည်း ခံသင့်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်။ ၎င်းတို့၏သားသမီးများက ၎င်းတို့ကိုယ်တိုင်၏ အနာဂတ်အတွက် ရှိသည့် မည်သည့်အစီအစဉ်မဆိုအတွက်မူ ၎င်းတို့က ကျောင်းဆရာများ၊ အနုပညာရှင်များ၊ သို့မဟုတ် အရာရှိများ စသည်တို့ ဖြစ်လိုသည်ဖြစ်စေ၊ ၎င်းတို့၏ အစီအစဉ်များက ကျိုးကြောင်းသင့်လျှင် မိဘများက ၎င်းတို့ကို အားပေးနိုင်သည်။ ပြီးလျှင် သားသမီးများကိုယ်တိုင်၏ အခြေအနေ၊ ပညာရေး၊ အစွမ်းအစ၊ လူ့သဘာဝ၊ မိသားစု အခြေအနေ စသည်တို့အပေါ် အခြေခံပြီး ၎င်းတို့အား အကူအညီနှင့် ထောက်ပံ့မှုအချို့ ပေးနိုင်သည်။ သို့ရာတွင် မိဘများသည် ၎င်းတို့ကိုယ်တိုင်၏ စွမ်းရည်များကို ကျော်လွန်မသွားသင့်ပေ။ မိဘများသည် ၎င်းတို့၏ ကား၊ အိမ်၊ ကျောက်ကပ်၊ သို့မဟုတ် သွေးတို့ကို မရောင်းသင့်ပေ။ ဤသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် မိဘများအနေဖြင့် မိမိတို့၏သားသမီးများအား ၎င်းတို့၏ အစွမ်းအစဖြင့် တတ်နိုင်သလောက် အကူအညီအချို့ကိုသာ ပေးသင့်သည်။ မိမိတို့၏ သားသမီးများက “ကျွန်တော် ကောလိပ်တက်ချင်သည်” ဟု ဆိုလျှင် မိဘများက “ကောလိပ်တက်ချင်လျှင် ငါ မင်းကို ထောက်ပံ့မည်။ မင်းကို ဆန့်ကျင်မည်မဟုတ်။ သို့သော် ငါတို့ မိသားစုသည် သိပ်မချမ်းသာကြပါ။ ယခုအချိန်မှစ၍ မင်းကောလိပ်ကျူရှင်တစ်နှစ်စာအတွက် ပေးဖို့ကို နေ့စဉ် ငွေနည်းနည်းချင်း စုရမည်ဖြစ်သည်။ အချိန်ကျလာ၍ အတော်အသင့် စုဆောင်းမိပြီဆိုလျှင် မင်းကောလိပ်တက်နိုင်သည်။ အတော်အသင့် မစုမိပါက ကိုယ့်ဖြေရှင်းချက်ကို ကိုယ်ရှာရလိမ့်မည်” ဟု ပြောနိုင်သည်။ မိဘများသည် မိမိတို့၏ သားသမီးများနှင့်အတူ သဘောတူညီပြီး သဘောတူညီချက်တစ်ခုကို ရရှိလျက်၊ သားသမီးများ၏ အနာဂတ်နှင့်ပတ်သက်ပြီး မိမိတို့၏သားသမီးများ၌ရှိသော လိုအပ်ချက်များ၏ ပြဿနာကို ဖြေရှင်းလျက် ဤသို့သော သဘောတူညီချက်မျိုးကို ရရှိသင့်သည်။ မိမိတို့၏သားသမီးများသည် ၎င်းတို့၏ အနာဂတ်အတွက် ရှိသော အစီအစဉ်များနှင့် ရည်ရွယ်ချက်များကို မိဘများက အကောင်အထည် မဖော်ပေးနိုင်လျှင် မိဘများက “ငါ့သားသမီးများကို ငါတာဝန်ပျက်ကွက်ခဲ့ပြီ။ ငါက အစွမ်းအစမရှိပါ။ ထိုအကြောင်းကြောင့် ငါ့သားသမီးများ ဒုက္ခခံရသည်။ အခြားလူများ၏ သားသမီးများက ကောင်းကောင်းစားသောက်ကာ နာမည်ကြီး တံဆိပ်များ ဝတ်ပြီး ကောလိပ်ထဲတွင် ကားလျှောက်မောင်းကြသည်။ ပြီးလျှင် ၎င်းတို့ အိမ်ပြန်သည့်အခါတွင် လေယဉ်ဖြင့်ခရီးသွားကြသည်။ ငါ့သားသမီးများက မာတောင့်နေသောထိုင်ခုံဖြင့် ရထားစီးကာ ခရီးသွားရသည်။ အိပ်ခန်းတွဲများဖြင့် စေလွှတ်ပေးဖို့ပင် ငါမတတ်နိုင်ပါ။ ငါ့သားသမီးများကို ငါတာဝန်ပျက်ကွက်ခဲ့ပြီ” ဟု တွေးပြီး အပြစ်ရှိသည်ဟု ခံစားဖို့ မလိုပေ။ ၎င်းတို့သည် အပြစ်ရှိသည်ဟု ခံစားဖို့ မလိုအပ်ပေ။ ဤအရာများသည် ၎င်းတို့၏ အခြေအနေများဖြစ်ကြပြီး ၎င်းတို့က ကျောက်ကပ်ရောင်းလျှင်ပင် ထိုအရာများကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ကံကြမ္မာကို လက်ခံသင့်သည်။ ဘုရားသခင်သည် ၎င်းတို့အတွက် ဤပတ်ဝန်းကျင်မျိုးကို စီစဉ်ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ဤမိဘများသည် “ငါ မင်းကို တာဝန်ပျက်ကွက်ခဲ့ပြီ။ နောင်မှာ မင်းက ငါတို့အတွက် သားသမီးဝတ်မကျေပွန်လျှင် ငါ စောဒကတက်မည် မဟုတ်ပါ။ ငါတို့က အရည်အချင်းမရှိခဲ့ပါ။ ပြီးလျှင် မင်းအတွက်လည်း ရှင်သန်နေထိုင်ဖို့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖြင့် မပံ့ပိုးပေးနိုင်ခဲ့ပါ” ဟု ပြောလျက် ၎င်းတို့၏ သားသမီးများနှင့်ပတ်သက်၍ မည်သည့်ပုံစံနှင့်မျှ အပြစ်ရှိသည်ဟု ခံစားဖို့ မလိုပေ။ ၎င်းတို့အနေဖြင့် ဤသို့ ပြောရန် မလိုပေ။ မိဘများသည် ၎င်းတို့တတ်နိုင်သမျှကို လုပ်ဆောင်လျက်၊ ၎င်းတို့၏သားသမီးများအား ကိုယ်၊ စိတ်နှစ်မျိုးလုံး ကျန်းမာစေရန် လုပ်ဆောင်ပေးလျက်ဖြင့် ၎င်းတို့၏ တာဝန်များကို စိတ်ရှင်းရှင်းဖြင့် ဖြည့်ဆည်းဖို့သာ လိုသည်။ ယင်းသည် လုံလောက်သည်။ ဤတွင် “ကျန်းမာရေး” ဆိုသည်မှာ မိဘများက ၎င်းတို့၏ သားသမီးများအား အပြုသဘောဆောင်သော အတွေးများ ရှိစေဖို့၊ ထို့အပြင် ၎င်းတို့၏ နေ့စဉ်အသက်တာများနှင့် ရပ်တည်မှုများအပေါ်တွင် တက်ကြွသော၊ မြူးကြွပျော်ရွှင်သော၊ အကောင်းမြင်သောအတွေးများ၊ သဘောထားများရှိဖို့ သေချာစေရန် အစွမ်းကုန်လုပ်ဆောင်ခြင်းကိုသာ ဆိုလိုသည်။ သားသမီးများသည် တစ်စုံတစ်ခုက မိမိတို့ကို စိတ်ဆင်းရဲစေသောအခါ ဝုန်းဒိုင်းမကြဲသင့်ပေ။ မိမိကိုယ်ကို အဆုံးမစီရင်သင့်ပေ။ မိဘများကို ပြဿနာမလုပ်သင့်၊ သို့မဟုတ် “အခြားသူများ၏ မိဘများကိုကြည့်ပါ။ ၎င်းတို့သည် ကားကောင်းများမောင်းကာ အိမ်ကြီးအိမ်ကောင်းများတွင်နေပြီး ဇိမ်ခံသင်္ဘောများ စီးသည့်အပြင် ဥရောပသို့ ခရီးထွက်ကြသည်။ ကျွန်ုပ်တို့ကို ကြည့်ပါ။ ကိုယ့်ဇာတိမြို့မှ တစ်ခါမျှ မထွက်ဖူးပါ၊ သို့မဟုတ် အမြန်ရထားမစီးဖူးပါ” ဟု ပြောလျက် မိဘများအား ပိုက်ဆံမရှာနိုင်သည့် အစွမ်းအစမရှိသော အလကားလူဟု မဆူသင့်ပေ။ ၎င်းတို့က ဤသို့ ဝုန်းဒိုင်းကြဲလာခဲ့လျှင် သင်က မည်သို့ တုံ့ပြန်သင့်သနည်း။ သင်က “မင်းပြောသည့်အရာမှာ မှန်ပါသည်။ ယင်းမှာ ငါတို့၏ မည်မျှအရည်အချင်းမဲ့ပုံ ဖြစ်သည်။ မင်းက ဤမိသားစုထဲတွင် မွေးဖွားလာခဲ့ပြီး ကိုယ့်ကြမ္မာကိုယ် လက်ခံသင့်သည်။ မင်းတွင် အရည်အချင်းရှိလျှင် နောင်တွင် မင်းဘာသာ ငွေရှာနိုင်သည်။ ငါတို့ကို မရိုင်းပါနှင့်။ ပြီးလျှင် ငါတို့ကို မင်းအတွက် ကိစ္စတွေ လုပ်ဆောင်ပေးဖို့ မ‌တောင်းဆိုပါနှင့်။ ငါတို့က မင်းအပေါ် ငါတို့၏ တာဝန်များကို ဖြည့်ဆည်းပေးပြီးဖြစ်သည်။ ငါတို့ မင်းကို အကြွေးတစ်စက်မျှ မတင်ပါ။ နောင်တစ်နေ့တွင် မင်းလည်း မိဘတစ်ယောက် ဖြစ်လာပြီး ဤအရာကို လုပ်ဆောင်ရလိမ့်မည်” ဟု ပြောသင့်သည်။ ၎င်းတို့သည် ကိုယ်တိုင် သားသမီးများရလာသောအခါတွင် ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုထဲရှိ လူကြီးရော ကလေးအပါအဝင် လူတိုင်းကို ထောက်ပံ့ရန် ပိုက်ဆံရှာဖို့အတွက် မိဘများအနေဖြင့် အလွန်လွယ်ကူခြင်းမရှိသည်ကို သိလာလိမ့်မည်။ အနှစ်ချုပ်လျှင် သင်သည် ၎င်းတို့အား မည်သို့ ကျင့်ကြံပြုမူရမည်ဆိုသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းအချို့ကို သင်ကြားပေးသင့်သည်။ သင်၏ သားသမီးများက ယင်းကို လက်ခံနိုင်လျှင် သင်သည် ၎င်းတို့အား ကယ်တင်ခြင်းရရန်အတွက် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်း လျှောက်ခြင်းအကြောင်းတို့ကို မိတ်သဟာယဖွဲ့သင့်ပြီး ဘုရားသခင်ထံမှ သင်ရရှိခဲ့သည့် မှန်ကန်သော အတွေးအမြင်အချို့ကိုပါ မိတ်သဟာယဖွဲ့သင့်သည်။ သင့်သားသမီးများသည် သင်နှင့်အတူ ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး ဘုရားသခင်အား ယုံကြည်လိုစိတ်ရှိလျှင် ပို၍ပင် ကောင်းသည်။ သင်၏ သားသမီးများက ဤလိုအပ်ချက်မျိုး မရှိလျှင် ၎င်းတို့အပေါ် သင်၏တာဝန်ကို ဖြည်ဆည်းခြင်းသက်သက်က သင့်အတွက် လုံလောက်သည်။ သင်သည် ၎င်းတို့အား တရားဟောရန်အတွက် ဘုရားသခင်အပေါ် ယုံကြည်မှုနှင့်သက်ဆိုင်သော စကားနှင့် အယူဝါဒအချို့ကို ဆက်၍ တောင်စဉ်ရေမရ ပြောဆိုနေဖို့၊ သို့မဟုတ် ထုတ်ပြောနေဖို့ မလိုပေ။ ဤသို့ လုပ်ဆောင်ရန် မလိုပေ။ သင်၏ သားသမီးများက မယုံကြည်လျှင်ပင် ၎င်းတို့က သင့်အား ပံ့ပိုးသရွေ့ သင်တို့သည် မိတ်ဆွေကောင်းများ ဖြစ်နိုင်သေးသည်။ ပြီးလျှင် မည်သည့်အရာကိုမဆို အတူတကွ ပြောဆိုဆွေးနွေးနိုင်သေးသည်။ သင်တို့သည် ရန်သူများ မဖြစ်မလာသင့်ပေ၊ သို့မဟုတ် ၎င်းတို့အပေါ် မကျေမနပ် မဖြစ်သင့်ပေ။ အမှန်တွင်မူ သင်တို့ကြားတွင် သွေးသားတော်စပ်မှု ရှိလေသည်။ သင်၏ သားသမီးများသည် သင့်အပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းလိုစိတ်ရှိလျှင်၊ သင့်အပေါ် သားသမီးဝတ်ကျေလိုစိတ်ရှိပြီး နာခံလိုစိတ် ရှိလျှင် သင်သည် ၎င်းတို့နှင့် သင်၏မိသားစုဆက်ဆံရေးကို ထိန်းသိမ်းနိုင်သည်။ ပြီးလျှင် ၎င်းတို့နှင့် ပုံမှန် ဆက်ဆံနိုင်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး သင်နှင့် မတူညီသောထင်မြင်ချက်များနှင့် အမြင်များ ရှိသောကြောင့် သားသမီးများကို သင်စဉ်ဆက်မပြတ် ကျိန်ဆဲဖို့၊ သို့မဟုတ် ဆူငေါက်ဖို့ မလိုပေ။ ဤသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် တစ်ဇောက်ကန်း ဖြစ်ရန် မလိုပေ၊ သို့မဟုတ် သင်၏ ကလေးများက ဘုရားသခင်ကို မယုံကြည်ခြင်းသည် သင်၏ ဘဝနှင့် ဝိညာဉ်ကို ဆုံးရှုံးလိုက်သကဲ့သို့ ကြီးမားသောကိစ္စဖြစ်သည်ဟု မထင်နှင့်။ ယင်းမှာ ထိုမျှ အရေးမကြီးပေ။ ၎င်းတို့က မယုံကြည်လျှင် ပင်ကိုအားဖြင့် ၎င်းတို့လျှောက်လှမ်းရန် ၎င်းတို့ရွေးချယ်ခဲ့သည့် ကိုယ်ပိုင်လမ်းကြောင်းများရှိသည်။ သင့်တွင်လည်း သင်လျှောက်လှမ်းသင့်သည့် လမ်းကြောင်းနှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်ရှိသည်။ ပြီးလျှင် ဤအရာများသည် သင့်သားသမီးများနှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်သားသမီးများက မယုံကြည်လျှင် သင်က ယင်းကို အတင်းတိုက်တွန်းဖို့ မလိုပေ။ ဤသည်မှာ သင့်တော်သောအချိန် မရောက်သေးခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို မရွေးချယ်ခြင်းသာ ဖြစ်နိုင်သည်။ ဘုရားသခင်က ၎င်းတို့ကို မရွေးချယ်ခြင်းသာ ဖြစ်ပြီး သင်က ၎င်းတို့ကို ယုံကြည်ရန် အတင်းပြုလုပ်လျှင် သင်သည် မသိနားမလည်ဘဲ မနာခံခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ရွေးချယ်ခဲ့သော်လည်း သင့်တော်သောအချိန် မရောက်သေးလျှင်၊ သင်က ၎င်းတို့အား ယခုယုံကြည်ရန် တောင်းဆိုလျှင် အနည်းငယ်စောနေလိမ့်မည်။ ဘုရားသခင်က ဆောင်ရွက်လိုလျှင် မည်သူကမျှ သူ၏ အချုပ်အခြာအာဏာကို မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်က သင့်သားသမီးများအား ယုံကြည်ရန် စီစဉ်ခဲ့လျှင် သူသည် ဤအရာကို စကားတစ်လုံး၊ သို့မဟုတ် အတွေးတစ်ခုဖြင့် ရရှိနိုင်သည်။ ဘုရားသခင်က ၎င်းတို့အား မယုံကြည်ရန် စီစဉ်ခဲ့လျှင် ၎င်းတို့သည် တို့ထိခြင်း ခံရမည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ တို့ထိခြင်းမခံရလျှင် သင်မည်မျှပြောသည်ဖြစ်စေ အကျိုးရှိမည်မဟုတ်။ သင့်သားသမီးများက မယုံကြည်လျှင် သင်သည် ၎င်းတို့အပေါ် အကြွေးမတင်ပေ။ သင့်သားသမီးများက ယုံကြည်လျှင် ဤသည်မှာ သင်နာမည်ကောင်းရခြင်း မဟုတ်ပေ။ ယင်းမှာ မမှန်ကန်သလော။ (မှန်ပါသည်။) သင်သည် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး သင့်သားသမီးများနှင့်တူညီသော ပန်းတိုင်ရှိသည်ဖြစ်စေ၊ သင်တို့သည် ဤအပိုင်းတွင် တူညီသောစိတ်ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ သင်သည် ၎င်းတို့အပေါ် သင်၏တာဝန်များကို ဖြည့်ဆည်းဖို့သာ လိုသည်။ သင်သည် ဤတာဝန်များကို ဖြည့်ဆည်းခဲ့လျှင် ဤသည်မှာ သင်သည် ၎င်းတို့ကို ကြင်နာမှုပြသခဲ့သည်ဟု မဆိုလိုပေ။ ပြီးလျှင် သင့်သားသမီးများက မယုံကြည်လျှင် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် သင်က သင့်တာဝန်များကို ဖြည့်ဆည်းခဲ့သောကြောင့် ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ အဆုံးသတ်ဖြစ်သည်။ သင်တို့၏ ဆက်ဆံရေးက မပြောင်းမလဲဘဲ ကျန်ရှိပြီး သင်သည် ယခင်ကကဲ့သို့ သင့်သားသမီးများနှင့် ဆက်လက်၍ အပြန်အလှန်ဆက်ဆံနိုင်သည်။ သင်၏ သားသမီးများက အခက်အခဲများ ကြုံရသောအခါ သင်တတ်နိုင်သမျှ ၎င်းတို့ကို ကူညီသင့်သည်။ သင့်သားသမီးများကို ကူညီရန် သင့်၌ ပစ္စည်းဥစ္စာအခြေအနေရှိလျှင် ကူညီသင့်သည်။ သင်သည် စိတ်ဓာတ်ရေးရာ၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် သင့်သားသမီးများ၏ အတွေးများနှင့် အမြင်များကို ပြုပြင်နိုင်ပြီး လမ်းပြမှုနှင့် ကူညီမှု အတိုင်းအတာအချို့ကို ပေးကာ ၎င်းတို့၏ အကျပ်အတည်းမှ လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်လျှင် ဤသည်မှာ အလွန်ကောင်းသည်။ အနှစ်ချုပ်လျှင် မိမိတို့၏သားသမီးများအရွယ်မရောက်မီတွင် မိဘများက လုပ်ဆောင်သင့်သည့်အရာမှာ မိဘတာဝန်များကို ဖြည့်ဆည်းခြင်း၊ မိမိတို့၏ သားသမီးက မည်သည့်အရာကို လုပ်ဆောင်လိုသည်ဆိုသည်ကို၊ မိမိတို့သားသမီးများ၏ စိတ်ဝင်စားမှုများ၊ ရည်မှန်းချက်များက မည်သည်တို့ဖြစ်သည်ဆိုသည်ကို သိအောင်လုပ်ခြင်း ဖြစ်သည်။ မိမိတို့၏ သားသမီးများက လူများကို သတ်လိုလျှင်၊ ပစ္စည်များကို မီးရှို့လိုလျှင်၊ ပြစ်မှုများကျူးလွန်လိုလျှင် မိဘများက ၎င်းတို့ကို လေးနက်စွာ ပဲ့ပြင်ဆုံးမသင့်သည်၊ သို့မဟုတ် အပြစ်ဒဏ်ပင် ခတ်သင့်သည်။ သို့သော် ၎င်းတို့သည် နာခံသော သားသမီးများဖြစ်လျှင်၊ အခြားပုံမှန်သားသမီးများနှင့် ကွာခြားမှုမရှိလျှင်၊ ကျောင်းတွင် လိမ္မာစွာနေပြီး မိဘက စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျှင် မိဘများက ၎င်းတို့အပေါ် မိဘတာဝန်ကို ဖြည့်ဆည်းဖို့သာလိုသည်။ မိဘတာဝန်များကို ထမ်းဆောင်ခြင်းမှလွဲ၍ ထိုမျှော်မှန်းချက်များ၊ သတ်မှတ်ချက်များ၊ သားသမီးများ၏ အနာဂတ်အတွက် စဉ်းစားခြင်းဆိုသောအရာများအားလုံးသည် မလိုလားအပ်ပေ။ ယင်းတို့သည် မလိုလားအပ်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ လူတိုင်း၏ ကံကြမ္မာကို ဘုရားသခင်က စီမံပြီး မိဘများက ဆုံးဖြတ်မပေးနိုင်ပေ။ မိဘများက မိမိတို့၏သားသမီးများအတွက် မည်သည့်မျှော်မှန်းချက်များ ရှိသည်ဖြစ်စေ ယင်းတို့အားလုံးသည် အနာဂတ်တွင် အကောင်အထည်ပေါ်ဖို့ မဖြစ်နိုင်ပေ။ ဤမျှော်မှန်းချက်များသည် ၎င်းတို့သားသမီးများ၏ အနာဂတ်၊ သို့မဟုတ် ဘဝကို အဆုံးအဖြတ်မပေးနိုင်ပေ။ ၎င်းတို့၏သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များက မည်မျှကြီးပါစေ၊ သို့မဟုတ် ထိုမျှော်မှန်းချက်များအတွက် ၎င်းတို့ပေးဆပ်သည့် အနစ်နာခံမှုများ၊ သို့မဟုတ် အဖိုးအခများက မည်မျှကြီးပါစေ အားလုံးက အချည်းနှီးဖြစ်သည်။ ဤအရာများသည် ၎င်းတို့သားသမီးများ၏ အနာဂတ်၊ သို့မဟုတ် ဘဝများကို မလွှမ်းမိုးနိုင်ပေ။ ထို့ကြောင့် မိဘများသည် မိုက်မဲသောအရာများကို မလုပ်ဆောင်သင့်ပေ။ ၎င်းတို့သည် မိမိတို့၏သားသမီးများအရွယ်မရောက်မီတွင် သားသမီးများအတွက် မလိုအပ်သော အနစ်နာခံမှုများကို မပြုလုပ်သင့်ပေ။ ပြီးလျှင် ပင်ကိုအားဖြင့် ဤအရာနှင့်ပတ်သက်ပြီး အလွန်စိတ်ဖိစီးခြင်း မဖြစ်သင့်ပေ။ ကလေးများကို ပျိုးထောင်ခြင်းသည် မိဘတစ်ဦးအနေဖြင့် မတူညီသော ပတ်ဝန်းကျင်များကို ဖြတ်သန်းခြင်းအားဖြင့် အတွေ့အကြုံအမျိုးမျိုးကို ရရှိလျက် သင်ယူခြင်း၊ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် မိမိ၏သားသမီးများအား ယင်းတို့ထံမှ အကျိုးအမြတ်များကို ရိတ်သိမ်းရယူရန် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ဤသည်မှာ မိဘများ လုပ်ဆောင်ရန် လိုအပ်သည့်အရာ အားလုံးဖြစ်သည်။ သားသမီးများ၏ အနာဂတ်နှင့် အနာဂတ်လမ်းကြောင်းများနှင့်ပတ်သက်လျှင် ဤအရာများသည် မိဘများ၏ မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ဆိုလိုသည်မှာ သင့်မိဘများ၏ မျှော်မှန်းချက်များသည် သင့်အနာဂတ်ကို ဆုံးဖြတ်မပေးနိုင်ပေ။ ဤသည်မှာ သင့်မိဘများက သင့်အပေါ် မြင့်မားသော မျှော်မှန်းချက်များရှိလျှင်၊ သို့မဟုတ် သင့်ထံမှ ကြီးမြတ်သောအရာများကို မျှော်လင့်လျှင် သင်သည် ကောင်းစွာ ကြီးပွားပြီး နေထိုင်နိုင်မည်ဟု အဓိပ္ပာယ်ရသကဲ့သို့ မဟုတ်။ ပြီးလျှင် သင့်မိဘများက သင့်အပေါ် မျှော်မှန်းချက်များမရှိလျှင် သင်သည် သူတောင်းစားဖြစ်မည်ဟု အဓိပ္ပာယ်ရသကဲ့သို့ မဟုတ်ပေ။ ဤအရာများကြားတွင် လိုအပ်သော ဆက်နွှယ်မှုမရှိပေ။ ပြောလော့။ ငါ မိတ်သဟာယပြုခဲ့သော ဤအကြောင်းအရာများသည် နားလည်ရန် လွယ်ကူသလော။ လူတို့အနေဖြင့် ဤအရာများကို ဖြစ်မြောက်ရန် လွယ်ကူသလော။ ယင်းတို့သည် ခက်ခဲသလော။ မိဘများသည် မိမိတို့၏သားသမီးများအပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန်၊ ၎င်းတို့ကို လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ရန်၊ အရွယ်ရောက်သည်အထိ ပျိုးထောင်ရန်သာ လိုအပ်သည်။ မိမိတို့၏သားသမီးများကို ပါရမီရှိသော ပုဂ္ဂိုလ်များဖြစ်ရန် ပျိုးထောင်ဖို့ မလိုပေ။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသောအရာ ဖြစ်သည်။ သင်သည် သားသမီးများ၏ အနာဂတ်၊ သို့မဟုတ် ဘဝများအတွက် မည်သည့်တာဝန်ကိုမျှ ခံယူဖို့ မလိုပေ၊ သို့မဟုတ် ၎င်းတို့အတွက် အစီအစဉ်တစ်ခုခုကို ထုတ်ဖော်ဖို့၊ သို့မဟုတ် ၎င်းတို့သည် မည်သို့သောလူမျိုး ဖြစ်လာမည်၊ အနာဂတ်တွင် မည်သည့်ဘဝမျိုးရှိမည်၊ နောက်ပိုင်းတွင် မည်သည့်လူမှုအသိုင်းအဝိုင်း၌ ၎င်းတို့ရှိမည်၊ အနာဂတ်တွင် ဤလောက၌ ၎င်းတို့၏ ဘဝအရည်အသွေးက မည်သို့ဖြစ်မည်၊ သို့မဟုတ် ၎င်းတို့သည် လူများကြားတွင် မည်သည့်အဆင့်အတန်းမျိုးရှိမည်ဆိုသည်တို့ကို ကြိုတင်ကောက်ချက်ချဖို့ မလိုအပ်ပေ။ သင်သည် ဤအရာများကို ကြိုတင်ကောက်ချက်ချဖို့၊ သို့မဟုတ် ထိန်းချုပ်ဖို့ မလိုပေ။ မိဘအနေဖြင့် သင့်တာဝန်များကို ဖြည့်ဆည်းရန်သာ လိုသည်။ ဤမျှ လွယ်ကူသည်။ သင့်သားသမီးများက ကျောင်းထားရမည့် အရွယ်ရောက်သောအခါ သင်သည် ကျောင်းတစ်ကျောင်းရှာပြီး ထိုကျောင်းသို့ အပ်သင့်သည်။ လိုအပ်သောအခါတွင် ၎င်းတို့၏ ကျူရှင်ခကို ပေးသင့်သည်။ ပြီးလျှင် ကျောင်းတွင် ၎င်းတို့လိုအပ်သည့် မည်သည့်အရာကိုမဆို ပေးသင့်သည်။ ဤတာဝန်များကိုသာ ဖြည့်ဆည်းခြင်းသည် လုံလောက်သည်။ တစ်နှစ်တာလုံးတွင် ၎င်းတို့စားသောက်သည့်၊ ဝတ်ဆင်သည့်အရာနှင့် ပတ်သက်လျှင် အခြေအနေများအရ ၎င်းတို့၏ ရုပ်ခန္ဓာကို ဂရုစိုက်ဖို့သာ လိုသည်။ ၎င်းတို့ အရွယ်မရောက်မီ မိမိကိုယ်ခန္ဓာကို မည်သို့ ဂရုစိုက်ရမည်ကို နားမလည်သည့်အချိန်ကာလအတွင်းတွင် မကုစားဘဲထားသည့် ရောဂါတစ်ခုကို ၎င်းတို့အတွင်း၌ ကျန်ရှိနေခွင့်မပြုနှင့်။ ၎င်းတို့၏ အားနည်းချက်များ၊ မကောင်းသော အကျင့်များကို ချက်ချင်း ပြုပြင်လော့။ ကောင်းသော ဘဝအလေ့အကျင့်များ ရှိစေရန် ၎င်းတို့အား ကူညီလော့။ ထို့နောက် ၎င်းတို့၏စိတ်ကို အကြံပြုလမ်းညွှန်လော့။ ပြီးလျှင် အစွန်းရောက်ခြင်းသို့ ချော်မသွားစေရန် သေချာအောင် လုပ်ဆောင်လော့။ ၎င်းတို့သည် လောကတွင် ဆိုးယုတ်သောအရာအချို့ကို နှစ်သက်သော်လည်း ၎င်းတို့သည် သားသမီးကောင်းများ ဖြစ်သည်ကိုလည်းကောင်း၊ လောက၏ ဆိုးယုတ်သော ရေပန်းစားမှုများ၏ လွှမ်းမိုးခြင်းကိုသာ ခံထားရခြင်း ဖြစ်သည်ကိုလည်းကောင်း သင်မြင်နိုင်လျှင် သင်သည် ၎င်းတို့ကို ချက်ချင်း ပြုပြင်သင့်သည်။ ပြီးလျှင် ၎င်းတို့၏ အားနည်းချက်များနှင့် မကောင်းသောအကျင့်များကို ကူညီပြုပြင်ပေးသင့်သည်။ ဤသည်တို့မှာ မိဘများ ဖြည့်ဆည်းသင့်သည့်တာဝန်များ၊ ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ မိဘများသည် မိမိတို့၏သားသမီးများအား လူ့အဖွဲ့အစည်း၏ ရေပန်းစားမှုများဆီသို့ တွန်းမပို့သင့်ပေ။ ပြီးလျှင် မိမိတို့၏ သားသမီးများ အရွယ်မရောက်မီတွင် လူကြီးများသာ ခံယူသင့်သည့် ဖိအားအမျိုးမျိုးကို သားသမီးများအား အလွန်တရာ စောစီးစွာ မခံယူစေသင့်ပေ။ မိဘများသည် ဤအရာများကို မလုပ်ဆောင်သင့်ပေ။ ဤအရာများသည် စွမ်းဆောင်ရရှိရန် အလွန်ရိုးရှင်းသောအရာများဖြစ်သည်။ သို့သော် လူအချို့က ယင်းတို့ကို မဖြစ်မြောက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုလူတို့သည် လောကီ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်၊ သို့မဟုတ် လောကီ၏ ဆိုးယုတ်သော ရေပန်းစားမှုများအား ၎င်းတို့ လိုက်စားခြင်းကို လက်မလွှတ်နိုင်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ကမ္ဘာလောကက ဖယ်ကြဉ်ခြင်းအား ခံရမည်စိုးသောကြောင့် ၎င်းတို့၏သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများအား လူ့အဖွဲ့အစည်းတွင် အလွန်စောစီးစွာ အံဝင်ခွင်ကျဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် လူ့အဖွဲ့အစည်းဖြင့် အလွန်လျင်မြန်စွာ အသားကျစေရန် လုပ်ဆောင်သည်။ ကလေးများက ဤသို့သော မိဘများရှိလျှင် ၎င်းတို့သည် ကံမကောင်းပေ။ မိဘများက သားသမီးများအား မည်သည့်နည်းလမ်း၊ သို့မဟုတ် မူမမှန်သော အကြောင်းပြချက်မျိုးဖြင့် ချစ်သည်ဖြစ်စေ၊ မြတ်နိုးသည်ဖြစ်စေ၊ အဖိုးအခပေးဆပ်သည်ဖြစ်စေ ယင်းတို့သည် ဤသို့သောမိသားစုရှိ သားသမီးများအတွက် မလွဲမသွေ ကောင်းသောအရာများ မဟုတ်ပေ။ ယင်းတို့သည် ဘေးဒုက္ခအမျိုးအစားများ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် မိဘများ၏ မျှော်မှန်းချက်များနောက်တွင် မိမိတို့၏သားသမီးများ၏ နုနယ်သောစိတ်အပေါ် မိဘများက ယူဆောင်လာသည့်အရာမှာ ကြီးစွာသောထိခိုက်ဖျက်ဆီးမှု ဖြစ်သောကြောင့်တည်း။ သို့မဟုတ် တစ်နည်းအားဖြင့် အမှန်တကယ်တွင် ထိုမိဘများ၏ မျှော်မှန်းချက်များသည် မိမိတို့၏သားသမီးများအား ကျန်းမာသောကိုယ်နှင့် စိတ်ရှိစေရန် အမှန်တကယ် မဟုတ်ပေ။ ယင်းတို့သည် မိမိတို့၏သားသမီးများက လူ့အဖွဲ့အစည်းတွင် အခြေခိုင်နိုင်မည်၊ လူ့အဖွဲ့အစည်းက ဖယ်ကြဉ်ခြင်းကို ရှောင်နိုင်မည်ဆိုသော မျှော်မှန်းချက်များသာ ဖြစ်သည်။ ၎င်းတို့မျှော်မှန်းချက်များ၏ ရည်ရွယ်ချက်မှာ မိမိတို့၏သားသမီးများအား ကောင်းသောဘဝကို နေထိုင်ရရန်၊ သို့မဟုတ် အခြားလူများထက် သာရန်၊ သူတောင်းစားများ ဖြစ်ခြင်းမှ ရှောင်ရန်၊ အခြားလူများက ခွဲခြားဆက်ဆံခံရခြင်း၊ သို့မဟုတ် အနိုင်ကျင့်ခြင်းကို ရှောင်ရန်၊ ဆိုးယုတ်သော ရေပန်းစားမှုများနှင့် ဆိုးယုတ်သော လူအုပ်စုများအတွင်းသို့ အံဝင်ခွင်ကျဖြစ်ရန် ဖြစ်သည်။ ဤအရာများသည် ကောင်းသောအရာများ ဟုတ်သလော။ (မဟုတ်ပါ။) ထို့ကြောင့် သင်တို့သည် မိဘ၏ ဤသို့သော မျှော်မှန်းချက်များကို အလေးအနက်ထားရန် မလိုအပ်ပေ။ သင့်မိဘများသည် တစ်ချိန်က သင့်အပေါ် ဤမျှော်မှန်းချက်များ ထားရှိခဲ့သောကြောင့်၊ သို့မဟုတ် သင့်အပေါ် ၎င်းတို့၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရန် ၎င်းတို့က အဖိုးအခများစွာ ပေးဆပ်ခဲ့သောကြောင့် သင်က ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရပြီး သင့်အတွက် ၎င်းတို့ပေးဆပ်ခဲ့သော အဖိုးအခများကို ပြန်လည်ပေးဆပ်ရန်အတွက် သင်၏တစ်ဘဝလုံးအား အသုံးပြုဖို့ ရည်ရွယ်လျှင်၊ သင့်၌ ဤသို့သော အယူအဆနှင့် ဆန္ဒမျိုးရှိလျှင် သင်သည် ယင်းတို့ကို ယနေ့လက်လွှတ်သင့်သည်။ သင်သည် ၎င်းတို့အပေါ် မည်သည့်အရာမျှ အကြွေးမတင်ပေ။ ထိုထက် သင့်အား စိတ်ထိခိုက်စေပြီး အကြီးအကျယ် ထိခိုက်ပျက်စီးစေသောသူများမှာ သင့်မိဘများဖြစ်သည်။ ၎င်းတို့သည် မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ရုံသာမကဘဲ ဆန့်ကျင်ဘက်ပင် ဖြစ်ပြီး သင့်အား ထိခိုက်နာကျင်စေသည်။ သင်၏ ငယ်ရွယ်သောစိတ်အပေါ် ထိခိုက်ဒဏ်ရာအမျိုးမျိုး ဖြစ်စေသည်။ ပြီးလျှင် အပျက်သဘောဆောင်သော အမှတ်တရများ၊ စိတ်၌ စွဲထင်မှုများ ပမာဏများစွာကို ကျန်ရစ်စေသည်။ အတိုချုပ်အားဖြင့် ဤသို့သော မိဘများသည် ကောင်းသောမိဘများ မဟုတ်ပေ။ သင်သည် အရွယ်မရောက်မီတွင် သင့်မိဘများက သင့်အား သွန်သင်ပေးသည့်၊ သက်ရောက်စေသည့်၊ စကားပြောသည့် ပုံစံတွင် ၎င်းတို့က သင့်အား စာကြိုးစားရန်၊ အောင်မြင်ရန်နှင့် အလုပ်ကြမ်းသမား ဖြစ်မသွားရန်၊ အနာဂတ်တွင် ကောင်းသောအလားအလာများရှိရန်၊ ၎င်းတို့၏ ဂုဏ်နှင့် ဝမ်းမြောက်မှုဖြစ်ရန်၊ ၎င်းတို့အတွက် ဂုဏ်နှင့် ကျက်သရေတို့ကို ဆောင်ပေးရန် အစဉ် မျှော်လင့်လျှင် ယနေ့မှစ၍ သင်သည် ၎င်းတို့၏ ကြင်နာမှုဆိုသောအရာမှ လွတ်မြောက်အောင် လုပ်ဆောင်သင့်သည်။ ပြီးလျှင် သင်သည် ယင်းတို့ကို အလေးအနက်ထားရန် မလိုပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤသည်တို့မှာ သားသမီးများ အရွယ်မရောက်မီတွင် မိဘများက မိမိတို့၏သားသမီးများအပေါ် ထားရှိသော မျှော်မှန်းချက်များဖြစ်သည်။

သားသမီးများအပေါ် မိဘများ၏ မျှော်မှန်းချက်များ၏ သဘောသဘာဝသည် သားသမီးများအရွယ်ရောက်ပြီးနောက်တွင် မပြောင်းမလဲဘဲ တည်ရှိနေသည်။ ၎င်းတို့၏ အရွယ်ရောက်ပြီးဖြစ်သော သားသမီးများသည် အမှီအခိုကင်းစွာ စဉ်းစားတွေးခေါ်နိုင်ပြီး နားလည်အောင် ရှင်းပြံနိုင်သော်လည်း၊ ပြောဆိုနိုင်သော်လည်း၊ အရွယ်ရောက်သူတစ်ဦး၏ အဆင့်အတန်းနှင့် ရှုထောင့်မှနေ၍ အမှုအရာများကို ၎င်းတို့နှင့် ဆွေးနွေးနိုင်သော်လည်း မိဘများသည် သားသမီးများအပေါ် မိဘ၏ ရှုထောင့်မှနေ၍ မပြောင်းလဲသော မျှော်မှန်းချက်များကို စိတ်ထဲတွင် ထားရှိဆဲဖြစ်သည်။ ၎င်းတို့၏ မျှော်မှန်းချက်များသည် အရွယ်မရောက်သေးသော သားသမီးတစ်ယောက်အပေါ်ထားသော မျှော်မှန်းချက်များမှ အရွယ်‌ရောက်ပြီးသူအပေါ်ထားသော မျှော်မှန်းချက်များအဖြစ် ပြောင်းသွားသည်။ အရွယ်ရောက်ပြီးသူများအပေါ် မိဘများ၏ မျှော်မှန်းချက်များသည် အရွယ်မရောက်သေးသော သားသမီးများအပေါ်ထားသော မျှော်မှန်းချက်များနှင့် ကွာခြားသော်လည်း သာမန်ဖြစ်သော၊ ဖောက်ပြန်ပျက်စီးသောလူများ၊ လူ့အဖွဲ့အစည်းနှင့် လောက၏ အနွယ်ဝင်များအနေဖြင့် မိဘများသည် သားသမီးများအတွက် ယခင်က မျှော်မှန်းချက်မျိုးကို စိတ်ထဲတွင် ထားရှိဆဲဖြစ်သည်။ မိဘများသည် သားသမီးများအား အလုပ်တွင် အဆင်ပြေချောမွေ့မည့်အရေးကိုလည်းကောင်း၊ သားသမီးများသည် ပျော်ရွှင်သောအိမ်ထောင်နှင့် ပြည့်စုံသောမိသားစုများ ရှိမည့်အရေးကိုလည်းကောင်း၊ လစာတိုးပြီး ရာထူးတိုးမည့်အရေးကိုလည်းကောင်း၊ ၎င်းတို့အထက်လူကြီး၏ အသိအမှတ်ပြုခြင်းကို ရရှိမည့်အရေးကိုလည်းကောင်း၊ မည်သည့်အခက်အခဲမျှ တွေ့ကြုံရခြင်းမရှိဘဲ အလုပ်တွင် အရာရာတိုင်းက ၎င်းတို့အတွက် အထူးပင်ကောင်းမွန်မည့်အရေးလည်းကောင်း မျှော်လင့်ကြသည်။ ဤမျှော်မှန်းချက်များသည် မည်သည့်အကျိုးရှိသနည်း။ (ယင်းတို့သည် အကျိုးမရှိပါ။) အကျိုးမရှိပေ။ ယင်းတို့သည် မလိုအပ်ပေ။ မိဘများက ၎င်းတို့သည် သင့်အား ပျိုးထောင်ခဲ့ပြီး ပံ့ပိုးခဲ့သောကြောင့် သင့်၏ စိတ်ကို ဖတ်နိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ယခုတွင် သင်သည် အရွယ်ရောက်ပြီးသူ ဖြစ်သော်လည်း သင်စဉ်းစားနေသည့် အရာ၊ သင်အလိုရှိသည့်အရာနှင့် သင်၏ ပင်ကိုစရိုက်က မည်သို့ရှိ‌ကြောင်းတို့နှင့်ပတ်သက်သည့် အရာမှန်သမျှကို ၎င်းတို့က သိသည်ဟု ယုံကြည်ကြသည်။ သင်သည် အမှီအခိုကင်းသော လူကြီးတစ်ယောက် ဖြစ်သော်လည်း၊ သင်သည် ကိုယ့်ဝမ်းစာကိုယ်ရှာစားနိုင်သော်လည်း ၎င်းတို့သည် သင့်အား ထိန်းချုပ်နိုင်သေးသည်ဟုလည်းကောင်း၊ သင်နှင့်ပတ်သက်သည့် မည်သည့်အရာမဆိုတွင် ၎င်းတို့က ပြောဆိုခွင့်၊ ပါဝင်ပတ်သက်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ဝင်ရောက်စွက်ဖက်ခွင့်၊ သို့မဟုတ် ကြီးစိုးခွင့်ပင်ရှိဆဲဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်ဟု ထင်ကြသည်။ ဥပမာ အိမ်ထောင်နှင့် ပတ်သက်လျှင် သင်က တစ်စုံတစ်ယောက်နှင့် တွဲနေလျှင် သင့်မိဘများက “ယင်းသည် မကောင်းပါ။ သူမသည် မင်းကဲ့သို့ တူညီသော ပညာရေးအဆင့်အတန်းမရှိပါ။ သူမသည် အလွန်ကြည့်ကောင်းခြင်းမရှိ။ သူမ၏ မိသားစုက ကျေးလက်ဒေသတွင်နေထိုင်သည်။ သူမကို မင်းလက်ထပ်ပြီးနောက်တွင် ကျေးလက်ဒေသမှ သူမ၏ ဆွေမျိုးများက အုပ်စုလိုက် ရောက်လာမည်။ ၎င်းတို့သည် သန့်စင်ခန်းအားမည်သို့ အသုံးပြုရမည်ကို သိမည်မဟုတ်။ ပြီးလျှင် အရာရာတိုင်းကို ညစ်ပေစေလိမ့်မည်။ ဤသည်မှာ အသေအချာပင် မင်းအတွက် ကောင်းသောဘဝ ဖြစ်မည်မဟုတ်။ ယင်းသည် မကောင်းပေ။ သူမကို မင်းလက်ထပ်ရန် ငါခွင့်မပြုပါ” ဟု မဆိုင်းမတွ ဆိုလိမ့်မည်။ ဤသည်မှာ ဝင်ရောက်စွက်ဖက်ခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် မလိုအပ်သကဲ့သို့ ရွံရှာဖွယ်ဖြစ်သည် မဟုတ်လော။ (မလိုအပ်ပါ။) သားများနှင့် သမီးများသည် လက်တွဲဖော်ရှာဖွေသည့်အခါတွင် မိဘများ၏ ခွင့်ပြုချက်ကို တောင်းခံရဆဲ ဖြစ်သည်။ ထို့ကြောင့် ယခုတွင် မိဘများ၏ စွက်ဖက်မှုကို ရှောင်ရန်အတွက်နှင့် လက်တွဲဖော်တွေ့ရှိပြီးဖြစ်သည်ကိုပင် မိဘများအား မပြောသော သားသမီးအချို့ရှိသည်။ မိဘများက “သင့်တွင် လက်တွဲဖော်ရှိပါသလား” ဟု မေးသောအခါ ၎င်းတို့က “မရှိပါ၊ စောသေးသည်၊ ကျွန်ုပ်သည် ငယ်သေးသည်၊ အလျင်စလို လုပ်ဆောင်ရန် မလိုပါ” ဟုသာ ဆိုသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် လက်တွဲဖော်ရှိနေသည်မှာ နှစ်နှစ်၊ သုံးနှစ်ကြာပင် ကြာပြီဖြစ်သည်။ မိဘများကို မပြောရသေးခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဤအကြောင်းကို မိဘများအား အဘယ်ကြောင့် မပြောသနည်း။ အဘယ်ကြောင့်ဆိုသော် မိဘများက အရာရာတိုင်းကို ဝင်ရောက်စွက်ဖက်လိုသောကြောင့်ဖြစ်သည်။ ၎င်းတို့၏မိဘများသည် အလွန်ကြေးများသည်။ ထို့ကြောင့် ၎င်းတို့၏ လက်တွဲဖော်များအကြောင်းကို မပြောပေ။ ၎င်းတို့သည် အိမ်ထောင်ပြုရန် အသင့်ဖြစ်သောအချိန်တွင် လက်တွဲဖော်အား ၎င်းတို့မိဘများ၏ အိမ်သို့သာ တစ်ခါတည်းခေါ်ဆောင်လာပြီး မေးသည်မှာ “အမေ သဘောတူပါသလား။ ကျွန်ုပ်သည် မနက်ဖြန်တွင် အိမ်ထောင်ပြုမည်ဖြစ်သည်။ အမေတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဤသည်မှာ ကျွန်ုပ် ကိုင်တွယ်သည့်ပုံစံဖြစ်သည်။ အမေတို့က ခွင့်ပြုချက်မပေးလျှင် ကျွန်ုပ်တို့သည် ဆက်လက်လုပ်ဆောင်ပြီး သားသမီးများ မွေးမည်သာဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤမိဘများသည် သားသမီးများအား လွန်စွာ ဝင်ရောက်စွက်ဖက်ကာ ၎င်းတို့၏ အိမ်ထောင်ကိုပင် ဝင်ရောက်စွက်ဖက်သည်။ သားသမီးများက ရှာတွေ့သော လက်တွဲဖော်များက ၎င်းတို့မျှော်လင့်သည့်သူမဟုတ်သရွေ့၊ ၎င်းတို့က ထိုလက်တွဲဖော်များနှင့် ဆက်ဆံရေးအဆင်မပြေသရွေ့၊ သို့မဟုတ် ၎င်းတို့က ထိုလက်တွဲဖော်များအား မနှစ်သက်သရွေ့ ၎င်းတို့သည် သားသမီးများနှင့် လက်တွဲဖော်များကို ခွဲဖို့ ကြိုးစားလိမ့်မည်။ ၎င်းတို့၏ သားသမီးများက ဤအရာကို သဘောမတူလျှင် ၎င်းတို့က ငိုမည်၊ ပုံကြီးချဲ့မည်၊ မိမိကိုယ်ကို သတ်သေမည်ဟု ခြိမ်းခြောက်မည် ဖြစ်သည်မှာ ၎င်းတို့၏ သားသမီးများက ငိုရမည်လော၊ သို့မဟုတ် ရီရမည်လောဆိုသည်ကို သိတော့မည်မဟုတ်ပေ။ မည်သို့လုပ်ဆောင်ရမည်ကို သားသမီးများက သိမည်မဟုတ်။ မိမိတို့သည် အသက်ကြီးပြီး အိမ်ထောင်မပြုလိုဟု ပြောသော သားသမီးအချို့လည်းရှိသည်။ ၎င်းတို့၏မိဘများက ၎င်းတို့အား “ဤသည်မှာ မကောင်းပါ။ သင်အရွယ်ရောက်ဖို့၊ အိမ်ထောင်ပြုဖို့၊ ကလေးများမွေးဖို့ ငါမျှော်လင့်သည်။ သင် အရွယ်ရောက်လာသည်ကို ငါ တွေ့မြင်ပြီးဖြစ်သည်။ ပြီးလျှင် ယခုတွင် သင်အိမ်ထောင်ပြုပြီး ကလေးများမွေးသည်ကို ငါမြင်တွေ့လိုသည်။ ဤသို့ဆိုလျှင် ငါ ငြိမ်းချမ်းစွာ သေဆုံးနိုင်သည်။ သင် အိမ်ထောင်မပြုလျှင် ငါသည် ဤဆန္ဒကို မည်သည့်အခါမျှ ပြည့်နိုင်မည်မဟုတ်။ သေနိုင်မည်မဟုတ်၊ သေလျှင်လည်း ငြိမ်းချမ်းစွာ သေမည်မဟုတ်ပါ။ သင် အိမ်ထောင်ပြုရမည်၊ လက်တွဲဖော်တစ်ယောက်ကို အလျင်အမြန်ရှာပါ။ သင်သည် ယာယီလက်တွဲဖော်ကိုသာရှာပြီး ထိုသူအား ငါ့ကို ကြည့်ရှုခွင့်ပေးလျှင်ပင် အဆင်ပြေသည်” ဟု ပြောသည်။ ဤသည်မှာ ကြားဝင်စွက်ဖက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အရွယ်ရောက်ပြီးဖြစ်သော သားသမီးများက အိမ်ထောင်ဘက်ရွေးခြင်းနှင့်ပတ်သက်လျှင် မိဘများက သင့်တော်သော အကြံကို ပေးနိုင်သည်။ လက်တွဲဖော်ကို ကြည့်ရှုစစ်ဆေးရန် မိမိတို့၏သားသမီးများအား လှုံ့ဆော်နိုင်သည်၊ သို့မဟုတ် ကူညီနိုင်သည်။ သို့သော် ကြားဝင်မစွက်ဖက်သင့်ပေ။ မိမိတို့၏သားသမီးများအား ကူ၍ ဆုံးဖြတ်မပေးသင့်ပေ။ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့၏ လက်တွဲဖော်ကို နှစ်သက်ခြင်းရှိမရှိ၊ ဆက်ဆံရေး အဆင်ပြေခြင်းရှိမရှိ၊ တူညီသော စိတ်ဝင်စားမှုများရှိမရှိ၊ အနာဂတ်တွင် ၎င်းတို့သည် အတူတကွ ပျော်ရွှင်ခြင်းရှိမရှိတို့နှင့်ပတ်သက်ပြီး ကိုယ့်ခံစားချက်များနှင့်ကိုယ် ရှိကြသည်။ မိဘများက ဤအရာများကို အသေအချာသိခြင်းမရှိ။ ထို့ပြင် သိလျှင်ပင် ၎င်းတို့သည် အကြံပေးခြင်းကိုသာ လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤအရာတွင် ပြောင်ပြောင်တင်းတင်း မနှောင့်ယှက်ရပေ၊ သို့မဟုတ် အလွန်အမင်း မစွက်ဖက်ရပေ။ “ငါ၏ သားသမီးက လက်တွဲဖော်ရှာတွေ့လျှင် ငါ့မိသားစုနှင့် လူမှုအဆင့်အတန်းတူညီရမည်၊ မတူညီလျှင်၊ ငါ့သားသမီးနှင့်ပတ်သက်ပြီး ၎င်းတို့၌ ရည်ရွယ်ချက်အချို့ရှိလျှင်၊ ၎င်းတို့အား လက်ထပ်ခွင့်ပြုမည်မဟုတ်။ ၎င်းတို့၏ အစီအစဉ်ကို ငါနှောင့်ယှက်ရမည်။ ၎င်းတို့သည် ငါ၏အိမ်ကို ဝင်လိုလျှင် ငါ ခွင့်ပြုမည်မဟုတ်” ဟူ၍ ပြောသော မိဘအချို့ပင်ရှိကြသည်။ ဤမျှော်မှန်းချက်က သင့်တင့်လျောက်ပတ်သလော။ ယုတ္တိရှိသလော။ (ယုတ္တိမရှိပါ။) ဤသည်မှာ ၎င်းတို့၏သားသမီးများဘဝတွင် အရေးပါသောအမှုကိစ္စ ဖြစ်သည်။ မိဘများအနေဖြင့် ကြားဝင်စွက်ဖက်ခြင်းမှာ ယုတ္တိမရှိပေ။ သို့သော် ဤမိဘများ၏ ရှုထောင့်တွင် မိမိတို့၏သားသမီးများဘဝ၏ အရေးပါသော အမှုကိစ္စများ၌ ဝင်ရောက်စွက်ဖက်ရန် ပို၍ပင် အကြောင်းရှိသည်။ ၎င်းတို့၏သားသမီးများက စကားပြောရန်အတွက် ဆန့်ကျင်ဘက်လိင်မိတ်ဆွေများကို သာမန်ကာလျှံကာ ရှာဖွေလျှင် ၎င်းတို့က စွက်ဖက်မည်မဟုတ်။ သို့သော် ကြီးမားသော အိမ်ထောင်ပြုခြင်း အမှုကိစ္စနှင့်ပတ်သက်လျှင် ဝင်ရောက်စွက်ဖက်ရမည်ဟု ၎င်းတို့က ထင်လိမ့်မည်။ မိမိတို့၏ သားသမီးများအား စောင့်ကြည့်ခြင်း၊ ၎င်းတို့၏ ဖုန်းနှင့် ကွန်ပြူတာများတွင် မည်သည့်ဆန့်ကျင်ဘက်လိင်တစ်ဦးဦး၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များရှိသည်ကို ကြည့်ခြင်း၊ သားသမီးများအား ဝင်ရောက်စွက်ဖက်ပြီး ချောင်းမြောင်းခြင်း၊ သားသမီးများက အားကိုးအားထား မရှိတော့သည်အထိ၊ ဤအခက်အခဲကို ၎င်းတို့ မတွန်းလှန်နိုင်သည့်၊ မငြင်းနိုင်သည့်၊ သို့မဟုတ် မရှောင်နိုင်သည့်အခြေအနေအထိ လုပ်ဆောင်ခြင်းတို့တွင် များစွာ အားထုတ်သော မိဘများပင် ရှိသည်။ ဤသည်မှာ မိဘအနေဖြင့် ပြုမူလုပ်ဆောင်ရန် သင့်လျော်သောနည်းလမ်း ဟုတ်သလော။ (မဟုတ်ပါ။) မိဘများက မိမိတို့၏သားသမီးများအား ၎င်းတို့ကို စိတ်ကုန်အောင် လုပ်ဆောင်လျှင် ဤသည်မှာ ဒုက္ခပေးသည်ဟု ခေါ်ဆိုသည် မဟုတ်လော။ မိဘများက ၎င်းတို့၏ အရွယ်ရောက်ပြီးဖြစ်သော သားသမီးများအတွက် လုပ်ဆောင်ပေးသင့်သည့်အရာမှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ထမ်းဆောင်ခြင်း၊ သားသမီးများ၏ အနာဂတ် ဘဝလမ်းကြောင်းများတွင် သားသမီးများကို ကူညီပေးခြင်း၊ သားသမီးများအား အချို့သော ကျိုးကြောင်းသင့်ပြီး တန်ဖိုးရှိသောအကြံ၊ လှုံ့ဆော်မှု၊ သတိပေးချက်တို့ ပေးခြင်းဖြစ်ဆဲပင် ဖြစ်သည်။ ဤသို့အားဖြင့် သားသမီးများသည် အလုပ်တွင်၊ သို့မဟုတ် အမျိုးမျိုးသောလူ၊ ဖြစ်ရပ်၊ အမှုအရာများနှင့် ကြုံတွေ့သောအခါတွင် လှည့်စားခံရခြင်းကို ရှောင်နိုင်သည်။ ပြီးလျှင် ကွေ့ကောက်သော လမ်းကြောင်းများကို လျှောက်ခြင်း၊ မလိုအပ်သော ပြဿနာများနှင့် တွေ့ခြင်း၊ သို့မဟုတ် တရားစွဲခံရခြင်းကိုပင် ရှောင်နိုင်သည်။ မိဘများသည် အတွေ့အကြုံ ရှိသောသူ၏ ရှုထောင့်မှ ရပ်တည်သင့်ပြီး သားသမီးများအား အသုံးဝင်သော၊ တန်ဖိုးရှိသော အကြံနှင့် ကိုးကားချက်များကို ပေးသင့်သည်။ ၎င်းတို့၏ သားသမီးများက ယင်းတို့ကို နားထောင်သည်၊ နားမထောင်သည်မှာ သူတို့ကိစ္စဖြစ်သည်။ မိဘများက လုပ်ဆောင်သင့်သည့်အရာမှာ ၎င်းတို့တာဝန်များကို ထမ်းဆောင်ခြင်းသာ ဖြစ်သည်။ သားသမီးများက ဒုက္ခမည်မျှကို တွေ့ကြုံရမည်၊ ဝေဒနာမည်မျှကို ခံရမည်၊ သို့မဟုတ် ကောင်းချီးမည်မျှကို ၎င်းတို့ ခံစားရမည်ဆိုသည်ကို မိဘများက မလွှမ်းမိုးနိုင်ပေ။ ၎င်းတို့၏ သားသမီးများသည် ဤဘဝတွင် ဆင်းရဲဒုက္ခအချို့ကို ခံရမည်ဖြစ်ပြီး ၎င်းတို့က သင်ကြားပေးရန် လိုအပ်သည့်အရာများကို သားသမီးများအား သင်ကြားပြီးဖြစ်သော်လည်း သားသမီးများ၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သားသမီးများက အလွန်တစ်ဇွတ်ထိုးလုပ်ဆောင်ဆဲဖြစ်လျှင် သူတို့သည် ဒုက္ခခံရသင့်သည်။ ဤသည်မှာ သူတို့၏ ကံကြမ္မာဖြစ်သည်။ မိဘများက မိမိကိုယ်ကို အပြစ်တင်ဖို့ မလိုပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) အချို့ဖြစ်ရပ်များတွင် လူတို့၏ အိမ်ထောင်များသည် အဆင်မပြေပေ။ ၎င်းတို့သည် အိမ်ထောင်ဘက်များနှင့် သင့်မြတ်မှုမရှိဘဲ ကွာရှင်းဖို့ ဆုံးဖြတ်သည်။ ပြီးလျှင် ကွာရှင်းပြီးနောက်တွင် ၎င်းတို့၏ သားသမီးများအား မည်သူက ပျိုးထောင်မည်ဆိုသည်ကို အငြင်းပွားခြင်းများ ရှိကြသည်။ ထိုလူများ၏ မိဘများသည် ၎င်းတို့၏ အလုပ်တွင် ၎င်းတို့အတွက် အရာရာ အဆင်ပြေမည်ဟုလည်းကောင်း၊ ၎င်းတို့တွင် အလွန်ပျော်ရွှင်ကြည်နူးရသော အိမ်ထောင်ရှိမည်ဟုလည်းကောင်း၊ မည်သည့်စိတ်ဝမ်းကွဲမှုမျှ၊ သို့မဟုတ် မည်သည့်ပြဿနာမျှ ပေါ်ထွက်မည် မဟုတ်ဟုလည်းကောင်း မျှော်လင့်ကြသည်။ သို့သော် အဆုံးတွင် မည်သည့်အရာကမျှ ၎င်းတို့အလိုရှိသည့်အတိုင်း မဖြစ်ပေ။ ထို့ကြောင့် ဤမိဘများသည် ၎င်းတို့သားသမီးများအတွက် စိတ်ပူပြီး ငိုသည်။ အိမ်နီးချင်းအား ညည်းညူပြသည်။ ပြီးလျှင် သူတို့၏ သားသမီးအရင်းအချာကို အုပ်ထိန်းခွင့်ရဖို့ ရုန်းကန်လှုပ်ရှားကြရာတွင် ၎င်းတို့၏ သားများကိုဖြစ်စေ၊ သမီးများကိုဖြစ်စေ ကူပြီး ရှေ့နေရှာပေးသည်။ မိမိတို့၏ သမီးက မတရားခံခဲ့ရသည်ကို မြင်ပြီး သမီးကိုယ်စား ရင်ဆိုင်ရန် ရပ်တည်ကာ သူမ၏ ခင်ပွန်းအိမ်သို့သွား၍ “မင်းက ငါ၏ သမီးကို အဘယ်ကြောင့် ဤသို့ မတရားပြုလုပ်သနည်း။ ငါသည် ဤစော်ကားမှုကို မျက်ကွယ်ပြုထားမည်မဟုတ်” ဟု အော်သော မိဘအချို့ပင်ရှိသည်။ ၎င်းတို့သည် ၎င်းတို့၏သမီးကိုယ်စား ဒေါသကို ဖွင့်ထုတ်ရန် ၎င်းတို့နှင့်အတူ ၎င်းတို့၏ မိသားစုဆွေမျိုးများကိုပင် ခေါ်လာသည်မှာ ဤအရာက ပိုမိုဆိုးရွားသော အကြီးအကျယ် အော်ဟစ်ငြင်းခုံခြင်းကို ဖြစ်စေ၏။ ရလဒ်အနေဖြင့် ၎င်းတို့သည် အလွန်ပင် ဆူဆူညံညံဖြစ်ကြသည်။ တစ်မိသားစုလုံးက ပုံကြီးမချဲ့လိုက်လျှင်ပင်၊ ခင်ပွန်းနှင့် ဇနီးကြားရှိ တင်းမာမှုသည် တဖြည်းဖြည်းချင်း ပြေလျော့လာလျှင် ၎င်းတို့သည် စိတ်တည်ငြိမ်ပြီးနောက် မကွာရှင်းခဲ့ဖို့ များသည်။ သို့သော် ဤမိဘများက ပုံကြီးချဲ့သောကြောင့် အလွန်ကြီးသောအမှုကိစ္စအဖြစ် ပြောင်းသွားခဲ့သည်။ ၎င်းတို့၏ ပြိုကွဲနေသော အိမ်ထောင်ကို မပြုပြင်နိုင်ဘဲ စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်ခဲ့သည်။ အဆုံးတွင် ၎င်းတို့သည် အလွန်ပင် ပုံကြီးချဲ့သောကြောင့် ၎င်းတို့သားသမီးများ၏ အိမ်ထောင်က အဆင်ပြေချောမွေ့ခြင်း မရှိဘဲ ဤမိဘများသည်လည်း ဤအရာနှင့်ပတ်သက်ပြီး စိတ်ပူရသည်။ ငါ့ကို ပြောလော့။ ဤသို့ဖြစ်ရသည်မှာ တန်သလော။ ထိုအရာများ၌ ၎င်းတို့ ပါဝင်ပတ်သက်သည်မှာ မည်သည့်အကျိုးရှိသနည်း။ မိဘများအားလုံးသည် ၎င်းတို့သားသမီးများ၏ အိမ်ထောင်နှင့်သက်ဆိုင်ဖြစ်စေ၊ အလုပ်နှင့်သက်ဆိုင်သည်ဖြစ်စေ ၎င်းတို့၌ ကြီးမားသော တာဝန်ရှိသည်ဟု ထင်ကြသည်။ “ငါသည် ပါဝင်ပတ်သက်ရမည်၊ ဤအမှုကိစ္စကို နီးကပ်စွာ ခြေရာခံပြီး စောင့်ကြည့်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့ သားသမီးများ၏ အိမ်ထောင်သည် ပျော်ရွှင်သလော၊ မပျော်ရွှင်သလောဆိုသည်ကိုလည်းကောင်း၊ ၎င်းတို့၏ ချစ်ခင်မှုနှင့်ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိမရှိကိုလည်းကောင်း၊ ၎င်းတို့၏သား၊ သို့မဟုတ် သားမက်က ဖောက်ပြန်နေခြင်းရှိမရှိကိုလည်းကောင်း စောင့်ကြည့်ကြသည်။ အချို့သောမိဘများသည် ၎င်းတို့သားသမီးများ၏ အိမ်ထောင်အတွက်၊ သို့မဟုတ် အခြားသောအရာအမျိုးမျိုးအတွက် ၎င်းတို့တွင်ရှိသော မျှော်မှန်းချက်များ ပြည့်ဝရန်အလို့ငှာ ၎င်းတို့သားသမီးများ၏ ဘဝ၏ ကဏ္ဍအမျိုးမျိုးနှင့်ပတ်သက်ပြီး စွက်ဖက်သည်။ ဝေဖန်သည်၊ သို့မဟုတ် အကြံအစည်များပင် ထုတ်ကြသည်။ ပြီးလျှင် ဤသည်မှာ ၎င်းတို့သားသမီးများ၏ ဘဝနှင့်အလုပ်၏ ပုံမှန်အစီအစဉ်ကို အလွန်အမင်းထိခိုက်လေသည်။ ဤသို့သော မိဘများသည် မုန်းတီးဖွယ်မဟုတ်သလော။ (ဟုတ်ပါသည်။) သားသမီးများ၏ ဘဝနေမှုပုံစံနှင့် ဘဝအလေ့အကျင့်များတွင် ပါဝင်ပတ်သက်သော မိဘအချို့ပင် ရှိသည်။ ၎င်းတို့သည် မည်သည့်လုပ်စရာမျှ မရှိသောအခါတွင် ၎င်းတို့၏ ချွေးမက အခြေအနေမည်သို့ရှိသည်ကို ကြည့်ရန်၊ သူမသည် သူမ၏ မိသားစုအရင်းအချာထံသို့ လက်ဆောင်ဖြစ်စေ၊ ငွေကြေးတို့ကိုဖြစ်စေ လျှို့ဝှက်စွာ ပို့ခြင်းရှိမရှိ စစ်ဆေးရန်၊ သို့မဟုတ် သူမသည် အခြားယောက်ျားများနှင့် တွဲနေခြင်းရှိမရှိစစ်ဆေးရန်အတွက် ၎င်းတို့သားသမီးများ၏ အိမ်သို့ သွားကြသည်။ ၎င်းတို့၏ သားသမီးများက ဤလုပ်ဆောင်မှုများကို အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်နှင့် မနှစ်မြို့စရာဖြစ်သည်ဟု မြင်သည်။ မိဘများက ဤသို့ ဆက်လက်လုပ်ဆောင်နေလျှင် ဤသည်မှာ မနှစ်မြို့စရာနှင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ဟု သားသမီးများက ခံစားရမည်။ ထို့ကြောင့် ဤလုပ်ဆောင်မှုများသည် ဆင်ခြင်တုံတရားမရှိသည်မှာ အလွန် ရှင်းလင်းသည်။ ဤအရာကို အခြားရှုထောင့်မှကြည့်လျှင် ဤလုပ်ဆောင်မှုများသည် ကိုယ်ကျင့်တရားနှင့်မညီဘဲ လူ့သဘာဝကင်းမဲ့သည်မှာလည်း မှန်သည်။ မိဘများသည် သားသမီးများအပေါ် မည်သည့်မျှော်မှန်းချက်မျိုးရှိပါစေ သားသမီးများ အရွယ်ရောက်ပြီးနောက်တွင် မိဘများသည် သားသမီးများ၏ နေထိုင်မှု၊ သို့မဟုတ် အလုပ်အသိုင်းအဝိုင်းများ၊ သို့မဟုတ် ၎င်းတို့၏ မိသားစုများနှင့် ပါဝင်ပတ်သက်ခြင်း မရှိသင့်ပေ။ ပြီးလျှင် ၎င်းတို့ဘဝ၏ မတူညီသော ကဏ္ဍများကို ဝင်ရောက်စွက်ဖက်ရန်၊ သို့မဟုတ် ထိန်းချုပ်ရန် ပို၍ပင် မကြိုးစားသင့်ပေ။ ငွေကို အလွန်ချစ်သောမိဘအချို့ပင်ရှိပြီး ၎င်းတို့က မိမိတို့၏သားသမီးများအား “ပိုက်ဆံကို အလျင်အမြန်ရှာရန် သင်၏ စီးပွားရေးကို တိုးချဲ့ဖို့လိုမည်။ ထိုသူ၏ ကလေးကို ကြည့်ပါ၊ သူသည် သူ၏စီးပွားရေးကို ချဲ့ထွင်ခဲ့သည်။ သူ၏ ဆိုင်အသေးကို ဆိုင်အကြီးအဖြစ် ပြောင်းခဲ့သည်။ ပြီးလျှင် ထိုဆိုင်အကြီးကို လုပ်ငန်းလုပ်ပိုင်ခွင့်ရ ကုမ္ပဏီအဖြစ် ပြောင်းခဲ့သည်။ ထို့နောက် ယခုတွင် သူ၏ မိဘသည် သူနှင့်အတူ စားရသောက်ရသည်။ သင် ပိုက်ဆံပို၍ ရှာရမည်။ ပိုက်ဆံပိုရှာပြီး ဆိုင်များကို ပိုဖွင့်ရမည်။ ဤသို့ဆိုလျှင် သင်၏ ကောင်းစားမှုတွင် ငါတို့ အတူတကွ ပါဝင်နိုင်သည်” ဟု ပြောသည်။ သားသမီးများ၏ အခက်အခဲ၊ သို့မဟုတ် ဆန္ဒများက မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ ဖြည့်ဆည်းလိုကြသည်။ ၎င်းတို့သည် ဇာတိပကတိ သာယာမှုများကို ခံစားရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန်အတွက် ပိုက်ဆံများစွာရှာရန် ၎င်းတို့၏ သားသမီးများကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ ဤသည်တို့အားလုံးမှာ မိဘများ မလုပ်သင့်သည့် အရာများဖြစ်သည်။ ဤအရာများသည် ကိုယ်ကျင့်တရားနှင့်မညီဘဲ လူ့သဘာဝကင်းမဲ့သည်။ ပြီးလျှင် ဤသို့သောမိဘများသည် ၎င်းတို့တာဝန်များကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။ ဤသည်မှာ အရွယ်ရောက်သော သားသမီးများအပေါ် မိဘများထားရှိသင့်သည့် သဘောထားမဟုတ်ပေ။ ဤအစား ဤမိဘများသည် သားသမီးများအပေါ် တာဝန်ယူသည့် အယောင်ဆောင်ကာ ၎င်းတို့ ဝါကြီးမှုကို အခွင့်ကောင်းယူနေခြင်း၊ အရွယ်ရောက်ပြီးဖြစ်သော မိမိတို့သားသမီးများ၏ ဘဝ၊ အလုပ်၊ အိမ်ထောင် စသည်တို့ကို ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်။ လူတစ်ဦး၏အရွယ်ရောက်ပြီး သားသမီးများသည် မည်မျှ စွမ်းဆောင်နိုင်ပါစေ၊ ၎င်းတို့၏ အစွမ်းအစက မည်သို့ရှိပါစေ၊ လူ့အဖွဲ့အစည်းတွင် မည်သို့သော အဆင့်အတန်းရှိပါစေ၊ သို့မဟုတ် ၎င်းတို့၏ ဝင်ငွေက မည်မျှဖြစ်နိုင်ပါစေ ဤသည်မှာ ဘုရားသခင်က ၎င်းတို့အတွက် ချမှတ်ထားသော ကံကြမ္မာဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အချု်ပအခြာအာဏာအောက်တွင် ရှိသည်။ မိဘများသည် သားသမီးများက မည်သည့်ဘဝမျိုးအား နေထိုင်သည်နှင့်ပတ်သက်ပြီး မစွက်ဖက်သင့်ပေ။ ၎င်းတို့က လမ်းမှန်ကို မလျှောက်လျှင်၊ သို့မဟုတ် ဥပဒေချိုးဖောက်လျှင်မူ မိဘများက သားသမီးများအား တင်းကျပ်စွာ ပဲ့ပြင်ဆုံးမသင့်သည်။ သို့သော် ဤအရွယ်ရောက်ပြီးသူများက စိတ်နေစိတ်ထား မှန်ကန်သော၊ အမှီအခိုကင်းစွာ နေထိုင်ပြီး ရှင်သန်နိုင်စွမ်းရှိသော သာမန်အခြေအနေများအောက်တွင် ရှိသည့်အခါ ဤမိဘများသည် နောက်ဆုတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သားသမီးများသည် အရွယ်ရောက်နှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများက အရွယ်ရောက်ပြီးသည်မှာ မကြာသေးလျှင်၊ ၎င်းတို့သည် အသက် ၂၀၊ သို့မဟုတ် ၂၁နှစ်အရွယ်ဖြစ်ပြီး လူ့အဖွဲ့အစည်းရှိ ရှုပ်ထွေးသော အခြေအနေအမျိုးမျိုးကို မသိသေးလျှင်၊ သို့မဟုတ် ဘဝတွင် မည်သို့ ကျင့်ကြံပြုမူရမည်ကို မသိသေးလျှင်၊ မည်သို့ပေါင်းသင်းဆက်ဆံရမည်ကို နားမလည်လျှင်၊ ရှင်သန်ရေးနှင့်ပတ်သက်ပြီး ကျွမ်းကျင်မှုနည်းပါးလျှင် ဤမိဘများသည် ၎င်းတို့အား သင့်လျော်သောကူညီထောက်မမှုအချို့ ပေးပြီး ၎င်းတို့ အမှီအခိုကင်းစွာဖြင့် နေထိုင်နိုင်သော အခြေအနေသို့ တဖြည်းဖြည်းချင်း ကူးပြောင်းနိုင်ရန် လုပ်ဆောင်ပေးသင့်သည်။ ဤသည်မှာ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းဟု ခေါ်သည်။ သို့သော် ၎င်းတို့သည် သားသမီးများအား လမ်းမှန်ပေါ်သို့ ချပြီး သားသမီးများက အမှီအခိုကင်းစွာ ရှင်သန်နိုင်စွမ်းရှိသည်နှင့် တစ်ပြိုင်နက် ဤမိဘများသည် နောက်ဆုတ်သင့်သည်။ ၎င်းတို့သည် မိမိတို့၏ သားသမီးများက အရွယ်မရောက်သေးသကဲ့သို့၊ စိတ်ဓာတ်မပြည့်ဝသေးသကဲ့သို့ ဆက်လက်၍ မဆက်ဆံသင့်ပေ။ ၎င်းတို့သည် မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက်တစ်ခုခုရှိသည့် အယောင်ဆောင်ကာ မိမိတို့၏သားသမီးများအပေါ် လက်တွေ့မကျသော မျှော်မှန်းချက်တစ်ခုမျှ မရှိသင့်ပေ၊ သို့မဟုတ် အလုပ်၊ မိသားစု၊ အိမ်ထောင်၊ လူများ၊ ဖြစ်ရပ်များနှင့်ပတ်သက်ပြီး မိမိတို့သားသမီးများ၏ အတွင်းရေးများ၊ သို့မဟုတ် သဘောထားများ၊ အမြင်များ၊ ပြုမူဆောင်ရွက်မှုများကို မစွက်ဖက်သင့်ပေ။ ၎င်းတို့သည် ဤသို့သောအရာတစ်ခုတလေကို လုပ်ဆောင်လျှင် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းနေခြင်း မဟုတ်ပေ။

မိမိတို့၏သားများနှင့် သမီးများက အမှီအခိုကင်းစွာ ရှင်သန်နိုင်သောအချိန်တွင် မိဘများ လုပ်ဆောင်သင့်သည့်အရာမှာ သားသမီးများ၏ အလုပ်၊ ဘဝ၊ မိသားစုများနှင့်ပတ်သက်လျှင် အရေးစိုက်မှုနှင့်ျ လိုအပ်သော ပြုစုစောင့်ရှောက်မှုတို့ကိုသာ ပြသရန်၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင်စွမ်းရည်ကို အသုံးပြုပြီး တစ်စုံတစ်ခုကို မအောင်မြင်နိုင်သော၊ သို့မဟုတ် မကိုင်တွယ်နိုင်သော အခြေအနေများတွင် ၎င်းတို့အား သင့်လျော်သောကူညီမှုအချို့ကို ပေးရန်ဖြစ်သည်။ ဥပမာ သင်၏သား၊ သို့မဟုတ် သမီးက ကလေးတစ်ယောက်ရှိသည်၊ သူနှင့်သူ၏ အိမ်ထောင်ဖက်နှစ်ဦးလုံးက အလွန်အလုပ်ရှုပ်နေသည်။ ကလေးက အလွန်ငယ်သေးပြီး တစ်ခါတစ်ရံတွင် ကလေးအား ဂရုစိုက်မည့်သူတစ်ယောက်မျှ မရှိဟုဆိုပါစို့။ ဤအခြေအနေများတွင် သင်သည် သင့်သားသမီး၏ကလေးကို ကူ၍ ပြုစုစောင့်ရှောက်ပေးနိုင်သည်။ ဤသည်မှာ မိဘ၏ တာဝန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှန်တကယ်တွင် ၎င်းတို့သည် သင်၏အသွေးအသား ဖြစ်သည်။ ပြီးလျှင် အခြားတစ်ယောက်ယောက်က လုပ်ဆောင်ခြင်းထက် သင်က ၎င်းတို့၏ကလေးကို ပြုစုစောင့်ရှောက်ခြင်းမှာ ပို၍ ဘေးကင်းလိမ့်မည်။ သင်၏ သားသမီးက သင့်အား သူ၏ကလေးကို စောင့်ရှောက်ပေးရန် ယုံကြည်လျှင် သင်က စောင့်ရှောက်ပေးသင့်သည်။ ၎င်းတို့က သင့်အား ကလေးအပ်နှံခြင်းကို စိတ်အေးဆေးခြင်းမရှိဘဲ သင့်အား ကလေးကို ဂရုမစိုက်စေလိုလျှင်၊ သို့မဟုတ် ၎င်းတို့က သင့်အား ချစ်မြတ်နိုးသောကြောင့်၊ သင့်အတွက် ထောက်ထားသောကြောင့်၊ သင်သည် ကလေးကို ဂရုစိုက်ရန်အတွက် ကောင်းစွာ ကိုယ်ကျန်းမာခြင်း မရှိမည်စိုးသောကြောင့် ၎င်းတို့က သင့်အား ပြုစုစောင့်ရှောက်ခွင့်ပြုမည် မဟုတ်လျှင် သင်သည် ဤအရာကို အမှားမရှာသင့်ပေ။ မိမိတို့၏မိဘများကို ယုံကို မယုံကြည်သော အချို့သော သားများနှင့် သမီးများပင် ရှိသည်။ ၎င်းတို့က ၎င်းတို့မိဘသည် ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်နိုင်စွမ်း မရှိဟုလည်းကောင်း၊ ကလေးငယ်များအား မည်သို့ဖျက်ဆီးရမည်ကိုသာ သိပြီး မည်သို့သွန်သင်ဆုံးမရမည်ကို မသိဟုလည်းကောင်း၊ ၎င်းတို့မိဘသည် သူတို့စားသော အစားအစာနှင့်ပတ်သက်လျှင် ဂရုမစိုက်ဟုလည်းကောင်း ထင်ကြသည်။ သင်၏သား၊ သို့မဟုတ် သမီးက သင့်အား မယုံကြည်လျှင်၊ သူ၏ကလေးကို သင့်အား မစောင့်ရှောက်စေလိုလျှင် ဤသည်မှာ ပို၍ပင်ကောင်းသည်။ ဤသို့ဆိုလျှင် သင့်၌ အားလပ်ချိန်ပို၍ ရှိသည်။ ဤသည်မှာ အပြန်အလှန်သဘောတူညီချက်ဟု ခေါ်သည်။ မိဘရောသားသမီးပါ တစ်ယောက်ကိုတစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်းမရှိ။ ပြီးလျှင် တစ်ချိန်တည်းတွင်ပင် တစ်ယောက်ကိုတစ်ယောက် စာနာထောက်ထားမှုပြသသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများက ကူညီမှု၊ အရေးစိုက်မှု၊ ပြုစုစောင့်ရှောက်မှုလိုအပ်သောအခါ စိတ်ခံစားချက်ပိုင်းအဆင့်တွင်၊ သိုမဟုတ် အခြားသောကဏ္ဍများတွင် သင့်တင့်လျောက်ပတ်သော၊ လိုအပ်သော အရေးစိုက်မှု၊ ပြုစုစောင့်ရှောက်မှု၊ ငွေရေးကြေးရေးထောက်ပံ့မှုတို့ကို သားသမီးများအား ပေးဖို့သာ လိုအပ်သည်။ ဥပမာ မိဘတစ်ဦးသည် စုဆောင်းငွေအချို့ရှိသည်၊ သို့မဟုတ် သူ၏အလုပ်တွင် ကျွမ်းကျင်ပြီး ဝင်ငွေရလမ်းတစ်ခုရှိသည်ဆိုပါစို့။ သူ၏ သားသမီးများက ပိုက်ဆံအချို့ လိုအပ်သောအခါတွင် တတ်နိုင်လျှင် ၎င်းတို့ကို ကူညီနိုင်သည်။ မတတ်နိုင်လျှင် သားသမီးများအား ကူညီရန်အတွက် သူ၏ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်ရန်၊ သို့မဟုတ် အတိုးကြီးစားသူထံမှ ငွေချေးငှားပေးရန် မလိုအပ်ပေ။ သူသည် သွေးသားတော်စပ်မှု စည်းဘောင်အောက်တွင် သူ့၌ရှိသော တာဝန်များကို ဖြည့်ဆည်းရန်အတွက် သူ၏ လုပ်ဆောင်နိုင်စွမ်းရှိသော နယ်ပယ်အတွင်းရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့သာ လိုသည်။ သူသည် မိမိ၏သားသမီးများကို ကူညီရန်အတွက် သူ့၌ရှိသော အရာရာတိုင်းကို ရောင်းချဖို့မလိုပေ၊ သို့မဟုတ် သူ၏ ကျောက်ကပ်၊ သို့မဟုတ် သွေးကို ရောင်းရန်၊ သို့မဟုတ် အလွန်အကျွံအလုပ်လုပ်ရန် မလိုအပ်ပေ။ သင်၏ဘဝကို သင်ပိုင်သည်။ သင်၏ဘဝကို ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ ပြီးလျှင် သင့်တွင် ကိုယ့်တာဝန်များနှင့်ကိုယ် ရှိသည်။ ထိုတာဝန်များကို သင်ဖြည့်ဆည်းနိုင်ရန်အတွက် ဤဘဝကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ သင်၏သားသမီးများသည်လည်း ဤဘဝတွင် ၎င်းတို့၏ဘဝလမ်းကြောင်းများကို ပြီးဆုံးနိုင်ပြီး ၎င်းတို့၏တာဝန်ကို ပြီးမြောက်နိုင်ရန်အတွက် ၎င်းတို့၏ဘဝကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ သင့်အပေါ် သားသမီးဝတ်ကျေပွန်ရန်အတွက် မဟုတ်ပေ။ ထို့ကြောင့် မိမိတို့၏သားသမီးများက အရွယ်ရောက်သူများဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မိဘများ၏ ဘဝကို မိဘများကိုယ်တိုင်ကသာ ပိုင်ဆိုင်သည်။ သားသမီးများက မပိုင်ဆိုင်ပေ။ ပင်ကိုအားဖြင့် မိဘများသည် သားသမီးများ၏ အခမဲ့ ကလေးထိန်းများ၊ သို့မဟုတ် ကျွန်များမဟုတ်ပေ။ မိဘများက သားသမီးများအပေါ် မည်သည့် မျှော်မှန်းချက်များရှိပါစေ သားသမီးများအား မိဘများကို အစားပြန်လည် လုပ်ဆောင်ပေးခြင်းမရှိဘဲ ထင်ရာမြင်ရာ အမိန့်ပေးခိုင်းစေခွင့်ပြုရန်၊ သို့မဟုတ် သားသမီးများ၏ အစေခံ၊ အိမ်ဖော်၊ သို့မဟုတ် ကျွန်များ ဖြစ်ရန် မိဘများအနေဖြင့် မလိုအပ်ပေ။ သင်သည် သင့်သားသမီးအပေါ် မည်သည့်ခံစားချက်ရှိပါစေ သင်သည် အမှီအခိုကင်းသောသူတစ်ယောက် ဖြစ်ဆဲဖြစ်သည်။ သင်၏ သားသမီးများ ဖြစ်ရုံသက်သက်ဖြင့် ၎င်းတို့၏ အရွယ်ရောက်ပြီးဖြစ်သောဘဝအပေါ် တာဝန်ယူခြင်းသည် အပြည့်အဝမှန်ကန်နေသည့်အလား မလုပ်ဆောင်သင့်ပေ။ ဤသို့လုပ်ဆောင်ရန် မလိုအပ်ပေ။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူများဖြစ်သည်။ သင်သည် ၎င်းတို့ကို ပျိုးထောင်ရန် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့က ကောင်းစွာနေထိုင်မည်လော၊ သို့မဟုတ် ဆိုးစွာနေထိုင်မည်လော၊ ၎င်းတို့သည် ချမ်းသာမည်လော၊ သို့မဟုတ် ဆင်းရဲမည်လော၊ ပျော်ရွှင်သော၊ သို့မဟုတ် မပျော်ရွှင်သောဘဝကို နေထိုင်မည်လောဆိုသည်တို့အတွက်မူ ၎င်းတို့၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ဤအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် မိဘအနေဖြင့် ထိုအရာများကို ပြောင်းလဲရန် ဝတ္တရားမရှိပေ။ ၎င်းတို့၏ဘဝက မပျော်ရွှင်လျှင် သင်က “မင်း မပျော်ရွှင်ပါ။ ဤအရာကို ပြုပြင်ရန် နည်းလမ်းများကို ငါစဉ်းစားမည်။ ငါပိုင်ဆိုင်သမျှတိုင်းကို ရောင်းချမည်။ မင်းပျော်ရွှင်ရန်အတွက် ငါ၏ဘဝစွမ်းအင်အားလုံးကို သုံးပစ်မည်” ဟု ပြောရန် တာဝန်မရှိ။ ဤသို့လုပ်ဆောင်ရန် မလိုပေ။ သင်သည် သင့်တာဝန်များကို ထမ်းဆောင်ရန်သာ လိုအပ်သည်။ ဤမျှသာဖြစ်သည်။ သင်က ၎င်းတို့ကို ကူညီလိုလျှင် ၎င်းတို့က အဘယ်ကြောင့်မပျော်ရွှင်သည်ကို သင်မေးနိုင်သည်။ ပြီးလျှင် သဘောတရားဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအဆင့်တွင် ပြဿနာအား နားလည်အောင်လုပ်ဆောင်ရာ၌ ၎င်းတို့ကို ကူညီနိုင်သည်။ ၎င်းတို့က သင့်အကူအညီကို လက်ခံလျှင် ပို၍ပင် ကောင်းသည်။ လက်မခံလျှင် သင်သည် မိဘအနေဖြင့် သင့်တာဝန်များကိုသာ ဖြည့်ဆည်းဖို့လိုပြီး ဤမျှသာဖြစ်သည်။ သင်၏ သားသမီးများက ဒုက္ခခံလိုလျှင် ဤသည်မှာ ၎င်းတို့ကိစ္စဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး သင့်အနေဖြင့် စိတ်ပူရန်ဖြစ်စေ၊ စိတ်မချမ်းမသာ ဖြစ်ရန်ဖြစ်စေ၊ စားမဝင်၊ သို့မဟုတ် အိပ်မပျော်ဖြစ်ရန်ဖြစ်စေ မလိုပေ။ ဤသို့ဖြစ်ခြင်းသည် အလွန်အကျွံဖြစ်ရာရောက်မည်။ အဘယ်ကြောင့် အလွန်အကျွံ ဖြစ်ရာရောက်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အရွယ်ရောက်ပြီးသူများ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ဘဝတွင် ၎င်းတို့ကြုံတွေ့ရသောအရာရာတိုင်းကို ၎င်းတို့ကိုယ်တိုင်စီမံတတ်ရန် သင်ယူသင့်သည်။ သင်က ၎င်းတို့အတွက် စိတ်ပူလျှင် ဤသည်မှာ ချစ်ခင်မှုသာဖြစ်သည်။ သင်က ၎င်းတို့အတွက် စိတ်မပူလျှင် သင်က အကြင်နာကင်းမဲ့သည်ဟု မဆိုလိုပေ၊ သို့မဟုတ် သင့်တာဝန်များကို မဖြည့်ဆည်းရသေးဟု မဆိုလိုပေ။ ၎င်းတို့သည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ပြီးလျှင် အရွယ်ရောက်ပြီးသူများသည် အရွယ်ရောက်ပြီးသူများ၏ ပြဿနာများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အရွယ်ရောက်သူများ ကိုင်တွယ်သင့်သည့်အရာရာတိုင်းကို ကိုင်တွယ်ရမည်။ အရာရာအားလုံး၌ ၎င်းတို့မိဘများကို အမှီမပြုသင့်ပေ။ မိမိတို့၏ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် ၎င်းတို့၏ အလုပ်၊ အသက်မွေးဝမ်းကျောင်း၊ မိသားစု၊ သို့မဟုတ် အိမ်ထောင်တို့တွင် အဆင်ပြေခြင်း ရှိမရှိနှင့်ပတ်သက်၍ မိဘများက မိမိတို့ကိုယ်တိုင်အပေါ် တာဝန်ပုံမချထားသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် ဤအရာများကို စိတ်ပူနိုင်သည်။ ယင်းတို့အကြောင်းကို စုံစမ်းမေးမြန်းနိုင်သည်။ သို့သော် သင်သည် ယင်းတို့ကို အပြည့်အဝဦးဆောင်ပြီး သားသမီးများအား သင့်အနီးတွင် ခေါ်ထားရန်၊ မည်သည့်နေရာသို့ သင်သွားပါစေ ၎င်းတို့ကို သင်နှင့်အတူခေါ်ရန်၊ မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ ၎င်းတို့ကို စောင့်ကြည့်ပြီး “သူတို့သည် ယနေ့တွင် ကောင်းစွာစားနိုင်ကြသလော။ ပျော်ရွှင်ကြသလော။ အလုပ်က အဆင်ပြေသလော၊ သူတို့၏ အထက်လူကြီးက သူတို့ကို အသိအမှတ်ပြုသလော။ သူတို့၏ အိမ်ထောင်ဖက်က သူတို့ကို ချစ်သလော။ သူတို့၏ ကလေးများက စကားနားထောင်ကြသလော။ သူတို့၏ ကလေးများက အမှတ်ကောင်းကြသလော” ဟု စဉ်းစားရန် မလိုအပ်ပေ။ ဤအရာများသည် သင်နှင့် မည်သို့သက်ဆိုင်သနည်း။ သင့်သားသမီးများက ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းနိုင်သည်။ သင် ပါဝင်ပတ်သက်ရန် မလိုပေ။ ဤအရာများသည် သင်နှင့် မည်သို့သက်ဆိုင်သနည်းဟု ငါအဘယ်ကြောင့် မေးသနည်း။ ဤသည်မှာ ထိုအရာများသည် သင်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ငါဆိုလိုခြင်းဖြစ်သည်။ သင်သည် သင့်သားသမီးများအပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ သင်သည် ၎င်းတို့ကို အရွယ်ရောက်ပြီးသူများအဖြစ်သို့ ပျိုးထောင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် နောက်ဆုတ်သင့်သည်။ သင်သည် နောက်ဆုတ်လိုက်သည်နှင့် ဤသည်မှာ သင့်၌ လုံးဝ လုပ်စရာမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ သင်လုပ်ဆောင်သင့်သည့်အရာ များစွာရှိသေးသည်။ ဤဘဝတွင် သင်ပြီးမြောက်ရန် လိုအပ်သည့်တာဝန်များနှင့် ပတ်သက်လျှင် သားသမီးများအား အရွယ်ရောက်သည်အထိ ပျိုးထောင်ခြင်းအပြင် သင့်၌ ပြီးမြောက်ရန် အခြားတာဝန်များလည်း ရှိသည်။ သင်သည် သားသမီးများ၏ မိဘဖြစ်ခြင်းအပြင် ဖန်ဆင်းခံတစ်ယောက်လည်း ဖြစ်သည်။ သင်သည် ဘုရားရှေ့သို့ လာသင့်သည်။ ပြီးလျှင် ဘုရားထံမှ သင်၏တာဝန်ကို လက်ခံသင့်သည်။ သင့်တာဝန်သည် အဘယ်နည်း။ ထိုတာဝန်ကို သင်ပြီးမြောက်ပြီးသလော။ ထိုတာဝန်အပေါ် သင့်ကိုယ်သင် ဆက်ကပ်အပ်နှံပြီးဖြစ်သလော။ ကယ်တင်ခြင်းဆီသို့လမ်းကြောင်းအပေါ် သင် စတင်လျှောက်လှမ်းပြီးဖြစ်သလော။ ဤအရာများသည် သင် စဉ်းစားသင့်သည့် အရာများဖြစ်သည်။ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် မည်သည့်နေရာသို့ သွားမည်၊ ၎င်းတို့၏ဘဝက မည်သို့ဖြစ်မည်၊ ၎င်းတို့၏ အခြေအနေများက မည်သို့ဖြစ်မည်၊ ၎င်းတို့သည် ပျော်ရွှင်ကြည်နူးမည်လောဆိုသည်တို့အတွက်မူ ထိုအရာများသည် သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင့်သားသမီးများက ဥပဒေအရရောစိတ်ပိုင်းဆိုင်ရာအရပါ နှစ်ခုလုံးတွင် အမှီအခိုကင်းနေပြီဖြစ်သည်။ သင်သည် ၎င်းတို့ကို အမှီအခို ကင်းခွင့်ပြုသင့်သည်။ သင်သည် လက်လွှတ်သင့်သည်။ ပြီးလျှင် ၎င်းတို့ကို ထိန်းချုပ်ဖို့ မကြိုးစားသင့်ပေ။ လုပ်ရိုးလုပ်စဉ်အားဖြင့် ဖြစ်စေ၊ ချစ်ခင်သော ဆက်ဆံရေးများ၊ သို့မဟုတ် သွေးသားတော်စပ်မှုအားဖြင့် ဖြစ်စေ သင်သည် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်။ ပြီးလျှင် သင်နှင့် သင့်သားသမီးများကြားတွင် မည်သည့်ဆက်ဆံရေးမျှ မရှိတော့ပေ။ ၎င်းတို့တာဝန်နှင့် သင့်တာဝန်ကြားတွင် ဆက်နွှယ်မှုမရှိပေ။ ၎င်းတို့လျှောက်သည့် ဘဝလမ်းကြောင်းများနှင့် သင်၏ မျှော်မှန်းချက်များကြားတွင် ဆက်နွှယ်မှုမှရှိပေ။ ၎င်းတို့အပေါ် သင်၏ မျှော်မှန်းချက်များနှင့် ၎င်းတို့အပေါ် သင့်တာဝန်များသည် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ပင်ကိုအားဖြင့် သင်သည် ၎င်းတို့အပေါ် မျှော်မှန်းချက်များမရှိသင့်ပေ။ ၎င်းတို့သည် ၎င်းတို့ဖြစ်ပြီး သင်က သင်ဖြစ်သည်။ သင့်သားသမီးများက အိမ်ထောင်မပြုလျှင် သင်နှင့် သင့်သားသမီးတို့၏ကံကြမ္မာ၊ တာဝန်တို့နှင့် ပတ်သက်လျှင် သင်တို့သည် လုံးဝ ဆက်စပ်ခြင်းမရှိဘဲ အမှီအခို ကင်းသောသူများဖြစ်ကြသည်။ ၎င်းတို့က အမှန်ပင် အိမ်ထောင်ပြုပြီး မိသားစုဖြစ်လာလျှင် သင်တို့မိသားစုများသည် လုံးဝ ဆက်စပ်မှုမရှိသော မိသားစုများဖြစ်သည်။ သင့်သားသမီးများ၌ ၎င်းတို့နေထိုင်သည့် အလေ့အကျင့်နှင့် ဘဝနေမှုပုံစံများရှိသည်။ ၎င်းတို့၏ ဘဝအရည်အသွေးနှင့်ပတ်သက်ပြီး ၎င်းတို့၌ လိုအပ်ချက်များရှိသည်။ ပြီးလျှင် သင့်၌ သင်၏ နေထိုင်သည့်အလေ့အကျင့်ရှိပြီး သင်၏ဘဝအရည်အသွေးနှင့်ပတ်သက်ပြီး သင်၏လိုအပ်ချက်များရှိသည်။ ဘဝတွင် သင်သည် သင့်လမ်းကြောင်းရှိပြီး ၎င်းတို့က ဘဝတွင် ၎င်းတို့လမ်းကြောင်းရှိသည်။ သင့်တွင် သင်၏တာဝန်ရှိပြီး ၎င်းတို့တွင် ၎င်းတို့၏ တာဝန်ရှိသည်။ သင့်၌ သင်၏ယုံကြည်ခြင်းရှိပြီး ၎င်းတို့၌ ၎င်းတို့၏ ယုံကြည်ခြင်းရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်ခြင်းက ငွေ၊ ဂုဏ်နှင့် အကျိုးအမြတ်တို့အပေါ် တည်ရှိလျှင် သင်တို့သည် လုံးဝ ကွဲပြားသောလူများဖြစ်သည်။ ၎င်းတို့က သင်ကဲ့သို့ တူညီသော ယုံကြည်ခြင်းရှိလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းလမ်းကြောင်းအား လျှောက်လျှင် သင်တို့သည် ပင်ကိုအားဖြင့် လုံးဝကွဲပြားသောသူများဖြစ်ဆဲ ဖြစ်သည်။ သင်သည် သင်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ဖြစ်သည်။ ၎င်းတို့လျှောက်သည့်လမ်းကြောင်းများနှင့်ပတ်သက်လျှင် သင် ကြားမဝင်သင့်ပေ။ သင်သည် ၎င်းတို့ကို ပံ့ပိုး၍ ကူညီနိုင်ကာ ထောက်ပံ့နိုင်ပြီး ၎င်းတို့ကို သတိပေးတိုက်တွန်းနိုင်သည်။ သို့သော် ကြားဝင်စွက်ဖက်ရန်၊ သို့မဟုတ် ပါဝင်ပတ်သက်ရန် မလိုပေ။ အခြားလူတစ်ယောက်က မည်သည့်လမ်းကြောင်းကို လျှောက်မည်၊ မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်ရန် အသက်ရှင်မည်၊ သို့မဟုတ် မည်သည့်လိုက်စားမှုမျိုးရှိမည်ဆိုသည်တို့ကို မည်သူကမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ စဉ်းစားကြည့်လော့။ မည်သည့်အရာကို အခြေခံပြီး ငါသည် ဤနေရာတွင် ထိုင်၍ ဤအရာများအားလုံးအကြောင်းကို သင်တို့အား စကားစမည်ပြောပြီး ပြောဆိုနေခြင်းဖြစ်သနည်း။ သင်တို့၏ နားထောင်လိုစိတ် ရှိခြင်းအပေါ် အခြေခံသည်။ ငါ၏ အလေးအနက်တိုက်တွန်းမှုကို သင်တို့ နားထောင်လိုစိတ်ရှိသောကြောင့် ငါပြောဆိုနေခြင်းဖြစ်သည်။ သင်တို့က နားထောင်လိုစိတ်မရှိလျှင်၊ သို့မဟုတ် ထွက်ခွာသွားလျှင် ငါပြောဆိုမည် မဟုတ်တော့ပေ။ ငါပြောဆိုသည့်စကားလုံးအရေအတွက်သည် သင်တို့က ထိုစကားများအား နားထောင်လိုစိတ်ရှိမရှိနှင့် နားထောင်ရန်အတွက် သင်တို့၏ အချိန်နှင့် အားအင်ကို သုံးစွဲလိုစိတ်ရှိမရှိအပေါ်တွင် မူတည်သည်။ သင်တို့က “ကိုယ်တော်ပြောသည့်အရာကို ကျွန်ုပ်နားမလည်ပါ။ ပို၍ အသေးစိတ် ရှင်းပြနိုင်ပါသလား” ဟုဆိုလျှင် ငါသည် ပို၍အသေးစိတ်ရှင်းပြရန်၊ သင်နားလည်ပြီး ငါ၏စကားများအတွင်းသို့ ဝင်ရောက်နိုင်ရန် ထောက်ကူပေးဖို့အတွက် အကောင်းဆုံးလုပ်ဆောင်မည်။ ငါသည် သင့်အား လမ်းမှန်ပေါ်သို့ ချပြီးသောအခါ၊ ဘုရားသခင်နှင့် သမ္မာတရားရှေ့သို့ ယူဆောင်ပြီးသောအခါ၊ သမ္မာတရားကိုနားလည်ပြီး ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်နိုင်ရန် လုပ်ဆောင်ပြီးသောအခါတွင် ငါ၏ အလုပ်ပြီးမြောက်လိမ့်မည်။ သို့ရာတွင် ငါ၏ စကားများကို ကြားနာပြီးနောက် ယင်းတို့ကို သင်လက်တွေ့လုပ်ဆောင်လိုစိတ် ရှိမည်၊ မရှိမည်၊ သို့မဟုတ် မည်သို့သောလမ်းကြောင်းမျိုးကို သင်လျှောက်မည်၊ မည်သည့်ဘဝမျိုးကို သင်ရွေးချယ်မည်၊ သို့မဟုတ် မည်သည့်အရာကို သင်လိုက်စားမည်ဆိုသည့် ဤအရာများသည် ငါ၏ ကိစ္စမဟုတ်ပေ။ သင်က “ထိုသမ္မာတရားကဏ္ဍနှင့်ပတ်သက်ပြီး ကျွန်ုပ် မေးစရာရှိသည်၊ ယင်းကို ကျွန်ုပ်ရှာဖွေလိုသည်” ဟု ဆိုလျှင် ငါသည် စိတ်ရှည်စွာဖြင့် သင့်မေးခွန်းကို ဖြေမည်။ သင်က သမ္မာတရားကို ရှာဖွေရန် လုံးဝ ဆန္ဒမရှိလျှင် ဤအတွက်ကြောင့် ငါသည် သင့်အား ကိုင်တွယ်ဖြေရှင်းမည်လော။ ကိုင်တွယ်ဖြေရှင်းမည် မဟုတ်။ ငါသည် သင့်အား သမ္မာတရားကို ရှာဖွေရန် အဓမ္မလုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် သင့်အား လှောင်ပြောင်မည်မဟုတ်။ သင့်အား အေးစက်သောသဘောထားဖြင့် သေချာပေါက် ဆက်ဆံမည်မဟုတ်ပေ။ ငါသည် ယခင်ကကဲ့သို့ပင် ပြုမူမည်။ သင်သည် သင့်တာဝန်တွင် အမှားပြုလုပ်လျှင်၊ သို့မဟုတ် အနှောင့်အယှက်၊ အဖျက်အဆီးတစ်ခုကို တမင်ဖြစ်စေလျှင် သင့်အားကိုင်တွယ်ရန်အတွက် ငါ့၌ စည်းမျဉ်းများနှင့် နည်းလမ်းများရှိသည်။ သို့ရာတွင် သင်က “ကိုယ်တော်က ဤအရာများအားပြောသည်ကို ကျွန်ုပ်မကြားလိုပါ။ ပြီးလျှင် ကိုယ်တော်၏ ထိုအမြင်များကို ကျွန်ုပ် လက်ခံလိုစိတ် မရှိပါ။ ကျွန်ုပ်အစဉ် လုပ်ဆောင်ခဲ့သည့် ပုံစံအတိုင်း ကျွန်ုပ်၏တာဝန်ကို ဆက်လက် ထမ်းဆောင်မည်ဖြစ်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ဆိုလျှင် သင်သည် စည်းမျဉ်းများကို၊ သို့မဟုတ် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်ရပေ။ သင်သည် စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ချိုးဖောက်လျှင်မူ ငါသည် သင့်ကို ကိုင်တွယ်မည်။ သို့သော် သင်သည် စိမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မချိုးဖောက်လျှင်၊ အသင်းတော်အသက်တာအား ရှင်သန်စဉ်တွင် သင့်လျော်စွာ ပြုမူနေထိုင်နိုင်လျှင် သင်က သမ္မာတရားအား မလိုက်စားလျှင်ပင် ငါသည် သင့်အား ကြားဝင်စွက်ဖက်မည်မဟုတ်။ သင်၏ တစ်ကိုယ်ရေဘဝ၊ သင်စားလိုသည့်၊ ဝတ်လိုသည့်အရာ၊ သို့မဟုတ် မည်သည့်လူများနှင့် သင်ဆက်ဆံလိုသည်ဆိုသည်တို့နှင့် ပတ်သက်လျှင် ငါ ဝင်ရောက်စွက်ဖက်မည် မဟုတ်။ ဤအရာများနှင့်ပတ်သက်လျှင် ငါ သင့်ကို လွတ်လပ်ခွင့်ပေးသည်။ အဘယ်ကြောင့်နည်း။ ဤအမှုကိစ္စနှင့်ပတ်သက်သည့် စည်းမျဉ်းနှင့် အကြောင်းအရာအားလုံးကို ငါ သင့်အား ရှင်းလင်းစွာ ပြောဆိုပြီးဖြစ်သည်။ ကျန်သည့်အရာမှာ သင်၏ ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်မှုအပေါ် မူတည်သည်။ သင်လျှောက်ရန် ရွေးချယ်သည့်လမ်းကြောင်းသည် သင်က မည်သို့သောသူမျိုး ဖြစ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသည်မှာ သိသာသည်။ သင်သည် သမ္မာတရားကို ချစ်သောသူမဟုတ်လျှင် မည်သူက သင့်အား သမ္မာတရားကို ချစ်ရန် အတင်းအဓမ္မလုပ်ဆောင်နိုင်မည်နည်း။ အဆုံးတွင် လူတိုင်းသည် ၎င်းတို့လျှောက်သည့်လမ်းကြောင်းနှင့် ၎င်းတို့ရရှိသည့် ရလဒ်များအတွက် တာဝန်ယူရမည်။ ငါသည် ဤအတွက် တာဝန်ယူဖို့ မလိုပေ။ သမ္မာတရားကို သင်လိုက်စားလျှင် သင်က မိမိဆန္ဒအလျောက် လုပ်ဆောင်ခြင်းဖြစ်သည်။ သင်က သမ္မာတရားကို မလိုက်စားလျှင်လည်း သင်က မိမိဆန္ဒအလျောက် လုပ်ဆောင်ခြင်းဖြစ်သည်။ မည်သူကမျှ သင့်အား ဆွဲမထားပေ။ သင်က သမ္မာတရားကို အမှန်ပင် လိုက်စားလျှင် မည်သူကမျှ သင့်အား အားပေးမည်မဟုတ်ဘဲ သင့်အား အထူးကျေးဇူးတော်၊ သို့မဟုတ် ရုပ်ဝတ္ထုကောင်းချီးများပေးမည်မဟုတ်။ ငါသည် ငါ၏ တာဝန်များကို ထမ်းဆောင်နေခြင်းနှင့် ဖြည့်ဆည်းနေခြင်းသာဖြစ်သည်။ သင်တို့နားလည်သင့်ပြီး ဝင်ရောက်ရန် လိုအပ်သည့် သမ္မာတရားအားလုံးကို သင့်တို့အား ပြောပြနေခြင်းသာ ဖြစ်သည်။ သင်တို့၏ ကိုယ်ပိုင်ဘဝကို နေထိုင်သည့်ပုံစံနှင့်ပတ်သက်ပြီး ငါသည် မည်သည့်အခါမျှ မမေးမြန်းခဲ့၊ သို့မဟုတ် ခိုးမကြည့်ခဲ့ပေ။ ဤသည်မှာ ငါပိုင်ဆိုင်သည့် သဘောထားဖြစ်သည်။ မိဘများသည်လည်း သားသမီးများအပေါ် ဤသို့ လုပ်ဆောင်သင့်သည်။ အရွယ်ရောက်သူများသည် အမှန်နှင့် အမှားကို ခွဲခြားနိုင်စွမ်းရှိသည်။ ၎င်းတို့က အမှန်၊ သို့မဟုတ် အမှားကို ရွေးသလော၊ အမဲ၊ သို့မဟုတ် အဖြူကိုရွေးသလော၊ အပြုသဘောဆောင်သောအရာ၊ သို့မဟုတ် အပျက်သဘောဆောင်သောအရာကို ရွေးသလောဆိုသည်မှာ ၎င်းတို့ကိစ္စဖြစ်သည်။ ဤသည်မှာ ၎င်းတို့စိတ်တွင်းရှိ လိုအပ်ချက်များအပေါ်တွင် မူတည်သည်။ လူတစ်ယောက်၏ အနှစ်သာရက ဆိုးယုတ်လျှင် သူသည် အပြုသဘောဆောင်သောအရာများကို ရွေးမည်မဟုတ်။ လူတစ်ယောက်က ကောင်းအောင် ကြိုးပမ်းလျှင်၊ လူ့သဘာဝ၊ မိမိအသိစိတ်ကို သိမြင်မှု၊ ရှက်စိတ်တို့ကို ပိုင်ဆိုင်လျှင် သူသည် အပြုသဘောဆောင်သောအရာများကို ရွေးချယ်လိမ့်မည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်ရန် အနည်းငယ်နှေးကွေးလျှင်ပင် နောက်ဆုံး၌ ၎င်းတို့သည် လမ်းမှန်ပေါ်၌ စတင်လျှောက်လှမ်းလိမ့်မည်။ ဤသည်မှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့် မိဘများသည် သားသမီးများအပေါ် ဤသဘောထားမျိုးရှိသင့်ပြီး သားသမီးများ၏ ရွေးချယ်မှုများအား ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပေ။ သားသမီးများအပေါ် အချို့သောမိဘများက ထားရှိသည့် သတ်မှတ်ချက်များမှာ “ငါတို့၏ သားသမီးများသည် လမ်းမှန်ပေါ်တွင် စတင်လျှောက်လှမ်းသင့်သည်၊ ဘုရားသခင်ကို ယုံကြည်သင့်သည်၊ လောကီကို စွန့်လွှတ်သင့်သည်၊ ပြီးလျှင် ၎င်းတို့၏ အလုပ်ကို စွန့်လွှတ်သင့်သည်။ ဤသို့မဟုတ်လျှင် နိုင်ငံတော်သို့ ငါတို့ ဝင်ရောက်သောအခါ ၎င်းတို့က ဝင်နိုင်မည်မဟုတ်ဘဲ ငါတို့သည် ၎င်းတို့နှင့် ကွဲကွာနေလိမ့်မည်။ ငါတို့ တစ်မိသားစုလုံးသည် နိုင်ငံတော်သို့ အတူတကွဝင်နိုင်လျှင် အလွန်ကောင်းလိမ့်မည်၊ ငါတို့သည် ကမ္ဘာမြေတွင်ကဲ့သို့ ကောင်းကင်ဘုံတွင် အတူတကွရှိနိုင်သည်။ နိုင်ငံတော်၌ ငါတို့ရှိနေစဉ်တွင် ငါတို့သည် တစ်ယောက်နှင့်တစ်ယောက် မစွန့်ခွာရ။ ခေတ်ကာလများတစ်လျှောက်တွင် ငါတို့ အတူတကွနေရမည်” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်ဟုလည်းကောင်း၊ ထိုအစား လောကီအရာများကို လိုက်စားကာ ပိုက်ဆံများစွာရှာရန်နှင့် အလွန်ချမ်းသာကြွယ်ဝရန် ကြိုးပမ်းသည်ဟုလည်းကောင်း ဖြစ်လာသည်။ ခေတ်မီဆန်းပြားသော မည်သည့်အရာကိုမဆို ၎င်းတို့ ဝတ်ဆင်သည်။ ရေပန်းစားနေသော မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ဆောင်ပြီး ပြောဆိုသည်။ ပြီးလျှင် ၎င်းတို့၏မိဘများ၏ ဆန္ဒများကို မဖြည့်ဆည်းပေ။ ရလဒ်အနေဖြင့် ဤမိဘများသည် စိတ်မချမ်းမသာဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဆုတောင်းပြီး အစာရှောင်ကာ တစ်ပတ်၊ ၁၀ ရက်၊ သို့မဟုတ် နှစ်ပတ် အစာရှောင်သည်။ ပြီးလျှင် ဤအမှုကိစ္စတွင် သားသမီးများအတွက် များစွာအားစိုက်ထုတ်သည်။ ၎င်းတို့သည် မကြာခဏပင် အလွန်ဆာလောင်သောကြောင့် မူးဝေကြသည်။ ပြီးလျှင် ဘုရားရှေ့တွင် ငိုရှိုက်လျက် မကြာခဏဆုတောင်းသည်။ သို့သော် မည်မျှဆုတောင်းပါစေ၊ မည်မျှအားစိုက်ထုတ်ပါစေ သားသမီးများက ပြောင်းလဲခြင်းမရှိ။ ပြီးလျှင် အသိတရားရရကောင်းမှန်းကို မသိပေ။ သားသမီးများက ယုံကြည်ရန် ငြင်းဆန်လေလေ၊ ဤမိဘများက “အို မဟုတ်သေးပါဘူး၊ ငါ၏ သားသမီးများအပေါ် ငါ တာဝန်ပျက်ကွက်ခဲ့ပြီ။ ငါ သူတို့ကို စိတ်ပျက်အောင်လုပ်ခဲ့ပြီ။ ငါ သူတို့ကို ဧဝံဂေလိ မမျှဝေနိုင်ခဲ့ကဲ့သို့ သူတို့ကို ငါနှင့်အတူ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ မခေါ်ဆောင်ရသေးပါ။ လူမိုက်များ၊ ဤသည်မှာ ကယ်တင်ခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်” ဟု တွေးလေလေဖြစ်သည်။ ၎င်းတို့သည် လူမိုက်များမဟုတ်။ ၎င်းတို့တွင် ဤလိုအပ်ချက်မရှိခြင်းသာ ဖြစ်သည်။ လူမိုက်များမှာ ဤမိဘများဖြစ်သည်။ သားသမီးများအား ဤလမ်းကြောင်းပေါ်သို့ အတင်းအဓမ္မ ရောက်အောင် လုပ်ဆောင်သောကြောင့်ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သားသမီးများက ဤလိုအပ်ချက်ရှိလျှင် ဤမိဘများက ဤအရာများကို ပြောရန် လိုအပ်မည်လော။ သားသမီးများက ၎င်းတို့ဘာသာ ယုံကြည်လာလိမ့်မည်။ ဤမိဘများက “ငါ၏ သားသမီးများကို စိတ်ပျက်အောင်လုပ်ခဲ့သည်။ ငါသည် သူတို့ကို ငယ်စဉ်အချိန်က ကောလိပ်ကျောင်းတက်ရန် အားပေးခဲ့ပြီး သူတို့သည် ကောလိပ်တက်ကတည်းက နောက်ပြန်မလှည့်ခဲ့ပါ။ သူတို့သည် လောကီအရာများအား လိုက်စားခြင်းကို မရပ်တန့်ဘဲ သူတို့ပြန်လာသည့်အချိန်တိုင်းတွင် အလုပ်၊ ပိုက်ဆံရှာခြင်းအကြောင်း၊ မည်သူက ရာထူးတိုးသည်၊ ကားဝယ်သည်၊ မည်သူက ချမ်းသာသူကို လက်ထပ်သည်၊ အဆင့်မြင့်ပညာသင်ရန်အတွက်၊ သို့မဟုတ် ကျောင်းသားလဲလှယ်၍ စာသင်ကြားပေးသော နိုင်ငံခြားပရိုဂရမ်၌ ကျောင်းသွားတက်ရသော သူတစ်ယောက်ဖြစ်ရန် မည်သူက ဥရောပသို့သွားသည်ဆိုသည်တို့အကြောင်းသာ ပြောဆိုပြီး အခြားလူများ၏ ဘဝက မည်မျှကောင်းမွန်နေသည်ဆိုသည်ကို ပြောသည်။ သူတို့ အိမ်ပြန်လာသည့် အချိန်တိုင်းတွင် ထိုအရာများအကြောင်းကို ပြောဆိုကြပြီး ထိုအရာများကို ငါမကြားလိုပါ။ သို့သော် ဤအရာနှင့်ပတ်သက်ပြီး ငါလုပ်ဆောင်နိုင်သည့်အရာမရှိ။ ငါသည် သူတို့အား ဘုရားသခင်ကို ယုံကြည်ဖို့ ကြိုးစားလုပ်ဆောင်ရန် မည်သည့်အရာကို ပြောသည်ဖြစ်စေ သူတို့က နားမထောင်ပါ” ဟု အစဉ် တွေးကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် သားသမီးများနှင့် အငြင်းအခုံဖြစ်ကြတော့သည်။ သားသမီးများနှင့် ၎င်းတို့ တွေ့သည့်အခါတိုင်းတွင် ၎င်းတို့မျက်နှာက မဲမှောင်သွားသည်။ သားသမီးများအား ၎င်းတို့ စကားပြောသည့်အခါတိုင်းတွင် ၎င်းတို့၏ အမူအရာက မကြည်မသာဖြစ်သည်။ အချို့သားသမီးများက မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ “ငါ၏ မိဘများက မည်သို့ဖြစ်နေသည်ကို ငါမသိ။ ဘုရားသခင်အား ငါ မယုံကြည်လျှင် ဘုရားကို ငါ မယုံကြည်ခြင်းသာ ဖြစ်သည်။ သူတို့သည် အဘယ်ကြောင့် ငါ့အား ဤသဘောထားဖြင့် အစဉ် ဆက်ဆံသနည်း။ လူတစ်ယောက်က ဘုရားသခင်ကို ယုံကြည်လေလေ၊ ပိုမိုကောင်းမွန်သောသူဖြစ်လေလေ ဖြစ်သည်ဟု ငါ ထင်ခဲ့သည်။ ဘုရားသခင်အား ယုံကြည်သူတို့သည် သူတို့မိသားစုအပေါ် အဘယ်သို့ ချစ်ခင်မှု အလွန်နည်းပါးရသနည်း” ဟု တွေးကြသည်။ ဤမိဘများသည် သားသမီးများအတွက် အလွန်စိတ်ပူသည်မှာ သွေးကြောပေါက်ထွက်တော့မတတ် ဖြစ်ပြီး ၎င်းတို့က “သူတို့သည် ငါ၏ သားသမီးများမဟုတ်။ ငါသည် သူတို့နှင့် အဆက်အသွယ်ဖြတ်မည်၊ ငါသည် သူတို့ကို စွန့်လွှတ်မည်” ဟု ဆိုသည်။ ၎င်းတို့က ဤသို့ပြောသော်လည်း ဤသည်မှာ ၎င်းတို့ အမှန်တကယ်ခံစားရသည့်အရာ မဟုတ်ပေ။ ဤသို့သောမိဘများသည် မမိုက်မဲသလော။ (မိုက်မဲပါသည်။) ၎င်းတို့သည် အစဉ်သဖြင့် အရာရာတိုင်းကို ထိန်းချုပ်ပြီး ဆုပ်ကိုင်ထားလိုသည်။ သားသမီးများ၏ အနာဂတ်၊ ယုံကြည်မှုနှင့် ၎င်းတို့လျှောက်သည့်လမ်းကြောင်းတို့ကို အစဉ် ဆုပ်ကိုင်ထားလိုသည်။ ဤသည်မှာ အလွန်မိုက်မဲသည်။ မသင့်လျော်ပေ။ အထူးသဖြင့် လောကီအမှုအရာများကို လိုက်စားသော၊ မန်နေဂျာရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး ပိုက်ဆံများစွာရရှိသော သားသမီးအချို့ရှိသည်။ ၎င်းတို့သည် ဂျင်ဆင်း၊ ရွှေနားကပ်နှင့် ရွှေဆွဲကြိုးအစုလိုက်အပုံလိုက်တို့ကို မိဘများအတွက် လက်ဆောင်များအဖြစ် ယူဆောင်လာကြပြီး ၎င်းတို့၏မိဘများက “ဤအရာများကို ငါမလိုချင်၊ မင်းတို့ ကျန်းမာဖို့၊ ငါ့နောက်လိုက်ပြီး ဘုရားသခင်ကို ယုံကြည်ဖို့သာ ငါမျှော်လင့်သည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် အလွန်ကောင်းသောအရာ ဖြစ်သည်” ဟု ဆိုသည်။ သားသမီးများက “ဤအရာကို အစမဖော်နှင့်။ ကျွန်ုပ်သည် ရာထူးတိုးပေးခြင်း ခံရသည်၊ ပြီးလျှင် အမေနှင့်အဖေသည် ကျွန်ုပ်ကို ဂုဏ်ပြုရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးပါ။ အခြားလူများ၏ မိဘများက ၎င်းတို့၏သားသမီး ရာထူးတိုးသည်ကို ကြားသောအခါတွင် ရှန်ပိန်ပုလင်းဖွင့်သည်၊ စားကောင်းသောက်ဖွယ်များ စားသောက်ရန် အပြင်ထွက်သည်၊ သို့သော် ကျွန်ုပ်သည် အမေနှင့်အဖေအတွက် ဆွဲကြိုးများ၊ နားကပ်များ ဝယ်သောအခါတွင် အမေနှင့်အဖေက မပျော်ရွှင်ပါ။ ကျွန်ုပ်သည် အမေနှင့်အဖေအ‌ပေါ် မည်သည့်နည်းလမ်းဖြင့် တာဝန်ပျက်ကွက်ခဲ့သနည်း။ ကျွန်ုပ် ဘုရားသခင်ကို မယုံကြည်သောကြောင့် အမေနှင့်အဖေတို့ သုန်မှုန်နေခြင်းသာ ဖြစ်သည်” ဟု ဆိုသည်။ ဤမိဘများက ဤသို့ သုန်မှုန်ခြင်းမှာ မှန်သလော။ လူတို့တွင် မတူညီသော လိုက်စားမှုများရှိသည်။ မတူညီသော လမ်းကြောင်းများ လျှောက်သည်။ ပြီးလျှင် ဤလမ်းကြောင်းများကို ၎င်းတို့ဘာသာ ရွေးချယ်သည်။ မိဘများသည် ဤအမှုကိစ္စကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင့်သားသမီးများက ဘုရားသခင် တည်ရှိမှုကို အသိအမှတ်မပြုလျှင် ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ရန် သင် မတောင်းဆိုသင့်ပေ။ အမှုကိစ္စများအား အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် မည်သည့်အခါမျှ အလုပ်မဖြစ်ပေ။ ၎င်းတို့သည် ဘုရားသခင်အား မယုံကြည်လိုလျှင်၊ ၎င်းတို့သည် ထိုသို့သောသူမျိုး မဟုတ်လျှင် သင်က ဤအကြောင်းကို ပြောလေလေ၊ ၎င်းတို့က သင့်အား စိတ်တိုစေလေလေဖြစ်မည်။ ပြီးလျှင် သင်ကလည်း ၎င်းတို့ကို စိတ်တိုစေလိမ့်မည်။ သင်တို့နှစ်ဦးလုံး စိတ်တိုလိမ့်မည်။ သို့သော် သင်တို့နှစ်ဦးလုံး စိတ်တိုခြင်းမှာ အရေးကြီးသည့်အရာမဟုတ်။ အရေးကြီးသည့်အရာမှာ ဘုရားသခင်က သင့်အား ရွံရှာမည်ဖြစ်ခြင်း ဖြစ်သည်။ သင်၏ ချစ်ခင်မှုသည် ပြင်းထန်လွန်းသည်ဟု သူက ဆိုလိမ့်မည်။ သင်၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်ရုံဖြင့် သင်က အဖိုးအခများစွာပေးဆပ်နိုင်သည့်အပြင် လောကီအရာများအား ၎င်းတို့လိုက်စားခြင်းကို သင်အလွန် စိတ်မချမ်းမသာ ဖြစ်သည့်အတွက် တစ်နေ့တွင် ဘုရားသခင်က ၎င်းတို့ကို ခေါ်ဆောင်သွားလျှင် သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဘုရားသခင်နှင့်ပတ်သက်ပြီး စောဒကတက်မည်လော။ သင့်စိတ်နှလုံး၌ သင့်သားသမီးများက သင့်အတွက် အရာရာဖြစ်သည်ဆိုလျှင်၊ ၎င်းတို့သည် သင်၏ အနာဂတ်၊ သင့်မျှော်လင့်ချက်၊ သင့်ဘဝဖြစ်လျှင် သင်သည် ဘုရားသခင်ကို ယုံကြည်သောသူ ဖြစ်သေးသလော။ သင်က ဤသို့လုပ်ဆောင်နေခြင်းကို ဘုရားသခင်က စက်ဆုပ်မည်မဟုတ်လော။ သင်လုပ်ဆောင်နေသည့် ပုံစံသည် အလွန်ပင် အမြော်အမြင်မရှိ။ စည်းမျဉ်းများနှင့် သဟဇာတမဖြစ်ပေ။ ပြီးလျှင် ဘုရားသခင်က ယင်းကို ကျေနပ်မည်မဟုတ်။ ထို့ကြောင့် သင်သည် အမြော်အမြင်ရှိလျှင် ဤသို့သောအရာမျိုးကို လုပ်ဆောင်မည်မဟုတ်ပေ။ သင့်သားသမီးများက မယုံကြည်လျှင် သင်သည် လက်လွှတ်သင့်သည်။ သင်ပြုလုပ်သင့်သည့် ငြင်းခုံမှုအားလုံးကို သင်ပြုလုပ်ပြီးဖြစ်ပြီး သင်ပြောဆိုသင့်သည့်အရာကို ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား ကိုယ်ပိုင်ရွေးချယ်မှု ပြုလုပ်စေလော့။ ယခင်က သင့်သားသမီးများနှင့် ရှိခဲ့သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလော့။ ၎င်းတို့က သင့်အား သားသမီးဝတ်ကျေပွန်လိုလျှင်၊ ၎င်းတို့က သင့်အား ချစ်မြတ်နိုးပြီး စောင့်ရှောက်လိုလျှင် သင်က ဤအရာကို ငြင်းပယ်ဖို့ မလိုပေ။ ၎င်းတို့က သင့်အား ဥရောပသို့ ခရီးတိုထွက်ရန် ခေါ်လိုသော်လည်း ဤသည်မှာ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်နှေးစေလျှင်၊ သင်က မသွားလိုလျှင် မသွားနှင့်။ သို့သော် သင်က သွားလိုပြီး သင့်တွင် အချိန်ရှိလျှင်မူ သွားလော့။ သင်၏ အတွေ့အကြုံနယ်ပယ်ကို ချဲ့ထွင်ခြင်းသည် မှားခြင်း မရှိပေ။ ဤအရာအားဖြင့် သင်၏ လက်များသည် ညစ်ပေမည်မဟုတ်။ ဘုရားသခင်က ရှုတ်ချမည်မဟုတ်။ သင့်သားသမီးများက သင့်အတွက် ကောင်းသောအရာအချို့၊ ကောင်းသောအစားအစာ၊ သို့မဟုတ် အဝတ်အစားအချို့ ဝယ်ပေးပြီး သင်က သူတော်စင်တစ်ယောက်အနေဖြင့် ယင်းတို့ကို ဝတ်ဆင်ရန်၊ သို့မဟုတ် အသုံးပြုရန် သင့်လျော်သည်ဟု ထင်လျှင် ယင်းတို့ကို နှစ်သက်ခံစားလော့။ ယင်းတို့ကို ဘုရားသခင်ထံမှ ကျေးဇူးတော်အဖြစ် မှတ်ယူလော့။ သင်သည် ထိုအရာများကို စက်ဆုပ်ရွံရှာလျှင်၊ နှစ်သက်ခံစားခြင်းမရှိလျှင်၊ ယင်းတို့သည် ဒုက္ခပေးတတ်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်ဟု သင်ထင်လျှင်၊ ယင်းတို့ကို နှစ်သက်ခံစားလိုစိတ်မရှိလျှင် သင်ငြင်းဆန်နိုင်ပြီး “ငါ မင်းတို့ကို တွေ့ရသည်နှင့်ပင် ပျော်ရွှင်သည်၊ ငါ့အတွက် လက်ဆောင်များယူလာဖို့၊ သို့မဟုတ် ပိုက်ဆံအကုန်ခံဖို့ မလိုပါ၊ ထိုအရာများကို ငါမလိုအပ်ပါ။ ငါသည် မင်းတို့ ဘေးကင်းပြီး ပျော်ရွှင်ဖို့သာ အလိုရှိသည်” ဟု ဆိုနိုင်သည်။ ဤသည်မှာ အလွန်မကောင်းသလော။ သင်သည် ဤစကားများကို ပြောပြီး သင့်စိတ်နှလုံး၌ ဤအရာများကို ယုံကြည်လျှင်၊ သင့်သားသမီးများအား သင့်ကို ရုပ်ဝတ္ထုဆိုင်ရာ စည်းစိမ်များပေးဖို့၊ သို့မဟုတ် ၎င်းတို့၏ ကောင်းစားမှု၌ သင်ပျော်မွေ့စေရန် ကူညီဖို့ သင်အမှန်တကယ် မလိုအပ်လျှင် သင့်သားသမီးများက သင့်ကို လေးစားလိမ့်မည်မဟုတ်လော။ ၎င်းတို့၏အလုပ်၊ သို့မဟုတ် ဘဝတွင် ၎င်းတို့ ရင်ဆိုင်ရသည့် မည်သည့်အခက်အခဲမဆိုအတွက်မူ သင်တတ်နိုင်သည့်အခါတိုင်းတွင် ၎င်းတို့ကို ကူညီရန် အကောင်းဆုံး လုပ်ဆောင်လော့။ ၎င်းတို့အား ကူညီခြင်းသည် သင်၏တာဝန်ထမ်းဆောင်မှုကို ထိခိုက်လျှင် သင် ငြင်းဆန်နိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင်သည် ၎င်းတို့အပေါ် မည်သည့်အရာမျှ အကြွေးမတင်တော့သောကြောင့်၊ ၎င်းတို့အပေါ် မည်သည့်တာဝန်မျှ မရှိတော့သောကြောင့်၊ ၎င်းတို့သည် အမှီအခိုကင်းသော အရွယ်ရောက်သူများ ဖြစ်နေပြီ ဖြစ်သောကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝကို စီမံနိုင်သည်။ သင်သည် ၎င်းတို့ကို ခြွင်းချက်မရှိ၊ သို့မဟုတ် အချိန်ပြည့် အစေခံဖို့ မလိုပေ။ ၎င်းတို့က သင့်အကူအညီကို တောင်း၍ သင်က ၎င်းတို့က ကူညီထောက်ပံ့လိုစိတ် မရှိလျှင်၊ သို့မဟုတ် ၎င်းတို့ကို ကူညီခြင်းက သင်၏တာဝန်ထမ်းဆောင်မှုကို နှောင့်နှေးစေလျှင် သင် ငြင်းဆန်နိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သွေးသားတော်စပ်မှုရှိသော်လည်း၊ သင်သည် ၎င်းတို့၏ မိဘဖြစ်သော်လည်း ဤသည်မှာ လုပ်ရိုးလုပ်စဉ် ဆက်ဆံရေး၊ မျိုးရိုးနှင့် ချစ်ခင်မှုဆက်ဆံရေးတို့သာ ဖြစ်သည်။ သင်၏တာဝန်နှင့်ပတ်သက်လျှင်မူ ၎င်းတို့နှင့် ဆက်ဆံရေးမှ သင် လွတ်မြောက်ပြီးဖြစ်သည်။ ထို့ကြောင့် မိဘများသည် အမြော်အမြင်ရှိလျှင် သားသမီးများ အရွယ်ရောက်ပြီးနောက်တွင် သားသမီးများအပေါ် မည်သည့်မျှော်မှန်းချက်၊ သတ်မှတ်ချက်၊ သို့မဟုတ် စံနှုန်းမျှ ရှိမည်မဟုတ်။ ပြီးလျှင် မိမိတို့၏သားသမီးများအား မိဘ၏ အမြင်ရှုထောင့်၊ သို့မဟုတ် နေရာမှနေ၍ ပုံစံတစ်မျိုးဖြင့် ပြုမူလုပ်ဆောင်ရန်၊ သို့မဟုတ် အချို့သောအရာများကို လုပ်ဆောင်ရန် ၎င်းတို့က တောင်းဆိုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သားသမီးများက အမှီအခိုကင်းပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သင့်သားသမီးများက အမှီအခိုကင်းသောအခါတွင် ဤသည်မှာ သင်သည် ၎င်းတို့အပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် သင်သည် အခြေအနေပေးသောအခါတွင် သင့်သားသမီးများအတွက် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ၎င်းတို့အား အရေးစိုက်မှု၊ သို့မဟုတ် ဂရုစိုက်မှုပြသပါစေ ယင်းသည် ချစ်ခင်မှုမျှသာဖြစ်ပြီး မလိုလားအပ်ပေ။ သို့မဟုတ် သင့်သားသမီးများက သင့်အား တစ်စုံတစ်ခုလုပ်ဆောင်ရန် ခိုင်းစေလျှင် ယင်းသည်လည်း မလိုလားအပ်ပေ။ ယင်းသည် သင်လုပ်ဆောင်ရန် တာဝန်ရှိသည့်အရာတစ်ခု မဟုတ်။ ဤအရာကို သင်နားလည်သင့်သည်။ ဤအရာများသည် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။)

သင်တို့ထဲမှတစ်ယောက်က “ကျွန်ုပ်သည် ကျွန်ုပ်၏ သားသမီးများကို လုံးဝ လက်မလွှတ်နိုင်ပါ။ သူတို့သည် မွေးကတည်းက ကိုယ်ရောစိတ်ပါ ကြံ့ခိုင်မှုအားနည်းသည်။ ပြီးလျှင် မွေးရာပါ ကြောက်ရွံ့ပြီး တွန့်ဆုတ်သည်။ အလွန်ကောင်းသော အစွမ်းအစလည်းမရှိဘဲ အခြားလူများ၏ အနိုင်ကျင့်ခြင်းကို အစဉ်ခံရသည်။ သူတို့ကို ကျွန်ုပ် လက်မလွှတ်နိုင်ပါ” ဟု ပြောသည် ဆိုပါစို့။ သင့်သားသမီးများအား သင်လက်မလွှတ်နိုင်ခြင်းသည် ၎င်းတို့အပေါ် သင့်တာဝန်များကို ဖြည့်ဆည်းပြီးခြင်းမရှိဟု အဓိပ္ပာယ်မရပေ။ ယင်းသည် သင့်ခံစားချက်များ၏ သက်ရောက်မှုမျှသာ ဖြစ်သည်။ သင်က “ကျွန်ုပ်၏ သားသမီးများက ကောင်းစွာ စားသောက်ရခြင်းရှိမရှိ၊ သို့မဟုတ် အစာအိမ် ပြဿနာတစ်ခုခု ရှိမရှိကို ကျွန်ုပ် အစဉ်စိတ်ပူပြီး တွေးတောနေရသည်။ သူတို့သည် သင့်တော်သောအချိန်များတွင် အစာမစားဘဲ ပါဆယ်မှာ၍သာ ရေရှည်စားနေလျှင် အစာအိမ်ပြဿနာများ ဖြစ်မည်လော။ ရောဂါတစ်မျိုးမျိုးရမည်လော။ ဖျားနာလျှင် သူတို့ကို စောင့်ရှောက်မည့်သူ၊ ကြင်နာမည့်သူ တစ်ယောက်ယောက် ရှိမည်လော။ သူတို့၏ အိမ်ထောင်ဖက်က သူတို့ကို အရေးစိုက်သလော၊ စောင့်ရှောက်သလော” ဟု ဆိုနိုင်သည်။ သင်၏ ပူပင်မှုများသည် သင့်ခံစားချက်များနှင့် သင်နှင့် သင်၏သားသမီးများတွင်ရှိသည့် သွေးသားတော်စပ်မှုမှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ သို့သော် ဤအရာများသည် သင့်တာဝန်များ မဟုတ်။ မိဘများအပေါ် ဘုရားသခင်ကပေးခဲ့သည့် တာဝန်များမှာ မိမိတို့၏သားသမီးများ အရွယ်မရောက်မီတွင် သားသမီးများအား ပျိုးထောင်ခြင်းနှင့် စောင့်ရှောက်ခြင်း တာဝန်များသာ ဖြစ်သည်။ သားသမီးများက အရွယ်ရောက်ပြီးနောက်တွင် မိဘများသည် ၎င်းတို့အပေါ် မည်သည့်တာဝန်မျှ မရှိတော့ပေ။ ဤသည်မှာ ဘုရားသခင်၏ စီမံမှု၏ အမြင်ရှုထောင့်မှနေ၍ မိဘများ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ကြည့်ရှုခြင်းဖြစ်သည်။ ဤအရာကို သင်နားလည်သလော။ (နားလည်ပါသည်။) သင့်ခံစားချက်များသည် မည်မျှပြင်းထန်ပါစေ၊ သို့မဟုတ် သင်၏မိဘစိတ် ဝင်ရောက်လာသောအခါတွင် ဤသည်မှာ သင့်တာဝန်များကို ဖြည့်ဆည်းခြင်းမဟုတ်ဘဲ သင့်ခံစားချက်များ၏ သက်ရောက်မှုမျှသာ ဖြစ်သည်။ သင့်ခံစားချက်များ၏ သက်ရောက်မှုများသည် လူ့သဘာဝ အသိစိတ်မှဖြစ်စေ၊ ဘုရားသခင်က လူကို သွန်သင်ခဲ့သည့် စည်းမျဉ်းများမှဖြစ်စေ၊ သမ္မာတရားအပေါ် လူ၏ နာခံခြင်းမှဖြစ်စေ ဆင်းသက်လာခြင်းမဟုတ်။ ပြီးလျှင် လူ၏ တာဝန်များမှ ဆင်းသက်လာခြင်းလည်း သေချာပေါက် မဟုတ်ပေ။ ထိုအစား ယင်းတို့သည် လူ၏ ခံစားချက်များမှ လာခြင်းဖြစ်သည်။ ယင်းတို့ကို ခံစားချက်များဟု ခေါ်သည်။ ဤအရာတွင် မိဘချစ်ခြင်းနှင့် သွေးသားတော်စပ်ခြင်းအနည်းငယ် ရောယှက်နေခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သင့်သားသမီးများဖြစ်သောကြောင့် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စိတ်ပူပြီး ၎င်းတို့သည် အပြင်လောကတွင် ဒုက္ခခံနေရသလော၊ အနိုင်ကျင့်ခံနေရသလောဆိုသည်ကို တွေးတောသည်။ ၎င်းတို့၏ အလုပ်သည် အဆင်ပြေသလော၊ သင့်တော်သောအချိန်တွင် အစာစားသလောဆိုသည်ကို သင်တွေးတောသည်။ ၎င်းတို့သည် ရောဂါဖြစ်သလော၊ ဖျားနာခဲ့လျှင် ဆေးဖိုးဝါးခများကို တတ်နိုင်မည်လောဆိုသည်ကို သင်တွေးတောသည်။ ဤအရာများကို သင်မကြာခဏ စဉ်းစားသည်။ ပြီးလျှင် ယင်းတို့သည် သင်၏ မိဘတာဝန်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤစိတ်ပူပန်မှုများကို သင်လက်မလွှတ်နိုင်လျှင် သင်သည် သင်ခံစားချက်များထဲတွင် အသက်ရှင်နေပြီး ယင်းတို့ထံမှ ရုန်းထွက်လွတ်မြောက်ရန် မကြိုးစားနိုင်ဟုသာ ဆိုနိုင်သည်။ သင်သည် ဘုရားသခင်ကပေးသည့် မိဘတာဝန်၏ အဓိပ္ပာယ်သတ်မှတ်ချက်ဖြင့် အသက်ရှင်ရမည့်အစား သင်ခံစားချက်များထဲတွင်သာ အသက်ရှင်ပြီး သင့်သားသမီးများအပေါ် သင့်ခံစားချက်များနှင့်အညီ ချဉ်းကပ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်နေခြင်းမဟုတ်။ ဤအရာများအားလုံးကို သင့်ခံစားချက်နှင့်အညီသာ ခံစားနေခြင်း၊ ရှုမြင်နေခြင်းနှင့် ကိုင်တွယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သင်က ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းမရှိဟု ဆိုလိုသည်။ ဤသည်မှာ သိသာသည်။ ဘုရားသခင်က သင့်အား သွန်သင်ခဲ့သည့် သင်၏ မိဘတာဝန်များသည် သင့်သားသမီးများ အရွယ်ရောက်သည်နှင့် ပြီးဆုံးသွားခဲ့သည်။ ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သည့် လက်တွေ့လုပ်ဆောင်မှုနည်းလမ်းသည် လွယ်ကူခြင်းနှင့် ရိုးရှင်းခြင်း မရှိသလော။ (ရှိပါသည်။) သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်လျှင် အဓိပ္ပာယ်မရှိသော လုပ်ဆောင်မှုများကို ထိတွေ့ဆောင်ရွက်မည်မဟုတ်။ ပြီးလျှင် သင်သည် သင့်သားသမီးများအား အပိုဒုက္ခမပေးဘဲ၊ သို့မဟုတ် မနှောင့်ယှက်ဘဲ၊ သို့မဟုတ် ၎င်းတို့အပေါ် အပိုဝန်တစ်ခုမျှ မပေးဘဲ ၎င်းတို့ကို လွတ်လပ်ခွင့်အချို့နှင့် မိမိကိုယ်ကို တိုးတက်အောင်လုပ်ရန် အခွင့်အလမ်းကို ပေးမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အရွယ်ရောက်သူများဖြစ်သောကြောင့် ဤသို့လုပ်ဆောင်ခြင်းက ၎င်းတို့ကို အရွယ်ရောက်သူ၏ အမြင်ရှုထောင့်ဖြင့်လည်းကောင်း၊ အမှုအရာများအား ကိုင်တွယ်ခြင်းနှင့် ရှုမြင်ခြင်းအတွက် အရွယ်ရောက်သူ၏ အမှီအခိုကင်းသော နည်းလမ်းများဖြင့်လည်းကောင်း၊ အရွယ်ရောက်သူ၏ အမှီအခိုကင်းသော လောကအမြင်ဖြင့်လည်းကောင်း ကမ္ဘာလောက၊ ၎င်းတို့၏ဘဝ၊ ၎င်းတို့၏ နေ့စဉ်အသက်တာနှင့် ရှင်သန်ရပ်တည်မှုတွင် ကြုံရသည့် ပြဿနာအမျိုးမျိုးတို့ကို ရင်ဆိုင်ခွင့်ပေးလိမ့်မည်။ ဤသည်တို့မှာ သင့်သားသမီးများ၏ လွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်တို့ဖြစ်သည်။ ထို့အပြင် ယင်းတို့သည် အရွယ်ရောက်သူများအနေဖြင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ ပြီးလျှင် ဤအရာများသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ သင်သည် ဤအရာများ၌ အစဉ်သဖြင့် ပါဝင်ပတ်သက်လိုလျှင် ဤသည်မှာ အလွန်ပင် အော်ဂလီဆန်ဖွယ်ဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဤအရာများထဲသို့ သင်ကိုယ်တိုင် တစ်ဇွတ်ထိုး ဝင်ပါလိုပြီး စွက်ဖက်လိုလျှင် သင်သည် အနှောင့်အယှက်နှင့် အဖျက်အဆီးတို့ကို ဖြစ်စေလိမ့်မည်။ အဆုံးတွင် အမှုအရာများက သင်ဆန္ဒရှိသည့်အရာနှင့် ဆန့်ကျင်ဘက် ဖြစ်မည်သာမကဘဲ မိမိ၏သားသမီးများက မိမိအပေါ် မနှစ်သက်လာအောင် သင်လုပ်မိလိမ့်မည် ဖြစ်သည့်အပြင် သင်၏ဘဝသည်လည်း အလွန်ပင် မောပန်းဖွယ် ဖြစ်မည်။ အဆုံးတွင် သင်သည် နာကျည်းမှုများနှင့် ပြည့်နေလိမ့်မည်။ ပြီးလျှင် သင့်သားသမီးများက သားသမီးဝတ်မကျေပွန်ဟုဖြစ်စေ၊ မနာခံဟုဖြစ်စေ၊ သင့်အပေါ် ထောက်ထားခြင်းမရှိဟုဖြစ်စေ သင်ညည်းညူလိမ့်မည်။ ၎င်းတို့သည် ကျေးဇူးမသိတတ်သော၊ တန်ဖိုးမသိတတ်သော၊ ပြီးလျှင် စာနာစိတ်မရှိသော ကျေးဇူးကန်းသူများဖြစ်သည်ဟု သင်ညည်းညူလိမ့်မည်။ မိမိတတ်နိုင်သမျှ မည်သည့်လှည့်ကွက်ကိုမဆို အသုံးပြုရင်း ငိုခြင်း၊ ပုံကြီးချဲ့ခြင်း၊ မိမိကိုယ်ကို သတ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကိုလည်း ပြုလုပ်မည်ဖြစ်သည့် ရိုင်းစိုင်း၍ ဆင်ခြင်တုံတရားမရှိသော မိဘအချို့ရှိသည်။ ဤသည်မှာ ပို၍ပင် စက်ဆုပ်ဖွယ် ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဉာဏ်ပညာရှိလျှင် အမှုအရာများကို ဖြစ်သမျှအကြောင်းအကောင်းဟူ၍ သည်အတိုင်း ဖြစ်ခွင့်ပြုပြီး သင့်ဘဝကို သက်သာအေးဆေးသော ပုံစံဖြင့် နေထိုင်မည်ဖြစ်သည်။ ပြီးလျှင် သင်၏ မိဘတာဝန်များကိုသာ ဖြည့်ဆည်းမည်ဖြစ်သည်။ သင်သည် ချစ်ခင်မှုကြောင့် သင့်သားသမီးများကို စောင့်ရှောက်လိုပြီး အရေးစိုက်မှုတစ်ခုခုပြလိုသည်ဟု ဆိုလျှင် ၎င်းတို့အား လိုအပ်သော အရေးစိုက်မှုပြသခြင်းကို လက်သင့်ခံနိုင်ဖွယ် ဖြစ်သည်။ သားသမီးများ အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် မိဘများသည် မိမိတို့၏ သားသမီးများနှင့် အဆက်အသွယ်ဖြတ်သင့်ပြီး မိဘများက ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ငါပြောခြင်းမဟုတ်။ မိဘများသည် သားသမီးများကို အပြည့်အဝ လျစ်လျူရှုခြင်း မပြုလုပ်သင့်ပေ။ မိဘများသည် သားသမီးများအား ၎င်းတို့ဘာသာ ထွက်သွားရန် မပြောသင့်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့် အခက်အခဲများက မည်မျှကြီးပါစေ ၎င်းတို့ကို လျစ်လျူရှုခြင်း မပြုသင့်ပေ။ ထိုအခက်အခဲများက သားသမီးများအား သေလုနီးနီးဖြစ်စေသည့်အခါတွင်ပင် လျစ်လျူရှုခြင်းကို မပြုလုပ်သင့်။ သို့မဟုတ် သားသမီးများက ၎င်းတို့၏မိဘများကို လိုအပ်သောအခါတွင် မိမိတို့၏သားသမီးများအား ကူညီရန် မငြင်းဆန်သင့်ပေ။ ဤသည်မှာ မှားယွင်းသည်။ အစွန်းရောက်သည်။ သင့်သားသမီးများက သင့်အား ရင်ဖွင့်ရန် လိုအပ်သောအခါတွင် သင်သည် ၎င်းတို့ကို နားထောင်ပေးသင့်သည်။ ပြီးလျှင် နားထောင်ပြီးနောက်တွင် ၎င်းတို့စဉ်းစားနေသည့်အရာနှင့် ၎င်းတို့လုပ်ဆောင်ရန် ရည်ရွယ်ထားသည့်အရာတို့ကို သင် မေးသင့်သည်။ သင်ကိုယ်တိုင်၏ အကြံပြုချက်များကိုလည်း ပေးနိုင်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်အတွေးများနှင့် အစီအစဉ်များရှိပြီး သင်အကြံပြုချက်များကို လက်မခံလျှင် “ကောင်းပါပြီ။ မင်းက စိတ်ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် နောင်တွင် ဤအရာမှ မည်သည့်အကျိုးဆက်ဖြစ်ပါစေ မင်းတစ်ယောက်တည်းသာ ခံရမည်။ ဤသည်မှာ မင်းဘဝဖြစ်သည်။ မင်း၏ ကိုယ်ပိုင်ဘဝလမ်းကြောင်းကို လျှောက်လှမ်းပြီး ပြီးဆုံးရမည်။ မည်သူကမျှ မင်းဘဝအတွက် တာဝန်မယူနိုင်။ မင်းက စိတ်ဆုံးဖြတ်ပြီးဖြစ်လျှင် ငါ မင်းကို ပံ့ပိုးမည်။ မင်းက ပိုက်ဆံလိုလျှင် ငါ မင်းကို အနည်းငယ်ပေးနိုင်သည်။ မင်းကို ကူညီပေးရန် ငါ့ကို လိုအပ်လျှင် ငါ တတ်စွမ်းနိုင်သည့်အတိုင်းအတာအတွင်းတွင် ကူညီပေးနိုင်သည်။ တကယ်တမ်းတော့ ငါသည် မင်းမိဘဖြစ်သည်။ ထို့ကြောင့် ထပ်၍ ပြောဖို့ မလိုတော့ပါ။ သို့သော် ငါ၏ အကူအညီ၊ သို့မဟုတ် ငါ၏ ငွေကို မလိုအပ်ဘဲ မင်းပြောသည့်အရာကို နားထောင်ဖို့သာ လိုသည်ဟု မင်းဆိုလျှင် ယင်းသည် ပို၍ပင် လွယ်ကူသည်” ဟုသာ ပြောလော့။ ထို့နောက်တွင် သင်ပြောစရာရှိသည့်အရာကို သင်ပြောပြီးဖြစ်လိမ့်မည်။ ၎င်းတို့ပြောစရာ ရှိသည့်အရာကို ၎င်းတို့ ပြောပြီးဖြစ်လိမ့်မည်။ ၎င်းတို့၏ နာကြည်းမှုများအားလုံးသည် ပွင့်အန်ထွက်ပြီး ဖြစ်မည်။ ၎င်းတို့၏ ဒေါသအားလုံးကို ရင်ဖွင့်ပြီး ဖြစ်မည်။ ၎င်းတို့သည် ၎င်းတို့မျက်ရည်ကို သုတ်မည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်ရန် လိုအပ်သည့်အရာကို သွားလုပ်ဆောင်မည်။ ပြီးလျှင် သင်သည် မိဘတစ်ဦးအနေဖြင့် သင်၏တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်မည်။ ဤသည်မှာ ချစ်ခင်မှုအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာကို ချစ်ခင်မှုဟု ခေါ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် မိဘအနေဖြင့် သင့်သားသမီးများအပေါ် မလိုမုန်းထားသည့် ရည်ရွယ်ချက်တစ်ခုမျှ မရှိသောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထိခိုက်မည်မဟုတ်၊ ၎င်းတို့အပေါ် အကွက်ချကြံစည်မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့ကို လှောင်ပြောင်မည်မဟုတ်။ ပြီးလျှင် သင်သည် ၎င်းတို့ကို အားနည်းခြင်းနှင့် အရည်အချင်းမရှိခြင်းကြောင့် သေချာပေါက် လှောင်ပြောင်မည်မဟုတ်ပေ။ သင့်သားသမီးများသည် ကလေးငယ်များကဲ့သို့ သင်၏ရှေ့တွင် ထိန်းချုပ်ခြင်းမရှိဘဲ ငိုနိုင်သည်။ ရင်ဖွင့်နိုင်သည်။ ညည်းညူနိုင်သည်။ ၎င်းတို့သည် ပျက်စီးနိုင်သည်။ သုန်မှုန်နိုင်သည်၊ သို့မဟုတ် တစ်ဇွတ်ထိုးလုပ်နိုင်သည်။ သို့ရာတွင် ၎င်းတို့၏ စိတ်ခံစားချက်များကို ရင်ဖွင့်ခြင်း၊ သုန်မှုန်ခြင်း၊ တစ်ဇွတ်ထိုးလုပ်ခြင်းတို့ ပြီးသည့်နောက်တွင် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရမည်။ ပြီးလျှင် ၎င်းတို့ရှေ့၌ ရှိနေသည့် မည်သည့်အရာကိုမဆို ကိုင်တွယ်ရမည်။ သင်က ၎င်းတို့အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ပေးခြင်းမရှိဘဲ၊ သို့မဟုတ် အကူအညီတစ်ခုခုပေးခြင်းမရှိဘဲ ၎င်းတို့က စွမ်းဆောင်ရရှိနိုင်လျှင် ဤသည်မှာ အလွန်ကောင်းသည်။ ဤသို့ဆိုလျှင် သင့်၌ ပို၍အချိန်ရမည် မဟုတ်လော။ သင့်သားသမီးများက ထိုအရာများကို ပြောပြီးဖြစ်သောကြောင့် သင်သည် မိမိကိုယ်ကို သိမြင်မှုတစ်ခုခုရှိသင့်သည်။ သင့်သားသမီးများသည် အရွယ်ရောက်ပြီး ဖြစ်သည်။ ၎င်းတို့သည် အမှီအခိုကင်းကြသည်။ ၎င်းတို့သည် ထိုကိစ္စကို သင့်အား ပြောလိုခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သင့်အကူအညီကို မတောင်းဆိုပေ။ သင်က အသိတရားမရှိလျှင် “ဤသည်မှာ အရေးပါသည့် ကိစ္စဖြစ်သည်။ ဤအကြောင်းကို သင်က ငါ့အားပြောခြင်းသည် ငါ့အား သင်လေးစားသည်ဆိုသည်ကို ပြသည်။ ထို့ကြောင့် ငါသည် သင့်အား ဤအရာနှင့်ပတ်သက်ပြီး အကြံဉာဏ်တစ်ခုခုမပေးသင့်သလော။ သင့်အား ဆုံးဖြတ်ချက်ချရန် မကူညီသင့်သလော” ဟု တွေးကောင်းတွေးနိုင်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင်အစွမ်းအစများကို ပို၍ခန့်မှန်း်နေခြင်းဟု ခေါ်သည်။ သင့်သားသမီးများသည် ဤကိစ္စကို သင့်အား ပြောဆိုနေခြင်းသာ ဖြစ်သည်။ သို့သော် သင်က သင့်ကိုယ်သင် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ အမှန်တကယ် မှတ်ယူနေသည်။ ဤသည်မှာ မသင့်လျော်ပေ။ သင်က ၎င်းတို့၏ မိဘဖြစ်သောကြောင့် သင့်သားသမီးများက ထိုကိစ္စကို သင့်အား ပြောပြခြင်းဖြစ်သည်။ ပြီးလျှင် ၎င်းတို့က သင့်အား လေးစားပြီး ယုံကြည်သည်။ လက်တွေ့တွင် ၎င်းတို့သည် ယင်းနှင့်ပတ်သက်ပြီး ကိုယ့်စိတ်ကူးနှင့်ကိုယ် ရှိပြီးသားဖြစ်သည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ သို့သော် ယခုတွင် သင်က မပြတ် ကြားဝင်စွက်ဖက်လိုသည်။ ဤသည်မှာ မသင့်လျော်ပေ။ သင့်သားသမီးများက သင့်ကို ယုံကြည်သည်။ ပြီးလျှင် သင်သည် ထိုယုံကြည်မှုနှင့် ထိုက်တန်ရမည်။ သင်သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လေးစားသင့်သည်။ ပြီးလျှင် ကိစ္စတွင် မပါဝင်သင့်၊ သို့မဟုတ် မစွက်ဖက်သင့်ပေ။ ၎င်းတို့က သင့်အား ပါဝင်ပတ်သက်စေလိုလျှင် သင်က ပါဝင်ပတ်သက်နိုင်သည်။ ပြီးလျှင် သင်က အမှန်ပင် ပါဝင်ပတ်သက်သောအခါတွင် “အို ဤသည်မှာ အလွန်ဒုက္ခများသည်။ ဤအရာက ငါ၏ တာဝန်ထမ်းဆောင်ခြင်းကို ထိခိုက်လိမ့်မည်။ ငါသည် ဤအရာတွင် အမှန်ပင် ပါဝင်ပတ်သက်၍ မဖြစ်။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဤအရာများကို ငါလုပ်ဆောင်၍မရ” ဟု သတိပြုမိသည်ဆိုပါစို့။ ဤသို့ဆိုလျှင် သင်သည် ထိုအမှုကိစ္စ၌ မပတ်သက်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ ၎င်းတို့က သင့်အား ကြားဝင်စေလိုဆဲဖြစ်ပြီး သင်က “ငါ ကြားဝင်မည်မဟုတ်။ ဤအရာကို မင်းဘာသာ ကိုင်တွယ်သင့်သည်။ ဤနာကြည်းမှုနှင့် ဤအပိုစကားများအားလုံးကို မင်းရင်ဖွင့်ရာတွင် ငါနားထောင်သည်မှာ ငါသည် အတော်ပင် သဘောကောင်းနေပြီဖြစ်သည်၊ ငါ၏ မိဘတာဝန်များကို ငါဖြည့်ဆည်းပြီးဖြစ်သည်။ ဤကိစ္စတွင် ငါလုံးဝ ကြားမဝင်နိုင်။ ယင်းသည် မီးတွင်းဖြစ်သည်။ ပြီးလျှင် ထိုမီးတွင်းထဲသို့ ငါခုန်ဝင်မည်မဟုတ်။ မင်းခုန်ဝင်လိုလျှင် မင်းဘာသာသွား၍ ခုန်ဝင်ပါ” ဟု တွေးသည် ဆိုပါစို့။ ဤသည်မှာ သင့်လျော်ခြင်း မရှိသလော။ ဤသည်မှာ ရပ်တည်ချက်ရှိခြင်းဟု ခေါ်သည်။ သင်သည် စည်းမျဉ်းများ၊ သို့မဟုတ် သင်၏ရပ်တည်ချက်ကို မည်သည့်အခါမျှ လက်မလွှတ်သင့်ပေ။ ဤသည်တို့မှာ မိဘများ လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ ဤအရာကို သင်နားလည်ပြီးဖြစ်သလော။ ဤအရာများသည် ဖြစ်မြောက်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ယင်းတို့သည် အမှန်ပင် ဖြစ်မြောက်ရန် လွယ်ကူသည်။ သို့သော် သင်က သင့်ခံစားချက်များအတိုင်း အစဉ် လုပ်ဆောင်လျှင်၊ သင်၏ ခံစားချက်များထဲ၌ အစဉ် ပိတ်မိနေလျှင် ထိုအရာများကို ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ ဤသို့လုပ်ဆောင်ရန်မှာ အလွန်စိတ်ထိခိုက်ဖွယ်ရာ ဖြစ်သည်ဟုလည်းကောင်း၊ ဤအမှုကိစ္စကို သင်မစွန့်လွှတ်နိုင်ဟုလည်းကောင်း၊ တာဝန်လည်းမခံနိုင်ဟုလည်းကောင်း၊ သို့မဟုတ် ရှေ့သို့ဖြစ်စေ၊ နောက်သို့ဖြစ်စေ မရွှေ့နိုင်ဟုလည်းကောင်း သင်ခံစားရလိမ့်မည်။ ဤအရာကို ဖော်ပြရန် မည်သည့်စကားလုံးကို အသုံးပြုနိုင်သနည်း။ “ပိတ်မိခြင်း” ဖြစ်သည်။ သင်သည် ထိုနေရာတွင် ပိတ်မိနေမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသည်။ သို့သော် သင့်ခံစားချက်များကို လက်မလွှတ်နိုင်။ သင်သည် သင့်သားသမီးများကို အလွန်ပင် ချစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ရန် မသင့်လျော်ဟုလည်းကောင်း၊ ဘုရားသခင်၏ သွန်သင်မှုများနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် ဆန့်ကျင်နေသည်ဟုလည်းကောင်း ခံစားရသည်။ သင်သည် ဒုက္ခရောက်နေသည်။ ရွေးချယ်မှုတစ်ခုကို သင်ပြုလုပ်ရမည်။ သင့်သားသမီးများသည် အမှီအခိုကင်းသော အရွယ်ရောက်သူများ ဖြစ်သောကြောင့် သင်သည် သင့်သားသမီးများအတွက် သင်၏ မျှော်မှန်းချက်များကို လက်လွှတ်ပြီး သင့်သားသမီးများကို စီမံရန် နောက်ထပ် ကြိုးစားနေမည့်အစား ၎င်းတို့ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးနိုင်သည်၊ သို့မဟုတ် ၎င်းတို့နောက်သို့ သင်လိုက်နိုင်သည်။ ဤရွေးချယ်စရာနှစ်ခုထဲမှ တစ်ခုကို သင်ရွေးချယ်ရမည်။ သင်က ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန် ရွေးချယ်လျှင်၊ သင့်သားသမီးများအတွက် သင်၏ ပူပင်မှုများ၊ ခံစားချက်များကို လက်လွှတ်လျှင် သင်သည် မိဘက လုပ်ဆောင်ထိုက်သည့်အရာကို လုပ်ဆောင်သင့်သည်။ သင်၏ ရပ်တည်ချက်နှင့် သင်၏ စည်းမျဉ်းများကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ဘုရားသခင်က စက်ဆုပ်ဖွယ်နှင့် ရွံရှာဖွယ်ဖြစ်သည်ဟု မြင်သောအရာများအား လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ ဤသည်ကို သင် လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) လက်တွေ့တွင် ဤအရာများကို လုပ်ဆောင်ရန် လွယ်ကူသည်။ သင်ထားရှိသည့် ချစ်ခင်မှုအနည်းငယ်ကို သင်လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဤအရာများကို သင်ဖြစ်မြောက်အောင်မြင်နိုင်သည်။ အရိုးရှင်းဆုံးနည်းလမ်းမှာ သင့်သားသမီးများ၏ ဘဝတွင် ပါဝင်ပတ်သက်ခြင်းမရှိရန်နှင့် ၎င်းတို့လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်ခွင့်ပြုရန်သာ ဖြစ်သည်။ ၎င်းတို့က သင့်အား ၎င်းတို့၏ အခက်အခဲများအကြောင်းကို ပြောလိုလျှင် ၎င်းတို့ပြောသည်ကို နားထောင်လော့။ အခြေအနေများက မည်သို့ရှိသည်ကို သိရုံဖြင့် သင့်အတွက် လုံလောက်သည်။ ၎င်းတို့ ပြောဆိုပြီးသည့်နောက်တွင် ၎င်းတို့အား “ငါသဘောပေါက်သည်။ မင်း ငါ့ကို ပြောလိုသည့်အရာ အခြားတစ်စုံတစ်ခု ရှိသလော။ မင်းတစ်ခုခုစားလိုလျှင် မင်းအတွက် ငါချက်ပြုတ်ပေးနိုင်သည်။ မစားလိုလျှင် မင်းအိမ်သို့ ပြန်နိုင်သည်။ မင်းငွေလိုလျှင် မင်းအား အနည်းငယ်ပေးနိုင်သည်။ မင်းအကူအညီတစ်ခုခုလိုလျှင် ငါတတ်နိုင်သည့်အရာကို လုပ်ဆောင်ပေးမည်။ ငါ မကူညီနိုင်လျှင် မင်းဘာသာ ဖြေရှင်းချက် ရှာရမည်ဖြစ်သည်” ဟု ပြောလော့။ ၎င်းတို့က သင့်အား ၎င်းတို့ကိုကူညီရန် မလျှော့တမ်းပြောလျှင် သင်က “ငါတို့သည် မင်းအပေါ် ငါတို့၏ တာဝန်များကို ဖြည့်ဆည်းပြီး ဖြစ်သည်။ ငါတို့တွင် ဤအရည်အချင်းများသာ ရှိသည်၊ မင်းမြင်နိုင်သည်။ ငါတို့သည် မင်းကဲ့သို့ မကျွမ်းကျင်ပါ။ မင်းသည် ကမ္ဘာလောကတွင် အောင်မြင်မှုကို ရှာဖွေလိုလျှင် ဤသည်မှာ မင်း၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ငါတို့ကို ပါဝင်ပတ်သက်ခိုင်းဖို့ မကြိုးစားနှင့်။ ငါတို့သည် အတော်အိုမင်းနေပြီဖြစ်သည်။ ပြီးလျှင် ထိုအချိန်က ငါတို့အတွက် ကျော်လွန်သွားပြီ ဖြစ်သည်။ ငါတို့၏ မိဘတာဝန်သည် မင်းအား အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးရန်သာ ဖြစ်သည်၊ မည်သည့်လမ်းကြောင်းမျိုးကို မင်းလျှောက်သည်၊ မင်းကိုယ်မင်း မည်သို့ညှဉ်းပန်းသည်ဆိုသည်တို့အတွက်မူ ဤကိစ္စများတွင် ငါတို့ကို ဝင်မပါခိုင်းနှင့်။ ငါတို့သည် မင်းနှင့်အတူ မိမိတို့ကိုယ်ကို ညှဉ်းပန်းမည်မဟုတ်။ ငါတို့သည် မင်းနှင့်ပတ်သက်သည့် ငါတို့၏ တာဝန်ကို ပြီးမြောက်နှင့်ပြီး ဖြစ်သည်။ ငါတို့တွင် ကိုယ့်ကိစ္စနှင့်ကိုယ်၊ ကိုယ့်နေထိုင်မှုပုံစံနှင့်ကိုယ်၊ ကိုယ့်တာဝန်များနှင့်ကိုယ် ရှိသည်။ ငါတို့၏ တာဝန်များသည် မင်းအတွက် ကိစ္စများကို လုပ်ဆောင်ပေးရန်မဟုတ်။ ပြီးလျှင် ယင်းတို့ကို ပြီးမြောက်ရန် မင်းအကူအညီကို ငါတို့ မလိုအပ်ပေ။ ငါတို့၏ တာဝန်များကို ငါတို့ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်မည်။ ငါတို့အား မင်း၏ နေ့စဉ်အသက်တာ၊ သို့မဟုတ် မင်း၏ ရပ်တည်မှုတွင် ပါဝင်ပတ်သက်ရန် မတောင်းဆိုနှင့်။ ယင်းတို့သည် ငါတို့နှင့် လုံးဝ မသက်ဆိုင်” ဟု ဆိုနိုင်သည်။ သင်သည် ရှင်းအောင် ပြောဆိုလော့။ ပြီးလျှင် ယင်းသည် ဤကိစ္စ၏ အဆုံးသတ်ဖြစ်လိမ့်မည်။ ထို့နောက်တွင် သင်သည် လိုအပ်သလို ၎င်းတို့နှင့် ထိတွေ့နိုင်သည်၊ ဆက်သွယ်နိုင်သည်၊ ပြီးလျှင် ယခင်ကဲ့သို့ ပြန်လည်ပေါင်းသင်းနိုင်သည်။ ဤမျှ ရိုးရှင်းသည်။ ဤသို့ လုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။ (ဘဝကို အလွန်လွယ်ကူစေပါသည်။) အနည်းဆုံးအနေဖြင့် သင်သည် အသွေးအသား၊ မိသားစုချစ်ခြင်းကိစ္စကို ဆီလျော်စွာနှင့် သင့်လျော်စွာ ကိုင်တွယ်ပြီး ဖြစ်လိမ့်မည်။ သင်၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာလောကတို့သည် သက်သာအေးဆေးလိမ့်မည်။ သင်သည် မလိုအပ်သော အနစ်နာခံမှုတစ်ခုခုကို ပြုလုပ်မည်မဟုတ်၊ သို့မဟုတ် အပို ပေးဆပ်မှုတစ်ခုခုကို ပြုလုပ်ရမည်မဟုတ်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ကြိုတင်စီစဉ်မှုများကို နာခံနေမည်ဖြစ်သည်။ ပြီးလျှင် ဤအရာများအားလုံးကို ဘုရားသခင်အား ကိုင်တွယ်ခွင့်ပြုမည် ဖြစ်သည်။ သင်သည် လူတို့ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုစီတိုင်းကို ဖြည့်ဆည်းနေလိမ့်မည်။ ပြီးလျှင် လူတို့ မလုပ်ဆောင်ရမည့် မည်သည့်အရာကိုမျှ သင်လုပ်ဆောင်မည်မဟုတ်။ လူတို့မလုပ်ဆောင်ရမည့် အရာများတွင် ပါဝင်ပတ်သက်ရန် သင် ကူညီထောက်ပံ့ပေးမည် မဟုတ်။ ပြီးလျှင် သင်သည် ဘုရားသခင်က သင့်အားပြောသည့်အတိုင်း နေထိုင်လိမ့်မည်။ ဘုရားသခင်က လူတို့အား အသက်ရှင်နေထိုင်ခိုင်းသည့်နည်းလမ်းသည် အကောင်းဆုံးလမ်းဖြစ်သည်။ ယင်းသည် ၎င်းတို့အား အလွန်သက်သာသော၊ ပျော်ရွှင်သော၊ ဝမ်းမြောက်သော၊ ပြီးလျှင် ငြိမ်းချမ်းသောဘဝကို နေထိုင်ရရန် ထောက်ကူပေးနိုင်သည်။ သို့သော် အရေးကြီးဆုံးမှာ ဤသို့နေထိုင်ခြင်းအားဖြင့် သင့်တွင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်၊ သင်၏တာဝန်ကို ဆက်ကပ်အပ်နှံရန် လွတ်လပ်သောအချိန်နှင့် စွမ်းအင် ပို၍ ရှိသွားစေရုံသာမကဘဲ သမ္မာတရားနှင့်ပတ်သက်ပြီး အားစိုက်ထုတ်ရန်လည်း အချိန်နှင့် စွမ်းအင်ပို၍ ရှိသွားစေလိမ့်မည်ဖြစ်သည်။ ယှဉ်ကြည့်လျှင် သင်၏ စွမ်းအင်နှင့် အချိန်တို့ကို သင်၏ခံစားချက်၊ သင်၏အသွေးအသား၊ သင်၏သားသမီးများနှင့် သင့်မိသားစုအပေါ် သင်၏ချစ်ခြင်းတို့ဖြင့် ရစ်ပတ်ထားပြီး နေရာယူထားလျှင် သင်သည် သမ္မာတရားကို လိုက်စားရန် မည်သည့်စွမ်းအင်အပိုမျှ ရှိမည်မဟုတ်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။)

လူတို့သည် လောကတွင် အသက်မွေးအလုပ်များ၌ ပါဝင်လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသမျှမှာ လောကီရေပန်းစားမှုများ၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်၊ ပြီးလျှင် ဇာတိပကတိ သာယာမှုတို့ကဲ့သို့သော အရာများကို လိုက်စားခြင်းဖြစ်သည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုမှုမှာ အဘယ်နည်း။ ယင်းမှာ သင်၏စွမ်းအင်၊ အချိန်နှင့် နုပျိုမှုတို့အားလုံးသည် ဤအရာများ၏ နေရာယူခြင်းနှင့် ဝါးမြိုခြင်းကို ခံရခြင်းဖြစ်သည်။ ယင်းတို့သည် အဓိပ္ပာယ်ရှိသလော။ အဆုံးတွင် ယင်းတို့ထံမှ မည်သည့်အရာကို သင်ရရှိမည်နည်း။ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကို သင်ရရှိလျှင်ပင် လစ်ဟာနေဦးမည်ဖြစ်သည်။ သင်၏ နေထိုင်သည့်ပုံစံကို ပြောင်းလဲလျှင် အဘယ်သို့နည်း။ သင်၏အချိန်၊ စွမ်းအင်နှင့် စိတ်တို့သည် သမ္မာတရားနှင့် စည်းမျဉ်းများ၏ နေရာယူခြင်းကိုသာ ခံရလျှင်၊ သင့်တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ရမည်၊ ဘုရားရှေ့သို့ မည်သို့လာရမည်ဆိုသကဲ့သို့သော အပြုသဘောဆောင်သောအရာများကိုသာ သင်တွေးတောလျှင်၊ ဤအပြုသဘောဆောင်သောအရာများအတွက် သင်၏ စွမ်းအင်နှင့် အချိန်ကို သုံးစွဲလျှင် သင်ရရှိသည့်အရာသည် ကွဲပြားလိမ့်မည်။ သင်ရရှိသည့်အရာသည် အထိရောက်ဆုံး အကျိုးအမြတ်များ ဖြစ်လိမ့်မည်။ သင်သည် မည်သို့နေထိုင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူရမည်၊ လူ၊ ဖြစ်ရပ်နှင့် အမှုအရာအမျိုးအစားတိုင်းကို မည်သို့ ရင်ဆိုင်ရမည်ဆိုသည်တို့ကို သိလိမ့်မည်။ လူ၊ ဖြစ်ရပ်၊ အမှုအရာအမျိုးအစားတိုင်းအား မည်သို့ရင်ဆိုင်ရမည်ကို သင်သိသည်နှင့် ဤအရာက ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို ကြီးမားသော အတိုင်းအတာအထိ အလိုအလျောက်နာခံနိုင်စေရန် သင့်ကို ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို အလိုအလျောက်နာခံနိုင်သောအခါ သင်သည် သင်ကိုယ်တိုင်ပင် သတိမထားမိဘဲ ဘုရားသခင်က လက်ခံပြီး ချစ်သောသူမျိုး ဖြစ်လာလိမ့်မည်။ စဉ်းစားကြည့်လော့။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ သင်သည် ဤအရာကို မသိသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင့်ဘဝကို သင်ရှင်သန်ခြင်းဖြစ်စဉ်တွင်၊ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအား သင်လက်ခံခြင်း ဖြစ်စဉ်တွင် သင်သည် မသိမသာဖြင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ နေထိုင်လာမည်၊ လူများနှင့် အမှုအရာများကို ရှုမြင်လာမည်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လာမည် ဖြစ်သည်။ ဤသည်မှာ သင်သည် မသိစိတ်မှနေ၍ ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ကျိုးနွံနာခံပြီး ဖြည့်ဆည်းလိမ့်မည်ဟုလည်းကောင်း အဓိပ္ပာယ်ရသည်။ ထို့နောက်တွင် သင်သည် သင်ကိုယ်တိုင်ပင်မသိဘဲ ဘုရားသခင်က လက်ခံသော၊ ယုံကြည်သော၊ ချစ်သောသူမျိုး ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤသည်မှာ အလွန်မကောင်းသလော။ (ကောင်းပါသည်။) ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားရန်နှင့် သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အတွက် သင်၏ အားအင်နှင့် အချိန်ကို သုံးစွဲလျှင် အဆုံး၌ သင်ရရှိသည့်အရာမှာ တန်ဖိုးအရှိဆုံးသောအရာများ ဖြစ်မည်။ အပြန်အလှန်အားဖြင့် သင်သည် သင်၏ခံစားချက်၊ အသွေးအသား၊ သင့်သားသမီးများ၊ သင့်အလုပ်အပြင် ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်တို့အတွက် အစဉ် အသက်ရှင်နေလျှင်၊ ဤအရာများ၌ အစဉ်သဖြင့် ရစ်ပတ်နေလျှင် အဆုံး၌ မည်သည့်အရာကို သင်ရရှိမည်နည်း။ လစ်ဟာမှုသာ ဖြစ်လိမ့်မည်။ မည်သည့်အရာကိုမျှ သင်ရရှိမည်မဟုတ်။ ပြီးလျှင် သင်သည် ဘုရားသခင်ထံမှ ပိုပို၍ ဝေးကွာသည်အထိ လမ်းလွဲသွားလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်က လုံးလုံးလျားလျား ပစ်ပယ်ခြင်းကို ခံရမည်။ ထို့နောက်တွင် သင်၏ဘဝသည် ပြီးဆုံးလိမ့်မည်။ ပြီးလျှင် ကယ်တင်ခြင်းရရှိဖို့ သင့်အခွင့်အရေးကို ဆုံးရှုံးခဲ့ပြီးလိမ့်မည်။ ထို့ကြောင့် မိဘများသည် သားသမီးများအပေါ် မည်သည့်မျှော်မှန်းချက်များရှိပါစေ ၎င်းတို့၏ အရွယ်ရောက်ပြီးဖြစ်သော သားသမီးများနှင့်ပတ်သက်သည့် ၎င်းတို့၏ စိတ်ခံစားချက်ဆိုင်ရာ ပူပင်မှုများ၊ တွယ်တာမှုများနှင့် ရစ်ပတ်မှုများအားလုံးကို လက်လွှတ်သင့်သည်။ ၎င်းတို့သည် စိတ်ခံစားချက်ဆိုင်ရာ အဆင့်တွင် မိဘ၏ အဆင့်အတန်းမှ၊ သို့မဟုတ် နေရာမှနေ၍ မိမိတို့၏သားသမီးများအပေါ် မည်သည့်မျှော်မှန်းချက်မျှ မထားရှိသင့်ပေ။ သင်သည် ဤအရာများကို ဖြစ်မြောက်နိုင်လျှင် အလွန်ကောင်းသည်။ အနည်းဆုံးအနေဖြင့် သင်၏မိဘတာဝန်များကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ အမြင်တွင် မိဘလည်းဖြစ်သော ပြည့်စုံလုံလောက်သည့်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် ဤအရာကို မည်သည့်လူသားရှုထောင့်မှ ကြည့်သည်ဖြစ်စေ လူတို့လုပ်ဆောင်သင့်သည့်အရာနှင့် လူတို့ ခံယူသင့်သည့် ရှုထောင့်နှင့် ရပ်တည်ချက်တို့အတွက် စည်းမျဉ်းများရှိပြီး ဘုရားသခင်တွင် ဤအရာများနှင့်ပတ်သက်၍ စံနှုန်းများရှိသည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) မိမိတို့၏သားသမီးများ အရွယ်ရောက်သောအခါတွင် မိဘများက သားသမီးများအပေါ်ထားရှိသော မျှော်မှန်းချက်များနှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သော စည်းမျဉ်းများအပေါ် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။