သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၇)

ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် မိသားစုမှလာသည့် ဝန်ထုပ်ဝန်ပိုးများအား လက်လွှတ်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤသည်မှာ မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းအကြောင်းအရာနှင့် သက်ဆိုင်သည်။ ဤမျှော်မှန်းချက်များသည် လူတိုင်းအပေါ်တွင် မမြင်နိုင်သော ဖိအားတစ်မျိုးကို ဖြစ်ပေါ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းတို့သည် လူတို့၏ မိသားစုများမှလာသည့် ဝန်ထိုးဝန်ပိုးများထဲမှ တစ်ခုဖြစ်သည်။ သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းဆိုသည်မှာ သင်၏ဘဝ၊ ဖြစ်တည်မှု၊ သင်လျှောက်သောလမ်းကြောင်းအပေါ် သင့်မိဘများက ထားရှိသော ဖိအားနှင့် ဝန်ထုပ်ဝန်ပိုးများအား လက်လွှတ်ခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ သင့်မိဘများ၏ မျှော်မှန်းချက်များသည် ဘဝတွင် သင်ရွေးချယ်သည့် လမ်းကြောင်း၊ သင့်တာဝန်အား ထမ်းဆောင်မှု၊ မှန်ကန်သောလမ်းကြောင်းသို့ သင်၏ ခရီးနှင့် သင်၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ပင်ကိုဗီဇစိတ်တို့အပေါ် သက်ရောက်မှုရှိသောအခါ ၎င်းတို့၏ မျှော်မှန်းချက်များသည် သင့်အပေါ်သို့ ဖိအားနှင့် ဝန်ထုပ်ဝန်ပိုးတစ်မျိုးကို ဖြစ်စေသည်။ ဤဝန်ထုပ်ဝန်ပိုးများသည် လူတို့၏ ဘဝ၊ ဖြစ်တည်မှု၊ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းတွင် လက်လွှတ်သင့်သည့်အရာများဖြစ်သည်။ ဤအကြောင်းအရာသည် ယခင်က ငါတို့ မိတ်သဟာယပြုခဲ့ဖူးသည့် အကြောင်းအရာ မဟုတ်သလော။ (ဟုတ်ပါသည်။) ပင်ကိုအားဖြင့် မိဘများ၏ မျှော်မှန်းချက်များသည် အမှုအရာများစွာနှင့်သက်ဆိုင်သည်။ ဥပမာ မိမိ၏ စာသင်ကြားမှု၊ အလုပ်၊ အိမ်ထောင်၊ မိသားစု၊ ပြီးလျှင် မိမိ၏ အသက်မွေးအလုပ်၊ အလားအလာ၊ အနာဂတ် စသည်တို့နှင့်ပင် သက်ဆိုင်သည်။ မိဘတစ်ဦး၏ ရှုထောင့်မှကြည့်လျှင် သူ၏ သားသမီးအပေါ် သူ့၌ရှိသော မျှော်မှန်းချက်တိုင်းက ယုတ္တိရှိသည်၊ မျှတသည်၊ ကျိုးကြောင်းသင့်သည်။ မိမိ၏ သားသမီးအပေါ် မျှော်မှန်းချက်များမရှိသည့် မိဘတစ်ဦးတစ်ယောက်မျှ မရှိပေ။ မျှော်မှန်းချက်ပို၍ များနိုင်သည်၊ သို့မဟုတ် ပို၍နည်းနိုင်သည်။ ပို၍ကြီးသော မျှော်မှန်းချက်များရှိနိုင်သည်၊ သို့မဟုတ် ပို၍သေးငယ်သော မျှော်မှန်းချက်များရှိနိုင်သည်၊ သို့မဟုတ် အချိန်ကာလတစ်ခုခုအတွင်း သူ၏ သားသမီးအပေါ် မတူညီသော မျှော်မှန်းချက်အချို့ ရှိနိုင်သည်။ သူ၏ သားသမီးသည် အမှတ်ကောင်းများရဖို့၊ အလုပ်တွင် အဆင်ပြေဖို့၊ ဝင်ငွေကောင်းကောင်းရဖို့၊ အိမ်ထောင်နှင့်ပတ်သက်လျှင် အရာရာတိုင်းက ချောမွေ့စွာနှင့် ပျော်ရွှင်စွာ ဖြစ်မြောက်ဖို့ သူ မျှော်လင့်သည်။ မိဘများသည် ၎င်းတို့သားသမီး၏ မိသားစု၊ အသက်မွေးအလုပ်၊ ရှေ့ရေး စသည်တို့နှင့် ပတ်သက်၍ပင် မတူညီသော မျှော်မှန်းချက်များရှိကြသည်။ မိဘတစ်ဦး၏ ရှုထောင့်မှကြည့်လျှင် ဤမျှော်မှန်းချက်များသည် အလွန်ပင် သဘာဝကျသည်။ သို့သော် သူ၏သားသမီး၏ အမြင်ရှုထောင့်တွင် ဤမျှော်မှန်းချက်အမျိုးမျိုးသည် မှန်ကန်သော ရွေးချယ်မှုများကို သူပြုလုပ်ရာ၌ ကြီးမားသော အတိုင်းအတာထိ ဝင်ရောက်စွက်ဖက်လေသည်။ သူ၏ လွတ်လပ်ခွင့်နှင့် သာမန်လူတစ်ယောက်အနေဖြင့် သူ့၌ရှိသော လုပ်ပိုင်ခွင့်၊ သို့မဟုတ် အကျိုးစီးပွားများကိုပင် ဝင်ရောက်စွက်ဖက်သည်။ တစ်ချိန်တည်းတွင် ဤမျှော်မှန်းချက်များသည် သူ၏ အစွမ်းအစကို ပုံမှန်နည်းလမ်းဖြင့် အသုံးပြုရာတွင်လည်း ဝင်ရောက်စွက်ဖက်သည်။ အချုပ်အားဖြင့်ဆိုသော် ဤအရာကို မည်သည့်ရှုထောင့်မှ ငါတို့ ကြည့်သည်ဖြစ်စေ၊ မိဘတစ်ဦး၏ ရှုထောင့်မှဖြစ်စေ၊ သူ့သားသမီး၏ ရှုထောင့်မှဖြစ်စေ မိဘ၏ မျှော်မှန်းချက်များသည် သာမန်လူ့သဘာဝ ရှိသူတစ်ယောက်က ခံနိုင်ရည်ရှိသော နယ်ပယ်ကို ကျော်လွန်လျှင်၊ သာမန်လူ့သဘာဝ ရှိသူတစ်ယောက်၏ ပင်ကိုဗီဇစိတ်က စွမ်းဆောင်ရရှိနိုင်သောအရာ၏ နယ်ပယ်ကို ကျော်လျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝရှိသူတစ်ယောက်က ပိုင်ဆိုင်သင့်သော လူ့အခွင့်အရေး၊ သို့မဟုတ် ဘုရားသခင်က လူတို့အားပေးသော တာဝန်၊ ဝတ္တရားများ၊ စသည်တို့ကို ကျော်လွန်လျှင် ဤမျှော်မှန်းချက်များသည် မသင့်လျော်သလို ကျိုးကြောင်းလည်း မညီညွတ်ပေ။ မိဘများ၌ ဤမျှော်မှန်းချက်များ မရှိသင့်ဟုလည်းကောင်း၊ ဤမျှော်မှန်းချက်များ မတည်ရှိသင့်ဟုလည်းကောင်း ဆိုနိုင်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤအရာကို အခြေခံလျှင် သားသမီးများသည် ဤမိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်သင့်သည်။ ဆိုလိုသည်မှာ မိဘများသည် မိဘ၏ အမြင်ရှုထောင့်၊ သို့မဟုတ် နေရာကို ယူသောအခါ၌ ၎င်းတို့အနေဖြင့် ၎င်းတို့၏သားသမီးက ဤသို့လုပ်ရမည်၊ ထိုသို့လုပ်ရမည်၊ ၎င်းတို့၏ သားသမီးက လမ်းကြောင်းတစ်ခုကို ရွေးရမည်၊ ဘဝအမျိုးအစားတစ်ခုခု၊ သင်ယူလေ့လာရာ ပတ်ဝန်းကျင်၊ သို့မဟုတ် အလုပ်၊ အိမ်ထောင်၊ မိသားစု စသည်တို့ကို ရွေးချယ်ရမည်ဟု ၎င်းတို့က မျှော်မှန်းပိုင်ခွင့်ရှိသည်ဆိုသည့် ပုံစံရှိသည်။ သို့ရာတွင် မိဘများသည် သာမန်လူသားများဖြစ်သဖြင့် မိဘ၏ အမြင်ရှုထောင့်၊ သို့မဟုတ် နေရာကို မယူသင့်ပေ။ ၎င်းတို့သည် ၎င်းတို့၏သားသမီးအား သူ၏သားသမီးဝတ်၏ နယ်ပယ်ပြင်ပကို သို့မဟုတ် လူသားစွမ်းရည်၏ အတိုင်းအတာကို ကျော်လွန်သည့်အရာတစ်ခုခုကို လုပ်ဆောင်ဖို့ တောင်းဆိုရန် မိဘဖြစ်သော ကိုယ်ပိုင်လက္ခဏာကို အသုံးမပြုသင့်ပေ။ ၎င်းတို့၏သားသမီးက ပြုလုပ်သော ရွေးချယ်မှုအမျိုးမျိုးကိုပင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပေ။ ပြီးလျှင် ၎င်းတို့၏ မျှော်မှန်းချက်များ၊ နှစ်သက်မှုများ၊ ၎င်းတို့၏ အားနည်းချက်များ၊ မကျေနပ်မှုများ၊ သို့မဟုတ် ၎င်းတို့၏ မည်သည့်စိတ်ဝင်စားမှုများကိုမဆို ၎င်းတို့၏ သားသမီးအပေါ် အတင်းအဓမ္မ မသက်ရောက်စေသင့်ပေ။ ဤအရာများသည် မိဘများ မလုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ မိဘများက ၎င်းတို့စိတ်တွင် မထားရှိသင့်သည့် မျှော်မှန်းချက်များအား ထားရှိသောအခါ ၎င်းတို့၏သားသမီးသည် ထိုမျှော်မှန်းချက်များကို သင့်လျော်စွာ ချဉ်းကပ်သင့်သည်။ ပို၍ အရေးကြီးသည်မှာ ၎င်းတို့၏ သားသမီးသည် ဤမျှော်မှန်းချက်များ၏ သဘောသဘာဝကို ပိုင်းခြားသိမြင်နိုင်သင့်သည်။ သင့်မိဘများ၏ မျှော်မှန်းချက်များသည် သင်၏ လူ့အခွင့်အရေးအား ပိတ်ပင်နေသည်ကိုလည်းကောင်း၊ ဤမျှော်မှန်းချက်များသည် အပြုသဘောဆောင်သောအရာများနှင့် လမ်းမှန်ကို သင်ရွေးချယ်ခြင်းနှင့် ပတ်သက်သောအခါ၌ ဝင်ရောက်စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်းတစ်မျိုး ဖြစ်သည်ကိုလည်းကောင်း သင်ရှင်းလင်းစွာ မြင်နိုင်လျှင် ဤမျှော်မှန်းချက်များကို သင် လက်လွှတ်ပြီး လျစ်လျူရှုသင့်သည်။ ဤသည်မှာ သင်၏လုပ်ပိုင်ခွင့်ဖြစ်သောကြောင့် ဤသို့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ဘုရားသခင်က ဖန်ဆင်းခံလူသားတိုင်းအား ပေးခဲ့သည့် လုပ်ပိုင်ခွင့်ဖြစ်သည်။ သင့်မိဘများက သင့်အားမွေးဖွားခဲ့ပြီး သင့်မိဘများ ဖြစ်ရုံသက်သက်ဖြင့် သင်၏ဘဝလမ်းကြောင်းနှင့် လူ့အခွင့်အရေးကို စွက်ဖက်ခွင့် ရှိသည်ဟု ၎င်းတို့အနေဖြင့် မထင်မြင်သင့်ပေ။ ထို့ကြောင့် ဖန်ဆင်းခံတိုင်းသည် ကျိုးကြောင်းမသင့်သော၊ မသင့်လျော်သော၊ သို့မဟုတ် သင့်တင့်လျောက်ပတ်ခြင်းပင် မရှိသော မိဘများ၏ မျှော်မှန်းချက်မှန်သမျှ ငြင်းဆန်ပိုင်ခွင့်ရှိသည်။ သင်သည် သင့်မိဘများ၏ မည်သည့်မျှော်မှန်းချက်ကိုမဆို ထမ်းရွက်ရန် အပြည့်အဝ ငြင်းဆန်နိုင်သည်။ သင့်မိဘများ၏ မည်သည့်မျှော်မှန်းချက်ကိုမဆို လက်ခံရန်၊ သို့မဟုတ် ထမ်းရွက်ရန် ငြင်းဆန်ခြင်းသည် ၎င်းတို့၏ မသင့်လျော်သော မျှော်မှန်းချက်များအား လက်လွှတ်ရန် လက်တွေ့လုပ်ဆောင်ဖို့နည်းလမ်းဖြစ်သည်။

မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းနှင့်ပတ်သက်လျှင် လူတို့သည် မည်သည့်သမ္မာတရားများကို နားလည်သင့်သနည်း။ ဆိုလိုသည်မှာ မိမိ၏ မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းက မည်သည့်သမ္မာတရားအား အခြေခံသည်၊ သို့မဟုတ် မည်သည်သမ္မာတရားစည်းမျဉ်းကို လိုက်နာသည်ဆိုသည်ကို သင်သိသလော။ သင့်မိဘများသည် ကမ္ဘာတွင် သင်နှင့်အရင်းနှီးဆုံးလူများ ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် သင်၏အထက်လူကြီးများ၊ ခေါင်းဆောင်များ ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် သင့်အားမွေးဖွားပေးပြီး ပျိုးထောင်ပေးသော၊ သင့်အား အစားအစာ၊ အဝတ်အစား၊ နေအိမ်၊ သယ်ယူပို့ဆောင်မှုတို့ကို ထောက်ပံ့ပေးသော၊ သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခဲ့သောသူများ ဖြစ်သည်ဟုလည်းကောင်း၊ သင့်ကို ဖြည့်ဆည်းပံ့ပိုးပေးသူများ ဖြစ်သည်ဟုလည်းကောင်း သင်ယုံကြည်လျှင် ၎င်းတို့၏ မျှော်မှန်းချက်များကို လက်လွှတ်ရန် သင့်အတွက် လွယ်ကူမည်လော။ (လွယ်ကူမည်မဟုတ်ပါ။) ဤအရာများကို သင်ယုံကြည်လျှင် သင်သည် သင့်မိဘ၏ မျှော်မှန်းချက်များကို ဇာတိပကတိ အမြင်ရှုထောင့်မှနေ၍ ချဉ်းကပ်နိုင်ခြေ အလွန်များလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ မသင့်လျော်သော၊ ကျိုးကြောင်းမညီညွတ်သော မျှော်မှန်းချက်တစ်ခုခုအား လက်လွှတ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်သည် ၎င်းတို့မျှော်မှန်းချက်များ၏ ချည်နှောင်ခြင်းနှင့် ဖိနှိပ်ခြင်းကို ခံရမည်။ သင်သည် စိတ်နှလုံးတွင် ကျေနပ်မှု၊ လိုလားမှု မရှိလျှင်ပင် ဤမျှော်မှန်းချက်များအား ချိုးဖျက်လွတ်မြောက်ရန် အစွမ်းရှိမည်မဟုတ်ပေ။ ပြီးလျှင် ယင်းတို့ကို ဤအတိုင်း ဖြစ်သမျှအကြောင်းအကောင်းဟု ဖြစ်ခွင့်ပြုခြင်းမှလွဲ၍ သင့်၌ ရွေးချယ်စရာ ရှိမည်မဟုတ်ပေ။ သင်သည် အဘယ်ကြောင့် ယင်းတို့ကို ဤအတိုင်း ဖြစ်သမျှအကြောင်းအကောင်းဟု ဖြစ်ခွင့်ပြုရမည်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ပြီး ၎င်းတို့၏ မည်သည့်မျှော်မှန်းချက်ကိုမဆို လျစ်လျူရှုရမည်၊ သို့မဟုတ် ငြင်းပယ်ရမည်ဆိုလျှင် သင်သည် သားသမီးဝတ်မကျေပွန်သော သားသမီးဟုလည်းကောင်း၊ သင်သည် ကျေးဇူးမသိတတ်ဟုလည်းကောင်း၊ သင့်မိဘများအား သင် တာဝန်ပျက်ကွက်သည်ဟုလည်းကောင်း၊ ပြီးလျှင် သင်သည် လူကောင်းတစ်ယောက် မဟုတ်ဟုလည်းကောင်း ခံစားရမည်ဖြစ်သောကြောင့် ဖြစ်သည်။ သင်က ဇာတိပကတိ အမြင်ရှုထောင့်ကို ခံယူလျှင် သင့်မိဘများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန်အတွက် သင်၏ အသိတရားကို အသုံးချဖို့၊ သင့်အတွက် သင့်မိဘများက ခံယူခဲ့သော ဒုက္ခသည် အလဟဿ မဖြစ်အောင်သေချာစေဖို့ သင်တတ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းတို့၏ မျှော်မှန်းချက်များကိုလည်း အကောင်အထည် ဖော်လိုလိမ့်မည်။ သင်သည် ၎င်းတို့က သင့်အား လုပ်ဆောင်ရန် ခိုင်းစေသည့်အရာရာတိုင်းကို ဖြစ်မြောက်ရန်၊ ၎င်းတို့အား စိတ်ပျက်အောင် လုပ်မိခြင်းမှ ရှောင်ကြဉ်ရန်၊ ၎င်းတို့အား ကျင့်ဝတ်နှင့်အညီ ကောင်းမွန်စွာ ဆက်ဆံရန် ပြင်းပြင်းထန်ထန် ကြိုးစားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အသက်ကြီးသည့်အခါ၌ ၎င်းတို့အား စောင့်ရှောက်ရန်၊ ၎င်းတို့၏ နောက်ဆုံးနှစ်ကာလများ၌ ပျော်ရွှင်ရဖို့အတွက် သေချာစေရန် သင် ဆုံးဖြတ်ချက်ချလိမ့်မည်။ ပြီးလျှင် သင်သည် ၎င်းတို့၏ အသုဘကို ကိုင်တွယ်ရန်၊ သားသမီးဝတ်ကျေပွန်သော သားသမီးတစ်ယောက်ဖြစ်လိုသည့် သင်၏ကိုယ်ပိုင် ဆန္ဒကို ဖြည့်ဆည်းရင်း တစ်ချိန်တည်းတွင်ပင် ၎င်းတို့အား စိတ်ဖြည့်ဆည်းပေးရန် အနည်းငယ်ပို၍ပင် စဉ်းစားလိမ့်မည်။ လူတို့သည် ဤကမ္ဘာလောက၌ အသက်ရှင်စဉ်တွင် လူထုအမြင်နှင့် လူမှုရေးအခြေအနေအမျိုးမျိုးတို့အပြင် လူ့အဖွဲ့အစည်း၌ လူသိများသော မတူညီသောအတွေးအမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ဤအရာများကို ဇာတိပကတိခံစားချက်များ၏ ရှုထောင့်များမှနေ၍သာ ရှုမြင်နိုင်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ထိုအမြင့်ရှုထောင့်မှသာ ဤအရာများကို ကိုင်တွယ်နိုင်သည်။ ဤအချိန်ကာလအတွင်းတွင် သင့်မိဘများက မိဘအနေဖြင့် မလုပ်သင့်သောအရာ များစွာကို လုပ်ဆောင်သည်ဟု သင်ထင်မြင်လိမ့်မည်ဖြစ်သည်မှာ သင့်မိဘများ၏ လုပ်ဆောင်မှုနှင့် အပြုအမူအချို့အပေါ်၊ ထို့အပြင် ၎င်းတို့၏ လူ့သဘာဝ၊ အကျင့်စရိုက်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏နည်းနာနိဿယများအပေါ်ကိုပါ သင်၏ စိတ်နှလုံးနက်ရှိုင်းရာထဲမှနေ၍ စက်ဆုပ်ရွံရှာပြီး မနှစ်သက်သည်အထိပင် ဖြစ်လိမ့်မည်။ သို့သော် သင်သည် ၎င်းတို့အား ဂုဏ်ဆောင်ပေးရန်နှင့် စိတ်ဖြည့်ဆည်းပေးရန်အတွက် သားသမီးဝတ်ကျေပွန်သော သားသမီးတစ်ဦး ဖြစ်လိုဦးမည်ဖြစ်ပြီး သင်သည် ၎င်းတို့အား မည်သည့်ပုံစံနှင့်မျှ လျစ်လျူရှုရဲမည်မဟုတ်ပေ။ တစ်ဖက်တွင် သင်သည် လူ့အဖွဲ့အစည်း၏ အပယ်ခံရခြင်းကို ရှောင်ကြဉ်ဖို့အတွက် ဤသို့လုပ်ဆောင်မည်ဖြစ်ပြီး အခြားတစ်ဖက်တွင် သင်၏ အသိတရား၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဤအမြင်များအားလုံးကို လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်းက သင့်အား စွဲမှတ်စေခြင်း ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် သင့်မိဘများ၏ မျှော်မှန်းချက်များနှင့် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးအား ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် ကိုင်တွယ်ရန် အလွန်ခက်ခဲလိမ့်မည်။ သင်သည် ၎င်းတို့အား သားသမီးဝတ်ကျေပွန်သော သားသမီးအဖြစ် ချဉ်းကပ်ရန်၊ သင့်မိဘများ၏ မည်သည့်လုပ်ရပ်ကိုမျှ မကန့်ကွက်ရန် ဖိအားပေးခြင်းခံရမည်။ သင့်၌ ရွေးချယ်စရာရှိမည်မဟုတ်။ ဤသို့သာ လုပ်ဆောင်နိုင်လိမ့်မည်။ ထို့ကြောင့် သင့်အနေဖြင့် သင့်မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်ရန် ပို၍ပင် ခက်ခဲလိမ့်မည်။ သင်သည် သင်၏ စိတ်နှလုံးအတွင်းတွင် ၎င်းတို့ကို အမှန်တကယ် လက်လွှတ်လျှင် သင်သည် အခြားသောဝန်ထုပ်ဝန်ပိုး၊ သို့မဟုတ် ဖိအားကို ခံယူဖို့ လိုဦးမည်ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်း၊ သင်၏ ဆွေမျိုးနီးစပ်၊ သင်၏ မိသားစုအရင်းအချာတို့၏ ရှုတ်ချမှုဖြစ်သည်။ သင်သည် ရှုတ်ချမှု၊ စွပ်စွဲမှု၊ ကျိန်ဆဲမှုအပြင် သင်သည် အလကားလူဖြစ်သည်ဟုလည်းကောင်း၊ သင်သည် သားသမီးဝတ်ကျေပွန်သော သားသမီးမဟုတ်ဟုလည်းကောင်း၊ သင်သည် ကျေးဇူးမသိတတ်ဟုလည်းကောင်း၊ သို့မဟုတ် လောကီလူ့အဖွဲ့အစည်းရှိ လူများပြောသကဲ့သို့ “မင်းက စာနာစိတ်မရှိသည့် ကျေးဇူးကန်းသောသူဖြစ်သည်။ မနာခံတတ်သောသူဖြစ်သည်။ မင်းအမေသည် မင်းကို ကောင်းစွာ မပျိုးထောင်ခဲ့ပါ” ဟူသောအရာများကိုပင်လည်းကောင်း ပြောနေသည့် သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ လာသည့် အထင်မြင်သေးမှုကိုပါ ခံယူရန် လိုအပ်လေသည်။ တစ်နည်းအားဖြင့်ဆိုရသော် မနှစ်မြို့ဖွယ်ရာမျိုးစုံကို ခံယူဖို့ လိုအပ်လေသည်။ သင်သည် သမ္မာတရားကို နားမလည်လျှင် ဤအကျပ်အတည်းမျိုးအတွင်းသို့ သက်ဆင်းလိမ့်မည်။ ဆိုလိုသည်မှာ သင့်စိတ်နှလုံးအတွင်းထဲရှိ သင့်မိဘများ၏ မျှော်မှန်းချက်များအား ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် သင် လက်လွှတ်လိုက်သောအခါ၊ သို့မဟုတ် သင်သည် ယင်းတို့ကို စိတ်မပါစွာဖြင့် လက်လွှတ်သောအခါတွင် သင့်စိတ်နှလုံးအတွင်း၌ အခြားသော ဝန်ထုပ်ဝန်ပိုး၊ သို့မဟုတ် ဖိအားတစ်မျိုး ဖြစ်ပေါ်လိမ့်မည်။ ဤဖိအားသည် လူ့အဖွဲ့အစည်းမှလာပြီး သင့်အသိစိတ်၏ သက်ရောက်မှုမှလာသည်။ ဤသို့ဆိုလျှင် သင့်မိဘများ၏ မျှော်မှန်းချက်များကို သင် မည်သို့ လက်လွှတ်နိုင်သနည်း။ ဤပြဿနာကို ဖြေရှင်းရန်အတွက် လမ်းကြောင်းတစ်ခုရှိသည်။ မခက်ခဲပေ။ လူတို့သည် သမ္မာတရားကို အားထုတ်ရန်လည်းကောင်း၊ သမ္မာတရားအား ရှာဖွေပြီး နားလည်ဖို့ ဘုရားရှေ့သို့ လာရန်လည်းကောင်း လိုအပ်သည်။ ဤသို့ဆိုလျှင် ပြဿနာက ပြေလည်လိမ့်မည်။ ဤသို့ဆိုလျှင် လူထုအမြင်နှင့်ပတ်သက်သော ရှုတ်ချခြင်း၊ သို့မဟုတ် သင့်စိတ်နှလုံးအတွင်းထဲရှိ သင့်အသိစိတ်၏ ရှုတ်ချခြင်း၊ သို့မဟုတ် သင့်မိဘများ၏ မျှော်မှန်းချက်များအား သင်လက်လွှတ်သောအခါတွင် သင့်မိဘများ၏ စွပ်စွဲခြင်း၊ ဆူငေါက်ခြင်းတို့ဖြင့် ဝန်လေးရခြင်းတို့ကို မကြောက်ရန်အတွက် မည်သည့်သမ္မာတရား သွင်ပြင်လက္ခဏာကို သင်နားလည်ဖို့ လိုအပ်သနည်း။ (ကျွန်ုပ်တို့သည် ဘုရားရှေ့တွင် ဖန်ဆင်းခံသက်သက် ဖြစ်သည်ဆိုသည်ကို နားလည်ဖို့လိုသည်။ ဤကမ္ဘာလောကတွင် ကျွန်ုပ်တို့မိဘများနှင့်ပတ်သက်သော မိမိတို့၏ တာဝန်များကိုသာ မဖြည့်ဆည်းသင့်ပေ။ ပို၍ အရေးကြီးသည်မှာ ကျွန်ုပ်တို့၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ပြီး ကျွန်ုပ်တို့၏ ဝတ္တရားများကို ဖြည့်ဆည်းရမည်။ ကျွန်ုပ်တို့သည် ဤအရာကို ပိုင်းခြားသိမြင်နိုင်လျှင် နောင်တွင် မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်သောအခါ၌ ကျွန်ုပ်တို့မိဘများ၏ လွှမ်းမိုးခြင်းကိုဖြစ်စေ၊ လူထုအမြင်နှင့်ပတ်သက်သော ရှုတ်ချခြင်း၏ လွှမ်းမိုးခြင်းကိုဖြစ်စေ အလွန်အမင်း ခံရလိမ့်မည်မဟုတ်သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။) ဤအကြောင်းကို မည်သူက ပြောဦးမည်နည်း။ (ပြီးခဲ့သည့်အခေါက်က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာသောအခါ ဤသည်မှာ တစ်ဖက်တွင် အရှိအတိုင်းဖြစ်သော အခြေအနေများကြောင့်ဖြစ်ပုံကို ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် မိဘများထံမှ ထွက်ခွာရမည်။ ထို့ကြောင့် ၎င်းတို့ကို ကျွန်ုပ်တို့ မစောင့်ရှောက်နိုင်ပေ။ ကျွန်ုပ်တို့သည် မိမိတို့၏ တာဝန်များကို ရှောင်ကြဉ်နေခြင်းကြောင့် မိဘများထံမှ ထွက်ခွာရန် ရွေးချယ်ခြင်းမဟုတ်ပေ။ အခြားတစ်ဖက်တွင် ကျွန်ုပ်တို့တာဝန်များကို ထမ်းဆောင်ရန် ကျွန်ုပ်တို့ကို ဘုရားသခင်က ခေါ်သောကြောင့် အိမ်မှ ထွက်ခွာရသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ မိဘများကို အဖော်မပြုနိုင်ပေ။ သို့သော် ၎င်းတို့ကို စိတ်ပူဆဲဖြစ်သည်။ ဤသည်မှာ ၎င်းတို့အပေါ် ကျွန်ုပ်တို့၏ တာဝန်များကို မထမ်းဆောင်လိုခြင်း၊ သားသမီးဝတ် မကျေပွန်ခြင်းနှင့် မတူပေ။) ဤအကြောင်းပြချက်နှစ်ခုမှာ လူတို့နားလည်သင့်သည့် သမ္မာတရားများနှင့် အချက်အလက်များဖြစ်သည်။ လူတို့သည် ဤအရာများကို နားလည်သောအခါတွင် ၎င်းတို့မိဘများ၏ မျှော်မှန်းချက်များကို ၎င်းတို့ လက်လွှတ်သောအခါ ၎င်းတို့သည် မိမိတို့စိတ်နှလုံးအတွင်းထဲတွင် အနည်းငယ်ပို၍ စိတ်တည်ငြိမ်ပြီး ပို၍ ငြိမ်သက်ခြင်းရှိလိမ့်မည်။ သို့သော် ဤသည်မှာ ဤပြဿနာကို အရင်းအမြစ်မှနေ၍ ဖြေရှင်းနိုင်သလော။ ပို၍ကြီးမားသော ပြင်ပအခြေအနေများ၏ လွှမ်းမိုးမှုကြောင့်သာမဟုတ်လျှင် သင်၏ ကံကြမ္မာသည် သင့်မိဘများနှင့် ချိတ်ဆက်နေမည်လော။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ ပုံမှန်နည်းဟန်ဖြင့် အလုပ်လုပ်ပြီး သင့်နေ့ရက်များကို ကုန်ဆုံးလျှင် သင်သည် သင့်မိဘများကို သေချာပေါက် အဖော်ပြုနိုင်မည်လော။ သင်သည် အသေအချာပင် သားသမီးဝတ် ကျေပွန်သောသူတစ်ဦး ဖြစ်နိုင်မည်လော။ သင်သည် အသေအချာပင် ၎င်းတို့အနီး၌နေပြီး ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်နိုင်မည်လော။ (ပြုလုပ်နိုင်ချင်မှ ပြုလုပ်နိုင်လိမ့်မည်။) မိမိ၏ တစ်ဘဝလုံးတွင် မိဘ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်အတွက်သာ ပြုမူလုပ်ဆောင်သောသူ တစ်ဦးတစ်ယောက် ရှိသလော။ (မရှိပါ။) ဤသို့သောသူများ မရှိပေ။ ထို့ကြောင့် သင်သည် မတူညီသော ရှုထောင့်တစ်ခုမှနေ၍ ဤအမှုကိစ္စကို သိမြင်လာပြီး ယင်း၏ အနှစ်သာရကို ရိပ်စားမိသင့်သည်။ ဤသည်မှာ ဤအမှုကိစ္စအတွင်းတွင် သင်နားလည်သင့်သည့် ပိုမိုလေးနက်သော သမ္မာတရားဖြစ်သည်။ အမှန်တရားတစ်ခုလည်းဖြစ်သည်။ ထို့အပြင် ဤအရာများ၏ အနှစ်သာရဖြစ်သည်။ သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းအတွင်းတွင် သင်နားလည်သင့်သည့် သမ္မာတရားများမှာ အဘယ်နည်း။ တစ်ဖက်တွင် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို သင်နားလည်သင့်သည်။ အခြားတစ်ဖက်တွင် သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်သည်ကို သင်နားလည်သင့်သည်။ ဤသည်မှာ သမ္မာတရားမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသမ္မာတရားနှစ်ခုကို သင်နားလည်လျှင် သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ရန် သင့်အတွက် ပို၍ လွယ်ကူမည်မဟုတ်လော။ (လွယ်ကူမည်ဖြစ်ပါသည်။)

ရှေးဦးစွာ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်”ဟူသည့် ဤသမ္မာတရား သွင်ပြင်လက္ခဏာအကြောင်းကို ငါတို့ပြောမည်။ သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ပေ ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက သင့်ကို ပြသသော ကြင်နာမှုကို ရည်ညွှန်းသလော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်အား ကြင်နာမှုပြသည်။ ထို့ကြောင့် သင့်အနေဖြင့် ၎င်းတို့နှင့် သင်၏ဆက်ဆံရေးကို လက်လွှတ်ရန် အလွန်ခက်ခဲသည်။ သင်သည် ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရမည်၊ ဤသို့မဟုတ်လျှင် သားသမီးဝတ် မကျေပွန်သော သားသမီးဖြစ်မည်ဟု သင်ထင်သည်။ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရမည်ဟုလည်းကောင်း၊ ၎င်းတို့၏ စကားတိုင်းကို နာခံရမည်ဟုလည်းကောင်း၊ ၎င်းတို့၏ဆန္ဒနှင့် တောင်းဆိုမှုတိုင်းကို ဖြည့်ဆည်းရမည်ဟုလည်းကောင်း၊ ထို့အပြင် ၎င်းတို့ကို တာဝန်မပျက်ကွက်ရဟုလည်းကောင်း သင်ယုံကြည်သည်။ ဤသည်မှာ ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ခြင်းဟု သင်ယုံကြည်သည်။ လူအချို့က အလုပ်ကောင်းများရှိပြီး ကောင်းမွန်သော လုပ်အားခများအား ရသည်မှာ မှန်သည်။ ပြီးလျှင် ၎င်းတို့က ၎င်းတို့မိဘများအား ရုပ်ဝတ္ထုဆိုင်ရာ စည်းစိမ်အချို့နှင့် အလွန်ကောင်းသော ရုပ်ဝတ္ထုဆိုင်ရာဘဝကို ပေးကာ ၎င်းတို့၏ မိဘများအား စိန်နားကပ်ရောင်ကြောင့် ပါးပြောင်စေသည်။ ပြီးလျှင် ၎င်းတို့အား ပိုမိုကောင်းမွန်သောဘဝကို နေထိုင်ဖို့ ထောက်ကူပေးသည်။ ဥပမာ သင်သည် သင့်မိဘများကို အိမ်တစ်လုံး၊ ကားတစ်စီးဝယ်ပေးသည်။ စားကောင်းသောက်ဖွယ်များကို စားသောက်ရန်အတွက် ခမ်းနားထည်ဝါသော စားသောက်ဆိုင်များသို့ ၎င်းတို့အား သင်ခေါ်ဆောင်သည်။ ၎င်းတို့အား ကမ္ဘာလှည့်ခရီးသွားနေရာများသို့ လိုက်ပို့ဆောင်ပြီး ၎င်းတို့အတွက် ခမ်းနားထည်ဝါသော ဟိုတယ်များ၌ ကြိုတင်နေရာယူထားသည်ဟု ဆိုကြပါစို့။ ဤသို့အားဖြင့် ၎င်းတို့ ပျော်ရွှင်အောင် လုပ်ပေးရန်နှင့် ဤအရာများကို ခံစားရစေရန်ဖြစ်သည်။ သင်သည် သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်လည်းကောင်း၊ သင့်မိဘများသည် သင့်အား ပျိုးထောင်ခြင်းနှင့် ချစ်ခြင်းအတွက် အပြန်အလှန်အနေဖြင့် တစ်စုံတစ်ခုကို ရရှိသည်၊ သင်သည် ၎င်းတို့ကို တာဝန်မပျက်ကွက်ခဲ့ဟု ခံစားရစေရန်လည်းကောင်း ဤအရာအားလုံးကို သင်လုပ်ဆောင်သည်။ တစ်ဖက်တွင် သင့်မိဘများ မြင်ရန်အတွက် သင်က ဤသို့ လုပ်ဆောင်သည်။ အခြားတစ်ဖက်တွင် သင့်အနီးမှလူများ မြင်ရန်အတွက်၊ လူ့အဖွဲ့အစည်းက မြင်ရန်အတွက် သင်က ဤသို့လုပ်ဆောင်ပြီး တစ်ချိန်တည်းတွင်ပင် သင့်အသိတရား၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သင် အစွမ်းကုန်လုပ်ဆောင်ခြင်းဖြစ်သည်။ မည်သည့်ပုံစံဖြင့် သင်ကြည့်သည်ဖြစ်စေ၊ မည်သည့်အရာကို သင် ဖြည့်ဆည်းရန် ကြိုးစားနေသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤလုပ်ရပ်များအားလုံးသည် ကြီးမားသောအတိုင်းအတာတစ်ခုအထိ သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ပြီးလျှင် ဤလုပ်ရပ်များ၏ အနှစ်သာရမှာ သင့်မိဘများက သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်ကို ပြသခဲ့သော ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်ဖြစ်သည်။ ဤသို့ဆိုလျှင် သင့်၌ အဘယ်ကြောင့် သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်သည့် စိတ်ကူးရှိနေသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင့်မိဘများက သင့်အား မွေးဖွားပေးခဲ့သည်ဟုလည်းကောင်း၊ သင့်အား ပျိုးထောင်ပေးရန် ၎င်းတို့အတွက် မလွယ်ကူဟုလည်းကောင်း သင်ယုံကြည်သောကြောင့်ဖြစ်သည်။ ဤနည်းအားဖြင့် သင့်မိဘများသည် မသိမသာဖြင့် သင်၏ ကြွေးရှင်များဖြစ်လာသည်။ သင်သည် သင့်မိဘများအပေါ် အကြွေးတင်သည်ဟုလည်းကောင်း၊ သင့်မိဘများကို ပြန်လည်ပေးဆပ်ရမည်ဟုလည်းကောင်း သင်ထင်သည်။ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်းအားဖြင့်သာ သင့်၌ လူ့သဘာဝရှိပြီး အမှန်တကယ် သားသမီးဝတ်ကျေသော သားသမီးဖြစ်မည်ဟုလည်းကောင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်းသည် လူတစ်ယောက်ပိုင်ဆိုင်သင့်သည့် ကိုယ်ကျင့်တရားစံနှုန်း ဖြစ်သည်ဟုလည်းကောင်း သင်ယုံကြည်သည်။ ထို့ကြောင့် အနှစ်သာရအားဖြင့် သင်သည် သင်၏မိဘများအပေါ် အကြွေးတင်သည်ဟုလည်းကောင်း၊ သင်သည် ၎င်းတို့ကို ပြန်လည်ပေးဆပ်ရမည်ဟုလည်းကောင်း၊ သင့်မိဘများသည် သင်၏ ကြွေးရှင်များဖြစ်သည်ဟုလည်းကောင်း အလွန်ကြီးမားသော အတိုင်းအတာအထိ သင်ယုံကြည်သောကြောင့်၊ ဆိုလိုသည်မှာ ၎င်းတို့က သင့်အားပြသည့် ကြင်နာမှုအတွက် သင်သည် ၎င်းတို့အပေါ် အကြွေးတစ်ခုတင်သည်ဟု သင်ယုံကြည်သောကြောင့် ဤအယူအဆများ၊ အမြင်များ၊ လုပ်ရပ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယခုတွင် သင့်၌ ၎င်းတို့အား ပြန်လည်ပေးဆပ်နိုင်ပြီး နစ်နာကြေးပေးနိုင်စွမ်းရှိလာသဖြင့် သင်က ဤသို့လုပ်ဆောင်သည်။ သင်၏ အရည်အချင်းအရ သင်သည် ၎င်းတို့ကို နစ်နာကြေးပေးရန်အတွက် ပိုက်ဆံနှင့် ချစ်ခင်မှုကို အသုံးပြုသည်။ ဤသို့ဆိုလျှင် ဤသို့လုပ်ဆောင်ခြင်းက စစ်မှန်သော လူ့သဘာဝကို ပြသခြင်းဖြစ်သလော။ ဤသည်မှာ စစ်မှန်သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်း ဟုတ်သလော။ (မဟုတ်ပါ။) သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည်မှာ သမ္မာတရားဖြစ်သောကြောင့် သင်သည် သင့်မိဘများအား သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများ၊ ကြွေးရှင်များအဖြစ် မှတ်ယူလျှင်၊ သင်လုပ်ဆောင်သမျှတိုင်းက ၎င်းတို့၏ ကြင်နာမှုအတွက် ၎င်းတို့အား နစ်နာကြေးပေးရန် ဖြစ်လျှင် ဤအယူအဆနှင့် အမြင်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤ “မမှန်ကန်ပါ” ဆိုသည့်အရာကို အလွန်ပင် တွန့်ဆုတ်စွာ ပြောခြင်းမဟုတ်သလော။ ဤပြောဆိုချက်များတွင် မည်သည့်ပြောဆိုချက်က သမ္မာတရားဖြစ်သနည်း။ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်”လော၊ သို့မဟုတ် “သင့်မိဘများသည် သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများဖြစ်ပြီး သင်က ၎င်းတို့ကို နစ်နာကြေးပေးရမည်”လော။ (“သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည်က သမ္မာတရား ဖြစ်သည်။) “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည်မှာ သမ္မာတရား ဖြစ်သောကြောင့် “သင့်မိဘများသည် သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများဖြစ်ပြီး သင်က ၎င်းတို့ကို နစ်နာကြေးပေးရမည်” ဆိုသည့် ပြောဆိုချက်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည့် ပြောဆိုချက်နှင့် ကွဲလွဲမနေသလော။ (ကွဲလွဲနေပါသည်။) ဤပြောဆိုချက်များမှ မည်သည့်ပြောဆိုချက်က သင့်ကို လိပ်ပြာမလုံ ဖြစ်စေသည်ဆိုသည်မှာ အရေးမကြီးပေ။ မည်သည့်အရာက အရေးကြီးသနည်း။ အရေးကြီးသည်မှာ ဤပြောဆိုချက်များထဲမှ မည်သည့်ပြောဆိုချက်က သမ္မာတရားဖြစ်သည်ဆိုသည့်အရာဖြစ်သည်။ ယင်းက သင့်အသိစိတ်ထဲတွင် ခိုးလိုးခုလုဖြစ်ပြီး လိပ်ပြာမလုံစေလျှင်ပင် သမ္မာတရားဖြစ်သည့် ပြောဆိုချက်ကို သင် လက်ခံရမည်။ ယင်းသည် သမ္မာတရား ဖြစ်သောကြောင့် ဖြစ်သည်။ “သင့်မိဘများသည် သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများဖြစ်ပြီး သင်က ၎င်းတို့ကို နစ်နာကြေးပေးရမည်” ဟူသည့် ပြောဆိုချက်က လူတို့၏ လူ့သဘာဝ ကိုယ်ကျင့်စံနှုန်းများနှင့်ညီပြီး လူ့အသိစိတ်၏ သိမြင်မှုနှင့် ညီသော်လည်း ယင်းသည် သမ္မာတရားမဟုတ်ပေ။ ဤပြောဆိုချက်က သင့်အား လိပ်ပြာသန့်စေပြီး သက်သောင့်သက်သာ ဖြစ်စေသော်လည်း သင်သည် ယင်းကို လက်လွှတ်ရမည်။ ဤသည်မှာ သမ္မာတရားအား လက်ခံခြင်းနှင့် ပတ်သက်လျှင် သင်ပိုင်ဆိုင်ရမည့် သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည်နှင့် “သင့်မိဘများသည် သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများဖြစ်ပြီး သင်က ၎င်းတို့ကို နစ်နာကြေးပေးရမည်” ဆိုသည့်နှစ်ခုကြားတွင် မည်သည့် ပြောဆိုချက်က ပို၍ သက်သောင့်သက်သာ ရှိသည့်၊ လူ့သဘာဝ၊ သင်၏ အသိတရားတို့နှင့် ပို၍ကိုက်ညီသည့်၊ လူ့သဘာဝ၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့် ပို၍ကိုက်ညီသည့် ပုံစံရှိသနည်း။ (ဒုတိယပြောဆိုချက်ဖြစ်ပါသည်။) အဘယ်ကြောင့် ဒုတိယ ပြောဆိုချက်ဖြစ်သနည်း။ ယင်းသည် လူ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ကျေနပ်စေသောကြောင့်ဖြစ်သည်။ သို့ရာတွင် ယင်းသည် သမ္မာတရား မဟုတ်သကဲ့သို့ ဘုရားသခင်ကလည်း အလွန်မုန်းတီးသည်။ ဤသို့ဆိုလျှင် “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည့် ပြောဆိုချက်က လူတို့အား စိတ်ခိုးလိုးခုလု ဖြစ်စေသလော။ (ဖြစ်စေပါသည်။) လူတို့သည် ဤပြောဆိုချက်ကို ကြားပြီးနောက်တွင် မည်သည့်အရာကို ခံစားပြီး သတိပြုမိသနည်း။ (အနည်းငယ် အသိတရားကင်းမဲ့သည်ဟူ၍ ဖြစ်ပါသည်။) ယင်းသည် လူသား၏ ခံစားချက်အနည်းငယ် ကင်းမဲ့သည်ဟု ၎င်းတို့ ခံစားရသည်မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “လူတစ်ယောက်သည် လူ့ခံစားချက်များမရှိလျှင် သူသည် လူသားဖြစ်နေဆဲပဲလော” ဟု ဆိုသည်။ လူတို့၌ လူသားခံစားချက်များမရှိလျှင် လူသားများဖြစ်သလော။ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည့် ပြောဆိုချက်သည် လူ့ခံစားချက် ကင်းမဲ့သည့်ပုံစံရှိသည်။ သို့သော် ယင်းသည် အမှန်တရားဖြစ်သည်။ သင်သည် သင့်မိဘများနှင့် သင်၏ ဆက်ဆံရေးကို ဆင်ခြင်တုံတရားရှိသောပုံစံဖြင့် ချဉ်းကပ်လျှင် “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည့် ပြောဆိုချက်သည် လူတိုင်း၌ ရှိသော ၎င်းတို့၏ မိဘများနှင့် ဆက်ဆံရေးကို တကယ့်အရင်းအမြစ်မှနေ၍လည်းကောင်း၊ လူအချင်းချင်းကြား ဆက်ဆံရေးများ၏ အနှစ်သာရနှင့် အရင်းအမြစ်ကိုလည်းကောင်း အသေအချာ ရှင်းပြထားသည်ကို သင်တွေ့ရှိရမည်ဖြစ်သည်။ ယင်းသည် သင့်ကို ခိုးလိုးခုလုဖြစ်စေပြီး သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းမပေးသော်လည်း ယင်းသည် အမှန်တရား ဖြစ်ဆဲဖြစ်သည်။ သမ္မာတရား ဖြစ်ဆဲဖြစ်သည်။ ဤသမ္မာတရားသည် သင့်မိဘများက သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် ပြသသော ကြင်နာမှုကို ဆင်ခြင်တုံတရား ရှိသောနည်းလမ်းဖြင့်၊ မှန်ကန်သောနည်းလမ်းဖြင့် သင်ချဉ်းကပ်နိုင်ဖို့ ထောက်ကူပေးနိုင်သည်။ သင့်မိဘများ၏ မည်သည့်မျှော်မှန်းချက်ကိုမဆိုလည်း ဆင်ခြင်တုံတရားရှိသော၊ မှန်ကန်သောနည်းဖြင့် သင်ချဉ်းကပ်နိုင်ဖို့ ထောက်ကူပေးနိုင်သည်။ ပင်ကိုအားဖြင့် ယင်းသည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးကို ဆင်ခြင်တုံတရားရှိသော၊ မှန်ကန်သောနည်းလမ်းဖြင့် ချဉ်းကပ်နိုင်ရန် ပို၍ပင် ထောက်ကူပေးနိုင်စွမ်းရှိသည်။ သင်သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးကို ဤသို့ ချဉ်းကပ်နိုင်လျှင် သင်သည် ဆင်ခြင်တုံတရား ရှိသောနည်းဖြင့် ကိုင်တွယ်နိုင်သည်။ လူအချို့က “ဤသမ္မာတရားများကို အလွန်ကောင်းစွာ ရှင်းလင်းပြထားပြီး အလွန်ပင် လှိုက်လှိုက်လှဲလှဲဖြစ်သည့် ပုံစံရှိသည်။ သို့သော် ဤအရာများကို လူတို့ကြားသောအခါ ဤအရာများကို စွမ်းဆောင်ရရှိရန် မဖြစ်နိုင်ဟု အဘယ်ကြောင့်များ အနည်းငယ် ခံစားကြရသနည်း။ အထူးသဖြင့် ‘သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်’ ဆိုသည့်အရာဖြစ်သည်။ လူတို့သည် ဤသမ္မာတရားကို ကြားပြီးနောက်တွင် ၎င်းတို့မိဘများနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပို၍ ဝေးကွာပြီး ခပ်တန်းတန်းဖြစ်သွားသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့နှင့် ၎င်းတို့မိဘကြားတွင် ချစ်ခင်မှုမရှိဟု အဘယ်ကြောင့် ၎င်းတို့ ခံစားရသနည်း” ဟု ဆိုကြသည်။ သမ္မာတရားသည် လူတို့အား တစ်ယောက်နှင့်တစ်ယောက် ဝေးကွာစေရန် တမင်သက်သက် ကြိုးစားနေခြင်း ဖြစ်သလော။ သမ္မာတရားသည် လူတို့နှင့် ၎င်းတို့မိဘများကြားရှိ သံယောဇဉ်များကို ဖြတ်တောက်ရန် တမင်ကြိုးစားနေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ဤသမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်ရလဒ်များကို ရရှိနိုင်သနည်း။ (ဤသမ္မာတရားကို နားလည်ခြင်းသည် ကျွန်ုပ်တို့မိဘများနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို အရှိအတိုင်း မြင်စေနိုင်ပါသည်။ ဤသမ္မာတရားသည် ဤအမှုကိစ္စ၏ တကယ့်သဘာဝကို ကျွန်ုပ်တို့အား ပြောပြပါသည်။) မှန်သည်။ ယင်းသည် ဤအမှုကိစ္စ၏ တကယ့်သဘာဝကို သင် မြင်ဖို့၊ ဤအရာများကို ဆင်ခြင်တုံတရားရှိစွာဖြင့် ချဉ်းကပ်ပြီး ကိုင်တွယ်ဖို့၊ သင်၏ ချစ်ခင်မှုအတွင်းတွင်၊ သို့မဟုတ် ဇာတိပကတိ လူအချင်းချင်း ဆက်ဆံရေးများတွင် ရှင်သန်ခြင်းမပြုရန် ထောက်ကူပေးသည်။ မှန်သလော။

“သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည်ကို မည်သို့ အနက်ဖွင့်သင့်သည်ဆိုသည့်အကြောင်းကို ပြောကြစို့။ သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်တရားဖြစ်သောကြောင့် ယင်းအတွင်းတွင် ပါဝင်သော အကြောင်းအရာများကို ငါတို့ ရှင်းပြရန် သင့်လျော်သည်။ သင့်မိဘများက သင့်အားမွေးဖွားပေးသည့်အကြောင်းကို ကြည့်ကြစို့။ သင့်အား မွေးဖွားပေးရန် ၎င်းတို့အတွက် ရွေးချယ်ခဲ့သောသူမှာ မည်သူနည်း။ သင်ဖြစ်သလော၊ သို့မဟုတ် သင့်မိဘများဖြစ်သလော။ မည်သူက မည်သူ့ကို ရွေးချယ်ခဲ့သနည်း။ ဤအရာကို ဘုရားသခင်၏ အမြင်ရှုထောင့်မှကြည့်လျှင် အဖြေမှာ မည်သူကမျှ မရွေးချယ်ခဲ့ပေ။ သင့်အား မွေးဖွားပေးရန် သင့်မိဘများအား ရွေးချယ်ခဲ့သည်မှာ သင်လည်းမဟုတ်၊ သင့်မိဘများလည်း မဟုတ်ပေ။ ဤအမှုကိစ္စ၏ အရင်းအမြစ်ကိုကြည့်လျှင် ဤအရာကို ဘုရားသခင်က ကြိုတင်စီမံခဲ့ခြင်းဖြစ်သည်။ ဤကိစ္စသည် လူတို့အတွက်နားလည်ရန် လွယ်ကူသောကြောင့် ယခုလောလောဆယ်အနေဖြင့် ဤအကြောင်းအရာကို ငါတို့ ဘေးဖယ်ထားမည်။ သင်၏ အမြင်ရှုထောင့်၌ သင်သည် သင့်မိဘများက မွေးဖွားပေးခြင်းကို ငြိမ်သက်စွာဖြင့် ခံရပြီး ဤအမှုတွင် မည်သည့်ရွေးချယ်စရာမျှ မရှိပေ။ သင့်မိဘများ၏ ရှုထောင့်၌ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အမှီအခိုကင်းသောစိတ်ဖြင့် သင့်အား မွေးဖွားပေးသည်။ ဟုတ်သလော။ တစ်နည်းအားဖြင့် ဘုရားသခင်၏ စီမံခြင်းကို ဘေးဖယ်ထားပြီး သင့်အား မွေးဖွားခြင်းကိစ္စနှင့်ပတ်သက်လျှင် အခွင့်အာဏာအားလုံးရှိသူမှာ သင့်မိဘများ ဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားရန် ရွေးချယ်ခဲ့သည်။ ၎င်းတို့က အားလုံးကို ဆုံးဖြတ်သည်။ သင့်အား မွေးဖွားပေးရန် ၎င်းတို့ကို သင်မရွေးချယ်ခဲ့ပေ။ သင်သည် ငြိမ်သက်စွာဖြင့် ၎င်းတို့ထံ၌ မွေးဖွားသည်။ ပြီးလျှင် ဤအမှုတွင် သင့်၌ မည်သည့်ရွေးချယ်စရာမျှ မရှိခဲ့ပေ။ ထို့ကြောင့် သင့်မိဘများ၌ အခွင့်အာဏာ အားလုံးရှိပြီး ၎င်းတို့က သင့်အားမွေးဖွားပေးရန် ရွေးချယ်ခဲ့သောကြောင့် ၎င်းတို့၌ သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန်၊ အရွယ်ရောက်သည်အထိ ပျိုးထောင်ရန်၊ သင့်အား ပညာရေး၊ အစားအသောက်၊ အဝတ်အထည်၊ ငွေကြေးတို့ ပံ့ပိုးပေးရန် တာဝန်နှင့် ဝတ္တရားရှိသည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားတို့ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လုပ်ဆောင်သင့်သောအရာဖြစ်သည်။ သင်ကမူ ၎င်းတို့က သင့်အားပျိုးထောင်ပေးနေသည့် အချိန်အတွင်း၌ အစဉ်သဖြင့် ပြုသမျှနုနေရသည်။ သင့်၌ ရွေးချယ်ပိုင်ခွင့်မရှိခဲ့ပေ။ သင့်အား ၎င်းတို့က ပျိုးထောင်ပေးရသည်။ သင်သည် ငယ်ရွယ်သောကြောင့် သင့်ကိုယ်သင့် ပျိုးထောင်နိုင်စွမ်း မရှိခဲ့ပေ။ သင့်၌ သင့်မိဘများက လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းကို ငြိမ်သက်စွာခံရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ သင်သည် သင့်မိဘများက ရွေးချယ်သည့်ပုံစံဖြင့် ပျိုးထောင်ခြင်းခံရသည်။ ၎င်းတို့က သင့်အား အစားကောင်း၊ အသောက်ကောင်းပေးလျှင် သင်က အစားကောင်း၊ အသောက်ကောင်းများကို စားသောက်ရသည်။ သင့်မိဘများက ဖွဲကြမ်းများ၊ အရိုင်းပင်များကို အမှီပြုပြီး သင် အသက်ရှင်အောင် စားသောက်ရသည့် ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်ကို သင့်အားပေးလျှင် သင်က ဖွဲကြမ်းနှင့် အရိုင်းပင်များကို အမှီပြုပြီး ရှင်သန်ရသည်။ မည်သို့ပင်ဖြစ်စေ သင်သည် ပျိုးထောင်ခြင်းခံရသောအချိန်တွင် ပြုသမျှနုနေရပြီး သင့်မိဘများက ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းသည်။ သင့်မိဘများက ပန်းတစ်ပွင့်ကို ဂရုစိုက်ခြင်းနှင့် တူညီသည်။ ၎င်းတို့သည် ပန်းတစ်ပွင့်ကို ဂရုစိုက်လိုသောကြောင့် ၎င်းတို့က ထိုပန်းကို မြေဩဇာကျွေးသင့်သည်။ ရေလောင်းသင့်သည်။ နေရောင်ကို အသေအချာရရှိစေရန် လုပ်ဆောင်သင့်သည်။ ထို့ကြောင့် လူတို့နှင့်ပတ်သက်လျှင် သင့်မိဘများက သင့်အား စေ့စပ်စွာ ကြည့်ရှုစောင့်ရှောက်သည်ဖြစ်စေ၊ သင့်အား အလွန်ပင် ဂရုစိုက်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က သင့်အား ပျိုးထောင်ပေးသည့် အကြောင်းရင်းက မည်သို့ဖြစ်စေ ၎င်းတို့၏ တာဝန်သာဖြစ်သည်။ ၎င်းတို့က သင့်အားမွေးဖွားခဲ့သောကြောင့် သင့်အတွက် တာဝန်ယူသင့်သည်။ ဤအရာကို အခြေခံကြည့်လျှင် သင့်မိဘများက သင့်အတွက် လုပ်ဆောင်ပေးသောအရာရာတိုင်းကို ကြင်နာခြင်းဟု သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင့်မိဘများက သင့်အပေါ် ၎င်းတို့၏တာဝန်အား ဖြည့်ဆည်းခြင်းသည် ကြင်နာမှုအဖြစ် အကျုံးမဝင်ပေ။ ထို့ကြောင့် ၎င်းတို့က ပန်းပွင့်၊ သို့မဟုတ် အပင်တစ်ပင်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီး ရေလောင်းကာ မြေဩဇာကျွေးလျှင် ကြင်နာခြင်းအဖြစ် အကျုံးဝင်သလော။ (အကျုံးမဝင်ပါ။) ယင်းသည် ကြင်နာခြင်းနှင့် ပို၍ပင် အလှမ်းဝေးသည်။ ပန်းပွင့်နှင့် အပင်များသည် ပြင်ပတွင် ပို၍ကောင်းစွာ ပေါက်သည်။ ၎င်းတို့သည် လေ၊ နေ၊ မိုးရေနှင့်အတူ မြေတွင် စိုက်ပျိုးခြင်းခံရလျှင် ရှင်သန်ကြီးထွားသည်။ ၎င်းတို့သည် အိမ်အတွင်း၌ အိုးထဲတွင် စိုက်ပျိုးခြင်းခံရသောအခါ ပြင်ပကဲ့သို့ ကောင်းစွာ မပေါက်ဖွားပေ။ သို့သော် ၎င်းတို့သည် မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ရှင်သန်နေသည်မဟုတ်လော။ ၎င်းတို့သည် မည်သည့်နေရာ၌ရှိသည်ဖြစ်စေ ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ သင်သည် အသက်ရှင်သူတစ်ယောက်ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က အသက်တိုင်းအတွက် တာဝန်ယူပြီး ရှင်သန်စေရန်၊ ဖန်ဆင်းခံအားလုံး လိုက်နာသည့် ဥပဒေကို လိုက်လျှောက်ရန် ထောက်ကူပေးသည်။ သို့သော် သင်သည် လူတစ်ယောက်အနေဖြင့် သင့်မိဘများက ပျိုးထောင်ပေးသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသည်။ ထို့ကြောင့် သင်သည် ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းပြီး အသက်ဆက်ဖြစ်တည်သင့်သည်။ ထိုပတ်ဝန်းကျင်၌ သင်နေထိုင်ခြင်းသည် အကျယ်ချဲ့၍ ကြည့်လျှင် ဘုရားသခင်၏ စီမံခြင်းကြောင့်ဖြစ်သည်။ ချုံ့၍ ကြည့်လျှင် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းကြောင့်ဖြစ်သည်။ မှန်သလော။ မည်သို့ပင်ဖြစ်စေ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများသည် တာဝန်နှင့် ဝတ္တရားတစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်အား အရွယ်ရောက်စေရန် ပျိုးထောင်ခြင်းသည် ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပြီးလျှင် ဤအရာကို ကြင်နာခြင်းဟု မခေါ်ဆိုနိုင်ပေ။ ကြင်နာခြင်းဟု မခေါ်ဆိုနိုင်လျှင် ဤသည်မှာ သင်ခံစားသင့်သော အရာတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်ခံစားသင့်သော အခွင့်အရေးတစ်မျိုးဖြစ်သည်။ သင်သည် သင့်မိဘများ၏ ပျိုးထောင်ခြင်းကို ခံရသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူကြီးဘဝသို့ သင်မရောက်ခင်တွင် သင်ပါဝင်သော အခန်းကဏ္ဍသည် လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ခြင်းခံရသော သားသမီးတစ်ယောက်၏ အခန်းကဏ္ဍ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အပေါ် တာဝန်တစ်မျိုးကို ဖြည့်ဆည်းနေခြင်းသာဖြစ်ပြီး သင်က လက်ခံရရှိနေခြင်းသာ ဖြစ်သည်။ သို့သော် သင်သည် အသေအချာပင် ၎င်းတို့ထံမှ ကျေးဇူး၊ သို့မဟုတ် ကြင်နာမှုကို လက်ခံရရှိနေခြင်းမဟုတ်ပေ။ မည်သည့်သက်ရှိသတ္တဝါမဆိုအတွက် သားသမီးများအား မွေးဖွားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ မျိုးပွားခြင်း၊ နောက်မျိုးဆက်ကို ပျိုးထောင်ခြင်းတို့သည် တာဝန်အမျိုးအစားတစ်ခုဖြစ်သည်။ ဥပမာ ငှက်၊ နွား၊ သိုး၊ နှင့် ကျားတို့သည်ပင် မျိုးပွားပြီးနောက်တွင် ၎င်းတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ မိမိတို့၏ သားသမီးကို ပျိုးထောင်မပေးသော သက်ရှိသတ္တဝါမရှိပေ။ ခြွင်းချက်အချို့ရှိဖို့ ဖြစ်နိုင်သည်။ သို့သော် များစွာမရှိပေ။ ဤသည်မှာ သက်ရှိသတ္တဝါများ၏ ဖြစ်တည်မှုတွင် သဘာဝဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သက်ရှိသတ္တဝါများ၏ ပင်ကိုဗီဇစိတ် ဖြစ်သည်။ ယင်းကို ကြင်နာခြင်းအဖြစ် မမှတ်ယူနိုင်ပေ။ ၎င်းတို့သည် တိရစ္ဆာန်များအတွက်၊ လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်က ပြင်ဆင်ပေးသော ဥပဒေအား လိုက်နာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်ခြင်းသည် ကြင်နာခြင်းအမျိုးအစားတစ်ခု မဟုတ်ပေ။ ဤအရာကို အခြေခံလျှင် သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် သင့်အပေါ် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ ၎င်းတို့က သင့်အပေါ် မည်မျှအားထုတ်ပြီး ငွေကို သုံးစွဲပါစေ ၎င်းတို့က သင့်အား နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ မိဘများအနေဖြင့် ၎င်းတို့၏ တာဝန်ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တာဝန်နှင့် ဝတ္တရားတစ်ခုဖြစ်သောကြောင့် အခမဲ့ဖြစ်သင့်သည်။ နစ်နာကြေးပေးရန် မတောင်းဆိုသင့်ပေ။ သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် သင့်မိဘများက ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းပေးနေခြင်းသာဖြစ်သည်။ ဤသည်မှာ အခမဲ့ဖြစ်သင့်သည်။ အပေးအယူ မဖြစ်သင့်ပေ။ ထို့ကြောင့် သင်သည် ၎င်းတို့အား နစ်နာကြေးပေးရန် စိတ်ကူးဖြင့် သင့်မိဘများကို ချဉ်းကပ်ရန်၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို ကိုင်တွယ်ရန် မလိုအပ်ပေ။ သင်က ဤအယူအဆအတိုင်း သင့်မိဘများအား တကယ်ကို ဆက်ဆံလျှင်၊ ပြန်လည်ပေးဆပ်လျှင်၊ ၎င်းတို့နှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်လျှင် ဤသည်မှာ လူသားမဆန်ပေ။ တစ်ချိန်တည်းတွင် ယင်းကြောင့် သင်သည် သင်၏ဇာတိပကတိ ခံစားချက်များ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းကို ခံရဖို့များသည်။ ဤရစ်ပတ်မှုများမှ လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ သင်လမ်းပင်ပျောက်နိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ထို့ကြောင့် ၎င်းတို့၏ မျှော်မှန်းချက်များအားလုံးကို အကောင်အထည်ဖော်ရန် သင့်၌ ဝတ္တရားမရှိပေ။ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များအတွက် ဒကာခံရန် ဝတ္တရားမရှိပေ။ ဆိုလိုသည်မှာ ၎င်းတို့တွင် ကိုယ့်ကိုယ်ပိုင်မျှော်မှန်းချက်များနှင့်ကိုယ် ရှိနိုင်သည်။ သင့်တွင် ကိုယ်ပိုင်ရွေးချယ်မှုများရှိသည်။ ပြီးလျှင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ဘဝလမ်းကြောင်းနှင့် ကံကြမ္မာရှိသည်။ ယင်းတို့သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် သင့်မိဘက “မင်းက သားသမီးဝတ်မကျေပွန်သည့် သားသမီးဖြစ်သည်။ ငါ့ကို နှစ်ပေါင်းများစွာ ကြာအောင် ပြန်လာမတွေ့ခဲ့။ ပြီးလျှင် မင်းငါ့ကို ဖုန်းမခေါ်သည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ငါ့မှာ နေထိုင်မကောင်းသည့်အပြင် ပြုစုစောင့်ရှောက်မည့်သူ တစ်ဦးမျှ မရှိပါ။ ငါမင်းကို ပျိုးထောင်ပေးခဲ့သည်မှာ အလကားဖြစ်ရလေသည်။ မင်းက တကယ်ကို စာနာစိတ်မရှိသည့် ကျေးဇူးကန်းသည့်သူ၊ ကျေးဇူးမတင်တတ်သည့် သားသမီးတစ်ဦးဖြစ်သည်” ဟု ဆိုသောအခါ၌ သင်က “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည့် သမ္မာတရားကို နားမလည်လျှင် ဤစကားများအား ကြားရခြင်းသည် သင်၏ နှလုံးသို့ ဓါးဖြင့်ထိုးသကဲ့သို့ နာကျင်လိမ့်မည်။ ပြီးလျှင် သင်သည် လိပ်ပြာမလုံသကဲ့သို့ ခံစားရမည်။ ဤစကားလုံးတိုင်းက သင့်စိတ်နှလုံး၌ စွဲနေလိမ့်မည်ဖြစ်ပြီး သင့်မိဘကို ရင်ဆိုင်ဖို့ ရှက်ရွံ့စေလိမ့်မည်။ သင့်မိဘအပေါ် အကြွေးတင်သည်ဟု ခံစားရပြီး ၎င်းတို့အပေါ် အပြစ်များစွာရှိသည်ဟု ခံစားရမည်။ သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူဟု သင့်မိဘများက ဆိုသောအခါ သင်သည် “သူတို့ပြောသည်မှာ လုံးဝ မှန်သည်။ သူတို့က ငါ့ကို ဤအရွယ်အထိ ပျိုးထောင်ပေးခဲ့သည်။ ငါ့ကြောင့် သူတို့ကောင်းစားခြင်း မရှိခဲ့ပါ။ ယခု သူတို့က နေမကောင်းဖြစ်နေသည်။ ပြီးလျှင် သူတို့ အိပ်ရာနားမှာ ငါနေပြီး သူတို့ကို ပြုစု၍ အဖော်ပြုပေးနိုင်ဖို့ သူတို့က မျှော်လင့်ကြသည်။ သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ငါ့ကို လိုအပ်ခဲ့သော်လည်း ငါက မရှိခဲ့ပါ။ ငါက တကယ်ကို စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူတစ်ဦးဖြစ်သည်” ဟု အမှန်တကယ် ခံစားရမည်။ သင်သည် သင့်ကိုယ်သင် စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူဟု အမျိုးအစားသတ်မှတ်လိမ့်မည်။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ သင်သည် စာနာစိတ်မရှိသည့် ကျေးဇူးကန်းသူဖြစ်သလော။ သင်သည် သင့်တာဝန်ကို အခြားတစ်နေရာ၌ ထမ်းဆောင်ရန် အိမ်မှ မထွက်ခွာဘဲ သင့်မိဘများအနီးတွင် နေခဲ့လျှင် ၎င်းတို့ နေမကောင်းဖြစ်ခြင်းကို သင်တားဆီးနိုင်ခဲ့မည်လော။ (မတားဆီးနိုင်ပါ။) သင့်မိဘများအသက်ရှင်မည်လော၊ သေမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ ၎င်းတို့ ချမ်းသာမည်လော၊ ဆင်းရဲမည်လောဆိုသည်ကို သင်ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်မိဘများက မည်သည့်ရောဂါကို ရသည်ဖြစ်စေ ယင်းမှာ ၎င်းတို့သည် သင့်အား ပျိုးထောင်ခြင်းကြောင့် အလွန်မောပန်းသောကြောင့်၊ သို့မဟုတ် ၎င်းတို့က သင့်အား သတိရသောကြောင့် ဖြစ်မည်မဟုတ်ပေ။ အထူးသဖြင့် ၎င်းတို့သည် သင့်ကြောင့် ထိုအကြီးစားဖြစ်သော၊ ဆိုးဝါးသော၊ သေစေနိုင်သော ရောဂါတစ်ခုခုကို ကူးစက်မည်မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ကံကြမ္မာဖြစ်ပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်က မည်မျှ သားသမီးဝတ်ကျေပွန်ပါစေ သင်အစွမ်းဆောင်နိုင်ဆုံးမှာ ၎င်းတို့၏ ဇာတိပကတိ ဒုက္ခနှင့် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်လျှော့ချဖို့ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အချိန်၌ ဖျားနာသည်၊ မည်သည့်ရောဂါ ကူးစက်သည်၊ မည်သည့်အချိန်တွင် သေသည်၊ မည်သည့်နေရာတွင် သေသည်တို့အတွက်မူ ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ မရှိပေ။ သင်က သားသမီးဝတ်ကျေပွန်လျှင်၊ သင်က စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဟုတ်လျှင်၊ ထို့အပြင် သင်က ၎င်းတို့နှင့်အတူ တစ်နေကုန် နေထိုင်ပြီး ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်လျှင် ၎င်းတို့သည် ဖျားနာခြင်းမရှိမည်လော။ ၎င်းတို့သည် မသေဘဲ နေမည်လော။ ၎င်းတို့သည် ဖျားနာဖို့ရှိသည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ဖျားနာလိမ့်မည်သာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် သေတော့မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ သေမည်မဟုတ်လော။ ဤသို့ မဟုတ်သလော။ သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဖြစ်သည်ဟုလည်းကောင်း၊ သင့်၌ အသိတရားမရှိဟုလည်းကောင်း၊ သင်သည် ကျေးဇူးမတင်တတ်သော သားသမီးဖြစ်သည်ဟုလည်းကောင်း သင့်မိဘများက ပြောခဲ့လျှင် သင်သည် စိတ်မချမ်းမသာ ဖြစ်မည်လော။ (ဖြစ်ပါမည်။) ယခုဆိုလျှင် အဘယ်သို့နည်း။ (ယခုတွင် စိတ်မချမ်းမသာ ဖြစ်မည်မဟုတ်ပါ။) ဤသို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းခဲ့သနည်း။ (ကျွန်ုပ်တို့၏ မိဘများက နေမကောင်းသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်တို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ အားလုံးကို ဘုရားသခင်က စီမံခြင်းဖြစ်သည်ဟု ဘုရားသခင်က မိတ်သဟာယဖွဲ့ခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့အနီးတွင် နေလျှင် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူများဖြစ်သည်ဟု ၎င်းတို့က ဆိုလျှင် ယင်းသည် ကျွန်ုပ်တို့နှင့် သက်ဆိုင်ခြင်းမရှိပါ။) သင့်မိဘများက သင့်အား စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဟု ခေါ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ဖန်ဆင်းရှင်ရှေ့တွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမြင်တွင် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် မဖြစ်သရွေ့ လုံလောက်ပြီဖြစ်သည်။ လူတို့ပြောသည့်အရာက အရေးမကြီးပေ။ သင်နှင့်ပတ်သက်ပြီး သင့်မိဘများက ပြောသည့်အရာသည် သေချာပေါက် မှန်ကန်ခြင်းမဟုတ်ပေ။ ၎င်းတို့ပြောသည့်အရာသည်လည်း အသုံးမဝင်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေပြုချက်အဖြစ် ယူဖို့ လိုအပ်သည်။ သင်က ပြည့်စုံလုံလောက်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟု ဘုရားသခင်က ဆိုလျှင် လူတို့က သင့်အား စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဟု ခေါ်သည်က အရေးမပါပေ။ ၎င်းတို့က မည်သည့်အရာကိုမျှ မဖြစ်မြောက်နိုင်ပေ။ လူတို့သည် ၎င်းတို့၏ အသိစိတ်၏ သက်ရောက်မှုကြောင့်၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ နားမလည်ဘဲ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်သောအခါ၌ ထိခိုက်ခံရမည်ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အနည်းအကျဉ်း စိတ်မကြည်မလင်ဖြစ်ကာ အနည်းငယ် စိတ်ဓာတ်ကျလိမ့်မည်။ သို့သော် ဘုရားရှေ့သို့ ၎င်းတို့ ပြန်လာသောအခါ ဤအရာအားလုံး ပြေလည်သွားလိမ့်မည်။ ၎င်းတို့အတွက် ပြဿနာဖြစ်လိမ့်မည် မဟုတ်ပေ။ မိမိ၏ မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ခြင်း အမှုက ပြေလည်သွားသည် မဟုတ်လော။ ဤအမှုကိစ္စကို နားလည်သလော။ (နားလည်ပါသည်။) ဤတွင် လူတို့နားလည်ရန် လိုအပ်သည့်အချက်မှာ အဘယ်နည်း။ သင့်အား ပျိုးထောင်ခြင်းသည် သင့်မိဘများ၏ တာဝန်ဖြစ်သည်။ ၎င်းတို့က သင့်အား မွေးဖွားပေးရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့တွင် သင့်အား လူလားမြောက်အောင် ကျွေးမွေးသုတ်သင်ရန် တာဝန်နှင့် ဝတ္တရားရှိသည်။ သင့်အား အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးခြင်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်နှင့် ၎င်းတို့၏ ဝတ္တရားကို ဖြည့်ဆည်းနေခြင်းဖြစ်သည်။ သင်က ၎င်းတို့အပေါ် မည်သည့်အရာမျှ အကြွေးမတင်သောကြောင့် သင်သည် ၎င်းတို့ကို နစ်နာကြေးပေးရန် မလိုပေ။ သင်သည် ၎င်းတို့ကို နစ်နာကြေးပေးဖို့ မလိုအပ်ပေ။ သင်၏မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကြင်နာမှုအတွက် အပြန်အလှန်အနေဖြင့် ၎င်းတို့အတွက် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်ဖို့မလိုသည်ကိုလည်းကောင်း ဤအရာက ရှင်းလင်းစွာ ပြသသည်။ ၎င်းတို့အပေါ် သင်၏တာဝန်အနည်းငယ်ကို ဖြည့်ဆည်းရန် အခြေအနေပေးလျှင် ဖြည့်ဆည်းလော့။ သင်၏ ပတ်ဝန်းကျင်နှင့် သင်၏ အရှိအတိုင်းဖြစ်သော အခြေအနေများက သင့်အား ၎င်းတို့အပေါ် သင်၏ ဝတ္တရားကို ဖြည့်ဆည်းရန် ခွင့်မပြုလျှင် သင်သည် များစွာတွေးတောရန် မလိုပေ။ ပြီးလျှင် သင်သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟုလည်း မထင်မြင်သင့်ပေ။ သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သောကြောင့် ဖြစ်သည်။ သင်က သင်မိဘများအပေါ် သားသမီးဝတ်ကျေပွန်သည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင်၏တာဝန်ကို ဖြည့်ဆည်းသည်ဖြစ်စေ သင်သည် သားသမီးတစ်ယောက်၏ အမြင်ရှုထောင့်ကို ခံယူပြီး သင့်အား တစ်ချိန်က မွေးဖွားပေးပြီး ပျိုးထောင်ပေးခဲ့သောလူများအပေါ် သင်၏ တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနေခြင်းသာ ဖြစ်သည်။ သို့သော် ၎င်းတို့အား နစ်နာကြေးပေးသည့် ရှုထောင့်မှနေ၍၊ သို့မဟုတ် “သင့်မိဘများသည် သင့်ကို ဖြည့်ဆည်းပံ့ပိုးသူများဖြစ်ပြီး သင်က ၎င်းတို့ကို နစ်နာကြေးပေးရမည်။ ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရမည်” ဟူသည့် ရှုထောင့်မှနေ၍ ဤသို့ လုပ်ဆောင်၍ မရနိုင်သည်မှာ သေချာပေါက်ပင် ဖြစ်လေသည်။

မယုံကြည်သူများ၏ လောကတွင် “ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်” ဟူသည့် ဆိုရိုးစကားတစ်ခုရှိသည်။ “သားသမီးဝတ် မကျေပွန်သောသူသည် သားရဲတိရစ္ဆာန်ထက် နိမ့်ကျသည်” ဟူသည့် ဤဆိုရိုးစကားလည်း sရှိသည်။ ဤဆိုရိုးစကားများသည် အလွန်ပင် ဟိတ်ဟန်များလှပါတကား။ အမှန်တကယ်တွင် ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်သည်။ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်သည်ဟူသည့် ပထမဆိုရိုးစကားက ပြောသော ဖြစ်ရပ်သည် အမှန်ပင် တည်ရှိသည်။ ဤသည်တို့မှာ အမှန်တရားများဖြစ်သည်။ သို့ရာတွင် ယင်းတို့သည် တိရစ္ဆာန်လောက၏ ဖြစ်ရပ်များသာဖြစ်သည်။ သက်ရှိသတ္တဝါအမျိုးမျိုးအတွက် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်မျိုးသာဖြစ်သည်။ ပြီးလျှင် လူသားများအပါအဝင် သက်ရှိသတ္တဝါမျိုးစုံ လိုက်နာသော နိယာမဖြစ်သည်။ သက်ရှိသတ္တဝါမျိုးစုံက ဤနိယာမကို လိုက်နာသည်ဆိုသည့်အချက်က သက်ရှိသတ္တဝါအားလုံးကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်းကို ထင်ရှားစေသည်။ မည်သည့်သက်ရှိသတ္တဝါကမျှ ဤနိယာမကို မချိုးဖျက်နိုင်သလို မည်သည့်သက်ရှိသတ္တဝါကမျှ မကျော်လွန်နိုင်ပေ။ ခြင်္သေ့နှင့် ကျားတို့ကဲ့သို့သော အတော်အတန် ရက်စက်သော အသားစားသတ္တဝါများသည်ပင် ၎င်းတို့၏ ကလေးများကို ပြုစုပျိုးထောင်ပြီး အရွယ်မရောက်မီတွင် ကလေးများကို မကိုက်ပေ။ ဤသည်မှာ တိရစ္ဆာန် ဗီဇစိတ်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်မျိုးစိတ်ဖြစ်ပါစေ၊ ရက်စက်သည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ သိမ်မွေ့နူးညံ့သည်ဖြစ်စေ တိရစ္ဆာန်အားလုံးက ဤဗီဇစိတ်ကို ပိုင်ဆိုင်သည်။ လူသားများအပါအဝင် သတ္တဝါမျိုးစုံတို့သည် ဤဗီဇစိတ်နှင့် နိယာမကို လိုက်နာခြင်းအားဖြင့်သာ ဆက်လက်၍ မျိုးပွားပြီး ရှင်သန်နိုင်သည်။ ၎င်းတို့က ဤနိယာမကို မလိုက်နာလျှင်၊ သို့မဟုတ် ဤနိယာမနှင့် ဗီဇစိတ်မရှိလျှင် မျိုးပွားပြီး ရှင်သန်နိုင်မည်မဟုတ်ပေ။ ဇီဝကွင်းဆက်က တည်ရှိမည်မဟုတ် ဤကမ္ဘာလည်း တည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ကျီးကန်းများက ၎င်းတို့၏မိခင်ကို အစာကျွေးခြင်းအားဖြင့် ကျေးဇူးဆပ်ခြင်း၊ သိုးငယ်များက ၎င်းတို့၏မိခင်ထံမှ နို့ကို ရရှိဖို့ ဒူးထောက်ခြင်းက တိရစ္ဆာန်လောကသည် ဤနိယာမမျိုးကို လိုက်နာကြောင်းကို အတိအကျ ထင်ရှားစေသည်။ သက်ရှိသတ္တဝါ အမျိုးအစားအားလုံးတို့တွင် ဤဗီဇစိတ်ရှိသည်။ ကလေးများမွေးပြီးသည်နှင့် ၎င်းတို့သည် အရွယ်မရောက်မီအထိ ထိုမျိုးစိတ်များ၏ အမများ၊ သို့မဟုတ် အထီးများ၏ ဂရုစိုက်ခြင်း၊ ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ သက်ရှိသတ္တဝါမျိုးစုံသည် ၎င်းတို့၏ ကလေးများအပေါ် ၎င်းတို့၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြပြီး တာဝန်ကျေပွန်စွာနှင့် တာဝန်သိတတ်စွာဖြင့် နောက်မျိုးဆက်ကို ပျိုးထောင်နိုင်ကြသည်။ ဤသည်မှာ လူသားများအတွက် ပို၍ပင် မှန်ကန်သင့်သည်။ လူသားများကို လူသားမျိုးနွယ်က ပိုမိုအဆင့်မြင့်သော တိရစ္ဆာန်အဖြစ် ခေါ်ဆိုကြသည်။ ၎င်းတို့သည် ဤနိယာမကို မလိုက်နာနိုင်လျှင်၊ ဤဗီဇစိတ်ကင်းမဲ့လျှင် လူသားများသည် တိရစ္ဆာန်များထက် နိမ့်ကျသည် မဟုတ်လော။ ထို့ကြောင့် သင့်မိဘများက သင့်အား ပျိုးထောင်စဉ်တွင် သင့်အား မည်မျှပြုစုပျိုးထောင်ပေးပါစေ၊ သင့်အပေါ် ၎င်းတို့၏ တာဝန်ကို မည်မျှဖြည့်ဆည်းပါစေ ၎င်းတို့သည် ဖန်ဆင်းခံလူသား၏ စွမ်းရည်နယ်ပယ်အတွင်း၌ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ဆောင်နေခြင်းသာဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဗီဇစိတ်ဖြစ်သည်။ ငှက်များကိုသာ ကြည့်လော့။ မိတ်လိုက်သည့် ရာသီမရောက်မီ တစ်လကျော်အထိ ၎င်းတို့သည် ၎င်းတို့၏ အသိုက်များကို ပြုလုပ်ရန် ဘေးကင်းသောနေရာတစ်ခုကို အဆက်မပြတ်ရှာဖွေသည်။ ငှက်အထီးနှင့်အမသည် အလှည့်ကျ အပြင်ထွက်ပြီး အတော်အတန် သစ်ပင်ထူထပ်ရာများ၌ ၎င်းတို့၏ အသိုက်များကို စတင်တည်ဆောက်ရန်အတွက် အပင်၊ ငှက်မွှေး၊ သစ်ခက်မျိုးစုံကို သယ်ဆောင်ကြသည်။ ငှက်အမျိုးမျိုးက တည်ဆောက်သော အသိုက်ငယ်များ အားလုံးသည် အလွန့်အလွန် ခိုင်ပြီး ရှုပ်ထွေးသည်။ ၎င်းတို့၏ ကလေးများအတွက် ငှက်များသည် အသိုက်များပြုလုပ်ခြင်း၊ အမိုးအကာ တည်ဆောက်ခြင်း၌ အစွမ်းကုန်အားထုတ်ကြသည်။ ၎င်းတို့သည် အသိုက်များ တည်ဆောက်ကာ ဥဝပ်သည့်အချိန်ရောက်လာပြီးနောက်တွင် အသိုက်တစ်ခုစီ၌ အစဉ်သဖြင့် ငှက်တစ်ကောင်ရှိသည်။ ငှက်အထီးနှင့်အမသည် တစ်နေကုန် တစ်လှည့်စီ ဥဝပ်ကြသည်။ ၎င်းတို့သည် အလွန်အမင်း အာရုံစိုက်သည်။ ငှက်တစ်ကောင် ပြန်လာသောအခါ အခြားငှက်တစ်ကောင်က မကြာမီတွင် ပျံထွက်သွားသည်။ ထို့နောက် မကြာမီတွင် ငှက်ငယ်အချို့ ဥပေါက်လာပြီး ၎င်းတို့၏ အခွံမှ ခေါင်းထွက်လာသည်။ ၎င်းတို့၏အပင်များတွင် တကျိကျိမည်သံကို သင် စတင် ကြားရလေသည်။ အရွယ်ရောက်ပြီးငှက်များက သွားလိုက်ပြန်လိုက်ပြုလုပ်ပြီး ခဏနေလျှင် ၎င်းတို့၏ ငှက်ပေါက်ကလေးများအား ပိုးကောင်အချို့ ကျွေးရန်အတွက် ပြန်လာလိုက်၊ ခဏနေလျှင် အခြားတစ်ခုခုကို ကျွေးရန် တစ်ဖန်ပြန်လာလိုက်ဖြင့် အလွန်အမင်းအာရုံစိုက်မှုကို ပြသသည်။ လအနည်းငယ်ကြာပြီးနောက်တွင် အချို့သော ငှက်ပေါက်ကလေးများက အနည်းငယ်ကြီးထွားလာပြီး ၎င်းတို့အသိုက်၏ အစွန်းတွင် ရပ်ကာ ၎င်းတို့၏ အတောင်များကို ခတ်နိုင်သည်။ ၎င်းတို့မိဘများက သွားလိုက်ပြန်လိုက်ပြုလုပ်ကာ ၎င်းတို့၏ ငှက်ပေါက်ကလေးများကို အလှည့်ကျ ကျွေးမွေးပြီး ကာကွယ်စောင့်ရှောက်သည်။ တစ်နှစ်တွင် ပါးစပ်ထဲတွင် ငှက်ပေါက်တစ်ကောင်ကို ကိုက်ချီထားသော ကျီးကန်းတစ်ကောင်ကို ကောင်းကင်၌ ငါမြင်တွေ့ရသည်။ ထိုငှက်ပေါက်လေးသည် အလွန် ဆင်းရဲဒုက္ခကြီးစွာဖြင့် အော်ဟစ်နေပြီး အကူအညီတောင်းနေပုံရသည်။ ကျီးကန်းက သူ၏ပါးစပ်တွင် ငှက်ပေါက်တစ်ကောင်ရှိပြီး အရှေ့၌ ပျံသန်းနေကာ သူ၏ အနောက်တွင် အရွက်ရောက်ပြီးဖြစ်သော ငှက်နှစ်ကောင်လိုက်နေသည်။ ထိုငှက်နှစ်ကောင်သည်လည်း ဆင်းရဲဒုက္ခကြီးစွာ အော်ဟစ်နေသည်။ နောက်ဆုံးတွင် ကျီးကန်းက အဝေးသို့ ပျံသန်းသွားသည်။ ငှက်ပေါက်၏ မိဘများက ကျီးကန်းကို မီနိုင်သည်ဖြစ်စေ ငှက်ပေါက်က သေဖို့သာ များလိမ့်မည်။ ကျီးကန်းနောက်မှ လိုက်သော ထိုအရွယ်ရောက်ပြီးဖြစ်သော ငှက်နှစ်ကောင်သည် ငိုညည်းပြီး အော်ဟစ်မြည်တမ်းလိုက်သည်မှာ မြေပေါ်ရှိ လူများကိုပင် အထိတ်တလန့် ဖြစ်စေခဲ့သည်။ ၎င်းတို့၏ ငိုကြွေးမှုများက မည်မျှဆင်းရဲဒုက္ခကြီးလိမ့်မည်ဟု သင်ထင်သနည်း။ အမှန်တကယ်တွင် ၎င်းတို့၌ ငှက်ပေါက်ကလေး တစ်ကောင်တည်းသာ ရှိခဲ့ခြင်း မဟုတ်သည်မှာ သေချာလောက်သည်။ ၎င်းတို့၏ အသိုက်တွင် ငှက်ပေါက်သုံး၊ လေးကောင်ရှိရမည်။ သို့သော် တစ်ကောင်ကို ယူဆောင်သွားခြင်းခံရသောအခါ ၎င်းတို့က နောက်မှလိုက်ပြီး ငိုညည်းကာ အော်ဟစ်မြည်တမ်းကြသည်။ ဤသည်မှာ တိရစ္ဆာန်ကမ္ဘာနှင့် ဇီဝကမ္ဘာ၏ ပုံစံဖြစ်သည်။ သက်ရှိသတ္တဝါများသည် ၎င်းတို့၏ သားသမီးများကို မမောနိုင်မပန်းနိုင် ပြုစုပျိုးထောင်ပေးနိုင်သည်။ ငှက်များသည် နှစ်စဉ် ပြန်လာပြီး အသိုက်အသစ်ကို တည်ဆောက်ကြသည်။ နှစ်တိုင်း အလားတူအမှုအရာများကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ငှက်ပေါက်များကို ဝပ်ပေးကြသည်။ အစာကျွေးသည်။ မည်သို့ပျံသန်းရမည်ကို သင်ပေးသည်။ ငှက်ပေါက်များက ပျံသန်းခြင်းကို လေ့ကျင့်နေစဉ်တွင် အလွန်မြင့်စွာ မပျံကြပေ။ တစ်ခါတစ်ရံတွင် မြေပေါ်သို့ ကျသည်။ ငါတို့သည်ပင်လျှင် ၎င်းတို့ကို အကြိမ်ရေအနည်းငယ် ကယ်တင်ပြီး ၎င်းတို့၏ အသိုက်အတွင်းသို့ အလျင်အမြန် ထည့်ပေးခဲ့ရဖူးသည်။ ၎င်းတို့မိဘများက ၎င်းတို့ကို နေ့စဉ်သွန်သင်ဆုံးမသည်။ ပြီးလျှင် တစ်ရက်ရက်တွင် ထိုငှက်ပေါက်များအားလုံးသည် အခွံဖြစ်သော အသိုက်ချည်းသက်သက်ကို ချန်ထားရစ်လျက် ၎င်းတို့၏ အသိုက်မှထွက်ခွာကာ အဝေးသို့ ပျံသန်းသွားကြလိမ့်မည်။ နောက်နှစ်တွင် နောက်ထပ်ငှက်နှစ်ကောင်သည် အသိုက်များပြုလုပ်ရန် ရောက်လာပြီး ၎င်းတို့၏ဥများကို ဝပ်သည်။ ပြီးလျှင် ၎င်းတို့၏ ငှက်ပေါက်များကို ပျိုးထောင်ပေးသည်။ သက်ရှိသတ္တဝါနှင့် တိရစ္ဆာန်မျိုးစုံသည် ဤဗီဇစိတ်နှင့် နိယာမများကို ပိုင်ဆိုင်ကြသည်။ ပြီးလျှင် ယင်းတို့ကို အလွန်ကောင်းစွာ လိုက်နာကြကာ ပြည့်စုံစွာ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်လူကမျှ မဖျက်ဆီးနိုင်သောအရာတစ်ခုဖြစ်သည်။ ကျား၊ ခြင်္သေ့များကဲ့သို့သော ထူးခြားသော တိရစ္ဆာန်အချို့လည်းရှိသည်။ ဤတိရစ္ဆာန်များက အရွယ်ရောက်သောအခါတွင် ၎င်းတို့မိဘများကို စွန့်ခွာပြီး အချို့သောအထီးများက ယှဉ်ပြိုင်ဘက်များဖြစ်လာကာ လိုအပ်သလို ကိုက်ကြသည်။ ယှဉ်ပြိုင်ကြသည်။ တိုက်ခိုက်ကြသည်။ ဤသည်မှာ ပုံမှန်ဖြစ်သည်။ နိယာမတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလွန်ကြင်နာယုယမှုမရှိပေ။ ထို့အပြင် လူတို့ကဲ့သို့ “ကျွန်ုပ်သည် သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရမည်။ သူတို့ကို ကျွန်ုပ် နစ်နာကြေးပြန်ပေးရမည်။ ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်နာခံရမည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်လျှင် အခြားသူများက ကျွန်ုပ်ကို ရှုတ်ချကြလိမ့်မည်၊ ဒေါသဖြင့်ပြောဆိုကာ ကျွန်ုပ်၏ နောက်ကွယ်တွင် ဝေဖန်ကြလိမ့်မည်။ ယင်းကို ကျွန်ုပ် မခံနိုင်ပါ” ဟု ပြောလျက် ၎င်းတို့၏ ခံစားချက်များဖြင့် အသက်မရှင်ကြပေ။ တိရစ္ဆာန်လောကတွင် ဤသို့သောအရာများကို မပြောပေ။ လူတို့သည် အဘယ်ကြောင့် ဤသို့သောအရာများကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းနှင့် လူအုပ်စုများအတွင်းတွင် မမှန်ကန်သော အယူအဆနှင့် သဘောတူညီမှုအမျိုးမျိုး ရှိသောကြောင့်ဖြစ်သည်။ လူတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်း၊ ဖျက်ဆီးခြင်း၊ ဖောက်ပြန်ပျက်ယွင်းစေခြင်းကို ခံရပြီးနောက်တွင် ၎င်းတို့အတွင်း၌ မိဘနှင့် သားသမီးဆက်ဆံရေးအပေါ် မတူညီသော အနက်ဖွင့်ဆိုခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်းများ ဖြစ်ပေါ်လာသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို ၎င်းတို့၏ ကြွေးရှင်များအဖြစ်၊ ၎င်းတို့၏ တစ်ဘဝလုံး မည်သည့်အခါမျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်သည့် ကြွေးရှင်များအဖြစ် ဆက်ဆံကြသည်။ မိမိတို့၏ မိဘများကို မပျော်ရွှင်စေသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သောကြောင့်၊ သို့မဟုတ် မိမိတို့၏ မိဘများက အလိုရှိသည့်လမ်းကို မသွားခဲ့သောကြောင့် မိမိတို့၏ မိဘများသေဆုံးပြီးနောက်တွင် တစ်ဘဝလုံး အပြစ်ရှိသလိုခံစားနေရပြီး မိဘများ၏ ကြင်နာမှုဖြင့် မထိုက်တန်ဟု မိမိတို့ကိုယ်ကို ထင်သောသူအချို့ပင်ရှိသည်။ ငါ့ကို ပြောလော့။ ဤသည်မှာ အလွန်အကျွံဖြစ်ခြင်း မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ခံစားချက်ထဲတွင် နေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဤခံစားချက်များမှ အရင်းခံသည့် အယူအဆအမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကိုသာ ခံရနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်စနစ်က အရောင်ဆိုးသည့် ပတ်ဝန်းကျင်တစ်ခုတွင် နေထိုင်သောကြောင့် မှားယွင်းသော အယူအဆမျိုးမျိုး၏ ထိပါးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသည်။ ယင်းကြောင့် ၎င်းတို့ဘဝသည် မောပန်းပြီး အခြားသော သက်ရှိသတ္တဝါများထက်ပို၍ ရှုပ်ထွေးသည်။ သို့ရာတွင် ယခုအချိန်၌ ဘုရားသခင်က အလုပ်လုပ်နေသောကြောင့်၊ ဤအမှန်တရားများ အားလုံး၏ တကယ့်သဘောသဘာဝကို လူတို့အား ပြောပြရန်၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့ ထောက်ကူပေးရန် သမ္မာတရားကို ဖော်ပြနေသောကြောင့် သမ္မာတရားကို သင်နားလည်ပြီးနောက်တွင် ဤမှားယွင်းသော အယူအဆများနှင့် အမြင်များသည် သင့်အပေါ် ဝန်လေးစေမည်မဟုတ်တော့ပေ။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား ကိုင်တွယ်ရန်နည်းလမ်းအတွက် လမ်းညွှန်အဖြစ် အသုံးတည့်တော့မည် မဟုတ်တော့ပေ။ ဤအခြေအနေတွင် သင်၏ဘဝသည် ပို၍ စိုးရိမ်သောက ကင်းလိမ့်မည်။ စိုးရိမ်သောကကင်းသောဘဝကို နေထိုင်ခြင်းက သင်သည် သင်၏တာဝန်များနှင့် ဝတ္တရားများကို သိမည်မဟုတ်ဟု မဆိုလိုပေ။ ဤအရာများကို သင်သိဦးမည်ဖြစ်သည်။ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ချဉ်းကပ်ရန်အတွက် မည်သည့်ရှုထောင့်နှင့် နည်းလမ်းများကို သင်ရွေးချယ်သည်ဆိုသည့်အပေါ်သာ မူတည်သည်။ လမ်းကြောင်းတစ်ခုမှာ ခံစားချက်များနှင့် သက်ဆိုင်သေ လမ်းကို ရွေးချယ်ရန်ဖြစ်ပြီး စိတ်ခံစားချက်ဆိုင်ရာ နည်းလမ်းများအပြင် စာတန်က လူကို လမ်းညွှန်သည့် နည်းလမ်း၊ အယူအဆ၊ အမြင်များကို အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန်ဖြစ်သည်။ အခြားလမ်းမှာ ဘုရားသခင်က လူကို သွန်သင်ပေးခဲ့သည့် နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး ဤအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ လူတို့က စာတန်၏ မှားယွင်းသောအယူအဆများနှင့် အမြင်များအတိုင်း ဤအမှုကိစ္စများကို ကိုင်တွယ်သောအခါ ၎င်းတို့သည် ၎င်းတို့ခံစားချက်များ၏ နှောင်ဖွဲ့မှုများအတွင်းတွင်သာ နေထိုင်နိုင်သည်။ ပြီးလျှင် အမှန်နှင့် အမှားကို မည်သည့်အခါမျှ မခွဲခြားနိုင်ပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် ကျော့ကွင်းထဲတွင် နေထိုင်ဖို့မှလွဲ၍ ရွေးချယ်စရာမရှိဘဲ “ခင်ဗျားက မှန်သည်။ ကျွန်ုပ်က မှားသည်။ ခင်ဗျားက ကျွန်ုပ်ကို ပို၍ပေးသည်။ ကျွန်ုပ်က ခင်ဗျားကို သိပ်မပေးပါ။ ခင်ဗျားသည် ကျေးဇူးမသိတတ်ပါ။ ခင်ဗျားက ကျွန်ုပ်အတွက် အများကြီး လုပ်ဆောင်ပေးပြီးဖြစ်သည်” ဟူသကဲ့သို့သော အမှုကိစ္စများနှင့် အစဉ် ရှုပ်ထွေးနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ရှင်းလင်းစွာ စကားပြောသောအချိန် မည်သည့်အခါမျှ မရှိပေ။ သို့သော်လည်း လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက်တွင်၊ မှားယွင်းသော အယူအဆ၊ အမြင်၊ ခံစားချက်များ၏ ကွန်ရက်မှ လွတ်မြောက်သောအခါတွင် ဤအမှုကိစ္စများသည် ၎င်းတို့အတွက် ရိုးရှင်းလာသည်။ သင်က မှန်ကန်ပြီး ဘုရားသခင်ထံမှလာသော သမ္မာတရားစည်းမျဉ်း၊ အယူအဆ၊ သို့မဟုတ် အမြင်ကို လိုက်နာလျှင် သင့်ဘဝက အလွန်ပင် စိုးရိမ်သောကကင်းလိမ့်မည်။ လူထုအမြင်၊ သို့မဟုတ် သင့်အသိစိတ်၏ သိမြင်မှု၊ သို့မဟုတ် သင့်ခံစားချက်များ၏ ဝန်ထုပ်ဝန်ပိုးတို့က သင့်မိဘများနှင့် သင်၏ဆက်ဆံရေးအား သင်ကိုယ်တွယ်သည့်ပုံစံကို ဟန့်တားတော့မည်မဟုတ်ပေ။ ယှဉ်ကြည့်လျှင် ဤအရာများသည် သင့်အား ဤဆက်ဆံရေးကို မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသောနည်းဖြင့် ရင်ဆိုင်နိုင်အောင် ထောက်ကူပေးလိမ့်မည်။ သင်သည် ဘုရားသခင်က လူအား ပေးအပ်ခဲ့သော သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လျှင် လူတို့က သင့်နောက်ကွယ်၌ သင့်အား ဝေဖန်လျှင်ပင် သင်သည် ငြိမ်သက်ခြင်းကို ခံစားရပြီး သင်၏ စိတ်နှလုံးအတွင်းထဲတွင် တည်ငြိမ်မှုရှိလိမ့်မည်။ ပြီးလျှင် သင့်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် စာနာစိတ်မရှိသော ကျေးဇူးကန်းသူတစ်ယောက်ဖြစ်ခြင်းအတွက် သင့်ကိုယ်သင် ဒေါသဖြင့် ဝေဖန်ပြောဆိုမည်မဟုတ်၊ သို့မဟုတ် သင့်စိတ်နှလုံးအတွင်းထဲ၌ လိပ်ပြာမလုံခြင်းကို ခံစားရမည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ လုပ်ဆောင်မှုများအားလုံးသည် ဘုရားသခင်က သင့်အား သွန်သင်ပေးခဲ့သော နည်းလမ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်ကိုလည်းကောင်း၊ သင်သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး နာခံနေကာ သူ၏ လမ်းခရီးနောက်သို့ လိုက်နေသည်ကိုလည်းကောင်း သင်သိမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အား နားထောင်ခြင်းနှင့် သူ၏ လမ်းခရီးနောက်သို့ လိုက်ခြင်းသည် အားလုံးထဲတွင် လူတို့ အပိုင်ဆိုင်သင့်ဆုံးသော အသိစိတ်ဖြစ်သည်။ ဤအရာများကို သင်လုပ်ဆောင်နိုင်သောအခါမှသာ သင်သည် စစ်မှန်သော လူတစ်ယောက် ဖြစ်လိမ့်မည်။ သင်သည် ဤအရာများကို မဖြစ်မြောက်ခဲ့လျှင် သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအမှုကိစ္စကို သင် ယခုရှင်းလင်းစွာ မြင်သလော။ ရှင်းလင်းစွာမြင်ခြင်းသည် ဤအရာ၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ လူတို့က ဤအမှုကိစ္စကို တဖြည်းဖြည်းချင်းဖြင့် ပိုင်းခြားသိမြင်နိုင်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်လျှင် ယင်းမှာ အခြားကဏ္ဍတစ်ခုဖြစ်သည်။ ဤအမှုကိစ္စကို ရှင်းလင်းစွာ မြင်ရန်အတွက် လူတို့သည် အချိန်ကာလတစ်ခုအထိ အမှုအရာများကို ကြုံတွေ့ရမည်ဖြစ်သည်။ လူတို့သည် ဤအမှန်တရားနှင့် အနှစ်သာရကို ရှင်းလင်းစွာ မြင်လိုလျှင်၊ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းနှင့် ကိုင်တွယ်သည့် အဆင့်သို့ ရောက်လိုလျှင် ဤအရာကို အချိန်တိုအတွင်း မဖြစ်မြောက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ရှေးဦးစွာ မှားယွင်းပြီး ဆိုးယုတ်သော အယူအဆနှင့် အမြင်အမျိုးမျိုး၏ လွှမ်းမိုးမှုကို ဖယ်ရှားရမည်။ နောက်တစ်ခုအနေဖြင့် ဤအရာ၏ ပို၍အရေးကြီးသော သွင်ပြင်လက္ခဏာမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အသိစိတ်နှင့် ခံစားချက်များ၏ ချုပ်ချယ်မှု၊ လွှမ်းမိုးမှုတို့ကို ဖြေရှင်းနိုင်ရမည်။ အထူးသဖြင့် ၎င်းတို့ကိုယ်ပိုင် ခံစားချက်များ၏ အကျပ်အတည်းကို ဖြတ်ကျော်ရမည်။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပြီး မှန်ကန်သည်ဟု သဘောတရားအရ သင် အသိအမှတ်ပြုသည်ဆိုပါစို့။ ပြီးလျှင် လူတို့အတွင်းသို့ စာတန်က သွတ်သွင်းသော မှားယွင်းအယူအဆများနှင့် အမြင်များက မှားယွင်းသည်ဟု သဘောတရားအရ သင်သိသော်လည်း သင့်ခံစားချက်များ၏ အကျပ်အတည်းကို မကျော်လွှားနိုင်ဘဲ သင်သည် သင့်မိဘများအတွက် အစဉ် စိတ်မကောင်းဖြစ်ကာ ၎င်းတို့သည် သင့်အား ကြင်နာမှုကို အလွန်အမင်းပြသသည်ဟုလည်းကောင်း၊ ၎င်းတို့သည် သင့်အတွက် များပြားလွန်းစွာ အသုံးခံခဲ့သည်၊ လုပ်ဆောင်ခဲ့သည်၊ ဒုက္ခခံခဲ့သည်ဟုလည်းကောင်း ထင်မြင်ပြီး သင့်အတွက် သင့်မိဘများက လုပ်ဆောင်ခဲ့သည့် အရာရာတိုင်း၏ အရိပ်အငွေ့များ၊ ၎င်းတို့ပြောသမျှတိုင်းနှင့် သင့်အတွက် ၎င်းတို့ပေးဆပ်ခဲ့သည့် အဖိုးအခတိုင်းသည်ပင် သင့်စိတ်တွင် ကြည်လင်ပြတ်သားနေသည် ဆိုပါစို့။ ဤအကျပ်အတည်းတစ်ခုစီတိုင်းသည် သင့်အတွက် အလွန်အရေးကြီးသော အဆင့်ဖြစ်လိမ့်မည်။ ပြီးလျှင် ယင်းတို့ကို ကျော်လွှားရန် သင့်အတွက် လွယ်ကူမည် မဟုတ်ပေ။ အမှန်တကယ်တွင် သင့်အတွက် ကျော်ဖြတ်ရန် အခက်အခဲဆုံး အကျပ်အတည်းမှာ သင်ကိုယ်တိုင်ဖြစ်လိမ့်မည်။ သင်သည် အကျပ်အတည်း တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်လျှင် သင်၏ စိတ်နှလုံးနက်ရှိုင်းရာထဲမှ သင့်မိဘများအပေါ် ထားရှိသော သင်၏ ခံစားချက်များကို လုံးလုံးလျားလျား လက်လွှတ်နိုင်လိမ့်မည်။ ငါသည် သင့်မိဘများအား သင်သစ္စာဖောက်စေရန်အတွက် ဤအရာကို မိတ်သဟာယဖွဲ့ခြင်းမဟုတ်ပေ။ ပြီးလျှင် ငါသည် သင်နှင့် သင့်မိဘများကြားတွင် သင်စည်းခြားစေရန် လုပ်ဆောင်နေခြင်း အသေအချာပင် မဟုတ်ပေ။ ငါတို့သည် လှုပ်ရှားမှုတစ်ခုကို စတင်လုပ်ဆောင်နေခြင်းမဟုတ်ပေ။ မည်သည့်စည်းမျှခြားရန် မလိုအပ်ပေ။ ငါသည် သင့်အား ဤအမှုကိစ္စများနှင့်ပတ်သက်၍ မှန်ကန်သောနားလည်မှုကို ပေးရန်၊ မှန်ကန်သော အယူအဆနှင့် အမြင်ကို သင်လက်ခံဖို့ သင့်အား ကူညီရန်အတွက်သာ မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤအမှုအရာများက သင့်အပေါ်သို့ ကျရောက်သောအခါ သင်သည် ယင်းတို့ကြောင့် ဒုက္ခမရောက်စေရန်၊ သို့မဟုတ် ယင်းတို့၏ အပြည့်အဝ ထိန်းချုပ်ခြင်းကို မခံရစေရန်၊ ပို၍အရေးကြီးသည်မှာ ဤအရာများကို သင်ကြုံတွေ့ရသောအခါ ယင်းတို့သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား သင်ဖြည့်ဆည်းခြင်းကို မထိခိုက်စေရန်အတွက် ငါသည် ဤအရာကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ငါ၏ မိတ်သဟာယ၏ ပန်းတိုင်ကို ရရှိလိမ့်မည်။ ဇာတိပကတိတွင် နေထိုင်သောသူတို့သည် ၎င်းတို့စိတ်ထဲတွင် ဤသို့သော မည်သည့်အရာများကိုမျှ မထားရှိသည့်၊ ၎င်းတို့နှင့် ၎င်းတို့မိဘကြား၌ စိတ်ခံစားချက်ဆိုင်ရာ သံယောဇဉ်များမရှိသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်မှာ အမှန်ပင်ဖြစ်သလော။ ဤသည်မှာ ဖြစ်နိုင်မည်မဟုတ်။ ဤကမ္ဘာလောကတွင် လူတို့၌ ၎င်းတို့၏မိဘများအပြင် ၎င်းတို့၏ သားသမီးများလည်းရှိသည်။ ဤသည်တို့မှာ လူတို့ကြားရှိ အရင်းနှီးဆုံး ဇာတိပကတိ ဆက်ဆံရေးနှစ်ခုဖြစ်သည်။ မိဘနှင့် သားသမီးကြားရှိ ရင်းနှီးမှုကို အပြည့်အဝဖြတ်တောက်ဖို့ မဖြစ်နိုင်ပေ။ သင့်မိဘများနှင့် အဆက်အသွယ်ဖြတ်မည်ဟုလည်းကောင်း၊ ၎င်းတို့နှင့် မည်သည့်အခါမျှ အဆက်အစပ် ရှိမည်မဟုတ်ဟုလည်းကောင်း ကြေညာသည့် လုပ်ရိုးလုပ်စဉ်ကို သင်ဆောင်ရွက်စေရန် ငါကြိုးစားနေခြင်းမဟုတ်ပေ။ ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်သောနည်းလမ်းဖြင့် သင် ကိုင်တွယ်စေရန် သင့်အား ကူညီဖို့ ငါ ကြိုးစားနေခြင်းဖြစ်သည်။ ဤအရာများသည် ခက်ခဲသည် မဟုတ်လော။ သမ္မာတရားအပေါ် သင်၏ နားလည်မှုက လေးနက်လာပြီး သင် အသက်ကြီးလာသည်နှင့်အမျှ ဤအရာများ၏ အခက်အခဲသည် တဖြည်းဖြည်း လျော့နည်းပြီး ကျဆင်းသွားလိမ့်မည်။ လူတို့က အသက် ၂၀ အရွယ်၌ရှိသောအခါတွင် အသက် ၃၀၊ ၄၀ အရွယ်နှင့် ယှဉ်ကြည့်သောအခါ၌ ၎င်းတို့မိဘများအပေါ် မတူညီသော တွယ်တာမှုအဆင့်ကို ခံစားရသည်။ ဤတွယ်တာမှုသည် အသက် ၅၀ အရွယ်သို့ရောက်ပြီးနောက်တွင် ပို၍ပင် နည်းပါးလာသည်။ ပြီးလျှင် အသက် ၆၀၊ ၇၀ အရွယ်သို့ရောက်သောအချိန်နှင့်ပတ်သက်ပြီး ပြောဖို့ မလိုပေ။ ထိုအချိန်တွင် တွယ်တာမှုက ပို၍ပင် ပေါ့ပါးလာသည်။ ယင်းသည် လူတို့ အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲသည်။

“သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဟူသည့် သမ္မာတရားသည် လူတို့အနေဖြင့် ၎င်းတို့၏မိဘများအား ၎င်းတို့ ချဉ်းကပ်သည့်ပုံစံနှင့်ပတ်သက်လျှင် နားလည်သင့်သည့် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဖြစ်သည်။ အခြားသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းမှာ အဘယ်နည်း။ (သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ် ဟူ၍ဖြစ်ပါသည်။) “သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်” ဟူသည်မှာ “သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဟူသည်နှင့် ယှဉ်ကြည့်လျှင် ပို၍နားလည်ရန်၊ လက်လွှတ်ရန် လွယ်ကူသည်မဟုတ်လော။ အပြင်ပန်းတွင် သင့်မိဘများက သင်၏ ဇာတိပကတိ အသက်ကို မွေးဖွားပေးခဲ့သည့်ပုံစံရပြီး သင့်အား အသက်ကိုပေးသည်မှာ သင့်မိဘများဖြစ်သည့် ပုံပေါက်ရှိသည်။ သို့သော် ဤအရာကို ဘုရားသခင်၏ အမြင်ရှုထောင့်မှလည်းကောင်း၊ ဤအမှုကိစ္စ၏ အရင်းအမြစ်မှလည်းကောင်း ကြည့်လျှင် သင်၏ ဇာတိပကတိအသက်ကို သင့်မိဘများက သင့်အားပေးခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် အသက်ကို မဖန်တီးနိုင်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင် မည်သူကမျှ လူ၏ ဇီဝအသက်ကို မဖန်တီးနိုင်ပေ။ လူတစ်ယောက်ချင်းစီ၏ အသွေးအသားက လူတစ်ယောက်ဖြစ်လာနိုင်သည့် အကြောင်းရင်းမှာ ထိုဇီဝအသက်ရှိသောကြောင့်ဖြစ်သည်။ လူ၏အသက်သည် ဤဇီဝအသက်တွင် တည်ရှိသည်။ ပြီးလျှင် ယင်းသည် သက်ရှိလူတစ်ယောက်၏ လက္ခဏာဖြစ်သည်။ လူတို့၌ ဤဇီဝအသက်နှင့် အသက်တို့ရှိပြီး ဤအရာများ၏ အရင်းအမြစ်နှင့် ဇာစ်မြစ်မှာ ၎င်းတို့မိဘများမဟုတ်ပေ။ လူတို့အား ၎င်းတို့မိဘများက ၎င်းတို့ကို မွေးဖွားသည့်နည်းဖြင့် ဖြစ်ပေါ်စေခြင်းသာ ဖြစ်သည်။ အရင်းအမြစ်ကို ကြည့်လျှင် ဤအရာများကို လူတို့အားပေးသည်မှာ ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များမဟုတ်ပေ။ သင့်ဘဝ၏ အရှင်သခင်သည် ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသည်။ လူသားမျိုးနွယ်၏ အသက်များကို ဖန်ဆင်းပြီး သူသည် လူသားမျိုးနွယ်အား လူ့အသက်၏ အရင်းအမြစ်ဖြစ်သော အသက်၏ ဇီဝအသက်ကို ပေးသည်။ ထို့ကြောင့် “သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်မဟုတ်” ဆိုသည့် စာကြောင်းသည် နားလည်ရန် မလွယ်ကူသလော။ သင်၏ ဇီဝအသက်ကို သင့်မိဘများက ပေးခဲ့ခြင်းမဟုတ်။ ပြီးလျှင် ထိုဇီဝအသက်က ဆက်လက်၍ တည်ရှိနေခြင်းကို သင့်မိဘများက ပေးသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ ဘုရားသခင်က သင့်ဘဝ၏ နေ့စဉ်နေ့တိုင်းကို ကြည့်ရှုစောင့်ရှောက်ပြီး အုပ်စိုးသည်။ သင့်ဘဝ၏ နေ့စဉ်နေ့ရက်တိုင်းက မည်သို့ဖြစ်သည်၊ တစ်ရက်ချင်းစီက ပျော်ရွှင်ပြီး အဆင်ပြေချောမွေ့ခြင်းရှိမရှိ၊ နေ့စဉ် မည်သူ့ကို သင်တွေ့သည်၊ သို့မဟုတ် နေ့စဉ် မည်သည့်ပတ်ဝန်းကျင်၌ သင်နေသည်ဆိုသည်တို့ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်က သင့်မိဘများမှတစ်ဆင့် သင့်အား ကြည့်ရှုစောင့်ရှောက်ခြင်းသာ ဖြစ်သည်။ သင့်မိဘများသည် သင့်အား ကြည့်ရှုစောင့်ရှောက်ရန် ဘုရားသခင်က စေလွှတ်သည့်သူများသာဖြစ်သည်။ သင်မွေးဖွားလာသောအခါ သင့်အား အသက်ပေးသူမှာ သင့်မိဘများမဟုတ်ပေ။ ဤသို့ဆိုလျှင် ယခုအထိ အသက်ရှင်စေသည့် အသက်ကို သင့်အားပေးခဲ့သည်မှာ သင့်မိဘများဖြစ်သလော။ မဟုတ်သေးပေ။ သင့်အသက်၏ အရင်းအမြစ်သည် ဘုရားသခင်သာ ဖြစ်ဆဲဖြစ်ပြီး သင့်မိဘများမဟုတ်ပေ။ သင့်မိဘများက သင့်အား မွေးဖွားခဲ့သော်လည်း သင့်အသက် တစ်နှစ်၊ သို့မဟုတ် ငါးနှစ်အရွယ်တွင် ဘုရားသခင်က သင့်အသက်ကို ယူဆောင်ရန် ဆုံးဖြတ်ခဲ့သည်ဆိုပါစို့။ သင့်မိဘများက ယင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင့်မိဘများက မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင့်အသက်ကို မည်သို့ ကယ်တင်မည်နည်း။ ၎င်းတို့က သင့်အား ဆေးရုံသို့ပို့ပြီး ဆရာဝန်များထံသို့ အပ်လိမ့်မည်။ ထိုဆရာဝန်များက သင့်ရောဂါကို ကုသပြီး သင့်အသက်ကို ကယ်တင်ဖို့ ကြိုးစားလိမ့်မည်။ ဤသည်မှာ သင့်မိဘများ၏ တာဝန်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က ဤအသက်နှင့် ဤသူသည် အသက်မရှင်သင့်ဟုလည်းကောင်း၊ သင်သည် အခြားသောမိသားစုထံတွင် လူဝင်စားသင့်သည်ဟုလည်းကောင်း ဆိုလျှင် သင့်မိဘများသည် သင့်အသက်ကို ကယ်တင်ရန် အစွမ်း၊ သို့မဟုတ် နည်းလမ်းရှိမည်မဟုတ်ပေ။ သင်၏ သေးနုပ်သော အသက်လေးက ဤကမ္ဘာမှ ထွက်ခွာသွားသည်ကိုသာ ၎င်းတို့ ကြည့်နေနိုင်သည်။ အသက်တစ်ခုက ဆုံးရှုံးသွားသောအခါ ၎င်းတို့သည် အစွမ်းမရှိပေ။ ၎င်းတို့ လုပ်နိုင်သမျှမှာ ၎င်းတို့၏ မိဘတာဝန်ကို ထမ်းဆောင်ပြီး သင့်ရောဂါကို ကုသကာ သင့်အသက်ကို ကယ်ဖို့ ကြိုးစားမည့် ဆရာဝန်များထံသို့ သင့်အား အပ်နှံခြင်းသာဖြစ်သည်။ သို့သော် သင့်အသက် ဆက်လက်တည်ရှိခြင်းရှိမရှိကို သင့်မိဘများက ဆုံးဖြတ်ခွင့်မရှိ။ သင်သည် ဆက်လက်၍ အသက်ရှင်နိုင်သည်ဟု ဘုရားသခင်က ဆိုလျှင် သင်၏ အသက် တည်ရှိသည်။ သင်၏ အသက်က မတည်ရှိသင့်ဟု ဘုရားသခင်က ဆိုလျှင် သင်၏ အသက်ကို ဆုံးရှုံးလိမ့်မည်။ ယင်းနှင့်ပတ်သက်ပြီး သင့်မိဘများက လုပ်ဆောင်နိုင်သည့်အရာ တစ်ခုခုရှိသလော။ ၎င်းတို့သည် သင်၏ ကံကြမ္မာကိုသာ ကြိတ်မှိတ်လက်ခံနိုင်သည်။ ရိုးရှင်းစွာဆိုလျှင် ၎င်းတို့သည် သာမန်ဖန်ဆင်းခံများသာ ဖြစ်သည်။ သင်၏ အမြင်ရှုထောင့်၌ ၎င်းတို့တွင် ထူးခြားသော ပင်ကိုလက္ခဏာရှိနေခြင်း၊ ၎င်းတို့က သင့်အားမွေးဖွားပြီး ပျိုးထောင်ပေးခြင်း၊ ၎င်းတို့သည် သင်၏ အထက်လူကြီးများဖြစ်ပြီး သင့်မိဘများ ဖြစ်နေခြင်းသာ ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အမြင်ရှုထောင့်မှ ကြည့်လျှင် ၎င်းတို့သည် သာမန်လူသားများသာဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များသာ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ထူးခြားမှု လုံးဝမရှိပေ။ ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ဘဝ၏ အရှင်သခင်များပင် မဟုတ်။ ထို့ကြောင့် ၎င်းတို့သည် အဘယ်သို့ သင့်ဘဝ၏ အရှင်သခင်များ ဖြစ်နိုင်မည်နည်း။ ၎င်းတို့က သင့်အား မွေးဖွားပေးခဲ့သော်လည်း သင်၏ အသက်က မည်သည့်နေရာမှ လာသည်ကို ၎င်းတို့မသိသကဲ့သို့ မည်သည့်အချိန်၊ မည်သည့်နာရီ၊ ပြီးလျှင် မည်သည့်နေရာတွင် သင်၏ အသက် ရောက်ရှိမည်၊ သို့မဟုတ် သင်၏ ဘဝက မည်သို့ဖြစ်မည်ဆိုသည်ကို ၎င်းတို့ မဆုံးဖြတ်နိုင်ပေ။ ဤသို့သော အရာတစ်ခုကိုမျှ ၎င်းတို့ မသိပေ။ ၎င်းတို့အတွက်မူ ၎င်းတို့သည် ငြိမ်သက်စွာ စောင့်ဆိုင်းနေခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အစီအစဉ်များကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ ၎င်းတို့က ယင်းတို့နှင့်ပတ်သက်ပြီး ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ၊ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်ပါစေ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်အတွင်းတွင် စီစဉ်ညွှန်ကြားပြီး ဖြစ်ပေါ်သည်။ သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များ မဟုတ်ဟူသည့် ဤအမှုကိစ္စသည် နားလည်ရန် မလွယ်ကူသလော။ (လွယ်ကူပါသည်။) သင့်မိဘများသည် သင်၏ လူ့ဇာတိကို မွေးဖွားပေးခဲ့သော်လည်း သင့်လူ့ဇာတိ၏ အသက်ကို မွေးဖွားမပေးခဲ့ပေ။ ဤသည်မှာ အမှန်တရား ဖြစ်သည်။ သင်မည်မျှ အရပ်ရှည်သည်၊ သင်၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံက မည်သို့ရှိသည်၊ သင့်ဆံပင်က မည်သည့်အရောင်ရှိသည်၊ သို့မဟုတ် မည်မျှထူထပ်သည်၊ သင့်ဝါသနာများက မည်သည့်အရာများဖြစ်သည် စသည်တို့ကဲ့သို့သော အမှုအရာများကိုပင် သင့်မိဘများက ထိန်းချုပ်နိုင်သလော။ (မထိန်းချုပ်နိုင်ပါ။) သင့်အသားအရေက ကောင်းသည်၊ မကောင်းသည်၊ သို့မဟုတ် သင်၏ မျက်နှာအသွင်အပြင်တို့က မည်သို့ရှိသည်ဆိုသည်တို့ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ အချို့သောမိဘများသည် ဝပြီး ၎င်းတို့က ပိန်ပြီး အရပ်ပုသော၊ မျက်လုံး၊ နှာခေါင်းသေးသော ကလေးများကို မွေးသည်။ လူတို့က ၎င်းတို့ကို မြင်သောအခါ “ဤကလေးများသည် မည်သူနှင့်တူသနည်း။ သူတို့သည် သူတို့၏ မိဘများနှင့် မတူသည်မှာ သေချာသည်” ဟု တွေးကြသည်။ မိဘများသည် ၎င်းတို့၏ သားသမီးများက မည်သူနှင့်တူသည်ကိုပင် မဆုံးဖြတ်နိုင်ကြသည် မဟုတ်လော။ အချို့မိဘများ၌ အလွန်သန်မြန်သော ကိုယ်ခန္ဓာများရှိကြသည်။ ပြီးလျှင် ၎င်းတို့က အလွန်ပိန်ပြီး အားနည်းသော သားသမီးများကို မွေးဖွားကြသည်။ အချို့သော မိဘများက အလွန်ပိန်ပြီး အားနည်းသောကိုယ်ခန္ဓာများရှိကြပြီး ၎င်းတို့က နွားထီးကဲ့သို့ သန်မာသော အလွန့်အလွန် သန်မြန်သော ကလေးများကို မွေးကြသည်။ အချို့သောမိဘများသည် ကြွက်များကဲ့သို့ ကြောက်တတ်ပြီး အလွန့်အလွန် ရဲတင်းသော သားသမီးများကို မွေးဖွားကြသည်။ အချို့သောမိဘများသည် ဂရုစိုက်ပြီး သတိထားတတ်သည်။ ပြီးလျှင် ၎င်းတို့က အလွန်ရည်မှန်းချက်ကြီးသော ကလေးများကို မွေးဖွားကြကာ အဆုံးတွင် အချို့မှာ ဧကရာဇ်များဖြစ်လာကြသည်။ အချို့မှာ သမ္မတများဖြစ်လာပြီး အခြားလူများမှာ ဓါးပြ၊ လူဆိုးအုပ်စု၏ လူဆိုးခေါင်းဆောင်များ ဖြစ်လာကြသည်။ အချို့သောမိဘများသည် လယ်သမားများ ဖြစ်သော်လည်း ၎င်းတို့မွေးသော ကလေးများက ရာထူးကြီးသော အရာရှိများဖြစ်လာသည်။ လှည့်စားတတ်သော မိဘအချို့လည်းရှိသော်လည်း ၎င်းတို့က လိမ္မာပြီး ဟန်ဆောင်မှုကင်းသော ကလေးများကို မွေးဖွားကြသည်။ အချို့သော မိဘများသည် မယုံကြည်သူများဖြစ်ကြသည်၊ သို့မဟုတ် ဆင်းတုများနှင့် နတ်ဆိုးများကိုပင် ကိုးကွယ်ကောင်း ကိုးကွယ်နိုင်သည်။ ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို ယုံကြည်လိုသော၊ ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်ခြင်းမရှိဘဲ ဆက်လက်၍ အသက်မရှင်နိုင်သော ကလေးများကို မွေးဖွားကြသည်။ အချို့မိဘများက ၎င်းတို့၏ သားသမီးများအား “ငါ မင်းကို တက္ကသိုလ်ပို့မည်” ဟုပြောပြီး ၎င်းတို့၏ သားသမီးများက “မသွားဘူး၊ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။ ကျွန်ုပ်တာဝန်ကို ထမ်းဆောင်ရမည်” ဟု ပြောသည်။ ထို့နောက် မိဘများက ၎င်းတို့၏ သားသမီးများအား “မင်းက ငယ်သေးသည်။ တာဝန်ထမ်းဆောင်ဖို့ မလိုပါ။ ငါတို့က အသက်ကြီးနေသဖြင့် တာဝန်အနည်းငယ် ထမ်းဆောင်ခြင်းဖြစ်သည်။ ပြီးလျှင် ငါတို့တွင် မည်သည့်အလားအလာမျှ မရှိပါ။ နောင်တွင် ငါတို့မိသားစုအတွက် ငါတို့ ကောင်းချီးအနည်းငယ် ရအောင်ရှာမည်။ သို့ဖြစ်၍ မင်းလုပ်စရာ မလိုအပ်။ စာကြိုးစားပြီး တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်တွင် မင်းသည် အရာရှိကြီးတစ်ဦး သွားလုပ်ရမည် ဖြစ်သည်။ သို့မှသာ ငါတို့သည် မင်းနှင့်အတူ ကောင်းစားနိုင်မည် ဖြစ်သည်” ဟု ပြောသည်။ ၎င်းတို့၏ သားသမီးများက “မလုပ်ပါ။ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးပါဆုံးအရာ ဖြစ်သည်” ဟု ပြန်ပြောသည်။ ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့၏ မိသားစုကို စွန့်လွှတ်ကာ ၎င်းတို့၏ အသက်မွေးအလုပ်များကို စွန့်ပစ်သော မိဘအချို့ ရှိသော်လည်း ၎င်းတို့၏ သားသမီးများက ဘုရားသခင်ကို ယုံကြည်ရန် လုံးဝ ငြင်းဆန်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ ကလေးများက မယုံကြည်သူများဖြစ်သည်။ ပြီးလျှင် ဤကလေးများနှင့် ၎င်းတို့၏ မိဘများကို သင် မည်သို့ ကြည့်သည်ဖြစ်စေ ၎င်းတို့သည် မိသားစုတစ်စုနှင့် မဆင်တူပေ။ အသွင်အပြင်တွင် မိသားစုတစ်စုနှင့် ဆင်တူသော်လည်း ဘဝအလေ့အကျင့်များ၊ ပြီးလျှင် ၎င်းတို့၏ စရိုက်လက္ခဏာများ၊ ဝါသနာများ၊ စိတ်ဝင်စားမှုများ၊ လိုက်စားမှုများအပြင် ၎င်းတို့လျှောက်သော လမ်းကြောင်းများနှင့်သက်ဆိုင်သော သွင်ပြင်လက္ခဏာအချို့တွင်ပင် ၎င်းတို့သည် လုံးဝ ကွဲပြားကြလေသည်။ ၎င်းတို့သည် မတူညီသောလမ်းကြောင်းနှစ်ခုကို လျှောက်သည့် မတူညီသောလူနှစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့် လူတို့၏ ဘဝများကြားတွင် ကွဲပြားမှုများရှိပြီး ဤအရာများကို ၎င်းတို့မိဘများက ဆုံးဖြတ်ပေးခြင်း မဟုတ်ပေ။ မိဘများက ၎င်းတို့သားသမီးများသည် မည်သည့်ဘဝမျိုး ရှိသည်၊ သို့မဟုတ် ၎င်းတို့သားသမီးများသည် မည်သည့်ပတ်ဝန်းကျင်များတွင် မွေးဖွားသည်ဆိုသည်ကို မဆုံးဖြတ်နိုင်ပေ။ သင့်မိဘများသည် သင့်ဘဝ၏ အရှင်သခင်များမဟုတ်သကဲ့သို့ သင့်ကံကြမ္မာ၏ အရှင်သခင်များလည်း မဟုတ်ပေ။ လူတို့အား အသက်ကို ၎င်းတို့မိဘများက ပေးခြင်းမဟုတ်သဖြင့် လူတစ်ယောက်၏ ကံကြမ္မာသည် သူ၏ အသက်ထက်ပို၍ ကြီးသောအမှုကိစ္စဖြစ်သလော၊ သို့မဟုတ် ပို၍သေးငယ်သော အမှုကိစ္စဖြစ်သလော။ လူတို့အတွက် ဤအရာနှစ်ခုလုံးမှာ ကြီးသောအမှုကိစ္စများဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်တို့မှာ လူတို့သည် ၎င်းတို့၏ ဗီဇစိတ်၊ အရည်အချင်း၊ သို့မဟုတ် အစွမ်းအစတို့ကို အသုံးပြုပြီး နားလည်သဘောပေါက်နိုင်သော၊ ဖြစ်မြောက်နိုင်သော၊ သို့မဟုတ် ထိန်းချုပ်နိုင်သော အရာများမဟုတ်သောကြောင့် ဖြစ်ပေသည်။ လူတို့၏ ကံကြမ္မာနှင့် ဘဝလမ်းကြောင်းများကို ဘုရားသခင်က ဆုံးဖြတ်ပြီး အုပ်စိုးသည်။ မည်သူကမျှ ဤအမှုကိစ္စနှစ်ခုနှင့်ပတ်သက်ပြီး မည်သည့်ရွေးချယ်မှုကိုမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့်မိသားစု၌ သင်မွေးဖွားသည်၊ သို့မဟုတ် ဤဘဝ၌ သင့်တွင် မည်သည့်မိဘများ ရှိမည်ဆိုသည်ကို ရွေးချယ်သည်မှာ သင်မဟုတ်သကဲ့သို့ သင့်မိဘများလည်း မဟုတ်ပေ။ သင့်မိဘများသည်လည်း သင့်အား မွေးဖွားခြင်းတွင် ဖြစ်လာသည့်အတိုင်း ငြိမ်ခံရသည်။ ထို့ကြောင့် သင့်ကံကြမ္မာလမ်းကြောင်းက မည်သည့်အရာဖြစ်မည်ဆိုသည်ကို သင့်မိဘများက မဆုံးဖြတ်နိုင်ပေ။ သင်သည် သင့်ဘဝတွင် အလွန်ချမ်းသာပြီး ကြွယ်ဝမည်လော၊ ဆင်းရဲပြီး နိမ့်ကျမည်လော၊ သို့မဟုတ် သာမန်လူတစ်ယောက်သာဖြစ်မည်လောဆိုသည်ကို ၎င်းတို့ မဆုံးဖြတ်နိုင်ပေ။ ဤဘဝတွင် သင်က မည်သည့်နေရာသို့ သွားမည်၊ မည်သည့်နေရာတွင် သင်နေထိုင်မည်၊ သို့မဟုတ် သင့်အိမ်ထောင်က မည်သို့ဖြစ်မည်၊ သင့်ကလေးများက မည်သို့ဖြစ်မည်၊ သို့မဟုတ် မည်သည့် ရုပ်ဝတ္ထုဆိုင်ရာ ပတ်ဝန်းကျင်မျိုးတွင် သင်နေထိုင်မည် စသည်တို့ကို ၎င်းတို့ မဆုံးဖြတ်နိုင်ပေ။ ကလေးမမွေးမီတွင် မိသားစုက ကြီးပွားသော၊ အဝတ်အစားနှင့် အစားအစာတို့ရှိသော၊ သုံး၍မကုန်အောင် ပိုက်ဆံရှိသောမိသားစု ရှိသည့်သူအချို့ရှိသည်။ သို့သော် ကလေးက ကြီးပြင်းလာပြီးနောက်တွင် ၎င်းတို့မိသားစု၏ စည်းစိမ်ကို ဖြုန်းတီးသည်။ ပြီးလျှင် ထိုမိဘများက ပိုက်ဆံ မည်မျှရသည်ဖြစ်စေ ၎င်းတို့၏ အသုံးအဖြုန်းကြီးသော သားသမီးက ဖြုန်းတီးနေသော ပိုက်ဆံအားလုံးကို ဖာထေးမပေးနိုင်ပေ။ ဆင်းရဲသောလူအချို့လည်းရှိသည်။ သို့သော် ကလေးမွေးပြီးနောက် နှစ်အနည်းငယ်တွင် ၎င်းတို့မိသားစုသည် စတင်ကြီးပွားလာသည်။ ၎င်းတို့၏ ဘဝများက တိုးတက်လာသည်။ အမှုကိစ္စများက ပို၍ အဆင်ပြေလာသည်။ ပြီးလျှင် ၎င်းတို့၏ ပတ်ဝန်းကျင်ကလည်း ပိုပို၍ ကောင်းလာသည်။ သင်မြင်သလော။ ဤအရာအားလုံးမှာ သင့်မိဘများက မမျှော်မှန်းခဲ့သည့်အရာများ မဟုတ်လော။ မိဘများသည် ၎င်းတို့သားသမီးများ၏ ကံကြမ္မာများကို မဆုံးဖြတ်နိုင်ပေ။ ပြီးလျှင် ပင်ကိုအားဖြင့် ၎င်းတို့သည် ၎င်းတို့သားသမီးများ၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်မှုမရှိပေ။ သင်လျှောက်သည့်လမ်းကြောင်းအမျိုးအစား၊ ဤဘဝ၌ မည်သည့်နေရာသို့ သင်သွားသည်၊ ပြီးလျှင် မည်သည့်လူများကို သင်ကြုံတွေ့ရသည်၊ ကပ်ဘေးမည်မျှကို သင်ရင်ဆိုင်ရသည်၊ ကြီးမြတ်သောအရာ မည်မျှနှင့် ချမ်းသာမှုမည်မျှက သင့်ဆီသို့ ရောက်လာသည်ဟူသည့် ဤအရာအားလုံးသည် သင့်မိဘများနှင့်၊ သို့မဟုတ် ၎င်းတို့၏ မျှော်မှန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိပေ။ မိဘတိုင်းက ၎င်းတို့၏သားသမီးကို ကမ္ဘာလောက၌ အောင်မြင်စေဖို့ ဆန္ဒရှိကြသည်။ သို့သော် ဤဆန္ဒက အစဉ်သဖြင့် အမှန်တကယ် ဖြစ်လာသလော။ သေချာပေါက် ဖြစ်ခြင်းမျိုး မဟုတ်ပေ။ အချို့ကလေးများသည် ၎င်းတို့မိဘများက အလိုရှိသကဲ့သို့ ကမ္ဘာလောကတွင် အမှန်ပင် အောင်မြင်ကြသည်။ အဆင့်မြင့်အရာရှိများ ဖြစ်လာကြသည်။ ချမ်းသာကြသည်။ ကောင်းစွာ နေထိုင်ကြသည်။ သို့သော် ၎င်းတို့မိဘများက ဤကောင်းသော စည်းစိမ်များကို တစ်ခုမျှ မခံစားရဘဲ၊ သို့မဟုတ် ဤကောင်းစားမှုကို တစ်ခုမျှ မခံစားရဘဲ နှစ်အနည်းငယ်အတွင်းတွင် ဖျားနာပြီး သေဆုံးကြသည်။ လူတစ်ယောက်၏ ကံကြမ္မာသည် ၎င်းတို့မိဘများနှင့် သက်ဆိုင်ခြင်း ရှိသလော။ မရှိပေ။ သင့်မိဘများက သင့်အပေါ် မျှော်မှန်းသည့် မည်သည့်အရာကိုမဆို သင်ဖြစ်မြောက်နိုင်ခြင်းမျိုး မဟုတ်ပေ။ လူတစ်ယောက်၏ ကံကြမ္မာသည် သူ၏ မိဘများနှင့် လုံးဝ မသက်ဆိုင်ပေ။ ပြီးလျှင် လူတစ်ယောက်၏ မိဘများသည် သူ၏ ကံကြမ္မာကို ဆုံးဖြတ်မပေးနိုင်ပေ။ သင့်မိဘများက သင့်အား မွေးဖွားပေးခဲ့သော်လည်း သင်၏ အလားအလာများ၊ သင်၏ စံထားရာများ၊ သင်၏ အနာဂတ်ကံကြမ္မာတို့အတွက် အခြေခံအုတ်မြစ်ကို ချထားရန် ၎င်းတို့က များစွာလုပ်ဆောင်ခဲ့လျှင်ပင် သင်၏ ကံကြမ္မာ၊ သို့မဟုတ် သင်၏ အနာဂတ်ဘဝ လမ်းကြောင်းက မည်သည့်အရာ ဖြစ်မည်ကို မဆုံးဖြတ်နိုင်ပေ။ ဤအရာများသည် ၎င်းတို့နှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သင့်မိဘများသည် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်သကဲ့သို့ သင်နှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ပေ။ သင်သည် ချမ်းသာကြွယ်ဝဖို့ ကံပါလာလျှင် သင့်မိဘများက မည်မျှ ဆင်းရဲပါစေ၊ သို့မဟုတ် စွမ်းဆောင်ရည်မရှိပါစေ သင်ရသင့်သည့် ကြွယ်ဝမှုကို သင်ရရှိလိမ့်မည်။ သင်သည် ဆင်းရဲသူတစ်ယောက်၊ သာမန်လူတစ်ယောက်၊ သို့မဟုတ် နိမ့်ကျသူတစ်ယောက်ဖြစ်ဖို့ ကံပါလာလျှင် သင့်မိဘများက မည်မျှစွမ်းဆောင်ရည် ရှိပါစေ ၎င်းတို့က သင့်အား ကူညီနိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရလျှင်၊ သင်သည် ဘုရားသခင် ရွေးချယ်ထားသော သူတစ်ဦးဖြစ်လျှင်၊ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်က ကြိုတင်စီစဉ်ထားခြင်းကို ခံရလျှင် သင့်မိဘများက မည်မျှ အင်အားကြီးပါစေ၊ သို့မဟုတ် အစွမ်းအစရှိပါစေ ၎င်းတို့က ဆန္ဒရှိလျှင်ပင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို နှောင့်ယှက်နိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားအိမ်တော်၏ အဖွဲ့ဝင်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူတစ်ယောက်ဖြစ်ရန် ကံပါလာပြီးဖြစ်သောကြောင့် သင်သည် ဤအရာမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချု်ပအခြာအာဏာနှင့် ဘုရားသခင်၏ စီမံမှုနှင့်သာ သက်ဆိုင်သည်။ သူ့မိဘများ၏ ဆန္ဒများ၊ မျှော်မှန်းချက်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ပင်ကိုအားဖြင့် လူတစ်ဦးချင်းစီ၏ စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အကျင့်စရိုက်၊ ရည်မှန်းချက်များ၊ အစွမ်းအစ၊ သို့မဟုတ် အရည်အချင်းတို့နှင့်လည်း လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် “သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များမဟုတ်” ဟူသည့် သမ္မာတရားအပေါ် အခြေခံလျှင် သင်သည် သင့်မိဘများ၏ မျှော်မှန်းချက်များကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် ၎င်းတို့ကို အလုံးစုံ လက်ခံသင့်သလော။ လျစ်လျူရှုသင့်သလော၊ သို့မဟုတ် ဆင်ခြင်တုံတရားရှိစွာ ချဉ်းကပ်သင့်သလော။ သင်၏ ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာနှင့်သက်ဆိုင်သော အမှုကိစ္စနှင့် ပတ်သက်လျှင် သင့်မိဘများသည် သာမန်လူများသာဖြစ်သည်။ ၎င်းတို့က အလိုရှိသည့် မည်သည့်အရာကိုမဆို မျှော်မှန်းနိုင်သည်။ ပြီးလျှင် ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောနိုင်သည်။ ၎င်းတို့ပြောလိုသည့်အရာကို ပြောစေလော့။ သင်က လုပ်စရာရှိသည့်အရာကိုသာ လုပ်ဆောင်လော့။ ၎င်းတို့နှင့် ငြင်းခုံဖို့ မလိုပေ။ အဘယ်ကြောင့်ဆိုသော် အမှုအရာများက အမှန်တကယ်တွင် မည်သို့ရှိသည်ဖြစ်စေ ဤသို့ဖြစ်မည်သာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ငြင်းခုံခြင်းမှ ဖြစ်ပေါ်လာခြင်းမဟုတ်သလို လူ၏ စိတ်ဆန္ဒကို အခြေခံပြီး မပြောင်းလဲပေ။ သင်သည် သင့်မိဘများ၏ ကံကြမ္မာကို ဆုံးဖြတ်ဖို့ မဆိုထားနှင့်၊ သင်ကိုယ်တိုင်၏ ကံကြမ္မာကိုပင် မဆုံးဖြတ်နိုင်ပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) သင့်မိဘများက သင်၏လူကြီးသူမများဖြစ်သော်လည်း ၎င်းတို့သည် သင့်ကံကြမ္မာနှင့် ဆက်နွှယ်ခြင်း၊ သို့မဟုတ် ဆက်စပ်ခြင်း မရှိသေးပေ။ သင့်မိဘများသည် သင့်ထက် နှစ်များစွာ ပို၍ကြီးရုံသက်သက်ဖြင့်၊ မျိုးဆက်တစ်ဆက်ပို၍ အသက်ကြီးရုံသက်သက်ဖြင့် သင့်ကံကြမ္မာကို ပြဋ္ဌာန်းသတ်မှတ်ရန် မကြိုးစားသင့်ပေ။ ဤသည်မှာ ဆင်ခြင်တုံတရားမရှိခြင်းဖြစ်သည်။ ပြီးလျှင် ရွံရှာဖွယ်ဖြစ်သည်။ ထို့ကြောင့် ဘဝတွင် သင်လျှောက်သည့်လမ်းကြောင်း၊ သို့မဟုတ် သင့်အပေါ် ၎င်းတို့၏ မျှော်မှန်းချက်များနှင့်ပတ်သက်ပြီး သင်၏ မိဘများက တစ်ခုခုပြောစရာ ရှိသည့်အချိန်တိုင်းတွင် သင်သည် ယင်းကို တည်ငြိမ်စွာ၊ ဆင်ခြင်တုံတရားရှိစွာ ချဉ်းကပ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်သောကြောင့် ဖြစ်သည်။ ၎င်းတို့အား “ကျွန်ုပ်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ မည်သူမျှ ယင်းကို မပြောင်းလဲနိုင်ပါ” ဟု ပြောလော့။ မည်သူကမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို၊ သို့မဟုတ် အခြားလူတစ်ယောက်၏ ကံကြမ္မာကို မထိန်းချုပ်နိုင်ပေ။ ပြီးလျှင် သင့်မိဘများသည်လည်း ဤအရာကို လုပ်ဆောင်ရန် အရည်အချင်း မပြည့်မီပေ။ သင်၏ မိဘများ မဆိုထားနှင့်၊ သင်၏ ဘိုးဘေးများသည်ပင် ဤအရာကို လုပ်ဆောင်ရန် အရည်အချင်း မပြည့်မီပေ။ မည်သူကသာ အရည်အချင်း ပြည့်မီသနည်း။ (ဘုရားသခင်သာ ဖြစ်ပါသည်။) ဘုရားသခင်သာ လူတို့၏ ကံကြမ္မာကို အုပ်စိုးရန် အရည်အချင်း ပြည့်မီသည်။

လူအချို့က “ကျွန်ုပ်၏မိဘများသည် ကျွန်ုပ်၏ကံကြမ္မာကို ဝင်မစွက်ဖက်နိုင်ပါ။ သူတို့က ကျွန်ုပ်ကို မွေးဖွားပေးခဲ့သော်လည်း ကျွန်ုပ်အသက်ကို ကျွန်ုပ်၏မိဘများက ပေးခဲ့ခြင်းမဟုတ်ပါ။ ဘုရားသခင်က ပေးခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တွင် ရှိသမျှတိုင်းက ဘုရားသခင် ပေးခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့အားဖြင့် ကျွန်ုပ်ကို အရွယ်ရောက်သည့်အထိ ပျိုးထောင်ပေးခြင်းဖြစ်သည်။ ပြီးလျှင် ယခုအထိ အသက်ရှင်စေခြင်းဖြစ်သည်။ တကယ်တမ်းတွင် ကျွန်ုပ်ကို ပျိုးထောင်ပေးသည်မှာ ဘုရားသခင်ဖြစ်သည်”ဟူ၍ သဘောတရားအရ ဝန်ခံကြသည်။ ၎င်းတို့သည် ဤစကားများကို အလွန်ပင်ကောင်းစွာ၊ အလွန်ပင် ရှင်းလင်းစွာ ပြောဆိုကြသည်။ သို့သော် အထူးအခြေအနေအချို့တွင် လူတို့သည် ၎င်းတို့၏ ချစ်ခင်မှုကို မကျော်လွှားနိုင်ပေ၊ သို့မဟုတ် “သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်” ဆိုသည့် ပြောဆိုချက်ကို အသိအမှတ်မပြုနိုင်ပေ။ အထူးအခြေအနေအချို့တွင် လူတို့သည် ၎င်းတို့ခံစားချက်များ၏ စိုးမိုးခြင်းကို ခံရပြီး စုံစမ်းသွေးဆောင်မှုအချို့ထဲသို့ ကျဆင်းသွားလိမ့်မည်၊ သို့မဟုတ် အားနည်းလာလိမ့်မည်။ ဘုရားသခင်အား ယုံကြည်သူအချို့သည် အစိုးရနှင့် ဘာသာရေးလောက၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပြစ်တင်ရှုတ်ချမှုတို့ကို ခံရပြီး ဖမ်းဆီးခြင်းခံရကာ ထောင်ကျခဲ့သောကြောင့် မည်သည့်နှိပ်စက်မှုမျိုးကို ၎င်းတို့ ခံစားရပါစေ မည်သည့်အခါမျှ ယုဒအဖြစ် ပြောင်းမသွားရန်နှင့် ၎င်းတို့၏ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက်ကို လုံးဝ သစ္စာမဖောက်ရန်၊ သို့မဟုတ် အသင်းတော်နှင့်ပတ်သက်သော သတင်းအချက်အလက်တစ်ခုခုကို မပေါက်ကြားစေရန် ယုဒဖြစ်ခြင်းထက် အသေသာခံမည်ဟု စိတ်ပိုင်းဖြတ်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် လူနှင့်မတူတော့သည်အထိ နှိပ်စက်ခြင်းနှင့် ညှဉ်းပန်းခြင်းတို့ကို ခံရသည်။ ၎င်းတို့မျက်လုံးသည် အလွန်ယောင်ကိုင်းသည်မှာ ကွဲအက်ကုန်ပြီး ရှင်းလင်းစွာ မမြင်နိုင်သည်အထိ၊ ၎င်းတို့၏ နားများမကြားတော့ဘဲ သွားများကျွတ်ထွက်ကာ နှုတ်ခမ်းထောင့်များကွဲ၍ သွေးထွက်ပြီး ၎င်းတို့၏ ခြေထောက်များ ကောင်းကောင်းအလုပ် မလုပ်နိုင်တော့သည့်အပြင် တစ်ကိုယ်လုံး ဖူးရောင်၍ ဒဏ်ရာများဖြင့် ဖုံးသွားသည်အထိပင် ဖြစ်ပေသည်။ သို့သော် ၎င်းတို့သည် မည်သို့ ညှဉ်းပန်းခြင်းခံရသည်ဖြစ်စေ မတတ်သာ၍ သစ္စာဖောက်ခြင်းမျိုး မရှိကြပေ။ ၎င်းတို့သည် ယုဒအဖြစ်သို့ မပြောင်းလဲရန်၊ ဘုရားသခင်အတွက် ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ ယခုအထိ ၎င်းတို့သည် အလွန်ပင် သန်မာသည့်ပုံစံ၊ သက်သေခံချက်ကို ပိုင်ဆိုင်သည့် ပုံစံရှိကြသည် မဟုတ်လော။ ၎င်းတို့သည် ယုဒအဖြစ်သို့ ပြောင်းမသွားဘဲ နှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းကို ခံကြရသည်။ ပြီးလျှင် ၎င်းတို့သည် ဤသို့ နေ့၊ ညများစွာ ညှဉ်းပန်းခံရသည်။ နတ်ဆိုးတစ်ကောင်က ဤသို့သော လူတစ်ယောက်ကို မြင်သောအခါ “ဤလူသည် အလွန်ပင် မာသည်၊ အလွန်ပင် ပြင်းပြင်းထန်ထန် အဆိပ်ခတ်ခြင်းခံထားရသည်၊ သူသည် အမှန်ပင် ယုံကြည်ခြင်း အားကောင်းသည့်သူ ဖြစ်သည်။ သူသည် အလွန်ငယ်သည်၊ ပြီးလျှင် သူသည် စကားတစ်ခွန်းမျှပင် ထုတ်မပြောဘဲ ဤသို့သောအခြေအနေအထိ လွန်စွာ ညှဉ်းပန်းခြင်းခံရသည်။ ဤအရာနှင့် ပတ်သက်ပြီး မည်သည့်အရာကို ငါလုပ်‌ဆောင်ရမည်နည်း။ ဤလူသည် အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်သည့် ပုံစံရှိသည်။ အသင်းတော်အကြောင်းကို များစွာ သိရမည်။ သူ၏ နှုတ်မှ သတင်းအချက်အလက်အချို့ကို ငါအစ်အောက်နိုင်လျှင် လူများစွာကို ဖမ်းဆီးပြီး ပိုက်ဆံများစွာ ရနိုင်သည်” ဟု တွေးသည်။ ထို့နောက်တွင် ထိုနတ်ဆိုးက ဤအရာအပေါ် အနည်းငယ် တွေးတောသည်။ “သူ့အား ငါမည်သို့ အစ်အောက်ကာ လူအချို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို ထုတ်ပြောခိုင်းဖို့ မည်သို့ လုပ်ဆောင်နိုင်သနည်း။ သန်မာသော လူများအားလုံးတွင် အားနည်းချက်ရှိသည်။ ကွန်ဖူးကို လေ့ကျင့်သောလူများကဲ့သို့ ဖြစ်သည်။ တစ်စုံတစ်ယောက်က ကွန်ဖူး၌ မည်မျှတော်ပါစေ အဆုံးတွင် ပျော့ကွက်ရှိဆဲဖြစ်သည်။ လူတိုင်းတွင် အားနည်းချက်ရှိသည်။ ထို့ကြောင့် သူ၏ အားနည်းချက်ကို အတိအကျ တိုက်ခိုက်ကြစို့။ သူ အားနည်းသည့်နေရာမှာ အဘယ်နည်း။ သူသည် တစ်ဦးတည်းသောကလေးဖြစ်သည်။ ပြီးလျှင် သူ့မိဘများက သူ့အား ကလေးဘဝကတည်းက အလိုလိုက်ခဲ့သည်ဟု ငါကြားရသည်။ ၎င်းတို့သည် သူ့အား အလွန်ဂရုစိုက်ပြီး မြတ်နိုးစွာ ချစ်သည့်အပြင် သူသည် ၎င်းတို့အပေါ် အတော်အတန် သားသမီးဝတ်ကျေပွန်သည်ဟု ငါ ကြားရသည်။ သူ့မိဘများအား ငါသွားခေါ်ပြီး သူ့အပေါ် စိတ်ဓာတ်ရေးရာ ပုံသွင်းခိုင်းလိုက်လျှင် ၎င်းတို့၏ စကားများက အနည်းငယ် အသုံးဝင်ကောင်း ဝင်နိုင်သည်” ဟူ၍ ဖြစ်သည်။ ထို့နောက် နတ်ဆိုးက သူ၏ မိဘများအား ခေါ်သည်။ သူက သူ့မိဘများကို မြင်သည်နှင့် တစ်ပြိုင်နက် မည်သို့ဖြစ်သည်ဆိုသည်ကို မှန်းကြည့်လော့။ သူသည် သူ၏မိဘများကို မတွေ့မီတွင် “အို ဘုရားသခင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် စိတ်ပိုင်းဖြတ်ထားသည်၊ ယုဒအဖြစ်သို့ လုံးဝ ပြောင်းလဲသွားမည်မဟုတ်” ဟု တွေးသည်။ သို့သော် သူ့မိဘများကို သူမြင်သည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်နှလုံးသည် ကွဲကြေလုနီးနီးဖြစ်ရလေသည်။ သူခံစားရသော ပထမဆုံးသောအရာမှာ “ငါသည် ငါ့မိဘများကို တာဝန်ပျက်ကွက်ခဲ့ပြီ။ ငါ့ကို ဤကဲ့သို့မြင်ရသည်မှာ သူတို့အတွက် တော်တော် စိတ်ဆင်းရဲရမည်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ထို့နောက် သူသည် ချုံးပွဲချငိုသည်။ သူ၏ စိတ်နှလုံးတွင် “ငါ ယုဒဖြစ်သွားမည် မဟုတ်ပါ။ ဘုရားသခင်အတွက် ငါ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရမည်။ ငါ လမ်းမှားကို မလျှောက်ရသေးပါ။ ဘဝတွင် လမ်းမှန်နောက်ကို လိုက်လျှောက်နေသည်။ ငါ စာတန်ကို အရှက်ရစေပြီး ဘုရားအတွက် သက်သေခံရမည်” ဟူ၍ မလျှော့တမ်း ပြောဆိုနေဆဲဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် သူသည် ပြတ်သားပြီး ဤအရာကို ထပ်ခါထပ်ခါ မလျှော့တမ်း ပြောဆိုသည်။ သို့သော် သူသည် စိတ်ခံစားချက်ပိုင်းတွင် မခံနိုင်ပေ။ ပြီးလျှင် ရုတ်ချည်းပင် သူ၏ နှလုံးက ကွဲကြေလုနီးနီးဖြစ်သည်။ သူ၏မိဘများက ၎င်းတို့၏သားသမီးသည် ဤသို့သောအခြေအနေအထိ ညှဉ်းပန်းခြင်းခံရသည်ကို မြင်သောအခါတွင် မည်သို့ခံစားရမည်ဟု သင်ထင်သနည်း။ သူ့ဖခင်အကြောင်းကို ငါပြောမည်မဟုတ်။ သို့သော် သူ့မိခင်၏ နှလုံးသည် ကွဲကြေလေသည်။ သူမ၏ သားသမီးသည် လူနှင့်မတူတော့သည်အထိ ညှဉ်းပန်းခံရသည်ကို မြင်သောအခါ သူမသည် လွန်စွာ စိတ်သောကရောက်ကာ မသက်မသာဖြစ်ပြီး စိတ်ဆင်းရဲရသည်။ ပြီးလျှင် သူမသည် သူ့ထံသို့ လျှောက်သွားစဉ်တွင် တုန်ယင်နေသည်။ ဤသို့သောအချိန်မျိုးတွင် သင်သည် မည်သို့တုံ့ပြန်မည်နည်း။ သင်သည် ကြည့်ရဲမည်မဟုတ်သလော။ မြင်သလော။ သင်သည် မည်သည့်အရာကိုမျှ မပြောရသေးပေ။ သင့်မိဘများက မည်သည့်အရာကိုမျှ မပြောရသေးပေ။ သို့သော် သင်သည် မိမိ၏ ခံစားချက်များကို မကျော်လွှားနိုင်ဘဲ ချုံးပွဲချငိုပြီးသား ဖြစ်ခဲ့လိမ့်မည်။ သင်သည် “ငါ့မိဘများက အသက်ကြီးပြီဖြစ်သည်။ ကျန်းမာရေးက သိပ်မကောင်းတော့ပါ။ သူတို့နှစ်ယောက်က ရပ်တည်ဖို့အတွက် တစ်ယောက်အပေါ် တစ်ယောက် အမှီပြုကြသည်။ သူတို့က ငါ့လိုသားသမီးမျိုးကို မွေးဖွားပေးခဲ့သည်။ ပြီးလျှင် ယခုအထိ သူတို့၏မျှော်မှန်းချက်များကို တစ်ခုမျှ ငါ မဖြည့်ဆည်းရသေးသည့်အပြင် ယခုဆိုလျှင် သူတို့အတွက် ငါ ပြဿနာများစွာ ဖြစ်စေခဲ့သည်။ ငါ သူတို့ကို တော်တော် အရှက်ရစေခဲ့သည်။ ပြီးလျှင် ဤကဲ့သို့ ဒုက္ခရောက်သည့် အခြေအနေတွင်ပင် သူတို့က ငါ့ကို လာပြီး ကြည့်ကြရသည်” ဟု တွေးလိမ့်မည်။ သင့်စိတ်နှလုံး အတွင်းထဲတွင် သင်သည် သားသမီးဝတ် မကျေပွန်သည့် သားသမီးဟုလည်းကောင်း၊ သင့်မိဘများကို သင်နာကျင်စေပြီး စိတ်ပျက်စေခဲ့သည်ဟုလည်းကောင်း၊ သင်သည် ၎င်းတို့ကို စိုးရိမ်ပူပန်စေပြီး တာဝန်ပျက်ကွက်ခဲ့သည်ဟုလည်းကောင်း မသိမသာဆိုသလို ခံစားရလိမ့်မည်။ သင်ရော၊ သင့်မိဘပါ မတူညီသော အကြောင်းပြချက်များဖြင့် ကြီးစွာသော မချိတင်ကဲဝေဒနာကို ခံစားရမည်။ သင့်မိဘများအတွက်မူ ဤသို့ခံစားရသည်မှာ ၎င်းတို့သည် သင့်အတွက် စိတ်မကောင်းဖြစ်သောကြောင့်၊ သင်ဤသို့ ဒုက္ခခံနေရသည်ကို မကြည့်ရက်နိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။ သင့်အတွက်မူ ဤသို့ခံစားရသည်မှာ သင့်မိဘများက မည်မျှဝမ်းနည်းပြီး စိတ်ဆင်းရဲရသည်ကို သင်မြင်သောကြောင့်၊ ၎င်းတို့က သင်နှင့်ပတ်သက်၍ ဝမ်းနည်းပြီး စိုးရိမ်ပူပန်သည်ကို သင် မကြည့်ရက်နိုင်သောကြောင့် ဖြစ်ပေလိမ့်မည်။ ဤနှစ်မျိုးလုံးမှာ ခံစားချက်များ၏ သက်ရောက်မှုများ မဟုတ်လော။ ဤအချိန်အခိုက်အတန့်အထိ ဤအရာအားလုံးကို ပုံမှန်ဟု သတ်မှတ်နိုင်သေးသည်။ ပြီးလျှင် ယင်းသည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းကို ထိခိုက်ခဲ့ဦးမည်မဟုတ်ပေ။ ထို့နောက်တွင် သင့်မိဘများက “မင်းက ယခင်က အလွန်ကျန်းမာပြီး သန်စွမ်းသည်။ ပြီးလျှင် ယခု ဤကဲ့သို့ အခြေအနေမျိုးအထိ အရိုက်ခံရသည်။ မင်း ငယ်ငယ်လေးကတည်းက ငါတို့က မင်းကို အချစ်တော်လေးလို ဆက်ဆံခဲ့ခြင်းဖြစ်သည်။ မင်းကို ငါတို့ မည်သည့်အခါကမျှ ကိုယ်ထိလက်ရောက် မရိုက်ဖူးပါ။ မင်းက မည်သို့များ ဤကဲ့သို့ အဖြစ်ခံရသနည်း။ ငါတို့က မင်းကို မည်သည့်အခါကမျှ မရိုက်ချင်ခဲ့ပါ။ ငါတို့ အမြဲတမ်း မင်းကို ချစ်မြတ်နိုးခဲ့ပြီး မေတ္တာထားခဲ့သည်။ ‘မင်းကို ငါတို့က ပါးစပ်ထဲတွင် ငုံထားချင်သော်လည်း အရည်ပျော်သွားမည်ကို ကြောက်မိသည်။ မင်းကို ငါတို့လက်ထဲမှာ ကိုင်ထားချင်သော်လည်း ကျိုးပဲ့သွားမည်ကို ကြောက်မိသည်’။ ငါတို့က မင်းကို အလွန်ချစ်မြတ်နိုးသော်လည်း မလုံလောက်သေးပါ။ မင်းကငါတို့ကို မပြုစုမစောင့်ရှောက်လည်း ရပါသည်။ သို့ရာတွင် ယခု မင်းက သတင်းအချက်အလက် တစ်ခုခုပေးဖို့ ငြင်းဆန်နေသည်။ များစွာ ဒုက္ခခံရသည်။ ပြီးလျှင် မင်းက ဘုရားကို ယုံကြည်ပြီး သူ့အတွက် သက်သေခံချင်သောကြောင့် ဤကဲ့သို့အခြေအနေအထိ ညှဉ်းပန်းခံရသည့်တိုင် အရှုံးမပေးသေးပါ။ အဘယ်ကြောင့် ဤမျှ ခေါင်းမာရသနည်း။ အဘယ်ကြောင့် ဘုရားကို မလျှော့တမ်း ယုံကြည်ရသနည်း။ ‘သင့်ကိုယ်ခန္ဓာကို သင့်မိဘများက ပေးခြင်းဖြစ်သည်’ ဟူ၍ဖြစ်သည်၊ မင်းက ကိုယ့်ကိုယ်ကိုယ် ဤကဲ့သို့ဖြစ်ခွင့်ပေးခြင်းက ငါတို့အပေါ် ကောင်းနေခြင်း ဟုတ်ပါ၏လော။ မင်းက တကယ်ကို တစ်ခုခုဖြစ်သွားလျှင် ငါတို့ မည်သို့ဆက်ပြီး အသက်ရှင်ဖို့ မင်းမျှော်လင့်ထားသနည်း။ ငါတို့ အသက်ကြီးသည့်အခါ ငါတို့ကို ဂရုစိုက်ဖို့၊ သို့မဟုတ် ငါတို့ အသုဘကို စီစဉ်ပေးဖို့ မင်းကို မမျှော်လင့်ပါ။ ငါတို့ မင်းကို အဆင်ပြေစေချင်ရုံသက်သက်ဖြစ်သည်။ မင်းက ငါတို့အတွက် အရာရာဖြစ်သည်။ မင်းက အဆင်မပြေလျှင်၊ မင်းမရှိတော့လျှင် ငါတို့ဘဝ၏ ကျန်သည့်အချိန်များတွင် မည်သို့ဆက်ပြီး နေရမည်နည်း။ မင်းကလွဲပြီး ငါတို့တွင် အခြားမည်သူရှိသနည်း။ ငါတို့တွင် အခြားမည်သည့်မျှော်လင့်ချက်ရှိသနည်း” ဟု ပြောသည် ဆိုပါစို့။ ဤစကား၏ စကားလုံးတိုင်းက သင့်အား အမှန်ပင် အထိနာစေလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းသလို သင့်ခံစားချက်များနှင့် သင့်အသိစိတ်ကိုလည်း နှိုးဆွလိမ့်မည်။ သင့်မိဘများက ဤစကားများကို မပြောမီတွင် သင်သည် သင့်စိတ်နှလုံးအတွင်းထဲတွင် သင်၏ ခံယူချက်နှင့် ရပ်တည်ချက်ကို ကိုင်စွဲထားနေဆဲဖြစ်သည်။ သို့သော် ၎င်းတို့က ဤအပြစ်တင်သည့် စကားများကို ပြောပြီးနောက်တွင် သင့်စိတ်နှလုံးအတွင်းထဲရှိ ခံတပ်သည် ပြိုလဲမည်မဟုတ်လော။ “‘သင့်ကိုယ်ခန္ဓာကို သင့်မိဘများက ပေးသည်’ ဟူ၍ဖြစ်သည်။ မင်းက အလုပ်ကောင်းမှ နုတ်ထွက်သည်။ မင်း၏ အလွန်ကောင်းသည့် အလားအလာများကို စွန့်ပစ်ခဲ့သည်။ ပြီးလျှင် ကောင်းသည့်ဘဝကို စွန့်လွှတ်ခဲ့သည်။ ဘုရားသခင်ကို မလျှော့တမ်း ယုံကြည်သည်။ ပြီးလျှင် မင်းက ကိုယ့်ကိုယ်ကိုယ် ဤကဲ့သို့ ပျက်စီးစေသည်။ မင်းက ငါတို့အပေါ် ကောင်းနေခြင်း ဖြစ်သလော” ဟူ၍ဖြစ်သည်။ ဤစကားကို ကြားပြီးနောက်တွင် တစ်‌ဦးတလေက မငိုရန် ထိန်းထားနိုင်သလော။ ဤစကားများကို ကြားပြီးနောက်တွင် တစ်‌ဦးတလေက မိမိကိုယ်ကို ပြစ်တင်မောင်းမဲခြင်းကို ရပ်တန့်နိုင်သလော။ မိမိ၏ မိဘကို တာဝန်ပျက်ကွက်သည်ဟူသည့် ခံစားချက်ကို ရှောင်နိုင်သလော။ ဤသည်မှာ စာတန်က မိမိကို စုံစမ်းသွေးဆောင်နေခြင်း ဖြစ်သည်ဟု တစ်ယောက်ယောက်က ခံစားမိနိုင်သလော။ တစ်ယောက်ယောက်က ဤအရာအားဖြင့် စိတ်ပိုင်းဆိုင်ရာတွင် ထိခိုက်ခြင်းသာရှိပြီး ဆင်ခြင်တုံတရားရှိစွာဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်သေးသလော။ ဤစကားကို ကြားပြီးနောက်တွင် တစ်စုံတစ်ယောက်က “သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်၊ ပြီးလျှင် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်” ဆိုသည့် ပြောဆိုချက်တွင် သူ၏ ယုံကြည်မှုကို ထိန်းသိမ်းနိုင်သလော။ တစ်စုံတစ်ယောက်က စိတ်ပိုင်းဆိုင်ရာတွင် အားနည်းနေသော်လည်း သူ၏ တာဝန်နှင့် ဝတ္တရားအပြင် ဖန်ဆင်းခံတစ်ယောက်က ခိုင်မာစွာ ရပ်တည်သင့်သည့် သက်သေခံချက်တို့ကို စွန့်ပစ်ခြင်းအား ရှောင်ကြဉ်နိုင်သလော။ ဤသို့သော မည်သည့်အရာများကို သင်တို့ ဖြစ်မြောက်နိုင်သနည်း။ သင်၏ ခံစားချက်များနှင့်ပတ်သက်ပြီး သင်သည် အနည်းငယ်သာ စိတ်မချမ်းမသာ ဖြစ်လျှင်၊ မျက်ရည်အနည်းငယ်ပင်ကျပြီး သင့်မိဘများအတွက် စိတ်မကောင်း ဖြစ်သော်လည်း သင်က ဘုရားနှုတ်ကပတ်တော်၌ ယုံကြည်ခြင်းရှိဆဲဖြစ်လျှင်၊ သင် ခိုင်မာစွာရပ်တည်သင့်သည့် သက်သေခံချက်ကို ကိုင်စွဲထားဆဲဖြစ်လျှင်၊ ဖန်ဆင်းခြင်းသခင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၌ရှိသော သက်သေခံချက်၊ တာဝန်၊ ဝတ္တရားတို့ကို ဆုံးရှုံးခြင်းမရှိဘဲ သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ကိုင်စွဲထားဆဲဖြစ်လျှင် သင်သည် ခိုင်မာစွာ ရပ်တည်လိမ့်မည်။ သို့သော် သင့်မိခင်က သင့်အား မျက်ရည်များကျလျက် အပြစ်တင်နေသည်ကို မြင်ရသောအခါ သင်သည် အလွန်ပင် ခံစားရပြီး သားသမီးဝတ် မကျေပွန်ဟုလည်းကောင်း၊ မှားယွင်းသော ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီဟုလည်းကောင်း ထင်မြင်လျှင်၊ နောင်တရပြီး ဆက်လက်၍ ရှေ့ဆက်လိုစိတ် မရှိတော့လျှင်၊ ဖန်ဆင်းခံတစ်ယောက် ရှိသင့်သည့် သက်သေခံချက်နှင့် ဖန်ဆင်းခံတစ်ယောက် ဖြည့်ဆည်းသင့်သည့် အလုပ်၊ တာဝန်၊ ဝတ္တရားတို့ကို စွန့်ပစ်လိုပြီး သင့်မိဘများအနီးသို့ ပြန်လိုလျှင်၊ ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ပြီး သင့်အတွက် ဒုက္ခခံခြင်း၊ သို့မဟုတ် စိတ်ပူခြင်းမရှိတော့ဖို့ ၎င်းတို့အား တားလိုလျှင် သင့်၌ သက်သေခံချက် ရှိမည်မဟုတ်ဘဲ သင်သည် ဘုရားနောက်သို့ လိုက်ရန် ထိုက်တန်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူ့နောက်သို့ လိုက်သောသူတို့အား မည်သို့ ပြောခဲ့သနည်း။ (“အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ” (ရှင်လုကာခရစ်ဝင် ၁၄:၂၆) ဟု မပြောခဲ့ပါသလော။ ဤစာကြောင်းသည် ကျမ်းစာထဲတွင်ရှိပါသည်။) သင့်မိဘအပေါ် သင်၏ ချစ်ခြင်းသည် ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းထက် ကျော်လွန်လျှင် သင်သည် ဘုရားနောက်သို့ လိုက်ရန် မထိုက်တန်သလို သူ၏ နောက်လိုက်တစ်ယောက်လည်း မဟုတ်ပေ။ သင်က သူ၏နောက်လိုက်တစ်ယောက် မဟုတ်လျှင် သင်သည် အောင်မြင်သူတစ်ယောက်မဟုတ်ဟု ဆိုနိုင်ပြီး ဘုရားသခင်က သင့်အား အလိုမရှိပေ။ ဤစမ်းသပ်ခြင်းမှတစ်ဆင့် သင်သည် ဖော်ထုတ်ခြင်းခံရသည်။ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းမရှိ။ သင်က စာတန်၏ ညှဉ်းပန်းမှုကို အရှုံးမပေးခဲ့သော်လည်း သင့်မိဘများထံမှ အပြစ်တင်သည့် စကားအနည်းငယ်က သင့်အား လက်လျှော့စေရန် လုံလောက်သည်။ သင်သည် ပျော့ညံ့ပြီး ဘုရားသခင်ကို သစ္စာဖောက်သည်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်ရန် မထိုက်တန်သလို သူ၏ နောက်လိုက်လည်း မဟုတ်ပေ။ မိဘများက “ငါမင်းကို အခြားမည်သည့်အရာမျှ မတောင်းဆိုပါ။ အလွန်ချမ်းသာဖို့ မတောင်းဆိုပါ။ မင်းကို ဤဘဝတွင် ကျန်းမာပြီး ဘေးကင်းဖို့ကိုသာ ငါမျှော်လင့်သည်။ မင်းပျော်နေသည်ကို မြင်ရရုံဖြင်ပင်ပင် လုံလောက်ပါသည်” ဟု မကြာခဏပြောသည်။ ထို့ကြောင့် သင်သည် ညှဉ်းပန်းခံရသောအခါ “ငါ့မိဘများက ငါ့ကို များစွာ မတောင်းဆိုခဲ့ပါ။ သို့ရာတွင် ငါက သူတို့ အပေါ်တာဝန်မကျေဖြစ်ဆဲဖြစ်သည်” ဟူ၍ သင့်မိဘများအပေါ် သင် တာဝန်ပျက်ကွက်ခဲ့သည်ဟု ခံစားရမည်။ ဤအတွေးမှာ မှန်ကန်သလော။ သင်က သူတို့အပေါ် တာဝန်မကျေဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) စာတန်က သင့်အား ဖိနှိပ်သည်မှာ သင့်အမှားဖြစ်သလော။ သင်က ပြင်းထန်စွာ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း၊ လူမဆန်စွာ ဖိနှိပ်ခြင်းခံရသည်မှာ သင့်အမှားဖြစ်သလော။ (မဟုတ်ပါ။) သင့်အား ဖိနှိပ်သည်မှာ စာတန်ဖြစ်သည်။ သင်က သင့်ကိုယ်သင် မဖျက်ဆီးခဲ့ပေ။ သင်သည် လမ်းမှန်ကို လျှောက်နေခြင်းဖြစ်သည်။ သင်သည် စစ်မှန်သောလူတစ်ယောက် ဖြစ်နေခြင်းဖြစ်သည်။ သင့်ရွေးချယ်မှုများနှင့် သင့်လုပ်ရပ်များအားလုံးသည် ဘုရားသခင်အတွက် သက်သေခံနေခြင်းဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ဤသည်တို့မှာ ဖန်ဆင်းခံတိုင်းက လုပ်ဆောင်သင့်သည့် ရွေးချယ်မှုများဖြစ်ပြီး ဖန်ဆင်းခံတိုင်းက လျှောက်သင့်သည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် လမ်းမှန်ဖြစ်သည်။ မိမိကိုယ်ကို ဖျက်ဆီးခြင်း မဟုတ်။ သင့်အသွေးအသားက နှိပ်စက်ခံရပြီး ရက်စက်သော၊ လူမဆန်သော ဆက်ဆံမှုကို ခံရသော်လည်း ဤသည်တို့အားလုံးမှာ တရားမျှတသော အကြောင်းတရားတစ်ခုအတွက် ဖြစ်သည်။ ဤသည်မှာ လမ်းမှားကို လျှောက်ခြင်းမဟုတ်။ သင့်ကိုယ်သင် ဖျက်ဆီးခြင်းမဟုတ်ပေ။ သင်၏ အသွေးအသားက ဒုက္ခခံခြင်း၊ နှိပ်စက်မှုကို ခံရခြင်း၊ လူနှင့်မတူတော့သည်အထိ ညှဉ်းပန်းခံရခြင်းသည် သင်က သင့်မိဘများကို စိတ်ပျက်စေခြင်းမဟုတ်ပေ။ သင်သည် ၎င်းတို့အား ရှင်းပြဖို့ မလိုပေ။ ဤသည်မှာ သင်၏ ရွေးချယ်မှုဖြစ်သည်။ သင်သည် ဘဝတွင် လမ်းမှန်ပေါ်တွင်ရှိသည်။ ၎င်းတို့က နားမလည်ခြင်းသာဖြစ်သည်။ ၎င်းတို့သည် မိဘတစ်ဦး၏ ရှုထောင့်မှနေ၍ ၎င်းတို့၏ ခံစားချက်ကြောင့် သင့်ကို အစဉ်ကာကွယ်လိုခြင်း၊ ခန္ဓာဒုက္ခကို သင့်အား မခံစားစေလိုခြင်းသာဖြစ်သည်။ သင့်အား ကာကွယ်လိုသည့် ၎င်းတို့၏ ဆန္ဒက မည်သည့်အရာကို ဖြစ်မြောက်စေနိုင်သနည်း။ ၎င်းတို့က သင့်ကိုယ်စား သက်သေခံနိုင်သလော။ ၎င်းတို့က သင့်ကိုယ်စား ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သလော။ ၎င်းတို့က သင့်ကိုယ်စား ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်သလော။ (မလိုက်နိုင်ပါ။) သင်သည် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ပြီး ယင်းကို ကိုင်စွဲထားသင့်သည်။ သင်သည် သင့်မိဘများ၏ စကားများအားဖြင့် ဖမ်းစားခံရခြင်း၊ သို့မဟုတ် လှည့်စားခံရခြင်း မဖြစ်သင့်ပေ။ သင်သည် သင့်ကိုယ်သင် ဖျက်ဆီးနေခြင်း မဟုတ်။ လမ်းမှန်ကို လျှောက်နေခြင်း ဖြစ်သည်။ သင်၏ ဇွဲလုံ့လနှင့် သင်၏ လုပ်ရပ်များအားလုံးတွင် သင်သည် သမ္မာတရားကို ကိုင်စွဲထားသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ကြိုတင်စီစဉ်မှုများကို နာခံသည်။ စာတန်ရှေ့တွင် ဘုရားသခင်အတွက် သက်သေခံသည်။ ဘုရားသခင်၏ အမည်နာမကို ဘုန်းကြီးစေသည်။ သင်သည် သင့်အသွေးအသားအား ရက်စက်စွာ ဖိနှိပ်ခြင်းဒုက္ခကို ခံရခြင်းမျှသာဖြစ်သည်။ ဤသည်မှာ လူတို့ ခံယူသင့်သော ဒုက္ခဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခြင်းသခင်ကို လူတို့ ပေးအပ်သင့်သော အရာဖြစ်သည်။ ဤသည်မှာ ၎င်းတို့ပေးဆပ်သင့်သော အဖိုးအခဖြစ်သည်။ သင့်အသက်က သင့်မိဘများထံမှ မလာသလို သင့်မိဘများက မည်သည့်လမ်းကြောင်းအား သင်လျှောက်သည်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။ သင်၏ ကိုယ်ပိုင်ကိုယ်ခန္ဓာအား သင်ဆက်ဆံသည့် ပုံစံကို၊ သို့မဟုတ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန်အတွက် မည်သည့်အဖိုးအခအား ပေးဆပ်သည်ကို ၎င်းတို့က ဆုံးဖြတ်ပိုင်ခွင့်မရှိ။ ၎င်းတို့သည် ၎င်းတို့၏ အသွေးအသား ခံစားချက်များ၏ လိုအပ်ချက်များကြောင့်၊ အသွေးအသား ခံစားချက်များ၏ ရှုထောင့်မှနေ၍ ၎င်းတို့ရပ်တည်နေသည့် အချက်ကြောင့် သင့်အား ခန္ဓာဒုက္ခကို မခံစားစေလိုခြင်းမျှသာ ဖြစ်သည်။ သို့သော် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင့်အသွေးအသားက မည်မျှ ဒုက္ခခံရပါစေ သင်ခံယူသင့်သည့် အရာတစ်ခုဖြစ်သည်။ လူတို့သည် ကယ်တင်ခြင်းကို ရရှိပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် အဖိုးအခများစွာကို ပေးဆပ်ရမည်။ ဤသည်မှာ လူ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ယောက်က ဖန်ဆင်းခြင်းသခင်အပေါ် ဆက်ကပ်သင့်သည့် အရာတစ်ခုဖြစ်သည်။ လူတို့၏ အသက်များက ဘုရားသခင်ထံမှလာပြီး ၎င်းတို့၏ ကိုယ်ခန္ဓာများကလည်း ဘုရားသခင်ထံမှ လာသောကြောင့် ဤသည်မှာ လူတို့ ခံယူသင့်သော ဒုက္ခဖြစ်သည်။ ထို့ကြောင့် လူတို့ခံယူသင့်သည့် ဒုက္ခနှင့်ပတ်သက်လျှင် သင့်ကိုယ်ခန္ဓာက မည်သည့်ခန္ဓာဝေဒနာမျိုးကို ခံယူရသည်ဖြစ်စေ သင့်မိဘများအား မည်သည့်အရာကိုမျှ ရှင်းပြရန် မလိုပေ။ သင့်မိဘများက “သင့်ကိုယ်ခန္ဓာကို သင့်မိဘများက ပေးသည်” ဟု ဆိုသော်လည်း အဘယ်အရေးနည်း။ လူတို့ကို ၎င်းတို့၏မိဘများက မွေးဖွားပြီး ပျိုးထောင်ခဲ့သော်လည်း ၎င်းတို့၌ ရှိသမျှမှာ ၎င်းတို့မိဘများက ပေးသကဲ့သို့ မဟုတ်ပေ။ ဤသည်မှာ လူတို့သည် ၎င်းတို့လျှောက်သည့်လမ်းကြောင်းနှင့် ၎င်းတို့ပေးဆပ်သည့် အဖိုးအခတို့နှင့် ပတ်သက်လျှင် ၎င်းတို့မိဘများ၏ အကျပ်ကိုင်မှုနှင့် ချုပ်ချယ်မှုတို့ကို ခံသင့်သည်ဟု မဆိုလိုပေ။ ဤသည်မှာ လူတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ရန်၊ သို့မဟုတ် ဖန်ဆင်းခြင်းသခင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် ၎င်းတို့မိဘများ၏ ခွင့်ပြုချက်ကို ရယူရမည်ဟု မဆိုလိုပေ။ ထို့ကြောင့် သင်သည် သင့်မိဘများအား ရှင်းပြချက်ပေးရန် မလိုပေ။ သင်ရှင်းပြချက်ပေးသင့်သည့်သူမှာ ဘုရားသခင် ဖြစ်သည်။ သင်ဒုက္ခခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သင်သည် အရာရာတိုင်းကို ဘုရားသခင်ထံသို့ လွှဲပြောင်းပေးသင့်သည်။ ထို့အပြင် သင်သည် လမ်းမှန်ကို လိုက်လျှောက်နေလျှင် ဘုရားသခင်သည် သင်ပေးဆပ်ခဲ့သော အဖိုးအခအားလုံးကို လက်ခံပြီး အမှတ်ရလိမ့်မည်။ ဘုရားသခင်က ယင်းတို့ကို အမှတ်ရပြီး သိမြင်မည်ဖြစ်သောကြောင့် ထိုအဖိုးအခများအား ပေးဆပ်ရသည်မှာ ထိုက်တန်လိမ့်မည်။ သင်၏ အသွေးအသားက ခန္ဓာဝေဒနာအချို့ကို ခံစားရမည်ဖြစ်သော်လည်း ဤအဖိုးအခများက သင့်အား အဆုံးတွင် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ဖို့၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့၊ ကယ်တင်ခြင်းကို ရရှိဖို့ ထောက်ကူပေးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ယင်းတို့ကို အမှတ်ရလိမ့်မည်။ ဤအရာကို မည်သည့်အရာနှင့်မျှ လဲ၍ မရနိုင်ပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များဆိုသောအရာများ၊ သို့မဟုတ် ၎င်းတို့က သင့်အား စကားပြောသည့် ဝေဖန်သည့် စကားလုံးများသည် သင်ထမ်းဆောင်သင့်သည့် တာဝန်နှင့် ဘုရားရှေ့တွင် သင်ခံသင့်သည့် သက်သေခံချက်နှင့် နှိုင်းယှဉ်လျှင် အရေးမပါသလို ထုတ်ပြောဖို့ မထိုက်တန်ပေ။ အဘယ်ကြောင့်ဆိုသော် သင်ခံယူသည့် ဒုက္ခသည် အလွန်တန်ဖိုးရှိပြီး အလွန်အဓိပ္ပာယ်ရှိသောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤသည်မှာ ဘဝတွင် အဓိပ္ပာယ်အရှိဆုံး၊ တန်ဖိုးအရှိဆုံးအရာဖြစ်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့မိဘများ၏ စကားများကြောင့် အားနည်းပြီး စိတ်ဓာတ်မကျသင့်ပေ၊ သို့မဟုတ် စုံစမ်းသွေးဆောင်ခြင်းအတွင်းသို့ မသက်ဆင်းသင့်ပေ။ ပြီးလျှင် ၎င်းတို့သည် အသေအချာပင် နောင်တ၊ အပြစ်ကို မခံစားသင့်ပေ၊ သို့မဟုတ် ၎င်းတို့မိဘ၏ စကားများကြောင့် ၎င်းတို့သည် ၎င်းတို့မိဘများကို တာဝန်ပျက်ကွက်ခဲ့သည်ဟု မခံစားသင့်ပေ။ လူတို့သည် ၎င်းတို့ ခံယူပြီးဖြစ်သည့် ဒုက္ခအားဖြင့် ဂုဏ်ယူသင့်ပြီး “ဘုရားသခင်က ငါ့ကို ရွေးချယ်ခဲ့သည်။ ငါ့အသွေးအသားကို ဤအဖိုးအခမျိုး ပေးဆပ်နိုင်အောင်၊ စာတန်က ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်သည်ကို ခံနိုင်အောင် ထောက်ကူပေးခဲ့သည်။ သို့ဖြစ်၍ သူ့အတွက် သက်သေခံဖို့ အခွင့်အရေးကို ငါရနိုင်ခဲ့သည်” ဟု ပြောသင့်သည်။ ဘုရားသခင်က သူ၏ များစွာသော ရွေးချယ်ခြင်းခံရသူများထဲမှ သင့်အား ရွေးချယ်ခဲ့ခြင်းကို သင်ခံရသည်မှာ သင့်အတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး သင်သည် ဝမ်းမနည်းသင့်ပေ။ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာရပ်တည်လျှင်၊ စာတန်ကို အရှက်ရစေလျှင် ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်အတွက် ဘဝတွင် အကြီးဆုံးသော ဂုဏ်ဖြစ်သည်။ ရက်စက်စွာ ဖိနှိပ်ခံရပြီးနောက် သင့်ကိုယ်ခန္ဓာက မည်သည့်ရောဂါ၊ သို့မဟုတ် အကျိုးဆက်မျိုးကို ခံစားရသည်ဖြစ်စေ၊ သင့်မိသားစုနှင့် မိဘများက သင့်အား ဤသို့မြင်ရသည်မှာ မည်မျှနာကျင်ပါစေ သင်သည် ရှက်ခြင်း၊ စိတ်မချမ်းမသာဖြစ်ခြင်း မဖြစ်သင့်ပေ၊ သို့မဟုတ် ဤအတွက်ကြောင့် သင်သည် သင့်မိဘများကို တာဝန်ပျက်ကွက်ခဲ့ပြီဟု မခံစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းမှာ တရားမျှတသော အကြောင်းတရားအတွက် အဖိုးအခပေးဆပ်ခြင်းဖြစ်ပြီး ဤသည်မှာ ကောင်းမှုတစ်ခုဖြစ်သည်။ မည်သူကမျှ သင်၏ ကောင်းမှုများကို ဝေဖန်ရန် အရည်အချင်းမပြည့်မီပေ။ သင်က ဘုရားသခင်အား ယုံကြည်ခြင်း၊ ဘုရားနောက်လိုက်ခြင်း၊ သင့်တာဝန်အား ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်၍ မည်သူကမျှ တာဝန်မသိတတ်သော၊ ဝေဖန်သောမှတ်ချက်များ၊ သို့မဟုတ် အကဲဖြတ်မှုများကို ပြုလုပ်ရန် အရည်အချင်းမပြည့်မီပေ၊ သို့မဟုတ် ပြုလုပ်ပိုင်ခွင့် မရှိပေ။ ဖန်ဆင်းခြင်းသခင်ကသာ သင့်အပြုအမူ၊ သင်ပေးဆပ်ခဲ့သော အဖိုးအခနှင့် သင်ပြုလုပ်ခဲ့သော ရွေးချယ်မှုများကို အကဲဖြတ်ရန် အရည်အချင်း ပြည့်မီသည်။ အခြားမည်သူကမျှ အကဲဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ သင့်မိဘများအပါအဝင် မည်သူကမျှ သင့်အား ဝေဖန်ရန် အရည်အချင်း မပြည့်မီပေ။ ၎င်းတို့သည် သင်နှင့် အနီးကပ်ဆုံးလူများဖြစ်လျှင် ၎င်းတို့သည် သင့်အား နားလည်သင့်သည်၊ အားပေးသင့်ပြီး နှစ်သိမ့်သင့်သည်။ ၎င်းတို့သည် သင်၏ သက်သေခံချက်တွင် သင် ဇွဲလုံလရှိရန်၊ ခိုင်မာစွာရပ်တည်ရန်နှင့် စာတန်ထံတွင် ရှုံးနိမ့်ခြင်းကို ဝန်ခံခြင်း၊ သို့မဟုတ် အရှုံးပေးခြင်းအား ရှောင်ကြဉ်ရန် သင့်အား ပံ့ပိုးသင့်သည်။ ၎င်းတို့သည် ဂုဏ်ယူပြီး သင့်အတွက် ပျော်ရွှင်သင့်သည်။ သင်သည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန်အတွက် ယခုအချိန်အထိ ဇွဲရှိပြီး စာတန်ကို အရှုံးမပေးဘဲ နေနိုင်သည့်အတွက် ၎င်းတို့သည် သင့်အား အားပေးသင့်သည်။ သင့်အား ဆွဲမထားသင့်သလို သင့်အား သေချာပေါက် အပြစ်မတင်သင့်ပေ။ သင်က မှားယွင်းသောအရာ တစ်စုံတစ်ခုကို လုပ်ခဲ့လျှင် ၎င်းတို့သည် သင့်အား ဝေဖန်ရန် အရည်အချင်းပြည့်မီလိမ့်မည်။ သင်က မှားယွင်းသောလမ်းကြောင်းကို ယူလျှင်၊ ဘုရားသခင်က အရှက်ရစေလျှင်၊ အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားကို သစ္စာဖောက်လျှင် ၎င်းတို့က သင့်အား ဝေဖန်ရန် အရည်အချင်း ပြည့်မီလိမ့်မည်။ သို့သော် သင်၏ လုပ်ရပ်အားလုံးက အပြုသဘောဆောင်သည့်အပြင် ဘုရားသခင်က ယင်းတို့ကို လက်ခံပြီး အမှတ်ရသောကြောင့် ၎င်းတို့က သင့်အား ဝေဖန်လျှင် ၎င်းတို့က အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ မှားနေသည်မှာ ၎င်းတို့ ဖြစ်သည်။ ၎င်းတို့က ဘုရားသခင်အား သင်ယုံကြည်ခြင်း၊ လမ်းမှန်အား သင်လျှောက်ခြင်း၊ လူကောင်းတစ်ယောက်ဖြစ်ခြင်းကို စိတ်မကောင်း ဖြစ်သည်။ စာတန်က သင့်အား ဖိနှိပ်သောအခါတွင်မူ ၎င်းတို့က အဘယ်ကြောင့် စာတန်ကို မဝေဖန်သနည်း။ ၎င်းတို့က ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များကြောင့် သင့်အား ဝေဖန်နေခြင်းဖြစ်သည်။ သင်သည် မည်သည့်အရာကို အမှား လုပ်ခဲ့သနည်း။ သင်သည် ယုဒအဖြစ် ပြောင်းလဲမသွားစေရန် ယခုပင် ရှောင်ကြဉ်ခဲ့သည် မဟုတ်လော။ သင်က ယုဒအဖြစ်သို့ ပြောင်းမသွားပေ။ စာတန်နှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် စာတန်ကို အလျှော့ပေးရန် သင် ငြင်းဆန်ခဲ့သည်။ ပြီးလျှင် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန်အတွက် ဤနှိပ်စက်မှုနှင့် လူသားမဆန်သော ဆက်ဆံမှုကို သင် ခံစားရသည်။ ဤသည်မှာ မည်သည့်အမှားများ ရှိနေသနည်း။ သင်သည် မည်သည့်မှားယွင်းသောအရာကိုမျှ မလုပ်ခဲ့ပေ။ ဘုရားသခင်၏ အမြင်ရှုထောင့်မှ ကြည့်လျှင် သူသည် သင့်အတွက် ဝမ်းမြောက်သည်။ သင့်အတွက် ဂုဏ်ယူသည်။ သို့တိုင်အောင် သင့်မိဘများက သင်နှင့်ပတ်သက်၍ ရှက်ရွံ့ကြသည်။ သင်၏ ကောင်းမှုများကို ဝေဖန်သည်။ ဤသည်မှာ အဖြူနှင့်အနက်ကို ရှုပ်ထွေးနေခြင်း မဟုတ်လော။ ဤသူတို့သည် ကောင်းသော မိဘများဖြစ်သလော။ ၎င်းတို့သည် အဘယ်ကြောင့် သင့်အား ဖိနှိပ်နေသော စာတန်၊ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို မဝေဖန်သနည်း။ သင်သည် သင့်မိဘများထံမှ နှစ်သိမ့်မှု၊ အားပေးမှု၊ သို့မဟုတ် ပံ့ပိုးမှုကို တစ်ခုမျှ မရရုံသာမကဘဲ ပြောင်းပြန်ပင်ဖြစ်ပြီး ၎င်းတို့၏ ဝေဖန်ခြင်းနှင့် ဆူငေါက်ခြင်းကို ခံရသည်။ စာတန်က မည်သည့်ဆိုးယုတ်မှုကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့က စာတန်ကို ရှုတ်ချခြင်း၊ သို့မဟုတ် ကျိန်ဆဲခြင်း မပြုလုပ်ပေ။ ၎င်းတို့က စာတန်ကို နှုတ်ဖြင့် ဆဲရေးခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို တစ်ခွန်းမျှ မပြောရဲပေ။ ၎င်းတို့က “လူကောင်းတစ်ယောက်ကို ဤကဲ့သို့အခြေအနေအထိ မည်သို့များ ညှဉ်းပန်းနိုင်ရသနည်း။ သူလုပ်သမျှက ဘုရားကို ယုံကြည်ပြီး လမ်းမှန်ကို လျှောက်ခြင်းဖြစ်သည် မဟုတ်လော။ သူက မည်သည့်အရာကိုမျှ မခိုးခဲ့ပါ။ သို့မဟုတ် မလုယက်ခဲ့ပါ။ မည်သည့်ဥပဒေကိုမျှ မချိုးဖောက်ခဲ့ပါ။ သို့ဆိုလျှင် မင်းတို့က အဘယ်ကြောင့် သူ့ကို ဤကဲ့သို့ ညှဉ်းပန်းရသနည်း။ မင်းတို့က သူ့ကဲ့သို့ လူများကို အားပေးသင့်သည်။ လူ့အဖွဲ့အစည်းတွင် ရှိသည့်လူတိုင်းက ဘုရားကို ယုံကြည်ပြီး လမ်းမှန်ကို လျှောက်လျှင် ဤလူ့အဖွဲ့အစည်းသည် ဥပဒေများ လိုအပ်မည် မဟုတ်ပါ။ ပြီးလျှင် မည်သည့်ပြစ်မှုမျှ ရှိမည်မဟုတ်ပါ” ဟု မပြောပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ မဝေဖန်သနည်း။ သင့်အား ဖိနှိပ်သော စာတန်များနှင့် နတ်ဆိုးများအား ၎င်းတို့ အဘယ်ကြောင့် မဝေဖန်ရဲသနည်း။ ၎င်းတို့က သင့်အား လမ်းမှန်ကို လျှောက်ခြင်းကြောင့် အပြစ်တင်သည်။ သို့သော် ဆိုးယုတ်သောလူများက မကောင်းမှုများကို ကျူးလွန်သောအခါ ၎င်းတို့အား နားလည်မှုရှိစွာဖြင့် လက်ခံသည်။ ဤမိဘများကို သင် မည်သို့ထင်သနည်း။ သင်သည် ၎င်းတို့အတွက် စိတ်မကောင်းဖြစ်သင့်သလော။ ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်သင့်သလော။ သင့်စိတ်နှလုံးထဲတွင် ၎င်းတို့ကို ချစ်သင့်သလော။ ၎င်းတို့သည် သင်၏ သားသမီးဝတ်ကျေပွန်မှုနှင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) မထိုက်တန်ပေ။ ၎င်းတို့သည် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို ခွဲခြားသိမြင်နိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မရောရာသော လူနှစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် ခံစားချက်များမှလွဲပြီး မည်သည့်အရာကိုမျှ နားမလည်ပေ။ တရားမျှတမှုက မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ၊ လမ်းမှန်ကို လျှောက်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကိုဖြစ်စေ ၎င်းတို့ နားမလည်ပေ။ အပျက်သဘောဆောင်သော အရာများက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဆိုးယုတ်သော အင်အားစုများက မည်သည့်အရာဖြစ်သည်ဆိုသည်ကို ၎င်းတို့ မသိပေ။ ၎င်းတို့၏ ခံစားချက်များနှင့် ၎င်းတို့၏ ဇာတိပကတိကို ကာကွယ်ဖို့သာ ၎င်းတို့ သိသည်။ ဇာတိပကတိ ဆက်ဆံရေးများ၏ ဤအပေါ်ယံအဆန်ဆုံးအဆင့်မှ လွဲပြီး ၎င်းတို့၏ စိတ်နှလုံးက “ငါ့ကလေးများ ဘေးကင်းပြီး အဆင်ပြေသရွေ့ ငါ အလွန်ပျော်ပြီး ကျေးဇူးတင်မိမည် ဖြစ်သည်” ဟူသည့် အယူအဆသာ ပါဝင်သည်။ ဤမျှသာ ဖြစ်သည်။ ဘဝတွင်ရှိသော လမ်းမှန်၊ တရားမျှတသော အကြောင်းတရားများ၊ သို့မဟုတ် ဤဘဝတွင် လူတစ်ယောက် လုပ်ဆောင်နိုင်သော တန်ဖိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံးသောအရာတို့နှင့် ပတ်သက်လျှင် ဤသို့သောမည်သည့်အရာကိုမျှ ၎င်းတို့ နားမလည်ပေ။ ဤအရာများကို ၎င်းတို့ နားမလည်ပေ။ ပြီးလျှင် ၎င်းတို့သည် သင့်အား လမ်းမှန်ကို လျှောက်ခြင်းအတွက် ဆူငေါက်သည်။ ၎င်းတို့သည် အမှန်ပင် အလွန့်အလွန် မရေမရာဖြစ်နေကြသည်။ ဤမိဘများကို အဘယ်သို့ ထင်သနည်း။ ၎င်းတို့သည် အသက်ကြီးသော နတ်ဆိုးလင်မယား မဟုတ်သလော။ သင့်စိတ်နှလုံးတွင် တွေးတောရမည်မှာ “ဤအသက်ကြီးသည့် နတ်ဆိုးနှစ်ကောင်။ ကျွန်ုပ်သည် ယခုအချိန်အထိ ရိုက်နှက်ခြင်းများစွာ၊ နှိပ်စက်ခြင်းများစွာ ခံခဲ့ရသည်။ ဤရက်များတွင် ဘုရားသခင်ကို ကျွန်ုပ်တစ်နေ့လုံး၊ တစ်ညလုံး ဆုတောင်းနေခဲ့သည်။ ပြီးလျှင် သူက ကျွန်ုပ်ကို ကြည့်ရှုပြီး စောင့်ရှောက်နေခဲ့သည်။ သို့ဖြစ်၍ ကျွန်ုပ်က ယခုအထိ အသက်ရှင်နေနိုင်ခြင်းဖြစ်သည်၊ ကျွန်ုပ်၏ သက်သေခံချက်တွင် ကြီးမားသည့် အခက်အခဲနှင့် ခိုင်မာစွာ ရပ်တည်ခဲ့ပြီး ခင်ဗျားတို့က စကားလေးနည်းနည်းနှင့် ဤအရာကို လုံးဝ ငြင်းဆန်ခဲ့သည်။ ကျွန်ုပ် လမ်းမှန်ကို လျှောက်ခြင်းက မှား‌သလား။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်ခြင်းက မှားသလား။ ကျွန်ုပ်က ယုဒအဖြစ် ပြောင်းမသွားခြင်းက မမှားသည်မှာ သေချာသည်မဟုတ်‌လော။ ဤအသက်ကြီးသည့် နတ်ဆိုးနှစ်ကောင်။ ‘သင့်ကိုယ်ခန္ဓာကို သင့်မိဘများက ပေးသည်’ ဟူ၍ပြောသည်။ ကျွန်ုပ် ပိုင်ဆိုင်သည့်အရာအားလုံးက ဘုရားသခင်ထံမှ လာသည်မှာ ရှင်းသည်။ ကျွန်ုပ်ကို ပေးခဲ့သည်မှာ ခင်ဗျားတို့ ဟုတ်သလော။ ခင်ဗျားတို့က ကျွန်ုပ်ကို မွေးဖွားပြီး ပျိုးထောင်ပေးဖို့၊ ခင်ဗျားတို့လက်ထဲမှာ ကြီးပြင်းဖို့ ဘုရားသခင်က စီမံခဲ့ခြင်းသက်သက်သာ ဖြစ်သည်။ ခင်ဗျားတို့က ကျွန်ုပ်နှင့်ပတ်သက်ပြီး စိတ်သောကရောက်သည်။ ပြီးလျှင် ခင်ဗျားတို့၏ စိတ်ခံစားချက်ပိုင်း လိုအပ်ချက်များကို ဖြည့်ဆည်းဖို့အတွက် စိတ်ဆင်းရဲပြီး စိတ်မကောင်းဖြစ်သည်။ ကျွန်ုပ် သေသွားလျှင် ခင်ဗျားတို့ အသက်ကြီးသည့်အခါ ခင်ဗျားတို့ကို စောင့်ရှောက်ဖို့၊ ခင်ဗျားတို့ အသုဘကို စီစဉ်ဖို့ မည်သူမျှ မရှိမည်ကို ခင်ဗျားတို့ကြောက်သည်။ လူများက လှောင်ရယ်ပြီး ခင်ဗျားတို့ကို ကျွန်ုပ်အရှက်ရအောင် လုပ်ခဲ့သည်ဟု ထင်မည်ကို ခင်ဗျားတို့ ကြောက်သည်” ဟူ၍ဖြစ်သည်။ သင်က ပြစ်မှုကျူးလွန်သောကြောင့်၊ တစ်စုံတစ်ခုကို ခိုးယူခဲ့သောကြောင့်၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို လုယက်ခြင်း၊ လိမ်ညာခြင်း၊ တစ်ပတ်ရိုက်ခြင်း ပြုလုပ်ခဲ့သောကြောင့် ထောင်ကျလျှင် ၎င်းတို့က သင့်အတွက် ရေကုန်ရေခန်း ကြိုးစားကောင်းကြိုးစားနိုင်ပြီး “ငါ့ကလေးက လိမ္မာသည့် ကလေးဖြစ်သည်။ မကောင်းသည့်အရာတစ်ခုမျှ မလုပ်ခဲ့ပါ။ မကောင်းသည့် အကျင့်မရှိပါ။ သူက လိမ္မာပြီး ကြင်နာတတ်သည်။ ဤလောက၏ မကောင်းသည့် ရေပန်းစားမှုများက သူ့အပေါ် အပျက်သဘောဆောင်သည့် လွှမ်းမိုးမှုရှိသွားခြင်း သက်သက်ဖြစ်သည်။ အစိုးရက သူ့ကို သက်ညှာပေးဖို့ ငါ မျှော်လင့်သည်” ဟု ပြောနိုင်သည်။ ၎င်းတို့က သင့်အတွက် ရေကုန်ရေခန်း ကြိုးစားပေးလိမ့်မည်။ သို့သော် သင်က ဘုရားသခင်ကို ယုံကြည်သော လမ်းကြောင်းကို လျှောက်နေသောကြောင့်၊ လမ်းမှန်ကို လျှောက်သောကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ သင့်အား အထင်သေးသည်။ မည်သည်ပုံစံဖြင့် သင့်အား အထင်သေးသနည်း။ “မင်းရောက်နေသည့် အခြေအနေကို ကြည့်စမ်းပါဦး။ မင်းက ငါတို့အပေါ် ကောင်းပြနေခြင်း ဖြစ်သလော” ဟူ၍ ဖြစ်သည်။ သင်သည် “‘မင်းရောက်နေသည့် အခြေအနေကို ကြည့်စမ်းပါဦး’ ဆိုသည်မှာ သူတို့က မည်သည့်အရာကို ဆိုလိုသနည်း။ ငါက ဘဝမှာ လမ်းမှန်ကို လျှောက်နေခြင်းသက်သက် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့်လူတစ်ယောက် ဖြစ်ခြင်းဟု ခေါ်သည်။ ဤအရာက ကောင်းမှုများနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု ခေါ်သည်။ ဤသည်မှာ ခွန်အားဖြစ်သည်။ ဤကဲ့သို့လူများကသာ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်ပြီး သူရဲဘောကြောင်သူများ၊ အလကားလူများ၊ ယုဒများ မဟုတ်ပါ။ ငါက မည်သည့်အခြေအနေကို ရောက်နေသနည်း။ ဤအရာက စစ်မှန်သည့် လူသားပုံသဏ္ဌာန်ဖြစ်သည်။ ခင်ဗျားတို့က ငါ့့အတွက် မပျော်ရုံမကဘဲ ငါ့ကို အပြစ်တင်နေကြသည်။ မည်သို့သောမိဘများနည်း။ ခင်ဗျားတို့က မိဘဖြစ်ဖို့ မထိုက်တန်ပါ။ ကျိန်ဆဲခြင်း ခံရသင့်သည်” ဟု သင်၏ စိတ်နှလုံးထဲတွင် တွေးတောသင့်သည်။ သင်က ဤသို့စဉ်းစားလျှင် သင့်မိဘများက “သင့်ကိုယ်ခန္ဓာကို သင့်မိဘများက ပေးသည်။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဤကဲ့သို့ဖျက်ဆီးရသနည်း” ဟု ပြောသည်ကို ကြားသောအခါတွင် ငိုဦးမည်လော။ (ငိုမည်မဟုတ်ပါ။) ထိုစကားကို ကြားပြီးနောက်တွင် သင်မည်သို့ စဉ်းစားမည်နည်း။ “အတော်ကို အဓိပ္ပာယ်မရှိခြင်းဖြစ်သည်။ သူတို့က တကယ်ကို အသိတရားမရှိသည့် သက်ကြီးရွယ်အိုလင်မယားဖြစ်သည်။ ‘သင့််ကိုယ်ခန္ဓာကို သင့်မိဘများက ပေးသည်’ ဟူ၍ပြောသည်။ ခင်ဗျား၏ ကိုယ်ခန္ဓာကို မည်သူက ပေးခဲ့သည်ကိုပင် မသိပါ၊ ပြီးလျှင် ခင်ဗျားက ကျွန်ုပ်ကို အပြစ်တင်ဖို့ ဤစကားများကို သုံးသည်။ ခင်ဗျားက အတော်ကို မရေမရာဖြစ်နေပါတကား။ ကျွန်ုပ်ကို ဖိနှိပ်နေသည့်သူများမှာ နတ်ဆိုးများနှင့် စာတန်များဆိုသည်မှာ ရှင်း၏။ မည်သို့များ အဖြူနှင့်အမည်းကို ရှုပ်နေပြီး ကျွန်ုပ်ကို ဝေဖန်ရသနည်း။ ကျွန်ုပ်က ဥပဒေကို ချိုးဖောက်ခဲ့ခြင်းလော။ တစ်ခုခုကို ခိုးခဲ့သလော။ သို့မဟုတ် တစ်ယောက်ယောက်ထံမှ လုယက်ခဲ့သလော။ တစ်ယောက်ယောက်ကို လိမ်ညာ၊ တစ်ပတ်ရိုက်ခဲ့သလော။ မည်သည့်ဥပဒေကို ကျွန်ုပ် ချိုးဖောက်သနည်း။ မည်သည့်ဥပဒေကိုမျှ ကျွန်ုပ် မချိုးဖောက်ခဲ့ပါ။ ကျွန်ုပ်က လမ်းမှန်ကို လိုက်သောကြောင့် ဤကဲ့သို့အခြေအနေအထိ စာတန်က ဖိနှိပ်ခြင်းကို ခံရခြင်းဖြစ်သည်။ ယခုအထိ သစ္စာမဲ့သည့်စကားတစ်ခွန်းမျှ ကျွန်ုပ်ထုတ်မပြောခဲ့ပါ။ ယုဒအဖြစ် ပြောင်းမသွားပါ။ ဤကဲ့သို့ ခွန်အားမျိုးကို မည်သူက ပိုင်ဆိုင်သနည်း။ ခင်ဗျားက ကျွန်ုပ်ကို ချီးမွမ်းခြင်း၊ အားပေးခြင်း မရှိရုံတင်မဟုတ်ဘဲ ကျွန်ုပ်ကို အပြစ်တင်သည်၊ ခင်ဗျားက နတ်ဆိုးဖြစ်သည်” ဟူ၍ ဖြစ်သည်။ သင်သည် ဤသို့ စဉ်းစားလျှင် ငိုမည်မဟုတ်၊ သို့မဟုတ် အားနည်းမည်မဟုတ်သည်မှာ မဟုတ်လော။ သင့်မိဘများသည် အမှန်နှင့် အမှားကို မသိပေ။ အဖြူနှင့်အမည်းကို ရောထွေးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်သောကြောင့်၊ သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သောကြောင့် ၎င်းတို့ပြောဆိုသည့် နတ်ဆိုးဆန်သော စကားများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများ၏ လွှမ်းမိုးမှုကို မခံရသင့်ပေ။ ထိုအစား သင်သည် ဆက်လက်၍ သမ္မာတရားကို ကိုင်စွဲသင့်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏ သက်သေခံချက်တွင် အမှန်တကယ် ခိုင်မာစွာ ရပ်တည်လိမ့်မည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။)

ငါ့ကို ပြောလော့။ မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ရန် လွယ်ကူသလော။ ရှေးဦးစွာ သင်၏ ခံစားချက်များမှ သင်လွတ်မြောက်ရမည်။ ဒုတိယအနေဖြင့် သမ္မာတရားကို သင်နားလည်ရမည်။ ထိုအခါမှသာ သင်သည် မည်သည့်အားနည်းချက်ကိုမျှ တွေ့ကြုံမည်မဟုတ်။ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ပြီး ဤအထူးအခြေအနေမျိုးတွင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် လက်ခံခြင်းကို ခံရမည်။ ထိုအခါမှသာ ဘုရားသခင်က သင့်အား အောင်မြင်သူတစ်ယောက်နှင့် သူ၏ နောက်လိုက်တစ်ယောက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ သင်သည် အောင်နိုင်ပြီးသောအခါတွင်၊ ဘုရားသခင်အပေါ် တာဝန်မပျက်ကွက်သည့်အခါတွင် သင့်မိဘများအပေါ် တာဝန်ပျက်ကွက်သည်ဟု ခံစားရမည့်အစား သင်သည် သင့်အပေါ် သင့်မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်နိုင်လိမ့်မည် မဟုတ်လော။ သင့်မိဘများ၏ မျှော်မှန်းချက်များက အရေးမကြီးပေ။ ယင်းတို့က အရေးမပါပေ။ ဘုရားသခင်၏ မျှော်မှန်းချက်များအတိုင်း လျော်ညီအောင်နေခြင်း၊ ဘုရားသခင်အပေါ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းတို့သည် အရေးကြီးဆုံးသောအရာများ ဖြစ်သည်။ ယင်းတို့သည် ဖန်ဆင်းခံတစ်ယောက်က ရှိသင့်သော သဘောထားနှင့် လိုက်စားမှုများဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် အားနည်းသောအခါတွင်၊ လမ်းပျောက်သောအခါတွင်၊ အထူးသဖြင့် လမ်းမှန်အား လျှောက်နေစဉ် စာတန်များ၏ ဝိုင်းထားခြင်း၊ ဖိနှိပ်ခြင်းကို ခံရသောအခါတွင်၊ သို့မဟုတ် လောကီကမ္ဘာတွင်ရှိသောသူများ၏ ပစ်ပယ်ခြင်း၊ လှောင်ပြောင်ခြင်း၊ ငြင်းပယ်ခြင်းကိုခံရသောအခါတွင် သင့်အနီးတွင်ရှိသူများဖြစ်သည့် သင်၏ ဆွေမျိုး၊ မိတ်ဆွေ၊ အသိအကျွမ်းများက သင်သည် ရှက်ရွံ့စရာတစ်ခုခုကို လုပ်ဆောင်ခဲ့သည်ဟု ထင်မြင်မည်ဖြစ်ပြီး မည်သူကမျှ သင့်အား နားလည်မည်၊ အားပေးမည်၊ ပံ့ပိုးမည်၊ သို့မဟုတ် နှစ်သိမ့်မည် မဟုတ်ပေ။ မည်သူကမျှ သင့်အား ကူညီခြင်း၊ လမ်းပြခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းအား ညွှန်ပြခြင်းတို့ကို ပို၍ပင် လုပ်ဆောင်မည်မဟုတ်ပေ။ ဤတွင် သင့်မိဘများ ပါဝင်သည်။ သင်သည် ၎င်းတို့အနီးတွင်ရှိပြီး သားသမီးဝတ် ကျေပွန်ခြင်း မရှိသောကြောင့်၊ သို့မဟုတ် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သင့်တာဝန်ကို ထမ်းဆောင်နေသောကြောင့် ၎င်းတို့ကို ကောင်းမွန်စွာ နေထိုင်ရန် မကူညီနိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့၏ ကြင်နာမှုကို ပြန်လည် မပေးဆပ်နိုင်သည့်အတွက် ၎င်းတို့က သင့်အား နားလည်မည်မဟုတ်ပေ။ ၎င်းတို့၏ အမြင်ရှုထောင့်သည် လောကီကမ္ဘာရှိလူတို့၏ အမြင်ရှုထောင့်ဖြင့် တူညီလိမ့်မည်။ သင်က ၎င်းတို့ကို အရှက်ရစေခဲ့သည်ဟုလည်းကောင်း၊ သင့်အား ပျိုးထောင်ပေးခြင်းအတွက် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိခဲ့ဟုလည်းကောင်း၊ ၎င်းတို့သည် သင့်ထံမှ မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ဟုလည်းကောင်း၊ သင်သည် ၎င်းတို့၏ မျှော်မှန်းချက်များကို မဖြည့်ဆည်းခဲ့ဟုလည်းကောင်း၊ ၎င်းတို့အပေါ် တာဝန်မကျေခဲ့ဟုလည်းကောင်း၊ စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဖြစ်သည်ဟုလည်းကောင်း ၎င်းတို့က ထင်မြင်လိမ့်မည်။ သင့်မိဘများက သင့်အား နားလည်မည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့က သင့်အား မည်သည့်အပြုသဘောဆောင်သော လမ်းပြမှုမျှ ပေးနိုင်မည်မဟုတ်။ သင့်ဆွေမျိုးများနှင့် မိတ်ဆွေများဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ သင်က လမ်းမှန်အား လျှောက်နေစဉ်တွင် ဘုရားသခင်သာ မမောမပန်းစွာဖြင့် သင့်အား အားပေးနေခြင်း၊ ကူညီနေခြင်း၊ နှစ်သိမ့်နေခြင်း၊ ပြီးလျှင် ပံ့ပိုးနေခြင်းဖြစ်သည်။ သင်သည် ထောင်ထဲတွင် နှိပ်စက်ပြီး ညှဉ်းပန်းခံနေရသောအခါတွင် ဘုရားသခင်က သင့်အားပေးခဲ့သည့် ဘုရားနှုတ်ကပတ်တော်နှင့် ယုံကြည်ခြင်းကသာ သင့်အား စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နေ့ရက်တိုင်း အားဖြည့်ပေးလိမ့်မည်။ ထို့ကြောင့် သင်သည် ပြင်းထန်သော ရိုက်နှက်ချက်များကို ခံယူနေသောအခါ၌ ဘုရားသခင်က သင့်အားပေးခဲ့သော ဘုရားနှုတ်ကပတ်တော်နှင့် ယုံကြည်ခြင်းကြောင့် သင်သည် ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ဆက်လက်၍ ခိုင်မာစွာ ရပ်တည်နေဖို့ကို လိုလားနိုင်လိမ့်မည်။ ယုဒအဖြစ်သို့ ပြောင်းမသွားစေရန် ဆက်လက်ထိန်းသိမ်းဖို့ကို လိုလားနိုင်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်၏ အမည်နာမကို ဆက်လက် ဘုန်းထင်ရှားစေပြီး စာတန်ကို ဆက်လက် အရှက်ရစေဖို့ လိုလားနိုင်လိမ့်မည်။ သင်သည် တစ်ဖက်တွင် သင်၏ စိတ်ပြတ်သားမှုကြောင့် ဤအရာများကို လုပ်ဆောင်နိုင်လိမ့်မည်။ အခြားသော ပိုအရေးကြီးသောတစ်ဖက်တွင် ဘုရားသခင်၏ လမ်းပြမှု၊ စောင့်ရှောက်မှု၊ ဦးဆောင်မှုတို့ကြောင့် ဤအရာများကို လုပ်ဆောင်နိုင်လိမ့်မည်။ သင့်မိဘများကမူ သင်က နှစ်သိမ့်မှု၊ ကူညီမှုတို့ကို အလိုအပ်ဆုံးအချိန်၌ ၎င်းတို့အတွက်သာ တွေးတောနေဆဲဖြစ်ပြီး သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူ ဖြစ်သည်ဟုလည်းကောင်း၊ ဤဘဝတွင် ၎င်းတို့သည် သင့်အား မည်သည့်အခါမျှ အားကိုး၍ မရနိုင်ဟုလည်းကောင်း၊ ၎င်းတို့က သင့်အား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်သည်ဟုလည်းကောင်း ပြောသည်။ ၎င်းတို့က သင့်အား ပျိုးထောင်ခဲ့သည်ကိုလည်းကောင်း၊ ကောင်းမွန်သောဘဝကို ၎င်းတို့ နေထိုင်နိုင်ဖို့ သင်ကူညီရန်၊ သင်၏ ဘိုးဘေးများအတွက် ဂုဏ်ဆောင်ပေးရန်၊ ၎င်းတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများရှေ့တွင် သင့်အတွက် ဂုဏ်ယူဝင့်ကြွားပြီး မော်ကြွားနိုင်ဖို့ ထောက်ကူပေးရန် သင့်အပေါ် အားကိုးလိုသည်ကိုလည်းကောင်း ၎င်းတို့ မမေ့သေးပေ။ ဘုရားသခင်ကို မယုံကြည်သော မိဘများသည် သင်၏ ယုံကြည်မှုကြောင့် ဂုဏ်ရှိပြီး ကံကောင်းသည်ဟု မည်သည့်အခါမျှ မခံစားရပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏တာဝန်ထမ်းဆောင်လျက် အလုပ်ရှုပ်နေသောကြောင့် ၎င်းတို့ဆီသို့ လာလည်ရန်၊ သို့မဟုတ် ၎င်းတို့အား ပြုစုစောင့်ရှောက်ရန် အချိန်မယူသည့်အတွက် သင့်အား မကြာခဏ အပြစ်တင်ကြသည်။ ၎င်းတို့က သင့်ကို အပြစ်တင်ရုံသာမကဘဲ သင့်ကို မကြာခဏ ဆူငေါက်ကာ “စာနာစိတ်ကင်းမဲ့သော ကလေး”နှင့် “ကျေးဇူးမတင်တတ်သော ကလေး” ဟု ခေါ်သည်။ ဤနာမည်ဆိုးများကို ခံယူလျက် လမ်းမှန်ကို လျှောက်ခြင်းသည် သင့်အတွက် ခက်ခဲသည်ဟု မခံစားရသလော။ မတရားခံရသည်ဟု သင် မခံစားရသလော။ သင်သည် ဤအရာများကို တွေ့ကြုံခံစားနေရစဉ်တွင် သင့်မိဘများ၏ ပံ့ပိုးမှု၊ အားပေးမှု၊ နားလည်မှုတို့ကို မလိုအပ်သလော။ သင်သည် သင့်မိဘများအပေါ် တာဝန်မကျေဖြစ်ခဲ့သည်ဟု မကြာခဏ မခံစားရသလော။ အကျိုးဆက်အနေဖြင့် လူအချို့သည် “ဤဘဝတွင် ငါ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ဖို့ဖြစ်စေ၊ သူတို့နှင့် အတူနေဖို့ဖြစ်စေ ကံမပါလာပါ။ သို့ဆိုလျှင်လည်း နောက်ဘဝတွင် သူတို့အပေါ် သားသမီးဝတ်ကျေပွန်အောင် လုပ်လိုက်မည်” ဟုပင် မိုက်မဲသော အတွေးအချို့ ရှိကြသည်။ ဤအတွေးသည် မိုက်မဲခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင့်တွင် ဤအတွေးများမရှိသင့်ပေ။ ယင်းတို့ကို အရင်းအမြစ်မှနေ၍ သင်ဖြေရှင်းသင့်သည်။ သင်သည် လမ်းမှန်ကို လျှောက်သည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ဖို့နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် ဖန်ဆင်းခြင်းသခင်၏ ရှေ့သို့ လာရောက်ဖို့ သင် ရွေးချယ်ပြီးဖြစ်သည်။ ဤသည်မှာ ဤကမ္ဘာတွင် တစ်ခုတည်းသော မှန်ကန်သည့်လမ်းကြောင်း ဖြစ်သည်။ သင်သည် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သင့်မိဘများအပါအဝင် မယုံကြည်သောသူတို့က သင့်အား မည်မျှနားလည်မှုလွဲပါစေ၊ သင့်ကြောင့် စိတ်ပျက်ကြပါစေ ယင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းရန် သင်၏ ရွေးချယ်မှုကိုဖြစ်စေ၊ သင်၏တာဝန်ထမ်းဆောင်ရန် သင်၏ စိတ်ပိုင်းဖြတ်ချက်ကိုဖြစ်စေ မထိခိုက်သင့်သကဲ့သို့ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကိုလည်း မထိခိုက်သင့်ပေ။ သင်သည် လမ်းမှန်ကို လျှောက်လှမ်းနေခြင်း ဖြစ်သောကြောင့် ဇွဲရှိသင့်သည်။ ထို့အပြင် သင့်မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်သင့်သည်။ ယင်းတို့သည် လမ်းမှန်အား သင်လျှောက်လှမ်းနေစဉ်တွင် သင့်အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်မလာသင့်ပေ။ သင်သည် လမ်းမှန်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ သင်သည် ဘဝတွင် အမှန်ကန်ဆုံးသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သင့်မိဘများက သင့်ကို မပံ့ပိုးလျှင်၊ ၎င်းတို့က သင့်ကို စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူတစ်ယောက် ဖြစ်ခြင်းအတွက် အစဉ် ဆူငေါက်လျှင် သင်သည် ၎င်းတို့အပေါ် ပို၍ပင် ပိုင်းခြားသိမြင်မှုရှိသင့်သည်။ ပြီးလျှင် စိတ်ခံစားမှုဆိုင်ရာ အဆင့်တွင် ၎င်းတို့ကို လက်လွှတ်သင့်ပြီး ၎င်းတို့အားဖြင့် စိတ်မကျဉ်းကျပ်သင့်ပေ။ ၎င်းတို့က သင့်ကို ပံ့ပိုးခြင်း၊ အားပေးခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းမရှိလျှင်လည်း သင်သည် ပြဿနာရှိမည်မဟုတ်ပေ။ သင်သည် ဤအရာများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သည့်အရာကိုမျှ ရရှိမည်၊ ဆုံးရှုံးမည်မဟုတ်ပေ။ အရေးကြီးဆုံးအရာမှာ သင့်အတွက် ဘုရားသခင်၏ မျှော်မှန်းချက်များဖြစ်သည်။ ဘုရားသခင်က သင့်အား အားပေးနေခြင်း၊ ပံ့ပိုးနေခြင်းနှင့် လမ်းပြနေခြင်း ဖြစ်သည်။ သင်သည် တစ်ယောက်တည်းမဟုတ်ပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များမရှိဘဲလည်း သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းနိုင်ဆဲသာဖြစ်သည်။ ပြီးလျှင် ဤအရာကို အခြေခံပြီး သင်သည် လူကောင်းတစ်ယောက် ဖြစ်နေဦးမည် ဖြစ်သည်။ သင့်မိဘများ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းက သင်သည် သင်၏ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားပျောက်သွားသည်ဟု မဆိုလိုပေ။ ပြီးလျှင် သင်သည် သင်၏လူ့သဘာဝကို၊ သို့မဟုတ် ကိုယ်ကျင့်တရားနှင့် တရားမျှတမှုကို စွန့်ပစ်ခဲ့သည်ဟု အသေအချာပင် မဆိုလိုပေ။ သင့်မိဘများ၏ မျှော်မှန်းချက်များအတိုင်း ပြည့်မီအောင် သင်မလုပ်ဆောင်ခဲ့သည့် အကြောင်းရင်းမှာ အပြုသဘောဆောင်သောအရာများကို သင် ရွေးချယ်ခဲ့သောကြောင့်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် သင် ရွေးချယ်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လုံးဝ မှားယွင်းခြင်းမရှိပေ။ အမှန်ကန်ဆုံး လမ်းကြောင်းဖြစ်သည်။ သင်သည် သင်၏ ယုံကြည်မှုတွင် ဇွဲရှိပြီး ဆက်လက်၍ ခိုင်မာနေသင့်သည်။ သင်သည် သင့်မိဘများ၏ ပံ့ပိုးမှုကို မရဖို့ ဖြစ်နိုင်သလို ၎င်းတို့၏ ကောင်းချီးများကို သေချာပေါက် ရနိုင်ခြေမရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သောကြောင့် ဖြစ်သည်။ သို့သော် ဤသည်မှာ အရေးမပါပေ။ အရေးမကြီးပေ။ သင်သည် မည်သည့်အရာကိုမျှ မဆုံးရှုံးခဲ့ပေ။ အရေးအကြီးဆုံးအရာမှာ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းလမ်းကြောင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းလမ်းကြောင်းကို လျှောက်ရန် ရွေးချယ်သောအခါ ဘုရားသခင်က သင့်အပေါ် စတင်၍ မျှော်မှန်းချက်များရှိပြီး မြင့်မားသော မျှော်လင့်ချက်များ ရှိခြင်းဖြစ်သည်။ လူတို့သည် ဤကမ္ဘာ၌ နေထိုင်စဉ်တွင် ၎င်းတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများထံမှ လမ်းလွဲသွားလျှင် ၎င်းတို့သည် ကောင်းစွာ အသက်ရှင်နိုင်ဆဲ ဖြစ်သည်။ ၎င်းတို့မိဘများထံမှ လမ်းလွဲသွားလျှင်လည်း သာမန်အသက်ရှင်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးများထံမှ လမ်းလွဲသွားသောအခါမှသာ ၎င်းတို့သည် မှောင်မိုက်ထဲသို့ သက်ဆင်းကြသည်။ လူတို့အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့် သူ၏ လမ်းပြမှုနှင့် ယှဉ်ကြည့်လျှင် မိဘများ၏ မျှော်မှန်းချက်များသည် အရေးမပါဘဲ ထုတ်ပြောပြရန် မထိုက်တန်ခြင်းသာ ဖြစ်သည်။ သင့်မိဘများက သင့်အား မည်သို့သောသူမျိုးဖြစ်ရန် မျှော်မှန်းသည်ဖြစ်စေ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အဆင့်၌ သင့်အား မည်သည့်ဘဝမျိုးကို ရှင်သန်ဖို့ ၎င်းတို့ မျှော်မှန်းသည်ဖြစ်စေ ၎င်းတို့သည် သင့်အား လမ်းမှန်ကို၊ သို့မဟုတ် ကယ်တင်ခြင်းကို လမ်းကြောင်းကို လမ်းပြပေးနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်သည် သင်၏အမြင်ကို ပြောင်းပြန်လှန်ပြီး သင့်စိတ်နှလုံးအတွင်းထဲမှလည်းကောင်း၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အဆင့်တွင်လည်းကောင်း သင့်မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်သင့်သည်။ သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခဲ့သောကြောင့် ဤဝန်ထုပ်ဝန်ပိုးမျိုးကို ဆက်လက်၍ မထမ်းရွက်သင့်ပေ၊ သို့မဟုတ် သင့်မိဘများအပေါ် အပြစ်ရှိသည်ဟု လုံးဝ မခံစားသင့်ပေ။ သင်သည် မည်သူ့အပေါ်ကိုမျှ တာဝန်ပျက်ကွက်သည့် အရာတစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သင်သည် ဘုရားနောက်သို့လိုက်ပြီး ဘုရား၏ ကယ်တင်ခြင်းကို လက်ခံရန် ရွေးချယ်ခဲ့သည်။ ဤသည်မှာ သင့်မိဘများအား တာဝန်ပျက်ကွက်ခြင်း မဟုတ်။ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သင်က ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းရန်နှင့် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရွေးချယ်ခဲ့သည်ကို သင့်မိဘများက ဂုဏ်ယူကာ မော်ကြွားသင့်သည်။ ၎င်းတို့က ဤသို့ မလုပ်နိုင်လျှင် လူကောင်းများ မဟုတ်။ ၎င်းတို့သည် သင်၏ လေးစားမှုနှင့် မထိုက်တန်ပေ။ ၎င်းတို့သည် သင်၏ သားသမီးဝတ်နှင့် ပို၍ပင် မထိုက်တန်ပေ။ ပြီးလျှင် ၎င်းတို့သည် သင်၏ အရေးစိုက်မှုနှင့် ပို၍ပင် မထိုက်တန်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။)

ဤကမ္ဘာတွင် မည်သည့်လူမျိုးက လေးစားမှုနှင့် အထိုက်တန်ဆုံး ဖြစ်သနည်း။ လမ်းမှန်ကို လျှောက်သောသူများ မဟုတ်သလော။ ဤတွင် “လမ်းမှန်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းအား လက်ခံခြင်းကို မဆိုလိုသလော။ လမ်းမှန်ကို လျှောက်သောသူတို့သည် ဘုရားသခင်နောက်လိုက်ပြီး နာခံသောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသို့သောသူမျိုးဖြစ်လျှင်၊ သို့မဟုတ် ဤသို့သောသူမျိုးဖြစ်ရန် ကြိုးပမ်းအားထုတ်လျှင်၊ သင့်မိဘများက သင့်ကို နားမလည်ဘဲ သင့်အား အစဉ်သဖြင့် ကျိန်ဆဲခြင်းပင် ပြုလျှင်၊ သင်က အားနည်းသောအခါ၊ စိတ်ဓာတ်ကျပြီး လမ်းပျောက်သောအခါတွင် ၎င်းတို့က သင့်အား ပံ့ပိုးရန်၊ နှစ်သိမ့်ရန်၊ သို့မဟုတ် အားပေးရန် ပျက်ကွက်ရုံသာမကဘဲ ၎င်းတို့အား သားသမီးဝတ်ကျေပွန်ဖို့၊ ပိုက်ဆံများစွာရှာပြီး ၎င်းတို့ကို ပြုစုစောင့်ရှောက်ဖို့၊ ၎င်းတို့အား တာဝန်မပျက်ကွက်ဖို့၊ ၎င်းတို့အား သင်နှင့်အတူ ကောင်းစားအောင် ထောက်ကူပေးဖို့၊ ပြီးလျှင် သင်နှင့်အတူ ကောင်းမွန်သောဘဝကို နေထိုင်ဖို့ သင့်အား ပြန်လာရန် ၎င်းတို့က မကြာခဏတောင်းဆိုလျှင် ဤသို့သောမိဘများကို ဘေးဖယ်မထားသင့်သလော။ (ဘေးဖယ်ထားသင့်ပါသည်။) ဤသို့သော မိဘများသည် သင်၏ လေးစားမှုဖြင့် ထိုက်တန်သလော။ ၎င်းတို့သည် သင်၏ သားသမီးဝတ်ဖြင့် ထိုက်တန်သလော။ ၎င်းတို့သည် ၎င်းတို့အပေါ် သင်၏ တာဝန်ကို ဖြည့်ဆည်းပေးခြင်းဖြင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) အဘယ်ကြောင့် မထိုက်တန်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို စိတ်ကုန်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရား မဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ၎င်းတို့ မုန်းတီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရား တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းမှာ လမ်းမှန်အား သင်လျှောက်ခြင်းကို ၎င်းတို့က အထင်သေးသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် တရားမျှတသော အကြောင်းတရားကို ပါဝင်လုပ်ဆောင်သောသူများကို အထင်သေးသည်။ သင်သည် ဘုရားနောက်လိုက်ပြီး သင်၏ တာဝန်ထမ်းဆောင်သောကြောင့် ၎င်းတို့က သင့်အား အရေးမစိုက်ဘဲ အထင်သေးသည်။ မည်သို့သော မိဘမျိုး ဖြစ်သနည်း။ ၎င်းတို့သည် စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်မာသော မိဘများ မဟုတ်သလော။ တစ်ကိုယ်ကောင်းဆန်သော မိဘများ မဟုတ်သလော။ ဆိုးယုတ်သော မိဘများ မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် ဘုရားသခင်အား သင်၏ ယုံကြည်မှုတွင် အဆင်းနီသော နဂါးကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်။ သင်သည် ပြေးလွှားနေရပြီး အိမ်သို့ မပြန်နိုင်ပေ။ ပြီးနောက် လူအချို့ဆိုလျှင် နိုင်ငံခြားသို့ပင် သွားရသည်။ သင်၏ ဆွေမျိုးများ၊ မိတ်ဆွေများ၊ အတန်းဖော်များအားလုံးက သင်သည် ဝရမ်းပြေးဖြစ်သွားပြီဟု ပြောကြသည်။ ပြီးလျှင် ဤပြင်ပ ကောလာဟလများနှင့် အတင်းအဖျင်းစကားများကြောင့် သင့်မိဘများက သင်သည် ၎င်းတို့ကို မျှတမှုမရှိစွာဖြင့် ဒုက္ခရောက်စေသည်၊ ၎င်းတို့ကို အရှက်ရစေသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် သင့်အား နားလည်ခြင်း၊ ပံ့ပိုးခြင်း၊ သို့မဟုတ် မျှဝေခံစားကြည့်ခြင်းမရှိရုံမကဘဲ၊ ထိုကောလာဟလများကို ဖြန့်နေသည့်လူတို့ကို၊ သင့်အား အထင်အမြင်သေးပြီး ခွဲခြားဆက်ဆံသူတို့ကို အပြစ်မတင်ရုံသာမကဘဲ သင့်မိဘများက သင့်ကိုလည်း မုန်းတီးသည်။ ၎င်းတို့သည် သင်နှင့်ပတ်သက်ပြီး ဘုရားသခင်ကို မယုံကြည်သောသူများနှင့် အာဏာပိုင်များကဲ့သို့ပင် တစ်ထပ်တည်းသော အရာများကို ပြောဆိုသည်။ ဤမိဘများကို သင်မည်သို့ ထင်မြင်သနည်း။ ၎င်းတို့သည် ကောင်းသလော။ (မကောင်းပါ။) ဤသို့ဆိုလျှင် သင်တို့သည် ၎င်းတို့အပေါ် အကြွေးတင်သည်ဟု ခံစားရဆဲဖြစ်သလော။ (မခံစားရပါ။) သင်က သင့်မိသားစုအား ရံဖန်ရံခါ ဖုန်းခေါ်လျှင် ဝရမ်းပြေးတစ်ယောက်ထံမှ ဖုန်းခေါ်ဆိုခြင်းခံရသကဲ့သို့ ၎င်းတို့က ထင်မြင်လိမ့်မည်။ ဤသည်မှာ အလွန်ပင် ရှက်စရာဖြစ်သည်ဟုလည်းကောင်း၊ သင်သည် လိုက်ဖမ်းခြင်းခံရသော ကြွက်တစ်ကောင်ကဲ့သို့ အိမ်သို့ပင် ပြန်မလာရဲဟုလည်းကောင်း ၎င်းတို့က ခံစားရလိမ့်မည်။ သင့်အား သားသမီးတစ်ယောက်အဖြစ် တော်စပ်ရသည်မှာ ရှက်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ ခံစားရမည်။ ဤသို့သော မိဘများသည် လေးစားခြင်းဖြင့် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ၎င်းတို့သည် လေးစားဖို့ရန် မထိုက်တန်ပေ။ ဤသို့ဆိုလျှင် သင့်အပေါ် ၎င်းတို့မျှော်မှန်းချက်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် သင်တို့၏ စိတ်ထဲတွင် ထားရှိရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) သင့်အပေါ် ၎င်းတို့မျှော်မှန်းချက်များ၏ အဓိကပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့က သင့်အား အမှန်တကယ်ပင် လမ်းမှန်ကို လျှောက်ပြီး အဆုံး၌ ကယ်တင်ခြင်းကို ရစေလိုသလော။ ၎င်းတို့က သင့်အား လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများနောက်ကို လိုက်ပြီး ကမ္ဘာလောကတွင် အောင်မြင်ကြီးပွားစေဖို့၊ ၎င်းတို့ကို ဂုဏ်ဆောင်ပေးဖို့၊ ကမ္ဘာလောကကို ဂုဏ်သိက္ခာဖြင့် ရင်ဆိုင်နိုင်အောင် ၎င်းတို့ကို ထောက်ကူပေးဖို့၊ ၎င်းတို့၏ ဂုဏ်ဆောင်မှုနှင့် ဝမ်းမြောက်မှုဖြစ်လာဖို့ မျှော်လင့်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ၎င်းတို့သည် သင်နှင့်အတူ ကောင်းစားနိုင်ဖို့ကို လိုလားသည်။ ကောင်းစွာ စားသောက်နိုင်ဖို့ကို လိုလားသည်။ နာမည်ကြီးတံဆိပ်ကောင်းများကို ဝတ်ဆင်နိုင်ပြီး ရွှေ၊ ငွေများဖြင့် သီးနေနိုင်ဖို့ကို လိုလားသည်။ ၎င်းတို့သည် ခမ်းနားထည်ဝါသော အပျော်စီး သင်္ဘောများဖြင့် သွားလိုပြီး ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသို့ ခရီးသွားလိုသည်။ သင်သည် ကမ္ဘာတွင် အောင်မြင်ကြီးပွားလျှင်၊ ဤကမ္ဘာတွင် ကျော်ကြားမှုနှင့် ငွေရှိလျှင်၊ ၎င်းတို့အား သင်နှင့်အတူ ကောင်းစားစေဖို့ ထောက်ကူပေးလျှင် ၎င်းတို့သည် ၎င်းတို့သွားသမျှ နေရာတိုင်းတွင် သင်၏ အမည်ကို ထုတ်ပြောပြီး “ကျွန်ုပ်၏သား၊ ကျွန်ုပ်၏သမီးက မည်သူမည်ဝါ ဖြစ်သည်” ဟု ပြောလိမ့်မည်။ ယခုတွင် ၎င်းတို့သည် သင်၏ အမည်ကို ထုတ်ပြောသလော။ (မပြောပါ။) သင်သည် လမ်းမှန်ကို လျှောက်နေခြင်း ဖြစ်သော်လည်း သင့်အမည်ကို ထုတ်မပြောပေ။ ၎င်းတို့က သင်သည် ပိုက်ဆံတစ်ပြားမျှမရှိဘဲ ခိုကိုးရာမဲ့သူဖြစ်သည်၊ ပြဿနာကောင် ဖြစ်သည်ဟုလည်းကောင်း၊ သင့်အကြောင်းပြောခြင်းသည် မိမိတို့ကိုယ်ကို အရှက်ရစေခြင်းနှင့် ညီမျှသည်ဟုလည်းကောင်း ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့က သင့်အကြောင်းမပြောပေ။ ထို့ကြောင့် သင့်မိဘများ၏ မျှော်မှန်းချက်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်နှင့်အတူ ကောင်းစားရန် ဖြစ်သည်။ သင်၏ ကောင်းကျိုးအတွက်သက်သက် မဟုတ်ပေ။ ၎င်းတို့က သင့်ကြောင့် ကောင်းစားနိုင်မှသာ ပျော်ရွှင်လိမ့်မည်။ ယခုတွင် သင်သည် ဖန်ဆင်းခြင်းသခင်ရှေ့သို့ ပြန်လာခဲ့ပြီး ဘုရားသခင်၊ သူ၏ ကယ်တင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို လက်ခံခဲ့ပြီး ဖြစ်သည်။ ယခုတွင် သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ခံယူခဲ့ပြီး ဘဝတွင် လမ်းမှန်ပေါ်၌ စတင်လျှောက်လှမ်းပြီ ဖြစ်သည်။ ၎င်းတို့သည် သင့်ထံမှ အမြတ်ရခြင်း၊ သို့မဟုတ် အကျိုးအမြတ် ဖြစ်ထွန်းခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့သည် သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်ဟု ခံစားရသည်။ ဤသည်မှာ ၎င်းတို့က စီးပွားရေးလုပ်ပြီး ဆုံးရှုံးမှုတစ်ခု ဖြစ်သွားသကဲ့သို့ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် နောင်တများဖြင့် ပြည့်ကြသည်။ အချို့မိဘများက “မင်းကို ပျိုးထောင်ရသည်မှာ ခွေးတစ်‌ကောင်ကို ပျိုးထောင်ရသည်ထက်ပင် ပို၍ ဆိုးလေသည်။ ခွေးကို ပျိုးထောင်လျှင် ခွေးက သခင်ကို မြင်ပါက အလွန်ခင်မင်ပြီး အမြီးနန့်ရမည်ကို သိသည်။ မင်းကို ပျိုးထောင်သဖြင့် မည်သည့်အရာကို မျှော်လင့်၍ရသနည်း။ မင်းက တစ်နေကုန် ဘုရားကို ယုံကြည်ပြီး မင်းတာဝန်ကို ထမ်းဆောင်နေသည်။ စီးပွားရေးမလုပ်သလို အလုပ်ကိုလည်း မသွားပါ။ လုံခြုံစိတ်ချရသည့် အသက်မွေးဝမ်းကျောင်းကိုပင် မင်း မလိုချင်ပါ။ ပြီးလျှင် နောက်ဆုံး၌ ငါတို့ အိမ်နီးချင်းများအားလုံးက ငါတို့ကို စတင်လှောင်ရီလာကြပြီဖြစ်သည်။ မင်းထံမှ ငါတို့ မည်သည့်အရာများ ရခဲ့သနည်း။ မင်းထံမှ တစ်ခုမျှ ငါမရသေးပါ။ သို့မဟုတ် လုံးဝ မကောင်းစားသေးပါ” ဟု မကြာခဏ ပြောသည်။ သင်သည် လောကီကမ္ဘာ၏ ဆိုးယုတ်သော ရေပန်းစားမှုများနောက်သို့လိုက်ပြီး ထိုနေရာ၌ အောင်မြင်ရန် ကြိုးပမ်းလျှင် သင်သည် ဒုက္ခခံရလျှင်၊ နာမကျန်းဖြစ်လျှင်၊ သို့မဟုတ် ဝမ်းနည်းလျှင် သင့်မိဘများက ပံ့ပိုးခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်းတို့ ပြုလုပ်ဖို့ များလိမ့်မည်။ သို့တိုင်အောင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ကယ်တင်ခြင်းခံရရန် အခွင့်အလမ်း ရှိသည်ဆိုသည့်အချက်ကို ၎င်းတို့ မကျေနပ်ပေ၊ သို့မဟုတ် ဝမ်းမမြောက်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ သင့်အား မုန်းတီးပြီး ကျိန်ဆဲသည်။ ၎င်းတို့၏ အနှစ်သာရကို အခြေခံလျှင် ဤမိဘများသည် သင်၏ ရန်သူများဖြစ်ပြီး ကမ္ဘာရန်များဖြစ်သည်။ ၎င်းတို့သည် သင်ကဲ့သို့သော လူစားမျိုးမဟုတ်။ ပြီးလျှင် သင်နှင့်တူညီသောလမ်းကြောင်းကို လျှောက်နေခြင်း မဟုတ်ပေ။ သင်တို့သည် အပေါ်ယံတွင် မိသားစုဖြစ်သည့် ပုံစံရှိသော်လည်း သင်၏ အနှစ်သာရ၊ လိုက်စားမှု၊ နှစ်သက်မှု၊ သင်လိုက်လျှောက်သည့်လမ်းကြောင်း၊ အပြုသဘောဆောင်သောအရာများ၊ ဘုရားသခင်နှင့် သမ္မာတရားကို သင်ချဉ်းကပ်သည့် သဘောထားမျိုးမျိုးတို့ကို အခြေခံကြည့်လျှင် ၎င်းတို့သည် သင်နှင့်တူညီသော လူစားမျိုးမဟုတ်ပေ။ ထို့ကြောင့် “ကျွန်ုပ်တွင် ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိသည်။ ဘဝတွင် မှန်ကန်သော လမ်းကြောင်းပေါ် တက်ရောက် လျှောက်လှမ်းနေပြီဖြစ်သည်” ဟု သင် မည်မျှပြောသည်ဖြစ်စေ ၎င်းတို့သည် စိတ်လှုပ်ရှားမည်မဟုတ်။ ပြီးလျှင် သင့်အတွက် ပျော်ရွှင်မည်မဟုတ်၊ သို့မဟုတ် ဝမ်းမြောက်မည်မဟုတ်ပေ။ ထိုအစား ရှက်ရွံ့လိမ့်မည်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အဆင့်တွင် ဤမိဘများသည် သင့်မိသားစုဖြစ်သည်။ သို့သော် သင်၏ သဘာဝအနှစ်သာရကို အခြေခံလျှင် ၎င်းတို့သည် သင့်မိသားစုမဟုတ်ပေ။ သင်၏ ရန်သူများဖြစ်သည်။ တွေးကြည့်လော့။ သားသမီးများက အိမ်သို့ ပြန်သောအခါ လက်ဆောင်နှင့် ပိုက်ဆံများ ယူလာလျှင်၊ ကောင်းစွာစားသောက်ပြီး ကောင်းသောနေရာများ၌ နေထိုင်ဖို့ ၎င်းတို့မိဘများအား ထောက်ကူပေးလျှင် ၎င်းတို့မိဘများသည် အလွန်အမင်း ပျော်ရွှင်လိမ့်မည်။ ၎င်းတို့သည် အလွန်ပျော်ရွှင်လှသည်မှာ မည်သည့်အရာကို ပြောရမည်ကို သိမည်မဟုတ်သည့်အထိပင် ဖြစ်၏။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် “ငါ့သားသည် အလွန်တော်သည်။ ငါ့သမီးသည် အလွန်တော်သည်။ ၎င်းတို့ကို ငါပျိုးထောင်ပြီး မေတ္တာထားခဲ့သည်မှာ အလဟဿ မဖြစ်။ သူတို့က အသိတရားရှိသည်။ ငါတို့အပေါ် သားသမီးဝတ်ကျေပွန်ရကောင်းမှန်း သိသည်။ ပြီးလျှင် သူတို့၏ စိတ်နှလုံးထဲတွင် ငါတို့အတွက် နေရာရှိသည်။ ၎င်းတို့သည် လိမ္မာသော သားသမီးများဖြစ်သည်” ဟု ပြောနေလိမ့်မည်။ သင်သည် ဘုရားသခင်အား ယုံကြည်ပြီး သင်၏ တာဝန်ထမ်းဆောင်နေသောကြောင့် မည်သည့်အရာမျှ မဝယ်ဘဲ အိမ်သို့ လက်ဗလာဖြင့် ပြန်လာသည် ဆိုပါစို့။ သင်က သင့်မိဘများနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်၊ ဘုရားနှုတ်ကပတ်တော်အကြောင်း ပြောပြီး သင်က သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းပြီ ဖြစ်သည်ဟု ပြောသည် ဆိုပါစို့။ သင့်မိဘများက “မင်းက မည်သည့်အရာများကို လာပြောနေသနည်း။ မင်းကို ငါ နားမလည်နိုင်ပါ။ ဤနှစ်များတစ်လျှောက်လုံးတွင် ငါမင်းကို ပျိုးထောင်ခဲ့သည်။ ပြီးလျှင် မင်းက ငါ့မျှော်မှန်းချက်များကို တစ်ခုမျှ မဖြည့်ဆည်းပေးခဲ့ပါ။ နောက်ဆုံး၌ ငါတို့ထံကို မင်းပြန်လာလည်သည်။ အနည်းဆုံးအနေဖြင့် ငါတို့အတွက် ခြေအိတ်တစ်စုံဖြစ်စေ၊ အသီးအနှံအချို့ဖြစ်စေ ယူလာပေးသင့်သည်။ မင်းက မည်သည့်အရာကိုမျှ ယူမလာဘဲ လက်ဗလာဖြင့်သာ ပြန်လာလေသည်” ဟု ရုတ်ခြည်း ထင်မြင်လိမ့်မည်။ သင့်မိဘများက “ဤအရာများကို မင်းပြောသည်ကို ကြားရသည်မှာ မင်းများစွာ ပြောင်းလဲသွားပြီဖြစ်သည်ကို ငါမြင်ရသည်။ ယခင်က မင်းသည် ငယ်ရွယ်ပြီး မာနထောင်လွှားသော်လည်း ယခုအခါတွင် မင်းသည် အမှန်တကယ် ပြောင်းလဲသွားပြီဖြစ်သည်။ မင်းပြောနေသမျှ အရာအားလုံးသည် သင့်တင့်လျောက်ပတ်သော ကိစ္စများဖြစ်သည်ကို ငါမြင်ရသည်။ မင်းတိုးတက်လာပြီဖြစ်သည်။ မင်း၌ အလားအလာရှိသလို မင်းအတွက် မျှော်လင့်ချက်လည်း ရှိ၏။ မှန်သောလမ်းကြောင်းကို မင်းလျှောက်နိုင်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်ကာ ကယ်တင်ခြင်း ရရှိနိုင်သည်။ မင်းက လူကောင်းလေးတစ်ဦးဖြစ်သည်။ အပြင်လောကတွင် မင်းဒုက္ခခံစားနေခဲ့ရသည်။ မင်းအတွက် စားစရာကောင်းကောင်းတစ်ခုကို ငါချက်ပြုတ်ပေးသင့်သည်။ ငါတို့တွင် ကြက်သုံးလေးကောင် မွေးထားသည်။ ပြီးလျှင် ပုံမှန်အားဖြင့် ယင်းတို့ကို ငါတို့ သတ်ရမည့်အစား ယင်းတို့၏ ဥများကို စားဖို့သာ ငါတို့ စောင့်ဆိုင်းလိုကြသည်။ သို့သော်လည်း ယခု မင်းအိမ်ပြန်ရောက်လာသဖြင့် ကြက်တစ်ကောင် ငါသတ်လိုက်ပြီး မင်းအတွက် ကြက်စွပ်ပြုတ် အနည်းငယ် ရအောင် နှပ်လိုက်မည်။ ဤလမ်းကြောင်းကို ရွေးသည်မှာ မင်းမှန်သည်။ ကယ်တင်ခြင်းကို မင်းရရှိနိုင်လိမ့်မည်။ မင်းအတွက် ငါ အလွန်ပင် ပျော်ရွှင်ရ၏။ လွန်ခဲ့သည့် ဤနှစ်အနည်းငယ်တွင် မင်းကို လွမ်းခဲ့ရသည်။ ငါတို့ အဆက်အသွယ် မရှိခဲ့သော်ငြားလည်း ယခုအခါတွင် မင်းက ငါတို့ထံ ပြန်လာလည်ခဲ့ပြီဖြစ်သဖြင့် ငါစိတ်အေးရသည်။ မင်းကြီးပြင်းလာပြီဖြစ်သည်။ ယခင်ကထက် မင်း ပို၍ ရင့်ကျက်ပြီး အသိတရားရှိလာပြီဖြစ်သည်။ မင်းပြောသမျှနှင့် လုပ်သမျှ အရာများလုံးသည် သင့်တင့်လျောက်ပတ်သော အရာများသာ ဖြစ်လေသည်” ဟု ပြောမည်မဟုတ်ပေ။ ၎င်းတို့၏ သားသမီးက လမ်းမှန်ကို လျှောက်ခြင်း၊ မှန်ကန်သော အတွေးများနှင့် အမြင်များ ပိုင်ဆိုင်ခြင်းတို့ကို မြင်ခြင်းမှတစ်ဆင့် မိဘများသည်လည်း အကျိုးအမြတ်ရနိုင်ပြီး ၎င်းတို့၏ အသိအမြင်ကို တိုးချဲ့နိုင်သည်။ ၎င်းတို့၏ သားသမီးက တာဝန်ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားနိုင်သောကြောင့် ဤမိဘများသည် ၎င်းတို့ကို ပံ့ပိုးပေးသင့်သည်။ အနာဂတ်တွင် ၎င်းတို့၏ကလေးက ကယ်တင်ခြင်းရပြီး နိုင်ငံတော်သို့ ဝင်ရောက်လျှင်၊ ၎င်းတို့၏ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားဖြင့် ထိခိုက်ခြင်းမခံရတော့လျှင် ယင်းသည် အလွန်ကောင်းသောအရာ ဖြစ်လိမ့်မည်။ ဤမိဘများက အသက်ကြီးသော်လည်း၊ သမ္မာတရားကို နားလည်သဘောပေါက်ရန် နှေးကွေးသော်လည်း၊ ဤအမှုအရာများကို အသေအချာ နားမလည်သော်လည်း ၎င်းတို့က “ငါ၏ ကလေးသည် လမ်းမှန်ကို လျှောက်နိုင်သည်။ ယင်းမှာ အလွန်ကောင်းပေသည်။ သူသည် လူကောင်းလေးတစ်ဦး ဖြစ်သည်။ မည်သည့်ရာထူးကြီးနေရာမျှ၊ ပြီးလျှင် မည်သည့်ကြွယ်ဝမှုပမာဏကမျှ ဤမျှ ကောင်းမွန်ခြင်း၊ သို့မဟုတ် တန်ဖိုးရှိခြင်း မရှိပါ” ဟု ခံစားရသည်။ ငါ့ကို ပြောလော့။ ဤမိဘများသည် မိဘကောင်းများ ဟုတ်သလော။ (ဟုတ်ပါသည်။) လေးစားမှုနှင့် ထိုက်တန်သလော။ (ထိုက်တန်ပါသည်။) ၎င်းတို့သည် သင်၏ လေးစားမှုနှင့် ထိုက်တန်သည်။ ဤသို့ဆိုလျှင် သင်သည် ၎င်းတို့အား လေးစားမှုကို မည်သို့ ပြသင့်သနည်း။ သင်၏ စိတ်နှလုံးတွင် ၎င်းတို့အတွက် ဆုတောင်းသင့်သည်။ ၎င်းတို့က ဘုရားသခင်အား ယုံကြည်လျှင် သင်သည် ၎င်းတို့အား လမ်းပြပြီး စောင့်ရှောက်ရန်အတွက် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ ဤသို့အားဖြင့် ၎င်းတို့သည် စမ်းသပ်မှုများနှင့် စုံစမ်းသွေးဆောင်မှုအချိန်ကာလအတွင်းတွင်း ၎င်းတို့၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်နိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို မယုံကြည်လျှင် သင်သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လေးစားသင့်ဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဘဝက တည်ငြိမ်ဖို့၊ မကောင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖို့နှင့် မကောင်းမှုများစွာ မကျူးလွန်ဖို့၊ ပြီးလျှင် အကောင်းဆုံး အနေအထားမှာ ၎င်းတို့ သေဆုံးပြီးနောက်တွင် ပြစ်ဒဏ်များစွာ မခံရဖို့ သင် မျှော်လင့်သင့်သည်။ ထို့အပြင် သင်သည် ၎င်းတို့နှင့်အတူ အချို့သော အပြုသဘောဆောင်သည့်အရာများ၊ အတွေးများနှင့် အမြင်များကို မိတ်သဟာယဖွဲ့ရန် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ဤသည်မှာ လေးစားမှုဟု ခေါ်သည်။ အကောင်းဆုံးသော သားသမီးဝတ်ကျေပွန်ခြင်းနှင့် သင့်တာဝန်များကို အကောင်းဆုံး ဖြည့်ဆည်းခြင်းဟုလည်း ခေါ်ဆိုနိုင်သည်။ ဤအရာကို သင်စွမ်းဆောင်ရရှိနိုင်သလော။ (ရရှိနိုင်ပါသည်။) ဝိညာဉ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအဆင့်တွင် ၎င်းတို့အား အားပေးပြီး ပံ့ပိုးလော့။ ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင် သင်က နေအိမ်၌ ၎င်းတို့နှင့် အဖော်ပြုနေစဉ်တွင် အလုပ်တစ်ခုခု ပြီးစေရန် ၎င်းတို့ကို အစွမ်းကုန် ကူညီလော့။ ပြီးလျှင် သင်နားလည်သော၊ သင့်မိဘများက နားလည်သဘောပေါက်နိုင်သော အရာအချို့ကို မိတ်သဟာယဖွဲ့လော့။ ၎င်းတို့အား အေးဆေးစွာ လုပ်ဆောင်စေရန်၊ အလွန်အမင်း ပင်ပန်းအောင် မလုပ်မိစေရန်၊ ငွေရေးကြေးရေးနှင့် အခြားသောအမှုကိစ္စမျိုးစုံကို အလွန်အမင်း ပုံကြီးချဲ့မပြောဆိုရန်၊ အမှုအရာများကို ဖြစ်သမျှအကြောင်း အကောင်းပဲဟူ၍ ဤအတိုင်းသာ ဖြစ်ခွင့်ပြုရန် ကူညီလော့။ ဤသည်မှာ လေးစားမှုဟု ခေါ်သည်။ သင့်မိဘများအား ကောင်းသော၊ သင့်တင့်လျောက်ပတ်သော လူများအဖြစ် ဆက်ဆံလော့။ ၎င်းတို့အပေါ် သင်၏တာဝန်အနည်းငယ်ကို ဖြည့်ဆည်းလော့။ သားသမီးဝတ်အနည်းငယ် ကျေပွန်လော့။ ပြီးလျှင် ၎င်းတို့အပေါ် သင်၏ ဝတ္တရားအချို့ကို ထမ်းဆောင်လော့။ ဤသည်မှာ လေးစားမှုဟု ခေါ်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို နားလည်ပြီး ပံ့ပိုးသော မိဘများသာ လေးစားမှုနှင့် ထိုက်တန်သည်။ ၎င်းတို့မှ လွဲ၍ အခြားသောမိဘများက လေးစားမှုနှင့် မထိုက်တန်ပေ။ ၎င်းတို့သည် သင့်အား ပိုက်ဆံရှာခိုင်းခြင်းအပြင် ကမ္ဘာလောကတွင် အောင်မြင်ကြီးပွားစေလိုသည်။ နာမည်ရစေလိုသည်။ ဤအရာ၊ သို့မဟုတ် ထိုအရာကို လုပ်ဆောင်စေလိုသည်။ ဤမိဘများသည် ၎င်းတို့၏ သင့်လျော်သော အရေးကိစ္စများကို အာရုံမစိုက်သော မိဘများဖြစ်ပြီး လေးစားမှုနှင့် မထိုက်တန်ပေ။

ယခုတွင် သင်တို့အားလုံးသည် မိဘ၏ မျှော်မှန်းချက်များအား လက်လွှတ်ခြင်းကို နားလည်ပြီး သင့်မိဘများ၏ မျှော်မှန်းချက်များကို လက်လွှတ်နိုင်သည်။ အခြားမည်သည့်အရာများကို သင်တို့ လက်မလွှတ်နိုင်သနည်း။ သင့်မိဘများ၏ ဘဝ၊ သို့မဟုတ် သင့်မိဘများကိုယ်တိုင်နှင့်ပတ်သက်လျှင် မည်သည့်အရာကို သင်ဂရုမစိုက်ဆုံး ဖြစ်သနည်း။ ဆိုလိုသည်မှာ စိတ်ခံစားချက်ဆိုင်ရာ အဆင့်တွင် မည်သည့်အရာများက သင့်အတွက် ခွဲခွာဖို့၊ သို့မဟုတ် လက်လွှတ်ဖို့ အခက်ခဲဆုံး ဖြစ်သနည်း။ “သင့်မိဘများသည် သင်၏ ကြွေးရှင်များမဟုတ်၊ သင့်မိဘများသည် သင့်ဘဝ၊ သို့မဟုတ် သင့်ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်” ဟူသည့် ဤအကြောင်းအရာကို အခြေခံအားဖြင့် ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးဆုံးခဲ့ပြီ မဟုတ်လော။ ယင်းကို နားလည်သလော။ (နားလည်ပါသည်။) သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်။ ဆိုလိုသည်မှာ ၎င်းတို့က အချိန်များစွာ အကုန်ခံပြီး သင့်အား ပျိုးထောင်ရုံသက်သက်ဖြင့် သင်သည် ၎င်းတို့အား မည်သို့ ပြန်လည်ပေးဆပ်ရမည်ကို အစဉ် တွေးတောမနေသင့်ပေ။ သင်က ၎င်းတို့ကို ပြန်လည်မပေးဆပ်နိုင်လျှင်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန် အခွင့်အလမ်း၊ သို့မဟုတ် သင့်တော်သော အခြေအနေမရှိလျှင် သင်သည် အစဉ်ဝမ်းနည်းပြီး အပြစ်ရှိသကဲ့သို့ ခံစားရမည်မှာ တစ်စုံတစ်ယောက်က သူ၏မိဘများကို သားသမီးဝတ်ကျေပွန်ရန်အတွက် ဂရုစိုက်ခြင်း၊ သို့မဟုတ် အချို့သောအရာများကို လုပ်ဆောင်ခြင်းတို့ကို သင်မြင်သည့်အခါတိုင်းတွင်ပင် ဝမ်းနည်းမည့် အဆင့်ထိဖြစ်သည်။ သင် အရွယ်ရောက်သူတစ်ဦးအဖြစ် ကြီးပြင်းလာစေရန် ထောက်ကူပေးရင်း သင့်ကို ပျိုးထောင်ရန် သင့်မိဘများအား ဘုရားသခင်က စီမံခဲ့သည်မှာ ၎င်းတို့အား ပြန်လည်ပေးဆပ်လျက် သင်၏ ဘဝကို ကုန်ဆုံးဖို့အတွက် မဟုတ်ပေ။ သင်သည် ဤဘဝတွင် သင်ဖြည့်ဆည်းရမည့် တာဝန်၊ ဝတ္တရားများရှိသည်။ သင် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိသည်။ သင်၏ ကိုယ်ပိုင်ဘဝရှိသည်။ ဤဘဝတွင် သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လျက် သင်၏ အားအင်အားလုံးကို အသုံးမချသင့်ပေ။ ဤသည်မှာ သင့်ဘဝတွင်၊ သင့်ဘဝလမ်းကြောင်းတွင် သင့်အား အဖော်ပြုသော အရာတစ်ခုသာ ဖြစ်သည်။ လူ့သဘာဝနှင့် စိတ်ခံစားချက်ဆိုင်ရာ ဆက်ဆံရေးများနှင့်ပတ်သက်လျှင် ဤသည်မှာ ရှောင်လွှဲ၍မရနိုင်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် သင်နှင့် သင့်မိဘများက မည်သည့်ဆက်ဆံရေးမျိုးရှိရန် ကံပါလာသည်၊ သင်၏ ကျန်သည့်ဘဝတစ်လျှောက်တွင် သင်တို့သည် အတူနေထိုင်နိုင်မည် ဟုတ်မဟုတ်၊ သင်တို့သည် ခွဲခွာရမည် ဟုတ်မဟုတ်နှင့် အတူနေရဖို့ ကံပါလာခြင်း ရှိမရှိတို့အတွက်မူ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများအပေါ်တွင် မူတည်သည်။ သင်သည် ဤဘဝတစ်လျှောက်တွင် သင့်မိဘများနှင့် မတူညီသည့်နေရာတစ်ခုတွင် ရှိမည်ဟုလည်းကောင်း၊ သင်သည် ၎င်းတို့နှင့် အလွန်ဝေးမည်ဟုလည်းကောင်း၊ မကြာခဏ အတူတကွ နေနိုင်မည် မဟုတ်ဟုလည်းကောင် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ကြိုတင်စီစဉ်ခဲ့လျှင် ၎င်းတို့အပေါ် သင်၏တာဝန်များအား ဖြည့်ဆည်းခြင်းသည် သင့်အတွက် ပြင်းပြသောဆန္ဒတစ်မျိုးသာ ဖြစ်သည်။ ဘုရားသခင်က သင့်အား ဤဘဝတွင် သင့်မိဘများနှင့် အလွန်နီးကပ်စွာ နေထိုင်ရန်၊ ၎င်းတို့အနီးတွင် နေနိုင်ရန် စီစဉ်ခဲ့လျှင် သင့်မိဘများအပေါ် သင်၏ တာဝန်အနည်းငယ်ကို ဖြည့်ဆည်းခြင်း၊ ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ခြင်းတို့သည် ဤဘဝတွင် သင်လုပ်ဆောင်သင့်သည့် အရာများဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ဝေဖန်နိုင်သည့်အရာ မရှိပေ။ သို့သော် သင်သည် သင့်မိဘများနှင့် မတူညီသည့်နေရာ၌ ရှိနေလျှင်၊ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ရန် အခွင့်အလမ်း၊ သို့မဟုတ် သင့်တော်သော အခြေအနေမရှိလျှင် ဤအရာကို ရှက်စရာကောင်းသောအရာအဖြစ် မှတ်ယူရန် မလိုအပ်ပေ။ သင်သည် သင်၏ မိဘများအပေါ် သားသမီးဝတ် မကျေပွန်နိုင်သောကြောင့် ၎င်းတို့ကို ရင်ဆိုင်ရန် မရှက်ရွံ့သင့်ပေ။ သင့်အခြေအနေများက ခွင့်မပြုခြင်းသာ ဖြစ်သည်။ သင်သည် သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများက သင်၏ ကြွေးရှင်များမဟုတ်သည်ကို နားလည်သင့်သည်။ ဤဘဝတွင် သင်လုပ်ဆောင်ရမည့်အရာ များစွာရှိသည်။ ယင်းတို့အားလုံးမှာ ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်၊ ဖန်ဆင်းခြင်းသခင်က သင့်အပေါ် အပ်နှံထားသည့် အရာများဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် သင့်မိဘများ၏ ကြင်နာမှုကို ပြန်ပေးဆပ်ခြင်းနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်း၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ခြင်း၊ ၎င်းတို့၏ ကြင်နာမှုကို တုံ့ပြန်ခြင်းဟူသည့်အရာတို့သည် ဘဝတွင် သင်၏တာဝန်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင့်မိဘများအပေါ် သားသမီးဝတ် ကျေပွန်ရန်၊ ၎င်းတို့အား ပြန်လည်ပေးဆပ်ရန်၊ သို့မဟုတ် ၎င်းတို့အပေါ် သင်၏တာဝန်တစ်ခုခုကို ဖြည့်ဆည်းရန် သင့်အနေဖြင့် မလိုအပ်ဟုလည်း ဆိုနိုင်သည်။ ရိုးရှင်းစွာ ဆိုရလျှင် အခြေအနေပေးသောအခါ၌ ဤအရာအနည်းငယ်ကို သင် လုပ်ဆောင်နိုင်ပြီး သင့်တာဝန်အနည်းငယ်ကို ဖြည့်ဆည်းနိုင်သည်။ အခြေအနေ မပေးသောအခါတွင် ဤသို့ မလျှော့တမ်းလုပ်ဆောင်ရန် မလိုပေ။ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် သင်၏တာဝန်ကို မဖြည့်ဆည်းနိုင်လျှင် ဤသည်မှာ အလွန်ဆိုးရွားသောအရာတစ်ခု မဟုတ်ပေ။ သင်၏ အသိစိတ်၊ လူသား ကိုယ်ကျင့်တရား၊ လူသားအယူအဆတို့နှင့် အနည်းငယ်ဆန့်ကျင်ခြင်းသာ ဖြစ်သည်။ သို့သော် အနည်းဆုံးအနေဖြင့် ယင်းသည် သမ္မာတရားနှင့် မဆန့်ကျင်ပေ။ ဤအတွက် ဘုရားသခင်က သင့်အား ရှုတ်ချမည်မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်သောအခါ ဤအတွက်ကြောင့် သင်သည် လိပ်ပြာမလုံဟု ခံစားရမည်မဟုတ်ပေ။ ဤသမ္မာတရား၏ သွင်ပြင်လက္ခဏာကို သင်တို့ ယခုနားလည်သွားသဖြင့် သင်တို့၏ စိတ်နှလုံးသည် မတည်ငြိမ်သွားသလော။ (တည်ငြိမ်သွားပါသည်။) လူအချို့က “ဘုရားသခင်က ကျွန်ုပ်ကို ရှုတ်ချမည် မဟုတ်သော်လည်း ကျွန်ုပ်၏ အသိစိတ်တွင် ဤအရာကို မကျော်လွှားနိုင်သေးပါ၊ ပြီးလျှင် တည်ငြိမ်မှုမရှိဟု ကျွန်ုပ် ခံစားရသည်” ဟု ပြောကြသည်။ သင်က ဤသို့ဖြစ်လျှင် သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်။ သင်သည် ဤအမှုကိစ္စ၏ အနှစ်သာရကို နားမလည်သေးပေ၊ သို့မဟုတ် မသိမြင်သေးပေ။ လူ၏ ကံကို သင်နားမလည်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်နားမလည်ပေ။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကို သင်လက်ခံလိုစိတ်မရှိပေ။ သင်သည် လူသားစိတ်နှင့် ကိုယ်ပိုင်ခံစားချက်များကို အစဉ် ပိုင်ဆိုင်သည်။ ပြီးလျှင် ဤအရာများက သင့်အား တွန်းအားပေးပြီး အုပ်စိုးနေသည်။ ယင်းတို့သည် သင်၏ ဘဝဖြစ်လာသည်။ သင်သည် လူသားစိတ်ဆန္ဒကိုလည်းကောင်း၊ သင့်ခံစားချက်များကိုလည်းကောင်း ရွေးချယ်လျှင် သမ္မာတရားကို သင်မရွေးချယ်ခဲ့ပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း၊ သို့မဟုတ် နာခံနေခြင်း မဟုတ်ပေ။ သင်သည် လူသားစိတ်ဆန္ဒကိုလည်းကောင်း၊ သင့်ခံစားချက်များကိုလည်းကောင်း ရွေးချယ်လျှင် သင်သည် သမ္မာတရားကို သစ္စာဖောက်နေခြင်းဖြစ်သည်။ သင့်အခြေအနေများနှင့် ပတ်ဝန်းကျင်က သင့်မိဘများအပေါ် သင်သားသမီးဝတ်ကျေပွန်ရန် ခွင့်မပြုသည်မှာ သိသာထင်ရှားပေသည်။ သို့သော် သင်က “ငါ့မိဘများအပေါ် အကြွေးတင်သည်။ သူတို့အပေါ် သားသမီးဝတ်မကျေပွန်သေးပါ။ သူတို့က ငါ့ကိုမတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ သူတို့ ငါ့ကို ပျိုးထောင်ပေးခဲ့သည်မှာ အလကား ဖြစ်ရလေသည်” ဟု အစဉ် တွေးသည်။ သင့်စိတ်နှလုံးအတွင်းထဲတွင် ဤအရာများကို လုံးဝ လက်မလွှတ်နိုင်ပေ။ ဤသည်မှာ တစ်ခုကို သက်သေပြသည်။ သမ္မာတရားအား သင် လက်မခံခြင်း ဖြစ်သည်။ အယူဝါဒနှင့်ပတ်သက်လျှင် ဘုရားနှုတ်ကပတ်တော်များက မှန်ကန်သည်ဟု သင် အသိအမှတ်ပြုသည်။ သို့သော် ယင်းတို့ကို သမ္မာတရားအဖြစ် သင်လက်မခံပေ၊ သို့မဟုတ် သင့်လုပ်ရပ်များ၏ စည်းမျဉ်းများအဖြစ် မမှတ်ယူပေ။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် သင့်မိဘများအပေါ် သင်၏ဆက်ဆံပုံနှင့်ပတ်သက်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် သင်သည် သမ္မာတရားကို အခြေခံပြီး လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်ရမည့်အစား သင်၏ စိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များ၊ သင့်အသိစိတ်၏ လိုအပ်ချက်များကိုသာ ဖြည့်ဆည်းကာ သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်လိုပြီး ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်လိုသောကြောင့် ဖြစ်သည်။ ဤရွေးချယ်မှုကို ပြုလုပ်သည့်အတွက် ဘုရားသခင်က သင့်အား မရှုတ်ချသည့်အပြင် ယင်းသည် သင်၏ ရွေးချယ်မှုဖြစ်သော်လည်း နောက်ဆုံးတွင် အထူးသဖြင့် ဘဝနှင့်ပတ်သက်လျှင် ဆုံးရှုံးရမည့်သူမှာ သင်ဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဤအမှုကိစ္စ၏ ချည်နှောင်ခြင်းကို ခံရသည်။ သင်သည် သင့်မိဘများကို ရင်ဆိုင်ရန် အလွန်ပင် ရှက်ရွံ့သည်ဟုလည်းကောင်း၊ သင်သည် ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်မပေးဆပ်ရသေးဟုလည်းကောင်း အစဉ် တွေးသည်။ တစ်နေ့တွင် သင့်မိဘများ၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် သင်၏ ဆန္ဒက အလွန်ကြီးမားသည်ကို ဘုရားသခင်က မြင်သောအခါ သူသည် ချက်ချင်းပင် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ညွှန်ကြားလိမ့်မည်။ ထို့နောက် သင်သည် အိမ်သို့ ပြန်နိုင်သည်။ သင့်မိဘများက အရာရာထက်ပို၍ မြင့်သည်၊ သမ္မာတရားထက် ပို၍မြင့်သည်ဟု သင်မထင်သလော။ သင်သည် ၎င်းတို့အပေါ် သားသမီးဝတ်ကျေပွန်ပြီး သင့်အသိစိတ်နှင့် ခံစားချက်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် သင်သည် ဘုရားသခင်ကိုသာ ဆုံးရှုံးပြီး သမ္မာတရားကို စွန့်ပစ်မည်။ ပြီးလျှင် ကယ်တင်ခြင်းရရန် သင်၏ အခွင့်အလမ်းကို စွန့်ပစ်လိမ့်မည်။ ကောင်းပြီ၊ ယင်းမှာပြဿနာမရှိပေ။ ဤသည်မှာ သင်၏ ရွေးချယ်မှုဖြစ်သည်။ ဘုရားသခင်က ဤအတွက် သင့်ကို ရှုတ်ချမည်မဟုတ်ပေ။ ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ညွှန်ကြားလိမ့်မည်။ သူသည် သူ၏ စာရင်းမှ သင့်ကို ထုတ်ပယ်လိမ့်မည်။ သင့်အပေါ် လက်လျှော့လိမ့်မည်။ သင်သည် သင့်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ဖို့အတွက် အိမ်ပြန်ရန်၊ သင့်တာဝန်ကို မထမ်းဆောင်ရန်ရွေးချယ်လျှင် သင်သည် ဘုရားသခင်က သင့်ထံ အပ်နှံခဲ့သည့် တာဝန်မှ အဝေးသို့ ရုန်းထွက်ကာ ရှောင်ပြေးနေခြင်းဖြစ်သည်။ သင်သည် သင့်အတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် မျှော်မှန်းချက်များကို စွန့်လွှတ်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို စွန့်လွှတ်နေခြင်း ဖြစ်သည်။ ပြီးလျှင် တာဝန်ထမ်းဆောင်ရန် သင်၏ အခွင့်အလမ်းကို စွန့်ပစ်နေခြင်းဖြစ်သည်။ သင်သည် သင့်မိဘများနှင့် ပြန်လည်ပေါင်းစည်းရန်၊ သင့်အသိစိတ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် သင့်မိဘများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန် အိမ်သို့ ပြန်လျှင် ဤသည်မှာ ပြဿနာမရှိပေ။ သင်သည် အိမ်သို့ ပြန်ရန် ရွေးချယ်နိုင်သည်။ သင်သည် အမှန်ပင် သင့်မိဘများကို လက်မလွှတ်နိုင်လျှင် သင်က စ၍ သင့်လက်ကိုမြှောက်ကာ “ကျွန်ုပ်သည် ကျွန်ုပ်မိဘများကို အလွန်သတိရသည်။ နေ့စဉ် ကျွန်ုပ် လိပ်ပြာမလုံပါ။ ကျွန်ုပ်၏ ခံစားချက်များကို ကျွန်ုပ် မဖြည့်ဆည်းနိုင်ပါ၊ ကျွန်ုပ်၏ စိတ်နှလုံး နာကျင်သည်၊ ကျွန်ုပ်၏ မိဘများကို တောင့်တပြီး ၎င်းတို့အကြောင်းကို တွေးနေမိသည်။ ဤဘဝတွင် ကျွန်ုပ်မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် မပြန်လျှင် အခြားအခွင့်အရေးလုံးဝ မရှိတော့မည်ကို ကျွန်ုပ် ကြောက်သည်၊ နောင်တရမည်ကို ကျွန်ုပ် ကြောက်သည်” ဟု ပြောနိုင်သည်။ ထို့နောက် သင်အိမ်ပြန်နိုင်သည်။ သင့်မိဘများသည် သင့်အတွက် ကောင်းကင်နှင့် မြေကြီးဖြစ်လျှင်၊ ၎င်းတို့သည် သင်၏ကိုယ်ပိုင်အသက်ထက် ပို၍ ကြီးမြတ်လျှင်၊ ၎င်းတို့က သင့်အတွက် အရာရာဖြစ်လျှင် သင်သည် ၎င်းတို့ကို လက်မလွှတ်ဖို့ ရွေးချယ်နိုင်သည်။ မည်သူကမျှ သင့်အား အဓမ္မစေခိုင်းမည်မဟုတ်ပေ။ သင်သည် ၎င်းတို့ကို သားသမီးဝတ်ကျေပွန်ပြီး ၎င်းတို့အား အဖော်ပြုပေးရန်၊ ၎င်းတို့အား ကောင်းမွန်သောဘဝကို ရှင်သန်ဖို့ ထောက်ကူပေးရန်၊ ပြီးလျှင် ၎င်းတို့၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန်အတွက် အိမ်ပြန်ဖို့ ရွေးချယ်နိုင်သည်။ သို့သော် သင်သည် ဤအရာကို များစွာစဉ်းစားဖို့လိုသည်။ သင်သည် ယနေ့ ဤရွေးချယ်မှုကို ပြုလုပ်ပြီးအဆုံး၌ ကယ်တင်ခြင်းရရန် သင်၏ အခွင့်အရေးကို ဆုံးရှုံးလျှင် သင်သည်သာ ဤရလဒ်ကို ခံယူရမည်။ အခြားမည်သူကမျှ ဤအကျိုးဆက်မျိုးကို သင့်အတွက် ခံယူပေးနိုင်မည် မဟုတ်။ သင့်ဘာသာ ခံယူရမည်။ သင်နားလည်သလော။ (နားလည်ပါသည်။) သင်သည် သင့်မိဘများက သင်၏ ကြွေးရှင်များ ဖြစ်နိုင်ရန်အတွက် သက်သက်ဖြင့်လည်းကောင်း၊ ၎င်းတို့အပေါ် သင်၏ အကြွေးများကို ဆပ်နိုင်ရန်အတွက်လည်းကောင်း တာဝန်ထမ်းဆောင်ရန်နှင့် ကယ်တင်ခြင်းရယူရန် သင်၏ အခွင့်အလမ်းကို စွန့်ပစ်ဖို့ ပို၍ဆန္ဒရှိမည်ဆိုလျှင် ဤသည်မှာ သင်၏ ရွေးချယ်မှုဖြစ်သည်။ မည်သူကမျှ သင့်အား အတင်းမစေခိုင်းပေ။ အသင်းတော်ထဲမှ တစ်စုံတစ်ယောက်က “အိမ်နှင့် အဝေးတွင်နေရသည်မှာ ခက်ခဲလွန်းသည်။ ကျွန်ုပ်မိဘများကို အလွန်ပင် သတိရသည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် သူတို့ကို လက်မလွှတ်နိုင်ပါ။ သူတို့ကို ကျွန်ုပ် မကြာခဏ အိပ်မက်မက်သည်။ ကျွန်ုပ်၏ စိတ်နှင့် နှလုံးသားထဲတွင် ကျွန်ုပ် တွေးလို့ရသည်မှာ သူတို့၏ အရိပ်များသာဖြစ်သည်။ ပြီးလျှင် သူတို့ ကျွန်ုပ်ကို လုပ်ပေးခဲ့သမျှအရာတိုင်းနှင့်ပတ်သက်၍ ပိုပိုပြီး အပြစ်ရှိသလို ခံစားရသည်။ ယခု သူတို့က အသက်ကြီးလာသောကြောင့် မိဘများအနေဖြင့် သားသမီးတစ်ယောက်ကို ပျိုးထောင်ဖို့ အလွန်ခက်ခဲကြောင်း၊ ကျွန်ုပ် သူတို့ကို ပြန်ပေးဆပ်သင့်ကြောင်း၊ ပျော်ရွှင်မှုအနည်းငယ်ပေးသင့်ကြောင်း၊ ကျွန်ုပ်၏ ကျန်သည့် ဘဝတစ်လျှောက်လုံးတွင် သူတို့ကို အနားတွင်နေပေးပြီး နှစ်သိမ့်ပေးသင့်ကြောင်းတို့ကို ကျွန်ုပ် ပို၍ပင် ခံစားမိသည်။ ကျွန်ုပ် သူတို့အပေါ် သားသမီးဝတ်ကျေဖို့အတွက် အိမ်ကို ပြန်နိုင်ရန် ကယ်တင်ခြင်းခံရဖို့ ကျွန်ုပ်၏ အခွင့်အရေးကိုသာ လက်လွှတ်လိုက်ဖို့ ပို၍ဆန္ဒရှိမည်” ဟု ပြောလျက် တောင်းဆိုမှုတစ်ခု ပြုသည်ဆိုပါစို့။ ဤသို့ဆိုလျှင် သူသည် လျှောက်လွှာတစ်ခု တင်နိုင်ပြီး “ကျွန်ုပ် သတင်းပို့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏ မိဘများကို သားသမီးဝတ်ကျေဖို့အတွက် အိမ်ကို ပြန်ချင်ပါသည်။ ကျွန်တော့် တာဝန်ကို မထမ်းဆောင်ချင်ပါ” ဟု ပြောနိုင်သည်။ ထို့နောက်တွင် အသင်းတော်က ယင်းကို လက်ခံအတည်ပြုသင့်သည်။ ပြီးလျှင် မည်သူကမျှ ၎င်းတို့အပေါ် အလုပ်လုပ်ဖို့၊ သို့မဟုတ် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ဖို့ မလိုပေ။ ၎င်းတို့အား တစ်ခုခုထပ်၍ ပြောခြင်းသည် မိုက်မဲရာကျမည်။ လူတို့က မည်သည့်အရာကိုမျှ လုံးဝ နားမလည်သောအခါ သင်သည် ၎င်းတို့အား အနည်းငယ်ပို၍ ပြောနိုင်သည်။ ပြီးလျှင် သမ္မာတရားကို ရှင်းလင်းသည်အထိ မိတ်သဟာယဖွဲ့နိုင်သည်။ သင်သည် ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့ဘဲ ၎င်းတို့က ရလဒ်အနေဖြင့် မှားယွင်းသော ရွေးချယ်မှုကို ပြုလုပ်လျှင် သင်သည် ဤအတွက် တာဝန်ရှိသည်။ သို့ရာတွင် ၎င်းတို့သည် အယူဝါဒနှင့်ပတ်သက်ပြီး အရာရာကို နားလည်လျှင် မည်သူကမျှ ၎င်းတို့အပေါ် အလုပ်လုပ်စရာမလိုပေ။ ဤသည်မှာ “ကျွန်ုပ်အကုန်နားလည်သည်။ ခင်ဗျား ကျွန်ုပ်ကို မည်သည့်အရာမျှ ပြောပြဖို့ မလိုပါ” ဟု လူအချို့က ပြောသကဲ့သို့ ဖြစ်သည်။ ကောင်းပေသည်။ သင်သည် ၎င်းတို့အပေါ် လေကုန်ခံရန် မလိုပေ။ သင်သည် ဒုက္ခရှာစရာ မလိုတော့ပေ။ သင်သည် ဤသို့သောလူတို့ကို အိမ်သို့ ချက်ချင်းပြန်ခွင့်ပေးသင့်သည်။ ပထမအနေဖြင့် ၎င်းတို့ကို မတားနှင့်။ ဒုတိယအနေဖြင့် ၎င်းတို့ကို ပံ့ပိုးပေးလော့။ တတိယအနေဖြင့် ၎င်းတို့အား အနည်းငယ် နှစ်သိမ့်အားပေးကာ “အိမ်ပြန်ပြီး မင်းမိဘများအပေါ် သားသမီးဝတ် အချို့တစ်ဝက်ကို ကျေပွန်အောင်လုပ်ပါ။ သူတို့ကို စိတ်ဆိုးအောင်ဖြစ်စေ၊ စိတ်မကောင်း ဖြစ်အောင်ဖြစ်စေ မလုပ်နှင့်။ မင်းက သူတို့အပေါ် သားသမီးဝတ် ကျေပွန်ချင်ပြီး သူတို့ကို ပြန်ပေးဆပ်ချင်ပါက မင်းက သားသမီးဝတ်ကျေပွန်သည့် သားသမီးဖြစ်ရမည်။ သို့ရာတွင် နောက်ဆုံး၌ ကယ်တင်ခြင်းကို မရနိုင်သည့်အခါတွင် မင်းနောင်တမရနှင့်။ ကောင်းသောခရီးဖြစ်ပါစေ၊ အရာရာအဆင်ပြေဖို့ ကျွန်ုပ် မျှော်လင့်ပါသည်” ဟု ပြောလော့။ ဟုတ်ပြီလော။ (ဟုတ်ပါပြီ။) လူတစ်ယောက်က သူ၏မိဘများအပေါ် သားသမီးဝတ်ကျေရန် အိမ်သို့ပြန်လိုလျှင် ယင်းသည် ပြဿနာမရှိပေ။ သူသည် ဤအရာကို မျိုသိပ်မထားသင့်ပေ။ တာဝန်ထမ်းဆောင်ခြင်းသည် မိမိဆန္ဒအလျောက် ဖြစ်သည်။ မည်သူကမျှ သင့်အားလုပ်ဆောင်ရန် အတင်းခိုင်းစေမည်မဟုတ်ပေ။ သင်သည် တာဝန် မထမ်းဆောင်ခြင်းအတွက် ရှုတ်ချခံရမည်မဟုတ်။ သင်သည် တာဝန် ထမ်းဆောင်လျှင် အသေအချာပင် ကယ်တင်ခြင်းရမည်လော။ အသေအချာပင် ကယ်တင်ခြင်းရမည့်သဘောမျိုး မဟုတ်ပေ။ ဤသည်မှာ တာဝန် ထမ်းဆောင်ခြင်းအပေါ် သင့်၌ထားရှိသော သဘောထားနှင့်ဆိုင်သော ကိစ္စသာဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် တာဝန်မထမ်းဆောင်လျှင် ဖျက်ဆီးခံရမည်လော။ မည်သူကမျှ ဤသို့ မပြောပေ။ မည်သို့ပင်ဖြစ်စေ ကယ်တင်ခြင်းခံရရန် သင်၏ မျှော်လင့်ချက်သည် ဆုံးရှုံးရဖို့ များသည်။ လူအချို့က “မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် ကောင်းသောအရာ ဖြစ်သလော၊ သို့မဟုတ် ဆိုးသောအရာဖြစ်သလော” ဟု ဆိုကြသည်။ ငါမသိပေ။ သင်သည် သင့်မိဘများအပေါ် သားသမီးဝတ်ကျေလိုလျှင် ထိုသို့ လုပ်ဆောင်လော့။ ငါတို့သည် ယင်းကို အကဲဖြတ်မည်မဟုတ်။ ဤသို့ အကဲဖြတ်ခြင်းသည် အဓိပ္ပာယ်မရှိဖြစ်မည်။ ဤသည်မှာ လူ့သဘာဝနှင့်လည်းကောင်း၊ ခံစားချက်များနှင့်လည်းကောင်း သက်ဆိုင်သော ကိစ္စဖြစ်သည်။ သင်၏ အသက်ရှင်ခြင်းနည်းလမ်းကို ရွေးချယ်ခြင်းနှင့် ဆိုင်သော ကိစ္စဖြစ်သည်။ သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ အိမ်သို့ပြန်ပြီး မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေလိုသော မည်သူမဆို ဤသို့လုပ်ဆောင်ရန် လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို မရမက နေခိုင်းမည်မဟုတ်။ ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်မည်မဟုတ်။ အသင်းတော်ခေါင်းဆောင်များနှင့် ၎င်းတို့အနီးရှိ လူတို့သည် ၎င်းတို့အိမ်ပြန်သည်ကို မတားဆီးသင့်ပေ။ ၎င်းတို့သည် ဤသို့သောသူမျိုးအပေါ် အလုပ်မလုပ်သင့်ပေ၊ သို့မဟုတ် သူနှင့်အတူ သမ္မာတရားကို မိတ်သဟာယမဖွဲ့သင့်ပေ။ သင်သည် အိမ်ပြန်လိုလျှင် ပြန်လော့။ လူတိုင်းက သင့်အား လိုက်လံပို့ဆောင် နှုတ်ဆက်လိမ့်မည်။ သင်နှင့်အတူ ဖက်ထုပ်အချို့ကို စားပြီး သင့်အား ဘေးကင်းသောခရီးဖြစ်စေရန် ဆန္ဒပြုကြလိမ့်မည်။

မိဘများက ၎င်းတို့၏ သားသမီးများအပေါ်တွင်ရှိသော အကြီးဆုံးသော မျှော်မှန်းချက်များသည် တစ်ဖက်တွင် ၎င်းတို့၏ကလေးကို ကောင်းမွန်သောဘဝ၌ နေထိုင်နိုင်စေရန် မျှော်လင့်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် ၎င်းတို့အသက်ကြီးသောအခါ ၎င်းတို့၏သားသမီးများသည် ၎င်းတို့အနီးတွင်ရှိပြီး ၎င်းတို့ကို စောင့်ရှောက်ဖို့ မျှော်လင့်ခြင်း ဖြစ်သည်။ ဥပမာ မိဘတစ်ဦးသည် သူ၏ဘဝတွင် ဖျားနာလျှင်၊ သို့မဟုတ် အခက်အခဲအချို့ကို ကြုံရလျှင် သူ၏ သားသမီးများက သူ၏ စိုးရိမ်မှုများ၊ အခက်အခဲများကို ကူညီဖြေဖျောက်ပေးရန်၊ ဤဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားပေးရန် မျှော်လင့်သည်။ ၎င်းတို့သည် ဤကမ္ဘာမှ ထွက်ခွာသောအခါ မိမိတို့၏ သားသမီးများကို နောက်ဆုံးတစ်ကြိမ် မြင်တွေ့ဖို့အတွက် ၎င်းတို့၏ သားသမီးများသည် ၎င်းတို့အနီးတွင်ရှိနေဖို့ မျှော်လင့်သည်။ ပုံမှန်အားဖြင့် ဤသည်တို့မှာ မိဘများက ၎င်းတို့သားသမီးများအပေါ်တွင်ထားရှိသော အကြီးဆုံး မျှော်မှန်းချက်နှစ်ခုဖြစ်သည်။ ယင်းတို့ကို လက်လွှတ်ရန် ခက်ခဲသည်။ မိဘတစ်ဦးသည် ဖျားနာလျှင်၊ သို့မဟုတ် အခက်အခဲများကို ကြုံရလျှင်၊ ၎င်းတို့က ဤသတင်းကို မကြားရလျှင် ဤအရာများသည် ၎င်းတို့၏ ကြားဝင်ခြင်းမရှိဘဲ ပြေလည်သွားဖို့ ဖြစ်နိုင်ခြေရှိသည်။ သို့သော် ၎င်းတို့က ဤအရာများကို သိလျှင် ယင်းတို့ကို ကျော်လွှားရန် အလွန်ပင် ခက်ခဲလေ့ရှိသည်။ အထူးသဖြင့် ၎င်းတို့၏ မိဘများက အလွန်အမင်း၊ ဆိုးဆိုးရွားရွား ဖျားနာသောအခါတွင် ဖြစ်သည်။ ထိုအချိန်များတွင် လူတို့အတွက် လက်လွှတ်ရန် ပို၍ပင် ခက်ခဲသည်။ သင်၏ စိတ်နှလုံးအတွင်းထဲတွင် သင့်မိဘများသည် လွန်ခဲ့သော ၁၀ နှစ်၊ နှစ် ၂၀ ကကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ၊ အသက်ရှင်သည့်၊ အလုပ်လုပ်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂရုစိုက်နိုင်ပြီး ပုံမှန် အသက်ရှင်နိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ကျန်းမာဆဲ၊ ငယ်ရွယ်ဆဲ၊ သန်မြန်ဆဲဖြစ်သည်ဟုလည်းကောင်း သင်ခံစားရသောအခါ၊ ပြီးလျှင် ၎င်းတို့သည် သင့်ကို မလိုအပ်ဟူသည့် အမြင်သည် သင့်၌ရှိသောအခါ သင့်စိတ်နှလုံးတွင် ၎င်းတို့အပေါ် ဤသို့ အလွန်စိုးရိမ်မည်မဟုတ်ပေ။ သို့သော် သင့်မိဘများက အသက်ကြီးရင့်ပြီဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ကိုယ်ခန္ဓာများသည် အားနည်းလာပြီ ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ကို ဂရုစိုက်ပြီး အဖော်ပြုဖို့အတွက် လူများလိုအပ်သည်ကိုလည်းကောင်း သင်သိသောအခါတွင် သင်သည် အခြားတစ်နေရာရာ၌ ရောက်နေလျှင် စိတ်မကောင်းဖြစ်ဖို့များမည်။ ပြီးလျှင် ဤအရာ၏ သက်ရောက်မှုကို ခံရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကိုပင် စွန့်လွှတ်ပြီး ၎င်းတို့၏ မိဘများထံ သွားရောက်လည်ပတ်ရန် အိမ်သို့ ပြန်လိုကြသည်။ အချို့သော စိတ်ခံစားတတ်သောသူများသည် ပို၍ပင် ဆင်ခြင်တုံတရားမရှိသော ရွေးချယ်မှုများကို ပြုလုပ်ကာ “ကျွန်ုပ် တတ်နိုင်လျှင် ကျွန်ုပ်၏ အသက် ၁၀ နှစ်ကို ကျွန်ုပ်၏မိဘများထံသို့ ပေးသည်” ဟု ဆိုကြသည်။ မိမိတို့၏ မိဘများထံမှ ကောင်းချီးများကို ရှာဖွေရန် စိတ်ပိုင်းဖြတ်ထားသော လူအချို့လည်းရှိသည်။ ၎င်းတို့သည် ၎င်းတို့မိဘများအတွက် ကျန်းမာရေးထုတ်ကုန်များနှင့် အာဟာရ ဖြည့်စွက်ဆေးမျိုးစုံကို ဝယ်သည်။ ပြီးလျှင် ၎င်းတို့မိဘများက အလွန်အမင်း နာမကျန်းဖြစ်သည်ကို ၎င်းတို့ သိရသောအခါ မထိန်းနိုင်ဘဲ အလွန်အမင်း ခံစားရလျက်ရှိပြီး ၎င်းတို့မိဘများအနီးသို့ ရုတ်ခြည်းပင် အလျင်အမြန်သွားလိုသည့် ဆန္ဒများဖြစ်ကြသည်။ လူအချို့က မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေသင့်သည်ကို မစဉ်းစားဘဲ ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကိုလည်း လျစ်လျူရှုလျက် “ကျွန်ုပ်၏ မိဘများထံမှ ဤရောဂါကို ကျွန်ုပ် ယူလိုက်လိုစိတ်ပင် ရှိသည်” ဟု ဆိုသည်။ ထို့ကြောင့် ဤအခြေအနေများတွင် လူတို့သည် အားနည်းပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ သက်ဆင်းဖို့ အလွန်ဖြစ်နိုင်ခြေရှိသည်။ သင်တို့မိဘများက အလွန်အမင်း နာမကျန်း ဖြစ်နေကြောင်း သတင်းကို သင်တို့ကြားရလျှင် ငိုမည်လော။ အထူးသဖြင့် လူအချို့သည် ဆရာဝန်က လက်လျှော့လိုက်ပြီးသားဖြစ်သည်ဟု ဆိုထားသည့် စာများကို အိမ်မှ လက်ခံရရှိသည်။ “ဆရာဝန်က လက်လျှော့လိုက်ပြီ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤစကားက အနက်ဖွင့်ရန် လွယ်ကူသည်။ ဤသည်မှာ ထိုလူများ၏ မိဘများသည် ရက်အနည်းငယ်တွင် သေမည်ဟု ဆိုလိုသည်။ ဤသို့သောအချိန်တွင် သင်သည် “ငါ့မိဘများက အသက် ၅၀ ဝန်းကျင်သာ ရှိသေးသည်။ ဤအရာသည် မဖြစ်သင့်ပါ။ သူတို့သည် မည်သည့်ရောဂါဖြစ်ကြသနည်း” ဟု တွေးမည်။ အဖြေက “ကင်ဆာ” ဖြစ်သောအခါတွင် သင်က “မည်သို့များ ကင်ဆာဖြစ်သွားရသနည်း။ ဤနှစ်များ တစ်လျှောက်လုံးတွင် ငါ အဝေးရောက်နေခဲ့သည်။ သူတို့က ငါ့ကို သတိရနေခဲ့ကြသည်။ ပြီးလျှင် သူတို့၏ဘဝများသည် အတော်ခက်ခဲသည်။ ဤအကြောင်းကြောင့် ဒီရောဂါကို ရခြင်းများလား” ဟု ရုတ်ခြည်း စဉ်းစားလိမ့်မည်။ ထို့နောက်တွင် သင်သည် အလျင်အမြန်ပင် သင့်ကိုယ်သင်အပေါ် အပြစ်အားလုံးကို ပုံချလိမ့်မည်။ “ငါ့မိဘများ၏ ဘဝသည် အလွန်ခက်ခဲလှသည်။ သူတို့၏ ဝန်များကို မျှဝေယူဖို့ ငါ မကူညီခဲ့မိပါ။ သူတို့က ငါ့ကို သတိရနေပြီး စိုးရိမ်နေကြသည်။ ပြီးလျှင် ငါက သူတို့နားတွင် မနေခဲ့ပါ။ ငါ သူတို့ကို တာဝန်ပျက်ကွက်ခဲ့သည်။ ငါ့ကို တစ်ချိန်လုံး သတိရနေရသည့် ဒုက္ခကို ခံစေခဲ့သည်။ ငါ့မိဘများက အချိန်များစွာ အကုန်ခံပြီး ငါ့ကို ပျိုးထောင်ခဲ့သည်မှာ အဘယ်အတွက်များနည်း။ ငါလုပ်သမျှက သူတို့ကို ဒုက္ခရောက်အောင် လုပ်ခြင်းသာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သင် စဉ်းစားကြည့်လေလေ ၎င်းတို့ကို သင် တာဝန်ပျက်ကွက်ခဲ့သည်ဟုလည်းကောင်း၊ သင်သည် ၎င်းတို့အပေါ်တွင် အကြွေးတင်သည်ဟုလည်းကောင်း ယုံကြည်လေလေ ဖြစ်သည်။ ထို့နောက်တွင် သင်သည် “ဤသည်မှာ မဟုတ်သေးပါ။ ငါက ဘုရားကို ယုံကြည်နေခြင်းဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ဘုရား၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင် လုပ်နေခြင်း ဖြစ်သည်။ ငါက မည်သူ့ကိုမျှ တာဝန်မပျက်ကွက်ခဲ့ပါ” ဟု စဉ်းစားမည်။ သို့သော်ငြားလည်း သင်က “ငါ့မိဘများက အလွန် အသက်ကြီးနေပြီဖြစ်သည်။ သူတို့ကို ဂရုစိုက်ဖို့ သူတို့နားတွင် သားသမီးတစ်ယောက်မျှ မရှိ။ သို့ဖြစ်၍ ငါ့ကို ပျိုးထောင်ပေးသည်မှာ မည်သည့်အရာရောက်မှုရှိသနည်း” ဟု တွေးမည်။ သင်သည် ချီတုံချတုံ စဉ်းစားတွေးတောပြီး မည်သို့ တွေးတောပါစေ ဤအရာကို ကျော်လွှားနိုင်မည်မဟုတ်။ သင်သည် ငိုရုံသာမကဘဲ သင့်မိဘများအပေါ် သင့်ခံစားချက်များ၏ နှောင်ဖွဲ့မှုအတွင်းသို့ နက်ရှိုင်းစွာ ကျရောက်သွားမည်။ ဤအခြေအနေများတွင် လက်လွှတ်ရန် လွယ်ကူသလော။ သင်က “ကျွန်ုပ်မိဘများက ကျွန်ုပ်ကို မွေးပြီး ပျိုးထောင်ပေးခဲ့သည်။ ကျွန်ုပ်ကို အလွန်ချမ်းသာဖို့ သူတို့ မမျှော်မှန်းခဲ့ပါ။ ပြီးလျှင် ကျွန်ုပ်အပေါ် မည်သည့်အရာကိုမျှ အလွန်အကျွံ မတောင်းဆိုခဲ့ပါ။ သူတို့က နေမကောင်းဖြစ်ပြီး ကျွန်ုပ်ကို လိုအပ်သည့်အချိန်တွင်သာ သူတို့နားတွင် ကျွန်ုပ်ရှိဖို့၊ သူတို့ကို အဖော်ပြုပေးဖို့၊ သူတို့ဒုက္ခ လျော့ပါးအောင် လုပ်ပေးဖို့ မျှော်လင်ခြင်းဖြစ်သည်။ ကျွန်ုပ်က ယင်းကိုပင် မလုပ်ရသေးပါ” ဟု ဆိုလိမ့်မည်။ သင်သည် သင့်မိဘများက ရောဂါအသည်းအသန်ဖြစ်နေကြောင်း သတင်းကို ကြားသည့်နေ့မှ ၎င်းတို့ ဆုံးပါးသွားသည့်နေ့အထိ ငိုလိမ့်မည်။ သင်တို့သည် ဤအခြေအနေမျိုးကို ကြုံရလျှင် ဝမ်းနည်းမည်လော။ ငိုမည်လော။ မျက်ရည်ကျမည်လော။ (ဟုတ်ပါသည်။) ထိုအချိန်အခိုက်အတန့်တွင် သင်၏ စိတ်ပိုင်းဖြတ်ချက်နှင့် ရည်မှန်းချက်သည် ယိမ်းယိုင်မည်လော။ သင်သည် သင့်မိဘများအနီးသို့ ကမူးရှူးထိုး စိတ်လိုက်မာန်ပါဖြင့် ကတိုက်ကရိုက် ပြန်သွားလိုသော ပြင်းပြသည့်စိတ် ဖြစ်မည်လော။ သင်သည် စိတ်နှလုံးအတွင်းထဲတွင် သင်သည် စာနာစိတ်ကင်းမဲ့သော ကျေးဇူးကန်းသူဖြစ်သည်၊ သင့်မိဘများက သင့်အား ပျိုးထောင်ခဲ့သည်မှာ အချည်းနှီးဖြစ်သည်ဟု တွေးမည်လော။ သင်သည် သင့်မိဘများကို ရင်ဆိုင်ရန် ရှက်ရွံ့လျက်ရှိမည်လော။ သင်သည် သင့်မိဘများက သင့်အား ပျိုးထောင်ပေးခြင်းအားဖြင့် ပြသခဲ့သော ကြင်နာမှုကိုလည်းကောင်း၊ ၎င်းတို့က သင့်အပေါ် မည်မျှကောင်းသည်ကိုလည်းကောင်း ပြန်လည်အမှတ်ရလျက်ရှိမည်လော။ (ဟုတ်ပါသည်။) သင်သည် သင့်တာဝန်ကို စွန့်လွှတ်မည်လော။ သင်သည် မိတ်ဆွေများထံမှ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများထံမှ သင့်မိဘများနှင့်ပတ်သက်သော နောက်ဆုံးရသတင်းကို ရဖို့ အရာရာတိုင်းကို ကြိုးစားလုပ်ဆောင်မည်လော။ လူအားလုံးက ဤသရုပ်သကန်များကို ပိုင်ဆိုင်မည်မဟုတ်လော။ ဤသို့ဆိုလျှင် ဤအမှုကိစ္စသည် ဖြေရှင်းရန် လွယ်ကူသလော။ သင်သည် ဤအမှုကိစ္စများကို မည်သို့ နားလည်သင့်သနည်း။ သင်သည် သင့်မိဘများအပေါ် ကျရောက်သော ရောဂါအမှုအရာကို၊ သို့မဟုတ် အလွန်ကြီးသော ကံဆိုးမှုတစ်ခုခုကို မည်သို့ ရှုမြင်သင့်သနည်း။ သင်သည် ဤအရာကို ပိုင်းခြားသိမြင်နိုင်လျှင် လက်လွှတ်နိုင်လိမ့်မည်။ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိလျှင် လက်လွှတ်နိုင်မည်မဟုတ်။ သင့်မိဘများက ခံယူပြီး ရင်ဆိုင်ခဲ့သည့် အရာရာတိုင်းသည် သင်နှင့်သက်ဆိုင်သည်ဟုလည်းကောင်း၊ သင်သည် ထိုဝန်များကို မျှဝေခံယူသင့်သည်ဟုလည်းကောင်း အစဉ်ထင်မြင်သည်။ သင့်ကိုယ်သင် အစဉ် အပြစ်ဖို့ပြီး ဤအရာများသည် သင်နှင့် တစ်ခုခုသက်ဆိုင်မှုရှိသည်ဟု အစဉ်တွေးထင်သည်။ အစဉ်သဖြင့် ပါဝင်ပတ်သက်လိုသည်။ ဤအယူအဆမှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့်နည်း။ သင်သည် ဤအရာများကို မည်သို့ရှုမြင်သင့်သနည်း။ မည်သည့် သရုပ်သကန်များက ပုံမှန်ဖြစ်သနည်း။ မည်သည့် သရုပ်သကန်များက ပုံမှန်မဟုတ်ဘဲ ဆင်ခြင်တုံတရားမရှိသလို သမ္မာတရားနှင့် မညီသနည်း။ ရှေးဦးစွာ ပုံမှန်သရုပ်သကန်များကို ငါတို့ ပြောမည်။ လူတို့အားလုံးကို ၎င်းတို့၏ မိဘများက မွေးဖွားသည်။ ၎င်းတို့သည် အသွေးအသားနှင့်ဖြစ်ပြီး ခံစားချက်များ ရှိကြသည်။ ခံစားချက်များသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မည်သူကမျှ မရှောင်ကြဉ်နိုင်ပေ။ လူတိုင်းတွင် ခံစားချက်များရှိသည်။ သေးငယ်သော တိရစ္ဆာန်များ၌ပင် ရှိသည်။ လူဆိုလျှင် ဆိုဖွယ်ရာမရှိ။ သို့သော် လူအချို့၏ ခံစားချက်များသည် အနည်းငယ်ပို၍ ပြင်းထန်သည်။ ပြီးလျှင် လူအချို့၏ ခံစားချက်များသည် အနည်းငယ်ပို၍ အားလျော့သည်။ သို့သော် အခြေအနေများက မည်သို့ဖြစ်စေ လူအားလုံး၌ ခံစားချက်များရှိသည်။ မိမိတို့၏ ခံစားချက်၊ လူ့သဘာဝ၊ သို့မဟုတ် ဆင်ခြင်တုံတရားမှ လာသည်ဖြစ်စေ လူအားလုံးသည် ၎င်းတို့မိဘက နာမကျန်းဖြစ်သည်၊ အလွန်ကံဆိုးခြင်းတစ်ခုခုကို ကြုံရသည်၊ သို့မဟုတ် ဒုက္ခရောက်သည်ဟု ကြားရာတွင် စိတ်မကောင်းဖြစ်မည် ဖြစ်သည်။ လူတိုင်းက စိတ်မကောင်းဖြစ်လိမ့်မည်။ စိတ်မကောင်းဖြစ်သည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ လူသား၏ ဗီဇစိတ်တစ်ခုဖြစ်သည်။ လူတို့၏ လူ့သဘာဝနှင့် ခံစားချက်များတွင် ၎င်းတို့ ပိုင်ဆိုင်သောအရာတစ်ခုဖြစ်သည်။ ဤအရာက လူတို့တွင် ပေါ်လွင်ထင်ရှားသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ ၎င်းတို့၏မိဘများက အလွန်အမင်းဖျားနာသောအခါ၊ သို့မဟုတ် အလွန်ကံဆိုးခြင်းကို ကြုံရသောအခါ လူတို့က ဝမ်းနည်းခြင်း၊ ငိုခြင်း၊ စိတ်ဖိစီးခြင်း၊ ပြဿနာများအား ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားခြင်း၊ ပြီးလျှင် ၎င်းတို့မိဘများနှင့် ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားခြင်းတို့ဖြစ်သည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ လူအချို့အတွက်မူ ယင်းက ၎င်းတို့၏ ခန္ဓာကိုယ်အပေါ်ပင် သက်ရောက်လိမ့်မည်။ ၎င်းတို့သည် စားနိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ ရင်ထဲ၌ ဆို့နင့်နေလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် တစ်နေကုန် စိတ်ဓာတ်ကျနေလိမ့်မည်။ ဤသည်တို့အားလုံးမှာ စိတ်ခံစားချက်များ၏ သရုပ်သကန်များဖြစ်သည်။ ပြီးလျှင် ယင်းတို့အားလုံးသည် အလွန်ပင် ပုံမှန်ဖြစ်သည်။ လူတို့သည် သင့်အား ဤပုံမှန်သရုပ်သကန်များအတွက် မဝေဖန်သင့်ပေ။ ဤသို့သော သရုပ်သကန်များကို သင်ရှောင်ဖို့ မကြိုးစားသင့်ပေ။ ပြီးလျှင် တစ်စုံတစ်ယောက်က ယင်းတို့အား ဝေဖန်မှုကို အသေအချာပင် သင်လက်မခံသင့်ပေ။ သင့်၌ ဤသို့သောသရုပ်သကန်များရှိလျှင် သင့်မိဘအပေါ် သင့်ခံစားချက်များက စစ်မှန်သည်ဆိုသည်ကိုလည်းကောင်း၊ သင်သည် မိမိအသိစိတ်ကို သတိပြုမိသော၊ ပုံမှန်ဖြစ်သော သာမန်လူတစ်ယောက် ဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ဤစိတ်ခံစားချက်ဆိုင်ရာ ပွင့်အံထွက်မှုများရှိခြင်းကြောင့်၊ သို့မဟုတ် ဤစိတ်ခံစားချက်ဆိုင်ရာ လိုအပ်ချက်များရှိခြင်းကြောင့် မည်သူကမျှ သင့်အား မဝေဖန်သင့်ပေ။ ဤသို့သော သရုပ်သကန်များအားလုံးသည် ဆင်ခြင်တုံတရားနှင့် အသိစိတ်၏ နယ်ပယ်အတွင်းတွင်ရှိသည်။ ဤသို့ဆိုလျှင် မည်သို့သော သရုပ်သကန်များက ပုံမှန်မဟုတ်သနည်း။ ပုံမှန်မဟုတ်သော သရုပ်သကန်များသည် ဆင်ခြင်တုံတရားကို ကျော်လွန်သောအရာများဖြစ်သည်။ ယင်းတို့မှာ လူတို့အပေါ်သို့ ဤအရာများ ကျရောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စိတ်လိုက်မာန်ပါပြုလုပ်ပြီး မိမိတို့ကိုယ်ကို အပြစ်အားလုံးကို အလောတကြီးပုံချကာ ၎င်းတို့၌ တစ်ချိန်ကရှိခဲ့သည့် စံထားရာများ၊ ရည်မှန်းချက်များ၊ စိတ်ဆုံးဖြတ်ချက်များ၊ ပြီးလျှင် ဘုရားရှေ့တွင် ၎င်းတို့ ကျိန်ဆိုခဲ့သော ကျမ်းသစ္စာတို့ကိုပင် စွန့်ပစ်လျက် ၎င်းတို့မိဘများအနီးသို့ ပြန်လာရန်အတွက် အရာရာတိုင်းကို ရုတ်ခြည်း စွန့်ပစ်လိုသောအချိန်တွင် ဖြစ်သည်။ ဤသို့သောသရုပ်သကန်များသည် မူမမှန်ပေ။ ပြီးလျှင် ယင်းတို့သည် ဆင်ခြင်တုံတရားကို ကျော်လွန်သည်။ အလွန်ပင် စိတ်လိုက်မာန်ပါ ဖြစ်လွန်းသည်။ လူတို့သည် လမ်းကြောင်းတစ်ခုကို ရွေးချယ်သောအခါ၌ ရုတ်တရက် တဇောက်ကန်းလုပ်ခြင်းဖြင့် မှန်ကန်ပြီး သင့်တော်သောလမ်းကြောင်းကို ရွေးချယ်နိုင်သကဲ့သို့ မဟုတ်ပေ။ သင်က တာဝန်ထမ်းဆောင်ခြင်းလမ်းကြောင်းအား ရွေးချယ်ခြင်း၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ဖြည့်ဆည်းရန် ရွေးချယ်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်ပေ။ ပြီးလျှင် ယင်းသည် မည်သည့်အရာကမျှ အစားမထိုးနိုင်သောအရာတစ်ခုဖြစ်သည်။ ယင်းသည် ရုတ်တရက် တဇောက်ကန်းလုပ်ခြင်းဖြင့် ပြုလုပ်နိုင်သော ရွေးချယ်မှုတစ်ခု အသေအချာပင် မဟုတ်ပေ။ ထို့အပြင် ယင်းသည် လမ်းမှန်ဖြစ်သည်။ သင်သည် သင့်အနီးတွင်ရှိသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကြောင့် ဘဝတွင် လမ်းမှန်အား လျှောက်ရန် သင်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲသင့်ပေ။ ဤသည်မှာ သင်ပိုင်ဆိုင်သင့်သော ဆင်ခြင်တုံတရား ဖြစ်သည်။ သင့်မိဘများဖြစ်စေ၊ ကြီးမားသော မည်သည့်ပြောင်းလဲမှုမဆိုဖြစ်စေ အရေးကြီးဆုံးသောအရာဖြစ်သော ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား သင်ထမ်းဆောင်ခြင်းကို မထိခိုက်သင့်ပေ။ ယင်းသည် ဤအရာ၏ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားကဏ္ဍတစ်ခုမှာ သင့်မိဘများက ရောဂါတစ်ခုကို မည်သို့ရရှိသည်၊ မည်သည့်အချိန်တွင် ထိုရောဂါဝေဒနာကို စတင်ခံစားရသည်၊ ရလဒ်အနေဖြင့် မည်သည့်အကျိုးဆက်မျိုးကို ဖြစ်ပေါ်စေနိုင်သည်ဟူသည့် ဤအရာများက သင်ဆုံးဖြတ်နိုင်သောအရာများ ဖြစ်သလော။ သင်က “ကျွန်ုပ်က သားသမီးဝတ် မကျေပွန်သော သားသမီးတစ်ဦး ဖြစ်သောကြောင့် ဤသို့ဖြစ်ရခြင်း ဖြစ်နိုင်သည်။ ကျွန်ုပ်သည် လုံ့လရှိစွာဖြင့် ပိုက်ဆံရှာလျက်၊ အလုပ်လုပ်လျက်ဖြင့် ဤနှစ်များကို ကုန်ဆုံးလျှင်၊ ကျွန်ုပ်သည် ငွေကြေးချမ်းသာကြွယ်ဝလျှင် ၎င်းတို့သည် ဤရောဂါကို ပို၍စောစီးစွာ ကုနိုင်ခဲ့လိမ့်မည်။ ပြီးလျှင် ယင်းမှာ အလွန်ဆိုးသွားခဲ့လိမ့်မည် မဟုတ်။ ဤသည်မှာ ကျွန်ုပ်သည် သားသမီးဝတ်မကျေပွန်ခဲ့သောကြောင့် ဖြစ်သည်” ဟု ဆိုနိုင်သည်။ ဤအတွေးမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) လူတစ်ယောက်၌ ပိုက်ဆံရှိလျှင် သူသည် ကျန်းမာရေး ကောင်းဖို့ကို ငွေဖြင့်ဝယ်ယူပြီး နာမကျန်းဖြစ်ခြင်းကို ရှောင်နိုင်လိမ့်မည်ဟု အသေအချာပင် ဆိုလိုရသလော။ (မဆိုလိုပါ။) ဤကမ္ဘာလောကရှိ ချမ်းသာသောသူများက မည်သည့်အခါမျှ နေမကောင်း မဖြစ်သလော။ လူတစ်ယောက်က သူနာမကျန်းဖြစ်နေသည်ဟု ခံစားရသည့်အချိန်မှ ဖျားနာသည့်အချိန်အထိ၊ အဆုံးတွင် သေသည့်အချိန်အထိ အားလုံးကို ဘုရားသခင်က ကြိုတင်စီမံသည်။ မည်သည့်လူက ဤအရာကို ဆုံးဖြတ်နိုင်မည်နည်း။ ပိုက်ဆံရှိခြင်း၊ မရှိခြင်းက ဤအရာကို အဘယ်သို့ အဆုံးအဖြတ်ပေးနိုင်မည်နည်း။ မိမိ၏ ပတ်ဝန်းကျင်က ဤအရာကို မည်သို့ အဆုံးအဖြတ်ပေးနိုင်သနည်း။ ဤအရာအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများက အဆုံးအဖြတ်ပေးသည်။ ထို့ကြောင့် သင့်မိဘများက အလွန်အမင်း နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် အလွန်ကံဆိုးမှုတစ်ခုနှင့် ကြုံရခြင်းနှင့်သက်ဆိုင်သော ကိစ္စကို သင်က အလွန်အကျွံ ပိုင်းခြားစိစစ်ရန်၊ သို့မဟုတ် စုံစမ်းစစ်ဆေးရန် မလိုပေ။ ပြီးလျှင် သင်သည် အသေအချာပင် ယင်းကို အားမစိုက်သင့်ပေ။ ဤသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိမည်မဟုတ်ပေ။ ဘဝတွင် လူတို့မွေးဖွားခြင်း၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း၊ အမှုကြီး အမှုငယ် အမျိုးမျိုးကို ကြုံရခြင်းသည် အလွန်ပုံမှန်ဖြစ်သော ဖြစ်ရပ်များဖြစ်သည်။ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်လျှင် ရင့်ကျက်သော အတွေးအခေါ်ပုံစံ ရှိသင့်သည်။ ဤအမှုကိစ္စကို တည်ငြိမ်စွာနှင့် မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ “ငါ့မိဘများသည် မကျန်းမာကြပါ။ ဤသည်မှာ သူတို့ ငါ့ကို အရမ်းသတိရသောကြောင့် ဖြစ်ရသည်ဟု အချို့လူများက ပြောကြသည်။ ဤသည်မှာ ဖြစ်နိုင်သလား။ သူတို့က သေချာပေါက် ငါ့ကို သတိရပါသည်။ လူတစ်ယောက်က သူ့သားသမီးကို မည်သို့များ သတိမရဘဲ နေမည်နည်း။ ငါလည်း သူတို့ကို သတိရသည်။ သို့ဆိုလျှင် ငါက အဘယ်ကြောင့် နေမကောင်း မဖြစ်ရသနည်း” ဟူ၍ ဖြစ်သည်။ လူတစ်ယောက်ယောက်က သူ၏ သားသမီးများကို သတိရသောကြောင့် နေမကောင်းဖြစ်သလော။ ဤသည်မှာ မမှန်ပေ။ ဤသို့ဆိုလျှင် သင့်မိဘများက ဤအရေးပါသောအရာများကို ကြုံရသောအခါ၌ မည်သို့ ဖြစ်သနည်း။ ၎င်းတို့ဘဝတွင် ဤအမှုအရာမျိုးကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဘုရားသခင်၏ လက်ဖြင့် စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်သည် အရှိအတိုင်းဖြစ်သော အကြောင်းပြချက်များ၊ အကြောင်းတရားများကို အာရုံစိုက်၍ မရပေ။ သင့်မိဘများက ဤအသက်အရွယ်သို့ ရောက်သောအခါတွင် ဤအမှုကိစ္စကို ကြုံရမည်ဖြစ်သည်။ ၎င်းတို့သည် ဤရောဂါ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရမည်ဖြစ်သည်။ သင်ရှိနေခဲ့လျှင် ၎င်းတို့သည် ထိုရောဂါကို ရှောင်နိုင်မည်လော။ ဘုရားသခင်က ၎င်းတို့ကံကြမ္မာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နာမကျန်းဖြစ်ရန်အတွက် ၎င်းတို့ကို မစီစဉ်ခဲ့လျှင် သင်က ၎င်းတို့နှင့်အတူ မရှိနေခဲ့လျှင်ပင် ၎င်းတို့အပေါ်၌ မည်သည့်အရာမျှ ဖြစ်ပျက်မည်မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ဘဝတွင် ဤကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရရန် ကံစီမံပြီးဖြစ်လျှင် သင်က ၎င်းတို့အနီး၌ ရှိနေခဲ့လျှင် မည်သည့်သက်ရောက်မှုကို သင်ပြုလုပ်နိုင်မည်နည်း။ ၎င်းတို့သည် ရှောင်နိုင်ဦးမည် မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။) ဘုရားသခင်ကို မယုံကြည်သော ထိုလူများအကြောင်းကို စဉ်းစားကြည့်လော့။ ၎င်းတို့မိသားစုများသည် တစ်နှစ်ပြီးတစ်နှစ် အတူတကွ ရှိသည်မဟုတ်လော။ ထိုမိဘများက ကြီးမားသော ကံဆိုးမှုနှင့် ကြုံရသောအခါ ၎င်းတို့၏ မိသားစုဆွေမျိုးနီးစပ်များနှင့် ၎င်းတို့၏ သားသမီးများအားလုံးက ၎င်းတို့နှင့်အတူ ရှိနေသည်မဟုတ်လော။ မိဘများက နေမကောင်းဖြစ်သောအခါ၊ သို့မဟုတ် ၎င်းတို့ရောဂါက ပို၍ဆိုးလာသောအခါ ၎င်းတို့၏ သားသမီးများက ၎င်းတို့ထံမှ ထွက်ခွာသွားသောကြောင့် ဖြစ်သလော။ ဤသို့မဟုတ်ပေ။ ဤသို့ဖြစ်လာဖို့ ကံပါလာခြင်းဖြစ်သည်။ သင်က ၎င်းတို့၏ သားသမီးတစ်ယောက်အနေဖြင့် သင့်မိဘများနှင့် သွေးသားတော်စပ်သောကြောင့် ၎င်းတို့က နေမကောင်းဖြစ်သည်ဟု သင်ကြားသောအခါ၌ သင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး အခြားလူများက မည်သို့မျှ ခံစားရမည်မဟုတ်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သည်။ သို့ရာတွင် သင့်မိဘများက ဤသို့သော ကြီးမားသော ကံဆိုးမှုမျိုးကို ကြုံရခြင်းသည် သင်က ယင်းအား မည်သို့ ဖယ်ရှားရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ဆိုသည်ကို စိစစ်ရန်၊ စုံစမ်းစစ်ဆေးရန်၊ တွေးတောရန် လိုအပ်သည်ဟု မဆိုလိုပေ။ သင့်မိဘများသည် အရွယ်ရောက်ပြီးသူများ ဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဤအရာကို အကြိမ်ရေအနည်းငယ်ထက် ပိုပြီး ကြုံခဲ့ရပြီးဖြစ်သည်။ ဘုရားသခင်က ဤအမှုကိစ္စကို ၎င်းတို့ထံမှ ဖယ်ရှားရန် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်လျှင် ယင်းသည် အနှေးနှင့် အမြန်ဆိုသလို လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။ ဤအမှုကိစ္စသည် ၎င်းတို့အတွက် ဘဝအခက်အခဲတစ်ခုဖြစ်လျှင်၊ ၎င်းတို့သည် ယင်းကို တွေ့ကြုံရမည်ဆိုလျှင် ၎င်းတို့သည် ယင်းအား မည်မျှကြာရှည်စွာ တွေ့ကြုံရမည်ဆိုသည်မှာ ဘုရားသခင်အပေါ် မူတည်သည်။ ယင်းသည် ၎င်းတို့တွေ့ကြုံရမည့်အရာတစ်ခု ဖြစ်ပြီး မရှောင်ရှားနိုင်ပေ။ သင်သည် ဤအမှုကိစ္စကို တစ်ကိုယ်တည်း ဖြေရှင်းလိုလျှင်၊ ဤအမှုကိစ္စ၏ အရင်းအမြစ်၊ အကြောင်းရင်းနှင့် အကျိုးဆက်များကို စိစစ်ပြီး စုံစမ်းစစ်ဆေးလိုလျှင် ယင်းသည် မိုက်မဲသောအတွေးဖြစ်သည်။ အကျိုးမရှိသကဲ့သို့ မလိုလားအပ်ပေ။ သင်သည် ဤသို့ မလုပ်ဆောင်သင့်ပေ။ စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ သင့်အတန်းဖော်များနှင့် မိတ်ဆွေများအား အကူအညီတောင်းရန် ဆက်သွယ်ခြင်း၊ သင့်မိဘများအတွက် ဆေးရုံကို ဆက်သွယ်ခြင်း၊ အကောင်းဆုံးဆရာဝန်များကို ဆက်သွယ်ခြင်း၊ ၎င်းတို့အတွက် အကောင်းဆုံးဆေးရုံအိပ်ရာ စီစဉ်ပေးခြင်းတို့ မပြုလုပ်သင့်ပေ။ သင်သည် ဦးနှောက်ခြောက်ခံပြီး ဤအရာအားလုံးကို လုပ်ဆောင်ရန် မလိုပေ။ သင်သည် အမှန်ပင် ပိုလွန်သောအားအင်ရှိနေလျှင် ယခု သင်ထမ်းဆောင်ရမည့် တာဝန်၌ ကောင်းစွာ လုပ်ဆောင်သင့်သည်။ သင့်မိဘများ၌ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာများ ရှိသည်။ မည်သူကမျှ ၎င်းတို့သေရမည့် အရွယ်တွင် မလွတ်မြောက်နိုင်ပေ။ သင့်မိဘများသည် သင့်ကံကြမ္မာ၏ အရှင်သခင်များမဟုတ်။ ပြီးလျှင် အလားတူပင် သင်သည် သင့်မိဘများ၏ ကံကြမ္မာ၏ အရှင်သခင်မဟုတ်ပေ။ တစ်စုံတစ်ခုသည် ၎င်းတို့တွင် ဖြစ်ပျက်ရန် ကံပါလာလျှင် သင်သည် ယင်းနှင့်ပတ်သက်ပြီး မည်သို့ လုပ်ဆောင်နိုင်သနည်း။ သင်က စိတ်သောကရောက်ပြီး ဖြေရှင်းချက်များကို ရှာဖွေခြင်းက မည်သည့်သက်ရောက်မှုကို ရရှိနိုင်သနည်း။ မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ ယင်းသည် ဘုရားသခင်၏ အလိုတော်အပေါ်တွင် မူတည်သည်။ ဘုရားသခင်က ၎င်းတို့ကို ခေါ်ဆောင်သွားလိုပြီး သင့်တာဝန်ကို အနှောင့်အယှက်ကင်းစွာ ထမ်းဆောင်ရန် သင့်အား အထောက်အကူပြုလျှင် သင်သည် ဤအရာကို ကြားဝင်စွက်ဖက်နိုင်သလော။ သင်သည် ဘုရားသခင်နှင့် သတ်မှတ်ချက်များကို ဆွေးနွေးနိုင်သလော။ ဤအချိန်တွင် သင် ဘာလုပ်သင့်သနည်း။ ဦးနှောက်ခြောက်ခံစဉ်းစားပြီး ဖြေရှင်းချက်များထုတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ စိစစ်ခြင်း၊ သင့်ကိုယ်သင်အပေါ် အပြစ်ပုံချခြင်း၊ သင့်မိဘများအား ရင်ဆိုင်ရန် ရှက်ရွံ့ခြင်းတို့သည် လူတစ်ယောက်ရှိသင့်သည့် အတွေးနှင့် လုပ်ရပ်များ ဖြစ်သလော။ ဤသည်တို့အားလုံးမှာ ဘုရားသခင်နှင့် သမ္မာတရားအပေါ် နာခံမှုကင်းမဲ့ခြင်း၏ သရုပ်သကန်များဖြစ်သည်။ ယင်းတို့သည် ဆင်ခြင်တုံတရားမရှိ၊ ဉာဏ်ပညာမရှိ၊ ဘုရားသခင်အပေါ် ပုန်ကန်သည်။ လူတို့တွင် ဤသို့သော သရုပ်သကန်များ မရှိသင့်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။)

လူအချို့က “ကျွန်ုပ်၏ မိဘများက နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် ကြီးမားသော ကံဆိုးမှုတစ်ခုနှင့် ကြုံတွေ့ရခြင်း အမှုကိစ္စကို စိစစ်ခြင်း၊ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း မပြုသင့်သည်ကိုလည်းကောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည် အဓိပ္ပာယ်မရှိသည်ကိုလည်းကောင်း၊ သမ္မာတရား စည်းမျဉ်းများကို အခြေခံပြီး ဤအရာအား ချဉ်းကပ်သင့်သည်ကိုလည်းကောင်း ကျွန်ုပ်သိသည်၊ သို့သော် ယင်းကို စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရန် ကိုယ့်ကိုယ်ကိုယ် မချုပ်တည်းနိုင်ပါ” ဟု ဆိုသည်။ ဤသို့ဆိုလျှင် သင့်ကိုယ်သင် ချုပ်တည်းဖို့ မလိုအပ်တော့ရန်အတွက် ချုပ်တည်းခြင်းပြဿနာကို ဖြေရှင်းကြစို့။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်သနည်း။ ဤဘဝတွင် ကျန်းမာသောကိုယ်ခန္ဓာ ရှိသည့်လူတို့သည် အသက် ၅၀၊ ၆၀ အရွယ်ရောက်ပြီးနောက်တွင် အသက်ကြီးရင့်သည့် လက္ခဏာများကို စတင်ကြုံတွေ့ရသည်။ ၎င်းတို့၏ ကြွက်သားများနှင့် အရိုးများက ပျက်စီးယိုယွင်းလာသည်။ ခွန်အား ဆုံးရှုံးလာသည်။ ကောင်းစွာ အိပ်မပျော်ပေ၊ သို့မဟုတ် များစွာ စားမဝင်ပေ။ ပြီးလျှင် အလုပ်လုပ်ရန်၊ စာဖတ်ရန်၊ သို့မဟုတ် မည်သည့်အလုပ်မျိုးကိုမဆို လုပ်ရန် လုံလောက်သော အားအင်မရှိပေ။ သွေးတိုး၊ ဆီးချို၊ နှလုံး၊ နှလုံးဆိုင်ရာရောဂါများ၊ ဦးနှောက်သွေးကြောဆိုင်ရာ ရောဂါများ စသည့်တို့ကဲ့သို့ ရောဂါအမျိုးမျိုးက ၎င်းတို့အတွင်းတွင် ရုတ်ခြည်း ပေါက်ဖွားလာသည်။ အနည်းငယ်ပို၍ ကျန်းမာသောသူများအတွက်မူ ၎င်းတို့၌ အသက်အရွယ် ကြီးရင့်သည့် ဤလက္ခဏာများရှိသော်လည်း ၎င်းတို့ လုပ်ဆောင်ဖို့ လိုအပ်သည့်မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ ပြီးလျှင် ဤလက္ခဏာများက ၎င်းတို့ ပုံမှန် ရှင်သန်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို မထိခိုက်ပေ။ ဤသည်မှာ အတော်အတန် ကောင်းပေသည်။ သိပ်မကျန်းမာသည့် သူတို့အတွက်မူ ဤလက္ခဏာများသည် ၎င်းတို့ ပုံမှန်ရှင်သန်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းကို အမှန်ပင် ထိခိုက်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဆရာဝန်နှင့် တွေ့ဆုံရန်အတွက် ဆေးရုံသို့ သွားရသည်။ ဤလူထဲမှ အချို့မှာ အအေးမိသည်၊ သို့မဟုတ် ခေါင်းကိုက်သည်။ အခြားလူများက အူရောင်သည်၊ သို့မဟုတ် ဝမ်းလျှောသည်။ ပြီးလျှင် ပြင်းပြင်းထန်ထန် ဝမ်းလျှောဝမ်းပျက်ဝေဒနာ ခံစားရသည့်အခါတိုင်းတွင် အိပ်ရာထဲ၌ နှစ်ရက်ကြာ အနားယူရန် လိုအပ်လေသည်။ လူအချို့မှာ သွေးတိုးရှိသည်။ ပြီးလျှင် ၎င်းတို့သည် အလွန်မူးသည်မှာ လမ်းမလျှောက်နိုင်သည်အထိ၊ ကားမစီးနိုင်သည်အထိ၊ သို့မဟုတ် အိမ်မှ အဝေးသို့ မသွားနိုင်သည်အထိပင် ဖြစ်ပေသည်။ ဆီးမထိန်းနိုင်သောသူအချို့လည်းရှိသည်။ ၎င်းတို့အတွက် အပြင်ထွက်ရန် အဆင်မပြေပေ။ ထို့ကြောင့် ၎င်းတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများနှင့်ပင် အပြင်ထွက်ပြီး ခရီးသွားသည်မှာ ရှားပါးသည်။ အစာစားသောအခါ၌ ဓါတ်မတည့်မှုများ အစဉ်ဖြစ်သော အခြားလူများရှိသည်။ ကောင်းစွာ အိပ်မပျော်သော၊ ဆူညံသောနေရာများ၌ အိပ်၍မရသောသူအချို့ရှိသည်။ ၎င်းတို့က အခြားတစ်နေရာသို့ ပြောင်းရွှေ့သည်နှင့် တစ်ပြိုင်နက် ၎င်းတို့အတွက် အိပ်ပျော်ရန် ပို၍ပင် ခက်ခဲသည်။ ဤအရာအားလုံးသည် ဤလူတို့၏ ဘဝနှင့် အလုပ်အပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိသည်။ သုံးနာရီမှ လေးနာရီကျော်၍ ဆက်တိုက်အလုပ်မလုပ်နိုင်သော လူအချို့ပင်ရှိသည်။ လူတို့သည် အသက် ၅၀၊ ၆၀ အရွယ်တွင် ရောဂါကျွမ်းလာသော ပို၍ပင် ဆိုးရွားသည့်ဖြစ်ရပ်များရှိသည်။ ဥပမာ ကင်ဆာ၊ ဆီးချို၊ ဒူလာနှလုံးရောဂါ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု၊ သို့မဟုတ် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပါကင်ဆန်ရောဂါစသည်တို့ဖြစ်သည်။ ဤရောဂါများသည် ၎င်းတို့စားသည့်အရာကြောင့်ဖြစ်သည်ဖြစ်စေ၊ ညစ်ညမ်းသော ပတ်ဝန်းကျင်၊ လေ၊ ရေကြောင့်ဖြစ်သည်ဖြစ်စေ လူ့ခန္ဓာ၏ နိယာမမှာ မိန်းမများက ၄၅ နှစ် အရွယ်ရောက်ပြီးနောက်၊ ယောက်ျားများက အသက် ၅၀ အရွယ်ရောက်ပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ခန္ဓာသည် တရွေ့ရွေ့ဖြင့် ယိုယွင်းလာသည်။ နေ့စဉ် ၎င်းတို့သည် ၎င်းတို့၏ ဤအစိတ်အပိုင်းသည် သက်သောင့်သက်သာမရှိ၊ ထိုအစိတ်အပိုင်းက နာသည်ဟု ပြောသည်။ စစ်ဆေးရန်အတွက် ဆရာဝန်ဆီသို့ သွားသည်။ ပြီးလျှင် ယင်းမှာ ရောဂါကျွမ်းနေသော ကင်ဆာဖြစ်သည်။ အဆုံးတွင် ဆရာဝန်က “အိမ်ပြန်ပါ၊ ကုလို့မရတော့ပါ” ဟု ပြောလေသည်။ လူအားလုံးက ဤခန္ဓာရောဂါများကို ကြုံရမည်။ ယနေ့တွင် သူတို့ကြုံရမည်ဖြစ်သည်။ မနက်ဖြန်တွင် သင်တို့နှင့် ကျွန်ုပ်တို့ ကြုံရမည်ဖြစ်သည်။ အသက်အရွယ်နှင့် အစီအစဉ်လိုက်အရဆိုလျှင် လူတို့အားလုံးသည် မွေးဖွားမည်။ အသက်ကြီးမည်။ နာမကျန်းဖြစ်မည်ဖြစ်ပြီး သေပေမည်။ ငယ်ရွယ်စဉ်မှ အိုမင်းသည့်အရွယ်သို့ ဝင်ရောက်သည်။ အိုမင်းသည့် အရွယ်မှနေ၍ ဖျားနာသည်။ ပြီးလျှင် ဖျားနာခြင်းမှ သေဆုံးသည်။ ဤသည်မှာ နိယာမဖြစ်သည်။ သင့်မိဘများက နာမကျန်းဖြစ်လာသည်ဟူသည့် သတင်းကို သင်ကြားသောအခါ ၎င်းတို့သည် သင်နှင့် အရင်းနှီးဆုံးလူများ ဖြစ်သောကြောင့်၊ သင် စိတ်အပူဆုံးသောသူများ၊ သင့်အား ပျိုးထောင်ပေးခဲ့သော သူများဖြစ်သောကြောင့် သင့်ခံစားချက်များ၏ အကျပ်အတည်းကို ကျော်လွှားနိုင်မည် မဟုတ်ဘဲ သင်က “တခြားလူများ၏ မိဘများသေသည့်အချိန်က ငါ မည်သည့်အရာမျှ မခံစားရပါ။ သို့သော် ငါ့မိဘများကမူ နာမကျန်းဖြစ်၍ မဖြစ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်လျှင် ငါက ဝမ်းနည်းမည်ဖြစ်သောကြောင့်ပင်။ ငါ မခံနိုင်ပါ၊ ငါ့နှလုံးသား နာကျင်ရသည်။ ငါ့ခံစားချက်များကို မကျော်လွှားနိုင်ပါ” ဟု တွေးလိမ့်မည်။ ၎င်းတို့သည် သင့်မိဘများဖြစ်ရုံသက်သက်ဖြင့် ၎င်းတို့သည် မအိုမင်းသင့်၊ နာမကျန်းမဖြစ်သင့်၊ ဧကန်မုချ မသေသင့်ဟု သင်ထင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ အဓိပ္ပာယ်မရှိသလို သမ္မာတရားလည်း မဟုတ်ပေ။ နားလည်သလော။ (နားလည်ပါသည်။) လူတိုင်းက ၎င်းတို့မိဘများ အသက်ကြီးလာခြင်းနှင့် နာမကျန်းဖြစ်ခြင်းတို့ကို ရင်ဆိုင်ရမည်။ ပြီးလျှင် ဆိုးဝါးသောအခြေအနေအချို့တွင် လူတို့၏ မိဘများသည် အိပ်ရာတွင် လေဖြတ်ခြင်းပင် ဖြစ်ကြသည်။ ထို့နောက်တွင် အချို့မှာ မြောနေသော အခြေအနေသို့ ရောက်ကြသည်။ လူအချို့၏ မိဘများသည် သွေးတိုး၊ ကိုယ်တစ်ပိုင်း အကြောသေခြင်း၊ လေသင်တုန်းဖြတ်ခြင်းတို့ ဖြစ်ကြသည်၊ သို့မဟုတ် ဆိုးဝါးသောရောဂါပင် ရပြီး သေဆုံးကြသည်။ လူတိုင်းသည် သူတို့ကိုယ်တိုင် ၎င်းတို့မိဘများ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ ထို့နောက် သေဆုံးခြင်းဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရမည်၊ သို့မဟုတ် ကြားရမည်။ လူအချို့မှာ ၎င်းတို့မိဘများက အသက် ၅၀ အရွယ်တွင် ဤအရာကို စောစီးစွာ ကြားရခြင်း၊ အချို့မှာ ၎င်းတို့မိဘများက အသက် ၆၀ အရွယ်တွင် ဤသတင်းကို ကြားရခြင်း၊ ပြီးလျှင် အခြားလူများမှာ ၎င်းတို့မိဘများက အသက် ၈၀၊ ၉၀၊ ၁၀၀ အရွယ်တွင်သာ ကြားရခြင်းတို့သာ ဖြစ်သည်။ သို့သော် ဤသတင်းကို မည်သည့်အချိန်တွင် သင်ကြားရသည်ဖြစ်စေ၊ သားတစ်ယောက်အနေဖြင့်ဖြစ်စေ၊ သမီးတစ်ယောက်အနေဖြင့်ဖြစ်စေ တစ်နေ့တွင် ဤအချက်ကို အနှေးနှင့် အမြန်ဆိုသလို လက်ခံရလိမ့်မည်။ သင်သည် အရွယ်ရောက်သူတစ်ဦးဖြစ်လျှင် ရင့်ကျက်သည့် အတွေးအခေါ် ပုံစံရှိသင့်သည်။ ပြီးလျှင် လူတို့မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့အပေါ် မှန်ကန်သော သဘောထားရှိသင့်ပြီး စိတ်လိုက်မာန်ပါ မပြုသင့်ပေ။ သင်သည် သင့်မိဘများက နာမကျန်းဖြစ်သည့်သတင်းကို ကြားရသောအခါ၊ သို့မဟုတ် ၎င်းတို့သည် ရောဂါ အသည်းအသည်ဖြစ်နေသည်ဟု ဆေးရုံက သတိပေးမှုကို လက်ခံရရှိသောအခါတွင် ယင်းကို မခံနိုင် မဖြစ်သင့်ပေ။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့သည် လူတိုင်းက လက်ခံရမည့် အရာများဖြစ်သည်။ မည်သည့်အရာကို အခြေခံပြီး သင်က ဤအရာကို မခံယူနိုင်သနည်း။ ဤသည်မှာ လူ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအတွက် ဘုရားသခင်က ကြိုတင်စီမံခဲ့သော နိယာမဖြစ်သည်။ အဘယ်ကြောင့် သင်က ချိုးဖောက်ချင်သနည်း။ အဘယ်ကြောင့် လက်မခံသနည်း။ သင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင်သည် သင့်မိဘများကို မသေစေလိုပေ။ သင်သည် ဘုရားသခင်က ချမှတ်ခဲ့သည့် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းနိယာမအတိုင်း ၎င်းတို့ကို မရှင်သန်စေလိုပေ။ သင်သည် ၎င်းတို့ နာမကျန်းဖြစ်သည်ကိုလည်းကောင်း၊ သေဆုံးသည်ကိုလည်းကောင်း တားဆီးလိုသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာ ဖြစ်မည်နည်း။ ပလပ်စတစ်လူများ ဖြစ်မသွားသလော။ ဤသို့ဆိုလျှင် ၎င်းတို့သည် လူဖြစ်ဦးမည်လော။ ထို့ကြောင့် သင်သည် ဤအချက်ကို လက်ခံရမည်။ သင်သည် သင့်မိဘများက အိုမင်းနေသည်၊ နာမကျန်းဖြစ်ပြီး သေဆုံးသည်ဆိုသည့် သတင်းကို မကြားရမီတွင် ဤအတွက် သင့်စိတ်နှလုံးတွင် သင့်ကိုယ်သင် ပြင်ဆင်ထားသင့်သည်။ တစ်နေ့တွင် အနှေးနှင့် အမြန်ဆိုသလို လူတိုင်းက အိုမင်းမည်။ အားလျော့မည်။ သေဆုံးမည်။ သင့်မိဘများက သာမန်လူများ ဖြစ်သည့်အတွက် ၎င်းတို့သည် ဤအကျပ်အတည်းကို အဘယ်ကြောင့် မတွေ့ကြုံနိုင်ရမည်နည်း။ ဤအကျပ်အတည်းကို ၎င်းတို့ တွေ့ကြုံသင့်သည်။ ပြီးလျှင် သင်က ယင်းကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ ဤအမှုကိစ္စ ပြေလည်ပြီး ဖြစ်သလော။ သင်သည် ယခုတွင် ဤသို့သောအရာများကို ဆင်ခြင်တုံတရားရှိစွာဖြင့် ကိုင်တွယ်နိုင်သလော။ (ကိုင်တွယ်နိုင်ပါသည်။) ဤသို့ဆိုလျှင် နောင်အချိန်၌ သင့်မိဘများက အလွန်အမင်း နာမကျန်းဖြစ်သောအခါ၊ သို့မဟုတ် ၎င်းတို့အပေါ်သို့ ကြီးမားသော ကံဆိုးမှုတစ်ခု ကျရောက်သောအခါ ယင်းကို မည်သို့ ချဉ်းကပ်မည်နည်း။ လျစ်လျူရှုခြင်းသည်လည်း မှားယွင်းသည်။ ပြီးလျှင် လူတို့က “မင်းက ဖားလော။ မြွေလော။ မည်သို့များ ဤမျှ သွေးအေးနိုင်ရသနည်း” ဟု ပြောလိမ့်မည်။ သင်သည် သာမန်လူတစ်ယောက် ဖြစ်သောကြောင့် သင့်၌ တုံ့ပြန်မှုရှိသင့်သည်။ သင်က “ငါ့မိဘများ၏ ဘဝက ခက်ခဲခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဤရောဂါရခဲ့သည်။ မည်သည့်ကောင်းချီးမျှ မခံစားခဲ့ရပါ။ ပြီးလျှင် ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်မှုတွင် ဇွဲလုံ့လမရှိခဲ့ပါ။ သူတို့ဘဝက ထိုကဲ့သို့သာ ဖြစ်သည်။ သူတို့ မည်သည့်အရာမျှ နားမလည်ခဲ့ပါ။ လမ်းမှန်ကို မလျှောက်ခဲ့ပါ။ သို့မဟုတ် သမ္မာတရားကို မလိုက်စားခဲ့ပါ။ သူတို့နေ့ရက်များကို ထိုကဲ့သို့သာ ကုန်ဆုံးခဲ့သည်။ သူတို့သည် တိရစ္ဆာန်များနှင့် မည်သည့်ခြားနားချက်မျှ မရှိပါ။ သူတို့သည် နွားအို၊ မြင်းအိုများနှင့် ကွာခြားမှုမရှိပါ။ ယခု သူတို့က အလွန်နာမကျန်းဖြစ်သဖြင့် ကိုယ့်အားကိုယ်ကိုးဖို့သာ ရှိမည်။ သို့သော် ဘုရားသခင်က သူတို့၏ ဒုက္ခအချို့ကို လျှော့ပေးနိုင်ဖို့ ငါမျှော်လင့်သည်” ဟု တွေးတောသင့်သည်။ သင့်စိတ်နှလုံးတွင် ၎င်းတို့အတွက် ဆုတောင်းလော့။ ပြီးလျှင် ယင်းသည် လုံလောက်သည်။ မည်သည်သူက မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်သည် သင့်မိဘများနှင့်အတူမရှိလျှင် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ သင်သည် ၎င်းတို့အနီးတွင်ရှိလျှင်ပင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ မိမိတို့၏မိဘများ ငယ်ရွယ်သည့်အချိန်မှ အိုမင်းခြင်း၊ အိုမင်းသည့် အရွယ်မှ ရောဂါအမျိုးမျိုးရရှိခြင်း၊ ဤရောဂါအမျိုးမျိုး ရရှိခြင်းမှ ၎င်းတို့၏ ဆေးကုသမှု မအောင်မြင်ခြင်း၊ သေဆုံးကြောင်း တရားဝင်ကြေညာခြင်း၊ ရေခဲတိုက်ထဲသို့ ၎င်းတို့အား တွန်းပို့ခြင်းတို့ကို လူမည်မျှက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသနည်း။ ဤသို့ မြင်ရသောသူ လျော့နည်းသွားခြင်း မရှိပေ။ ဤသားသမီးများအားလုံးသည် ၎င်းတို့မိဘများနှင့် အတူနေကြသော်လည်း မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ကြည့်နေရုံသာ တတ်နိုင်သည်။ ယခုအခါတွင် ဤဖြစ်စဉ်ကို မကြည့်ခြင်းအားဖြင့် သင်၏ဒုက္ခအနည်းငယ် သက်သာလိမ့်မည်။ မကြည့်ခြင်းက ပို၍ကောင်းသည်။ ဤသို့ဖြစ်သည်ကို ကြည့်ခြင်းက သင့်အတွက် ကောင်းသောအရာ ဖြစ်မည်မဟုတ် ဟူ၍ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤအမှုကိစ္စနှင့် ပတ်သက်လျှင် သင်သည် တစ်ဖက်တွင် လူတို့မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့သည် ဘုရားသခင်က ချမှတ်ခဲ့သော နိယာမတစ်ခုဖြစ်သည်ဆိုသည့်အချက်ကို ပိုင်းခြားသိမြင်ရမည်။ အခြားတစ်ဖက်တွင် လူတို့ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ၎င်းတို့၏ ကံကြမ္မာကို ရှင်းလင်းစွာ မြင်ရမည်။ ဆင်ခြင်တုံတရားမရှိခြင်း မဖြစ်ရပေ။ ပြီးလျှင် စိတ်လိုက်မာန်ပါဖြစ်သော၊ သို့မဟုတ် မိုက်မဲသောအရာများကို မလုပ်ဆောင်ရ။ စိတ်လိုက်မာန်ပါဖြစ်သော၊ သို့မဟုတ် မိုက်မဲသောအရာများကို သင် အဘယ်ကြောင့် မလုပ်ဆောင်သင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ယင်းတို့ကို လုပ်ဆောင်လျှင်ပင် မည်သို့မျှ အကျိုးရှိမည်မဟုတ်။ ထိုအစား ယင်းသည် သင်၏ မိုက်မဲမှုကို ဖွင့်ပြလိမ့်မည်။ ပို၍အရေးကြီးသည်မှာ သင်သည် မိုက်မဲသောအရာများကို လုပ်ဆောင်နေစဉ်တွင် ဘုရားသခင်ကို မနာခံနေခြင်း ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က ဤအရာကို မနှစ်သက်ပေ။ သူ ရွံမုန်းလေသည်။ သင်သည် အယူဝါဒနှင့်ပတ်သက်လျှင် ဤသမ္မာတရားအားလုံးကို ရှင်းလင်းပြီး နားလည်သည်။ သို့သော် သင်၏ ကိုယ်ပိုင်လမ်းကြောင်းကို ဖက်တွယ်ထားဆဲဖြစ်သည်။ ပြီးလျှင် အချို့သောအရာများကို ခေါင်းမာသော၊ တမင်ရည်ရွယ်သောပုံစံဖြင့် လုပ်ဆောင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သင့်ကို မနှစ်သက်ပေ။ သူသည် သင့်ကို စက်ဆုပ်ရွံမုန်းသည်။ သူသည် သင်နှင့်ပတ်သက်ပြီး မည်သည့်အရာကို စက်ဆုပ်သနည်း။ သင်၏ ခေါင်းမာသော မိုက်မဲမှုနှင့် သင်၏ မနာခံမှုကို သူ စက်ဆုပ်သည်။ သင်က လူသားခံစားချက်တစ်ခုကို ပိုင်ဆိုင်သည်ဟု သင် ထင်သည်။ သို့သော် သင်သည် ခေါင်းမာပြီး မိုက်မဲသည်ဟု ဘုရားသခင်က ဆိုသည်။ သင်သည် ခေါင်းမာသည်၊ မိုက်မဲသည်၊ နုံအသည်၊ လိုက်လျောခြင်းမရှိ။ ပြီးလျှင် သင်သည် သမ္မာတရားကို လက်မခံ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် ကြိုတင်စီစဉ်မှုများကို မနာခံပေ။ ဘုရားသခင်က သင့်အား ဤအမှုကိစ္စအတွင်းတွင် ရှိသော အနှစ်သာရ၊ အရင်းအမြစ်၊ အတိအကျ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ရှင်းလင်းစွာပြောပြီး ဖြစ်သည်။ သို့သော် သင်သည် ဤအရာအားလုံးကို ကိုင်တွယ်ရန် သင်၏ ခံစားချက်များကို အသုံးပြုလိုဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သင့်အား မနှစ်သက်ပေ။ အဆုံးတွင် ဘုရားသခင်သည် သင့်မိဘများ၏ ရောဂါကို သင့်မိဘများထံမှ မဖယ်ရှားပေးလျှင်၊ ၎င်းတို့တွင် ဤသို့ ဖြစ်ပျက်ရမည်ဆိုလျှင် ၎င်းတို့သည် အလွန်အမင်း နာမကျန်းဖြစ်ပြီး သေဆုံးမည်။ မည်သူကမျှ ဤအချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ပြောင်းလဲလိုလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ပြောင်းလဲရန်အတွက် သင်ကိုယ်တိုင်၏ လက်နှင့် နည်းလမ်းများအား အသုံးပြုလိုသည်ကို သက်သေပြသည်။ ဤသည်မှာ အကြီးဆုံးသော မနာခံခြင်းဖြစ်ပြီး သင်သည် ဘုရားသခင်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မဆန့်ကျင်လိုလျှင် သင့်မိဘများ၌ ဤအရာများ ဖြစ်ပျက်သည်ကို သင် ကြားသိရသောအခါတွင် စိတ်တည်ငြိမ်သင့်သည်။ ပြီးလျှင် ငိုကြွေးရန်၊ စဉ်းစားရန်နှင့် ဆုတောင်းရန် သင်တစ်ယောက်တည်းရှိနိုင်သည့် နေရာတစ်ခုကို ရှာသင့်သည်၊ သို့မဟုတ် သင်၏ တောင့်တသည့်ခံစားချက်အား သင့်အနီးတွင်ရှိသော ညီအစ်ကိုမောင်နှမများထံ ဖွင့်ဟသင့်သည်။ ဤအရာများကိုသာ သင်လုပ်ဆောင်ဖို့ လိုအပ်သည်။ သင်သည် တစ်စုံတစ်ခုကို ပြောင်းလဲရန် မစဉ်းစားသင့်ပေ။ ပြီးလျှင် မိုက်မဲသောအရာများကို အသေအချာပင် မလုပ်သင့်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ရုံသက်သက်ဖြင့်၊ သို့မဟုတ် သင်သည် သင့်တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ရန်အတွက် သင့်မိသားစုကို စွန့်ပစ်ပြီး သင့်အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့သည်ဆိုသည်ကို အခြေခံ၍ ဘုရားသခင်ထံ ဆုတောင်းကာ သင့်မိဘများ၏ ရောဂါကို ဖယ်ရှားပေးရန်နှင့် နှစ်အနည်းငယ်ပို၍ အသက်ရှင်ခွင့်ပြုရန်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အသက်နှစ်နှစ်ကို ယူပြီး ၎င်းတို့အား ပေးရန် မတောင်းလျှောက်နှင့်။ ဤသို့သောအရာများကို မလုပ်ဆောင်နှင့်။ ဘုရားသခင်သည် ဤဆုတောင်းမှုမျိုးကို နားထောင်မည်မဟုတ်ပေ။ ပြီးလျှင် ဤအတွေးနှင့် ဆုတောင်းမှုမျိုးကို သူ စက်ဆုပ်သည်။ ဘုရားသခင်ကို စိတ်မချမ်းသာအောင်၊ သို့မဟုတ် စိတ်တိုအောင် မလုပ်နှင့်။ လူတို့က လူတစ်ယောက်၏ ကံကြမ္မာအား ကြိုးကိုင်ခြယ်လှယ်လိုခြင်း၊ လူတစ်ယောက်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ အုပ်စိုးမှုနှင့်ပတ်သက်သော အမှန်တရားကို ပြောင်းလဲလိုခြင်း၊ သို့မဟုတ် ဘုရားသခင်က ရှေးယခင်ကတည်းက ချမှတ်ခဲ့သော အချို့အချက်များကို၊ သို့မဟုတ် လူတို့ကံကြမ္မာ၏ လမ်းကြောင်းများကို ပြောင်းလဲလိုခြင်းတို့ကို ဘုရားသခင်က စိတ်အကုန်ဆုံးဖြစ်သည်။ ဘုရားသခင်က ဤအရာကို အရွံမုန်းဆုံးဖြစ်သည်။

လူတို့၏ မိဘများ နာမကျန်းဖြစ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး လူတို့၌ ရှိသင့်သော သဘောထား၊ အတွေး၊ နားလည်မှုတို့အပေါ် ငါ မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးပြီ ဖြစ်သည်။ အလားတူပင် လူတို့သည် ၎င်းတို့၏ မိဘများ ကွယ်လွန်ခြင်းနှင့်ပတ်သက်လျှင် မှန်ကန်ပြီး ဆင်ခြင်တုံတရားရှိသော သဘောထားကိုလည်း ပိုင်ဆိုင်သင့်သည်။ လူအချို့သည် ၎င်းတို့မိဘများနှင့် ခွဲခွာနေရသည်မှာ နှစ်များစွာ ကြာပြီဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏မိဘများအနီးတွင် မနေခဲ့ပေ၊ သို့မဟုတ် ၎င်းတို့မိဘများနှင့် အတူမနေခဲ့ပေ။ ပြီးလျှင် ၎င်းတို့၏ မိဘများက ရုတ်တရက် ကွယ်လွန်သွားသည်ကို ၎င်းတို့ကြားရသောအခါ ၎င်းတို့အတွက် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေသည်။ ပြီးလျှင် အားလုံးက မယုံနိုင်လောက်အောင် ရုတ်ခြည်းဖြစ်သကဲ့သို့ ခံစားရသည်။ ဤလူတို့သည် နှစ်ပေါင်းများစွာကြာအောင် ၎င်းတို့မိဘများနှင့် အတူမရှိနေခဲ့သောကြောင့်၊ သို့မဟုတ် အတူမနေထိုင်ခဲ့သောကြောင့် ၎င်းတို့၏ အတွေးများနှင့် အယူအဆများတွင် အစဉ်သဖြင့် မှားယွင်းသော အယူအဆတစ်မျိုးရှိကြသည်။ မည်သည့် မှားယွင်းသော အယူအဆမျိုးနည်း။ သင်သည် သင့်မိဘများထံမှ ထွက်ခွာသောအခါ ၎င်းတို့သည် အသက်ရှင်ပြီး ကျန်းမာသည်။ ၎င်းတို့၏ အဝေး၌ နှစ်ပေါင်းများစွာနေပြီးနောက်တွင် သင့်စိတ်ထဲတွင် သင့်မိဘများက ယခင်အသက်အရွယ်အတိုင်း ရှိနေသည်။ ပြီးလျှင် သင်မှတ်မိထားသော ယခင်ကကဲ့သို့ ကိုယ်ခန္ဓာနှင့် အသက်ရှင်နေထိုင်သည့် အခြေအနေအတိုင်း ရှိမြဲရှိနေသည်။ ဤသည်မှာ အမှုအရာများကို ရှုပ်ထွေးစေသည်။ ထို့နောက်တွင် သင်သည် သင့်မိဘများက မည်သည့်အခါမျှ အိုမင်းမည် မဟုတ်ဟုလည်းကောင်း၊ မွေးနေ့ပေါင်းမြောက်မြားစွာကို ကျင်းပရန် အသက်ရှင်လိမ့်မည်ဟုလည်းကောင်း ယုံကြည်သည်။ ဆိုလိုသည်မှာ ၎င်းတို့မျက်နှာက သင့်စိတ်နှလုံးတွင် စွဲမှတ်ထားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ဘဝများ၊ စကားများနှင့် ကိုယ်ဟန်အမူအရာတို့က သင်၏ စိတ်တွင်၊ သင်၏ မှတ်ဉာဏ်တွင် အရာထင်ပြီး စွဲထင်သွားသည်နှင့် တစ်ပြိုင်နက် သင့်မိဘများသည် ထာဝရ ဤသို့ဖြစ်လိမ့်မည်ဟုလည်းကောင်း၊ ၎င်းတို့သည် ပြောင်းလဲမည်မဟုတ်၊ အိုမင်းမည်မဟုတ်၊ အသေအချာပင် သေဆုံးမည်မဟုတ်ဟုလည်းကောင်း သင်ထင်သည်။ ဤတွင် “သေဆုံးမည်မဟုတ်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ တစ်ဖက်တွင် ယင်းသည် ၎င်းတို့၏ ရုပ်ခန္ဓာများက ပျောက်ကွယ်မည်မဟုတ်ဟု ဆိုလိုသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ မျက်နှာ၊ သင့်အပေါ် ၎င်းတို့၏ ခံစားချက် စသည်တို့က ပျောက်ကွယ်မည်မဟုတ်ဟု ဆိုလိုသည်။ ဤသည်မှာ မှားယွင်းသော အယူအဆဖြစ်သည်။ ပြီးလျှင် ယင်းသည် သင့်အား အလွန်အမင်း ဒုက္ခရောက်စေလိမ့်မည်။ ထို့ကြောင့် သင့်မိဘများသည် မည်သည့်အသက်အရွယ်ဖြစ်စေ၊ ၎င်းတို့သည် အိုမင်းပြီး သေသည်ဖြစ်စေ၊ ရောဂါကြောင့်၊ သို့မဟုတ် ဖြစ်ရပ်အချို့ ဖြစ်ပျက်သောကြောင့် သေသည်ဖြစ်စေ သင့်အပေါ် ထိတ်လန့်တုန်လှုပ်စေလိမ့်မည်ဖြစ်ပြီး သင့်အတွက် အလွန်ပင် ရုတ်တရက်ဖြစ်သကဲ့သို့ ခံစားရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်စိတ်တွင် သင့်မိဘများက အသက်ရှင်ပြီး ကျန်းမာနေဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က ရုတ်တရက် မရှိတော့ပေ။ သင်က “သူတို့က မည်သို့ဖြစ်၍များ မရှိတော့သနည်း။ အသက်ရှင်နေသည့်လူများက မည်သို့ဖြစ်၍များ မြေမှုန့်အဖြစ် ပြောင်းသွားနိုင်ရသနည်း။ ငါ့ စိတ်ထဲတွင် ငါ့မိဘများက အသက်ရှင်နေဆဲပင် ဖြစ်သည်။ ငါ့အမေက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေဆဲပင် ဖြစ်သည်။ အလွန် အလုပ်ရှုပ်နေဆဲပင် ဖြစ်သည်။ ငါ့အဖေက နေ့တိုင်း အပြင်တွင် အလုပ်လုပ်နေပြီး ညနေမှသာ ပြန်လာလျက် ရှိနေဆဲဖြစ်သည်ဟု ငါ အမြဲတမ်း ခံစားရသည်” ဟု တွေးလိမ့်မည်။ ၎င်းတို့၏ဘဝရှိ ဤမြင်ကွင်းများသည် သင့်စိတ်တွင် အရာအချို့ ထင်ကျန်နေခဲ့သည်။ ထို့ကြောင့် သင့်ခံစားချက်များကြောင့် သင်၏ အသိစိတ်သည် မထားရှိသင့်သော အရာတစ်ခုကို ထားရှိသည်။ ယင်းမှာ သင့်စိတ်နှလုံးထဲတွင် သင့်မိဘများသည် ထာဝရအသက်ရှင်နေလိမ့်မည်ဟူသော ယုံကြည်မှုဖြစ်သည်။ ဤသို့ဖြင့် သင့်မိဘများ မသေသင့်ဟု သင်ယုံကြည်သည်။ ပြီးလျှင် သင့်မိဘများက မည်သည့်အခြေအနေမျိုး၌ ကွယ်လွန်သည်ဖြစ်စေ သင့်အတွက် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ခံစားရမည်။ ထို့နောက်တွင် သင်သည် ယင်းကို လက်ခံနိုင်မည်မဟုတ်ပေ။ ဤအချက်ကို ကျော်လွှားရန် သင့်အတွက် အချိန်ယူရမည် မဟုတ်လော။ သင့်မိဘများက ဖျားနာခြင်းသည်ပင် သင့်အတွက် အလွန်ပင် အံ့အားသင့်ဖွယ်ရာတစ်ခု ဖြစ်နေပြီ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင့်မိဘများ ကွယ်လွန်ခြင်းသည် ပို၍ပင် ကြီးမားသော အံ့အားသင့်မှု ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤသို့ မဖြစ်ပျက်မီတွင် သင့်တာဝန်ထမ်းဆောင်ခြင်း၊ သို့မဟုတ် သင်လျှောက်သည့် လမ်းကြောင်းကို မထိခိုက်ရန်၊ ကြားဝင်မစွက်ဖက်ရန်၊ သို့မဟုတ် သက်ရောက်မှု မရှိရန်အတွက် သင့်အပေါ်တွင် ကျရောက်မည်ဖြစ်သော မျှော်လင့်မထားသည့် ထိတ်လန့်တုန်လှုပ်မှုကို သင်မည်သို့ ဖြေရှင်းသင့်သနည်း။ ဦးစွာ သေခြင်းက အတိအကျ မည်သည့်အရာဖြစ်သည်၊ ကွယ်လွန်ခြင်းက အတိအကျမည်သည့်အရာ ဖြစ်သည်ကို ကြည့်ကြစို့။ ယင်းမှာ လူတစ်ယောက်က ဤကမ္ဘာမှ ထွက်ခွာခြင်းကို ဆိုလိုသည်မဟုတ်လော။ (ဟုတ်ပါသည်။) ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတစ်ခုရှိသော လူတစ်ယောက်ပိုင်ဆိုင်သည့် အသက်သည် လူသားက မြင်နိုင်သော ရုပ်ဝတ္ထုဆိုင်ရာကမ္ဘာမှ ဖယ်ရှားခြင်းခံရပြီး ပျောက်ကွယ်သွားသည်ကို ဆိုလိုသည်။ ထို့နောက်တွင် ထိုလူသည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားပုံစံဖြင့် ဆက်လက်၍ အသက်ရှင်သည်။ သင့်မိဘများ၏ အသက် ထွက်ခွာခြင်းက ဤကမ္ဘာတွင် ၎င်းတို့နှင့်ရှိသော သင်၏ ဆက်ဆံရေးသည် ပပျောက်သွားသည်၊ ပျောက်ကွယ်သွားသည်၊ ပြီးလျှင် အဆုံးသတ်သွားသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အခြားကမ္ဘာတစ်ခုတွင်၊ အခြားသောပုံစံဖြင့် အသက်ရှင်နေကြသည်။ ထိုအခြားကမ္ဘာ၌ ၎င်းတို့၏ ဘဝများက မည်သို့ရှိမည်၊ ၎င်းတို့က ဤကမ္ဘာသို့ ပြန်လာခြင်း၊ သင့်အား နောက်တစ်ဖန် တွေ့ဆုံခြင်းရှိမရှိ၊ သို့မဟုတ် သင်နှင့် သွေးသားတော်စပ်မှု၊ သို့မဟုတ် စိတ်ခံစားချက်ပိုင်းဆိုင်ရာ နှောင်ဖွဲ့မှုတစ်ခုခု ရှိမရှိတို့အတွက်မူ ဘုရားသခင်က ကြိုတင်စီမံပြီး သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အနှစ်ချုပ်လျှင် ၎င်းတို့ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန် ပြီးဆုံးပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဇာတ်သိမ်းသွားပြီဟု ဆိုလိုသည်။ ဤဘဝနှင့် ဤကမ္ဘာတွင် ၎င်းတို့၏ တာဝန်သည် ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည်လည်း ပြီးဆုံးသွားသည်။ ၎င်းတို့က နောင်အချိန်တွင် လူဝင်စားခြင်း ရှိမရှိ၊ သို့မဟုတ် အခြားကမ္ဘာတွင် ပြစ်ဒဏ်၊ သို့မဟုတ် ကန့်သတ်မှုတစ်ခုခု၊ သို့မဟုတ် ကိုင်တွယ်မှုနှင့် ကြိုတင်စီစဉ်မှုတစ်မျိုးမျိုးကို ခံရခြင်းရှိမရှိတို့သည် သင်နှင့် သက်ဆိုင်မှုရှိသလော။ သင်သည် ဤအရာကို ဆုံးဖြတ်နိုင်သလော။ သင်နှင့် သက်ဆိုင်ခြင်းမရှိပေ။ သင် မဆုံးဖြတ်နိုင်ပေ။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်သတင်းကိုမျှ သင် ရရှိနိုင်မည်မဟုတ်ပေ။ ဤဘဝတွင် ၎င်းတို့နှင့် သင်၏ ဆက်ဆံရေးသည် ထိုအချိန်တွင် ပြီးဆုံးသည်။ ဆိုလိုသည်မှာ သင်တို့သည် နှစ် ၁၀၊ ၂၀၊ ၃၀၊ ၄၀ ကြာအထိ အတူတကွနေထိုင်ခဲ့သည့်အခါ၌ သင်တို့ကို ချည်နှောင်ခဲ့သည့် ကံကြမ္မာသည် ထိုအချိန်တွင် အဆုံးသတ်သွားသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့ဖြစ်ပြီး သင်က သင်ဖြစ်သည်။ ပြီးလျှင် သင်တို့ကြားတွင် မည်သည့်ဆက်ဆံရေးမျှ လုံးဝ မရှိပေ။ သင်တို့အားလုံးက ဘုရားသခင်ကို ယုံကြည်လျှင်ပင် ၎င်းတို့က ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ပြီး သင်က သင့်တာဝန်ကို ထမ်းဆောင်သည်။ ၎င်းတို့သည် တူညီသော သဘာဝမြေမျက်နှာပြင် ပတ်ဝန်းကျင်တွင် မနေထိုင်တော့သောအခါ သင်တို့ကြား၌ မည်သည့် ဆက်ဆံရေးမျှ မရှိတော့ပေ။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို အပ်နှံပြီးဖြစ်သော တာဝန်များကို ပြီးမြောက်သွားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သင့်အတွက် ၎င်းတို့ ဖြည့်ဆည်းခဲ့သည့် တာဝန်များနှင့်ပတ်သက်လျှင် ထိုတာဝန်များသည် သင်က ၎င်းတို့အား မှီခိုခြင်းကင်းလျက် စတင်ရပ်တည်သည့်နေ့တွင် အဆုံးသတ်သည်။ သင်သည် သင့်မိဘများနှင့် သက်ဆိုင်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် ယနေ့ ကွယ်လွန်သွားလျှင် သင်သည် စိတ်ခံစားချက်အဆင့်တွင် တစ်စုံတစ်ရာကို လွမ်းဆွတ်နေခြင်းသာ ဖြစ်လိမ့်မည်။ ပြီးလျှင် တောင့်တရမည့် ချစ်ရသောသူနှစ်ယောက် လျော့သွားလိမ့်မည်။ သင်သည် ၎င်းတို့ကို မည်သည့်အခါမျှ တစ်ဖန်ပြန်တွေ့မည်မဟုတ်။ ၎င်းတို့နှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမျှ တစ်ဖန် လုံးဝ ကြားနိုင်မည်မဟုတ်ပေ။ ထို့နောက်တွင် ၎င်းတို့၌ မည်သို့ဖြစ်သည်ဆိုသည်နှင့် ၎င်းတို့၏အနာဂတ်တို့က သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ သင်တို့ကြားတွင် သွေးသားတော်စပ်မှုများရှိမည်မဟုတ်။ သင်တို့သည် တူညီသောသက်ရှိအမျိုးအစားပင် ဖြစ်မည်မဟုတ်တော့ပေ။ ဤသည်မှာ အမှန်တရားတည်း။ သင့်မိဘများ ကွယ်လွန်ခြင်းသည် ဤကမ္ဘာတွင် ၎င်းတို့နှင့်ပတ်သက်ပြီး သင် ကြားသိရသော နောက်ဆုံးသတင်း၊ ၎င်းတို့ဘဝတွင် ၎င်းတို့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အပေါ် ၎င်းတို့၏ အတွေ့အကြုံများနှင့်ပတ်သက်လျှင် သင်မြင်ရသော၊ သို့မဟုတ် ကြားရသော နောက်ဆုံး အကျပ်အတည်းများသာ ဖြစ်လိမ့်မည်။ ဤမျှသာ ဖြစ်သည်။ ၎င်းတို့၏ သေဆုံးခြင်းက သင့်ထံမှ မည်သည့်အရာကိုမျှ ယူဆောင်သွားမည်မဟုတ်၊ သို့မဟုတ် သင့်အား မည်သည့်အရာကိုမျှ ပေးမည်မဟုတ်။ ၎င်းတို့သည် ရိုးရှင်းစွာပင် သေဆုံးသွားခဲ့ပြီးဖြစ်လိမ့်မည်။ လူတို့အနေဖြင့် ၎င်းတို့၏ ခရီးသည် အဆုံးသတ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ ကွယ်လွန်ခြင်းနှင့်ပတ်သက်လျှင် မတော်တဆ သေဆုံးခြင်းဖြစ်စေ၊ ပုံမှန်သေဆုံးခြင်းဖြစ်စေ၊ နာမကျန်းဖြစ်ပြီး သေဆုံးခြင်းဖြစ်စေ စသည်တို့သည် အရေးမပါပေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကြောင့် မည်သူ၊ သို့မဟုတ် မည်သည့်အင်အားစုကမျှ ၎င်းတို့အသက်ကို မနုတ်ယူနိုင်ပေ။ ၎င်းတို့ ကွယ်လွန်ခြင်းသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝများ အဆုံးသတ်ခြင်းကိုသာ ဆိုလိုသည်။ သင်သည် ၎င်းတို့ကို သတိရလျှင်၊ ၎င်းတို့ကို တောင့်တလျှင်၊ သို့မဟုတ် သင့်ခံစားချက်များကြောင့် သင့်ကိုယ်သင် ရှက်ရွံ့လျှင် ဤသို့သော မည်သည့်အရာကိုမျှ သင်မခံစားသင့်ပေ။ ပြီးလျှင် ၎င်းတို့ကို ခံစားရန် မလိုအပ်ပေ။ သင့်မိဘများသည် ဤကမ္ဘာလောကမှ ထွက်ခွာပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အား သတိရခြင်းသည် မလိုအပ်သည်မှာ မဟုတ်လော။ သင်က “ဤနှစ်များတစ်လျှောက်တွင် ငါ့မိဘများက ငါ့ကို သတိရခဲ့သလော။ ငါက နှစ်များစွာကြာမြင့်အောင် သူတို့အနားတွင် မရှိဘဲ သားသမီးဝတ် မကျေပွန်ခဲ့သောကြောင့် သူတို့ မည်မျှပိုပြီး ဒုက္ခခံခဲ့ရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ငါက သူတို့နှင့်အတူ သုံးလေးရက်လောက် နေနိုင်ဖို့ အမြဲတမ်း ဆန္ဒရှိခဲ့သည်။ သူတို့ ကွယ်လွန်သည်မှာ အလွန်မြန်မည်ဟု ငါ လုံးဝ မမျှော်လင့်ခဲ့ပါ။ ငါ ဝမ်းနည်းပြီး အပြစ်ရှိသလို ခံစားရသည်” ဟု တွေးလျှင် သင် ဤသို့ တွေးသည်မှာ မလိုအပ်ပေ။ ၎င်းတို့၏ သေခြင်းသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ၎င်းတို့သည် အဘယ်ကြောင့် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိသနည်း။ အဘယ်ကြောင့်ဆိုသော် သင်က ၎င်းတို့အပေါ် သားသမီးဝတ် ကျေပွန်လျှင်ပင်၊ သို့မဟုတ် အဖော်ပြုပေးလျှင်ပင် ဤသည်မှာ ဘုရားသခင်က သင့်အားပေးသော တာဝန်၊ သို့မဟုတ် အလုပ်မဟုတ်သောကြောင့် ဖြစ်သည်။ သင့်မိဘများသည် သင့်ထံမှ ကောင်းသောကံမည်မျှနှင့် ဒုက္ခမည်မျှအား ကြုံရမည်ကို ဘုရားသခင်က စီမံပြီး ဖြစ်သည်။ သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ သင်က ၎င်းတို့နှင့်အတူရှိသောကြောင့် ၎င်းတို့က ပို၍ ကြာရှည်စွာ အသက်ရှင်မည်မဟုတ်ပေ။ ပြီးလျှင် သင်က ၎င်းတို့နှင့် ဝေးနေပြီး ၎င်းတို့နှင့် မကြာခဏ အတူမရှိနိုင်သောကြောင့် ၎င်းတို့က ပို၍ တိုတောင်းသောဘဝကို နေထိုင်ရမည်မဟုတ်ပေ။ ၎င်းတို့ အသက်မည်မျှရှင်မည်ကို ဘုရားသခင်က စီမံပြီး ဖြစ်ကာ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သင်သည် သင့်ဘဝသက်တမ်းအတွင်းတွင် သင့်မိဘများ ကွယ်လွန်သွားသည်ဆိုသည့် သတင်းကို ကြားရလျှင် အပြစ်ရှိသည်ဟု ခံစားရန် မလိုအပ်ပေ။ သင်သည် ဤအမှုကိစ္စကို မှန်ကန်သောနည်းလမ်းဖြင့် ချဉ်းကပ်ပြီး လက်ခံသင့်သည်။ ၎င်းတို့က ရောဂါအသည်းအသန်ဖြစ်နေစဉ်တွင် သင်သည် မျက်ရည်များစွာ ကျပြီးဖြစ်လျှင် ၎င်းတို့ ကွယ်လွန်သောအခါ သင်ပျော်ရွှင်ပြီး လွတ်လပ်သင့်သည်။ ၎င်းတို့အား သင်နှုတ်ဆက်ပြီးနောက်တွင် ငိုရန် မလိုပေ။ သင်သည် ၎င်းတို့၏ သားသမီးအနေဖြင့် သင့်တာဝန်များကို ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့အတွက် ဆုတောင်းပြီး ဖြစ်မည်။ ၎င်းတို့အတွက် ဝမ်းနည်းပြီး ဖြစ်မည်။ ပြီးလျှင် ၎င်းတို့အတွက် မရေမတွက်နိုင်အောင် မျက်ရည်ကျပြီး ဖြစ်မည်။ ထို့နောက် ၎င်းတို့၏ ရောဂါကို ကုသရန်အတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက်များစွာကို သင် တွေးပြီးဖြစ်လိမ့်မည်မှာ မှန်ပေသည်။ ပြီးလျှင် ၎င်းတို့၏ ဒုက္ခကို လျော့နည်းအောင် သင်အစွမ်းကုန် လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ သင်သည် ၎င်းတို့၏ သားသမီးအနေဖြင့် သင်တတ်နိုင်သမျှတိုင်းကို လုပ်ဆောင်ပြီးသား ဖြစ်လိမ့်မည်။ ၎င်းတို့ ကွယ်လွန်သောအခါ သင်သည် “အမေတို့၏ ဘဝများက အတော်ခက်ခဲခဲ့သည်။ အမေတို့၏ သားသမီးတစ်ဦးအနေနှင့် အမေတို့ ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့ ကျွန်ုပ် မျှော်လင့်ပါသည်။ အမေတို့က ဤဘဝတွင် ဘုရားကို ပုန်ကန်ပြစ်မှားဖို့ များစွာ လုပ်ဆောင်ခဲ့လျှင် နောက်ကမ္ဘာတွင် ပြစ်ဒဏ်ခံရမည်။ ပြစ်ဒဏ်ခံရပြီးနောက် ဘုရားသခင်က ဤကမ္ဘာတွင် လူပြန်ဝင်စားဖို့ အခွင့်အရေးပေးလျှင် အမေတို့က အကောင်းဆုံး ကျင့်ကြံပြုမူပြီး လမ်းမှန်ကို လျှောက်မည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ ဘုရားကို ပုန်ကန်ပြစ်မှားဖို့ နောက်ထပ်အမှုအရာများ မလုပ်ပါတော့နှင့်။ ပြီးလျှင် နောက်ဘဝများတွင် မည်သည့်ပြစ်ဒဏ်မျှ မခံရအောင် ကြိုးစားကြပါ” ဟူ၍သာ ဆိုနိုင်သည်။ ဤမျှသာ ဖြစ်သည်။ ဤသည်မှာ ကောင်းစွာ ပြောဆိုခြင်း မဟုတ်သလော။ ဤမျှသာ သင် လုပ်ဆောင်နိုင်သည်။ သင့်မိဘအတွက် ဖြစ်စေ၊ သင်ချစ်ရသောသူများထဲမှ အခြားတစ်ယောက် ဖြစ်စေ ဤမျှသာ သင် လုပ်ဆောင်နိုင်သည်။ သင့်မိဘများက နောက်ဆုံးတွင် ကွယ်လွန်သောအခါ သင်သည် ၎င်းတို့နှင့်အတူ မရှိနိုင်လျှင်၊ သို့မဟုတ် ၎င်းတို့အား နောက်ဆုံး နှစ်သိမ့်မှုမပေးနိုင်လျှင် သင့်အနေဖြင့် ဝမ်းနည်းဖို့ မလိုသည်မှာ အမှန်ပင် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတိုင်းက အမှန်တကယ်တွင် ဤကမ္ဘာမှ တစ်ယောက်တည်း ထွက်ခွာရသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ကလေးများက ၎င်းတို့နှင့်အတူရှိနေလျှင်ပင် တမန်က ၎င်းတို့ကို လာရောက်ခေါ်ယူသောအခါ၌ ၎င်းတို့သာ မြင်နိုင်လိမ့်မည်။ ၎င်းတို့ ထွက်ခွာသောအခါ မည်သူကမျှ ၎င်းတို့ကို အဖော်ပြုပေးမည်မဟုတ်။ ၎င်းတို့၏ သားသမီးများက ၎င်းတို့ကို အဖော်မပြုနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်သည်လည်း အဖော်မပြုနိုင်ပေ။ လူတို့သည် ဤကမ္ဘာမှ ထွက်ခွာသောအခါ အစဉ်သဖြင့် တစ်ဦးတည်းဖြစ်သည်။ ၎င်းတို့၏ နောက်ဆုံးအချိန်တွင် လူတိုင်းက ဤအခြေအနေ၊ ဤဖြစ်စဉ်၊ ဤပတ်ဝန်းကျင်ကို ရင်ဆိုင်ရန် လိုအပ်သည်။ ထို့ကြောင့် သင်သည် ၎င်းတို့အနီးတွင်ရှိပြီး ၎င်းတို့က သင့်အား တည့်တည့်ကြည့်နေလျှင်လည်း အကျိုးရှိဦးမည်မဟုတ်ပေ။ ၎င်းတို့က ထွက်ခွာရမည့်အချိန်တွင် သင့်အမည်ကို ခေါ်လိုလျှင် ခေါ်နိုင်မည်မဟုတ်သလို သင်လည်း ကြားနိုင်မည်မဟုတ်။ ၎င်းတို့က သင့်ထံသို့ လက်လှမ်းပြီး သင့်အား ဆုပ်ကိုင်လိုလျှင် ၎င်းတို့၌ ခွန်အားရှိမည်မဟုတ်။ သင်ကလည်း ခံစားရနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် တစ်ဦးတည်းဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ဤကမ္ဘာသို့ တစ်ဦးတည်းဝင်ရောက်ပြီး အဆုံးတွင် တစ်ဦးတည်းသာ ထွက်ခွာရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က စီမံသည်။ ဤသို့သောအရာများ ဖြစ်တည်ခြင်းသည် လူတို့အား ၎င်းတို့၏ အသက်နှင့် ကံကြမ္မာများကိုလည်းကောင်း၊ လူတို့ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်းတို့အားလုံးသည် ဘုရားလက်ထဲတွင် ရှိသည်ကိုလည်းကောင်း၊ လူတိုင်း၏ အသက်သည် အမှီအခို ကင်းသည်ကိုလည်းကောင်း ပို၍ပင် ရှင်းလင်းစွာ မြင်နိုင်ရန် ထောက်ကူပေးသည်။ လူအားလုံး၌ မိဘ၊ မွေးချင်းနှင့် ချစ်ရသောသူများရှိသော်လည်း ဘုရားသခင်၏ အမြင်ရှုထောင့်နှင့် အသက်၏ ရှုထောင့်တွင် လူတိုင်း၏ အသက်သည် အမှီအခိုကင်းသည်။ အသက်များကို အတူတကွ အုပ်စုဖွဲ့မထားသလို မည်သည့်အသက်မျှလည်း အဖော်မရှိပေ။ ဖန်ဆင်းခံလူသားတို့၏ အမြင်ရှုထောင့်မှဆိုလျှင် အသက်တိုင်းက အမှီအခိုကင်းသည်။ သို့သော် ဘုရားသခင်၏ ရှုထောင့်တွင် သူ ဖန်ဆင်းထားသော မည်သည့်အသက်ကမျှ တစ်ကိုယ်တည်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ၎င်းတို့တစ်ဦးချင်းစီကို အဖော်ပြုပြီး ၎င်းတို့ကို ရှေ့သို့ ဆွဲခေါ်နေခြင်းကြောင့် ဖြစ်သည်။ သင်က ဤကမ္ဘာ၌ ရှိသောအခါတွင် သင်သည် သင့်မိဘများထံ၌ မွေးဖွားပြီး သင့်မိဘများက သင်နှင့် အရင်းနှီးဆုံးလူများဖြစ်သည်ဟု သင်က ထင်ခြင်းသာ ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် သင့်မိဘများက ဤကမ္ဘာမှ ထွက်ခွာသောအခါ ၎င်းတို့သည် သင်နှင့် အရင်းနှီးဆုံးလူများမဟုတ်သည်ကို သင် သဘောပေါက်လိမ့်မည်။ ၎င်းတို့၏ အသက်က အဆုံးသတ်သောအခါ သင်သည် အသက်ရှင်နေဆဲ ဖြစ်လိမ့်မည်။ ၎င်းတို့၏ အသက် အဆုံးသတ်ခြင်းသည် သင့်အသက်ကို ယူဆောင်သွားမည် မဟုတ်။ ပြီးလျှင် သင့်အသက်ကို အသေအချာပင် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ သင်သည် ဤနှစ်များအားလုံးတွင် ၎င်းတို့၏ အဝေး၌ ရှိနေပြီး ကောင်းသောဘဝကို အသက်ရှင်နေထိုင်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သင့်အား စောင့်ရှောက်ပြီး လမ်းပြနေသောကြောင့် ဖြစ်သည်။ သင်သည် သူ၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေသောကြေင့် ဖြစ်သည်။ သင့်မိဘများက ဤကမ္ဘာမှ ထွက်ခွာသောအခါ ယင်းကြောင့် သင်သည် သင့်မိဘများက သင့်အား အဖော်ပြုပေးခြင်း၊ သင့်အား ဂရုစိုက်ခြင်း၊ စောင့်ရှောက်ခြင်း၊ သို့မဟုတ် ပျိုးထောင်ခြင်းမရှိဘဲ ဤနှစ်များတစ်လျှောက်တွင် ကြီးပြင်းလာပြီး အရွယ်ရောက်လာသည်၊ လူလတ်ပိုင်း၊ သက်ကြီးပိုင်းသို့ ရောက်လာသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ လမ်းပြမှုအောက်၌ သင့်ဘဝတွင် သင်သည် ပိုပို၍ နားလည်လာသည်ကိုလည်းကောင်း၊ သင်၏ ရှေ့သို့ဦးတည်ချက်နှင့် လမ်းကြောင်းသည် ပို၍ ရှင်းလင်းလာသည်ကိုလည်းကောင်း ပို၍ပင် သတိပြုမိလိမ့်မည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့မိဘများကို စွန့်ခွာနိုင်သည်။ ၎င်းတို့မိဘများ၏ ဖြစ်တည်မှုသည် ၎င်းတို့၏ ကလေးဘဝတွင်သာ လိုအပ်သည်။ သို့သော် ၎င်းတို့ အရွယ်ရောက်ပြီးနောက်တွင် ၎င်းတို့မိဘများ၏ ဖြစ်တည်မှုသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ရှိသည်။ ၎င်းတို့မိဘများသည် ၎င်းတို့၏ စိတ်ခံစားချက်ဆိုင်ရာ အားပေးမှုနှင့် ပံ့ပိုးမှုသာ ဖြစ်ပြီး ယင်းတို့သည် မလိုအပ်ပေ။ သင့်မိဘများက ဤကမ္ဘာမှ ထွက်ခွာသောအခါ ဤအရာများသည် သင့်အတွက် ပို၍ ရှင်းလင်းလာမည်မှာ အမှန်ပင်ဖြစ်သည်။ ပြီးလျှင် လူတို့၏ အသက်များက ဘုရားသခင်ထံမှ လာသည်ကိုလည်းကောင်း၊ လူတို့သည် ဘုရားသခင်ကို အမှီပြုခြင်းမရှိဘဲ၊ ဘုရားသခင်က ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု၊ ၎င်းတို့၏ အသက်အတွက် ထောက်ပံ့မှုအဖြစ် မရှိဘဲ အသက်မရှင်နိုင်သည်ကိုလည်းကောင်း သင် ပို၍ပင် ခံစားရမည်။ သင့်မိဘများက သင့်အား စွန့်ခွာသောအခါ သင်သည် ၎င်းတို့ကို စိတ်ခံစားချက်ပိုင်း အဆင့်တွင်သာ သတိရလိမ့်မည်။ သို့သော် တစ်ချိန်တည်းတွင် သင်သည် စိတ်ခံစားချက်ပိုင်းတွင်၊ သို့မဟုတ် အခြားသောအချက်များတွင် လွတ်လပ်လိမ့်မည်။ သင်သည် အဘယ်ကြောင့် လွတ်လပ်မည်နည်း။ သင့်မိဘများက အနီးတွင်ရှိသောအခါ ၎င်းတို့သည် သင့်အတွက် စိတ်ပူစရာများနှင့် ဝန်ထုပ်ဝန်ပိုးနှစ်မျိုးလုံး ဖြစ်သည်။ ၎င်းတို့သည် သင်တစ်ဇွတ်ထိုး လုပ်ဆောင်နိုင်သောသူများဖြစ်ပြီး သင်သည် သင့်ခံစားချက်များမှ မလွတ်မြောက်နိုင်သကဲ့သို့ ခံစားရစေရန် ၎င်းတို့က သင့်အား ပြုလုပ်သည်။ သင့်မိဘများ ကွယ်လွန်သောအခါ ဤအရာအားလုံးက ပြေလည်သွားလိမ့်မည်။ သင်နှင့်အရင်းနှီးဆုံးဟု သင်ခံစားရသော လူများက ပျောက်ကွယ်သွားလိမ့်မည်။ သင်သည် ၎င်းတို့ကို စိတ်ပူရန်၊ သို့မဟုတ် ၎င်းတို့ကို တောင့်တရန် လိုမည်မဟုတ်။ သင်သည် သင့်မိဘများနှင့်ရှိသော သင်၏ မှီခိုသောဆက်ဆံရေးကို ချိုးဖျက်လိုက်သောအခါ၊ ၎င်းတို့က ဤကမ္ဘာမှ ထွက်ခွာသောအခါ၊ သင့်မိဘများသည် မရှိတော့ပြီဖြစ်သည်ကို သင့်စိတ်နှလုံး အတွင်းထဲတွင် လုံးလုံးလျားလျား ခံစားရသောအခါ၊ သင့်မိဘများနှင့် သင်၏ သွေးသားတော်စပ်မှုများကို လွန်မြောက်ပြီးဖြစ်သည်ဟု သင်ခံစားရသောအခါ သင်သည် အမှန်ပင် ရင့်ကျက်ပြီး အမှီအခိုကင်းလိမ့်မည်။ စဉ်းစားကြည့်လော့။ လူတို့သည် မည်မျှ အသက်ကြီးသည်ဖြစ်စေ ၎င်းတို့မိဘများ ရှိနေသေးလျှင် ၎င်းတို့၌ ပြဿနာရှိသောအခါတိုင်းတွင် ၎င်းတို့က “ငါ့အမေကို မေးလိုက်မည်။ ငါ့အဖေကို မေးလိုက်မည်” ဟု တွေးမည်။ ၎င်းတို့အတွက် စိတ်ခံစားချက်ဆိုင်ရာ ပံ့ပိုးမှုက အစဉ်ရှိနေသည်။ လူတို့၌ စိတ်ခံစားချက်ဆိုင်ရာ ပံ့ပိုးမှုရှိသောအခါ ဤကမ္ဘာရှိ ၎င်းတို့၏ ဖြစ်တည်မှုသည် နွေးထွေးမှု၊ ပျော်ရွှင်မှုနှင့် ပြည့်လျှံနေသည်ဟု ၎င်းတို့ ခံစားရသည်။ သင်သည် ထိုပျော်ရွှင်မှုနှင့် ထိုနွေးထွေးမှုခံစားချက် ပျောက်ဆုံးသောအခါ၊ သင်သည် တစ်ကိုယ်တည်းဖြစ်သည်ဟုဖြစ်စေ၊ သင့်၌ ပျော်ရွှင်ခြင်းနှင့် နွေးထွေးခြင်းကို ဆုံးရှုံးခဲ့သည်ဟုဖြစ်စေ မခံစားရလျှင် သင်သည် ရင့်ကျက်သည်။ ပြီးလျှင် သင်သည် သင်၏ အတွေးများ၊ ခံစားချက်များနှင့်ပတ်သက်လျှင် အမှန်ပင် အမှီအခိုကင်းသည်။ သင်တို့အများစုသည် ဤအရာများကို မတွေ့ကြုံရသေးဖို့ များသည်။ တွေ့ကြုံရသောအခါ၌ သင်တို့ နားလည်လိမ့်မည်။ စဉ်းစားကြည့်လော့။ လူတို့သည် မည်မျှ အသက်ကြီးသည်ဖြစ်စေ၊ အသက် ၄၀၊ ၅၀၊ ၆၀ အရွယ် ဖြစ်စေ ၎င်းတို့မိဘများ ကွယ်လွန်သောအခါ ၎င်းတို့သည် ရုတ်ခြည်းပင် အလွန်ပို၍ ရင့်ကျက်သွားသည်။ ၎င်းတို့သည် နုံအသောကလေးမှ အသိတရားရှိသော လူကြီးအဖြစ် ရုတ်ခြည်းပြောင်းသွားသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ညတွင်းချင်းနားလည်လာပြီး အမှီအခိုကင်းသွားသည်။ ထို့ကြောင့် လူတိုင်းအတွက် ၎င်းတို့မိဘ ကွယ်လွန်ခြင်းသည် ကြီးမားသော အခက်အခဲဖြစ်သည်။ သင့်မိဘများနှင့် သင်၏ ဆက်ဆံရေးကို မှန်ကန်စွာ ကိုင်တွယ်ပြီး ချဉ်းကပ်နိုင်လျှင်၊ တစ်ချိန်တည်းတွင် သင့်အပေါ် သင့်မိဘများ၏ မျှော်မှန်းချက်အမျိုးမျိုးကို၊ သို့မဟုတ် စိတ်ခံစားချက်ပိုင်းနှင့် ကျင့်ဝတ်ပိုင်းတွင် သင့်မိဘများအတွက် သင်ထမ်းဆောင်သင့်သည့် တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်နိုင်လျှင်၊ ကိုင်တွယ်နိုင်လျှင်၊ လက်လွှတ်နိုင်လျှင် သင်သည် အမှန်ပင် ရင့်ကျက်ပြီး ဖြစ်လိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားရှေ့တွင် အရွယ်ရောက်သူတစ်ဦး ဖြစ်မည်။ ဤသို့ အရွယ်ရောက်သူဖြစ်ရန်မှာ မလွယ်ကူပေ။ သင်သည် သင်၏ ဇာတိပကတိ ခံစားချက်များနှင့် ပတ်သက်လျှင် ဒုက္ခအချို့ကို ခံစားရမည်။ အထူးသဖြင့် သင်သည် စိတ်ခံစားချက်ဆိုင်ရာ ဝမ်းနည်းပက်လက်ဖြစ်ခြင်းနှင့် စိတ်ဆင်းရဲခြင်းကို ခံယူရမည်ဖြစ်သည့်အပြင် အမှုအရာများက အဆင်မပြေသည့်၊ မျှော်လင့်သလို ဖြစ်မလာသည့် စိတ်ဆင်းရဲမှု၊ သို့မဟုတ် ကံဆိုးမှု စသည်တို့ကိုပါ ခံယူရမည်။ ဤစိတ်ဆင်းရဲမှုအားလုံးကို သင်ကြုံတွေ့ရသောအခါ သင်သည် ဤအမှုကိစ္စများကို အနည်းငယ်ပို၍ သိမြင်လိမ့်မည်။ သင်သည် ဤအမှုကိစ္စများနှင့်ပတ်သက်ပြီး ငါတို့ မိတ်သဟာယဖွဲ့ပြီးဖြစ်သည့် သမ္မာတရားများနှင့် ယင်းတို့ကို ဆက်စပ်လျှင် သင်သည် ဘုရားသခင်စီမံသော လူတို့၏ အသက်များ၊ ကံကြမ္မာများအပေါ်တွင်လည်းကောင်း၊ လူတို့ကြား၌ရှိသော ချစ်ခင်တွယ်တာမှုတို့ကိုလည်းကောင်း အလွန်နှံ့စပ်သောနည်းဖြင့် အနည်းငယ် သိမြင်မှု ပို၍ ရှိလိမ့်မည်။ သင်သည် ဤအရာများကို သိမြင်သောအခါ ယင်းတို့ကို လက်လွှတ်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင်သည် ဤအရာများကို လက်လွှတ်ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်သောအခါ ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည်။ သင်သည် ယင်းတို့ကို လူသားအယူဝါဒများ၊ သို့မဟုတ် လူသားအသိစိတ်၏ စံနှုန်းများကို အခြေခံပြီး ချဉ်းကပ်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ယင်းတို့ကို ချဉ်းကပ်လိမ့်မည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ဘုရားသခင်ကို သင်နာခံနိုင်သည်ဟု ဆိုလိုသည်။ သင်သည် ဘုရားသခင်ကို၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို နာခံနိုင်လျှင် ဤသည်မှာ ကောင်းသောလက္ခဏာနှင့် ကောင်းသောနိမိတ်ဖြစ်သည်။ မည်သည့်အရာကို နိမိတ်ဆောင်သနည်း။ သင့်တွင် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများ၏ မျှော်မှန်းချက်များနှင့်ဆိုင်သော ကိစ္စများနှင့်ပတ်သက်လျှင် သင်သည် ယခုတွင် ငယ်ရွယ်သည်ဖြစ်စေ၊ လူလတ်ပိုင်းဖြစ်စေ၊ သက်ကြီးပိုင်းဖြစ်စေ၊ အိုမင်းသည့်အရွယ်တွင်ဖြစ်စေ၊ သင်သည် ဤအရာကို မကြုံတွေ့ဖူးသည်ဖြစ်စေ၊ ယခုပင် ကြုံတွေ့နေရသည်ဖြစ်စေ၊ ကြုံတွေ့နှင့်ပြီးဖြစ်စေ သင်တို့လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ သင့်ခံစားချက်များကို လက်လွှတ်ခြင်း၊ သို့မဟုတ် သင့်မိဘများနှင့် အဆက်အသွယ်ဖြတ်ပြီး သင့်ကိုယ်သင် ၎င်းတို့နှင့် အဆက်ပြတ်စေခြင်းမျှသာ မဟုတ်ဘဲ သမ္မာတရားအတွင်းသို့ အားစိုက်ထုတ်ရန်၊ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများကို နားလည်ဖို့ ရှာဖွေရန် ဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံးသောအရာ ဖြစ်သည်။ ဤကွဲပြားသော၊ ရှုပ်ထွေးသော ဆက်ဆံရေးများကို သင်နားလည်သောအခါ သင်သည် ၎င်းတို့ထံမှ လွတ်မြောက်နိုင်သည်။ ပြီးလျှင် ၎င်းတို့၏ ချုပ်ချယ်ကန့်သတ်ခြင်းကို ခံရမည်မဟုတ်တော့ပေ။ သင်သည် ၎င်းတို့၏ ချုပ်ချယ်ကန့်သတ်ခြင်းကို မခံရတော့သောအခါ သင့်အနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို နာခံရန် အလွန်ပို၍ လွယ်ကူလိမ့်မည်ဖြစ်ပြီး ဤသို့လုပ်ဆောင်ရာတွင် သင်သည် ပို၍နည်းသောအတားအဆီးများနှင့် အနှောင့်အယှက်လေးများကိုသာ ရင်ဆိုင်ရလိမ့်မည်။ ဤသို့ဆိုလျှင် သင်သည် ဘုရားသခင်ကို မနာခံဖို့ အလားအလာ ပို၍နည်းပါးလိမ့်မည် မဟုတ်လော။

ယခုတွင် မိဘများနှင့် သက်ဆိုင်သော ဤအကြီးစားအမှုကိစ္စအားလုံးကို သင် ပိုင်းခြားသိမြင်ပြီး ဖြေရှင်းနိုင်သလော။ သင်တို့၌ အားလပ်ချိန်ရှိသောအခါတွင် သမ္မာတရားကို ဆင်ခြင်တွေးတောလော့။ အနာဂတ်တွင်၊ သို့မဟုတ် ယခု သင်ကြုံတွေ့နေရသောအရာများတွင် သင်သည် ဤအမှုကိစ္စများကို သမ္မာတရားနှင့် ဆက်စပ်နိုင်လျှင်၊ သမ္မာတရားကို အခြေခံပြီး ဤပြဿနာများကို ဖြေရှင်းနိုင်လျှင် ပြဿနာနှင့် အခက်အခဲများကို ရင်ဆိုင်ရခြင်း အလွန်ပင်ပို၍ လျော့နည်းလိမ့်မည်။ ပြီးလျှင် အလွန်ပင် အေးဆေးပြီး ဝမ်းမြောက်သောဘဝကို သင် နေထိုင်ရမည်။ သင်သည် ဤအရာများကို သမ္မာတရားအပေါ် အခြေခံပြီး မချဉ်းကပ်လျှင် ပြဿနာများစွာကို ကြုံတွေ့ရမည်ဖြစ်ပြီး သင့်ဘဝက အလွန်ပင် စိတ်ဆင်းရဲရလိမ့်မည်။ ဤသည်မှာ ရလဒ်ဖြစ်သည်။ ယနေ့တွင် မိဘများ၏ မျှော်မှန်းချက်များနှင့်သက်ဆိုင်သည့် အကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းအား ဤတွင် အဆုံးသတ်မည်။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။