အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဆယ့်ခြောက်ခုမြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်

လူများအတွက်မူ ဘုရားသခင်သည် အလွန်ပင် ကြီးမြတ်လှသည်၊ အလွန် ကြွယ်ဝလှပြီး၊ အလွန်ပင် အံ့သြဖွယ်ဖြစ်ကာ၊ အလွန်လည်း နက်နဲခက်ခဲလှပေသည်။ ၎င်းတို့၏ မျက်စိများထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်များသည် မြင့်မားရာအထက် ပေါ်ထွန်းပြီး၊ လောကကြီး၏ ပြောင်မြောက်သော မဟာလက်ရာ အဖြစ် ပေါ်လာသည်။ သို့သော်ငြားလည်း လူတို့တွင် ကျရှုံးမှုများ များစွာရှိပြီး၊ ၎င်းတို့၏ စိတ်များမှာလည်း အလွန်ပင် ရိုးစင်းလွန်းလှသောကြောင့် လည်းကောင်း၊ ထို့အပြင် ၎င်းတို့၏ လက်ခံနိုင်သည့် စွမ်းရည်များမှာ အလွန်ပင် သေးနုပ်လှသည့် အတွက်ကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်များအား မည်ကဲ့သို့ပင် ရှင်းလင်းစွာ ပြောကြားသော်ငြား၊ ထိုသူတို့သည် စိတ်ရောဂါအား ခံစားနေရသည့်အလား နေရာမရွှေ့၊ မရွေ့မလျော့လျက်ပင် ရှိကြသေးသည်။ ၎င်းတို့ ဗိုက်ဆာချိန်တွင်၊ ၎င်းတို့သည် စားရမည်ကို နားမလည်ကြ၊ ၎င်းတို့ ရေဆာချိန်တွင်၊ ရေသောက်ရမည်ကို ၎င်းတို့နားမလည်ကြ။ ဖော်ပြ၍ မရနိုင်သော ဆင်းရဲဒုက္ခသည် ၎င်းတို့ ဝိညာဥ်များ၏ နက်ရှိုင်းရာ အထဲတွင် ရှိနေသည့်အလား၊ ၎င်းတို့သည် စူးစူးဝါးဝါး အော်ဟစ်မြဲ အော်ဟစ်လျက်ပင် ရှိကြသော်လည်း၊ ၎င်းတို့သည် ထိုအကြောင်းအား ပြောဆိုရန် မတတ်စွမ်း နိုင်ကြ။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော အခါ၌၊ သူ၏ ရည်ရွယ်ချက်မှာ လူသည် ပုံမှန် လူ့သဘာဝထဲတွင် အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ ပင်ကိုယ်အသိဉာဏ်နှင့် ညီထွေစွာ ဘုရားသခင်၏ နှုတ်ကပတ်များအား လက်ခံကြရန်ဖြစ်သည်။ သို့သော်လည်း အစအဦးကတည်းကပင် လူသည် စာတန်၏ သွေးဆောင် ဖျားယောင်းမှုအား လက်လျှော့အရှုံးပေးခဲ့သည့် အတွက်ကြောင့်၊ ယနေ့တွင် သူသည် သူ့ကိုယ်သူ အနှောင်အတားမှ လွတ်မြောက်ရန် မတတ်စွမ်းနိုင်ပဲ ကျန်ရစ်ပြီး၊ နှစ်ထောင်ချီ စာတန်ဆောင်ရွက်ခဲ့သည့် စဥ်းလဲကောက်ကျစ်သော အကြံအစဥ်များအား သိမှတ်ခြင်းငှာ မစွမ်းနိုင်ပဲ ရှိကြသည်၊ ဘူးလေးရာ ဖရုံဆင့် ဆိုသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်များအား ပြည့်ဝစွာ သိကျွမ်းရန်အတွက် ဉာဏ်စွမ်းများ သူ့တွင် ကင်းမဲ့သည်၊ ဤအရာများ အားလုံးက ယခုလက်ရှိ အခြေအနေသို့ ရောက်ရှိစေဲ့ခြင်း ဖြစ်သည်။ ယနေ့ခေတ် အခြေအနေများအရ၊ လူတို့သည် စာတန်၏ သွေးဆောင် ဖျားယောင်းမှု အန္တရာယ်ထဲ နေကြရတုန်းပင် ဖြစ်၏၊ ထို့ကြောင့် ဘုရားသခင် နှုတ်ကပတ်တော်များအား စစ်မှန်စွာ တန်ဖိုးထားလေးမြတ်ရန် မတတ်စွမ်းနိုင်ပဲ ကျန်ရစ်နေ သည်။ ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်လိမ်မှု သို့မဟုတ် စဥ်းလဲကောက်ကျစ်မှုတို့ မရှိပါ၊ လူတို့သည် အချင်းချင်း တစ်ယောက်ေနှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် ထီးထည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များ သည်လည်း လူ့အလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည်လည်း အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ငြိမ်းချမ်းစွာ နေထိုင်ကြသည်၊ စာတန်၏ တားဆီး နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွှတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူ့ အလယ်တွင် ဘုရားသခင်၏ ဘုန်းသည် အရေးကြီးဆုံး အရာအဖြစ် ဆုပ်ကိုင်ထား၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ သန့်စင်သည်၊ မြူးကြွသွက်လက်သည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိပဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။ ယခုမူ မိုက်မှောင်ည၏ အချိန်ဖြစ်သည်၊ အားလုံးသည် စမ်းတဝါးဝါး ဖြစ်နေကြပြီး ရှာဖွေနေကြသည်၊ ပိန်းပိတ်နေသော မိုက်မှောင်ညသည် ၎င်းတို့ကို ကြက်သီးမွေးညင်း ထလောက်အောင်ပင် ခြောက်ခြားစေပြီး၊ ၎င်းတို့သည် ဖိမ့်ဖိမ့်တုန် နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ကြ။ အသေအချာ နားထောင်ကြည့်ပါက၊ အနောက်မြောက်လေ၏ တစ်ဝှေ့ပြီး တစ်ဝှေ့ တဟူးဟူး တိုက်ခတ်သံသည် လူ၏ ဝမ်းနည်းစွာ ရှိုက်ကြီးတငင် ငိုသံနှင့် တွဲဖက်နေပေသည်။ လူများသည် ၎င်းတို့၏ ကံကြမ္မာအတွက် ဝမ်းနည်းကာ ငိုကြွေးကြသည်။ အဘယ့်ကြောင့် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တော်များကို ဖတ်သော်ငြားလည်း ထိုအရာများကို နားလည်ခြင်းငှာ မတတ်စွမ်းနိုင်ရသနည်း။ ယင်းမှာ ၎င်းတို့၏ ဘဝများသည် မျှော်လင့်ချက် ကင်းမဲ့မှု၏ နှုတ်ခမ်းဝသို့ ရောက်နေသည့်အလား၊ ၎င်းတို့အပေါ်တွင် သေခြင်း တရား ကျရောက်တော့မည့်အလား၊ ၎င်းတို့၏ နောက်ဆုံးရက်သည် ၎င်းတို့၏ မျက်စိရှေ့တွင် ရောက်နေသည့် အလားပင် ဖြစ်တော့သည်။ ထိုကဲ့သို့ စိတ်ပျက်ဖွယ် ကောင်းသော အခြေအနေများသည် ကျိုးပဲ့လွယ်သော ကောင်းကင်တမန်များမှ ဘုရားသခင်ထံသို့ ဟစ်ခေါ် တောင်းလျှောက်ပြီး ဝမ်းနည်းစွာ ငိုကြွေးမှုများ တစ်ခု နောက်တစ်ခု ဆင့်၍ ၎င်းတို့၏ ဆင်းရဲဒုက္ခကို ပြောပြသော အခိုက်အတန့် ဖြစ်သည်။ ယင်းအချက်ကြောင့်ပင် ဘုရားသခင်၏သားများနှင့် လူများအကြားတွင် အလုပ်လုပ်သော ကောင်းကင်တမန်များသည် နောက်တစ်ဖန် မည်သည့်အခါမျှ လူ့အပေါ်သို့ ဆင်းသက်လာမည် မဟုတ်ချေ။ ဤအရာမှာ ၎င်းတို့သည် ဇာတိပကတိ အထဲ၌ ရှိနေစဥ်အတွင်း စာတန်၏ ကြိုးကိုင်စီစဥ်မှုထဲ ပိတ်မိပြီး ၎င်းတို့ကိုယ်၎င်း အနှောင်အတားမှ လွတ်မြောက်ရန် မတတ်နိုင်ပဲ ရှိနေကြမည်ကို တားဆီးရန်ဖြစ်သည်၊ သို့အတွက်ကြောင့် ၎င်းတို့သည် လူ့အတွက် မျက်မြင် မရနိုင်သော ဝိညာဥ်လောကတွင်သာ အလုပ်လုပ်ကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်မှ ‘’ဤကမ္ဘာမြေကြီးမှ ငါထွက်ခွါသွားသည့် အချိန်သည် လူသား၏ နှလုံးသား ပလ္လင်ထက်၌ နေရာရသောအချိန် ဖြစ်လိမ့်မည်’’ ဟူ၍ ပြောခြင်း ဖြစ်သည်၊ သူသည် ကမ္ဘာပေါ်၌ ကောင်းကင်တမန်များက ကောင်းကင်ဘုံမှ ဘုရားသခင်အား အစေခံခြင်း ကောင်းချီးအား ပျော်မွေ့ခံစားသည့် အချိန်ကို ညွှန်းဆိုနေခြင်းဖြစ်သည်။ လူသည် ကောင်းကင် တမန်တို့ ဝိညာဥ်များ၏ ဖော်ပြချက်ပင် ဖြစ်သဖြင့်၊ ဘုရားသခင်မှ လူ့အတွက်ဆိုပါက ကမ္ဘာပေါ်၌ ရှိနေခြင်း သည် ကောင်းကင်ဘုံ၌ ရှိနေခြင်းနှင့် အတူတူပင် ဖြစ်သည်၊ သူ့အတွက်မူ ကမ္ဘာပေါ်၌ ဘုရားသခင်အား အစေခံခြင်းသည် ကောင်းကင်တမန်များမှ ကောင်းကင်ဘုံမှ ဘုရားသခင်အား တိုက်ရိုက် အစေခံခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်ရှိ သူ၏နေ့ရက်များတွင် လူသည် တတိယကောင်းကင်ဘုံ၏ ကောင်းချီးများကို ပျော်မွေ့ခံစားရသည်။ ဤအရာသည် ယင်းနှုတ်ကပတ်များထဲ၌ အမှန်တကယ် ပြောထားသော အရာဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်များထဲတွင် ဝှက်ထားသော အနက်အဓိပ္ပာယ်များ များစွာရှိသည်။ ‘’နေ့ရက်အချိန် ကျရောက်လာသည့်အခါ လူသားတို့၏ နက်ရှိုင်းသော နှလုံးသားထဲ၌ ငါ့ကို သိရှိလိမ့်မည် ဖြစ်ပြီး၊ သူတို့၏ အတွေးများထဲ၌လည်း ငါ့ကိုသတိရကြပါလိမ့်မည်’’ ဆိုသည်မှာ လူ၏ဝိညာဥ်အား တိုက်ရိုက် ရည်စူးထားချက် ဖြစ်သည်။ ကောင်းကင်တမန်များ၏ အားနည်းချက်ကြောင့်၊ သူတို့သည် အရာရာတိုင်း၌ ဘုရားသခင်အား အမြဲ မှီခိုကြရပြီး၊ ဘုရားသခင်အား အမြဲပင် တွယ်တာကာ ကြည်ညိုလေးမြတ်ခဲ့ကြသည်။ သို့သော် ငြားလည်း စာတန်၏ နှောင့်ယှက်မှုကြောင့် ၎င်းတို့သည် မည်သို့မျှမတတ်နိုင်၊ ၎င်းတို့ကိုယ်၎င်း မထိန်းချုပ် နိုင်တော့၊ ဘုရားသခင်အား ချစ်လိုသော်လည်း သူ့အား ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်ရန် မတတ်စွမ်း နိုင်ကြ၊ ထို့ကြောင့် ၎င်းတို့သည် နာကျင်မှုဝေဒနာအား ခံစားကြရသည်။ ဘုရားသခင်၏ အလုပ်သည် အတိုင်း အတာတစ်ခုအထိ ရောက်သည့်အခါမှသာ ဤသနားစဖွယ် ကောင်းကင်တမန်များ၏ ဘုရားသခင်အား စစ်မှန်စွာ ချစ်လိုသော လိုအင်ဆန္ဒသည် ပြည့်စုံလာပေလိမ့်မည်၊ ထို့ကြောင့်ပင် ဘုရားသခင်သည် ယင်း နှုတ် ကပတ်တော်များအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တမန်များ၏ သဘာဝမှာ ဘုရားသခင်အား ချစ်ခြင်း၊ မြတ်နိုးခြင်းနှင့် နာခံခြင်းတို့ ဖြစ်သည်၊ သို့သော်ငြားလည်း ၎င်းတို့သည် ယင်းအရာများအား ဤကမ္ဘာပေါ်တွင် အထမြောက်နိုင်စေရန် မတတ်စွမ်းနိုင်ကြပဲ၊ လက်ရှိချိန်အထိ ကြံ့ကြံ့ခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ကြ။ ယနေ့ လောကကြီးအား သင်တို့ ကြည့်နိုင်သည်၊ လူအားလုံး၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် တစ်ပါးရှိသည်၊ သို့သော် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်နှင့် မှားယွင်းသော ဘုရားများအကြား ကွဲပြားခြားနားချက်ကို ပြောရန်မတတ်စွမ်းနိုင်ကြ၊ ၎င်းတို့သည် ၎င်းတို့၏ ဤဘုရားသခင်အား ချစ်ကြသော်လည်း ဘုရားသခင်အား စစ်မှန်စွာ ချစ်ဖို့ရန်မူ ၎င်းတို့သည် မတတ်စွမ်းနိုင်ကြ၊ ယင်းအရာသည် ၎င်းတို့မှာ ၎င်းတို့ကိုယ်၎င်း ထိန်းချုပ် နိုင်ခြင်း မရှိကြောင်းကို ဆိုလိုသည်။ ဘုရားသခင်မှ ထုတ်ဖော်ခဲ့သည့် လူ၏အကျည်းတန်သော မျက်နှာသည် ဝိညာဥ်နယ်ပယ်မှ စာတန်၏ မျက်နှာအစစ်ပင်ဖြစ်သည်။ လူသည် နဂိုမူလက အပြစ်ကင်းစင်ပြီး အပြစ်နှင့် ကင်းလွတ်သည်၊ ထို့ကြောင့် လူ၏ ယိုယွင်းပျက်စီးကာ အကျည်းတန်သော အမူအကျင့်များသည် ဝိညာဥ် နယ်ပယ်မှ စာတန်၏ လုပ်ဆောင်ချက်များဖြစ်ပြီး၊ ဝိညာဥ်နယ်ပယ် တိုးတက်မှုများ အကြောင်း၏ သစ္စာရှိသော မှတ်တမ်းဖြစ်သည်။ ‘’ယနေ့ လူတို့သည် ထိုကဲ့သို့သော အရည်အချင်းနှင့် ပြည့်စုံလျှက်ရှိကြပြီး၊ ငါ၏ ရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနိုင်သော သူများဖြစ်ကြောင်း ယုံကြည်လျက် ရှိကြသည်။ သူတို့သည် ရှက်ကြောက်ခြင်း မရှိဘဲ ငါနှင့်အတူ ရယ်မောခြင်း၊ ပြက်လုံးများကို ပြောခြင်းနှင့် ငါအား တန်းတူ ဆက်ဆံကြသည်။ လူသားသည် ငါ့ကို မသိရှိသေးပါ။ ငါနှင့်သူတို့သည် အနှစ်သာရအားဖြင့် တူညီသော သူများ၊ အသွေး၊ အသားရှိပြီး၊ လူသားကမ္ဘာထဲ၌ နေထိုင်သောသူများဖြစ်သည်ဟု ယုံကြည် နေပါသေးသည်။’’ ဤအရာသည် လူသား၏ စိတ်နှလုံးထဲတွင် စာတန်ပြုလုပ်ခဲ့သည့် အရာဖြစ်သည်။ စာတန်သည် လူသား၏ အယူအဆများနှင့် ပကတိအမြင်များကို အသုံးပြုကာ ဘုရားသခင်ကို ဆန့်ကျင်စေပြီး၊ ဘုရားသခင်က လူသားများကို ဤဖြစ်ရပ်များနှင့် ပတ်သက်ပြီး ရေရေရာရာ မပြောသည့်တိုင်အောင်၊ လူသားကို ဤနေရာမှ ကြီးမားသည့် ကပ်ဘေးကို တိမ်းရှောင်စေပါသည်။ လူသားအားလုံး၏ သေစေနိုင်လောက်သည့် အားနည်းချက်မှာ "ကိုယ်ခန္ဓာ၏ အသွေးနှင့် အသားကိုသာ မြင်တွေ့လျှက်ရှိကြပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သတိပြုမိခြင်း မရှိ"ခြင်းဖြစ်သည်။ ယင်းသည် စာတန်မှ လူသားကို သွေးဆောင်သည့် ရှုထောင့်တစ်ခု၏ အခြေခံဖြစ်သည်။ ဤဇာတိပကတိထဲမှ ၀ိညာဉ်တော်ကိုသာ ဘုရားသခင်ဟု ခေါ်ဆိုနိုင်သည်ဟု လူသားတို့က ယုံကြည်သည်။ ယနေ့တွင် ၀ိညာဉ်တော်သည် လူ့ဇာတိခံယူပြီး သူတို့၏ မျက်စိရှေ့တွင် အမှန်တကယ် ပေါ်ပေါက်လာသည်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ ယုံကြည်ခြင်းမရှိပါ။ လူသားက ဘုရားသခင်ကို “ အဝတ်အစားနှင့် ဇာတိပကတိ” ဟူ၍ နှစ်ပိုင်းမြင်သည်။ ဘုရားသခင်ကို လူ့ဇာတိခံယူထားသည့် ၀ိညာဉ်တော်ဟု မရှုမြင်ကြပါ၊ ဇာတိပကတိ၏ သဘာဝမှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ကြောင်းကို တစ်ဦးမျှ မမြင်ကြပါ။ လူသားများ၏ စိတ်ကူးထဲတွင် ဘုရားသခင်သည် အထူးသဖြင့် သာမန်ဖြစ်သည်။ သို့သော်လည်း ဤသာမန်ဖြစ်ခြင်းထဲတွင် သိုဝှက်ထားသည်က ဘုရားသခင်၏ သိမ်မွေ့နက်နဲသည့် အဓိပ္ပာယ်ဖြစ်သည်ကို သူတို့မသိသလော။

ဘုရားသခင်က ကမ္ဘာတစ်ခုလုံးကို စတင်ဖုံးလွှမ်းခဲ့သည့်အချိန်တွင်၊ ယင်းသည် မည်းနက်မှောင်မဲသွားသည်။ လူများအိပ်ပျော်နေသည့်အတွက်၊ ဘုရားသခင်က ယင်းအခွင့်အရေးကိုယူကာ လူသားများထဲသို့ ဆင်းသက်ကြွလာကာ၊ ကမ္ဘာမြေကြီး၏ ထောင့်အားလုံးတွင် ၀ိညာဉ်တော်ကို တရားဝင် စတင်ချပေးကာ၊ လူသားကို ကယ်တင်သည့် အလုပ်ကို စတင်ဆောင်ရွက်သည်။ ဘုရားသခင်သည် အသွေးအသားအသွင်ကို စတင်လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်သည် ကိုယ်တော်တိုင် ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်နေသည်ဟု ပြောနိုင်သည်။ ထို့နောက် ၀ိညာဉ်တော်အလုပ်ကို စတင်ပြီးနောက်၊ ကမ္ဘာမြေကြီးပေါ်တွင် အလုံးစုံသောအလုပ်ကို တရားဝင်စတင်ခဲ့သည်။ ဘုရားသခင်၏ ၀ိညာဉ်တော်သည် စကြဝဠာတစ်ခုလုံးတွင် အနှစ်နှစ်ထောင် လုပ်ဆောင်ခဲ့သည်။ လူသားက ဤအရာကို သိလမသိသကဲ့သို့ စဉ်းလည်းမစဉ်းစားမိပေ။ သို့သော် နောက်ဆုံးသောကာလအတွင်း၊ ဤခေတ်က အဆုံးသတ်ခါနီးအချိန်တွင် ဘုရားသခင်က သူကိုယ်တိုင်လာရောက် လုပ်ဆောင်ရန် ကြွဆင်းလာခဲ့သည်။ နောက်ဆုံးသောကာလတွင် မွေးဖွားသူများနှင့် ဇာတိပကတိထဲတွင် တည်ရှိနေသော ဘုရားသခင်၏ ပုံရိပ်ကို ကိုယ်တိုင် ရှုစားနိုင်သူများအတွက် ဤသည်မှာကောင်းချီးပင်ဖြစ်သည်။ “နက်နဲရာအရပ် တစ်ခုလုံးသည် မှုန်ဝါးနေသောအခါ၊ လူသားများကြားထဲ၌ ငါသည် ကမ္ဘာကြီး၏ ခါးသည်းမှုကို စတင် ခံစားရပါတော့သည်။ ငါ့ဝိညာဉ်သည် ကမ္ဘာတခွင် လှည့်လည်ပြီး၊ လူသားများ အားလုံး၏ နှလုံးသားများကို ကြည့်ရှုခဲ့သည်။ ငါ၏ ခံယူထားသော ဇာတိပကတိထဲ၌ လူသားကို သိမ်းပိုက် အောင်နိုင်ခဲ့ပါသည်။”ယင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်တို့ အကြားရှိ ညီညွှတ်စွာ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်သည်။ အဆုံးတွင်၊ လူတို့သည် ၎င်းတို့၏ အတွေးများထဲ၌ ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင် သည် ကောင်းကင်ဘုံမှ ဘုရားသခင်ပင် ဖြစ်သည်၊ ကောင်းကင်၊ မြေကြီးနှင့် ယင်းအထဲရှိ အရာအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်က ဖန်ဆင်းခဲ့သည်၊ လူသည် ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ထိန်းချုပ် ခြင်းကို ခံရသည်၊ ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဘုရားသခင်၏ အလုပ်အား ဆောင် ရွက်သည်နှင့် ကောင်းကင်ဘုံမှ ဘုရားသခင်သည် လူ့ဇာတိခံယူသည် စသည်တို့အား ယုံကြည်ကြလိမ့်မည်။ ဤအရာသည် ကမ္ဘာပေါ်ရှိ ဘုရားသခင် အလုပ်၏ အဆုံးစွန်သော ရည်ရွယ်ချက်ပင် ဖြစ်သည်၊ ထို့ကြောင့် ဇာတိပကတိ၏ ကာလအတွင်း ဤအဆင့်သည် အလုပ်၏ အမြင့်မားဆုံးသော စံနှုန်းပင်ဖြစ်ပြီး၊ ယင်းအား ဘုရားသဘာဝအားဖြင့် လုပ်ဆောင်ပြီး၊ ယင်းသည် လူအားလုံးကို စိတ်ရင်းမှန်နှင့် ယုံကြည်စိတ်ချ လာစေ သည်။ လူများသည် ဘုရားသခင်အား သူတို့၏ အယူအဆများထဲတွင် သာ၍ ရှာဖွေလေ၊ ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်သည် စစ်မှန်ခြင်း မရှိဟု သာ၍ ခံစားရလေ ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင်မှ လူများသည် အချည်းနှီးသော စကားများနှင့် အယူဝါဒများ အကြားတွင် ဘုရားသခင်အား ရှာဖွေကြသည်ဟု ပြောဆိုခြင်း ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆများထဲတွင် ဘုရားသခင်အား သာ၍သိလာလေ၊ ဤစကားများနှင့် အယူဝါဒများအား ပြောဆိုရာ၌ သူတို့သည် သာ၍ ကျွမ်းကျင်လာလေဖြစ်ပြီး၊ ၎င်းတို့သည် သာ၍ လေးမြတ် ဖွယ်ကောင်းသော သူများ ဖြစ်လာကြသည်။ စကားများနှင့် အယူဝါဒများအား လူတို့သည် သာ၍ ပြောဆိုလေ၊ ၎င်းတို့သည် ဘုရားသခင်ထံမှ သာ၍ဝေးဝေး လမ်းလွှဲသွားလေဖြစ်ပြီး၊ ၎င်းတို့သည် လူ၏ အနှစ်သာရများကို သိကျွမ်းလာခြင်းငှာ သာ၍ မတတ်စွမ်းနိုင်လေ ဖြစ်ကာ၊ ဘုရားသခင်အား သာ၍ နာမခံ ဖြစ်လာကြပြီး၊ ဘုရား သခင်၏ လိုအပ်တောင်းဆိုချက်များမှ ၎င်းတို့သည် သာ၍ ခွဲခွာသွားလေ ဖြစ်သည်။ လူအား ဘုရားသခင်၏ လိုအပ်တောင်းဆိုချက်များသည် လူများ စိတ်ကူးသကဲ့သို့ သဘာဝလွန်နေခြင်းမျိုး မဟုတ်၊ သို့သော်လည်း မည်သူကမျှ ဘုရားသခင်၏ အလိုအား စစ်မှန်စွာ မည်သည့်အခါကမျှ နားမလည်ခဲ့ကြပေ၊ ထို့ကြောင့်ပင် ဘုရားသခင်မှ ‘’လူသားအများစုသည် အဆုံးအစမဲ့သော ကောင်းကင် (သို့မဟုတ်) တလိပ်လိပ်လှိမ့်နေသော ပင်လယ် (သို့မဟုတ်) တည်ငြိမ်သော ရေကန် (သို့မဟုတ်) အဓိပ္ပါယ်ကင်းမဲ့သော စာစောင်များနှင့် သြဝါဒများအပေါ်တွင်သာ အာရုံ စိုက်လျှက် ရှိကြပါသည်’’ ဟု ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား သာ၍များသော လိုအပ် တောင်းဆိုမှုများ ပြုလေ၊ လူတို့သည် ဘုရားသခင်ထံသို့မရောက်နိုင် သာ၍ ခံစားရလေဖြစ်ပြီး၊ ဘုရား သခင်သည် ကြီးမြတ်ကြောင်းကို သူတို့သည် သာ၍ ယုံကြည်လေဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အသိစိတ် ထဲတွင် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ အားလုံးသည် လူ့အတွက် ရယူဖို့ရန် မဖြစ်နိုင်ပဲ၊ ဘုရားသခင်အား ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောာင်ရန်မှလွဲ၍ အခြားရွေးစရာမရှိအောင် ဖြစ်စေခဲ့သည်။ ထိုအချိန် အတောအတွင်း လူမှာမူ ဘုရားသခင်နှင့် ပူးပေါင်းရန် စိတ်တိမ်းညွှတ်ခြင်း စိုးစဥ်းမျှ မရှိပဲ၊ သူ၏ ဦးခေါင်းကို ငုံ့ထားပြီး သူ၏ အပြစ်များကို ဝန်ခံရုံမျှသာ ဇွဲမလျှော့တမ်း လုပ်နေပြီး၊ နာခံ၍ နှိမ့်ချရန်သာ ကြိုးစားနေသည်။ ထိုသို့ဖြင့် သတိမပြုမိလိုက်ပဲ လူတို့သည် ဘာသာတရား အသစ်တစ်ခုထဲသို့၊ ဘာသာရေး အသင်းတော်များထက်ပင် သာ၍တင်းကျပ်သော ဘာသာရေး အခမ်းအနားထဲသို့ ဝင်ရောက် သွားကြသည်။ လူတို့အား ၎င်းတို့၏ အနှုတ်သဘောဆောင်သော အနေအထားကို အပြုသဘောဆောင်သော အနေအထား အဖြစ် ပြောင်းလဲခြင်းမှ တစ်ဆင့် ၎င်းတို့၏ ပုံမှန် အခြေအနေများသို့ ပြန်၍ လှည့်လာရန် ယင်းအရာမှ လိုအပ်သည်။ ထိုသို့ မဟုတ်ပါက၊ လူသည် သာ၍ပင် နက်ရှိုင်းစွာ ကျော့မိခြင်း ခံရပေမည်။

ဘုရားသခင်သည် သူ၏ ဖွင့်ဆိုချက်များ၌ အဘယ်ကြောင့် တောင်များနှင့် ရေများအား အကြိမ်ပေါင်း များစွာ အလေးပေး ဖော်ပြရသနည်း။ ဤစကားလုံးများတွင် ပုံဆောင်အဓိပ္ပာယ် ရှိနေသလော။ ဘုရားသခင် သည် လူအား သူ၏ ဇာတိပကတိထဲမှ လုပ်ဆောင်ချက်များကို ရှုမြင်ခွင့်ပေးရုံသာမက၊ မိုးမျက်နှာကြက်ရှိ သူ၏ တန်ခိုးများအား နားလည်နိုင်သော အခွင့်ကိုလည်း လူအား ပေးသည်။ ယင်းနည်းလမ်းဖြင့်၊ ဤသည်မှာ ဇာတိပကတိထဲမှ ဘုရားသခင်ဖြစ်သည်ဟု ဒွိဟကင်းမဲ့စွာ ယုံကြည်သည်နှင့် တစ်ကြိမ်တည်းတွင်၊ လူတို့သည် လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များကိုလည်း သိကျွမ်းလာပြီး၊ ထိုနည်းဖြင့် ကမ္ဘာမြေကြီး ပေါ်မှ ဘုရားသခင်သည် ကောင်းကင်ဘုံသို့ စေလွှတ်ခြင်း ခံရကာ၊ ကောင်းကင်ဘုံမှ ဘုရားသခင်သည် ကမ္ဘာ မြေကြီးသို့ ကြွချီလာသည်၊ ယင်းနောက်တွင်သာ လူများသည် ဘုရားသခင်၏ ဖြစ်ခြင်းအလုံးစုံကို အပြည့် အဝ ဖူးမြင်နိုင်စွမ်း ရှိလာပြီး၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပတ်သက်၍ သာ၍ကြီးသော အသိတရားကို ရရှိလာသည်။ ဘုရားသခင်သည် ဇာတိပကတိထဲမှ လူသားမျိုးနွယ်အား သာ၍သိမ်းပိုက်နိုင်ပြီး စကြာဝဋ္ဌာ တစ်ဝှမ်းလုံးကို ဖြတ်၍ ခရီးနှင်ရန် ဇာတိပကတိအား သာ၍ ကျော်လွန်နိုင်သည်နှင့်၊ လက်တွေ့ကျသော ဘုရားသခင်အား ဖူးမြင်ရခြင်းအပေါ် အမှီပြု၍ လူတို့သည် ဘုရားသခင်၏ လုပ်ဆာင်ချက်များကို သာ၍ ဖူးမြင်နိုင်စွမ်း ရှိလာလေဖြစ်သည်၊ သို့မှ စကြာဝဋ္ဌာတစ်ဝှမ်းလုံးရှိ ဘုရားသခင် အလုပ်၏ အရှိတရားဖြစ်သော ယင်းအလုပ်သည် အတုအယောင်မဟုတ် စစ်မှန်ကြောင်းကို သိမည်၊ ထို့ကြောင့်ပင် ယနေ့ကာလ၏ လက်တွေ့ ကျသော ဘုရားသခင်သည် ဝိညာဥ်တော်၏ ပြယုဂ်ဖြစ်ပြီး လူကဲ့သို့ သွေးသားခန္ဓာမျိုးနှင့် မတူညီကြောင်းကို သူတို့သည် သိလာကြသည်။ ထို့ကြောင့် ဘုရားသခင်မှ ‘’သို့သော် ငါ့အမျက်ကို ထုတ်လွှတ်သောအခါ တောင် တို့သည် ချက်ခြင်း အစိပ်စိပ် အမြွာမြွာကွဲခြင်း၊ မြေကြီးတို့သည် အပြင်းအထန် လှုပ်ရှားခြင်း၊ ရေတို့သည် ချက်ခြင်း ခမ်းခြောက်ခြင်းနှင့် လူတို့သည် သဘာဝ ဘေးဒဏ်၏ ဒုက္ခကိုချက်ခြင်း ခံစားကြရသည်’’ဟူ၍ ပြောခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်များကို ဖတ်ရှုသောအခါ၊ သူတို့သည် ယင်းတို့ကို ဘုရားသခင်၏ ဇာတိပကတိနှင့် ဆက်စပ်မှတ်ယူကြသည်၊ ထို့ကြောင့် ဝိညာဥ်နယ်ပယ်၏ စကားများနှင့် အလုပ်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား တိုက်ရိုက် ညွှန်းဆိုကာ၊ ယင်းအရာမှာ အကျိုးသက်ရောက် မှုအား တိုးမြှင့်ပေးသည်။ ဘုရားသခင် စကား ပြောဆိုသောအခါ၊ ယင်းသည် မကြာခဏပင် ကောင်းကင်ဘုံမှ ကမ္ဘာမြေကြီးသို့ ပြောဆိုခြင်း ဖြစ်တတ်ပြီး၊ နောက်တစ်ဖန် ကမ္ဘာမြေကြီးမှ ကောင်းကင်ဘုံသို့ ပြောဆိုခြင်း ဖြစ်တတ်သည်၊ ၎င်းသည် လူအားလုံးအား ဘုရားသခင် နှုတ်ကပတ်များ၏ မူလရင်းမြစ်နှင့် လှုံ့ဆော်မှုတို့အား နားလည်ခြင်းငှာ မတတ်စွမ်းနိုင်ပဲ ကျန်ရစ်စေသည်။ ‘’ငါသည် ကောင်းကင်ဘဝဂ် အလယ်၌ရှိစဉ်အခါ ငါ့မျက်မှောက်ကြောင့် ကြယ်တို့သည် တုန်လှုပ် ခြောက်ခြားခြင်း ဘယ်သောအခါမျှ မရှိခဲ့ကြ။ ထိုအစား၊ ကြယ်တို့သည် ငါ့အတွက် သူတို့၏ လုပ်ဆောင်နေသော အရာထဲ၌ သူတို့၏နှလုံးသားကို ထည့်ထားကြသည်။’’ ယင်းမှာ ကောင်းကင်ဘုံ၏ အနေအထားပင် ဖြစ်သည်။ ဘုရားသခင်သည် တတိယကောင်းကင်ဘုံမှ အရာ ခပ်သိမ်းကို ဘုရားသခင်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်ရင်း ဘုရားသခင်အား အစေခံကြသော အစေခံကျွန်များ အားလုံးနှင့် စနစ်တကျ စီစဥ်သည်။ ၎င်းတို့သည် ဘုရားသခင်အား နာခံမှုမရှိဘဲနှင့် တစ်စုံတစ်ရာအား မည်သည့်အခါမျှပင် မပြုခဲ့ကြ၊ ထို့ကြောင့် သူတို့သည် ဘုရားသခင်ပြောသော တုန်လှုပ် ခြောက်ခြားခြင်း မရှိကြပေ၊ ထိုအစား သူတို့၏ စိတ်နှလုံးများအား သူတို့၏ အလုပ်ထဲတွင် မြှုပ်နှံထားကြကာ၊ ယင်းတွင် မည်သည့်အခါမျှ ကစဥ့်ကလျား ဖြစ်ခြင်းတို့ မရှိပေ၊ ထို့ကြောင့် ကောင်းကင်တမန် အားလုံးသည် ဘုရားသခင်၏ အလင်းထဲတွင် နေထိုင်ကြခြင်းဖြစ်သည်။ ထိုအချိန်အတောအတွင်း ၎င်းတို့၏ မနာခံမှုနှင့် ဘုရားသခင်အား ၎င်းတို့ မသိကျွမ်းကြခြင်းကြောင့်၊ ကမ္ဘာပေါ်မှ လူများအားလုံးသည် အမှောင်ထုထဲတွင် နေကြရသည်၊ ၎င်းတို့သည် ဘုရားသခင်အား ဆန့်ကျင်လေ၊ ၎င်းတို့သည် အမှောင်ထုထဲ၌ သာ၍နေရလေ ဖြစ်သည်။ ဘုရားသခင်မှ ‘’ကောင်းကင် ထွန်းလင်းနေသည်နှင့်အမျှ မြေကြီးသည် မှောင်မိုက်အတိ ဖြစ်လေ သည်’’ဟု ပြောဆိုသောအခါ၊ ဘုရားသခင်၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးထံသို့ မည်သို့မည်ပုံ သာ၍ နီးကပ်လာနေသည်ကို ညွှန်းဆိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ တတိယ ကောင်းကင်ဘုံတွင် နှစ်ပေါင်း ၆၀၀၀ အလုပ်များခြင်းသည် မကြာမြင့်မီတွင် အဆုံးသတ်တော့မည် ဖြစ်သည်။ ကမ္ဘာမြေကြီး ပေါ်မှ အရာခပ်သိမ်းသည် နောက်ဆုံးအခန်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ၊ မကြာမီတွင် အသီးသီးတို့သည် ဘုရားသခင်၏ လက်မှ ဖြတ်ပစ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူများသည် နောက်ဆုံးသော ကာလ၏ အချိန်ထဲသို့ တိုး၍ ဝင်သွားလေ၊ ၎င်းတို့သည် လူ့လောက၏ ယိုယွင်းပျက်စီးမှုကို သာ၍ မြည်းစမ်းနိုင်လေ ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိကို သာ၍ လိုက်လျောလေဖြစ်သည်။ လောကကြီး၏ စိတ်ပျက်ဖွယ် အနေအထားကို ပြန်လှန်ပစ်ရန် ဆန္ဒရှိကြသော လူများစွာပင် ရှိကြပေမည်၊ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆာင်မှုများကြောင့် ၎င်းတို့၏ သက်ပြင်းများအလယ်တွင် မျှော်လင့်ချက် အားလုံးအား ဆုံးရှုံးသွားကြသည်။ ထို့ကြောင့်ပင် လူတို့သည် နွေဦးရာသီ၏ နွေးထွေးမှုကို သတိပြုမိသောအခါ၊ ဘုရား သခင်သည် ၎င်းတို့၏ မျက်စိများကို ဖုံးကွယ်လိုက်ခြင်း ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် လူးလှိမ့်နေသော လှိုင်းလုံးများအပေါ်တွင် မျောပါကြသည်၊ ၎င်းတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ ဝေးကွာနေသာ အသက်ကယ်လှေအား လက်လှမ်းမီရန် မတတ်စွမ်းနိုင်ကြ။ လူများသည် ပင်ကိုယ်အားဖြင့် အားနည်း သောကြောင့်၊ ဘုရားသခင်မှ အခြင်းအရာများအား ပြုပြင်ပြောင်းလဲ စေနိုင်သောသူ မည်သူမျှမရှိဟု ဆိုခြင်း ဖြစ်သည်။ လူများသည် မျှော်လင့်ခြင်း ဆုံးရှုံးသောအခါ၊ ဘုရားသခင်သည် စကြာဝဋ္ဌာ တစ်ဝှမ်းလုံးသို့ စတင် စကားပြောဆိုသည်၊ လူသားမျိုးနွယ် အားလုံးအား စ၍ကယ်တင်ခဲ့သည်၊ ယင်းမှာ အခြင်းအရာများအား ပြုပြင်ပြောင်းလဲ ပြီးနောက်တွင် ဖြစ်လာသည့် အသစ်သော အသက်တာအား လူတို့ ပျော်မွေ့ခံစားနိုင်သည့် နောက်ပိုင်းမှသာ ဖြစ်သည်။ ယနေ့ကာလလူများသည် မိမိကိုယ်ကို လှည့်စားတတ်သော အဆင့်၌ ရောက်နေ ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အရှေ့၌ရှိသော လမ်းသည် အလွန်ပင် ဆိတ်ညံလှပြီး မထင်ရှား လှသောကြောင့် ဖြစ်ကာ၊ ၎င်းတို့၏ အနာဂတ်သည် ‘’အကန့်အသတ်မဲ့’’၍ ‘’နယ်နိမိတ်မရှိ’’သောကြောင့် ဖြစ်သည်၊ ယနေ့ခေတ် လူများသည် တိုက်ခိုက်ကြိုးစားရန်အလို့ငှာ စိတ်တိမ်းညွှတ်ခြင်း မရှိကြပဲ၊ ၎င်းတို့၏ နေ့ရက်များကို ဟန်ဟောင်ငှက်တစ်ကောင်[က] ကဲ့သို့ပင် ကုန်ဆုံးရန်သာ တတ်နိုင်ကြသည်။ အသက်တာအား တည်ကြည် လေးနက်စွာ လိုက်သောသူ၊ လူ့တည်ရှိမှု၏ အသိတရားအား လိုက်သောသူ တစ်ယောက်မျှ မရှိခဲ့။ ထိုအစား ၎င်းတို့သည် ကောင်းကင်ဘုံမှ ကယ်တင်ရှင်သည် လောကကြီး၏ စိတ်ပျက်ဖွယ် အခြေအနေအား ပြန်လှန်ရန် ရုတ်ခြည်း ကြွဆင်းလာမည့်အချိန်ကို မျှော်လင့်ကြသည်၊ ထို့နောက်မှတွင်သာ ၎င်းတို့သည် ၎င်းတို့၏ ရှင်သန်ရန် ကြိုးထုတ်မှုတို့တွင် စိတ်အားထက်သန်လိမ့်မည် ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ် အားလုံး၏ စစ်မှန်သော အနေအထားပင် ဖြစ်ပြီး၊ လူများ အားလုံး၏ စိတ်အခြေအနေပင် ဖြစ်သည်။

ယနေ့တွင် ဘုရားသခင်သည် လူ၏ အနာဂတ် အသစ်သော အသက်တာကို ဤအချိန်အတောအတွင်း သူ၏ စိတ်အခြေအနေအရ ကြိုတင်ပြောကြားသည်၊ ယင်းမှာ ဘုရားသခင် ပြောဆိုသောအရာ၏ အလင်း ခပ်ရေးရေးပင် ဖြစ်သည်။ ဘုရားသခင် ကြိုတင်ပြောကြားသော အရာမှာ ဘုရားသခင်မှ အဆုံးတွင် အထ မြောက်စေမည့် အရာနှင့် စာတန်အပေါ် ဘုရားသခင် အနိုင်ရခြင်း၏ အသီးအပွင့်များပင် ဖြစ်သည်။ ‘’လူသား အားလုံး အပေါ်သို့ ငါသည်ခြေလှမ်းပြီး၊ နေရာအားလုံးကို စောင့်ကြည့်နေပါသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ လူတို့သည် အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ စိုးစံပြီး၊ စကြာဝဋ္ဌာတစ်ခုလုံးကို ကျောခင်းလျက် ရှိသည်….’’ ယင်းမှာ ဘုရားသခင့် လက်ရှိအလုပ်၏ ရလဒ်ပင် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသောသူများ အားလုံးသည် ၎င်းတို့၏ မူလသဏ္ဍာန်သို့ ပြန်လာ ကြပြီး၊ ယင်းအရာကြောင့် နှစ်ပေါင်းများစွာတိုင် ဝေဒနာခံခဲ့ရသော ကောင်းကင်တမန်တို့သည် လွတ်မြောက် ကြကာ၊ ‘’မျက်နှာသည် လူသား၏နှလုံးထဲ၌ ရှိနေသော သန့်ရှင်းသောသူနှင့် တူကြသည်’’ဟု ဘုရားသခင် ပြောသည့်အတိုင်းပင် ဖြစ်သည်။ ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်ပြီး ဘုရား သခင်အား အစေခံကြသည့်အတွက်၊ ဘုရားသခင်၏ ဘုန်းတော်သည် လောကတစ်လျှောက်တွင် ပျံ့နှံ့ပြီး ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးသို့ ယူဆောင်ခံရကာ၊ ကမ္ဘာမြေကြီးသည် ကောင်းကင်ဘုံသို့ ချီမသွား ခြင်းကို ခံရသည်။ ထို့ကြောင့်ပင် လူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ဆက်သွယ်ပေးသော အချိတ်အဆက် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသည် ဝေးကွာခြင်း မရှိတော့ပဲ၊ ကွဲကွာခြင်း မရှိတော့ပဲ၊ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ပေါင်းဆက်သွားသည်။ ကမ္ဘာလောကကြီး တစ်လျှောက်တွင်၊ ဘုရား သခင်နှင့် လူသာ တည်ရှိသည်။ ယင်းတွင် မြေမှုန့် သို့မဟုတ် ဖုန်မှုန့်လည်း မရှိပဲ၊ အရာအားလုံးသည် အသစ် ပြုပြင်လျက် ရှိကြပြီး၊ သိုးငယ်လေး တစ်ကောင်ကဲ့သို့ ကောင်းကင်အောက် စိမ်းလန်းသော မြက်ခင်းပြင်တွင် လဲလျောင်းလျက်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ပျော်မွေ့ခံစားလျက် ရှိကြသည်။ ဤစိမ်းလန်းခြင်း ဆိုက်ရောက်လာမှုကြောင့် အသက် ဇီဝသည် ထွန်းလင်းခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူသား၏အနားတွင် ထာဝရကာလတိုင် နေထိုင်ရန်အလို့ငှာ လောကကြီးထဲသို့ ကြွဆင်းလာခြင်းကြောင့် ဖြစ်သည်၊ ''ငါသည် ဇိအုန်အထဲတွင် အသစ်တဖန် ငြိမ်သက်စွာဖြင့် ကျိန်းဝပ်နိုင်ပြီ'' ဟူ၍ ဘုရားသခင်၏ နှုတ်မှ ပြောခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ဤအရာသည် စာတန်ရှုံးနိမ့်မှု၏ အမှတ်သင်္ကတပင် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် အနားယူရာ ရက်ပင်ဖြစ်ပြီး၊ ဤနေ့ရက်သည် လူအားလုံး၏ ချီးမွမ်းထောမနာပြုခြင်းနှင့် ကြွေးကြော်ခြင်းအား ခံရမည်ဖြစ်ကာ၊ လူအားလုံး၏ အမှတ်ရကျင်းပခြင်းလည်း ခံရမည်ဖြစ်သည်။ ပလ္လင်ပေါ်တွင် ဘုရားသခင် အနားယူသော အချိန်သည် ကမ္ဘာပေါ်ရှိ သူ၏အလုပ်အား ဘုရားသခင် နိဂုံး ချုပ်ချိန်လည်း ဖြစ်ပြီး၊ ဘုရားသခင်၏ နက်နဲဆန်းကြယ်မှုများကို လူအားပြသသော အခိုက်အတန့်လည်း ဖြစ်သည်။ ဘုရားသခင်နှင့် လူသည် အစဥ်အမြဲ သဟဇာတဖြစ်လိမ့်မည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ခွဲခွာ လိမ့်မည် မဟုတ်၊ ဤအရာများသည် နိုင်ငံတော်၏ လှပသော မြင်ကွင်းများပင်တည်း။

လျှို့ဝှက်ဆန်းကြယ်မှုများထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုများအား သိုဝှက်ထား၏၊ ဘုရားသခင်၏ နှုတ်ကပတ်များသည်လည်း အမှန်ပင် သိမ်မွေ့၍ နက်နဲခက်ခဲလှပေသည်။

အောက်ခြေမှတ်စုများ -

(က) ဟန်ဟောင်ငှက်၏ ပုံပြင်မှာ အီစွတ်၏ ပုရွက်ဆိတ်နှင့် နှံကောင်ဟူသော ပုံပြင်နှင့် အတော်ပင် ဆင်တူသည်။ ၎င်း၏ အိမ်နီးချင်းဖြစ်သည့် ငှက်ကျားမှ အကြိမ်ကြိမ် သတိပေးနေ ပါသော်လည်း ဟန်ဟောင်ငှက်သည် ရာသီဥတု နွေးထွေးနေသော အချိန်တွင် အသိုက်အား ဆောက်ရမည့်စား အိပ်ရသည်ကို ပိုနှစ်သက်သည်။ ဆောင်းရာသီ ရောက်လာသော အခါတွင်မူ ငှက်ငယ်မှာ အေးခဲ၍ သေသွားလေသည်။

ယခင်က:ဆယ့်တစ်ခုမြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်ချက်

နောက်တစ်ခုသို့:ဆယ့်ခုနှစ်ကြိမ်မြောက် မိန့်မြွက်ချက်၏ အနက်ဖွင့်

သင်နှစ်သက်နိုင်သည့် အရာများ