အခန်း ၃၂

ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့ကို ပြင်းပြင်းထန်ထန် စဉ်းစားရစ်စေပြီး၊ ယင်းမှာ သူစကားပြောဆိုသည့်အခါ လူသားကို ဘုရားသခင် ရှောင်ဖယ်ပြီး လေထဲ စကားပြောနေသည့်အလား၊ သူသည် လူသား၏ လုပ်ဆောင်ချက်များကို နောက်ထပ် မည်သည့်အာရုံမျှ စိုက်ဖို့ရန် စဉ်းစားခြင်းလုံးဝမရှိသကဲ့သို့၊ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုကို လုံးဝအလေးဂရုမပြုသည့်အလား၊ သူပြောဆိုသော စကားများက လူတို့၏ အယူအဆများကို မဦးတည်ဘဲ ဘုရားသခင်၏ မူလ ရည်ရွယ်ချက်နှင့်အညီ လူကို ရှောင်ဖယ်သည့်အလား ဖြစ်လေသည်။ အသင်္ချေ အကြောင်းရင်းများကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ သဘောပေါက်၍ မရနိုင်သကဲ့သို့ ထိုးထွင်းသိမြင်၍မရနိုင်သော အရာ ဖြစ်သည်။ ဤသည်မှာ အံ့သြစရာမရှိပေ။ ဘုရားသခင့် နှုတ်ကပတ်တော်အားလုံး၏ မူလရည်ရွယ်ချက်မှာ လူတို့အနေဖြင့် ထိုနှုတ်ကပတ်တော်များမှ ကျွမ်းကျင်မှု ရရှိဖို့ သို့မဟုတ် အထာ သင်ယူရန်အတွက် မဟုတ်ပေ။ ယင်းအစား ထိုနှုတ်ကပတ်တော်များသည် ယနေ့အထိ ဘုရားသခင် အမှုပြုပြီးသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ မှန်ပေ၏၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အမှုအရာများ အမှန်ရရှိပေသည်- နက်နဲသောအရာများနှင့် ဆက်စပ်သောအရာများ၊ သို့မဟုတ် ပေတရု၊ ပေါလု၊ ယောဘတို့နှင့် စပ်ဆိုင်သောအရာများကို ရရှိကြ၏- သို့သော် ဤသည်မှာ ၎င်းတို့ရရှိသင့်သည့်အရာ နှင့် ၎င်းတို့ ကြိုးပမ်းရရှိနိုင်စွမ်းရှိသောအရာဖြစ်ပြီး၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် လိုက်လျောညီထွေဖြစ်သည်နှင့်အညီ၊ ၎င်းတို့သည် ဤအရာများကို ကြိုးပမ်းရရှိရာတွက် တတ်နိုင်သည်အထိ၊ ၎င်းတို့ သွားနှင့်ကြပြီး ဖြစ်သည်။ ဘုရားသခင်က စွမ်းဆောင်ရရှိရန် တောင်းဆိုသော အကျိုးတရားသည် မြင့်မားခြင်းမရှိသော်လည်း၊ သူသည် အဘယ်ကြောင့် နှုတ်ကပတ်တော်များစွာကို ပြောခဲ့သနည်း။ ဤသည်မှာ သူပြောဆိုသော ပြစ်တင်ဆုံးမမှုနှင့် ဆက်စပ်လျက်ရှိပြီး အားလုံးကို လူတို့ နားမလည်လိုက်ဘဲနှင့် အလိုအလျောက် စွမ်းဆောင်ရရှိပေသည်။ ယနေ့တွင်၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တိုက်ခိုက်မှုအောက်တွင် လူတို့သည် ပိုမိုကြီးမားသော ညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံကြရ၏။ အပေါ်ယံအားဖြင့် ၎င်းတို့ထဲမှ အဘယ်သူမျှ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးပုံရ၏၊ လူတို့သည် ၎င်းတို့အလုပ်ကို လုပ်ဆောင်ရာတွင် စတင်၍လွှတ်ခြင်းခံကြရပြီး၊ အစေခံသူတို့သည် ဘုရားသခင်၏ လူများအဖြစ်သို့ မြှင့်တင်ခံကြရပြီးဖြစ်သည်- ဤအရာ၌၊ လူတို့အဖို့ ၎င်းတို့သည် ပျော်မွေ့ခြင်းထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ထင်ရလေသည်။ အမှန်တွင်၊ လက်တွေ့အရှိတရားမှာ၊ စစ်ဆေးခြင်းမှ၊ ၎င်းတို့အားလုံးသည် ပိုမိုပြင်းထန်သော ပြစ်တင်ဆုံးမခြင်းထဲသို့ ဝင်ရောက်ကြပြီဖြစ်သည်။ ဘုရားသခင်က “ငါ့အမှု၏ အဆင့်များသည် တစ်ခုမှ နောက်တစ်ခုသို့ နီးကပ်စွာ ဆက်နွှယ်နေပြီး၊ တစ်ခုချင်းစီသည် ယခင်ထက် သာ၍ မြင့်မားသည်”၊ ဟု ဆိုသကဲ့သို့သာ ဖြစ်သည်။ ဘုရားသခင်သည် အစေခံသူများကို အနက်ဆုံးသော တွင်းထဲမှ ချီမပြီးဖြစ်ကာ ၎င်းတို့ကို ပြစ်တင်ဆုံးမခြင်း ပိုမိုပြင်းထန်သည့်နေရာ၊ ကန့်နှင့် မီးအိုင်ထဲသို့ ပစ်ချလေသည်။ ထို့ကြောင့် ပိုမိုကြီးမားသော ဆင်းရဲဒုက္ခကို ၎င်းတို့ ခံစားကြရပြီး ယင်းမှ လွတ်မြောက်ရန် အနိုင်နိုင်ဖြစ်ကြရလေသည်။ ထိုသို့သော ပြစ်တင်ဆုံးမခြင်းသည် ပိုမိုဆိုးရွားသည် မဟုတ်လော။ ပို၍ မြင့်မားသော နယ်ပယ်သို့ ဝင်ရောက်ပြီးနောက်တွင်၊ လူတို့သည် ပျော်ရွှင်ခြင်းတစ်ခုတစ်လေထက် ဝမ်းနည်းခြင်းကို ခံစားကြရသည်မှာ အဘယ်ကြောင့်နည်း။ စာတန်၏ လက်များမှ ကယ်နှုတ်ခံကြရပြီးနောက်၊ အဆင်းနီသောနဂါးကြီးထံ ၎င်းတို့ကို ပေးအပ်ခံကြရသည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ဘုရားသခင်က “အဆင်းနီသော နဂါးကြီး၏ နေရပ်တွင် အမှု၏ နောက်ဆုံးအပိုင်း ပြည့်စုံသည်” ဟု ပြောခဲ့သည်ကို သင် အမှတ်ရသလော။ ဘုရားသခင်က “နောက်ဆုံးဆင်းရဲဒုက္ခသည် အဆင်းနီသောနဂါးကြီးရှေ့တွင် ဘုရားသခင်အတွက် ခိုင်မာပြီး ထူးကဲလှသော သက်သေခံခြင်း ဖြစ်သည်” ဟု ဆိုခဲ့ချိန်ကို၊ သင် အမှတ်ရပါ၏လော။ လူတို့သည် အဆင်းနီသော နဂါးကြီးထံ အပေးမခံရပါက၊ ယင်း၏ရှေ့မှောက်တွင် ၎င်းတို့သည် အဘယ်သို့ သက်သေခံနိုင်ကြမည်နည်း။ မိမိတို့ကိုယ်ကိုယ် သတ်ဖြတ်ပြီးနောက်တွင် အဘယ်သူက “ငါသည် နတ်ဆိုးကို အနိုင်ယူပြီ” ဟူသောစကားများကို ပြောဖူးသနည်း။ မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိကို ရန်သူအဖြစ် မြင်ပြီးနောက်၊ မိမိကိုယ်ကိုယ် သတ်သေခြင်း- ဤအရာ၏ လက်တွေ့ကျသော အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့ ပြောဆိုခဲ့ပါသနည်း- “လူတို့၏ အမာရွတ်များကို ငါမကြည့်ဘဲ အမာရွတ်မရှိသော အပိုင်းကိုသာကြည့်ပြီး၊ ဤအရာမှ ငါသည် ကျေနပ်အားရခြင်းကို ရရှိ၏။” အမာရွတ်များ မပါရှိသာသူများကို သူ၏ ဖော်ပြချက်များဖြစ်ဖို့ ဘုရားသခင် ဆန္ဒရှိသည်မှာ မှန်ခဲ့ပါက၊ အဘယ်ကြောင့် လူတို့၏ ယူဆချက်များကို ပြန်လည်တိုက်ခိုက်ရန် လူသား၏ ရှုထောင့်အမြင်မှ နှုတ်ကပတ်တော်များစွာကို သူသည် စိတ်ရှည်ရှည်နှင့် စိတ်အားထက်သန်စွာ ပြောဆိုမည်နည်း။ အဘယ်ကြောင့် ယင်းကို သူ စိတ်ဝင်စားမည်နည်း။ အဘယ်ကြောင့် ထိုသို့သောအရာတစ်ခုကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် မလိုအပ်သော ဒုက္ခကို သူ လုပ်ဆောင်မည်နည်း။ ထို့ကြောင့် ယင်းက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းတွင် စစ်မှန်သော အရေးပါမှုရှိသည်၊ ဇာတိပကတိဖြစ်လာကာ သူ၏အမှု ပြည့်စုံစေပြီးနောက်တွင် သူသည် ဇာတိပကတိအား “မအောင်မြင်သောအရာအဖြစ် သဘောထား” မည်မဟုတ်သည်ကို ပြသပေသည်။ “ရွှေသည် မစင်ကြယ်နိုင်သကဲ့သို့၊ လူသည် စုံလင်ခြင်းမရှိနိုင်” ဟု အဘယ်ကြောင့် ဆိုရသနည်း။ ဤနှုတ်ကပတ်တော်များကို အဘယ်သို့ ရှင်းပြ၍ရနိုင်သနည်း။ ဘုရားသခင်သည် လူသား၏အနှစ်သာရနှင့် ပိတ်သက်၍ ပြောဆိုသောအခါ သူ၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ဆိုလိုသနည်း။ လူတို့၏ ပကတိမျက်စိများတွင်၊ ဇာတိပကတိသည် မည်သည့်အရာမျှ တတ်စွမ်းနိုင်ခြင်းမရှိပုံ ပေါ်၏၊ သို့မဟုတ်လျှင် အားလုံးသည် အလွန်ချို့တဲ့ပုံပေါ်၏။ ဘုရားသခင်၏ အမြင်တွင်၊ ဤအရာမှာ လုံးဝ အရေးမကြီးပေ- သို့တိုင် လူတို့အဘို့ ယင်းမှာ ကြီးမားသည့် အရေးပါမှုရှိသော အကြောင်းကိစ္စတစ်ခုဖြစ်လေသည်။ ယင်းမှာ ၎င်းတို့က ဤအရာကို လုံးဝ ဖြေရှင်းနိုင်စွမ်းမရှိသည့်အလား၊ ယင်းကို ကောင်းကင်ဘုံနှင့်ဆိုင်သော အဖွဲ့အစည်းတစ်ခုက ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းရမည့်အလား ဖြစ်လေသည်- ဤသည်မှာ လူသား အယူအဆ တစ်ခု ဖြစ်သည်မဟုတ်လော။ “လူတို့၏ အမြင်များတွင်၊ ငါသည် ကောင်းကင်မှ သက်ဆင်းသော “ကြယ်လေး” တစ်စင်းသာဖြစ်သည်။ ငါသည် ကောင်းကင်တွင် အရေးမပါဆုံးမျှသာ ဖြစ်ကာ၊ ကမ္ဘာမြေပေါ်သို့ ယနေ့ ငါ၏ရောက်ရှိခြင်းသည် ဘုရားသခင်၏ တာဝန်ပေးထားခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့သည် ...“ငါ” နှင့် “ဘုရားသခင်” ဟူသော စကားလုံးများ၏ သာ၍ များသော အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရကြလေသည်။” လူသားတို့သည် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်းမရှိသည့်အတွက်၊ အဘယ်ကြောင့် ဘုရားသခင်သည် မတူကွဲပြားသော ရှုထောင့်များမှ ၎င်းတို့၏ အယူအဆများကို ထုတ်ဖော်ပြသနည်း။ ဤသည်မှာလည်း ဘုရားသခင်၏ ပညာဉာဏ်ဖြစ်နိုင်မည်လော။ ထိုသို့သော စကားများသည် အဓိပ္ပါယ်မဲ့သည်မဟုတ်လော။ ဘုရားသခင်က၊ “လူတို့၏ စိတ်နှလုံးများတွင် ငါထူထောင်ခဲ့သည့် နေရာတစ်ခုရှိသော်လည်း၊ ထိုနေရာတွင် ငါနေထိုင်ဖို့ ၎င်းတို့ မလိုအပ်ကြပေ။ ယင်းအစား၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ “သန့်ရှင်းသူ” ရုတ်တရက်ရောက်ရှိလာဖို့ ၎င်းတို့ စောင့်ဆိုင်းနေကြ၏။ ငါ၏ ကိုယ်ပိုင်လက္ခဏာသည် အလွန် “နိမ့်ကျ”သောကြောင့်၊ ငါသည် လူတို့၏ တောင်းဆိုချက်များနှင့် မကိုက်သကဲ့သို့၊ ထို့ကြောင့် ငါသည် ၎င်းတို့၏ မောင်းထုတ်ခြင်းခံရ၏”ဟု ဆိုသကဲ့သို့ဖြစ်သည်။ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူတို့၏ ခန့်မှန်းချက်မှာ “အလွန်မြင့်မား” လှသောကြောင့်၊ ဘုရားသခင်အဖို့ အမှုအရာများစွာသည် “ကြိုးပမ်းမရရှိနိုင်”ပေ၊ ယင်းက သူ့ကို “အခက်အခဲထဲ” ပို့လေသည်။ ဘုရားသခင်တတ်စွမ်းရန် ၎င်းတို့တောင်းဆိုသောအရာမှာ ၎င်းတို့၏ ယူဆချက်များဖြစ်သည်ကို လူတို့က အနည်းငယ်သာ သိကြ၏။ ဤသည်မှာ “လိမ္မာပါးနပ်သော လူတစ်ဦးသည် သူ၏ ကိုယ်ပိုင် စဉ်းစားဉာဏ်၏ သားကောင်းဖြစ်လာနိုင်သည်” ဟူသော အရာ၏ တကယ့်အဓိပ္ပါယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ “စည်းမျဉ်းတစ်ခုကဲ့သို့ တော်သော်လည်း၊ ဤအချိန်တွင် လူမိုက်ဖြစ်သည်” ဟူသည့် ကိစ္စတစ်ခု ဧကန်အမှန်ဖြစ်ပေ၏။ သင်၏ ဟောပြောခြင်းတွင် ၎င်းတို့ အယူအဆများနှင့် သက်ဆိုင်သည့် ဘုရားသခင်နှင့် ခွဲခွာဘို့ လူတို့ကို သင် စေခိုင်းသော်လည်း၊ သင်၏ အယူအဆနှင့် သက်ဆိုင်သော ဘုရားသခင်သည် ထွက်သွားပြီလော။ “လူသားကို ငါ ပြုသည့် တောင်းဆိုမှုများသည် လုံးဝ မကြီးမား” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဘယ်သို့ အနက်ပြန်နိုင်သနည်း။ ယင်းတို့သည် လူတို့ကို အပျက်သဘောဆောင်စေပြီး အကျင့်ပျက်စေဖို့ မဟုတ်ဘဲ၊ အသောက်အစား အပျော်အပါး၌ မွေ့လျော်စေဖို့ မဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သိနားလည်မှုစစ်စစ်ကို ၎င်းတို့အား ပေးရန်ဖြစ်သည်- သင် နားလည်ပါ၏လော။ လူ့ဇာတိခံဘုရားသခင်သည် အမှန်တကယ် လူတို့ စိတ်ကူးသကဲ့သို့ “မြင့်မားကာ ကြီးမားသည့် ‘ငါ’” ဖြစ်သလော။

ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်များအားလုံးကို ဖတ်ရှုပြီး ယင်းတို့နှင့်ဆိုင်သည့် ယေဘုယအကြမ်းဖျင်းဖော်ပြချက် ပေးနိုင်သောသူများ ရှိသော်လည်း၊ ဘုရားသခင်၏ အဆုံးစွန်ရည်မှန်းချက် အဘယ်အရာဖြစ်သည်ကို အဘယ်သူပြောနိုင်သနည်း။ ဤသည်မှာ လူသားမျိုးနွယ် ချို့တဲ့သောအရာဖြစ်သည်။ မည်သည့် ရှုထောင့်မှ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ သူ၏ ယေဘုယျရည်မှန်းချက်မှာ ဇာတိပကတိ၌ရှိသော ဘုရားသခင်ကို လူတို့ သိစေရန်ဖြစ်သည်။ သူ့အထဲတွင် လူသားသဘာဝနှင့်သက်ဆိုင်သည့် မည်သည့်အရာမျှမရှိပါက- သူ၌ရှိသမျှသောအရာအားလုံးမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ပင်ကိုအရည်အချင်းများသာဖြစ်ခဲ့ပါက- များစွာ ပြောဆိုဖို့ ဘုရားသခင်အတွက် လိုအပ်မည်မဟုတ်ပေ။ လူတို့ ချို့တဲ့သောအရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အပြန်အလှန် ဆက်စပ် နှီးနွှယ်သည့် မူရင်းမှလာသော ကုန်ကြမ်းများအဖြစ် အသုံးတော်ခံသည်ဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ၊ လူသား၏အထဲ၌ ထင်ရှားသောအရာမှာ လူတို့၏ အယူအဆများနှင့်ပတ်သက်၍ ဘုရားသခင်ပြောဆိုသောအရာအဖို့ နောက်ခံဖြစ်ပြီး၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို အစေခံကြလေသည်။ ပင်ကိုယ်အားဖြင့် ဤသည်မှာ လူတို့၏အယူအဆများနှင့် ပတ်သက်၍ ဘုရားသခင် ပြောသောအရာအပေါ် အခြေခံထား၏- ဤနည်းဖြင့်သာ ဤအရာကို သဘောတရားနှင့် လက်တွေ့အရှိတရားတို့ကို ပေါင်းစပ်ခြင်းဟု ဆိုနိုင်သည်။ ထိုအခါမှသာ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိခြင်းအကြောင်းအား ပိုမိုထိရောက်စွာ အလေးအနက် ထားနိုင်ပေသည်။ ဇာတိပကတိ၌ ရှိသော ဘုရားသခင်သည် လူတို့ အယူအဆများနှင့် သဟဇတဖြစ်ပြီး ဘုရားသခင်ကလည်း သူ့ကို သက်သေခံခဲ့ပါက၊ မည်သည့် အဓိပ္ပာယ်ရှိမည်နည်း။ ဘုရားသခင်သည် သူ၏ ကြီးမြတ်သော တန်ခိုးကို မီးမောင်းထိုးရန် လူတို့၏အယူအဆများကို အသုံးပြုရင်း၊ အပျက်သဘောဆောင်သောဘက်မှ အမှုပြုသည်မှာ ဤအရာကြောင့် အတိအကျ ဖြစ်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည် မဟုတ်လော။ အယောက်တိုင်းအတွက် ဘုရားသခင်လုပ်ဆောင်သမျှအားလုံးသည် ကောင်းမြတ်၏- ထို့ကြောင့် ဤအချိန်တွင် အဘယ်ကြောင့် ချီးမွမ်းခြင်း မပြုသနည်း။ အမှုအရာများသည် အခြေအနေတစ်ရပ်သို့ ရောက်ရှိခဲ့ပါက၊ သို့မဟုတ် နေ့ရက်ရောက်လာခဲ့ပါက၊ သင်သည် ပေတရုကဲ့သို့ စမ်းသပ်မှုများအလယ်တွင် ပဌနာကို သင်ကိုယ်တိုင်၏အတွင်းမှ မြွက်ဆိုနိုင်မည်လော။ သင့်အနေဖြင့် ပေတရုကဲ့သို့ စာတန်၏လက်များတွင်ရှိချိန် ချီးမွမ်းနိုင်ဆဲဖြစ်မှသာ၊ “စာတန်၏ ကျေးကျွန်ဘဝမှ လွတ်မြောက်ခြင်း၊ ဇာတိပကတိကို ချိုးနှိမ်နိုင်ခြင်းနှင့် စာတန်ကို အောင်နိုင်ခြင်း” တို့၏ စစ်မှန်သော အဓိပ္ပါယ် ရှိပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်အတွက် ပိုမို စစ်မှန်သည့် သက်သေခံချက်ဖြစ်သည် မဟုတ်လော။ ဤအရာသည်သာ “ဘုရားသဘာဝက ဆောင်ရွက်ဖို့ရန် ထွက်လာခြင်းနှင့် ခုနှစ်ဆအရှိန်ပြင်းသော ဝိညာဉ်သည် လူသားအထဲ၌ အလုပ်လုပ်ခြင်း” အားဖြင့် ရရှိသည့် အကျိုးတရား ဖြစ်ပြီး၊ ထို့ကြောင့် ယင်းသည်လည်း “ဇာတိပကတိမှ ထွက်လာသော ဝိညာဉ်” အားဖြင့် စွမ်းဆောင်ရရှိသည့် အကျိုးတရား ဖြစ်သည်။ ထိုသို့သော ဆောင်ရွက်ချက်များသည် စစ်မှန်သည် မဟုတ်လော။ သင်သည် စစ်မှန်မှုကို အာရုံစိုက်လေ့ရှိသော်လည်း၊ ယနေ့တွင် သင်သည် စစ်မှန်မှု၏ မှန်ကန်သော အသိပညာ ရှိပါသလော။ “လူသားကို ငါ ပြုသည့် တောင်းဆိုမှုများသည် လုံးဝ မကြီးမားသော်လည်း၊ လူတို့သည် ထိုသို့မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့၏ “နှိမ့်ချခြင်း” သည် ၎င်းတို့၏ လှုပ်ရှားမှုတိုင်း၌ ထုတ်ဖော်ပြသခံရ၏။ ၎င်းတို့သည် တောတောင်များအတွင်းရှိ နက်ရှိုင်းသည့် ရှေးဟောင်းသစ်တောများတွင် ငါလှည့်လည်သွားလာမည်ကို ကြောက်လန့်လျက်၊ ငါလမ်းပျောက်မည်ကို အကြီးအကျယ် စိုးရွှံ့လျက်၊ ငါ့အတွက် လမ်းကို ဦးဆောင်ရင်း ငါရှေ့တွင် အစဉ်အမြဲ လျှောက်လေ့လျှောက်ထရှိကြပေသည်။ အကျိုးဆက်အနေဖြင့် လူတို့သည် မြေအောက်အကျဉ်းတိုက်ထဲသို့ ငါလျှောက်မည်ကို အလွန်အမင်း ကြောက်ရွှံ့လျက် ငါ့ကို အစဉ်အမြဲ ရှေ့သို့ ဦးဆောင်ကြပြီးဖြစ်သည်။” ဤရိုးရှင်းသော စကားများနှင့် သက်ဆိုင်၍ သင်၏အသိပညာမှာ အဘယ်နည်း- ယင်းတို့အထဲတွင် သင်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရင်းအမြစ်ကို အမှန်တကယ် သဘောပေါက်နိုင်ပါသလော။ ဘုရားသခင်သည် ထိုသို့သောစကားများဖြင့် သင့်အယူအဆများထဲမှ မည်သည့်အရာ ပြောဆိုသည်ကို သင်အာရုံစိုက်ပြီးပြီလော။ သင်သည် နေ့စဉ် သင်၏အာရုံစိုက်မှုကို ဤအဓိကအချက်အပေါ်တွင် ထားရှိသလော။ နောက်တွင် ကပ်လျက်လိုက်လာသည့် နောက်ထပ်အစိတ်အပိုင်း၏ ပထမဆုံးစာကြောင်းတွင်၊ ဘုရားသခင်က “သို့တိုင် လူတို့သည် ငါ့အလိုကို သတိလက်လွတ်ဖြစ်ကြပြီး၊ ၎င်းတို့အပေါ် ငါအပ်နှင်းခဲ့သော ကြွယ်ဝမှုများက ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စွမ်းမရှိသည့်အလား၊ တောင်းဆိုမှုက ထောက်ပံ့မှုထက် ပိုလွန်သည့်အလား၊ ငါ့ထံမှ အမှုအရာများအတွက် ဆုတောင်းမြဲ ဆုတောင်းနေကြ၏” ဟု ဆိုသည်။ ဤစာကြောင်းတွင်၊ သင့်အတွင်းတွင် ရှိသည့် အယူအဆမှာ မည်သည့်အရာဖြစ်သည်ကို တွေ့မြင်နိုင်၏။ ဘုရားသခင်သည် ကုန်လွန်ခဲ့သည့် အချိန်များတွင် သင်မည်သည့်အရာလုပ်ဆောင်ခဲ့သည်ကို မအောက်မေ့ပေ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်းမရှိပေ၊ ထို့ကြောင့် အတိတ်၏ အကြောင်းကိစ္စများကို နောက်ထပ် မစဉ်းစားနှင့်။ သာ၍ အရေးကြီးမှုပါရှိသည်မှာ အနာဂတ်လမ်းကြောင်းတွင် သင်သည် “နောက်ဆုံးခေတ်၌ ပေတရု၏စိတ်ဝိညာဉ်”ကို ဖန်တီးနိုင်ခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်သည်- ဤအရာကို ကြိုးပမ်းရရှိရန် သင် ယုံကြည်ခြင်း ရှိသလော။ လူသားကို ဘုရားသခင်တောင်းဆိုသောအရာမှာ လူတို့အနေဖြင့် နောက်ဆုံးတွင် အဆင်းနီသောနဂါးကြီးကို အရှက်ရစေဖို့ လမ်းကြောင်း ဖောက်ဖို့ရန်အလို့ငှာ၊ ပေတရုကို အတုယူခြင်းသာဖြစ်သည်။ ဘုရားသခင်က “လူတို့သည် ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ဆုံးဖြတ်မှု ရှိလိမ့်မည်ဟုသာ ငါမျှော်လင့်၏။ ငါ့ကို ကောင်းမွန်သော အစားအသောက် ချက်ပြုတ်ဖို့ရန် သို့မဟုတ် ငါ၏ခေါင်းချဖို့ရာ သင့်လျော်သောနေရာကို စီစဉ်ဖို့၊ ....ငါသည် မတောင်းဆို” ဟု ဆိုသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ကမ္ဘာလောကတွင်၊ ၁၉၉၀ ခုနှစ်ဝန်းကျင်၌ “လဲ့ဖိန်၏ စိတ်ဝိညာဉ်” ဆောင်ကြဉ်းကြဖို့ လူတို့ တောင်းဆိုခံကြရ၏၊ သို့သော် ဘုရားသခင်၏ အိမ်တွင်၊ သင်သည် “ပေတရု၏ တမူထူးခြားသော ပုံစံ” ကို ဖန်တီးဖို့ ဘုရားသခင် တောင်းဆိုပေသည်။ ဘုရားသခင်၏အလိုကို သင် နားလည်ပါသလော။ ဤအရာအတွက် သင် အမှန်တကယ် ကြိုးပမ်းနိုင်ပါသလော။

“ငါသည် စကြဝဠာများအထက်တွင် လှုပ်ရှားပြီး၊ ငါလမ်းလျှောက်သည်နှင့်အညီ စကြဝဠာ တစ်ခွင်လုံး၏ လူတို့ကို ငါလေ့လာသည်။ ကမ္ဘာမြေပေါ်ရှိ လူအုပ်များအလယ်တွင်၊ ငါ၏ အမှုနှင့် သင့်လျော်သောသူ သို့မဟုတ် ငါ့ကို အမှန်တကယ် ချစ်သောသူ တစ်ဦးမျှ ဘယ်သောအခါမျှ မရှိဖူးပေ။ ထို့ကြောင့် ဤအခိုက်အတန့်တွင် ငါသည် စိတ်ပျက်လက်ပျက် သက်ပြင်းချမိပြီး၊ လူတို့သည် “ပိုက်ကွန် တစ်ခု၌ ၎င်းတို့အားလုံးကို ငါဖမ်းလိမ့်မည်ကို အလွန်အမင်း ကြောက်ရွံ့ရင်း၊ နောက်ထပ် စုဝေးခြင်းမပြုဖို့ရန် ချက်ချင်း လူစုခွဲကြလေသည်။” လူအများစုက ဤစကားများကို နားလည်ရန် အလွန်အခက်တွေ့ကောင်းတွေ့ကြပေမည်။ ၎င်းတို့က ဘုရားသခင်သည် လူသားကို များစွာမတောင်းဆိုဘဲ၊ အဘယ်ကြောင့် သူသည် သူ၏အမှုအတွက် သင့်လျော်သောသူ မည်သူမျှ မရှိသောကြောင့် စိတ်ပျက်လက်ပျက် သက်ပြင်းချသနည်းဟု မေးမြန်းကြသည်။ ဤနေရာတွင် ကွဲလွဲခြားနားခြင်းတစ်ခု ရှိပါသလော။ တိုက်ရိုက်ပြောဆိုရမည်ဆိုပါက၊ ရှိပေ၏။ သို့သော် လက်တွေ့အရှိတရားတွင် မည်သည့်ကွဲလွဲမှုမျှ မရှိပေ။ သင့်အနေဖြင့် ဘုရားသခင်က “ငါ၏ နှုတ်ကပတ်တော်အားလုံးသည် ငါဆန္ဒရှိသည့် အကျိုးတရား ရှိလိမ့်မည်” ဟု ဆိုသောချိန်ကို အမှတ်ရနိုင်ဆဲ ဖြစ်ကောင်း ဖြစ်ပေမည်။ ဇာတိပကတိ၌ ဘုရားသခင်အမှုပြုချိန်တွင် သူမည်သည့်အရာကို အတိအကျ လုပ်ဆောင်မည်ကို မြင်တွေ့ဖို့ လူတို့သည် သူ၏လုပ်ရပ်တိုင်းအပေါ် အစွဲအလမ်းကြီးကြလေသည်။ ဘုရားသခင်သည် ဝိညာဉ်လောကထဲက စာတန်အပေါ် ရည်မှန်းလျက် သူ၏အမှုသစ်ကို ဆောင်ရွက်သောအခါ၊ တနည်းအားဖြင့် ဇာတိပကတိ၌ရှိသော ဘုရားသခင်ကြောင့် ကမ္ဘာမြေပေါ်ရှိ လူတို့အလယ်တွင် အယူအဆမျိုးစုံ ဖြစ်ပေါ်လေသည်။ ဘုရားသခင်သည် စိတ်ပျက် လက်ပျက် သက်ပြင်းချသောအခါ- ဆိုလိုသည်မှာ သူသည် လူသား၏ အယူအဆများအားလုံးနှင့်သက်ဆိုင်၍ ပြောဆိုသောအခါ၊ လူတို့သည် ယင်းတို့ကို ကိုယ်တွယ်ဖြေရှင်းရန် အစွမ်းကုန် ကြိုးစားကြပြီး၊ ဘုရားသခင်က သူနှင့်ပတ်သက်၍ အယူအဆများရှိကြသော သူအားလုံးသည် သူ၏ရန်သူများဖြစ်သည်ဟု ပြောဆိုသည့်အတွက်၊ ၎င်းတို့သည် မျှော်လင့်ချက် ကင်းမဲ့သည်ဟု ယုံကြည်သောသူများပင်လျှင် ရှိလေ၏- ထို့ကြောင်၊ အဘယ်ကြောင့် လူတို့သည် ဤအရာကြောင့် လူစုမကွဲဘဲနေနိုင်မည်နည်း။ အထူးသဖြင့် ယနေ့တွင်၊ ပြစ်တင်ဆုံးမမှု ရောက်ရှိပြီးချိန်တွင်၊ ဘုရားသခင်သည် ၎င်းတို့ကို ဖယ်ရှားပစ်မည်ကို လူတို့သည် သာ၍ပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့ ပြစ်တင်ဆုံးမခံရပြီးနောက် ဘုရားသခင်က “ပိုက်ကွန် တစ်ခု၌ ၎င်းတို့အားလုံးကို ငါဖမ်းလိမ့်မည်” ဟု ယုံကြည်ကြလေသည်။ သို့တိုင် အမှန်တရားများမှာ ထိုသို့မဟုတ်ပေ- ဘုရားသခင်က “လူတို့သည် မည်သည့်အခါမျှ မလွတ်မြောက်နိုင်ကြဖို့အလို့ငှာ၊ ငါသည် ငါ၏ ပြစ်တင်ဆုံးမမှုအလယ်တွင် လူတို့ကို “ထိန်းသိမ်းရန်” ဆန္ဒမရှိပေ။ ငါ၏ စီမံခန့်ခွဲမှုသည် လူသား၏ ဆောင်ရွက်ချက်များ ကင်းမဲ့သောကြောင့်၊ ငါ၏အမှုကို အောင်မြင်စွာ ပြည့်စုံစေရန် မဖြစ်နိုင်ပေ၊” ဟု ဆိုသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏အလိုမှာ လူအားလုံး သေဆုံးခြင်းသို့ရောက်သည်နှင့် တပြိုင်နက် သူ၏အမှုပြီးဆုံးရန်အတွက် မဟုတ်- ယင်းသည် မည်သည့်အဓိပ္ပာယ်ရှိလိမ့်မည်နည်း။ လူတို့အထဲ၌ အမှုပြုခြင်းနှင့် ၎င်းတို့ကို ပြစ်တင်ဆုံးမခြင်းအားဖြင့် ဘုရားသခင်သည် ၎င်းတို့မှတဆင့် သူ၏လုပ်ဆောင်ချက်များကို ပေါ်လွင်စေသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သဘောသွားတွင် ပြစ်တင်ဆုံးမမှု ရှိနှင့်ပြီးသားဖြစ်သည်ကို လူတို့ လုံးဝသဘောမပေါက်ကြသေးသောကြောင့် ၎င်းတို့၏ အသိစိတ်ထဲတွင် မည်သည့်ဝင်ရောက်မှုမျှ မရှိကြသေးခြင်းဖြစ်သည်။ လူတို့သည် ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက်ကို ဖော်ပြနိုင်စွမ်းမရှိကြပေ၊ ထို့ကြောင့် ဘုရားသခင်သည် စာတန်ရှေ့တွင် မည်သည့်အရာမျှ မပြောနိုင်သကဲ့သို့၊ ဤအရာက ဘုရားသခင်၏အမှုကို ရှေ့ဆက်ခြင်းမှ တားဆီးထားပေသည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် တစ်ချိန်က လူသားကို ဧည့်သည်အဖြစ် ငါ၏အိမ်သို့ဖိတ်၏၊ သို့သော် ၎င်းသည် ငါ၏ ဆင့်ခေါ်ချက်များကြောင့် ဟိုဟို သည်သည် ပြေးလွှားခဲ့ပြီး၊ ၎င်းကို ဧည့်သည်အဖြစ် ဖိတ်ကြားခြင်းထက် ကွပ်မျက်ရာကွင်းသို့ ၎င်းကို ငါခေါ်ဆောင်ခဲ့ဘိသကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် လူသားသည် ငါ့ကို အမြဲရှောင်ဖယ်ခဲ့ပြီး အစဉ်အမြဲ ငါကို သတိဖြင့် တားဆီးထားခဲ့သောကြာင့်၊ ငါ၏အိမ်သည် လူမရှိဘဲ ကျန်ရစ်ခဲ့ရ၏။ ဤအရာက ငါ့အမှု၏ အစိတ်အပိုင်းကို ဆောင်ရွက်ဖို့ ငါ့ကို နည်းလမ်းမရှိ ဖြစ်ကျန်ရစ်စေလေပြီ” ဟု ဆိုခြင်းဖြစ်သည်။ လူသားအပေါ်သတ်မှတ်ချက်များကို ဘုရားသခင် ရှင်းလင်းစွာ တင်ပြသည်မှာ သူ၏အလုပ်၌ လူသား၏အမှားများကြောင့် ဖြစ်သည်။ ဘုရားသခင်သည် မိန့်မြွက်ချက်များကို ပိုမိုဖြည့်စွက်သည်မှာ အမှု၏ ဤအဆင့်ကို လူတို့ မပြီးမြောက်နိုင်ကြသောကြောင့် ဖြစ်သည်- ဘုရားသခင် ပြောဆိုသည်မှာ “လူ့အပေါ်ပြုသော အမှု၏ နောက်တစ်ပိုင်း” အတိအကျ ဖြစ်ပေသည်။ သို့သော် ဘုရားသခင် ပြောဆိုသည့် “ပိုက်ကွန်တစ်ခု၌ ၎င်းတို့အားလုံးကို ဖမ်းခြင်း” ငါအသေးစိတ် ပြောလိမ့်မည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ဤအရာသည် ယနေ့ အမှုနှင့် ဆက်စပ်မှုအနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။ ပင်ကိုအားဖြင့်၊ “စကြဝဠာတစ်ခွင်လုံးရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” ထဲတွင်၊ သူ၏ စကားအတော်များများသည် လူသားကို ကိုင်တွယ်ဖြေရှင်း၏- သို့သော် လူတို့အနေဖြင့် ဘုရားသခင်၏အလိုကို နားလည်ကြရမည်ဖြစ်သည်။ မည်သည့်အရာကို သူပြောဆိုသည်ဖြစ်စေ၊ သူ၏ ရည်ရွယ်ချက်များသည် အစဉ်အမြဲ ကောင်းမွန်၏။ ဘုရားသခင် စကားပြောသည့် နည်းလမ်းများက များပြားလွန်းသောကြောင့်၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ရာရာခိုင်နှုန်းသေချာခြင်းမရှိကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အများစုသည် သူ့အမှု၏ လိုအပ်ချက်များကြောင့် ပြောဆိုထားခြင်းဖြစ်ပြီး၊ စစ်မှန်သောအရာ အနည်းငယ်သာ ပါရှိသည်ဟု ယုံကြည်ကြခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤအရာက ၎င်းတို့အား ကြောင်တောင်တောင်ဖြစ်စေရစ်ကာ ၎င်းတို့၏ အတွေးများအားဖြင့် ဖိစီးစေလေသည်- အကြောင်းမှာ ၎င်းတို့၏ အယူအဆများထဲ၌ ဘုရားသခင်သည် အလွန်ဉာဏ်ပညာရှိကာ၊ ထို့ကြောင့် ၎င်းတို့ လုံး၀လက်လှမ်းမမီသည့်နေရာတွင်ရှိလေသည်၊ ယင်းမှာ ၎င်းတို့သည် ဘုရားသခင့်နှုတ်ကပတ်တော်များကို အဘယ်သို့စားရမည်ဆိုသည်နှင့်ပတ်သက်၍ ဘာမျှမသိသကဲ့သို့ နလပိန်းတုံးဖြစ်ကြသည့်အလား ဖြစ်ကြပေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ကူးသက်သက်နှင့် ရှုပ်ထွေးသောအရာဖြစ်စေကြ၏- ဘုရားသခင်က “ငါ၏ မိန့်မြွက်ချက်များကို လူတို့သည် ရသဖြည့်စွက်ရန် အစဉ်အမြဲ ဆန္ဒရှိကြ၏” ဟု ဆိုသကဲ့သို့ဖြစ်သည်။ ၎င်းတို့၏ စိတ်ကူးများသည် အလွန် ရှုပ်ထွေးလှပြီး၊ ဘုရားသခင်က “ကြိုးပမ်းရရှိနိုင်ရုံမျှသာ” ဖြစ်သောကြောင့်၊ ရိုးစင်းသော နည်းလမ်းဖြင့် ပြောဆိုရန်မှလွဲ၍ သူ့ကို ရွေးချယ်စရာမရှိ ဖြစ်ကျန်ရစ်စေရင်း၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းသည် လူသား၏ ဘောင်ခတ်ခြင်း ခံရလေသည်။ စာတန်၏လုပ်ဆောင်ချက်များကို ရှုမြင်ဖို့ရန် ၎င်းတို့သည် ဝိညာဉ်ရေးရာလောကထဲသို့ ကူးနိုင်ကြသည့်အလား- လူတို့၏ တောင်းဆိုမှုများက “မြင့်မား” လွန်းသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏ စိတ်ကူးစိတ်သန်းက ထူးကဲဆန်းစုံလွန်းသောကြောင့်၊ ဤအရာက ဘုရားသခင်၏နှုတ်ကပတ်တော်များကို လျော့ပါးစေ၏၊ အကြောင်းမှာ ဘုရားသခင် ပိုမိုပြောဆိုလေလေ၊ လူတို့၏ မျက်နှာများ ပိုမိုညိုးငယ်လေလေဖြစ်သည့်အတွက် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အဆုံးသတ်ကို ချင့်ချိန်စဉ်းစားနေမည့်အစား၊ အဘယ်ကြောင့် ရိုးရှင်းစွာ မနာခံနိုင်ကြသနည်း။ ဤအရာ၌ အကျိုးကျေးဇူးမှာ အဘယ်မှာ ရှိသနည်း။

အရှေ့သို့- အခန်း ၃၁

နောက်တစ်ခုသို့- အခန်း ၃၃

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့

သင်တို့ကြား၌ ငါပြုခဲ့သော အမှုကို သင်တို့အားလုံး မိမိတို့ကိုယ်တိုင်၏ မျက်စိများဖြင့် မြင်ကြပြီးလေပြီ၊ ငါပြောပြီးသော နှုတ်ကပတ်တော်များကို...

အခန်း ၁၂

ငါ၏ နှုတ်ကပတ်တော်များကို ငါ စတင်မိန့်မြွက်သည့် အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းပေါ်ထွက်ချိန်- လျှပ်ပြက်ခြင်း...

အခန်း ၁၈

ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို နှုတ်ကပတ်တော်များဖြင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်