အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၇

ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်၊ ဆိုလိုသည်မှာ တရားစီရင်မှု ခေတ်ကာလ၏ ဒုတိယအပိုင်းသည် ၎င်း၏ အခေါင်အဖျားကို ရောက်ရှိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုအခေါင်အဖျားသည် အမြင့်ဆုံးသော အခေါင်အဖျား မဟုတ်သေး။ ဤအချိန်၌ ဘုရားသခင်၏ အသံနေ အသံထား ပြောင်းလဲခဲ့ပြီဖြစ်ပြီး ထိုအသံသည် သရော်ခြင်းလည်း မဟုတ်သကဲ့သို့ ဟာသဉာဏ်ရွှင်ခြင်းလည်း မဟုတ်၊ ၎င်းသည် မတိုက်ခိုက် သို့မဟုတ် မကျိန်ဆဲ၊ ဘုရားသခင်သည် သူ့နှုတ်ကပတ်တော်များ၏ အသံနေ အသံထားကို လျော့ပေါ့စေခဲ့ပြီဖြစ်သည်။ ယခု၌ ဘုရားသခင်သည် လူသားနှင့် “ခံစားချက်များကို ဖလှယ်ရန်”စတင်လေသည်။ ဘုရားသခင်သည် သူ့အလုပ်၏ ကဏ္ဍအားလုံးသည် တစ်ခုနှင့်တစ်ခု အချင်းချင်း ရစ်တွယ်လျက်ရှိစေရန်တရားစီရင်မှု ခေတ်ကာလ၏ အလုပ်ကို ဆက်လက်ဆောင်ရွက်ခြင်းနှင့် အလုပ်၏ကဏ္ဍနောက်တစ်ခု၏ လမ်းကြောင်းကို ဖွင့်လှစ်ခြင်းဟူသည့် အလုပ်နှစ်မျိုးစလုံးကို လုပ်ဆောင်သည်။ တစ်ဖက်၌ ဘုရားသခင်သည် “လူသား၏ စိတ်နှလုံး ခိုင်မာခြင်းနှင့် ခွေးမြီးကောက် ကျည်တောက်စွပ် သဘော”တို့ကို ပြောဆိုပြီး အခြားတစ်ဖက်တွင် သူသည် “လူသားနှင့် ခွဲခွာခဲ့ရပြီးနောက် ပြန်လည်ပေါင်းစည်းခဲ့ရသည့် ပူဆွေးခြင်းများနှင့် ဝမ်းမြောက်ခြင်းများ ကြား၌”ဟူ၍ ပြောဆိုသည်၊ နှစ်မျိုးစလုံးသည် လူတို့၏ စိတ်နှလုံးများထဲ၌ တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေပြီး ၎င်းတို့အထဲမှ စာနာစိတ် အကင်းမဲ့ဆုံးသော သူကိုပင်လျှင် တို့ထိလေသည်။ ဤနှုတ်ကပတ်တော်များကို ဘုရားသခင် ပြောဆိုရခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူအားလုံးတို့ကို ဘုရားသခင်၏ ရှေ့မှောက်၌ တီးတိုးပြောဆိုခြင်း မရှိဘဲနှင့် လဲကျစေရန်ဖြစ်ပြီး အဆုံး၌နှင့် ထို့နောက်မှသာလျှင် “ငါသည် လူတိုင်းကို မိမိတို့၏ ရှုံးနိမ့်မှုမှတစ်ဆင့် ငါ့ကို သိစေရင်း ငါ၏ လုပ်ရပ်များကို ထင်ရှားစေသည်။” ဤခေတ်ကာလမှ လူတို့၏ ဘုရားသခင်ကိုသိခြင်းသည် လုံးဝအပေါ်ယံသဘောသာ ဖြစ်နေသေးသည်၊ စစ်မှန်သော သိခြင်းမဟုတ်။ ၎င်းတို့သည် မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားသော်ငြားလည်း ဘုရားသခင်၏ အလိုတော်ကို ရရှိရန် မတတ်စွမ်းနိုင်ကြ၊ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်၊ သို့သော်လည်း လူတို့မှာမူ ကနဦးပိုင်း အဆင့်များ၌သာ ရှိနေသေးသည်၊ ထို့ကြောင့် ယခုလက်ရှိအချိန်၏ မိန့်မြွက်ချက်များထဲသို့ ဝင်ရောက်ရန် မစွမ်းနိုင်ဘဲ ရှိနေပြီး ထိုအရာသည် ဘုရားသခင်နှင့် လူသားတို့မှာ ပြဒါးတစ်လမ်း သံတစ်လမ်းကဲ့သို့ပင် ခြားနားလှကြောင်းကို ပြသနေသည်။ ဤအရာကိုအခြေပြု၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဆုံးသို့ရောက်လာသောအခါ လူတို့သည် ဘုရားသခင်၏ အနိမ့်ဆုံးသော စံနှုန်းများကိုသာ ရရှိနိုင်ကြပေလိမ့်မည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ အကြွင်းမဲ့ ယိုယွင်းဖျက်ဆီးခြင်း ခံထားရသော လူတို့အထဲ၌ ဘုရားသခင် အလုပ်လုပ်သော နည်းလမ်းဖြစ်ပြီး အကောင်းဆုံးသော သက်ရောက်မှုကို စွမ်းဆောင်ရရှိနိုင်ရန် အလို့ငှာ ဘုရားသခင်သည် ထိုကဲ့သို့ လုပ်ဆောင်ရမည် ဖြစ်သည်။ အသင်းတော်များ၏ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ပို၍ ဂရုပြုကြသည်၊ သို့သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်မှာမူ လူတို့သည် သူ၏ နှုတ်ကပတ်တော်များ အတွင်း၌ ဘုရားသခင်ကို သိကျွမ်းနိုင်ရန် ဖြစ်သည်၊ ဤအချက်၌ ကွာခြားမှုရှိသည် မဟုတ်လော။ သို့သော်လည်း ယခု အခြေအနေအရ ဘုရားသခင်သည် လူသား၏ အားနည်းချက်များကို သတိမထားတော့ဘဲ လူတို့သည် သူ၏ နှုတ်ကပတ်တော်များကို ခံယူနိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆက်လက်၍သာ ပြောဆိုသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ထိုသို့ဖြစ်သည့် အားလျော်စွာ သူ၏ နှုတ်ကပတ်တော်များ ပြီးဆုံးမည့် အချိန်သည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ အလုပ်ပြီးစီးမည့် အချိန်ပင် ဖြစ်လိမ့်မည်။ သို့သော်လည်း ဤအလုပ်မှာမူ အတိတ်ကနှင့် တူညီခြင်းမရှိချေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အဆုံးသို့ရောက်သောအခါ မည်သူမျှ သိလိမ့်မည် မဟုတ်၊ ဘုရားသခင်၏ အလုပ်သည် အဆုံးသို့ရောက်သောအခါ မည်သူမျှ သိလိမ့်မည် မဟုတ်၊ ဘုရားသခင်၏ အသွင်သဏ္ဌာန်သည် ပြောင်းလဲသောအခါ မည်သူမျှ သိလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာပင် ဖြစ်သည်။ စာတန်၏ မည်သည့် စွပ်စွဲခြင်းများနှင့် ရန်လိုသော အင်အားစုများမှ မည်သည့် ဝင်ရောက် စွပ်ဖက်ခြင်းကိုမဆို ရှောင်ရှားရန် ဘုရားသခင်သည် မည်သူမျှ မသိစေဘဲနှင့် အလုပ်လုပ်တော်မူပြီး ဤအချိန်၌ ကမ္ဘာမြေကြီးပေါ်ရှိ လူများအကြား၌ မည်သည့်တုံ့ပြန်ချက်မျှ မရှိချေ။ ဘုရားသခင်၏ အသွင်သဏ္ဌာန်ပြောင်းလဲခြင်းနှင့် ပတ်သက်သည့် အမှတ်လက္ခဏာများကို တစ်ခါက ပြောခဲ့ဖူးသော်ငြားလည်း ထိုအရာကို သိမှတ်နားလည်ရန် မည်သူမျှ မတတ်နိုင်ကြပေ၊ အကြောင်းမှာ လူသားသည် ဤအကြောင်းအရာကို မေ့လျော့ခဲ့ပြီး ဖြစ်သောကြောင့်နှင့် သူသည် ထိုအရာကို ဂရုမပြုသောကြောင့် ဖြစ်သည်။ ထို့အပြင် ပြင်ပလောက၏ ဘေးဒုက္ခများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ လောင်ကျွမ်းခြင်းနှင့် သန့်စင်ခြင်းဟူသည့် အတွင်းနှင့်အပြင် နှစ်ဖက်စလုံးမှ တိုက်ခိုက်ခြင်းများကြောင့် လူတို့သည် ဘုရားသခင်အတွက် ပင်ပန်းစွာ ကြိုးစားလုပ်ဆောင်ရန် မလိုလားကြတော့ချေ၊ အကြောင်းမှာ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အရေးအရာများနှင့် အလွန်အမင်း အလုပ်ရှုပ်နေကြသောကြောင့် ဖြစ်သည်။ လူအားလုံးတို့သည် အတိတ်ကို လိုက်စားခြင်းနှင့် အတိတ်၏ အသိပညာတို့ကို ငြင်းပယ်သောအခါ၊ လူအားလုံးတို့သည် မိမိတို့ကိုယ်မိမိတို့ ရှင်းလင်းစွာ မြင်တွေ့ပြီးသောအခါ၊ ၎င်းတို့သည် ကျရှုံးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်၏ အတ္တအတွက် ၎င်းတို့၏ နှလုံးသားများအထဲ၌ နေရာမရှိတော့ဘဲ ဖြစ်ကြလိမ့်မည်။ ထို့နောက်မှသာလျှင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ရင်းအမှန်နှင့် တောင့်တကြလိမ့်မည်ဖြစ်ပြီး ထို့နောက်မှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ နှလုံးသားများထဲ၌ ဧကန်အမှန် နေရာရလိမ့်မည်ဖြစ်ကာ ထို့နောက်မှသာလျှင် ဤနှုတ်ကပတ်တော်များသည် လူတို့တည်ရှိမှု၏ အရင်းအမြစ် ဖြစ်လာလိမ့်မည်၊ ဤအခိုက်အတန့်တွင် ဘုရားသခင်၏ အလိုတော်သည် ပြည့်စုံပြီးဖြစ်ပေလိမ့်မည်။ သို့သော်လည်း ယနေ့ကာလ၏ လူတို့သည် ထိုသို့ဖြစ်ရန် အလှမ်းဝေးပါသေးသည်။ ၎င်းတို့အထဲမှ အချို့တို့သည် တစ်လက်မမျှပင် မရွှေ့ကြပေ၊ ထို့ကြောင့် ဘုရားသခင်မှ ထိုအရာသည် “ခွေးမြီးကောက် ကျည်းတောက်စွပ် သဘော”ဟု ပြောရခြင်း ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံး၌ မေးခွန်းများစွာ ပါဝင်နေသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ထိုကဲ့သို့သော မေးခွန်းများကို မေးမြဲ မေးနေရသနည်း။ “အဘယ်ကြောင့် ၎င်းတို့သည် နောင်တရ၍ ဒုတိယအကြိမ် မွေးဖွားခြင်း မရှိနိုင်ရသနည်း။ အဘယ်ကြောင့် လူတို့သည် ရွှံ့နှင့် ကင်းလွတ်ရာ၌ နေချင်ရမည့်အစား ရွှံ့ညွှန်တွင် ထာဝရ နေချင်ရသနည်း။...” အတိတ်ကာလတွင် ဘုရားသခင်သည် အမှုအရာများကို တိုက်ရိုက်ညွှန်ပြခြင်း သို့မဟုတ် တိုက်ရိုက်ဖော်ထုတ်ခြင်းအားဖြင့် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း လူတို့သည် ကြီးမားသော ဝေဒနာကို ခံစားခဲ့ရပြီးနောက် ဘုရားသခင်သည် ထိုကဲ့သို့ တိုက်ရိုက် မပြောဆိုတော့ချေ။ တစ်ဖက်၌ လူတို့သည် ဤမေးခွန်းများထဲ၌ မိမိတို့ကိုယ်တိုင်၏ ချွတ်ယွင်းချက်များကို မြင်ကြပြီး အခြားတစ်ဖက်၌ ၎င်းတို့သည် လက်တွေ့ကျင့်ဆောင်ရမည့် လမ်းကြောင်းကို နားလည်ကြသည်။ လူတို့အားလုံးသည် အခြားသူတို့၏ ကြိုးပမ်းမှုများမှ ရလာသည့် အသီးအပွင့်များကို ခံစားရန် နှစ်ခြိုက်ကြသည့်အတွက် ဘုရားသခင်သည် ၎င်းတို့ စဉ်းစားချင့်ချိန်နိုင်ရန် အကြောင်းအရာများကို စဉ်းစားဆင်ခြင်နိုင်ရန်အလို့ငှာ ထောက်ပံ့ပေးလျက် ၎င်းတို့၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေစွာ ပြောဆိုသည်။ ဤသည်မှာ ဘုရားသခင်၏ မေးခွန်းများ၏ရည်ရွယ်ချက်၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ ပင်ကိုအားဖြင့် ဤသည်မှာ သူ့မေးခွန်းအချို့၏ အရေးပါမှု မဟုတ်ချေ၊ ဥပမာအနေနှင့် ’ငါသည် ၎င်းတို့ကို နှိပ်စက်ခဲ့၍များ ဖြစ်နိုင်သလော။ ငါသည် ၎င်းတို့ကို မှားယွင်းသော ဦးတည်ရာအရပ်သို့ လမ်းညွှန်ပြခဲ့၍များ ဖြစ်နိုင်သလော။ ငါသည် ၎င်းတို့ကို ငရဲသို့ လမ်းပြနေ၍များ ဖြစ်နိုင်သလော။’ ဤသို့သော မေးခွန်းများသည် လူတို့နှလုံးသား၏ နက်ရှိုင်းရာများအထဲရှိ အယူအဆများကို ထောက်ပြသည်။ လူတို့၏ နှုတ်များကမူ ထိုအရာတို့ကို မပြောဆိုသော်ငြားလည်း ၎င်းတို့အများစု၏ နှလုံးသားများထဲ၌ သံသယရှိနေကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့ကို ဘာမျှအသုံးမကျသော သူများအဖြစ် ဖော်ပြသည်ဟု ယုံကြည်ကြသည်။ ပင်ကိုအားဖြင့် ထိုကဲ့သို့သော လူများသည် မိမိတို့ကိုယ်မိမိ မသိကျွမ်းကြ၊ သို့သော်လည်း အဆုံး၌ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အနိုင်ယူခြင်းခံရကြောင်း ဝန်ခံကြလိမ့်မည်၊ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ ဤမေးခွန်းများ နောက်၌ ဘုရားသခင်သည် “လူသား၏ မိသားစုကို မဆိုထားနှင့် တိုင်းနိုင်ငံအားလုံးကိုပင် မုန့်မုန့်ညက်ညက်ကြေအောင် ငါချေမွပစ်မည်”ဟုလည်း ပြောဆိုသည်။ လူတို့သည် ဘုရားသခင်၏ နာမတော်ကို လက်ခံကြသောအခါ ရလဒ်အနေနှင့် တိုင်းနိုင်ငံအားလုံးတို့သည် လှုပ်ခါကြမည် ဖြစ်သည်၊ လူတို့သည် မိမိတို့၏ စိတ်နေစိတ်ထားကို တဖြည်းဖြည်းနှင့် ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး မိသားစုများအတွင်းရှိ ဖခင်နှင့် သားအကြား ဆက်ဆံရေး၊ မိခင်နှင့် သမီးအကြား ဆက်ဆံရေး၊ သို့မဟုတ် ခင်ပွန်းနှင့် ဇနီးသည်အကြားရှိ ဆက်ဆံရေးတို့သည် တည်ရှိကြတော့မည် မဟုတ်။ ထို့အပြင် မိသားစုများရှိ လူတို့၏ ဆက်ဆံရေးများသည်လည်း ပို၍ပင် ခပ်တန်းတန်း ဖြစ်သွားကြလိမ့်မည် ဖြစ်သည်၊ ၎င်းတို့သည် ကြီးမားသော မိသားစုကို ဝင်သွားကြလိမ့်မည်ဖြစ်ပြီး မိသားစု အားလုံးနီးပါးတို့ ဘဝများ၏ ပုံမှန်နေသားတကျ ဖြစ်မှုသည် ပြိုကွဲသွားမည် ဖြစ်သည်။ ဤအကြောင်းကြောင့် လူတို့၏ နှလုံးသားများထဲရှိ မိသားစုဟူသည့် အယူအဆသည် တိုး၍ မသေချာ မရေရာ ဖြစ်လာမည် ဖြစ်သည်။

ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ အဘယ်ကြောင့် လူတို့နှင့် “ခံစားချက်များ ဖလှယ်ခြင်း”အတွက် များစွာ ဆက်ကပ်မြှုပ်နှံထားရသနည်း။ ပင်ကိုအားဖြင့် ဤသည်မှာလည်း ခိုင်လုံသော အကျိုးသက်ရောက်မှုကို စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ နှလုံးသားသည် မည်သို့လျှင် ပူပန်သောကနှင့် ပြည့်နေပုံကို ပြသနေသည်။ ဘုရားသခင်က “ငါဝမ်းနည်းသော အခါတွင်မူ မည်သူသည် စိတ်နှလုံးပါလျက် ငါ့ကို နှစ်သိမ့်ပေးနိုင်သနည်း”ဟူ၍ ပြောဆိုသည်။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကို ပြောရခြင်းမှာ သူ၏ နှလုံးသားသည် ပူဆွေးမှုနှင့် ပြည့်လျှမ်းသောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို အလုံးစုံ အရေးစိုက်ရန် မတတ်စွမ်းနိုင်ကြသောကြောင့်နှင့်၊ ၎င်းတို့သည် အစဉ်အမြဲပင် အကျင့်ပျက်ကြပြီး ၎င်းတို့သည် မိမိတို့ကိုယ်မိမိ မထိန်းချုပ်နိုင် ကြသောကြောင့် မိမိတို့သဘောရှိ လုပ်ဆောင်၏၊ ၎င်းတို့သည် အလွန်အမင်း နိမ့်ကျသောကြောင့်နှင့် မိမိတို့ကိုယ်မိမိတို့ အစဉ်အမြဲပင် ခွင့်လွှတ်ကြပြီး ဘုရားသခင်၏ အလိုတော်ကို သတိမပြုကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း လူတို့သည် စာတန်၏ ယနေ့အထိပင် ယိုယွင်းဖျက်ဆီးခြင်းကို ခံထားရသည့် အတွက်ကြောင့်နှင့် ၎င်းတို့ကိုယ်၎င်းတို့ လွတ်မြောက်စေရန် မတတ်စွမ်းနိုင်ကြသောကြောင့် ဘုရားသခင်က “၎င်းတို့သည် ငမ်းငမ်းတက် ဆာလောင်နေသော ဝံပုလွေ၏ အန္တရာယ်မှ အဘယ်သို့လျှင် လွတ်မြောက် နိုင်မည်နည်း။ ၎င်းတို့သည် ထိုဝံပုလွေ၏ ခြိမ်းခြောက်ခြင်းများနှင့် ဖြားယောင်းသွေးဆောင်မှုများမှ အဘယ်သို့လျှင် မိမိတို့ကိုယ်မိမိတို့ ကင်းဝေးစေနိုင်မည်နည်း”ဟူ၍ ပြောဆို၏။ လူသားတို့သည် ဇာတိပကတိထဲ၌ နေထိုင်ကြသည်၊ အူလိမ်မတတ် ဆာလောင်နေသော ဝံပုလွေ၏ ခံတွင်းထဲ၌ နေထိုင်ကြသည်။ ဤအကြောင်းကြောင့်နှင့် လူတို့သည် ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်းမရှိဘဲ အစဉ်အမြဲပင် ကိုယ့်ကိုယ်ကိုယ် လိုက်လျောကာ ကာမဂုဏ်လွန်ကျူးခြင်း၌ အညံ့ခံကြသောကြောင့် ဘုရားသခင်သည် စိတ်သောက မရောက်ဘဲနှင့် မနေနိုင်ပေ။ ဘုရားသခင်သည် လူတို့ကို ထိုကဲ့သို့ သာ၍ သတိပေးလေလေ ၎င်းတို့သည် မိမိတို့၏ နှလုံးသားများထဲ၌ ပိုမိုကောင်းမွန်စွာ ခံစားရလာလေလေဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်နှင့် ဆက်ဆံရန် သာ၍ပင် လိုလားကြလာလေလေ ဖြစ်သည်။ ထို့နောက်မှသာလျှင် လူသားနှင့် ဘုရားသခင်သည် နှစ်ကိုယ်ကြား၌ မည်သည့် ကွဲကွာခြင်း သို့တည်းမဟုတ် အကွာအဝေးမှ မရှိဘဲနှင့် ပလဲနံပသင့်လိမ့်မည် ဖြစ်သည်။ ယနေ့တွင် လူသား မျိုးနွယ်အားလုံးသည် ဘုရားသခင် နေ့ရက်၏ ဆိုက်ရောက်လာခြင်းကို စောင့်မျှော်ကြသည်၊ ထို့ကြောင့် လူသားမျိုးနွယ်သည် မည်သည့်အခါကမျှ ရှေ့တိုးခဲ့ခြင်း မရှိခဲ့။ သို့သော်လည်း ဘုရားသခင်က “ဖြောင့်မတ်ခြင်း၏နေသည် ထွက်ပေါ်လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းမှတစ်လှည့် လူတိုင်းဆီသို့ ရောက်ရှိရင်းနှင့် စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်” ဟု ပြောဆိုသည်။ တစ်နည်းဆိုရလျှင် ဘုရားသခင်သည် သူ၏ အသွင်သဏ္ဌာန် ပြောင်းလဲသောအခါ အရှေ့အရပ်သည် ရှေးဦးစွာ ထွန်းလင်းလိမ့်မည်ဖြစ်ပြီး အရှေ့အရပ်၏ နိုင်ငံသည် ဦးစွာ အစားထိုးခံရလိမ့်မည် ဖြစ်ကာ ထို့နောက်တွင်မူ တောင်အရပ်မှ မြောက်အရပ်အထိ ကျန်ရှိသော နိုင်ငံများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ဤသည်မှာ အစီအစဉ်ပင်ဖြစ်ပြီး အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်ကြလိမ့်မည်ဖြစ်ကာ ဤအဆင့် ပြီးဆုံးသည်နှင့် လူအားလုံးတို့သည် မြင်ရကြပေလိမ့်မည်။ ဘုရားသခင် အလုပ်လုပ်သည်မှာ ဤအစီအစဉ်အတိုင်း ဖြစ်သည်။ လူတို့သည် ဤနေ့ရက်ကို ရှုမြင်ရသောအခါ ၎င်းတို့သည် အလွန့်အလွန် ဝမ်းသာကြလိမ့်မည်။ ဤနေ့ရက်သည် အလှမ်းမဝေးကြောင်းကို ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်ထဲမှ တွေ့မြင်နိုင်ပေသည်။

ယနေ့၏ နှုတ်ကပတ်တော်များထဲ၌ ဒုတိယနှင့် တတိယအပိုင်းတို့သည် ဘုရားသခင်ကို ချစ်သော သူအားလုံးအထဲ၌ ပူပန်သောက ရောက်ရခြင်း၏ မျက်ရည်များကို ကျဆင်းစေသည်။ ၎င်းတို့၏ နှလုံးသားများသည် ရုတ်တရက်ပင် အရိပ်ထဲ၌ ကာဆီးသွားကာ ဤအချိန်မှစ၍ လူအားလုံးတို့သည် ဘုရားသခင်၏ နှလုံးသားကြောင့် ကြီးစွာသော ဝမ်းနည်းမှုနှင့် ပြည့်နှက်ကြသည်၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ အလုပ်ကို ပြီးစီးသည့် နောက်ပိုင်းမှသာ ၎င်းတို့သည် စိတ်သက်သာရာ ရကြသည်။ ဤသည်မှာ လူအများတို့ စိတ်တိမ်းညွှတ်ရာ ဖြစ်သည်။ “တလိပ်လိပ်ခံစားရသော ဝမ်းနည်းခြင်းနှင့် ယှဉ်တွဲလျက် ငါ၏ နှလုံးသား အတွင်း၌ အမျက်ဒေါသ ထွက်လာ၏။ လူတို့၏ ဆောင်ရွက်ချက်များ၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို ညစ်ညူးသည်ဟု ငါမြင်ရသောအခါ ငါ၏ ဒေါသသည် စုပုံလာပြီး ငါ၏ နှလုံးသား၌ လူ့လောက၏ မတရားမှုများအကြောင်း သာ၍ ကြီးမားသော အသိရှိလာကာ ယင်းသည် ငါ့ကို သာ၍ ပူပန်သောက ရောက်စေသည်၊ လူသား၏ ဇာတိခန္ဓာကို ငါသည် ချက်ချင်းပင် အဆုံးသတ်လိုသည်။ အဘယ်ကြောင့် လူသားသည် လူ့ဇာတိထဲ၌ မိမိကိုယ်မိမိ သန့်စင်ခြင်းငှာ မတတ်စွမ်းနိုင်ရသည်ကို ငါမသိ၊ အဘယ်ကြောင့် လူသားသည် လူ့ဇာတိထဲ၌ မိမိကိုယ်မိမိ မချစ်နိုင်ရသည်ကို ငါမသိ။ လူ့ဇာတိ၏ “တာဝန်”သည် အလွန်အမင်း ကြီးမြတ်နေ၍များ ဖြစ်နိုင်သလော။” ယနေ့ကာလ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်သည် သူ၏ နှလုံးသားအတွင်းရှိ စိုးရိမ်သောကအားလုံးကို မည်သည့်အရာမျှ ထိမ်ချန်ထားခြင်း မရှိဘဲနှင့် လူသားထံသို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့သည်။ တတိယကောင်းကင်၏ ကောင်းကင်တမန်များသည် သူ့အတွက် တေးဂီတများ တီးမှုတ်သောအခါ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့ကို ချစ်ခင်တွယ်တာလျက်ပင် ရှိသေးသည်၊ ဤအကြောင်းကြောင့်ပင် သူက “ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤသီချင်းသံသည် လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။ ချက်ချင်းဆိုသလိုပင် ငါ၏ နှလုံးသားသည် ဝမ်းနည်းခြင်းနှင့် ပြည့်လာပြီး ဤစိတ်မချမ်းမြေ့စရာ စိတ်ခံစားချက်မှ ငါ့ကိုယ်ငါ ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ”ဟု ပြောဆိုခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်က “လူ့လောကကြီး၏ မတရားခြင်းများကို ငါပြင်မည်။ ငါ၏ လူများကို နောက်တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် နောက်တစ်ဖန် လုပ်နေခြင်းမှ တားမြစ်လျက် လောကတစ်လွှားတွင် ငါ၏အလုပ်ကို ငါကိုယ်တိုင်၏ လက်များနှင့် ဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာရန် ပြုလျက် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်”ဟူသည့် နှုတ်ကပတ်တော်များကို ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဝမ်းနည်းခြင်းသည် မာရ်နတ်တို့အပေါ် သူ၏ မုန်းတီးခြင်းကို တိုးပွားစေသည်၊ ထို့ကြောင့် သူသည် လူထုထံသို့ ထိုမာရ်နတ်တို့၏ အဆုံးသတ်ကို ကြိုတင်၍ ဖော်ပြခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်ဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးနှင့် ပြန်လည်ပေါင်းစည်းရန်၊ ခေတ်ဟောင်းကို အဆုံးသတ်ရန် အစဉ်အမြဲ အလိုရှိနေခဲ့သည်။ စကြဝဠာ အနှံ့အပြားမှ လူအားလုံးတို့သည် ရွှေ့လျားရန် စတင်နေကြပြီဖြစ်သည်၊ တစ်နည်းဆိုရလျှင် အာကာသအောက်ရှိ လူအားလုံးတို့သည် ဘုရားသခင်၏ လမ်းညွှန်မှုကို ဝင်ရောက်နေကြပြီ ဖြစ်သည်။ ရလဒ်အနေနှင့် ၎င်းတို့၏ အတွေးများသည် ၎င်းတို့၏ ဧကရာဇ်များကို ဆန့်ကျင်ပုန်ကန်ခြင်းသို့ လှည့်သွားကြသည်။ များမကြာမီတွင် လောကကြီး၏ လူတို့သည် ပရမ်းပတာ အခြေအနေသို့ ပွင့်ထွက်ကုန်ကြမည်ဖြစ်ပြီး နိုင်ငံအားလုံးတို့၏ အကြီးအကဲများသည် အရပ်ရပ်သို့ ထွက်ပြေးကြလိမ့်မည် ဖြစ်ကာ အဆုံး၌ ခေါင်းဖြတ်စက် အတွင်းသို့ ၎င်းတို့လူများ၏ တွန်းပို့ခြင်းကို ခံရကြလိမ့်မည်။ ဤသည်မှာ မာရ်နတ်တို့ ရှင်ဘုရင်တို့၏ အဆုံးသတ်ဖြစ်သည်၊ နောက်ဆုံး၌ မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ဘဲ အားလုံးသည် ထိုအရာကို ဖြတ်သန်းကြရလိမ့်မည်။ ယနေ့၌ “ပါးနပ်သော” လူတို့သည် နောက်ဆုတ်နေကြပြီ ဖြစ်သည်။ အခြင်းအရာတို့ မဟန်သည်ကို မြင်ကြ၍ နောက်ဆုတ်ရန်နှင့် ကပ်ဘေး၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချကြသည်။ သို့သော်လည်း ငါသည် ရှင်းရှင်ပင်ပြောသည်၊ နောက်ဆုံးသော ကာလ၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် အဓိကအားဖြင့် လူသားကို ပြစ်တင်ဆုံးမခြင်း ဖြစ်သည်၊ ထို့ကြောင့် ဤလူများသည် လွတ်မြောက်ခြင်းငှာ အဘယ်သို့လျှင် တတ်နိုင်မည်နည်း။ ယနေ့သည် ပထမအဆင့်ဖြစ်သည်။ တစ်နေ့တွင် စကြဝဠာ တစ်ဝှမ်းလုံးသည် စစ်ပွဲ၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းအထဲသို့ ကျဆင်းသွားမည် ဖြစ်သည်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် နောက်တစ်ဖန် ခေါင်းဆောင်များ ရှိကြလိမ့်မည်မဟုတ်၊ ကမ္ဘာတစ်ဝှမ်းလုံးသည် မည်သူမျှ အုပ်စိုးခြင်း မရှိသော သဲပွအုံကြီးကဲ့သို့ ဖြစ်လာလိမ့်မည်ဖြစ်ပြီး လူတို့သည် မိမိတို့ကိုယ်ပိုင် ဘဝများအတွက်သာ အရေးထားကြလျက် အခြားမည်သူကိုမျှ အလေးထားကြမည် မဟုတ်၊ အကြောင်းမှာ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်အားဖြင့် ထိန်းချုပ်ခံထားရသောကြောင့် ဖြစ်သည်၊ ထို့ကြောင့်ပင် ဘုရားသခင်က “လူသားမျိုးနွယ် အားလုံးသည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးအစားစားသော တိုင်းနိုင်ငံများကို ဖြိုကွဲနေကြသည်”ဟု ပြောဆိုခြင်း ဖြစ်သည်။ ယခု ဘုရားသခင်ပြောဆိုသည့် “ကောင်းကင်တမန်တို့၏ တံပိုးများ”ဆိုသည်မှာ လက္ခဏာတစ်ရပ် ဖြစ်သည်၊ ၎င်းတို့သည် လူသားအတွက် သတိပေးခေါင်းလောင်းကို မြည်ဟည်းစေပြီး တံပိုးများသည် နောက်တစ်ဖန် အသံမြည်သောအခါ လောကကြီး၏ နောက်ဆုံးသော နေ့ရက်သည် ရောက်ရှိပြီး ဖြစ်ပေလိမ့်မည်။ ထိုအချိန်၌ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု တစ်ရပ်လုံးသည် ကမ္ဘာမြေကြီးပေါ်သို့ အလုံးစုံ ကျလာပေလိမ့်မည်၊ ယင်းသည် အကြင်နာကင်းမဲ့သော တရားစီရင်ခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး ပြစ်တင်ဆုံးမရာ ကာလ၏ တရားဝင်အစလည်း ဖြစ်လိမ့်မည်။ ဣသရေလလူမျိုးများ အကြားတွင် ၎င်းတို့ကို ကွဲပြားခြားနားသော ပတ်ဝန်းကျင်များကို ဖြတ်၍ လမ်းပြရန်အလို့ငှာ ဘုရားသခင်၏ အသံတော်သည် မကြာခဏပင် ရှိလာလိမ့်မည်ဖြစ်ကာ ကောင်းကင်တမန်များသည်လည်း ၎င်းတို့ထံ ပေါ်လာကြလိမ့်မည်။ ဣသရေလလူမျိုးတို့သည် လအနည်းငယ်အတွင်း ပြီးပြည့်စုံလင်အောင် ပြုခြင်းခံရလိမ့်မည်၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ အဆိပ်ကို လွင့်ပြယ်စေခြင်း အဆင့်ကို ကြုံရမည်မဟုတ်သောကြောင့် ၎င်းတို့အတွက် အမျိုးမျိုးသော လမ်းညွှန်မှုအောက်၌ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်မှာ လွယ်ကူပေလိမ့်မည်။ ဣသရေလပြည်ရှိ တိုးတက်မှုများမှ စကြဝဠာ တစ်ဝှမ်းလုံး၏ အခြေအနေကို တွေ့မြင်နိုင်သည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်အဆင့်တို့သည် မည်မျှပင် လျင်မြန်လှကြောင်းကို ပြသသည်။ “အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။” အတိတ်တွင် ဘုရားသခင်သည် ကောင်းကင်ဘုံ ထဲ၌သာ စိုးစံခဲ့သည်။ ယနေ့တွင် သူသည် ကမ္ဘာမြေကြီးပေါ်၌ စိုးစံသည်၊ ဘုရားသခင်သည် သူ၏ သြဇာအာဏာအလုံးစုံကို ပြန်ယူခဲ့ပြီးပြီ ဖြစ်၏၊ ထို့ကြောင့် လူသားမျိုးနွယ် အားလုံးသည် နောက်တစ်ဖန် ပုံမှန် လူသားအသက်တာကို ရရှိကြလိမ့်မည် မဟုတ်ဆိုခြင်းကို ကြိုဟောထားပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ပြန်လည်စီစဉ်မည် ဖြစ်သောကြောင့်ဖြစ်ပြီး မည်သည့်လူသားကိုမျှ ဝင်စွက်ဖက်ရန် ခွင့်မပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်မှ မကြာခဏပင် လူသားကို “အချိန် ရောက်လာလေပြီ”ဟု သတိပေးခြင်း ဖြစ်သည်။ ဣသရေလနိုင်ငံကို လုံးလုံးလျားလျား ပြန်လည်ရရှိသည့် နေ့ရက်ဖြစ်သော ဣသရေလ လူမျိုးတို့ ၎င်းတို့၏နိုင်ငံသို့ အားလုံးပြန်လာကြသောအခါ ဘုရားသခင်၏ ကြီးမြတ်သော အလုပ်သည် ပြီးဆုံးပေလိမ့်မည်။ မည်သူမျှ သဘောမပေါက်မိဘဲနှင့် စကြဝဠာ တစ်လျှောက်ရှိ လူတို့သည် ပုန်ကန်ကြလိမ့်မည်ဖြစ်ပြီး စကြဝဠာအနှံ့အပြားရှိ နိုင်ငံများသည် ကောင်းကင်ဘုံမှ ကြယ်ပွင့်များကဲ့သို့ ကြွေကျကြလိမ့်မည်၊ တစ်ခဏအတွင်းမှာပင် ၎င်းတို့သည် အပျက်အစီးများ ဖြစ်သွားကြလိမ့်မည်။ ထိုနိုင်ငံများကို ကိုင်တွယ်ပြီးနောက် ဘုရားသခင်သည် သူ၏နှလုံးသား နှစ်သက်မြတ်နိုးရာဖြစ်သည့် နိုင်ငံတော်ကို တည်ထောင်ပေလိမ့်မည်။

ယခင်က:နှစ်ဆယ့်လေးခုမြောက်နှင့် နှစ်ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်များ၏ အနက်ဖွင့်

နောက်တစ်ခုသို့:အခန်း ၃၀

သင်နှစ်သက်နိုင်သည့် အရာများ