အခန်း ၂၆

ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များ အားလုံးမှ၊ ဘုရားသခင်၏ နေ့ရက်သည် ကုန်လွန်နေသည့် နေ့ရက် အသီးသီးနှင့်အတူ နီးကပ်လာသည်ကို တွေ့နိုင်သည်။ ယင်းမှာ ဤနေ့ရက်သည် လူတို့၏ မျက်စိရှေ့တည့်တည့်တွင် ရှိသည့်အလား၊ မနက်ဖြန်တွင် ရောက်ရှိမည့်အလား ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင်၊ လူအားလုံးတို့သည် ထိတ်လန့်ကြောက်ရွံ့သွားကြပြီး မိုးဖွဲဖွဲ ပါရှိလျက်၊ လေညင်းဖြင့် ကြွေသည့် သစ်ရွက်များကဲ့သို့၊ လောက၏ အနိဋ္ဌာရုံ တစ်စိတ်တစ်ဒေသကိုလည်း ခံစားကြရသည်။ လူတို့သည် အားလုံး လုံးဝ ပျောက်ကွယ် သွားကြပြီးဖြစ်သည့်အလား၊ သဲလွန်စတစ်ခုမျှ မကျန်ဘဲ ပျောက်သွားကြသည်။ အယောက်တိုင်းသည် နိမိတ်မကောင်းသော ခံစားချက်တစ်ခု ရှိကြပြီး၊ လူအားလုံးက ကြိုးစားပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ဆန္ဒရှိကြကာ၊ ဘုရားသခင်၏ အလိုတော်သည် ချောမွေ့စွာနှင့် အတားအဆီးမရှိ ရှေ့ဆက်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် လူအသီးသီးက ၎င်းတို့ အစွမ်းရှိသမျှအားလုံးကို အသုံးပြုကြသော်လည်း၊ ထိုသို့သော သဘောထားတစ်ခုသည် စိတ်ထင့်ခြင်း ခံစားချက်တစ်ခုဖြင့် အမြဲ ရောနေ၏။ ယနေ့ မိန့်မြွက်ချက်များကို ကြည့်လော့- ယင်းတို့ကို လူအုပ်များထံသို့ ထုတ်ပြန်ပါက၊ စကြဝဠာ တစ်ခုလုံးသို့ ကြေညာပါက၊ “ငါသည် ကမ္ဘာမြေကြီး တစ်ခုလုံးကို စောင့်ကြည့်မည် ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။” ဟူသည့် နှုတ်ကပတ်တော်များထဲတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သူ အားလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းမှ မည်သူမျှ မလွတ်မြောက် နိုင်သကဲ့သို့၊ ပြစ်တင်ဆုံးမခြင်း၏ ဆင်းရဲဒုက္ခကို တွေ့ကြုံပြီးနောက်တွင် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည် ဖြစ်သည်ကို မြင်ကြသည့်အတွက်၊ လူအားလုံးသည် ဦးညွှတ်ကာ ငိုကြွေးကြပေမည်။ အမှန်ပင် ဤသည်မှာ ဘုရားအမှုတော်၏ အဆင့်တစ်ခု ဖြစ်ပြီး၊ ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ဘုရားသခင်သည် လောကကိုဖန်ဆင်းခဲ့ချိန်တွင်၊ လူသားမျိုးနွယ်ကို သူ ဦးဆောင်လမ်းပြခဲ့ချိန်တွင်၊ သူသည် သူ၏ဉာဏ်ပညာနှင့် အံ့သြဖွယ်ဖြစ်ခြင်းတို့ကို ပြသခဲ့ပြီး၊ ဤခေတ်ကာလကို အဆုံးသတ်သို့ သူ ဆောင်ကြဉ်းသည့်အခါမှသာ၊ သူ၏ စစ်မှန်သော ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ ဒေါသအမျက်နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လူတို့ ရှုမြင်ကြပေလိမ့်မည်။ ထို့အပြင် သူ၏ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် ဒေါသအမျက်တို့ကို ၎င်းတို့ မြင်နိုင်ကြသည်မှာ ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်သာ ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် လိုအပ်ပြီး မရှိမဖြစ်သကဲ့သို့ပင်၊ လျှောက်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်၏။ လူသားမျိုးနွယ်အားလုံး၏အဆုံးကို ကြေညာပြီးသည့်နောက်တွင်၊ ဘုရားသခင်သည် ယနေ့ သူ လုပ်ဆောင်သည့်အမှုတော်ကို လူသားအား ပြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က၊ “ဟောင်းနွမ်းသော ဣသရေလပြည်သည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလပြည်သည် ထမြောက်လေပြီ၊ လောကကြီးတွင် ၎င်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားရှိကာ လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများ ထဲတွင် တည်လျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလပြည်သည် ငါ၏လူများမှတစ်ဆင့် ဖြစ်တည်ရာရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။” “အိုး၊ မုန်းတီးဖွယ် အဲဂုတ္တု။...သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်း အတွင်း၌ မည်သို့ ရှိမနေနိုင်သနည်း” ဟုပြော၏။ ဘုရားသခင်သည် လူတို့အား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော နိုင်ငံနှစ်နိုင်ငံက သူ၏ လက်ထဲတွင် ရရှိသည့် အကျိုးဆက်များကို တမင်သက်သက် ပြသသည်၊ ရှုထောင့်အမြင် တစ်ခုအားဖြင့် ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ဣသရေလကို ရည်ညွှန်းပြီး၊ နောက်ထပ် အမြင်တစ်ခုတွင် ဘုရားသခင် ရွေးချယ်ထားသောသူအားလုံးကို ရည်ညွှန်းနေပေသည်- ဆိုလိုသည်မှာ၊ ဣသရေလ ပြောင်းလဲသကဲ့သို့၊ ဘုရားသခင် ရွေးချယ်ထားသောသူများ မည်သို့ ပြောင်းလဲသည်ဆိုသည့်အရာ ဖြစ်သည်။ ဣသရေလသည် ယင်း၏မူလပုံစံသို့ လုံးလုံးလျားလျား ပြန်သွားကြသည့်အခါတွင်၊ ရွေးချယ်ခံရသူအားလုံးသည် နောက်ပိုင်းတွင် စုံလင်စေခြင်း ခံရလိမ့်မည်- ဆိုလိုသည်မှာ ဣသရေလသည် ဘုရားသခင် ချစ်သောသူတို့၏ အဓိပ္ပာယ်ရှိသော သင်္ကေတတစ်ခု ဖြစ်၏။ သို့သော်လည်း အဲဂုတ္တုသည် ဘုရားသခင် မုန်းတီးသည့် သူများ၏ ကိုယ်စားလှယ်များ ပေါင်းဆုံရာဖြစ်၏။ ယင်းက သာ၍ ယိုယွင်းပျက်စီးလာ လေလေ၊ ဘုရားသခင်၏ မုန်းတီးခြင်းခံရသူတို့သည် သာ၍ ဖောက်ပြန်ပျက်စီးလာလေလေ ဖြစ်သည်- ပြီးလျှင် နောက်ပိုင်းတွင် ဗာဗုလုန် ပြိုလဲလေ၏။ ဤအရာက သိသာထင်ရှားသည့် ကွဲပြားမှု ဖြစ်စေ၏။ ဣသရေလနှင့် အဲဂုတ္တုတို့၏အဆုံးကို ကြေညာခြင်းအားဖြင့်၊ ဘုရားသခင်သည် လူအားလုံး၏ ခရီးပန်းတိုင်ကို ထုတ်ဖော်ပြ၏- ထိုသို့ဖြင့် ဣသရေလကို ဖော်ပြနေချိန်တွင်၊ ဘုရားသခင်သည် အဲဂုတ္တုနှင့်သက်ဆိုင်၍လည်း ပြောဆို၏။ ဤအရာမှ အဲဂုတ္တု၏ ပျက်စီးရာနေ့သည် ကမ္ဘာလောက၏ ပျက်သုဉ်းရာနေ့၊ ဘုရားသခင်က လူတို့အားလုံးကို ပြစ်တင်ဆုံးမရာနေ့ ဖြစ်သည်ကို တွေ့နိုင်၏။ ဤအရာ မကြာမီ ဖြစ်ပေါ်လိမ့်မည်။ ယင်းကို ဘုရားသခင် အပြီးသတ်တော့မည် ဖြစ်သည်၊ ယင်းသည် လူတို့၏ ပကတိမျက်စိအဖို့ အတော်အတန် မြင်၍မရနိုင်သော်လည်း၊ မရှိမဖြစ်ဖြစ်ကာ ပြောင်းလဲ၍ မရသည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်က၊ “ငါ့အား ဆန့်ကျင်သောသူတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝစဉ်ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။” ဟု ပြော၏။ ဘုရားသခင်သည် ထိုသို့သော အကြွင်းမဲ့ သတ်မှတ်ချက်များဖြင့် အဘယ်ကြောင့် ပြောသနည်း။ ပြီးလျှင် သူသည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် အဘယ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံယူလေပြီနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ သူ၏ရည်မှန်းချက်ကို မြင်နိုင်၏၊ သူသည် လူတို့ကို ကယ်တင်ရန် သို့မဟုတ် ၎င်းတို့ကို သနားကရုဏာပြရန်၊ ၎င်းတို့ကို စောင့်ရှောက်ရန် သို့မဟုတ် ကာကွယ်ရန် ကြွလာပြီးဖြစ်သည် မဟုတ်- သူ့ကို ဆန့်ကျင်သူ အားလုံးကို ပြစ်တင်ဆုံးမရန် ကြွလာပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်က၊ “ငါ၏ပြစ်တင်ဆုံးမခြင်းမှ မည်သူမျှ မလွတ်မြောက်နိုင်။” ဟု ပြောသည့်အတွက် ဖြစ်၏။ ဘုရားသခင်သည် လူ့ဇာတိ၌ အသက်ရှင်ပြီး၊ ထို့အပြင် သူသည် ပုံမှန်လူတစ်ဦး ဖြစ်၏၊ သို့သော် သူ့ကို ပုဂ္ဂလဓိဋ္ဌာန်ကျကျ မသိနိုင်ခြင်းတွင် ၎င်းတို့၏ အားနည်းမှုအတွက် လူတို့ကို သူ ခွင့်မလွှတ်ပေ။ ယင်းအစား သူသည် “ပုံမှန်လူတစ်ဦး” အားဖြင့် လူတို့အား ၎င်းတို့၏အပြစ်များအတွက် ရှုတ်ချ၏၊ သူသည် သူ၏လူ့ဇာတိကို ရှုမြင်သူအားလုံးအား ပြစ်တင်ဆုံးမခံရသူများ ဖြစ်စေပြီး၊ ထိုသို့ဖြင့် ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံသားများ မဟုတ်သူ အားလုံးအတွက် ယဇ်ပူဇော်မှုများ ဖြစ်လာကြ၏။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အဓိက ရည်မှန်းချက် တစ်ရပ် မဟုတ်ပေ။ ဘုရားသခင်သည် အဓိကအားဖြင့် လူ့ဇာတိ၌ အဆင်းနီသောနဂါးကြီးနှင့် တိုက်ပွဲဝင်ရန်အလို့ငှာနှင့် တိုက်ပွဲမှတစ်ဆင့် ၎င်းအပေါ် အရှက်ရောက်စေရန် လူ့ဇာတိခံယူခြင်း ဖြစ်၏။ ဘုရားသခင်၏ ကြီးမားသောတန်ခိုးသည် အဆင်းနီသော နဂါးကြီးအား ဝိညာဉ်ဖြင့် တိုက်ပွဲဝင်ခြင်းထက် လူ့ဇာတိ၌ တိုက်ပွဲဝင်ခြင်းအားဖြင့် သာ၍ သိသာထင်ရှားသောကြောင့်၊ ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို ပြသရန် လူ့ဇာတိဖြင့် တိုက်ခိုက်၏။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် မရေမတွက်နိုင်သော လူများသည် “ရိုးရိုးစင်းစင်း” ပြစ်တင်ရှုတ်ချ ခံရပြီး၊ ထိုသို့ဖြင့် မရေမတွက်နိုင်သောလူများသည် ငရဲထဲပစ်ချခံရကာ ပြစ်တင်ဆုံးမခြင်းထဲသို့ အပစ်ခံရပြီး၊ ဇာတိခန္ဓာ၌ ဒုက္ခခံကြရ၏။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား ထင်ရှားစေခြင်း ဖြစ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်သူများသည် ယနေ့ မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ တစ်ကြိမ် ပြစ်တင်ရှုတ်ချခံရသည်နှင့် လူတို့သည် ထာဝရ ပြစ်တင်ရှုတ်ချခံရသည်၊ မည်သည့်အခါမျှ တစ်ဖန်ပြန်မထနိုင်ကြပေ။ လူသား၏စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကဲ့သို့ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ဆန့်ကျင်သူတို့ အပေါ်၊ လူတို့သည် တစ်ခုပြီးနောက်တစ်ခု စိတ်နှစ်ခွဲ ဖြစ်ကြသည်။ ၎င်းတို့သည် ချီတုံချတုံ ဖြစ်ကြသည်၊ ဝေခွဲမရ ဖြစ်ကြသည်။ ၎င်းတို့သည် တစ်သမတ်တည်း ရှိနေနိုင်စွမ်း မရှိကြပေ၊ တစ်ခါတစ်ရံတွင် ဘုရားသခင်ကို ဆန့်ကျင်သူတို့အား အကြီးအကျယ် မုန်းကြ၏၊ တစ်ခါတစ်ရံတွင် ၎င်းတို့ကို မြဲမြံစွာ ဖက်တွယ်ထားကြသည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မသိကြသောကြောင့် ယနေ့ အခြေအနေများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဘုရားသခင်က “အဆုံးတွင် ကောင်းကင်တမန်တို့သည် ကောင်းကင်တမန်များဖြစ်၏၊ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၏၊ အဆုံးတွင် မကောင်းဆိုးဝါးတို့သည် မကောင်းဆိုးဝါးများ ဖြစ်၏၊ မဖြောင့်မတ်သောသူတို့သည် မဖြောင့်မတ်သောသူ ဖြစ်နေဆဲဖြစ်ပြီး၊ သန့်ရှင်းသူတို့သည် သန့်ရှင်းဆဲ ဖြစ်၏။” ဟူသော နှုတ်ကပတ်တော်တို့ကို အဘယ်ကြောင့် ပြောသနည်း။ ယင်းကို သင် နားမလည်နိုင်သလော။ ဘုရားသခင်သည် အမှတ်လွဲနေခြင်းများ ဖြစ်နိုင်မည်လော။ သို့ဖြစ်၍ ဘုရားသခင်က၊ “လူတစ်ဉီးချင်းစီသည် ၎င်းတို့၏ အမျိုးအစားအလိုက် ဖြည်းဖြည်းချင်း သီးခြားခွဲထုတ်ခံရကာ သတိမပြုမိဘဲ၊ ၎င်းတို့မိသားစုများ၏ ရင်ခွင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြသည်။” ဟု ပြောပေသည်။ ဤအရာမှ ယနေ့တွင် ယင်းသည် “အကန့်အသတ်မရှိသော ကမ္ဘာလောက” တစ်ခု မဟုတ်တော့ရန်နှင့် လူတို့သည် အိုးကြီးတစ်လုံးတည်းမှ မစားတော့ဘဲ၊ ၎င်းတို့၏ ကိုယ်ပိုင် အခန်းကဏ္ဍကို ဆောင်ရွက်ရင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိမ်များတွင် ၎င်းတို့၏ ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် အရာခပ်သိမ်းကို ၎င်းတို့၏ မိသားစုများထဲသို့ ခွဲခြားနှင့်ပြီး ဖြစ်သည်ကို တွေ့နိုင်ပေသည်။ ဤသည်မှာ ကမ္ဘာလောကကို ဖန်ဆင်းချိန်က ဘုရားသခင်၏ မူလအစီအစဉ် ဖြစ်သည်။ အမျိုးအစားအလိုက် ခွဲခြားခံရပြီးသည့်နောက်တွင်၊ လူတို့သည် “အသီးသီးက ကိုယ့်အစာ ကိုယ်စားကြပေမည်”၊ ဆိုလိုသည်မှာ ဘုရားသခင်သည် တရားစီရင်ခြင်းကို စတင်မည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏နှုတ်မှ ဤစကားများ ထွက်လာသည်- “ငါသည် ဖန်ဆင်းခံလောက၏ ယခင်အခြေအနေကို ပြန်လည်ဖြစ်ပေါ်စေမည်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အလယ်သို့ ပြန်လာကြစေရန်၊ အရာခပ်သိမ်းကို သာလွန်ထူးကဲစွာ ပြောင်းလဲလျက်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလ အခြေအနေအတိုင်း ပြန်လည်ဖြစ်ပေါ်စေမည်။” ဤသည်မှာ ဘုရားသခင့် အမှုတော် အားလုံး၏ ရည်မှန်းချက် အတိအကျ ဖြစ်ပြီး၊ ယင်းကို နားလည်ရန် မခက်ပေ။ ဘုရားသခင်သည် သူ၏အမှုကို ပြီးစီးလိမ့်မည်- လူသားသည် သူ၏အမှုကို တားဆီးနိုင်မည်လော။ ပြီးလျှင် ဘုရားသခင်သည် သူနှင့် လူသားအကြား ထူထောင်ထားသည့် ပဋိညာဉ်ကို ဆုတ်ဖြဲပစ်နိုင်မည်လော။ ဘုရားသခင်၏ဝိညာဉ်တော် လုပ်ဆောင်ထားသည့်အရာကို မည်သူပြောင်းလဲနိုင်မည်နည်း။ လူသားတစ်ဦးတစ်လေက ထိုသို့ လုံးဝ လုပ်ဆောင်နိုင်မည်လော။

အတိတ်တွင် လူတို့သည် နိယာမတစ်ခုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သဘောပေါက်ခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုသည့်အချိန်တွင်၊ ယင်းတို့သည် မကြာမီ အမှန်ဖြစ်စေခြင်းခံရလေသည်။ ဤအရာတွင် မုသားမရှိချေ။ လူမျိုးအပေါင်းတို့ကို သူ ပြစ်တင်ဆုံးမမည်ဟု ဘုရားသခင် ပြောဆိုပြီးဖြစ်သည့်အတွက်၊ ထို့အပြင် သူသည် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ထုတ်ပြန်ပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပြီး ဖြစ်သည်ကို မြင်နိုင်ပေသည်။ လူအားလုံးထံ ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၎င်းတို့၏ဘဝများနှင့် ဘုရားသခင် အပေါ် ၎င်းတို့၏သဘောထားများကို ရည်ရွယ်ခဲ့သည်။ ယင်းသည် အကြောင်းရင်းခံကို နားမလည်စေခဲ့ပေ။ ယင်းသည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားမှုအပေါ် အခြေခံထားသည်ဟု ပြောဆိုမထားဘဲ၊ ထိုအချိန်က လူသား၏ အပြုအမူအပေါ် အခြေခံထားခြင်းဖြစ်၏။ ယနေ့ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များသည် ထူးခြားကာ ယင်းတို့က၊ “လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည့်” အကြောင်းကို ပြောဆို၏။ သေချာဖတ်ရှုခြင်း မရှိဘဲ၊ ဤအရာတွင် မည်သည့်ပြဿနာမျှ ရှာမတွေ့နိုင်ပေ။ ဘုရားသခင်သည် အရာခပ်သိမ်းအား ၎င်းတို့၏အမျိုးအစားအလိုက် ခွဲခြားသည်မှာ နောက်ဆုံးသော ခေတ်အတွင်းတွင်သာဖြစ်သောကြောင့်၊ ဤအရာကို ဖတ်ရှုပြီးနောက်တွင်၊ လူအများစုသည် အကြံအိုက်ကာ စိတ်ရှုပ်ထွေးနေမြဲ ဖြစ်ကြလေသည်။ ၎င်းတို့သည် အချိန်ကာလများ၏ အရေးတစ်ကြီးဖြစ်ခြင်းကို မမြင်ဘဲလျက်၊ စိတ်မပါ့တပါ ဖြစ်သည့် သဘောထားတစ်ခု ခံယူကြဆဲဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် ဤအရာကို သတိပေးချက် တစ်ရပ်အဖြစ် သဘောမထားပေ။ ဤအချိန်တွင် စကြဝဠာ တစ်ခွင်လုံးသို့ ကြေညာထားသော ဘုရားသခင်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များကို လူသားထံ အဘယ်ကြောင့် ပြသရသနည်း။ ဤလူတို့သည် စကြဝဠာအနှံ့ ရှိသူအားလုံးကို ကိုယ်စားပြုသလော။ နောက်ပိုင်းတွင် ဘုရားသခင်သည် ဤလူများအပေါ် သနားခြင်းကရုဏာ ပို၍ ရှိနိုင်မည်လော။ ဤလူတို့သည် ဦးခေါင်းနှစ်လုံးများ ပေါက်သွားကြပြီလော။ ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ကို ပြစ်တင်ဆုံးမသည့်အခါ၊ ကပ်ဘေးမျိုးစုံ ကျရောက်သည့်အခါတွင်၊ ဤကပ်ဘေးတို့၏အကျိုးဆက်အနေဖြင့် နေနှင့်လတို့တွင် အပြောင်းအလဲများ ဖြစ်ပေါ်ကြလိမ့်မည် ဖြစ်ပြီး ဤကပ်ဘေးများ အဆုံးသတ်သည့်အခါ၊ နေနှင့်လတို့သည် ပြောင်းလဲကြပြီး ဖြစ်လိမ့်မည်- ပြီးလျှင် ဤအရာကို “အကူးအပြောင်း” ဟု ခေါ်၏။ အနာဂတ်၏ ဘေးအန္တရာယ်များ အလွန် ဆိုးရွားလိမ့်မည်ဟုသာ ပြောချင်သည်။ ညသည် နေ့၏နေရာကို ယူကောင်းယူပေမည်၊ နေသည် တစ်နှစ်ကြာ မပေါ်ထွက်ဘဲ ရှိကောင်းရှိမည်၊ ပူလောင်သည့် လပေါင်းအချို့ ရှိကောင်းရှိပေမည်၊ မှေးမှိန်နေသောလသည် လူသားမျိုးနွယ်ကို အစဉ် မျက်နှာချင်းဆိုင် ကောင်းဆိုင်ပေမည်၊ နေနှင့်လ အတူတကွ ထွက်လာသော ထူးခြားဆန်းကြယ်သည့် အခြေအနေ ပေါ်ထွက်ကောင်း ပေါ်ထွက်မည်၊ အစရှိသည်ဖြင့် ဖြစ်သည်။ ထပ်တလဲလဲဖြစ်နေသော အပြောင်းအလဲ အချို့နောက်၊ ကုန်လွန်သွားသည့် အချိန်နှင့်အတူ နောက်ဆုံးတွင် ၎င်းတို့သည် အသစ်ပြုပြင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်သည် နတ်ဆိုးနှင့် သက်ဆိုင်သောသူများအတွက် သူ၏ အစီအစဉ်များကို အထူးအာရုံစိုက်၏။ ထို့ကြောင့် သူသည် “စကြဝဠာအတွင်းရှိ သက်ရှိလူသားများထဲမှ နတ်ဆိုးနှင့် သက်ဆိုင်သော သူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်။” ဟု တမင်တကာ ပြော၏။ ဤ“လူတို့”သည် ၎င်းတို့၏စရိုက်မှန်ကို မပြရသေးမီတွင်၊ ဘုရားသခင်သည် ၎င်းတို့၏ အစေခံမှုကို ပေးရန် ၎င်းတို့ကို အမြဲ အသုံးပြုသည်။ အကျိုးဆက်အနေဖြင့်၊ သူသည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို အလေးဂရုမပြုပေ၊ ၎င်းတို့ ကောင်းစွာ လုပ်ဆောင်သည့်အချိန်တွင် သူသည် ၎င်းတို့အား မည်သည့် “ဆုလာဘ်” မျှ မပေးသကဲ့သို့၊ ၎င်းတို့ ဆိုးရွားစွာ ဆောင်ရွက်ချိန်တွင်လည်း၊ သူသည် ၎င်းတို့၏ “လုပ်ခများ” ကို ဖြတ်တောက်ခြင်း မရှိပေ။ ထိုသို့ဖြင့် သူသည် ၎င်းတို့အား လျစ်လျူရှုပြီး၊ မသိကျိုးကျွန်ပြုလေသည်။ အချိန် သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ လူသား၏ အနှစ်သာရသည် ဘုရားနှင့်လူသားအကြား ထူထောင်ထားသည့် ပဋိညာဉ်ကဲ့သို့၊ ပြီးလျှင် လူသားက၊ “ပင်လယ်တို့ ခန်းခြောက်ကုန်ပြီး ကျောက်တုံးတို့ တစ်စစီပဲ့ပြိုသော်လည်း အပြောင်းအလဲ ရှိမည်မဟုတ်။” ဟု ပြောသကဲ့သို့ မပြောင်းလဲသည့်အတွက်၊ ဘုရားသခင်သည် ၎င်းတို့၏ “ကောင်းမွန်မှု” ကြောင့် ရုတ်တရက် မပြောင်းလဲပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤလူတို့ကို ၎င်းတို့၏ အမျိုးအစားအတိုင်း ခွဲထုတ်ပြီး၊ ၎င်းတို့အား အလွယ်တကူ အလေးဂရုမပြုပေ။ ဖန်ဆင်းခြင်း အချိန်ကာလမှသည် ယနေ့အထိ၊ နတ်ဆိုးသည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ ကောင်းမွန်စွာ ပြုမူနေထိုင်ခဲ့ခြင်း မရှိပေ။ ၎င်းသည် အနှောင့်အယှက်များ၊ အတားအဆီးများနှင့် သဘောထားကွဲလွဲမှု အမြဲဖြစ်စေပြီးဖြစ်သည်။ ဘုရားသခင်သည် ဆောင်ရွက်သည့်အခါ သို့မဟုတ် စကားပြောဆိုသည့်အခါတွင်၊ ၎င်းသည် ပါဝင်ရန် အမြဲကြိုးစားသော်လည်း၊ ဘုရားသခင်သည် ယင်းကို အာရုံမစိုက်ပေ။ နတ်ဆိုးအကြောင်း ဖော်ပြရာတွင်၊ ဘုရားသခင်၏ အမျက်ဒေါသသည် မျိုးသိပ်မရနိုင်ဘဲ ထွက်လာ၏၊ ယင်းတို့သည် ဝိညာဉ်တစ်ပါးနှင့် မဆိုင်သောကြာင့် ဆက်နွှယ်မှုမရှိဘဲ၊ ဝေးကွာမှုနှင့် ကွဲကွာခြင်းတို့သာ ရှိ၏။ တံဆိပ်ခုနစ်ချက်နှင့်ဆိုင်သည့် ထုတ်ဖော်ပြချက်နောက်တွင် ကမ္ဘာမြေကြီး၏အခြေအနေသည် အမြဲ ဆိုးရွားပြီး၊ အရာအားလုံးသည် နည်းနည်းမျှ နောက်ကျန်ရစ်ခြင်းမရှိဘဲ၊ “တံဆိပ်ခုနစ်ချက်နှင့်အတူ ပခုံးချင်းယှဉ်လျက် တိုးတက်ကြ၏၊” ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်လျှောက်လုံးတွင်၊ လူတို့သည် အံ့ဩတုန်လှုပ် သွားကြသကဲ့သို့ ဘုရားသခင်က မြင်ရသည်၊ သို့သော် ၎င်းတို့သည် လုံးဝမနိုးထကြသေးပေ။ သာ၍ မြင့်သောအဆင့်သို့ ရောက်ရန်၊ လူအားလုံး၏ ခွန်အားကို ပေါက်ဖွားစေရန်နှင့် ထို့အပြင် ဘုရားသခင်၏ အမှုကို ယင်း၏အထွတ်အထိပ်၌ အဆုံးသတ်ရန်၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ဝမ်းဗိုက်များအား ဖြည့်ပေးနေသည့်အလား၊ မေးခွန်း တသီတသန်းမေးပြီး၊ ထိုသို့ဖြင့် လူအားလုံးတို့ကို သူဖြည့်တင်းပေး၏။ ဤလူတို့သည် စစ်မှန်သောဝိညာဉ်ရင့်ကျက်မှု မရှိသောကြောင့်၊ တကယ့် အခြေအနေများအပေါ် အခြေခံ၍ ဖြည့်တင်းခြင်း ခံရသူများသည် အဆင့်အတန်းမီသော ပစ္စည်းများဖြစ်ပြီး ဖြည့်တင်းခြင်း မခံရသူများသည် အသုံးမကျသော အမှိုက်ဖြစ်၏။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏သတ်မှတ်ချက ်ဖြစ်ပြီး သူစကားပြောသည့် နည်းစနစ်၏ ရည်မှန်းချက်ဖြစ်သည်။ အထူးသဖြင့်၊ ဘုရားသခင်က “ဤသည်မှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်၊ ကောင်းကင်ဘုံရှိငါနှင့် မတူခြင်းကြောင့်များပင်လော။ ဤသည်မှာ ငါသည် ကောင်းကင်ဘုံ၌ ရှိစဉ်၊ ကမ္ဘာမြေကြီးသို့ မဆင်းကြွနိုင်ခြင်းကြောင့်လော။ ဤသည်မှာ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှိစဉ်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်း မခံထိုက်သောကြောင့်လော။” ဟုပြောသောအခါ ဤမေးခွန်းများသည် လူသားက ဘုရားသခင်ကို သိရှိနိုင်ဖို့ ရှင်းလင်းသည့် လမ်းကြောင်း တစ်ခုအဖြစ် အသုံးတော်ခံလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ၊ ဘုရားသခင်၏ အရေးတကြီးဖြစ်နေသော အလိုကို ရှုမြင်ရ၏၊ လူတို့သည် ယင်းကို ကြိုးပမ်းရရှိနိုင်စွမ်း မရှိကြသကဲ့သို့၊ ဘုရားသခင်သည် သတ်မှတ်ချက်များကို ထပ်တလဲလဲ ဖြည့်ကာ၊ ထိုသို့ဖြင့် လူအားလုံးအား ကမ္ဘာမြေကြီးပေါ်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိရန်နှင့် ကောင်းကင်ဘုံတွင် ရှိသော်လည်း၊ မြေကြီးပေါ်တွင် အသက်ရှင်သော ဘုရားသခင်ကို သိရန် သတိပေးနေပေသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များမှ လူသား၏ အခြေအနေများကို မြင်နိုင်၏၊ “လူသားမျိုးနွယ်အားလုံးသည် ငါ၏နှုတ်ကပတ်တော်များတွင် လုံ့လစိုက်ထုတ်ကြသည်၊ ငါ၏အပြင်ပန်းသဏ္ဌာန်ကို သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးခြင်းများ လုပ်ဆောင်ကြ၏၊ သို့သော်လည်း ၎င်းတို့အားလုံး မအောင်မြင်ကြပေ၊ သူတို့၏လုံ့လစိုက်ထုတ်မှုများသည် အကျိုး မခံစားရဘဲ၊ ယင်းအစား ၎င်းတို့သည် ငါ့နှုတ်ကပတ်တော်များ၏ ဒဏ်ခတ်ခြင်းကို ခံကြရပြီး နောက်တစ်ဖန် ပြန်၍ထရန် မဝံ့ရဲကြပေ။” ဘုရားသခင်၏ ဝမ်းနည်းခြင်းကို မည်သူနားလည်နိုင်သနည်း။ ဘုရားသခင်၏ နှလုံးသားကို မည်သူ နှစ်သိမ့်နိုင်သနည်း။ ဘုရားသခင် တောင်းဆိုသည့်အရာ၌ မည်သူသည် ဘုရားသခင်နှင့် စိတ်နှလုံးနှင့် ညီညွတ်သနည်း။ လူတို့သည် မည်သည့် အကျိုးတရားမျှ မဖြစ်ထွန်းကြသည့်အခါတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ကြပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်များကို အမှန်တကယ် ကျိုးနွံနာခံကြသည်။ တဖြည်းဖြည်းနှင့်၊ ၎င်းတို့၏ စစ်မှန်သောနှလုံးသားကို ၎င်းတို့ ပြကြသည်နှင့်အမျှ အသီးသီးသည် ၎င်းတို့၏အမျိုးအစားအလိုက် ခွဲခြားခံရပြီး၊ ထိုသို့ဖြင့် ကောင်းကင်တမန်တို့၏ အနှစ်သာရသည် ဘုရားသခင်ကို နာခံခြင်း သက်သက်ဖြစ်သည်ကို တွေ့ရပေသည်။ ထို့ကြောင့် ဘုရားသခင်က၊ “လူသားမျိုးနွယ်သည် ၎င်း၏ မူလပုံစံအတိုင်း ဖော်ထုတ်ခံရသည်။” ဟုပြောခြင်းဖြစ်၏။ ဘုရားသခင်၏အမှုသည် ဤအဆင့်သို့ ရောက်ရှိချိန်တွင်၊ ထိုအရာအားလုံး ပြီးစီးပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သူ၏သားများနှင့်လူတို့အတွက် သူ၏ စံနမူနာ တစ်ရပ်ဖြစ်ခြင်းနှင့်သက်ဆိုင်၍ မည်သည့်အရာမျှမပြောဘဲ ယင်းအစား လူအားလုံးအား ၎င်းတို့၏မူလပုံသဏ္ဌာန်ကို ပြသစေခြင်း အပေါ်သာ အာရုံစိုက်ရန် ပေါ်ထွန်းပေသည်။ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို သင်နားလည် ပါသလော။

အရှေ့သို့- အခန်း ၂၄ နှင့် ၂၅

နောက်တစ်ခုသို့- အခန်း ၂၇

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်

လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည်...

အခန်း ၁၈

လျှပ်ပြက်ခြင်း၏ ပြိုးပြိုးပြက်ပြက် အလင်းရောင်၌ တိရစ္ဆာန်တိုင်းသည် ၎င်းတို့၏စစ်မှန်သောအသွင်အတိုင်း ဖော်ထုတ်ခြင်းခံရ၏။ ထိုနည်းတူပင် ငါ့အလင်း၏...

အခန်း ၂၇

လူသား၏ အပြုအမူသည် မည်သည့်အခါမျှ ငါ၏စိတ်နှလုံးကို မတို့ထိဖူးသကဲ့သို့၊ ယင်းက အဖိုးထိုက်သော အရာအဖြစ် ငါ့ကို အံ့အားမသင့်စေဖူးပေ။ လူသား၏...

ပေတရု၏ အသက်တာနှင့်ပတ်သက်၍

ပေတရုသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ စံနမူနာ၊ အားလုံးကသိသည့် အထင်ကရတစ်ဦး ဖြစ်ခဲ့သည်။ အလွန် သာမညောင်ညဖြစ်သည့် လူတစ်ဦးသည် အဘယ်ကြောင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်