အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်လေးခုမြောက်နှင့် နှစ်ဆယ့်ငါးခုမြောက် မိန့်မြွက်ချက်များ၏ အနက်ဖွင့်

ဤနေ့ရက်နှစ်ရက်၏ မိန့်မြွက်ချက်များကို အနီးကပ်ဖတ်ရှုခြင်းမရှိဘဲ ၎င်းတို့ရှိ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပေ၊ တကယ်တမ်းမူ၊ ၎င်းတို့ကို တစ်နေ့တည်းတွင် ပြောခဲ့သင့်သော်လည်း ဘုရားသခင်သည် ၎င်းတို့ကို နှစ်ရက်ခွဲလိုက်၏။ ဆိုလိုသည်မှာ၊ ဤနှစ်ရက်မှ မိန့်မြွက်ချက်များသည် တစ်ခုတည်းဖြစ်သော်လည်း ၎င်းတို့အား လူတို့လက်ခံရာတွင် လွယ်ကူစေရန် ဘုရားသခင်သည် လူတို့ အသက်ရှုချောင်စေရန် ၎င်းတို့အား နှစ်ရက်ခွဲလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ လူသားအပေါ် ဘုရားသခင်၏ စာနာထောက်ထားမှုဖြစ်၏။ ဘုရားသခင်၏အမှုတိုင်းတွင်၊ လူတို့အားလုံး ၎င်းတို့နေရာရှိ ၎င်းတို့၏ လုပ်ငန်းနှင့်တာဝန်ကို ထမ်းဆောင်၏။ ပူးပေါင်းလုပ်ဆောင်သူတို့မှာ ကောင်းကင်တမန်တစ်ပါး၏ ဝိညာဉ်ရှိသော လူတို့သာ မဟုတ်ပေ၊ နတ်ဆိုး၏ ဝိညာဉ်ရှိသောသူများနှင့် စာတန်၏ဝိညာဉ်အားလုံးတို့သည်လည်း “ပူးပေါင်းလုပ်ဆောင်၏” ။ ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ဘုရားသခင်၏ အလိုနှင့် လူသားအပေါ် သူ၏သတ်မှတ်ချက်များကို တွေ့ရ၏။ “ငါ၏ပြစ်တင်ဆုံးမမှုသည် လူတို့အားလုံးအပေါ်သို့ ကျရောက်သော်လည်း ၎င်းသည် လူတို့အားလုံးမှ ဝေးကွာလျက်ရှိ၏။ လူတိုင်း၏ ဘဝတစ်ခုလုံးသည် ငါ့အပေါ် ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်ဝနေကြ၏” ဟူသော နှုတ်ကပတ်တော်တို့သည် ဘုရားသခင်မှ လူတို့အားလုံးအား ခြိမ်းခြောက်ရန် ပြစ်တင်ဆုံးမမှုကို အသုံးပြုကာ လူတို့အား သူ့အကြောင်းသိစေခြင်းကို ပြ၏။ စာတန်၏ အကျင့်ပျက်မှုနှင့် ကောင်းကင်တမန်တို့၏ အားနည်းခြင်းတို့ကြောင့် ဘုရားသခင်သည် လူတို့အား ပြစ်တင်ဆုံးမရန် နှုတ်ကပတ်တော်တို့ကိုသာ အသုံးပြု၍ စီမံခန့်ခွဲမှုအမိန့်များကို အသုံးမပြုခြင်းဖြစ်၏။ ဖန်ဆင်းချိန်မှ ယနေ့တိုင်၊ ဤသည်မှာ ကောင်းကင်တမန်များနှင့် လူတို့အားလုံးနှင့် ပတ်သက်၍၊ ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားဖြစ်သည်။ ကောင်းကင်တမန်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အတွက်၊ တစ်နေ့တွင် ၎င်းတို့သည် ဘုရားသခင်၏နိုင်ငံတော်၏ နိုင်ငံသားတို့ဖြစ်လာကြ၍၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုကိုခံရမည်မှာ သေချာ၏။ ထိုအတောအတွင်း အခြားသူအားလုံးသည်လည်း ၎င်းတို့၏ အမျိုးအစားအလိုက် အတန်းစားသတ်မှတ်ခံရကာ၊ စာတန်၏ဆိုးယုတ်သော ဝိညာဉ်အမျိုးမျိုးတို့သည် ပြစ်တင်ဆုံးမခြင်းကို ခံရလျက်၊ ဝိညာဉ်မဲ့သူတို့အားလုံးသည် ဘုရားသခင်၏သားများနှင့် ဘုရားသခင်၏ လူတို့၏ အုပ်ချုပ်ခြင်းကို ခံကြရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က တစ်ချိန်က “ငါ၏နေ့ရက် ရောက်လာခြင်းသည် လူသား၏သေဆုံးချိန် အမှန်တကယ်ပင် ဖြစ်သလော။ ငါ၏နိုင်ငံတော် တည်ထောင်သည့်အချိန်တွင် ငါသည် လူသားအား အမှန်တကယ် ဖျက်ဆီးနိုင်မည်လော” ဟုပြောခဲ့ခြင်းဖြစ်သည်။ ဤသည်တို့မှာ လွယ်ကူသည့် မေးခွန်းနှစ်ရပ်ဖြစ်သော်လည်း ၎င်းတို့သည် လူသားအားလုံး၏ ပန်းတိုင်အတွက် ဘုရားသခင်၏ အစီအမံများ ဖြစ်ကြ၏။ ဘုရားသခင် ရောက်လာသည့်အချိန်သည် “စကြဝဠာတစ်ခွင်လုံးရှိ လူတို့သည် လက်ဝါးကပ်တိုင်တွင် ဇောက်ထိုး သံမှိုစွဲရိုက်နှက်ခံရ” သည့်အချိန်ဖြစ်၏။ ဤသည်မှာ လူတို့အားလုံးအား ဘုရားသခင်တည်ရှိမှုကို သိစေရန် ပြစ်တင်ဆုံးမမှုကိုအသုံးပြုလျက် ၎င်းတို့ထံပေါ်လာခြင်း ရည်ရွယ်ချက်ဖြစ်၏။ ဘုရားသခင် မြေကြီးပေါ်သို့ ဆင်းသက်သည့် အချိန်သည် နောက်ဆုံးသောခေတ်ဖြစ်၍ မြေကြီးပေါ်ရှိနိုင်ငံတို့သည် ထိန်း၍မရဆုံးအချိန်ဖြစ်သဖြင့် ဘုရားသခင်မှ “ငါသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်သည့်အခါ၊ ကမ္ဘာမြေကြီးသည် အမှောင်ထုဖြင့် ဖုံးအုပ်နေကာ လူသားသည် ‘အိပ်မောကျ’ နေ၏” ဟု ပြောခြင်းဖြစ်၏။ ထို့ကြောင့် ယနေ့တွင် လူ့ဇာတိခံဘုရားသခင်ကို သိနိုင်စွမ်းရှိသူ လက်တစ်ဆုပ်သာ ရှိခြင်းဖြစ်၏။ မရှိသလောက်ပင် ဖြစ်၏။ ယခုသည် နောက်ဆုံးသောခေတ်ဖြစ်သဖြင့် လက်တွေ့ကျသော ဘုရားသခင်ကို မည်သူမျှ စစ်မှန်စွာ သိခဲ့ဖူးခြင်းမရှိဘဲ လူတို့သည် ဘုရားသခင်ကို အပေါ်ယံသာ သိကြ၏။ ထို့အပြင် ဤသည်အတွက်ကြောင့် လူတို့သည် နာကျင်သော စစ်ဆေးခြင်းအလယ်တွင် နေကြခြင်း ဖြစ်၏။ လူတို့သည် စစ်ဆေးခြင်းမှ ထွက်ခွာချိန်သည် ၎င်းတို့ ပြစ်တင်ဆုံးမမှု စတင်ခံရချိန်လည်း ဖြစ်ကာ၊ ၎င်းအချိန်သည် လူသားအားလုံး သူ့အား ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်ရန် ဘုရားသခင်မှ လူတို့ထံ ပေါ်ထွက်လာချိန်ဖြစ်၏။ လူ့ဇာတိခံဘုရားသခင်ကြောင့် လူတို့သည် ဘေးဒုက္ခရောက်ကြကာ ၎င်းတို့သည် မိမိတို့ကိုယ်ကို လွတ်မြောက်စေနိုင်ခြင်း မရှိကြပေ—ဤသည်မှာ အဆင်းနီသောနဂါးကြီးအား ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းဖြစ်ကာ သူ၏စီမံခန့်ခွဲမှုအမိန့်လည်း ဖြစ်၏။ နွေဦးကာလ၏ နွေးထွေးမှုရောက်ရှိလာကာ ပန်းများပွင့်လန်းချိန်၊ ကောင်းကင်အောက်ရှိ အရာခပ်သိမ်း အစိမ်းရောင်နှင့် ဖုံးလွှမ်းချိန်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် နေရာတကျရှိနေသည့်အခါ၊ လူတို့အားလုံးနှင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအတွင်း တဖြည်းဖြည်း ဝင်ရောက်ကြကာ ၎င်းအချိန်တွင် မြေကြီးပေါ်ရှိ ဘုရားသခင်၏အမှုသည် ပြီးဆုံးလိမ့်မည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့် ဘုရားသခင်သည် မြေကြီးပေါ်တွင် လုပ်ကိုင်ဆောင်ရွက်ခြင်း သို့မဟုတ် နေထိုင်ခြင်းတို့ ပြုတော့မည် မဟုတ်ပေ။ လူတို့သည် ဤခဏတာကာလအတွင်း ၎င်းတို့၏ဇာတိပကတိကို ဘေးဖယ်ထားနိုင်စွမ်း မရှိသလော။ လူသားနှင့် ဘုရားသခင်အကြား ချစ်ခြင်းမေတ္တာကို မည်သည့်အရာများက ခွဲခြမ်းနိုင်သနည်း။ လူသားနှင့် ဘုရားသခင်အကြား ချစ်ခြင်းမေတ္တာကို မည်သူသည် တခြားစီ ဆွဲဖြဲနိုင်သနည်း။ မိဘများ၊ ခင်ပွန်းများ၊ ညီအစ်မများ၊ ဇနီးများ သို့မဟုတ် နာကျင်သည့် စစ်ဆေးမှုတို့လော။ လူသားတွင်းရှိ ဘုရားသခင်၏ပုံရိပ်ကို အသိတရားခံစားချက်များက ဖယ်ရှားပစ်လိုက်နိုင်သလော။ လူတို့ အချင်းချင်းအပေါ် ကျေးဇူးတင်ရှိနေမှုနှင့် ပြုမူချက်များသည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်ပင် မဟုတ်သလော။ ၎င်းတို့ကို လူသားမှ ပြုပြင်နိုင်မည်လော။ မည်သူသည် မိမိကိုယ်ကို ကာကွယ်နိုင်သနည်း။ လူတို့သည် ၎င်းတို့ကိုယ်ကို ၎င်းတို့ ထောက်ပံ့ပေးနိုင်သလော။ ဘဝတွင် သန်စွမ်းသူများမှာ မည်သူတို့နည်း။ မည်သူသည် ငါ့ထံမှစွန့်ခွာ၍ ၎င်းဘာသာ နေနိုင်သနည်း။ လူတို့အားလုံး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းအမှုကို ပြုရန် ဘုရားသခင်မှ အဘယ်ကြောင့် အဖန်တလဲ တောင်းဆိုသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် “မည်သူ၏အခက်အခဲကို ၎င်းတို့ကိုယ်တိုင်၏ လက်များဖြင့် စီမံခဲ့သနည်း” ဟုဆိုသနည်း။

လက်ရှိအချိန်တွင် စကြဝဠာတစ်ခွင်လုံးသည် အမှောင်ညဖြစ်၍ လူတို့သည် ထုံထိုင်း၍အနေကြသော်လည်း နာရီလက်တံတို့သည် အစဉ်ပင် ရှေ့သို့ တချက်ချက်မြည်လျက်၊ မိနစ်နှင့်စက္ကန့်တို့သည် ရပ်စဲခြင်းမရှိသည့်အပြင် ကမ္ဘာမြေကြီး၊ လနှင့်နေတို့၏ လည်ပတ်မှုများသည် သာ၍မြန်လာကြ၏။ ၎င်းတို့မျက်စိရှေ့တွင် ၎င်းတို့၏ နောက်ဆုံးနေ့ရက် ရောက်ရှိနေသည့်အလား လူတို့သည် ၎င်းတို့၏ခံစားမှုများတွင် နေ့ရက်သည် သိပ်မဝေးတော့ပေဟု ယုံကြည်ကြ၏။ လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ သေဆုံးချိန်အတွက် အရာခပ်သိမ်းကို မရပ်မနား ပြင်ဆင်ကြ၏။ ၎င်းတို့သေဆုံးချိန်တွင် ဤသည်မှာ ရည်ရွယ်ချက်တစ်ခု အထမြောက်စေရန် ဖြစ်သည်၊ ထိုသို့မဟုတ်ပါက ၎င်းတို့အသက်ရှင်ခဲ့ခြင်းမှာ အချည်းအနှီးသာ ဖြစ်ခဲ့လိမ့်မည်ဖြစ်ကာ ၎င်းမှာ နောင်တရစရာ မဟုတ်ပေဘူးလော။ ဘုရားသခင်သည် လောကကို အမြစ်ဖြတ်သုတ်သင်သည့် အခါ သူသည် နိုင်ငံတို့၏ ပြည်တွင်းရေး အပြောင်းအလဲများဖြင့် စတင်ကာ ၎င်းတို့မှတဆင့် အာဏာသိမ်းမှုများ ဖြစ်ကြမည်၊ ထို့ကြောင့် ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံး လူတို့၏အစေခံမှုကို ဆော်သြလိမ့်မည်။ အဆင်းနီသောနဂါးကြီး ခွေ၍ရှိရာ နိုင်ငံသည် သက်သေသာဓကနှင့် ထင်ရှားစေသော နယ်မြေဖြစ်၏။ ပြည်တွင်း၌ပြည်တွင်းရေးရာများ ပရမ်းပတာဖြစ်ခြင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲ၍ လူတိုင်းသည် လထံသို့ ရှောင်ရှားရန် ပြင်ဆင်ကာ မိမိကိုယ်ကို ခုခံကာကွယ်ရေးအမှုကို လုပ်ဆောင်ကြ၏— သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်လက်၏ အုပ်စိုးမှုမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။ ဘုရားသခင် ပြောခဲ့သည့်အတိုင်း လူတို့သည် “၎င်းတို့ကိုယ်တိုင်၏ ခါးသီးသောခွက်မှ သောက်” ကြလိမ့်မည်။ ပြည်တွင်းပဋိပက္ခဖြစ်ချိန်သည် ဘုရားသခင် ကမ္ဘာမြေကြီးမှ ထွက်ခွာချိန် အတိအကျဖြစ်သည်၊ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဆက်၍နေလိမ့်မည် မဟုတ်သည့် အပြင် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အလုပ်ကို ချက်ချင်း အဆုံးသတ်လိမ့်မည်။ အချိန်သည် ကုန်လွန်၍ သိပ်မကျန်ဟု ပြောနိုင်၏။ ဘုရားသခင်သည် အားလုံး၏ ပန်းတိုင်အကြောင်းကို စကြဝဠာတစ်ခွင်လုံး၌ ပြောပြီးခဲ့ပြီးဖြစ်သဖြင့် လက်ကျန်အတွက် အခြားဘာမျှ ပြောစရာမရှိဟူသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အသံအနေအထားမှ တွေ့နိုင်၏။ ဤသည်မှာ ဘုရားသခင်မှ လူသားကို ထုတ်ဖော်ပြသည့်အရာဖြစ်သည်။ ဘုရားသခင် လူသားကိုဖန်ဆင်းခြင်း၏ ရည်မှန်းချက်ကြောင့် ဘုရားသခင်မှ “ငါ၏မျက်လုံးများတွင် လူသားသည် အရာခပ်သိမ်းကို အုပ်ချုပ်သူဖြစ်၏။ ငါသည် သူ့အား မြေကြီးပေါ်ရှိ အရာခပ်သိမ်း- တောင်များပေါ်ရှိမြက်များ၊ တောများအကြားရှိတိရစ္ဆာန်များနှင့် ရေထဲရှိငါးများကို စီမံအုပ်ချုပ်ခွင့်ပြုလျက် ပေးခဲ့သည့်အာဏာမှာ အနည်းအကျဉ်းမဟုတ်ပေ။” ဟုပြောခြင်းဖြစ်၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ချိန်က လူသားသည် အရာခပ်သိမ်း၏ သခင်ဖြစ်မည်ဟု ကြိုတင်ခွဲခန့်မှတ်သားခဲ့၏—သို့ရာတွင် လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် သူ၏ဆန္ဒရှိသည့်အတိုင်း မနေထိုင်နိုင်ပေ။ ဤမှ ယနေ့လောကဖြစ်လာ၏။ ထိုလောကတွင် လူတို့သည် သားရဲကြီးများမှ ကွာခြားမှု မရှိဘဲ တောင်များသည် မြစ်များနှင့် ရောနှောသွားခဲ့ကာ ရလဒ်အနေဖြင့် “သူ၏အသက်တာတစ်ခုလုံးသည် ဟိုဟိုသည်သည် ပြေးလွှားကာ၊ အနှစ်သာရကင်းမဲ့ခြင်းသို့ အပျော်အပါးထည့်ခြင်းဖြစ်၏။” လူသား၏ဘဝအတွက် အဓိပ္ပာယ်မရှိသဖြင့်၊ ထို့အပြင် ဤသည်မှာ လူသားကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ရည်ရွယ်ချက် မဟုတ်သဖြင့်၊ ကမ္ဘာတစ်ခုလုံးသည် နောက်ကျိ သွားခဲ့သည်။ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးအား စနစ်တကျစီစဉ်သည့်အခါ လူတို့အားလုံးသည် လူ့ဘဝကို တရားဝင် တွေ့ကြုံခံစားရမည်ဖြစ်၍ ထိုအခါမှသာ ၎င်းတို့၏ဘဝသည် အဓိပ္ပာယ်စတင်ရှိလာလိမ့်မည်။ လူတို့သည် ဘုရားသခင်မှ ၎င်းတို့အား ပေးထားသည့် သြဇာအာဏာကို စတင်အသုံးပြု၍ အရာခပ်သိမ်းရှေ့မှောက်တွင် ၎င်းတို့၏သခင်အဖြစ် တရားဝင် ပေါ်ထွက်လာ၍၊ ၎င်းတို့သည် မြေကြီးပေါ်တွင် ဘုရားသခင်၏လမ်းပြမှုကို လက်ခံကာ ဘုရားသခင်အပေါ် မနာခံခြင်း မပြုတော့ဘဲ ဘုရားသခင်အား နာခံလိမ့်မည်။ သို့ရာတွင် ယနေ့လူတို့သည် ဤသည်နှင့် များစွာအလှမ်းဝေး၏။ ၎င်းတို့သည် ဘုရားသခင်အားဖြင့် “အဓမ္မနည်းဖြင့် ဝင်ငွေရှာခြင်း” ကိုသာ ပြုကြသဖြင့် ဘုရားသခင်မှ “လူသားအပေါ် ငါပြုလုပ်သည့်အမှုသည် ၎င်းအတွက် လုံးဝအကျိုးမရှိသလော” ကဲ့သို့သော မေးခွန်းတသီတသန်းကြီးကို မေး၏။ ဘုရားသခင်မှ ဤမေးခွန်းများကို မမေးပါက မည်သည့်အရာမျှ ဖြစ်မြောက်မည် မဟုတ်ပေ၊ သို့ရာတွင် ထိုကဲ့သို့သောအရာများကို သူမေးသည့်အခါ လူအချို့သည် ခိုင်မြဲစွာရပ်တည်နိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အသိစိတ်များတွင် ကျေးဇူးတင်ရှိနေခြင်းများ ရှိနေကာ၊ ၎င်းတို့သည် ဘုရားသခင်အတွက်သက်သက်သာ မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်အတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။ အရာခပ်သိမ်း၏ အလုံးစုံသည် အနှစ်သာရကင်းမဲ့၏၊ သို့ဖြစ်၍ ဤလူတို့နှင့် “ဘာသာတိုင်း၊ လူမှုအဖွဲ့အစည်း နယ်ပယ်တိုင်း၊ နိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူတို့အားလုံးသည် မြေကြီးပေါ်ရှိ အနှစ်သာရကင်းမဲ့မှုကို သိကြကာ ၎င်းတို့အားလုံးသည် ငါ့ကိုရှာဖွေလျက် ငါပြန်လာခြင်းကို စောင့်ကြ၏။” ဘုရားသခင်မှ အနှစ်သာရကင်းမဲ့သည့် ခေတ်ဟောင်းကို အဆုံးသတ်နိုင်ရန် ဘုရားသခင်ပြန်အလာကို လူတို့အားလုံး တမ်းတကြ၏။ သို့ရာတွင် ၎င်းတို့သည် ဘေးဒုက္ခအတွင်းကျရောက်မည်ကိုလည်း စိုးရိမ်ကြ၏။ ဘာသာရေးလောက တစ်ရပ်လုံးသည် လူသူကင်းမဲ့လျက် ကျန်ရစ်ကာ၊ လူတိုင်း၏လျစ်လျူရှုခြင်းကို ခံရလိမ့်မည်၊ ၎င်းတို့သည် အမှန်တရားကင်းမဲ့၍၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မရေရာကာ စိတ်ကူးသက်သက်သာ ဖြစ်ကြောင်းကို သိလာကြလိမ့်မည်။ လူမှုအသိုင်းအဝိုင်း နယ်ပယ်တိုင်းမှ လူတို့သည်လည်း ပျံ့နှံ့သွားကြကာ၊ နိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်းသည် ဝရုန်းသုန်းကား အခြေအနေအတွင်း စတင်ကျရောက်ကြလိမ့်မည်။ အချုပ်အားဖြင့် အရာခပ်သိမ်း၏ ပုံမှန်ဖြစ်ပေါ်မှုသည် တစ်စစီ ကွဲပြားလျက်၊ အရာခပ်သိမ်းသည် ၎င်း၏ပုံမှန်အခြေအနေ ပျောက်ဆုံးကာ၊ လူတို့သည်လည်း ၎င်းတို့၏စစ်မှန်သော မျက်နှာများကို ထုတ်ဖော်ကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က “ငါသည် လူသားအား ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့သော်လည်း ကရုဏာရှိသူ တစ်စုံတစ်ဦး ရှိခဲ့ဖူးသလော။ လူ့သဘာဝတွင် နေခဲ့ဖူးသူ တစ်စုံတစ်ဦးရှိသလော။ လူသားသည် ဇာတိပကတိ၌ နေနိုင်သော်လည်း ၎င်းတွင် လူ့သဘာဝ မရှိပေ။ ၎င်းကို တိရစ္ဆာန်နိုင်ငံတော်တွင် မွေးဖွားခဲ့သလော” ဟု ပြောခြင်းဖြစ်သည်။ လူသားအကြား အပြောင်းအလဲသည်လည်း ဖြစ်ပေါ်နေလျက်၊ ဤအပြောင်းအလဲအတွက်ကြောင့် တစ်ဦးစီသည် အမျိုးအစားအလိုက် အတန်းစားသတ်မှတ်ခံရ၏။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ အမှုနှင့် နောက်ဆုံးသောကာလ၏ အမှုအားဖြင့် ရရှိသည့် သက်ရောက်မှုဖြစ်၏။ ဘုရားသခင်မှ လူသား၏အနှစ်သာရအကြောင်း သာ၍ရှင်းစွာပြောလေလေ၊ ထိုအတွက်ကြောင့် သူ့အမှု၏အဆုံးသည် သာ၍နီးကပ်လာကြောင်းအပြင် ဘုရားသခင်သည် လူတို့ထံမှ ကွယ်ဝှက်နေကြောင်းကို သက်သေပြခြင်းဖြစ်ကာ၊ ဤအတွက်ကြောင့် ၎င်းတို့အား သာ၍အနေရခက်စေလေလေ ဖြစ်၏။ လူတို့သည် ဘုရားသခင်၏အလိုအပေါ် လိုက်နာမှုနည်းလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ဂရုပြုမှု နည်းလေလေဖြစ်၏၊ ဤသည်က ၎င်းတို့အား နှောင့်ယှက်မှုမှ တားမြစ်သဖြင့် ဘုရားသခင်သည် မည်သူမျှ ဂရုပြုမနေသောအခါ သူရည်ရွယ်သည့်အမှုကို ပြုလေ၏။ ဤသည်မှာ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားတစ်ရပ်ဖြစ်၏။ သူသည် လူတို့၏အားနည်းမှုအပေါ် ညှာတာထောက်ထားမှု နည်းလေလေ၊ ထို့အတွက်ကြောင့် ဘုရား၏သဘောသဘာဝသည် ပိုမိုထင်ရှားသဖြင့်၊ ဘုရားသခင်၏နေ့ရက်သည် သာ၍နီးကပ်လာလေလေ ဖြစ်၏။

ယခင်က:အခန်း ၁၉

နောက်တစ်ခုသို့:အခန်း ၂၇

သင်နှစ်သက်နိုင်သည့် အရာများ