အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၂၂ နှင့် ၂၃

ယနေ့ အားလုံးသည် ဘုရားသခင်၏အလိုတော်ကို နားလည်သဘောပေါက်ရန်နှင့် ဘုရားသခင်၏စိတ်သဘောထားကိုသိရန် လိုလိုလားလားရှိသော်လည်း ၎င်းတို့၏ဆန္ဒများကို အဘယ်ကြောင့် လိုက်နာနိုင်စွမ်းမရှိခြင်း အကြောင်းရင်းကို မည်သူမျှမသိပေ၊ ၎င်းတို့၏နှလုံးသားများသည် ၎င်းတို့အား အဘယ်ကြောင့် အစဉ်သစ္စာဖောက်သည်နှင့် ၎င်းတို့လိုချင်သည့်အရာကို အဘယ်ကြောင့် မရနိုင်သည်ကို ၎င်းတို့မသိပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် နောက်တစ်ကြိမ် ကြီးမားသော ကြံရာမရဖြစ်ခြင်းနှင့် ဝိုင်းရံဖိစီးခံရကာ ၎င်းတို့သည် ကြောက်ရွံ့ခြင်းလည်းဖြစ်၏။ ၎င်းတို့၏ဝိရောဓိဖြစ်နေသည့် ဤစိတ်ခံစားမှုများကို ဖော်မပြနိုင်ဘဲ ၎င်းတို့သည် ဝမ်းနည်းမှု၌ ၎င်းတို့၏ဦးခေါင်းများကို ငုံ့လျက်သာနေနိုင်၍၊ ဘုရားသခင်သည် ငါ့အား အလင်းမပေးခြင်းများ ဖြစ်နိုင်သလော၊ ဘုရားသခင်သည် ငါ့ကို တိတ်တဆိတ် စွန့်ပစ်ခဲ့ခြင်းများ ဖြစ်နိုင်သလော။ အခြားသူအားလုံးသည် ကောင်းမွန်နေလျက် ရှိကောင်းရှိနေပြီး ဘုရားသခင်သည် ငါမှလွဲ၍ ၎င်းတို့အားလုံးကို ဉာဏ်အလင်းပေးခဲ့ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါဖတ်သည့်အခါ အဘယ်ကြောင့် အစဉ်စိတ်အနှောင့်အယှက်ဖြစ်၍ အဘယ်ကြောင့် ဘာကိုမျှ နားလည်သဘောပေါက်ခြင်း မရှိသနည်းဟု ၎င်းတို့ကိုယ်ကို မေးပြီးရင်း မေးကြ၏။ လူတို့၏စိတ်များသည် ဤအရာများကို စဉ်းစားသော်လည်း မည်သူမျှ ယင်းတို့ကို မဖော်ပြရဲပေ၊ ၎င်းတို့သည် အတွင်း၌သာ ဆက်၍ရုန်းကန်နေကြရုံသာရှိ၏။ အကယ်စင်စစ် ဘုရားသခင်မှလွဲ၍ မည်သူမျှ သူ၏ နှုတ်ကပတ်တော်များကို နားလည်နိုင်ခြင်းမရှိ၊ သို့မဟုတ် သူ၏အလိုတော်ကို သဘောပေါက်နိုင်ခြင်း မရှိပေ။ သို့ရာတွင် ဘုရားသခင်သည် သူ၏အလိုတော်ကို နားလည်သဘောပေါက်ရန် လူတို့အား အစဉ်တောင်းဆို၏၊ ဤသည်မှာ ဘဲတစ်ကောင်ကို သစ်ကိုင်းပေါ် မောင်းရန်ကြိုးစားနေသည်နှင့် မတူသလော။ ဘုရားသခင်သည် လူသား၏ အားနည်းချက်များကို မသိသလော။ ဤသည်မှာ ဘုရားသခင်အမှု၏ လမ်းဆုံဖြစ်၏၊ ဤသည်မှာ လူတို့နားမလည်သည့်အရာဖြစ်၏၊ ထို့ကြောင့် ဘုရားသခင်က “လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် ၎င်းသည် မည်သူနှင့် သက်ဆိုင်သည် စသည်တို့ကို အသိခေါက်ခက်လျက်ရှိသည်” ဟု ပြောခြင်းဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လူသားအပေါ် သူတောင်းဆိုသည့်အရာအရ မည်သူမျှ ရှင်သန်မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူသား၏ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့်အရာ တစ်ခုမျှမရှိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချစ်ခင်မြတ်နိုး၍ တောင့်တကာ၊ လူသား၏အနေအထားများကို ထောက်ပြသည့် မိန့်မြွက်ချက်များတွင်ရှိသည့် နှုတ်ကပတ်တော်များကို ၎င်းတို့ကိုယ်တိုင်၏ အခြေအနေများတွင် အသုံးချသဖြင့် ၎င်းတို့ကိုယ်ကို သိပါက ဤသည်မှာ အမြင့်ဆုံးသော အဆင့်အတန်းဖြစ်၏။ အဆုံးတွင် နိုင်ငံတော်ကို အထမြောက်ပြီးသည့်အခါ ဇာတိ၌နေသူများသည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်စွမ်း မရှိဆဲဖြစ်ပြီး ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လိုအပ်နေဆဲဖြစ်လိမ့်မည်။ လူတို့သည် စာတန်၏ နှောင့်ယှက်မှု မရှိခြင်းသာဖြစ်လိမ့်မည်ဖြစ်ပြီး လူသား၏သာမန်ဘဝကို ပိုင်ဆိုင်မည်ဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ စာတန်ကို အနိုင်ယူခြင်းအရာ၏ ရည်ရွယ်ချက်ဖြစ်လျက် အဓိကအားဖြင့် ဘုရားသခင် ဖန်ဆင်းထားသည့် လူသား၏နဂိုမူလ အနှစ်သာရကို ပြန်လည်ရရှိရန်ဖြစ်၏။ ဘုရားသခင်၏စိတ်ထဲတွင် “ဇာတိပကတိ” သည် ဘုရားသခင်၏အနှစ်သာရကို မသိနိုင်ခြင်း၊ ဝိညာဉ်လောက၏အရေးအရာများကို မသိနိုင်ခြင်းအပြင် စာတန်၏ဖျက်ဆီးခံနိုင်ခြင်းနှင့် ဘုရားသခင့်ဝိညာဉ်၏ လမ်းညွှန်ခြင်းကို ခံနိုင်ခြင်းတို့ကို ရည်ညွှန်း၏။ ဤသည်မှာ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဇာတိ၏အနှစ်သာရဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်၏ဘဝတွင် စနစ်တကျမရှိခြင်းကြောင့် ဖြစ်ပေါ်သည့် ပရမ်းပတာဖြစ်ခြင်းကို ရှောင်ရှားရန်လည်းဖြစ်သည်မှာ ဟုတ်ပေသည်။ ဘုရားသခင်မှ စကားပြောလေလေ၊ သူ၏နှုတ်ကပတ်တော်များသည် ပြတ်သားလေလေ ဖြစ်လာကာ၊ လူတို့သည် သူ၏နှုတ်ကပတ်တော်များကို နားလည်လေလေဖြစ်၏။ လူတို့သည် မရည်ရွယ်ဘဲ ပြောင်းလဲကြကာ မရည်ရွယ်ဘဲ အလင်းထဲ၌နေကြသဖြင့် “အလင်းကြောင့် လူတို့အားလုံးသည် ကြီးထွားနေလျက်ရှိကာ အမှောင်ကို စွန့်ခွာခဲ့ပြီဖြစ်သည်။” ဤသည်မှာ နိုင်ငံတော်၏ လှပသောမြင်ကွင်းဖြစ်ကာ အတိတ်က မကြာခဏပြောခဲ့သည့် “အလင်း၌နေခြင်း၊ သေခြင်းမှခွဲခွာခြင်း” ကဲ့သို့ဖြစ်၏။ သိနိမ်ပြည်သည် မြေကြီးပေါ်၌ အထမြောက်ပြီးသောအခါ၊ နိုင်ငံတော် အထမြောက်ပြီးသောအခါ၊ မြေကြီးပေါ်တွင် စစ်မက်ရှိတော့မည် မဟုတ်ပေ၊ ငတ်မွတ်ခြင်း၊ ကပ်ဆိုးများနှင့် မြေငလျင်များ နောက်ထပ် မည်သည့်အခါမျှ ထပ်၍ ရှိတော့မည် မဟုတ်ပေ၊ လူတို့သည် လက်နက်များထုတ်လုပ်မှုကို ရပ်စဲကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့၌ နေကြမည်ဖြစ်၍ လူတို့နှင့်နိုင်ငံများသည် တစ်ဦးနှင့်တစ်ဦး ပုံမှန် အပြန်အလှန်ဆက်ဆံကြလိမ့်မည်။ သို့ရာတွင် ပစ္စုပ္ပန်သည် ဤသည်နှင့် နှိုင်းယှဉ်၍မရပေ။ ကောင်းကင်အောက် အရာခပ်သိမ်းသည် ပရမ်းပတာဖြစ်နေ၏၊ နိုင်ငံတစ်နိုင်ငံစီတိုင်းတွင် အာဏာသိမ်းမှုများ တဖြည်းဖြည်း စတင်ပေါ်ပေါက်နေကြ၏။ ဘုရားသခင်သည် သူ၏အသံကို မိန့်မြွက်စဉ် လူတို့သည် တဖြည်းဖြည်း ပြောင်းလဲနေကာ၊ နိုင်ငံတိုင်းသည် ပြည်တွင်း၌ တဖြည်းဖြည်း အစိတ်စိတ်အမွှာမွှာခွဲခြင်းခံနေရ၏။ ဗာဗုလုန်၏ ခိုင်မြဲသောအုတ်မြစ်များသည် မိုးကောင်းကင်သို့ တက်နေသည့် ရဲတိုက်တစ်ခုကဲ့သို့ စတင်၍လှုပ်ကြကာ ဘုရားသခင်၏ အလိုတော်သည် ပြောင်းလဲသည်နှင့် လောကတွင် မြောက်မြားစွာသော အပြောင်းအလဲများ သတိမမူမိဘဲ ပေါ်ပေါက်လျက် မည်သည့်အချိန်တွင်မဆို လက္ခဏာအမျိုးမျိုးထွက်ပေါ်၍ လောက၏ နောက်ဆုံးသောကာလသည် ရောက်ခဲ့ပြီဖြစ်ကြောင်း လူတို့အားပြ၏။ ဤသည်မှာ ဘုရားသခင်၏အစီအစဉ်ဖြစ်၏၊ ဤသည်တို့သည် သူအမှုဆောင်ရွက်သော အဆင့်များဖြစ်၍ နိုင်ငံတစ်နိုင်ငံစီသည် အစိတ်စိတ်အပိုင်းပိုင်း ကွဲမည်မှာ သေချာ၏၊ ရှေးဟောင်းသောဒုံမြို့သည် ဒုတိယအကြိမ် အမြစ်ဖြတ်ခြေမှုန်းခံရမည်ဖြစ်ကာ၊ ဤသည်အတွက်ကြောင့် ဘုရားသခင်မှ “ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီတကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား” ဟုပြောခြင်းဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ဤသည်ကို အပြည့်အဝနားလည်နိုင်စွမ်း မရှိပေ၊ စင်စစ်အားဖြင့် လူတို့၏သိမြင်မှု၌ အကန့်အသတ်ရှိပေ၏။ ဥပမာ ပြည်ထဲရေးဝန်ကြီးများသည် လက်ရှိအခြေအနေများမှာ မတည်ငြိမ်ဘဲ ပရမ်းပတာဖြစ်နေကြောင်း သိနိုင်မည်ဖြစ်သော်လည်း ၎င်းတို့ကို ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ခေါင်းမော့နိုင်မည့်နေ့ကို ၎င်းတို့၏နှလုံးသားများတွင် မျှော်လင့်နေလျက်၊ အရှေ့ဘက်မှ နောက်တစ်ကြိမ် နေထွက်လာကာ နိုင်ငံတစ်ဝှမ်း ထွန်းလင်း၍ ဤစိတ်ပျက်စရာကောင်းသည့် အခြေအနေများကို ပြောင်းလဲမည့်နေ့ရောက်လာရန် တောင့်တလျက်၊ ရေစီးအတိုင်းသာ လိုက်သွားနိုင်ကြ၏။ သို့ရာတွင် ဒုတိယအကြိမ်နေထွက်လာသည့်အခါ စနစ်ဟောင်းကို ပြန်လည်ဖော်ထုတ်ရန်မဟုတ်ဘဲ ပြန်လည်ဦးမော့၍ မခြွင်းမချန်ပြောင်းလဲမှု ဖြစ်ပေါ်စေရန်ဖြစ်သည်ကို ၎င်းတို့မသိပေ။ ဤသည်မှာ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ အစီအစဉ်ဖြစ်၏။ သူသည် ကမ္ဘာသစ်တစ်ရပ်ကို ဖော်ဆောင်ကာ၊ အခြားအရာတို့ထက်ပို၍ သူသည် လူသားကို ဦးစွာအသစ်ပြုပြင်မည်ဖြစ်သည်။ ယနေ့ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း ခေါ်ဆောင်လာခြင်းမှာ အဓိကအချက်ဖြစ်၏။ ၎င်းတို့အား ဂုဏ်အဆင့်အတန်း၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခွင့်ပေးခြင်းသာ မဟုတ်ပေ။ ထို့အပြင် “နိုင်ငံတော်တွင် ငါသည် ရှင်ဘုရင်ဖြစ်၏၊ သို့သော် ငါ့ကို ၎င်း၏ ရှင်ဘုရင်အဖြစ် ဆက်ဆံရမည့်အစား၊ လူသားသည် ငါ့ကို ကောင်းကင်ဘုံမှ သက်ဆင်းလာသော ကယ်တင်ရှင်အနေနှင့် ဆက်ဆံ၏။ ရလဒ်အနေနှင့်၊ သူအား စွန့်ကြဲပေးကမ်းရန် ငါ့ကို သူတောင့်တပြီး၊ ငါနှင့်ပတ်သက်သည့် အသိပညာကို မီအောင်မလိုက်ပေ” ဟူ၍ ဘုရားသခင်ပြောသည့်အတိုင်းဖြစ်၏။ ဤသည်တို့မှာ လူအားလုံးတို့၏ စစ်မှန်သောအခြေအနေများဖြစ်၏။ ယနေ့ အရေးကြီးသည်မှာ လူသား၏ မတင်းတိမ်နိုင်သောလောဘကို လုံးဝပပျောက်စေ၍ လူတို့အား ဘုရားသခင်ကို ဘာမျှမတောင်းဘဲ သိခွင့်ပေးရန်ဖြစ်၏၊ သို့ဖြစ်၍ ဘုရားသခင်မှ “များစွာသောလူတို့သည် ငါ၏ရှေ့တွင် သူတောင်းစားတစ်ဦးကဲ့သို့ အော်ဟစ်ကြသည်။ များစွာတို့သည် သူတို့၏ ‘အိတ်များ’ ကို ငါ့ထံဖွင့်ကြလျက် ရှင်သန်ဖို့ရန်အလို့ငှာ သူတို့အား အစာကိုပေးပါရန် ငါ့အား တိုးလျှိုး တောင်းပန်ကြသည်” ဟုပြောသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဤအခြေအနေအမျိုးမျိုးသည် လူတို့၏လောဘကို ထောက်ပြ၍ လူတို့သည် ဘုရားသခင်ကို မချစ်ဘဲ ဘုရားသခင်ကို တောင်းဆိုချက်များပြုလုပ်သည်၊ သို့မဟုတ်ပါက ၎င်းတို့တောင့်တသည့်အရာများကို ရရန်ကြိုးစားသည်ကိုပြ၏။ လူတို့သည် ဆာလောင်နေသော ဝံပုလွေတစ်ကောင်၏ သဘာဝရှိသည်၊ ၎င်းတို့အားလုံးသည် ဉာဏ်နီဉာဏ်နက်များ၍ လောဘကြီးသောကြောင့် ဘုရားသခင်သည် ကြိမ်ဖန်တလဲ ၎င်းတို့အပေါ် တောင်းဆိုချက်များပြုလုပ်ကာ ၎င်းတို့၏နှလုံးသားများရှိ လောဘအား ကမ်းပေးလိုက်ရန်နှင့် ဘုရားသခင်အား စိတ်ရင်းအတိုင်းချစ်ရန် အတင်းအကျပ်ပြု၏။ လက်တွေ့တွင် ယနေ့တိုင် လူတို့သည် ၎င်းတို့၏စိတ်နှလုံးအကြွင်းမဲ့ကို ဘုရာသခင်အား မပေးရသေးပေ၊ ၎င်းတို့သည် လှေနံနှစ်ဘက်နင်း၏၊ တစ်ခါတစ်ရံတွင် ၎င်းတို့ကိုယ်ကို အားကိုးကာ၊ တစ်ခါတစ်ရံတွင် ဘုရားသခင်အပေါ် အပြည့်အဝ အားထားခြင်းမရှိဘဲ မှီခို၏။ ဘုရားသခင်၏အမှုသည် အတိုင်းအတာတစ်ခုသို့ ရောက်သောအခါ လူတို့အားလုံးသည် စစ်မှန်သောမေတ္တာနှင့် ယုံကြည်ခြင်းတို့အလယ်၌နေကြပြီး ဘုရားသခင်၏အလိုတော်သည် ပြည့်စုံလိမ့်မည်၊ ထို့ကြောင့် ဘုရားသခင်၏လိုအပ်ချက်များသည် မမြင့်မားပေ။

ကောင်းကင်တမန်များသည် ဘုရားသခင်၏သားများနှင့် လူတို့အကြား စဉ်ဆက်မပြတ် ရွေ့လျားလျက်ရှိ၏၊ ကောင်းကင်နှင့်မြေကြီးအကြား သုတ်သီးသုတ်ပြာ သွားလာလျက် နေ့စဉ် ဝိညာဉ်လောကသို့ ပြန်လာပြီးနောက် လူ့လောကသို့ ဆင်းသက်နေကြ၏။ ဤသည်မှာ ၎င်းတို့၏တာဝန်ဖြစ်၍ ထို့ကြောင့် နေ့စဉ် ဘုရားသခင်၏သားများနှင့် လူတို့သည် ဦးဆောင်လမ်းပြခြင်းခံရကာ ၎င်းတို့၏အသက်တာသည် တဖြည်းဖြည်း ပြောင်းလဲ၏။ ဘုရားသခင်သည် သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲသည့်နေ့တွင် မြေကြီးပေါ်ရှိ ကောင်းကင်တမန်တို့၏အမှုသည် တရားဝင်အဆုံးသတ်မည်ဖြစ်၍ ၎င်းတို့သည် ကောင်းကင်နိုင်ငံသို့ ပြန်ကြလိမ့်မည်။ ယနေ့ ဘုရားသခင်၏သားများနှင့် လူတို့အားလုံးသည် ထိုအခြေအနေ၌ပင်ရှိနေကြသည်။ စက္ကန့်များ ကျော်လွန်သွားသည်နှင့်အမျှ လူတို့အားလုံးသည် ပြောင်းလဲနေကြပြီး ဘုရားသခင်၏သားများနှင့် လူတို့သည် တဖြည်းဖြည်း သာ၍ရင့်ကျက်လာနေကြသည်။ ယင်းနှင့် နှိုင်းယှဉ်ပါက သူပုန်အားလုံးသည်လည်း အဆင်းနီသောနဂါးကြီး ရှေ့မှောက်တွင် ပြောင်းလဲနေကြ၏၊ လူတို့သည် အဆင်းနီသော နဂါးကြီးအပေါ် သစ္စာစောင့်သိခြင်း မရှိတော့ဘဲ နတ်ဆိုးတို့သည် ၎င်း၏အစီအမံတို့ကို မလိုက်နာတော့ပေ။ ယင်းအစား အားလုံးသည် “သူတို့နှင့် အလိုက်ဖက်ဆုံးဖြစ်မည့် လမ်းကြောင်းကို ရွေးချယ်ကြလျက် သင့်တော်သည်ဟု သူတို့တင်သည့်အတိုင်း လုပ်ဆောင်ကြသည်။” ထို့ကြောင့် ဘုရားသခင်မှ “ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မကျဆင်းနိုင်မည်နည်း” ဟုပြောသည့်အခါ ကောင်းကင်သည် တစ်ခဏချင်းအတွင်း ဖိနှိပ်လျက် အောက်သို့ဆင်းလာ၏။ ယင်းမှာ လူသားမျိုးနွယ်၏အဆုံးကို နိမိတ်ဆိုးပြသည့် မကောင်းသောနိမိတ်တစ်ရပ်ရှိသကဲ့သို့ ခံစားရ၏။... ဤနေရာရှိ ပရောဖက်ပြုထားသည့် အမျိုးမျိုးသော မကောင်းသောနိမိတ်လက္ခဏာများသည် အတိအကျအားဖြင့် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဖြစ်နေသည့်အရာဖြစ်ပြီး မြေကြီးပေါ်ရှိ မည်သူမျှ လွတ်မြောက်နိုင်စွမ်းမရှိပေ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ပရောဖက်ပြုထားသည့်အရာဖြစ်၏။ ယနေ့ လူတို့၏အတိတ်နိမိတ်များတွင် ၎င်းတို့သည် အချိန်မှာ တိုတောင်းသည်ဟု ခံစားရပြီး ဘေးဒုက္ခကျရောက်တော့မည်ဟု ခံစားနေပုံရ၏၊ သို့ရာတွင် ၎င်းတို့၌ လွတ်မြောက်ရန်နည်းလမ်း မရှိပေ၊ ထို့ကြောင့် ၎င်းတို့တွင် မျှော်လင့်ချက်မရှိပေ။ ဘုရားသခင်က “ငါ့နိုင်ငံတော်၏ ‘အတွင်းခန်း’ ကို နေ့စဉ်နှင့်အမျှ ငါတန်ဆာဆင်နေစဉ်၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ၏ ‘အလုပ်ခန်း’ ထဲသို့ ငါ၏အလုပ်ကို ပျက်ပြားစေရန် ရုတ်ခြည်းတိုး၍ မဝင်လာခဲ့စဖူး” ဟုပြော၏။ အကယ်စင်စစ် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်သည် လူတို့အား ဘုရားသခင်ကို သူ၏နှုတ်ကပတ်တော်များ၌ သိစေခြင်းတွင်သာ ရှိသည်မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အမှုနောက်တစ်ပိုင်းကို အစေခံရန် စကြဝဠာတစ်ခွင် ဖွံ့ဖြိုးတိုးတက်မှုမျိုးအားလုံးကို နေ့စဉ် စီမံနေသည်ကို ၎င်းတို့မှ အားလုံးထက်ပို၍ ညွှန်ပြသည်။ သူသည် “မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ၏ ‘အလုပ်ခန်း’ ထဲသို့ ငါ၏အလုပ်ကို ပျက်ပြားစေရန် ရုတ်ခြည်းတိုး၍ မဝင်လာခဲ့စဖူး” ဟုပြောရခြင်းအကြောင်းရင်းမှာ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၌ လုပ်ကိုင်၍၊ လူတို့သည် သူ၏အမှု၌ ပါဝင်လိုနိုင်သော်လည်း ပါဝင်နိုင်စွမ်းမရှိကြပေ။ စကြဝဠာတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို သင်စီမံနိုင်သလောဟု ငါမေးလို၏။ မြေကြီးပေါ်ရှိလူတို့အား ၎င်းတို့၏ဘိုးဘေးများကို အာခံစေရန် သင်ပြုလုပ်နိုင်သလော။ စကြဝဠာတစ်ခွင်လုံးရှိလူတို့အား ဘုရားသခင်၏အလိုတော်ကို အစေခံရန် သင်ကိုင်တွယ်ထိန်းသိမ်းနိုင်သလော။ သင်သည် စာတန်အား ထိန်းမနိုင်သိမ်းမရ ဖြစ်စေနိုင်သလော။ သင်သည် လူတို့အား လောကသည် ပျက်စီးယိုယွင်းလျက် လူနေကင်းမဲ့နေသည်ဟု ထင်စေနိုင်သလော။ လူတို့သည် ဤကဲ့သို့သောအရာများကို တတ်နိုင်စွမ်းမရှိပေ။ အတိတ်က စာတန်၏ “ကျွမ်းကျင်မှုများ” ကို အပြည့်အဝ အသုံးမပြုရသေးမီ စာတန်သည် ဘုရားသခင်၏အမှုအဆင့်တိုင်းတွင် အစဉ်ဝင်ရောက်နှောင့်ယှက်သည်၊ ဤအဆင့်တွင် စာတန်သည် လှည့်ကွက်များ ကုန်ခမ်းသွားခဲ့ပြီဖြစ်၏၊ ထို့ကြောင့် ဘုရားသခင်သည် စာတန်၏စရိုက်မှန်ကို လူတို့သိနိုင်ရန် ၎င်း၏စရိုက်မှန်ကို ပြခွင့်ပြု၏။ ဤသည်မှာ “မည်သူမျှ ငါ၏အမှုကို မနှောင့်ယှက်ဖူးသေးပေ” ဟူသော နှုတ်ကပတ်တော်များ၏ အမှန်တရားဖြစ်၏။

နေ့စဉ် အသင်းတော်၏လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို ဖတ်ကြ၏၊ နေ့စဉ် ၎င်းတို့ကို “ခွဲစိတ်စားပွဲ” ပေါ်၌ ခွဲခြမ်းစိတ်ဖြာဆန်းစစ်သည်။ ဥပမာ “၎င်းတို့၏ ရာထူးဆုံးရှုံးမှု၊” “ထုတ်ပယ်ခြင်းခံရမှု၊” “ထိုသူတို့၏ ကြောက်ရွံ့ခြင်းများ ပြေပျောက်သွားပြီး စိတ်တည်ငြိမ်ခြင်းကိုလည်း ပြန်လည်ရရှိလာသည်၊” “စွန့်ပစ်ခြင်း၊” “ခံစားချက်ကင်းမဲ့ခြင်း” ကဲ့သို့ လှောင်ပြောင်သောစကားများ စသည်တို့သည် ၎င်းတို့အား အရှက်ရခြင်းဖြင့် ကြက်သေသေသွားစေ၏၊ ခေါင်းမှခြေချောင်းသို့၊ အတွင်းမှအပြင်၊ ၎င်းတို့၏ကိုယ်ခန္ဓာတစ်ခုလုံး မည်သည့်အစိတ်အပိုင်းမျှ ဘုရားသခင် သဘောမကျသည့်အလား ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ဘဝများအား အဘယ်ကြောင့် လွန်စွာ ပြောင်တလင်းခါစေသနည်း။ ဘုရားသခင်သည် လူတို့အတွက် အမှုအရာများအား တမင်ခက်ခဲစေနေသလော။ ယင်းမှာ လူတို့အားလုံး၏မျက်နှာများသည် ရွှံ့နှင့်ပေကျံနေလျက် သန့်စင်ပစ်၍မရသည့်အလားဖြစ်၏။ ၎င်းတို့၏ခေါင်းများငုံ့လျက် ၎င်းတို့သည် လူလိမ်များအလား ၎င်းတို့၏အပြစ်များအကြောင်း နေ့စဉ်ပြောပြကြ၏။ လူတို့သည် စာတန်၏ဖျက်ဆီးခြင်းကို ခံရသည်မှာ ၎င်းတို့သည် ၎င်းတို့၏စစ်မှန်သောအခြေအနေကို အပြည့်အဝမသိသည့် အတိုင်းအတာအထိဖြစ်၏။ သို့ရာတွင် ဘုရားသခင်အတွက်မူ၊ စာတန်၏အဆိပ်သည် ၎င်းတို့၏ ရိုးတွင်းခြင်ဆီအထိပင် ကိုယ်ခန္ဓာများ၏ အစိတ်အပိုင်းတိုင်း၌ ရှိနေ၏၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းများသည် လေးနက်လေလေ၊ လူတို့သည် ကြောက်ရွံ့လာလေလေဖြစ်၏။ ထို့ကြောင့် လူတို့အားလုံးသည် စာတန်အားသိနိုင်ပြီး လူသားအထဲ၌ စာတန်ကို တွေ့နိုင်၏၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်အား ၎င်းတို့၏ ပကတိမျက်လုံးများဖြင့် မြင်နိုင်စွမ်းမရှိခဲ့သောကြောင့်ဖြစ်၏။ ထို့အပြင် အားလုံးသည် လက်တွေ့အရှိတရားထဲ ဝင်ရောက်ခဲ့ပြီးဖြစ်သဖြင့် ဘုရားသခင်သည် လူသား၏သဘာဝကို ထုတ်ဖော်၏၊ ဆိုလိုသည်မှာ သူသည် စာတန်၏ပုံရိပ်ကို ထုတ်ဖော်၏၊ ထို့ကြောင့် လူသားအနေဖြင့် စစ်မှန်၍ ထိတွေ့စမ်းသပ်နိုင်သော စာတန်ကို တွေ့ခွင့်ရ၏၊ ယင်းမှာ ၎င်းတို့အား လက်တွေ့ကျသော ဘုရားသခင်အားသိစေရန် သာ၍ကူညီနိုင်၏။ ဘုရားသခင်သည် လူသားအား သူ့ကို ဇာတိ၌သိခွင့်ပြုပြီး စာတန်အား ပုံဖော်ပေးသောကြောင့် လူသားအား စစ်မှန်၍ ထိတွေ့စမ်းသပ်နိုင်သော စာတန်ကို လူတို့အားလုံး၏ ဇာတိ၌သိခွင့်ပေး၏။ ဤအခြေအနေအမျိုးမျိုးသည် စာတန်၏လုပ်ဆောင်ချက်များ၏ သရုပ်သကန်ဖြစ်၏။ ထို့ကြောင့် ဇာတိပကတိဖြစ်သောသူတို့သည် စာတန်ပုံရိပ်၏ ပြယုဂ်ဟုပြောလျှင် မှန်ပေမည်။ ဘုရားသခင်သည် သူ၏ရန်သူများနှင့် သဟဇာတမဖြစ်သောကြောင့်၊ ၎င်းတို့သည် အချင်းချင်း ရန်လိုသောကြောင့်နှင့် အင်အားနှစ်ရပ်ရှိသောကြောင့်၊ နတ်ဆိုးတို့သည် နတ်ဆိုးများဖြစ်၍၊ ဘုရားသခင်သည် ဘုရားဖြစ်၏၊ ၎င်းတို့သည် မီးနှင့်ရေကဲ့သို့ သဟဇာတမဖြစ်ဘဲ ကောင်းကင်နှင့် မြေကြီးကဲ့သို့ အစဉ်ကွဲကွာနေကြ၏။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့စဉ်က လူတစ်မျိုးသည် ကောင်းကင်တမန်များ၏ ဝိညာဉ်များဖြစ်ကြ၏၊ တစ်မျိုးတွင် ဝိညာဉ်မရှိပေ၊ ထို့ကြောင့် ၎င်းတို့သည် နတ်ဆိုးတို့၏ဝိညာဉ်များ၏ ပူးခြင်းခံရသဖြင့် ၎င်းတို့ကို နတ်ဆိုးများဟုခေါ်၏။ အဆုံး၌ ကောင်းကင်တမန်များသည် ကောင်းကင်တမန်များဖြစ်၍ နတ်ဆိုးများသည် နတ်ဆိုးများဖြစ်ကြကာ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်၏။ ဤသည်မှာ တစ်ဦးချင်း အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရခြင်း၏အဓိပ္ပာယ် ဖြစ်သောကြောင့် ကောင်းကင်တမန်တို့ မြေကြီးပေါ်တွင် အုပ်စိုး၍ ကောင်းချီးမင်္ဂလာတို့ကို ခံစားသည့်အခါ ဘုရားသခင်သည် သူ၏ကျိန်းဝပ်ရာအရပ်သို့ ပြန်သွား၍ ဘုရားသခင်၏ရန်သူများဖြစ်သည့် ကျန်သူများသည် ပြာအဖြစ်ပြောင်းလဲခြင်း ခံကြရ၏။ အကယ်စင်စစ် အပြင်ပန်းအားဖြင့် လူတို့အားလုံးသည် ဘုရားသခင်ကို ချစ်ကြ၏၊ သို့သော် ၎င်း၏အရင်းအမြစ်မှာ ၎င်းတို့၏ အနှစ်သာရတွင်ရှိ၏၊ ကောင်းကင်တမန်တို့၏ သဘာဝရှိသောသူတို့သည် ဘုရားသခင်၏လက်မှ လွတ်မြောက်၍ အနက်ဆုံးသောတွင်းထဲသို့ မည်သို့ကျနိုင်သနည်း။ ထို့အပြင် နတ်ဆိုးတို့၏သဘာဝရှိသောသူတို့သည် ဘုရားသခင်အား တစ်ချိန်ချိန်တွင် စစ်မှန်စွာ မည်သို့ချစ်နိုင်မည်နည်း။ အနှစ်သာရအားဖြင့် ဤလူတို့သည် ဘုရားသခင်အား စစ်မှန်စွာမချစ်ပေ၊ ထို့ကြောင့် ထိုသူတို့သည် နိုင်ငံတော်ကို ဝင်ရောက်ရန်အခွင့်အရေး တစ်ချိန်ချိန်တွင် မည်သို့ရနိုင်မည်နည်း။ လောကကို ဖန်ဆင်းချိန်ကတည်းက ဘုရားသခင်မှ အရာအားလုံးကို စီမံခဲ့ခြင်းဖြစ်၏။ “မိုးနှင့်လေအကြားတွင် ငါသည် ရှေ့သို့ချီလျက် လူသားအကြားတွင် တစ်နှစ်ပြီးတစ်နှစ် နေလာခဲ့ပြီး၊ ထိုသို့အားဖြင့် လက်ရှိခေတ် ရောက်လာခဲ့သည်။ ဤအရာများသည် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များပင် မဟုတ်ပေလော။ မည်သူသည် ငါ၏အစီအစဉ်ထဲသို့ ထပ်၍ဖြည့်ဖူးသနည်း။ မည်သူသည် ငါ့အစီအစဉ်၏ အဆင့်များမှ ချိုးဖောက် လွန်မြောက်နိုင်သနည်း” ဟူ၍ ဘုရားသခင်ပြောသည့်အတိုင်းဖြစ်၏။ လူ့ဇာတိခံယူပြီးသောအခါ ဘုရားသခင်သည် လူသား၏ဘဝကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး ဤသည်မှာ လက်တွေ့ကျသောဘုရားသခင်၏ စစ်မှန်သောရှုထောင့်ပင် မဟုတ်ပေလော။ လူသား၏ အားနည်းချက်ကြောင့် ဘုရားသခင်သည် လူသားထံမှ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိပေ၊ ယင်းအစား ဘုရားသခင်သည် သမ္မာတရားကို လူသားအား အားလုံးလှစ်ဟပြ၏။ “ငါသည် လူသားအကြားတွင် တစ်နှစ်ပြီးတစ်နှစ် နေလာခဲ့သည်” ဟူ၍ ဘုရားသခင်ပြောသည့်အတိုင်းဖြစ်၏။ ဘုရားသခင်သည် လူ့ဇာတိခံဘုရားဖြစ်သောကြောင့် သူသည် မြေကြီးပေါ်တွင် တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်စေခဲ့၏၊ သို့ဖြစ်သောကြောင့် အမျိုးမျိုးသော လုပ်ငန်းစဉ်အားလုံးကို ကြုံရပြီးမှသာ သူ့အား လူ့ဇာတိခံယူပြီးသွားပြီဟု ယူဆနိုင်၏၊ ၎င်းနောက်မှသာ သူသည် လူ့ဇာတိအတွင်း၌ ဘုရားသဘောသဘာဝတွင် အမှုတော်ဆောင်ရွက်နိုင်သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်မှုအားလုံးကို ထုတ်ဖော်ပြီးနောက်မှသာ သူသည် သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲလိမ့်မည်။ ဤသည်မှာ “သဘာဝလွန်မဟုတ်ခြင်း” ၏ ရှင်းပြချက်အခြားတစ်ရပ်ဖြစ်ကာ ဘုရားသခင်မှ တိုက်ရိုက် ညွှန်ကြားချက်ဖြစ်၏။

လူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တစ်ခုစီတိုင်းနှင့်ဆိုင်သည့် စမ်းသပ်ချက်ကို ဝတ်ကျေတမ်းကျေပြုခြင်းမရှိဘဲ အောင်မြင်ရမည်၊ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်၏။

ယခင်က:အခန်း ၂၁

နောက်တစ်ခုသို့:အခန်း ၂၄ နှင့် ၂၅

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ