၇၄ အို ကျွန်ုပ်၏ချစ်သောအရှင်၊ ကျွန်ုပ်ကိုယ်တော်ကို ရှာနေ၏
၁
ကျွန်ုပ်ချစ်သော အရှင်၊ ကိုယ်တော်ဘယ်မှာလဲ
ကိုယ်တော့်ကို ဘယ်လို လွမ်းဆွတ်နေတာသိလား။
ခက်ခဲသောနေ့များ၊ အလင်းမဲ့ နာကျင်မှုနှင့် ပြည့်၊
မှောင်မိုက်ထဲမှာ ကိုယ်တော့်ကို ကျွန်ုပ်ရှာ။
ကျွန်ုပ်စိတ်မပျက်ပါ၊ မျှော်လင့်ချက် မပျောက်ဆုံး ပါ။
ဒါပေမဲ့ ကိုယ်တော့်ကို ပိုလေးနက်စွာ ရှာဖွေ။
ကိုယ်တော့် မျက်နှာတော် ကျွန်ုပ်မြင်နိုင်ချိန်၊
ကိုယ်တော် ဒီမှာရှိမှာကို ဆန္ဒပြင်းစွာစောင့်နေ။
ကျွန်ုပ် ချစ်သော၊ အလှပဆုံး ဘုရားသခင်၊
အလွန်တောက် ပသော လမင်း ကဲ့သို့ပင် ဘုရား၊ ကျွန်ုပ် ချစ်သောသူ၊
ကျွန်ုပ်နှလုံးသားကို ဆွဲဆောင်သူ။ ကိုယ်တော်မှတစ်ပါး ကျွန်ုပ် ချစ်စရာမရှိ။
ကိုယ်တော် ကျွန်ုပ် နှလုံးသားကို ပိုင်ဆိုင်။
၂
ကျွန်ုပ် နှလုံးသားတံခါး ကို ခေါက်လျက်၊
ကျွန်ုပ်ခေါ်သည့်အသံ ကိုယ်တော်ကြားရပြီ။
ကိုယ်တော့်အသံ ကျွန်ုပ်ကြားပြီး တံခါးကိုဖွင့်ကာ၊
ကိုယ်တော့်ပြန်လာခြင်းကို ကျွန်ုပ်ကြိုဆို။
နှစ်ပေါင်းများစွာ ကျွန်ုပ်မျှော်လင့်တဲ့ အရာဖြစ်လာခဲ့ပြီ၊
မျက်ရည်များ ဝမ်းမြောက်ခြင်းနှင့် ရောနှော။
ကိုယ်တော် သည် လူတို့ဆီ သမ္မာတရားကို ယူဆောင်လာ၊
စစ်မှန်သောအလင်း ထွန်းပေါ်တာကို ကျွန်ုပ်မြင်ပြီ။
ကျွန်ုပ် ချစ်သော၊ အလှပဆုံး ဘုရားသခင်၊
အလွန်တောက် ပသော လမင်း ကဲ့သို့ပင် ဘုရား၊ ကျွန်ုပ် ချစ်သောသူ၊
ကျွန်ုပ်နှလုံးသားကို ဆွဲဆောင်သူ။ ကိုယ်တော်မှတစ်ပါး ကျွန်ုပ် ချစ်စရာမရှိ။
ကိုယ်တော် ကျွန်ုပ် နှလုံးသားကို ပိုင်ဆိုင်။
၃
ကိုယ်တော့်မိသားစု အထဲ၌ ကျွန်ုပ်နေထိုင်ကာ၊
သိုးသူငယ်၏ စားပွဲသို့ တက်ရောက်တယ်။
ကိုယ်တော့်နှုတ်ကပတ်တော်၌ နေ့စဉ်ကျွန်ုပ်မွေ့လျော်ကာ၊
ကျွန်ုပ်နှလုံးသား အတိုင်းမသိ ဝမ်းမြောက်နေ။
ကျွန်ုပ်လက်ကိုတွဲ၍ ကိုယ်တော်ဦးဆောင်ပါ။
ကိုယ်တော့်နောက်မှ ပြေးလိုက်ဖို့ မြဲမြဲတွဲပါ။
ကိုယ်တော်ရဲ့ ရင်းနှီးသူဖြစ်ရန်၊ အမြဲအတူရှိနေရန်၊
ကျွန်ုပ်လိုလား တောင့် တ တယ်။
ကျွန်ုပ် ချစ်သော၊ အလှပဆုံး ဘုရားသခင်၊
အလွန်တောက် ပသော လမင်း ကဲ့သို့ပင် ဘုရား၊ ကျွန်ုပ် ချစ်သောသူ၊
ကျွန်ုပ်နှလုံးသားကို ဆွဲဆောင်သူ။ ကိုယ်တော်မှတစ်ပါး ကျွန်ုပ် ချစ်စရာမရှိ။
ကိုယ်တော် ကျွန်ုပ် နှလုံးသားကို ပိုင်ဆိုင်။ ကိုယ်တော် ကျွန်ုပ် နှလုံးသားကို ပိုင်ဆိုင်။
၎
ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့်
ကိုယ်တော့် သန့်ရှင်းမှုနှင့် ဖြောင့်မတ်မှုကို ကျွန်ုပ်တွေ့မြင်
နှုတ်ကပတ်တော်ဟာ ကျွန်ုပ်ကိုသန့် ရှင်းစေပြီး
ကျွန်ုပ်ကို ပြန်လည်မွေးဖွား စေတယ်။
ဘဝတည်ဆောက်ရန် ကိုယ်တော် သမ္မာတရားကိုပေး။
ကိုယ်တော့်စစ်မှန် တဲ့မေတ္တာတွင် ကျွန်ုပ်မွေ့လျော်ပြီ။
ကိုယ်တော့်ကို ချစ်မည်၊ ကိုယ်တော့် အစေခံမည်။
ကျွန်ုပ်နှလုံးသား ကိုယ်တော်နှင့် အမြဲနီးနေ။
ကျွန်ုပ် ချစ်သော၊ အလှပဆုံး ဘုရားသခင်၊
အလွန်တောက် ပသော လမင်း ကဲ့သို့ပင် ဘုရား၊ ကျွန်ုပ် ချစ်သောသူ၊
ကျွန်ုပ်နှလုံးသားကို ဆွဲဆောင်သူ။ ကိုယ်တော်မှတစ်ပါး ကျွန်ုပ် ချစ်စရာမရှိ။
ကိုယ်တော် ကျွန်ုပ် နှလုံးသားကို ပိုင်ဆိုင်။
အို ကိုယ်တော် ကျွန်ုပ် နှလုံးသားကို ပိုင်ဆိုင်။