ဘုရား၏ကယ်တင်ခြင်း၌ ကျွန်ုပ်တို့ဝမ်းမြောက်
၁
သမ္မာတရား လိုက်လျှောက်ရန် ကိုယ့်ကိုကိုယ် နှိုးဆော်
စိတ်ပျက်ခြင်း ကျွန်ုပ်တို့ချန်ရစ်။
ကျွန်ုပ်တို့ရဲ့အသံ သီချင်းထဲမှာ ပဲ့တင်ထပ်
စည်းချက်ကိုလိုက်ကာ ကျွန်ုပ်တို့ စိတ်ကိုဖွင့်ထား
ကျွန်ုပ်တို့လက်ချင်းတွဲလျက် ရင်းနှီးပွင့်လင်း
ကိုယ်တော့်ကို ကျွနု်ပ်တို ့၏ ဝမ်းမြောက်ခြင်းကိုမြင်တွေ ့စေချင်။
ပူဆွေးမှုကို နောက်ထပ် မခံစားစေချင်ဘူး။
ရိုးသားတဲ့ ပွေ့ဖက်ခြင်းနှင့်အတူ ကျွန်ုပ်တို့လက်မြှောက်ကာ ကခုန်
ကခုန် သီဆို၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်။
ကိုယ်တော်၏ကယ်တင်ခြင်းရရှိ၍ ကျွန်ုပ်တို့ နှလုံးသားကို ပေးအပ်
ကိုယ်တော့်ကို အသံကုန်ချီးမွမ်းကာ ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်
၂
ဘယ်အရာက ကျွန်ုပ်တို့နှလုံးသားကို ပြောင်းလဲစေသလဲ
ကိုယ်တော်၏ စစ်ကြော စင်ကြယ်စေခြင်းက
ကျွန်ုပ်တို့မျက်ရည်ကျစေကာ ကျွန်ုပ်တို့နှလုံးသားကို ပြောင်းလဲစေ
မျှော် လင့်ခြင်းအား ကျွန်ုပ်တို့ ကြိုဆို
ကိုယ်တော့်အတွက် အသက်ရှင်ရန်၊ ကိုယ်တော်ကို ချစ်ရန် ကြိုးစား
ကျွန်ုပ်တို့၏ ဝမ်းနည်းခြင်း လျော့ပါး
ကိုယ်တော်သည် ကရုဏာတော်နှင့်ပြည့် ချစ်ခြင်းမျိုးစေ့ကို ကြဲ
လူသည် မြေမှုန့်နှင့်ရွှ့ံ့မှ လှပသော အသီးဖြစ်လာသည်။
ဆိုးယုတ်တဲ့လူသား မျက်နှာသာရ။ ကယ်တင်ခြင်းရရှိလို့ ကျွန်ုပ်တို့ဝမ်းမြောက်။
ကခုန် သီဆို ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်။
ကိုယ်တော်၏ကယ်တင်ခြင်းရရှိ၍ ကျွန်ုပ်တို့ နှလုံးသားကို ပေးအပ်
ကိုယ်တော့်ကို အသံကုန်ချီးမွမ်းကာ ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်
၃
အို၊ အနန္တတန်ခိုးရှင်ဘုရား၊ ကျွန်ုပ်တို့ကို အလွန်ချစ်ပါတကား
စုံစမ်းခြင်းများသည် နာကျင်မှုကို ဖြစ်စေလည်း
ကိုယ်တော့်မေတ္တာအတွက် ကိုယ်တော့်ကို အဆုံးတိုင် လိုက်မည်။
နောက်ဆုံးထွက်သက်ထိ ကိုယ်တော့်အတွက် ဆက်ကပ်မည်။
သမ္မာတရားကို ကျွန်ုပ်တို့ကျင့်သုံးကာ သစ္စာရှိစွာ နာခံပါသည်။
ကိုယ်တော်အတွက်ပဲ ကျွန်ုပ်တို့ အသက်ရှင်။
ကျွန်ုပ်တို့အတွက် ကိုယ်တော့်ကို စိတ်မပူစေချင်ပါ။
ကိုယ်တော်အတွက်သာ ဝမ်းမြောက်ဖွယ် သီချင်းများကို ကျွန်ုပ်တို့သီဆိုရင်း ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်
ကခုန် သီဆို ၊ ဝမ်းမြောက်ခြင်းနှင့်ပြည့်။
ကိုယ်တော်၏ကယ်တင်ခြင်းရရှိ၍ ကျွန်ုပ်တို့ နှလုံးသားကို ပေးအပ်
ကိုယ်တော့်ကို အသံကုန်ချီးမွမ်းကာ ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်
ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်
ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်။ ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်
ဝမ်းမြောက်စွာ ကျွန်ုပ်တို့ကခုန်။ ဝမ်းမြောက်စွာ