၈၈။ သူတစ်ပါးက သာလွန်သွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် စိုးရွံ့သနည်း
၂၀၁၉ ဇွန်လမှာ ဘုရားရဲ့ အမှုတော်သစ်ကို ကျွန်မ လက်ခံခဲ့ပြီး၊ လူသစ်တွေကို စရေလောင်းခဲ့တယ်။ တချို့ လူသစ်တွေက အကူအညီရတော့ အရမ်းကျေးဇူးတင်ကြတယ်။ ဒီတော့ ကျွန်မ အရမ်းဂုဏ်ယူမိသလို ဒီတာဝန်အတွက် အရမ်းသင့်တော်တယ်လို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ လူသစ်တစ်ယောက်ကို တာဝန်ယူပြီး၊ အစမှာ သူ့ကို ကျွန်မ ဝီရိယရှိရှိနဲ့ ရေလောင်းပေးခဲ့ပေမဲ့၊ နောက်ပိုင်းမှာ၊ ကိစ္စတွေကို သူ ကောင်းကောင်း နားလည်ပြီး အရမ်းကို မြန်မြန် တိုးတက်တာ သိရတယ်။ စုဝေးပွဲတိုင်းမှာ သူဝေမျှတဲ့ သိနားလည်မှုက ကောင်းတယ်လို့ ခံစားရတယ်။ သူ ကျွန်မကို အမြန် ကျော်တက်မှာပဲလို့ ခံစားရသလို၊ အဲဒီလိုဖြစ်တဲ့အခါ၊ ခေါင်းဆောင်က လူတိုင်းကို ရေလောင်းခိုင်းမှာဖြစ်ပြီး ကျွန်မကို လိုတော့မှာ မဟုတ်ဘူးလို့ ခံစားရတယ်။ စိတ်ထဲမှာ ဒီအတွေးနဲ့ သူ့ကို ကောင်းကောင်း ရေမလောင်းပေးချင်ခဲ့ဘူး၊ ဒါကြောင့် သူနဲ့ အပေါ်ယံ ကိစ္စနည်းနည်းပဲ ဆွေးနွေးပေးခဲ့တယ်။ တစ်ခါ၊ ခေါင်းဆောင်က ဒီလူသစ်အကြောင်း ကျွန်မကို မေးတယ်၊ “အခု ကျွန်မတို့မှာ ရေလောင်းဝန်ထမ်း လိုတယ်။ ပျိုးထောင်ပေးဖို့ သူက သင့်တော်လား”တဲ့။ သူ့ကို ကျွန်မ လုံးဝ ပျိုးမထောင်ပေးချင်ဘူး၊ ဘာလို့လဲဆိုတော့ သူက ကိစ္စတွေကို ကောင်းကောင်း နားလည်လို့ဖြစ်ပြီး၊ နောင်မှာ ခေါင်းဆောင်ဖြစ်လာပြီး ကျွန်မထက်သာမှာ ကြောက်ခဲ့တယ်။ ဒီတော့ ခေါင်းဆောင်ကို ပြောလိုက်တယ်၊ “ကျွန်မ ချင့်ချိန်နိုင်စွမ်း မရှိဘူး။ အစ်မ တခြားနေရာမှာ ထပ်စစ်ဆေးကြည့်လို့ ရမယ်ထင်တယ်”လို့ပေါ့။ ခေါင်းဆောင်က သူနဲ့ သွားစကားပြောတာ ကြားတော့ ကျွန်မ အရမ်းမနာလိုဖြစ်ပြီး ကြောက်မိသလို၊ “သူ ပျိုးထောင်ခံရပြီး ရာထူးတိုးခံရမယ်၊ ဒါမှမဟုတ် ငါ့နေရာတောင် ဝင်ယူသွားမယ် ထင်တယ်” လို့ မကြာခဏလည်း တွေးမိတယ်။ နောက်ပိုင်းမှာ၊ အသင်းတော်က ကွဲသွားပြီး၊ တခြားအသင်းတော်ကို သူ ရောက်သွားတယ်။ လအနည်းငယ်အကြာမှာ၊ သူက အသင်းတော် ခေါင်းဆောင် ဖြစ်လာမှန်း သိလိုက်ရတယ်။ သူ့ရဲ့ တိုးတက်မှု မြန်ဆန်တာကို ကျွန်မ အံ့ဩသွားတယ်။ သူ့ကို ဂုဏ်ပြုလိုက်ပြီး သူ့အတွက် ဝမ်းသာတယ်လို့ ပြောပေမဲ့၊ စိတ်ထဲမှာတော့ သူ့ကို မနာလိုဖြစ်နေခဲ့တာ။ ငါ ရေလောင်းဝန်ထမ်း ဖြစ်နေတုန်းမှာ သူ ဘာလို့ မြန်မြန်ဆန်ဆန် ခေါင်းဆောင် ဖြစ်လာတာလဲပေါ့။ အရမ်း မကျေမနပ်ဖြစ်မိလို့၊ ကိုယ်ရေလောင်းတဲ့ လူသစ်တွေကို လိုက်ကြည့်ဖို့ ကြိုးစားပြီး စလုပ်ခဲ့တယ်၊ ကျွန်မလည်း အသင်းတော် ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တယ်လို့ ခေါင်းဆောင်ကို သက်သေပြချင်လို့လေ။
နောက်ပိုင်းမှာ ကျွန်မလည်း အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်၊ ဒါပေမဲ့ကိုယ့်ထက်တော်တဲ့သူတစ်ယောက်တွေ့ရင် မနာလိုဖြစ်တုန်းပဲ။ တစ်ခါ၊ လူသစ်တွေကို ဘယ်လိုပံ့ပိုးပြီး ကူညီရမယ်ဆိုတာကို ခေါင်းဆောင်တွေ၊ သင်းထောက်တွေနဲ့ ဆွေးနွေးခဲ့ပြီး၊ ဧဝံဂေလိ သင်းထောက်က သူ့အတွေးကို ပြောတယ်။ သူ့အကြံတွေ ကောင်းတယ်လို့ အထက်ခေါင်းဆောင်နဲ့ အဖွဲ့ခေါင်းဆောင်တွေက ပြောကြတယ်။ ဧဝံဂေလိသင်းထောက်ရဲ့ အကြံတွေအတိုင်း လူသစ်တွေကို ကျွန်မတို့ ပံ့ပိုး၊ ရေလောင်းဖို့ ကြိုးစားကြတယ်။ တကယ်တော့၊ အဲဒီအကြံတွေက သိပ်ထိရောက်ခဲ့တယ်။ လူသစ်တွေက စုဝေးပွဲတွေကို လာပြီး တာဝန်တွေ ယူကြတယ်။ ဧဝံဂေလိ သင်းထောက်ကလည်း ဧဝံဂေလိကို ထိထိရောက်ရောက် ဟောတယ်။ ဒါကြောင့် ကျွန်မ မနာလိုဖြစ်မိတယ်။ ကျွန်မ တွေးတယ်၊ “ဧဝံဂေလိ သင်းထောက်ဟောတာ ငါ့ထက် ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ပြီး ပိုသင်ယူရမယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ သူ့တာဝန်ကို နှစ်ဘယ်လောက် လုပ်ခဲ့ပြီလဲလို့ ဧဝံဂေလိ သင်းထောက်ကို ကျွန်မ မေးတော့၊ သူက “ခြောက်လရှိပြီ”တဲ့။ ကျွန်မ အရမ်းအံ့ဩသွားတယ်။ ခြောက်လပဲရှိသေးတာလားပေါ့။ ကျွန်မ ရှက်သွားတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ပြီးခဲ့တဲ့ နှစ်နှစ်က လက်ခံခဲ့တာလေ၊ အဖွဲ့ထဲမှာ အကြာဆုံးပဲ။ ဒါပေမဲ့ စိတ်ကူးမရှိတဲ့ အစပြုခါစ လူတစ်ယောက်လိုပဲဖြစ်နေတာ။ အဲဒီနောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် သူနဲ့ အမြဲ နှိုင်းနေမိခဲ့တယ်။ သူက ကျွမ်းကျင်တဲ့ အမှုဆောင်ဖြစ်ပြီး အလုပ်ကို လိုက်လုပ်ဖို့ နည်းစနစ်နဲ့ နည်းလမ်းကောင်း အမြဲ ရှိတာကို မြင်တော့ ပိုလို့တောင် မနာလိုဖြစ်သွားတယ်။ ကျွန်မ တွေးမိတယ်၊ “အလုပ်ကိစ္စ ဆွေးနွေးနေတုန်း သူ့မှာ စိတ်ကူးကောင်းတွေ အမြဲရှိရင်၊ သူ့ရဲ့အစွမ်းအစ ကောင်းတာကို အထက် ခေါင်းဆောင်က မြင်ပြီး ခေါင်းဆောင်ဖြစ်ဖို့ သူ့ကို လေ့ကျင့်ပေးမှာပဲ။ အဲဒါက ငါ့နေရာကို သူ ယူမဲ့သဘော မဟုတ်လား”ပေါ့။ တစ်ခါ၊ ဧဝံဂေလိ သင်းထောက်က တခြားအလုပ်နဲ့ အလုပ်များလို့ အစည်းအဝေးကို မလာဘူး။ နောက်ပိုင်းမှာ၊ အစည်းအဝေးမှာ ဘာ သင်သင်ယူခဲ့ကြလဲလို့ ကျွန်မကို မေးတယ်။ သူ့ကို တကယ် ကျွန်မ မပြောပြချင်ခဲ့ဘူး၊ ဒါကြောင့် မေ့သွားပြီလို့ပဲ ပြောလိုက်တယ်။ နောက်ပိုင်းမှာ၊ အထက်ခေါင်းဆောင်က သူနဲ့ မကြာခဏ မိတ်သဟာယပြုသလို ကျွန်မနဲ့ ပြုခဲတာ မြင်ရလို့ ကျွန်မ အရမ်း ဒေါသထွက်မိတယ်။ ကျွန်မ တွေးမိတယ်။ “ရှင် ကျွန်မကို စကားမပြောရင် ကျွန်မလည်း တာဝန်ကို မလုပ်ဘူး”လို့ပေါ့။ အဲဒီတုန်းက ကျွန်မ လိုချင်သမျှက တခြားလူတွေ အထင်ကြီးနိုင်တဲ့ တာဝန်တစ်ခုကို ပြောင်းဖို့ပဲ။ ဧဝံဂေလိကို ထိထိရောက်ရောက် ဟောနိုင်ရင်၊ ညီအစ်ကို မောင်နှမတွေက ကျွန်မကို အထင်ကြီးကြမှာပဲလို့ တွေးမိတယ်၊ ဒါကြောင့် ဧဝံဂေလိ စဟောခဲ့ပြီး လူသစ်တွေ ရေလောင်းပေးတဲ့ အလုပ်ကို ဘေးဖယ်ထားလိုက်တယ်။ အထက်ခေါင်းဆောင်က လူသစ်တွေရဲ့ အခက်အခဲကို မြန်မြန် နားလည်ပြီး ဖြေရှင်းပေးဖို့ သတိပေးတယ်၊ ကျွန်မ ပြန်ပြောလိုက်တယ်၊ “ဒါပေါ့၊ မကြာခင် ကျွန်မ သွားကြည့်လိုက်ပါ့မယ်” လို့ပေါ့။ ဒါပေမဲ့ ဧဝံဂေလိ ဟောတာကိုပဲ ကျွန်မ ဂရုစိုက်ခဲ့ပြီး သူတို့ကို လုံးဝ သွားမကြည့်ခဲ့ဘူး။ အဲဒီကာလအတောအတွင်းမှာ၊ လူသစ်တွေရဲ့ ပြဿနာတွေက အချိန်မီ ပြေလည်မသွားခဲ့သလို၊ စုဝေးပွဲတွေက ပုံမမှန် ဖြစ်လာခဲ့တယ်။ မကြာခင်မှာ၊ လူသစ်တွေ ဘာလို့ မလာရလဲဆိုတာနဲ့ ကျွန်မမှာ အခက်အခဲတစ်ခုခုရှိလားလို့ မေးတဲ့ စာတစ်စောင် ကျွန်မကို အထက်ခေါင်းဆောင်က ပို့တယ်။ ကိုယ့်အခြေအနေနဲ့ ပတ်သက်လို့ ခေါင်းဆောင်ကို ကျွန်မ ပြောပြလိုက်တယ်။ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယပြုတယ်၊ “ညီမက ခေါင်းဆောင်ဖြစ်ပြီး အသင်းတော် အလုပ်အားလုံးအတွက် တာဝန်ရှိတာလေ။ အထူးသဖြင့် လူသစ်တွေကို ရေလောင်းပေးတာ အရမ်း အရေးကြီးတယ်။ ကိစ္စတွေကို ဝတ်ကျေတမ်းကျေ၊ ဖြစ်သလို လုပ်လို့မရဘူးလေ”တဲ့။ ခေါင်းဆောင် ပြောတာ ကြားတော့ ကျွန်မ ငိုမိတယ်။ သူ့စကားတွေက အရမ်းကြမ်းတယ်လို့ ခံစားရတယ်။ ဧဝံဂေလိ ဟောဖို့ ကျွန်မရဲ့ အားထုတ်မှုတွေကို သူ လုံးဝ သတိမထားမိခဲ့တာပဲ။
နောက်ပိုင်းမှာ၊ ကိုယ့်တာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို စတွေးမိတယ်။ အချိန်အကြာကြီး၊ လူသစ်တွေ ကျွန်မထက် တော်သွားမှာ စိုးရိမ်နေခဲ့ပြီး၊ ကျွန်မထက် သာခွင့်မပေးချင်ခဲ့ဘူး။ ကိုယ့်ရာထူးကို ထိမ်းသိန်းပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှုကို ရဖို့၊ သူတို့ကို ကောင်းကောင်း ရေမလောင်းခဲ့သလို၊ အထူးသဖြင့် အစွမ်းအစကောင်းရှိတဲ့ လူသစ်တွေကို သူတို့တာဝန် လုပ်ဖို့ အားမပေးခဲ့ဘူး။ ကိုယ့်တာဝန်ကို ကျွန်မ လုံးဝ ဖြည့်ဆည်းမနေခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) “ယခုအခါတွင် သင်တို့အားလုံးသည် သင်တို့တာဝန်များကို အချိန်ပြည့် ထမ်းဆောင်သူများဖြစ်သည်။ သင်တို့သည် မိသားစု၊ အိမ်ထောင်၊ သို့မဟုတ် ချမ်းသာကြွယ်ဝမှု၏ ချုပ်ချယ်ခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံရပေ။ သင်တို့သည် ယင်းမှ ထွက်မြောက်ပြီးဖြစ်သည်။ သို့ရာတွင်သင်တို့၏ ခေါင်းထဲတွင် ပြည့်နေသော အယူအဆများ၊ စိတ်ကူးခြင်းများ၊ အသိပညာများ၊ တစ်ကိုယ်ရေ ရည်ရွယ်ချက်နှင့် ဆန္ဒများသည် နဂိုပုံစံကနေ မပြောင်းလဲဘဲ တည်ရှိနေသည်။ ထို့ကြောင့် ဂုဏ်သတင်း၊ အဆင့်အတန်း၊ သို့မဟုတ် ၎င်းတို့ကို ထိတွေ့မှုပေးနိုင်သောအရာပါဝင်သော အရာတစ်ခုခုတွင် ဥပမာအားဖြင့် ဘုရားသခင်၏ အိမ်တော်သည် ပါရမီရှိသူ အမျိုးမျိုးတို့ကို ပြုစုပျိုးထောင်ရန် စီစဉ်သည်ဟု လူတို့က ကြားသည့်အခါ လူတိုင်း၏ စိတ်နှလုံးက ကြိုတင်မျှော်မှန်းကြပြီး သင်တို့တစ်ဦးချင်းစီတိုင်းက မိမိကိုယ်ကိုယ်အတွက် အစဉ်နာမည်တစ်ခုရရှိလိုပြီး အသိအမှတ်ပြုခြင်း ခံရလိုသည်။ လူတိုင်းက အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်လိုကြသည်။ ၎င်းတို့သည် ဤအရာကို ရှက်ကြသည်။ သို့သော် ဤသို့မပြုလုပ်လျှင် ၎င်းတို့က မကျေနပ်ကြချေ။ ၎င်းတို့သည် လူတစ်ယောက်က ထင်ပေါ်သည်ကို မြင်သည့်အခါ မနာလိုမုန်းတီးပြီး မကျေမနပ်ဖြစ်ကြသည်။ ဤသည်မှာ မမျှတဟု ခံစားကြသည်။ ‘အဘယ်ကြောင့် ငါက မထင်ပေါ်နိုင်သနည်း။ အဘယ်ကြောင့် အခြားလူတို့က ဂုဏ်ကျက်သရေကို အမြဲ ရရှိသနည်း။ အဘယ်ကြောင့် ငါ့အလှည့် လုံးဝ မရောက်သနည်း။’ ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့သည် မကျေမချမ်းမှု ခံစားရ ပြီးနောက်တွင် ယင်းကို ၎င်းတို့က ချုပ်တည်းရန် ကြိုးစားသော်လည်းမတတ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး တစ်ခဏမျှ သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် ကြုံရသည့်အခါ၊ ၎င်းတို့သည် ယင်းကို မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ လူတို့သည် ထိုသို့သော အခြေအနေတွေထဲ ကျဆင်းရသောအခါ ၎င်းတို့သည် စာတန်၏ ထောင်ချောက်အတွင်းသို့ ကျဆင်းပြီးဖြစ်သည် မဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို အတိအကျ ထုတ်ဖော်ပြတယ်။ တခြားလူတွေ ကျွန်မထက်တော်၊ ကျွန်မကို ကျော်လွန်တဲ့အခါ မုန်းတယ်။ ကိစ္စတွေကို ကောင်းကောင်း နားလည်ပြီး အစွမ်းအစကောင်းရှိတဲ့ လူသစ်တွေကို ဆုံရတဲ့အခါ သူတို့ ကျွန်မကို ကျော်ပြီး ကျွန်မနေရာယူသွားမှာ ကြောက်တယ်။ ဒါကြောင့် သူတို့ကို ကောင်းကောင်း ရေမလောင်းချင်ခဲ့သလို၊ ခေါင်းဆောင်က သူတို့ကို ပျိုးထောင်ပေးတာ မလိုချင်ခဲ့ဘူး။ အထူးသဖြင့် ဧဝံဂေလိ သင်းထောက်နဲ့ အလုပ်အတူလုပ်တဲ့အခါ၊ သူ့ရဲ့ တရားဟောချက်က ထိရောက်တာ၊ အကြံကောင်းတွေ အမြဲပေးနိုင်ပြီး၊ အထက်ခေါင်းဆောင်က သူ့ဆီ အလုပ်ကိစ္စ သွားဆွေးနွေးတာကို မြင်တဲ့အခါ သူ့ကို မနာလိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သူနဲ့ နှိုင်းကြည့်မိတယ်၊ ခေါင်းဆောင်ကို ဧဝံဂေလိ ဟောရာကတစ်ဆင့် ကျွန်မကို သတိထားမိစေချင်ခဲ့တယ်။ ကျွန်မ တွေးနိုင်သမျှက ကျွန်မကိုယ်ပိုင် အဆင့်အတန်းနဲ့တခြားလူတွေရဲ့ အထင်ကြီးခြင်းပဲ။ ခေါင်းဆောင်အနေနဲ့ ကိုယ့်တာဝန်ကို ကျွန်မ လုံးဝ ဖြည့်ဆည်းမနေခဲ့ဘူး။ အရမ်း ရှက်မိတယ်။ ကျွန်မအတွက် ဘုရားရဲ့ ရည်ရွယ်ချက်က စစ်မှန်တဲ့ လမ်းခရီးမှာ အခြေခံအုတ်မြစ် ခင်းနိုင်အောင်လို့ လူသစ်တွေကို ရေလောင်းပေးဖို့ဖြစ်ပေမဲ့၊ ဘုရားအလိုတော်ကို အရေးမထားခဲ့ဘူး။ ကိုယ့်ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားခဲ့တယ်။ ပြီးတော့ လူသစ်တွေကို ဝီရိယရှိရှိ ရေလောင်းပြီး မပံ့ပိုးခဲ့သလို၊ စုဝေးပွဲတွေကို ပုံမှန် မတက်စေခဲ့ဘူး။ ကျွန်မ မကောင်းမှု လုပ်နေခဲ့တာပဲ။ ကိုယ့်တာဝန်မှာရှိတဲ့ ရည်မှန်းချက်တွေကို ကျွန်မ စသုံးသပ်မိတယ်။ ဘုရားအတွက် ကျွန်မ လုပ်နေတာလား၊ ကိုယ့်ကိုယ်ကျိုးတွေအတွက်လား။ ဘုရားစိတ်ကျေနပ်ဖို့ ကျွန်မ ကြိုးစားပြီး၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို စဉ်းစားရင်၊ ဘုရားအိမ်တော်မှာ သူတို့တာဝန်တွေကို လုပ်ဖို့ ပိုများတဲ့ လူတွေကို ကျွန်မ လေ့ကျင့်ပေးချင်ခဲ့မှာလေ။ ဒါပေမဲ့ အဲဒီလို ကျွန်မ မလုပ်ခဲ့ဘူး။ အဲဒီအစား၊ ပါရမီရှိသူတွေကို မနာလိုဖြစ်ပြီး ဖိနှိပ်ခဲ့တယ်။ ဒီလူတွေကို ခေါင်းဆောင်က သတိထားမိမှာ မဟုတ်ဘူးလို့ မျှော်လင့်ပြီးပေါ့။ ကိုယ့်ရာထူးနဲ့ အကျိုးစီးပွားတွေအတွက်ပဲ ကိုယ့်တာဝန်ကို လုံးလုံးလျားလျား လုပ်ခဲ့မှန်း တွေ့ရတယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။
နောက်ပိုင်းမှာ၊ ညီအစ်မတစ်ယောက်က ကျွန်မအခြေအနေကို သိတော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးတယ်။ “လူအချို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သမ္မာတရားမလိုက်စားပေ။ ၎င်းတို့သည် သွေးသားဆန္ဒနှင့်ဆိုင်သော သာယာမှုများကို အစဉ် ဖက်တွယ်ရင်း၊ မိမိတို့၏တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကိုသာ အမြဲ ဖြည့်ဆည်းရင်း၊ ဇာတိပကတိအားဖြင့်အမြဲ အသက်ရှင်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပါစေ၊ သမ္မာတရား၏လက်တွေ့အရှိတရားကို ၎င်းတို့ မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း၏ အမှတ်အသားဖြစ်၏။ သင်က ‘ကျွန်ုပ်သည် ဘုရားသခင်ကို ခုခံသည့် မည်သည့်အရာကိုမျှ မလုပ်ရသေးပါ၊ ကျွန်ုပ်သည် ဘုရားသခင်ကို အဘယ်သို့ အရှက်ရစေခဲ့သနည်း’ဟု ဆိုသည်။ သင်၏လုပ်ရပ်များနောက်ကွယ်မှ ရည်မှန်းချက်များ၊ ပန်းတိုင်များနှင့် ကြံရွယ်ချက်များနှင့် သင်လုပ်ဆောင်သည့်အရာ၏ အကျိုးဆက်များ၌- သင်သည် စာတန်ကို နည်းလမ်းတိုင်းတွင် ကျေနပ်အားရနေစေ၏၊ ၎င်း၏အဟားခံရသူဖြစ်နေပြီး၊ ၎င်းအား သင့်ထံမှ တစ်စုံတစ်ရာ ရယူခွင့်ပြုလျက်နေ၏။ သင်၌ ခရစ်ယာန်တစ်ဦးအနေဖြင့် ထွက်ဆိုသင့်သော သက်သေခံချက် နည်းနည်းမျှ မထွက်ဆိုရသေးပေ။ သင်သည် စာတန်နှင့် သက်ဆိုင်သည့်သူတစ်ဦး ဖြစ်သည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏နာမတော်ကို အရှက်ရစေပြီး သင်၌ စစ်မှန်သော သက်သေခံချက် မရှိပေ။ ဘုရားသခင်သည် သင်ပြုခဲ့ပြီးသောအရာများကို အမှတ်ရမည်လော။ အဆုံးတွင် ဘုရားသခင်သည် သင်၏လုပ်ဆောင်ချက်များနှင့် သင် ထမ်းဆောင်ခဲ့သော တာဝန်များနှင့်ပတ်သက်၍ မည်သည့်ကောက်ချက်ကို ချမှတ်မည်နည်း။ ထိုအရာမှ ရလဒ်တစ်စုံတစ်ရာ ရှိသည်မဟုတ်လော၊ သမ္မာကျမ်းစာထဲတွင် သခင်ယေရှုက ‘ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။’ (ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု ဆို၏။ သခင်ယေရှုသည် အဘယ်ကြောင့် ဤသို့ပြောခဲ့သနည်း။ သခင်၏နာမတော်အားဖြင့် တရားဟောကြားသည့်၊ နတ်ဆိုးမောင်းထုတ်ပြီး နိမိတ်လက္ခဏာများကို ပြုလုပ်သည့်သူများစွာတို့သည် အဘယ်ကြောင့် မကောင်းမှုပြုသူများ ဖြစ်လာခဲ့ကြသနည်း။ ယင်းမှာ ၎င်းတို့သည် သခင်ယေရှု ဖော်ပြသည့် သမ္မာတရားကို လက်မခံသောကြောင့်၊ သခင်ယေရှု၏ ပညတ်တော်များကို မစောင့်ထိန်းသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားအတွက် ချစ်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သခင့်အတွက် မိမိတို့၏ အလုပ်၊ ဆင်းရဲဒုက္ခနှင့် ပေးဆပ်မှုများကို ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများအတွက်သာ အလဲအထပ်ပြုလိုကြသည်။ ဤသည်မှာ ဘုရားသခင်နှင့် အရောင်းအဝယ်ပြုလုပ်နေခြင်း ဖြစ်ပြီး ဘုရားသခင်ကို အသုံးချခြင်းနှင့် လှည့်စားခြင်း ဖြစ်သောကြောင့်၊ သခင်ယေရှုသည် ၎င်းတို့ကို ရွံရှာစက်ဆုပ်သည်၊ ၎င်းတို့ကို မုန်းတီးပြီး ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် ပြစ်တင်ရှုတ်ချသည်။ ယနေ့ခေတ်တွင် လူများသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနေကြသော်လည်း၊ အချို့က ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားဆဲဖြစ်ကာ၊ အစဉ်သဖြင့် ထင်ပေါ်လိုကြသည်။ အစဉ်သဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လိုကာ၊ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို ရလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်ကို လိုက်ကြောင်း၊ ဘုရားသခင်အတွက် ၎င်းတို့ စွန့်လွှတ်ပြီး အသုံးခံကြောင်း ၎င်းတို့အားလုံးက ပြောကြသော်ငြားလည်း၊ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးစီးပွားများနှင့် ဂုဏ်အဆင့်အတန်းတို့ကို ရရှိဖို့ မိမိတို့၏တာဝန်များကို ထမ်းဆောင်ကြပြီး ၎င်းတို့၌ ကိုယ်ရေးကိုယ်တာ အကြံအစည်များ အစဉ်ရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်း၊ သို့မဟုတ် သစ္စာရှိခြင်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် လုံးဝ ဆင်ခြင်ခြင်းမရှိပဲ အကြောင်းမဲ့ ပြုမူကြသောကြောင့်၊ ၎င်းတို့သည် မကောင်းမှုပြုသူများ ဖြစ်လာပြီးဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော မကောင်းမှုပြုသူများကို မုန်းတီးပြီး ၎င်းတို့ကို ဘုရားသခင် မကယ်တင်ချေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်က ကျွန်မစိတ်နှလုံးကို လှုံ့ဆော်ခဲ့တယ်။ ဘုရားပြောတဲ့ မကောင်းမှုလုပ်သူတွေက မယုံကြည်သူတွေ မဟုတ်ဘူး၊ ဘုရားကို ယုံကြည်တဲ့လူတွေပဲ။ သူတို့က ဘုရားနောက်လိုက်ကြတယ်၊ သူ့အတွက် အသုံးခံကြတယ်၊ ဧဝံဂေလိကို သွားဟောပြီး နေရာအမျိုးမျိုးမှာ အလုပ်လုပ်ကြသလို အခက်အခဲကို ခံစားကြရပေမဲ့၊ သူတို့ကိုယ်ပိုင် သိက္ခာနဲ့ အဆင့်အတန်းအတွက်၊ တခြားလူတွေ အထင်ကြီးအောင်၊ ဆုလာဘ်နဲ့ သရဖူတွေ ရအောင် သူတို့တာဝန်ကို လုပ်ကြတာပဲ။ ဘုရားကို သူတို့ သစ္စာမရှိနိုင်ကြဘူး၊ သမ္မာတရားကို လက်တွေ့မလုပ်နိုင်သလို၊ ဘုရားကို မနာခံနိုင်ကြဘူး။ ဒါကြောင့် သခင်ယေရှုက ဒီလိုပြောတာ၊ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ။” (ရှင်မဿဲခရစ်ဝင် ၇:၂၃) ကျွန်မက သခင့်အတွက် တရားဟောပြီး အလုပ်လုပ်ကြတဲ့ လူတွေလိုပါပဲ။ ဘုရားကို နှစ်နှစ်ကြာ ယုံကြည်ခဲ့တယ်၊ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ကို လုပ်ဖို့ စာလေ့လာတာတွေ စွန့်ပြီး ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးခဲ့ပေမဲ့၊ ကျွန်မရဲ့ ရည်ရွယ်ချက်က ဘုရားကို စိတ်ကျေနပ်စေဖို့ မဟုတ်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေကို ကျွန်မကို အထင်ကြီးအောင်လို့ အသင်းတော်မှာ အတော်ဆုံး ဖြစ်ချင်ခဲ့တယ်၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပေါ်လွင်အောင် အမြဲ ကြိုးစားခဲ့တယ်။ ကျွန်မလုပ်သမျှက စာတန်ကို စိတ်ကျေနပ်စေဖို့ပဲ။ ကျွန်မလုပ်ရပ်တွေက မကောင်းဘူး၊ ဆိုးယုတ်တဲ့ လုပ်ရပ်တွေပဲ။ ဒီမမှန်တဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်တာဝန်ကို လုပ်ခဲ့တယ်၊ အဲဒါကို ဘုရားက စက်ဆုပ်ပဲ စက်ဆုပ်လို့ရတယ်၊ ဒီလိုဆက်လုပ်ရင်၊ အပြစ်ပေးတာပဲ ခံရမှာ။ ဘာလို့လဲဆိုတော့ ဘုရားက အဲဒီလို ယုံကြည်ခြင်းကို လက်မခံလို့ပဲ။ ဘုရားက၊ “ငါ့ထံမှ ဖွယ်သွားကြ၊ သင်တို့ကို ငါမသိ”လို့ ပြောမှာ။ ဒါကို သဘောပေါက်တဲ့အခါ၊ ကျွန်မ ကြောက်သွားတယ်။ ကျွန်မ နောင်တရပြီး ညီအစ်ကို မောင်နှမတွေကို မနာလိုမဖြစ်ချင်တော့ဘူး။ ဒါကြောင့် လမ်းပြမှုကို တောင်းလျှောက်ဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ၊ အထက်ခေါင်းဆောင်ဆီ ကိုယ့်ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြောဖို့ သတ္တိရှိသွားတယ်။ ခေါင်းဆောင်က ကျွန်မကို စွပ်စွဲမဲ့အစား၊ ကူညီပေးဖို့ သူ့အတွေ့အကြုံကို ဝေမျှတယ်။ အဲဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကိုလည်း ကျွန်မဆီ ပို့ပေးတယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံမျှသာမကဘဲ၊ ပါရမီရှိသောသူများကို ရှာဖွေပြီး ပျိုးထောင်ပေးခြင်းလည်းဖြစ်သည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်သည် သင်လုပ်သမျှအလုပ်အားလုံးတွင် သင်နှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်လျှင်၊ အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များရှိလျှင် သင်သည် အရည်အချင်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။...ဘုရားသခင်၏ အလိုတော်ကို သင် အမှန်တကယ် အရေးထားနိုင်စွမ်းရှိပါက၊ အခြားလူတို့ကို မျှမျှတတ သင် ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး သင်တန်းတက်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေပြီး ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ၊ သင်၏စိတ်နှလုံးသည် အမြင်မှန်ရစေခြင်း ခံရသည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုသည်၊ သို့တိုင်အောင် သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက၊ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သမျှ၌ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း၊ သင်၏စိတ်နှလုံးသည် ပြုပြင်ပြီးဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက၊ သင်၏တာဝန်သည် စံနှုန်းပြည့်မီပြီး သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို ရှင်းရှင်း ဖော်ပြတယ်။ အရေးအကြီးဆုံးက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ပထမဆုံး စဉ်းစားပြီး ဘုရားရဲ့အမှုတော်ကို ဦးစားပေးဖို့ပဲ။ ကိုယ့်မှာ မှန်တဲ့ သဘောထားရှိတဲ့အခါ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့ ပိုလွယ်သွားတယ်။ ဘုရားကို ကျွန်မတို့ ယုံကြည်ပြီး ဘုရားနောက်လိုက်ကြတာ၊ ဘယ်လူနောက်ကိုမှလိုက်တာ မဟုတ်မှန်းလည်း သဘောပေါက်ရတယ်။ ဒါကြောင့် အရာရာမှာ တခြားလူတွေ ဘာတွေးတယ်ဆိုတာကို မဟုတ်ဘဲ၊ ဘုရားအလိုတော်ကို စဉ်းစားရမယ်၊ ဘုရားကို စိတ်ကျေနပ်စေပြီး အရည်အချင်း ပြည့်မီတဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင်၊ အဆင့်အတန်းနဲ့ အကျိုးစီးပွားတွေကို စွန့်ရမှာဖြစ်ပြီး၊ သူတို့တာဝန်တွေကို စနိုင်ပြီး ကောင်းတဲ့ လုပ်ရပ်တွေ တိုးပွားလာနိုင်အောင် ပျိုးထောင်ထိုက်တဲ့ ပါရမီရှိတဲ့ လူသစ်တွေကို ရှာရမယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ့်တာဝန်ကို ဖြည့်ဆည်းနေတာ ဖြစ်မှာ။ ဘုရားက တစ်ယောက်စီတိုင်းအပေါ် မျှတတယ်။ ကျွန်မတို့ရဲ့ အစွမ်းအစ၊ အဆင့်အတန်းကို သူမကြည့်ဘူး၊ သမ္မာတရားကို လက်တွေ့လုပ်နိုင်ခြင်း ရှိမရှိ ဆိုတာကိုပဲ ကြည့်တယ်။ ဘုရားရဲ့ သတ်မှတ်ချက်တွေနဲ့ သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို လုပ်ခဲ့ပြီး၊ အသင်းတော် အလုပ်ကို အကျိုးပြုဖို့ ကိုယ့်အလုပ် ဘယ်လိုလုပ်ရမယ်ဆိုတာကို အမြဲ စဉ်းစားရင်၊ အစွမ်းအစ ညံ့ရင်တောင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဘုရားက ကျွန်မကို ဉာဏ်အလင်းပေး လမ်းပြမှာပဲ။ ဘုရားအလိုတော်ကို နားလည်သွားပြီးတော့၊ နောင်တရဖို့ ဘုရားဆီ ဆုတောင်းပြီး၊ ဇာတိပကတိကို စွန့်၊ ဘုရားစိတ်ကျေနပ်ဖို့ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်တယ်လို့ ပြောလိုက်တယ်။
နောက်ပိုင်းမှာ၊ ပိုများသထက် များတဲ့ လူသစ်တွေကို လက်ခံတာနဲ့အမျှ ပိုများတဲ့ ရေလောင်းဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့ ခေါင်းဆောင်က ခိုင်းတယ်။ ကျွန်မ ပျိုးထောင်ပေးတဲ့ လူသစ်တွေက ကျွန်မ နေရာယူသွားပြီးတော့ ခေါင်းဆောင်က ကျွန်မကို ပျိုးထောင်မပေးတော့မှာကို ကျွန်မ စစိုးရိမ်လာမိပြန်တယ်။ ဒီလိုတွေးမိတော့၊ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို မစဉ်းစားသင့်တော့မှန်းနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို စဉ်းစားရတော့မှာ မဟုတ်မှန်း သဘောပေါက်လိုက်တယ်။ ဘုရားဆီ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူရုံမျှသာမကဘဲ၊ ပါရမီရှိသောသူများကို ရှာဖွေပြီး ပျိုးထောင်ပေးခြင်းလည်းဖြစ်သည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်သည် သင်လုပ်သမျှအလုပ်အားလုံးတွင် သင်နှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်လျှင်၊ အဆုံး၌ သင်တို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များရှိလျှင် သင်သည် အရည်အချင်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်လိမ့်မည်။ သင်သည် အရာအားလုံးကို အခြေခံသဘောတရားများအတိုင်း တိုး၍ ပြုမူဆောင်ရွက်နိုင်ပါက၊ သင်သည် သင်၏သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) အသင်းတော် ခေါင်းဆောင်အနေနဲ့၊ ကျွန်မတာဝန်က လူသစ်တွေကို သူတို့ တာဝန်တွေ ထမ်းဆောင်အောင် လေ့ကျင့်ပေးဖို့ပဲ။ ဒါ့အပြင်၊ ကျွန်မတို့ တာဝန်ကို ထမ်းဆောင်တာက ဘုရားကို ယုံကြည်သူတိုင်းရဲ့ တာဝန်ပဲ။ ပူးပေါင်းဆောင်ရွက်တဲ့ လူနည်းလွန်းရင်၊ တာယာတွေမပါတဲ့ ကားလိုပဲဖြစ်ပြီး၊ အသင်းတော် အလုပ်က နှောင့်နှေးသွားတယ်။ လူတွေကို ကျွန်မ မလေ့ကျင့်ပေးရင်၊ အခု ဘုရားအမှုတော်ကို လက်ခံနေကြတဲ့ လူတွေအများကြီးနဲ့ဆိုတော့၊ သူတို့ကို အချိန်မီ ရေလောင်းပေးနိုင်မှာ မဟုတ်ဘူး၊ သူတို့ရဲ့ အသက်ဝင်ရောက်မှုက ထိခိုက်မှာ၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အလုပ်လည်း ထိခိုက်မှာပဲ။ နောက်ပိုင်းမှာ၊ ကိစ္စတွေကို ကောင်းကောင်း နားလည်တဲ့ လူသစ်လေးယောက်ကို ကျွန်မ ရွေးတယ်၊ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်ပေးပြီး စုဝေးပွဲတွေကို အလှည့်ကျ တာဝန်ယူခွင့်ပေးခဲ့တယ်။ လူသစ်တွေကို ရေလောင်းပေးဖို့လည်း သူတို့ကို သတိပေးပြီး ကူညီခဲ့တယ်။ သူတို့နဲ့ ပူးပေါင်းလုပ်ခြင်းအားဖြင့်၊ ယေဘုယျအလုပ်အပေါ် အာရုံစိုက်ဖို့ အချိန် ပိုရခဲ့ပြီး၊ ကျွန်မတို့အလုပ်ရဲ့ ထိရောက်မှုက တဖြည်းဖြည်း တိုးတက်ခဲ့တယ်။ လူသစ်တွေက တိုးတက်ပြီး သူတို့တာဝန်ကို ထမ်းဆောင်တာ မြင်ရတော့ အရမ်းဝမ်းသာမိတယ်။ ကျွန်မ စိတ်အေးလက်အေးဖြစ်သွားသလို၊ ဘုရားနှုတ်ကပတ်တော်တွေကို နည်းနည်း ပိုနားလည်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး သင်တန်းတက်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေပြီး ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပါရမီရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်သည် လုပ်ဆောင်ဖို့ သာ၍ လွယ်ကူလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ဤတာဝန်၌ သင်၏ သစ္စာစောင့်သိခြင်းနှင့် လျော်ညီအောင်နေလိမ့်မည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်ဖြစ်သည့်သူတစ်ဦး ပိုင်ဆိုင်သင့်သည့် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဒီသိနားလည်မှုရှိပြီး ကိုယ့်တာဝန်မှာ ဝင်ရောက်မှုတချို့ရှိတာက ဘုရားနှုတ်ကပတ်တော်က ရရှိတဲ့ အကျိုးတရား သက်သက်ဖြစ်ပါတယ်။