၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံ

အနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍ များပြားပြီး ငါ၏ဉာဏ်ပညာသည် ရှောလမုန်၏ သားအားလုံးကို သာလွန်သော်လည်း၊ လူသားများသည် ငါ့ကို အရေးမပါသည့် သမားတော်တစ်ပါး အဖြစ်နှင့် လူသား၏ လူမသိသူမသိ ဆရာတစ်ယောက်အဖြစ်မျှသာ ထင်မှတ်ကြသည်။ ၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း”) ယခင်က ဤအရာကို ကျွန်မ ဖတ်မိသည့်အခါ၊ ဤနေရာတွင် ဘုရားသခင် ပြောသည့်အရာတိုင်းသည် အမှန်တရားတစ်ခုဖြစ်သည်ဟု ပြောရုံမျှ ပြောခဲ့သော်လည်း၊ မည်သည့်အခါတွင်မျှ ထိုအရာကို နားမလည်ခဲ့ပါ။ ကျွန်မက ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သည့်အတွက်၊ အလုပ်အကိုင်နှင့် မိသားစုကို စွန့်လွှတ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် အသုံးခံပြီးဖြစ်ကာ မိမိတာဝန်အတွက် များစွာ ဆင်းရဲဒုက္ခခံရပြီးဖြစ်သည့်အတွက်၊ ဆင်းရဲဒုက္ခနှင့် ကျန်မာရေးချို့တဲ့ခြင်းတို့ကို ရင်ဆိုင်ရာတွင် ဘုရားသခင်ကို ကျွန်မ အပြစ်တင်မိမည်၊ သစ္စာဖောက်မိမည်မဟုတ်ဟု တွေးမိခဲ့သည်။သို့သော် အကြီးစား ရောဂါနှင့်ဆိုင်သည့် တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခုကို ကျွန်မ တကယ် ဖြတ်သန်းခဲ့ရချိန်တွင်၊ ဘုရားကို ကျွန်မ အထင်လွဲကာ အပြစ်တင်မိခဲ့သည်။ ကောင်းချီးခံစားရဖို့နှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ဟူသည့် အရင်းခံအကြောင်းက ထင်းထင်းကြီး ပေါ်သွားခဲ့သည်။ ထို့နောက်မှသာ လူများအား ဖော်ထုတ်သည့် ဘုရား၏နှုတ်ကပတ်တော်များကို ကျွန်မ အပြည့်အဝ နားလည်လက်ခံသွားခဲ့ပြီး၊ ကျွန်မ၏ ယုံကြည်ခြင်း၌ လိုက်စားအားထုတ်မှုအပေါ် ကျွန်မ၏ အမြင်များသည် ပြောင်းလဲမှုတစ်ခု ကြုံခဲ့ရလေသည်။

၂၀၁၈ ဇူလိုင်လ နေ့တစ်နေ့တွင်၊ ကျွန်မ၏ ဘယ်ဘက်ရင်သားပေါ်တွင် အကျိတ်လေးတစ်ခု တွေ့ခဲ့ရသည်။ ထိုအရာနှင့်ပတ်သက်၍ များစွာ ကျွန်မ မစဉ်းစားခဲ့သကဲ့သို့၊ အရောင်ကျဆေး အနည်းငယ်က ဖြေရှင်းပေးမည်ဟု ထင်မိခဲ့သည်။ သို့သော် နောက်နှစ်လကျော်တွင်၊ ထိုအရာက ဆိုးသထက် ဆိုးလာခဲ့သည်။ ညဘက်တွင် ကျွန်မ ချွေးတွေထွက်ပြီး၊ အားမရှိခဲ့သကဲ့သို့၊ အကျိတ်နားတစ်ဝိုက်က တကယ် နာကျင်ခဲ့သည်။ တစ်ခုခုမှားနေခဲ့ခြင်း ရှိမရှိဆိုသည်ကိုကျွန်မ စတွေးလာခဲ့သော်လည်း၊ ယင်းမှာ အရေးမကြီးပါဟု မိမိကိုယ်ကိုယ် ထပ်ပြီး နှစ်သိမ့်ခဲ့သည်။ ဘုရားသခင်၌ ကျွန်မ ယုံကြည်ခြင်းရှိခဲ့ပြီး၊ အသင်းတော်၌ မိမိတာဝန်ကို လုပ်ဆောင်ရင်း အလုပ်များခဲ့သည်။ ဘုရားက ကျွန်မကို ကာကွယ်ပေးမည်ဟု ကျွန်မ တွက်ဆခဲ့သည်။ တစ်ညတွင်၊ ကျွန်မ စူးရှသော နာကျင်မှုဖြင့် နိုးလာခဲ့သည်။ ရင်သားမှ အဝါရည်များ စိမ့်ထွက်နေခဲ့ပြီး၊ တစ်ခုခု ဖြစ်နေပြီဆိုသည်ကို ကျွန်မ သိခဲ့သည်။ ထိုအရာကို စစ်ဆေးရန်ကျွန်မယောက်ျားနှင့် ကျွန်မ ဆေးရုံကို ကမန်းကတန်း သွားခဲ့ကြသည်။ ဆေးစစ်ချက်များ ထွက်လာခဲ့သည်၊ ကျွန်မမှာ ရင်သားကင်ဆာ ရှိခဲ့ခြင်းဖြစ်ပေသည်။ ယင်းကို ဆရာဝန် ပြောသည် ကြားချိန်တွင်၊ ကျွန်မနှလုံးခုန်သံ မမှန်ချင်သလို ဖြစ်သွားခဲ့သည်။ “ရင်သားကင်ဆာတဲ့လား”ဟု ကျွန်မ တွေးမိသည်။ “ငါ့အသက် ၃၀ ကျော်ရုံပဲရှိသေးတယ်။ ဘယ်လိုဖြစ်ရတာလဲ” ပေါ့။ “မဖြစ်နိုင်ဘူး။ ငါ ဒီလို ကြုံရမှာမဟုတ်ဘူး။ ငါက ယုံကြည်သူတစ်ယောက်လေ။ အသင်းတော်မှာ ငါ့တာဝန်ကို နှစ်တွေအကြာကြီး လုပ်လာခဲ့တာ။ ဘုရားက ငါ့ကို ကာကွယ်စောင့်ရှောက်ပေးမှာပဲ။ ဆရာဝန် မှားနေတာပဲဖြစ်ရမယ်”ဟု မိမိကိုယ်ကိုယ် ပြောမြဲပြောမိနေခဲ့သည်။ထိုသို့ဖြင့် ထိုအရာ အမှန်မဟုတ်ရန်သာ ကျွန်မ မျှော်လင့်ခဲ့သည်။ ထိုနေ့က ဆေးရုံမှ အိမ်ကို မည်သို့ပြန်ရောက်သွားခဲ့မှန်း ကျွန်မ မှတ်ပင်မမှတ်မိခဲ့ပါ။ ကျွန်မယောက်ျားက ကျွန်မ မျက်နှာတွင် တွေဝေပုံကို မြင်ရသည့်အခါ၊ “ဒါက ဆေးရုံအသေးလေးဆိုတော့၊ ဆရာဝန်တွေက သိပ်မကျွမ်းကျင်ဘူး။ သူတို့မှားနိုင်တယ်။ ဆေးရုံကြီးတစ်ခုမှာ ထပ်စစ်ကြည့်ရအောင်” ဟု ပြောရင်း ကျွန်မကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့သည်။ ထိုသို့ သူ ပြောသည့်အခါ၊ မျှော်လင့်ချက်ရေးရေးလေး ကျွန်မ ခံစားခဲ့ရသည်။ ကံအကြောင်းမလှစွာ၊ ဆေးရုံကြီးက ဆရာဝန်ကလည်း ရောဂါကို အတည်ပြုပေးခဲ့သည်- ရင်သားကင်ဆာဖြစ်သည်။ နောက်ဆုံးအဆင့်နား ကပ်နေပြီဖြစ်ပြီး၊ ဓာတုကုထုံးနှင့် ခွဲစိတ်မှု ခံရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ရောဂါ ကျွမ်းသွားနိုင်သည်ဟုလည်း သူ ကျွန်မကို ပြောခဲ့သည်။ ကျွန်မ၏ စိတ်က ဘာမှကို စဉ်းစားလို့မရတော့သကဲ့သို့၊ ရင်ထဲမှာ ပြိုဆင်းသွားခဲ့သည်။ “ဒါတွေအားလုံးက ဘယ်လောက်အထိ ကုန်ကျမှာလဲ။ ဓာတုကုထုံး ခံနေရင်းနဲ့ ငါ သေသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီအကြွေးတွေအားလုံးကို ငါ့မိသားစုက ဘယ်လိုရှင်းမှာလဲ” ဟု ကျွန်မ တွေးခဲ့သည်။ ကျွန်မ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး၊ လုံးဝ ကူကယ်ရာမဲ့ ခံစားခဲ့ရသည်။

ပထမတစ်ကြိမ် ဓာတုကုထုံး ခံပြီးသည့်နောက်၊ ကျွန်မတစ်ကိုယ်လုံး နာကျင်မှုဖြင့် ဖိစီးနှိပ်စက်ခံခဲ့ရသည်။ မည်သည့်အရာကိုမျှ ကျွန်မ မလုပ်ချင်ခဲ့သကဲ့သို့ အမြဲ မူးနောက်နောက်ဖြစ်နေခဲ့သည်။ ဆေးအရှိန်ပြယ်သွားသည့် ရက်အနည်းငယ်နောက်တွင်သာ ကျွန်မ စပြီး နာလန်ထူခဲ့သည်။ ကျွန်မက ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ မိမိတာဝန်အတွက် စွန့်လွှတ်မှုများပြုလုပ်ခဲ့ပြီး၊ မိမိကိုယ်ကိုယ် အသုံးခံခဲ့ပြီးဖြစ်သည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ မိမိတာဝန်ကို ကျွန်မ အမြဲလုပ်ခဲ့ပြီး၊ စည်းဝေးပွဲတစ်ခုကိုမျှ မလွှတ်ခဲ့ပါ။ ကျွန်မ၏ ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ ပြဿနာများနှင့် ပတ်သက်၍ ကျွန်မ အမြဲ ကူညီခဲ့သည်။ ကျွန်မ အလွန်ကြိုးစားအလုပ်လုပ်ခဲ့ကာ ယင်းမှာ မည်သည့်အရာတွက်ဖြစ်သနည်း။ ဘုရားက ကျွန်မကို အဘယ်ကြောင့် မကာကွယ်ပေးခဲ့သနည်း။ ယခုတွင် မည်သည့်တာဝန်ကိုမျှ ကျွန်မ မလုပ်ဆောင်နိင်လေပြီ။ သေမင်းတံခါးဝသို့ ကျွန်မ ရောက်လုနီးနီး ဖြစ်နေသည်။ ဘုရားက ကျွန်မကို ဖယ်ရှားချင်ပါသလား။ နောက်ထပ် ဓာတုကုထုံး ငါးကြိမ် ကျွန်မ ခံရပြီးနောက် ခွဲစိတ်မှုတစ်ခု လုပ်ရန်ရှိသေးသည်။ ကျွန်မ အဘယ်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ နာကျင်မှုများနှင့် ဆင်းရဲဒုက္ခများအပြင်၊ ကျွန်မ သေသွားခဲ့မည်ဆိုပါက၊ နှစ်ပေါင်းများစွာ ကျွန်မ ယုံကြည်ခဲ့ခြင်းက အချိန်ဖြုန်းခြင်းတစ်ခု ဖြစ်ခဲ့လေပြီဟု ဆိုလိုမည်လား။ ထိုအတွေးက ကျွန်မကို မျက်ရည်ကျစေခဲ့သည်။ ထိုရက်အနည်းငယ်တစ်လျှောက်လုံး ကျွန်မ တကယ်ကို စိတ်ဆင်းရဲခဲ့ရသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သော်လည်း၊ နားမဝင်ခဲ့သကဲ့သို့ ဆုလည်း ကျွန်မ မတောင်းချင်ခဲ့ပါ။ ကျွန်မစိတ်က အလွန် ကျဆင်းခဲ့ပြီး ဘုရားသခင်ထံမှ ဝေးသထက် ဝေးသွားခဲ့သည်။

တစ်ရက်တွင်၊ အသင်းတော်က အစ်မလီက ကျွန်မကို လာတွေ့ပြီး၊ ကျွန်မ၏ အခြေအနေကို ကြင်ကြင်နာနာဖြင့် မေးခဲ့သည်။ အင်မတန် နာကျင်မှုနှင့် စိတ်ဓာတ်ကျနေခြင်းကို သူမြင်သည့်အခါ၊ ကျွန်မကို မိတ်သဟာယပြုပေးခဲ့သည်။ “ဘုရားသခင်က တို့တွေအပေါ် မကျန်းမာခြင်းဆိုတာကို ကျရောက်ခွင့်ပေးတယ်။ တို့တွေက ပိုပြီးတော့ ဆုတောင်း ရှာဖွေရမှာဖြစ်ပြီး၊ ဘုရားသခင်က တို့တတွေ သူ့အလိုတော်ကို နားလည်အောင် သေချာပေါက် လမ်းပြမှာပါ”ဟု သူ ဆိုသည်။ သူ၏ မိတ်သဟာယကို ကြားလိုက်ရခြင်းက၊ ကျွန်မ၏ စိတ်နှလုံးကို လှုပ်ရှားသွားစေခဲ့သည်။ ဘုရားသခင်က ကျွန်မကို ဖယ်ရှားချင်ခဲ့ခြင်း မဟုတ်ဘဲ၊ သူ ကျွန်မကို သင်ယူစေချင်သည့် သင်ခန်းစာတစ်ခု ရှိခဲ့ပေသည်။ အစ်မလီ ပြန်သွားပြီးနောက်၊ ကျွန်မက “ဘုရားသခင်၊ ကျွန်မ ရောဂါဖြစ်ကတည်းက ကိုယ်တော့်ကို အထင်မှား အပြစ်တင်ရင်း၊ နာကျင်တဲ့ဝေဒနာနဲ့ အသက်ရှင်နေတာပါ။ ဒီနေ့ ကျွန်မအစ်မရဲ့ သတိပေးချက်ကနေတစ်ဆင့်၊ ဒီရောဂါနောက်ကွယ်မှာ ကိုယ်တော်ရဲ့ အလိုတော်ရှိတာကို ကျွန်မ အခု သိပါတယ်။ဒါပေမဲ့ ဒီအခြေအနေမှာ ဘယ်သင်ခန်းစာကို ကျွန်မ သင်ယူသင့်မှန်းမသိသေးပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပေးတော်မူပါ”ဟု ပြောလျက် ဘုရားသခင်၏ ရှေ့မှောက် သွားဆုတောင်းခဲ့သည်။

ထို့နောက်ပိုင်းတွင်၊ နေ့စဉ် ဘုရားရှေ့မှောက်သို့ ဤပုံစံအတိုင်း ကျွန်မ သွားဆုတောင်းခဲ့ပါသည်။ တစ်ရက်တွင်၊ ဘုရား၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိခဲ့သည်၊ “စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော ‘နက်နဲရာများ’ ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်”) ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ တွေးဆသည်နှင့်အမျှ၊ သူ၏ အလိုတော်ကို နောက်ဆုံး ကျွန်မ စတင်နားလည်လာခဲ့သည်။ ဘုရားသခင်သည် လူတို့ကို စုံလင်စေဖို့၊ နောက်ဆုံးသောကာလတွင် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေအနေမျိုးစုံကတစ်ဆင့် ဖော်ထုတ်ခြင်းအားဖြင့်၊ ပြီးလျှင် ကျွန်မတို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို နားလည်ကြစေရန်၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ကြစေရန်နှင့် နောက်ဆုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်စေပြီး ပြောင်းလဲစေရန် သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းများကို အသုံးပြုခြင်းအားဖြင့် အမှုပြုပေသည်။ ဘုရားက ကျွန်မကို ဖယ်ရှားချင်ခဲ့သောကြောင့် သို့မဟုတ် တမင်တကာ နာကျင်စေချင်ခဲ့သောကြောင့် နာမကျန်းဖြစ်ခွင့်ပေးခဲ့ခြင်း မဟုတ်ဘဲ၊ ကျွန်မကို သန့်စင်စေပြီး ပြောင်းလဲစေရန်ဖြစ်သည်ကို ကျွန်မ နားလည်သွားခဲ့သည်။ ကျွန်မက ဘုရားကို အထင်မှား၍ မဖြစ်ပါ သို့မဟုတ် နောက်ထပ် ဝမ်းနည်းပြနေ၍ မဖြစ်ပါ။ ကျွန်မအနေဖြင့် ဝန်ခံရမည်၊ ကျွန်မ၏ မကျန်းမာခြင်းတွင် သမ္မာတရားကို ရှာရမည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် ဆင်ခြင်ကာ သိရှိရမည်။ ဘုရား၏အလိုတော်ကို ကျွန်မ နားလည်သွားသည်နှင့်၊ နောက်ထပ် အလွန် စိတ်ဓာတ်ကျခြင်း သို့မဟုတ် ထိုသို့သော နာကျင်မှုကို ကျွန်မ မခံစားမိတော့ပါ။ ဘုရားထံ ကျိုးနွံနာခံသည့် ဆုတောင်းခြင်းတစ်ခု ကျွန်မ ဆိုခဲ့သည်။

ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားနှုတ်ကပတ်တော်များထဲက စာတစ်ကြောင်းက ခေါင်းထဲ ရောက်လာသည်၊ “သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊...” ကျွန်မ၏ ဘုရားနှုတ်ကပတ်တော်စာအုပ်ထဲသို့ ကမန်းကတန်း လိုက်ရှာကြည့်တော့၊ ဤကျမ်းပိုဒ်ကို ကျွန်မ သွားတွေ့သည်၊ “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) ကျွန်မ၏ ယုံကြည်ခြင်း၌ ကောင်းချီးခံစားချင်သည့် ကျွန်မ၏ဆန္ဒကို ဘုရားနှုတ်ကပတ်တော်များက အတိအကျ ဖော်ထုတ်ခဲ့သည်။ ကျွန်မ ယုံကြည်လာခဲ့သည့် နှစ်များကို ပြန်စဉ်းစားကြည့်ခဲ့သည်၊ အရင်တုန်းက အိမ်တွင် အားလုံး အဆင်ပြေခဲ့သည်၊ ကျွန်မ ကျန်းမာခဲ့ပြီး၊ အရာရာ ကောင်းမွန်ခဲ့သည်၊ မိမိတာဝန်တွင် ကျွန်မ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး၊ မကုန်နိုင်သည့် အားအင် ရှိပုံရခဲ့သည်။ သို့သော် ကင်ဆာရသည်နှင့်တစ်ပြိုင်နက်၊ကျွန်မ အပျက်သဘောဆောင်လာခဲ့ပြီး၊ ကျွန်မကို မကွယ်ကာခဲ့ခြင်းအတွက် ဘုရားသခင်ကို အထင်လွဲကာ အပြစ်တင်ခဲ့သည်။ ကျွန်မ လုပ်ဆောင်ပြီးခဲ့သည့် အလုပ်ကို ရှေ့တန်းတင်ပြီး၊ ဘုရားကို ခံပြောခဲ့သည်။ စွန့်လွှတ်ပေးဆပ်သည့် နှစ်များအားလုံးကိုပင် ကျွန်မ နောင်တရခဲ့သည်။ ဘုရားသခင်ကို ရှောင်ဖယ်ခြင်းနှင့် သစ္စာဖောက်ခြင်း အခြေအနေတစ်ခုတွင် ကျွန်မ အသက်ရှင်ခဲ့သည်။ မကျန်းမာခြင်းမှတစ်ဆင့် ဖော်ထုတ်ခံခဲ့ရချိန်တွင်သာ၊ ကျွန်မက သမ္မာတရား လိုက်စားရန် သို့မဟုတ် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ရန် ကျွန်မ၏ တာဝန်ကို လုပ်ဆောင်နေခဲ့ခြင်း မဟုတ်သကဲ့သို့ ပေးဆပ်မှုများ ပြုလုပ်နေခဲ့ခြင်းမဟုတ်ဘဲ၊ ငြိမ်းချမ်းမှုနှင့် ကောင်းချီးမင်္ဂလာများ ရရှိဖို့ ထိုအရာများ လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ လုပ်ခဲ့သည့် ပေးဆပ်မှုများအတွက် အပြန်အလှန်အနေဖြင့် ကောင်းချီးခံစားရဖို့ ဘုရားနှင့် ကျွန်မ အပေးအယူလုပ်နေခဲ့ပေသည်။ ဤဘဝ၌ အရာရာတိုင်းနှင့်နောင်ဘဝ၌ ထာဝရအသက်ကိုပါ ကျွန်မ လိုချင်ခဲ့သည်။ ယခုတွင် ကျွန်မတွင် ကင်ဆာဖြစ်ခဲ့ပြီး သေရတော့မည်ဖြစ်ကာ ကောင်းချီးခံစားရမည်မဟုတ်သည့်ပုံရခဲ့ချိန်တွင်၊ ဘုရားကို မတရားခြင်းအတွက် ကျွန်မ အပြစ်တင်ခဲ့သည်- လူသားသဘာဝ ကျွန်မ လုံးဝ မရှိခဲ့ပါ။ ကျွန်မ၏ ယုံကြည်လာခဲ့သည့် နှစ်များတစ်လျှောက်လုံးကို စဉ်းစားကြည့်ခဲ့သည်။ ဘုရားသခင်ဆီက အလွန်များသည့် ကျေးဇူးတော်များနှင့် အလွန်များသည့် ကောင်းချီးများ ရရှိခဲ့ပြီးဖြစ်ကာ၊ သမ္မာတရားအားဖြင့် ရေလောင်းခံရကာ၊ အလွန်အားဖြည့်ခြင်းခံခဲ့ရပြီး ဖြစ်သည်။ ဘုရားက ကျွန်မကို အလွန်များလှစွာ ပေးထားခဲ့ပြီးဖြစ်သော်လည်း၊ သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ခြင်းနှင့်ပတ်သက်၍ ကျွန်မ လုံးဝ မတွေးမိခဲ့ပါ။ ကျွန်မ မကျန်းမမာ ဖြစ်ခဲ့ချိန်တွင်၊ ဘုရားကို လုံးဝ ကျိုးနွံနာခံခဲ့ခြင်း မရှိပေ။ သူ့ကို အထင်မှားကာ အပြစ်တင်ရုံတင်ခဲ့သည်။ ကျွန်မက အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝ မရှိခဲ့ပေ။ ကျွန်မ၏ ယုံကြည်ခြင်း၌ ကောင်းချီးရချင်သည့် ကျွန်မ၏ စိတ်လှုံ့ဆော်မှုနှင့် ရှာဖွေအားထုတ်မှုနှင့်ပတ်သက်သည့် မှားယွင်းသောကျွန်မ၏ အမြင်များကို ဖော်ထုတ်ကာ သန့်စင်စေရန်နှင့် သမ္မာတရားကို လိုက်စားခြင်းနှင့် ကျွန်မ၏ စိတ်သဘောထားထဲက ပြောင်းလဲမှုကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက်စေရန် ဘုရားသခင်က ကျွန်မကို နာမကျန်းဖြစ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ကို နောက်ဆုံးတွင် ကျွန်မ နားလည်သွားခဲ့သည်။ ဘုရား၏ ကောင်းမြတ်သည့် ရည်ရွယ်ချက်များကို နားလည်သွားသည့်နောက်၊ ကျွန်မ အင်မတန် နောင်တရကာ မိမိကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်။ ဤဆုံးဖြတ်ချက်ကို ကျွန်မ တိတ်တဆိတ် ချခဲ့သည်-“ငါ ကျန်းမာရေးကောင်းကောင်း မကောင်းကောင်း၊ ဘုရားကို အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုတာတွေ မလုပ်တော့ဘူး။ ငါ့ရဲ့ ရှင်ခြင်းနဲ့ သေခြင်းကို ဘုရားရဲ့လက်ထဲ အပ်ချင်ပြီး သူ့ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံချင်တယ်။” ထို့နောက်တွင် ကျွန်မ သာ၍ အလွန်များစွာ တည်ငြိမ်သွားခဲ့သည်။ကျွန်မ နောက်ထပ် စိုးရိမ်ပူပန်ကာ စိတ်သောကမရောက်တော့သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ဖို့၊ ဆုတောင်းပြီး ရှာဖွေဖို့၊ မိမိကိုယ်ကိုယ် ငြိမ်သက်စေနိုင်ခဲ့သည်။

ကျွန်မက ကျိုးနွံနာခံသည်နှင့်တစ်ပြိုင်နက်၊ ဓာတုကုထုံး ခံယူဖို့ ပြန်သွားရခြင်းက ယခင်ကဲသို့ နာကျင်ဖွယ်မဖြစ်တော့ပါ။ အနည်းငယ် မအီမသာ ခံစားရသေးသော်လည်း၊ အရာရာအဆင်ပြေခဲ့သည်။ တခြားလူနာများက အံ့သြပြီး အားကျကြခဲ့ကြသည်။ ဤသည်မှာ ဘုရား၏ သနားကရုဏာနှင့် ကာကွယ်ခြင်းသက်သက် ဖြစ်သည်ကို ကျွန်မစိတ်နှလုံးထဲတွင် သိခဲ့သည်။ ဘုရားသခင်ကို ကျွန်မ သိပ်ကျေးဇူးတင်ခဲ့မိသည်။ ဓာတုကုထုံးကို လေးငါးကြိမ်လောက် ခံပြီးသည့်နောက်၊ ကြက်ဥအရွယ်လောက်ရှိသည့် အကျိတ်က ပိုပြီးသေးသွားခဲ့သည်။ သိပ်ပြီး မနာကျင်တော့သကဲ့သို့၊ အရည်စိမ့်ထွက်ခြင်းလည်း မရှိတော့ပါ။ကျွန်မ၏ နာလည်ထူခြင်းက အခြေအနေ ကောင်းပြီး၊ ဤကဲ့သို့ ဆက်သွားမည်ဆိုပါက၊ ဓာတုကုထုံး ခြောက်ကြိမ်မြောက်သည့်နောက်တွင်၊ ခွဲစိတ်မှုပင် လိုကောင်း လိုအပ်မည်မဟုတ်တော့ဟု ဆရာဝန်က ဆိုခဲ့သည်။ ဤအရာကို ကြားရတော့ ကျွန်မ အလွန် ပျော်သွားခဲ့ပြီး၊ ဘုရားကို ကျေးဇူးတင်မြဲ တင်နေမိခဲ့သည်။ ကျွန်မ၏ ဘုရားကို ယုံကြည်ခြင်းသည် ပိုပိုပြီး ကြီးထွားလာခဲ့ကာ ကျွန်မအနေဖြင့် မိမိကိုယ်ကိုယ် သိဖို့ အလေးအနက် ဆင်ခြင်ကာ ကြိုးစားမည်ဆိုလျှင်၊ ခွဲစိတ်စရာ မလိုဘဲ ကောင်းချင်ကောင်းသွားနိုင်သည်ဟု ကျွန်မ စဉ်းစားမိခဲ့သည်။

မတ်လ ရက်တစ်ရက်တွင်၊ ကျွန်မ၏ နောက်ဆုံးအကြိမ် ဓာတုကုထုံး ယူခဲ့ရသည်။ ကျွန်မ ကြောက်လည်းကြောက်သလို မျှော်လည်း မျှော်လင့်မိခဲ့သည်။ ကုထုံး ပြီးသွားသည့်အချိန်တွင်၊ ဆရာဝန်က ခွဲစိတ်မှုတစ်ခု၊ ထို့နောက် ဓာတုကုထုံး နှစ်ကြိမ်နှင့် နောက်ထပ် ဓာတ်ရောင်ခြည်ကုထုံး အချို့ ယူဖို့ လိုအပ်သေးသည်ဟု ဆိုခဲ့သည်။ ကျွန်မ အလွန် တုန်လှုပ်သွားခဲ့ပြီး၊ စိတ်က ချာချာလည်သွားခဲ့သည်။ “ဒါဘယ်လိုဖြစ်ရတာလဲ။ ငါ လုပ်သင့်တဲ့အတိုင်း ဆင်ခြင်ပြီးသလို နားလည်သင့်တာကို နားလည်ပြီးပြီပဲ။ အခု ငါ ဘာလို့ မသက်သာသေးတာလဲ။ ခွဲစိတ်တာကလည်း အကြီးစား ခွဲစိတ်မှာဖြစ်ပြီး၊ အမာရွတ်အပြင်၊ ငါ လုပ်ရမယ့် ဓာတုနဲ့ ဓာတ်ရောင်ခြည်ကုထုံးဆိုတာလည်း တော်တော် အနာခံရမှာ။ ငါ သေချင်သေသွားနိုင်သေးတယ်”ဟု ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ ပိုပိုပြီး မပျော်မရွှင် ခံစားခဲ့ရပြီး၊ တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့သည်။ ထိုအရာနှင့် ပတ်သက်၍ မတရားမှုအတွက် စတင်ငိုကြွေးမိခဲ့သည်။ ကျွန်မ ခွဲစိတ်မှုခံပြီးသည့်နောက် ညအချိန်တွင်၊ ထုံဆေးများ ပြယ်သည်နှင့်၊ ခွဲကြောင်းနေရာမှ နာကျင်မှုက အလွန်ဆိုးရွားသည်မှာ ကျွန်မ ငိုကြွေးရသည်။ အသက်ပင် ပြင်းပြင်း မရှူနိုင်ခဲ့ပါ။ ကျွန်မ အလွန် ကူရာမဲ့ပြီး၊ မတရားသဖြင့် ခံရသည်ဟု ခံစားခဲ့ရသည်။ ကျွန်မ အလွန် မခံနိုင်တော့ပါ- နာကျင်ခြင်းက မည်သည့်အချိန်တွင် အဆုံးသတ်မည်နည်း။ ကျွန်မ၏ ဆင်းရဲဒုက္ခဝေဒနာထဲတွင်၊ ဘုရား၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်လိုက်မိသည်၊ “လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။ လူသား၌ ဘုရားသခင် လုပ်ဆောင်သည့် အမှုအားလုံးသည် ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ရှိသည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသောအမှုကို မလုပ်ဆောင်သကဲ့သို့၊ လူသားအဖို့ အကျိုးမရှိသည့် အမှုကိုလည်း မလုပ်ဆောင်ပေ။ စစ်ဆေးခြင်းဟူသည်မှာ ဘုရားသခင် ရှေ့မှောက်မှ လူတို့အား ဖယ်ရှားခြင်းကို မဆိုလိုသကဲ့သို့၊ ၎င်းတို့ကို ငရဲတွင် ဖျက်ဆီးခြင်းကိုလည်း မဆိုလိုပေ။ ယင်းထက်၊ စစ်ဆေးခြင်း အတောအတွင်းတွင် လူသား၏ စိတ်သဘောထားကို ပြောင်းလဲခြင်း၊ သူ၏ ရည်ရွယ်ချက်များ၊ သူ၏ အမြင်ဟောင်းများကို ပြောင်းလဲခြင်း၊ ဘုရားသခင် အတွက် သူ၏ချစ်ခြင်းကို ပြောင်းလဲပေးခြင်းနှင့် သူ၏ဘဝတစ်ခုလုံး ပြောင်းလဲပေးခြင်းတို့ကို ဆိုလိုသည်။ စစ်ဆေးခြင်းသည် လူသားအား စစ်မှန်သော စစ်ဆေးမှုတစ်ခု ဖြစ်ပြီး၊ စစ်မှန်သော လေ့ကျင့်မှုပုံစံတစ်ခု ဖြစ်ကာ၊ စစ်ဆေးခြင်း အတောအတွင်းတွင်သာ သူ၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ ပင်ကိုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နိုင်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်”) ဘုရားနှုတ်ကပတ်တော် စကားလုံးတိုင်းက ကျွန်မ စိတ်နှလုံးထဲ ဝင်ရောက်ပြီး၊ ကျွန်မ အလွန် တို့ထိခြင်းခံခဲ့ရသည်။ ကျွန်မကို နာမကျန်းဖြစ်စေခြင်းတွင် ဘုရား၏အလိုတော်မှာ ကျွန်မအား မိမိကိုယ်ကိုယ် စစ်မှန်သည့် သိနားလည်ခြင်းတချို့ ဖြစ်ပေါ်စေဖို့၊ သမ္မာတရားကို ရှာဖွေမိနိုင်စေဖို့နှင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ကာ ပြောင်းလဲစေဖို့ ဖြစ်ခဲ့သည်ကို ကျွန်မ သိခဲ့သည်။ ယခင်က၊ ကျွန်မ၏ ယုံကြည်ခြင်းတွင် ကောင်းချီးများနောက် မလိုက်သင့်မှန်း နားလည်ခဲ့သော်လည်း၊ ကောင်းချီးခံစားရဖို့ဖြစ်သော ကျွန်မ၏ စိတ်လှုံ့ဆော်မှုကို အပြည့်အဝ မစွန့်လွှတ်ခဲ့ပါ။ ဘုရားသခင်ကို အလွန်အကျွံ တောင်းဆိုမှုများ ကျွန်မ စိတ်နှလုံးထဲတွင် သိုးထားနေဆဲ ဖြစ်ခဲ့သည်။ မိမိကိုယ်ကိုယ် ဆင်ခြင်ပြီး၊ မိမိကိုယ်ကိုယ် အနည်းငယ် သိသည်နှင့်အမျှ၊ ဘုရားက ကျွန်မ၏ရောဂါကို ဖယ်ရှားပေးသင့်သည်ဟု ကျွန်မ ထင်ခဲ့သည်။ ကျွန်မ၏ မိမိကိုယ်ကိုယ် ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့သည် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်များဖြင့် စွန်းထင်းခဲ့ပြီး ထိုအရာများက ဘုရားနှင့် အပေးအယူလုပ်ချင်သည့် ကျွန်မ၏ ဆန္ဒအတွက် အကွယ်အကာများသာ ဖြစ်ခဲ့ပေသည်။ ကျွန်မ တကယ် လုံးဝ နောင်တမရခဲ့ပါ။ ဘုရားက ကျွန်မ၏အတွေးများကို စိစစ်ခဲ့ပြီး၊ ကျွန်မကို ဖော်ထုတ်ဖို့၊ မိမိကိုယ်ကိုယ် ပိုပြီး ဆင်ခြင်မိစေရန်နှင့် အမှန်တကယ် နောင်တရစေရန် ကျွန်မ၏ နာမကျန်းဖြစ်ခြင်းအား အသုံးပြုခဲ့ပေသည်။ ဤသည်မှာ ကျွန်မအတွက် ဘုရား၏ ချစ်ခြင်းမေတ္တာ ဖြစ်ခဲ့ပေသည်။ ထို့နောက်ပိုင်းတွင်၊ ကျွန်မက၊ “ချစ်စွာသော ဘုရားသခင်၊ ကျွန်မ အခု ကိုယ်တော့်အလိုကို နားလည်ပါပြီ။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုတွေနဲ့ တောင်းဆိုမှုတွေအားလုံးကို စွန့်လွှတ်ပြီး၊ ကိုယ်တော် စီစဉ်ပေးထားတဲ့ အခြေအနေထဲမှာပဲ သမ္မာတရားကို ရှာဖွေချင်ပါတယ်။ ကျွန်မကို လမ်းပြတော်မူပါ” ဟု ဆိုရင်း ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

ရက်အနည်းငယ် ကြားပြီးသည့်နောက်၊ ဘုရားနှုတ်ကပတ်တော်တွေထဲတွင် ဤအရာကို ကျွန်မ ဖတ်မိခဲ့သည်၊ “လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါတွင်၊ ၎င်းတို့ထဲမှ မည်သူသည် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ ကြံရွယ်ချက်များနှင့် မျှော်မှန်းချက်များ မရှိသနည်း။ ၎င်းတို့၏ တစ်စိတ်တစ်ဒေသသည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ပြီး ဘုရားသခင်၏ တည်ရှိခြင်းကို မြင်ဖူးသော်လည်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် ကြံရွယ်ချက်များ ပါရှိနေဆဲဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ သူ၏ကောင်းချီးမင်္ဂလာများနှင့် ၎င်းတို့ အလိုရှိသော အရာများကို ရရှိရန် ဖြစ်သည်။...အယောက်တိုင်းသည် ထိုသို့သော တွက်ချက်မှုများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် စဉ်ဆက်မပြတ် ပြုတတ်ကြပြီး ဘုရားသခင်ထံ ၎င်းတို့၏ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် အပေးအယူဆိုင်ရာ စိတ်နေစိတ်ထားပါရှိသည့် တောင်းဆိုချက်များကို ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ လူသားသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် စစ်ဆေးနေသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ အစီအစဉ်များကို စဉ်ဆက်မပြတ် ဖန်တီးနေပြီး၊ သူ၏ကိုယ်ပိုင် တစ်ကိုယ်ရေ အဆုံးသတ်အတွက် အရေးကိစ္စကို ဘုရားသခင်နှင့် အဆက်မပြတ် ငြင်းခုံနေသကဲ့သို့၊ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုကို နှိုက်ယူရန် ကြိုးစားနေသည်၊ ဘုရားသခင်က သူအလိုရှိသော အရာကို ပေးမည်၊ မပေးမည်ကို ကြည့်နေလေသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကို လိုက်စားနေသည်နှင့်အမျှ၊ လူသားသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားပေ။ လူသည် ဘုရားသခင်အပေါ် မရပ်မနား တောင်းဆိုချက်များ ပြုလုပ်ရင်းနှင့် ခြေလှမ်းတိုင်းတွင် သူ့ကို ဖိအားပေးလျက်၊ ရလေလိုလေ အိုတစ္ဆေ ဖြစ်လျက်၊ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် အမြဲကြိုးစားပြီးဖြစ်သည်။ ဘုရားသခင်နှင့် အပေးအယူများ လုပ်ရန် ကြိုးစားနေသည်နှင့်အမျှ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်နှင့်ငြင်းခုံပြီး စမ်းသပ်မှုများ ၎င်းတို့အပေါ် ကျရောက်ချိန်တွင် သို့မဟုတ် အချို့သော အခြေအနေများ၌ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ရောက်ရှိနေသည်ကို သိချိန်တွင် မကြာခဏ အားနည်းလာကာ၊ မတုန်မလှုပ် ဖြစ်လာပြီး ၎င်းတို့၏ အလုပ်၌ ပေါ့ဆလာပြီး ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမှုများ အပြည့်ရှိသည့် လူများပင် ရှိလေသည်။ လူက ဘုရားသခင်ကို ပထမဦးဆုံး စတင်ယုံကြည်ခဲ့ချိန်မှစ၍၊ သူသည် ဘုရားသခင်ကို ပေါင်းလန်အောင် များပြားခြင်းတစ်ခု၊ ဆွစ်တပ်မတော် စွယ်စုံသုံးဓားတစ်ခုအဖြစ် သဘောထားခဲ့ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများနှင့် ကတိများကိုရရန် ကြိုးစားခြင်းမှာ သူ၏ ရှိရင်းစွဲ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဖြစ်စဉ်တွင် ဘုရားသခင်၏ တာဝန်မှာ လူသားကို ကာကွယ်ကာ စောင့်ရှောက်ရန်နှင့် ထောက်ပံ့ရန် ဖြစ်သည့်အလား၊ သူ့ကိုယ်သူ ဘုရားသခင်၏ အကြီးဆုံးသော ကြွေးရှင်အဖြစ် သဘောထားခဲ့လေသည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သော သူအားလုံး၏ ‘ဘုရားသခင်အပေါ် ယုံကြည်မှု’ ၏ အခြေခံသိနားလည်မှုဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု အယူအဆနှင့်ဆိုင်သော ၎င်းတို့၏ အနက်ရှိုင်းဆုံးသော သိနားလည်မှု ဖြစ်သည်။ လူ၏ သဘာဝ အနှစ်သာရမှသည် သူ၏ ဓမ္မဓိဌာန်မကျသော လိုက်စားမှုအထိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် သက်ဆိုင်သောအရာ တစ်ခုမျှ မရှိပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူသား၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့်အရာမျှ ပတ်သက်နိုင်ချေ မရှိပေ။ ဆိုလိုသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်း လိုအပ်သည်ကို လူသားက မည်သည့်အခါမျှ မယူဆဖူးသကဲ့သို့ နားလည်ဖူးခြင်းလည်း မရှိပေ။ ထိုသို့သော အခြေအနေများအရ လူသား၏ အနှစ်သာရသည် သိသာထင်ရှားပေသည်။ ဤအနှစ်သာရမှာ အဘယ်အရာ ဖြစ်သနည်း။ လူသား၏ စိတ်နှလုံးသည် မလိုမုန်းထားတတ်သည်၊ သစ္စာမဲ့ခြင်းနှင့် လှည့်ဖြားမှုကို သိုထားသည်၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်း သို့မဟုတ် အပြုသဘောဆောင်သော အရာကို မနှစ်သက်သကဲ့သို့၊ ယင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကာ အလိုကြီးလေသည်။ လူသား၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးကပ်နိုင်ခြင်း မရှိပေ။ သူသည် စိတ်နှလုံးကို ဘုရားသခင်အား လုံးဝ ပေးအပ်ခြင်း မရှိလေပြီ။ ဘုရားသခင်သည် လူသား၏ စစ်မှန်သော စိတ်နှလုံးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသကဲ့သို့ သူသည် လူသား၏ ကိုးကွယ်ခြင်းကိုလည်း ခံရဖူးခြင်း မရှိပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ဤအရာကို ဖတ်မိခဲ့ချိန်တွင်၊ ကျွန်မ အလွန် ရှက်သွားသည်။ ဘုရားနှုတ်ကပတ်တော်များက ကျွန်မ၏အခြေအနေမှန်ကို အတိအကျ ထုတ်ဖော်ပြခဲ့သည်။ ကျွန်မက ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်ကာ ဘုရားကို အမြဲတမ်း အပေးအယူလုပ်ရင်း၊ ကောင်းချီးခံစားရဖို့အမြဲတမ်း လိုချင်ခဲ့သည်။ ဘုရားကို ကျွန်မ ယုံကြည်ကာ မိမိတာဝန်ကို အမြဲလုပ်ဆောင်ပြီး၊ အသင်းတော်ထဲတွင် မိမိကိုယ်ကိုယ် အသုံးခံပြီးဖြစ်သည့်အတွက်၊ ဘုရားက ကျွန်မကို စောင့်ရှောက်ပြီး ကာကွယ်သင့်ကာ မကျန်းမာမှုနှင့် အန္တရာယ်အားလုံးမှ ကျွန်မကို ကာကွယ်စောင့်ရှောက်သင့်သည်ဟု ကျွန်မ ခံစားခဲ့သည်။ ဤအရာသည်သာ မှန်ကန်ပြီး သင့်လျော်သည်ဟု ကျွန်မ တွေးခဲ့သည်။ ကျွန်မ ကင်ဆာရှိသည်ကို သိခဲ့ချိန်တွင်၊ ဘုရားကို ချက်ချင်း စတင်အပြစ်တင်ခဲ့ပြီး၊ သူ့ကို ကန့်ကွက်ရန် ကျွန်မ၏ ဆင်းရဲဒုက္ခနှင့် စွန့်လွှတ်ပေးဆပ်ခဲ့သည့် နှစ်များအပေါ် အရင်းပြုချင်ခဲ့သည်။ ကျွန်မ စတင်သက်သာလာခဲ့ချိန်တွင်၊ ‘ဘုရားကို ကျေးဇူးတင်ပါတယ်’ဟု ပါးစပ်ဖြင့် ပြောခဲ့သော်လည်း၊ ကျွန်မ ရင်ထဲတွင် ပိုပြီးပင် လိုချင်ခဲ့သည်။ နောက်ထပ် မည်သို့မျှ ဝေဒနာမခံစားရတော့ဖို့ရန် ဘုရားသခင်အား ကျွန်မ၏ရောဂါကို လုံးဝ ဖယ်ရှားပေးလိုက်စေချင်ခဲ့သည်။ ကျွန်မ၏ တရားလွန်ဆန္ဒက မပြည့်ခဲ့ချိန်တွင်၊ ကျွန်မ၏ ဆိုးယုတ်သော သဘာဝက တစ်ဖန် ခေါင်းထောင်လာခဲ့ပြီး၊ ဘုရားကို တစ်ဖန် အပြစ်တင်ကာ ငြင်းခုံရန် ကြိုးစားခဲ့သည်။ ကျွန်မ၏ အပြုအမူမှာ သူ၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင် ထုတ်ဖော်ပြသည့်အတိုင်း ဖြစ်ခဲ့ပါသည်- “လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည် ယုတ္တိယုတ္တာ သို့မဟုတ် အကြောင်းပြချက် မရှိဘဲ၊ ယမန်နေ့က ၎င်းတို့၏ ကျေးဇူးရှင်ကို ၎င်းတို့ အသေအကြေတိုက်မည့် ရန်သူအဖြစ် ရုတ်တရက် ဆက်ဆံရင်း၊ ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။ မျက်တောင်ပင်မခတ်ဘဲ သတ်ဖြတ်မည့် ဤမကောင်းဆိုးဝါးများကို မနှင်ထုတ်လျှင်၊ ၎င်းတို့သည် ကွယ်ဝှက်သော အန္တရာယ်ဖြစ်လာမည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု”) ဘုရားသခင်၏ ဤစကားများက ကျွန်မ၏ စိတ်နှလုံးကို စူးဝင်သွားခဲ့သည်။ ဘုရားကို နှစ်များစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ကျွန်မက သူ့ကို ဖြစ်သင့်သည်အတိုင်း ကိုးကွယ်နေခြင်း သို့မဟုတ် ကျိုးနွံနာခံနေခဲ့ခြင်း မရှိခဲ့ပါ။ ထိုအစား၊ သူ့ကို အစွမ်းကြီးသည့် ဆရာဝန်တစ်ဦးကဲ့သို့၊ ခိုလှုံရာတစ်ခုကဲ့သို့ သဘောထားနေခဲ့သည်။ဤဘဝတွင် ငြိမ်းချမ်းခြင်းနှင့် သူ့ထံမှ အနာဂတ် ကောင်းချီးများ ရရှိဖို့ ကြိုးစားရင်း၊ မိမိ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ စွမ်းဆောင်ရရှိရန် ဘုရားသခင်ကို ကျွန်မ အသုံးပြုနေခဲ့ပေသည်။ ဘုရားသခင်၌ ကျွန်မ၏ယုံကြည်ခြင်းမှာ မျက်နှာပြောင်တိုက် အပေးအယူလုပ်ခြင်းသာဖြစ်ပြီး၊ သူ့ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးများ ရဖို့၊ ဘုရားသခင်ကို ကျွန်မ အသုံးပြုနေခဲ့ခြင်းဖြစ်သည်ကို ကျွန်မ သိသွားခဲ့သည်။ ကျွန်မက ဘုရားကို လှည့်စားပြီး ခုခံနေခဲ့လေပြီ မဟုတ်ပါလား။ ဆိုးယုတ်သော စိတ်သဘောထားများကိုသာ အသက်ရှင်နေထိုင်လျက် လူသား သဘာဝ တစ်စက်မျှမရှိဘဲ ကျွန်မ မည်မျှ တစ်ကိုယ်ကောင်းဆန်ကာ လှည့်ဖြားတတ်သည်ကို ကျွန်မ မြင်လိုက်ရသည်။ ဘုရားသခင်က ကျွန်မကို အလွန် ရွံရှာပြီး မုန်းတီးခဲ့ရပေမည်။

ထို့နောက် ဘုရားနှုတ်ကပတ်တော်များထဲက ဤအရာကို ကျွန်မ ဖတ်မိခဲ့သည်၊ “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်သည်နှင့်အမျှ၊ ကျွန်မ အလွန် တို့ထိခံခဲ့ရသည်။ ကျွန်မက၊ “ဘုရားသခင်ဆိုတာ ဖန်ဆင်းရှင်ပဲ။ ဘုရားက ငါတို့ကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးအပ်နိုင်သလို၊ ငါတို့ကို တရားစီရင်နိုင်တယ်၊ ပြစ်တင်ဆုံးမနိုင်တယ်၊ စမ်းသပ်ပြီး စစ်ဆေးနိုင်တယ်။ ဘုရားက ငါတို့ကို ချစ်တာ မှန်ပေမယ့် စမ်းသပ်မှုတွေ ပေးလို့မရတော့ဘူးလား”ဟု တွေးမိခဲ့သည်။ ယောဘအကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ သူ့အပေါ် ဘုရားက ကြီးမားသည့် ကြွယ်ဝမှု ပေးခဲ့ပြီး၊ သူက ဘုရားကို ကျေးဇူးတင်ကာ ချီးမွမ်းခဲ့သော်လည်း၊ ပစ္စည်းဥစ္စာကြွယ်ဝမှုကို သူ မတပ်မက်ခဲ့ပါ။ သူ့ထံမှ ဘုရားက အရာရာ ယူဆောင်သွားခဲ့ချိန်တွင်၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀)ဟု ဆိုရင်း၊ သူခံရသည့် စမ်းသပ်မှုမှတစ်ဆင့် ဘုရားသခင်၏ နာမကို ချီးမြှောက်နိုင်ဆဲ ဖြစ်ခဲ့သည်။ သူ့မှာ ရှိသည့်အရာမှန်သမျှက ဘုရားသခင်ဆီက လာခဲ့ခြင်းဖြစ်ကာ ဘုရားက သူ့ကို ပေးသည်ဖြစ်စေ၊ ဥစ္စာပစ္စည်းများ ယူဆောင်သွားသည်ဖြစ်စေ၊ ဘုရားက ဖြောင့်မတ်သည်ကို ယောဘ သိခဲ့သည်။ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်းမှာ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် မစွန်းထင်းခဲ့သကဲ့သို့၊ ကောင်းချီးခံစားရမည်လား၊ ဘေးဒုက္ခနဲ့ ကြုံမှာလားဆိုသည်ကို သူက မတွေးခဲ့ပေ။ ဘုရားက မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ၊ သူ အပြစ်မတင်ခဲ့ပါ။ ဘုရားကို ကိုးကွယ်ကာ ကျိုးနွံနာခံရန် ဖန်ဆင်းခံတစ်ဦးကဲ့သို့ သူ၏ နေရာကို သူ ယူနိုင်ခဲ့သည်။ ယောဘ၏ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားကို မြင်သည့်အခါ၊ ကျွန်မ တကယ်ကို ရှက်မိခဲ့သည်။ ကျွန်မမှာ ရှိသမျှ၊ကျွန်မ၏ တကယ့် ထွက်သက်ဝင်သက်ပင်လျှင် ဘုရားက ပေးထားခဲ့ခြင်း ဖြစ်သည်။ သို့သော်၊ ကျွန်မ လုံးဝ ကျေးဇူးမသိတတ်ခဲ့ဘဲ၊ ထိုအစား ကျွန်မ နာမကျန်းဖြစ်သည့်အခါ ဘုရားကို အပြစ်တင်နေမိခဲ့သည်။ ကျွန်မမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ဘာဆိုဘာမျှ မရှိခဲ့ပေ။ ကျွန်မက ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မသိခဲ့သကဲ့သို့၊ သူ၏ ရှေ့မှောက်တွင် ကျွန်မ၏ နေရာမှန် သို့မဟုတ် ဖန်ဆင်းရှင်အား မည်သို့ ကျိုးနွံနာခံသင့်သည်ကို မသိခဲ့ပါ။ ကျွန်မ၏ အယူအဆများ၊ စိတ်ကူးများနှင့် အပေးအယူများ လုပ်ခြင်းနှင့်ပတ်သက်သည့် ကျွန်မ၏ ခံယူချက်များဖြင့် ယုံကြည်ရင်း၊ ဘုရားကို အပြစ်တင်ကာ ရောဂါကို ရင်ဆိုင်ရာတွင် သူ့ကို ခုခံခဲ့သည်။ ထိုသို့ဖြစ်လျက်ပင်၊ ဘုရားထံမှ ကောင်းချီးများနှင့် ကျေးဇူးတော်ကို ကျွန်မ အမြဲ လိုချင်ခဲ့ပြီး၊ ဘုရား၏ နိုင်ငံတော်ထဲ ရောက်ချင်ခဲ့သည်။ ကျွန်မ တကယ်ကို မရှက်တတ်ခဲ့ပါ။ ထိုအချိန်တွင်ပင် ကျွန်မ သေခဲ့မည်ဆိုပါက၊ ယင်းမှာ ကျွန်မ၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအတွက် ဘုရား၏ ဖြောင့်မတ်ခြင်း ဖြစ်မည်ဆိုသည်ကို ကျွန်မ မြင်သွားသည်။ ယောဘ၏ အတွေ့အကြုံများထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ကျွန်မ ရှာတွေ့ခဲ့သည်။ ကျွန်မ မည်မျှကြာကြာ ရောဂါဖြစ်ပါစေ၊ သို့မဟုတ် ပြန်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ဘုရား၏အုပ်စိုးခြင်းနှင့် အစီအစဉ်များကိုသာ ကျွန်မ ကျိုးနွံနာခံချင်မိတော့သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ကျွန်မ ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ဤအတွေးက ကျွန်မကို ကြီးမားသည့် စိတ်သက်သာမှု ယူဆောင်ပေးခဲ့သည်။

ကျွန်မ မသိလိုက်ခင်တွင်၊ ဓာတ်ရောင်ခြည်ကုထုံး ယူရမည့်အချိန် ရောက်လာခဲ့သည်။ ဓာတ်ရောင်ခြည်ကုထုံးက ခန္ဓာကိုယ်ပေါ်တွင် အတော် နာကျင်ရပြီး၊ ကျွန်မ၏ အသားတွေ ကျက်သလိုဖြစ်သွားမည်ဟု တခြားကင်ဆာရောဂါသည်များက ပြောကြသည်။ ကျွန်မအနေဖြင့် မူးနောက်နောက်နှင့် မအီမသာဖြစ်လိမ့်မည်ဖြစ်ပြီး၊ မည်သည့်အရာကိုမျှ အရသာခံနိုင်မည်မဟုတ်ဟု သူတို့က ဆိုကြသည်။ ဤအရာအားလုံးကို ကျွန်မ ကြားရချိန်တွင်၊ ဤအခြေအနေကနေ ထပ်ပြီး လွတ်မြောက်စေရန် ဘုရားသခင်ထံ ကျွန်မ စတင် တောင်းလျှောက်နေမိခဲ့သော်လည်း၊ ကျွန်မ၏ အခြေအနေက မှားနေမှန်း အလျင်အမြန် ကျွန်မ နားလည်သွားခဲ့ပြီး ဘုရားထံ ဆုတောင်းခဲ့သည်။ ထိုအချိန်တွင် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ထဲက စာသားအချို့ကခေါင်းထဲ ရောက်လာခဲ့သည်၊ “သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားကို ယုံကြည်သူတစ်ဦး လိုက်စားရမည့်အရာကျူး”) ဤအခြေအနေမှာ ကျွန်မကို ဘုရားက စမ်းသပ်နေခဲ့ခြင်းဖြစ်ကာ၊ ကျွန်မအနေဖြင့် အသိတရားမဲ့စွာ အမှုအရာများအား ဘုရားထံ တောင်းလျှောက်၍မဖြစ် သို့မဟုတ် သူ့ကို နောက်ထပ် နာကျင်စေ၍ မဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံမှဖြစ်မည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ ကျိုးနွံနာခံသည်နှင့်တစ်ပြိုင်နက်၊ ဓာတ်ရောင်ခြည်ကုထုံးကို နေ့တိုင်း ယူရပြီး၊ ကျွန်မ၏ ခန္ဓာကိုယ် နေရာအများအပြား နာကျင်ခဲ့ရသော်လည်း၊ အခြားလူနာများ ပြောပြသလောက် မဆိုးရွားခဲ့ပါ။ ဤသည်မှာ ကျွန်မအပေါ် ဘုရားက သနားကရုဏာထားခြင်းနှင့် စောင့်ရှောက်နေခြင်းဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မ၏ ဓာတ်ရောင်ခြည်ကုထုံး ပြီးသည့်အချိန်တွင်၊ ရုပ်ပိုင်းဆိုင်ရာ နာလန်ထူခြင်းက တကယ်ကို မြန်ဆန်ခဲ့သည်။ စိတ်ရော ကိုယ်ပါ တကယ် ကောင်းသွားခဲ့သည်။ အသင်းတော်က ညီအစ်ကိုမောင်နှမများက ကျွန်မကို ကင်ဆာရောဂါသည်တစ်ဦးကဲ့သို့ လုံးဝ မထင်ရဘူးဟု ဆိုခဲ့ကြသည်။ အချိန်အနည်းငယ် ကြာပြီးသည့်နောက်တွင်၊ ကျွန်မ၏ တာဝန်ကို ကျွန်မ တစ်ဖန် စတင်လုပ်ဆောင်ခဲ့သည်။ ဤအတွေ့အကြုံမှတစ်ဆင့် ကျွန်မ၏ ယုံကြည်ခြင်းက ကြီးထွားခဲ့ပြီး၊ ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ရန် အခွင့်အရေးကို ကျွန်မ သာ၍ပင် စတင် မြတ်နိုးမိခဲ့သည်။

ထိုအချိန်ကတည်းက ၂ နှစ်နီးပါး ရှိပြီးဖြစ်သော်လည်း၊ကျွန်မ နာမကျန်းဖြစ်ခဲ့သည့် ထိုအချိန်ဆယ်လကို ပြန်တွေးမိသည့်အချိန်တိုင်းတွင်၊ မနေ့တနေ့ကမှ ဖြစ်ပျက်ခဲ့သကဲ့သို့ ခံစားရသည်။ ကျွန်မ၏ ခန္ဓာကိုယ် အနည်းငယ် ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း၊ ကောင်းချီးများအတွက် ကျွန်မ၏ စိတ်လှုံ့ဆော်မှုနှင့် အားထုတ်မှုအပေါ် ကျွန်မ၏ မှားယွင်းသည့် အမြင်များကို ကျွန်မ နားလည်လာခဲ့သည်။ သမ္မာတရားကို လိုက်စားကာ ကျွန်မ၏ ယုံကြည်ခြင်းတွင် ဘုရားသခင်ကို နားခံရန် ကြိုးရမည်ဆိုသည်ကို ယခု ကျွန်မ သိသည်။ ကျွန်မ ကောင်းချီးခံစားရချိန် သို့မဟုတ် ဘေးဒုက္ခနှင့် ကြုံရချိန်တွင်၊ ဘုရား၏ စီစဉ်ညွှန်ကြားမှုများ၊ သူ့အုပ်စိုးမှုနှင့် အစီအစဉ်များကို ကျွန်မ အမြဲ ကျိုးနွံနာခံရမည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက် ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် အသိစိတ်တစ်ခု ဖြစ်သည်။ ဘဝတွင် အရာရာတိုင်း ချောချောမွေ့မွေ့ ဖြစ်ခဲ့မည်ဆိုပါက၊ ဤအရာအားလုံးကို ကျွန်မ လုံးဝ ရနိုင်ခဲ့မည်မဟုတ်ပါ။ ဤသည်မှာ ကျွန်မကို ဘုရားသခင် ပေးပြီးဖြစ်သည့် ဘဝ၏ ချမ်းသာကြွယ်ဝမှု ဖြစ်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

အရှေ့သို့- ၇၄။ ဆင်းရဲဒုက္ခကြားမှ နာခံဖို့ သင်ယူခြင်း

နောက်တစ်ခုသို့- ၇၆။ နာမကျန်းဖြစ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများအတွက် ကျွန်တော်၏ရည်ရွယ်ချက်များ ထုတ်ဖော်ခြင်းခံရပေ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၈။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်