၇၄။ စမ်းသပ်မှုများတွင် ဘုရားသခင်၏ ကောင်းချီးများကို မြင်ခြင်း

တရုတ်နိုင်ငံ ဟဲနန် စီရင်စု၊ ရီးဖန်

ကျွန်မသား ခြောက်နှစ်အရွယ်တုန်းက တစ်နေ့မှာ သူ့နားရွက်နောက်ကနေ အခဲတစ်လုံး ရှိနေတာကို ကျွန်မ သတိပြုမိတာကို မှတ်မိသေးတယ်။ သူ့ကို ဆေးစစ်ဖို့ ဆေးရုံခေါ်သွားခဲ့ပြီး ဆရာဝန်က အဲဒါ အကျိတ်လို့ပြောတယ်။ အရိုးတွေကို ဖျက်ဆီးတဲ့ သီးသန့်အကျိတ် အမျိုးအစားတစ်ခု တဲ့။ အဲဒီအချိန်တုန်းက အသက်အန္တရာယ် ထိခိုက်တာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ထိရောက်တဲ့ ကုသမှု မရှိခဲ့ဘူး။ ဒါက တော်တော်နာတယ်လို့ သူကပြောတယ်။ ဘာကြောင့်လဲဆိုရင် အဲဒါက ဆိုးလာတဲ့အခါတိုင်းမှာ ပိုးဝင်တဲ့ အရိုးကို ဖြတ်တောက်ဖို့ ကျွန်မသားက ခွဲစိတ်မှု ခံယူဖို့လိုတာကြောင့်ပါ တဲ့။ အဲဒီလိုမလုပ်ရင် သူ့မှာ အသက်အန္တရာယ်ထိခိုက်နိုင်တယ်။ ဆရာဝန်က ဒီလိုပြောတာကို ကြားရတော့ ကျွန်မ လုံးဝ ထိတ်လန့်သွားတယ်။ ကျွန်မ ယူကျုံးမရဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ယုံကြည်သူအသစ်ပါ။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာကြောင့် ဘုရားက ကျွန်မအတွက် အထောက်အပံ့ဖြစ်သင့်တယ်လို့ တွေးမိတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့နေပြီး ဘုရားကို လုံးဝ အပြစ်မတင်ဖို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ အမှီပြုသရွေ့ ကျွန်မသားက သေချာပေါက် သက်သာပျောက်ကင်းသွားမှာပဲလို့ ယုံကြည်ခဲ့တယ်။ ကျွန်မသားရဲ့ ခွဲစိတ်မှုက လုံးဝ အောင်မြင်သွားခဲ့ပြီး တော်တော်ကို အမြန်သက်သာလာတယ်။ သူ့ခွဲစိတ်မှုပြီးသွားပြီး သုံးရက်ပဲရှိသေးတယ်။ သူက ဆေးရုံတစ်ရုံလုံးမှာ ပြေးလွှားနေပြီ။ တစ်ပတ်ကြာပြီးတော့ သူ ဆေးရုံကဆင်းခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ပိုပြီး စိတ်အားထက်သန်လာတယ်။ အသင်းတော်က ကျွန်မကို ချပေးတဲ့ ဘာတာဝန်ကိုမဆို ကျွန်မ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံခဲ့ပြီး မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ကျွန်မရဲ့ တာဝန်ကို အမြဲတမ်း ထမ်းဆောင်ခဲ့တယ်။ ကျွန်မ မိသားစုက နားမလည်ဘူး။ ကျွန်မနဲ့ နီးစပ်တဲ့လူတွေက ကျွန်မ နောက်ကွယ်မှာ အမြဲတမ်း တစ်ခုခုပြောနေကြတယ်။ ဒါပေမဲ့ ကျွန်မ အလေးအနက်မထားခဲ့ပါဘူး။ ကျွန်မ အလုပ်ကြိုးစားနေပြီး ကိုယ့်ကိုယ်ကိုယ် အသုံးတော်ခံနေသရွေ့ ဘုရားသခင်က ကောင်းချီးပေးတာကို သေချာပေါက် ခံရမှာပဲလို့ ကျွန်မ ခံစားမိခဲ့တယ်။

နောက်တော့ တစ်နေ့မှာ ကျွန်မသားက ကျွန်မဆီကို လာပြီး သူ့ခါးကို ဖိကိုင်ထားရင်းနဲ့ နာတယ်လို့ ပြောတယ်။ သူ့မျက်နှာပေါ်က နာကျင်တဲ့အကြည့်ကို မြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်မိတယ်။ ကျွန်မ သူ့အင်္ကျီကို ချက်ချင်း မလိုက်ပြီး သူ နာတယ်လို့ပြောတဲ့ နေရာတည့်တည့်မှာပဲ အခဲတစ်ခု ထွက်နေတာကို မြင်ရတယ်။ ကျွန်မ အသာလေးထိကြည့်တဲ့အခါ သူက နာပြီး အော်ငိုတယ်။ သူ့အခြေအနေက ပြန်ပေါ်နေပြီဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ ကျွန်မ သူ့ကို ဆေးရုံကို တန်းတန်းမတ်မတ် အမြန်ခေါ်သွားခဲ့တယ်။ စစ်ကြည့်တော့ သူ့ရောဂါက ပြန်ပေါ်လာပြီဆိုတာ အတည်ပြုခဲ့တယ်။ ကျွန်မ မနေနိုင်ဘဲ သူ ပထမအကြိမ် ခွဲစိတ်တုန်းက သူ့ကို ပိုက်တွေအပြည့်တပ်ထားတာ မြင်ရတာကို စဉ်းစားမိတယ်။ သူက အားနည်းနေတဲ့ ပုံစံပေါက်နေပြီး ကျွန်မက နာကျင်ခံစားနေရတယ်။ ဒီတစ်ခါ သူဘယ်လောက် တောင့်ခံရမယ်ဆိုတာကို ကျွန်မ မတွေးရက်ခဲ့ဘူး။ ဒီလို ငယ်ရွယ်တဲ့အချိန်မှာ သူ ဘယ်လောက် ဒုက္ခခံရမယ်ဆိုတာကို ကျွန်မ တွေးမိတိုင်း အရမ်း စိတ်သောကရောက်ပြီး စားလို့၊ အိပ်လို့တောင် မရခဲ့ဘူး။ သူ့ရောဂါကို ကျွန်မ ယူပြီး သူ့နေရာကနေ ဒုက္ခခံဖို့ ကျွန်မ စိတ်နှလုံးထဲကနေ အပြည့်အဝ ဆန္ဒဖြစ်မိတယ်။ ကျွန်မ ယုံကြည်သူဖြစ်လာကတည်းက ဘုရားသခင်အတွက် အရမ်းအလုပ်ကြိုးစားခဲ့ပေမဲ့ ဘုရားသခင်က ဘာကြောင့် ကျွန်မမိသားစုကို ကြည့်ရှုစစ်ဆေးပြီး ကာကွယ်မပေးတာလဲဆိုတာကို ကျွန်မ နားမလည်နိုင်ဘူး။ အဲဒီနေ့မှာပဲ ကျွန်မတို့ရွာက အစ်မတစ်ယောက်က ကျွန်မကို လာတွေ့ပြီး ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မနဲ့ မိတ်သဟာယဝေမျှခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က အဓိကအားဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနဲ့ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်တယ်၊ လူတိုင်းက စာတန်ရှေ့မှာ စမ်းသပ်မှုတွေကို ဖြတ်သန်းပြီး ဘုရားသခင်အတွက် သက်သေရပ်တည်ရမှာဖြစ်တယ်ဆိုတာကို ကျွန်မ သင်ယူလေ့လာခဲ့ရပါတယ်။ ယောဘက သူ အစမ်းသပ်ခံရတုန်းမှာ စကားနဲ့ လုံးဝ အပြစ်မပြုခဲ့ဘဲ ယေဟောဝါရဲ့ အမည်နာမကို ချီးမွမ်းသင့်တယ်ဆိုပြီး ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ ယောဘက ဘုရားသခင်အတွက် သက်သေရပ်တည်ခဲ့ပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်း၊ ကောင်းချီးပေးခြင်းကို ခံရတယ်။ စမ်းသပ်မှုတွေဟာ ယုံကြည်ခြင်းရှိတဲ့သူတွေသာ ရရှိနိုင်တဲ့ အယောင်ဆောင်ထားတဲ့ ကောင်းချီးတွေပဲဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ကျွန်မသားရဲ့ ရောဂါဆိုတာ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေတာပါ။ ကျွန်မက ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အတွက် သက်သေရပ်တည်သရွေ့၊ ဘုရားကို အပြစ်မတင်သရွေ့ ဘုရားက ကျွန်မသားကို သေချာပေါက် ကောင်းချီးပေးဦးမှာပဲ။ ကျွန်မ ဝတ်ပြုအစည်းအဝေးတွေကို ဆက်သွားခဲ့တယ်။ ကျွန်မတာဝန်ကို ပိုပြီးတော့တောင် စိတ်နှစ်ပြီး လုပ်ခဲ့တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက စမ်းသပ်မှုတွေ ကြုံရပြီး အပျက်သဘောဆောင်လာတဲ့အခါမှာ ကျွန်မ နည်းနည်းနားလည်ထားတာတွေကို သူတို့နဲ့ မျှဝေတယ်။ ကျွန်မက ယုံကြည်ခြင်းအများကြီးရှိတယ်လို့ ပြောကြပြီး သူတို့အားလုံးက ကျွန်မကို လေးစားကြတယ်။ တစ်ယောက်ယောက်က ကျွန်မကို ဒီလို ချီးကျူးတဲ့အခါတိုင်း ကျွန်မ ဘုရားသခင်အတွက် သက်သေရပ်တည်နေတယ်ဆိုတာကို ပိုပြီးတော့တောင် သေချာလာခဲ့တယ်။

နောက်တော့ ကျွန်မသားရဲ့ ရောဂါက ငါးကြိမ်မြောက် ပေါ်လာတယ်။ ဆရာဝန်က သူက ခဏခဏ ရောဂါဖြစ်လွန်းနေတယ်၊ ခြောက်လမှာ တစ်ကြိမ်နီးနီးပဲ။ ဒီလိုဆက်သွားရင် အသက်အန္တရာယ်ကို ထိခိုက်လာမယ်ဆိုပြီး ပြောတယ်။ ဓာတုကုထုံးနဲ့ ဓာတ်ကင်တာတွေ ခံယူရင် အထောက်အကူဖြစ်မဖြစ်သိရအောင် အဲဒါတွေ လုပ်ကြည့်ဖို့ သူက အကြံပေးတယ်။ အဲဒါကို ကျွန်မ ကြားရတဲ့အခါမှာ ကျွန်မ ရင်ထဲမှာ လုံးဝ ပြိုလဲသွားခဲ့တယ်။ ကျွန်မ အရမ်းနာကျင်လွန်းပြီး ဘုရားသခင်နဲ့ အကျိုးအကြောင်းပြ ပြောဆိုဖို့ ကြိုးစားလာခဲ့တယ်။ “မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ငါ နေ့ရက်တိုင်း အရမ်းအလုပ်ကြိုးစားတယ်။ သူများတွေဆီကနေ ဘယ်လို ဝေဖန်အကဲဖြတ်မှု၊ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရပါစေ ဘုရားသခင်ကို ငါ လုံးဝ မငြင်းပယ်ခဲ့ဘူး။ ငါ့တာဝန်ကိုပဲ ထမ်းဆောင်ခဲ့တယ်။ ဘုရားသခင်က ငါ့ကို ဘာကြောင့် မကာကွယ်တာလဲ” ပေါ့။ ကျွန်မ နာကြည်းချက်တွေနဲ့လည်း ပြည့်လျှံနေခဲ့တယ်။ ကျွန်မ အစည်းအဝေးတွေကို ဆက်သွားပြီး တာဝန်ကို ထမ်းဆောင်တယ်။ ဒါပေမဲ့ ကျွန်မ နှလုံးသားက ဘုရားသခင်နဲ့ ပိုဝေးလာတယ်။ ကျွန်မ ခဏခဏ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ဆုပ်ကိုင်ထားပြီး ကြောင်ကြည့်နေတာကို ကိုယ့်ကိုယ်ကိုယ် တွေ့ရတယ်။ ကျွန်မက တော်တော်ကို ဒုက္ခခံနေရတာပါ။ ကျွန်မ နှလုံးသားကို ဘုရားသခင်ဆီကို ဖွင့်ချခဲ့တယ်။ “ဘုရားသခင် ကျွန်မ အခုအချိန်မှာ အရမ်း နာကျင်နေရပါတယ်။ ကျွန်မသားရဲ့ ကျန်းမာရေး ပြဿနာတွေအတွက် ကိုယ်တော့်ကို အပြစ်မတင်သင့်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကိုယ်တော့်အလိုတော်ကို ဒါမှမဟုတ် ဒါကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာကို ကျွန်မ နားမလည်ဘူး ဘုရားသခင် ကိုယ်တော်ရဲ့အလိုတော်ကို နားလည်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ ကျွန်မ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ထိုအခါတွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်ခဲ့ပေလိမ့်မည်။” ပြီးတော့ ဒီ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းကို ကျွန်မ ချက်ချင်း တွေ့ခဲ့ပါတယ်။ “...ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာ သည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ထိုအခါတွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်ခဲ့ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ လူ၏ရှုထောင့်မှကြည့်လျှင် တစ်စုံတစ်ခု သည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။...ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုန့်ပြန်သနည်း။ ‘လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်းပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ပညာရှိသော လုပ်ဆောင်ချက်များအတွက် ကျွန်ုပ်မချီးမွမ်းဘဲ မည်သို့ နေနိုင်ပါအံ့နည်း။’ ယနေ့တွင် ဘုရားသခင်သည် လူတို့အား စာတန်က မည်သို့ ဖေါက်ပြန်ပျက်စီးစေကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မည်သို့ကယ်တင်ကြောင်း ပြသရန် စာတန်ကို ဖျက်စီးခြင်း မဟုတ်ကြောင်း သင်သဘောပေါက်သင့်သည်၊ နောက်ဆုံးတွင် စာတန်က လူတို့ကို ဖေါက်ပြန်ပျက်စီးစေသည့် အတိုင်းအတာအရ ၎င်းတို့သည် စာတန်၎င်းတို့ကို ဖေါက်ပြန်ပျက်စီးစေသည့် ကြောက်စရာကောင်းလှသည့် အပြစ်ကို တွေ့မြင်ရကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်ကာ ယင်း၌ ဘုရားသခင်၏ စိတ်သဘောထားပါဝင်သည်ကို တွေ့မြင်ကြလိမ့်မည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် သင်မတွေးတတ်အောင် ခက်ခဲနက်နဲနိုင်သော်လည်း မိမိသဘောရှိ တရား မစီရင်သင့်ပေ။ ကိုယ်တော်ပြုသောအမှု တစ်စုံတစ်ရာသည် သင့်အတွက် ကျိုးကြောင်းမဆီလျော်သလို ထင်ရပါလျှင်၊ သို့မဟုတ် သင့်မှာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ၄င်းက ဘုရားသခင်သည် မဖြောင့်မတ်ဟု ပြောစေလျှင် သင်သာလျှင် ကျိုးကြောင်းမဆီလျော်ဆုံးသော သူဖြစ်သည်။ ပေတရုသည် အချို့သောအမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဥာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင် ပြုတော်မူသမျှသည် ဖြောင့်မတ်သည်”) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ စိတ်ထဲမှာ ခဏခဏ ဆင်ခြင်စဉ်းစားတဲ့အခါမှာ ကျွန်မ စိတ်နှလုံးက ရွှင်လန်းလာခဲ့ပါတယ်။ ကျွန်မ ထင်ခဲ့သလိုမျိုး ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းက တရားမျှတတာ၊ ကျိုးကြောင်းဆီလျော်တာ၊ သာတူညီမျှဖြစ်တာ မဟုတ်ဘူး။ ကိုယ့်ရဲ့အလုပ်အတွက် နစ်နာကြေးပေးတာ၊ ကိုယ်အားစိုက်သလောက် ပြန်ရတာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေက လူသားတွေအတွက် ဉာဏ်မမီနိုင်ဘူး။ ဒါပေမဲ့ သူ ဘာပဲလုပ်သည်ဖြစ်စေ၊ လူတစ်ယောက်ကို သူ ဘယ်လိုဆက်ဆံသည်ဖြစ်စေ အားလုံးက ဖြောင့်မတ်တယ်။ အားလုံးက ဘုရားသခင်ရဲ့ ဉာဏ်ပညာပါတယ်။ ဒါဟာ ဘုရားရဲ့ အနှစ်သာရက ဖြောင့်မတ်တာကြောင့်ပါ။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားမလည်ခဲ့ဘူးဆိုတာကို သိခဲ့ပါတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာကြောင့် ဘုရားက ကျွန်မကို စောင့်ကြပ်ကြည့်ရှုသင့်တယ်၊ ဘုရားသခင်အတွက် ကျွန်မက ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့တာကြောင့် ဘုရားက ကျွန်မကို နေရာတိုင်းမှာ ဖြည့်ဆည်ပေးပြီး ကျွန်မ လမ်းကြောင်းကို ချောမွေ့အောင်လုပ်ပေးသင့်တယ်ဆိုတဲ့ အယူအဆ ကျွန်မ မှာရှိခဲ့ပါတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာကြောင့် ကျွန်မရဲ့ တစ်မိသားစုလုံး ကောင်းချီးခံစားရသင့်တယ်လို့ ထင်ခဲ့တာ။ ကျွန်မက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။

ဒီလို စဉ်းစားမိရင်းနဲ့ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော်စာအုပ်ကိုဖွင့်ပြီး ဒီအပိုဒ်ကို ဖတ်ခဲ့ပါတယ်။ “သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ”) ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ကျွန်မ ဆုပ်ကိုင်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ လွန်ကဲတဲ့ မျှော်လင့်ချက်တွေအားလုံးကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ မေးခွန်းတစ်ခုစီတိုင်းက ကျွန်မကို ပုန်းကွယ်စရာမရှိအောင် ဖြစ်စေခဲ့တယ်။ ပြန်ကြည့်ကြည့်တော့ အစကတည်းက ကျွန်မရဲ့ ယုံကြည်ခြင်းက ကောင်းချီးတွေရဖို့အတွက်ပဲ ဖြစ်ခဲ့တာပါ။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံရင် ဘုရားသခင်က ကျွန်မရဲ့ ကလေးအတွက် ငြိမ်းချမ်းတဲ့ အိမ်နဲ့ ကျန်းမာရေးကို ကောင်းချီးပေးလိမ့်မယ်လို့ ထင်ခဲ့တာ။ ဒါကြောင့်မို့ ကျွန်မရဲ့ မိတ်ဆွေတွေနဲ့ မိသားစုက ကျွန်မကို ဘယ်လောက်ပဲ မကောင်းပြောပါစေ ကျွန်မရဲ့တာဝန်ကို ဆက်ပြီး ထမ်းဆောင်နေခဲ့တာပါ။ ကျွန်မသားရဲ့ ရောဂါက မထင်မှတ်ဘဲ ပြန်ပေါ်လာတဲ့အခါ ဘုရားသခင်အပေါ် ကျွန်မ စစ်မှန်တဲ့ယုံကြည်ခြင်းရှိသလားဆိုတာကို ကြည့်ဖို့ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေတာလို့ ကျွန်မ ထင်ခဲ့တယ်။ ဒုက္ခခံရတာကို ကိုင်တွယ်နိုင်ပြီး ဘုရားသခင်အတွက် သက်သေရပ်တည်သရွေ့ ဘုရားသခင်က ကျွန်မကို သေချာပေါက် ကောင်းချီးပေးပြီး ကျွန်မသားက သက်သာလာမှာပဲလို့ ထင်ခဲ့တယ်။ ဒါကြောင့် သူက ထပ်ပြီး နေမကောင်းဖြစ်လာပြီး သူ့အသက်တောင် အန္တရာယ်ရှိလာတဲ့အခါ ကောင်းချီးနဲ့ ကျေးဇူးတော်အတွက် ကျွန်မရဲ့ မျှော်လင့်ချက်က ချက်ချင်း ကွဲကြေသွားခဲ့တာပါ။ ဘုရားသခင်ကို ကျွန်မ ညည်းညူပြီး ကျိုးကြောင်းပြပြောဆိုလာခဲ့တယ်။ မမျှတလို့ဆိုပြီး ဘုရားသခင်ကို အပြစ်တင်လာခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားတောင် ပျောက်သွားခဲ့တယ်။ ကျွန်မ အလုပ်ကြိုးစားတာတွေအားလုံးက အပြန်အလှန်အနေနဲ့ ဘုရားသခင်ဆီက ကောင်းချီးကို ရဖို့အတွက် သက်သက်ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်တွေထဲက တရားစီရင်မှုနဲ့ ထုတ်ဖော်ပြမှုတွေက ကျွန်မကို ပြသခဲ့ပါတယ်။ အားလုံးက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ဘုရားသခင်ကို လိမ်ညာဖို့ပါပဲ။ လက်တွေ့အရှိတရားကို ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မ လုံးဝ လက်ခံယုံကြည်သွားခဲ့ပြီး ဘုရားသခင်က တကယ်ကို သန့်ရှင်းပြီး ဖြောင့်မတ်တယ်ဆိုတာ မြင်ခဲ့ရပါတယ်။ သူက ကျွန်မတို့ရဲ့ နှလုံးသားနဲ့ စိတ်ထဲကို မြင်နိုင်တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက စွန်းထင်းနေပြီး အားထုတ်လိုက်စားတဲ့နေရာမှာ ကျွန်မက မှားယွင်းတဲ့ အမြင်ရှိနေတယ်ဆိုတာကို စမ်းသပ်မှုတွေ တစ်ခုပြီးတစ်ခုနဲ့ ကျွန်မကို ပြသခြင်းသာ မရှိရင် ကျွန်မ ကိုယ်တိုင်ရဲ့ အပေါ်ယံ ကောင်းတဲ့ အပြုအမူတွေရဲ့ လှည့်စားခြင်းကို ခံနေရဦးမှာပဲ။ ကျွန်မက တော်တော်ကို ဆက်ကပ်အပ်နှံပြီး ဘုရားသခင်အတွက် သက်သေရပ်တည်နေတယ်ဆိုပြီး ထင်နေဦးမှာပဲ။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိဘူးဆိုတာကို မြင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ဖတ်ပါတယ်။ “လူသား၏ အခြေအနေနှင့် ဘုရားသခင်အပေါ် လူသား၏ သဘောထားတို့နှင့် ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူနှင့် သက်ဆိုင်သည့် အသိပညာနှင့် သူ့အပေါ် နာခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သက်သေခံခြင်း နှစ်ခုစလုံးတို့ကို လူသားအား ပိုင်ဆိုင်ခွင့်ပေးရင်း၊ အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့်၊ လူသားသည် သူ့အပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းအပြင်၊ သူ၏ တရားစီရင်ခြင်း၊ သူ့ကို ကိုင်တွယ်ခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်သည်၊ ထိုအရာများမရှိဘဲ လူသားသည် ဘုရားသခင်ကို ဘယ်သောအခါမျှ သိမည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းနှင့် သက်သေခံခြင်းတို့ ဘယ်သောအခါမျှ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်၏ စစ်ဆေးခြင်းသည် တစ်ဖက်သတ် အကျိုးသက်ရောက်မှုအတွက်သာ မဟုတ်ဘဲ ရှုထောင့်များစွာ အကျိုးသက်ရောက်မှုအတွက် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိသူများတွင် ဘုရားသခင်သည် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် ချစ်ခြင်းကို သူ့အားဖြင့် စုံလင်စေဖို့အလို့ငှာ စစ်ဆေးခြင်းအမှုကို လုပ်ဆောင်လေသည်။ သမ္မာတရားကို ရှာဖွေရန် လိုလားနေသူများနှင့် ဘုရားသခင်ကို တမ်းတသူများအဖို့ ဤသို့သော စစ်ဆေးခြင်းထက် မည်သည့်အရာမျှ ပို၍အဓိပ္ပာယ်မရှိ၊ သို့မဟုတ် ပို၍ကြီးမားသော အထောက်အပံ့မဖြစ်ပေ။ အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလွန်လွယ်လင့်တကူ မသိ၊ သို့မဟုတ် နားမလည်ပေ။ အခြေခံအားဖြင့်၊ ဘုရားသခင်အတွက် လူသားကဲ့သို့ အလားတူ စိတ်သဘောထားရှိရန် မဖြစ်နိုင်သောကြောင့် လူသားအတွက် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိရန် မလွယ်ကူပေ။ သမ္မာတရားကို လူသားက ပင်ကိုအားဖြင့် မပိုင်ဆိုင်သကဲ့သို့၊ စာတန်၏ ဖျက်ဆီးခြင်းခံရသော လူများက အလွယ်တကူ နားမလည်ပေ။ လူသားသည် သမ္မာတရား လုံးဝမရှိသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သန္နိဋ္ဌာန် လုံးဝမရှိပေ။ ပြီးလျှင် သူသည် ဆင်းရဲဒုက္ခမခံစားရဘဲ အစစ်ဆေးမခံရသကဲ့သို့ တရားစီရင်ခြင်း မခံရပါက၊ သူ၏သန္နိဋ္ဌာန်သည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း ခံရမည်မဟုတ်ပေ။ လူများအားလုံးအတွက်၊ စစ်ဆေးခြင်းသည် ဝေဒနာပြင်းထန်ပြီး၊ လက်ခံရန် အင်မတန် ခက်ခဲသည်- သို့သော်လည်း ဘုရားသခင်သည် လူသားထံ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ပေါ်လွင်စေပြီး၊ လူသားအတွက် သူ၏သတ်မှတ်ချက်များကို လူသိရှင်ကြား ဖြစ်စေကာ၊ သာ၍ ဉာဏ်အလင်းပွင့်ခြင်းကို ပေးပြီး၊ သာ၍ စစ်မှန်သော ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပေးသည်မှာ စစ်ဆေးခြင်း အတောအတွင်းတွင် ဖြစ်သည်။ အမှန်တရားများနှင့် သမ္မာတရားကြား နှိုင်းယှဉ်ခြင်းမှတစ်ဆင့်၊ သူသည် လူသားကို သူကိုယ်တိုင်နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာနှင့် သမ္မာတရားကို ပေးပြီး၊ ဘုရားသခင်၏ အလိုတော်နှင့်သက်ဆိုင်သော သာ၍ကြီးမားသည့် သိနားလည်ခြင်းကို လူသားအား ပေး၏၊ ထိုသို့ဖြင့် ဘုရားသခင်အပေါ် သာ၍စစ်မှန်ပြီး သာ၍ဖြူစင်သော ချစ်ခြင်းမေတ္တာရှိစေရန် လူသားကို အခွင့်ပေးလေသည်။ ယင်းမှာ စစ်ဆေးခြင်းကို ဆောင်ရွက်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်များ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်”) စာတန်ကြောင့်ဖြစ်တဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မတို့ မြင်နိုင်ပြီး ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းမှာ မသန့်စင်မှုတွေအပေါ် နားလည်မှုတစ်ခုရဖို့အတွက် ကျွန်မတို့ကို ဖော်ထုတ်ပြီး သန့်စင်ဖို့ လူတွေကို ဘုရားသခင်က စမ်းသပ်ပြီး စစ်ဆေးတယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်မတို့သမ္မာတရားကို လိုက်စားနိုင်မယ်။ သန့်စင်ခံရပြီး ပြောင်းလဲနိုင်မယ်။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း၊ စစ်မှန်တဲ့ နာခံခြင်းနဲ့ချစ်ခြင်းကို ရရှိမယ်။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ ခံရနိုင်ပြီး စာတန်ရဲ့ အန္တရာယ်ပြုမှုကနေ အပြည့်အဝ လွတ်မြောက်နိုင်မယ်။ ဒါ လူတွေအတွက် ဘုရားသခင်ရဲ့ စမ်းသပ်မှုတွေရဲ့ ရည်ရွယ်ချက်ပါပဲ။ ကျွန်မသားက ခဏခဏ နေမကောင်းဖြစ်တာဟာ ကျွန်မမှာ ရှိနေတဲ့ ကောင်းချီးရဖို့ စိတ်ထက်သန်မှုကို လုံးဝ ထုတ်ဖော်ပြခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်ရင်းနဲ့ ကျွန်မက ဘုရားသခင်ဆီက ကောင်းချီးရဖို့ ဖြစ်နိုင်ခြေရှိတာ အားလုံးကို ကျွန်မ စဉ်းစားနေတယ်ဆိုတာကို မြင်ခဲ့ပါတယ်။ ကျွန်မရဲ့ စမ်းသပ်မှု အချိန်ကာလတစ်လျှောက်မှာ ယောဘရဲ့ အတွေ့အကြုံကို ဖတ်ခဲ့တယ်။ ဒါပေမဲ့ ယောဘက ဘုရားသခင်ကို ဘယ်လို နာခံပြီး ကြောက်ရွံ့ခဲ့တယ်ဆိုတာကို ကျွန်မ မကြည့်ခဲ့ဘူး။ စမ်းသပ်မှုတွေပြီးတဲ့နောက်မှာ သူ ဘယ်လောက် ကောင်းချီးခံစားရတယ်ဆိုတာကိုပဲ ကျွန်မ ကြည့်ခဲ့ပြီး ကျွန်မက ဒုက္ခတွေကို ကိုင်တွယ်နိုင်သရွေ့ ကျွန်မလည်း ကောင်းချီးခံစားရမှာပဲလို့ ထင်ခဲ့တာပါ။ ကျွန်မက တကယ်ကို စိတ်ပါဝင်စားပြီး အားထုတ်လိုက်စားတဲ့နေရာမှာ အာရုံစိုက်တယ်လို့ ထင်ရပေမဲ့ ကျွန်မကိုယ်တိုင်ရဲ့ မုန်းတီးစရာကောင်းတဲ့ ရည်ရွယ်ချက်တွေက ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတယ်။ ကျွန်မက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတဲ့ စာတန်ရဲ့ အဆိပ်နဲ့ ထိန်းချုပ်ခံနေခဲ့ရတာပါ။ ကျွန်မလုပ်သမျှ အရာတိုင်းမှာ ကျွန်မကိုယ်တိုင်ရဲ့ အကျိုးစီးပွားကို စဉ်းစားပြီး ကျွန်မရဲ့ မျှော်လင့်ချက်တွေ ကြေမွသွားတဲ့အခါ ဘုရားသခင်ကို အာခံပြီး သူနဲ့ စာရင်းရှင်းချင်ခဲ့တယ်။ အကျည်းတန်မှုမျိုးစုံကို ကျွန်မ ပြသခဲ့ပါတယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး မုန်းတီးဖွယ်ကောင်းပါတယ်။ ဒါက ဘယ်လိုလုပ်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ဖြစ်မှာလဲ။ ကျွန်မက ဘုရားသခင်ကို အာခံနေပြီး သူ့ကို လိမ်လည်ဖို့ ကြိုးစားနေတာပါ။ ဒါကို နားလည်သဘောပေါက်ပြီး ကျွန်မ ဘုရားသခင်ရှေ့မှောက်မှာ ပျပ်ဝတ်ပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ဒီနှစ်တွေအားလုံးမှာ ကျွန်မ ကိုယ်တော့်ကို လိမ်လည်ခဲ့ပါတယ်။ ကောင်းချီးရဖို့ ကျွန်မရဲ့ ရည်ရွယ်ချက်တွေကို စွဲကိုင်ထားခဲ့ပါတယ်။ နေရာတိုင်းမှာ ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့ပြီး ရိုးသားစစ်မှန်မှု လုံးဝ မရှိပါဘူး။ ကျွန်မက သိပ် တစ်ကိုယ်ကောင်းဆန်ပြီး မုန်းတီးဖွယ်ကောင်းပါတယ်။ လူသားဆန်မှု တော်တော်ကို မရှိပါဘူး။ ကောင်းချီးရဖို့ ရည်ရွယ်ချက်တွေကို စွန့်လွှတ်ဖို့၊ ကျွန်မသားကို ကိုယ်တော့်လက်ထဲမှာ အပ်နှံဖို့ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ ကျွန်မ လုံးဝ မညည်းညူပါဘူး” ဆိုပြီးတော့။ ဒီလို ဆုတောင်းပြီးတော့ ကျွန်မ တကယ်ကို လွတ်လပ်ပြီး ငြိမ်သက်ခြင်းရသလို ခံစားရတယ်။

အချိန်နည်းနည်းလောက်ကြာပြီးတဲ့နောက်မှာ ကျွန်မက တာဝန်နဲ့ မြို့ပြင်ရောက်နေတုန်း ကျွန်မယောက်ျားက ဖုန်းခေါ်ပြီးတော့ ကျွန်မတို့သားရဲ့ ရောဂါက ပြန့်နေပြီလို့ ပြောတယ်။ သူ့မှာ ခေါင်း၊ နောက်ကျောနဲ့ လည်ပင်းမှာ အကျိတ်တွေ ရှိနေတယ်။ ထိန်းချုပ်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ သူ ဒီလိုပြောတာကို ကြားပြီးတဲ့နောက်မှာ ကျွန်မ အကြာကြီးပဲ လုံးဝ ဆွံ့အသွားခဲ့တယ်။ ကျွန်မသားမှာရှိနေတဲ့ အခြေအနေကို ကျွန်မ မတွေးရက်ဘူး။ အခြေအနေက ဘယ်လိုတွေ ဖြစ်လာနေလဲဆိုတာကို ကျွန်မ တကယ်ကို ရင်မဆိုင်နိုင်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို ခဏခဏ အော်ခေါ်ခဲ့တယ်။ “ဘုရားသခင် ကျွန်မ အခုအချိန်မှာ အရမ်း အားလျော့နေပါတယ်။ ဒီအခြေအနေကို ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ဉာဏ်အလင်းရစေပြီး ကိုယ်တော့်အလိုတော်ကို နားလည်အောင်ကူညီပေးတော်မူပါ” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုအကြောင်း ရှင်းထားတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာခဲ့ပြီး ဒါကို တွေ့ပါတယ်။ “လူသားအဖို့ ဘုရားသခင်သည် နားမလည်နိုင်ဖွယ်ဖြစ်သကဲ့သို့၊ မယုံကြည်နိုင်ဖွယ်ပင်ဖြစ်သည့် အရာများစွာ လုပ်ဆောင်သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ၊ ဤစီစဉ်ညွှန်ကြားခြင်းသည် လူသား၏ အယူအဆများနှင့် မကြာခဏ သဘောကွဲလွဲပြီး၊ လူသားအဖို့ နားမလည်နိုင်ဖွယ် ဖြစ်သော်လည်း၊ လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းသည် ဤသဘောထား ကွဲလွဲမှုနှင့် နားမလည်နိုင်ဖွယ်ခြင်းတို့ အတိအကျ ဖြစ်ပေသည်။ ထိုအတောအတွင်းတွင် အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အခြေခံအကျဆုံး အခြေအနေဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့ကိုယ်တိုင်အတွင်း၌ ပြနိုင်ခဲ့သည်။...အခြေအနေအမျိုးမျိုးတွင် ဘုရားသခင်သည် လူအသီးသီးကို မတူညီသည့် စစ်ဆေးခြင်း နည်းလမ်းများ အသုံးပြုသော်လည်း၊ အာဗြဟံ၌ သူအလိုရှိခဲ့သည့်အရာကို ဘုရားသခင် မြင်ခဲ့သည်၊ အာဗြဟံ၏ နှလုံးသားသည် မှန်ကန်ပြီး သူ၏နာခံမှုက အကြွင်းမဲ့ဖြစ်သည်ကို သူ တွေ့ခဲ့သည်။ ဘုရားသခင် လိုချင်ခဲ့သည်မှာ ဤ ‘အကြွင်းမဲ့’ သောအရာ အတိအကျ ဖြစ်ပေသည်။ လူများက၊ ‘ဤအရာကို ကျွန်ုပ်ပေးလှူပြီးပြီ၊ ထိုအရာကို ကျွန်ုပ်စွန့်လွှတ်ပြီးပြီ- ဘုရားသခင် ကျွန်ုပ်ကို အဘယ်ကြောင့် စိတ်မကျေနပ်သနည်း။ စမ်းသပ်မှုများကို ကျွန်ုပ်အား အဘယ်ကြောင့် ခံမြဲခံစေရသေးသနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို စစ်ဆေးမြဲ စစ်ဆေးနေသေးသနည်း။’ ဟု မကြာခဏ ပြောတတ်ကြသည်။ ဤအရာက အချက်တစ်ချက်ကို ပြသည်- ဘုရားသခင်သည် သင့်နှလုံးသားကို မမြင်သေးသကဲ့သို့ သင့်နှလုံးသားကို မရယူသေးပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် အာဗြဟံက သူ၏သားကို သူ့လက်နှင့်သတ်ဖို့ ဓားကိုကိုင်မြှောက်ပြီး ဘုရားသခင်ကို ပူဇော်ဖို့လုပ်သောအချိန်ကကဲ့သို့၊ အင်မတန် ရိုးသားစစ်မှန်မှုကို သူမတွေ့သေးခြင်း ဖြစ်သည်။ သူသည် သင်၏အကြွင်းမဲ့နာခံမှုကို မတွေ့သေးသကဲ့သို့၊ သင့်အားဖြင့် နှစ်သိမ့်ခြင်းမခံရသေးပေ။ သို့ဆိုလျှင် ဘုရားသခင် သင့်ကို စမ်းသပ်မြဲစမ်းသပ်နေသည်မှာ သဘာဝကျပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)”) ကျွန်မ ဒီနှုတ်ကပတ်တော်တွေကို ထပ်ခါထပ်ခါ စဉ်းစားဆင်ခြင်တယ်။ အာဗြဟံက သူ့ရဲ့ တစ်ဦးတည်းသောသားကို ဘုရားကို ပူဖော်တဲ့အခါမှာ သူ့ရဲ့ ကိုယ်ပိုင်တောင်းဆိုချက် ဘာမှမရှိခဲ့ဘူး။ သူကိုယ်တိုင်ရဲ့ အမှုကိစ္စကို လုံးဝ မငြင်းခုံဘူး။ သူ့ကလေးကို ဘုရားက ပေးထားတယ်၊ ဘုရားသခင် တောင်းဆိုသလို သူ့ကို ပြန်ပေးတာက မှန်ကန်ပြီး သင့်လျော်တယ်ဆိုတာ သူ သံသယ လုံးဝ မရှိဘဲ သိခဲ့တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်ရှိသင့်တဲ့ ဆင်ခြင်တုံတရားနဲ့ အသိစိတ်မျိုးပါ။ သူ့အတွက် နာကျင်ခံစားရပေမဲ့ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို သူ နာခံနိုင်သေးတယ်။ နောက်ဆုံးမှာ သူ့သားကို သတ်ဖို့ ဓားကို တကယ်ကောက်ကိုင်လိုက်တယ်။ ဒါက ဘုရားသခင်အပေါ် သူ့ရဲ့ ယုံကြည်ခြင်းနဲ့ နာခံခြင်းက စစ်မှန်ပြီး တကယ့်စမ်းသပ်မှုကို ခံနိုင်တယ်ဆိုတာကို ပြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံပြီး ကျွန်မရဲ့သားကို ဘုရားသခင်ဆီကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိပါတယ်လို့ ပြောခဲ့ပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင်တောင်းဆိုချက်တွေကို ကိုင်စွဲထားခဲ့တယ်။ အထူးသဖြင့် သူ့အခြေအနေက ပိုဆိုးလာပြီး ကုသလို့မရတော့ဘူးလို့ ကျွန်မ ကြားတဲ့အခါမှာ သူ့ကို ဆုံးရှုံးရနိုင်ခြေရှိတဲ့ နာကျင်ခံစားရမှုကို ရင်ဆိုင်ရပြီး ကျွန်မ စိတ်ထဲမှာ တောင်းဆိုချက်တွေ ရှိခဲ့တာကို သိရတယ်။ အဲဒါတွေကို ကျွန်မ နှုတ်ကနေ မပြောခဲ့ပေမဲ့ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို သူ့ကို ပျောက်ကင်းအောင်ကုသပေးဖို့ တောင်းဆိုချင်ခဲ့တယ်။ ကျွန်မက တကယ်ကို ကျိုးကြောင်းမသင့်လျော်ပြီး ဘုရားသခင်အပေါ် နာခံမှု တစ်ခုမှ မရှိတာကို မြင်ခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ကျွန်မသားက ကျွန်မကိုယ်တိုင် ပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ ဘုရားသခင်က အသက်ကို သူ့ဆီကို မှုတ်သွင်းပေးခဲ့တာပါ။ ကျွန်မ ကိုယ်ခန္ဓာက သူ မွေးဖွားလာတဲ့ ကြားခံပစ္စည်းတစ်ခုပါပဲ။ သူ့ဘဝတစ်ခုလုံးကို ကြိုတင်သတ်မှတ်ထားပြီးသားပါ။ ရှေးကတည်းက ဘုရားသခင်က အပြည့်အဝ စီစဉ်ခဲ့ပြီးသားပါ။ သူက ဘယ်လောက် ဒုက္ခခံရမယ်၊ သူ့ဘဝတစ်ခုလုံးမှာ သူ အခက်အခဲတွေကို ဘယ်လောက်ရင်ဆိုင်ရမယ်ဆိုတာ ဘုရားသခင်က ဆုံးဖြတ်ထားပြီးသားပါ။ ဘုရားသခင်ရဲ့ အစီအစဉ်တွေကို ကျွန်မ နာခံရမယ်။ ဒီလို စဉ်းစားမိပြီး ဘုရားသခင်ကို ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်မသားကို ကျွန်မ မပိုင်ဆိုင်ပါဘူး။ ကိုယ်တော်က သူ့ကို ခေါ်ဆောင်သည်ဖြစ်စေ၊ မခေါ်ဆောင်သည်ဖြစ်စေ ကိုယ်တော်ရဲ့ အကျိုးပြုတတ်တဲ့ အလိုတော်ပါဝင်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ နာခံဖို့ ကိုယ်တော့်လက်ထဲမှာ ကျွန်မသားရဲ့ အသက်ကို ထားဖို့ ဆန္ဒရှိပါတယ်။ ကိုယ်တော် ဘာကိုပဲလုပ်ဆောင်သည်ဖြစ်စေ ကျွန်မ စောဒကမတက်ပါဘူး။” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ ခံစားရတဲ့ နာကျင်မှုက သက်သာသွားခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တစ်လ ကုန်သွားတယ်။ တစ်နေ့မှာ အစည်းအဝေးတစ်ခုကနေ ကျွန်မ အိမ်ပြန်ရောက်တော့ ကျွန်မ ယောက်ျားက ကျွန်မကို ခေါ်ပြီးတော့ စိတ်လှုပ်ရှားရင်းနဲ့ပြောတယ်။ ကျွန်မတို့သားရဲ့ အကျိတ်တွေအကုန် ပျောက်သွားပြီ၊ ဆေးရုံက စီတီ စကင်နဲ့ အတည်ပြုပြီးပြီတဲ့။ ဒီသတင်းကို ကြားတော့ ကျွန်မ အရမ်း စိတ်လှုပ်ရှားပြီး ငိုမိတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ “ကျေးဇူးတော်ပဲ။” ဆိုပြီး ထပ်ခါထပ်ခါ ပြောမိတယ်။ ဒီ အတွေ့အကြုံတစ်ခုက ကျွန်မကို ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ဘုန်းတန်ခိုးကို ပြသခဲ့ပြီး ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မကို တွေ့ကြုံခံစားခွင့်ပေးခဲ့ပါတယ်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်”) ဒါက ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ အချုပ်အခြာအာဏာကို ပြသခဲ့တယ်။ ဘုရားသခင်ဟာ ဘာမှမရှိခြင်းကနေ တစ်ခုခုရှိလာအောင် လုပ်ဆောင်နိုင်တယ်။ ရှိနေမယ့်အရာကို မရှိတော့အောင် လုပ်နိုင်တယ်ဆိုတာ ပြသခဲ့ပါတယ်။ အရာရာတိုင်းက ဘုရားသခင်ရဲ့ လက်နဲ့ စီစဉ်ညွှန်ကြားခံရပါတယ်။ ဘုရားသခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပါတယ်။

တစ်နှစ်လောက်ကြာပြီးတော့ ကျွန်မ ယောက်ျားဆီကနေ မျှော်လင့်မထားတဲ့ စာတစ်စောင်ရခဲ့တယ်။ ကျွန်မတို့ သားရဲ့ ရောဂါက ပြန်ဖြစ်လာပြီး သူက ဆေးရုံမှာ ဓာတုကုထုံးယူနေပြီဆိုပြီး ပြောထားတယ်။ အဲဒီလို ကြားရတော့ ကျွန်မ နည်းနည်း နာကျင်ခံစားခဲ့ရပေမဲ့ ကျွန်မရဲ့ အရင် အတွေ့အကြုံကို သတိရမိခဲ့တယ်။ ကျွန်မ အာဗြဟံရဲ့ ဥပမာနောက်ကိုလိုက်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ ကျွန်မ အံ့သြသွားရတာက ကျွန်မသားက နှစ်ပတ်ကြာပြီးတော့ ဆေးရုံကဆင်းခဲ့ရပြီး ဒီနေ့အထိ ဆက်ပြီး ကျန်းမာနေခဲ့ပါတယ်။ ဒီ စမ်းသပ်မှုတွေ တစ်လျှောက်မှာ ကျွန်မက ဘုရားသခင်ကို အပြစ်တင်ခဲ့ပြီး နားလည်မှုလွဲခဲ့ပေမဲ့ ကျွန်မရဲ့ မသိနားမလည်မှုအပေါ် သူ အာရုံမစိုက်ခဲ့ဘဲ ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှိခြင်းနဲ့ အချုပ်အခြာအာဏာကို ကျွန်မ နားလည်နိုင်ပြီး ကောင်းချီးရဖို့အတွက်ပဲ ယုံကြည်ခြင်းရှိတဲ့ ကျွန်မရဲ့ လွဲမှားတဲ့အမြင်ကို ပြောင်းလဲနိုင်အောင် သူ့ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ဉာဏ်အလင်းရစေပြီး လမ်းပြခဲ့ပါတယ်။ စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကောင်းချီးတွေပဲဆိုတာ ကျွန်မ တကယ်ကို ကြုံတွေ့ခဲ့ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

အရှေ့သို့- ၇၃။ ဘုရားသခင်၏ ကယ်တင်ခြင်း

နောက်တစ်ခုသို့- ၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁။ လူတွေကို ဘယ်လို မှန်ကန်စွာ ဆက်ဆံရမယ်ဆိုတာ ကျွန်မ သိခဲ့ရပြီ

ပြင်သစ်၊ ရှီးယွမ်လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်လုပ်နေတာ။ အဲဒီအသင်းတော်မှာ အစွမ်းအစကောင်းတဲ့ ချန်မျိုးရိုး...

၇၅။ ကျွန်မ ကြုံခဲ့ရသော စမ်းသပ်မှု

တရုတ်နိုင်ငံ ကျိလင် စီရင်စု၊ ကျုံးရှင်းအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက်...

၆၇။ လူသား၏ ပုံစံအတိုင်း အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ကနေဒါနိုင်ငံ၊ ထားရှီအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၁။ အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

အမေရိကန်နိုင်ငံ၊ ရှင့်ရှင်းအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်