၉၃။ ကျွန်ုပ်အဘယ်ကြောင့် ကြီးကျယ်လွန်းရသနည်း
အသင်းတော် ဗီဒီယိုအလုပ်အတွက် ကျွန်တော် တာဝန်ယူခဲ့တယ်။ လက်တွေ့လုပ်တဲ့ကာလတစ်ခုအကြာမှာ၊ စည်းမျဉ်းတချို့ကို သဘောပေါက်လာခဲ့ပြီး၊ ကျွမ်းကျင်မှုတွေမှာ တိုးတက်မှုဖြစ်စေခဲ့တယ်။ အလုပ်ထဲက ပြဿနာတွေကိုလည်း ယေဘုယျ ကျွန်တော် ရှာတွေ့လေ့ရှိခဲ့ပြီး၊ အလုပ်ဆွေးနွေးမှုတွေမှာ ကျွန်တော့်ရဲ့ အကြံပြုချက်တွေကို တခြားလူတွေက မကြာခဏ ယူကြတယ်။ နည်းနည်းကြာတော့၊ ကျွန်တော် ဘဝင်ခိုက်သလိုမျိုး ဖြစ်တယ်။ ကျွန်တော့်မှာ အစွမ်းအစတချို့ရှိတယ်၊ စည်းမျဉ်းတွေကို မျှတဖြူစင်တဲ့ သိနားလည်မှုနဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ပြည့်စုံတဲ့ ရှုထောင့်အမြင်တစ်ခု ရှိတယ်လို့ ခံစားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်သထက် ယုံကြည်ခဲ့တယ်။ ကျွန်တော်က အသင်းတော် ခေါင်းဆောင်ဖြစ်ပြီး၊ အရေးပါတဲ့ အလုပ်တစ်ခုမှ မကြီးကြပ်ခဲ့ပေမဲ့၊ ကျွန်တော်တို့အဖွဲ့ရဲ့ ပရောဂျက်တွေကို စီမံနိုင်တာက မဆိုးဘူးလို့ တွက်ဆမိတယ်။ တွဲဖက်အစ်ကိုဂျက်စတင်က တာဝန်မှာ မတက်မကြွဖြစ်နေတာ ကျွန်တော်သတိထားမိတယ်။ အလုပ်ဆွေးနွေးမှုတွေနဲ့ အဖွဲ့သင်ယူမှုမှာ ကျွန်တော် အမြဲ ဦးဆောင်ခဲ့ပြီး၊ ဝန်ထုပ်မထမ်းတဲ့အတွက် သူ့ကို အထင်သေးခဲ့တယ်။ အဲဒီနောက် ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေမှာ၊ အစ်ကိုဂျက်စတင်ရဲ့ အကြံတွေကို ကျွန်တော် လျစ်လျူရှုပစ်တယ်၊ သူ့အမြင်တွေ အများကြီးကို ငြင်းခဲ့တယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်မှုမှာ၊ အချိန်အများစုမှာ ကျွန်တော့် စိတ်ကူးတွေနဲ့ပဲ လုပ်ခဲ့တာဖြစ်လို့ ကိစ္စတွေကိုလည်း ကိုယ့်ဖာသာ လုပ်လို့ရနိုင်တယ်လို့ တွေးမိတယ်။ နည်းနည်းကြာတော့ အစ်ကိုဂျက်စတင်ရဲ့ အလုပ်တချို့ကို ကျွန်တော်လွှဲယူခဲ့တယ်။ ကျွန်တော်တို့အလုပ် ဆွေးနွေးမှုတွေမှာ၊ တခြားလူတွေက ကျွန်တော့် အကြံတွေကို လက်မခံတဲ့အခါ၊ ကျွန်တော့် ရှုထောင့်အမြင်က မှန်တယ်လို့ ထပ်တလဲလဲ အလေးပေးပြောခဲ့သလို၊ တစ်ခါတလေ သူတို့ နားထောင်အောင်လို့ သက်သေအနေနဲ့ စည်းမျဉ်းနဲ့ အယူဝါဒတွေကို အခြေခံသဘောတရားတွေ ဖြစ်တဲ့အလား ဆင်ခြေပေးခဲ့တယ်။ အဲဒီလိုဖြစ်ပြီးတဲ့နောက်မှာ တခြားလူတွေ ကျွန်တော့်ကို နားထောင်ဖို့ ကျွန်တော် အမြဲ အာရုံစိုက်နေသလို ခံစားရပြီး နည်းနည်း စိတ်မသက်မသာဖြစ်မိတယ်။ အဲဒါက မာနထောင်လွှားမှုကို ပြနေခဲ့တာ မဟုတ်လား။ တစ်ခါတလေ တခြားလူတွေရဲ့ အကြံတွေကို လက်ခံဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာ ကျွန်တော့်အတွေးက မှန်ကြောင်း သက်သေပြလို့ ပိုလို့တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာခဲ့တယ်။ တစ်ခါတလေ မာနထောင်လွှားတဲ့ စိတ်သဘောထား ပြနေမိမှန်း သဘောပေါက်ပေမဲ့၊ နှလုံးမသွင်းခဲ့ဘူး။ ကျွန်တော် နည်းနည်း မာနထောင်လွှားပေမဲ့ မှန်နေတုန်းပဲလို့ ခံစားခဲ့တယ်။ ကျွန်တော့်အကြံက အလုပ်ကောင်းကောင်း ပြီးစေဖို့ပဲ။ ဒီတော့ အဲဒါက ကြီးလွန်းတဲ့ ပြဿနာ မဖြစ်နိုင်ဘူးလေ။ အဲဒီအတောအတွင်းမှာ၊ တခြားလူတွေ လုပ်သမျှတိုင်းနဲ့ ပတ်သက်လို့ စိတ်လက်ချမ်းသာ မခံစားခဲ့ရဘူး။ သူတို့က လုံလောက်အောင် မကျွမ်းကြသလို၊ သူတို့ရဲ့ သုံးသပ်ခြင်းတွေမှာ အဘက်ဘက်က မမြင်ကြဘူးလို့ ခံစားခဲ့တယ်။ အကြံပြုချက်တွေ သူတို့ပေးတဲ့အခါ၊ ကျွန်မ စိတ်ကူးတွေနဲ့ မကိုက်ရင်၊ ထပ်မစဉ်းစားဘဲ သူတို့ကို ကဖျက်ကယက်လုပ်ပြီး၊ တိတ်တိတ်လေး အထင်သေးခဲ့တယ်။ တစ်ခါ၊ ညီအစ်မတစ်ယောက် ထုတ်ခဲ့တဲ့ ဗီဒီယိုက တည်းဖြတ်တာ အကြိမ်တော်တော်များများ လုပ်ခဲ့ရပြီး၊ ကောင်းမသွားသေးဘူး။ သူ့မှာ ရှိနေခဲ့တဲ့ အခက်အခဲ တစ်ခုတစ်လေအကြောင်းကိုမှ ကျွန်တော် မမေးခဲ့ဘဲ၊ သူ့ကို စဆူခဲ့တယ်။ “ဒါကို လုံးဝ နင် အာရုံစိုက်နေခဲ့ရဲ့လား။ တခြားလူတွေ လုပ်နေတာကို မြင်ပြီး အဲဒီကနေ နင် သင် မသင်ယူနိုင်ဘူးလား”ပေါ့။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေက ဗီဒီယိုဖန်တီးခြင်းအတွက် စိတ်ကူးတစ်ခု ဝေမျှတဲ့အခါ နားမလည်ခင်မှာ မစဉ်းမစား ကျွန်တော် ငြင်းလိုက်တယ်။ အကျိုးဆက်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေအားလုံးက ကျွန်တော်နဲ့ အလုပ်လုပ်ဖို့ ကြောက်သွားကြပြီး၊ ကျွန်တော်ကြည့်ဖို့ သူတို့ ဗီဒီယိုတွေကိုတောင် မပို့ရဲကြတော့ဘူး။ နောက်တစ်ခါ၊ အဖွဲ့တချို့ရဲ့ လေ့လာမှုကို စီစဉ်ပေးဖို့ အချက်အလက်ကုန်ကြမ်းတွေကို ညီအစ်မတစ်ယောက်က တွေ့ခဲ့တယ်။ အဲဒါတွေကို ကျွန်တော် အမြန်ကြည့်လိုက်ပြီး၊ ဘယ်သူနဲ့မှ မဆွေးနွေးဘဲ၊ အဲဒါတွေက ရည်ညွှန်းချက်စံ မရှိဘူးလို့ပြောပြီး သူရှာတွေ့တဲ့ အချက်အလက်ကုန်ကြမ်းတွေကို လုံးဝ ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်တယ်။ အမှန်တော့ သူရှာတွေ့တဲ့ သင်ယူစရာ ကုန်ကြမ်းတွေက မပြည့်စုံသလောက်ဖြစ်ပေမဲ့၊ ကျွမ်းကျင်မှု တည်ဆောက်ခြင်းအတွက် အထောက်အကူဖြစ်ဦးမှာပဲ။ နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ထောက်ပြတယ်။ တခြားလူတွေနဲ့ ဘာဆွေးနွေးမှုမှမရှိဘဲ ကိစ္စတွေကို လုပ်တာက ကျွန်တော် မာနထောင်လွှားတာပဲတဲ့။ အဲဒီတုန်းက အချက်အလက် ဖြည့်သွင်းခြင်းအတွက် မမေးနိုင်ခဲ့ရုံသာဖြစ်ပြီး၊ နောင်မှာ အဲဒါကို ပိုအာရုံစိုက်တာက လုံလောက်မှာပါလို့ တွေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ကျွန်တော်တို့အလုပ်မှာရှိတဲ့ ပြဿနာအများစုကို ကိုင်တွယ်၊ ဖြေရှင်းတာ ကျွန်တော်ပဲလို့တောင် တွေးခဲ့ပြီး၊ ကိစ္စ ကြီးငယ်တွေမှာ ကျွန်တော်က ဆုံးဖြတ်ပိုင်ခွင့်ရှိလို့၊ ကိုယ့်ရဲ့ ကြီးကြပ်မှုမရှိဘဲနဲ့၊ အဖွဲ့ရဲ့ အလုပ်က အမှားမှားအယွင်းယွင်း ဖြစ်ခဲ့မှာပဲပေါ့။ တခြားတစ်ယောက်ယောက်နဲ့ ကျွန်တော် တွဲလုပ်ရပေမဲ့၊ ကျွန်တော်က တကယ်တော့ အမည်ခံအနေနဲ့ရော အဖြစ်မှန်အရပါ အဖွဲ့ကြီးကြပ်ရေးမှူးဖြစ်ပြီး၊ အဖွဲ့ရဲ့အလုပ်ကို ဂရိုစိုက်ဖို့ အဲဒီမှာရှိအောင် ဘုရားက ကျွန်တော့်အတွက် စီစဉ်ခဲ့တာဖြစ်နိုင်တယ်လို့ တွေးခဲ့တယ်။ အဲဒီအတွေးက တခြားလူတွေနဲ့ ကျွန်တော် မတူဘူး၊ ကျွန်တော်က ပဲ့ကိုင်ဖြစ်တယ်လို့ တွေးစေခဲ့တယ်။ ပိုလို့တောင် ကျွန်တော် မာနထောင်လွှားခဲ့တယ်။ တစ်ခါ၊ ညီအစ်မနှစ်ယောက်နဲ့ ကျွန်တော်က အလုပ်အကြောင်း စကားစမြည်ပြောဖို့ တခြားအဖွဲ့နဲ့ ချိန်းဆိုမှု လုပ်ခဲ့ပေမဲ့၊ နောက်ဆုံးမိနစ်မှာ တစ်ခုခု ဖြစ်ပေါ်ပြီး ကျွန်တော် မတက်နိုင်ခဲ့လို့၊ ကျွန်တော်မပါဘဲ သူတို့ကို သွားခိုင်းခဲ့တယ်။ ကျွန်တော် မသွားနိုင်မှန်း သူတို့ကြားတာနဲ့ လန့်သွားကြတယ်။ အဲဒီတာဝန်ကို သူတို့ မယူနိုင်လို့ ကျွန်တော် အချိန်ရတဲ့အထိ စောင့်မယ်လို့ ပြောကြတယ်။
အဲဒီနောက် ညီအစ်မတစ်ယောက်က ပြောတယ်၊ “ခုချိန်မှာ အစ်ကိုက အရာရာမှာ အဖွဲ့အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ တစ်ယောက်ယောက် ပြဿနာကြုံရတဲ့အခါ၊ သမ္မာတရားမရှိကြဘဲ အစ်ကို့ကို မှီခိုကြတယ်။ အစ်ကိုမပါဘဲ သူတို့ မလုပ်နိုင်ဘူးလို့ ခံစားကြတယ်။ အစ်ကို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မှုတချို့ လုပ်သင့်တယ်လို့ မထင်ဘူးလား။ အဲဒါ တကယ်အန္တရာယ်များတယ်”တဲ့။ သူအဲဒီလိုပြောတာကြားတော့ ကျွန်တော် အတန်ကြာ ကိုယ့်ခံစားချက်ကို ငြိမ်အောင် မထားနိုင်ခဲ့ဘူး။ ကျွန်တော်မပါဘဲ မလုပ်နိုင်သလို အရာရာက ကျွန်တော်ကတစ်ဆင့် ဖြစ်ရမယ်လို့ ညီအစ်ကို မောင်နှမတွေက ခံစားခဲ့ကြတယ်။ အဲဒါက သူတို့ပေါ် ထိန်းချုပ်မှုကို ကျင့်သုံးနေခဲ့တာ မဟုတ်လား။ အဲဒါ အန္တိခရစ် အပြုအမူပဲ။ ဒါပေမဲ့ လုပ်သမျှအတွက် ကျွန်တော့် ရည်ရွယ်ချက်က အလုပ်ကို ကောင်းကောင်း ပြီးစေဖို့ပဲ။ ဘယ်လိုဖြစ်ပြီး အဲဒီလိုဖြစ်သွားရတာလဲ။ ဒါကို ဘယ်လိုနားလည်ရမှန်း ကျွန်တော် မသိခဲ့ဘူး။ တကယ်ကို မရှင်းမလင်းဖြစ်ပြီး စိတ်ဓာတ်ကျသလို ဖြစ်မိတယ်။ ဘုရားကို လမ်းပြမှု တောင်းလျှောက်ရင်းနဲ့ ကိုယ့်အခြေအနေ ဝေမျှခဲ့တယ်။ ကျွန်တော့်အခြေအနေနဲ့ တကယ် ကိုက်တဲ့ အန္တိခရစ်တွေရဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တစ်ယောက်ယောက်က ပို့ပေးခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အန္တိခရစ်တို့ လူများကို ထိန်းချုပ်ခြင်းနှင့်သက်ဆိုင်သည့် အတွေ့ရအများဆုံးသော လက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့၏ ထိန်းချုပ်မှုနယ်ပယ်အတွင်းတွင် ၎င်းတို့သည်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်း ဖြစ်သည်။ အန္တိခရစ်မရှိလျှင် အခြားမည်သူကမျှ မဆုံးဖြတ်ရဲ၊ ဆုံးဖြတ်ချက်တစ်ခု မချရဲပေ။ အန္တိခရစ်မရှိလျှင် အခြားလူတိုင်းက မိခင်မရှိသော ကလေးများကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် မည်သို့ဆုတောင်းရမည်၊ ရှာဖွေရမည်ကို မသိသကဲ့သို့ အမှုအရာများကို အတူတကွ မည်သို့ဆွေးနွေးရမည်ကိုလည်း မသိပေ။ ၎င်းတို့သည် ရုပ်သေးရုပ်၊ သို့မဟုတ် လူသေများကဲ့သို့ဖြစ်သည်။...အန္တိခရစ်များ၏ နည်းလမ်းများသည် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သောအခါ အစဉ်သဖြင့် သမားရိုးကျမဟုတ်ဘဲ ကြီးကျယ်သည့်ပုံစံရှိသည်။ အခြားလူ၏ အကြံပြုချက်သည် မည်မျှ မှန်ကန်ပါစေ ၎င်းတို့က အစဉ် ငြင်းပယ်လိမ့်မည်။ အခြားလူ၏ အကြံပြုချက်သည် ၎င်းတို့စိတ်ကူးနှင့် ကိုက်ညီလျှင်ပင်၊ အန္တိခရစ်က ယင်းကို အရင်ဦးဆုံး အဆိုပြုခြင်းမဟုတ်လျှင် ၎င်းတို့က သေချာပေါက် လက်ခံရန်၊ သို့မဟုတ် လက်တွေ့အကောင်အထည်ဖော်ရန် ငြင်းဆန်လိမ့်မည်။ ထိုအစား အန္တိခရစ်သည် အကြံပြုချက်ပေးသောသူက သူ၏ စိတ်ကူးသည် မှားယွင်းသည်ဟု ခံစားရပြီး ဝန်ခံသည်အထိ ထိုအကြံပြုချက်ကို သေးသိမ်စေရန်၊ ငြင်းဆန်ပြီး ရှုတ်ချရန် အစွမ်းကုန် လုပ်ဆောင်လိမ့်မည်။ ထို့နောက်မှသာ အန္တိခရစ်က ရပ်နားလိမ့်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို အခြားလူများက ကိုးကွယ်ပြီး ဗဟိုပြုဖို့ရန်အတွက် မိမိတို့ကိုယ်ကို ချီးမြှင့်မြှောက်စားပြီး အခြားလူတို့ကို သေးသိမ်အောင် ပြုလုပ်လိုသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုသာ ဖွံ့ဖြိုးတိုးတက်ခွင့်ပြုပြီး အခြားလူများအတွက် ၎င်းတို့ကို ထင်ပေါ်စေသည့် နောက်ခံအဖြစ်သာ အစဉ် အသုံးခံခွင့်ပြုသည်။ ၎င်းတို့ ပြောသမျှ၊ လုပ်သမျှသည် မှန်ကန်ပြီး သူတစ်ပါးတို့ပြောသမျှ၊ လုပ်သမျှတိုင်းကမူ မှားယွင်းသည်ဟု အန္တိခရစ်များက ယုံကြည်သည်။ လူတိုင်းက ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့နည်းလမ်းအတိုင်း ဆောင်ရွက်စေရန်အတွက်၊ အခြားလူတို့၏ အမြင်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ငြင်းဆန်ရန် ၎င်းတို့သည် ဆန်းသစ်သော အမြင်များကို မကြာခဏ တင်ပြကြသည်၊ အခြားလူတို့၏ ထင်မြင်ချက်များအပေါ် အမှားရှာပြီး ပြဿနာရှာကြသည်၊ ပြီးလျှင် အခြားလူတို့၏ အစီအစဉ်များကို နှောင့်ယှက်သည်၊ သို့မဟုတ် ငြင်းပယ်ကြသည်။ ၎င်းတို့သည် သင့်ကို အဆက်မပြတ် ငြင်းဆန်ရန်၊ တိုက်ခိုက်ရန်၊ သင်သည် လက်သင့်ခံနိုင်ဖွယ်မရှိဟု ခံစားရစေရန် ဤနည်းလမ်းများကို အသုံးပြုသည်။ ဤသို့ဖြင့် သင်သည် နောက်ဆုံးတွင် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်သွားသည်အထိ၊ ၎င်းတို့ကို တိုး၍ နာခံပြီး အထင်ကြီးလေးစားစေရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို အန္တိခရစ်များက ချိုးနှိမ်ပြီး ထိန်းချုပ်သည့်နည်းစဉ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅) ဒါကို ဖတ်ပြီးတော့ ဘုရားပြောတာနဲ့ ကိုယ့်ကိုယ်ကိုယ် ချိန်ဆကြည့်ခဲ့တယ်။ ကျွန်တော်က အဖွဲ့ရဲ့အလုပ်အတွက် တစ်ချိန်လုံး တာဝန်ရှိခဲ့ပေမဲ့၊ တခြားလူတွေက သူတို့တာဝန်တွေကို စည်းမျဉ်းတွေနဲ့အညီ မလုပ်နိုင်ကြသေးသလို၊ သူတို့ လုပ်သမျှနဲ့ ပတ်သက်လို့ ကျွန်တော့်ဆီ မေးကြတယ်။ ကျွန်တော် မပါဘဲနဲ့၊ နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုမှ သူတို့ မချရဲကြဘူး၊ တခြားအဖွဲ့တွေနဲ့ မဆက်သွယ်ရဲကြဘူး။ ကျွန်တော့်ကြောင့် အားလုံး စိတ်ကျဉ်းကျပ်ခဲ့တယ်။ သူတို့ကို ကျွန်တော် ထိခိုက်နစ်နာနေစေခဲ့တာ။ ကျွန်တော် ပြောဆို၊ လုပ်ဆောင်ခဲ့တာက ဒီရလဒ်မျိုး ဖြစ်စေခဲ့တာကို တွေးမိတယ်။ အလုပ်ကိစ္စ ဆွေးနွေးနေသည်ဖြစ်စေ၊ စိတ်ကူးတွေကို ပြောဆိုဆွေးနွေးသည်ဖြစ်စေ၊ ကျွန်တော်နဲ့ မတူတဲ့ ရှုထောင့်အမြင် တစ်ယောက်ယောက်မှာ ရှိရင်၊ သမ္မာတရား စည်းမျဉ်းတွေကို မိတ်သဟာယပြုတဲ့အပေါ် အာရုံမစိုက်ဘဲ သူတို့ကို နှစ်ပြားမတန်ပြောဖို့ ဆင်ခြေအများကြီး ကျွန်တော် ရှာခဲ့တယ်၊ ဘုရားကိုလည်း မချီးမြှောက်၊ သက်သေမခံဘဲ၊ လူတိုင်းကို ကျွန်တော်ပြောတာ နားထောင်စေခဲ့တယ်။ တစ်ခုခု မှန်တယ်လို့ တွေးမိတဲ့အခါ၊ ကျွန်တော် မာန်ပါလာပြီး ဗိုလ်ကျလွန်းလာခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ ကျွမ်းကျင်မှုတွေမှာ ဟာကွက်တွေတွေ့တဲ့အခါတိုင်း အထင်သေးပြီး၊ ပေါ်တင်ရော တိတ်တခိုးပါ ယုတ်ညံ့ခဲ့တယ်။ လူတိုင်း ကျွန်တော်ပြောတာကို အတင်းနားထောင်စေချင်ခဲ့ပြီး၊ သူတို့နားမထောင်ရင်၊ ကျွန်တော်က ကျွမ်းကျင်မှုရှိပြီး စည်းမျဉ်းတွေကို နားလည်တယ်လို့ အလေးပေးပြောခဲ့တယ်။ အတန်ကြာ တခြားလူတွေကို အမြဲဆန့်ကျင်၊ နှိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမတွေအားလုံးက သူတို့ မတော်ကြသလို၊ ကျွန်တော့်လောက် ပြည့်စုံတဲ့ ရှုထောင့်အမြင် မရှိဘူးလို့ ခံစားကြလို့၊ အရာရာနဲ့ ပတ်သက်လို့ ကျွန်တော့်ဆီ ပြန်လာမေးကြတယ်။ အဲဒီအကြောင်း တကယ်တွေးကြည့်တော့၊ အကြိမ်တော်တော်များများမှာ သူတို့ အကြံပြုတဲ့ အစီအစဉ်တွေ အဆင်ပြေခဲ့သလို၊ သူတို့ လုံးလုံး မစုံလင်တာဖြစ်နိုင်ပေမဲ့ တိုးတက်အောင် ကျွန်တော် ကူညီခဲ့လို့ရတာပဲလေ။ ဒါပေမဲ့ အဲဒီအစား၊ ကျွန်တော်တို့အလုပ်အတွက် အဲဒီလို ကျွန်တော်လုပ်နေတာလို့ တွေးရင်းနဲ့ ကျွန်တော်မှန်တယ်ဆိုတာကို မရမက အလေးထားပြီး တခြားလူတွေရဲ့ စိတ်ကူးတွေကို ငြင်းပယ်ခဲ့တယ်။ ကျွန်တော်က မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် သိစိတ်ရှိမနေခဲ့ဘူး။ ဒါကိုလည်း ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ မနာခံဘဲ ပုန်ကန်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့- ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် ကျိုးနွံနာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့ မာနထောင်လွှားသောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ကိုသာ သက်သေပြသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။ သင်၌ ဤသို့ ဆိုးယုတ်သည့် မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်သည် သင့်အား အသိအမှတ်ပြုတော့မည်မဟုတ်ဘဲ သင့်အား မကောင်းမှုပြုသူအဖြစ် ရှုမြင်ပြီး ဖယ်ရှားလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် လူသား၏ခုခံခြင်း၏ အရင်းအမြစ်၌ ရှိသည်)
မာနထောင်လွှားတဲ့ သဘာဝရဲ့ ထိန်းချုပ်တာ ခံရလို့ ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်းမလုပ်နိုင်ခဲ့တာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ သိခဲ့ရတယ်။ မာနထောင်လွှားတဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်နေတဲ့ သဘာဝနဲ့ ဘာကိုမှ ထူးထူးထွေထွေ လုပ်ဖို့မလိုခဲ့ဘဲ၊ အဲဒီအခြေအနေမျိုးက အလိုလိုဖြစ်လာပြီး၊ လူတိုင်း ကျွန်တော့်ကို နားထောင်စေခဲ့တယ်လို့ တွေ့ရတယ်။ အဲဒီတာဝန်မှာ ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်လုပ်ခဲ့တဲ့ ကျွန်တော့်အချိန်ကို တွေးကြည့်တော့၊ ဗီဒီယိုတွေအတွက်ဖြစ်စေ၊ အလုပ်ကို စီစဉ်ဖို့တွက်ဖြစ်စေ၊ အကြံပြုချက်တွေ လုပ်ကြတော့ ကျွန်တော့်မှာ အကောင်းဆုံး စိတ်ကူးတွေ ရှိတယ်လို့ အမြဲတွေးခဲ့တယ်။ တာဝန်မှာ အစ်ကိုဂျက်စတင် မတက်ကြွဖြစ်တဲ့အခါ မိတ်သဟာယပြုပြီး မိတ်သဟာယကတစ်ဆင့် သူ့ကို ကျွန်တော် မကူညီခဲ့ဘဲ၊ အစွမ်းအစညံ့ပြီး ဝန်ထုပ်မထမ်းတဲ့အတွက် သူ့ကို စိတ်နှလုံးထဲမှာ အထင်သေးခဲ့ပြီး၊ ကိစ္စတွေကို ပြီးစေနိုင်တာ တခြား ဘယ်သူမှမရှိဘဲ ကျွန်တော်ပဲရှိတဲ့အလား အရာရာကို ကိုယ့်ဘာသာလုပ်ရင်းနဲ့ လုံးဝကို ထိန်းချုပ်ခဲ့တယ်။ တခြားလူတွေရဲ့ ကျွမ်းကျင်မှု ချို့တဲ့နေတဲ့ ကဏ္ဍတွေကို မြင်တဲ့အခါ၊ ကျွန်တော့် သိနားလည်မှု အမှန်ကန်ဆုံးဖြစ်ပြီး စည်းမျဉ်းတွေကို ကျွန်တော် အသိဆုံးဖြစ်သလိုမျိုး သူတို့ကို အစွမ်းအစနဲ့ သိနားလည်မှု ကင်းမဲ့တဲ့အတွက် အထင်သေးခဲ့တယ်။ အမြဲ တခြားလူတွေကို သေးသိမ်စေပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်နေခဲ့တယ်၊ ကိုယ့်အတွေးနဲ့ အယူအဆတွေက သမ္မာတရားဖြစသလိုမျိုး သူတို့ကို တင်ပြနေခဲ့တယ်။ အချိန်နည်းနည်းအကြာမှာ၊ အရာရာအတွက် ကျွန်တော့်ကို မေးပြီး မှီခိုကြတဲ့အထိ တခြားလူတွေက ဘာတစ်ခုကိုမှ သူတို့ဘာသာ မလုပ်နိုင်သလိုမျိုး၊ ကျွန်တော် လုပ်ရမှာလိုမျိုး ခံစားခဲ့ကြတယ်။ ကျွန်တော်မရှိခဲ့ရင်၊ သူတို့ ရှေ့မဆက်ရဲကြတော့ဘူး။ ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။” ကျွန်တော် အရှက်ရပြီး အပြစ်ရှိတဲ့ စိတ်ခံစားရတယ်၊ ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြချက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော့်မှာ အရမ်းဆိုးရွားတဲ့ ပြဿနာရှိမှန်း သဘောပေါက်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဖျာလိုလိပ်ထိပ်ပေါ် တင်ထားတယ်၊ ကိုယ့်မှာ ဆုကျေးဇူးနဲ့ အစွမ်းအစရှိတယ်၊ ပုံမှန်လူတစ်ယောက်မဟုတ်ဘဲ၊ ကြီးကြပ်ဖို့၊ ဦးဆောင်ဖို့ အဓိကကျတာတွေ အလိုလိုရှိပြီး တခြားလူတွေက အစွမ်းအစ ကင်းမဲ့ကြလို့ သူတို့ကို ဦးဆောင်က ဘုရားက ကျွန်မကို စီမံထားတာလို့ အမြဲ စဉ်းစားနေခဲ့တယ်။ ကျွန်တော့်ရဲ့ ဒီအတွေးနဲ့ စိတ်ကူးတွေကို စဉ်းစားတာက လန့်စေပြီး အော်ဂလီလည်း ဆန်စေတယ်။ ကျွန်တော် အရှက်မရှိခဲ့မှန်း တကယ် သိခဲ့တယ်။ အားလုံးက ဘုရားရဲ့ ဦးဆောင်မှုကို လက်ခံပြီး သမ္မာတရား စည်းမျဉ်းတွေကို ကျိုးနွံနာခံရင်းနဲ့ တာဝန်တွေကို လုပ်ဖို့ ကျွန်တော်တို့ အတူတူ အလုပ်လုပ်ကြပေမဲ့၊ ကျွန်တော်က လူတိုင်းကို ကိုယ့်ဦးဆောင်မှုကို လက်ခံစေပြီး ကိုယ့်ကို ကျိုးနွံနာခံစေခဲ့တယ်။ ကျွန်တော် မှားခဲ့တာပဲ။ ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသွားအောင်ကို ကျွန်တော် အရမ်းမာနထောင်လွှားလာခဲ့တယ်။ ဘုရားက နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်ထဲမှာ ပြောတယ်။ “လူသားသည် မိမိကိုယ်ကို မကြီးမြတ်စေသင့်သကဲ့သို့ မိမိကိုယ်ကို မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ကျွန်တော့်စိတ်နှလုံးထဲမှာ၊ ကျန်တဲ့အဖွဲ့ထက် ကျွန်တော်က ပို့မြင့်တဲ့ အဆင့်မှာရှိတယ်လို့ အမြဲခံစားခဲ့ပြီး၊ တခြားညီအစ်ကို မောင်နှမတွေရဲ့အထက်မှာ ကိုယ့်ကိုယ်ကိုယ် အမြဲထားခဲ့တယ်။ မမှန်တဲ့နေရာမှာ ကျွန်တော် ရပ်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ဖျာလိုလိပ် ထိပ်ပေါ်တင်နေခဲ့တာ။ ဒီအတွေးက တကယ်ကို စိုးရိမ်စရာဖြစ်တယ်၊ ကျွန်တော့်အတွက် တကယ် လန့်စရာပဲ။ ချက်ချင်း ကျွန်တော် ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်တော် အရမ်းမာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့တယ်။ နည်းနည်းမှ မသိဘဲ ကိုယ်တော့်ရဲ့ စိတ်သဘောထားကို ကျွန်တော် ပုန်ကန်ပြစ်မှားခဲ့တယ်။ နောင်တရချင်ပါတယ်၊ ယူသင့်တဲ့နေရာကို ယူပြီး တာဝန်ကို ကောင်းကောင်း လုပ်ချင်ပါတယ်”လို့ပေါ့။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို လာမိတ်သဟာယပြုပေးတယ်။ ညီအစ်ကို မောင်နှမအနည်းငယ်က ကျွန်တော်နဲ့ အတူအလုပ်လုပ်ရတာ တကယ် စိတ်ကျဉ်းကျပ်ရတယ်လို့ ပြောကြောင်း သူက ပြောတယ်။ ကျွန်တော်က တခြားလူတွေပေါ် မထီမဲ့မြင့်ပြု၊ အထင်သေးပြီး၊ သူတို့ရဲ့ စိတ်ကူးတွေကို အမြဲ ကဖျက်ယဖျက်လုပ်တယ်လို့ ပြောပြီး၊ သူတို့ထဲက တချို့က ပြောတယ်၊ “အရင်က မာနထောင်လွှားတဲ့ လူတွေကို မြင်ဖူးပေမဲ့ ဘယ်သူကိုမှ ဒီလို မတွေ့ဖူးဘူး”တဲ့။ ဒီစကားတွေက ကျွန်တော့်စိတ်နှလုံးကို တန်းထိတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို အဲဒီလို လူစားမျိုးအဖြစ် မြင်ခဲ့တာ၊ သူတို့ကို ကျွန်တော် ဆွဲထားပြီး၊ အရမ်းနာကျင်စေခဲ့တာကို ကျွန်တော် လုံးဝ စိတ်ကူးမိခဲ့ဘူး။ ရက်အနည်းငယ်ကြာ စိတ်နှလုံးထဲမှာ ဓါးတစ်ချောင်ရှိသလို ခံစားခဲ့ရတယ်။ အထူးသဖြင့် အလုပ်ကိစ္စ ဆွေးနွေးနေချိန်မှာ၊ တခြားဘယ်သူမှ စကားထုတ်မပြောရဲကြသလို၊ အခြေအနေက အထူးသဖြင့် အေးတိအေးစက် ဖြစ်နေခံ့တယ်။ ပိုလို့တောင် ပြစ်တင်ရှုတ်ချတာ ခံစားမိတယ်။ ဒါက သူတို့ပေါ် ကျွန်တော် ထားခဲ့တဲ့ ကန့်သတ်ချက်တွေကြောင့်သက်သက် ဖြစ်မှန်း သိခဲ့တယ်။ ကိုယ့်ရဲ့ နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုမှာ အစစ်အမှန် သုံးသပ်ပြီး ဝင်ရောက်အောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ ကျွန်တော် လာတယ်။
ကျွန်တော့်ရဲ့ ဝတ်ပြုဆုတောင်းခြင်းမှာ ကိုယ့်ကိုယ်ကိုယ် ပိုသိနားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အချို့ခေါင်းဆောင်များသည် မည်သည့်အခါမျှ စည်းမျဉ်းနှင့်အညီ အလုပ်မလုပ်ကြဘဲ ထင်ရာစိုင်းကြသည်။ တစ်ဖက်သတ်ပြုမူပြီး အလျင်စလို လုပ်ဆောင်ကြသည်။ ညီအစ်ကို မောင်နှမများက ဤအရာကို ထောက်ပြကြသည်။ ‘ခင်ဗျားက မလုပ်ခင်မှာ သူများတွေနဲ့ သိပ်မတိုင်ပင်ဘူး။ ခင်ဗျားရဲ့ အကဲဖြတ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ချပြီးတော့မှပဲ ကျွန်တော်တို့က သိရတယ်။ ဘာလို့ သူများတွေနဲ့ မတိုင်ပင်တာလဲ။ ဆုံးဖြတ်ချက်တချို့ကို ချတဲ့အခါမှာ ဘာလို့ ကျွန်တော်တို့ကို ကြိုပြီးမပြောတာလဲ။ ခင်ဗျားလုပ်တာက မှန်တယ်ဆိုရင်တောင်၊ ခင်ဗျားရဲ့ အစွမ်းအစက ကျွန်တော်တို့ထက်ပိုပြီးကောင်းရင်တောင် ကျွန်တော်တို့ကို အရင်အသိပေးသင့်ပါတယ်။ အနည်းဆုံးတော့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့မှာ သိပိုင်ခွင့်ရှိပါတယ်။ ခင်ဗျား ကိုယ့်ဘာသာ အမြဲ ထင်ရာစိုင်းနေတာက အန္တိခရစ်လမ်းကြောင်းကို လျှောက်နေတာပဲ’ ဟူ၍ ပြောကြသည်။ ဤအရာကို ခေါင်းဆောင်က အဘယ်သို့ပြန်ပြောသည်ကို သင်ကြားရမည်နည်း။ ‘အိမ်မှာ ကျွန်တော်က အဆုံးအဖြတ်ပေးတဲ့သူပဲ။ ကိစ္စအကြီးအငယ်အားလုံးကို ကျွန်တော် ဆုံးဖြတ်ရတယ်။ ကျွန်တော်က ဒါကို အကျင့်ဖြစ်နေပြီ။ ကျွန်တော့် မိသားစုကြီးထဲက တစ်ယောက်ယောက်က ပြဿနာရှိတဲ့အခါ သူတို့က ကျွန်တော့်ဆီလာပြီး ဘာလုပ်ရမယ်ဆိုတာ အဖြေရှာခိုင်းတယ်။ ကျွန်တော့်မှာ ဖြေရှင်းချက်တွေ အများကြီးရှိတယ်ဆိုတာ သူတို့အားလုံးသိကြတယ်။ ဒါကြောင့် အဆုံးအဖြတ်ပေးတာက အမြဲတမ်းကျွန်တော်ဖြစ်ပြီး ကျွန်တော့်အိမ်ရဲ့ ကိစ္စတွေမှာ ကျွန်တော်က ဦးဆောင်ရတယ်။ အသင်းတော်ကို ကျွန်တော်လာတဲ့အခါ ကျွန်တော် စိတ်ပူစရာမလိုဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဖြစ်ချင်တော့ ကျွန်တော်က ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရတယ်။ ကျွန်တော် မတတ်နိုင်ဘူး။ ကျွန်တော်က ဒီကံကို ပါလာတာပါ။ ဘုရားက ကျွန်တော့်ကို ဒီကျွမ်းကျင်မှုပေးခဲ့တယ်။ ကိစ္စတွေကို အဖြေရှာပြီး လူတွေအတွက် ဆုံးဖြတ်ချက်တွေချဖို့ ကျွန်တော် မွေးလာတာပါ’ ဟူ၍ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် အရာရှိတစ်ယောက်အဖြစ် မွေးဖို့ ကံပါလာသည်၊ အခြားလူတိုင်းက သာမန်လူ၊ အသုံးချခံများသာဖြစ်သည်။ ၎င်းတို့သည် အစေခံများဖြစ်ရန် မွေးဖွားလာကြသည်။ ညီအစ်ကိုမောင်နှမများက ဤခေါင်းဆောင်၏ ပြဿနာကို မြင်ပြီး ထောက်ပြသည့်တိုင်အောင် သူက လက်မခံသကဲ့သို့ ကိုင်တွယ်ဖြေရှင်းခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကိုလည်း လက်မခံဘဲ ငြင်းဆန်ပြီး အာခံသည်မှာ သူ့ကို ထုတ်ပယ်ပစ်ရန် ညီအစ်ကိုမောင်နှမများ ပွက်ပွက်ညံအောင် တောင်းဆိုကြသည်အထိပင် ဖြစ်သည်။ ထိုအချိန်တစ်လျှောက်လုံးတွင်လည်း ‘ငါ့လို အစွမ်းအစမျိုးနဲ့ဆို ငါဘယ်သွားသွား ကြီးကြပ်ဖို့ ကံပါလာတာပဲ။ မင်းတို့လို အစွမ်းအစတွေနဲ့ဆိုရင် ဘယ်သွားသွား အစေခံတွေ၊ အစေခံ မိန်းကလေးတွေ ဖြစ်နေမှာပဲ။ အမိန့်ပေးခံရဖို့က မင်းတို့ရဲ့ ကံကြမ္မာပဲ’ ဟူ၍ စဉ်းစားလျက်ရှိသည်။ ဤသို့သောအရာများကို အစဉ်ပြောခြင်းအားဖြင် သူသည် မည်သို့သောစိတ်သဘောထားမျိုးကို ဖွင့်ပြသနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်မှာ ရှင်းသည်။ သို့တိုင်အောင် သူသည် ဤအရာကို အားသာချက်နှင့် အရည်အချင်းအဖြစ်သူတစ်ပါးတို့ကို အရှက်ကင်းမဲ့စွာ မျှဝေပြီး ကြွားဝါသည်။ မိမိသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖွင့်ပြသောအခါ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သင့်သည်။ ယင်းကို သိဖို့လိုသည်။ နောင်တရပြီး စွန့်ပစ်ဖို့လိုအပ်သည်။ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်သည်အထိ သမ္မာတရားကို လိုက်စားသင့်သည်။ သို့ရာတွင် ဤခေါင်းဆောင်သည် ဤနည်းဖြင့် လက်တွေ့မလုပ်ဆောင်ဘဲ မိမိ၏ အမြင်များကို ဆက်လက်လုပ်ဆောင်လျက်ဖြင့် ပြောင်းလဲ၍ မရနိုင်ဘဲ ရှိနေသည်။ ဤအပြုအမူများမှ၊ သူသည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံဘဲ သမ္မာတရားကို ရှာဖွေသူလုံးဝ မဟုတ်သည်ကို မြင်နိုင်ပေသည်။ သူသည် သူ့အား ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းသူ မည်သူကိုမဆို နားမထောင်ဘဲ ကျိုးကြောင်းပြပြောဆိုမှုများစွာ ရှိနေသည်။ ‘ဟင်း။ ကျွန်တော်က ဒီလိုပဲ။ ဒါက အရည်အချင်းလို့ခေါ်တယ်။ စွမ်းရည်လို့ခေါ်တယ်။ ခင်ဗျားတို့ထဲမှာ ဘယ်သူက ဒါတွေရှိလဲ။ ကျွန်တော်က ကြီးကြပ််ဖို့အတွက် မွေးကတည်းက ကံပါလာတာ။ ဘယ်ကိုသွားသွား ကျွန်တော်က ခေါင်းဆောင်ပဲ။ ကျွန်တော်က ကိုယ်လက်ညှိုးညွှန်ရာ ရေဖြစ်တာတွေ၊ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ကိုယ့်ဘာသာ စဉ်းစားတာတွေနဲ့ အသားကျနေပြီ။ သူများတွေနဲ့ တိုင်ပင်တတ်တာ မဟုတ်ဘူး။ ဒါက ကျွန်တော့်စရိုက်လက္ခဏာပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုပဲ။’ ဤသည်မှာ လက်လွတ်စပယ် အရှက်ကင်းမဲ့ခြင်းမဟုတ်သလော။ သူသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို အသိအမှတ်မပြုသောအခါတွင် လူသားကို တရားစီရင်ပြီး ဖော်ထုတ်သောဘုရားနှုတ်ကပတ်တော်များကို အသိအမှတ်မပြုသည်မှာ ရှင်းသည်။ ထိုသို့ဖြစ်မည့်အစား သူ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို သမ္မာတရားအဖြစ် မှတ်ယူသည်။ လူတိုင်းကို သူ့အား လက်ခံစေပြီး လေးစားအောင်ပြုလုပ်သည်။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားမဖြစ်သင့်ဘဲ သူဖြစ်သင့်သည်ဟု သူ၏ စိတ်နှလုံးတွင် မှတ်ယူသည်။ ယင်းမှာ ၎င်းတို့ဖြစ်သင့်သည်။ ၎င်းတို့ပြောသည့်အတိုင်း ဖြစ်သင့်သည်။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း အရှက်မရှိခြင်းမဟုတ်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၁)) ဘုရားနှုတ်ကပတ်တော်ကနေ ဒီဖွင့်ပြချက်နဲ့ ရင်ဆိုင်ရတော့ ကျွန်တော် ရှက်မိတယ်။ အဲဒါ ကျွန်တော် ပြုမူခဲ့တဲ့ ပုံစံပါပဲ။ ကျွန်တော့်မှာ ကျွမ်းကျင်မှုတချို့ရှိပြီး အသိဉာဏ်နဲ့ အစွမ်းအစ နည်းနည်း ရှိပုံပေါ်ခဲ့လို့၊ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်တယ်လို့ တွေးခဲ့တယ်။ ကျွန်တော် မြင်တဲ့အတိုင်းဆိုရင် တခြားညီအစ်ကို မောင်နှမတွေက ဘာကိုမှ ကောင်းကောင်း မလုပ်နိုင်ကြဘူး၊ ပြီးတော့ တစ်ယောက်ယောက်က ကျွန်တော့် ပြဿနာကို ထောက်ပြချိန်မှာတောင် အလေးအနက် မထားခဲ့ဘူး။ ကျွန်တော့်မှာ အစွမ်းအစရှိပြီး အကြံပြုချက်တွေ မှန်ခဲ့လို့သာ မာနထောင်လွှားခဲ့တာလို့ တွေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့ဘူး။ အမှန်တော့၊ ညီအစ်မတစ်ယောက် ရှာတွေ့ခဲ့တဲ့ သင်ကြားမှု အချက်အလက်တွေကို မသုံးမကျသလို ကျွန်တော် ဖယ်ပစ်ခဲ့ပေမဲ့၊ အဲဒါတွေက ကိုးကားချက်စံတချို့ရှိပြီး အကြံပြုချက်ကောင်းတချို့ ပေးတယ်လို့ မြင်ခဲ့သလိုမျိုး အကြိမ်တော်တော်များများမှာ ပြဿနာကို ကျွန်တော် မှန်မှန်ကန်ကန် မမြင်နိုင်ခဲ့သလို၊ အကျယ်တဝင့် မစဉ်းစားခဲ့ဘူး။ အချို့ကိစ္စတွေမှာ မှန်ကန်တဲ့ စိတ်ကူး ရှိခဲ့ပေမဲ့၊ မာနထောင်လွှားမှုနဲ့ တခြားလူတွေကို အတင်း လက်မခံစေခဲ့သင့်ဘူးလေ။ စည်းမျဉ်းတွေနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ သိနားလည်မှုနဲ့ အမြင်တွေအပေါ် မိတ်သဟာယ ပြုသင့်ပြီး၊ ကျွန်တော်ပြောတာ သင့်တော်တယ်လို့ လူတိုင်း ခံစားရရင် အလိုလို လက်ခံကြမှာပဲလေ။ ဒါပေမဲ့ အဲဒီအစား၊ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခဲ့သလို၊ တခြားလူတွေရဲ့ အားသာချက်ကို လုံးဝ မမြင်ခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ဘယ်အရာတွေပေါ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့ပြီး၊ အလုပ်မှာ ဘယ်ပြဿနာတွေကို ရှာတွေ့ပြီး၊ ဖြေရှင်းခဲ့တယ်ဆိုတဲ့ တွက်ချက်မှုတွေကို စိတ်ထဲ မကြာခဏ လုပ်နေခဲ့တယ်။ ဒီ “အောင်မြင်မှုတွေ”ကို ပိုတွက်ချက်လေ၊ တခြားလူတွေထက် ကျွန်တော် ပိုတော်လေလို့ ခံစားရတယ်။ မာနထောင်လွှားမှုက ပိုပြင်းထန်ခဲ့ပြီး လူတွေကို ပိုပိုပြီး အထင်သေးခဲ့တယ်။ ကျွန်တော်က ကြီးကြပ်ရေးမှူး ကဏ္ဍအတွက် ဖြစ်တယ်လို့တောင် တွေးခဲ့တယ်။ ဒါကြောင့် ကျွန်တော ကိုယ့်ဘာသာ ကြီးကျယ်နေခဲ့ပြီး အရာရာမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိချင်ခဲ့တယ်။ အရမ်းမာနထောင်လွှားပြီး ယုတ္တိမတန်ခဲ့သလို၊ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား နည်းနည်းမှ မပြောင်းလဲခဲ့ဘူး။ တခြားလူတွေနဲ့တောင် အဆင်မပြေနိုင်ခဲ့ဘူး။ မာနထောင်လွှားဖို့ ကျွန်တော့်မှာ ဘာရှိခဲ့လို့လဲ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရလွန်းတာက တကယ် သနားစရာပဲ။ အဲဒါတွေအားလုံးကို ပြန်ကြည့်တော့၊ ကျွန်တော် ကြမ်းကြုတ်ပြီး ဗိုလ်ကျလွန်းခဲ့ပုံကို မြင်ခဲ့ရပြီး နောင်တနဲ့ ပြည့်ခဲ့တယ်။
နောက်ပိုင်းမှာ ဖတ်ခဲ့တဲ့ စာနောက်တစ်ပိုဒ် ရှိတယ်။ “မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် ခက်ခဲသည်ဟု သင်တို့ပြောမည်လော။ အမှန်တွင်၊ မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သို့မဟုတ် သင် မည်မျှ စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ သူတစ်ပါးကို အထက်စီးမှ မဆက်ဆံရချေ။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က ‘ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့်ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့်၊ အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်’ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက၊ ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီးဖြစ်ပါက၊ သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။ ယခုအချိန်တွင် လုပ်ဆောင်ရန်အလိုအပ်ဆုံးသောအရာမှာ သင်၏တာဝန်ထမ်းဆောင်ခြင်းသည် ပြည့်မီလာသည်အထိ၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ရှာဖွေပြီး၊ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ အကြောင်းမှာ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုသည် အသက်ဝင်ရောက်မှုလမ်းကြောင်းပေါ်သို့ ပထမဆုံးခြေလှမ်းမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤတွင် ‘ပထမဆုံး ခြေလှမ်း’ ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ခရီးတစ်ခုအား စတင်ခြင်းကို ဆိုလိုသည်။ အရာရာအားလုံးတွင် ခရီးကို စတင်ရမည့်အရာတစ်ခုရှိသည်။ အခြေခံအကျဆုံး၊ အဓိကအကျဆုံးအရာတစ်ခုဖြစ်သည်။ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုကို ရရှိခြင်းသည် အသက်သို့ ဝင်ရောက်မှုလမ်းကြောင်းဖြစ်သည်။ သင်၏တာဝန်ထမ်းဆောင်မှုသည် ယင်းကို လုပ်ဆောင်သည့်နည်းလမ်းနှင့် ကိုက်ညီရုံမျှသာရှိသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သင့်တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နေခြင်းမဟုတ်ပေ။ ထို့ကြောင့် ဤအရာနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်နည်း။ သမ္မာတရားစည်းမျဉ်းအပေါ်တွင် အားစိုက်လုပ်ဆောင်ပြီး ရှာဖွေရမည်။ သမ္မာတရားစည်းမျဉ်းများဖြင့် ပြင်ဆင်ခြင်းသည် အရေးပါသည့်အရာဖြစ်သည်။ သင်၏ အပြုအမူနှင့် စိတ်ကို တိုးတက်စေရုံမျှသာရှိသော်လည်း သမ္မာတရားစည်းမျဉ်းများဖြင့် ပြင်ဆင်မထားလျှင် အသုံးမဝင်ပေ။ သင့်တွင် ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်သောအရာတစ်ခုခုရှိနိုင်သည်။ ဤသည်မှာ ကောင်းသည့်အရာဖြစ်သည်။ သို့သော် ယင်းကို သင်၏တာဝန်ထမ်းဆောင်ခြင်းတွင် အသုံးပြုခြင်းကသာလျှင် ယင်းကို မှန်ကန်စွာ အသုံးပြုနေခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းသည် သင်၏ လူ့သဘာဝ၊ သို့မဟုတ် ပင်ကိုယ်စရိုက်တွင် တိုးတက်မှုမလိုအပ်သကဲ့သို့ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် ပါရမီကို ဘေးဖယ်ရန်လည်း မလိုပေ။ ဤသည်မှာ လိုအပ်သည့်အရာမဟုတ်ပေ။ အရေးပါသည့်အရာမှာ သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခြင်းဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်သောအခါ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားက ပွင့်အန်ထွက်လာမည်မှာ မလွှဲမရှောင်သာသလောက်ပင်ဖြစ်သည်။ ထိုသို့သောအချိန်တွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ ဤအရာကို လုပ်ဆောင်လော့။ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းသည် မည်သည့်ပြဿနာကိုမျှ ဖြစ်စေမည်မဟုတ်ပေ။ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်မှုသည် မည်သည့်နယ်ပယ်တွင်ဖြစ်စေ၊ သို့မဟုတ် မည်သည့်နေရာတွင် အသက်မွေးမှုဆိုင်ရာ အသိပညာအချို့ သင်ရှိသည်ဖြစ်စေ သင်ထမ်းဆောင်ရမည့်ထိုတာဝန်ကို ထမ်းဆောင်ရာတွင် အသုံးပြုရန် သင်သင်ယူခဲ့သောထိုအရာကို သယ်ဆောင်လာနိုင်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် ဆုကျေးဇူးများ၊ အထူးကျွမ်းကျင်မှုများ၊ သို့မဟုတ် အသက်မွေးအလုပ်ဆိုင်ရာ အသိပညာများကို အသုံးပြုခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ သို့သော် သမ္မာတရားဖြင့်လည်း ပြင်ဆင်ထားပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ရမည်။ ထိုအခါမှသာ သင်၏တာဝန်ကို ထမ်းဆောင်နိုင်သည်။ ဤသည်မှာ အစောပိုင်းတွင် ပြောဆိုခဲ့သော အသွားနှစ်ဖက်ပါသည့် နည်းလမ်းဖြစ်သည်။ အသွားတစ်ဖက်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိခြင်းဖြစ်ပြီး အခြားတစ်ဖက်မှာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ မိမိတာဝန်ကို ဤနည်းဖြင့် ထမ်းဆောင်ခြင်းအားဖြင့် အသက်သို့ဝင်ရောက်ပြီး မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်လာကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်ကို တွေးဆရင်းနဲ့ တစ်ယောက်ယောက်က တာဝန်ကို လုံလောက်အောင် ကောင်းကောင်း လုပ်ခြင်း ရှိမရှိဆိုတာကို သူတို့ ဘယ်လောက် ပြီးစီးပုံပေါ်တယ်ဆိုတာနဲ့ မှန်မှန်ကန်ကန် ပြီးစီးခြင်း ရှိမရှိဆိုတာအရ မဟုတ်ဘဲ၊ သူတို့တာဝန်မှာ ဘယ်လမ်းကြောင်း လျှောက်ကြတယ်ဆိုတာနဲ့ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ကြလားဆိုတာအရ ဘုရားက ချိန်ဆမှန်း သိခဲ့ရတယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းပြီး ကိုယ့်တာဝန်ကို လုံလောက်အောင် ကောင်းကောင်းလုပ်ဖို့ ပထမဆုံးအနေနဲ့ ကျွန်တော် ဂုဏ်ယူရတဲ့ အဲဒီဆုကျေးဇူးနဲ့ အားသာချက်တွေကို ဘေးဖယ်ထားပြီး သမ္မာတရား ရှာဖို့ ဘုရားရှေ့ကို လာရမယ်မှန်းလည်း သိခဲ့ရတယ်။ သမ္မာတရား မရှာဘဲ၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို မလိုက်လျှောက်ဘဲ ကိုယ့်အစွမ်းအစနဲ့ ဆုကျေးဇူးတွေပေါ် မှီခိုပြီး ကိစ္စတွေကို ဆက်လုပ်ရင်၊ ကျွန်မ ဘယ်လောက်ပဲ လုပ်ပါစေ ဘုရားက လက်ခံမှာမဟုတ်ဘူး။ အရင်က ကျွမ်းကျင်မှုတွေနဲ့ အစွမ်းအစ မရှိတဲ့အတွက် တခြားလူတွေကို ကျွန်တော် အထင်သေးခဲ့တယ်။ အမှားသေးသေးလုပ်မိတာ၊ တစ်ခုခုကို သူတို့ မပြည့်မစုံ လုပ်မိတာ မြင်ရင်၊ ပွင့်ပွင့်လင်းလင်းရော စိတ်ထဲကပါ မထီမဲ့ပြင်ပြုပြီး အထင်သေးစိတ် ပြည့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ထုတ်တဲ့ ဗီဒီယိုတွေက စိစစ်တည်းဖြတ်တာ တော်တော်များများ ပြန်လုပ်ရပြီး တခြားလူတွေက အကြံတွေပေးတော့၊ ဘယ်သူမှ ကျွန်တော့်ကို အထင်မသေးကြဘဲ ဘာက တိုးတက်ဖို့လိုတယ်ဆိုတာကို စိတ်ရှည်ရှည်နဲ့ ပြောပြကြတယ်။ ဒါ့အပြင် ကျွန်တော်နဲ့အလုပ်လုပ်တဲ့ လူတွေရဲ့ အကြံပြုချက်တွေကို ကျွန်မ တစ်ခါမှ လက်မခံခဲ့သလို၊ တချို့ ညီအစ်ကို မောင်နှမတွေက ကြီးမားတဲ့ ဆုကျေးဇူး၊ အစွမ်းအစရှိခဲ့ပေမဲ့၊ သူတို့တာဝန်မှာ စည်းမျဉ်းတွေ ရှာခဲ့ကြတယ်၊ တခြားလူတွေရဲ့ အကြံပြုချက်တွေကို နှိမ့်နှိမ့်ချချ နားထောင်ပြီး သဟဇာတဖြစ်စွာနဲ့ ပူးပေါင်းလုပ်နိုင်ခဲ့ကြတယ်။ သူတို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်တာ ကျွန်တော့်အတွက် ရှက်စရာပါ။ သမ္မာတရားထဲ ဝင်ရောက်မှုမှာ ကျွန်တော် ချို့တဲ့နေပုံကို တွေ့ခဲ့ရတယ်။ အဲဒီနောက် ကျွန်တော့်တာဝန်မှာ၊ ကိုယ်နဲ့ တခြားလူတွေကြားမှာ သဘောမတူညီမှုရှိတဲ့အခါ၊ အဲဒါကို သမ္မာတရား လက်တွေ့လုပ်ဖို့ အခွင့်အရေးအနေနဲ့ မြင်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ပြီး သမ္မာတရားနဲ့ စည်းမျဉ်းတွေ ရှာတာကို လက်တွေ့လုပ်ခဲ့တယ်။
တစ်ခါ ညီအစ်မနှစ်ယောက်နဲ့ ဗီဒီယိုထုပ်လုပ်ရေးကို ဆွေးနွေးနေပြီး၊ ကျွန်တော်တို့မှာ မတူတဲ့ စိတ်ကူးတွေ ရှိကြတယ်။ ကျွန်တော့်မှာ အကောင်းဆုံး စိတ်ကူးရှိတယ်လို့ တွေးမိပြီး ကိုယ်မှန်မှန်း သက်သေပြဖို့ ဘာပြောလို့ရမယ်၊ သူတို့ကို ဘယ်လို ယုံကြည်လက်ခံစေမယ်ဆိုတာကို ကျွန်တော် တွေးနေမိတယ်။ ထခြားလူတွေရဲ့ စိတ်ကူးတွေကို ငြင်းဆိုဖို့ ကိုယ့်အယူအဆကို အသုံးပြုချင်ရင်းနဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထပ်ပြနေမိမှန်း ရုတ်တရက် သဘောပေါက်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ပြီး တခြားလူတွေရဲ့ အကြံပြုချက်တွေကို နားထောင်ဖို့ ဘုရားဆီ တောင်းလျှောက်ရင်းနဲ့ ကျွန်တော် အမြန်ဆုတောင်းလိုက်တယ်။ ဘုရားပြောခဲ့တာတစ်ခုကို တွေးမိတယ်။ “အသင်းတော်တွင် သမ္မာတရားကို နားလည်သော၊ သို့မဟုတ် သမ္မာတရားကို နားလည်သဘောပေါက်နိုင်စွမ်းရှိသော သူအားလုံးထဲမှ မည်သူမဆိုပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုသက်ရောက်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ကိုင်စွဲသင့်ပြီး ယင်းနောက်မှ လိုက်ကာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်လျှောက်သော လမ်းကြောင်းသည် မှန်ကန်လိမ့်မည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လမ်းပြသည့် လမ်းကြောင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သူအလုပ်လုပ်သည့်သူအပေါ်သို့ အမှုပြုပြီး လမ်းပြသည့်ပုံစံကို အထူးအာရုံစိုက်လော့။ သင်သည် အခြားသူများနှင့် မကြာခဏ မိတ်သဟာယဖွဲ့သင့်သည်။ အကြံများပေးပြီး သင်၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ သို့သော် အဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချရန်ရှိသောအခါ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြုလုပ်သည့်သူမှာ သင်တစ်ဦးတည်းဖြစ်လျှင်၊ လူတိုင်းအား သင်ပြောသည့်အတိုင်း လုပ်ဆောင်စေပြီး သင်၏ စိတ်ဆန္ဒအတိုင်း လက်ခံလုပ်ဆောင်စေလျှင် သင်သည် စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်။ လူအများစုက ဆန္ဒရှိသည့်အရာကို အခြေခံပြီး မှန်ကန်သော ရွေးချယ်မှုကို သင် ပြုလုပ်သင့်သည်။ လူအများစု၏ အကြံပြုချက်သည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သမ္မာတရားကို ထိန်းသိမ်းသင့်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသောအရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတာက အကြံဉာဏ်ပေးပြီး ဗီဒီယိုတွေ ဖန်တီးတာ ကျွန်တော့်တာဝန်ဖြစ်ပေမဲ့၊ ဘယ်အစီအစဉ်က အကောင်းဆုံးဖြစ်တာက ဘယ်သူမှရဲ့ သဘောမဟုတ်ဘူးဆိုတာပေါ့။ ညီအစ်ကို မောင်နှမတွေက အဲဒါကို အတူတူ ဆွေးနွေး၊ ဆုံးဖြတ်ပြီးတော့ အကောင်းဆုံး အကြံပြုချက်နဲ့ သွားရမှာလေ။ အဲဒါကို လက်တွေ့လုပ်လိုက်တာနဲ့ ကျွန်တော်တကယ်ကို အေးချမ်းသွားတယ်။ အဲဒီဗီဒီယိုကို ဖန်တီးလိုက်တာနဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ရဲ့ မူနဲ့ သွားကြပေမဲ့၊ အဲဒါကြောင့် သူတို့ကို ကျွန်တော် အထင်မသေးခဲ့ဘူး။ အဲဒီဖြစ်စဉ်ကတစ်ဆင့်၊ နောက်ဆုံးမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ခဲ့တယ်လို့ ခံစားရတယ်။ အဲဒီအချိန်မှာ ဘုရားက အခြေအနေတွေကို ပြင်ဆင်ပေးတာက ဘယ်သူမှားတယ်၊ မှန်တယ်မဟုတ်ဘဲ ဘယ်စိတ်သဘောထားကို လူတွေ အသက်ရှင်တယ်ဆိုတာ ကြည့်ဖို့ဖြစ်မှန်းလည်း တွေ့ကြုံခဲ့ရတယ်။ တစ်ယောက်ယောက်က မှန်ပေမဲ့ မာနထောင်လွှားမှု ပြနေရင်၊ အဲဒါကို ဘုရားက စက်ဆုပ်၊ မုန်းတီးတယ်။ အဲဒီနောက်မှာ၊ တခြားလူတွေရဲ့ စိတ်ကူးတွေကို အလေးအနက် စဉ်းစားဖို့ ကြိုးစားတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေရဲ့ အကြံတွေမှာ ကျွန်တော် သုံးလို့ရမဲ့ ရှုထောင့်တွေ အများကြီးရှိပြီး ကိစ္စတွေကို သူတို့က ကျွန်တော်နဲ့ မတူတဲ့ ရှုထောင့်အမြင်ကနေ ကြည့်မှန်း သဘောပေါက်ခဲ့ရတယ်။ အရင်က ကိုယ့်ရှုထောင့်အမြင်နဲ့ပဲ ကိစ္စတွေကို ကြည့်နေခဲ့ပြီး တခြားလူတွေရဲ့ စိတ်ကူးတွေကို တစ်ခါမှ တကယ် နားမထောင်ပေးခဲ့လို့ တခြားလူတွေက အကျယ်တစ်ဝင့် မကြည့်ကြဘူးလို့ ကျွန်တော် အမြဲ တွေးခဲ့တယ်။ နောက်တော့ သဘောပေါက်သွားတယ်။ လူတိုင်းမှာ အားသာချက်တွေရှိပြီး သူတို့ဆီကနေ သင်ယူလို့ရတဲ့အရာတွေ ရှိတယ်ဆိုတာပေါ့။ ကိုယ့်ကိုယ်ကိုယ် မာန်တက်စွာနဲ့ ဆက်မယုံကြည်ချင်တော့ဘဲ၊ တခြားလူတွေနဲ့ ကောင်းကောင်း အလုပ်လုပ်ဖို့၊ သမ္မာတရားရှာပြီး၊ တခြားလူတွေရဲ့ အကြံပြုချက်တွေကို ပိုနားထောင်ဖို့နဲ့ တာဝန်မှာ ပူးပေါင်းလုပ်ဖို့ အသင့်ဖြစ်ခဲ့တယ်။