၉၃။ စိတ်ချရသည့်အလုပ်ကို ကျွန်ုပ် စွန့်လွှတ်ပုံ
ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး ကြီးပွားချမ်းသာတဲ့ဘဝရနိုင်အောင် စာကြိုးစားလေ့လာဖို့ ကျွန်တော့်အဖေက တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက မျှော်လင့်သလို ဖြစ်မလာခဲ့ဘူး။ အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲကို ကျွန်တော် သုံးနှစ်ဆက်တိုက် ကျခဲ့တယ်။ ဒါကကျွန်တော့် အနာဂတ်လမ်းကြောင်းကို မရေမရာဖြစ်စေပြီး ကျွန်တော် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့တယ်။ အဲဒီတုန်းက၊ စိတ်ဖိစီးမှုအရမ်းများခဲ့ပြီး စိတ်ဆင်းရဲစရာတွေ များခဲ့တယ်။ လေးနှစ်မြောက်မှပဲ၊ ရထားလမ်း အင်ဂျင်နီယာကျောင်းကို နောက်ဆုံးမှာ တက်ခွင့်ရခဲ့ပြီး၊ ဘွဲ့ရပြီးတဲ့နောက်မှာ၊ မီးရထားဌာနရုံးမှာ စိတ်ချရတဲ့ အလုပ်တစ်ခု ရခဲ့တယ်။
၁၉၉၉ ခုနှစ် မတ်လမှာ၊ ကျွန်တော့် ဇနီးနဲ့ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ နောက်ပိုင်းမှာ၊ တာဝန်ကို တက်တက်ကြွကြွ လုပ်ပြီးအသင်းတော် အသက်တာမှာ ပါဝင်ခဲ့သလို၊ ခြောက်လအကြာမှာ၊ အသင်းတော်ကို ဦးဆောင်ဖို့ အရွေးခံခဲ့ရတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ပြီးတဲ့နောက်မှာ၊ စုဝေးပွဲတွေနဲ့ ကိုယ့်တာဝန်မှာ အချိန်ပိုကုန်နေခဲ့တော့၊ အလုပ်မှာ ပဋိပက္ခတွေ ဖြစ်တယ်။ စုဝေးပွဲတွေနဲ့ လွဲတာကို ရှောင်ဖို့၊ တစ်လမှာ အကြိမ်တော်တော်များများ ခွင့်ယူခဲ့ရတာကိုး။ လစာလျော့တာအပြင်၊ လကုန်မှာ ဘောနပ်စ်လည်း မရတော့ဘူး။ ကျွန်တော့်သူငှေးက စိတ်ပျက်လက်ပျက်၊ “ဒီအလုပ်ကို မင်းစလုပ်ရုံပဲရှိသေးလို့ ကောင်းကောင်းလုပ်ဖို့လိုတယ်။ ခွင့်ကို အမြဲတောင်းရင်၊ ကိုယ့်လစာအများကြီး ဆုံးရှုံးရသလို၊ ဘောနပ်စ်လည်း မရတော့ဘူး။ အဲဒါ မိုက်မဲတာ မဟုတ်လား။ မင်းကို ငါ ကောင်းကောင်း ဂရုစိုက်ပေမဲ့၊ မင်းက အမြဲ ခွင့်ယူနေတယ်၊ မင်းကို ရာထူးတို့ဖို့ ခက်မယ်”တဲ့။ နောက်ပိုင်းမှာ၊ ခွင့်ပြန်တောင်းတဲ့အခါ၊ ဒွိဟအရမ်း ဖြစ်ခဲ့တယ်။ ကျွန်တော်တွေးမိတယ်၊ “ဒီကသူဌေးက ငါ့အပေါ် သဘောကောင်းတယ်။ ငါ အမြဲခွင့်ယူပြီး၊ သူ့ကို ငါ့အပေါ် အထင်အမြင်မကောင်း ဖြစ်စေရင်၊ ရာထူးတိုးခံရဖို့ ခက်မှာပဲ။ ထပ်ပြီး ဘယ်လိုမှ ခွင့်ယူလို့ မဖြစ်တော့ဘူး၊ မဟုတ်ရင် ငါ့သူငှေးက ငါ့ကို အားရမှာ မဟုတ်ဘူး”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ အသင်းတော် ခေါင်းဆောင်အနေနဲ့၊ စုဝေးပွဲတွေ မ သွားခဲ့ရင်၊ အသင်းတော် အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေအကြောင်း သိပ်သိမှာ မဟုတ်သလို အသင်းတော် အလုပ်ကို ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ပေါ့။ ဒါကြောင့် အရမ်းဒွိဟဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ၊ အလုပ်မှာ နေလိုက်ဖို့ ဆုံးဖြတ်ခဲ့တာ အကြိမ်အတော်များခဲ့ပေမဲ့၊ ဒါနဲ့ပတ်သက်လို့ အရမ်းအပြစ်ရှိသလို ခံစားခဲ့ရတယ်။
တစ်ခါ၊ ကျွန်တော့်ရဲ့ အထက်ခေါင်းဆောင်က လုပ်ဖော်ကိုင်ဖက် အစည်းအဝေးကို အသိပေးခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ကျွန်တော် စငြင်းခုံပြန်တယ်။ ဒါကြောင့် ဘုရားအလိုတော်ကိုရှာဖို့ သူ့ဆီ ဆုတောင်းခဲ့တယ်။ နောက်တော့၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ ကြားဝင်ပြုလုပ်မှုများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...လူတို့လုပ်သမျှ အားလုံးမှာ သူတို့၏ အားထုတ်မှုထဲ ပေးဆပ်မှု တစ်ခုလုပ်ဖို့ လိုအပ်သည်။ အမှန်တကယ် ဒုက္ခခံစားရခြင်း မပါဝင်ဘဲ၊ သူတို့သည် ဘုရားသခင်ကို စိတ်မကျေနပ်စေနိုင်ပေ။ သူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် နီးတောင် မနီးစပ်ပေ။ သူတို့က အနှစ်သာရမပါသည့် ဆောင်ပုဒ်များကို စကားကြောရှည်နေခြင်းပင် ဖြစ်သည်။ ဤအနှစ်သာရမရှိသည့် ဆောင်ပုဒ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါသလား။ ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်သလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊ သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့ မကျင့်သုံးဘူးဆိုလျှင် သင်သည် သမ္မာတရားကို လက်တွေ့ မကျင့်သုံးသည့်သူ၊ သင်သည် သမ္မာတရား မပါဝင်သည့်သူ၊ အသက် မပါဝင်သည့်သူ၊ တန်ဖိုးမရှိသူ တစ်ယောက် ဆိုသည်ကို ပြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အပေါ်ယံမှာ၊ နေ့တိုင်း လူတွေနဲ့ ကျွန်တော်တို့ ဆက်ဆံနေပေမဲ့၊ ဒါရဲ့နောက်ကွယ်မှာ စာတန်က ဘုရားနဲ့ အလောင်းအစားရှိပြီး၊ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့လိုမှန်း ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတယ်။ စမ်းသပ်မှု ယောဘဆီ ရောက်လာချိန်မှာ၊ သူ့ကြွယ်ဝမှုအားလုံး ညတွင်းချင်း ဆုံးရှုံးခဲ့ရပြီး၊ အပြင်ပန်းမှာ ဒါဟာ ဓားပြတွေက သူ့ရဲ့ ဥစ္စာပစ္စည်းကို ခိုးယူတာဖြစ်ပေမဲ့၊ အဲဒီနောက်ကွယ်မှာ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်း ရှိခဲ့တယ်။ ပြီးတော့ ယောဘက သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်ချိန်မှာ၊ စာတန်က အရှက်နဲ့ နောက်ဆုတ်သွားတယ်။ ကိုယ့်အလုပ်နဲ့ ပတ်သက်လို့ အစည်းအဝေး အချိန်ဝိရောဓိဖြစ်တာက တကယ်တော့ ဝိညာဉ်ရေးရာတိုက်ပွဲပဲ။ အပြင်ပန်းမှာ၊ သူငှေးက ကျွန်တော့်ကို ဂရုစိုက်ပြီး ရာထူးတိုးပေးချင်ခဲ့ပေမဲ့၊ တကယ်တော့ ဒါရဲ့နောက်ကွယ်မှာ စာတန်ရဲ့ နှောင့်ယှက်မှု ရှိခဲ့တယ်။ စာတန်က အလုပ်နဲ့ ငွေရှာတာကိုပဲ အာရုံစိုက်အောင် ကျွန်တော့်ကို သွေးဆောင်ဖို့ ကျော်ကြားမှုနဲ့ အခွင့်အလမ်းကို သုံးနေခဲ့တာပဲ။ ဘုရားနဲ့ ကျွန်တော်ရဲ့ ပုံမှန် ဆက်ဆံရေးကို သူက ဖျက်ဆီးပြီး၊ တွေ့ဆုံဖို့၊ ကိုယ့်တာဝန်ကို လုပ်ဖို့ အချိန်မရှိအောင် ဘုရားနဲ့ ဝေးစေချင်ခဲ့တာပဲ။ ဒီမှာ၊ စာတန်ရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ဒါကိုတွေးရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “စာတန်ရဲ့ လှည်ကွက်တွေ အလှည့်စားမခံချင်တော့ပါဘူး။ ကျွန်တော် အစည်းအဝေးတက်မယ်၊ ကိုယ်တော့် နှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုမယ်၊ ကိုယ်တော်နဲ့ ပုံမှန် ဆက်ဆံရေး ထိန်းသိမ်းပြီး၊ စာတန်ရဲ့ အကြံအစည်တွေ အောင်မြင်ခွင့် လုံးဝ မပေးဘူး”လို့ပေါ့။ နောက်ပိုင်း သူဌေးဆီမှာ ခွင့်ယူပြီး လုပ်ဖော်ဆောင်ဖက် အစည်းအဝေးတက်ဖို့ သတ္တိရှိလာတယ်။
ဒါပေမဲ့ အသင်းတော်အလုပ်က များသထက် များနေတာနဲ့အမျှ ကိစ္စတော်တော်များများကို စီစဉ်ပြီး ချက်ချင်း အကောင်အထည်ဖော်မှ ဖြစ်မယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ချင်ရင်၊ ခွင့်ယူမှ ဖြစ်တော့မယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်တော် အရမ်း စိတ်ဆင်းရဲခဲ့ရပြီး၊ အဲဒါကို အကြိမ်တော်တော်များများ မချိုးနှိမ်နိုင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့ အသင်းတော် အလုပ်ကို ထိခိုက်ခဲ့တယ်။ တစ်ခါတလေ အသင်းတော် အလုပ် မနှောင့်နှေးအောင် အလုပ်ထွက်လိုက်သင့်တယ်လို့ တွေးမိပေမဲ့၊ အလုပ်ထွက်ရင်၊ အနာဂတ်ကောင်း ပိုင်ဆိုင်ဖို့ နည်းလမ်း မရှိမှာကို စိုးရိမ်ခဲ့တယ်။ သိပ်ကောင်းတဲ့ အလုပ်ဖြစ်လို့ ထွက်ဖို့ ဝန်လေးခဲ့သလို၊ ကျွန်တော့်စိတ်နှလုံးမှာ အမြဲ တိုက်ပွဲတစ်သီတစ်တန်း ရှိနေသလိုပဲ။ အိမ်ရောက်တော့၊ အလုပ်ထွက်ချင်တယ်လို့ ဇနီးကို ပြောပြီး၊ ကိုယ့်အတွေးကို ဝေမျှခဲ့တယ်။ ကျွန်တော် ပြောလိုက်တယ်။ “ဒီအလုပ်ကို ငါ မစွန့်ရက်ဘူး။ ဒီအလုပ်ရဖို့ နှစ်အများကြီး ငါ ကြိုးစားလေ့လာခဲ့ရသလို၊ လစာလည်း မြင့်တယ်။ ငါ ထွက်လိုက်ရင်၊ ငါ့အမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အတန်းဖော်တွေက ငါ့ကို ဘာများထင်ကြမလဲ။ ငါ့မိဘတွေ သိသွားရင် ဒေါသထွက်ကြမှာ။ ဒါ့အပြင် အလုပ်ထွက်ရင်၊ နောင်မှာ အိမ်ဝယ်နိုင်တော့မှာ မဟုတ်သလို၊ ကျန်တဲ့ ဘဝတစ်လျှောက်မှာ ဆင်းရဲသွားနိုင်တယ်။ ဒါပေမဲ့ ခုတော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အများကြီး ဖတ်ပြီး ဘုရားအလိုတော်ကို နားလည်သွားပြီ။ ညီအစ်ကို မောင်နှမတွေက ငါ့ကို အသင်းတော် ခေါင်းဆောင်ဖြစ်ဖို့ ရွေးခဲ့ကြတယ်။ ကိုယ့်အလုပ်ကြောင့် အသင်းတော် အလုပ်ကို နှောင့်နှေးစေရင်၊ ကိုယ့်တာဝန်ကို လျစ်လျူရှုနေတာ မဟုတ်လား”လို့ပေါ့။ ကျွန်တော် ပြောတာနားထောင်ပြီးတော့၊ မိန်းမက ဘုရားဆီ ပိုဆုတောင်းပြီး ကိုယ်ပိုင်ရွေးချယ်မှု လုပ်ခိုင်းတယ်။ အဲဒီညမှာ၊ လူးလှိမ့်ပြီး အိပ်လို့ မပျော်နိုင်ခဲ့ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းပြီး လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ တစ်နေ့မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။ ငါ့ကို သင့်အထဲ၌ အုပ်စိုးမှုရှိရန်နှင့် သင်၏ ဖြစ်တည်ခြင်းအလုံးစုံထဲတွင် နေရာယူရန် ငါ့ကို ခွင့်ပြုသည့်အကြောင်း သင်ပြောဆဲဖြစ်သည်၊ ဤအရာအားလုံးမှာ လှည့်စားသော မုသားများပင် ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် သင်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အသင်းတော်ထံ ကတိခံကြသနည်း။ ထို့အပြင် သင်တို့ထဲမှ မည်သူသည် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ယခုကာလ၏ နိုင်ငံတော်အတွက် ပြုမူလုပ်ဆောင်ကြသနည်း။ ဤအကြောင်းကို အလွန် သေချာစွာ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) လူတွေက ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိတဲ့အခါ၊ သူတို့ အနာဂတ်နဲ့ ကံကြမ္မာကို ဘုရားလက်ထဲ မထားရဲကြဘူးလို့ ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတယ်။ ကိစ္စတွေကို ဘုရားက ကောင်းကောင်း မစီစဉ်မှာ ကြောက်ရင်းနဲ့ ကိုယ့်ဇာတိပကတိအတွက် အမြဲစိုးရိမ်ပြီး စီစဉ်ကြတယ်။ အဲဒီလိုလူတွေက ဘုရားအတွက် သူတို့စိတ်နှလုံးမှာ နေရာမရှိကြဘူး။ ကျွန်တော်လည်း ဘုရားကို ယုံကြည်ခြင်း မရှိခဲ့တာပဲ မဟုတ်လား။ အလုပ်ထွက်ရင်၊ ငွေကြေး အချုပ်အနှောင်တွေက ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ အမြဲ စိုးရိမ်ခဲ့တယ်။ ဘုရားကို ယုံကြည်ခြင်း သေးငယ်လွန်းခဲ့တယ်။ အရာရာအပေါ် ဘုရားရဲ့ အချုပ်အခြာအာဏာကို တကယ် သိနားလည်မှု နည်းနည်းမှ မရှိခဲ့ဘူး။ သခင်ယေရှု ပြောခဲ့တာကို တွေးမိတယ်။ “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (ရှင်မဿဲခရစ်ဝင် ၆:၂၆) “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၆:၃၃) ဒီကျမ်းချက်တွေကို မကြာခဏ အာဂုံဆောင်ပြီး တခြားလူတွေကို တိုက်တွန်းဖို့ သုံးခဲ့ပေမဲ့၊ ကိုယ့်ဆီ ကိစ္စတွေ တကယ်ဖြစ်လာတော့၊ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း တစ်ခုမှ မရှိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်စဉ်းစားရင်းနဲ့၊ လူတိုင်းရဲ့ အနာဂတ်နဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာရှိပြီး ဘုရားက သင့်တော်တဲ့ အစီအစဉ်တွေ အမြဲ လုပ်မယ်ဆိုတာ သဘောပေါက်ခဲ့တယ်။ သူ့အတွက် အစစ်အမှန် အသုံးခံသူတွေကို သူ နှိပ်စက်မှာမဟုတ်ဘူးလို့ ဘုရားက ကတိပေးခဲ့တယ်။ ဘာလို့ ကျွန်တော်က ဘုရားကို အဲဒီယုံကြည်ကိုးစားမှု မရှိခဲ့တာလဲ။ ဒီအချိန်မှာ၊ ကိုယ့်အလုပ်ကို ကျွန်တော် ချက်ချင်း ထွက်ချင်ခဲ့ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ရုံးကိုရောက်တော့၊ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ လစာတိုးပြီး ဘောနပ်စ်တွေအကြောင်း ပြောနေကြတယ်၊ ကိုယ့်အလုပ်ကို စွန့်ဖို့ မလိုမလားဖြစ်ရင်းနဲ့ ကျွန်တော် စတွန့်ဆုတ်လာတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ပေးရမဲ့ အဖိုးအခရှိမှန်း ကျွန်တော် သိခဲ့တယ်။ ဒါကြောင့် အလုပ်ထွက်ပြီး ကိုယ့်တာဝန်ကို လုပ်နိုင်အောင် အောင်မြင်ရာမှာ လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။
မကြာခင်မှာ၊ ဘဝမှာရှိတဲ့ အနာဂတ်လမ်းကြောင်းပေါ် သုံးသပ်စေတဲ့ လန့်စရာကောင်းတဲ့အရာတစ်ခုကို ကျွန်တော် တွေ့ကြုံခဲ့ရတယ်။ တစ်ညမှာ၊ တွဲစောင့်၊ ရထားလမ်းကြီးကြပ်သူ၊ တခြားလူတွေနဲ့ ရထားတွဲတွေကို ချိတ်ဆက်ဖို့ ကျွန်တော် လုပ်နေခဲ့တယ်။ ရွေ့နေတဲ့ ရထားရဲ့ လှေကားမှာ ကျွန်တော် ရပ်နေတာ။ ယာဉ်ကို ချိတ်ဆက်ရာမှာ တွဲစောင့်ကို ညွှန်ကြားဖို့ စကားပြောစက်ကို သုံးရင်းနဲ့ပေါ့။ ရထားက ရွေ့တာ အရမ်းမြန်တယ်။ အလုပ်ရဲ့ လုပ်ထုံးလုပ်နည်းအရ၊ ချိတ်ဆက်မဲ့ ရထားတွဲနဲ့ ဆယ်တွဲလောက် အကွာအဝေးမှာ ရှိနေတဲ့အချိန်မှာ အရှိန်လျှော့ဖို့ ကျွန်တော် အမိန့်ပေးလိုက်တယ်။ ဒါပေမဲ့ တွဲစောင့်က အရှိန်မလျှော့ခဲ့သလို၊ ရထားက ရထားသံလမ်းပေါ် ရပ်ထားတဲ့ ရထားတွဲကို ဝင်တိုက်တော့မှာမို့ ကျွန်တော် ကူကယ်ရာမဲ့ ကြည့်နေမိတယ်။ ရွေ့တာ အရမ်းမြန်လွန်းလို့ တွဲကနေ ကျွန်တော် ခုန်မထွက်နိုင်ခဲ့ဘူး။ ကိုယ်ရှိနေတဲ့ ရထားတွဲထဲကို လှေကားကနေ ခုန်ဝင်လိုက်ဖို့ပဲ တတ်နိုင်ခဲ့တယ်။ မျက်လုံးတွေ မှိတ်၊ လွင့်ထွက်မသွားအောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရထားတွဲဘေးကို ဖက်တွယ်မိပြီး၊ စိတ်နှလုံးထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ အကြိမ်ကြိမ် အော်ခေါ်မိခဲ့တယ်။ ကျယ်လောင်တဲ့အသံနဲ့ ရထားက ရထားတွဲကို တိုက်မိတယ်။ တွဲဖက်တွဲစောင့်ရဲ့ လက်မောင်းကျိုးသွားပြီး၊ ညတွင်းချင်း ကုသဖို့အတွက် ဆေးရုံကို အပြေးသွားခဲ့ရတယ်။ ကြောက်လန့်ခဲ့ရပေမဲ့ ကျွန်တော် မထိခိုက်ခဲ့ဘူး။ အဲဒီအကြောင်းတွေးလေ၊ အဲဒီညက ကြောက်စရာကောင်းလေ ဖြစ်ခဲ့တယ်။ မီးရထားလမ်းလွှဲတဲ့လုပ်ငန်းမှာ လူတော်တော်များများ မတော်တဆမှု ဖြစ်ကြမှန်း ကျွန်တော်သိပါတယ်။ တချို့ သူတို့လက်မောင်းတွေ ကျိုးကြေပြီး၊ တချို့က ခြေထောက်တွေ ကျိုးကြေကြရတယ်။ အန္တရာယ်နဲ့ ရင်ဆိုင်ရာမှာ၊ စိတ်ချရတဲ့ အလုပ်က ဘေးကင်းအောင် မလုပ်ပေးနိုင်မှန်း၊ ကိုယ့်ဘဝကို မကာကွယ်ပေးနိုင်မှန်း တွေ့ခဲ့တယ်။ ဒီမတော်တဆဖြစ်ပြီးတဲ့နောက်မှာ၊ ငွေနောက်လိုက်တာက ခဏတာ ဇာတိပျော်ရွှင်မှုပဲ ဆောင်ကြဉ်းနိုင်မှန်း ခံစားခဲ့ရတယ်။ ဘုရားရဲ့ စောင့်ရှောက်၊ ကွယ်ကာမှု ဆုံးရှုံးပြီးတော့ ကိုယ့်အသက် ဆုံးရှုံးတာထက် ဘာကမှ ပိုဝမ်းနည်းစရာမကောင်းနိုင်ဘူး။ ငွေရှာဖို့ ကိုယ့်အသက်ဆုံးရှုံးရင်၊ အလုပ်ကောင်းက ဘာအဓိပ္ပာယ်ရှိလို့လဲ။ အလုပ်က ကိုယ့်တာဝန်ကို တားဆီးခွင့်ပေးလို့ မရတော့ဘူး။ ဘုရားရဲ့ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ဖို့၊ အရာရာကို ဘုရားဆီ ပေးအပ်ပြီး၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “ပုံမှန်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ဖို့ အားထုတ်သည့် သူတစ်ဦးဖြစ်သည်နှင့်အမျှ၊ ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာဖို့ နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်ပြီး၊ အဆုံးစွန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသည့် အသက်တာ တစ်ခု ဖြစ်သည်။ မည်သူမျှ သင်တို့ထက် သာ၍ကောင်းချီးမခံစားရပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏အလိုကို လုပ်ဆောင်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဆုံးစွန်အဓိပ္ပာယ်ရှိသည့် အသက်တာကို ရှင်သန်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာတစ်ခုကို အသက်မရှင်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဘုရားနှုတ်ကပတ်တော်က အရမ်းတို့ထိစရာဖြစ်ခဲ့တယ်။ မှန်တယ်။ ဘုရားကို အစစ်အမှန် ချစ်သူတွေက ကျော်ကြားမှု၊ အခွင့်အလမ်း ဒါမှမဟုတ် ဇာတိပျော်ရွှင်မှုအတွက် အသက်မရှိဘူး၊ ဘုရားအတွက် အသက်ရှင်ကြတယ်။ ဘုရားအတွက်ပဲ အသက်ရှင်တာက အကျိုးနပ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝပဲ။ ဘုရားရဲ့ ကြိုတင်စီမံမှုနဲ့ ရွေးချယ်မှုကြောင့်၊ ဖန်ဆင်းရှင်ရဲ့ အသံကိုကြား၊ သမ္မာတရားတချို့ကို နားလည်ပြီး တာဝန် လုပ်ဆောင်ဖို့ အခွင့်အရေးရှိလောက်အောင် ကျွန်တော် ကံကောင်းခဲ့တယ်။ ဒါသိပ်ကောင်းတဲ့အရာပဲ။ ကိုယ်ပိုင် လောကအသေးလေးထဲမှာ အသက်ရှင်ပြီး ငွေနဲ့ ရုပ်ဝတ္ထုပျော်ရွှင်မှုနောက်လိုက်တာကို ရပ်မှဖြစ်မယ်။ ဘုရားရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို နာခံပြီး အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်သင့်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားနှုတ်ကပတ်တော်ကနေ ခံစားရတယ်။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ မေတ္တာနဲ့ ပူပန်မှုအပြင်၊ လူတွေကိုကယ်ဖို့ သူ့ရဲ့ အရေးပေါ်ဆန္ဒတွေကိုပေါ့။ အခု၊ နောက်ဆုံးသော ကာလမှာ ကျွန်တော်တို့ ရှိကြပြီး ကပ်ဘေးတွေ တိုးနေတယ်။ လူတွေကို စာတန်ရဲ့ အုပ်စိုးမှုကနေ ကယ်တင်ဖို့ ဘုရားက သမ္မာတရား ဖော်ပြပြီး၊ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်နေတယ်။ ဘုရားရဲ့ အသံတော်ကို ကြားပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ကျွန်တော် ကံကောင်းခဲ့တယ်။ အဲဒါက ဘုရားကျေးဇူးတော်ပဲ။ ဒါပေမဲ့ ဘုရားရဲ့ ပေါ်ထွန်းခြင်းကို တမ်းတသူအများကြီးက သခင့်ကို မကြိုဆိုရသေးဘူး၊ ဘာသာရေး လောကထဲက အန္တိခရစ် သင်းအုပ်တွေနဲ့ အကြီးအကဲတွေရဲ့ လှည့်ဖြား၊ ထိန်းချုပ်တာ ခံနေရတုန်းပဲ။ ပြီးတော့ ဘုရားရဲ့ အသံကိုကြားပြီး သခင့်ကို ကြိုဆိုဖို့ နည်းလမ်းမရှိဘူး။ လူတိုင်းက ကိုယ့်လောက် တစ်ကိုယ်ကောင်းဆန်ခဲ့ရင်၊ ဇာတိ သက်သာမှုကိုပဲ ဂရုစိုက်ပြီး၊ ဧဝံဂေလိကို မဟော၊ ဘုရားကို သက်သေမခံကြရင်၊ ကပ်ဘေးကြီးတွေ ရောက်လာတဲ့အခါ၊ အဲဒီထဲကို သူတို့ ကျရောက်ပြီး အပြစ်ပေးခံရကြမှာပဲ။ ဘာကမှ ဘုရားအတွက် ပိုစိတ်ပျက်စရာ ဖြစ်နိုင်မှာမဟုတ်ဘူး။ ဘုရားအလိုတော်ကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက်မှာ၊ ကိုယ်ရွေးချယ်၊ လိုက်စားသင့်တာကို နားလည်ခဲ့တယ်။ ဒါကြောင့် အလုပ်ကို လက်လွတ်ဖို့၊ တာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားအတွက် အသုံးခံဖို့ ပိုင်းဖြတ်ခဲ့တယ်။ နှုတ်ထွက်ချင်တဲ့အချိန်မှာပဲ၊ ရထားဘူတာရုံ လက်ထောက် ဒါရိုက်တာက လက်ဆောင်တွေ ဘယ်လိုပေးရမယ်ဆိုတာနဲ့ ဘယ်သူက ကျွန်တော့်ကို ရာထူးတိုးစေမယ်ဆိုတာ သင်ပေးဖို့ ရုတ်တရက် ရောက်လာတယ်။ အရာရာကို သူ ကောင်းကောင်း ဂရုတစိုက် ရှင်းပြပေးခဲ့တယ်။ လူတိုင်းမှာ ရာထူးတိုးဖို့ အခွင့်အရေး မရှိသလို၊ ကျွန်တော့် လခတွေက အရမ်းတက်သွားမှာ။ နည်းနည်း ဆွေးနွေးပြီးတဲ့နောက်၊ အလုပ်ကို လက်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ချက်က ထပ်ယိမ်းယိုင်လာတယ်။ အဲဒီနောက် မကြာခင်မှာ၊ ကျွန်တော့်အတွေးကို လုံးဝ ပြောင်းလဲသွားစေခဲ့တဲ့ လန့်စရာ တခြားကိစ္စတစ်ခုကို တွေ့ကြုံခဲ့ရတယ်။ တစ်နေ့၊ နေ့အဆိုင်းမှာ၊ ကုန်တင်ရထားတစ်စင်းက ဘူတာရုံကို ဝင်ရောက်ပြီးတဲ့နောက် အဆက်ပြတ်ပြီး ပြန်လည်ချိတ်ဆက်ဖို့ လိုခဲ့တယ်။ အဲဒါပြီးရင်တော့ ဘရိတ်ခြေနင်းတွေကို ဘီးတွေအောက်မှာ ထားဖို့ ကျွန်တော် တာဝန်ရှိတယ်။ နေ့လယ်စာစားပြီးတဲ့နောက် ရထားစမရွှေ့ခင် အဲဒီဘရိတ်ခြေနင်းတွေကို ဖြုတ်ဖို့ ကျွန်တော် မေ့သွားခဲ့တယ်။ စပယ်ယာက စမောင်းလာတယ်၊ ဘရိတ်ခြေနင်းတွေကို ဘီးတွေက လမ်းကြောင်းတစ်လျှောက် တရွတ်တိုက်ဆွဲသွားခဲ့တယ်။ ခလုတ်ကို ကျော်ဖြတ်ခါနီးမှာ သူက သတိပြုမိပြီး ရထားကို အချိန်မီရပ်လိုက်တယ်။ အဲဒါက ရထားလမ်းချော်တာ၊ လှိမ့်လှန်သွားနိုင်တာကို ရှောင်ရှားနိုင်ခဲ့တယ်။ အဲဒီနေ့က ဘုရားရဲ့ ကွယ်ကာမှုမရှိဘဲနဲ့၊ ရထားလမ်းချော်သွားရင်၊ လှိန့်လှန်သွားရင်၊ အကျိုးဆက်တွေက စိတ်ကူးလို့မရနိုင်အောင်ပါပဲ။ ကျွန်တော် လန့်သွားပြီး၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ဘာလို့ ဒီလိုဖြစ်ရတာလဲလို့ မမေးဘဲ မနေနိုင်ခဲ့ဘူး။ အသင်းတော် ခေါင်းဆောင်အနေနဲ့၊ အလုပ်က တာဝန်အတွက် အဟန့်အတား ဖြစ်လာခဲ့မှန်း သိခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်ကို အရမ်း ထိခိုက်ခဲ့တယ်၊ ဒါပေမဲ့ ငွေနဲ့ ဇာတိအပျော်အပါးကို လောဘတက်ခဲ့တယ်၊ အဲဒါတွေကို လုံးဝ လက်လွှတ်ဖို့ လိုလားမနေခဲ့သလို၊ ဘုရားကို မကြာခဏ ကျမ်းသစ္စာကျိန်ဆိုပြီးတော့ အဲဒါတွေကို ချိုးဖောက်ပြီး ဘုရားကို လှည့်ဖြားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “သင်တို့သည် ငါ့ထံမှ အဆုံးမရှိသော ကျေးဇူးတော်ကို ရရှိပြီးဖြစ်ကာ၊ ကောင်းကင်မှ အဆုံးမရှိသော နက်နဲမှုများကို သင်တို့ မြင်ကြရပြီး ဖြစ်သည်။ ကောင်းကင်၏ မီးတောက်မီးလျှံများကိုပင် သင်တို့အား ငါ ပြသပြီးဖြစ်သော်လည်း၊ ငါသည် သင်တို့ကို လောင်မြိုက်စေခြင်း မပြုရက်ပေ။ သို့ဖြစ်စေကာမူ၊ သင်တို့သည် အတုံ့အလှည့်အနေဖြင့် ငါ့ကို မည်မျှ ပေးပြီးကြပြီနည်း။ ငါ့ကို သင်တို့ မည်မျှပေးဖို့ လိုလားကြသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့အားလုံးသည် အကျင့်စရိုက် အလွန် ယုတ်ညံ့ကြသည်တကား) အပြင်ပန်းအနေနဲ့၊ ဖြစ်တာက ကောင်းတဲ့အရာမဟုတ်ဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်အတွက် ဘုရားရဲ့မေတ္တာနဲ့ သတိပေးချက် ဖြစ်ခဲ့တယ်။ သမ္မာတရား အများကြီးကို ဘုရားက ဖော်ပြခဲ့ပြီး၊ လူတွေရဲ့ ရလဒ်နဲ့ ခရီးပန်းတိုင်တွေကို ရှင်းရှင်းကြီး ရှင်းပြပြီးပြီ။ သူ့ရဲ့ လေးနက်တဲ့ ဆန္ဒကိုပဲ သူ နားလည်စေချင်တယ်။ သမ္မာတရားကို လိုက်စား၊ အဖန်ဆင်းခံရဲ့ တာဝန်ကို ထမ်းဆောင်ပြီး၊ သူ့ရဲ့ ကယ်တင်ခြင်း ရစေချင်တယ်။ ဒါပေမဲ့ ကျွန်တော်က ခေါင်းမာခဲ့တယ်။ ကိုယ့်အလုပ်ပေါ် မှီခိုခြင်းနဲ့ ရှင်သန်ပြီး၊ ကောင်းမွန်တဲ့ ဘဝကို အသက်ရှင်နိုင်တယ်လို့ အမြဲတွေးခဲ့တယ်။ ဒါကြောင့် အဲဒါကို စွန့်လွှတ်ဖို့၊ ဘုရားနောက်လိုက်ပြီး တာဝန်ကို လုပ်ဆောင်ဖို့ မလိုမလားဖြစ်နေခဲ့တယ်။ ဒီလန့်စရာ အဖြစ်အပျက်နှစ်ခုက ကျွန်တော့်ကို လုံးဝ နိုးထစေခဲ့တယ်။ ကပ်ဘေးကို ရင်ဆိုင်ရာမှာ၊ ဘယ်ငွေပမာဏကမှ ကိုယ့်အသက်ကို မကယ်တင်နိုင်ဘူး။ သခင်ယေရှု ဒီလိုပြောခဲ့တာကို သတိရမိတယ်။ “သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။” (ရှင်လုကာခရစ်ဝင် ၁၄:၃၃) သခင်ယေရှု စကားတွေရဲ့ အဓိပ္ပာယ်ကို ခုမှပဲ ကျွန်တော် တကယ် နားလည်သွားခဲ့တယ်။ ငွေနဲ့ ရုပ်ဝတ္ထုပျော်ရွှင်မှုကို ကျွန်တော်တို့ မြတ်နိုးတန်ဖိုးထားချိန်မှာ ဒီအရာတွေက နှလုံးသားကို နေရာယူပြီး၊ ကျွန်တော်တို့အတွက် ဘုရားကို တကယ် ချစ်ပြီး ဘုရားနောက်လိုက်ဖို့၊ ဘုရားအတွက် အသုံးခံပြီး၊ အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်တွေကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဖြစ်လာတယ်။ အဲဒီလိုလူတွေက ဇာတိနဲ့ လောကကို မက်မောတုန်းပဲဖြစ်ပြီး၊ ဘုရားနောက်လိုက်တွေဖြစ်ဖို့ မတန်ဘူး။ ဘုရားကို ကျွန်တော် မနာခံဖို့၊ စိတ်ပျက်စေဖို့ ဆန္ဒမရှိတော့ဘူး။ ကိစ္စတွေပေါ် ကျွန်တော့်အမြင်ကိုပြောင်းရမယ်၊ ဘုရားရဲ့ အချုပ်အခြာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်။ ဘုရားနောက် စိတ်နှလုံးအကြွင်းမဲ့ လိုက်ပြီး သူ့မေတ္တာကို ပြန်ပေးဆပ်ရမယ်။ ဒါကြောင့်၊ နှုတ်ထွက်ချင်တယ်လို့ ကိုယ့်သူငှေးကို ပြောပြီး၊ အလုပ်သမားစာချုပ်ကို အပြီးသတ်ဖို့ လုပ်ထုံးလုပ်နည်းတွေကို လုပ်လိုက်တယ်။ အဲဒီအချိန်မှာ၊ ကျွန်တော် အရမ်း စိတ်အေးလက်အေး ဖြစ်သွားတယ်။ လှောင်ချိုင့်ကနေ ပျံထွက်သွားတဲ့ ငှက်လို ခံစားရတယ်။ နောက်ထပ် ခွင့်ယူဖို့ စိုးရိမ်စရာ မလိုတော့ဘူး။ ပြီးတော့ ကိုယ့်အလုပ်ကြောင့် အသင်းတော် အလုပ်ထိခိုက်လို့ ဆင်းရဲဒုက္ခရောက်စရာ မလိုတော့ဘူး။ အဲဒီလိုရွေးချယ်မှုလုပ်မိတာ အရမ်းဝမ်းသာတယ်။
အလုပ်ထွက်တာကြားတော့ ကျွန်တော့် အဖေက အရမ်းစိတ်ဆိုးသွားတယ်။ ကျွန်တော့်ဆီ လာတွေ့ပြီး ပြောတယ်၊ “မင်းကို ပျိုးထောင်ပေးဖို့ ငါ အလုပ်ကြိုးစားလုပ်ခဲ့တယ်။ မင်းကျောင်းတက်ဖို့ ငွေချေးခဲ့ရတယ်။ နောက်ဆုံးမှာ အလုပ်ကောင်းရပြီး ခုတော့ အဲဒါကို မလိုချင်ဘူးပေါ့။ ဘာကိုတွေးနေတာလဲ။ ရထားလမ်းဌာနအလုပ်က အလုပ်ကောင်းပဲ။ ဘုရားကို ယုံချင်ယုံ၊ ဒါပေမဲ့ ဘယ်လိုလုပ် အလုပ်ကို ထွက်နိုင်ရတာလဲ။ ကိုယ့်အလုပ်မရှိဘဲနဲ့၊ အနာဂတ်မှာ ဘယ်လိုလုပ် ရှင်သန်မှာလဲ။” ကျွန်တော့်အဖေရဲ့ ဒေါသထွက်ပုံကို မြင်တော့ စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော် အလုပ်ကောင်းရမယ်၊ ဆင်းရဲမွဲတေမှုက လွတ်ပြီး၊ ထူးချွန်တဲ့ ဘဝနဲ့ အသက်ရှင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော် စာလေ့လာဖို့ မိဘတွေ ငွေစုခဲ့ပုံကို သတိရမိတယ်။ ကျွန်တော်လည်း မိဘတွေကို အထပ်မြင့်မှာနေဖို့ ကျေးလက်ကနေ မြို့ကိုခေါ်ပြီး၊ ကောင်းမွန်တဲ့ ဘဝတစ်ခု ရှိစေချင်ခဲ့တာလေ။ ဒါပေမဲ့ ဘုရားကို ယုံကြည်ခြင်း လမ်းကြောင်းကို ကျွန်တော်ရွေးပြီး ငွေနဲ့ ရုပ်ဝတ္ထုပျော်ရွင်မှုနောက် မလိုက်တော့ဘူး။ ဒါကြောင့် သူတို့ကို အကြွေးတင်သလို ခံစားရတယ်။ အဖေ့ရဲ့ စကားတွေကို ရင်ဆိုင်ရတော့၊ ဘယ်လို ဖြေရမယ်မှန်း မသိခဲ့ဘူး။ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လျှံလာပြီး၊ သူ့ကို မကြည့်ရဲခဲ့ဘူး။ ဒါပေမဲ့ စိတ်နှလုံးမှာတော့၊ မှန်ကန်တဲ့ ရွေးချယ်မှုလုပ်ခဲ့မှန်း သိခဲ့တယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးသော ကာလရဲ့ ကယ်တင်ရှင်ပေါ်ထွန်းပြီး သူ့အမှုတော်ကို ပြုနေလို့ပဲ။ ကျွန်တော်တို့ကို ဒီမှောင်မိုက်၊ ဆိုးယုတ်တဲ့ လောကကနေ ကယ်တင်ဖို့ သမ္မာတရားကို သူဖော်ပြပြီး၊ ဒါက ကယ်တင်ခံရဖို့နဲ့ ဘုရားရဲ့ နိုင်ငံတော်ထဲဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါတစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးပဲ။ ဇာတိသက်သာမှုကို မက်မောလို့ ဘယ်လိုဖြစ်ပြီး အဲဒါကို ကျွန်တော် လက်လျှော့နိုင်မှာလဲ။ အလုပ်ရဲ့အချုပ်အနှောင်တွေကို သမ္မာတရားလိုက်စားခြင်းနဲ့ အဖန်ဆင်းခံအနေနဲ့ တာဝန်ဖြည့်ဆည်းခြင်းကနေ ဘယ်လိုလုပ် တားဆီးခွင့်ပေးနိုင်မှာလဲ။ နာကျင်မှုနဲ့၊ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းပြီး၊ စိတ်နှလုံးကို နှောင့်ယှက်မခံရအောင် ကာကွယ်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “ဘုရားသခင်သည် ဤကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့နောက် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ စီမံမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဘုရားသခင်ထံမှ ဇီဝအသက်သည် သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ ကြီးထွားနေသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် သူ့မိဘ၏ ချစ်ခင်ကြင်နာသည့် စောင့်ရှောက်မှုအောက်တွင် ကြီးထွားလာပြီး၊ သူ၏ကြီးထွားမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လမ်းပြပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူတည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်သည်ဟုသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ထောက်မမှုတို့ကို လူသားသည် လုံး၀ သတိမမူမိပေ၊ ထို့ကြောင့် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်...ဘုရားသခင်က နေ့ရောညပါ စောင့်ရှောက်သည့် ဤလူသားတို့အထဲမှ တစ်ဦးတစ်ယောက်မျှပင် မိမိအသိနှင့်မိမိ ဘုရားသခင်ကို မဝတ်ပြုမကိုးကွယ်ကြပေ။ ဘုရားသခင်သည် သူမျှော်လင့်ချက်မထားထားသော လူသားအပေါ် သူစီစဉ်ထား သည့်အတိုင်း ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ သူထိုသို့ ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထကာ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်၊ ဘုရားသခင်က သူ့ကိုပေးထားသည့် အရာအားလုံးအတွက် ပေးဆပ်ခဲ့ရသည့် အဖိုးအခနှင့် လူသားအနေဖြင့် သူ့ထံပြန်လှည့်လာစေရန် ဘုရားသခင်သည် စိတ်ထက်သန်သော ဂရုစိုက်မှုဖြင့် စောင့်ဆိုင်းနေသည်ကို ရုတ်တရက် နားလည်စေရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေက ဉာဏ်အလင်းပေးခဲ့တယ်။ ကျွန်တော့်ကို ပျိုးထောင်ခဲ့ပြီး၊ ကျွန်တော် စာလေ့လာတာပြီးစီးနိုင်အောင်လို့ ချွေတာ၊ စုဆောင်းခဲ့တာ မိဘတွေဖြစ်လို့ သူတို့ပြောတာ နားမထောင်ဘဲ တာဝန်အတွက် အလုပ်ကို စွန့်ရင်၊ သူတို့ကို အကြွေးတင်တယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် အယူအဆက ရယ်စရာဖြစ်ပြီး အဓိပ္ပာယ်မဲ့ခဲ့တယ်။ ဘုရားကသာ လူ့ဘဝရဲ့ ရင်းမြစ်ဖြစ်ပြီး ကျွန်တော်တို့ဘဝတွေအားလုံးက ဘုရားဆီက လာတာပါ။ ကျွန်တော်တို့မှာ ရှိသမျှက ဘုရားရဲ့ ပံ့ပိုးမှုနဲ့ ကောင်းချီးကနေ လာတာ။ ဘုရားမရှိဘဲနဲ့၊ ကျွန်တော်တို့မှာ ဘာမှရှိမှာ မဟုတ်ဘူး။ အရွယ်ရောက်တဲ့အထိ မိဘတွေ ပျိုးထောင်ခဲ့တာက ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ပဲ။ ဘုရားကို ကျေးဇူးတင်ပြီး သူ့မေတ္တာကို ပြန်ပေးဆပ်ရမယ်။ ဘုရားစိတ်ကျေနပ်စေဖို့ အဖန်ဆင်းခံအနေနဲ့ ကိုယ့်တာဝန်ကို မဖြည့်ဆည်းနိုင်ရင်၊ ကိုယ့်မှာ တည်ငြိမ်တဲ့အလုပ်ရှိပြီး မိသားစုနဲ့ ကောင်းမွန်တဲ့ ဘဝကို မွေ့လျော်ရင်တောင်၊ ဘာတန်ဖိုး၊ အဓိပ္ပာယ်မှ ရှိမှာ မဟုတ်ဘူး။ ဒီခဏတာ ပျော်ရွှင်မှုတွေက သမ္မာတရားကို နားလည်ခွင့်ပေးပြီး အသက်ကို ရခွင့်မပေးနိုင်ဘူး။ ဒါ့အပြင်၊ ဘုရားအတွက်၊ သူ့ကို ကျွန်တော် ပုန်ကန်နေတာဖြစ်မှာ၊ ပြီးတော့သူ့ရဲ့ လက်ခံမှုကို ရမှာ မဟုတ်ဘူး။ သမ္မာတရားရဖို့၊ ဆင်းရဲဒုက္ခခံပြီး နာကျင်မှု ဖြတ်သန်းရမယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ်ကျင့်တရား၊ သိက္ခာနဲ့ အသက်ရှင်နိုင်မှာဖြစ်ပြီး အဲဒီအခါမှပဲ ဘုရားရဲ့ လက်ခံမှုကို ရနိုင်မှာပါ။ ဒီအချိန်မှာ အဲဒါကို တွေးလေ၊ ပိုသန်မာလေလို့ ခံစားရတယ်။ ဒါကြောင့်၊ ဘုရားရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်အကြောင်း အဖေ့ကို ထပ်သက်သေခံပြီး၊ ဘုရားကို ယုံကြည်မှုမရှိဘဲနဲ့၊ လိုက်စားမှုအားလုံးက အနှစ်မဲ့ပြီး၊ ဘာတန်ဖိုး၊ အဓိပ္ပာယ်မှမရှိဘူးလို့ သူ့ကို ပြောပြခဲ့တယ်။ အခု လူတွေကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြရအောင် ကယ်တင်ရှင် ကြွလာပြီဖြစ်သလို၊ ဘုရားကို ယုံကြည်ခြင်း၊ သမ္မာတရား လိုက်စားခြင်း၊ အပြစ်ကို စွန့်ပြီး ဘုရားဆီ တကယ်နောင်တရခြင်းအားဖြင့်ပဲ ကပ်ဘေးတွေမှာ ရှင်ကျန်ပြီး ဘုရားရဲ့နိုင်ငံတော်ထဲကို ဝင်နိုင်တယ်။ လောကနောက်လိုက်သူအားလုံးဟာ၊ သူတို့ရဲ့ ရုပ်ဝတ္ထုဘဝတွေ ဘယ်လိုပဲ ချမ်းသာပါစေ၊ နောက်ဆုံးတော့ ကပ်ဘေးတွေထဲ ပျက်ဆီးဆုံးရှုံးပြီး အပြစ်ပေးခံရမှာပဲ။ ဒါပေမဲ့ ကျွန်တော် ဘာပဲပြောပြော၊ ကျွန်တော့်နှုတ်ထွက်စာကို အဖေက လက်မခံသေးသလို၊ နောက်ဆုံးမှာ ဒေါသနဲ့ ထွက်သွားတယ်။
နောက်ပိုင်းမှာ၊ အဖေက အမျိုးတွေကို လာဖျောင်းဖျခိုင်းတယ်။ သူတို့အားလုံးက ပြောကြတယ်။ ရထားလမ်းဌာန ရာထူးက နောက်ဖေးပေါက်ကနေ လက်ဆောင်တွေ၊ ငွေတွေနဲ့ ဝယ်လို့မရတဲ့ အလုပ်တစ်ခုဖြစ်ပြီး၊ မိဘတွေက ကျွန်တော့်ကိုပျိုးထောင်ခဲ့တာ အလကားပဲတဲ့။ မိသားစုရဲ့ စွပ်စွဲချက်တွေကို ကြားတော့၊ ကျွန်တော့်ကို တိုက်ခိုက်ပြီး ဘုရားအတွက် စွန့်လွှတ်၊ အသုံးခံရာကနေ ဟန့်တားဖို့ စာတန်က အမျိုးတွေကို အသုံးပြုနေမှန်း ကျွန်တော် သိလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့်ကြုံလျှင် မူရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အမြစ်စွဲခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားပြီးတော့ ယုံကြည်စိတ်ချသွားပြီး၊ မိသားစုကို ပြောဖို့ သတ္တိရသွားတယ်။ “ဒီခေတ်မှာ၊ လူတွေက အထူးသဖြင့် ငွေ၊ ကျော်ကြားမှု၊ အဆင့်အတန်းကို ကိုးကွယ်ကြတယ်။ ဒီအရာတွေအတွက်၊ အလုအယက် ကြိုးပမ်းကြတယ်၊ ခြေပုန်းခုတ်ပြီး အချင်းချင်း တိုက်ခိုက်ကြသလို၊ လင်နဲ့မယားတောင် အချင်းချင်း လှည့်စားပြီး သစ္စာဖောက်ကြတယ်။ လူတိုင်း ဒီလိုအသက်ရှင်ကြတယ်။ ဒါကြောင့် ကောင်းမွန်ပြီး စိတ်ချရတဲ့ အလုပ်တွေ ရှာတွေ့ပြီး ကောင်းမွန်တဲ့ ရုပ်ဝတ္ထုဘဝတွေ ရှိရင်တောင် ပျော်ရွှင်ဖို့ တကယ် ဖြစ်နိုင်ပါ့မလား။” အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘေးဒုက္ခမျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)) ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုရင်းနဲ့၊ ကျွန်တော် မိတ်သဟာဆက်ပြုတယ်။ “အခု၊ ကပ်ဘေးတွေက တိုးလာနေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်တာကပဲ ကပ်ဘေးတွေကနေ ကွယ်ကာပေးနိုင်တယ်။ ဧဝံဂေလိ ဖြန့်ဝေရင်းနဲ့ ကိုယ့်တာဝန်ကို လုပ်ရင်း၊ ဘုရားကို ယုံကြည်မှုက ကျွန်တော့်အလုပ်ထက် အဆတစ်ထောင်၊ အဆတစ်သောင်းတောင် ပိုအရေးပါတယ်။ ဘုရားကို ကျွန်တော် ယုံကြည်တာက အန်တီတို့ထင်သလို မိုက်တာ မဟုတ်ဘူး။ နောဧက ဧဝံဂေလိ ဟောတဲ့အချိန်မှာ၊ လူတွေက အရူးလို့ ပြောကြပေမဲ့၊ ရေလွှမ်းမိုးမှု ရောက်လာတော့၊ လူမျိုးနွယ်တစ်ခုလုံးထဲကနေ နောဧ မိသားစုရှစ်ယောက်ပဲ ရှင်ကျန်ခဲ့တယ်။ နောဧက ရူးတာ၊ မိုက်မဲခဲ့တာ မဟုတ်ဘူး။ သူက ဉာဏ်ပညာအရှိဆုံးနဲ့ ဘုရားရဲ့ ကောင်းချီးပေးတာ အခံရဆုံးလူပဲ။ ဒီခေတ်မှာ၊ လူသားမျိုးနွယ်ရဲ့ ဆိုးယုတ်မှုနဲ့ ဖောက်ပြန်ပျက်စီးခြင်းက ဒီဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးတဲ့ လူမျိုးနွယ်ကို ဘုရားဖျက်ဆီးမဲ့ အခြေအနေထိ ရောက်နေပြီဖြစ်သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်ခြင်းအားဖြင့်ပဲ ကျွန်တော်တို့ ရှင်ကျန်နိုင်တယ်။ အန်တီတို့လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီသိပ်ကောင်းတဲ့ သတင်းကို အန်တီတို့ကို ကျွန်တော် ပြောပြနေတာပဲ။ ကျွန်တော် ဆုံးဖြတ်နှင့်ပြီးသားဖြစ်လို့ ဖျောင်းဖျဖို့ မကြိုးစားကြပါနဲ့။ ကျွန်တော့်ရဲ့ ကျန်တဲ့ ဘဝမှာ အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်မှာပါ”လို့ပေါ့။ ကျွန်တော်ဒါကို ပြောပြီးတော့၊ သခင့်ကို ယုံကြည်တဲ့ ကျွန်တော့်အဒေါ်က “ဘုရားကျေးဇူးတော်ပဲ။ ဘုရားကို သားယုံကြည်တာ ကောင်းတယ်၊ ပြီးတော့ ဘုရားရဲ့ ဧဝံဂေလိဟောဖို့ ရွေးချယ်တာ ဘုရားအတွက် ကျေနပ်စရာပဲ”တဲ့။ တခြားလူတွေကို သူပြောလိုက်တယ်။ “ဒီနေ့ သူရွေးတဲ့လမ်းကြောင်းက မှန်တဲ့ လမ်းကြောင်းပဲ။ ကြွယ်ဝချမ်းသာတာက အရေးမကြီးဘူး။ အရေးကြီးတာက အသက်ပဲ။ သူ့ရွေးချယ်မှုကို ငါတို့ လေးစားသင့်တယ်”တဲ့။ အဲဒီနောက် တခြားလူတွေက ဘာမှ မပြောတော့ဘူး။ ဒါကြောင့် ကျွန်တော် အရမ်းဝမ်းသာသွားတယ်။ ခိုင်ခိုင်မာမာရပ်တည်ပြီး ဘုရား စိတ်ကျေနပ်စေဖို့ ရွေးလိုက်တော့၊ ကိုယ့်မိသားစုက အရှက်ရပြီး မဖျောင်းဖျတော့ဘူး။ အဲဒီကတည်းက၊ ကျွန်တော့်ဝန်းကျင်က လူတွေ၊ ကိစ္စတွေရဲ့ ကန့်သတ်တာ မခံရတော့သလို၊ ကိုယ့်တာဝန်ကို အချိန်ပြည့်လုပ်နိုင်တယ်။
နောက်ပိုင်းမှာ၊ လူအများကြီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံတာ မြင်ရတော့၊ စိတ်နှလုံးထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ဝမ်းမြောက်မှု ခံစားရတယ်။ ဘုရားကို အစစ်အမှန် တောင့်တသူတွေကို သူ့အိမ်တော်ဆီ ပြန်ခေါ်တာဟာ အရမ်းအဓိပ္ပာယ်ရှိတဲ့အရာဖြစ်ပြီး၊ ဘုရားအတွက် နှစ်သိမ့်စရာအဖြစ်ဆုံး ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကို ချထားပြီး ဘုရားကိုယုံကြည်တဲ့လမ်းကြောင်း ရွေးတာကို ပြန်တွေးကြည့်တော့၊ ဒါဟာ ဘဝမှာ လုပ်ဖူးခဲ့သမျှ အမြော်အမြင် အရှိဆုံး ရွေးချယ်မှုပဲလို့ သိခဲ့တယ်။ ဧဝံဂေလိ ဟောပြီး ဘုရားကို စိတ်ကျေနပ်စေဖို့ ကိုယ့်ဘဝကို အသုံးခံပြီး ဆက်ကပ်နိုင်တာဟာ ကျွန်တော်လုပ်နိုင်သမျှ တခြားဘယ်အရာမဆိုထက် ပိုတန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိပါတယ်။