၄၂။ အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ
၂၀၂၀ တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ တချို့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံသက်သေခံချက်ဆောင်းပါးကောင်း သုံးလေးခုရေးတာကို ကျွန်မ တွေ့ပြီး သူတို့ကို အားကျခဲ့တယ်။ ဒါပေမဲ့ ဒီဆောင်းပါးတွေရေးတာကို ကျွန်မ သိပ်ပြီး အရေးမထားခဲ့ဘူး။ အစွမ်းအစရှိတဲ့၊ အရေးအသားကျွမ်းကျင်တဲ့ လူတွေပဲ ကောင်းတာတွေရေးနိုင်တယ်လို့ အမြဲတမ်း ထင်နေခဲ့တယ်။ ကျွန်မ အစွမ်းအစက ညံ့တယ်။ ပြီးတော့ သမ္မာတရားအပေါ် ကျွန်မ နားလည်မှုက မလေးနက်ဘူး။ ကျွန်မအတွက်က ဆောင်းပါးတွေရေးတာဟာ အချိန်ဖြုန်းတာပဲ။ အဲဒီအချိန်ကို အလုပ်နည်းနည်းပိုလုပ်ဖို့ အသုံးပြုလိုက်တာကပဲ ကောင်းဦးမယ် ပေါ့။ ကျွန်မက ကောင်းကောင်းမလုပ်ရင် ကျွန်မက တာဝန်သိစိတ်မရှိတဲ့ ပုံစံ ဖြစ်မယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မကောင်းမြင်မယ်။ နောက်ပြီးတော့လည်း ဆောင်းပါးတွေရေးတာက ကိုယ်ရေးကိုယ်တာ ကိစ္စပဲ။ ရေးတာ၊ မရေးတာက ကျွန်မအပေါ် မူတည်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ တာဝန်သိစိတ်ကို ချီးကျူးဖို့အတွက် နည်းနည်းပို အလုပ်လုပ်ပြီး စုဝေးတာ ပိုကောင်းပါတယ်ပေါ့။ အဲဒါနဲ့ ဆောင်းပါးတွေရေးဖို့ အချိန်မယူချင်ခဲ့ဘူး။ ကျွန်မ ဒီလိုပဲ ဆက်သွားပြီး နေ့တိုင်း အလုပ်လုပ်တာ၊ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးတာကိုပဲ အာရုံစိုက်တယ်။ ကျွန်မမှာ အမှုကိစ္စတွေ ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ ရှားတယ်။ တစ်ခါတလေမှာ ကျွန်မက ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသလဲဆိုတာကို မြင်နိုင်ပေမဲ့ ဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဘူး။ ကျွန်မနဲ့ တွဲလုပ်ရတဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မက အသက်ဝင်ရောက်မှုကို အာရုံမစိုက်ဘူးဆိုပြီး ထောက်ပြတယ်။ ဒါပေမဲ့လည်း ကျွန်မက သူတို့ကို အကျိုးကြောင်းပြပြောဆိုပြီး လက်သင့်ကို မခံခဲ့ဘူး။ နောက်တော့ ကျွန်မက နေ့တိုင်း စုဝေးပွဲတွေနဲ့ အလုပ်ရှုပ်နေပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့၊ သမ္မာတရားရှာဖို့ကို အရေးမထားတဲ့အတွက် ဘာအသက်ဝင်ရောက်မှုမှ မရှိခဲ့ဘူး။ စုဝေးပွဲတွေမှာ ကျွန်မက အယူဝါဒတချို့၊ ဒါမှမဟုတ် တိုက်တွန်းအားပေးတဲ့ စကားတွေကိုပဲ ပြောနိုင်ပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ တစ်ခါတော့ ကြီးကြပ်ရေးမှူးတစ်ယောက်ကပြောတယ်။ သူက တကယ့်အလုပ်ကို မလုပ်နိုင်ဘူး၊ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်နေပြီး ကြီးကြပ်ရတဲ့ တာဝန်တွေကို မထမ်းဆောင်ချင်ဘူးတဲ့။ သူ အပျက်သဘောဆောင်ရတဲ့ အကြောင်းရင်းကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မက နောက်ပိုင်းမှာ သူနဲ့သွားပြီး မိတ်သဟာယဖွဲ့တော့မှပဲ ပြေလည်သွားတယ်။ အဲဒီတုန်းက ကျွန်မက ကိုယ့်အခြေအနေကို ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။ ပိုပြီး ပြေးလွှား အလုပ်များနေပြီး စုဝေးပွဲတွေ ပိုလုပ်တာက ကျွန်မမှာ တာဝန်သိစိတ်ရှိတဲ့ သဘောပဲလို့ ထင်နေတုန်းပဲ။ အချိန်တစ်ခုအထိ ကြာပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံးက ဗလာဖြစ်လာပြီး အကျိုးအမြတ် လုံးဝ မရှိခဲ့ဘူး။
တစ်ခါတော့ အတွေ့အကြုံ သက်သေခံချက်ဆောင်းပါးတွေကို ကျွန်မရေးပြီးသလားဆိုတာကို ညီအစ်မတစ်ယောက်က မေးတယ်။ သူက ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ဆောင်းပါးတွေရေးတာက ကျွန်မတို့ စိတ်နှလုံးကို ငြိမ်သက်အောင်၊ သမ္မာတရားကို ရှာဖွေအောင်၊ အသက်ဝင်ရောက်မှုအောင် ကျွန်မတို့ကို စေ့ဆော်ပေးနိုင်တယ်ဆိုပြီး ပြောတယ်။ နောက်ပိုင်းမှာ သက်သေခံချက် ဆောင်းပါတွေးတွေ ရေးခြင်းအပေါ် ကျွန်မသဘောထားကို ပြောင်းလဲလိုက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ ဘုရားသခင်က ပြောသည် “သင်တို့ ရရှိပြီးဖြစ်သည်မှာ ငါ၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်မျှ ဖြစ်သည်သာမက ယောဟန် ထက်သာ၍ ကြီးမြတ်သော ရူပါရုံနှင့်ဗျာဒိတ်လည်း ဖြစ်၏။ သင်တို့သည် သာ၍များပြားသော နက်နဲသည့် အရာများကို နားလည်ကြကာ၊ ငါ၏ စစ်မှန်သော မျက်နှာထားကိုလည်း ဖူးမြင်ကြပြီး ဖြစ်သည်။ သင်တို့သည် ငါ၏တရားစီရင်ခြင်းကို ပို၍ လက်ခံကြပြီးဖြစ်ကာ ငါ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုသိရှိကြပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့ကြသော်လည်း၊ သင်တို့၏ သိနားလည်မှုသည် ယခင်နှင့်အတိတ်က နားလည်မှု ဖြစ်ပြီး၊ ယနေ့ခေတ်၏ အမှုအရာများကိုလည်း သင်တို့ တွေ့ကြုံကြပြီးဖြစ်ကာ ဤအရာကို ငါ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ငါသည် သင်တို့ကို အလွန်များလှစွာ ပေးပြီးဖြစ်သကဲ့သို့ သင်တို့သည် ငါ့အထဲ၌ များစွာ တွေ့မြင်ကြပြီး ဖြစ်သည့်အတွက်၊ သင်တို့ကို ငါ တောင်းဆိုသည့်အရာသည် လွန်ကဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အတိတ်ကာလများ၏ သန့်ရှင်းသူတို့ထံ ငါ့အဖို့ သက်သေခံပေးရန် သင်တို့ကို ငါစေခိုင်းခြင်း ဖြစ်ပြီး ဤသည်မှာ ငါ့နှလုံးသား၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားကို ယုံကြည်တဲ့ ဒီသုံးလေးနှစ်မှာ သမ္မာတရားတချို့ကို ကျွန်မ နားလည်လာခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ပတ်သက်ပြီး အသိပညာတချို့ရခဲ့ပြီး တချို့ကိစ္စတွေအပေါ် ကျွန်မအမြင်တွေ ပြောင်းသွားခဲ့တယ်။ ဒါက ဘုရားသခင်က ကျွန်မအပေါ် အလုပ်လုပ်ခြင်းရဲ့ ရလဒ်ပါပဲ။ ကျွန်မ ရခဲ့တဲ့အရာနဲ့ပတ်သက်ပြီး ရေးတဲ့အခါမှာ ဘုရားသခင်ကို ကျွန်မ သက်သေခံနေတာ ဖြစ်မှာပဲ။ ဒါက ကျွန်မရဲ့ ဝတ္တရားပဲ။ ကျွန်မတာဝန်လည်း ဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒါကို ကျွန်မ ဝတ္တရားတစ်ခုအဖြစ် မှတ်ယူသင့်တယ်။ ဒါဆိုရင် ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပဲ။ ဒါပေမဲ့ ကျွန်မက အတွေ့အကြုံ သက်သေခံချက်ရေးတာကို တာဝန်အဖြစ် တစ်ခါမှ သဘောမထားခဲ့ဘူး။ ဒီအစား ဒါကို ရွေးချယ်လို့ရတဲ့အရာတစ်ခုအဖြစ် ထင်ခဲ့တယ်။ ဒါကို တော်တော်ကို စိတ်မဝင်စားတဲ့ သဘောထားမျိုး ထားထားခဲ့တယ်။ ကျွန်မက လုံးဝ မတက်ကြွခဲ့တာပါ။ ဘုရားအမှုတော်ကို ကျွန်မ တွေ့ကြုံခဲ့ပြီးပြီ။ ကျွန်မ အတွေ့အကြုံတွေကို ချရေးပြီး သက်သေမခံရင် ကျွန်မက ဘုရားကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ဖုံးကွယ်ထားတာ ဖြစ်နေပြီး အသိစိတ်၊ ဆင်ခြင်တုံတရား ကင်းမဲ့နေမှာပဲ။
နောက်တော့ သက်သေခံချက်ဆောင်းပါးတွေရေးပြီး ဘုရားကို သက်သေခံလိုစိတ်မရှိတာဟာ သမ္မာတရားကို မချစ်တဲ့ သရုပ်သကန်ပဲဆိုတာကို ကျွန်မ ဝိုးတိုးဝါးတား သတိထားမိတယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို တွေးမိတယ်။ နောက်တော့ ရှာကြည့်ပြီး ဖတ်ဖြစ်တာပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားကို အလွန်အမင်း မနှစ်မြို့်သောသူတို့အတွက် အသိသာဆုံးအခြေအနေမှာ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စိတ်မဝင်စားကြဘဲ ယင်းတို့ကို ပစ်ပစ်ခါခါငြင်းပယ်၍ပင် စက်ဆုပ်ရွံရှာကာ ရေပန်းစားမှုများနောက်သို့ အထူးသဖြင့် လိုက်လိုကြသည်။ ဘုရားသခင် ချစ်သောအရာများနှင့် ဘုရားသခင်က လူတို့ကို လုပ်ဆောင်ရန် တောင်းဆိုသောအရာကို ၎င်းတို့က စိတ်နှလုံးထဲတွင် လက်မခံပေ။ ထိုအစား ၎င်းတို့သည် ထိုအရာများကို အထင်အမြင်သေးပြီး စိတ်ဝင်စားမှုမရှိပေ။ ပြီးလျှင် လူအချို့သည် စံနှုန်းများနှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သော စည်းမျဉ်းများကိုပင် မကြာခဏ အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းပယ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သောအရာများအပေါ် အတိုက်အခံလုပ်ကာ ဆန့်ကျင်ပြီး အထင်သေးမှုများ အပြည့်ရှိကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၏ အဓိက သရုပ်သကန်ဖြစ်သည်။...ဘုရားသခင်အတွက် အလုပ်လုပ်ပြီး သူ့အတွက် စိတ်အားထက်သန်စွာ လှည့်လည်သွားလာရန် နှစ်သက်သော ဘုရားကို ယုံကြည်သူများစွာရှိပြီး ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို အသုံးပြုရခြင်းနှင့်ပတ်သက်လျှင် ၎င်းတို့၏ နှစ်သက်မှုများကို အလိုလိုက်ပြီး ကြွားဝါလျက် ၎င်းတို့သည် အကန့်အသတ်မဲ့သော စွမ်းအင်ရှိကြသည်။ သို့သော် ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခိုင်းလျှင် ၎င်းတို့သည် အားမရှိတော့ပေ။ စိတ်အားထက်သန်မှု ပျောက်သွားကြသည်။ ၎င်းတို့သည် ကြွားဝါခွင့်မပြုလျှင် နုံးချည့်လာပြီး မျှော်လင့်ချက် မဲ့သွားကြသည်။ ၎င်းတို့သည် ကြွားဝါရန်အတွက် အားအင်ရှိသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အားအင်မရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ လူအားလုံးသည် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရအောင် လုပ်လိုကြသည်။ ၎င်းတို့အားလုံးသည် အနှစ်မဲ့သော ဘုန်းကျက်သရေကို ငမ်းငမ်းတက် လိုချင်ကြသည်။ လူတိုင်းက ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် မကုန်ခန်းနိုင်သော စွမ်းအင်များ ရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ပုန်ကန်ခြင်းနှင့်ပတ်သက်လာလျှင် အဘယ်ကြောင့် နုံးချည့်လာကြသနည်း၊ မျှော်လင့်ချက်မဲ့လာကြသနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ယင်းက လူတို့၏ စိတ်နှလုံးများက သန့်စင်မှုမရှိသည်ကို သက်သေပြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိဖို့အတွက် သက်သက်ဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရရန်အလို့ငှာ ယုံကြည်ကြခြင်း ဖြစ်သည်။ လိုက်စားရန် ကောင်းချီးများ၊ သို့မဟုတ် အကျိုးအမြတ်များမရှိလျှင် လူတို့သည် နုံးချည့်လာပြီး မျှော်လင့်ချက်မဲ့လာကြပြီး စိတ်အားထက်သန်မှုမရှိတော့ပေ။ ဤအရာအားလုံးတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤစိတ်သဘောထားဖြင့် ထိန်းချုပ်ခြင်း ခံရသောအခါ လူများက သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်လိုစိတ်မရှိကြပေ။ မိမိတို့ကိုယ်ပိုင်လမ်းအတိုင်း သွားသည်။ ပြီးလျှင် ၎င်းတို့သည် မှားယွင်းသောလမ်းကို ရွေးချယ်ကြသည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းသည် မှားသည်ကို ကောင်းစွာသည့်သည့်တိုင် ဤအရာများမရှိဘဲ လုပ်ဆောင်ရန်၊ သို့မဟုတ် ဤအရာများကို ဘေးဖယ်ထားရန် ခံနိုင်ခြင်း မရှိကြဆဲဖြစ်ကာ ၎င်းတို့သည် ယင်းတို့ကို လိုက်စားဆဲဖြစ်ပြီး စာတန်၏လမ်းကြောင်းကို လျှောက်ကြသည်။ ဤဖြစ်ရပ်တွင် ၎င်းတို့က ဘုရားနောက်ကို လိုက်ခြင်းမဟုတ်ဘဲ စာတန်နောက်သို့ လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ လုပ်သမျှသည် စာတန်ကို အစေခံခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) သမ္မာတရားကို အင်မတန် မနှစ်မြို့တဲ့သူတွေက အပြုသဘောဆောင်တာတွေထက် အပျက်သဘောဆောင်တာတွေကို နှစ်သက်တယ်ဆိုပြီး ဘုရားက ဖော်ထုတ်ပြတယ်။ ဒါက ကျွန်မ ဖြစ်နေခဲ့တဲ့ ပုံစံပဲ။ ကျွန်မမှာ တာဝန်သိစိတ်ရှိတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေကို ပြဖို့ ကျွန်မ ပြေးလွှား အလုပ်များနေပြီး အလုပ်ပိုလုပ်နိုင်မယ်ဆိုရင်၊ ဒါမှမဟုတ် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြီး အထက်ပိုင်းခေါင်းဆောင်ကို ကျွန်မကို အထင်ကြီးအောင်လုပ်နိုင်မယ်ဆိုရင် ကျွန်မက ဒီအပေါ်မှာ အကန့်အသတ်မရှိ အားစိုက်ထုတ်ပြီး အချိန်၊ အားအင်ဘယ်လောက်ကိုပဲ ဖြစ်ဖြစ် အသုံးချဖို့ မတွန့်ဆုတ်ဘူး။ ဒါပေမဲ့ အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေ ရေးတာနဲ့ ပတ်သက်ရင်တော့ ဒါက ဘုရားရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပြီး ကျွန်မ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်ဆိုတာကို ကျွန်မ လုံးဝ ကောင်းကောင်းသိပေမဲ့ ကျွန်မအလုပ်ကို နှောင့်နှေးစေလိမ့်မယ်လို့ တွေးပြီး ဒါကို အပီအပြင်ကို ဆန့်ကျင်တယ်။ အကြောင်းပြချက်တွေလည်းရှာပြီး ဆင်ခြေတွေပေးတယ်။ ကျွန်မက အလုပ်ရှုပ်နေပြီး ရေးဖို့ အချိန်မရှိဘူးလို့ ပြောတယ်။ လက်တွေ့မှာတော့ ကျွန်မမှာ အချိန်မရှိတာမဟုတ်ဘဲ ကျွန်မ သဘောသဘာဝက သမ္မာတရားကို ငြင်းပယ်နေတာပဲ။ ဆောင်းပါးတွေကို ကျွန်မ မရေးချင်ခဲ့သလို သမ္မာတရားလိုက်စားဖို့ကိုလည်း အားမစိုက်ချင်ခဲ့ဘူး။ သမ္မာတရားအပေါ် ကျွန်မ သဘောထားက အရမ်းအေးတိအေးစက်နိုင်တယ်၊ အပြုသဘောဆောင်တာတွေကို ရွံရှာတယ်၊ ဆန့်ကျင်တယ်၊ အင်မတန် မနှစ်မြို့ဘူးဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မက ဘုရားရဲ့ တောင်းဆိုချက်တွေကို ဆန့်ကျင်တဲ့ မှားနေတဲ့လမ်းကြောင်းကို လျှောက်နေတာပါ။ ဒါကို နားလည်တော့ ကျွန်မ ကြောက်သွားတယ်။ လမ်းကြောင်းပြောင်းပြီး ပြောင်းလဲချင်ခဲ့တယ်။
ဆောင်းပါးတွေကို ကျွန်မ ရေးချင်စိတ်မရှိတာက ကျွန်မရဲ့ မှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်က လွှမ်းမိုးတာကို ခံရတယ်ဆိုတာကိုလည်း ကျွန်မ ဆင်ခြင်သုံးသပ်ပြီး နားလည်ခဲ့တယ်။ ကျွန်မက စာရေးတာ ကျွမ်းကျင်တဲ့သူတစ်ယောက် မဟုတ်ဘူး၊ သက်သေခံချက် ဆောင်းပါးကောင်းတွေကို မရေးနိုင်ဘူးလို့ ထင်ခဲ့တယ်။ အခု ဒါကို ကြည့်ကြည့်တော့ ဒါက မှားနေတဲ့ အမြင်ပဲ။ ဆောင်းပါးတွေ ရေးတဲ့အခါမှာ ကိုယ်က ဘယ်လိုစာရေးသူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ အရေးမပါဘူး။ လှပတဲ့ ဘာသာစကားတွေကို အသုံးပြုရုံသက်သက်နဲ့ လူတစ်ယောက်က သက်သေခံချက် ဆောင်းပါးကောင်းတစ်ခုကို မရေးနိုင်ဘူး။ အရေးကြီးတာက လူတစ်ယောက်က တကယ့်အတွေ့အကြုံနဲ့ နားလည်မှုရှိသလားဆိုတာပဲ။ အတွေ့အကြုံမရှိရင် အရေးအသား ကျွမ်းကျင်မှုက ဘယ်လိုပဲဖြစ်စေ အနှစ်မရှိတဲ့ အယူဝါဒတွေကိုပဲ ရေးနိုင်တယ်။ ဒါကို နားလည်တော့ ကျွန်မရဲ့ စိတ်အနေအထားက တော်တော်ပြောင်းလဲသွားတယ်။ ကျွန်မ ဘုရားရှေ့လာပြီး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးဟာ အပြင်ပန်းမှာ ပြေးလွှား အလုပ်များနေပြီး အလုပ်လုပ်တာကို အမြဲတမ်း အရေးစိုက်ခဲ့ပါတယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို တိတ်တဆိတ် ဆင်ခြင်ဖို့ ကိုယ်တော့်ရှေ့ကို သမီး မလာခဲ့ပါဘူး။ သမ္မာတရားကို မလိုက်စားဘဲနဲ့ အချိန်များစွာ ဖြုန်းတီးခဲ့ပါတယ်။ အခုကစပြီး ကိုယ်တော့်ရှေ့မှာ သမီး ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေပြီး သမ္မာတရားကို ရှာဖွေဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ ဆန္ဒရှိနေပါတယ်” ဆိုပြီးတော့။
နောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။ ညီအစ်ကိုမောင်နှမ တော်တော်များများသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရရှိပြီး သည့်တိုင် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ တစ်ခါမျှ မစဉ်းစားဖူးပေ၊ အဘယ်ကြောင့်ဆိုသော် လူသား ထင်မြင်ထားသော အလုပ်ဟူသည့် အရာသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် မလိုက်ဖက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် အလုပ် ကိစ္စတွင် မည်သည့်အရာပင်ဖြစ်စေ စိတ်ဝင်စားမှု လုံးဝမရှိပေ၊ ထို့ကြောင့် လူသား၏ ဝင်ရောက်မှုသည်လည်း အလွန်ပင် တစ်ဖက်သတ် ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်အတွက် အလုပ်လုပ်ခြင်းအားဖြင့် စတင်ဝင်ရောက် သင့်သည်၊ ယင်းနှင့် ဆိုင်သော ကဏ္ဍအားလုံးကို သင်တို့ သာ၍ ကြုံတွေ့ခံစားနိုင်ဖို့ ဖြစ်သည်။ ယင်းသည် သင်တို့ ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အသင်းတော်အလုပ်ကို တကယ်ထမ်းဆောင်ဖို့အတွက် ဘဝအတွေ့အကြုံရှိရမယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး တကယ့်ပြဿနာတွေကို ဖြေရှင်းမှသာ တကယ့်အလုပ်ကို လုပ်နေတာ ဖြစ်တယ်။ ကိုယ့်အလုပ်မှာ ရလဒ်တွေ ထွက်မှသာ ကိုယ့်တာဝန်ကို တကယ်လုပ်နေတာပဲ။ အရင်တုန်းက ကျွန်မက ပြေးလွှား အလုပ်များနေပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး စုဝေးရင် ဒါဟာ တကယ့်အလုပ်ကို လုပ်နေတဲ့သဘောပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါက ဘုရားနှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်ညီတဲ့ မမှန်တဲ့ အမြင်တစ်ခုပဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ စုဝေးပြီး မိတ်သဟာယဖွဲ့ခဲ့တဲ့ အချိန်တွေအားလုံးကို ပြန်စဉ်းစားကြည့်တော့ သူတို့ရဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို ကျွန်မ အမြဲတမ်း မသိမြင်နိုင်ခဲ့ဘူး။ ပြဿာနာရဲ့ အဓိကအချက်ကို ထောက်မပြနိုင်ခဲ့ဘူး။ သူတို့ကို တွန်းအားပေးဖို့ စကားနဲ့ အယူဝါဒတချို့ကိုပဲ ပြောနိုင်တယ်။ ဒါမှမဟုတ် ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး စည်းကမ်းတချို့ကိုပဲ ပေးနိုင်တယ်။ လက်တွေ့လုပ်ဖို့လမ်းကြောင်းကို လုံးဝ မပြနိုင်ဘူး။ ကျွန်မ ဘယ်လောက်ပဲ မိတ်သဟာယဖွဲ့ပါစေ ဒါက လက်တွေ့မကျဘဲ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းမပေးနိုင်ဘူး။ ညီအစ်ကိုမောင်နှမတွေက ဘုရားအမှုတော်ကို ဘယ်လိုတွေ့ကြုံရမယ်ဆိုတာ မသိဘူး။ အခက်အခဲတွေ ကြုံရတဲ့အခါ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ အသက်ရှင်ကြတယ်။ အပျက်သဘောဆောင်တာ၊ အားနည်းတာတွေကို သူတို့ကိုယ်သူတို့ မတားဆီးနိုင်ဘူး။ သူတို့အလုပ်က ပြဿနာတွေက ဘယ်လိုပဲဖြစ်ဖြစ် ဆက်ရှိနေတုန်းပဲ။ ဒါကို ကျွန်မတာဝန်ကို ထမ်းဆောင်နေတာလို့ ဘယ်လိုပြောလို့ရမှာလဲ။ ကျွန်မက ဘုရားကိုရော၊ ညီအစ်ကိုမောင်နှမတွေကိုပါ အရူးလုပ်ပြီး လိမ်ညာနေခဲ့တာပဲ။ ဒီအချိန်ကျမှ အပေါ်ယံ တာဝန်သိစိတ်က တကယ့်တာဝန်သိစိတ်မဟုတ်ဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ ပိုပြီး အလုပ်လုပ်တာ၊ ပြေးလွှား အလုပ်များနေတာက ကိုယ့်တာဝန်မှာ သစ္စာရှိရှိနဲ့ လုပ်နေတယ်လို့ အဓိပ္ပာယ်မရပါဘူး။ တကယ့်အလုပ်ကို လုပ်နေတာဆိုရင် ပိုလို့တောင် အဓိပ္ပာယ်မရှိဘူး။ ကိုယ့်တာဝန်အပေါ် တကယ့်တာဝန်သိစိတ်ရှိတာက နေရာတကာ ပြေးလွှား အလုပ်များနေတယ်လို့ အဓိပ္ပာယ်မရဘူး။ အဲဒီအစား ဘဝမှာ ဝိညာဉ်ပံ့ပိုးမှုဖြစ်ပြီး ကိုယ့်တာဝန်မှာ ဘုရားအမှုတော်ကို တွေ့ကြုံခြင်းကို အာရုံစိုက်ပြီး အမှုကိစ္စတွေ ဖြစ်တဲ့အခါ သမ္မာတရားကို ရှာဖွေတာ၊ ကိုယ့်မှာ ဘာအားနည်းချက်ရှိတယ်ဆိုတာကို သိမြင်ဖို့၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတွေကို ရှာဖို့ ကြိုးစားတာ၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်အခက်အခဲတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကိုယ့်ရဲ့ အတွေ့အကြုံ အသိပညာကို အသုံးပြုတာလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကသာ ကိုယ့်တာဝန်မှာ ရလဒ်ကောင်းရဖို့ ထောက်ကူပေးနိုင်တာပါ။ ဒါကသာ သူများတွေရဲ့ အသက်ဝင်ရောက်မှုအတွက် တည်ဆောက်စရာဖြစ်ပြီး အကျိုးရှိစေတာပါ။ အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကိုရေးတာက ကျွန်မ စိတ်နှလုံးကို ငြိမ်သက်ဖို့၊ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ကျွန်မကို လှုံ့ဆော်ပေးနိုင်တယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်။ သမ္မာတရားတွေကို ကျွန်မ ပိုနားလည်ပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ယူရင်းနဲ့ ဒီစိတ်သဘောထားတွေနဲ့ပတ်သက်တဲ့ အသိအမြင်ကို ရရှိမှသာ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဖြေရှင်းနိုင်မှာပါ။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ အသက်ဝင်ရောက်မှုအပေါ် ကျွန်မ အလေးထားရမယ်။ ဆောင်းပါးတွေရေးတာက သမ္မာတရားလိုက်စားဖို့ သိပ်ကောင်းတဲ့လမ်းကြောင်းပဲ။ အထူးသဖြင့် ကျွန်မက ခေါင်းဆောင်တစ်ယောက်အနေနဲ့ သမ္မာတရား လိုက်စားဖို့ကို ပိုပြီးတော့တောင် အာရုံစိုက်ပြီး ဘုရားကို သက်သေခံတဲ့ ဆောင်းပါးတွေရေးဖို့ စလုပ်ရမယ်။ ဒီလိုမှပဲ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်နိုင်တာပါ။ သက်သေခံချက် ဆောင်းပါးတွေရေးတာက ရွေးချယ်လို့ရတဲ့ ကိစ္စတစ်ခုမဟုတ်တာကို တွေ့ပြီး ကျွန်မမှာ ဆောင်းပါးမရေးဖို့ ဆင်ခြေမရှိခဲ့ဘူး။
နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိတယ်။ “အသင်းတော်က လူမည်မျှရှိပါစေ၊ ခေါင်းဆောင်သည် ဦးသျှောင် ဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အသင်းသားများအကြား မည်သည့်အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးကို ဦးဆောင်ပါသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တစ်ခုလုံးအပေါ် အဘယ်သက်ရောက်မှု ရှိသနည်း။ ဤခေါင်းဆောင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိလျှင်၊ အသင်းတော်ရှိ လူများအားလုံးသည် မှားယွင်းသော လမ်းကြောင်းတွင် ၎င်း၏နောက်သို့ လိုက်ကြပေလိမ့်မည်။ ယင်းက အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးအပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်။ ပေါလုကို နမူနာကြည့်လော့။ သူသည် ၎င်းတည်ထောင်ခဲ့သော အသင်းတော်များစွာနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများကို ဦးဆောင်ခဲ့သည်။ ပေါလု လမ်းလွဲသွားသည့်အချိန်တွင်၊ သူဦးဆောင်ခဲ့သည့် အသင်းတော်များနှင့် ဘုရားအရွေးချယ်ခံများသည်လည်း လမ်းလွဲသွားကြပေသည်။ ထို့ကြောင့် ခေါင်းဆောင်များက ကိုယ့်လမ်းကိုယ် သွားကြသည့်အခါ၊ ၎င်းတို့တစ်ဦးတည်းအပေါ်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ၊ ၎င်းတို့ဦးဆောင်သည့် အသင်းတော်များနှင့် ဘုရားသခင် ရွေးချယ်ထားသူများကိုလည်း အကျိုးသက်ရောက်မှုရှိပေသည်။ ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက ၎င်းတို့ ဦးဆောင်သည့်လူများကလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်တင့်လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို သင့်တင့်လျောက်ပတ်စွာ လိုက်စားလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင်၏ အသက်တာအတွေ့အကြုံနှင့် တိုးတက်မှုတို့သည် အခြားသူများအတွက် ထင်ရှားသိသာလိမ့်မည်ဖြစ်ပြီး အခြားသူများကို အကျိုးသက်ရောက်လိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ခေါင်းဆောင်၊ အမှုဆောင်တစ်ယောက်အနေနဲ့ ကျွန်မ လိုက်လျှောက်တဲ့လမ်းကြောင်းက အရမ်းအရေးကြီးတယ်ဆိုတာကို တကယ်ကို လေးလေးနက်နက် နားလည်သွားတယ်။ ကျွန်မတာဝန်မှာ သမ္မာတရားလိုက်စားဖို့ကို အာရုံမစိုက်ခဲ့ရင် လူတွေကို ကျွန်မကို အထင်ကြီးအောင်လုပ်တာ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အပြေးအလွှားသွားလာပြီး ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်အောင်နေတာ၊ အလုပ်လုပ်ပြီး တရားဟောဖို့အတွက် ကျွန်မရဲ့ အသိဉာဏ်နဲ့ ပါရမီတွေကို အားကိုးတာတွေကိုပဲ လိုက်စားရင် ကျွန်မ ဦးဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေကလည်း အသက်ဝင်ရောက်မှုကို အလေးထားမှာမဟုတ်ဘဲ အလုပ်လုပ်တဲ့ အခြေအနေမှာပဲ အသက်ရှင်နေမှာပါ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသက်ဝင်ရောက်မှုမရှိတာက ကိုယ်ရေးကိုယ်တာ ကိစ္စသက်သက်မဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေကိုလည်း သက်ရောက်ပြီး ထိခိုက်မှာပဲ။ ဒါကို နားလည်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ပြီး ဝမ်းနည်းမိတယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီးဟာ သမ္မာတရားကို မလိုက်စားဘဲ မမှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နေပါတယ်။ သမီးဟာ ခေါင်းဆောင်အနေနဲ့ အလုပ်မှာ လျစ်လျူရှုပြီး ပျက်ကွက်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေအပေါ် အကြွေးတင်ပြီး ကိုယ်တော်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို သမီး ကိုင်တွယ်ခဲ့တဲ့ ပုံစံအပေါ်မှာ ရှက်မိပါတယ်။ ဘုရားသခင်၊ သမီး လမ်းကြောင်းပြောင်းချင်စိတ်ရှိနေပါတယ်။ သမ္မာတရား လိုက်စားခြင်းကို ဦးတည်တဲ့ လမ်းကိုလျှောက်ဖို့ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
နောက်တော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်းကို ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယဖွဲ့တယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ နားလည်မှုကိုလည်း မိတ်သဟာယဖွဲ့တယ်။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေမှာ တိုးတက်မှုတချို့ တွေ့ရတယ်။ သူတို့ထဲက တချို့က သူတို့တာဝန်တွေမှာ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကြုံရတဲ့အခါမှာ စပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့ ကြိုးစားတယ်။ ဘုရားနှုတ်ကပတ်တော်ကနေ လမ်းကြောင်းတစ်ခုတွေ့ဖို့၊ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်မရှင်ဖို့ သင်ယူတယ်။ တဖြည်းဖြည်းနဲ့ သူတို့တာဝန်တွေမှာ ရလဒ်တချို့ ရလာတယ်။ ဒီလိုရလဒ်တစ်ခုကို မြင်ရတော့ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနဲ့ လမ်းပြမှုဖြစ်တယ်၊ ဒါဟာ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ခြင်းရဲ့ ရလဒ်ပဲလို့ ကျွန်မ ခံစားရတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ချင်ရင် သမ္မာတရားကို လိုက်စားခြင်း၊ အသက်ဝင်ရောက်မှုရှိခြင်းအပေါ် အာရုံစိုက်တာက အရမ်းကို အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်မ နားလည်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး သမ္မာတရားရှာဖို့ကို ကျွန်မ စပြီး အလေးထားတယ်။ တစ်ခုခုကို ကျွန်မ ကြုံတွေ့ပြီး နားလည်တဲ့အခါတိုင်းမှာ အဲဒီအကြောင်း ရေးတာကို ကျွန်မ လက်တွေ့လုပ်တယ်။ နောက်ပိုင်းမှာ အတွေ့အကြုံ သက်သေခံချက်ဆောင်းပါးတချို့ကို ကျွန်မရေးပြီး အကျိုးအမြတ်နည်းနည်းရှိခဲ့တယ်လို့ ခံစားမိတယ်။ တချို့ဆောင်းပါးတွေမှာ မှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်ကို ကျွန်မ ပစ်မှတ်ထားပြီး ဒါကို နားလည်ဖို့ သမ္မာတရားကို ရှာခဲ့တယ်။ ဘုရားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေပြီး ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်တဲ့အခါ ဒီမှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်က ဘယ်လိုမှားနေတယ်ဆိုတာကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဒီ မှားပြီး အဓိပ္ပာယ်မရှိတဲ့ အမြင်က ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်အောင် တားဆီးနေပြီး အလုပ်ကို ထိခိုက်နေခဲ့တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့တယ်။ တခြားဆောင်းပါးတွေမှာ သီးသန့်ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတာကနေ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ စစ်မှန်တဲ့လူသားတစ်ယောက်လို အသက်မရှင်ခဲ့ဘူးဆိုတာကို မြင်ခဲ့ရတယ်။ ပြီးတော့ ကျွန်မက စာတန်က ဖျက်ဆီးတာကို တော်တော်လေးခံထားရတယ်လို့ ခံစားမိတယ်။ နောက်ပြီးတော့လည်း အရင်တုန်းက အသက်ဝင်ရောက်မှုအပေါ် အာရုံမစိုက်ခဲ့ဘဲ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါပေမဲ့ အချိန်တစ်ခုလောက်အထိ ဆောင်းပါးရေးတာကို လေ့ကျင့်ပြီးတဲ့နောက်မှာ တချို့ သမ္မာတရားတွေကို တဖြည်းဖြည်းချင်း နားလည်လာတယ်။ ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ပြဿနာတချို့ရှိတယ်။ အဲဒါတွေအကြောင်းကို ကျွန်မ မိတ်သဟာယဖွဲ့တော့ ညီအစ်ကိုမောင်နှမတွေအတွက် အကျိုးရှိတယ်။
သက်သေခံချက် ဆောင်းပါးတွေရေးတဲ့အပေါ် ကျွန်မ သဘောထားကို ဆင်ခြင်သုံးသပ်ပြီး ကျွန်မဟာ သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအပေါ် အရေးမစိုက်ခဲ့ဘူး၊ ကျွန်မကို သမ္မာတရား မလိုက်စားအောင် တားဆီးနေတဲ့ မမှန်တဲ့ အမြင်တွေ အများကြီးရှိခဲ့တယ်ဆိုတာတွေကို ကျွန်မ မြင်ခဲ့တယ်။ ဒါတွေအားလုံးကြောင့် ကျွန်မက တာဝန်ထမ်းဆောင်တဲ့အခါမှာ အလုပ်လုပ်တာကိုပဲ အာရုံစိုက်ခဲ့တယ်။ ကျွန်မက အလုပ်လုပ်ပေးတဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပါ။ ဒါကို လုပ်တော့ အပြင်ပန်းမှာ ဘယ်လောက်အလုပ်ရှုပ်ပါစေ သမ္မာတရားကို ရမှာမဟုတ်ဘူး။ ကိုယ့်တာဝန်ကို တကယ်ထမ်းဆောင်ခြင်းဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ကိုယ့်တာဝန်မှာ တကယ်တာဝန်သိစိတ်ရှိဖို့အတွက် ဘယ်လို လက်တွေ့လုပ်ရမယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးတာက သမ္မာတရားလိုက်စားခြင်းအတွက် သိပ်ကောင်းတဲ့လမ်းကြောင်းပဲဆိုတာကိုလည်း နားလည်ခဲ့တယ်။ အခု ဒီနားလည်မှုတွေ၊ အကျိုးအမြတ်တွေ ကျွန်မ ရနိုင်တာတွေအားလုံးက ဘုရားရဲ့ လုပ်ဆောင်မှုနဲ့ လမ်းပြမှုကြောင့်ပါပဲ။