၅၉၆ သင်၏တာဝန်ကို သင်ထမ်းဆောင်ရမည်ကျူး

၁ လူတို့သည် မိမိကိုယ်ကိုယ် မည်သည့်ယုံကြည်စိတ်ချမှုမျှ မရှိပါက၊ ဤလမ်းကြောင်းအတိုင်း ဆက်သွားရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ဘုရားသခင်၏အမှုသည် လူတို့၏အယူအဆများနှင့် စိုးစဉ်းမျှ မကိုက်ညီသည်ကို ယခု အယောက်တိုင်း တွေ့နိုင်၏။ ဘုရားသခင်သည် လူ့အယူအဆများနှင့် လုံးဝ မကိုက်ညီသည့် များလှစွာသော အမှုများကို လုပ်ဆောင်ပြီးဖြစ်သကဲ့သို့ များလှစွာသော နှုတ်ကပတ်တော်များကိုလည်း ပြောဆိုပြီးဖြစ်သည်။ ထို့ကြောင့်၊ လူတို့အနေဖြင့် ၎င်းတို့ မြင်နှင့်ပြီးဖြစ်သည့်အရာနှင့် ၎င်းတို့၏ အတွေ့အကြုံများမှ ၎င်းတို့ ရရှိပြီးဖြစ်သည့်အရာတို့ဖြင့် ရပ်တည်နိုင်ဖို့ရန် ယုံကြည်စိတ်ချမှုနှင့် စိတ်စွမ်းအားတို့ ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့တွင် မည်သည့်အရာကို လုပ်ဆောင်သည် ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် ပိုင်ဆိုင်သည့်အရာကို ၎င်းတို့ ထိန်းသိမ်းရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး၊ တကယ့်အဆုံးတိုင်အောင် သူ့ကို အစဉ်ချစ်ခင်၍ သစ္စာရှိမြဲ ရှိရမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏တာဝန် ဖြစ်သည်။ လူတို့သည် မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို ထိန်းသိမ်းရမည်ဖြစ်သည်။

၂ ဘုရားသခင်ကို ယုံကြည်မှုသည် သူ့ကိုနာခံခြင်းနှင့် သူ၏အမှုကို တွေ့ကြုံခံစားခြင်းတို့ လိုအပ်၏။ ဘုရားသခင်သည် မြောက်မြားလှစွာသော အမှုတို့ကို လုပ်ဆောင်ပြီးဖြစ်သည်- လူတို့အတွက် ယင်းသည် အလုံးစုံ စုံလင်စေခြင်း၊ စစ်ဆေးခြင်းနှင့် ထိုထက်ပို၍ ပြစ်တင်ဆုံးမခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ လူသား၏ အယူအဆများနှင့် ကိုက်ညီဖူးသည့် ဘုရားသခင်၏ အမှုနှင့်ဆိုင်သော အဆင့်တစ်ခုတလေမျှ မရှိသေးပေ။ လူတို့ ခံစားရပြီးသည့် အရာမှာ ဘုရားသခင်၏ပြင်းထန်သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင် ကြွလာသည့်အခါ၊ လူတို့သည် သူ၏ဘုန်းအာနုဘော်နှင့် သူ၏အမျက်ကို ခံစားသင့်သည်။ သို့သော် သူ၏နှုတ်ကပတ်တော်များ မည်မျှပင်ပြင်းထန်စေကာမူ၊ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန် ကြွလာခြင်းဖြစ်သည်။ ဖန်ဆင်းခံများအနေဖြင့်၊ လူတို့သည် မိမိတို့ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းပြီး၊ စစ်ဆေးခြင်း အလယ်တွင် ဘုရားသခင်အတွက် သက်သေရပ်တည်သင့်ပေသည်။ စမ်းသပ်မှုတိုင်းတွင် ၎င်းတို့သည် မိမိတို့ သက်သေခံသင့်သည့်အရာကို ထိန်းသိမ်းသင့်ပြီး၊ ဘုရားသခင်အတွက် ထူးကဲစွာ ထိုသို့ လုပ်ဆောင်သင့်ကြသည်။ ဤအရာကို လုပ်ဆောင်သောလူတစ်ဦးသည် အောင်မြင်သောသူတစ်ဦးဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၉၅ သင့်တာဝန်ကျေပွန်ခြင်းအားဖြင့်သာ ဘုရားကိုကျေနပ်စေနိုင်သည်

နောက်တစ်ခုသို့- ၅၉၇ သင့်တာဝန်ကို ဖြည့်ဆည်းလျှင် သင် သက်သေရပ်တည်လိမ့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။